သစ်လွင်သောဆူး
အပိုင်း (၂၁)
#သစ်လွင်သောဆူး
09121126
“တီ…တီ…တီ….”
ညို အပြင်မှာ တစ်ယောက်တည်း ခြေထောက်နာနေတယ်လို့ သတိထားပေမဲ့လည်း သောမတ်စ် အိပ်ပျော်သွားခဲ့သည်။
ဖုန်းသံကြောင့် နိုးလာပြီး ဖုန်းကို မြန်မြန် ကောက်ကိုင်လိုက်ချိန် ညို့အော်သံကြားရလို့ ကပျာကယာ ထ ပြေးသွားရသည်။
“ညို…ညို..ဘာဖြစ်တာလဲ…”
ပြတင်းပေါက်လေးက ငုံ့ကြည့်ရင်တောင် အောက်ဘက်ကို သေချာ မမြင်နိုင်တာကို ခြင်ထောင်ပါ ကွယ်နေတော့ သောမတ် ငုံ့၍သာ ခေါ်နေရသည်။
“သော…သောမတ်….ငါ …ငါ့ခြေထောက်ကို လာဆွဲတယ်…”
“ဟင်…မီးထွန်းကြည့်လေ..မြွေလား…”
“မဟုတ်ဘူး…မီးက မရတော့ဘူး…ခြေထောက်ကလည်း လှုပ်လို့မရဘူး…အီး…”
ညို က တော်ရုံ မငိုတက်တာ သိပြီးသားမို့ သောမတ်စ် ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။
သူ့ကို ဆွဲတင်ဖို့လည်း မဖြစ်နိုင်သလို ဆင်းခေါ်ဖို့လည်း အဆင်မပြေ..။
သောမတ်စ် တံခါးဖြုတ်ဖို့ တစ်ခုခု လိုက်ရှာပေမဲ့လည်း ဘာမှ မတွေ့လို့ ညကတည်းက လက်လျော့ထားခဲ့ရတာ..။
အိမ်ကို မသိတဲ့ သူစိမ်းခေါ်လို့ အဆင်မပြေသလို အခုလို မိန်းကလေး တစ်ယောက်ခေါ်ထားတာလည်း မသိစေချင်..။
လီလီ မသိအောင် ၀န်ထမ်းထဲက ယုံကြည်ရတဲ့ လူကို ခေါ်ပြီး ခိုင်းဖို့ဆိုရင်လည်း မနက်အထိ စောင့်မှ အဆင်ပြေလိမ့်မည်။
“အား…သောမတ်…သောမတ်…တကယ်…တကယ်…တစ်ယောက်ယောက် ရှိတယ်နော်….လုပ်…လုပ်ဦး…ဘယ်သူလဲလို့…”
ညို က အော်နေတော့ သောမတ် ပြတင်းပေါက်ကနေ ထွက်ဖို့ ကြိုးစားသည်။
ခြေထောက်ကို ပြတင်းပေါက် အပြင် အရင်ထုတ်ချပြီး လက်က တံခါးဘောင်အပေါ်ကို ကိုင်ကာ ဆင်းကြည့်ဖို့ ကြိုးစားသည်။
ခြေထောက်လည်း အဆင်ပြေသွားပေမဲ့ ခါးနေရာ ထစ်နေတော့ တော်တော် အခြေအနေ ဆိုးပါသည်။
သောမတ် အချိန်ကြာကြီး ကြိုးစားလိုက်တော့မှသာ လျောပြီး အောက်ကို ပြုတ်ကျတော့သည်။
ညို ပြောသလိုပဲ တော်တော်မြင့်တာမို့ ထိုင်လျက်သား ပြုတ်ကျတာတောင် တင်ပါးနဲ့ ပေါင် အောင့်သွားသည်။
“သောမတ်…”
“အင်း..”
ခြင်ထောင်နဲ့ လုံးထွေးနေတဲ့ ညို့ကို ခြင်ထောင် ဆွဲဖယ်ပေးလိုက်တော့ လက်မောင်းကို ဆုပ်ကိုင်လာသည်။
“အား..ရှိတယ်…မီးထိုး..မီးထိုး…”
“ဟင်…”
သောမတ်စ် ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ပြီး မီးကို ဖွင့်လိုက်တော့ လင်းထိန်သွားသည်။
ခြင်ထောင် အပြင်မှာ တစ်ခုခု လှုပ်နေတော့ သောမတ်စ် ခြင်ထောင်စတွေကို လုံးထွေးပြီး ဖယ်ကြည့်လိုက်သည်။
ညို့ ခြေရင်းမှာ မြင်လိုက်ရတဲ့ သတ္တဝါကြောင့် ညို့ကိုသာ အားကုန်ဖက်လိုက်မိသည်။
“အား…”
“အား…”
“ကြွက်စုတ်စုတ်…ကြွက်စုတ်စုတ်ကြီး…အား…ဟား…”
“အား…ငါ့ခြေထောက်…ခြေထောက်ကျိုးပြီ…သောမတ် မသာကောင်…အား…သေပါပြီ…”
သောမတ်စ် က ကြောက်ပြီး ညို့ကို ဖက်သလို ညိုကလည်း သူ့ခြေထောက်ကို ဖိမိလို့ ထုရိုက်ပြီး တွန်းလွှတ်သည်။
လူနှစ်ယောက် ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို တွေ့တဲ့ ကြွက်ကလည်း မပြေးပဲ ကြည့်နေသေးသည်။
နှာခေါင်းရှေ့ထွက်ပြီး အနံ့ခံရင်း ရှေ့တိုးလာတော့ သောမက် ခြေထောက်ကော လက်ကော ကွေးကာ ညို့ရင်ဘတ်ထဲသာ ခေါင်းတိုးနေလိုက်သည်။
“သေပါပြီဟာ…ကြွက်ဟဲ့…”
“တို့ ကြောက်လို့….ကြောက်လို့…”
“ဟာ..ဒုက္ခပါပဲ…”
“………”
ညို က ရုန်းမရလို့ သူ့ရဲ့ ကောင်းနေတဲ့ ခြေထောက်နဲ့ ကြွက်ကို ပိတ်ကန်လိုက်သည်။
ကြွက်ကလည်း ပြန်ဟက်လို့ သောမတ် မျက်လုံးပြူးသွားကာ ပိုဖက်ထားလိုက်သည်။
“အာ…ဒီခွေးသကောင့်စားကြွက်က တစ်မျိုး…နာရတဲ့ကြားတဲ…ဘာကောင်မှန်း မသိလို့ ကြောက်နေတာ……”
ညို က ဒေါသတကြီး ဆဲဆိုပြီး အမြီးက ဆောင့်ဆွဲပြိး နံရံကို ပစ်ပေါက်လိုက်တော့မှ တကျိ ကျိနဲ့ နံရံ့ထောင့်က ပိုက်ထဲ ၀င်ပြေးသွားတော့သည်။
သောမတ်စ် အသည်းယားအောင် ရွံလို့ ညိုနဲ့ လက်တစ်ကမ်းအကွာထိ ရွေ့ပစ်လိုက်သည်။
“သေပါပြီဟာ…ကျိုးကြေကုန်ပြီ ထင်တယ်..”
ညို က ခြေထောက်ကို ကြည့်တော့မှ သောမတ်စ်လည်း ကြည့်လိုက်တာ တော်တော်လေး ဖောင်းကားနေပြီ..။
အရိုးကျိုးသွားတာ မဟုတ်နိုင်သော်လည်း တော်တော် ထိသွားတာ..။
"လှုပ်လို့ရရဲ့လား…ညို…"
"စောနက မရဘူး ခုတော့ရပြီ…ကျိုးသွားပြီ ထင်တယ်…"
"မကျိုးပါဘူး…"
“အား…ဘာလုပ်တာလဲ…”
“အကျိ င်္နဲ့ ပတ်ထားပေးမလို့ လှုပ်တိုင်း နာလိမ့်မယ်..”
