Unicode
"မေရီထိုက်မာန်...."
မေရီလည်း laptop ထဲကနေ စိန်ထည် design တွေကြည့်နေရင်း ကြားလိုက်တဲ့အသံကြောင့်လှည့်ကာ ကြည့်လိုက်သည်။
"အော်...မမထနှောင်းဘာဖြစ်လို့လဲ"
ထနှောင်းလည်း မေရီထိုက်မာန်အရှေ့က ခုံပေါ်ထိုင်လိုက်ပြီး
"မင်း မောင် ကိစ္စ မင်းသိနေတယ်မလား"
"ဟမ်..ခိုက်ဦး ကိစ္စ"
"ဟုတ်တယ် မင်းရဲ့မောင်နဲ့ ပန်းဦးခြွေနဲ့ ပတ်သတ်မှု ကိုမင်းသိနေတယ်မလား"
"အော်..အဲ့ကိစ္စလား မေရီသိတယ်လေ ဘာဖြစ်လို့လဲ မမထနှောင်းရဲ့"
"ဟ ဘာဖြစ်ရမှာလဲ ခိုက်ဦးထိုက်မာန်က ငါနဲ့စေ့စပ်ထားတဲ့သူ ဆိုတာ မင်းအသိပဲလေ အခုဟာကဘာလဲ မင်းတို့က မောင်နှမ နှစ်ယောက်ပေါင်းပြီး ငါ့ကိုအရူး လုပ်နေကြတာလား"
"မမထနှောင်း မမနဲ့မောင်လေးနဲ့က စေ့စပ်ပဲ စေ့စပ်ထားတာလေ လက်မှမထပ်ရသေးတာ ပြီးတော့မမတို့လည်း တစ်ယောက်ကို တစ်ယောက်မှမချစ်ကြတာ အဲ့တော့ ကိုယ်ချစ်တဲ့သူကို ရွေးချယ်ဖို့အခွင့်အရေးရှိတယ်လေ"
"အခွင့်အရေးဟုတ်လား ဟက် အဲ့ အခွင့်အရေးရှိတယ်လို့မင်းကိုဘယ်သူက ပြောလဲ "
"ဘယ်သူမှပြောစရာမလိုဘူး အဲ့ဒါကလူတိုင်းမှာရှိတယ့်အခွင့်အရေးပဲ"
"အေ အဲ့ လူတိုင်းမှာရှိတဲ့အခွင့်အရေးက မင်းမောင်မှာတော့မရှိဘူးနော်"
မေရီလည်း စိတ်တိုလာတာနဲ့ မတ်တပ်ထရပ်လိုက်ပြီး
"ဒီမှာ ဒေါ်ထနှောင်းမေ ရှင်ကဘာမို့ မေရီမောင်ကို လာဝေဖန်နေတာလဲ ဒီမှာရှင်နဲ့ မေရီရဲ့ မောင်က စေ့စပ်ထားတယ်ဆိုတဲ့ အရာကလွဲလို့ ဘာမှပတ်သက်နေတာမဟုတ်ဘူးနော် ပြီးတော့ရှင်လည်း ခိုက်ဦးကို မချစ်ဘူးမလား အဲ့တော့ရှင်လည်းရှင်ချစ်တဲ့သူကိုရွေးချယ်လိုက် မောင်လေးကိုလည်း သူချစ်တဲ့သူနဲ့ပဲ နေနိုင်အောင် လွှတ်ထားပေးပါ"
ထနှောင်းမေလည်း မတ်တပ်ရပ်ကာ လက်ပိုက်ပြီး
"ဒီမှာမေရီ ချစ်တာတွေ မချစ်တာတွေက ဒို့တွေကိစ္စပါ မင်းနဲ့မဆိုင်ဘူး အေးမင်းနဲ့ဆိုင်တာပဲ ဒို့ပြောမယ် မင်းသေချာနားထောင် ခိုက်ဦးထိုက်မာန်က ဒို့ကလွဲပီး ဘယ်သူနဲ့မှ လက်မထပ်ရဘူး သူ့ဘာသာ ချစ်ရမဲ့သူရှိမရှိလည်း ဒို့စိတ်မဝင်စားဘူး မင်းလုပ်ရမှာက မင်းရဲ့မောင်ကို သူရဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့တားပေးပါ ဒါမှမဟုတ်ရင်တော့ဒို့ကိုယ်တိုင်ဝင်တားရလိမ့်မယ်"
ထနှောင်းမေလည်း သူရှေ့လူရဲ့ ပုခုံးတဖက်ကို တိုက်ပြီး ထွက်လာလိုက်သည်။
မေရီကတော့ ရင်ဘက်ထဲကခံစားနေရတဲ့ အရာကြောင့် နှုတ်ခမ်းကို သွေးထွက်သည် အထိကိုက်ပြီး စားပွဲပေါ်က laptop ကို ဖျက်ဆီးပစ်လိုက်သည်။
****
"ဟဲ့ဟျောင်ခိုက်ဦး ခြွေနဲ့ မင်းနဲ့ ကိစ္စကို လူကြီးတွေကိုအသိမပေးသေးဘူးလား"
"လိုမှ မလိုတာ"
"ဘာ..မင်းဘာပြောလိုက်တာလဲ"
"ခြွေနဲ့ငါနဲ့ ကိစ္စကို လူကြီးတွေကို အသိပေးစရာမလိုဘူးလို့ပြောလိုက်တာလေ"
"ခိုက်ဦး မင်း ခြွေကို အတည်မဟုတ်ဘူးလား"
ခိုက်ဦးလည်း ဆေးလိပ်သောက်နေရင်း သူငယ်ချင်းဖြစ်သူကိုကြည့်လိုက်ပြီး
"အင်းး"
"ဘာ!"
