အခန်း ၃၀၈ ။ နာမည်ကတ်စာရင်းသွင်းခြင်း
ရှန်းရင်က မျက်လုံးထဲ တောက်ပမှုတွေနဲ့ ကြည့်ပြီး ဆက်တိုက်မေးခွန်းတွေမေးနေတဲ့ ရှေ့ကလူကို ကြည့်နေမိတယ်။ ရှန်းရင် သူ့ကိုဖြေချင်တဲ့ အခိုက်အတန့်တွေ ရှိပေမဲ့ သူမ ကြားဖြတ်မပြောနိုင်သလို နားထဲလည်း သူ့ရဲ့အဆက်မပြတ်စကားပြောမှုတွေပဲ။
မေးခွန်းတချို့အပြီးမှာ သူနောက်ဆုံးတော့ ပင်ပန်းသွားပုံပဲ။ အသံက နှေးလာပြီး သူ့မျက်ခွံတွေလည်း အိပ်ချင်မူးတူး ကျဆင်းလာခဲ့တယ်။ သူက နဂိုတည်းက ကလေးတစ်ယောက်ပဲလေ၊ မနက်တည်းက ထမင်းနှစ်နပ်စာ ချက်ရပြီး ခန္ဓာကိုယ်ထဲ ချီလမ်းညွှန်နည်းကို သင်ယူထားကာစမို့ ပင်ပန်းမှာပုံမှန်ပဲ။
"ဆရာ ဆရာ၊ နှစ်ယောက်လုံးပြောတာတွေကို ကျွန်တော် နားမလည်တာ... များတယ်၊ ကျွန်တော်... တစ်ခုခုကို မေ့သွားခဲ့တာလား"
"ဆရာဆရာ ကျွန်တော် အရသာရှိတဲ့ စားစရာတွေ အများကြီး... အများကြီးလုပ်ပေးနိုင်တယ် ဒါကြောင့်... ကျွန်တော်နဲ့ အမြဲနေမှာမလား"
"ဆရာ ဆရာ ယိချင်းက ဆရာ့ကို သဘောကျတယ်... အမေဝမ်... ထက်တောင်"
သူက အဲလိုပြောပြီးတဲ့နောက် နောက်ဆုံးတော့ အိပ်ငိုက်မှုကို ခံနိုင်ရည်မရှိတော့ပုံပဲ။ သူ့ကိုယ်လေးက ယိုင်သွားပြီး မျက်နှာက မြေကြီးနဲ့ထိတော့မယ်။
ရှန်းရင်က သူ့ကို အသာဆွဲထူလိုက်တယ်။ သူမ မျက်ဝန်းတွေ အနည်းငယ်မည်းနက်သွားကာ သက်ပြင်းချပြီးမှ အိမ်ထဲ လှည့်ဝင်လာခဲ့တယ်။
ဟမ်... သိပ်ပြီးကြာကြာမအိပ်ဖို့ မျှော်လင့်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်... ညစာရှိသေးတယ်လေ
ပြီးတော့... ဒီအမေဝမ်က ဘယ်သူလဲ။
——————
ကံကောင်းတာက စားဖိုမှူးက နှစ်နာရီလောက်ပဲအိပ်ပြီး နိုးလာတယ်။
ယိချင်းက ထထိုင်ပြီး မျက်လုံးကိုပွတ်ကာ အိပ်ရာဘေးက ရှန်းရင်ကိုမြင်ချိန် တန့်သွားတယ်။ သူ့မျက်လုံးလေးတွေ ချက်ချင်းတောက်ပသွားပြီး ဘာကြောင့်မှန်းမသိ ရင်ထဲ နွေးထွေးမှုတစ်မျိုး ခံစားလိုက်ရတယ်။
ရွာလေးမှာတုန်းက အမြဲအထီးကျန်ခဲ့ရတာ။ ဒါကြောင့် ရွာထဲက သူတို့ကို အိပ်ရာထဲ ချော့သိပ်မဲ့မိဘတွေရှိတဲ့ တခြားကလေးတွေကို မနာလိုဖြစ်ခဲ့တယ်။ နျိုနျိုမှာတောင် အမေဝမ်ရှိတယ်။ ဒါပေမဲ့ သူ့မှာတော့ ဘယ်သူမှမရှိ။ နေ့တိုင်း သူ့ဘာသာ အိပ်ကာထရတယ်။ သူ နေသားကျတာ ကြာပြီဆိုပေမဲ့လည်း အမြဲလစ်ဟာမှုတစ်မျိုးခံစားနေရတယ်။
ဒါပေမဲ့အခု သူ့မှာလည်းရှိပြီ - ဆရာရှိနေပြီ
"ဆရာ" သူ ဘေးကလူကို လှည့်ဖက်လိုက်ပြီး သူမလက်မောင်းကြား ခေါင်းလေးဝင်တိုးလိုက်တယ်။
