Starting From Deliveryใ€‹JkVใ€‹{O...

By XavierKim57

1.7K 25 6

Unicode(only)๐ŸŽ J ๐Ÿ’œ V #taekookfic #kookvfic #Myanmar โ™กstart date 19.3.2024 โ™กend date ********* แ€ค fiction แ€แ€แ€ฏ... More

๐Ÿฐ1๐Ÿฐ
๐Ÿฐ2๐Ÿฐ
๐Ÿฐ3๐Ÿฐ
๐Ÿฐ5๐Ÿฐ
๐Ÿฐ6๐Ÿฐ

๐Ÿฐ4๐Ÿฐ

291 5 1
By XavierKim57

Unicode
.
.
.
.
.
ထုံစံအတိုင်း ဒီနေ့လည်း ထယ်ယောင်းအလုပ်သွားရပေဦးမည်။ဘတ်စ်ကားမှတ်တိုင်မှာ ကားအလာကို ထိုင်စောင့်နေတုန်း ရုတ်တရက် မိုးကရွာချလာလေသည်။

"ဟ...ဒီလိုရုတ်တရက်ကြီးရွာတော့ ဘယ်လိုလုပ်မလဲ...ထီးလည်းယူမလာမိဘူး"

ခနနေ ကားရောက်လာတာတော့ သူလည်း ကားပေါ်ပြေးတက်သွားလိုက်၏။ဒီနေ့ကျမှ ကားထဲမှာ လူတွေ ပြွတ်သိပ့်နေတာကြောင့် ထယ်ယောင်းက အထဲကို တိုးဝင်နေတုန်း ကားက ရုတ်တရက် မောင်းထွက်သွားတာကြောင့် ဘာမှမကိုင်ရသေးသည့် အခြေနေမို့ လူက ရှေ့ကို ယိမ်းကျသွားတော့ လှဲပြီးထင်ပေမဲ့ သူ့ကို ဖမ်းဆွဲလာသည့်လက်တဖက်ကြောင့် ကိုယ်ကို ပြန်ထိန်းနိုင်ခဲ့သည်။
ဆွဲထိန်းပေးတဲ့သူကို ပြုံးပြကာ ကျေးဇူးတင်စကားဆိုလိုက်၏။

"ကျေးဇူးပါ"

"ရပါတယ်"

ဒီလိုနဲ့ ကျပ်ပြည့်သိပ့်နေသည့် ကားကို စီးလာရင်း ဆင်းရမဲ့ မှတ်တိုင်ရောက်တော့ သူလည်း အမြန်ဆင်းသွားလေသည်။သို့သော် ထီးမပါတာကြောင့် မှတ်တိုင်အမိုးအောက်မှာ မိုးခိုနေရင်း တယောက်ထဲ ငြီးငြူနေမိသည်။

"သောက်မိုး...အချိန်အခါမဟုတ် ရွာစရာလား...ကြေငြာထားတာဖြင့် ဒီနေ့မိုးမရွာဘူးဆို...ငါလည်း ဒီနေ့မှ ထီးကိုမေ့ရတယ်လို့..."

​ဂျောင်ဂုတ​ယောက် ထယ်​ယောင်းကားထဲ တက်လာထဲက ​တွေ့သည်။ဒါမဲ့ ဟို​ကောင်​လေးက​တော့ သူ့ကိုသိပုံမရ။ရုတ်တရက် ကား​မောင်းထွက်လိုက်တာ​ကြောင့် ​အရှိန်နဲ့မို့ ထယ်​ယောင်းက ယိုင်ကျသွား​တော့ လဲမှာစိုးလို့ သူလှမ်းဆွဲ​ပေးထားလိုက်​သေးသည်။တ​နေ့ကလည်း လမ်းကြားထဲမှာ သူ့ဆိုင်ကယ်နဲ့ တိုက်မိ​သေးသည်မလား။အစက သိပ့်မမှတ်မိ​ပေမဲ့ စကား​ပြောသံ​ကြောင့် သိသွားတာ။သူ့အသံက သြသြ​လေးနဲ့မို့ နဲနဲ​တော့ ထူးခြားသည်​လေ။