"ဖြည်းဖြည်းအော်ပါ သူတောင်းစား သတ္တိရဲ့ မင်းအမေလင်နောက်လိုက်လို့လာအော်နေတာလား"
"ဘောကို လင်နောက်လို့ ခိုက်ဦးမင်းကွာ ဘာလို့ ခြွေကိုအဲ့လိုလုပ်ရတာလဲ
မင်းနဲ့သူနဲ့ ဘာရန်ညိုးမှလဲမရှိဘဲနဲ့ ကွာ ငါ့အမြင်ခြွေကမင်းကို သိပ်ချစ်ရှာတာ မင်းမို့လုပ်ရက်တယ်ကွာ"
"ဒီမှာခိုက်ဦး မင်းနဲ့ငါက ငယ်ငယ်လေးတည်းကပေါင်းလာတဲ့ သူငယ်ချင်းတွေ မင်းအရင်ကဘာတွေပဲလုပ်လုပ် ဘယ်သူနဲ့ရန်ဖြစ်ဖြစ် အမြဲမင်းဘက်ကပဲ ငါပါခဲ့တာ အခုကိစ္စတော့ငါ မင်းဘက်ကမပါနိုင်ဘူး ငါ့ခြွေကိုသနားတယ် ခိုက်ဦး မင်းသေချာ စဥ်းစားပါအုံးကွာ ခြွေကိုနည်းနည်းလေးတောင်မချစ်ခဲ့ဘူးလား"
ဟားးးးဟားးးး
ခိုက်ဦး လည်းသူငယ်ချင်းဖြစ်သူကိုကြည့်ပြီး အားရပါးရရယ်လိုက်သည်။
သတ္တိလည်း သူပြောတာကို ရယ်နေတဲ့သူကိုကြည့်လိုက်ပြီး
"ဟဲ့ဟျောင့် ခိုက်ဦး လီး မို့လို့လာရယ်နေတာလား ငါအတည်ပြောနေတာနော်"
ဟားးးးး ဟားးးး
"သတ္တိ မင်းကလေ အရမ်းတုံးတယ်လို့ပြောရင်လည်း မကြိုက်ဘူး ပြီးတော့လည်း အရမ်းတုံးနေတာပဲ"
"ခိုက်ဦး မင်းငါ့ကိုဘာတွေလာပြောနေတာလဲ"
ခိုက်ဦးလည်း သတ္တိကိုကြည့်လိုက်ပြီးတော်တော်တုံးတာပဲလို့မှတ်ချက်ပေးလိုက်ပြီး
"မင်းပြောတော့ ငါနဲ့မင်းကငယ်ငယ်လေးတည်းကသူငယ်ချင်းတွေဆို"
"အေး ဟုတ်တယ်လေဘာဖြစ်လို့လဲ"
"ဒါတောင် မင်းငါ့အကြောင်းအခုထိသေချာမသိသေးဘူးလား"
"ဘာတွေပြောနေတာလဲ ခိုက်ဦးထိုက်မာန် မင်းငါ့ကိုသေချာပြောတော့ ငါနားမလည်တော့ဘူး ခွေးသားရဲ့"
"အေး ဒါဆိုလည်း သေချာနားထောင် ငတုံးရဲ့ ငါက ခြွေကိုမချစ်ဘူး ငါ့အသက်ထက်ကိုပိုပြီးမြတ်နိုးတာ လူကြီးတွေကိုအသိမပေးတာလည်း သူတို့ကိုပြောလည်း ဘာမှာမှအရေးမပါတာ အဓိက ကငါ့ခြွေလေးက ငါ့ကိုချစ်နေပြီး ငါကလည်းငါ ခြွေလေးကိုချစ်နေဖို့ပဲ ကျန်တာဘာမှမလိုဘူး"
သတ္တိလည်း ခိုက်ဦးကို လက်ခလယ် ထောင်ပြလိုက်ပြီး
"Fuck ပဲဟေ့ဟျောင် အဲ့ဒါကို လီ့မို့လို့ငါမေးတာကို စောက်တလွဲတွေဖြေနေတာလား ငါမှာတော့ခြွေအစားတကယ်ခံစားလိုက်ရတာ ရင်ထဲတောင်မကောင်းဘူး"
ဟားးးဟားးး
"ဟဲ့ဟျောင်ခိုက်ဦးရယ်မနေနဲ့ ငါအတည်ပြောနေတာကွ အော်ခိုက်ဦး ငါ့မနက်ဖြန်ရန်ကုန်ပြန်လိုက်အုံးမယ်ကွ မင်းတို့ရောငါနဲ့ တစ်ခါတည်းပြန်လိုက်ခဲ့ကြမလား"
"ဘောကို လိုက်ရမှာလား ဒီမှာငါ့အချစ်နဲ့တောင်အခုမှချစ်ကာစကို ငါကဘာလို့မင်းနဲ့ပြန်လိုက်ရမှာလဲ ငါ့ချစ်သူရှိတဲ့ အရပ်မှာပဲနေမှာ"
(စောက်ပိုတွေ)
"ဘာ..."
"အော် ဘာမှမဟုတ်ဘူး ငါ့ဘာသာပဲ တယောက်ထဲပြန်တော့မယ်လို့ပြောတာ"
"သတ္တိ မင်းနော် မင်း သတိထားနေရင်ကောင်းတော့မယ်နော် ငါ့လက်သီးစာ မစားရတာကြာလို့ လာစနေတာလား"
"ဘောပဲ ဟဲ့ဟျောင်ရေ မင်းလက်သီးစာလည်းစားမနေဘူး ငါဘာသာငါပဲ မနက်ဖြန်ပြန်ဖို့ အထုပ်သွားထုပ်လိုက်တော့မယ်"
"သွားသွားမြန်မြန် အာရုံကိုနောက်တယ်"
"သွားမှာ ဖေ့သားလေးရေ"
"ဘာ...သတ္တိ.."
