ဒီနေ့က သူစားမေးပွဲဖြေရတာနောက်ဆုံးရက် ဖြစ်သလို ဝန်ဘင်းနဲ့မတွေ့ရတာ 1ပတ်ပင်ကြာနေပြီ ၊ သူ့ကိုညကြီးလာတွေ့ပြီးထဲက ပျောက်သွားတာ .. ဖုန်းလဲမဆက်သလို လူကိုယ်တိုင်ပါ လာမတွေ့တော့ ။
စိတ်ထဲ နည်းနည်းတော့ ဘဝင်မကျ ဖြစ်နေပေမဲ့အပြစ်တင်လို့လဲမရ ၊ ဝန်ဘင်းနဲ့သူက ဘာမှလဲမဆိုင်သလို တွေ့ဖူးသည့်အကြိမ်ရေကလဲ 5ခါတောင်မပြည့်သေး ။ သေချာတွေးကြည့်ရင် သူစိမ်းသာသာပဲရှိနေသေးသည် ။
ဒီတိုင်း ညဘက်တွေတွေ့ပြီး လျှောက်လည်ခဲ့ကြသည့် သူစိမ်းမကျ မိတ်ဆွေမကျတဲ့ ဆက်ဆံရေးမျိုး ၊ ဝန်ဘင်းဘက်က သူ့ကိုသဘောကျကြောင်းပြော၍ တီတီတာတာတွေပြောပြီး ဂရုစိုက်မှုတွေပေးသလို သူကိုယ်တိုင်ကလဲ ထိုဂရုစိုက်မှုတွေပေါ်မှာ ခဏတာ သာယာမိသွားသလိုမျိုး .. ဒီထက်ပို၍ အဆင့်တက်လာနိုင်ချေကိုမရှိ ။
စာမေးပွဲခန်းရဲ့စားပွဲပေါ်မှာထိုင်ပြီး လက်တွေကစာကိုဖြေနေပေမဲ့ သူ့ခေါင်းထဲမှာတော့
ဝန်ဘင်းသာစိုးမိုးနေတာ ၊ အခုသူ့စိတ်ကို သူ့လဲနားမလည်နိုင်..ဝန်ဘင်းဘက်က သူ့ကိုဖုန်းစမခေါ်ပေမဲ့ သူ့ဘက်ကတော့အရင်စခေါ်လို့ရသည် ။ ဒါပေမဲ့သူမလုပ်ချင် .. ဘာတွေပဲဖြစ်နေပါစေ ဝန်ဘင်းဘက်ကပဲအရင်ခေါ်တာကို သူလိုချင်သည် ။
အသုံးမကျတဲ့ အတွေးတွေကိုခပ်မြန်မြန် ဖြတ်တောက်လိုက်ပြီး လက်ရှိအနေထားကိုပြန်ရောက်အောင် သူ့စိတ်ကိုစုစည်းပြီး အရှေ့ကမေးခွန်းစာရွက်မှာပဲ အာရုံပြန်စိုက်လိုက်သည်။တကယ်တော့မေးခွန်းတွေက ထင်သလောက်မခက်.. သူ့အတွက်တော့အသာလေးဖြေလို့ရတဲ့ အနေထားကြီးပင်..
မြန်မြန်ဆန်ဆန် အဖြေတွေကိုဖြည့်ပေးလိုက်ပြီး စာရွက်လာမသိမ်းသေး၍ ခေါင်းမှောက်ပြီးသာ အိပ်နေလိုက်သည် ။ ခနကြာ ခေါင်းလောင်းသံကြားလိုက်ရတာနဲ့ တစ်ပြိုင်နက်ထဲ စာရွက်တွေကိုလာယူတော့သည့် အခန်းစောင့်ဆရာ ။
သူအခန်းပြင်ရောက်တော့ တစ်ယောက်မှလဲ ဖြေနိုင်လားမမေးသလို သူကိုယ်တိုင်ကလဲသွားမေးစရာလူမရှိ ၊ ထိုချိန်သူနဲ့တူတူထွက်လာတဲ့ ကောင်မလေးကို ဖြေနိုင်လားလာမေးတဲ့ကောင်လေးတစ်ယောက် .. ၊ 2ယောက်သားအဖြေတွေတိုက် တိုးတိုးလေးပြောပြီး ထွက်သွားကြတဲ့2ယောက်ကို ဘာမှမဆိုင်ဘဲ မြင်ကွင်းထဲကပျောက်တဲ့ထိလိုက်ကြည့်နေမိတာ။
ခေါင်းခါလိုက်ပြီး အိမ်ကိုပဲပြန်ဖို့လုပ်လိုက်တော့သည်..၊ ပုံမှန်ဆို ဒီနေ့က အထက်တန်းနောက်ဆုံးနေ့မို့ အမှတ်တရဖြစ်သွားအောင် ကျောင်းသားတိုင်း မုန့်သွားစားတာတို့ အပြင်သွားလည်ကြတာတို့လုပ်ပေမဲ့ သူကတော့လုပ်စရာလူမရှိ .. ၊ ဒီတိုင်းသူ့ရဲ့ဖြစ်တည်မှုက ဘယ်သူမှသတိမထားမိတဲ့ဌက်မွှေးပမာ ..၊
သူရဲ့ပျင်းရိစရာကောင်းတဲ့ ကျောင်းသားဘဝအထက်တန်းနောက်ဆုံးနေ့ကလည်း ပျင်းရိစရာနဲ့ပဲပြီးဆုံးသွားတော့သည်။ တက္ကသိုလ်ကျောင်းသားဖြစ်တဲ့ထိတော့ သူဒီလိုမနေချင်ပါ။ အများကြီးမဟုတ်တောင်မိတ်ဆွေ2ယောက်လောက်တော့ လိုချင်မိသည်။
စိတ်ဖိစီးလာလို့ အ်ိမ်ကိုဦးတည်နေတဲ့ခြေလှမ်းတွေကို နောက်ပြန်လှည့်ပြီး တစ်နေရာရာကိုသွားဖို့ စိတ်ထဲဆုံးဖြတ်လိုက်သည် ။
ဟိုနေ့က ညဘက်ကြီးဝန်ဘင်းနဲ့တူတူထိုင်ခဲ့တဲ့နေရာမှာ ထိုင်နေမိတာ ၊ ဘေးမှာခုံတွေအများကြီးရှိရဲ့သားနဲ့ သူရဲ့ခြေထောက်က ခြေချူပ်မိထားသလိုတန်းပြီး ဝန်ဘင်းနဲ့တူတူထိုင်ခဲ့တဲ့နေရာကို သွားပြီး ငုတ်တုပ်ထိုင်နေမိခြင်း ..
