အမရာ နှင်းဆီရဲ့ ခါးသွယ်သွယ်လေးကို ကိုင်လိုက်မှ ပိုလို့ပိန်သွားတာ သတိထားမိသည် အရင်နဲ့မတူတော့တဲ့ ချစ်သူရဲ့ခန္ဓာကိုယ်သေးသေးလေးကို အမရာပြန်လည်မှတ်သားရဦးမည် ~အချစ်တို့ အနမ်းတို့နဲ့ပေါ့...
အမရာ ရင်ဖုံးအင်္ကျီလေးရဲ့နှိပ်ကြယ်သီးလေးတွေကို ဖြေးဖြေးချင်းခြွေနေရင်း
"ထမင်းရောစားရဲ့လား မောင့်ရဲ့ပန်းလေးရယ်
လူကောင်လေးက သေးသွားလိုက်တာ"
အမရာ့ထက် ချွဲပိုတတ်တဲ့နှင်းဆီက အမရာ့ခါးကိုဖက်တွယ်ပြီး
"မောင့်ကို လွမ်းလို့ စားမဝင်ဘူးလေ"
အမရာ ကြယ်သီးလေးတွေကိုခြွေနှုတ်ပြီးတော့ နှင်းဆီရဲ့နှုတ်ခမ်းလေးကို လက်မကလေးနဲ့ပွတ်ဆွဲသည်
"ချွဲလိုက်တာနော်
အခုချိန်ကစပြီး မောင်ကဂရုစိုက်မှာမို့
အရင်လိုပြည့်ပြည့်လေးဖြစ်အောင်တော့ ပြန်စားပေးဦးနော်
အခုတော့ ..."
ပြောချင်သည်က "မောင်ကအရင်စားဦးမယ်" လို့ပါ
သို့ပေမဲ့ နှင်းဆီရဲ့ နှုတ်ခမ်းတွေက အမရာပြောချိန်မရအောင် အမရာ့နှုတ်ခမ်းကို ကပ်တွယ်လာသည်
ဒီအမျိုးသမီးလေးကိုချစ်လွန်းလို့ ငုံထားလိုက်ချင်သည်
အနာတရဆိုတာမျိုး မရှိစေချင်တော့
ဖျားနာမှုတွေ မရှိစေချင်တော့
ဝမ်းနည်းမှုတွေနာကျင်မှုတွေ အမရာသိမ်းထားချင်သည်
အနမ်းတို့ပေးရင်း နှင်းဆီ အမရာ့တီရှပ်ကလေးကို အပေါ်ဆွဲတင်ကာချွတ်သည် ဆွဲတင်ရင်း ဗိုက်သားတို့ကိုပွတ်တိုက်မိတော့ ချက်ချင်း အနမ်းတို့ကိုစွန့်ခွာဖို့ပုခုံးကိုတွန်းလွှတ်သည်
တွန်းလွှတ်ပြီး ချက်ချင်း အမရာ့တီရှပ်ကိုလည်ပင်းအထက်သို့ဆွဲကာချွတ်ပြီး
"မောင်"
တစ်ခွန်းတည်း ပြောနိုင်ပြီး ဝမ်းဗိုက်က ကြွက်သားတွေကိုစိုက်ကြည့်နေသည်
"မောင် လေ့ကျင့်ခန်းလုပ်ထားတာလေ "
လေယာဥ်ကွင်းမှာတုန်းကပုခုံးကိုစမ်းမိတော့ လေ့ကျင့်ခန်းလုပ်ထားလို့ တောင့်တင်းနေတာကိုရိုးရိုးတန်းတန်းလို့တွေးလိုက်မိတာ
တကယ်တမ်းတော့ ဗိုက်က six pack အမြှောင်းလိုက်ကို တွေ့နေရသည်
ချစ်သူက စိုက်ပဲကြည့်နေတော့
"မောင်လေ့ကျင့်ခန်းလုပ်ထားတာ
မကြိုက်လို့လား မနှင်းဆီရယ်"
တကယ်က...