သတ္တိလည်း သူငယ်ချင်းဖြစ်သူကို ပြောပြီးအမြန်ပြေး ထွက်လာလိုက်သည်။
*****
"ဟယ် မေမေလေး ဘယ်တုန်းကရောက်နေတာလဲ ခြွေကို လှမ်းခေါ်လိုက်တာမဟုတ်ဘူး"
"အခုပဲရောက်တာသား ခြွေရဲ့ ဒါနဲ့မေရီတို့ကော မတွေ့ပါလား "
"ဟို သတ္တိကဒီနေ့ပြန်တာဆိုတော့ ကားဂိတ်ကို သွားလိုက်ပို့နေတယ်"
"အော် ဒါဆို အိမ်မှာ ခြွေတယောက်ထဲပေါ့"
"မဟုတ်ဘူး မေမေလေးရဲ့ အမထနှောင်းလည်းရှိတယ် သူ့အခန်းထဲမှာ ဘာလုပ်နေလဲတော့မသိပါဘူး"
ထိုအချိန် အခန်းထဲမှ အမျိုးသမီး တစ်ဦး ထွက်လာပြီး
"ဘာမှ မလုပ်ပါဘူးခြွေရဲ့ ဒို့လည်းပျင်းလို့ဒီအတိုင်းအခန်းထဲမှာထိုင်နေတာ"
"အော် ပျင်းရင်လည်း ခြွေနဲ့စကားလာပြောတာမဟုတ်ဘူး"
"ဒို့က ပြောချင်ပါတယ် ခြွေကအားမှမအားနေတာ အားတဲ့အချိန်လည်းခိုက်ဦးနဲ့ပဲ တပူးပူးတတွဲတွဲနေနေပြီးတော့"
ခြွေလည်း ထနှောင်းမေရဲ့စကားကြောင့် မျက်နှာတချက်ပျက်သွားပြီး ပြန်ပြင်ကာ
"အော်မေမေလေးခြွေ ဆီလာတယ်ဆိုတော့ ဘာကိစ္စရှိလို့လဲဟင်"
ထနှောင်းလည်း သူ့ရှေ့က စကားလမ်းကြောင်း လွဲသွားတယ့်သူကို မဲ့ပြုံးတချက်ပြုံးလိုက်သည်။
မေတ္တာကတော့ သူရှေ့ကနှစ်ယောက်ကို ကြည့်ကာ အကဲခတ်နေသည်။
"မေမေလေး မေမေလေး"
"ဟင် ခြွေဘာဖြစ်လို့လဲ"
"မေမေလေး ခြွေဆီလာတာ ဘာကိစ္စရှိလို့လဲလို့မေးနေတာလေ"
"အော်ဘာမှမဟုတ်ပါဘူး ကွယ်သားတို့အဆင်ပြေလားလို့လာကြည့်တာ"
"အော်..ခြွေတို့အဆင်ပြေပါတယ် အော်ဒါနဲ့မေမေလေး ခြွေညနေကျရင် ဟိုဘက်ရွာကိုပန်းစည်း တွေသွားပို့ထားလိုက်တော့မယ်လို့ မေမေကိုပြောပေးပါအုံး မေမေ ခြွေကိုမနေ့ကပို့ခိုင်းနေတာ ခြွေလည်းမအားတာနဲ့ ဒီညနေမှပဲ သွားပို့လိုက်တော့မို့ အဲ့ဒါမေမေလေးတချက်ပြောပေးပါအုံးနော်"
"အင်းပါ မေမေလေး ဝတီကိုပြောပေးပါမယ်"
"အော်သားရဲ့ ဦးဧကရာဇ်တို့တောင် နောက်လလောက် ရွာကိုလာကြမလိုတဲ့ မေမေလေးကို ဖုန်းဆက်ပြောတယ်"
"အော် ဟုတ်လားကောင်းတာပေါ့မေမေလေးရဲ့ ခြွေက ဦးကို ရွာကိုအလည် ခေါ်ချင်နေတာ"
"အင်းဟုတ်တယ် သူတို့လည်းနောက်လလောက် အလှူလုပ်ချင်တယ်ဆိုတာနဲ့ မေမေလေးကရွာမှာလာလုပ်ဖို့ခေါ်လိုက်တာ မေရီနဲ့ခိုက်ဦးတို့လည်း အဲ့ကျမှပြန်ဖို့တောင် ပြောလိုက်အုံးမယ်"
ခြွေလည်း မေမေလေးစကားကြောင့် ခေါင်းအောက်ငုံ့လိုက်ပြီး ကျလုဆဲမျက်ရည်များကို မျက်တောင်များပုတ်ခပ် ပုတ်ခပ် လုပ်ရင်းဖယ်ရှားပစ်လိုက်တယ်။
ထနှောင်းကတော့ ခြွေကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။
"အော် တီလေး ပြီးရင်ဆေးပေးခန်းကို ပြန်မှာမလား"
"အင်းဟုတ်တယ်လေ ထနှောင်းရဲ့ ဘာဖြစ်လို့လဲ"
"ဟို ထနှောင်းလည်း တီလေးနဲ့ လိုက်ခဲ့မို့ ဆေးပေးခန်းဘေးနားက ဒေစီပန်းခင်းကြီးဆီသွားကြည့်ချင်လို့"
"အင်းလိုက်ခဲ့လေ ထနှောင်းရဲ့ တီလေးလည်းသွားတော့မယ် ဟိုမှာမနေ့ကမှအသစ်ရောက်လာတဲ့ ဆရာဝန်လေးပဲရှိတာဆိုတော့ တီလေးပြန်သွားရမှာ"
"ခြွေသား အဲ့ဒါဆို မေမေလေးနဲ့ ထနှောင်း ဆေးပေးခန်းကို သွားလိုက်တော့မယ်နော်"
"ဟုတ် မေမေလေး"
ခြွေလည်း မေမေလေးတို့သွားတာနဲ့ ခြံထဲဘက်ဆင်းကာ ညနေပို့မယ့် ပန်းစည်းတွေကိုအောက်ကနေ ငှက်ပျောရွက်ခံကာ ကြိုးဖြင့် ချည်နေလိုက်သည်။
ဟေ့..
အမေ့ ....
"ဟင် မောင်ကလည်း လန့်သွားတာပဲ အသံမပေးဘာမပေးနဲ့ "
"ဟုတ်လား မောင့်ခြွေလေးလန့်သွားလား ဆောရီးနော် မောင်အာဘွားပေးပေးမယ့် အလန့်ပြေသွားအောင်"
မွ.မွ.မွ...ပြွတ်စ်
ခိုက်ဦးလည်း ချစ်ရသူရဲ့မျက်နှာအစိတ်အပိုင်း ကိုအနမ်းတွေပေးပြီး နှုတ်ခမ်းဖူးဖူးလေးမှာဂိတ်ဆုံးစေလိုက်သည်။
ပြွတ်စ်..ပြွတ်စ်...
"အလန့်ပြေ သွားပြီလား အချစ်ကလေး"
"မောင့်."
"အော် မပြေသေးဘူးလား မောင်ဆက်နမ်းပေးမယ်နော်"
"မောင် တော်တော့လို့ ခြွေစိတ်ဆိုးလာပြီနော်"
"ဟင် အချစ်ကလည်း မောင်က ချစ်လို့စတာကို"
ခြွေလည်း မောင့်ကို မကြည့်တော့ပဲ ပန်းတွေကို ကြိုးနဲ့ ဆက်ချည်နေလိုက်သည်။
ခိုက်ဦးလည်း သူရှေ့က အချစ်လေးရဲ့ခါးကိုဖတ်လိုက်ပြီး
"အချစ် မောင်ကိုစိတ်ဆိုးသွားတာလား မောင်ကချစ်လို့စတာလေ "
"ဖယ် တယောက်ယောက်မြင်သွားမယ်"
"ဘယ်သူမှမမြင်ပါဘူး မေရီကလည်း ဆေးပေးခန်းမှာ မထနှောင်းမေကိုတွေ့လို့နေခဲ့တယ် အခု ခြွေလေး နဲ့မောင်နဲ့ နှစ်ယောက်ပဲရှိတယ်"
.....
