စွယ်စုံကျမ်း အရှင်သခင် - A Va...

By Azure5549

83.8K 5.4K 22

စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြ... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151- 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 - 860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990
991 - 995

511 - 515

351 23 0
By Azure5549

မင်မင် စနေနေ့  နှစ်ပိုင်း  တင်ပေးလိုက်ပြီနော်😍

A Valiant Life 511
အပိုင်း ( ၅၁၁ ) ထပ်မပြောနိုင်တော့ဘူး..

#ဘာသာပြန် = စနိုးဝှိုက်

"ဒီအောက်က..စာပိုဒ်မှာလည်း အမှားသေးသေးလေး ရှိနေတယ်..။ဒါက ရှေးဟောင်း စာအုပ်ကို အခြေခံပြီး ရေးထားတာ..။ဒါပေမဲ့ မှန်လား ကြည့်ကြည့်..။ဒီလို အရာတွေကို ခွဲခြား ဖို့ ငါတို့ ကိုယ်ပိုင်ဦးနှောက်ကို အသုံးပြုဖို့ လိုတယ်.."

"စာမျက်နှာ..35..တတိယ စာပိုဒ်..."

"စာမျက်နှာ..47 ခြောက်ခုမြောက် စာပိုဒ်.."

"စာမျက်နှာ 103 ..ဆယ့်နှစ်ပိုဒ် မြောက်မှာ.."

မြို့သားတွေ အကုန်လုံး အံ့ဩနေကြပါပြီ..။မာစတာ လင်းက တကယ်ကို အံ့ဩစရာပါပဲ..။

"666..ဒါက သမားတော်ကြီးတွေကို အရှက်ခွဲနေသလို်မျိုး ဖြစ်မနေဘူးလား.."

"မာစတာ လင်းက တကယ် မာစတာ လင်းပဲ..။သူက အချက်အလက် တိတိကျကျ နဲ့ ပြောနေတာ ဆိုတော့ ငါတို့ ဘာမှ မငြင်းနိုင်တော့ဘူး.."

"ငါလည်း မာစတာ လင်း ပြောတာ မှန်တယ် လို့ ခံစားရတယ်..။ဒါကို ရေးခဲ့တဲ့ ဘိူးဘေးတွေကလည်း လူပဲ..ငါတို့ကလည်း လူပဲ လေ..။ငါ တို့က ဘာလို့  တစ်ခြားလူတွေ ကိုယ်ကျိူး အသုံးချတာကိုကြည့်နေရမှာလဲ..။တစ်ခါတစ်လေ မှာ ငါတို့ လောဂျစ်ကို သုံးပြီး..အသစ်တွေ ရှာဖွေ သင့်တယ်လေ.."

"ဟုတ်တယ်..အခုခေတ် ဆေးပညာ  ဆိုတာက အတော် တိုးတက်နေပြီ..။ဒါက ရှေးတုန်းက..လူတွေ မသိနိုင်ကြတဲ့ အရာတွေပဲ.."

ကျိုးမင်ချငိးဟာ..ကွန်ပြူတာ ရှေ့မှာ ထိုင်ပြီး ဝိုက်ဘို သုံးနေခဲ့တယ်..။သူ့ဆရာ လုပ်နေတာ တွေကို သူလည်း မြင်ပါတယ်..။သို့ပေမယ့်..သူ့မှာ ပျော်ရွှင်တဲ့ စိတ် မရှိပါဘူး..။သူ့ဆရာ တင်တဲ့ ပို့စ်တွေကိုသာ ကြည့်ပြီး သင်ခန်းစာ ယူနေခဲ့ပါတယ်..။

သူ တရုတ်ဆေးပညာ အခြေခံစာအုပ်ကို ဖတ်လိုက်.ပို့စ်တွေကို ဖတ်လိုက် လုပ်နေခဲ့ကြတယ်..။သူ လင်းဖန် ရဲ့ ပို့စ်တွေကို ဖတ်ကာ..ဘောပင်တစ်ချောင်း နဲ့  ရေးမှတ်လိုက်ပါတယ်..။

သူ တရုတ်ဆေးပညာ စာအုပ်ဟာ..တစ်ခုခု မှား နေမှန်း သိပေမယ့် ဘယ်နားမှား နေတာလဲ ဆိုတာ ရှင်းရှင်း လင်းလင်း မသိခဲ့ပါဘူး..။အခု..သူ့ဆရာ ရဲ့ ရှင်းလင်း ချက်တွေ တွေ့မှ နားလည်သွားခဲ့တာပါ..။

တရုတ်ဆေးပညာ အဖွဲ့အစည်းတွင်..။

ကျို့ချင်းချင် အကုန်လုံးကို ဖုန်းဖွင့်ပြီး မာစတာ လင်းရဲ့ဝိုက်ဘိုကို ကြည့်ခိုင်းလိုက်တယ်..။မာစတာ လင်းရဲ့ စကားလံူးတွေက အနည်းငယ် ကြမ်းတမ်းပေမယ့် ဒါက အမှန်တွေပါ..။

ဝမ်တန်ဖေး..သက်ပြင်းချလိုက်ပြီး..

"မာစတာ လင်းက..တရုတ်ဆေးပညာ ကို တော်လှန်ဖို့ လုပ်နေတာပဲ.."

ကျို့ချင်းချင်..ခါးသက်စွာ ပြုံးလိုက်ပြီး..

"ဟုတ်တယ် ငါလည်း မထင်ထားဘူး.."

ဝမ်တန်ဖေး ပြုံးလိုက်ပြီး..

"ငါကတော့  နတ်ဆေးဆရာလေး ပြောတာတွေ အမှန်ပဲ လို့ခံစားရတယ်..။ငါတို့ သူ့စကားလုံးတွေကို အလေးအနက် စဥ်းစားရမယ်နော်.."

ဘေးနားက လူအုပ်ကြီးဟာ လည်းသဘော တူစွာ ခေါင်းညိမ့်လိုက်ပါတယ်..။

ဒါက တစ်စုံတစ်ယောက်.အွန်လိုင်းပေါ်မှာ တရုတ်ဆေးပညာ..ကို ပထမဆုံး ပေါ်တင် ဝေဖန် ခဲ့တာပါ..။သူက သက်သေအထောက်အထား နဲ့ တကွ ပြောနေတာကြောင့် ပြန်ငြင်းခုန်ဖို့ကလည်း မဖြစ်နိုင်ပါဘူးး..။

တရုတ်ဆေးပညာ အကယ်ဒမီက ကျောင်းသားတွေဟာ အံ့ဩသွားခဲ့ကြတယ်..။

"ချီးပဲ ဒါအမှန်ပဲလား..။ငါတို့သင်တဲ့ သင်ရိုးမှာ အမှားတွေက အများကြီးပဲဟ.."

"ငါ မသိဘူး..။ငါ့ရဲ့ ဆေးပညာက ပုံမှန်ပဲ ဆိုတော့ ဒါတွေ နားမလည်နိုင်ဘူးလေ..။ငါကတော့ စာအုပ်ထဲ ရေးထားတဲ့ အတိုင်း ယုံလိုက်တာပဲ.."

" ချင်းယွန် ဆေးဝါး စာအုပ် ဆိုတာက ငါတို့ နှလုံးသားထဲမှာ အမြဲတမ်း စွဲ နေတဲ့ စာအုပ်ပဲ..။နတ်ဆေးဆရာ လေး ပြောပုံအရဆိုရင် ငါတို့ ဘာမှ မဟုတ်တာတွေကို မှတ်သားနေရသလို ဖြစ်မနေဘူးလား.."

"ချီးပဲ..မဖြစ်နိုင်တာ..။ငါတို့ ကစားခံရတာလို့ ပြောချင်တာလား.."

"အမြန် သူပြောတာတွေကို ရေးမှတ်ထားလိုက်..။နတ်ဆေးဆရာ လေး ပြောတာတွေက နည်းလမ်းကျပြီး..မှန်ကန်တာတွေပဲ ဖြစ်လိမ့်မယ်..။သူ ပို့စ်  ဖျက်သွားရင် ငါတို့ သိတော့မှာ မဟုတ်ဘူး.."

"ဒါအမှန်ပဲ.."

လင်းဖန် ပို့စ် တွေ ထပ်တင်လိုက်တယ်..။သူ လူအများကြီးကို အပြစ်ပြုမိပြီးပြီ  ဆိုတော့..ဘာမှ ထပ်မကြောက်တော့ ပါဘူး..။

"အပေါ်က မေးခွန်းကို ပြန်ဖြေပေးမယ်နော်.."

"ဘာလို့ တရုတ်ဆေးပညာက မှားယွင်းတဲ့ သီအိုရီကို သုံးပြီး..အဲတာတွေနဲ့ အတွေးအမြင်မှားအောင် လုပ်နေရတာလဲတဲ့.."

"ငါကတော့..ဒါက ..လူတွေရဲ့ အတွေးအခေါ်ကြောင့် လို့ပဲ ထင်တယ်။ ဒါ​ကြောင့်ပဲဒီလို တွေ ဖြစ်လာတာ.."

ကျိုးမင်ချင်းကတော့ သူဆရာရဲ့ စကားလုံးတွေကို အလေးထား သုံးသပ်နေခဲ့ပါတယ်..။

ဒီမေးခွန်းက..တကယ်ကောင်းတဲ့ မေးခွန်း တစ်ခုပါ..။

ကလင် ကလင်..

သူ ဖုန်းမြည်လာခဲ့တယ်..။

"ဒါရိုက်တာ ကျိုး..ကျေးဇူးပြုပြီး နတ်ဆေးဆရာ လေးကို တားပေးပါဦး..။သူ့စကား တွေက အခုမပြောသင့်သေးဘူးလေ.."

ပညာရေး ဌာနက တစ်ယောက်က ပြောလိုက်တာပါ..။

အွန်လိုင်းက ပိုစ့်တွေကြောင့်..သူတို့ အံ့ဩသင့်ကြရပါတယ်..။

ငြိမ်းချမ်းနေတဲ့ တရုတ်ဆေးပညာ ကမ္ဘာကြီးက အခု ပြောင်းလဲ သွားတော့မှာပါ..။

ကျိုးမင်ချင်း နောင်တရစွာ ပြောလိုက်တယ်..။

"စိတ်မကောင်းပါဘူး..။ကျုပ်လည်း  ..သူပြောတာတွေကို ထောက်ခံတယ်.။ကျုပ်ဆရာ စဥ္းစားထားတဲ့ နည်းလမ်းလည်း ရှိမှာပဲလေ..။တပည့်တစ်ယောက်အနေနဲ့ အကြောင်းပြချက် မရှိပဲ..သူ့ကို ဘယ်လို ဆန့်ကျငိမှာလဲ.."

သူ ဖုန်းချလိုက်တယ်..။

ကျိုးမင်ချငိး  လင်းဖန် တင်တဲ့ ပို့စ်တွေကို ဖတ်ကာ ဆက်ပြီး လေ့လာလိုက်ပါတယ်..။

ထပ်ပြောရရင်..သူ့ဆရာက..တကယ်အံ့ဩစရာပါပဲ..။

ဒီနေ့လို တိုးတကိ နေတဲ့ ခေတ်ကြီးမှာ တရုတ်ဆေးပညာ ဆိုတာလည်း လျင်လျင် မြန်မြန်နဲ့ တိုးတက် နေသင့်ပါတယ်..။သမားတော် တွေဟာလည်း လူတွေကို အကျိုးပြုဖို့ ဆေးညွှန်းတွေ ပိုပိုပြီး ဖော်ထုတ်နေသင့်တာပါ..။သို့ပေမယ့် အခုလက်ရှိက အဲလို မဟုတ်ပါဘူး..။

သူ တကယ်ဆေးပညာ ကို ပြန်ပြုပြင်သင့်တယ်လို့ ခံစားရပေမယ့် ဒါက အတော်ကို ခက်ခဲပါတယ်..။

သာမန် သမားတော် တစ်ယောက်ကသာ ပြောခဲ့ရင်..အဓိပ္ပပါယ် မရှိတာတွေ ပြောတယ် ဆိုပြီး လူပေါင်းများစွာရဲ့ တိုက်ခိုက်မူကို ခံရမှာ အသေအချာပါပဲ..။

လက်ရှိ တရုတ်ဆေးပညာ အကယ်ဒမီရဲ့ ကျောင်းသားတွေက တကယ် အံ့ဩစရာပါပဲ..။သူတို့ လူနာတွေနဲ့ တွေ့ရင်.. ယုံကြည်ချက်တွေ  ပျောက်သွားပြီး ဘာလုပိရမလဲ မသိတော့ပေ..။

မရေမတွက်နိုင်တဲ့ လူတွေဟာ လင်းဖန်ရဲ့ ဝိုက်ဘိုကို လာကြည့်ခဲ့ကြတယ်..။

သူတို့ ဘာတွေဖြစ်နေတာလဲ နားမလည်ပေမယ့် တကယ် အံ့ဩစရာပါပဲ..။

လင်းဖန် က ပိုစ့်တွေ ဆက်တိုက်ရေးပြီး တင်နေခဲ့တာပါ..။

လက်ရှိ ဆေးကျောင်းသားတွေဟာလည်း သူရဲ့ ဝိုက်ဘိုကို  ရောက်လာခဲ့ကြတယ်..။

"ဒီမာစတာ လင်းက အံ့ဩစရာပဲ..သူ့ရဲ့ ပိုစ်တွေ ဖတ်ကြည့်တာနဲ့တင်..သူက အနောက်တိုင်း ဆေးပညာကိုပါ နားလည်မှန်း သိနိုင်တယ်.."

