ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပ...

By Miracle-101

123K 13K 50

Alternative names:太子妃她命中带煞 Author: Celestial River God Genre: Historical, Psychological, Romance Status: Comp... More

Description
Chapter -1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101-110
Chapter 111-120
Chapter 121-125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136-140
Telegram channel✨️
Chapter 141
Chapter 142
Chapter 143
Chapter 144-150
Chapter 151-155
Chapter 156-160
Chapter 161-165
Chapter 166-170
Chapter 171-180
Chapter 181-190
Chapter 191-195

Chapter 25

1.2K 137 8
By Miracle-101

Chapter : 25  (ဖုံးကွယ်ထားသော အလောင်း)

နန်းတွင်း သက်တော်စောင့်ကျို့သည် အမတအရှင်ရှဲ့၏ မိသားစုဝင်များ အပေါ် ယဉ်ကျေးမှု ရှိ‌စေရန် ကြိုးစားလိုက်သည်။

"မကြောက်ပါနဲ့ မိန်းကလေး၊ မင်းရဲ့ အစ်မက ကောင်းတဲ့ ကံကြမ္မာတွေ စုနေတာပါ၊ ဒီ အလောင်းကို မြေမြှုပ်ဖို့ အတွက် ကြာမှာ မဟုတ်တော့ ပါဘူး။" နန်းတွင်း သက်တော်စောင့် ကျို့ က သူမအား နှစ်သိမ့်ပေးလိုက်သည်။

ဖေဝမ်ယွဲ့၏ မေးစေ့မှာ တုန်ရီစွာဖြင့် "အဲ့တာကို မြှုပ်နှံမယ်? ဒါပေမဲ့ အစ်မက သူ့ကို သိတောင် မသိဘူးလေ?"

"အဲ့တာက အမှန်ပါပဲ။ သူတို့က တစ်ယောက်နဲ့ တစ်ယောက် မသိကြဘူး။ သူမက သူ့ရဲ့ အလောင်းကို ချုံတောထဲမှာ မြုပ်ထားတာကို သည်းမခံနိုင်ခဲ့လို့ပါ။ မိန်းကလေးရှဲ့ က ဖုန်းရွှေ ပညာရပ် တစ်ချို့ တတ်တဲ့ပုံပဲ။ ပြီးတော့ သူမက အဲ့တာကို ပိုကောင်းတဲ့ နေရာကို‌ ရွှေ့ပေးချင်နေတာ။" ဟု နန်းတွင်း သက်တော်စောင့် ကျို့ က ထပ်၍ ‌ပြောလိုက်သည်။

ဖေဝမ်ယွဲ့သည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ အသက်ရှု ခြင်းအား ထိန်းထား နိုင်ခဲ့သည်။

'သူမ မသိတဲ့ လူရဲ့ အလောင်းကို သယ်လာပြီး သူမဘေးမှာ ထားတယ်? ညစ်ပတ်ပြီး ကြောက်စရာ ကောင်းတဲ့ ဒီလိုအရာကိုလေ…'

ဖေဝမ်ယွဲ့၏ မျက်ခွံ့များ လှုပ်သွားပြီး အချိန် ခဏကြာသည်အထိ စကား မပြောနိုင် အောင်ပင် စိတ်တို နေတော့သည်။

နန်းတွင်း သက်တော်စောင့်ကျို့ သည် ပြုံး၍ လူအုပ်အား နေရာမှ ရွှေ့ရန် စတင်လိုက်သည်။
ထိုအချိန်တွင် ဖေဝမ်ယွဲ့သည် ရုတ်တရက် ပြောလိုက်သည်။
"ဒီအရာကို လုပ်တာက ကျွန်မအစ်မ အတွက် မသင့်တော်ဘူး။"