"ခြွေ ဒီကိုလာ.."
ခိုက်ဦးလည်းခြွေကို နှင်းဆီပန်းခင်းအလယ်ခေါ်သွားလိုက်ပြီး
"ဟင် မောင် ဒီခုံက ဘယ်လိုလုပ်ပန်းခင်းအလယ်ကို ရောက်နေတာလဲ"
ခိုက်ဦး လည်းခြွေကိုပြုံးပြလိုက်ပြီး ခြွေပုခုံးလေးကို လက်နှင့်အသာ ဖိပြီး ခုံပေါ်မှာထိုင်စေလိုက်သည်။
ပြီးနောက်သူလည်း ခုံရဲ့ ဘေးမှာ ထောင်ထားတဲ့ guitar ကို ယူလိုက်ပြီး ခြွေဘေးနားထိုင်လိုက်သည်။
"ဟင် မောင် ဒီ guitar က"
ခိုက်ဦးလည်း ခြွေနှုတ်ခမ်းလေးပေါ်လက်ညိုးလေးတင်လိုက်ပြီး
ရှူးးး
"မောင့် ခြွေလေးကိုစိတ်ဆိုးပြေအောင် သီချင်းနဲ့ချောမလို့လေ"
"ဟင် မောင်က သီချင်းဆိုတက်လို့လား"
"ခြွေက မောင်ကို အထင်သေးတာပေါ့"
"မဟုတ်ပါဘူး ခြွေက ဒီအတိုင်းမေးကြည့်တာပါ မောင်ဆိုပြမယ်ဆို ဆိုလေ ခြွေနားထောင်မယ်"
"အဟမ့်.. ကောင်းပြီလေ ဒါဆိုမောင်စဆိုပြီနော်"
ခိုက်ဦးလည်း ခြွေကိုကြည့်ပြီး ဂီတာကို စတီးကာ
အေးစက်သွားတဲ့ ငါနှလုံးသား....
မင်းနဲ့တွေ့မှ နိုးလာတယ်...
ကွဲအက်သွားတဲ့ အသည်းဒဏ်ရာ
မင်းရဲ့လက်နဲ့ ပျောက်ကုန်ပြီ..
ဟောင်းနွမ်းခဲ့တယ် အိမ်မက်များ...
အေးစက်မှေးမှောင် ငါ့ညများ...
အိမ်မက်သစ်တွေ မွေးဖွားလို့
ရင်ကိုနွေးထွေးသွား
အကြင်နာညများ
လင်းလက်သွား....
သွေးကြောထဲမှာ လည်ပတ်နေ
မင်းလေးပေးတဲ့ အားအင်တွေ...
ကိုယ့်ဘဝရဲ့ အနက်အဓိပ္ပါယ်ဟာ
မင်းတစ်ယောက်ထဲအတွက် ဖြစ်လာတယ်..
(အိုး...ဝိုး...အိုး...)
ဘဝရဲ့ ခရီးကို အတူလျှောက်မယ်..
ဆင်းရဲချမ်းသာ မျှဝေမယ်...
အားပေးနားလည် ချစ်သူရယ်...
သေချာတဲ့ အဖြေဟာ ကိုယ်နဲ့မင်းနဲ့မခွဲတော့ဘူး...
အရာရာပိုင်ဆိုင်သမျှ
အားလုံးမင်းအတွက်
စိတ်နဲ့ ခန္ဓာ အကုန်လုံးပဲ..
ယုံကြည်နားလည်မှု ရှင်သန်နေမယ်ချစ်ခြင်းများ...
ဒဏ်ရာတွေမရှိဘူး...
ကိုယ့်ရဲ့ နံဘေးနား မင်းရှိနေရင် ရင်ဆိုင်ရဲတယ်..
အန္တရယ် အားလုံး နင်းဖြတ်သွားမယ့်အချစ်စွမ်းအား....
အိုး...အချစ်....
ခြွေလည်း မောင့်ပုခုံးပေါ် ခေါင်းလေးမှီရင်း မောင့်ပါးလေးကိုလှမ်းကာနမ်းလိုက်သည်။
နှင်းဆီပန်းခင်းကြီး အလယ်မှာတော့ guitar တီးကာ ချစ်ရသူကိုကြည့်ပြီးသီချင်းဆိုပြနေတဲ့ကောင်လေးနဲ့ ချစ်သူကိုမှီကာ မျက်စိမှိတ်ပြီး သီချင်းနားထောင်နေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ပုံရိပ်ကို လေပေါ်မှာ ဝဲပျံနေတဲ့ ငှက်လေးများပင်ကြည့်ကာ အားကျနေမိလောက်သည်။
(ခြွေယူသူလေးကို ဖတ်ပေးတဲ့ ဒါဒါတယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်)
Zawgyi
"ေမရီထိုက္မာန္...."