နှင်းဆီကြိုက်တာပေါ့ ဒီလောက်တောင့်ဖြောင့်နေတဲ့ six pack နဲ့ လက်မောင်းကြွက်သားအတုံးလေးတွေနဲ့ ချစ်သူကို ဘယ်မိန်းကလေးက မကြိုက်ပဲနေမည်နည်း
"ဟင့်အင်း ကြိုက်တာပေါ့
ဘယ်လိုတောင် လုပ်ယူထားတာလဲ တွေးနေတာ
ကြိုက်တယ် "
နှင်းဆီ အမရာ့ ဝမ်းဗိုက်ကို သူမလက်ချောင်းလေးတွေနဲ့ပွတ်ဆွဲရင်း
"အရမ်းကြိုက်တာ"
အမရာ ပြုံးစိစိလုပ်ပြီး
"မောင့်ကို အခုလိုကြွေဆင်းနေအောင်လို့
ဒါတွေလုပ်ယူထားတာ မောင်မှမောင်ဖြစ်နေရမယ်"
အမရာ ချစ်သူရဲ့ပုခုံးသားလေးကို နမ်းရှိုက်ရင်းကိုက်ခဲသည်
လွမ်းနေတာရော သူများနိုင်ငံမှာနေရင်းသင်ယူထားတဲ့ သီးခြားသိုင်းပညာတွေရော ပေါင်းပြီးချစ်သူကိုသိုင်းကွက်တွေပြသည်
လည်တိုင်လေးကနေ နားအစပ်နားထိ ဖိကာနမ်းရှိုက်ပြီး ပုခုံးသားလေးကို ကိုက်ခဲလိုက်တော့ ဘယ်မိန်းကလေးကခံနိုင်မည်နည်း
"မောင့်..."
အမရာထံမှ တုံ့ပြန်သံမလာပါ နဂိုကတည်းကအလုပ်နဲ့သက်သေပြတတ်သူမို့ အချစ်တွေ အလွမ်းတွေကို အနမ်းတွေ နှုတ်ခမ်းတွေနဲ့သက်သေပြသည်
တကယ်ပါပဲ နှင်းဆီပန်းကလေးက အမရာ့ကြိုးဆွဲရာကနေရတဲ့ ရုပ်သေးရုပ်ကလေးလိုပင် တစ်ညတာမှာပဲ ကကြိုးစုံစွာကနေရသည်
အမရာ့နှုတ်ခမ်းလေးက ခရီးထွက်နေသလို အမရာ့လက်တို့ကလဲနှင်းဆီပန်းကလေးကို ပွတ်သတ်ကာချော့မြူနေပြန်သည်
အမရာခါးသေးသေးလေးကို ကိုင်ကာသူမလိုရာခရီးကိုဆွဲကာသွားသည်
နှင်းဆီတစ်ယောက် "မောင်" ဆိုတဲ့အမည်နာမလေးကိုတစ်ညလုံး ညီးတွားရင်း အချိန်တွေကုန်ဆုံးသွားရသည်
ပင်ပန်းကာ အိပ်ပျော်သွားတဲ့အမရာတစ်ယောက် သူမဝမ်းဗိုက်ကိုပွတ်သတ်နေတဲ့ နှင်းဆီကြောင့်တစ်ရေးနိုးလာသည်
"မအိပ်ဘူးလား မနှင်းဆီရယ်"
အမရာ့ ဗိုက်က ပေါင်မုန့်စစလေးတွေကို တစ်ထစ်ချင်းလက်နဲ့ပွတ်နေတဲ့နှင်းဆီ
"မောင့်ပြောင်းလဲမှုက ဒါပဲလား
တို့ဘာတွေသိထားဖို့လိုအပ်ဘဲ"
"မောင် ဟော်မုန်းဆေးတွေ ထိုးထားတယ်
အဲ့တာကြောင့်လဲ လေ့ကျင့်ခန်းတွေလုပ်ဖြစ်သွားတာ"
အမရာ ရှေ့ကိုမျှော်တွေးထားတာမို့ အခုကတည်းက...
"ဘာလို့လဲ ဘာလို့ထိုးတာ "
"မောင်မေးတာကိုအရင်ဖြေပါနော်
မောင့်ကို အချိန်ကာလတစ်ခုရောက်ရင်
လက်ထက်မယ်မဟုတ်လားဟင်"
"မောင်ရယ် အခုလဲ လက်ထပ်တာနဲ့ဘာကွာလို့လဲ
မောင်သာ ယောက်ျားလေးဆိုလို့ကတော့...