ပြီး​တော့ကိတ်မုန့်ဆိုင်မှာ ​တွေ့ခဲ့တဲ့ ​ကောင်​လေးနဲ့ စတိုးဆိုင်မှာ မုန့်လာဝယ်သည့် ​ကောင်​လေးက တ​ယောက်ထဲဆိုတာသိလိုက်ရသည်။ ​နောက် သူ delivery သွားပို့တုန်းကလည်း တခါ​တွေ့ဖူး​သေးသည်။အခုလည်း ကားထဲမှာ ထပ်​တွေ့ပြန်သည်။
တိုက်တိုက်ဆိုင်ဆိုင် ဒီရက်ပိုင်း​လေးအတွင်းမှာပင် ဒီ​ကောင်​လေးနဲ့ငါးကြိမ်တိတိ​တောင် ဆုံခဲ့သည်။

ထယ်​ယောင်းကား​ပေါ်က ဆင်းသွား​တော့ သူလည်း စကား​ပြောကြည့်ဖို့ ဆင်းလိုက်လာခဲ့တာ။အနား​ရောက်​တော့ ထီးမပါလို့ထင်ပါရဲ့။ပွစိပွစိနဲ့ ရွတ်​နေတာ။ဒါ​ကြောင့် သူလည်း ကူညီ​ပေးဖို့ရာ စကား​ပြောလိုက်​၏။

"ဒီက...ဟိုနားက ကိတ်ဆိုင်က ထင်တယ်..."

ရုတ်တရက် သူ့ကို ထီးမိုး​ပေးလိုက်ရင်း ​မေးလာသည့် လူ​ကြောင့် ထယ်​ယောင်းလန့်ကာ ​ဘေးကိုအနဲငယ်ဆုတ်လိုက်မိသည်။

"ဘယ်သူ..."

"မင်း ငါ့ကို သိမှာမဟုတ်ဘူး...ကျန်ခဲ့တဲ့ ရက်တုန်းက မင်းတို့ဆိုင်မှာကိတ်လာမှာထား​သေးတယ်လေး...ဒါနဲ့ ဆိုင်သွားမှာမလား..လိုက်ပို့မယ်​လေး"

"​အော...ဒါ​ကြောင့် မြင်ဖူးသလိုရှိတာကို.."

စကားလာ​ပြော​နေသည့်သူကို မြင်ဖူးသ​ယောင်ရှိ​ပေမဲ့ သိပ့်​တော့မမှတ်မိပါ။သူတို့ဆိုင်ကို လာသည့်သူ​တွေက တ​ယောက်ထဲမှမဟုတ်ပဲ။

"သွားမယ်​လေး"

​ဂျောင်ဂုက သူဘက်ထီတိုး​ဆောင်း​ပေးလိုက်ရင်း ဆိုင်ဆီကို လိုက်ပို့​ပေးလေသည်။
ထယ်​ယောင်းလည်း ​ဂျောင်ဂုအကူအညီနဲ့ ဆိုင်ကို​ရောက်သွား​တော့ ​ကျေးဇူးတင်စကားဆိုလိုက်သည်။

"​ကျေးဇူးတင်ပါတယ်​နော်...ဒါနာမည် နာမည်​က.."

​ဂျောင်ဂုလည်း ပြုံးကာ သူနာမည်ကို ​ပြောပြ​ပေးလိုက်သည်။

"ဂျွန်​ဂျောင်ဂုပါ"

"​အော်...​လိုက်ပို့​ပေးလို့ ကျေးဇူးပါ​နော် ​ဂျောင်ဂုရှီး"

"ရပါတယ်...မင်းနာမည်က​ရော.."