ရှန်းရင်က အာရုံစိုက်မနေတော့ အိပ်ရာပေါ်ကပြုတ်ကျလုနီးပါး ဖြစ်သွားတယ်။ သူမကိုယ်သူမ ငြိမ်အောင် အမြန်ခြေတစ်ဖက် ဘေးချလိုက်ပေမဲ့ ဘေးကဝါးခြင်းကို ကန်မိသွားကာ ချက်ချင်း အသီးရိုးတွေနဲ့ အပြည့်ခြင်းက မြေပြင်ပေါ် အကုန် မှောက်ကျကုန်တယ်။
သူမရင်ခွင်ထဲရှိနေသေးတဲ့ ယိချင်းက တစ်ခဏတာမှင်တက်သွားပြီး အသီးရိုးတွေကိုကြည့်ကာ နောက်တော့ ရှန်းရင်ကို လှမ်းကြည့်တယ်။ သူ ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားပြီး မျက်ခုံးလေးတွေက မကျေနပ်ဟန် ကျုံ့ကုန်တယ်။
ရှန်းရင်က ကောင်းကင်ကို အလိုလိုမော့ကြည့်ပြီး ဘာမှမမြင်ချင်ဟန် ဟန်ဆောင်လိုက်တယ်။
"ဆရာ ဒီအသီးတွေက မမှည့်သေးလို့ စားလို့မရသေးဘူးလို့ ကျွန်တော်ပြောခဲ့တယ်မဟုတ်ဘူးလား""
"အာ... တကယ်တော့ ဖေဖေနျို ဒါတွေကို စားလိုက်တာ" အင်း၊ တကယ်ပဲ။
"ဆ-ရာ"
"ကောင်းပြီလေ၊ နင်နိုးလာမှာကို ထိုင်စောင့်နေရတာ ပျင်းဖို့ကောင်းလာလို့ နည်းနည်းလောက် ဒီတိုင်း စားမိလိုက်တာ"
"ဆရာ အကုန်လုံးကို စားလိုက်တာလေ"
"..." စားဖိုမှူးက တကယ်ပြောင်းလဲသွားပြီပဲ၊ သူ အရင်က သူမကိုတစ်ခါမှ အပြစ်မတင်ဖူးဘူးလေ။ သူ့ကို ဖေဖေနျို ဆိုးဆိုးရွားရွားသင်ပေးနေတာပဲ ဖြစ်ရမယ်။
"ဆရာ..." ယိချင်းက သက်ပြင်းချပြီး လူကြီးတစ်ယောက်ရဲ့အမူအရာနဲ့ မတ်မတ်ထိုင်တယ်။ သူ့အမူအရာက တည်ကြည်နေပြီး တစ်စုံတရာကို ပြောတော့မလို့ပုံစံနဲ့။
ရုတ်တရက် ကလေးဆန်တဲ့အသံက တံခါးကနေ ထွက်လာပြီး သတိတကြီးပြောလာတယ်။
"တပည့်လော့ထောင်က ဆရာသခင်ရှန်းနဲ့ ဆရာဦးလေးယိချင်းကို တွေ့ခွင့်တောင်းပါတယ်"
လော့ထောင်လား။ အဲဒါဘယ်သူလဲ။
ရှန်းရင် တစ်ခဏတာ တန့်သွားတယ်။
အပြင်ဘက်ကလူက တုံ့ပြန်သံ မကြားရတော့ အရဲစွန့်ကာ မေးလာပြန်တယ်။
"ဆရာသခင်၊ ဆရာဦးလေး၊ အသင်တို့အထဲမှာလား"
"အင်း" ယိချင်း အိပ်ရာကဆင်းပြီး ပြန်ဖြေကာ သူ့အင်္ကျီအတွန့်တွေကို ဖြန့်ပြီး ရှန်းရင်ကို တစ်ချက်ကြည့်လိုက်တယ်။
"အထဲဝင်လာခဲ့"
နောက်တော့ တံခါးဖွင့်သံထွက်လာပြီး သူတို့အံ့သြသွားရတာက အထဲဝင်လာသူဟာ ယိချင်းနဲ့ အရွယ်တူတဲ့ ကလေးတစ်ယောက်။ သူက မျက်နှာဝိုင်းပြီး မျက်လုံးသေးသေးလေးတွေနဲ့ မျက်နှာပြင်ထက်မှာ စူးစမ်းလိုစိတ်တွေ ရေးသားထားတယ်။ သူ့ကိုယ်ခန္ဓာအနေအထားက အံ့ဩသင့်စရာကောင်းလောက်အောင်... ဝိုင်းစက်နေတယ်။
အရမ်းကို ဝိုင်းတာ၊ တကယ်တော့။ ဒါက ဝတုတ်တုတ်ကောင်လေးပဲ။ သူတော်စင်လိုပေါက်ရမဲ့ အဖြူနဲ့ အပြာတပည့်ဝတ်ရုံတောင် သူ့ကိုယ်ပေါ် နည်းနည်းအူမြူးစရာကောင်းနေတယ်။