ေမရီလည္း laptop ထဲကေန စိန္ထည္ design ေတြၾကည့္ေနရင္း ၾကားလိုက္တဲ့အသံေၾကာင့္လွည့္ကာ ၾကည့္လိုက္သည္။
"ေအာ္...မမထႏွောင္းဘာျဖစ္လို႔လဲ"
ထႏွောင္းလည္း ေမရီထိုက္မာန္အေရွ႕က ခုံေပၚထိုင္လိုက္ၿပီး
"မင္း ေမာင္ ကိစၥ မင္းသိေနတယ္မလား"
"ဟမ္..ခိုက္ဦး ကိစၥ"
"ဟုတ္တယ္ မင္းရဲ႕ေမာင္နဲ႕ ပန္းဦးေႁခြနဲ႕ ပတ္သတ္မႈ ကိုမင္းသိေနတယ္မလား"
"ေအာ္..အဲ့ကိစၥလား ေမရီသိတယ္ေလ ဘာျဖစ္လို႔လဲ မမထႏွောင္းရဲ႕"
"ဟ ဘာျဖစ္ရမွာလဲ ခိုက္ဦးထိုက္မာန္က ငါနဲ႕ေစ့စပ္ထားတဲ့သူ ဆိုတာ မင္းအသိပဲေလ အခုဟာကဘာလဲ မင္းတို႔က ေမာင္ႏွမ ႏွစ္ေယာက္ေပါင္းၿပီး ငါ့ကိုအ႐ူး လုပ္ေနၾကတာလား"
"မမထႏွောင္း မမနဲ႕ေမာင္ေလးနဲ႕က ေစ့စပ္ပဲ ေစ့စပ္ထားတာေလ လက္မွမထပ္ရေသးတာ ၿပီးေတာ့မမတို႔လည္း တစ္ေယာက္ကို တစ္ေယာက္မွမခ်စ္ၾကတာ အဲ့ေတာ့ ကိုယ္ခ်စ္တဲ့သူကို ေ႐ြးခ်ယ္ဖို႔အခြင့္အေရးရွိတယ္ေလ"
"အခြင့္အေရးဟုတ္လား ဟက္ အဲ့ အခြင့္အေရးရွိတယ္လို႔မင္းကိုဘယ္သူက ေျပာလဲ "
"ဘယ္သူမွေျပာစရာမလိုဘူး အဲ့ဒါကလူတိုင္းမွာရွိတယ့္အခြင့္အေရးပဲ"
"ေအ အဲ့ လူတိုင္းမွာရွိတဲ့အခြင့္အေရးက မင္းေမာင္မွာေတာ့မရွိဘူးေနာ္"
ေမရီလည္း စိတ္တိုလာတာနဲ႕ မတ္တပ္ထရပ္လိုက္ၿပီး
"ဒီမွာ ေဒၚထႏွောင္းေမ ရွင္ကဘာမို႔ ေမရီေမာင္ကို လာေဝဖန္ေနတာလဲ ဒီမွာရွင္နဲ႕ ေမရီရဲ႕ ေမာင္က ေစ့စပ္ထားတယ္ဆိုတဲ့ အရာကလြဲလို႔ ဘာမွပတ္သက္ေနတာမဟုတ္ဘူးေနာ္ ၿပီးေတာ့ရွင္လည္း ခိုက္ဦးကို မခ်စ္ဘူးမလား အဲ့ေတာ့ရွင္လည္းရွင္ခ်စ္တဲ့သူကိုေ႐ြးခ်ယ္လိုက္ ေမာင္ေလးကိုလည္း သူခ်စ္တဲ့သူနဲ႕ပဲ ေနနိုင္ေအာင္ လႊတ္ထားေပးပါ"
ထႏွောင္းေမလည္း မတ္တပ္ရပ္ကာ လက္ပိုက္ၿပီး
"ဒီမွာေမရီ ခ်စ္တာေတြ မခ်စ္တာေတြက ဒို႔ေတြကိစၥပါ မင္းနဲ႕မဆိုင္ဘူး ေအးမင္းနဲ႕ဆိုင္တာပဲ ဒို႔ေျပာမယ္ မင္းေသခ်ာနားေထာင္ ခိုက္ဦးထိုက္မာန္က ဒို႔ကလြဲပီး ဘယ္သူနဲ႕မွ လက္မထပ္ရဘူး သူ႕ဘာသာ ခ်စ္ရမဲ့သူရွိမရွိလည္း ဒို႔စိတ္မဝင္စားဘူး မင္းလုပ္ရမွာက မင္းရဲ႕ေမာင္ကို သူရဲ႕လုပ္ရပ္ေတြ ရပ္တန္းကရပ္ဖို႔တားေပးပါ ဒါမွမဟုတ္ရင္ေတာ့ဒို႔ကိုယ္တိုင္ဝင္တားရလိမ့္မယ္"
ထႏွောင္းေမလည္း သူေရွ႕လူရဲ႕ ပုခုံးတဖက္ကို တိုက္ၿပီး ထြက္လာလိုက္သည္။
ေမရီကေတာ့ ရင္ဘက္ထဲကခံစားေနရတဲ့ အရာေၾကာင့္ ႏႈတ္ခမ္းကို ေသြးထြက္သည္ အထိကိုက္ၿပီး စားပြဲေပၚက laptop ကို ဖ်က္ဆီးပစ္လိုက္သည္။
****
"ဟဲ့ေဟ်ာင္ခိုက္ဦး ေႁခြနဲ႕ မင္းနဲ႕ ကိစၥကို လူႀကီးေတြကိုအသိမေပးေသးဘူးလား"
"လိုမွ မလိုတာ"
"ဘာ..မင္းဘာေျပာလိုက္တာလဲ"
"ေႁခြနဲ႕ငါနဲ႕ ကိစၥကို လူႀကီးေတြကို အသိေပးစရာမလိုဘူးလို႔ေျပာလိုက္တာေလ"
"ခိုက္ဦး မင္း ေႁခြကို အတည္မဟုတ္ဘူးလား"
ခိုက္ဦးလည္း ေဆးလိပ္ေသာက္ေနရင္း သူငယ္ခ်င္းျဖစ္သူကိုၾကည့္လိုက္ၿပီး
"အင္းး"
"ဘာ!"