စိတ်ဖိစီးလို့ လမ်းလျှောက်ထွက်လာခါမှ စိတ်ပါညစ်လာတော့သည်။ သူ့လွယ်အိတ်ထဲက ဖုန်းကိုထုတ်ကာ အမြဲအိတ်ထဲမှာ ယူလာနေကြဖြစ်တဲ့ headphoneနဲ့သီချင်းနားထောင်လိုက်သည် ။ အချိန်က်ိုက်ပဲလို့ပြောရမလား စိတ်ညစ်နေပါတယ်ဆ်ို သူ့ playlist က Arctic Monkeys ရဲ့ I Wanna Be Yoursက တန်းလာတော့သည် ။
စိတ်ထဲနေလို့မကောင်းပါဘူးဆို အလွမ်းဓာတ်ခံပါနေတဲ့ သီချင်းကိုနားထောင်နေရတော့ သူကိုယ်တိုင်တောင်မသိဘဲ ဝဲတက်လာတဲ့မျက်ရည်တွေ ၊ နဲနဲလေးသာ မျက်တောင်ခတ်လိုက်ပြီဆို မရပ်တန့်နိုင်အောင်ကျလာတော့မဲ့ သူ့ရဲ့မျက်ရည်တွေ..
ဘာကြောင့်လဲ .. တစ်စုံတစ်ယောက်ကြောင့်လား ၊ ဒါမှမဟုတ် သူရဲ့ပျင်းရိစရာကောင်းလွန်းနေတဲ့ အထက်တန်းနောက်ဆုံးနေ့ကြောင့်လား ဆိုတာအဖြေမရှာချင်ပေ ၊ သူ မျှော်လင့်ထားတဲ့ အဖြေသူ့ကိုယ်သူပြန်မပေးန်ိုင်မှာကြောက်သည် ။
တွေတွေလေး ထိုင်နေကာ အရှေ့ကငြိမ်သက်နေတဲ့ ရေပြင်ရဲ့မျက်နှာပြင်လိုမျိုးပဲ သူရဲ့လက်ရှိအနေထားကလဲ မျက်နှာမှာအမူအရာတောင်မပြနိုင်ဘဲ ငူငူကြီးထိုင်နေတာ ..၊ သူ့ရဲ့ playlist ကသူ့အပေါ်သစ္စာရှိသည် ၊ အလွမ်းဓာတ်တွေပြည့်နက်နေသည့် သီချင်းမျိုးတွေပဲ လာနေတော့တာ ..၊
စိတ်ထဲအနည်းငယ် နေလို့ကောင်းသွားလို့ မက်တပ်ရပ်ကာ အိမ်ကိုပဲတည့်တည့်မတ်မတ် ပြန်လိုက်တော့သည် ။
သူ့အိမ်ရောက်တော့ ခြံထဲမှာ ပန်းပင်ရေလောင်းနေတဲ့ အမေကို တွေ့လိုက်ရသည်၊ အမေကသူ့ကိုပြုံးပြလာပြီး
"ချန်းယောင်း ဒီနေ့ကောဖြေနိုင်လား..သား
အမေကသားကိုဒီနေ့ပြန်လာတာနောက်ကျမယ်တောင်ထင်နေတာ"
နောက်ကျမယ်?? နားကြားမှန်းမှားတာလား သူမရှင်းတာမို့အမေ့ကိုပြန်မေးမိလိုက်သည်၊
"ဖြေတာကဖြေနိုင်တယ်အမေ .. ဒါမဲ့အမေပြောတဲ့အဲ့နောက်ကျမယ်ဆိုတာ ဘာကိုပြောချင်တာလဲဟင်"
"အော်..ဒီနေ့ကသားတို့လို့ အထက်တန်းကျောင်းသားလေးတွက် နောက်ဆုံးနေ့မဟုတ်လား .."
