# Unicode #
" ဆရာက ဘာလို့ ငါ့ကို ခေါ်တာပါလိမ့်..ကျောင်းမတက်တာကြာသွားလို့လား.."
ဂျောင်ဂု အခန်းထဲမှာ တစ်ယောက်တည်း အတွေးတွေ ယောက်ယပ်ခတ်နေ၏။
ဒီမနက် သူ့ရဲ့ အတန်းပိုင်က မက်ဆေ့ခ်ျပို့ပြီး အရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး ချိန်းလာတာမို့ အံ့ဩမိသလို ဆော့ဂျင်တို့ကိုပါ အသိမပေးခိုင်းတာကြောင့်လည်း သံသယဝင်မိသည်။
" ငါသွားရမလား! သခင်ကြီးတို့ကို ပြောပြီးမှ သွားသင့်သလား.."
" ဘာဘဲ ဖြစ်ဖြစ် ပြောပြီးသွားတာက ကောင်းပါတယ်.."
သူ့ဘာသာ ဆုံးဖြဝာ်ချက်ချပြီး အဝတ်စားလဲကာ..အောက်ထပ်ဆင်းလာလိုက်၏။
" ဟင်..သခင်ကြီးရော! "
အောက်ထပ်ရောက်တော့ ဘယ်သူ့မှ မတွေ့သဖြင့် သူမေးလိုက်သည်။
" အဒေါ်ကြီး..သခင်ကြီးရော! "
" သခင်ကြီးနဲ့ သခင်လေးတို့က အလုပ်က ဖုန်းလာလို့ အရေးတကြီးထွက်သွားကြတယ်...သခင်လေး သူငယ်ချင်းတွေက သခင်လေး ဂျီမင် မိဘတွေ အက်ဆီးဒန့် ဖြစ်လို့ ဆေးရုံ သွားကြတယ် သခင်လေးက အခန်းထဲက မထွက်တာနဲ့ နေမကောင်းဘူး ထင်ပြီး မခေါ်ကြတာ.."
အိမ်တော်ထိန်းကြီး စကားကြောင့် ဂျောင်ဂု သက်ပြင်းချလိုက်သည်။
" အဲ့ဆို ကျွန်တော် အပြင်ခဏသွားအုံးမယ် ..သခင်ကြီးပြန်လာရင် ပြောပေးထားပေးပါ.."
" ဟုတ်ကဲ့ သခင်လေး.. bodyguards တွေပါ ထည့်ပေးလိုက်ပါ့မယ်.."
ဂျောင်ဂုလည်း နမ်ဂျွန်းက အခုရက်ပိုင်း အနေထိုင်ဆင်ခြင်ဖို့ ပြောထားတာမို့ သဘောတူလိုက်သည်။အပြင်သွားတာ bodyguards တွေသာ မပါကြည့်ပါလား ပြန်လာရင် သူအပြစ်ပေးခံရမှာ..
အိမ်တော်ထိန်းက ကားအပြင် bodyguards ငါးယောက်လောက် ထည့်ပေးတာမို့ အဆင်ပြေ၏။
စံအိမ်ထဲကနေ ဒရိုင်ဘာက ထွက်ခွာလိုက်တာနဲ့သူလည်း ဆရာ့ရဲ့ တိုက်ခန်းကိုသာ မောင်းခိုင်းလိုက်သည်။
~
~
~
တိုက်ခန်းရှေ့ရောက်တော့ bodyguards တွေကို အောက်မှာ နေစေပြီးသူတစ်ယောက်တည်းသာ တက်သွားလိုက်၏။
" တီးဝောာင်လ်!! "
တိုက်ခန်းက အချက်ပေးခလုတ်ကို နှိပ်လိုက်တော့ တံခါးဖွင့်လာတဲ့သူ..
" ဟင်! ဆရာလည်း မဟုတ်ဘူး!! "
တံခါးဝမှာ တွေ့တဲ့လူကြောင့် ဂျောင်ဂု နှုတ်ကနေ ထွက်သွားသည်။
ထိုလူ့ရဲ့ မျက်လုံးတွေကနီရဲကာ စူးရှပြီး အသားရည်မှာ ဖြူဖတ်ဖတ်ဖြစ်နေတာကြောင့် ခံစားချက်မကောင်းပေ။
" ဪ..မင်းဆရာဆီလာတာလား..လာအထဲဝင်..သူက အပြင်မှာ မုန့်သွားဝယ်တယ် မင်းလာရင် စားလို့ရအောင်တဲ့.."