သူက အရင် ယိချင်းကို ကြည့်ပြီး နောက်တော့ နောက်က ရှန်းရင်ကိုကြည့်တယ်။ ဝဖိုင့်မှုက သူ့လှုပ်ရှားမှုကို နှောင့်နှေးစေလို့ထင် ဖြည်းဖြည်းချင်း ဂါဝရပြုလိုက်တယ်။
"နှုတ်ခွန်းဆက်သပါတယ် ဆရာသခင်နဲ့ ဆရာဦးလေးငယ်"
"ဘာကိစ္စလဲ" ရှန်းရင် မေးလိုက်တယ်။
"ဆရာသခင် ကျွန်တော့်အဖေ... ဆိုလိုတာ ဂိုဏ်းချုပ်က" သူက အကျင့်ပါနေလို့ထင် စဉ်းစားပြီးမှ ပြောင်းလိုက်တယ်။
"ဂိုဏ်းချုပ်က တပည့်ခန်းမဆောင်ဆီ ဆရာဦးလေးငယ်ကို ခေါ်ဆောင်ပြီး တပည့်နာမည်ကတ်ကို လုပ်ဖို့ ကျွန်တော့်ကို ခိုင်းထားပါတယ်"
ယိချင်း တစ်ခဏမှင်တက်သွားပြီးမှ ကူယွဲ့ ဒီလိုမျိုးတစ်ခုခုကို ပြောဖူးတာမှတ်မိသွားတယ်။ ဒါကြောင့် သူ ခေါင်းညိတ်ပြလိုက်တယ်။
"ကောင်းပြီလေ"
"ပြီးတော့..." လော့ထောင်က ရှန်းရင်ကိုကြည့်ကာ ဆက်ပြောတယ်။
"ဆရာသခင်ကူယွဲ့ကလည်း ဧည့်သည်ခန်းမဆောင်ဆီ ဆရာသခင်ရှန်းကို ဖိတ်ကြားဖို့ ကျွန်တော့်ကို မှာကြားလိုက်ပါတယ်"
"အာ" ရှန်းရင် ကုတင်ခေါင်းယင်းကို ပျင်းတိပျင်းရွဲမှီလိုက်တယ်။ ဘာလို့ ဖေဖေနျိုက သူမကို ခေါ်နေရတာလဲ။
"အလုပ်များလိုက်တာ..."
"ဆရာသခင်၊ ဆရာဦးလေးငယ်၊ ကျေးဇူးပြုပြီးကျွန်တော့်နောက် လိုက်ခဲ့ပေးပါ" လော့ထောင်က အမြန် ဘေးကိုဖယ်ကာ ဖိတ်ခေါ်တဲ့အမူအရာလုပ်ပြတယ်။
"ဆရာ သွားကြစို့" ရှန်းရင် လုံးဝမလှုပ်တာမြင်တော့ ယိချင်းကပြန်လှည့်ကာ သူမလက်ကို ဖမ်းဆုပ်လိုက်ရတယ်။
ဒီကျမှ ရှန်းရင်က ထရပ်ပြီး အိမ်ရှေ့က နေရာရွှေ့ပြောင်းအစီအရင်ဆီ ဝတုတ်ကောင်လေးနောက်က လိုက်ခဲ့တယ်။
လော့ထောင်က ယိချင်းကို နာမည်ကတ်လုပ်ဖို့ အရင်ခေါ်သွားချင်ပေမဲ့ ယိချင်းက ဆန္ဒမရှိ။ သူက ရှန်းရင်ကို ဧည့်သည်ခန်းမဆောင်ရှေ့ထိ လိုက်ပို့ကာ သူမဝင်သွားတာမြင်မှ တပည့်များခန်းဆောင်ဘက် ဦးတည်သွားခဲ့တယ်။
လော့ထောင်က ဇဝေဇဝါဖြစ်သွားတယ်။ သူတို့ နေရာရွှေ့ပြောင်းအစီအရင်ထဲက ထွက်တာနဲ့ တန်းရောက်တာကို ဘာလို့ မလိုအပ်တာအတွက် တကူးတကလုပ်နေရတာတုံး။
ဒါပေမဲ့ သူ့အဖေဂိုဏ်းချုပ်စကား စဉ်းစားမိတော့ တစ်စုံတရာကို ချက်ချင်း နားလည်သဘောပေါက်သွားပုံပဲ။
"ဆရာဦးလေးငယ်၊ ခင်ဗျားက ဆရာ့အပေါ် အရမ်းကောင်းတာပဲ"
ဆရာသခင်ရဲ့ တပည့်ဖြစ်ခွင့်ရတာ မဆန်းတော့ဘူး။
ယိချင်းရဲ့ ခြေလှမ်းတွေ ခဏတာ တန့်သွားပြီး မီတာရာချီပဲရှိတဲ့ တောင်ထွတ်မှာ တစ်နေ့ကို ငါးခြောက်ကြိမ်လောက် လမ်းပျောက်တဲ့ တစ်စုံတစ်ယောက်ရဲ့ သမိုင်းကို ချက်ချင်း ပြန်သတိရသွားတယ်။