"ဒီနေ့ပြီးရင် အားလုံးက ကိုယ့်ရည်ရွယ်ထားတဲ့အနာဂတ်လမ်းကို စလျှောက်ကြတော့မှာလေ ၊ အဲ့တော့ဒီနေ့က ကျောင်းသားလေးတွေ ရဲ့ နှုတ်ဆက်ပွဲနေ့လေးလေ"
"အဲ့တာကြောင့် အမေကချန်းယောင်းကိုနောက်ကျမယ်ထင်တယ်ပြောတာပေါ့ သားကိုသူငယ်ချင်းတွေနဲ့ အပြင်မသွားဘူးလားမေးတာ "
သူရီမိလိုက်သည် ၊ အမေမသိဘူးထင်တယ် သူ့သား ချန်းယောင်းကသူငယ်ချင်းမပြောနဲ့ လမ်းကြုံလို့ခေါ်မယ့်သူတောင်မရှိတာကို ၊ ဒါမဲ့သူဒါကိုအမေကိုမပြောပြချင်တာမို့ လိမ်ပြောဖို့သာစဉ်းစားလိုက်သည်။
"အော်..သား စာမေးပွဲဖြေပြီးခေါင်းတွေ နှောက်လာလို့ သူတို့နဲ့မလိုက်တော့ဘဲ အိမ်ကိုပဲတန်းပြန်လာလိုက်တာ"
"အခုတောင် နှောက်ကျိကျိ ဖြစ်နေတာ မနေ့ညက စာတွေနောက်ကျတဲ့ထိလုပ်လိုက်လို့လေ .. "
သူပြောလိုက်တာနဲ့ အမေက ရေလောင်းနေတဲ့ပိုက်ကို ချက်ချင်းပိတ်ကာသူ့နဖူးကို လာစမ်းသည် ၊
"ဖျားတော့မဖျားဘူး သား ..၊ ညကနောက်ကျမှအိပ်လိုက်လို့ထင်တယ် ခေါင်းနှောက်သွားတာ"
"သွား..အဝတ်စားလဲပြီး တရေးတမောလောက်အိပ်လိုက် ပြန်နိုးလာရင် သက်သာသွားလိမ့်မယ်"
"ဟုတ်အမေ ..ဒါဆိုကျွန်တော်ခနသွားအိပ်အုန်းမယ်နော်"
အမေ့ကိုနှုတ်ဆက်ပြီး အိမ်ထဲဝင်ကာ သူ့အခန်းထဲရောက်တာနဲ့ လွယ်အိတ်တွေကို စားပွဲပေါ်တင်လိုက်ပြီး မွေ့ရာပေါ်မှာပက်လက်လေးလှန်ရုံပဲရှိသေး ၊ တန်းအိပ်ပျော်သွားတော့သည်။
___________________________
သူနိုးလာပြီး နာရီကိုကြည့်တော့ ည8နာရီတောင် ထိုးနေပြီဖြစ်သည် ။
ညနေ2နာရီထဲကအိပ်လိုက်တာ ည8နာရီမှနိုးလာတော့သည်..၊ အမေကသူ့ကိုလုံးဝမခေါ်နိုးပေ ၊ လန်းဆန်းသွားအောင် ရေချိုးလိုက်ပြီး အောက်ထပ်ကိုဆင်းလာတော့ ဧည့်ခန်းမှာ ထိုင်ကာTVက သတင်းကိုနားထောင်နေတဲ့ အဖေ့ကိုတွေ့လိုက်ရသည်။
သူမနက်ထဲက အဖေနဲ့မတွေ့ရတာပင်..၊သူပြန်လာတော့အဖေက အလုပ်သွားသည် ၊ အခုချိန်မှတွေ့ရတာမို့ သူလဲအဖေနဲ့ တူတူTVထိုင်ကြည့်နေလိုက်သည် ။
သားဖ2ယောက်လုံးဘာစကားမှမပြော 2ယောက်လုံးက TVကိုသာကြည့်နေခဲ့ပြီး သူတို့ရဲ့ အာရုံကတော့ ထိုအရာမှာရှိမနေမှန်း 2ယောက်လုံးသိကြသည်။
ခနကြာမှ အဖေ့ဘက်ကစကားစလာတော့သည်..
"ဒီနေ့ဖြေနိုင်ခဲ့တယ်မလား "
"ဟုတ် ဖြေနိုင်ပါတယ်"
"အွန်း ဘယ်majorယူမှာလဲကော တွေးပြီးပြီမလား"
အဖေက မသိတာလား ၊ သူ့ဆီကအဖြေကို အတည်ပြုချင်တာလားတော့မပြောတတ်..
"Lawလေ အဖေပဲ lawယူရမယ်လို့ ဆုံးဖြတ်ပေးထားတာမဟုတ်ဘူးလား"
သူကသာအဖေကိုကြည့်ပြီး ပြောနေတာ အဖေ့ရဲ့ အာရုံကတော့ သူ့ဆီကို နည်းနည်းမှ ရောက်မလာပေ။
"အင်း..ငါကိုယ်တိုင်ဆုံးဖြတ်ပေးထားတဲ့ မင်းယူရမဲ့ major ဒါကလည်းမင်းကောင်းဖို့ဆိုတာကို နားလည်မယ်လို့မျှော်လင့်ပါတယ်"
အဖေဟာပြောလဲပြော မတ်တပ်လဲရပ်ပြီး သူ့ရှေ့ကနေထသွားတော့သည်။ သူတစ်ယောက်ထဲ ဧည့်ခန်းမှာထိုင်ကျန်နေခဲ့တာပင် ..၊ remote ကိုယူပြီး channel တစ်ခုပြီးတစ်ခုပြောင်းကြည့်နေပေမဲ့ တစ်ခုမှစိတ်ဝင်စားစရာမရှိတာမို့ TVကိုပိတ်ကာ သူ့အခန်းထဲပဲပြန်လိုက်တော့သည်။
အခန်းထဲသာ ဝင်လာတာသူ့မှာလုပ်စရာဆိုလို့ဘာမှမရှိ ..၊ အချိန်က 9နာရီကျော်နေပြီမို့သူတို့လမ်းထဲ ဘာသံမှမကြားရတော့ချေ ..၊
ဝရိန်တာဘက်ကိုထွက်ပြီး ထိုင်နေတာ .. အချိန်တစ်ခုထိရောက်လာတော့ ခံစားလာရတဲ့အအေးဓာတ် တဖြည်းဖြည်းနဲ့နှင်းတွေကျလာတာကိုပါ မျက်စိနဲ့မြင်လိုက်ရတော့သည်။ ဒါမဲ့သူအထဲဝင်ဖို့အတွေးတော့မရှိ ..