ထိုလူက ပြောလာတာကြောင့် သူလည်း အထဲဝင်လိုက်သည်။
" လာ! ထိုင်! ကိုယ် အအေးသွားယူပေးမယ်.."
ဧည့်ခန်းထဲမှာ ထိုင်ခိုင်းပြီး ပြောလာတာကြောင့် သူလည်း ခေါင်းငြိမ့်ပြပြီး သူထိုင်လိုက်သည။ထိုလူထွက်သွားတာနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ဆရာက တခြားနေရာတွေမှာ ခေါ်ပြီး စကားပြောဖူးပေမဲ့ အခုလို တိုက်ခန်းကိုတော့ တစ်ခါမှ မခေါ်ဖူးပေ...
ခနကြာတော့..လိမ္မော်ဖျော်ရည်ခွက်နဲ့ ထွက်လာတဲ့ ထိုလူ..
" သောက်လေ! ကဆလး..မင်းဆရာက ကြာအုံးမယ်ထင်တယ်.."
" ဟုတ်! ဒါနဲ့ အစ်ကိုက! "
ဂျောင်ဂုက ထိုလူ ကမ်းပေးတဲ့ ဖျော်ရည်ခွက်ကို ယူလိုက်ပြီး မေးလိုက်၏။
" ကိုယ်က သူ့ရဲ့ ညီပါ သူ့ဆီခန လာလည်တာ.."
" ဟုတ်! "
ဂျောင်ဂုလည်း ပြောပြီးတာနဲ့ ခေါင်းငြိမ့်ပြီး ဖျော်ရည်သောက်လိုက်သည်။တစ်ဖက်ကလူက ဖျော်ရည်သောက်တာကို ကြည့်ပြီး မဲ့ပြုံးပြုံးနေတာကိုတော့ ဂျောင်ဂု မမြင်လိုက်ပေ။
ဖျော်ရည်သောက်ပြီး ဝေဝါးတဲ့ လာတဲ့ အာရုံနဲ့ အတူ ရှေ့က လူကို ကြည့်လိုက်တော့ နှုတ်ခမ်းတွန့်ရုံပြုံးကာ သူ့ဆီကို တည့်တည့်မတ်မတ်လျှောက်လာတာကို ဝေဝေဝါးဝါးမြင်ရ၏။အားပြုပြီး မတ်ဝာပ်ရပ်လိုက်ပေမဲ့ သူလဲကျသွားပြီး သူ့ကမ္ဘာက မှောက်မိုက်သွားသည်။
~
~
~
သူအကွက် ချထားတဲ့ အတိုင်း ဖြစ်လာတာမို့ အကျေနပ်ကြီး ကျေနပ်မိ၏။တံခါး ဘဲလ်တီးသံကြားလို့ ထဖွင့်ပေးတော့ သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အထူးအဆန်းကြည့်နေတဲ့ ဧကရီ့ကြောင့် သတ်ရမှာတောင် နှမြောမိသည်။
အထဲကို ဝင်ခိုင်းပြီး ထိုင်ခိုင်းလိုက်တော့ သူ့ရဲ့ ဆရာကို မေးလာတာကြောင့် ရိုင်လီ့မှာ ယုံအောင် ပြောရသေး၏။စကားဖြတ်ပြီး ဖျော်ရည်ဖျော်ဖို့ ထွက်လာကာ..အသင့်ပြင်ထားတဲ့ အိပ်ဆေးကို ခပ်လိုက်သည်။ပမာဏနည်းပေမဲ့ ညရောက်တဲ့ အထိ အိပ်ပျော်နိုင်၏။
သူရဲ့ လုပ်ငန်းကလည်း ညမှာ စမှာ မလို့ အနေဝောာ်ပင်...