သောမတ် ည၀တ်ကျိ င်္ကို ချွတ်ပြီး ခြေထောက်ကို ကိုင်လုပ်ရတာ ကြွက်ကိုက်သွားတယ်လို့ တွေးမိတိုင်း အော့အန်ချင်နေသည်။
ညို့ဖုန်းမီးနဲ့ သောမတ်စ် ဖုန်းမီးပဲ ရှိနေတာကြောင့် ပြတင်းပေါက်ကနေ ပြန်တက်ဖို့ ကြိုးစားသော်လည်း မရပါ..။
သောမတ်စ်လည်း ပြုတ်ကျတဲ့ဒဏ်ကြောင့် ပေါင်နဲ့တင်ပါး အတော်နာနေသည်မို့ လက်လျော့လိုက်ရတော့သည်။
သောမတ် ကိုယ်ဗလာဖြင့် မိုးလင်းဖို့ကိုပဲ စောင့်ဆိုင်းနေရတာကြောင့် ဖုန်းနာရီကိုသာ ခဏခဏ ကြည့်မိသည်။
သုံးနာရီကျော်လောက်မှ ညို က အိပ်ပျော်သွားသည်။
သောမတ်စ်ကတော့ ကြွက်ကိုပဲ မြင်ယောင်နေလို့ အိပ်မပျော်..။
မျက်လုံးတွေ တအား မှေးစင်းလာတော့မှသာ ညို့အနားကို တိုးကပ်ပြီး လှဲအိပ်လိုက်မိသည်။
မနက်အိပ်ရာနိုးတော့ နိုးနိုးချင်းပဲ ၀န်ထမ်းဆီ ဖုန်းဆက်ပြီး လီလီ့ကို မပြောဖို့ တောင်းဆိုကာ အကူအညီတောင်းရသည်။
သူစိမ်းတစ်ယောက်ပဲမို့ သတင်းက မလုံ့ခြုံနိုင်ဘူးဆိုတာ သိပြီးသားပါ..။
ဆောက်လုပ်ရေး ဝန်ထမ်း လေးငါးယောက် ရောက်လာပြီး ပြတင်းပေါက် ဘောင်တွေကိုပါ ဖြတ်တောက်ထုတ်ပြီးတာတောင် ပြတင်းပေါက်က သေးနေလို့ ညို့ကို ပွေ့ကာ ၀န်ထမ်းသုံးလေးယောက်က လက်ပြောင်းယူပြီး တွဲချပေးရသည်။
သောမတ်စ် လည်းအပေါ်ရောက်တော့ ညိုက မရပ်နိုင်လို့ ခုံပေါ်မှာပဲ ထိုင်ရသည့်အခြေအနေ ဖြစ်နေပြီ။
ပြတင်းပေါက်နေရာက နံရံကိုဖျက်ပြီး အတက်အဆင်း လှေကားနဲ့ တံခါးပေါက်တစ်ခု လုပ်ပေးဖို့ပါ တစ်ခါတည်း ခိုင်းလိုက်ကာ ညို့ကို ဆေးခန်းခေါ်သွားဖို့ကလည်း မလွယ်လို့ ရင်းနှီးတဲ့ ဆရာ၀န်ကို အိမ်ခေါ်ရတော့သည်။
အိမ်တွင်းရေးကို သိသူများလေ အန္တရယ်များလေ ဆိုပေမဲ့ မတက်နိုင်သည့် အခြေအနေဖြစ်နေသည်။
ညိုကလည်း သူ့အကြောင်း လူမသိအောင် နေသင့်သလို သောမတ်စ် လည်း မိန်းကလေး တစ်ယောက်ကို အိမ်မှာ အတူတူခေါ်ထားတာ ဂုဏ်သိက္ခာပိုင်း ထိခိုက်နိုင်သည်..။
ဆရာ၀န်က ခြေထောက်ကို ပတ်တီးပတ်ပေးပြီး သောက်ဆေးလည်း ပေးသွားသည်။
သောမတ်စ် လည်း အလုပ် ရှိလို့ ထွက်လာရပေမဲ့ စိတ်မချဖြစ်ရသည်။
ညို ကတော့ ခြေထောက်နာနေတာတောင် သောမတ်စ် သူ့ကိုတွန်းချလို့ ဖြစ်တာ ဆိုပြီး ပြောဆိုကျန်ခဲ့သည်။
ညို ခြေထောက်နာသွားတာကပဲ သောမတ်စ်ကို ပို၍ အခက်တွေ့စေခဲ့သည်။
တစ်ည သောမတ် အိပ်ပျော်နေရင်း ဖုန်းသံကြောင့် လန့်နိုးသွားသည်။
ဘယ်လုပ်ငန်းရှင်မှ ညနှစ်နာရီ ဖုန်းမဆက်သလို ဘယ်၀န်ထမ်းမှလည်း မဆက်ရဲပါ..။
လီလီကလည်း နားလည်မှု ရှိတဲ့ မိန်းကလေး တစ်ယောက်မို့ အိပ်ရေးပျက်လောက်အောင် တစ်ခါမှ မလုပ်ပါဘူး..။
သောမတ်စ် အသက်ကို ရှုရင်း ဘေးခုံပေါ်က ဖုန်းကို ယူကြည့်လိုက်သည်။
ညို…။
ညနှစ်ရီ…။
သောမတ်စ် ကိုယ်ပေါ် က ခြုံစောင်ကို ဖယ်လိုက်ပြီး ခုတင်ပေါ်က ဆင်းလိုက်မိသည်။
“ဟလို…ညို..”
“နင် အောက်ဆင်းခဲ့ဦး…ငါ သေတော့မယ်…”
သောမတ်စ် ကိုယ်ပေါ်မှာ ဘာမှ မရှိတာကြောင့် ညအိပ်၀တ်ရုံကို ဆွဲ၀တ်လိုက်ပြီး ခါးပတ်ကြိုးချည်ကာ လှေကားတွေကို မြန်မြန် ဆင်းခဲ့လိုက်သည်။
ဧည်သည်အိပ်ခန်းထဲကို ရောက်တော့ ညို က ခုတင်ပေါ်မှာ ထိုင်ပြီး ရှုံ့မဲ့နေလို့ အနားကို မြန်မြန်ရောက်သွားသည်။
“ဝှက်ဟပင်း…ညို…”
“ပန်းချင်တာဟေ့..ပန်းချင်တာ…ဗိုက်နာလို့ သေတော့မယ်…အိမ်သာထဲ ငါ့ကို ချီပို့ပေး…”
သောမတ်စ် အံသြလွန်းလို့ စကားပင် မပြောနိုင် ဖြစ်ရသည်။
ညို့ကို စိတ်ပူပန်နေတဲ့ ခံစားချက်လည်း ပျောက်သွားကာ မြန်မာအယူအဆနဲ့ဆို စေတနာပင် ပျက်စီးသွားတော့သည်။
“တို့…ယူ့ကို မနိုင်ဘူး…”
“နိုင်သားပဲ…ဟိုနေ့တုန်းက ဆရာ၀န်လာတော့ နင် ချိပြီး ခေါ်သွားတာလေ…”
“………”
“လုပ်ပါ..မြန်မြန် ထွက်ကုန်တော့မယ်လို့…”
“မင်း ချိုင်းထောက်က ဘာဖြစ်လို့လဲ..”
ခုတင်ဘေးမှာ ထောင်ထားတဲ့ ချိုင်းထောက်ကို မေးငေါ့ကာ မေးလိုက်တော့ သူလည်း လှည့်ကြည့်လိုက်သေးသည်။
“အတက်အဆင်းတွေ ငါ မလုပ်တက်ဘူး…ချော်လဲလိမ့်မယ်…နောက်ပြီး ခုလို ဖြစ်ရတာ နင်တွန်းချလို့လေ…တာ၀န်ယူချင်စိတ်ကို မရှိဘူး..”