ရုတ်တရက် သူ့ဘေးမှာချထားတဲ့ဖုန်က တုန်ခါလာတော့သည်။ ဘယ်သူလဲကြည့်လိုက်တော့ သူ့ကိုတစ်ပတ်ကြီးတောင် ပစ်ထားတဲ့ပတ်ဝန်ဘင်း ။ စိတ်ထဲပျော်ရွှင်မိသွားပြီး ဖုန်းcallကို တန်းကိုင်လိုက်သည်။
"အင်း..ပြော"
သူဝမ်းသာတာမှန်ပေမဲ့ စကားပြောသံကိုတော့ နဂိုအတိုင်းပုံမှန်ပြောနေကြ လေသံနဲ့ပဲ စပြောလိုက်သည်။
"ဘေဘီ..အဲ့လိုအပြင်မှာအကျီပါးပါးလေးနဲ့ ထိုင်နေတာမအေးဘူးလားဟမ်"
"ခင်ဗျားကဘယ်လိုသိရပြန်တာတုန်း.. မဟုတ်မှ ထပ်ပြီး ကျွန်တော့်အိမ်ရှေ့ရောက်နေပြန်တာလား"
သူအောက်ကိုမျက်လုံးဝေ့ကြည့်လိုက်တော့ သူ့ကားက်ိုမှီကာ သူ့ကိုပြုံးပြုံးကြီးကြည့်နေတဲ့ ထိုလူ ။
" အင်း..ကိုယ်ရောက်နေတာ၊ ကိုယ်မင်းကို လွမ်းတယ် ၊ ထိတွေ့ချင်တယ် ၊ စကားတွေအများကြီးပြောချင်တယ် ..ကိုယ့်ကိုလာတွေ့နိုင်အုန်းမလား"
သူ့ကိုတွေ့ချင်ကြောင်းတွေပြောနေတဲ့လူကို ဘယ်အားနဲ့သူကငြင်းလွှတ်ရက်ပါ့မလဲ..၊ သူကိုယ်တိုင်ကလည်းတွေ့ချင်နေတဲ့လူပဲမဟုတ်လား ..
"အွန်း..ကျွန်တော်လာခဲ့မယ်..စောင့်နေ~"
ဖုန်းချကာ မြန်မြန်ပဲ အနွေးထည်စွတ်ကာ အိမ်အောက်ထပ်ကို ဆင်းလာလိုက်သည်။ဒီတစ်ခါနဲ့ဆို ခိုးထွက်တာ3ခါမြောက်ရှိပြီမို့လို့လားမသိ အရင်အခါတွေလောက်မကြောက်နေတော့ပါ။
အိမ်ထဲကထွက် ခြံပြင်ရောက်တာနဲ့ ထိုလူဆီကို ပြေးသွားလိုက်တော့သည်။
သူ့ဆီကို အပြေးလေးလာနေတဲ့ဘေဘီ ၊ သူ့ဘေဘီကိုမတွေ့ရတာ 1ပတ်ပင်ရှိပြီ၊ သူ့အဖေရဲ့အလုပ်တွေကို ဝိုင်းလုပ်နေရတာနဲ့ ဘေဘီ့ကိုလာတွေ့ဖို့အချိန်တောင်မရှိ ။ဒီနေ့မှ အလုပ်တွေပြီးလို့ ပြီးပြီးချင်းတန်းထွက်လာလိုက်တာ..။
သူတကယ်ဘေဘီရဲ့ အငွေ့သက်လေးကိုလိုအပ်နေသည် ။ အများကြီးပွေ့ဖက်ထားပြီး သူ့ကိုဘယ်လောက်သတိရနေကြောင်းပြောပြချင်သည်။ ဘေဘီကသူ့ရဲ့ကောင်လေးမဖြစ်သေးပေမဲ့ ဘေဘီကိုနမ်းချင်သည် .. သူအဲ့နှုတ်ခမ်းဖူးဖူးစိုစိုလေးတွေကို ထိတွေ့ချင်နေပြီ..၊
သူ့ဆီကိုပဲ တန်းတန်းမတ်မတ်လေးပြေးလာတဲ့ ကလေးလေး ၊အနားရောက်တာနဲ့ ဘာစကားမှစမပြောဘဲ သူတန်းဖက်လိုက်တော့သည်။
ဘာမှတောင်မပြောဘဲ တန်းဖက်လိုက်တဲ့ သူကြောင့် အတင်းရုန်းကာ တွန်းတော့ သူ့ကို ပိုကာတင်းတင်းကြပ်ကြပ် ဖက်ထားတော့တာမို့ လုံးဝရုန်းလို့မရတော့ပေ။
သူဒီခန္ဓာကိုယ် ပြည့်ပြည့်လုံးလုံးကိုလွမ်းနေခဲ့တာ ..၊ မတွေ့ရတဲ့1ပတ်တွင်းမှာတောင် ဘေဘီကဘာမှမပြောင်းလဲ ၊ အရင်တိုင်းလေးပဲ သူ့ဖက်ထားတာကိုရုန်းနေလို့ အားထည့်ကာ ပိုတ်ိုးဖက်လိုက်တော့မှ ငြိမ်ကျသွားတော့သည်။
"ဘေဘီ..ကိုယ်မင်းကို လွမ်းနေတာ ၊အများကြီးတွေ့ချင်နေမိတာ ..၊ ကိုယ်လာတွေ့လို့ ဘေဘီလာမတွေ့မှာလဲကိုယ်စိတ်ပူနေတာ"