လဲပြိုကျသွားတဲ့ ကိုယ်လုံးလေးကို ကြမ်းပြင်ပေါ်မကျအောင် ဖမ်းထားလိုက်ပြီး မျက်နှာကို mask တပ်ကာ အပေါ်ကနေ သူ့ရဲ့ ကုတ်အင်္ကျီ အမဲကို ဝတ်ပေးလိုက်သည်။ပြီးတော့ သူက နေရောင်ထိမရတာမို့ တစ်ကိုယ်လုံး လုံအောင် အဝတ်စားတွေ ပြင်ဝတ်လိုက်၏။
အားလုံး ပြင်ဆင်ပြီးမှ ဧကရီ့ကို ပွေ့ချီကာ တိုက်ခန်းထဲက ထွက်လိုက်သည်။
အပြင်မှာ ဧကရီ ခေါ်လာတဲ့ သက်တော်စောင့်တွေ ရှိနေတာမို့ တိုက်နောက်ဘက်ကနေ ထွက်ကာ အသင့်ပြင်ထားတဲ့ ကားထဲ ထည့်ပြီး မြို့ပြင်က တောအုပ်ကို မောင်းသွားလိုက်၏။
ဒီနေ့ညက လမိုက်ညမို့ သူ့ရဲ့ ဂိုဏ်းသားတွေ ဝံပုလွေနက် မျိူးနွယ်အဖြစ် ပြောင်းလဲလာမည်။လမိုက်ညရဲ့ အမှောင်ထုကြောင့် မိစ္စာတွေ အင်အားကောင်းသည့်နေ့ဖြစ်သဖြင့် ကံတရားက ဒီတစ်ကြိမ်တော့ သူ့ဘက်မှာပင်..
~
~
~
" သခင်ကြီး..ပစ္စည်းတွေက သူ့နေရာနဲ့ သူပါဘဲ..ဘာမှ မဖြစ်ပါဘူး.."
သူတို့ မနက်က ဒီနေ့ညကိစ္စတိုင်ပင်နေတုန်း ဘိန်းဖြူတွေ သိုလှောင်ရုံမှာ ပစ္စည်းတွေ အခိုးခံရတယ်လို့ သတင်းပေးလာသဖြင့် အကုန်လုံးထွက်လာခဲ့တာပင်..
ဘယ်ဂိုဏ်းက သူတို့ရဲ့ ပင်မ သိုလှောင်ရုံကို ဖောက်ထွင်းရဲတာလဲဆိုတာ သိပ်ကို သိချင်မိ၏။အဲ့ကြောင့် စံအိမ်ကို သက်တော်စောင့်အပြည့်ထားခဲ့ပြီး ထိုဂိုဏ်းကို ဖြိုခွင်းဖို့ ထွက်လာတာပင်..
အခိုးခံရတဲ့ သိုလှောင်ရုံက ရိုးရိုးသိုလှောင်ရုံမဟုတ်ဘဲ ဂိုဏ်းနဲ့ပတ်သတ်တဲ့ အရေးကြီး ပစ္စည်းတွေပါ သိမ်းဆည်းထားရာ နေရာဖြစ်တာမို့ အကုန်ထွက်လာတာပင်...
ဒီရောက်တော့ သိုလှောင်ရုံ ကြီးကြပ်ရေးမှုး ပြောလိုက်တဲ့ စကားကြောင့် အားလုံး လျှော့ရသွား၏။
" တောက်စ်! မညာနဲ့ မင်းတို့ ကိုယ်တိုင် ဖုန်းဆက်လာတာ! ပြော! ဘာကိစ္စ ညာရတာလဲ!! "
ထယ်ယောင်းက ဒေါသတကြီးနဲ့ ကြီးကြပ်ရေးမှုးကို လည်ပင်း အင်္ကျီစကို ကိုင်ပြီး မြောက်လိုက်တာကြောင့် ထိုလူမှာ မြေမြင်နဲ့ တစ်မိုက်လောက်ကွာပြီး ယက်ကန်ယက်ကန်နဲ့ ထယ်ယောင်းဆီပါလာသည်။
" မညာ! အင့်! မညာပါဘူး..သ..သခင်ကြီး..ကျွန်တော် ဖုန်းမဆက်ရပါဘူး.."
" ခွပ်! "
ထယ်ယောင်းက ထိုလူ့ကို တစ်ချက်ထိုးလိုက်တော့ ပါးစပ်ကနေ သွေးတွေထွက်လာ၏။
" နမ်ဂျွန်း မနက်က ဆက်တဲ့ ဖုန်းနံပါတ်ကို ပြန်ခေါ်..ပြီးတော့ ဘယ်သူဆက်တာလဲ သိအောင်လုပ်..တရားမဝင်ကဒ်တွေ ဘာတွေ မသိချင်ဘူး! ယွန်ဂီနဲ့ အတူ ရအောင်စုံစမ်း.."