ဒါပေမဲ့ ဝတုတ်လေးက အတော်လေး စိတ်လှုပ်ရှားနေတယ်။ သူက ဂိုဏ်းချုပ်သားလေ။ ဂိုဏ်းရဲ့တပည့်ငယ်တွေကြား သူက အငယ်ဆုံးဖြစ်ပေမဲ့ ဝါအရမြင့်ပြီး ဆရာတူညီ၊ ဆရာတူညီမနဲ့ တူတပည့်တွေရှိတယ်။ ဒါကြောင့် လူတိုင်းက သူ့ကိုအမည်တပ်ရင် "ငယ်" ဆိုပြီး ထည့်ခေါ်တယ်။
လူငယ်ဘဝရဲ့ ပုန်ကန်တတ်တဲ့ အပိုင်းအခြားကို ရောက်နေတဲ့ လော့ထောင်က ဒါနဲ့ပတ်သက်ပြီး မပျော်မရွှင် ဖြစ်ခဲ့တာပေါ့။ အံ့ဩသင့်စရာကောင်းစွာပဲ အခု သူ့မှာ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဆရာသခင်တွေရဲ့ တပည့်၊ သူ့ထက်တောင် ဝါမြင့်တဲ့ ဆရာဦးလေး ရှိနေပြီ။ သူ ချက်ချင်းပျော်သွားတာမို့ တပည့်က တရားဝင်စာရင်း မသွင်းရသေးတာတောင် အင်မတန်စိတ်အားထက်သန်စွာနဲ့ ‘ဆရာဦးလေးငယ်’ လို့ စတင်ခေါ်နေပြီ။
သူက ယိချင်း စကားနည်းတာကို ကြိုသိသလိုမျိုး နေရာရွှေ့ပြောင်း အင်းကွက်တွေကနေတစ်ဆင့် ခေါ်သွားချိန် ကိစ္စပေါင်းစုံကို မမောတမ်းပြောပြတော့တယ်။ တခြားဂိုဏ်းကနေ ရောက်လာတဲ့ ကြည့်ကောင်းတဲ့တပည့်သစ်တွေကစလို့ အကြီးအကဲတွေ ဘယ်အမျိုးသမီးကျင့်ကြံသူကို ကြိုက်တယ်ကအစ လက်ဟန်ခြေဟန်နဲ့ တက်ကြွစွာ အားလုံးပြောတော့တယ်။
သူက လမ်းလျှောက်နိုင်တဲ့ စွယ်စုံကျမ်းလိုပဲ။ ယိချင်းက သူ့ကိုမတားဘဲ တစ်လမ်းလုံး နားထောင်ခဲ့ပေမဲ့ စိတ်ထဲ သူတွေးနေတာကတော့ ညဘက်ဆရာ့အတွက် ဘာချက်ပေးရမလဲ။
ပြောတဲ့သူနဲ့ အတွေးလေလွင့်နေသူက အတော်လေးပနံသင့်စွာ လျှောက်လာခဲ့တယ်။ ဒါပေမဲ့ သူတို့ တပည့်များခန်းမနား နီးလာချိန် ဆူညံသံတွေအရှေ့ဘက်ကနေလာတာကို ကြားလိုက်ရတယ်။
လော့ထောင် ခြေလှမ်းတွေ ရပ်သွားတယ်။ တပည့်များခန်းဆောင်က အသက်ဆယ်နှစ်ဝန်းကျင်ကလေးတွေ ဝိုင်းခံထားရတာ မြင်လိုက်ရတယ်။ တချို့က သူ့လို အဖြူနဲ့အပြာဝတ်ရုံ၊ ဒါပေမဲ့ တချို့ကတော့ အစိမ်းရောင်ဝတ်ရုံနဲ့။ နှစ်ဖက်က သီးခြားစီရပ်နေပြီး တစ်ခုခုနဲ့ ပတ်သက်လို့ ငြင်းခုန်နေကြပုံပဲ။
"ဒီလူတွေက ဝတ်ရုံစိမ်းဂိုဏ်းကလား" လော့ထောင်က မှင်တက်သွားပြီး မျက်ခုံးတွန့်ကာ ယိချင်းကို ရှင်းပြလေတယ်။
"အဖေ့ဆီက ကြားတာတော့ သူတို့ဂိုဏ်းက မိစ္ဆာတွေ သုတ်သင်တာခံလိုက်ရတာတဲ့၊ အဖေနဲ့ ဆရာဦးလေးက သူတို့တပည့်တချို့ကို ကယ်ဖို့ အတော်လေးခက်ခက်ခဲခဲ အားထုတ်ခဲ့ရတယ်၊ သူတို့ ဘာလို့ ဝိုင်းနေကြပါလိမ့်၊ ဆရာဦးလေးငယ် ကျွန်တော်တို့ တစ်ချက်သွားကြည့်မလား"
"ကောင်းပြီလေ"
...