"လွမ်းတယ် ..လွမ်းရင်ဖုန်းဆက်ပေါ့ ၊ခင်ဗျားဟာကလွမ်းတဲ့သာပြောတာ ကျွန်တော့်ကိုဖုန်းတစ်ခါတောင်ဆက်လို့လား "
ချန်းယောင်း အတင်းတွန်းထုတ်ကာ စိတ်ပျက်တဲ့ပုံစံနဲ့ပြောလိုက်တော့သည်။
"အယ်..ကိုယ်ဖုန်းဆက်ချင်နေတာပါ၊ ဒါမဲ့ဘေဘီလဲ စာမေးပွဲရှိတယ်လေ အဲ့ကြောင့် ကိုယ့်ကအနှောင့်ယှက်ဖြစ်မှာဆိုးလို့ မခေါ် တော့တာ "
"မဟုတ်မှ ကိုယ်ဖုန်းမဆက်လို့စိတ်ကောက်နေတာလား "
"ဖြစ်ရမယ် ၊စိတ်ကောက်ရအောင် ခင်ဗျား နဲ့ကျွန်တော်က ဘာမှတောင်မသက်ဆိုင်တာ "
သူ့ကို လက်ပိုက်ကာခေါင်းလေးတစ်ခါခါပြောနေတဲ့ ကောင်လေး ။
"အင်း..အခုမသက်ဆိုင်လဲ နောင်ကျသက်ဆိုင်သွားလိမ့်မယ်.. အခုတော့ကိုယ်နဲ့လိုက်ခဲ့အုန်း"
ဘေဘီလက်ကိုဆွဲကာ သူ့ကားဆီခေါ်လာခဲ့ပြီး ကားထဲမြန်မြန်ဝင်ခိုင်းလိုက်သည် ။
ရုတ်တရက် ဆွဲခေါ်ခံလိုက်ရတဲ့လက်တစ်ဖက် ၊ ဘာမှတောင်မေးမြန်းချိန်မရှိ သူ့ကိုအတင်းကားထဲထိုးသွင်းနေလို့ အခုသူ့အခြေနေက ကားပေါ်မှာငုတ်တုပ်ပင်ထိုင်နေရပြီ။
ကောင်လေးကို ကားထဲထည့်ပြီးသွားနဲ့ သူ့လဲ ကားပေါ်တက်ကာ စကားစပြောလိုက်သည်။
"ကဲ .. အခုကားပေါ်တောင်ရောက်နေပြီဆိုတော့ ကိုယ်ကို့မေးစရာရှိမှာပေါ့နော်.."
"ကိုယ် ဘေဘီကိုတစ်နေရာခေါ်သွားမို့ ..ဒီတစ်ခါခေါ်သွားမဲ့နေရာက ဘေဘီကြိုက်မှာသေချာတယ် "
သူမလိုက်ချင်လဲ ကိုယ်တိုင်ကကားပေါ်မှာတောင် ထိုင်နေရပြီမို့ မငြင်းချင်တော့။
"အင်း..လူမရှုပ်ရင်ပြီးတာပဲ"
"အင်း လူတော့မများဘူး ဒီတစ်ခါနေရာက ..
ဒါနဲ့လေ..ဘေဘီတစ်ခုမေ့နေသေးလား "
"ဟင်..ဘာကိုလဲ မမေ့ပါဘူး"
ထိုချိန် သူ့နေရာကနေ ကုန်းထလာတဲ့ဝန်ဘင်း .. ၊ သူရှေ့ရောက်တော့ သူ့ကိုသေချာစိုက်ကြည့်ကာ နီးကပ်လာတဲ့ မျက်နှာချောချော ၊ ရုတ်တရက်မျက်လုံးကို မှိတ်လိုက်တော့ ရီသံထွက်လာပြီး သူဘေးကခါးပတ်ကို ယူကာသူ့ကိုပတ်ပေးလိုက်တဲ့သူ။
"ကိုယ်ကခါးပတ်ပတ်ပေးတာပါ ဘာတွေတွေးနေတာလဲ "
ချန်းယောင်းထိုချိန်မှ မျက်လုံးတစ်ဖက်ကိုအရင်ဖွင့်ကြည့်လိုက်သည် ။ အခုထိ သူ့နေရာမှာမထိုင်သေး သူ့ကိုပြုံးပြုံးကြီးကြည့်ပြီးစနေသေးတာမို့
"ခင်ဗျား အခုမသွားသေးဘူးဆို..ကျွန်တော့်မလိုက်တော့ဘူး..နေခဲ့တော့မယ်"
"အယ်..မလိုက်ဘဲတော့မနေပါနဲ့ ကိုယ်အခုသွားပါမယ် ။ဘေဘီအိပ်ချင်ရင် အိပ်လိုက်နော် ..ကိုယ်ရောက်ရင်ခေါ်နိုးပေးမယ်"
ဘေဘီကြားလောက်ရုံ လေသံလေးနဲ့ပြောပြီး နဖူးလေးကိုနမ်းလိုက်သည်။
"အိပ်ချင်အိပ်နော် .. ကိုယ်အခုချိန်လာတွေ့ရတာကိုလဲ အားနာပါလေရဲ့၊ ကိုယ်ကြောင့်ပင်ပန်းပြီး အိပ်ရေးပျက်ရတာ"
ချန်းယောင်း ဘာမှပြန်မပြောတော့ဘဲ တံခါးမှန်ဘက်သာ ခေါင်းစောင်းပြီးနေလိုက်တော့သည်။