ထယ်ယောင်းပြောဝောာ့ နမ်ဂျွန်းတို့လည်း အမြန်ပင် ဖုန်းနံပါတ်ကို ခြေရာခံရသည်။
" ရပြီ သခင်ကြီး..တရားမဝင်နံပါတ်ပေမဲ့ ဖုန်းဆက်သူက ဒီထဲမှာရှိတယ်..သူ့ရဲ့ကဒ်ကို ခြေရာမခံနိုင်ဘူးထင်ပြီး လွှင့်မပစ်ရသေးဘူး! "
ယွန်ဂီက ပြောတော့ ဂိုဏ်းသားတွေ တုန်လှုပ်သွားကြ၏။
" ဘယ်သူလဲ! "
အေးစက်စက်နဲ့ တစ်ခွန်းတည်းထွက်လာတဲ့ ထယ်ယောင်းရဲ့ အသံက သေမင်းတမန်လိုပင်..ကြောက်စရာကောင်းလှ၏။
" ယွန်ဂီနဲ့ နမ်ဂျွန်းက အထိုးခံရပြီး ပြန်ထလာတဲ့ ကြီးကြပ်ရေးမှုးရဲ့ နောက်ကို စိုက်ကြည့်နေတာကို မြင်တဲ့ ထယ်ယောင်းနဲ့ ဟိုဆော့က တစ်ခုခုကို သဘောပေါက်သွားသဖြင့် Devil ဆန်ဆန် ပြုံးလိုက်မိသည်။
ထယ်ယောင်းရဲ့ အကြည့်တွေရဲ့ လားရာကို မသိတဲ့ ကြီးကြပ်ရေးမှုးကာနေရာမှာတင် ကြက်သေသေကာ အပေါ့တွေ ထွက်ကျနေ၏။
သခင်ကြီးရဲ့ လက်သီးတစ်ချက်ကြောင့် သွားနှစ်ချောင်းကျွတ်သွားသဖြင့် သူကြောက်နေမိသည်။သခင်ကြီးက သူ့ကို သတ်တော့မည့် အရိပ်ယောင်တွေနဲ့ စိုက်ကြည့်နေတာမို့ နေရာမှာတင်ဘယ်မှ မသွားနိူင်အောင် ခြေထောက်တွေက လေးလံနေပြီး အပေါ့တွေ ထွက်ကျမိမှန်းတောင်မသိပေ။
ထိုအချိန် သခင်ကြီးက လက်ရွယ်လိုက်တာမို့ မျက်လုံးစုံမှိတ်ကာအသံကျယ်ကြီးနဲ့ ဒူးထောက်တောင်းပန်လိုက်၏။
" အားးး သခင်ကြီး ကြောက်ပါပြီ!ကျွန်တော်မလုပ်..မလုပ်ပါဘူး! "
" ခွပ်! ခွပ်! ခွပ်! "
သူတောင်းပန်နေသော်လည်း ထိုးသံတွေသာ ကြားရပြီး သူ့အသားမနာတာမို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ရဲ့လက်ထောက်ကို ထိုးကြိတ်နေတဲ့ သခင်ကြီး ..
လက်ထောက်မှာ သွေးအလိမ်းလိမ်းထွက်နေပြီး လူရုပ်တောင်မပေါ်တော့ပေ...
" ထယ်ယောင်း..တော်တော့ သူသေသွားရင် မေးစရာမရှိဖြစ်နေမယ်.."
ထယ်ယောင်းရဲ့ လက်စကို သိတာမို့ ဟိုဆော့က တားလိုက်ရ၏။အခုတောင် သုံးချက်ဘဲ ထိုးရသေးတယ် သွေးအလိမ်းလိမ်းဖြစ်နေပြီ..