တာ၀န်ယူချင်စိတ် မရှိဘူးဆိုတဲ့ စကားက သောမတ်စ်ကို အထိနာစေသည်။
သောမတ်စ် ငယ်ငယ်ကတည်းက အိမ်စာ မလုပ်တဲ့နေ့ မရှိတဲ့ အထိ တာ၀န်ကျေခဲ့သည်။
မာမီကို ခြောက်နာရီ အိပ်ရာထမယ်ဆို ဘယ်သူမှ နှိုးစရာမလိုပဲ ကတိတည်ခဲ့သည်။
သောမတ်စ် နဲ့ ပတ်သက်တဲ့ လူတိုင်းလည်း ကတိတည်မှုနဲ့တာ၀န်ယူမှုကို သဘောကျပြီး ချိးကျူးကြရသည်။
သူ့လို လူရဲ့ ပါးစပ်က ခုလို ပြောထွက်တာကို ဂရုစိုက်စရာ သိပ်မရှိဘူးလို့ပဲ လွယ်လွယ်ကူကူ သတ်မှတ်လိုက်သည်။
သောမတ်စ် စိတ်ဆန္ဒမပါပဲ ပွေ့ချိလိုက်ပြီး အခန်းထောင့်က ရေချိုးခန်းရှေ့အထိ ခေါ်သွားလိုက်သည်။
ရေချိုးခန်းတံခါးကို ကိုင်ပြီး ၀င်သွားတော့မှ သောမတ်စ် စိတ်မကြည်လင်စွာဖြင့် ရပ်စောင့်နေရသည်။
တံခါးဖွင့်ပြိး ပြန်ထွက်လာတော့ တစ်ခါ ပွေ့ချီပြီး ခုတင်ပေါ် တင်ပေးခဲ့လိုက်သည်။
“သိုင်းသိုင်းကျူ…သောမတ်….ဂွဒ်နိုက်…ဆွိဒရင်…ဘိုင်ဘိုင်..”
အနောက်ကနေ အမျိုးမျိုး အော်ပြီး ပြောနေတာ သိပေမဲ့ တံခါးကို ပြန်စေ့ပေးခဲ့ပြီး မျက်မှောင်ကြုတ်ရင်း လှေကားတွေကို တက်လာခဲ့လိုက်သည်။
သောမတ်စ် ခုတင်ပေါ် ပြန်ရောက်လာသော်လည်း အိပ်ဖို့ တော်တော်လေး အချိန်ယူလိုက်ရပါသည်။
ညို့ အပေါ် စေတနာတဖြည်းဖြည်းပျက်ရသည် အထိ ညို က ဆိုးလာခဲ့သည်။
“ဝှက်…နိုးဝေး…”
“ဘာမှ မဝေးဘူး..နီးမှ အဆင်ပြေမှာပဲ…”
“မဖြစ်နိုင်ဘူး…ညို….တို့ ဘယ်သူနဲ့မှ တစ်ခန်းတည်း မအိပ်နိုင်ဘူး..”
“မသိတာကျလို့..နင့် စပွန်ဆာ ကောင်မလေးနဲ့တော့ တစ်ခန်းတည်း မဟုတ်ဘူး..တစ်ခုတင်ပေါ်မှာ တူတူ အိပ်တယ်မလား..”
သူ့ဘက်က တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာနဲ့ အရှက်တရားကို အကြပ်ကိုင် ခြိမ်းခြောက်သလို ပြောလာတော့ သောမတ်စ် ဒေါသဖြစ်ကာ မျက်မှောင်ကြုတ်၍ ကြည့်မိသည်။
“ဟဲ…ဟဲ…နင် အဲလို မိန်းကလေးလည်း ရှိတာ ငါ သိသားပဲ…ထားပါ…အခုက နင့်ကို အားကိုးနေရတာမို့လို့ နင်နဲ့ နီးနီးနေမှ အဆင်ပြေမှာမို့လို့ပါ…နော်…မစ္စတာသောမတ်…ပလိ…ပလိ..ပလိ်…”
လက်နှစ်ဖက်ကို လက်အုပ်ချီပြီး ပြောနေတော့ သောမတ်စ် အကြည့်လွဲပစ်လိုက်သည်။
ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုပါ…။
ဒီကိစ္စ လီလီ ပြန်မသိရင်တောင် စိတ်မလုံတဲ့ ကိစ္စမျိုး သောမတ်စ် ဘယ်တုန်းကမှ မလုပ်ပါ..။
အဲလို ဂဲလ်တွေကို လီလီ ကိုယ်တိုင် ရှာပြီး အဆင်သင့် အခန်းငှားပေးထားတာ..။
သောမတ်စ် ဘယ်တုန်းကမှ လိမ်ညာမုသားသုံးပြီး သွားခဲ့တာ မဟုတ်ဘူး..။
စိတ်ဆန္ဒဆာလောင်လာရင်တောင် လီလီ့ခွင့်ပြုချက်နဲ့သွားခဲ့တာ…။
ညို က ဘာလို့ အခုလို ပိုင်စိုးပိုင်နင်း ဖြစ်နေတာလည်း သောမတ်စ် နားမလည်..။
အလုပ်သဘောအရဆိုရင် ညို က အလုပ်ထုတ်ပစ်သင့်တဲ့ ၀န်ထမ်းဆိုး တစ်ယောက်ထက် ပိုကျော်နေပြီ..။
ငါ့အိမ်က ထွက်သွားလို့ ပြောဖို့ကျတော့ သူ့အခက်အခဲနဲ့ အခြေအနေကြောင့် သောမတ်စ် ပြောမထွက်ပြန်ဘူး..။
“ညဘက်ပါပဲ…ညဆို ခြေထောက်က ပိုနာလို့ပါ…တစ်ရေးမနိုးအောင်လည်း ငါ သေချာအိပ်ပါမယ်….”
သူ့ခြေထောက်နာတာ တစ်ပတ်ရှိနေပြီ…။
တစ်ရက်တစ်မျိုး ညီးတွားနေတာ သောမတ်စ်လည်း တော်တော် စိတ်ပျက်နေပြိ..။
တနေ့ကုန် တစ်ယောက်တည်း ချိုင်းထောက်နဲ့ လှုပ်ရှားနိုင်သားပဲ..။
သောမတ်စ် ပြန်ရောက်လာတော့မှသာ တစ်ခုပြီး တစ်ခု ဖြစ်နေတာ..။
ညို့ဘက်က ဘယ်လို သဘောထားနေလဲ သောမတ်စ် အကဲမခတ်တက်တဲ့အခါ ပြောရခက်ပါသည်။
“တို့ ချစ်သူ ခွင့်ပြုမှာ မဟုတ်ဘူး..ညို…”
“ဟင်….နင့်မှာလည်း ချစ်သူရှိတာလား…ငါ က ရိုးရိုး စပွန်ဆာဂဲပဲ မှတ်နေတာ…”
ညို က ခပ်ရဲရဲပင် ပြန်မေးတော့ သောမတ်စ်လည်း မငှဲ့ညှာတော့ဖို့ ဆုံးဖြတ်ချက် ချလိုက်ရသည်။
“ဟိုတစ်ခါ လာတာ တို့ချစ်သူပဲ…ဒီအိမ်က သူ့အတွက် ၀ယ်ထားတာ…နှစ်ကုန်ရင် လက်ထပ်ကြမှာ..သူဌေးတစ်ယောက်ရဲ့ သမီး…သူက အရမ်းရိုးအေးဖြူစင်တယ်…သူ့ကိုသိပ်မြတ်နိုးတာ…သူစိတ်ဆိုးမဲ့ လုပ်ရပ်မျိုး တို့ မလုပ်နိုင်ဘူး ညို…ညို့ကို အိမ်မှာ ခေါ်ထားတာလည်း သူ မသိသေးဘူး…ဒီအိမ်မှာ သူက ပိုင်ရှင် သူက သခင်မပဲ…တို့ ဒီကိစ္စ ကို လိမ်ထားရတာ တကယ် စိတ်ပင်ပန်းတယ်…”
“ဝိုး….ဒီအိမ်ကြီးကို တကယ် သူ့အတွက် ဆောက်ထားတာလား…”
သောမတ်စ် ရှင်းပြနေတာနဲ့ တခြားစီပဲ အိမ်ကို မော့ကြည့်ရင်း ထပ်မေးနေတော့ စိတ်တိုသော်လည်း ထိန်းသိမ်းလိုက်ရသည်။
“ဘယ်ကလည်း..ရန်ကုန်ကပဲလား..ချောလား…ချောမှာပေါ့…ဘယ်လို တွေ့သွားတာလဲဟ…”
“သူဌေးဦးဇော်ရဲ့ သမီးအငယ် လီလီလို့ခေါ်တယ်….သူတို့အိမ်ကို ၀င်ထွက်ရင်း သိတာပါ…ချစ်သူဖြစ်နေတာလည်း ငါးနှစ်လောက် ရှိပြီ…”
“ဟမ်…နင်ပြောတော့ နိုင်ငံခြားမှာပဲ နေတာဆို..”