နန်းတွင်း သက်တော်စောင့်ကျို့ သည် သူမအား လှည့်ကြည့် လိုက်သည်။

"အဲ့တာက ချုံတောထဲက အလောင်း ဖြစ်ရင် တောင် အုပ်ချုပ်ရေးရုံးတော်ကို ‌လွှဲပြောင်း ပေးသင့်တယ်။" ဖေဝမ်ယွဲ့၏ မျက်နှာမှာ ဖြူဖျော့ သွားသည်။ "အဲဒီလူမှာလည်း ဆွေမျိုးတွေ ရှိမှာပဲလေ။ အုပ်ချုပ်ရေးရုံးတော်ကို သူ ဘယ်သူလဲ ဆိုတာ စစ်ဆေးပြီး သူ့မိသားစုကို ရှာဖို့ ခွင့်ပြု‌ ပေးသင့်တယ်။ ပြီးတော့ သူ့ရဲ့ အလောင်းကို ပြန်‌ပေး လိုက်လေ။"

နန်းတွင်း သက်တော်စောင့်ကျို့သည် အနည်းငယ် အံ့ဩ သွားသည်။
"ဟုတ်ကဲ့ မှန်ပါတယ်။ အဲ့တာက ပုံမှန် နည်းလမ်းပါပဲ။"

'အကယ်၍ သူသည် ပုံမှန် နည်းလမ်းကို လိုက်နာမယ် ဆိုရင်တောင် ဒီအလောင်းရဲ့ မိသားစုဝင်တွေကို အချိန်တို အတွင်း ရှာဖွေဖို့ မဖြစ်နိုင်ဘူး။ အကယ်၍ ဒီအလောင်းမှာ အခြား ထူးခြားတဲ့ လက္ခဏာတွေ မရှိရင် မီးသင်္ဂြိုလ်တဲ့ နေရာမှာ အဆုံးသတ် ရလိမ့်မယ်။'

အခမဲ့ မီးသင်္ဂြိုလ် သည့်နေရာသည် အလောင်းကို ယူမည် ဖြစ်သော်လည်း ထိုနေရာတွင် အချိန်အတော် ကြာ ထားမည် မဟုတ်ပေ။ အချိန်ကြာမြင့် လာသည့်အခါ မည်သူ တစ်ဦး တစ်ယောက်မှ ထိုအရာကို ပြောဆိုတော့မည် မဟုတ်ပေ။ အဆုံးတွင် ကြမ်းတမ်းစွာ မြှုပ်နှံခံရမည် သို့မဟုတ်…

'စုပုံနေသော သင်္ချိုင်း ထဲသို့ အပစ်ခံရမည်။'

'အမတအရှင်ရှဲ့သည် အလောင်းအား ကူညီ မြှုပ်နှံပေးရန် အလိုရှိတာက ကောင်းသော အရာပင် ဖြစ်သည်။'

သို့သော် ဤမိန်းကလေးပြောသော အလောင်း၏ဆွေမျိုးများအား ရှာဖွေရန် အလိုရှိ ခြင်းသည် ပို၍ ကောင်းသော အကြံဉာဏ် ဖြစ်လိမ့်မည်။

သူ့ သခင်လေး၏ ဂုဏ်သတင်းကြောင့် ဤ ကိစ္စသည် လျစ်လျူရှုရန် ကောင်းသော အရာ မဟုတ်ပေ။

"ဒီလူ သေသွားတာ တစ်နှစ်ခွဲ လောက်ရှိပြီ။ ဆွေမျိုး တစ်ယောက်ကို ရှာနိုင်ဖို့ ဖြစ်နိုင်ချေက တော်တော်နည်းတယ်။ မင်းရဲ့အစ်မက ဒီအလောင်း ကို ရှာတွေ့ခဲ့တာ။ ဘာလို့ သူမ ပြန်လာတဲ့ အထိ မစောင့်တာလဲ? တကယ်လို့ မင်း ဒီအကြောင်း ရုံးတော်ကို တင်ပြချင်တယ်ဆိုရင်တောင် မင်းရဲ့ အစ်မ အရင် လာပြီး အရေးကြီးတဲ့ သဲလွန်စတွေကို အတည်ပြု ပေးမှရမယ်။" နန်းတွင်း သက်တော်စောင့် ကျို့ က ပြုံး၍ ပြောလိုက်သည်။

ဖေဝမ်ယွဲ့သည် ခေါင်းငြိမ့်၍ သူမ၏ ရှက်စရာကောင်းသော အပြုအမူ ကြောင့် နှုတ်ခမ်းများ အား စုထား၏။