"ျဖည္းျဖည္းေအာ္ပါ သူေတာင္းစား သတၱိရဲ႕ မင္းအေမလင္ေနာက္လိုက္လို႔လာေအာ္ေနတာလား"
"ေဘာကို လင္ေနာက္လို႔ ခိုက္ဦးမင္းကြာ ဘာလို႔ ေႁခြကိုအဲ့လိုလုပ္ရတာလဲ
မင္းနဲ႕သူနဲ႕ ဘာရန္ညိုးမွလဲမရွိဘဲနဲ႕ ကြာ ငါ့အျမင္ေႁခြကမင္းကို သိပ္ခ်စ္ရွာတာ မင္းမို႔လုပ္ရက္တယ္ကြာ"
"ဒီမွာခိုက္ဦး မင္းနဲ႕ငါက ငယ္ငယ္ေလးတည္းကေပါင္းလာတဲ့ သူငယ္ခ်င္းေတြ မင္းအရင္ကဘာေတြပဲလုပ္လုပ္ ဘယ္သူနဲ႕ရန္ျဖစ္ျဖစ္ အၿမဲမင္းဘက္ကပဲ ငါပါခဲ့တာ အခုကိစၥေတာ့ငါ မင္းဘက္ကမပါနိုင္ဘူး ငါ့ေႁခြကိုသနားတယ္ ခိုက္ဦး မင္းေသခ်ာ စဥ္းစားပါအုံးကြာ ေႁခြကိုနည္းနည္းေလးေတာင္မခ်စ္ခဲ့ဘူးလား"
ဟားးးးဟားးးး
ခိုက္ဦး လည္းသူငယ္ခ်င္းျဖစ္သူကိုၾကည့္ၿပီး အားရပါးရရယ္လိုက္သည္။
သတၱိလည္း သူေျပာတာကို ရယ္ေနတဲ့သူကိုၾကည့္လိုက္ၿပီး
"ဟဲ့ေဟ်ာင့္ ခိုက္ဦး လီး မို႔လို႔လာရယ္ေနတာလား ငါအတည္ေျပာေနတာေနာ္"
ဟားးးးး ဟားးးး
"သတၱိ မင္းကေလ အရမ္းတုံးတယ္လို႔ေျပာရင္လည္း မႀကိဳက္ဘူး ၿပီးေတာ့လည္း အရမ္းတုံးေနတာပဲ"
"ခိုက္ဦး မင္းငါ့ကိုဘာေတြလာေျပာေနတာလဲ"
ခိုက္ဦးလည္း သတၱိကိုၾကည့္လိုက္ၿပီးေတာ္ေတာ္တုံးတာပဲလို႔မွတ္ခ်က္ေပးလိုက္ၿပီး
"မင္းေျပာေတာ့ ငါနဲ႕မင္းကငယ္ငယ္ေလးတည္းကသူငယ္ခ်င္းေတြဆို"
"ေအး ဟုတ္တယ္ေလဘာျဖစ္လို႔လဲ"
"ဒါေတာင္ မင္းငါ့အေၾကာင္းအခုထိေသခ်ာမသိေသးဘူးလား"
"ဘာေတြေျပာေနတာလဲ ခိုက္ဦးထိုက္မာန္ မင္းငါ့ကိုေသခ်ာေျပာေတာ့ ငါနားမလည္ေတာ့ဘူး ေခြးသားရဲ႕"
"ေအး ဒါဆိုလည္း ေသခ်ာနားေထာင္ ငတုံးရဲ႕ ငါက ေႁခြကိုမခ်စ္ဘူး ငါ့အသက္ထက္ကိုပိုၿပီးျမတ္နိုးတာ လူႀကီးေတြကိုအသိမေပးတာလည္း သူတို႔ကိုေျပာလည္း ဘာမွာမွအေရးမပါတာ အဓိက ကငါ့ေႁခြေလးက ငါ့ကိုခ်စ္ေနၿပီး ငါကလည္းငါ ေႁခြေလးကိုခ်စ္ေနဖို႔ပဲ က်န္တာဘာမွမလိုဘူး"
သတၱိလည္း ခိုက္ဦးကို လက္ခလယ္ ေထာင္ျပလိုက္ၿပီး
"Fuck ပဲေဟ့ေဟ်ာင္ အဲ့ဒါကို လီ့မို႔လို႔ငါေမးတာကို ေစာက္တလြဲေတြေျဖေနတာလား ငါမွာေတာ့ေႁခြအစားတကယ္ခံစားလိုက္ရတာ ရင္ထဲေတာင္မေကာင္းဘူး"
ဟားးးဟားးး
"ဟဲ့ေဟ်ာင္ခိုက္ဦးရယ္မေနနဲ႕ ငါအတည္ေျပာေနတာကြ ေအာ္ခိုက္ဦး ငါ့မနက္ျဖန္ရန္ကုန္ျပန္လိုက္အုံးမယ္ကြ မင္းတို႔ေရာငါနဲ႕ တစ္ခါတည္းျပန္လိုက္ခဲ့ၾကမလား"
"ေဘာကို လိုက္ရမွာလား ဒီမွာငါ့အခ်စ္နဲ႕ေတာင္အခုမွခ်စ္ကာစကို ငါကဘာလို႔မင္းနဲ႕ျပန္လိုက္ရမွာလဲ ငါ့ခ်စ္သူရွိတဲ့ အရပ္မွာပဲေနမွာ"
(ေစာက္ပိုေတြ)
"ဘာ..."
"ေအာ္ ဘာမွမဟုတ္ဘူး ငါ့ဘာသာပဲ တေယာက္ထဲျပန္ေတာ့မယ္လို႔ေျပာတာ"
"သတၱိ မင္းေနာ္ မင္း သတိထားေနရင္ေကာင္းေတာ့မယ္ေနာ္ ငါ့လက္သီးစာ မစားရတာၾကာလို႔ လာစေနတာလား"
"ေဘာပဲ ဟဲ့ေဟ်ာင္ေရ မင္းလက္သီးစာလည္းစားမေနဘူး ငါဘာသာငါပဲ မနက္ျဖန္ျပန္ဖို႔ အထုပ္သြားထုပ္လိုက္ေတာ့မယ္"
"သြားသြားျမန္ျမန္ အာ႐ုံကိုေနာက္တယ္"
"သြားမွာ ေဖ့သားေလးေရ"
"ဘာ...သတၱိ.."