“အင်း..ဖုန်းအဆက်အသွယ်လည်း ရှိနေတယ်လေ…မာမီတို့ကတော့ ဒီကို မပြန်လာစေချင်ဘူး..အဲဒါကြောင့် စိတ်ဆိုးကျန်ခဲ့တယ်..တို့ကတော့ လီလီနဲ့ လက်ထပ်ပြီးရင် ဒီမှာပဲ နေတော့ဖို့ ဆုံးဖြတ်ထားတယ်..”
“နင်က မိုက်လိုက်တာ မာမီတော့ ရင်ကွဲတော့မှာပဲ…အေးလေ…သူဌေးမို့ သူဌေးသမီးနဲ့ ညားတာပေါ့...ဒါပေမဲ့ ငါက နင် နိင်ငံခြားသူ တစ်ယောက်နဲ့ လက်ထပ်မယ် ထင်ထားတာ..”
“တို့က ယဉ်ကျေးသိမ်မွေ့ပြီး ရိုးသား ဖြူစင်တဲ့ သူကိုပဲ မြတ်နိုးတာ…”
“အင်း..ကောင်းပါတယ်…ဒါပေမဲ့ ဒီတစ်ညတော့ နင်နဲ့ နီးနီးနားနားမှာ အိပ်မှ အဆင်ပြေမယ်…သောမတ်…ငါ မက်စရေးရှင်းလည်း ဖြစ်နေတယ်…ငါ က လာတာ နည်းနည်းများတော့ ခဏခဏ ထ ရတယ်…ဒီခြေထောက်နဲ့ အဆင်မပြေဘူး..မပွေ့ချင်ရင်တောင် လက်တွဲပြီး ကူပေးရုံပါပဲ…နင့်ကောင်မလေး အပေါ် သစ္စာဖောက်သလို မဖြစ်စေရပါဘူး..ငါ ကတိပေးတယ်…ကောင်မလေး့ရဲ့ခံစားချက်ကို ကိုယ်ချင်းစာပါတယ်…နင် လူလွတ်ထင်လို့ ငါ က သူငယ်ချင်းအဖြစ် အကူအညီတောင်းပြီး လာနေမိတာ….ငါခြေထောက် သက်သာသွားရင် တခြားသူငယ်ချင်းအိမ်မှာပဲ သွားနေတော့မယ်..…ငါ့ကောင်လေးက မိန်းကလေး တစ်ယောက်ကို ခေါ်ထားရင် ငါလည်း မကြိုက်ဘူးလေ..”
ညို ပြောနေတာလည်း အကြောင်းအကျိုး ညီညွှတ်သွားတော့ သောမတ်စ် စိတ်လျော့လိုက်ပြီး လက်ခံပေးလိုက်ရသည်။
ညို က သူ မက်စရေးရှင်း ဖြစ်နေလို့ ခုတင်ဘေးမှာ အခင်းခင်းပြီး အိပ်မယ်ဆိုပေမဲ့ ထလို့ ထိုင်လို့ အဆင်မပြေမှာကြောင့် ခုတင်ပေါ်ပဲ အိပ်ခိုင်းလိုက်သည်။
သောမတ်ကတော့ အောက်ထပ် ဧည့်သည်ခန်းထဲက ဆိုဖာပေါ်မှာပဲ စောင့်အိပ်လိုက်သည်။
.
“ကိုကို…လီလီ အိမ်လိုက်မယ်…”
“ဟင်…”
သောမတ်စ် ဘ၀မှာ မုသားကြောင့် ထိတ်လန့်ရတာ ဒီတစ်ကြိမ်သာ..။
သောမတ်စ် ကားမောင်းနေရင်း လမ်းကြောင်းပြောင်းလိုက်ရသော်လည်း ရင်ခုန်နေသည်။
ညို က ခြေထောက်ကောင်းလည်း အိမ်မပြန်ပါဘူး..။
သောမတ်စ်လည်း ထပ်မပြောချင်လို့ ဒီတိုင်းလွှတ်ထားလိုက်တာ…။
လီလီ လာမှာမို့ ခဏရှောင်နေဖို့ ဖုန်းပြောချင်ပေမဲ့ လက်ကို တစ်ဖက်က ကိုင်ပြီး ကားမောင်းနေရတာကြောင့် မလွယ်..။
မုသားသုံး လုပ်ဇာတ် ဇာတ်လမ်းဆင်တာမျိုးကို သောမတ်စ် မကျွမ်းကျင်တော့ ကားကို အိမ်ဆီကိုပဲ ဦးတည်၍ မောင်းနေရသည်။
“ကိုကို…ခုတလော စိတ်နဲ့လူနဲ့မကပ်ဘူး…”
“ဟင်…”
“ကိုကို တစ်ယောက်ယောက်နဲ့ ငြိနေပြီလား…ဒါဆို ပွင့်ပွင့်လင်းလင်း ပြောနော်…ဆွဲမထားဘူး..”
“မဟုတ်ပါဘူး..”
သောမတ်စ် ပျာပျာသလဲ ငြင်းလိုက်ပေမဲ့ ရင်တော့ခုန်ပါသည်။
မိဘစွန့် နေရပ်စွန့် အလုပ်အကိုင် ရာထူးပါ စွန့်ပြီး ရွေးချယ်ထားရတဲ့ လီလီ စိတ်ဆိုးမှာကိုသာ ကြောက်နေရတာပါ..။
ခြံတံခါး သော့ဖွင့်ပြီး ကားကို မောင်း၀င်လိုက်တာနဲ့ ရင်ခုန်နှုန်းက မြန်လာသည်။
ညို သာ ခြံထဲဆင်းနေရင် ဒုက္ခပဲ..။
"ဝန်ထမ်းခေါ်ပါဆို မခေါ်သေးဘူး…"
"……"
ပုံမှန်ဆို လီလီက ပန်းခြံလေးကို လိုက်ကြည့်ပြီးမှ အိမ်ပေါ်တက်တာ ဆိုပေမဲ့ ဒီနေ့တော့ အိမ်ပေါ်ကိုသာ တန်းသွားသည်။
အိမ်တံခါးသော့ဖွင့်ပြီးတာနဲ့ ဧည့်သည်ခန်းကိုသာ တန်း၀င်သွားသည်။
“ဘာဖြစ်လို့လဲ…လိလီ…”
“ကိုကို့ အိမ်ကို ဧည့်သည်တွေ ဘာတွေ လာသေးလား…”
“ဟင်..ဘာဖြစ်လို့လဲ…”
“ဟိုနေ့က လီလီ အိပ်မက်ဆိုးမက်လို့ ဖုန်းဆက်လိုက်တာ ဖုန်းကိုင်တယ်…စကားပြန်မပြောဘူး..”