သူ့ကိုဝန်ဘင်း ဘယ်ခေါ်သွားတာလဲ သူ့မသိပေမဲ့ ဝန်ဘင်းကိုယုံသည်။ သူ့စိတ်ထဲမှာ ဝန်ဘင်းကို ယုံကြည်နေမိတာ ။
လမ်းတစ်ဝက်လောက်ရောက်တော့ သူဝန်ဘင်းဘက်ကို လှည့်ကြည့်မိတော့ ကားကို အထာကျကျမောင်းနေတဲ့လူ။ တည်ကြည်တဲ့ယောက်ျားတွေက ကားမောင်းနေတဲ့ချိန်ဆို ဆွဲဆောင်မှုက 2ဆဆိုတာ ညာပြောတာတော့မဟုတ်။
သူကြည့်နေစဉ် ဝန်ဘင်းကကားရဲ့ စတီယာတိုင် ကိုကိုင်ပြီး လက်တစ်ဖက်က ဂီယာကိုထိန်းကာ ကားကိုကွေ့လိုက်တော့သည် ။ ရုပ်ရှင်ထဲကမင်းသားတွေမောင်းနေသလိုမျိုး အများကြီးကြည့်ကောင်းသည်။
သူကြည့်နေတာကို သတိထားမိသွားတယ်ထင် ။ သူ့ဘက်ကိုလှည့်ကြည့်လာတော့ ချန်းယောင်းတစ်ယောက် ရှက်ရှက်နဲ့ မျက်နှာကို ကားမှန်ဘက်ပြန်လှည့်နေလိုက်သည်။
သူကားမောင်းတာကို စိတ်ဝင်တစားကြည့်နေတဲ့ကောင်လေး ၊သူကြည့်လိုက်တော့ရှက်ပြီး ဟိုဘက်လှည့်သွားသေးတာ ၊
"အင်း ..ရောက်ပြီဘေဘီ ဒီနေရာပဲ "
"ဒီနေရာလား"
ချန်းယောင်းဘေးဘက်ကို လှည့်ကြည့်မိတော့ ဘယ်သူမှမရှိ လမ်းမှာသူတို့2ယောက်ထဲ .. မယုံကြည်နိုင်စွာ ဝန်ဘင်းကိုလှည့်ကြည့်မိတော့ ကားပေါ်ကနေဆင်းသွားပြီဖြစ်သည် ။
သူလဲတစ်ယောက်ထဲ မနေချင်တာမို့ ကားပေါ်ကဆင်းကာ ဝန်ဘင်းရှိတဲ့ဆီလမ်းလျှောက်သွားလိုက်သည်။ မြေကြီးပေါ်ခြေချလိုက်တာနဲ့ တိုးဝှေ့လာတဲ့ လေတွေ အေးစိမ့်မှုကပေါ့သေးသေးတော့မဟုတ် ။
သူတို့ကားပေါ်မှာက heater ဖွင့်တာလို့ အအေးဒဏ်ကိုဒီလောက်မခံစားရတာ အပြင်မှာက တော်တော်အေးသည်။
သူ့လက်မောင်း2ဖက်ကို ပွတ်၍ ဝန်ဘင်းရှိတဲ့ ဘက်ကိုသွားကာ ..
"အေးတယ်နော် ကားပေါ်မှာကျဒီလောက်မသိသာဘူး ၊အပြင်မှာတော်တော်အေးတာ"
ဘေဘီကိုကြည့်တော့ တကယ်အေးနေတဲ့ပုံ သူ့လက်မောင်းလေးတွေကို ပွတ်နေတာမို့ ဝန်ဘင်းမှာမနေနိုင်စွာ လက်လေးတွေကိုဆွဲယူပြီး အာငွေ့ပေးလိုက်သည်။
ပြီးတာနဲ့ ဘေဘီလက်လေးတွေကို သူ့အိတ်ကပ်တွေထဲထည့်ပြီး ကိုင်ထားလိုက်သည်။
သူ့လက်ကပိုင်ရှင်ကိုသိနေပြီထင်တယ် ၊ဝန်ဘင်းဘက်ကကိုင်ပြီး သူ့အိတ်ကပ်ထဲထည့်ပေးလိုက်တာနဲ့ အနွေးဓာတ်ကို တန်းခံစားမိသွားတာ ။
2ယောက်သား ကားအရှေ့ဖုံးပေါ်မှာထိုင်နေကြတာ ၊ ကောင်းကင်ကိုမော့ကြည့်လိုက်တော့ ကြယ်လေးတွေအပြည့် ၊
ဝန်ဘင်းက သူ့ကားပေါ်မှာပါလာတဲ့ beer ကိုသောက်နေတာ မပြတ်တော့မို့
"ခင်ဗျား မသောက်တာဘာရှိသေးလဲ .. cigarette လဲသောက်တယ် beerလဲသောက်တယ် တကယ့်ကိုပျက်စီးနေတဲ့ သူဌေးသားကျနေရော"
"အင်း..တကယ်လဲကိုယ်ကပျက်စီးနေတာပဲ ဘေဘီပြောတာမှန်တယ် "
ဝန်ဘင်းရီရင်သာ ပြောလိုက်သည်။
သူဆက်မပြောချင်တာနဲ့ ကောင်းကင်ကကြယ်တွေသာကြည့်နေလိုက်သည်။