အချိန်ခဏ ကြာသည့်အခါ သူမသည် ရှုပ်ထွေးသော အသံဖြင့် "ဒါပေမဲ့…ကျွန်မအစ်မက အလောင်းကို လွှဲပြောင်း ပေးဖို့ ဆန္ဒ မရှိမှာ စိုးရိမ်မိတယ်။"

"ကျွန်တော် သိပါတယ်။ ဒါက ရတနာ တစ်ခု မဟုတ်ပဲ လူသေ အလောင်းပါ။ နည်းလမ်း ကျကျ တွေးရရင် မင်းအစ်မက ဒီလိုမျိုး ဝှက်ထားပြီး တစ်ခြားတစ်နည်းနဲ့ ကိုယ်တွယ် ဖြေရှင်း နေတာက အကြောင်း တစ်ခုခု ရှိရမယ်။ ဒါပေမဲ့…သူမက ရုံးတော်ကို တင်ပြဖို့ အတွက် တွေးခဲ့ ပေမဲ့  မလုပ်ခဲ့တာ သူမမှာ သူမရဲ့ အကြောင်းပြချက် ရှိနိုင်တယ်လေ။ ဒါကြောင့်…"

နန်းတွင်း သက်တော်စောင့် ကျို့ သည် ထိုသို့ ကြားကာ ဆွဲဆောင််ခြင်း ခံလိုက်ရသည်။

'အမတအရှင်ရှဲ့ နဲ့ ဒီအလောင်းကြား လျှို့ဝှက်ချက် တစ်ခုခု ရှိနေလို့ သူမက ရုံးတော်ကို တင်ပြဖို့ မရွေးချယ်ခဲ့တာလား?'

နန်းတွင်း သက်တော်စောင့် ကျို့ သည် ရုတ်တရက် ခေါင်းကိုက် သွားသည်။

'ဒီ မိန်းကလေး…တကယ်ပဲ အမတအရှင်ရှဲ့ရဲ့ ညီမရော ဟုတ်ရဲ့လား? သူမ အစ်မကို တကယ်ပဲ မုန်းနေတာလား?'

"မင်း အစ်မ ပြန်လာ တာပဲ စောင့်ကြတာပေါ့။" နန်းတွင်း သက်တော်စောင့်ကျို့ တိုက်တွန်း လိုက်သည်။

"ဒီက သခင်လေးက အရာရှိ မှမဟုတ်တာ.. မှန်မမှန် ဆုံးဖြတ်ဖို့က ရှင့်အပေါ်မှာ မူတည်တာ မဟုတ်ဘူးလေ။"
ဖေဝမ်ယွဲ့သည် ညင်သာ ပျော့ပျောင်းစွာ ပြောလိုက်သည်။ "အုပ်ချုပ်ရေးရုံးတော်က ကျွန်မတို့ တမင်သက်သက် အလောင်းကို ဝှက်ခဲ့တယ်လို့ ထင်သွားရင် မကောင်းဘူး။ ဒါကြောင့်…"

ဖေဝမ်ယွဲ့သည် လူအုပ်အား ကြည့်၍ "ရုံးတော်ကို သွားပြီး ဒီကိုလာဖို့ အတွက် အကြောင်းကြား ပေးချင်တဲ့ လူ တစ်ယောက် ယောက်များ ရှိလား?" ဟု ပြောကာ သူမ၏ စကားပြော ခြင်းအား အဆုံးသတ် လိုက်သည်။

'တည်းခိုခန်း အတွင်းမှာ ရှိတဲ့ လူတိုင်း ကတော့ ရှဲ့ချောင်ရဲ့ အသိအကျွမ်းတွေ မဖြစ်နိုင်ပါဘူး?'