“ကိုယ် အိပ်ပျော်နေရင်း ဖုန်းကိုင်လိုက်တာ ဖြစ်မယ်…”
“သြော်…သိပါဘူး..လီလီ က စိတ်ပူနေတာ…လာ…လာ…ပန်းခြံထဲ သွားကြည့်ရမယ်…ပန်းသစ်လေးတွေ စိုက်ထားတာ ကြီးနေပြိ…”
“………”
လီလီ့ ပခုံးလေးကို ဆုပ်ကိုင်ကာ ခြံထဲကို ခေါ်ခဲ့ရသည်။
ညို အရင်တွေ့ပြိး ရှောင်နေတာ ဖြစ်မည်။
နောက်ပြီး ညို က အောက်ထပ်မှာ နေတော့တာ မဟုတ်ဘူး..။
သောမတ်စ် က အပေါ်ထပ်မှာ အနေများတော့ ခြေထောက်နာတာ ကို အကြောင်းပြပြီး အပေါ် အခန်းထဲ လာအိပ်တာ ပြန်လည်း မဆင်းတော့ဘူး..။
သောမတ် နဲ့ လီလီ့အတွက် ရည်ရွယ်ထားတဲ့ အိပ်ခန်းကျယ်ထဲက ခုတင်ကို အပိုင်သိမ်းထားလို့ သောမတ်တောင် ဘေးအခန်းကို ပြောင်းအိပ်ရသည်။
ငါ့အခန်း ငါ့အိပ်ရာလို့ မပြောချင်တာကြောင့် ရှောင်သာ ပေးလိုက်ပါသည်။
ညို က ငယ်ငယ်တုန်းက အတိုင်း ခင်မင်မှု အပေါ် အခွင့်အရေးယူလွန်းပါသည်။
ပန်းခြံထဲ ရောက်တော့ လိလိ က ပန်းလေးတွေကို လိုက်ကြည့်ပြီး သဘောကျနေသည်။
ပါးလေးကို နမ်းတော့ ရှက်ပြိး မျက်နှာဖွက်ထားလို့ မေးဖျားကို ဆွဲမော့ယူပြီး နမ်းရသည်။
နူးညံ့ပြီး ရှက်တက်လွန်းတဲ့ လီလီက သောမတ်ရင်ကို အများကြီး လှုပ်ခါစေပါသည်။
နေ့လည်စာ စားချိန်ရောက်တော့မှသာ လီလိနဲ့အတူ အပြင်မှာ သွားစားဖြစ်သည်..။
လီလီ စျေး၀ယ်ချင်တဲ့ နေရာတွေ လိုက်ပို့ရင်း ညနက်သွားတော့ ယောက္ခထီးလည်း ဖြစ် လုပ်ငန်းပါတနာလည်း ဖြစ်တဲ့ သူဌေး ဦးဇော် ဖိတ်တာနဲ့ ညစာကိုတော့ လီလီ တို့ အိမ်မှာပဲ စားဖြစ်သည်။
သောမတ်စ် ကို သောက်ဖို့ခေါ်တော့ တစ်ခွက် နှစ်ခွက်လောက် ယဉ်ကျေးမှုအရ သောက်ပေးရသည်။
သောမတ်စ်က သွေးဆိုးတက်တဲ့အထဲမှာ ပါတော့ ဝိုင်လောက်ပဲ သောက်ဖြစ်တာမို့ အခုလို မဖြစ်မနေ အပြင်းသောက်ချိန်ဆို ချင့်ချိန်၍ သောက်ရသည်။
သောက်တာ မများခင် ကားမောင်းဖို့ ကို အကြောင်းပြ နှုတ်ဆက်ကာ အိမ်ပြန်ခဲ့လိုက်ရသည်။
သောမတ်စ် အိမ်ပြန်ရောက်ပြီး အပေါ်ထပ် အခန်းထဲ ရောက်တော့မှ ညို့ကို သတိရသည်။
ညနေတုန်းက လီလီ လာသွားတာ သူသိမှာတောင် မဟုတ်ဘူး..။
သောမတ်စ် သက်ပြင်းချရင်း အခန်းထဲက ပြန်ထွက်ကာ ဘေးခန်းကို သွားလိုက်သည်။
အခန်းတံခါးဖွင့်ကြည့်တော့ ညို က ခေါက်ဆွဲပြုတ်ဘူးကို ကိုင်ထားပြီး လေနဲ့မှုတ်နေသည်။
“ဟေ့..သောမတ်…နင့်ကောင်မလေးက အရမ်းချောတာပဲ…လုံး၀ ယောက်ျားကြိုက်ရုပ်လေးပဲ…အရမ်းချစ်ဖို့ကောင်းတာပဲ…”
ညို က လှမ်းပြောတော့ သောမတ်စ် ပြုံး၇င်း ခေါင်းညိတ်ပြလိုက်သည်။
လီလီ့ကို ချစ်မြတ်နိုးရသလို ပတ်၀န်းကျင်က အမှတ်ပေးတိုင်း သောမတ်စ် ကြည်နူးရင်း ပီတိဖြစ်ရပါသည်။
“မြန်မာဆန်ဆန် နူးနူးညံ့ညံ့ လှလှပပလေး…ငါ့သူငယ်ချင်း ဒီတစ်ခါတော့ အရွေးတော်သွားပြီ…မြန်မြန်လက်ထပ်ဟာ….နင်တို့မွေးတဲ့ ကလေးတွေလည်း ချောမှာပဲ…”
“တို့လည်း လက်ထပ်ဖို့ …စီစဉ်နေပါတယ်…”
“အသံလေးကလည်း ချို လူလေးကလည်း ချော….နင်ကြိုက်လည်း ကြိုက်ချင်စရာလေး…ငါတောင် ကြွေတယ်…မျက်လုံးက တော်တော် အကောင်းကြိုက်တယ်နော်….”
“အဟွင်း..”
“ခေါက်ဆွဲ စားဦးမလား..”
“နိုး…သိုင့်ခ်..”
“အချစ်တွေ စားပြီး ပြည့်လာတယ်မလား…ကောင်မလေးက ရှက်တာတောင် တော်တော် အသားယူတဲ့ကောင်..အဲဒါကြောင့် ကောင်မလေးက ခဏပဲ နေပြီး ပြန်ပြေးတာ…ငါက နင်တို့တအား နမ်းနေတော့ အဆင့်တွေ တက်ကုန်တော့မယ် ထင်ပြီး ၀ရန်တာက ချောင်းနေတာ…”
“………”
ညို က ပွင့်ပွင့်လင်းလင်း ပြောပေမဲ့ သောမတ်စ်ကတော့ မျက်နှာပူ ရှက်လို့ ပြုံးရုံသာ ပြုံး၍ နေလိုက်သည်။
“အိုကေ…ဂွဒ်နိုက်…”
သောမတ်စ် တံခါးပြန်ပိတ်ပေးခဲ့ပြီး ဘေးအခန်းကို ၀င်ခဲ့လိုက်သည်။
သောမတ်စ် အ၀တ်အစားတွေလည်း တဖြည်းဖြည်း ဒီဘက် ဘီဒိုထဲ ရောက်လာရပြီ..။
အ၀တ်ခန်းသီးသန့်ရှိတဲ့ ကိုယ့်အခန်းကျယ်ကြီးကို သူက သိမ်းထားသည်လေ..။
သောမတ်စ် အဝတ်အစားတွေ ချွတ်အိပ်သော်လည်း အိပ်မပျော်..။
လီလီ ရဲ့ အနမ်းတွေ ရတိုင်း ပူပူလောင်လောင် ရင်ခုန်သည်။
ဒါကို လီလီလည်း သိပါသည်။
သောမတ်စ် ဒိတ်နေကျ ကလေးမရဲ့ ဖုန်းနံပါတ်ကို ခေါ်ဖို့ ကြည့်လိုက်သည်။
ညဆယ်နှစ်နာရီ ကျော်နေတော့ သူ့ကိုထားတဲ့ ကွန်ဒို အထိသွားဖို့ အဆင်မပြေလောက်တော့ဘူး..။
အိမ်ကို ခေါ်ဖို့လည်း လီလီ က ခွင့်မပြုထားတော့ သက်ပြင်းချ စိတ်လျော့ကာ ဖုန်းကို ပြန်ချလိုက်သည်။
စိတ်ကလည်း အဆင်မပြေတော့ စားပွဲပေါ်က မဖောက်ရသေးတဲ့ အကောင်းစား ပုလင်းနဲ့ ဖန်ခွက်ကို ယူပြီး ရေချိုးခန်းထဲပဲ သွားလိုက်သည်။
ရေကန်ထဲမှာ စိမ်ရင်း တစ်ယောက်တည်း သောက်ရတာကို သောမတ်စ် သဘောကျသည်။
သောမတ်စ် ရေချိုးပြီး ထွက်လာတော့ ညနှစ်နာရီထိုးတော့မည်။
သောမတ်စ် သက်ပြင်းချစိတ်လျော့ပြီး ခုတင်ပေါ် မှောက်ချကာ အိပ်လိုက်သည်။
“သောမတ်…သောမတ်…”
“အင်း…”
“အောက်ထပ်က ဖုန်းက မြည်နေတာနော်….တော်တော်ကြာပြီ..”
“ထားလိုက်…”
“အေး…အေး….”