"ငါကြားတာတော့ နတ်ဆေးဆရာ လေးက တရုတ်ဆေးပညာတင်မဟုတ်ဘူး..အနောက်တိုင်း ဆေးပညာပါ တတ်ကျွမ်းတယ်..လို့ကြားတယ်..။တကယ်မယုံနိုင်စရာပဲ.."

ဝူရှီဂျန် ဒေါသထွက်သွားခဲ့တယ်..။ဒိီငနဲ ဒီလောက် အထိပြောလာလိမ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး..။

"@မာစတာ လင်း..လုံလောက်ပြီ..။နားလိုက်တော့.."

လင်းဖန် က တော့ ပို့စ်တင်ပြီး  ပျော်ရွှင်နေခဲ့ပါတယ်..။သူ ဝူရှီဂျန်  ရဲ့..ပိုစ့်ကို  မြင်ပြီး  ပြန်ပြောလိုက်တယ်..။

"မလုံလောက်သေးဘူး..ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူး..။ငါထောက်ပြစရာ အမှားတွေ ကျန်သေးတယ်..။ငါ ပြီးတဲ့ အထိစောင့်နေ.."

ဝူရှီဂျန် ဒီစာကို မြင်ပြီး ကြောင်အသွားခဲ့ပါတယ်..။သူ ဒီလူကို တကယ် သတ်ချင်နေခဲ့ပါပြီ..။သို့ပေမယ့်လည်း သူဘာမှ မတတ်နိုင်ပါဘူး...။

"မအိမ်လုံး...မင်းဘယ်လောက်အထိ ဆက်ပြောနိုင်မလဲ ငါစောင့်ကြည့်နေမယ်..."

ဝူရှီဂျန် ..သူ ရပ်တန့်လို့ မရမှန်း သိလိုက်တယ်..။သို့ပေမယ့် လင်းဖန်  ပို့စ်တင်တာ မရပ်တန့်တော့ဘူး လို့ သူမယုံကြည်ပါဘူး..။

နာရီဝက်ကြာပြီးနောက်..။

မြို့သားတွေဟာ လင်းဖန် ဆက်တိုက် ပို့စ်တင်နေတာကြောင့် အံ့ဩနေခဲ့ကြတယ်..။

ကျိုးမင်ချငိးလည်း အံ့ဩနေခဲ့ပါတယ်..။သူ့ဆရာမှာ ထောက်ပြစရာ တွေ အများကြီး ရှိနေပြီး..အကုနိလုံးမှာလည်း သက်သေတွေ ရှိနေပါသေးတယ်..။

တစ်နာရီ ကြာပြီးနောက်..။

လင်းဖန်ဟာ အမှားတွေကို ဆက်တိုက်ရေးနေတုန်း ဖြစ်ပြီး. အဆက်မပြတ် ရိုက်နေခဲ့ပါတယ်..။

ဝူရှီဂျန်ကတော့ ကိုယ့်ကိိုကိုတောင် သတ်သေချင်နေခဲ့ပါပြီ..။ပုံမှန် မြို့သားတစ်ယောက်က..ဒီလို ပြောနေတာ ဆိုရင် ဘာပြသနာ မှ မရှိပေမယ့် အခုပြောနေတဲ့လူက နတ်ဆေးဆရာလေးပါ..။

သူ့ရဲ့ ပြောဆိုချက် တွေက..ပြောင်းလဲ မူတွေကို ဖြစ်လာနိုင်စေပါတယ်..။

ပညာရေး ဌာနက လူတွေကတော့ ပထမဆုံး ..ရိုက်ခတ်ခံရမယ့် လူတွေပါပဲ..။

ဘာပဲဖြစ်ဖြစ်  ဆေးပညာ အကယ်ဒမီတွေကို သင်ရိုး ချမှတ်ပေးတာက သူတို့ ဌာနကပါ..။

တရုတ်ဆေးပညာ အဖွဲ့အစည်းက လူတွေ အကုန်လုံး..အကူညီမဲ့ နေခဲ့ကြတယ်..။ကျို့ချင်းချင်ကတော့ ရယ်နေရုံပဲ တတ်နိုင်ပါတော့တယ်..။

နှစ်နာရီ ကြာပြီးနောက်..။

လင်းဖန် အနည်းငယ် ပင်ပန်းလာခဲ့ပြီး..

"ဒီနေ့အတွက် ဒီလောက်ပဲ..။ကျုပ် နောက်မှ ထပ်တင်ပေးမယိ..။ကျုပ် ဆက်ရေးနေရင်..ဝိုင်းရိုက်တာ ခံရတော့မယ်.."

တစ်ချို့  လူတွေဟာ နှစ်နာရီ လုံးစောင့်ကြည့်နေကြပြီး ..စာသား တစ်ချို့ သာ ပြန်ဖြေနိုင်ကြပါတော့တယ်..။

“6666….”

"မင်းက အမြဲတမ်း အံ့ဩစရာပဲ..မာစတာ လင်း.."

"မင်းက နှစ်နာရီလောက် မရပ်မနား အပြစ်တွေ ပြောပြှီးတာတောငိ..အရိုက်ခံရမှာ ကြောက်နေသေးတာလား.."

"အစ်ကို လင်းက..တစ်လောကလုံးမှာ ဥာဏ်ပညာ အမြင့်ဆုံးပဲဖြစ်ရမယ်.."

❤️❤️❤️

A Valiant Life 512
အပိုင်း ( ၅၁၂ )ဝမ်မင်ယန် ပြသနာ တက်နေပြီ..

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

လင်းဖန်..မနေ့က ဝိုက်ဘိုမှာ လုပ်ခဲ့တာတွေက..အတော်ကို အကျိုးသက်ရောက် ခဲ့ပါတယ်..။များပြားလှတဲ့ လူတွေဟာ လင်းဖန် ရဲ့ အကောင်းကို ဖျက်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်..။

သို့ပေမယ့် သူတို့ရဲ့ အကောင့်တွေကို သာ ဝိုက်ဘိုရဲ့သတိပေးခြင်းခံခဲ့ရတယ်..။နတ်ဆေးဆရာလေးက တကယ်ကို အင်အား ကြီးလွန်းလှတာပါ...။သူတို့သာ..နတ်ဆေးဆရာလေး အကောင့်ကို သွားထိရင် ဘာတွေ ဆက်ဖြစ်မလဲ ဘယ်သူမှ မသိနိုင်ပါဘူး..။

မြို့သားတွေ အတွက်ကတော့ ဒီကိစ္စက သူနဲ့ ဘာမှ မဆိုင်ပေ..။ထပ်ပြောရရင်..ဒီလူတွေ အကုန်လုံးက..အမည်မသိ အကောင့်တွေ ပေါင်းစပ်ထားခဲ့တာပါ...။တကယ်လို့ သူတို့သာ သတ္တိရှိရင် သူတို့ရဲ့ အကောင့်အစစ်ကို အသုံးပြုရဲကြရမှာပါ..။

အွန်လိုင်းက ဆွေးနွေးမူတွေဟာလည်း ရှိနေပါသေးတယ်..။

"ချီးပဲ..ဒါက အံ့ဩစရာပဲ..။ဒီလို အမှန်တရားကို ချပြရဲတဲ့ လူဆိုတာ မရှိသေးဘူး.."

"ဟားဟား...ဒါက ဘာမမဟုတ်ပါဘူး..။ဘယ်သူလဲ  ဆိုတာ ကြည့်လိုက်လေ..ဒါက မာစတာ လင်းပဲ..."

"ပညာရေး ဌာနက လူတွေကတော့ ကိုယ့်ကိုကို သတ်သေချင်နေလောကိပြီ.."

"ဒါအမှန်ပဲ.."

"ပညာရေး ဌာနကို ဆန့်ကျင်တဲ့လူတွေ အခုဆိုရင် အတော်များနေပြီ..။သူတို့က လူတွေ ကို မမှန်ကန်တဲ့  သတင်းအချက်အလက်တွေ သင်ကြားနေတယ် ဆိုပြီးတော့လေ. !)"

"ဟေး..မာစတာ လင်းက အခု ဘယ်မှာလဲ..။သူ မနေ့က ကိစ္စကြောင့် တစ်နေရာရာမှာ ပုန်းနေတာလား.."

"မင်းစောက်ရေး မပါတာတွေ ပြောနေတာပဲဖြစ်ရမယ်..။သူက..လူတိုင်းကို အပြစ်တင်ပြီးပြီလေ..။ဘာလို့..ကြောက်ရွံ့နေသေးတာလဲ.."

ပညာရေး ဌာနတွင်..။

သူတို့ အရေးပေါ် အစည်းအဝေး ခေါ်လိုက်ကြပါတယ်..။

ဒါရိုက်တာ ကတော့ လမ်းပျောက်နေခဲ့ပါပြီ..။သူ့ဆီကို ဖုန်းတွေ အများကြီး ဝင်လာပြီး ..ဖုန်းတိုင်းကလည်း..အခြေခံ သင်ရိုးအတွက် သတင်းအချက်အလက်တွေ လိူချင်ကြတာပါ..။အခုချိန်မှာ သူကိုယ့်ကိုကို တောင် သတ်သေချင်နေခဲ့တယ်..။ဒီသင်ရိုးကို  ဖန်တီးခဲ့တဲ့ ကျွမ်းကျငိ သမားတော်ကြီးတွေတောင်..ဒီပြသနာ တွေကို ရှာမတွေ့နိုင်တဲ့ အချိန်မှာ သူတို့ ဘာမှ မသိတာက အထူးအဆန်း မဟုတ်ပါဘူး..။

"ဒါရိုက်တာ ကျွန်တောထတို့ ဘာလုပ်ကြမလဲ..။လူထု အမြင်က အတော် ဆိူးရွားနေတာ.."

"ငါတို့ အခြေအနေကို အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့ ကြိုးစားရလိမ့်မယ်.."

"ငါကတော့..ထိန်းချုပ်လို့ရမယ် မထင်ဘူး..။တရုတ်ဆေးပညာ တက္ကသိုလ် တိုင်းက ကျောင်းသားတွေဟာ..အခုချိနိမှာ ဒေါသ အထွဋ္အထိပ်ကို ရောက်နေကြပြီ.။သူတို့က  မှန်ကန်ပြီး အမှားမရှိတဲ့ သင်ရိုးကိုပဲ သင်ကြားချင်နေကြတယ်.."

"အမှားမပါ တဲ့ သင်ရိုးကို ငါတို့က ဘယ်က သွားရှာရမှာလဲ.."

"နတ်ဆေးဆရာ လေးက ဒါကို ရေးနေတာ မဟုတ်ဘူးလား..။တကယ်တော့..ငါတို့ သူ့ရဲ့ သင်ရိုးကို ယူလိုက်ရုံပဲလေ.."

"ကျိုးမင်ချင်းကို အမြန်ဆက်သွယ်လိုက်..။သူ့ဆရာ..သင်ရိုးရေးလို့ ပြီးရင် ငါတို့ဆီကို ပို့ပေးခိုင်းဖို့ အကူညီတောင်းခိုင်းလိုကိ..။တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် ..ငါတို့ အမြန်ဆုံး လူထုကို ချပြရမယ်.."

"ငါတို့ လုပ်နိုင်တာ ဒါအကုနိပဲ.."