Zawgyi
အခန္း ၃၀၈ ။ နာမည္ကတ္စာရင္းသြင္းျခင္း
ရွန္းရင္က မ်က္လုံးထဲ ေတာက္ပမႈေတြနဲ႕ ၾကည့္ၿပီး ဆက္တိုက္ေမးခြန္းေတြေမးေနတဲ့ ေရွ႕ကလူကို ၾကည့္ေနမိတယ္။ ရွန္းရင္ သူ႕ကိုေျဖခ်င္တဲ့ အခိုက္အတန႔္ေတြ ရွိေပမဲ့ သူမ ၾကားျဖတ္မေျပာနိုင္သလို နားထဲလည္း သူ႕ရဲ႕အဆက္မျပတ္စကားေျပာမႈေတြပဲ။
ေမးခြန္းတခ်ိဳ႕အၿပီးမွာ သူေနာက္ဆုံးေတာ့ ပင္ပန္းသြားပုံပဲ။ အသံက ေႏွးလာၿပီး သူ႕မ်က္ခြံေတြလည္း အိပ္ခ်င္မူးတူး က်ဆင္းလာခဲ့တယ္။ သူက နဂိုတည္းက ကေလးတစ္ေယာက္ပဲေလ၊ မနက္တည္းက ထမင္းႏွစ္နပ္စာ ခ်က္ရၿပီး ခႏၶာကိုယ္ထဲ ခ်ီလမ္းၫႊန္နည္းကို သင္ယူထားကာစမို႔ ပင္ပန္းမွာပုံမွန္ပဲ။
"ဆရာ ဆရာ၊ ႏွစ္ေယာက္လုံးေျပာတာေတြကို ကြၽန္ေတာ္ နားမလည္တာ... မ်ားတယ္၊ ကြၽန္ေတာ္... တစ္ခုခုကို ေမ့သြားခဲ့တာလား"
"ဆရာဆရာ ကြၽန္ေတာ္ အရသာရွိတဲ့ စားစရာေတြ အမ်ားႀကီး... အမ်ားႀကီးလုပ္ေပးနိုင္တယ္ ဒါေၾကာင့္... ကြၽန္ေတာ္နဲ႕ အၿမဲေနမွာမလား"
"ဆရာ ဆရာ ယိခ်င္းက ဆရာ့ကို သေဘာက်တယ္... အေမဝမ္... ထက္ေတာင္"
သူက အဲလိုေျပာၿပီးတဲ့ေနာက္ ေနာက္ဆုံးေတာ့ အိပ္ငိုက္မႈကို ခံနိုင္ရည္မရွိေတာ့ပုံပဲ။ သူ႕ကိုယ္ေလးက ယိုင္သြားၿပီး မ်က္ႏွာက ေျမႀကီးနဲ႕ထိေတာ့မယ္။
ရွန္းရင္က သူ႕ကို အသာဆြဲထူလိုက္တယ္။ သူမ မ်က္ဝန္းေတြ အနည္းငယ္မည္းနက္သြားကာ သက္ျပင္းခ်ၿပီးမွ အိမ္ထဲ လွည့္ဝင္လာခဲ့တယ္။
ဟမ္... သိပ္ၿပီးၾကာၾကာမအိပ္ဖို႔ ေမွ်ာ္လင့္တာပဲ။ ဘယ္လိုပဲျဖစ္ျဖစ္... ညစာရွိေသးတယ္ေလ
ၿပီးေတာ့... ဒီအေမဝမ္က ဘယ္သူလဲ။
——————
ကံေကာင္းတာက စားဖိုမႉးက ႏွစ္နာရီေလာက္ပဲအိပ္ၿပီး နိုးလာတယ္။
ယိခ်င္းက ထထိုင္ၿပီး မ်က္လုံးကိုပြတ္ကာ အိပ္ရာေဘးက ရွန္းရင္ကိုျမင္ခ်ိန္ တန႔္သြားတယ္။ သူ႕မ်က္လုံးေလးေတြ ခ်က္ခ်င္းေတာက္ပသြားၿပီး ဘာေၾကာင့္မွန္းမသိ ရင္ထဲ ေႏြးေထြးမႈတစ္မ်ိဳး ခံစားလိုက္ရတယ္။
႐ြာေလးမွာတုန္းက အၿမဲအထီးက်န္ခဲ့ရတာ။ ဒါေၾကာင့္ ႐ြာထဲက သူတို႔ကို အိပ္ရာထဲ ေခ်ာ့သိပ္မဲ့မိဘေတြရွိတဲ့ တျခားကေလးေတြကို မနာလိုျဖစ္ခဲ့တယ္။ န်ိဳန်ိဳမွာေတာင္ အေမဝမ္ရွိတယ္။ ဒါေပမဲ့ သူ႕မွာေတာ့ ဘယ္သူမွမရွိ။ ေန႕တိုင္း သူ႕ဘာသာ အိပ္ကာထရတယ္။ သူ ေနသားက်တာ ၾကာၿပီဆိုေပမဲ့လည္း အၿမဲလစ္ဟာမႈတစ္မ်ိဳးခံစားေနရတယ္။
ဒါေပမဲ့အခု သူ႕မွာလည္းရွိၿပီ - ဆရာရွိေနၿပီ
"ဆရာ" သူ ေဘးကလူကို လွည့္ဖက္လိုက္ၿပီး သူမလက္ေမာင္းၾကား ေခါင္းေလးဝင္တိုးလိုက္တယ္။