တို့ကလေးအမေဖြစ်တာကြာလောက်ပြီထင်တယ်လေ"
"ဟီးး.... မောင်လဲ အဲ့လိုတွေးတာ
မောင်တို့ တစ်ချိန်ကျရင် လက်ထပ်ကြမယ်
ကိုယ်ပွားလေးတွေ မွေးမယ်လေ
မောင့်ကိုယ်ပွားလေး မွေးပေးမယ်မဟုတ်လား"
နှင်းဆီ လက်မောင်းပေါ်အိပ်ကာ ကြွက်သားတို့ကိုဆော့ကစားနေရာကနေ အမရာ့ပါးကိုသူမဘက်သို့ဆွဲလှည့်ကာ မျက်နှာကိုကြည့်စေပြီး
"အိုး...အမရာမောင်
ရှင်လေး တော်တော်ဆိုးနေပြီပဲ
လူကို လက်ထပ်ခွင့်လဲ မတောင်းပါပဲ
ကလေးမွေးခိုင်းနေတာလား...ဘယ်လိုလူသားလေးလဲ"
~ပြွတ်
နှင်းဆီ အမရာ့နှုတ်ခမ်းလေးကိုတစ်ချက် ပြွတ်ခနဲမြည်အောင်ဖမ်းနမ်းလိုက်သည်
"မောင်က ရှေ့ကိုမျှော်တွေးတာပါ
ဖြေဦး မွေးပေးမှာလား မမွေးပေးဘူးလား"
နှင်းဆီ ခေါင်းလေးကို အမရာ့လည်တိုင်ကလေးထဲတိုးဝင်သွားပြီးတိုးတိုးလေးဆိုလာသည်က
"မွေးပေးမှာပေါ့ မောင့်ကိုယ်ပွားလေး"
"Yes...
အဲ့တာပဲလေ မောင်ကအဲ့တာကိုတွေးတာ
ကိုယ်ပွားလေးတွေကို မောင်တို့နှစ်ယောက်ရဲ့သွေးသားပဲဖြစ်ရမယ်တွေးထားလို့ ဟော်မုန်းဆေးထိုးတာပေါ့
သူများကိုအလှူခံစရာမလိုဘူး သူများကလေးမဟုတ်တော့ဘူးလေ"
"အဲ့လိုလား မသိဘူး
အဲ့တာတွေက မောင်ပဲကြိုးစား
တို့ကမသိဘူးလေ"
အမရာ နှင်းဆီဘက်လှည့်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး
"မေးစရာရှိသေးတယ်"
နီးကပ်လာတဲ့ မျက်နှုနဲ့နှုတ်ခမ်းပါးလေးကိုကြည့်ရင်း
"ဘာများလဲမောင်"
"အဲ့လူကြီးက မုန့်တွေဝယ်ဝယ်လာတယ်ဆိုဟုတ်လား"
နှင်းဆီ မပြုံးပဲမနေနိုင် တူတူရှိနေသည့်တိုင်အောင် ထိုလူအကြောင်းကို အမရာတွေးနေသည်လေ
"အလုပ်ကိုလာရင် မုန့်ဝယ်လာတတ်တယ်"
"စားတာပဲလား"
အမရာ သိပ်မကျေနပ်တဲ့လေသံဖြစ်သွားသည်
"ဝယ်လာပေးတော့ စားဖြစ်တာပေါ့"
"စောစောကပြောတော့ လွမ်းလို့စားမဝင်ဘူးဆို
အဲ့လူဝယ်လာတော့စားတယ်လား"
အူတိုနေတဲ့ အမရာ့ကို နှင်းဆီပိုလို့အူတိုစေချင်သည်
"သူက တို့အကြိုက်သိတာကို
တို့ကြိုက်တာဝယ်လာပေးတတ်တော့ စားမိတယ်လေ
အလုပ်ပင်ပန်းနေရင် အဲ့လိုစားချင်တာလေးလာပို့ပေးတော့
စားမိတာပေါ့"
အမရာ နှင်းဆီ ခေါင်အုံး အိပ်နေတဲ့သူမလက်ကိုဆွဲထုတ်သည်
နှင်းဆီနဲ့ဆန်ကျင်ဘက်ကိုလှည့်လိုက်ပြီး
"အိပ်တော့"
"ဟာ...အဲ့လိုလား ရတယ်လေ
လိုအပ်တာကိုမပေးရင် ပေးတဲ့သူဆီကယူမယ်"
အမရာစိတ်ကောက်နေရာကနေ ချက်ချင်းပြန်လှည့်လာပြီ