သူတို့ ဒီကိစ္စကို အမြနိဖြေရှင်း ချင် နေကြပါတယ်..။ဒီကိစ္စက ကြီးမားတဲ့ အတွက် တင်ပြဖို့..သတင်းစာရှင်းလင်းပွဲတောင် လုပ်သင့်ရင် လုပိရမှာပါ..။တစ်ချိန်တည်းမှာပဲ..သူတို့..လူထုရဲ့ ယုံကြည်မူကို ရဖို့လည်း လိုအပ်ပါတယ်..။

သူတို့ နတိဆေးဆရာ လေးအကြောင်းတော့ ဘာမှ မပြောချင်တော့ပါဘူး..။ဒီငနဲက..အပြစ်တင်ပြီး  အချွန်နဲ့ မ တဲ့နေရာမှာတော့ ဆရာ တစ်ဆူပါပဲ..။

ဝူရှီဂျန်..က ပုံမှန်ဆိုရင် သူ့ရဲ့ဆေးဘက်ဆိုင်ရာ ပစ္စည်း  တွေကို အေးဆေး ရောင်းနေတဲ့ လူတစ်ယောကိပါ..။နတ်ဆေးဆရာ လေး..အခုလိုတွေ လုက်တယ် ဆိုတာ ..ဝူရှီဂျန် ကြောင့်ဖြစ်ပြီး..နောက်ဆုံးထိခိုက်သွားတဲ့ အချိနိမှာတော့ သူတို့ ပညာရေး ဌာနပါပဲ..။

မုန်းစရာ ကောင်းတဲ့ ဝူရှီဂျန်...

အဲ့အချိန် တစ်ခြား မိသားစုများတွင်..။

သူတို့ကလေးတွေကို  တရုတ်ဆေးပညာ အကယ်ဒမီ ပို့ထားခဲ့တဲ့ တစ်ချို့ မိဘတွေဟာ သတင်းတွေ ဖတ်နေခဲ့ကြတယ်..။သူတို့..သတင်းကိုတွေ သွားတဲ့ အချိန်မှာတော့ ကြောက်ရွံ့သွားခဲ့ကြပါတယ်..။သူတို့ကလေးတွေ တရုတ်ဆေးပညာကို ရွေးချယ်ကတည်းက သူတို့ မကြိုက်ခဲ့ကြတာပါ..။အခု လို တစ်ခုခု ဖြစိလာတဲ့ အချိန်မှာ သူတို့ ပိုပြီးတောင် စိုးရိမ်သွားခဲ့ကြပါတယ်..။

တကယ်လို့ နတ်ဆေးဆရာလေးသာ မဖော်ထုတ်ပေးရင် ဆေးပညာ သင်ရိုးမှာ အမှားတွေ အများကြီး ပါနေတာကို သူတို့ သိနိုင်ကြမှာ မဟုတ်ပါဘူး..။

ရှန်ဟိုင်း တရုတ်ဆေးပညာ အကယ်ဒမီတွင်..။

တး်ချို့ကြောင်းသားတွေဟာ..စိတ်ရှုပ်ထွေးပြီး တိတ်ဆိတ်နေခဲ့ကြတယ်..။သူတို့  အမှားတွေကို တစ်ချိန်လုံး သင်ယူခဲ့ကြတာ ဖြစ်ပြီး သူတို့ တတ်နိုင်တာလဲ ဘာမှ မရှိပါဘူး..။

ယင်းနောက် သူတို့  ရပ်တည်ချက်ကို ပြောင်းလိုက်ကြတယ်..။

သူတို့ သင်ရိုးအသစ် ပြောင်းဖို့ကို ထောက်ခံ ပေးမှ ရမှာပါ..။

ကျိုးမင်ချငိး သတင်းအသစ် တွေကို ဖတ်ပြီး လှောင်ရယ်လိုက်တယ်..။သူ့ဆရာက တကယ်ကို မယုံနိုင်စရာပါပဲ..။သူက..ပညာရေး ဌာနကို အမှန်တကယ်ကို အကြပ်ရိုကိအောင် လုပ်ထားတာပါ..။

တိမ်ဖြူလမ်း..။

လင်းဖန် ဟာ အတော်ပျင်းနေခဲ့တယ်..။သူ အင်တာနက်ပေါ်က ကိစ္စတွေကို ထပ်ပြီး ဂရုမစိုကိတော့ပါဘူး..။

လူလိမ် ထျန်ဟာ လျောက်လာလိုက်ပြီး..

"မင်းက ဒီမှာဘယ်လိုလုပ် ထိုင်နေနိုငိသေးတာလဲ..။အင်တာနက်မှာ ဘာတွေဖြစ်နေပြီလဲ ဆိုတာ မင်းမသိဘူးလား.."

လင်းဖန် တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး...

"ဘာဖြစ်နေလို့လဲ..။အဲတာတွေက ကျုပ်နဲ့မှ မဆိုင်တာ.."

လူလိမ် ထျန် လက်မထောင်လိုက်ပြီး..

"မင်းနဲ့မဆိုင်ဘူးပေါ့..။မင်းက ဒီလောက် အရှုပ်ထုတ်ကြီး ဖန်တီးထားပြီးတာတောင် အေးအေးဆေးဆေး  ရှိနေနိုင်သေးတယ်..။ငါ တကယ် လေးစားပါတယ်.."

လင်းဖန်ရယ်လိုက်ပြီး..

"ဟားဟား..မဖြစ်နိုင်တာ.."

ဝူယူလန် ပြုံးလိုက်ပြီး..

"အစ်ကိုလင်း..မနေ့က တကယ်ကို အံ့ဩစရာပဲ..။အခု မြို့သားတွေ အကုန်လုံးက..ဆွေးနွေးနေကြပြီ..။ဒါပေမဲ့ ရှင်က ဒီလောကိ တည်ငြိမ်နေတော့..သူများတွေ ဘယ်လိုထင်ကြမလဲ.."

ကျောက်ကျန်းယန် ပြောလိုက်တယ်..။

"ဘာရှိရဦးမှာလဲ..။တစ်ချို့လူတွေက အစ်ကိုလင်းကို သတ်ချင်နေလောကိတယ်.."

လင်းဖန် အနည်းငယ် ဝမ်းနည်းသွားပြီး..

"ဒါတော့ မဟုတ်သေးဘူးလေ..။ငါက ငါ့အလုပ်ငါလုပ်တာ..အခုတော့ သူတို့ ဆက်လုပ်ရမယ့် အချိန်ပဲ.."

"ကောင်းပြီ ငါသင်ရိုးကို ဆက်ရေးလိုက်ဦးမယ်..။အကုန်လုံး ဖြေရှင်းနိုင်ဖို့ဆို ဒါက အဓိက သော့ချကိပဲ..။အတော် ဖိအားများတယ်.."

လင်းဖန်  ခေါင်းခါယမ်း ပြီး ပြောလိုက်တာပါ..။ယင်းနောကိ သူ ဆက်ရေးလိုက်တယ်..။

ကလင် ကလင်..

သူ့ဖုန်းဟာ မြည်လာခဲ့တယ်..။

ဒါက ဝမ်မင်ယန် ပါ..။ဒီလူ နောက်ဆုံးတော့ သူ့ကို ဖုန်းခေါ်ဖို့ သတိရပါသေးတယ်..။

သူဖုန်းကိုင်လိုက်တယ်..။

"ဟဲလို မင်ယန်...နောက်ဆုံးတော့ ကျုပ်ကို ဖုန်းခေါ်ပြီပေါ့.."

လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။

သို့ပေမယ့် တစိခုခု တော့မှားနေခဲ့ပြီ..။ဖုန်းကို ကိုင်ထားတဲ့ လူက..ငိုကြွေးနေတဲ့ မိန်းကလေး တစ်ယောက်ပါ..။

"ဘယ်သူလဲ.."

လင်းဖန် မေးလိုက်တယ်..။

"အစ်ကိုလင်း...ကျွန်မ ဇီလီပါ..။မင်ယန် တစ်ခုခု ဆိုးရွားတာ ဖြစ်ခဲ့တယိ.  "

ရူဇီလီ  ရဲ့လေသံ ဟာ အတော်စိုးရိမ်နေခဲ့တာပါ..။

လင်းဖန် လည်း ဒါကိုကြားပြီး ကြောက်ရွံ့သွားခဲ့တယ်..။

"ဘာဖြစ်လို့လဲ.."

တစ်ခုခု တော့ မဟုတ်တော့ပါဘူး..။သူ ဝမ်မင်ယန္ ရဲ့ ကံကြမ္မာကို ကြည့်တုန်းက နောက်ပိုင်း နှစ်တွေမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမှာပါ..။

ဘယ်လိုဖြစ်နိုင်မှာလဲ...

ရူဇီလီ စိတ်ပူစွာ ပြောလိုက်တယ်..။

"မသိဘူး ရုံးခန်းကို အမြန်လာပါဦး..။ကျွန်မတို့လည်း ဘာဖြစ်မှန်း မသိဘူး.."

"ကောငိးပြီ အခုလာခဲ့မယ်.."

လငိးဖန်  ဖုန်းချပြီး ချက်ချင်း ထွက်ခွာလိုက်ပါတယ်..။

လူလိမ် ထျန် လင်းဖန်ကို ကြည့်လိုက်ပြီး..

"ဘာဖြစ်တာလဲ.."

သို့ပေမယ့် လင်းဖန်က ထွက်သွားခဲ့ပါပြီ..။လူလိမ် ထျန် အကူညီမဲ့သွားပြီး  ခေါင်းခါယမ်း လိုကိပါတယ်..။

လငိးဖန် ကားမောင်းနေရင်း..သူ့ကိုယ်သူ ရေရွတ်လိုက်တယ်..။

တစ်ခုခု ဆိုးရွားတာ ဖြစ်ခဲ့တာလား...

မဟုတ်ဘူး..ဒါက တရားနည်းလမ်း မကျဘူးလေ...

သူ့ရဲ့ ဗေဒင်ပညာက..အကောင်းဆုံး စွမ်းဆောင်ရည်တွေရှိပါတယ်..။ဒါက လုံးဝ မမှားနိုင်ပါဘူး..။

အရှေ့ဘက် ဟန် အုပ်စုတွင်..။

လင်းဖန် ကားပါကင်ထိုးပြီး..အထဲကို အမြန်ဝင်လိုက်တယ်..။

ကောင်တာမှာ ရှိတဲ့ ဧည့်ကြိုဝန်ထမ်းဟာ လင်းဖန်ကို မြင်တဲ့ အချိန်မှာ အရိုအသေ ပေး လိုက်ပါတယ်..။ဒါက သူတို့ သူဌေးရဲ့ အချစ်ဆုံး သူငယ်ချင်းပါ..။

သူ ဓာတ်လှေကားဆီ သွားပြီး ထိပ်ဆုံးအလွှာကို တက်လိုက်တယ်..။

သူ အစည်းအဝေးခန်းနားကို ဖြတ်သွားတဲ့ အချိန်မှာ ဆူညံဆူညံ အသံတွေ ကြားနေခဲ့ရပါတယ်..။

လင်းဖန် တံခါးကို တွန်းဖွင့်လိုက်တဲ့ အချိနိမှာ..လူတွေ အများကြီး စုဝေးနေတာ တွေ့လိုက်ရပါတယ်..။ရူဇီလီ အံ့ဩသင့် နေခဲ့တယ်..။သူမ  ဝမ်မင်ယန်ကို မှီပြီး..

"မင်ယန် ဘာဖြစ်လို့လဲ..။ငါတို့ကို မခြောက်လှန့်ပါနဲ့.."

"ဘာဖြစ်တာလဲ.."

လင်းဖန် မေးလိုက်တာပါ..။

ရူဇီလီဟာ..လငိးဖန်ကို မြင်တဲ့အချိန်မှာ အလျင်အမြန်လာခဲ့ပြီး..

"အစ်ကိုလင်း...လာကြည့်ပေးပါဦး..။မင်ယန်က တစ်ခုခုလွဲ မှားနေသလိုပဲ..."

တစိခြားလူတွေဟာ သူ့အတွက်လမ်းဖယ် ပေးလိုက်ကြတယ်..။သူတို့ဟာ ဖြစ်ပျက်နေတာကို ကြောက်ရွံ့နေခဲ့ကြပါတယ်..။

အတွင်းရေးမှူးတစ်ယောက်က ပြောလိုက်တယ်..။

"မာစတာ လင်း..ကျွန်မထင်တာတော့..အကြီးအကဲ ဝမ်ကို သရဲတစ်ကောင်က ဝင်ပူးနေသလိုပဲ.."

လငိးဖန်  မျက်မှောင်ကျုပ်ပြီး..တိတ်ဆိတ်သွားခဲ့တယ်..။

ဘယ်လိုကောင်က ငါ့သူငယ်ချင်းကို ဝင်ပူးရဲတာလဲ....