ရွန္းရင္က အာ႐ုံစိုက္မေနေတာ့ အိပ္ရာေပၚကျပဳတ္က်လဳနီးပါး ျဖစ္သြားတယ္။ သူမကိုယ္သူမ ၿငိမ္ေအာင္ အျမန္ေျခတစ္ဖက္ ေဘးခ်လိဳက္ေပမဲ့ ေဘးကဝါးျခင္းကို ကန္မိသြားကာ ခ်က္ခ်င္း အသီးရိုးေတြနဲ႕ အျပည့္ျခင္းက ေျမျပင္ေပၚ အကုန္ ေမွာက္က်ကဳန္တယ္။
သူမရင္ခြင္ထဲရွိေနေသးတဲ့ ယိခ်င္းက တစ္ခဏတာမွင္တက္သြားၿပီး အသီးရိုးေတြကိုၾကည့္ကာ ေနာက္ေတာ့ ရွန္းရင္ကို လွမ္းၾကည့္တယ္။ သူ ႐ုတ္တရက္ တစ္စုံတစ္ရာကို နားလည္သြားၿပီး မ်က္ခုံးေလးေတြက မေက်နပ္ဟန္ က်ဳံ႕ကုန္တယ္။
ရွန္းရင္က ေကာင္းကင္ကို အလိုလိုေမာ့ၾကည့္ၿပီး ဘာမွမျမင္ခ်င္ဟန္ ဟန္ေဆာင္လိုက္တယ္။
"ဆရာ ဒီအသီးေတြက မမွည့္ေသးလို႔ စားလို႔မရေသးဘူးလို႔ ကြၽန္ေတာ္ေျပာခဲ့တယ္မဟုတ္ဘူးလား""
"အာ... တကယ္ေတာ့ ေဖေဖန်ိဳ ဒါေတြကို စားလိုက္တာ" အင္း၊ တကယ္ပဲ။
"ဆ-ရာ"
"ေကာင္းၿပီေလ၊ နင္နိုးလာမွာကို ထိုင္ေစာင့္ေနရတာ ပ်င္းဖို႔ေကာင္းလာလို႔ နည္းနည္းေလာက္ ဒီတိုင္း စားမိလိုက္တာ"
"ဆရာ အကုန္လုံးကို စားလိုက္တာေလ"
"..." စားဖိုမႉးက တကယ္ေျပာင္းလဲသြားၿပီပဲ၊ သူ အရင္က သူမကိုတစ္ခါမွ အျပစ္မတင္ဖူးဘူးေလ။ သူ႕ကို ေဖေဖန်ိဳ ဆိုးဆိုး႐ြား႐ြားသင္ေပးေနတာပဲ ျဖစ္ရမယ္။
"ဆရာ..." ယိခ်င္းက သက္ျပင္းခ်ၿပီး လူႀကီးတစ္ေယာက္ရဲ႕အမူအရာနဲ႕ မတ္မတ္ထိုင္တယ္။ သူ႕အမူအရာက တည္ၾကည္ေနၿပီး တစ္စုံတရာကို ေျပာေတာ့မလို႔ပုံစံနဲ႕။
႐ုတ္တရက္ ကေလးဆန္တဲ့အသံက တံခါးကေန ထြက္လာၿပီး သတိတႀကီးေျပာလာတယ္။
"တပည့္ေလာ့ေထာင္က ဆရာသခင္ရွန္းနဲ႕ ဆရာဦးေလးယိခ်င္းကို ေတြ႕ခြင့္ေတာင္းပါတယ္"
ေလာ့ေထာင္လား။ အဲဒါဘယ္သူလဲ။
ရွန္းရင္ တစ္ခဏတာ တန႔္သြားတယ္။
အျပင္ဘက္ကလူက တုံ႕ျပန္သံ မၾကားရေတာ့ အရဲစြန႔္ကာ ေမးလာျပန္တယ္။
"ဆရာသခင္၊ ဆရာဦးေလး၊ အသင္တို႔အထဲမွာလား"
"အင္း" ယိခ်င္း အိပ္ရာကဆင္းၿပီး ျပန္ေျဖကာ သူ႕အကၤ်ီအတြန႔္ေတြကို ျဖန႔္ၿပီး ရွန္းရင္ကို တစ္ခ်က္ၾကည့္လိုက္တယ္။
"အထဲဝင္လာခဲ့"
ေနာက္ေတာ့ တံခါးဖြင့္သံထြက္လာၿပီး သူတို႔အံ့ၾသသြားရတာက အထဲဝင္လာသူဟာ ယိခ်င္းနဲ႕ အ႐ြယ္တူတဲ့ ကေလးတစ္ေယာက္။ သူက မ်က္ႏွာဝိုင္းၿပီး မ်က္လုံးေသးေသးေလးေတြနဲ႕ မ်က္ႏွာျပင္ထက္မွာ စူးစမ္းလိုစိတ္ေတြ ေရးသားထားတယ္။ သူ႕ကိုယ္ခႏၶာအေနအထားက အံ့ဩသင့္စရာေကာင္းေလာက္ေအာင္... ဝိုင္းစက္ေနတယ္။
အရမ္းကို ဝိုင္းတာ၊ တကယ္ေတာ့။ ဒါက ဝတုတ္တုတ္ေကာင္ေလးပဲ။ သူေတာ္စင္လိုေပါက္ရမဲ့ အျဖဴနဲ႕ အျပာတပည့္ဝတ္႐ုံေတာင္ သူ႕ကိုယ္ေပၚ နည္းနည္းအူျမဴးစရာေကာင္းေနတယ္။