သတၱိလည္း သူငယ္ခ်င္းျဖစ္သူကို ေျပာၿပီးအျမန္ေျပး ထြက္လာလိုက္သည္။
*****
"ဟယ္ ေမေမေလး ဘယ္တုန္းကေရာက္ေနတာလဲ ေႁခြကို လွမ္းေခၚလိုက္တာမဟုတ္ဘူး"
"အခုပဲေရာက္တာသား ေႁခြရဲ႕ ဒါနဲ႕ေမရီတို႔ေကာ မေတြ႕ပါလား "
"ဟို သတၱိကဒီေန႕ျပန္တာဆိုေတာ့ ကားဂိတ္ကို သြားလိုက္ပို႔ေနတယ္"
"ေအာ္ ဒါဆို အိမ္မွာ ေႁခြတေယာက္ထဲေပါ့"
"မဟုတ္ဘူး ေမေမေလးရဲ႕ အမထႏွောင္းလည္းရွိတယ္ သူ႕အခန္းထဲမွာ ဘာလုပ္ေနလဲေတာ့မသိပါဘူး"
ထိုအခ်ိန္ အခန္းထဲမွ အမ်ိဳးသမီး တစ္ဦး ထြက္လာၿပီး
"ဘာမွ မလုပ္ပါဘူးေႁခြရဲ႕ ဒို႔လည္းပ်င္းလို႔ဒီအတိုင္းအခန္းထဲမွာထိုင္ေနတာ"
"ေအာ္ ပ်င္းရင္လည္း ေႁခြနဲ႕စကားလာေျပာတာမဟုတ္ဘူး"
"ဒို႔က ေျပာခ်င္ပါတယ္ ေႁခြကအားမွမအားေနတာ အားတဲ့အခ်ိန္လည္းခိုက္ဦးနဲ႕ပဲ တပူးပူးတတြဲတြဲေနေနၿပီးေတာ့"
ေႁခြလည္း ထႏွောင္းေမရဲ႕စကားေၾကာင့္ မ်က္ႏွာတခ်က္ပ်က္သြားၿပီး ျပန္ျပင္ကာ
"ေအာ္ေမေမေလးေႁခြ ဆီလာတယ္ဆိုေတာ့ ဘာကိစၥရွိလို႔လဲဟင္"
ထႏွောင္းလည္း သူ႕ေရွ႕က စကားလမ္းေၾကာင္း လြဲသြားတယ့္သူကို မဲ့ၿပဳံးတခ်က္ၿပဳံးလိုက္သည္။
ေမတၱာကေတာ့ သူေရွ႕ကႏွစ္ေယာက္ကို ၾကည့္ကာ အကဲခတ္ေနသည္။
"ေမေမေလး ေမေမေလး"
"ဟင္ ေႁခြဘာျဖစ္လို႔လဲ"
"ေမေမေလး ေႁခြဆီလာတာ ဘာကိစၥရွိလို႔လဲလို႔ေမးေနတာေလ"
"ေအာ္ဘာမွမဟုတ္ပါဘူး ကြယ္သားတို႔အဆင္ေျပလားလို႔လာၾကည့္တာ"
"ေအာ္..ေႁခြတို႔အဆင္ေျပပါတယ္ ေအာ္ဒါနဲ႕ေမေမေလး ေႁခြညေနက်ရင္ ဟိုဘက္႐ြာကိုပန္းစည္း ေတြသြားပို႔ထားလိုက္ေတာ့မယ္လို႔ ေမေမကိုေျပာေပးပါအုံး ေမေမ ေႁခြကိုမေန႕ကပို႔ခိုင္းေနတာ ေႁခြလည္းမအားတာနဲ႕ ဒီညေနမွပဲ သြားပို႔လိုက္ေတာ့မို႔ အဲ့ဒါေမေမေလးတခ်က္ေျပာေပးပါအုံးေနာ္"
"အင္းပါ ေမေမေလး ဝတီကိုေျပာေပးပါမယ္"
"ေအာ္သားရဲ႕ ဦးဧကရာဇ္တို႔ေတာင္ ေနာက္လေလာက္ ႐ြာကိုလာၾကမလိုတဲ့ ေမေမေလးကို ဖုန္းဆက္ေျပာတယ္"
"ေအာ္ ဟုတ္လားေကာင္းတာေပါ့ေမေမေလးရဲ႕ ေႁခြက ဦးကို ႐ြာကိုအလည္ ေခၚခ်င္ေနတာ"
"အင္းဟုတ္တယ္ သူတို႔လည္းေနာက္လေလာက္ အလႉလုပ္ခ်င္တယ္ဆိုတာနဲ႕ ေမေမေလးက႐ြာမွာလာလုပ္ဖို႔ေခၚလိုက္တာ ေမရီနဲ႕ခိုက္ဦးတို႔လည္း အဲ့က်မွျပန္ဖို႔ေတာင္ ေျပာလိုက္အုံးမယ္"
ေႁခြလည္း ေမေမေလးစကားေၾကာင့္ ေခါင္းေအာက္ငုံ႕လိုက္ၿပီး က်လဳဆဲမ်က္ရည္မ်ားကို မ်က္ေတာင္မ်ားပုတ္ခပ္ ပုတ္ခပ္ လုပ္ရင္းဖယ္ရွားပစ္လိုက္တယ္။
ထႏွောင္းကေတာ့ ေႁခြကိုၾကည့္လိုက္ၿပီး သက္ျပင္းခ်လိဳက္တယ္။
"ေအာ္ တီေလး ၿပီးရင္ေဆးေပးခန္းကို ျပန္မွာမလား"
"အင္းဟုတ္တယ္ေလ ထႏွောင္းရဲ႕ ဘာျဖစ္လို႔လဲ"
"ဟို ထႏွောင္းလည္း တီေလးနဲ႕ လိုက္ခဲ့မို႔ ေဆးေပးခန္းေဘးနားက ေဒစီပန္းခင္းႀကီးဆီသြားၾကည့္ခ်င္လို႔"
"အင္းလိုက္ခဲ့ေလ ထႏွောင္းရဲ႕ တီေလးလည္းသြားေတာ့မယ္ ဟိုမွာမေန႕ကမွအသစ္ေရာက္လာတဲ့ ဆရာဝန္ေလးပဲရွိတာဆိုေတာ့ တီေလးျပန္သြားရမွာ"
"ေႁခြသား အဲ့ဒါဆို ေမေမေလးနဲ႕ ထႏွောင္း ေဆးေပးခန္းကို သြားလိုက္ေတာ့မယ္ေနာ္"
"ဟုတ္ ေမေမေလး"
ေႁခြလည္း ေမေမေလးတို႔သြားတာနဲ႕ ၿခံထဲဘက္ဆင္းကာ ညေနပို႔မယ့္ ပန္းစည္းေတြကိုေအာက္ကေန ငွက္ေပ်ာ႐ြက္ခံကာ ႀကိဳးျဖင့္ ခ်ည္ေနလိုက္သည္။
ေဟ့..
အေမ့ ....
"ဟင္ ေမာင္ကလည္း လန့္သြားတာပဲ အသံမေပးဘာမေပးနဲ႕ "
"ဟုတ္လား ေမာင့္ေႁခြေလးလန့္သြားလား ေဆာရီးေနာ္ ေမာင္အာဘြားေပးေပးမယ့္ အလန့္ေျပသြားေအာင္"
မြ.မြ.မြ...ႁပြတ္စ္
ခိုက္ဦးလည္း ခ်စ္ရသူရဲ႕မ်က္ႏွာအစိတ္အပိုင္း ကိုအနမ္းေတြေပးၿပီး ႏႈတ္ခမ္းဖူးဖူးေလးမွာဂိတ္ဆုံးေစလိုက္သည္။
ႁပြတ္စ္..ႁပြတ္စ္...
"အလန့္ေျပ သြားၿပီလား အခ်စ္ကေလး"
"ေမာင့္."