❤️❤️❤️

Sunday  နှစ်ပိုင်း တင်ပေးလိုက်ပါပြီရှင့်😍

A Valiant Life 513
အပိုင်း ( ၅၁၃ ) ရက်ရက်ရောရော ရိုက်နှက်ခြင်း

#ဘာသာပြန် = စနိုးဝှိုက်

ဝမ်မင်ယန်ဟာ ထိုင်ခုံပေါ်မှာ ထိုင်ပြီး လုံးဝခြားနားတဲ့ လူတစ်ယောက်လို ဖြစ်နေခဲ့တယ်..။သူက ပြတင်းပေါက်ကနေ တဆင့်  ရှန်ဟိုင်းမြို့က အထက်စီးက ကြည့်နေခဲ့ပါတယ်..။

ယင်းနောက် သူ့ဟာ အသက်ကို ပြင်းစွာရူနေရပြီး..သူ့ရဲ့ လက်တွေ ခြေထောက်တွေဟာ တုန်ရီနေခဲ့ပါတယ်..။

"ဝမ်မင်ယန် ဘာလုပ်နေတာလဲ.."

လင်းဖန် လေးနက်စွာ မေးလိုက်တာပါ..။

သူက လူတွေကို သရဲ ဝင်ပူးတာမျိုး အရင်က ကြားဖူးပေမယ့် တစ်ခါမှတော့ မမြင်ဖူးသေးပါဘူး..။

ဒါက ကျေးလက်ဒေသ တွေမှာ အဖြစ်များပေမယ့် အဓိက အကြောင်းအရာကို တော့..ရှာမတွေ့ပေ..။

တစ်ချို့တွေက..စိတ်ကျန်းမာရေး ကြောင့်လို့ပြောပြီး..တစ်ချို့တွေက သရဲတစ်ကောင် ဝင်ပူးတယ်လို့ ပြောလေ့ရှိကြပါတယ်..။

ဒီဖြစ်စဥ္ တွေကိုတော့  ဘယ်သူမှ သေချာ ရှင်းမပြနိုင်ကြပါဘူး..။

"ငါက ဝမ်မင်ယန် မဟုတ်ဘူး..။ငါက ကျိုးရှန်ပဲ.."

ဝမ်မင်ယန်  ပြောလိုက်တာပါ..။သူ့ရဲ့ အသံက ပြောင်းလဲ နေပြီး အမှန်တကယ် သရဲတစ်ကောင် ဝင်ပူးနေသလိုပါပဲ..။

ရူဇီလီ စိုးရိမ်စွာ ပြောလိုက်တယ်..။

"အစ်ကိုလင်း..မင်ယန် ဘာဖြစ်နေတာလဲ..."

တစ်ခြားလူတွေဟာ လည်း တီးတိုးပြောနေခဲ့ကြတယ်..။

"အကြီးအကဲ ကျိုးကို သရဲ ဝင်ပူးနေတာပဲဖြစ်ရမယ်.."

"ငါလည်း ဒီလိုပဲ ထင်တာပဲ.."

"ဘယ်လို ဖြစိနိုင်မှာလဲ..။သရဲတွေ ဆိုတာ..အသက်ကြီးပြီး မနာမကျန်း ဖြစ်နေတဲ့ လူတွေကိုပဲ ဝင်ပူးတယ်လို့ ထင်ထားတာ..။အကြီးအကဲ ကျန်းက ငယ်ရွယ်သေးတယ်လေ.။ဘယ်လိူလုက်သရဲတစ်ကောင်က ဝင်ပူးနိင်မှာလဲ.."

"ဒါအမှန်ပဲ..ဒါပေမဲ့ လက်ရှိဖြစ်နေတဲ့ပုံကို ကြည့်ဦးလေ.."

လင်းဖန် ဝမ်မင်ယန် ရဲ့ နှာဖူးနဲ့ ..လက်မောင်းကို ထိကြည့်လိုကိတယ်..။သူတို့နှစ်ခုလုံး အေးစက်နေခဲ့ပါတယ်..။

ခန္တာကိုယ်ကတော့ အကောင်းကြီးပါ..။

လင်းဖန်ရဲ့ ဆေးပညာ အရည်အသွေးကအကောင်းဆုံး  လို့ ပြောလို့ရပါတယ်..။လူတစ်ယောကိ ကျန်းမာရေး တစိခုခုဖြစ်နေရင်..သူ တစ်ချက်ထိလိုက်ရုံနဲ့ ပြောနိုင်တာပါ..။သို့ပေမယိ့ ဝမ်မင်ယန်မှာက ဘာကျန်းမာရေး ပြသနာမှ မရှိပါဘူး..။

ဒီကိစ္စမာ တစ်ခုခုတော့ မှားနေပါပြီ..။
.
"မာစတာ လင်း..အကြီးအကဲ..ဝမ်ကို သရဲတစ်ကောင်က ပူးနေတာ ဖြစ်မယ်..။ကျွမ်းကျင်တဲ့  ဆရာ တစ်ယောက်ကို ခေါ်လိုက်ရမလား.."

အလုပ်သမား တစ်ယောက်က မေးလိုက်တာပါ..။

လငိးဖန်  တိတ်ဆိတ်နေပြီးမှ မေးလိုက်တယ်..။

"ကျိုးရှန်း ဟုတ်တယ်နော်..။မင်း ဘာလိုချင်တာလဲ.."

ဝမ်မင်ယန်က..သရဲဝင်ပူးတဲ့ ပုံစံ ဖြစ်နေမှတော့ သူတကယ် ဝင်ပူးတာ ဟုတ်လား မဟုတ်လား စစ်ဆေးကြည့်မှ ရမှာပါ. ။

ဝမ်မင်ယန် တုန်ရီနေပြီး...

"ငါ ဘာမှ မလိုချင်ဘူး..။ငါ ဒီက ထွက်မသွားချင်တာ..။ငါ ဒီမှာပဲ နေချင်တယ်.."

လင်းဖန်  လေးနက်စွာပြောလိုက်တယ်..။

"မင်းက သူမဟုတ်ဘူးလေ..။သူကလည်း မင်းမဟုတ်ဘူး..။ဘာလို့ ဒီမှာ နေချင်နေတာလဲ..။ထွက်သွားစမ်း.."

ကျိုးရှန်း ခေါင်းခါယမ်း လိုက်ပြီး..

"ငါ မသွားချင်ဘူး..။ငါသွားမှာ မဟုတ်ဘူး.."

ယင်းနောက် လင်းဖန် လုပ်နိင်တာ ဘာမှ မရှိှတော့့ပေ..။

သရဲ ဝင်ပူးခံရတာကို သူ အနည်းငယ်လောက်ပဲ သိတာပါ..။ဒါက လက်ရှိ သိပ္ပံပညာ နဲ့ မရှင်းပြနိုင်တဲ့ အရာပါပဲ..။

ယင်းနောက် သူဖုန်းထဲမှာ ရှာဖွေလိုက်တယ်..။

သူ ဒီကိစ္စကို မဖြေရှင်း တတ်ပေမယ့် လည်း တသိခြားလူတွေ မဖြေရှင်း တတ်ဘူးလို့ မဆိုလိုပါဘူး..။

သူ ရှာဖွေပြီးတဲ့ အချိန်မှာ အံ့ဩသွားခဲ့တယ်..။ဒီမှာနည်းလမ်းတွေ  အများကြီး ရှိပြီး..လူများစွာက မျှဝေထားကြပါတယ်..။

သူ ဒီနည်းလမ်း တွေထဲက တစ်ခုကို အလုပ်ဖြစ်မယ် လို့ ခံစားမိလိုက်တယ်..။

လင်းဖန် ရူဇီလီ ရဲ့ ဆံပင်တစ်ချောင်းကို နှုတ်ပြီး ဝမ်မင်ယန် ရဲ့ မျက်နှာရှေ့မှာ ထောင်ပြလိုက်တယ်..။ယင်းနောက် ဝမ်မင်ယန် အသက်ရူနေတုန်းမှာ သူ..ဆံပင်ကို နာရီလက်တံ အတိုင်းလှည့်လိုက်ပါတယ်..။

နောက်တစ်ခါပြန်ပြီး.. ပြောင်းပြန် ပြန်လှည့်လိုက်တယ်..။

လူအုပ်ကြီး ဟာ လင်းဖန် လုပ်နေကြတာကို ကြည့်ပြီး အံ့ဩနေကြတယ်..။

မာစတာ လင်းက..ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို သိနေတာလား..

ရူဇီလီ လည်း ကြောင်အနေခဲ့ပါတယ်..။သူမ..အစ်ကိုလင်း အပေါ်ကိုပဲ..အားကိုးရတော့မှာပါ. ။

လင်းဖန် ဝမ်မင်ယန် ရှေ့က ဆံပင်းကို လက်ချောင်းနဲ့ ညှပ်ပြီး နှစ်ပိုင်းပိုင်းလိုက်တယ်..။

အာ...

ဘာမှ ဖြစ်မလာခဲ့ပေ..။

သူ အလိမ်ခံ လိုက်ရပြီလို ခံစားလိုက်ရပါတယ်..။

ဝမ်မင်ယန် က ဘာမှ မဖြစ်ပေမယ့်လည်း..စိတ်ပိုင်းဆိုင်ရာ လွဲမှားနေခဲ့တာပါ..။လင်းဖန် ဘာဖြစ်နေတာလဲ မပြောတတ်တော့ပေ..။

သူ စွယ်စုံကျမ်းကို ဖွင့်ပြီး အသိပညာ အခန်းတွေကို ရှာကြည့်လိုက်တဲ့ အချိန်မှာ..စိတ်ဝိဥာဥ္ အသိပညာ အခန်းပါဝင်ပါတယ်..။ဒါက အခန်းအသေးဖြစ်ပေမယ့် လိုအပ်တဲ့..စွယ်စုံအမှတ်က များပြီး..သူ့ရဲ့လက်ရှိ မမှတ်နဲ့ မမှီသေးပါဘူး..။

အင်တာနက် မှာတော့ တစ်ခြား နည်းလမ်း တွေ ရှိပါသေးတယ်..။တကယ်လို့မှ ဒီနည်းလမ်း တွေ အသုံးမဝင်တော့ရင်..သူ စွယ်စုံကျမ်းကနေ အသိပညာ ခနငှားရမ်း ရတော့မှာပါ..။

ရူဇီလီ နဲ့ တစ်ခြား လူတွေဟာ ဘေးနားက..စိတ်လှုပ်ရှားစွာ ရပ်ကြည့်နေခဲ့ပေမယ့်..ဘာမှ ဖြစ်မလာခဲ့ပေ..။သူတို့ ကြောင့်ရွံ့ပြီး..မာစတာ လငး်ကိုင်တွယ်နိုင်ပါ့မလား ဆိုတာ စိုးရိမ်နေခဲ့ပါတယ်..။

သို့ပေမယ့် သူတို့ အစ်ကိုလင်း အပေါ် မှီခိုဖို့ပဲ တတ်နိုင်ပါတယ်..။

လငိးဖန် အသက်ကို ပြင်းပြင်းရူ လိုက်ပြီး ဝမ်မင်ယန် ရဲ့ ကော်လံကို ဆွဲလိုက်တယ်..။အင်တာနက် မှာ ပြောထားတာကတော့..တစ်စုံတစ်ယောက်က လုံလောက်အောင် ကြမ်းတမ်းပြရမှာပါ..။

"မင်းထွက်သွားမှာလား..မထွက်သွားဘူးလား.."

"ငါ ထွကိသွားမှာ မဟုတ်ဘူး.."

ဝမ်မင်ယန် အော်လိုကိတာပါ..။

*ဖြန်း *

လင်းဖန် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တယ်..။အင်တာနက်မှာ ပြောထားချက်အရဆို..သရဲက မထွက်သွားချင်ဘူး ဆိုရင် ကောင်းကောင်းမွန်မွန် ဆက်ဆံစရာ အကြောင်း မရှိပါဘူး..။သူ/သူမ ဟာ သရဲထွက်သွားတဲ့ အထိ ရိုက်နှက်နိုင်ပါတယ်..။

"မင်းထွက်သွားမှာလား.."

ဝမ်မင်ယန် ကြောင်အသွားခဲ့တယ်..။သူ အရိုက်ခံရမှာကို  မထင်ထားခဲ့တဲ့ ပုံပါပဲ.."