ဖေဝမ်ယွဲ့တွင် ဆွဲဆောင်မှု ရှိသော ပုံသဏ္ဍာန် ရှိ သော်လည်း သူမမှာ ကြောက်လန့် နေခဲ့သော်လည်း သူမသည် ဖြစ်ပွားရာ နေရာအတွင်းရှိ လူများ သူမအား လေးစားစေရန် အံ့ဩဖွယ် ကောင်း‌သည့် ပုံစံဖြစ်စေရန် ခက်ခဲစွာ ကြိုးစားနေခဲ့သည်။

"ကျွန်တော် သွားလိုက်မယ်!" ဟု တစ်စုံ တစ်ယောက် ပြောလာသည်။

ဖေဝမ်ယွဲ့သည် ထိုပုဂ္ဂိုလ်အား ကျေးဇူးတင် ပြီးနောက် ထိုသူသည် တည်းခိုဆောင် အတွင်းမှ ချက်ချင်း ထွက်သွား တော့သည်။

နန်းတွင်း သက်တော်စောင့် ကျို့ နှင့် သူ၏ လူများမှာ မှင်သက် တွေဝေ၍ ရှုပ်ထွေးစွာ ကျန်ခဲ့ တော့သည်။

ရုတ်တရက်ပင် သူတို့သည် နှိမ့်ချစွာ အမြင်ခံနေရကြောင်း သတိပြု မိသွားသည်။

'သူတို့သည် သူတို့၏ အ​ထောက်အထားများအား ထုတ်ဖော်ထားခြင်း မရှိသောကြောင့် ထို အမျိုးသမီးငယ်သည် သူတို့အား ပုံမှန်ဧည့်သည်များဟုသာ ထင်နေခြင်းဖြစ်မည်။'

•••••••••

Chapter : 25  (ဖုံးကြယ္ထားေသာ အေလာင္း)

နန္းတြင္း သက္ေတာ္ေစာင့္က်ိဳ႕သည္ အမတအရွင္ရွဲ႕၏ မိသားစုဝင္မ်ား အေပၚ ယဥ္ေက်းမႈ ရွိ‌ေစရန္ ႀကိဳးစားလိုက္သည္။

"မေၾကာက္ပါနဲ႔ မိန္းကေလး၊ မင္းရဲ႕ အစ္မက ေကာင္းတဲ့ ကံၾကမၼာေတြ စုေနတာပါ၊ ဒီ အေလာင္းကို ေျမျမႇဳပ္ဖို႔ အတြက္ ၾကာမွာ မဟုတ္ေတာ့ ပါဘူး။" နန္းတြင္း သက္ေတာ္ေစာင့္ က်ိဳ႕ က သူမအား ႏွစ္သိမ့္ေပးလိုက္သည္။

ေဖဝမ္ယြဲ႕၏ ေမးေစ့မွာ တုန္ရီစြာျဖင့္ "အဲ့တာကို ျမႇဳပ္ႏွံမယ္? ဒါေပမဲ့ အစ္မက သူ႔ကို သိေတာင္ မသိဘူးေလ?"

"အဲ့တာက အမွန္ပါပဲ။ သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ မသိၾကဘူး။ သူမက သူ႔ရဲ႕ အေလာင္းကို ခ်ဳံေတာထဲမွာ ျမဳပ္ထားတာကို သည္းမခံႏိုင္ခဲ့လို႔ပါ။ မိန္းကေလးရွဲ႕ က ဖုန္းေ႐ႊ ပညာရပ္ တစ္ခ်ိဳ႕ တတ္တဲ့ပုံပဲ။ ၿပီးေတာ့ သူမက အဲ့တာကို ပိုေကာင္းတဲ့ ေနရာကို‌ ေ႐ႊ႕ေပးခ်င္ေနတာ။" ဟု နန္းတြင္း သက္ေတာ္ေစာင့္ က်ိဳ႕ က ထပ္၍ ‌ေျပာလိုက္သည္။

ေဖဝမ္ယြဲ႕သည္ ကူကယ္ရာမဲ့စြာျဖင့္ သူမ၏ အသက္ရႈ ျခင္းအား ထိန္းထား ႏိုင္ခဲ့သည္။

'သူမ မသိတဲ့ လူရဲ႕ အေလာင္းကို သယ္လာၿပီး သူမေဘးမွာ ထားတယ္? ညစ္ပတ္ၿပီး ေၾကာက္စရာ ေကာင္းတဲ့ ဒီလိုအရာကိုေလ…'

ေဖဝမ္ယြဲ႕၏ မ်က္ခြံ႕မ်ား လႈပ္သြားၿပီး အခ်ိန္ ခဏၾကာသည္အထိ စကား မေျပာႏိုင္ ေအာင္ပင္ စိတ္တို ေနေတာ့သည္။