သူ့ကိုဂရုမစိုက်ဘဲ အဲ့ကြယ်တွေကိုပဲကြည့်နေတဲ့ ကောင်လေးကိုစိတ်ဆိုးချင်လာမို့ သူစကားစရှာတော့သည်။
"ဘေဘီကိုယ့်ကို မီးလေးညှိပေးပါအုန်း"
ထိုသို့ပြောလိုက်တော့မှ သူ့ဘက်လှည့်ကြည့်လာတဲ့ကောင်လေး ။
သူ့အိတ်ထဲမှာ အမြဲဆောင်ထားနေဖြစ်တဲ့ မီးခြစ်ကိုထုတ်ကာ ဝန်ဘင်းရဲ့ cigarette ထိပ်ဖျားကိုမီးညှိပေးလိုက်သည် ။
သူမီးညှိပေးနေစဉ် တစ်ခုခုကသူ့ကိုပဲ စိုက်
ကြည့်နေတယ် ခံစားရလို့မော့ကြည့်မိတော့ သူ့ကိုပဲစိုက်ကြည့်နေတဲ့ဝန်ဘင်း ။ သူ့ထက်သူ့နှုတ်ခမ်းတစ်ဝိုက်ပေါ်ကိုပဲ အကြည့်ကရောက်နေတာ ..၊
ကိုယ်တိုင်ကလဲ ဝန်ဘင်းရဲ့မျက်ဝန်းလှလှလေးတွေပေါ်ကနေ အကြည့်တွေကိုဖယ်ရှားခြင်းမရှိ ..၊
တစ်ဖြည်းဖြည်းနီးကပ်လာတဲ့ နှုတ်ခမ်းတစ်စုံ ၊ စတင်ခံစားလိုက်ရတဲ့ခါးသပ်သပ်အနမ်းတစ်ပွင့် ၊ အပေါ်နှုတ်ခမ်းပါးကနေစတင် အနမ်းခံလိုက်ရပြီး အောက်နှုတ်ခမ်းပါးကိုပါ တစ်ခါထဲ စုပ်ယူနမ်းနေတဲ့သူကြောင့် အစကကြောင်အနေပေမဲ့ ကျွမ်းကျင်စွာ အနမ်းများကိုပေးနေခဲ့လို့ လူကတဖြည်းဖြည်းနဲ့ ဒီအနေထားကိုကျင့်သားရလာပြီး တုံ့ပြန့်လိုက်တော့သည်။
သူတုံ့ပြန့်မှုကို သတိထားမိသွားလို့ အပေါ်နှုတ်ခမ်းပါးကို အားပါပါနဲ့တစ်ချက်ဖိနမ်းပြီး နှုတ်ခမ်းတစ်ခုလုံးကို သိမ်းပိုက်လိုက်တော့သည်။
သူထင်သည့်အတိုင်းဘေဘီနှုတ်ခမ်းပါးက လူလေးအတိုင်းအိအိလေးနဲ့ လွှတ်မပေးချင်လောက်အောင် ဆွဲဆောင်မှုရှိသည်။ သူအားမလိုအားမရစွာ ခန္ဓာကိုယ်လေးကို သူ့ဘက်ပါအောင်ခါးကနေ ဆွဲလိုက်ပြီးနှုတ်ခမ်းလေးကိုပိုဖိကာ အောက်နှုတ်ခမ်းလေးကိုတစ်ချက်စုပ်ယူကာ လျှာနဲ့သပ်ပေးလိုက်သည်။
တစ်စတစ်စပိုပြင်းထန်လာတဲ့အနမ်းများနဲ့အတူ 2ယောက်လုံးကလွှတ်ပေးဖို့စိတ်ဆန္ဒမရှိတော့ ၊ ချန်းယောင်းသူ့လက်ကို ဝန်ဘင်းလည်ပင်း တစ်ဝိုက်ကို ဖက်ကာ သူ့ထက်လည်းမလျော့တဲ့အနမ်းများကို တုံ့ပြန့်ပေးနေမိသည်။ သူ့ဘယ်လိုပဲတုံ့ပြန်နေပါစေ ..ဝန်ဘင်းက သူ့ထက်ပိုကာအရည်ချင်းရှိသည် ၊ စက္ကန့်တောင်မခြားရ..သူ့နှုတ်ခမ်းများကိုအလွှတ်မပေးဘဲ နမ်းနေတာ ၊ ပို၍ပင် အနမ်းများကိုသိပ်သည်းအောင် သူ့ခါးကိုသူနဲ့နီးအောင် ပိုတိုးဖက်လိုက်ပြီး နှုတ်ခမ်းများကိုလဲ မလွှတ်စေရ ။
သူ့အောက်နှုတ်ခမ်းကိုကိုက်လိုက်တာကြောင့် နာကျင်စွာတိုးတိုးလေးငြီးလိုက်မိပြီး တစ်ပြိုင်ထဲဝင်ရောက်လာတဲ့ အခါးဓာတ်တွေစီးဆင်းနေတဲ့ ခပ်ကြမ်းကြမ်းအနမ်းတွေ ။ ဝန်ဘင်းရဲ့ နှုတ်ခမ်းက beerအရသာကြောင့်ခါးနေခဲ့ပြီး cigarette သောက်လေ့သောက်ထရှိတဲ့ နှုတ်ခမ်းဖြစ်တာကြောင့် အခါးဓာတ်တွေသာကျန်ရစ်နေသည် ။ သူ့ကိုယ်တိုင်ကအရက်မသောက်ဘဲ အခုတော့မူးချင်ချင် တောင်ဖြစ်နေပြီ ..၊ မောလာ၍ ရပ်တန့်ဖို့ ရင်ဘတ်ကိုတွန်းသော်လည်း မလွှတ်ပေးတဲ့အပြင် သူ့လက်တွေပါချုပ်ကာ နောက်တစ်ခါ ထပ်နမ်းလာတဲ့သူကြောင့် လူကတုံ့ပြန့်နေရုံကလွှဲ မတတ်နိုင်တော့ ။