လင်းဖန် ဒီတစ်ကြိမ်ဘာမှ မတုန့်ပြန်တာ တွေ့လိုက်ရပါတယ်..။ဒါကြောင့် ပါးနှစ်ဖက်လုံးကို ဘယ်ရော ..ညာရော ထပ်ရိုက်လိုက်တယ်..။သူ စကားပြောဖို့ တောင် အခွင့်အရေး မပေးတော့ပါဘူး..။

ဆယ်ကြိမ်လောက် ဆက်တိုက်ရိုက်ပြီးမှ..လင်းဖန် ဒေါသထွက်စွာ ပြောလိုက်တယ်..။

"အခု ထွက်သွားစမ်း.."

ယင်းနောက် တစ်ခုခု ထူးဆန်းတာ ဖြစ်ပေါ်လာခဲ့တယ်..။ဝမ်မင်ယန် ရဲ့ မျက်လုံးတွေ ပိတ်သွားပြီး..အေးခဲသွားတာပါ..။ဒါက သူ အိပ်ပျော်သွားသလိုပါပဲ..။

လင်းဖန် သွေးခုန်နှုန်းကို စမ်းကြည့်လိုကိတဲ့ အချိန်မှာ ဘာမှ မဖြစ်တာ တွေ့လိုက်ရတယ်..။

သို့ပေမယ့် အခြေအနေကတော့ သိပ်သဘော ကျစရာ မကောင်းပါဘူး..။ဒီလို လုပ်တာက အလုပ်ဖြစ်လား မဖြစ်လား သူမသိပေ..။တကယ်လို့ အလုပ်မဖြစ်ရင် သူ စွယ်စုံကျမ်းရဲ့  စိတ်ဝဥာဥ္ အသိပညာကို ငှားရမ်းရတော့မှာပါ..။ဒါက စျေးကြီးပေမယ့်လည်း ရွေးချယ်စရာ မရှိပါဘူး..။

ရူဇီလီ ရှေ့ကို တက်သွားပြီး..

"အစ်ကိုလင်း..အခု အဆင်ပြေသွားပြီလား."

လင်းဖန် သိပ်မသေချာပေ..။

"မသိသေးဘူး..ငါတို့ စောင့်ကြည့်ကြတာပေါ့.."

အချိန်ခနကြာပြီးနောကိ မှာ ဝမ်မင်ယနိ မျက်လုံး ပွင့်လာခဲ့တယ်..။သူ့မျက်စိရှေ့မှာ လင်းဖန်ကို မြင်တဲ့ အချိန်မှာ မေးလိုက်ပါတယ်..။

"မင်းဘာလို့ ဒီရောက်နေတာလဲ.."

လင်းဖန် ဒါကိုကြားမှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။ဒါက တကယ်ကို အလုပ်ဖြစ်တာပါ..။

ရူဇီလီ ဝမ်မင်ယန် ဆီကို သွားလိုက်ပြီး..

"မင်ယန်..ရှင်က ကျွန်မကို ခြောက်လှန့်နေတာပဲ.."

ဝမ်မင်ယန်..အံ့ဩသွားခဲ့တယ်..။ဘာတွေဖြစ်နေတာလဲ ဆိုတာ သူမသိပါဘူး..။

*အာ.*

"အား..ဘာလို့ ငါ့မျက်နှာက ဒီလောကိတောငိ နာကျင်နေတာလဲ..။ဘာတွေဖြစ်ခဲ့တာလဲ.."

ဝမ်မင်ယန် မေးလိုက်တာပါ..။

လင်းဖန်  တစ်ခြား အလုပ်သမားတွေကို လက်ဝေ့ယမ်း လိုကိပြီး..

"ခင်ဗျားတို့ အရင်သွားလို့ ရပြီ..."

သူတို့ ခေါင်းညိမ့်ပြီး အစည်းအဝေးခန်းထဲက ထွက်သွားခဲ့ကြပါတယ်..။

လင်းဖန် ထိုင်ခုံ တစ်လုံးကို ယူပြီး ထိုင်လိုက်တယ်..။ဝမ်မင်ယန်ကို အမှန်တကယ် သရဲတစ်ကောင် အပူးခံရတာလား ဆိုတာ သိချင်နေခဲ့တာပါ..။

"ခုနက ဖြစ်တာတွေ တကယ် မမှတ်မိဘူးလား.."

လင်းဖန် မေးလိုက်တာပါ..။

ဝမ်မင်ယန် ခေါင်းခါယမ်း လိုကိတယ်..။

"ငါ ဘာမှ မမှတ်မိဘူး..ဒါပေမဲ့ ငါ့ကို တစ်ယောက်ယောက် ရိုက်နေတာတော့ သိတယ်..။ဘာလို့ ငါ့မျက်နှာ ယောင်ကိုင်းနေတာလဲ.."

"ဘယ်သူမှ ခင်ဗျားကို မရိုက်ဘူး..။ဒါက ပုံရိပ်ယောင်သဘော မျိုးထင်ပေါ်နေတာ..။ခင်ဗျားက ကိုယ့်ကိုကို ကျိုးရှန်း လို့ ပြောနေတာလေ..။သူ ဘယ်သူလဲ ခင်ဗျား သိလား.."

လင်းဖန် မေးလိုက်တာပါ..။

ဝမ်မင်ယန် ဒီနာမည်ကို ကြားတဲ့ အချိန်မှာ မျက်နှာ အမူအယာ ပြောင်းသွားခဲ့တယ်..။

လင်းဖန်  သူ ဒီလူကို တကယ်သိမှန်းး သိလိုက်ပါတယ်..။တစ်ချိန်တည်းမှာပဲ..ဘာလို့ သရဲတစ်ကောင်က..သူ့ကို ဝင်ပူးတာလဲ သိချင်နေခဲ့တယ်..။

ဘာလို့  ဒီခေတ်ကြီးမှာတောင်  ဒါမျိူးတွေ ဖြစ်နေတာလဲ..

ဝမ်မင်ယန် လင်းဖန်ကို ကြည့်လိုက်ပြီး...

"မင်းပြောတာ ငါ့ကို ကျိုးရှန်းလို့ ခေါ်တဲ့ သရဲတစ်ကောင် ဝင်ပူးတာလား..။ဒါက..."

လင်းဖန်  ပြောလိုက်တယ်..။

"ခင်ဗျားတို့ ဆက်ဆံရေးကို ပြောပါဦး..။ကျုပိဒီလို အရာတွေကို အယုံအကြည်မရှိပေမယ့် တကယ်သိချင်မိတယ်..."

ဝမ်မင်ယန်  အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပါတယ်..။ယင်းနောက် သူခေါင်းညိမ့်လိုက်ပြီး..

"ငါ ကျိုးရှန်းကိုသိတာပေါ့..။သူက ငါ့ရဲ့ ငယ်သူငယ်ချင်းလေ.။ဒါပေမဲ့ သူ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကတည်းက သေသွားပြီ..။သူက မြစ်တစ်ခု မှာရေကူးရင်း ရေနစ်သွားခဲ့တယ်..။ငါ ဒီမတော်တဆ မူကို အမြဲတမ်း မှတ်မိနေပြီး..ငါ့ကြောင့် သေတယ်လို့လည်း ခံစားနေရတယ်.."

လင်းဖန်  ဆက်တိုက် နားထောင်နေခဲ့တယိ..။ရူဇီလီလည်း ဝမ်မင်ယန်မှာ ဒီလို..မတော်တဆမူ ရှိမယ် လို့ မထင်ထားခဲ့ပါဘူး..။

ယင်းနောက်လင်းဖန် မတ်တတ်ထလိုက်ပြီး..

"အခု အဆင်ပြေသွားပြီ..။ဒါပေမဲ့ ခင်ဗျား ရွာကိုပြန်ပြီး ကျိုးရှန်  ရဲ့ မိသားစုကို တစ်ချက်ကြည့်လိုကိဦး..။သူက ဒီလို ဝင်ပူးတယ် ဆိုမှတော့ အပျော်လုပ်တာတော့ မဟုတ်လောက်ဘူး..။တစ်ခုခု ဖြစ်နေလို့ပဲ ဖြစ်ရမယ်..။တကယ်လို့ သူ့မိသားစုမှာ တစ်ခုခု ုဖစ်နေရင် ခင်ဗျားက ကူညီပေးလိုက်ပေါ့.."

ဝမ်မင်ယန် ခေါင်းညိမ့်လိုက်ပြီး..

"မင်းက ဘယ်လိုလုပ်ပြီး ဒီလို အရာတွေပါ သိနေတာလဲ.."

လင်းဖန် ရယ်မောလိုကိပြီး..

"ဘိုင်တု မှာ အကုန်ရှိတယ်..။ဒီနေ့ခေတ်ကြီးမှာက သိချက်တာကို ရိုက်ရှာလို်က် ရုံပဲ.."

"ငါ့မျက်နှာက အမှန်တကယ် ဘာဖြစ်နေတာလဲ..။ငါ့ကို တစ်ယောက်ယောက်က သေအောင် ရိုကိနှက်ခဲ့သလို ခံစားနေရတယ်နော်.."

ဝမ်မင်ယန် သိချင်စွာ မေးလိုက်တာပါ..။

လင်းဖန် ပုခုံးတွန့်လိုက်ပြီး..

"ဘာပဲဖြစ်ဖြစ်..ခင်ဗျားကို ရိုက်တာ တစ်ယောက်ယောက်မှ မဟုတ်တာ..။တစ်ခြား တစ်ယောက်ယောကိ မေးကြည့်ပေါ့. "

ပြန်ရောက်တဲ့ အချိန်မှာ..လင်းဖန် ဒီကိစ္စကို ပြန်တွေးနေခဲ့တယ်..။ဒါက စိတ်ပိုင်းဆိုင်ရာ..ပြသနာ လည်း ဖြစ်နေနိုင်ပါတယ်..။ဝမ်မင်ယန်ဟာ..ဖိအားတွေ များပြီး..ကျိုးရှန်း ရဲ့ သေဆုံးမူက..သူ့ကြောင့်ဆိုပြီး နောင်တရနေခဲ့တာပါ..။ဒါကြောင့် အချိန်တွေ ကြာလာတဲ့ အချိန်မှာ..ရုတ်တရက် စိတ်လွတ်လွတ်သွားတာ ဖြစ်နိုင်ပါတယ်..

အဲလိုများ ဖြစ်နေမလား..

သို့ပေမယ့် ဒါက လင်းဖန် သူ့ဟာသူ ခန့်မှန်း ကြည့်နေတာပါ..။သူ သေချာ အသေးစိတ်အတိအကျ တော့ မသိပါဘူး..။

တကယ်လို့ သူသာ..စွယ်စုံကျမ်းရဲ့ စိတ်ဝဥာဥ္ ဆိုင်ရာ အသိပညာခန်း ကို ..လဲလှယ်ခဲ့ရင်..နားလည်နိုင်တော့မှာပါ..။သို့ပေမယ့် ဒီအသိပညာ အခန်းက ..အရမ်းစျေးကြီးတာကြောင့် အရူးတစ်ယောက်ပဲ လဲလှယ်ပါလိမ့်မယ်..။

❤️❤️❤️

A Valiant Life 514
အပိုင်း ( ၅၁၄ ) လွှမ်းမိုးမူနဲ့ အင်အားကြီးမူကို
                         ဖက်တွယ်ထားခြင်း...

#ဘာသာပြန် = စနိုးဝှိုက်

အနောက်ဘက် ဟန် အုပ်စု.။

ဝမ်မင်ယန်ဟာ..ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို ချက်ခြင်းမေးလိုက်တယ်..။ရူဇီလီ သူ့ကို ဘာတွေ ဖြစ်နေလဲ ပြောတဲ့ အချိန်မှာ သူကြောင်အသွားခဲ့ပါတယ်..။

သို့ပေမယ့် လင်းဖန် လည်း ဒီကိစ္စကို သေချာ မသိခဲ့ပါဘူး..။သူလည်းပဲ ဘိုင်တုကို သာ သွားပြီး ရှာဖွေမှသာ ဖြေရှင်းနိုင်ခဲ့ပါတယ်..။ဘာပဲဖြစ်ဖြစ် အင်တာနက်မှာက ဒီသတင်းတွေ နဲ့ ပြည့်နှက် နေခဲ့တာပါ..။

ဝမ်မင်ယန်ဟာ တစ်ရက်နားပြီးတဲ့ နောက်မှာ သူ့ရဲ့..ဇာတိမြို့ကို ပြန်သွားခဲ့တယ်..။ကျိုးရှန်းက သူ့ကို တစ်ခုခု ပြောစရာ ရှိနေသလိုပါပဲ..။ဒါကြောင့်..ဇာတိ  ကို တစ်ချက်ပြန်ကြည့်တာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ..။

ရက်အနည်းငယ် ကြာပြီးနောက်..။

လင်းဖန်ဟာ..သင်ရိုးအသစ်ကို ဆက်တိုက်ရေးနေပြီး  တော်တော် များများလည်း..ပြီးနေခဲ့ပါပြီ..။

ဝူယူလန် ပြုံးလိုက်ပြီး...