" ပြော! ဘာရည်ရွယ်ချက်နဲ့ ငါတို့ကို လိမ်ခေါ်ရတာလဲ! "
ထယ်ယောင်းမေးတာကို ပေကပ်ကပ်နေတဲ့ လူကြောင့် ဒေါသစိတ်က အထွတ်ထိပ်ကို ရောက်လာသည်။
" ခွေးကောင်! မင်းကို သခင်ကြီးမေးနေတယ်လေ! ဆောက်ပါးစပ်က အနေတာလား.. ခွပ်! "
ဂျီမင်ကလွဲပြီး တော်ရုံစိတ်မရှည်တတ်တဲ့ ယွန်ဂီက ထိုလူ့ကို ဝင်ထိုးလိုက်၏။
" ပြော! အခု! "
ယွန်ဂီ ကိုယ်တိုင် ကိုင်တွယ်နေပြီမို့ သူတို့က ဘေးကနေငာ ရပ်ကြည့်နေလိုက်၏။ဂိုဏ်းထဲမှာ သခင်ကြီးပြီးရင် ယွန်ဂီက သွေးအေးပြီး ရက်စက်ဆုံးပင်..
" ဘာအကြောင့်ကြောင့်လို့ထင်လဲ! "
အထိုးခံထားရတာတောင် အမှတ်မရှိဘဲ ခပ်မာမာ မျက်နှာထားနဲ့ ပြောလာတဲ့ ထိူလူ့ရဲ့ စကားကြောင့် သူတို့ တစ်ခုခုကို သဘောပေါက်သွား၏။ထိုလူက ရိုင်လီ့ရဲ့ ညို့ခြင်းကို ခံထားကတာမို့ ဘယ်လောက်မေးမေး ပြောမယ် မဟုတ်
" baby! "
" ဂျောင်ဂု! ! "
" ဂျွန်လေး! "
ရိပ်မိသွားပြီမို့ စိုးရိမ်စိတ်က မြင့်တက်လာ၏။ဒီနေ့က လမိုက်ညဆိုတာကို သိရဲ့သားနဲ့ သတိလက်လွတ်ဖြစ်သွားတဲ့ သူတို့အမှားပင်!
" တောက်စ်! ခွေးမသား! မင်းသေစမ်း!! "
" ခွပ်! ခွပ်! ခွပ်! "
" အာ့! "
" တောက်စ်! မင်းလိုကောင်မျိုးက သေတာထက်ဆိုးတာမျိုးကြုံရမှာ!! "
" ကြီးကြပ်သူ!! "
" ဗျာ! ဗျာ! "
ထယ်ယောင်းခေါ်လိုက်တော့ ဘေးကနေရပ်ကြည့်နေတဲ့ ကြီးကြပ်သူက အလန့်တကြားထူးလာ၏။
" သူ့ကို ဂိုဏ်းရဲ့ နှိပ်စက်နည်းအကုန်နဲ့ မသေမချင်းနှိပ်စက်! အသက်မရှင်ချင်လောက်အောင်လုပ်! မဟုတ်ရင် ခင်ဗျားပါ သူ့လမ်း လိုက်ရမယ်!! "
ထယ်ယောင်း စကားအဆုံး ခေါင်းအတွင်တွင်ငြိမ့်လာတဲ့ ကြီးကြပ်သူ..
" ဟုတ်..ဟုတ်ကဲ့ သခင်ကြီး! စိတ်ချပါ! "
" လာ! သွားကြမယ်..စံအိမ်ကို!! "
ထယ်ယောင်း နဲ့ အတူ သူတို့ ခပ်သွက်သွက်ဘဲ ကားပေါ်တက်ပြီ စံအိမ်ကို အမြန်မောင်းရ၏။
~
~
~
" နမ်ဂျွန်း စံအိမ်ကို ဖုန်းဆက်!! "
ယွန်ဂီက ကားမောင်းနေတာမို့ နမ်ဂျွန်းကို ဖုန်းဆက်ခိုင်းလိုက်ရသည်။
ဟိုဆော့ကလည်း သူ့ရဲ့ ဇီဇဝါငယ်ကို ဖုန်းခေါ်နေသလို..ထယ်ယောင်းကလည်း ဂျောင်ဂုကို ဖုန်းဆက်ကြည့်နေ၏။
" လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ~ "
" ကျစ်! ဆောက် မိန်းမ အသံသေးအသံကြောင်နဲ့ လာအော်နေတယ်!
တောက်စ်! ယွန်ဂီ နောက်နေ့ အဲ့မိန်းမကို အလုပ်ပြုတ်အောင်လုပ်လိုက်! "
ဂျောင်ဂုဆီ ဖုန်းခေါ်တာ မကိုင်ဘဲ အော်ပရေတာက မိန်းမက ပြောသဖြင့် ထယ်ယောင်း ဒေါသထွက်ပြီး ဆဲလိုက်၏။
" နမ်ဂျွန်း! စံအိမ် အခြေနေ!! "
" ဟို! ဂျွန်လေးက သူ့ကျောင်းက ဆရာခေါ်လို့ သွားတယ်လို့ ပြောတယ်..ကားနဲ့ ကိုယ်ရံတော်တွေ ထည့်ပေးလိုက်တယ်လို့ပြောပါတယ်.."