သောမတ်စ် ပြန်အိပ်ပျော်သွားခဲ့သည်။
အိပ်မက်ထဲမှာ လီလိက သောမတ်ပါးကို လက်ချောင်းနဲ့ထိုးဆော့နေလို့ လက်ကလေးကို ဆုပ်ကိုင်ဆွဲချပြီး ဖက်ထားလိုက်သည်။
နူးညံ့ အိစက်တဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းလေးကို ပွတ်သပ်ရင်း သောမတ်စ် စိတ်တွေ ဆူပွတ်လာသည်။
သောမတ်စ် ရင်ဘတ်ကို တွန်းနေတဲ့ လက်လေးကို ဆွဲယူ ကာ ကြမ်းကြမ်းတမ်းတမ်း အနမ်းတွေပေးမိသည်။
လီလီ ကအမြဲတမ်း ရှက်ကိုးရှက်ကန်း ပေမဲ့ အခုတော့ အနမ်းတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်လာသည်။
သောမတ်စ် အိပ်မက်ထဲမှာမို့ ဒီလိုပဲ အမြဲဖြစ်နေကျပါ..။
အချစ်အ်ိပ်မက် က လီလီ နဲ့ စိုစိုပြည်ပြည်ပါပဲ..။
ဒါပေမဲ့ လှုပ်ရှားမှုတွေက webdream ထက် လက်တွေ့ဆန်နေသလိုမို့ သောမတ်စ် ပို၍ အာရုံစိုက်သည်။
အိပ်ချင်စိတ်ကြောင့် မှုန်ဝါးနေတဲ့ ရုပ်သဏ္ဍန် တစ်ခု…။
စိတ်က အစွန်းရောက်နေပြီမို့ ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ဖို့သာ စိတ်များနေသည်။
“သော…သောမတ်…”
သောမတ်စ် နာမည်ကို ကိုင်ပြီး ညီးတွားသံ တစ်ခုကြောင့် မျက်လုံးပြူးသွားကာ အရာအားလုံး ကြည်လင်သွားသည်။
“လီလီ….မ..မဟုတ်…ညို…”
လီလီနဲ့ တွေ့ပြီးတိုင်း ဒိတ်တဲ့ကောင်မလေးနဲ့ အိပ်ဖြစ်တာ လီလီ ကိုယ်တိုင် လက်ခံခွင့်ပြုထားတာ..။
သူမပေးနိုင်တဲ့ သာယာမှုအတွက် လက်ထပ်ပြီးတဲ့ အထိ ခွင့်ပြုပေးခဲ့တာ..။
အခုက ညိုနဲ့မှ…။
သောမတ်စ် လည်ပင်းကို တွယ်ဖက်ထားတဲ့ ညို့ကို ကြည့်ရင်း စိတ်တွေ အားလုံး ရပ်တန့်သွားသည်။
အရာရာကို အဆုံးသတ် ရပ်တန့်လိုက်ပေမဲ့ ပြန်မတက်နိုင်တဲ့ ချောက်ကပါး တစ်ခုလိုပါပဲ..။
“ဆော…ဆောရီး…ညို…”
ညို က ဘာမှ ပြန်မပြောပဲ သောမတ်ကို ဆွဲဖက်ထားကာ သက်ပြင်းတစ်ချက် ချသည်။
“နင်က သိပ်ချစ်ဖို့ကောင်းတာပဲ သောမတ်ရယ်…”
ညို့ကြောင့် သောမတ်စ် ဘ၀ ဇောက်ထိုးမိုးမျှော် ပြောင်းလဲလိမ့်မယ်ဆိုတာ မတွေးခဲ့မိပါဘူး..။
“စိတ်မပူနဲ့…ဒါက နီးစပ်တဲ့ သဘာ၀အရပါ…နင်ရော ငါရော စိတ်ကြောင့် ဖြစ်ရတာ…ဖြစ်တက်ပါတယ်..နင်ဒိတ်တဲ့ကောင်မလေးလို့ သဘောထားလိုက်စမ်းပါဟာ…တောင်းပန်မနေနဲ့..ငါက နင့်ဆီမှာ နေရတာ…နင်အဲလောက် တောင်းပန်နေတော့ နေရခက်တယ်ဟ…မေ့လိုက်စမ်းပါ…”
သောမတ်စ် မနက်အလုပ်မသွားခင်အချိန်ထိ တောင်းပန်ပေမဲ့ ညိုကတော့ ပုံမှန်အတိုင်းပါပဲ..။
ဒိတ်တဲ့ကောင်မလေးတွေက ကိုယ်သဘောကျတဲ့ အချက်တွေနဲ့ ကိုက်ညီပြီး အခကြေးငွေနဲ့သာ ပတ်သက်မှု ရှိတာ..။
ညို က သောမတ်စ် အိမ်ပေါ်လာနေတဲ့ သူငယ်ချင်း..။
နောက်ပြီး သောမတ်စ်အတွက် ဆွဲဆောင်မှု ရင်ခုန်မှု မပါပဲ ညို့လို မိန်းကလေးနဲ့ အခုလို ပတ်သက်မိစရာ အကြောင်းတရား တစ်ခုမှကို မရှိတာ..။
သောမတ်စ် ကားမောင်းရင်း သက်ပြင်းခဏခဏ ချနေမိပါသည်။
.
“လီလီ…ကိုယ်..မိန်းကလေး တစ်ယောက်နဲ့ မှားသွားခဲ့တယ်…”
“ဟင်…”
“……..”
သောမတ်စ် ကို ငေးကြည့်နေတဲ့ လီလီ့ မျက်၀န်းတွေကို ရင်မဆိုင်ရဲလို့ အကြည့်ပြန်လွဲလိုက်ရသည်။
“ကိုယ်…..နည်းနည်းမူးသွားလို့ပါ….”
“ဘယ်သူလဲ…လီ ရှင်းပေးပါမယ်…”
“ရှင်းပြီးသားပါ…ဒါပေမဲ့ လီလီ့ကို ၀န်ခံထားတာ….မဟုတ်ရင် စိတ်က အဆင်မပြေဘူး…”
“လီ စိတ်မကောင်းပေမဲ့ ကိုကို က အခုလို ပြောပြတော့ ၀မ်းသာပါတယ်…”
“လီလီ နားလည်ပေးလို့ ကိုယ် ကျေးဇူးတင်ပါတယ်…နောက် မဖြစ်စေရဘူး..ကိုယ် ကတိပေးပါတယ်…”
“လီ ယုံမယ်နော်…”
လီလီ က မျက်၀န်းမှာ မျက်ရည်ပြည့်နေသော်လည်း ရင်ခွင်ထဲ တိုး၀င်လာတော့ သောမတ်စ် နောင်တဖြင့် ပွေ့ပိုက်လိုက်မိသည်။
တကယ်ဆို ဒီလောက် နားလည် သည်းခံမှု ရှိတဲ့ မိန်းကလေးကို ဘာတစ်ခုမှ မလိမ်ညာသင့်တာ..။
ညို အိမ်ပေါ် ရောက်လာကတည်းက လီလီ့ကိုသာ အသိပေးထားရင် ခုလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး..။
ညို့ကို အိမ်မှာ လက်ခံမိတာကိုက သောမတ်စ် မှားတာပါ..။
ညို က မပြန်သလို သောမတ်စ်ကလည်း ပြောဖို့ ခက်ခဲနေပြီ။
ဒါကြောင့် နိုင်ငံခြား အလုပ်ကိစ္စနဲ့ ခဏထွက်ရင်း ညို့ကိုပါ အိမ်ပြန်ခိုင်းလိုက်ဖို့ တွေးထားသည်။
“ကိုယ်…လကုန်လောက် အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ်…”
“ပါပါး ပြောပါတယ်…ကိုကို သွားချင်တဲ့ ဥရောပ ကိုမလား…”
“အင်း…ဟန်နီးမွန်းလည်း အဲ့ကိုပဲ သွားမယ်နော်…”
“အင်းပါ…ကိုကို့ သဘောပါ…ကိုကို ဒီည တိုက်ခန်းမှာ အိပ်မှာလား...”