"စာရေးတာ ဘယ်လို အခြေအနေ ရှိလဲ.."

လင်းဖန်  ခေါင်းညိမ့်လိုက်ပြီး..

"စာအုပ် နှစ်အုပ်ကို..ပြီးအောင် ရေးပြီးသွားပြီ..။နောက်ထပ် တစ်အုပ်ကိုပဲ ရေးဖို့ ကျန်နေတော့တယ်.."

ဝူယူလန် ရဲ့ မျက်လုံးတွေဟာ တောက်ပနေခဲ့တယ်..။အစ်ကိုလင်း က တကယ်ကို အကုန်ထူးချွန်တဲ့ လူတစ်ယောက်ပါ..။အထူးသဖြင့် အခုလို အရမ်းခက်ခဲတဲ့  တရုတ်ဆေးပညာကိုတောင်..သူအေးဆေး  ဖြေရှင်းနိုင်ပါတယ်..။

သို့ပေမယ့်..ဝူယူလန်ဟာ သူမနဲ့ အစ်ကို လင်းရဲ့ ဆက်ဆံရေးကို အားမလို အားမရဖြစ်နေခဲ့တယ်..။ဒါက ဘာမှ  မတိုးတက်လာခဲ့ပါဘူး..။

အစက သူမရဲ့ အကြီးမားဆုံးပြိုင်ဘက် က ဝူရွှန်းယွဲ့လို့  တွေးထားခဲ့တာပါ..။သူမ သတင်းတွေကို ကြည့်လိုက်တဲ့ အချိန်မှာ လတ်တလော..ဝူရွှန်းယွဲ့..က ပွဲတွေ တက်ပြီး..အလုပ်ရှုပ်နေခဲ့ပါတယ်..။

လက်ရှိအခြေအနေမှာ သူမက ဝူရွှန်းယွဲ့ထက် ပိုကောင်းတဲ့ နေရာတစ်ခုမှာ ရှိနေခဲ့ပါပြီ..။

ယုံကြည်မူ...

သူမ ယုံကြည်မူ ရှိပါတယ်..။သူမကသာ..အစ်ကိုလင်းနဲ့ အလိုက်ဖက်ဆုံးလို့ စိတ်ထဲက ယုံကြည် ထားပြီးသားပါ..။

သူမ ရှေ့မှာ ထိုင်လိုက်ပြီ..လင်းဖန်ကို စိုက်ကြည့်နေလိုက်ပါတယ်..။

ကလင်ကလင်..

ကျိုးမင်ချင်း ဖုန်းခေါ်လာခဲ့တယ်..။

"ဆရာ..သင်ရိုး..အခြေအနေ ဘယ်လိုရှိလဲ.."

ကျိုးမင်ချင်း မျှော်လင့်ချက်တွေနဲ့ မေးလိုက်တာပါ..။

ဒါက တရုတ်ဆေးပညာ အတွက်တော့...အကျိူးသက်ရောက်မူကြီး တစ်ခုပါပဲ..။သူ့ဆရာ ရဲ့ သီအိုရီ တွေကြောင့်..တရုတ်ဆေးပညာ မတိုးတက်စရာ အကြောင်း မရှိတော့ပါဘူး..။ထပ်ပြောရရင်..တရုတ်ဆေးပညာ အဖွဲ့အစည်းကလည်း သူ့ဘက်မှာပဲ ရှိနေခဲ့တာပါ..။

ထပ်ပြောရရင်..တရုတ်ဆေးပညာ အဖွဲ့အစည်းရဲ့ ဥက္ကဌ ကျို့ချင်းချင်..ကလည်း..သူ့ဆရာ ရဲ့ အမြင်တွေကို အပြည့်အဝ ..ထောက်ခံ နေခဲ့တာပါ..။

ဥက္ကဌ က ထောက်ခံ နေမှတော့ ကျန်တဲ့ လူတွေဟာ မထောက်ခံပဲ ..မနေရဲကြတော့ပေ..။

သို့ပေမယ့်..ပညာရေးဌာနက လူတွေကတော့ စိတ်ပူနေခဲ့ကြပါတယ်..။ဒီကိစ္စက သူတို့နဲ့ ဘာမှ မဆိုင်ပေမယ့် သင်ရိုးတွေကို   ချမှတ်ပေးတဲ့ လူတွေက..သူတို့ပါ..။လက်ရှိအချိန်မှာ သူတို့ နာကျင်ပေမယ့်လည်း..ဘာမှ  မထုတ်ပြန်ခဲ့ကြပေ..။ထုတ်ပြန်လည်း လူထုက..သူတို့ကို ယုံကြည်ကြမှာ မဟုတ်ပါဘူး..။

လင်းဖန် ပြုံးလိုက်ပြီး...

"ကျွန်တော် စာအုပ် နှစ်အုပ်..ရေးပြီးသွားပြီ..။တကယ်လို့ ခင်ဗျား စိတ်ဝင်စားရင် ..ကျုပ်ဆိုင်ကို လာခဲ့လို့ရတယ်.."

ကျိုးမင်ချင်း  ဒါကို ကြားတဲ့ အချိန်မှာ ကျေိနပ်သွားခဲ့ပါတယ်..။သူ့ဆရာက..တကယ်ကို ဆရာကောင်း တစ်ယောက်ပါ..။

"ကျွန်တော် အခု လာခဲ့မယ်.."

ဖုန်းချပြီးနောက်မှာ လင်းဖန် အနည်းငယ်တွေးတောပြီး ဆက်ရေးဖို့ လုပ်လိုက်ပါတယ်..။

ကလင်..ကလင်..

ဝမ်မင်ယန် ဖုန်းခေါ်လာခဲ့တယ်..။

လင်းဖန် ဒီနေ့မှ သူ့ကို လူတိုင်း ဖုန်းခေါ်နေတယ် လို့ ခံစားလိုက်ရပါတယ်..။

ဝမ်မင်ယန်က..သူ့ရဲ့ ဇာတိကို ပြန်ရောက်နေခဲ့တာပါ..။ဒီကိစ္စက သူ့ကို အတော် သက်ရောက် စေခဲ့ပါတယ်..။သူ..ဇာတိကနေ ထွက်ခွာလာခဲ့တဲ့ အချိန်ကနေ စပြီး..အခုထိ ပြန်မလာခဲ့တော့တာ  အခုထိပါပဲ..။

လင်းဖန်  မေးလိုက်တယ်..။

"ဘယ်လို အခြေအနေ ရှိလဲ..။ကျိုးရှန်း ရဲ့ မိသားစုကရော..."

ဝမ်မင်ယန် ဝမ်းနည်းစွာ ပြောလိုက်တယ်..။

"ငါ ဇာတိကို..ပြန်ရောက်တာနဲ့ ရှာကြည့်လိုက်တော့ ကျိုးရှန်းရဲ့..မိသားစုတွေက..ပြောင်းသွားခဲ့ကြပြီ..။ရဲဌာနကနေတဆင့်..သိရတာတော့..သူ့ မိသားစုရဲ့ အခြေအနေက..သေရေး ရှင်ရေး ဖြစ်နေတယ်တဲ့..။ဒါက ငါ့ရဲ့ အမှားပဲ..။ငါ ဒီလိုမျိုး တစ်ခါမှ  မတွေးခဲ့ဖူးဘူး..။သူတို့ နေတဲ့ အိမ်လေးဆို..စုတ်ပြတ်နေတာပဲ..။ငါ ဒီမှာ နေပြီး...အိမ်ကောင်းကောင်းလေး တစ်လုံး  သူတို့အတွက် ပြန်ပြင်ဆောက်လိုက်ဦးမယ်..။ငါက ကျိုးရှန်းရဲ့..သေဆုံးမူ အတွက်..တာဝန်ရှိတဲ့ လူတစ်ယောက်ပဲ..."

လငိးဖန်  ပြောလိုက်တယ်..။

"ကောင်းပြီ..ဒီကိစ္စကို အများကြီးတွေး မနေနဲ့..။ဖြစ်တာက ဖြစ်ပြီးနေပြီပဲ..။ခင်ဗျား ဒီကိစ္စကို သေချာ.ဖြေရှင်းမှရမယ်..။ဒါဆို ခင်ဗျား စိတ်ထဲက..အပြစ်စိတ်တွေ ပြေပျောက်သွားပြီး..ထပ်တွေးနေစရာ မလိုတော့မှာလေ.."

"ကောင်းပြီ.."

ဝမ်မင်ယန် သူပြောတာကို သဘောတူပါတယ်..။ဘာပဲဖြစ်ဖြစ်..ကျိုးရှန်း မိသားစုဟာ..ဘယ်ဆီသွားကြမှန်း မသိပဲ..သူတို့ရဲ့ အနာဂတ်လည်း ပျက်ဆီးသွားပါပြီ..။

လင်းဖန် ဘာမှ ထပ်ပြီး မေးမနေချင်  တော့ပေ..။ဒီကိစ္စက သူနဲ့ ဘာမှ မ​များကြီး မဆိုင်တော့..သိပ်ပြီး တွေးနေစရာလည်း မလိုအပ်ပါဘူး..။

သူ ဝမ်မင်ယန်  နဲ့ အချိန်အတော်ကြာပြီး နောက်မှာ..ဖုန်းချလိုက်တယ်..။

အဲ့အချိန်မှာပဲ..။

ကျိုးမင်ချင်း..ရောက်လာခဲ့ပြီး...

"ဆရာ..သင်ရိုး..အသစ်တွေ ဘယ်မှာ ရောက်နေတာလဲ. "

လင်းဖန်  ရယ်မောလိုက်ပြီး..

"ခင်ဗျား စိတ်ထဲမှာ..သင်ရိုး အကြောင်းပဲ ရှိနေတာလား..."

ကျိုးမင်ချင်း ရှက်ရွံ့စွာ ပြုံးလိုက်ပြီး...

"မဟုတ်ပါဘူး..။ကျွန်တော် စိတ်လှုပ်ရှား နေလို့ပါ..။ဘာပဲဖြစ်ဖြစ်..ဒီသင်ရိုးတွေကို ဆရာက..ရေးနေတာ ဆိုတော့..ကျိန်းသေ ထိပ်တန်း အဆင့်ဖြစ်မှာပဲလေ..။ပြီးတော့ ဒါက..တရုတ်ဆေးပညာ အတွက်..တိုးတက်မူကြီး တစ်ခုပဲလေ..."

"ကောင်းပြီ..ချီးကျူးမနေနဲ့တော့..။ကြည့်ကြည့်လိုက်ဦး.."

လင်းဖန်  သူ့ကို စာအုပ် နှစ်အုပ် လှမ်းပေးလိုက်တယ်..။ဒီ စာအုပ်တွေ ဘယ်လောက်..ကောင်းလဲ သူမပြောတတ်ပေမယ့်..အမှားကတော့ တစ်ခုမှ မရှိပါဘူး..။

အခြေခံ သင်ယူတဲ့ လူတွေ တောင်..ဒါတွေကို  နားလည်နိုင်မှာပါ..။ဒီသင်ရိုးတွေရဲ့ ရည်ရွယ်ချက်ကလည်း အခြေခံ လေ့လာချင်တဲ့ လူတွေ နားလည်နိုင်ဖို့ပါပဲ..။

'အခြေခံ ဆေးဝါး စာအုပ်.'