" မကောင်းတော့ဘူး ငယ်ဆီက အကြောင်းကြားရတာ ငါတို့တော့ အလိမ်ခံရပြီ.."
ဟိူဆော့ စကားကြောင့် အားလုံး ထိတ်လန့်သွား၏။
" ဘာဖြစ်လို့လဲ အစ်ကို ဟိုဆော့! "
" ငယ်ပြောတယ်..ငါတို့ ထွက်သွားပြီး မကြာခင်မှာ ဂျီမင် မိဘတွေ ဆေးရုံတက်ရတယ်ဆိုပြီး ဖုန်းလာလို့ ဂျောင်ဂုကို အိမ်မှာ ထားခဲ့ပြီး သူတို့သုံးယောက်ဘဲ သွားတာ..ဟိုရောက်တော့ တကယ်မဟုတ်ဘဲ ဖုန်းလိမ်ခေါ်တာဖြစ်နေတယ်..ဂျီမင် မိဘတွေက သူ့အလုပ်မှာ အစည်းဝေးရှိလို့ မအားကြဘူး.."
" ဟင်! ဒါဆို! ဂျောင်ဂု!! "
နမ်ဂျွန်းနဲ့ ယွန်ဂီက တပြိုင်တည်း အသံထွက်လာ၏။
" တောက်စ်! စံအိမ်ကို မြန်မြန်မောင်း ယွန်ဂီ! fu*k ! မလို့ ကြာနေတာလား! "
ယွန်ဂီလည်း သခင်ကြီး ဒေါသကို သိနေတာကြောင့် စံအိမ်ကို အမြန်မောင်းနေရ၏။တစ်ကားလုံး သစ်မွှေးရနံ့တွေနဲ့ ပြည့်နေတာမို့ သခင်ကြီး ဒေါသအတော်ထွက်နေမှန်းသိသာလှ၏။
" ကျွီ~! "
" ဘုန်း! ဘုန်း! "
" အကုန်ထွက်လာကြ! အကုန်လုံး!! "
စံအိမ်ရောက်ရောက်ချင်း ကားတံခါးကို အသံမြည်အောင် ဆောင့်ပိတ်ပြီး အယ်လ်ဖာ tone သုံးကာ အော်လိုက်တာမို့ သာမန်အယ်လ်ဖာတွေဆို ဒူးတွေတုန်ယင်နေကြပြီး..ဘီတာတွေတောင် မူးမိုက်ကုန်၏။
စံအိမ်သခင်ရဲ့ ဒေါသကို သိတဲ့သူတွေမို့ အမြန်ဆုံး အရှေ့ကို ရောက်လာကြပြီး..ခေါင်းငုံ့ထားကြသည်။
" ကဲ! ပြော! baby..သွားတာ ဘယ်လောက်ကြာပြီလဲ!! "
" ဟို..နှစ်...နှစ်နာရီ နီးပါး ရှိပါပြီ..သခင်ကြီး "
အိမ်တော်ထိန်းက ထစ်ထစ် အအနဲ့ ပြန်ဖြေလာသည်။
" ယွန်ဂီ! မင်းရဲ့ လူတွေ baby နောက်ပါသွားတယ်မလား..ဖုန်းဆက်မေး! "
ယွန်ဂီလည်း ချက်ချင်းပင် S-1 အဖွဲ့ကို ဆက်သွယ်လိုက်၏။
" မင်းတို့ သခင်လေးရော! "
"......... "
" ကျစ်! အဲ့တိုက်ခန်းကို ဖောက်ဝင်! အခုချက်ချင်း..."
"..............."