​ဂျောင်ဂုပြန်​မေးလိုက်​တော့ ထယ်​ယောင်းက ရှက်ပြုံး​လေးနဲ့ ပြန်​ဖြေ​ပေးလိုက်သည်။

"ကင်မ်ထယ်​ယောင်းပါ"

"အင်း...ဒါဆို ငါသွား​တော့မယ် ထယ်​ယောင်းရှီး"

"ဟုတ်"

​ဂျောင်ဂု ထွက်သွားရာသို့ ပြုံးတုန့်တုန့်နဲ့ လိုက်ကြည့်​နေသည့် ထယ်​ယောင်းနားကပ်လာသည့် ဆိုးလ်။

"​ဆိုင်​ရှေ့မှာ တော်ရုံပဲ ငမ်းဟဲ့!"

အနားကပ်​အော်လိုက်သည့် ဆိုးလ်​ကြောင့် ထယ်​ယောင်းလန့်ကာ ဆဲလိုက်မိ​​တော့သည်။

"Sh*t..."

"အဟွန်း! ​ပြော​တော့ ရည်းစားမထား​တော့ဘူး​လေး ဘာ​လေးနဲ့...ဆိုင်ဝထိ​တောင် လိုက်ပို့​ပေး​နေပြီး​ပေါ့..."

ဆိုးလ်ရဲ့ ပြီးတီးတီးမျက်နှာ​ဘေးကြောင့် ထယ်​ယောင်း ရုပ်တည်ကြီးနဲ့ ပြန်​ပြောလိုက်သည်။

"ငါထီးမပါတာ​တွေ့လို့ ကူညီ​ပေးရုံပဲ..."

"ဟုတ်လို့လား...ဒါနဲ့ မြင်ဖူးသလိုရှိတယ်​နော်...နာမည်မ​မေးလိုက်ဘူးလား"

"မ​မေးလိုက်ဘူး"

"မယုံဘူး...နင်တို့ ဆိုင်​ရှေ့မှာ စကား​ပြော​နေတာ ငါ​တွေ့သားပဲ...​ပြောပြ..."

"ဖယ်ဖယ်...ငါ​အေး​နေပြီး အဝတ်သွားလဲဦးမယ်"

ထယ်​ယောင်းက ဆိုးလ်ကို တွန်းဖယ်ကာ ဆိုင်အတွင်းဘက်သို့ ဝင်သွား​လေသည်။

"စိတ်ပုတ်...နာမည်​လေး သိချင်တဲ့ဟာကို"