“ဟင်…ဘာဖြစ်လို့လဲ…”
“လီ တစ်ခါတည်း လိုက်ပို့ပေးခဲ့မလို့..မဟုတ်ရင် မသိတဲ့လူနဲ့ မှားကုန်ပြီး ဒုက္ခရောက်လိမ့်မယ်…”
“ဟုတ်တယ်….အဲ့နေ့တုန်းက လီလီနဲ့ လူမှားသွားတာပဲ…ကိုယ် က လိလီနဲ့ တွေ့မှသာ စိတ်တွေက ပူလောင်ရတာ..”
“သြော်…သူများက အပူသည်ပေါ့…”
လီလီ က မျက်လုံးလှလှလေးဖြင့် မျက်စောင်းလှလှလေးထိုးတော့ သောမတ်စ် သဘောကျစွာ ရယ်နေလိုက်မိပါသည်။
သောမတ်စ် စိတ်ထဲမှာ ညို နဲ့ နောက်ထပ် မပတ်သက်ဖို့သာ အတွေးရှိခဲ့ပါသည်။
“သောမတ်ရေ…”
“…….”
သောမတ် အခန်းထဲမှာ လပ်တော့ပ်နဲ့ အလုပ်ရှုပ်နေချိန် တံခါးမခေါက်ပဲ ၀င်လာတော့ မျက်မှောင်ကြုတ်လိုက်မိသည်။
အခုလို အခန်းထဲ မပြောမဆို ခွင့်မတောင်းပဲ ၀င်လာခဲ့လို့ မဖြစ်သင့်တာတွေ ဖြစ်ပြီးခဲ့ပြီ..။
“တို့အခန်းကို တံခါးခေါက်ပြီးမှ ၀င်ပေးပါလား..”
“ဟုတ်ကဲ့..ဒေါက်..ဒေါက်…ဒေါက်…”
အခန်းထဲ ဆက်၀င်လာရင်း ပါးစပ်က အော်နေတော့ သောမတ်စ် စိတ်ပျက်စွာဖြင့် အကြည့်လွဲပစ်လိုက်သည်။
“ငါ…အိပ်မပျော်လို့ အခန်းလည် လာတာ…အလုပ်လုပ်နေတာလား…”
သောမတ်စ် ဘေးမှာ ၀င်ထိုင်ရင်း ပြောလိုက်တော့ ခေါင်းညိတ်ကာ စာ ဆက်ဖတ်နေလိုက်သည်။
သောမတ်စ် နဲ့ ပတ်သက်မိလိုက်ပေမဲ့လည်း ညို က ပုံမှန်လိုပဲ နေတာပဲ..။
သူ့ဟာသူ နေတော့ အိမ်မှာ ညို ရှိနေတာ သောမတ်စ် မေ့တောင် နေတာ…။
အခုတလော ကျတော့ အနားကို လိုက်ကပ်ပြီး စိတ်ဒုက္ခပေး ပြန်သည်။
သောမတ်စ် သဘက်ခါမှ ခရီးထွက်ဖို့ စီစဉ်ထားတာကို သတိရသွားသည်။
အစတုန်းကတော့ ကိုယ်ထွက်သွားတာနဲ့ လီလီ့ကို သော့ပိတ်ခိုင်းဖို့ပါပဲ..။
လီလီ က သ၀န်တိုတက်တော့ ညိုနဲ့ ပြဿနာ အခြေအတင် ဖြစ်ပြီး သောမတ်စ်နဲ့ မှားခဲ့တာပါ သိသွားမှာ စိုးသည်။
“တို့ပြောစရာ ရှိတာနဲ့ အတော်ပဲ…တို့ခရီးထွက်ဖို့ရှိတယ်…”
“ဟင်…ဘယ်ကိုလဲ…”
“နိုင်ငံခြားကို..ရက်ကြာမှာမို့လို့ အိမ်သော့ပိတ်ခဲ့ရလိမ့်မယ်…နေဖို့ ဟိုတယ် မှာ အခန်းငှားပေးခဲ့ရမလား..”
သောမတ်စ် ကို သေချာကြည့်နေတဲ့ မျက်လုံးတွေကို ပြန်ကြည့်လိုက်တော့ တစ်ချက်ရယ်ပြီး မေးငေါ့နေသေးသည်။
“ဧည့်နှင်တာက တစ်မျိုးလေးပဲ…”
သောမတ်စ် မလိမ်ချင်လို့ အကြည့်လွဲပစ်လိုက်သည်။
“နင့်ကောင်မလေး က ရိုးတယ်နော်…”
“အင်း…တို့ကလည်း အဲဒါကိုပဲ ကြိုက်တာ…”
“မရိုးရင် မကြိုက်ဘူးပေါ့…အဟက်…နင်လိုတုံးတုံး အအ ကောင်လေးကလည်း အဲလို ရိုးသားဖြူစင်တဲ့ ကောင်မလေးနဲ့မှ အဆင်ပြေမှာပဲ…”
သောမတ်စ် ကို တုံးတုံးအအ လို့ ပြောလိုက်တဲ့ သူ့ကို မျက်မှောင်ကြုတ် ကြည့်လိုက်မိတော့ ပခုံးကို ပုတ်ပြီး ရယ်နေပြန်သည်။
“ညို…မင်း ပြောစရာ မရှိရင် ပြန်ပါတော့လား…တို့ အလုပ်လုပ်နေတာ…အာရုံစိုက်လို့မရဘူး..နောက်ပြီး တို့အခန်းကို သူများ၀င်တာ မကြိုက်ဘူး…”
“ကြီးကျယ်လိုက်တာ…”
သောမတ်စ် မကြည်မလင် ဖြစ်နေတာကိုတောင် ရယ်ပြိး ပါးကို ဖျစ်ဆွဲတော့ လက်ကို ပုတ်ချလိုက်မိသည်။
“ညို…မင်းနားလည်အောင် တို့ ပြောသင့်တယ် ထင်တယ်…မင်းနဲ့ တို့မှားကြတာ မတော်တဆနော်…ဒါတောင် တို့အခန်းထဲ တို့ခုတင်ပေါ် မင်းရောက်လာခဲ့လို့ ဖြစ်ရတာ…အဲ့နေ့က လီလီနဲ့လည်း စိတ်ကအရမ်းဟော့နေခဲ့လို့ အိပ်မက်နဲ့ ရောထွေးသွားတာ….တို့ဆန္ဒကို ဖြည့်ဆည်းဖို့ မိန်းကလေးက တို့အကြိုက် တို့ရွေးချယ်ထားတာ သပ်သပ်ရှိပြီးသားပဲ…လီလီနဲ့တွေ့ပြီးတိုင်း သူနဲ့တွေ့ဖြစ်တာ ဆိုတော့ မင်းနဲ့မှားသွားတာ…ဖြစ်မယ်….မင်းက တို့သူငယ်ချင်းပဲ…ဘာအဆင့်မှ ဖြစ်ဖို့ မရှိဘူး ဆိုတာ မင်း သိအောင် ပြောထားတာပါ…”
သောမတ်စ် ပါးကို ရိုက်လိုက်တော့ နာကျင်တာထက် ဒေါသထွက်ရတာ က ပိုပါသည်။
မျက်မှောင်ကြုတ်ပြီး စူးစိုက်ကြည့်နေမိသော်လည်း စိတ်က လုံး၀ အဆင်မပြေ..။
ငါ့အိမ်က ခုချက်ချင်း ထွက်သွားလို့ ပြောမိတော့မဲ့ စကားလုံးကို လုံး၀ ထိန်းချုပ်ထားရသည်။
“ညို….တို့ စိတ်ပင်ပန်းနေပြီ…”
“ဘာမှ မဖြစ်ပါဘူး.…နင့်စပွန်ဆာ ကောင်မလေးလိုပဲ တွေးလိုက်လေ….ဘာမှ မဖြစ်ပါဘူး…ဘာအဆင့်မှလည်း တက်ဖို့ မတွေးပါဘူး..”
“သူတို့ကို တို့ တန်ရာတန်ကြေး ငွေပေးထားတာ…နောက်ပြီး ဆေးစစ်ချက်တွေ တို့အကြိုက်တွေနဲ့ ကိုက်ညီမှ ရွေးထားတာ…မင်း က တို့ အကြိုက်မဟုတ်ဘူး ညို…ဆေးလည်း စစ်မထားဘူး..”