"မနှင်းဆီနော်... "
"သူက အနားမှာမနေပဲကြာနေပြီးတော့
အခုကျမှ သူကစိတ်ကောက်ရတယ်ရှိသေးတယ်
အဲ့လက်မောင်းမပေးလဲနေ ရတယ်
နေတတ်အောင်နေပစ်မှာ"
ထိုအခါမှ စိတ်ကောက်တဲ့အမရာကပဲ နှင်းဆီကိုပြန်ချော့ရပြန်သည် နှင်းဆီတစ်ယောက် အမရာ့ကို ထိုသို့အနိုင်ကျင့်တုန်းပါ
"အာ... မောင်ကစိတ်ကောက်တာကို
မချော့ပဲ ပြန်ကောက်နေတာလား မနှင်းဆီရဲ့
နေတတ်အောင်မနေရပါဘူး မောင်မှမောင်ဖြစ်နေရမှာလေ"
ချက်ချင်းလက်မောင်းလေးပြန်ပေးပြန်သည်
ချစ်သူကို တင်းကြပ်နေအောင်ဖက်ထားပြီး ထိုလူကျွေးတာမစားဖို့ကတိတွေတောင်းသလို စားချင်တာအကုန်ဝယ်ကျွေးမယ်ကတိတွေပေးသည်
ချစ်သူနှစ်ဦး ကြည်စားရင်း ညတာကနေ နေ့အခါကိုပင်ကူးပြောင်းသွားလေသည်
~~~~~~
ကျောင်းတက်ကတည်းက နေလင်းနဲ့ဦးကျော်သီဟတို့ရဲ့အကြောင်းကို မပြတ်စုံစမ်းနေခဲ့သည်မို့ ထိုလူတွေစီးပွားရေးဘယ်အနေအထားရှိနေသည်ကို အမရာ ခရေစေ့တွင်းကျကျသိထားသည်
"Boss "
အမရာ့လူယုံ ၃ ဦးနဲ့ ထိုလူတွေရဲ့နောက်လိုက်လူအုပ်ကြီးက အမရာ့ကိုနှုတ်ဆက်သည်
"မင်္ဂလာပါ Boss "
"ဟုတ်ကဲ့ပါ ကျန်တဲ့သူတွေ တန်းဖြုတ်ပါ
ကိုဗညားတို့ ကျန်ခဲ့ပေး"
အမရာ သူမအိတ်ထဲက Mevius ဆေးလိပ်ဘူးထဲက ဆေးလိပ်တစ်လိပ်ကို နှိုက်ထုတ်လိုက်သည်
စတိုင်ကျကျ မီးညှိလိုက်ပြီးတစ်ချက်ဖွာ လိုက်သည်
"စီစဥ်ထားတဲ့အတိုင်း လုပ်ငန်းစမယ်ဗျာ...
သာယာနေတဲ့ကျုပ်တို့သားမိဘဝလေးကို မွှေတဲ့လူတွေ
ကျုပ်နဲ့ကျုပ်အမျိုးသမီးကို ဝေးဖို့ပေါက်ကရတွေလုပ်တဲ့သူတွေ
ကျုပ်အမေကိုသတ်တဲ့ဒီလူနှစ်ယောက်ကို ဒီအတိုင်းမထားနိုင်ဘူး"
ထိုအမရာမောင်ကတော့ အရာအားလုံးကွဲထွက်ကာ နှင်းဆီမသိသေးတဲ့ အမရာမောင်ပါလေ
"စိတ်ချပါ Boss"
အမရာခန့်ထားတဲ့ secretary မလေး နွေးရည်မွန်က
"သူတို့ ငွေအတော်များများနဲ့ ရှယ်ယာလိုက်ဝင်နေတယ် "
အမရာ့ လမ်းကြောင်းထဲစိုက်စိုက်မြိုက်မြိုက်ရောက်လာတဲ့ထိုနှစ်ဦးပါ
"ရောင်းပေးရမှာပေါ့ "
အမရာ ဟိုမှာရှိစဥ်ကတည်းက ဟန်ဆောင် company တစ်ခုဖွဲ့စည်းလိုက်ပြီး နိုင်ငံခြားfounder မှ လာရောက်ဖွင့်လှစ်တဲ့company ဟု သတင်းလွှင့်ထားခဲ့သည်
အဲ့တော့ နိုင်ငံခြားဆို အထင်ကြီးတတ်တဲ့ ဦးကျော်သီဟ အမရာ့လက်ထဲရောက်လာလေပြီ ငါးစာချလိုက်တဲ့အမရာ ငါးကြီးကြီးဟပ်လေပြီ