*******

​ဂျောင်ဂုက ထယ်​ယောင်းကို လိုက်ပို့​ပေးပြီး​နောက် သူ့အလုပ်ဆီထွက်လာခဲ့လိုက်သည်။မနက်ဘက်ဆို ​ကော်ဖီဆိုင်မှာ ဝင်လုပ်သည်။​နေ့လယ်ဘက်ဆို ပန်းခြံမှာ လုပ်ရသည်။အရုပ်ထဲဝင်ကာ က​လေး​တွေကို ​ပျော်​အောင် စလိုက် ၊​ဆော့​ပေးလိုက်...။လက်ကမ်းစာ​စောင်​တွေပါ ​ဝေလိုက်နဲ့...။ဒီက​နေပြန်ရင် ​ကြက်​ကြော်ဆိုင်မှာလုပ်ရသည်။ကြက်​ကြော်ဆိုင် ပိတ်ရက်ဆို ပဲ​ခေါက်ဆွဲဆိုင်မှာ လုပ်သည်။တခါတ​လေ အားတဲ့​အချိန်တွေ သူငယ်ချင်းဖြစ်သူက အကူညီ​တောင်းပြန်ရင်လည်း ပစ္စည်းဘာညာလိုက်ပို့ပေးလိုက်ရ​သေးသည်။ည​နေ​ရောက်ပြီးဆို လွှတ်တဲ့အချိန်​လေးမှာ အိမ်ပြန်တဲ့အခါပြန်။မဟုတ်လည်း ညီမဖြစ်သူရှိတဲ့ ​ဆေးရုံးကိုသွားသည်။
တခါတ​လေ အသိညီ​လေးက သူ့အစားဝင်​ပေးဖို့ ​ပြောတဲ့အခါ ၂၄ နာရီစတိုးမှာလည်း လုပ်ရ​သေးသည်။အဲ​ကနေပြန်ရင် ဘားတခုမှာ စာပွဲထိုး ဝင်လုပ်ပြန်သည်။အဲ့ အလုပ်ပြီးမှသာ အိမ်ကို ပြန်ခွင့်ရ​လေသည်။တခါတ​လေကျ​တော့ အိမ်မပြန်နိုင်ပဲ ​ဆေးရုံမှာ ညီမဖြစ်သူကို အ​ဖော်သွားလုပ်​ပေးရင် ​ဆေးရုံထဲမှာသာ အိပ်လိုက်သည့်အချိန်တွေလည်းရှိ​လေသည်။
အိမ်ပြန်​ရောက်​ရင်လည်း လူက ပင်ပန်းတာနဲ့ ​ထွေ​ထွေထူးထူး​လည်း လုပ်မစားနိုင်​တော့ဘဲ ​ခေါက်ဆွဲထုတ်နဲ့သာ နှစ်ပါးသွားရတာများသည်။
ဒီလို တချိန်လုံး အလုပ်ထဲမှာပဲ ​ပြေးလွှာလိုက် ၊ တခါတ​လေ ​ဆေးရုံ​ပြေးလိုက်နဲ့ မီနာ့ကို ​တွေ့ဖို့​တောင်အချိန်မရ​ပေ။ဒီတပတ်ကျရင်​တော့ အလုပ်တစ်ရက်နားပြီး သွား​တွေ့ရ​ပေမည်။ဒီတပတ် ​သောကြာ​နေ့ကျရင် ​မီနာ့​မွေး​နေ့မို့ သူသာ​သွားတွေ့ရင် မီနာ့လည်း ​ပျော်​လောက်မှာပါ။ဒါ​ကြောင့် ​မွေး​နေ့ကိတ်​တောင် မှာထား​ပေး​သေးသည်။

"​ဂျောင်ဂု​ဟျောင်း ဒီ​နေ့​နောက်ကျတယ်​နော်...ဆယ်ရီဆီသွားခဲ့တာလား"

"အင်း~"
*မဟုတ်ဘူး*

"​အော်...​နေ​ကောင်းတယ်မလား"

"အင်း..ဒီလိုပါပဲ"

"ဆယ်ရီ​လေးလည်း ဝမ်းနည်း​နေရှာမှာပဲ...သူနဲ့ ရွယ်တူ​တွေက ​ပျော်​ပျော်ရွှင်ရွှင် ​လှုပ်ရှားသွားလာချိန် သူမှာ​တော့ တစ်​နေ့​နေ့ ​ဆေးရုံးခန်းထဲမှာပဲအိပ်​နေရတာ"

"ဟုတ်တယ်​နော်"

အလုပ်အတူလုပ်သည့် ​ကောင်​လေးရဲ့ စကား​ကြောင့် ​ညီမဖြစ်သူအတွက် စိတ်မ​ကောင်းဖြစ်သွားရသည်။သူသွား​တွေ့တဲ့ အချိန်တိုင်း ပြုံးရယ်ပြ​နေ​ပေမဲ့ ဆယ်ရီလည်း အဲလိုခံစား​နေရမှာပဲ။တရက်​လောက်နားပြီး အ​ဖော်သွားလုပ်​ပေးဦးမှပါ။သူ့မှာ ​ဆွေမျိုးရင်ချာဆိုလို့ ဒီညီမ​လေးတ​ယောက်ပဲ ရှိ​တော့တာရယ်။
​ကော်ဖီဆိုင်မှာ လုပ်ပြီး​တော့ သူလည်း​နောက်အလုပ်တခုဆီသွားဖို့ ထွက်လာခဲ့သည်။လမ်းမှာ ​နေ့လယ်စာအတွက် စတိုးဆိုင်တခုမှာ အသင့်စားထမင်းဘူးကို ဝယ်ပြီး ထိုင်စား​နေတုန်း အိတ်ကပ်ထဲမှ ဖုန်းက အသံမြည်လာတာ​ကြောင့် ထုတ်ကြည့်လိုက်​တော့ သူငယ်ချင်းဖြစ်သူဆီမှဖြစ်​နေတာ​ကေညာင့် ကိုင်လိုက်​လေသည်။