“အိုကေ…မနက်ဖြန် ဆေးစစ်လိုက်မယ်…ဘိုင်ဘိုင်…”
အခန်းထဲက ထွက်သွားတော့ သောမတ်စ် သက်ပြင်း တစ်ချက် ချလိုက်မိသည်။
ညို က နားလည်ရခက်လိုက်တာ..။
“သောမတ်ရေ….ငါတို့နှစ်ကောင် ပျားတုတ်ပြီဟေ့…”
မနေ့ညက မှာထားတာတောင် တံခါး မခေါက်ပဲ ၀င်လာတော့ သောမတ်စ် သက်ပြင်းချလိုက်သည်။
ပေါင်ပေါ်က လပ်တော့ပ်ကို ဘေးမှာ ချလိုက်ပြီး တစ်ယောက်ခုံမှာ ပြောင်းထိုင်လိုက်သည်။
“မသိရင် ငါက ကိုက်စားမှာ ဆိုတော့လေ…”
သောမတ်စ် ပခုံးကို ရိုက်ပြီး ခုံလက်တန်းမှာ ထိုင်လိုက်တော့ စိတ်က မကြည်မလင် ဖြစ်သွားသည်။
“အင့်…ဆေးစစ်စာရွက်…”
“မလိုဘူး…မင်းနဲ့ တို့ ပတ်သက်စရာ အကြောင်းမှ မရှိတာပဲ…”
“အေး…အကြောင်းက ရှိလာလို့…ဖတ်ကြည့်ဦး…”
သောမတ်စ် ကို ထပ်တိုးပေးနေတဲ့ စာရွက်တွေကို ဆွဲယူပြီး ကြည့်လိုက်သည်။
ပထမ စာရွက်ကတော့ ဆေးစစ်ချက်တွေချည်းပါပဲ..။
နောက်တစ်ရွက်ကို မြင်ရတော့ မျက်လုံးပြူးသွားသည်။
“ငါလည်း တစ်ခါတည်း အကုန်စစ်လိုက်တာ….သန္ဓေသားတဲ့…”
“ဟင်…”
သောမတ်စ် စာလုံးတွေကို နားလည်သော်လည်း သူ့စကားကြောင့် မျက်လုံးပြူးရင်း သူ့ကို မော့ကြည့်လိုက်တော့ သူက သက်ပြင်းချသည်။
“ဆောရီးဟာ…အဲ့ရက်က မျိုးဥကြွေရက်ဆိုတော့ ဖြစ်နိုင်ချေအများကြီး ရှိတယ်…ငါလည်း ဆေးသောက်ဖို့ မေ့သွားတယ်…ငါတို့ တစ်လကျော်လောက်ဖြစ်နေပြီ…ဘယ်လို လုပ်ကြမလဲ…သောမတ်…”
“……..”
သောမတ်စ် ထိုင်နေရာကနေ ထရပ်ပြီး ဆောက်တည်ရာမရ ခံစားရင်း ပြတင်းပေါက်ဆီကို ဦးတည်သွားလိုက်သည်။
စိတ်ကို အတက်နိုင်ဆုံး တည်ငြိမ်အောင် ထားပြီးမှ ပြဿနာကို အစက ပြန်တွေးရသည်။
“………”
“………”
ကိုယ်၀န် ရှိနိုင်တဲ့ ပြဿနာကို မတွေးမိလိုက်ဘူး..။
တခြားကောင်မလေး က သူ့ကိစ္စ သူရှင်းတာမို့ အဆင်ပြေသည်။
သူ လည်း သိသင့်တာပဲ..။
ယောက်ျားတွေနဲ့လည်း ဟိုတယ်ရောက်နေတဲ့ သူက မသိဘူးလား..။
“မင်း ဘယ်မှာ စစ်တာလဲ…”
“ကိုယ်ပိုင် ဆေးရုံမှာ စစ်တာပဲ…နင် စာဖတ်တက်တယ်မလား…နင်မယုံလည်း မတက်နိုင်ဘူး သောမတ်….ကလေး မွေးပြီးမှ ဒီအန်အေ စစ်ကြည့်ပေါ့…နင်ကလေး မဟုတ်ရင် ငါ ခေါ်သွားမယ်…”
“မင်း ပါးစပ် ခဏ ပိတ်ထားပေးပါလား…”
သောမတ်စ် ဒေါသကြောင့် အော်ပစ်လိုက်ပြီး ပြတင်းပေါက် တံခါးဘောင်ကို လက်နဲ့ဆုပ်ကိုင်ထားရင်း နှလုံးခုန်နှုန်းက မြန်နေသည်။
“တို့…ဒီကိစ္စကို လက်မခံနိုင်ဘူး…ရှင်းပစ်လိုက်…”
“မရှင်းချင်ပါဘူး..နမျောစရာကြီး..”
သောမတ်စ် အံကြိတ်ပြီး လှည့်ကြည့်လိုက်တော့ ပခုံးတွန့်ပြလို့ အကြည့်ပြန်လွဲလိုက်ရသည်။
“နင် လက်မခံလည်း ငါ မွေးဖို့ ဆုံးဖြတ်ပြီးသားပဲ…နင် သိအောင် ပြောပြတာ…”
သူ က ခပ်ပေါ့ပေါ့ ပြောပြီး အခန်းထဲက ထွက်သွားပေမဲ့ သောမတ်စ် မှာသာ စိတ်တွေ လေးလံ ရှုပ်ထွေးစွာ ကျန်ခဲ့ရသည်။
10121050
₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪
ညို့ကို ရက်စက်ထားတာ အဆူခံရတော့မှာစိုးလို့ ပြေးပါပြီ ဝှီး…။
စနေတင်မယ်ဆိုပြီး တင်လိုက်မိလို့ စိတ်မဆိုးပါနဲ့နော် အချိန်အတိအကျ မဟုတ်ပဲ ရေးပြီးသလို တင်တာမို့ မစောင့်ပါနဲ့နော် စာဖတ်သူလေးတွေ စောင့်နေပေးရင် ကျနော် အားနာလို့ပါ။
ဖတ်ရတာ ရှုပ်မှာစိုးလို့ အတိတ်ကိုချည်း ခဏပြန်လိုက်ဦးမယ်
အတိတ်ကလည်း ပျင်းစရာကြီးနော် ဟီး
ဒါမှမဟုတ် ကျနော်ပျင်းနေတာနေမှာပါ။
ဖတ်မကောင်းတော့ရင် အားနာပါတယ်။
ဒီဘက် အပိုင်းတွေက ဖတ်ရတာ အဆင်မပြေဖြစ်နေမှာပဲနော် ကျနော် မရေးတက်တော့လို့ပါ ရှေ့နဲ့ပြန်ဆက်နေရတာ ခက်တယ်။
ရှုပ်ထွေးနေအောင် ရေးမိလို့ စာဖတ်ပေးသူလေးတွေကို တောင်းပန်ပါတယ်။
ကျနော် က သာမန်လူတန်းစားမို့ ချမ်းသာတဲ့ အသိုင်းအဝိုင်း အကြောင်းတွေ သေချာမသိ နားမလည်လို့ ရေးတဲ့အခါ အမှားတွေ ထည့်ရေးမိရင်လည်း ခွင့်လွှတ်ပါနော်။
တစ်ပိုင်း ရေးလို့ပြီးတာနဲ့ public နဲ့ပဲ wattpad' Page' account သုံးမျိုးစလုံးမှာ အကုန် တူတူပဲ တင်ပေးပါတယ်နော်။
ဖတ်ပေးကြပါဦးနော်။
မျက်စိတွေနာကြတယ် ကူးကြတယ်တဲ့ ဂရုစိုက်ကြပါနော်။
ကျန်းမာရေး နဲ့ အစစ အရာရာ ဂရုစိုက်ကြပါနော်..။
ကမ္ဘာကြီးကို ချစ်ပါ..။
ပတ်၀န်းကျင်ကို တန်ဖိုးထားပါ..။
မှန်ကြည့်ပြီး ကျေးဇူးတင်ပါ..။
ပလတ်စတစ် လျော့သုံးပါ…။
စာတွေဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်နော်..။
ဂရုစိုက်ကြပါနော်။
Love U All ❤️
✎ᝰ SpicaLin
#စပိုက်ကာလင်း
Photo Credit