နန္းတြင္း သက္ေတာ္ေစာင့္က်ိဳ႕ သည္ ၿပဳံး၍ လူအုပ္အား ေနရာမွ ေ႐ႊ႕ရန္ စတင္လိုက္သည္။
ထိုအခ်ိန္တြင္ ေဖဝမ္ယြဲ႕သည္ ႐ုတ္တရက္ ေျပာလိုက္သည္။
"ဒီအရာကို လုပ္တာက ကြၽန္မအစ္မ အတြက္ မသင့္ေတာ္ဘူး။"

နန္းတြင္း သက္ေတာ္ေစာင့္က်ိဳ႕ သည္ သူမအား လွည့္ၾကည့္ လိုက္သည္။

"အဲ့တာက ခ်ဳံေတာထဲက အေလာင္း ျဖစ္ရင္ ေတာင္ အုပ္ခ်ဳပ္ေရး႐ုံးေတာ္ကို ‌လႊဲေျပာင္း ေပးသင့္တယ္။" ေဖဝမ္ယြဲ႕၏ မ်က္ႏွာမွာ ျဖဴေဖ်ာ့ သြားသည္။ "အဲဒီလူမွာလည္း ေဆြမ်ိဳးေတြ ရွိမွာပဲေလ။ အုပ္ခ်ဳပ္ေရး႐ုံးေတာ္ကို သူ ဘယ္သူလဲ ဆိုတာ စစ္ေဆးၿပီး သူ႔မိသားစုကို ရွာဖို႔ ခြင့္ျပဳ‌ ေပးသင့္တယ္။ ၿပီးေတာ့ သူ႔ရဲ႕ အေလာင္းကို ျပန္‌ေပး လိုက္ေလ။"

နန္းတြင္း သက္ေတာ္ေစာင့္က်ိဳ႕သည္ အနည္းငယ္ အံ့ဩ သြားသည္။
"ဟုတ္ကဲ့ မွန္ပါတယ္။ အဲ့တာက ပုံမွန္ နည္းလမ္းပါပဲ။"

'အကယ္၍ သူသည္ ပုံမွန္ နည္းလမ္းကို လိုက္နာမယ္ ဆိုရင္ေတာင္ ဒီအေလာင္းရဲ႕ မိသားစုဝင္ေတြကို အခ်ိန္တို အတြင္း ရွာေဖြဖို႔ မျဖစ္ႏိုင္ဘူး။ အကယ္၍ ဒီအေလာင္းမွာ အျခား ထူးျခားတဲ့ လကၡဏာေတြ မရွိရင္ မီးသၿဂႋဳလ္တဲ့ ေနရာမွာ အဆုံးသတ္ ရလိမ့္မယ္။'

အခမဲ့ မီးသၿဂႋဳလ္ သည့္ေနရာသည္ အေလာင္းကို ယူမည္ ျဖစ္ေသာ္လည္း ထိုေနရာတြင္ အခ်ိန္အေတာ္ ၾကာ ထားမည္ မဟုတ္ေပ။ အခ်ိန္ၾကာျမင့္ လာသည့္အခါ မည္သူ တစ္ဦး တစ္ေယာက္မွ ထိုအရာကို ေျပာဆိုေတာ့မည္ မဟုတ္ေပ။ အဆုံးတြင္ ၾကမ္းတမ္းစြာ ျမႇဳပ္ႏွံခံရမည္ သို႔မဟုတ္…

'စုပုံေနေသာ သခ်ႋဳင္း ထဲသို႔ အပစ္ခံရမည္။'

'အမတအရွင္ရွဲ႕သည္ အေလာင္းအား ကူညီ ျမႇဳပ္ႏွံေပးရန္ အလိုရွိတာက ေကာင္းေသာ အရာပင္ ျဖစ္သည္။'

သို႔ေသာ္ ဤမိန္းကေလးေျပာေသာ အေလာင္း၏ေဆြမ်ိဳးမ်ားအား ရွာေဖြရန္ အလိုရွိ ျခင္းသည္ ပို၍ ေကာင္းေသာ အႀကံဉာဏ္ ျဖစ္လိမ့္မည္။