" ဘာ! အခု! ချက်ချင်း မင်းတို့ ပြန်လာခဲ့! "
ယွန်ဂီလည်း သူ့အဖွဲ့ကို အမိန့်ပေးပြီးတာနဲ့ ဖုန်းချလိုက်သည်။
" သခင်ကြီး! ဂျောင်ဂု! ပျောက်သွားတယ်! "
" ဘာ! မင်း ဘာစောက် စကားပြောတာလဲ!! "
ထယ်ယောင်းက ယွန်ဂီရဲ့ ကော်လံစကို ဆွဲပြီး ပြောတော့ ဟိူဆော့တို့ ဝင်တားဖို့ပြင်လိုက်သည်။
" လွှတ်! လွှတ်! အခုလွှတ်! ခင်ဗျား..ကျွန်တော့် ဦးကို ! "
"
ဟိုဆော့တို့ ပါးစပ်ဟရုံရှိသေး ပြန်ရောက်လာတဲ့ ဂျီမင်က မြင်ပြီး ကားပေါ်ကနေ အတင်းပြေးဆင်းကာ ထယ်ယောင်းကို ရန်တွေ့နေ၏။
ထယ်ယောင်းလည်း ဂျီမင် က ရန်လာတွေ့တာမို့ လွှတ်ပေးလိုက်သည်။အမှန်တိုင်းပြောရရင် သူက ယွန်ဂီနဲ့ နမ်ဂျွန်းတို့ အပေါ်မှာ တစ်ခါမှ လက်မပါဘူးပေမဲ့ အခုတော့ baby ကို စိုးရိမ်စိတ်ကြောင့် လက်ပါမလိုဖြစ်သွားတာပင်.
" ဟွန့်! ကင်မ်ထယ်ယောင်း ရှီးး စကားကို အေးဆေးပြောလေ! လက်ပါစရာလိုလို့လား....ခင်ဗျားနော်..ကျွန်တော်က ကိုယ့်ကို ထိရင် သည်းခံပေမဲ့ ဦးကိုထိရင် အသက်ကို နှုတ်ပလိုက်မယ်..မင်ဂျီမင် နော် တစ်မင်ဘဲ ရှိတယ်.."
ဂျီမင်က လက်သီးလက်မောင်းတန်းပြီးရန်တွေ့နေတာမို့ သူတို့မှာ ငြိမ်ပြီးကြည့်နေရ၏။
" အသေးလေး..! သခင်ကြီးကို အဲ့လို မပြောကဘူး..အခုက ဂျောင်ဂူ ပျောက်သွားလို့ အဲ့တာကလည်း ကိုယ့်လူတွေညံ့လို့ဖြစ်တာ..အဲ့တော့ ကိုယ့်မှာ တာဝန် အပြည့်ရှိတယ်.."
ဂျောင်ဂု ပျောက်တဲ့ ကိစ္စ သူတို့ မသိသေးတာကြောင့် ဘာပြောရမှန်းမသိဖြစ်သွား၏။မနက်ကလည်း မေမေတို့ အက်ဆီးဒန့်ဖြစ်လို့ဆေးရုံတက်ရတယ်ဆိုပြီး ဖုန်းဆက်လာတာနဲ့ သူတို့ သုံးယောက် အပြေးသွားတာပင်..ဂျောင်ဂုကတော့ အပြင်သွားရင် အန္တရာယ်များတာမို့ သူတို့ မခေါ်ဘဲ ထားခဲ့တာ..အခုတော့ ဂျောင်ဂုက ကြားထဲမှာ ပျောက်သွား၏။
" ဟင်! ဘယ်လိုဖြစ်ပြီး ပျောက်သွားတာတုန်း! "
" ဟို! သူ့ကျောင်းက ဆရာ ဖုန်းဆက်ခေါ်လို့ သွားမယ်ဆိုပြီး ထွက်သွားတာ သခင်လေး ဂျီမင်.."
" ဟင်! ဆရာက လန်ဒန်ကို ပညာတော်သင်သွားတာလေ! "
ဆော့ဂျင်က ပြောတော့ အားလုံးမျက်လုံးပြူးသွားသည်။
" တကယ်လား ဆော့ဂျင်.."
" ဟုတ်တယ် ဂွန်းဟူ..တနေ့က ဆရာက သူ့ဖုန်းအသစ်နဲ့ ပြောတာ..ဟိုကို အသွားခင်ဖုန်းပျောက်သွားလို့ အသစ်ဝယ်ပြီးမှ ပြောတာတဲ့! "
" အဲ့ဆို... ဂျောင်ဂုကို ချိန်းတာ ဘယ်သူတုန်း! "
" ခေါင်းဆောင်! ကျွန်တော်တို့ရောက်ပါပြီ.."