📱"​အေး ​ပြော"

"သူငယ်ချင်း...မင်းအခုအားလား"

​ဂျောင်ဂုလည်း လက်က နာရီကို တချက်ကြည့်ပြီးနောက် ပြန်​ဖြေလိုက်သည်။

"အချိန်ရ​သေးတယ်..​ပြော"

"မင်းကို အားနာ​ပေမဲ့...ငါကိုတခု​လောက် ကူညီပါဦး...ပစ္စည်း​လေးသွားတခု​လောက်သွားပို့​ပေးပါလား...မှာတဲ့သူကို ဖုန်းဆက်တာလည်း မရဘူး...အစက ငါသွားပို့မလို့ပဲ ဒီကညီ​လေးတ​ယောက်က ဒီ​နေ့သူ ပစ္စည်းသွားပို့ရမဲ့ လိပ်စာကို မသိဘူးဆိုလို့ ငါပဲသွားပို့​ပေးရမှာ...ငါဟာ အရမ်းအ​ရေးကြီးတာမဟုတ်​ပေမဲ့ တပတ်​တောင်ရှိ​နေပြီးကွာ...ဖုန်းဆက်​တော့လည်း မကိုင်ဘူး...​သေများ ​သေ​နေလားမသိ!"

"မင်းဟာက ပစ္စည်း ပစ္စည်းနဲ့ ဘာပစ္စည်းတုန်း"

"ဟဲဟဲ...စာအုပ်​လေးပါကွာ...​နော်"

"​အေး​လေး...ဘယ်ကိုပို့ရမှာလဲ"

"လိပ်စာ ပို့​ပေးလိုက်မယ်...မင်းလာယူမှာလား..ငါသွားပို့​ပေးရမလား"

"မင်းလာပို့"

"​အေ...အခုမင်းဘယ်မှာလဲ"

"ငါအလုပ်လုပ်တဲ့ ​ကော်ဖီဆိုင်ရဲ့ တလမ်း​ကျော် စတိုးထဲမှာ"

"အာ..ငါသိပြီး..ဒါပဲ​နော်"

"​အေ"📱

ဖုန်း​ပြောပြီး​တော့ ​နေ့လယ်စာ ဆက်စား​ရင်း သူငယ်ချင်းကိုသာ ​စောင့်​နေလိုက်သည်။
ခနကြာ​တော့ လီဟွမ်ယူက ​ရောက်လာကာ ဆိုင်ပြင်က​နေ လက်​လေးလှမ်းပြ​နေသည်။​ဂျောင်ဂု စားပြီးသွားပြီးမို့ သိမ်းဆည်းပြီး ဆိုင်ပြင်ထွက်လာခဲ့သည်။

"​မြန်သားပဲ"

"မြန်ရမယ်​လေး...​ရော့ ဒါလေး.."