သူ႔ သခင္ေလး၏ ဂုဏ္သတင္းေၾကာင့္ ဤ ကိစၥသည္ လ်စ္လ်ဴရႈရန္ ေကာင္းေသာ အရာ မဟုတ္ေပ။

"ဒီလူ ေသသြားတာ တစ္ႏွစ္ခြဲ ေလာက္ရွိၿပီ။ ေဆြမ်ိဳး တစ္ေယာက္ကို ရွာႏိုင္ဖို႔ ျဖစ္ႏိုင္ေခ်က ေတာ္ေတာ္နည္းတယ္။ မင္းရဲ႕အစ္မက ဒီအေလာင္း ကို ရွာေတြ႕ခဲ့တာ။ ဘာလို႔ သူမ ျပန္လာတဲ့ အထိ မေစာင့္တာလဲ? တကယ္လို႔ မင္း ဒီအေၾကာင္း ႐ုံးေတာ္ကို တင္ျပခ်င္တယ္ဆိုရင္ေတာင္ မင္းရဲ႕ အစ္မ အရင္ လာၿပီး အေရးႀကီးတဲ့ သဲလြန္စေတြကို အတည္ျပဳ ေပးမွရမယ္။" နန္းတြင္း သက္ေတာ္ေစာင့္ က်ိဳ႕ က ၿပဳံး၍ ေျပာလိုက္သည္။

ေဖဝမ္ယြဲ႕သည္ ေခါင္းၿငိမ့္၍ သူမ၏ ရွက္စရာေကာင္းေသာ အျပဳအမူ ေၾကာင့္ ႏႈတ္ခမ္းမ်ား အား စုထား၏။

အခ်ိန္ခဏ ၾကာသည့္အခါ သူမသည္ ရႈပ္ေထြးေသာ အသံျဖင့္ "ဒါေပမဲ့…ကြၽန္မအစ္မက အေလာင္းကို လႊဲေျပာင္း ေပးဖို႔ ဆႏၵ မရွိမွာ စိုးရိမ္မိတယ္။"

"ကြၽန္ေတာ္ သိပါတယ္။ ဒါက ရတနာ တစ္ခု မဟုတ္ပဲ လူေသ အေလာင္းပါ။ နည္းလမ္း က်က် ေတြးရရင္ မင္းအစ္မက ဒီလိုမ်ိဳး ဝွက္ထားၿပီး တစ္ျခားတစ္နည္းနဲ႔ ကိုယ္တြယ္ ေျဖရွင္း ေနတာက အေၾကာင္း တစ္ခုခု ရွိရမယ္။ ဒါေပမဲ့…သူမက ႐ုံးေတာ္ကို တင္ျပဖို႔ အတြက္ ေတြးခဲ့ ေပမဲ့  မလုပ္ခဲ့တာ သူမမွာ သူမရဲ႕ အေၾကာင္းျပခ်က္ ရွိႏိုင္တယ္ေလ။ ဒါေၾကာင့္…"

နန္းတြင္း သက္ေတာ္ေစာင့္ က်ိဳ႕ သည္ ထိုသို႔ ၾကားကာ ဆြဲေဆာင္္ျခင္း ခံလိုက္ရသည္။

'အမတအရွင္ရွဲ႕ နဲ႔ ဒီအေလာင္းၾကား လွ်ိဳ႕ဝွက္ခ်က္ တစ္ခုခု ရွိေနလို႔ သူမက ႐ုံးေတာ္ကို တင္ျပဖို႔ မေ႐ြးခ်ယ္ခဲ့တာလား?'

နန္းတြင္း သက္ေတာ္ေစာင့္ က်ိဳ႕ သည္ ႐ုတ္တရက္ ေခါင္းကိုက္ သြားသည္။

'ဒီ မိန္းကေလး…တကယ္ပဲ အမတအရွင္ရွဲ႕ရဲ႕ ညီမေရာ ဟုတ္ရဲ႕လား? သူမ အစ္မကို တကယ္ပဲ မုန္းေနတာလား?'