ကျိုးမင်ချင်း..ပထမ စာမျက်နှာကို ဖွင့်ပြီး..အေးဆေး  ဖတ်လိုက်တယ်..။လင်းဖန်  သူ့ကို နှောက်ယှက် မနေတော့ပဲ..သူ့ရဲ့ စာအုပ်ကိုသာ..ဆက်ရေးနေလိုက်ပါတယ်..။

ဝူယူလန်  လဖက်ရည်ခွက် ငှဲ့ပေးလိုက်တယ်..။ဝူတန်ဟီ လည်း ကျိုးမင်ချငိးကို ကြည့်လိုက်ပါတယ်..။သူ နောက်ဆုံးတော့ မာစတာ လင်းရဲ့ အစွမ်းအစကို သဘောပေါက်လိုက်ပါပြီ..။

လိန်ကျုံး   မှာဆိုရင် ဝူတန်ဟီက. .လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ပါ..။သို့ပေမယ့် သူက အဲလောက်..အင်အား မရှိဘူး ဆိုတာ နားလည်ထားပါတယ်..။

လက်ရှိ..သူ ဆိုင်သေးသေးလေး မှာ ဗေဒင်ဟောတာကို ပဲ ကျေနပ်ပါတယ်..။ထပ်ပြောရရင် ..သူ့သမီးကလည်း  သူ့ဘေးနားမှာ တစ်ချိန်လုံး ရှိနေတဲ့ အတွက် ဘာစိတ်ပူစရာမှ မရှိပါဘူး..။

သို့ပေမယ့် ဝူတန်ဟီ  မထင်ထားခဲ့တာက..အသက်တွေ ကြီးလာမှ..လူလိမ်ထျန်လို..သူငယ်ချင်းကောင်း တစ်ယောက် ရလိုက်တာပါပဲ..။

ဒီလူက..မတူညီတဲ့ အတွေးအခေါ်တွေ ရှိနေတဲ့ လူတစ်ယောက်ပါ..။

သို့ပေမယ့်..သူတို့နှစ်ယောက် အတူတကွ ..ရှိနေတဲ့ အချိန်တွေမှာ..စကားပြောလို့ တကယ်ကောင်းပါတယ်..။

'အရမ်း မိုက်တယ်'

ရုတ်တရက် ကျိုးမင်ချင်း  ထအော်လိုက်တယ်..။သူ လင်းဖန်ကို အံ့ဩစွာ ကြည့်လိုက်ပြီး..

"ဆရာ..သေချာရေးထားတာပဲ..။ဒီ အခြေခံဆေးဝါး  စာအုပ်က အခုမှ စတင်လေ့လာချင်တဲ့ လူတွေအတွက် အကောင်းဆုံး သင်ရိုးပဲ..။ဒါက အရင်သင်ရိုး အဟောင်းနဲ့ ဆိုရင် ဘာမှတောင် မဆိုင်ဘူး.."

"ဘာမှ အံ့ဩစရာ မရှိဘူး..။ခင်ဗျား ကျုပ်ကို အခုမှ သိတာကြနေတာပဲ..။မဟုတ်ရင် ခင်ဗျားရဲ့ ဆရာ လုပ်နိုင်ပါဦးမလား.."

ကျိုးမင်ချငိး ရှက်ရွံ့စွာ ပြုံးလိုက်ပြီး..

"ဒါအမှန်ပဲ..။ဒါက တရုတ်ဆေးပညာ အတွက်..ရတနာ တစ်ခုလို ဖြစ်လာတော့မှာ..။ဒါက အကုန်လုံးကို အကျိုးရှိစေမှာ အသေအချာပဲ.."

ကျိုးမင်ချင်း လင်းဖန်ကို မြှောက်နေခဲ့တာ မဟုတ်ပဲ..အမှန်တရားကိုပဲ ပြောနေခဲ့တာပါ..။

ယင်းနောက် ကျိုးမင်ချင်း သက်ပြင်းချလိုက်တယ်..။ဆရာကောင်း တစ်ယောက်ရှိတာ တကယ်ကောင်းတဲ့ အရာတစ်ခုပါပဲ..။ဒါက သူ့နောက်ကနေ အမြဲတမ်း ထောက်ပံ့နေတဲ့ လူတစ်ယောက်ရှိနေသလိုမျိုး လုံခြုံမူကို ခံစားရပါတယ်..။

သူက အသက်ကြနေပေမယ့် နှလုံးသားကတော့ ငယ်ရွယ်နေပါသေးတယ်..။

အင်အားကြီးပြီး..လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ကို ကပ်တွယ်နေတာက..ရှက်စရာကိစ္စ တစ်ခုမဟုတ်ပါဘူး..။

❤️❤️❤️

A Valiant Life 515
အပိုင်း ( ၅၁၅ )  အန္တရာယ်...

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန်..ကိုယ်တိုင်ရေးသားထားတဲ့ စာအုပ်နှစ်အုပ်ကို..ကျိုးမင်ချင်းကို ယူသွားခိုင်းလိုက်တယ်..။ဒါဆိုရင် သူ ကွန်ပြူတာ ထဲကို..ထည့်ထားလို့ ရမှာပါ..။လင်းဖန်  ဒီစာအုပ်ကိုတွေကို ဘယ်လို စိီမံရမလဲ ဆိုတဲ့ အထိ ဝင်မပါချင်တော့ပါဘူး..။

တကယ်လို့  ဒီစာအုပ်တွေကို..လူထုဆီ ချပြလိုက်ပြီ ဆိုရင်ပဲ. သူ့အတွက် အကျိုးရှိနေပါပြီ..။

ကျိုးမင်ချင်း ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့တယ်..။သူ ပညာရေး ဌာနက လူတွေကို လုံးဝ ဂရုမစိုက်ပါဘူး..။သူ ဒီသင်ရိုးတွေကို အေးအေးဆေးဆေး ဖတ်ဦးမှာ ဖြစ်ပြီး..သူဖတ်လို့ ပြီးသွားတဲ့ အချိန်မှ..သူတို့ ဆီကို ပို့ပေးမှာပါ..။

သို့ပေမယ့်..သူတို့ ဘာလို့ ဒီသင်ရိုးတွေကို စစ်ဆေးချင်တာလဲ ဆိုတာ သူနားမလည်နိုင်ပေ..။ဒီ သင်ရိုးတွေက သူ့ဆရာ ကိုယ်တိုင် ရေးထားတာပါ..။

သူတို့ အဆင့်နဲ့ ဘာနားလည်နိုင်မှာ မို့လို့လဲ...

ညအချိန်..။

လင်းဖန် တစ်နေ့လုံး ပင်ပန်းပြီးတဲ့ နောက်မှာ အိမ်ကို ပြန်ပြီး နားချင်နေခဲ့ပါပြီ..။

"ကျွန်တော် အရင်ပြန်တော့မယ်..။မနက်ဖြန်မှ တွေ့ကြတာပေါ့.."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တာပါ..။

အဆောက်အဦးတွင်..။

ရှန်ဟိုင်းလို နေရာမျိုးမှာ ဆိုရင် လူတိုင်းရဲ့ အိပ်မက်က...အိမ်တစ်လုံး ပိုင်ဆိုင်ရဖို့ပါ..။လင်းဖန်ရဲ့ ရှန်ဟိုင်းကို တက်လာတဲ့ အိပ်မက်ကတော့..ပိုက်ဆံ တွေ အများကြီးရှာပြီး  ကျုံးကျိုး ကို  ပြန်ဖို့ပါ..။

သူ မပြန်သေးဘူး ဆိုတာက ပိုက်ဆံလုံလုံလောက်လောက် မရှိသေးတာလဲ ပါပါတယ်..။

ရှန်ဟိုင်းမှာ ပုံမှန် အိမ်တစ်လုံးက.. ဒေါ်လာ သနိးချီကုန်ကျမှာဖြစ်ပြီး ပိုကောင်းတဲ့ အိမ်တွေ ဆိုရင် ဒေါ်လာ ဆယ်သန်း ကျော်လောက် ကုန်ကျနိုင်တာပါ..။ထပ်ပြောရရင် ..သူက..ကောင်မလေး တောင် မရသေးပါဘူး..။ဒါကြောင့် အိမ်ငှားနေတာကပဲ လက်တွေ့ကျပါတယ်..။

သူ ကားထဲက ထွက်ပြီး ဓာတ်လှေကားဆီ လျောက်လာလိုက်တယ်..။

ဓာတ်လှေကား  တံခါးပွင့်သွားခဲ့တယ်..။

လင်းဖန်  သီချင်း လေး ညည္းရင်း ပျော်ရွှင်နေခဲ့တာပါ..။

ယင်းနောက် သူ ဓာတ်လှေကားထဲဝင်ပြီး လှည့်ဖို့ လုက်လိုက်တဲ အချိန်မှာ..လူတစ်ယောက်ဟာ..သူ့နောက်ကနေ  တိုက်ခိုက်လာခဲ့တယ်..။ဒီလူက..လက်နက် တစ်ခုကို ..သူ့ရဲ့ လည်ပင်းဆီ တင်ထားလိုက်ပြီး...

"မလှုပ်နဲ့.."

အခြေအနေတွေက..ထိန်းချုပ်လို့ မရတော့ပါဘူး..။

လင်းဖန် ရဲ့ စိတ်ထဲမှာ အတွေးတွေ ရှုပ်ထွေးနေခဲ့တယ်..။

ပြန်ပေးဆွဲတာလား....သူခိုးလား...ဓားပြလား..

ဘာပဲဖြစ်ဖြစ်..သူ ပြန်တုန့်ပြန်မှ ဖြစ်မှာပါ..။

လင်းဖန် ဒီလူရဲ့ ဓားကိုင်ထားတဲ့ လက်ကောက်ဝတ်ကို အမြန်လှည့်လိုက်ပြီး..တံတောင် နဲ့  လက်ပြန်ဆောင့်လိုက်တယ်..။

"မင်းကများ ငါ့ကို ပြန်ပေးဆွဲရဲတယ်လား.."

ကျယ်လောင် တဲ့ ရိုက်နှက်သံတွေ ထွက်လာခဲ့ပြီး..ဓာတ်လှေကားပါ တုန်လှုပ်သွားခဲ့ပါတယ်..။

"အား..အတော်နာတယ်.."

ရုတ်တရက် မိန်းကလေး တစ်ယောက် ရဲ့ အသံထွက်ပေါ်လာခဲ့တယ်..။

လင်းဖန်  ကြောင်အသွားခဲ့ပါတယ်..။

မိန်းကလေး တစ်ယောက်လား..

သူ လဲကျနေတဲ့ မိန်းကလေး ကို မြင်တဲ့ အချိန်မှာ အံ့ဩသင့်သွားခဲ့တယ်..။ယင်းနောက် သူ ခိုးရယ် လိုက်ပြီး..

"အစ်ကို ချွင်ချွင်  မင်းဘာတွေ လုပ်နေတာလဲ..."

အခြေအနေက လင်းဖန်ကို အနည်းငယ် ရှက်ရွံ့စေပါတယ်..။

ဒါက တကယ်ကြမ်းတမ်း လွန်းတာပါ..။အစ်ကို ချွင်ချွင် တော့ ရူးသွပ်သွားတာ ဖြစ်နိုင်ပါတယ်..။သူက ကျောင်းနင်က နေ ဒီအထိ လာပြီး ဓားနဲ့ ထောက်တယ် ဆိုတော့..သူမ ငါ့ကို တကယ် ပြန်ပေးဆွဲချင်နေတာလား...။

အစ်ကိုချွင်ချွင်ဟာ..ကြမ်းပြင်ပေါ်မှာ လဲနေပြီး မျက်လုံးတွေဟာ နီရဲနေခဲ့တယ်..။သူမ ကြည့်ရတာ အချိန်မရွေး ငိုတော့မယ့် လူလိုပါပဲ..။သို့ပေမယ့် ဘာမျက်ရည်မှ ကျမလာ ခဲ့ပေ..။

"အတော်  နာတာပဲ.."

အစ်ကို ချွင်ချွင် အတော် နာကျင် နေခဲ့ပါတယ်..။

လင်းဖန် ဟာ သူ့ကို ပြန်ပေးဆွဲဖို့ ကြိုးစားတာ..အစ်ကို ချွင်ချွင်မှန်း မသိတော့ ဘာမှ ညှာတာ မနေခဲ့ပါဘူး..။သူ့ရဲ့ တံတောင် က တော်တော် အားပြင်းသွားတယ်လို့ ပြောလို့ရပါတယ်..။

"မလှုပ်နဲ့.."

လင်းဖန်  အစ်ကိုချွင်ချွင် သရုပ်ဆောင် နေတာမဟုတ်မှန်း နားလည်လိုက်တယ်..။ယင်းနောက် သူထိုင်ချလိုက်ပါတယ်..။

"မင်းဘာလုပ်တာလဲ.."

အစ်ကို ချွင်ချွင် လင်းဖန်ကို အတော် မုန်းနေခဲ့တာပါ..။သူ့ကြောင့်သာ မဟုတ်ရင် သူမ ဒီလို အခြေအနေ ဖြစ်လာမှာ မဟုတ်ပါဘူး..။

လင်းဖန်  ပြောလိုက်တယ်..။

"မင်းလက်ကျန် တစ်ဘဝလုံး ဝီးချဲပေါ်မှာ မနေချင်ဘူးဆိုရင် ငြိမ်ငြိမ်နေ.."