သူတို့နမ်းတာမိနစ်ကြာကြာနေမိသည့် အထိဝန်ဘင်းကမောဟန်မပြ ၊သူ့နှုတ်ခမ်း တစ်စုံကတော့ ပူထူစွာ ပြတ်ကျတော့မဲ့အတိုင်းပဲမို့ မခံနိုင်တော့စွာ ရင်ဘတ်ကိုထု၍ သတိပေး တော့လိုက်သည်။
သူရဲ့ခါးသက်လွန်းနေတဲ့ နှုတ်ခမ်းကဘေဘီ့ နှုတ်ခမ်းနဲ့တွေ့တော့ ပိုင်ရှင်ကိုတွေ့သလို မလွှတ်ပေးချင်တော့ဘဲ တောက်လျှောက်နမ်းနေချင်တာ ၊ သောက်လေသောက်လေအငတ်မပြေလေဆိုတာဒါမျိုး၊ဘေဘီ့ဘက်က သူ့ရင်ဘတ်ကိုထုကာ အသက်ရှုသံလေးတွေပါကြားလိုက်ရတော့မှ အောက်နှုတ်ခမ်းကို တစ်ချက်စုပ်ယူကာ သူလွှတ်ပေးလိုက်မိသည်။
သူလွှတ်ပေးလိုက်တာနဲ့တစ်ပြိုင်နက် သူပုခုံးပေါ်ခေါင်းလေးရောက်လာတော့သည် ။အသက်ကို ပြင်း"ရှုကာ အမောဖြေနေသလိုမျိုးလေး ။ သူကြမ်းလိုက်မိတာ ဘေဘီနဲ့ပထမဆုံး အနမ်းမှာ သူ့ဘက်ကညှင်သာပေးရမှာကို လိုတာထက်ပိုပြီးယူမိသွားတာ ..၊
အမောပြေသွားတော့ ခေါင်းလေးထောင်လာပြီး သူ့ကိုရန်တွေ့တော့သည်။
"ခင်ဗျား..ဘယ်လိုလူလဲ ဖြည်းဖြည်းသက်သာနမ်းပေါ့ ၊အခုဟာကအနောက်က ကျားလိုက်သလိုပဲ ကျွန်တော့်နှုတ်ခမ်းတွေပြတ်ထွက်ပြီတောင် ထင်မိသွားတာ"
သူ့ကိုစိတ်ဆိုးကြောင်းတစ်ခွန်းမပြောတာမို့ ပြုံးပြီး
"အင်း..ကိုယ်တောင်းပန်ပါတယ် တကယ်ကိုယ်မှားတာပါ ပထမဆုံးကို မထိန်းချုပ်နိုင်သွားတာ"
"ဒါမဲ့ ..ဘေဘီကအူရိုင်းလေးသိလား "
"ကိုယ့်အနမ်းတွေကို ဘယ်လိုတုံပြန်ပေးရမလဲ သိတာ ..ကိုယ်မထင်ထားဘူး ကိုယ့်ဘေဘီလေးကို အဖြူထည်လေးလို့ပဲထင်နေတာ"
"အွန်း..ကျွန်တော်လဲ ခေတ်လူငယ်တစ်ယောက်ပဲ ၊ဘယ်လောက်ပဲအိမ်က ချုပ်ခြယ်ပြီး ကန့်သတ်ထားပါစေ ၊ လူငယ်တစ်ယောက်မှာသိသင့်တဲ့ အကြောင်းအရာတွေကိုတော့ ကျွန်တော်သိတယ်လေ"
2ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးမိသွားသည်။
"ဘယ်လိုလဲ ဒီတစ်ခါခေါ်လာတဲ့နေရာကို သဘောကျတယ်မလား"
"အင်း..အများကြီးသဘောကျတယ် ကျေးဇူးတင်ပါတယ် ဒီလောက်လှတဲ့နေရာကိုခေါ်လာပေးလို့"
သူရဲ့အထက်တန်းကျောင်းသား နောက်ဆုံးနေ့ကတော့ ဒီတစ်ခါထူးထူးဆန်းဆန်းလေးနဲ့ သူပျော်ရွှင်နေမိသည်။ သူဘယ်တော့မှမေ့မှာမဟုတ်တော့တဲ့ နေ့လေးတစ်ရက်ပင်..၊
______________________
4138 ဒီတစ်ခါအပိုင်းကအများဆုံးပါပဲ အားလုံးမျှော်နေမယ်ထင်လို့ အိပ်ရေးပျက်ခံပြီးရေးပေးထားတာပါ
Hope you enjoy it..🫂
Thanks for your reading and votes (ဒီနေရာမှာ တစ်ခုခုလိုသွားရင် အားနာပါ လေရဲ့ )