သူက အရင္ ယိခ်င္းကို ၾကည့္ၿပီး ေနာက္ေတာ့ ေနာက္က ရွန္းရင္ကိုၾကည့္တယ္။ ဝဖိုင့္မႈက သူ႕လႈပ္ရွားမႈကို ေႏွာင့္ေႏွးေစလို႔ထင္ ျဖည္းျဖည္းခ်င္း ဂါဝရျပဳလိုက္တယ္။
"ႏႈတ္ခြန္းဆက္သပါတယ္ ဆရာသခင္နဲ႕ ဆရာဦးေလးငယ္"
"ဘာကိစၥလဲ" ရွန္းရင္ ေမးလိုက္တယ္။
"ဆရာသခင္ ကြၽန္ေတာ့္အေဖ... ဆိုလိုတာ ဂိုဏ္းခ်ဳပ္က" သူက အက်င့္ပါေနလို႔ထင္ စဥ္းစားၿပီးမွ ေျပာင္းလိုက္တယ္။
"ဂိုဏ္းခ်ဳပ္က တပည့္ခန္းမေဆာင္ဆီ ဆရာဦးေလးငယ္ကို ေခၚေဆာင္ၿပီး တပည့္နာမည္ကတ္ကို လုပ္ဖို႔ ကြၽန္ေတာ့္ကို ခိုင္းထားပါတယ္"
ယိခ်င္း တစ္ခဏမွင္တက္သြားၿပီးမွ ကူယြဲ႕ ဒီလိုမ်ိဳးတစ္ခုခုကို ေျပာဖူးတာမွတ္မိသြားတယ္။ ဒါေၾကာင့္ သူ ေခါင္းညိတ္ျပလိုက္တယ္။
"ေကာင္းၿပီေလ"
"ၿပီးေတာ့..." ေလာ့ေထာင္က ရွန္းရင္ကိုၾကည့္ကာ ဆက္ေျပာတယ္။
"ဆရာသခင္ကူယြဲ႕ကလည္း ဧည့္သည္ခန္းမေဆာင္ဆီ ဆရာသခင္ရွန္းကို ဖိတ္ၾကားဖို႔ ကြၽန္ေတာ့္ကို မွာၾကားလိုက္ပါတယ္"
"အာ" ရွန္းရင္ ကုတင္ေခါင္းယင္းကို ပ်င္းတိပ်င္း႐ြဲမွီလိုက္တယ္။ ဘာလို႔ ေဖေဖန်ိဳက သူမကို ေခၚေနရတာလဲ။
"အလုပ္မ်ားလိုက္တာ..."
"ဆရာသခင္၊ ဆရာဦးေလးငယ္၊ ေက်းဇူးျပဳၿပီးကြၽန္ေတာ့္ေနာက္ လိုက္ခဲ့ေပးပါ" ေလာ့ေထာင္က အျမန္ ေဘးကိုဖယ္ကာ ဖိတ္ေခၚတဲ့အမူအရာလုပ္ျပတယ္။
"ဆရာ သြားၾကစို႔" ရွန္းရင္ လုံးဝမလႈပ္တာျမင္ေတာ့ ယိခ်င္းကျပန္လွည့္ကာ သူမလက္ကို ဖမ္းဆုပ္လိုက္ရတယ္။
ဒီက်မွ ရွန္းရင္က ထရပ္ၿပီး အိမ္ေရွ႕က ေနရာေ႐ႊ႕ေျပာင္းအစီအရင္ဆီ ဝတုတ္ေကာင္ေလးေနာက္က လိုက္ခဲ့တယ္။
ေလာ့ေထာင္က ယိခ်င္းကို နာမည္ကတ္လုပ္ဖို႔ အရင္ေခၚသြားခ်င္ေပမဲ့ ယိခ်င္းက ဆႏၵမရွိ။ သူက ရွန္းရင္ကို ဧည့္သည္ခန္းမေဆာင္ေရွ႕ထိ လိုက္ပို႔ကာ သူမဝင္သြားတာျမင္မွ တပည့္မ်ားခန္းေဆာင္ဘက္ ဦးတည္သြားခဲ့တယ္။
ေလာ့ေထာင္က ဇေဝဇဝါျဖစ္သြားတယ္။ သူတို႔ ေနရာေ႐ႊ႕ေျပာင္းအစီအရင္ထဲက ထြက္တာနဲ႕ တန္းေရာက္တာကို ဘာလို႔ မလိုအပ္တာအတြက္ တကူးတကလုပ္ေနရတာတုံး။
ဒါေပမဲ့ သူ႕အေဖဂိုဏ္းခ်ဳပ္စကား စဥ္းစားမိေတာ့ တစ္စုံတရာကို ခ်က္ခ်င္း နားလည္သေဘာေပါက္သြားပုံပဲ။
"ဆရာဦးေလးငယ္၊ ခင္ဗ်ားက ဆရာ့အေပၚ အရမ္းေကာင္းတာပဲ"
ဆရာသခင္ရဲ႕ တပည့္ျဖစ္ခြင့္ရတာ မဆန္းေတာ့ဘူး။
ယိခ်င္းရဲ႕ ေျခလွမ္းေတြ ခဏတာ တန႔္သြားၿပီး မီတာရာခ်ီပဲရွိတဲ့ ေတာင္ထြတ္မွာ တစ္ေန႕ကို ငါးေျခာက္ႀကိမ္ေလာက္ လမ္းေပ်ာက္တဲ့ တစ္စုံတစ္ေယာက္ရဲ႕ သမိုင္းကို ခ်က္ခ်င္း ျပန္သတိရသြားတယ္။