"ေအာ္ မေျပေသးဘူးလား ေမာင္ဆက္နမ္းေပးမယ္ေနာ္"
"ေမာင္ ေတာ္ေတာ့လို႔ ေႁခြစိတ္ဆိုးလာၿပီေနာ္"
"ဟင္ အခ်စ္ကလည္း ေမာင္က ခ်စ္လို႔စတာကို"
ေႁခြလည္း ေမာင့္ကို မၾကည့္ေတာ့ပဲ ပန္းေတြကို ႀကိဳးနဲ႕ ဆက္ခ်ည္ေနလိုက္သည္။
ခိုက္ဦးလည္း သူေရွ႕က အခ်စ္ေလးရဲ႕ခါးကိုဖတ္လိုက္ၿပီး
"အခ်စ္ ေမာင္ကိုစိတ္ဆိုးသြားတာလား ေမာင္ကခ်စ္လို႔စတာေလ "
"ဖယ္ တေယာက္ေယာက္ျမင္သြားမယ္"
"ဘယ္သူမွမျမင္ပါဘူး ေမရီကလည္း ေဆးေပးခန္းမွာ မထႏွောင္းေမကိုေတြ႕လို႔ေနခဲ့တယ္ အခု ေႁခြေလး နဲ႕ေမာင္နဲ႕ ႏွစ္ေယာက္ပဲရွိတယ္"
.....
"ေႁခြ ဒီကိုလာ.."
ခိုက္ဦးလည္းေႁခြကို ႏွင္းဆီပန္းခင္းအလယ္ေခၚသြားလိုက္ၿပီး
"ဟင္ ေမာင္ ဒီခုံက ဘယ္လိုလုပ္ပန္းခင္းအလယ္ကို ေရာက္ေနတာလဲ"
ခိုက္ဦး လည္းေႁခြကိုၿပဳံးျပလိုက္ၿပီး ေႁခြပုခုံးေလးကို လက္ႏွင့္အသာ ဖိၿပီး ခုံေပၚမွာထိုင္ေစလိုက္သည္။
ၿပီးေနာက္သူလည္း ခုံရဲ႕ ေဘးမွာ ေထာင္ထားတဲ့ guitar ကို ယူလိုက္ၿပီး ေႁခြေဘးနားထိုင္လိုက္သည္။
"ဟင္ ေမာင္ ဒီ guitar က"
ခိုက္ဦးလည္း ေႁခြႏႈတ္ခမ္းေလးေပၚလက္ညိုးေလးတင္လိုက္ၿပီး
ရႉးးး
"ေမာင့္ ေႁခြေလးကိုစိတ္ဆိုးေျပေအာင္ သီခ်င္းနဲ႕ေခ်ာမလို႔ေလ"
"ဟင္ ေမာင္က သီခ်င္းဆိုတက္လို႔လား"
"ေႁခြက ေမာင္ကို အထင္ေသးတာေပါ့"
"မဟုတ္ပါဘူး ေႁခြက ဒီအတိုင္းေမးၾကည့္တာပါ ေမာင္ဆိုျပမယ္ဆို ဆိုေလ ေႁခြနားေထာင္မယ္"
"အဟမ့္.. ေကာင္းၿပီေလ ဒါဆိုေမာင္စဆိုၿပီေနာ္"
ခိုက္ဦးလည္း ေႁခြကိုၾကည့္ၿပီး ဂီတာကို စတီးကာ
ေအးစက္သြားတဲ့ ငါႏွလုံးသား....
မင္းနဲ႕ေတြ႕မွ နိုးလာတယ္...
ကြဲအက္သြားတဲ့ အသည္းဒဏ္ရာ
မင္းရဲ႕လက္နဲ႕ ေပ်ာက္ကုန္ၿပီ..
ေဟာင္းႏြမ္းခဲ့တယ္ အိမ္မက္မ်ား...
ေအးစက္ေမွးေမွာင္ ငါ့ညမ်ား...
အိမ္မက္သစ္ေတြ ေမြးဖြားလို႔
ရင္ကိုႏြေးေထြးသြား
အၾကင္နာညမ်ား
လင္းလက္သြား....
ေသြးေၾကာထဲမွာ လည္ပတ္ေန
မင္းေလးေပးတဲ့ အားအင္ေတြ...
ကိုယ့္ဘဝရဲ႕ အနက်အဓိပ္ပါယ်ဟာ
မင္းတစ္ေယာက္ထဲအတြက္ ျဖစ္လာတယ္..
(အိုး...ဝိုး...အိုး...)
ဘဝရဲ႕ ခရီးကို အတူေလွ်ာက္မယ္..
ဆင္းရဲခ်မ္းသာ မွ်ေဝမယ္...
အားေပးနားလည္ ခ်စ္သူရယ္...
ေသခ်ာတဲ့ အေျဖဟာ ကိုယ္နဲ႕မင္းနဲ႕မခြဲေတာ့ဘူး...
အရာရာပိုင္ဆိုင္သမွ်
အားလုံးမင္းအတြက္
စိတ္နဲ႕ ခႏၶာ အကုန္လုံးပဲ..
ယုံၾကည္နားလည္မႈ ရွင္သန္ေနမယ္ခ်စ္ျခင္းမ်ား...
ဒဏ္ရာေတြမရွိဘူး...
ကိုယ့္ရဲ႕ နံေဘးနား မင္းရွိေနရင္ ရင္ဆိုင္ရဲတယ္..
အႏၱရယ္ အားလုံး နင္းျဖတ္သြားမယ့္အခ်စ္စြမ္းအား....
အိုး...အခ်စ္....
ေႁခြလည္း ေမာင့္ပုခုံးေပၚ ေခါင္းေလးမွီရင္း ေမာင့္ပါးေလးကိုလွမ္းကာနမ္းလိုက္သည္။
ႏွင္းဆီပန္းခင္းႀကီး အလယ္မွာေတာ့ guitar တီးကာ ခ်စ္ရသူကိုၾကည့္ၿပီးသီခ်င္းဆိုျပေနတဲ့ေကာင္ေလးနဲ႕ ခ်စ္သူကိုမွီကာ မ်က္စိမွိတ္ၿပီး သီခ်င္းနားေထာင္ေနတဲ့ ေကာင္ေလးႏွစ္ေယာက္ရဲ႕ ပုံရိပ္ကို ေလေပၚမွာ ဝဲပ်ံေနတဲ့ ငွက္ေလးမ်ားပင္ၾကည့္ကာ အားက်ေနမိေလာက္သည္။
(ေႁခြယူသူေလးကို ဖတ္ေပးတဲ့ ဒါဒါတေယာက္ခ်င္းဆီတိုင္းကိုေက်းဇူးတင္ပါတယ္ရွင့္)