"မင္း အစ္မ ျပန္လာ တာပဲ ေစာင့္ၾကတာေပါ့။" နန္းတြင္း သက္ေတာ္ေစာင့္က်ိဳ႕ တိုက္တြန္း လိုက္သည္။

"ဒီက သခင္ေလးက အရာရွိ မွမဟုတ္တာ.. မွန္မမွန္ ဆုံးျဖတ္ဖို႔က ရွင့္အေပၚမွာ မူတည္တာ မဟုတ္ဘူးေလ။"
ေဖဝမ္ယြဲ႕သည္ ညင္သာ ေပ်ာ့ေပ်ာင္းစြာ ေျပာလိုက္သည္။ "အုပ္ခ်ဳပ္ေရး႐ုံးေတာ္က ကြၽန္မတို႔ တမင္သက္သက္ အေလာင္းကို ဝွက္ခဲ့တယ္လို႔ ထင္သြားရင္ မေကာင္းဘူး။ ဒါေၾကာင့္…"

ေဖဝမ္ယြဲ႕သည္ လူအုပ္အား ၾကည့္၍ "႐ုံးေတာ္ကို သြားၿပီး ဒီကိုလာဖို႔ အတြက္ အေၾကာင္းၾကား ေပးခ်င္တဲ့ လူ တစ္ေယာက္ ေယာက္မ်ား ရွိလား?" ဟု ေျပာကာ သူမ၏ စကားေျပာ ျခင္းအား အဆုံးသတ္ လိုက္သည္။

'တည္းခိုခန္း အတြင္းမွာ ရွိတဲ့ လူတိုင္း ကေတာ့ ရွဲ႕ေခ်ာင္ရဲ႕ အသိအကြၽမ္းေတြ မျဖစ္ႏိုင္ပါဘူး?'

ေဖဝမ္ယြဲ႕တြင္ ဆြဲေဆာင္မႈ ရွိေသာ ပုံသ႑ာန္ ရွိ ေသာ္လည္း သူမမွာ ေၾကာက္လန႔္ ေနခဲ့ေသာ္လည္း သူမသည္ ျဖစ္ပြားရာ ေနရာအတြင္းရွိ လူမ်ား သူမအား ေလးစားေစရန္ အံ့ဩဖြယ္ ေကာင္း‌သည့္ ပုံစံျဖစ္ေစရန္ ခက္ခဲစြာ ႀကိဳးစားေနခဲ့သည္။

"ကြၽန္ေတာ္ သြားလိုက္မယ္!" ဟု တစ္စုံ တစ္ေယာက္ ေျပာလာသည္။

ေဖဝမ္ယြဲ႕သည္ ထိုပုဂၢိဳလ္အား ေက်းဇူးတင္ ၿပီးေနာက္ ထိုသူသည္ တည္းခိုေဆာင္ အတြင္းမွ ခ်က္ခ်င္း ထြက္သြား ေတာ့သည္။

နန္းတြင္း သက္ေတာ္ေစာင့္ က်ိဳ႕ ႏွင့္ သူ၏ လူမ်ားမွာ မွင္သက္ ေတြေဝ၍ ရႈပ္ေထြးစြာ က်န္ခဲ့ ေတာ့သည္။

႐ုတ္တရက္ပင္ သူတို႔သည္ ႏွိမ့္ခ်စြာ အျမင္ခံေနရေၾကာင္း သတိျပဳ မိသြားသည္။

'သူတို႔သည္ သူတို႔၏ အ​ေထာက္အထားမ်ားအား ထုတ္ေဖာ္ထားျခင္း မရွိေသာေၾကာင့္ ထို အမ်ိဳးသမီးငယ္သည္ သူတို႔အား ပုံမွန္ဧည့္သည္မ်ားဟုသာ ထင္ေနျခင္းျဖစ္မည္။'

•••••••••

Continue Reading

You'll Also Like

378K 45.9K 89
#Book-3 Last book of Hidden Marriage Series. 🔥❤️ This book is the continuation of the first and second book "Hidden Marriage - Amazing Husband." If...
544K 34.5K 57
He is 30 and she is 19. she yearns for his love, but he hates her to his core. ...
299K 10.5K 41
A story of "Vivanth Singh Rathore & Arushi Thakur " Bounded by An Arranged Marriage Intertwined by their fiery egos and tempestuous tempers.✨🔥🌊 Vi...