ဒါေပမဲ့ ဝတုတ္ေလးက အေတာ္ေလး စိတ္လႈပ္ရွားေနတယ္။ သူက ဂိုဏ္းခ်ဳပ္သားေလ။ ဂိုဏ္းရဲ႕တပည့္ငယ္ေတြၾကား သူက အငယ္ဆုံးျဖစ္ေပမဲ့ ဝါအရျမင့္ၿပီး ဆရာတူညီ၊ ဆရာတူညီမနဲ႕ တူတပည့္ေတြရွိတယ္။ ဒါေၾကာင့္ လူတိုင္းက သူ႕ကိုအမည္တပ္ရင္ "ငယ္" ဆိုၿပီး ထည့္ေခၚတယ္။
လူငယ္ဘဝရဲ႕ ပုန္ကန္တတ္တဲ့ အပိုင္းအျခားကို ေရာက္ေနတဲ့ ေလာ့ေထာင္က ဒါနဲ႕ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ ျဖစ္ခဲ့တာေပါ့။ အံ့ဩသင့္စရာေကာင္းစြာပဲ အခု သူ႕မွာ နတ္ဝိညာဥ္ျဖစ္ေပၚျခင္းအဆင့္ ဆရာသခင္ေတြရဲ႕ တပည့္၊ သူ႕ထက္ေတာင္ ဝါျမင့္တဲ့ ဆရာဦးေလး ရွိေနၿပီ။ သူ ခ်က္ခ်င္းေပ်ာ္သြားတာမို႔ တပည့္က တရားဝင္စာရင္း မသြင္းရေသးတာေတာင္ အင္မတန္စိတ္အားထက္သန္စြာနဲ႕ ‘ဆရာဦးေလးငယ္’ လို႔ စတင္ေခၚေနၿပီ။
သူက ယိခ်င္း စကားနည္းတာကို ႀကိဳသိသလိုမ်ိဳး ေနရာေ႐ႊ႕ေျပာင္း အင္းကြက္ေတြကေနတစ္ဆင့္ ေခၚသြားခ်ိန္ ကိစၥေပါင္းစုံကို မေမာတမ္းေျပာျပေတာ့တယ္။ တျခားဂိုဏ္းကေန ေရာက္လာတဲ့ ၾကည့္ေကာင္းတဲ့တပည့္သစ္ေတြကစလို႔ အႀကီးအကဲေတြ ဘယ္အမ်ိဳးသမီးက်င့္ႀကံသူကို ႀကိဳက္တယ္ကအစ လက္ဟန္ေျခဟန္နဲ႕ တက္ႂကြစြာ အားလုံးေျပာေတာ့တယ္။
သူက လမ္းေလွ်ာက္နိုင္တဲ့ စြယ္စုံက်မ္းလိုပဲ။ ယိခ်င္းက သူ႕ကိုမတားဘဲ တစ္လမ္းလုံး နားေထာင္ခဲ့ေပမဲ့ စိတ္ထဲ သူေတြးေနတာကေတာ့ ညဘက္ဆရာ့အတြက္ ဘာခ်က္ေပးရမလဲ။
ေျပာတဲ့သူနဲ႕ အေတြးေလလြင့္ေနသူက အေတာ္ေလးပနံသင့္စြာ ေလွ်ာက္လာခဲ့တယ္။ ဒါေပမဲ့ သူတို႔ တပည့္မ်ားခန္းမနား နီးလာခ်ိန္ ဆူညံသံေတြအေရွ႕ဘက္ကေနလာတာကို ၾကားလိုက္ရတယ္။
ေလာ့ေထာင္ ေျခလွမ္းေတြ ရပ္သြားတယ္။ တပည့္မ်ားခန္းေဆာင္က အသက္ဆယ္ႏွစ္ဝန္းက်င္ကေလးေတြ ဝိုင္းခံထားရတာ ျမင္လိုက္ရတယ္။ တခ်ိဳ႕က သူ႕လို အျဖဴနဲ႕အျပာဝတ္႐ုံ၊ ဒါေပမဲ့ တခ်ိဳ႕ကေတာ့ အစိမ္းေရာင္ဝတ္႐ုံနဲ႕။ ႏွစ္ဖက္က သီးျခားစီရပ္ေနၿပီး တစ္ခုခုနဲ႕ ပတ္သက္လို႔ ျငင္းခုန္ေနၾကပုံပဲ။
"ဒီလူေတြက ဝတ္႐ုံစိမ္းဂိုဏ္းကလား" ေလာ့ေထာင္က မွင္တက္သြားၿပီး မ်က္ခုံးတြန႔္ကာ ယိခ်င္းကို ရွင္းျပေလတယ္။
"အေဖ့ဆီက ၾကားတာေတာ့ သူတို႔ဂိုဏ္းက မိစာၦေတြ သုတ္သင္တာခံလိုက္ရတာတဲ့၊ အေဖနဲ႕ ဆရာဦးေလးက သူတို႔တပည့္တခ်ိဳ႕ကို ကယ္ဖို႔ အေတာ္ေလးခက္ခက္ခဲခဲ အားထုတ္ခဲ့ရတယ္၊ သူတို႔ ဘာလို႔ ဝိုင္းေနၾကပါလိမ့္၊ ဆရာဦးေလးငယ္ ကြၽန္ေတာ္တို႔ တစ္ခ်က္သြားၾကည့္မလား"
"ေကာင္းၿပီေလ"
...