ဟွမ်ယူ​​ပေးလာသည့် ပါဆယ်ထုတ်ကို ယူလိုက်ပြီး နှုတ်ဆက်လိုက်သည်။

"​ငါသွားပြီ"

"​အေ.ငါလည်းသွားပြီး"

သူငယ်ချင်းနှစ်​ယောက်နှုတ်ဆက်ကာ တစ်လမ်းဆီထွက်လာခဲ့ကြသည်။

******

မိုးတိတ်သွား​သော်လည်း ရာသီဥတုကြီးက မှုန်မှိုင်း​နေတာမို့ အိပ်ရာထဲ​စောင်ခြုံကာ အိပ်ပစ်လိုက်ချင်သည်။သို့​သော်လည်းဆိုင်​ရောက်​နေသည့်မို့ အိပ်လို့မရ။ထပ်​ခေါ်ထားသည့် ​ကောင်​လေးကလည်း ဝယ်သူရပ်​နေတာ​ကြောင့် ​နေ့လယ်စာ သွားစား​နေသည်။ဆိုးလ်မကလည်း ဆိုင်အတွင်းထဲမှာ မုန့်အသစ်လုပ်မယ်ဆိုပြီး မနက်ထဲကဝင်သွားတာ ခုထိထွက်မလာ​သေး။
ထယ်​ယောင်းတ​ယောက်ထဲ ဆိုင်​စောင့်ရင်း စာပွဲတ​နေရာမှာထိုင်ကာ အပျင်းတစ်​နေသည်။
ထိုစဥ် ဖုန်းသံမြည်လာတာ​ကြောင့် ပျင်းရိပျင်းတွဲနဲ့သာ ​ကောက်ကိုင်လိုက်သည်။

📱"ဟယ်လို"

"​အခန်း(27)က ကင်မ်ထယ်​ယောင်းလားကွယ်"

"ဟုတ်ပါတယ်"

"​အေးကွယ်...သားအစ်ကိုဆိုပြီး လူတ​ယောက်က သားအခန်း​သော့ကို အတင်းဖွင့်ခိုင်းလို့ အန်တီလည်း ဖွင့်​ပေးလိုက်မိတယ်...အဲဒါ သားဆီလှမ်း​ပြောတာပါ"

ထယ်​ယောင်း​တွေ​ဝေသွားသည်။

ငါ့အစ်ကိုက ဘာကိစ္စ ငါ့အခန်းကို လာတာလဲ။ငါမသိပဲနဲ့​လေး။
​ဟျောင်းက အဲလို ဘာမှမ​ပြောပဲ လာမှဟုတ်ဘူး။

မဟုတ်မှ မင်ဂျွန်...။

"သူပြန်သွားပြီးလား အန်တီ"

"မပြန်​သေးဘူး..."

"ဟုတ်..ကျ​နော်ခု ပြန်လာခဲ့မယ်"

"​အေ​အေ"📱

ထယ်​ယောင်းလည်း ဖုန်းချပြီး​တော့ ဆိုင်ထဲပြန်ဝင်လာ​နေသည့် ​ကောင်​လေးကို ​ပြောပြီး လွယ်အိတ်ဆွဲကာ ထွက်လာခဲ့လိုက်သည်။
ထယ်​ယောင်း ထွက်သွားပြီး မကြာ ဆိုးလ်က သူလုပ်ထားသည့် မုန့်အသစ်​တွေကို ဗန်းတခုထဲထည့်ကာ ယူလာပြီး ထယ်​ယောင်းတို့ကိုမြည်းခိုင်းဖို့ အပြင်ထွက်လာ​တော့ ထယ်​ယောင်းကိုမ​တွေ့​တော့တာ​ကြောင့် ဝန်ထမ်း​ကောင်​လေးကို ​မေးလိုက်သည်။

"ထယ်​ယောင်း​ရော"

"အိမ်မှာ ကိစ္စရှိလို့ဆိုပြီး ပြန်သွားတာပဲ"

"ဟမ်း..ဟုတ်လား...​အေ​အေ...ဒါနဲ့ ငါမုန့်အသစ်လုပ်ထားတယ်မြည်းကြည့်​ပေးပါလား"

"ဟုတ်..."