အစ်ကို ချွင်ချွင် ဒါကို ကြားတဲ့ အချိန်မှာ ကြောက်လန့်သွားခဲ့တယ်..။တကယ်လို့..သူမသာ ကျန်တဲ့ တစ်ဘဝ လုံး ဝီးချဲ ပေါ်နေရမယ် ဆိုရင် လုံးဝကို အဆုံးသတ်ပါပြီ..။

"ဒါဆိုလည်း မြန်မြန်ကုလေ..။ဘာလုပ်နေသေးတာလဲ.."

အစ်ကို ချွင်ချွင် အော်လိုက်တာပါ..။

လင်းဖန်  ချက်ချင်းကုသဖို့ လုပ်လိုက်ပေမယ့်..သူမရဲ့..လေသံက စိတ်အနှောက်မယှက် ဖြစ်စေပါတယ်..။

"မင်းရဲ့ လေသံပြောင်းမှ ကုပေးမယ်.."

အစ်ကို ချွင်ချွင် လင်းဖန်ကို ကြည့်လိုက်ပြီး...

"မင်း...မင်း.."

အစ်ကို ချွင်ချွင် သူ့ကို တကယ်လာရှာလိမ့်မယ် လို့ လင်းဖန်  မထင်ထားခဲ့ပါဘူး..။သို့ပေမယ့်  သူမရဲ့ အဖေက..အစ်ကို ချွင်ချွင် ပြသနာ လာမရှာစေရဘူးလို့ ပြောထားတာပါ..။

အခု ဘယ်လို ရောက်လာတာလဲ...

ထပ်ပြောရရင်  အစ်ကို ချွင်ချွင်ရဲ့ အမူအရာက..ပြသနာ ရှာချင်နေတဲ့ ပုံပါ..။

"ဘာလဲ..မင်းက ငါ့ကို တိုက်ခိုက်တာ မှန်ကန်တဲ့ လုပ်ရပ်လို့ ထင်တယ်ပေါ့..။မင်းက ငါ့ကို ဒီလို ဆက်ဆံထားပြီး အခုမှ ကုပေးစေချင်တယ်ပေါ့..။ဒီလောက် သဘောကောင်းတဲ့လူ ဒီကမ္ဘာမှာ မရှိသေးဘူး.."

လင်းဖန်  ပြောလိုက်တာပါ..။

အစ်ကို ချွင်ချွင် ဒီလူကို သတ်ချင် နေခဲ့ပါပြီ..။

"မင်းကုပေးမှာလား..မကုပေးဘူးလား.."

လင်းဖန်  ခေါင်းခါယမ်း လိုက်ပြီး..

"မင်းရဲ့  သဘောထား ပြောင်းမယ် ဆိုရင် ပေါ့.."

"ဟားဟား..အိပ်မက် ဆက်မက်နေလိုက်..။ငါ အစ်ကို ချွင်ချွင်က ဘယ်တော့မှ အဲလောက် သဘော မကောင်းခဲ့ဘူး.."

အစ်ကို ချွင်ချွင် ပြောလိုက်တာပါ..။

"မင်း အကူညီ ငါမလိုတော့ဘူး..။ငါ့ဟာငါ ပဲ..လူနာတင်ယာဥ္ ခေါ်လိုက်တော့မယ်.."

ယင်းနောက်  အစ်ကို ချွင်ချွင်  နာကျင်မူကို တောင့်ခံပြီး..လူနာတင်ယာဥ္ကို ခေါ်လိုက်တယ်..။နှစ်ခါလောက် ခေါ်အပြီးမှာ ဖုန်းက ပြုတ်ပြုတ်ကျသွားခဲ့ပါတယ်..။

"ချီးပဲ..လိုင်းက စုတ်ပြတ် နေတာပဲ..။ဖုန်းလေးတစ်ကော တောင် ခေါ်လို့မရဘူးလား.."

အစ်ကို ချွင်ချွင် ဒေါသထွက်သွားခဲ့တယ်..။သူ စီစဥ် သမျှ အရာရာတိုင်းက လွဲမှားနေသလိုပါပဲ..။

"ဟေး..ဒီလိုဆိုဘယ်လိုလဲ..။သက်သေတွေ အကုန်လုံးက ဒီမှာ ရှိတယ်လေ..။ငါ ၁၁၀ ကို ဖုန်းခေါ်လိုက်မယ် ..အဲတာဆို ရဲတွေက..မင်းကို ဆေးရုံအရင်လိုက်ပို့ပေးလိမ့်မယ်..။ပြီးရင်တော့..မင်းရဲ့ တင်ပါးအရိုးက ..သုံးလို့ ရမှာ မဟုတ်လောက်ဘူး.."

လင်းဖန်  ပြောလိုက်တယ်..

"မိန်းမလှလေး တစ်ယောက်တော့ မသန်စွမ်း ဖြစ်တော့မယ်  ဘယ်လောက် ဝမ်းနည်းဖို့ ကောင်းလဲ.."

အစ်ကို ချွင်ချွင်..လင်းဖန်ကို ကြည့်လိုက်ပြီး..သူက သူမကို ခြောက်လှန့်ဖို့ ကြိုးစားနေတာ မဟုတ်မှန်း နားလည်လိုက်တယ်..။ယင်းနောက်  သူမ ကြောက်လန့်သွားခဲ့ပြီး..

"ကျေးဇူးပြုပြီး ကျွန်တော်ကို ကုပေးပါဦး..။ကျန်တာတွေ ကို ငါတို့ ပြီးမှ ဆွေးနွေးလို့ရတယ်လေ.."

အစ်ကို ချွင်ချွင် ရဲ့ လေသံဟာ ရုတ်တရက် ပြောင်းလဲ သွားခဲ့ပါတယ်..။

လင်းဖန် အံ့ဩသွားခဲ့ပြီး..

"မင်းခုနက..ကမ္ဘာပေါ်မှာ မာနအကြီးဆုံး လူတစ်ယောက်လို့ ပြောလိုက်တာ မဟုတ်ဘူးလား.."

"ဥာဏ်ပညာ ရှိတဲ့ လူက အခြေအနေကို နားလည်ရတယ်..။လူတစ်ယောက်က..ပစ္စည်းဥစ္စာတွေ ရှိလာရင် ပြန်ပြုတ်ကျ ဖို့ကို မကြောက်ရွံ့တော့ဘူး.."

အစ်ကို ချွင်ချွင် ပြောလိုက်တာပါ. .။

လင်းဖန်  ခေါင်းခါယမ်းလိုက်ပြီး..

"မင်းပြောတာ ငါနားမလည်ဘူး..။ပြန်ပြော ပေးပါလား..."

အစ်ကို ချွင်ချွင် သူ့ရဲ့ ဒေါသကို အတော်ထိန်း ထားနေရပါတယ်..။

"ကျေးဇူးပြုပြီး  ကျွန်တော်ရဲ့ ဒဏ်ရာကို ကုပေးပါ.."

"ကောင်းပြီ..ငါ့ကို တိုက်ခိုက်တဲ့ ရည်ရွယ်ချက်က ဘာလဲ  "

လင်းဖန် ပြောလိုက်တယ်..။ယင်းနောက်..သူ အစ်ကို ချွင်ချွင် ရဲ့ တင်ပါးကို ဖိလိုက်ပါတယ်..။သူမရဲ့ ခါးကတကယ်ကို သေးငယ်တာပါ..။ဒီခံစားချက်ကတကယ်ကို မဆိုးပါဘူး..။

"ပြီးသွားပြီလား.."

အစ်ကို ချွင်ချွင် မေးလိုက်တာပါ..။

လင်းဖန် ဘာမှ ပြန်မဖြေပေ..။သူ နောက်တစ်ခေါက်ဖိလိုက်တဲ့ အချိန်မှာ  အရိုးမြည်သံ တစ်ချို့ ထွက်ပေါ်လာခဲ့ပါတယ်..။ဒါက ..အရိုးတွေ နေရာတကျ ပြန်ရောက်သွားသလိုပါပ​ဲ..။

"ပြီးပြီ..ဘယ်လိုခံစားရလဲ.."

လင်းဖန်  မေးလိုက်တာပါ..။

"ဒါပဲလား..ခုနက ..ပြောတော့..ငါ့အခြေအနေက ပြင်းထန် တယ်ဆို.."

အစ်ကို ချွင်ချွင် လှုပ်ရှား ကြည့်လိုက်တဲ့ အချိန်မှာ ပိုကောင်းမွန် နေခဲ့ပါပြီ..။

လင်းဖန် ပြုံးလိုက်ပြီး..

"မင်းက  ဥာဏ်ထိုင်းတာလား...။ဒီလောက်လေး ထိခိုက်တာနဲ့ ဘယ်လိုလုပ် ပြင်းထန်နိုင်မှာလဲ..။ငါ မင်းကို ညာနေတာ..။မင်းရဲ့ အရိုး နည်းနည်း လွဲသွားတာပဲ ရှိတယ်.."

အစ်ကို ချွင်ချွင် ဒေါသထွက်သွားခဲ့တယ်..။ဒီကောင်က သူမကို အရှက်ခွဲနေသလိုပါပဲ..။သို့ပေမယ့် သူမ သူနဲ့..အရေးကြီးတာ ဆွေးနွေးရဦးမှာပါ..။

"ငါ့ကို ပြန်ကုပေးမှာလား.."

အစ်ကို ချွငိချွင် မေးလိုက်တာပါ..။

လင်းဖန် အကူညီမဲ့စွာ သက်ပြင်းချလိုက်ပြီး..

"ငါ အမှန်ပြောနေတာ။ငါ မင်းကို  မကူညီနိုင်တော့ဘူး..။ငါ့ ဆီက ဘာလိုချင်သေးလို့လဲ..။ကြည့်..လက်ရှိ မင်းရဲ့ အသွင်အပြင်က  မလှဘူးလား..။မင်းက နတ်သမီးလေး လိုပဲ..။အသားအရည်က လည်း ချောမွေ့ပြီး..ရင်သားတွေဆိုရင် အရင်ကထက် ပိုကြီးလာပြီ..။ကျောင်းနင်က ကောင်လေးတွေ အများကြီး မင်းကို ကြည့်နေကြတယ်လို့ မခံစားရဘူးလား.."

အစ်ကို ချွင်ချွင်..သူမရဲ့ ဒေါသကို မနည်းထိန်းနေရတယ်..။ဒီငနဲ ပြောတာက တကယ် အမှန်တရားပါ..။သူမ ရဲ့ ခန္တာကိုယ် ပြောင်းလဲပြီးနောက်မှာ ယောက်ျားလေးတိုင်းက သူမကို မတူညီတဲ့ အကြည့်တွေနဲ့ ကြည့်လာခဲ့ကြပါတယ်..

ဟိုတယ် ကောင်တာက ဝန်ထမ်းကတောင် သူမကို ခိုးကြည့်နေခဲ့တာပါ..။

သို့ပေမယ့် ဒီခံစားချက်က သူမ လိုချင်တဲ့ အရာမျိူး မဟုတ်ပါဘူး..။သူမကို ယောက်ျားလေးတွေ ကြည့်နေကြတာကို မလိုချင်ပဲ..မိန်းကလေးတွေကြည့်ကြတာကို ပဲလိုချင်ပါတယ်..။

သူမ ရှန်ဟိုင်းမှာ ရောက်နေတာ နှစ်ရက် ရှိပါပြီ..။သူမ လင်းဖန်ကို နောက်ယောင်ခံ လိုက်နေတာဖြစ်ပြီး..ပြန်ပေးဆွဲပြီး..သူမကို အတင်းပြန်ပြောင်းခိုင်းဖို့ စီစဥ္ထားခဲ့တာပါ..။

သူမကိုသာ..ပြန်မပြောင်း နိုင်ခဲ့ရင်...သူ့ကို အဲ့နေရာမှာတင် သတ်ပစ်ဖို့တောင်  စဥ်းစားထားပြီးပါပြီ..။

Continue Reading

You'll Also Like

2.5M 327K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
83.8K 5.4K 200
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
16.9K 654 148
Review မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီ...
41.7K 5.8K 201
အဖေဖြစ်သူက ကွပ်မြက်ခံခဲ့ရပြီးနောက် လျူမင်းဟာ ကလေးဘဝ ကတည်းက လူမိုက်ကျွန်းဆိုတဲ့ ထောင်တစ်ခုမှာ ထောင်ကျနေခဲ့ရာက တစ်နေ့မှာ ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။...