သူတို့ စကားပြောနေစဉ်ရောက်လာတဲ့ S-1 အဖွဲ့!
" အခြေနေ! "
ထယ်ယောင်းကမေးတော့ ခေါင်းငုံ့သွားကြတဲ့ လူတွေ..
" သခင်လေးက အောက်မှာ နေခဲ့ဖို့ မှာတာနဲ့ ကျွန်တော်တို့လည်း နေခဲ့တာ.အခု ခေါင်းဆောင်ဆီက ဖုန်းရတော့ တိုက်ခန်းထဲ ရှာကြည့်တာ သောက်လက်စ ဖျော်ရည်ခွက်နဲ့ သခင်လေးရဲ့ ဖုန်းဘဲတွေ့ပါတယ်..ပြီးတော့ ဖျော်ရည်ထဲမှာ အိပ်ဆေးထည့်ထားတယ်လို့ ခန့်မှန်းရပါတယ် သခင်ကြီး! "
S-1 ခေါင်းဆောင် စကားအဆုံး သူတို့ အရာအားလုံးကို ဆက်စပ်နားလည်လိုက်၏။
" တောက်စ်! ငါတို့အားလုံးကို အာရုံလွှဲပြီး baby..ကို ဖမ်းသွားတာ! "
" ဟုတ်တယ်သခင်ကြီး ဒီနေ့က မှော်ကျောက်ကို ထုတ်ယူရင် အမှောင်စွမ်းအင်တွေ မှော်ကျောက်မှာ ပါလာမှာ..အဲ့တာက အရမ်းအစွမ်းထက်ပြီး အကုန်လုံးအတွက် အန္တရာယ်များတယ်.."
" အခုချက်ချင်း သူတို့ရဲ့ တည်နေရာကို သိချင်တယ် ..ယွန်ဂီ မင်းရဲ့ လူတွေနဲ့ ချိတ်ဆက်ပြီး သူတို့ တည်နေရာရှာ! နမ်ဂျွန်း နဲ့ အစ်ကို ဟိုဆော့က လက်နက်ပိုင်းတွေကို သေချာစီစစ်! အကောင်းဆုံး လက်နက်တွေကို ထုတ်သုံး..."
" ဆော့ဂျင်တို့က ဂိုဏ်းသားတွေကို တိုက်ခိုက်ဖို့အတွက် အကြောင်းကြားပေး! ပြီးတော့ ညမမှောင်ခင် တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ! "
ထယ်ယောင်း စကားအဆုံး အားလုံး အရိုအသေပေးကာ..ထွက်သွားကြ၏။
~
~
~
Good night ပါသဲငယ်လေးတို့😘💜💜💜💜💜💜💜
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜
______________________________________
# Zawgyi #
သူ့ဘာသာ ဆုံးဖြဝ်ာချက်ချပြီး အဝတ်စားလဲကာ..အောက်ထပ်ဆင်းလာလိုက်၏။
" ဟင်..သခင်ကြီးရော! "
~
~
~
" တီးဝောာင်လ်!! "
" ဟင်! ဆရာလည်း မဟုတ်ဘူး!! "
" ဟုတ်! ဒါနဲ့ အစ်ကိုက! "
" ဟုတ်! "
~
~
~
~
~
~
" ခွပ်! "
" ဘယ်သူလဲ! "
" ခွပ်! ခွပ်! ခွပ်! "
" ပြော! အခု! "
" baby! "
" ဂျောင်ဂု! ! "
" ဂျွန်လေး! "
" ခွပ်! ခွပ်! ခွပ်! "
" အာ့! "
" ကြီးကြပ်သူ!! "
" ဗျာ! ဗျာ! "
~
~
~
ဟိုဆော့ စကားကြောင့် အားလုံး ထိတ်လန့်သွား၏။
" ဟင်! ဒါဆို! ဂျောင်ဂု!! "
" ကျွီ~! "
" ဘုန်း! ဘုန်း! "
" မင်းတို့ သခင်လေးရော! "
"......... "
"..............."
ထယ်ယောင်းက ယွန်ဂီရဲ့ ကော်လံစကို ဆွဲပြီး ပြောတော့ ဟိုဆော့တို့ ဝင်တားဖို့ပြင်လိုက်သည်။
"
" တကယ်လား ဆော့ဂျင်.."
" အခြေနေ! "
~
~
~
I PURPLE YOUR 💜