ဆိုးလ်က​တော့ သူဝန်ထမ်း​ကောင်​လေးနဲ့ မုန့်အ​ကြောင်း​တွေသာ ​ပြောကြရင်း ထယ်​ယောင်းကို ​မေ့သွား​တော့သည်။

##StartingFromDelivery
##XavierKim57

🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉

Continue Reading

You'll Also Like

3.8M 275K 52
แ€แ€ญแ€Šแ€ฌแ€‰แ€บแ€œแ€ฝแ€„แ€ทแ€บแ€•แ€ผแ€ฎแ€ธแ€•แ€›แ€œแ€ฑแ€ฌแ€€แ€€แ€ญแ€ฏ แ€›แ€ฑแ€ฌแ€€แ€บแ€žแ€ฝแ€ฌแ€ธแ€แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บโ€Œแ€„แ€šแ€บแ€œแ€ฑแ€ธแ€›แ€ฒแ€ท แ€กแ€แ€ปแ€…แ€บแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธ started date - 26.1.2023 ended date - 31.3. 2023
114K 12.6K 17
แ€•แ€ฑแ€ซแ€€แ€บแ€…แ€”แ€แ€ฏแ€”แ€บแ€ธแ€€แ€กแ€›แ€ฑแ€ธแ€กแ€žแ€ฌแ€ธแ€™แ€œแ€ญแ€ฏแ€ท แ€žแ€Šแ€บแ€ธแ€แ€ถแ€•แ€ฑแ€ธแ€•แ€ซแ€›แ€พแ€„แ€บแ€ท๐Ÿ˜†๐Ÿค Jeon Jung Kook Kim Taehyung
110K 6.1K 16
๐Ÿ’ซ ๐šž๐š—๐š’ ๐šŠ๐š—๐š ๐šฃ๐šŠ๐š ๐š๐š’ ๐Ÿ’ซ ๐“๐จ๐ฉ - ๐“๐š๐ž๐ก๐ฒ๐ฎ๐ง๐ ๐Ÿ”บ ๐๐จ๐ญ๐ญ๐จ๐ฆ - ๐Š๐จ๐จ๐ค ๐Ÿ”ป ๐’๐ฐ๐ž๐ž๐ญ๐Ÿ“๐Ÿฌ ๐š๐ง๐ ๐–๐š๐ซ๐ง๐ข๐ง๐  ๐Ÿ”ž
844K 65.5K 51
แ€กแ€ญแ€™แ€บแ€แ€ฑแ€ฌแ€บแ€™แ€พแ€ฌ แ€™แ€„แ€บแ€ธแ€žแ€ฌแ€ธแ€แ€…แ€บแ€•แ€ซแ€ธแ€œแ€ญแ€ฏแ€”แ€ฑแ€›แ€แ€ฒแ€ท แ€กแ€”แ€ฝแ€šแ€บแ€แ€ฑแ€ฌแ€บแ€œแ€ฑแ€ธแ€€ แ€”แ€šแ€บแ€™แ€ผแ€ฑแ€แ€…แ€บแ€แ€ฏแ€›แ€ฒแ€ทแ€แ€ฑแ€ซแ€„แ€บแ€ธแ€†แ€ฑแ€ฌแ€„แ€บแ€†แ€ฎแ€€แ€ญแ€ฏ แ€›แ€ฑแ€ฌแ€€แ€บแ€›แ€พแ€ญแ€œแ€ฌแ€แ€ฒแ€ทแ€กแ€แ€ซ ... แ€„แ€šแ€บแ€…แ€‰แ€บแ€€แ€แ€Šแ€บแ€ธแ€€ แ€”แ€พแ€…แ€บแ€žแ€€แ€บแ€™แ€ผแ€แ€บแ€”แ€ญแ€ฏแ€ธแ€แ€ฒแ€ทแ€›แ€žแ€ฑแ€ฌ แ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธแ€–แ€ผแ€…แ€บ...