"ရောင်းပေးလိုက် နွေးရည်
အရှုံးခံမဲ့လုပ်ငန်းကို သေချာပြောပြီး ရောင်းပေးထားလိုက်"
"ဟုတ် Boss"
အမရာ ခနဆိုပြီးထွက်လာရာကနေ အချိန်အတော်ကြာနေလေပြီ
"မနှင်းဆီတော့ ပြောတော့မှာသေချာတယ်"
အမရာ တွေးထားသည်ကမလွဲ ခြံထဲကားဝင်တာနဲ့ အိမ်ရှေ့ကိုထွက်လာသည့်နှင်းဆီ အမရာကားရပ်လို့အောက်ကိုဆင်းလိုက်တာနဲ့
"ဘယ်ကိုသဝေထိုးနေလို့ အဲ့လောက်ကြာနေတာလဲ မောင်
ပြောသွားတာ ခနလေ အခုကဘာလို့ကြာနေတာလဲ"
အမရာ ပြုံးမိသည်
"အဲ့လိုပြောမှာသိနေတယ်"
အမရာ သူမလက်ထဲဝှက်ထားတဲ့ နှင်းဆီပန်းလေးကိုထုတ်ပေးသည်
ပန်းလေးမြင်တော့ နှင်းဆီမျက်နှာအပြုံးပန်းလေးပွင့်လာသည်
"မောင်က တို့အားနည်းချက်ကိုများသိနေသလားပဲ"
ပန်ပေးဆိုတဲ့အနေအထားနဲ့ နားကဆံနွယ်လေးတွေငိုသပ်တင်ကာပေးတော့ အမရာနှင်းဆီပန်းလေးကိုချိုးပြီး သူမရဲ့ချစ်သူ နားထက်မှာ ပန်ဆင်ပေးလိုက်သည်
အပိုအနေနဲ့ ပါးလေးကိုလဲ အနမ်းတစ်ပွင့်ပေါ့
"ဆူမှာသိလို့ ပန်းလေးဆင်းဝယ်လာတာ
မောင်အလုပ်များနေလို့ပါ စိတ်ဆိုးပြေနော်..."
"ပန်းလေးကြောင့်နော်
စိတ်ဆိုးပြေပေးမယ် ခနလေး.."
နှင်းဆီ စီးကရက်အနံ့ကို ကောင်းကောင်းကြီးသိသည်
အမရာထံက အနံ့ရနေတာကို သိပေမဲ့ စိတ်ထင်တာနေမှာပါလေလို့ တွေးပြီး
"ဘာမှမဟုတ်တော့ဘူး...
ထမင်းသွားစားမယ်"
"ဟုတ်"
နှင်းဆီ အမရာ့လက်ကလေးဆွဲခေါ်သွားတော့ အမရာကလေးလေးလို ပါသွားပြန်သည်
ထမင်းစားပြီးတော့ ချစ်သူနှစ်ဦးဘေးချင်းကပ် အနာဂတ်အကြောင်းတွေကို ပြောကြသည်
"မောင်ပြောစရာရှိသေးတယ်"
"ဘာများလဲ"
"မောင့်မှာက ဆေးရုံရော companyရောဆိုတော့ မနိုင်လို့
secretary တစ်ယောက်ခန့်ထားတယ် မမချောရှာပေးထားတာ ဟို မိန်းကလေးဆိုတော့လေ မနှင်းဆီသိသင့်တယ်"
ချောကရှာခန့်ထားပေးတယ်ဆိုတော့ စိတ်ချရမည်
သို့ပေအမဲ့ အတွင်းရေးမှူးဆိုတော့လဲ ဘယ်လိုအနေအထားလဲဆိုတာ နှင်းဆီသိချင်သည်
"ချောရှာပေးတာဆိုတော့ အရည်အချင်းက ပြောစရာမလိုမှာသိတယ် ဒါပေမဲ့တို့ဘက်ကမေးသင့်တာမေးရမှာပဲ
အဲ့ကောင်မလေးက ချောလား အသက်ငယ်ငယ်လေးလား"
အမရာ ပြုံးရယ်နေမိသည်
"ဘာရယ်တာလဲ မေးတာမဖြေပဲနဲ့"
"မောင်မသိဘူး... မောင့်အမျိုးသမီးလေးရဲ့
မောင်က မနှင်းဆီကလွဲလို့ အခြားသူဆို
ချောလားမချောလား လှလားမလှလား လိုက်မကြည့်တတ်ဘူး"
နှင်းဆီသိပ်မယုံချင် အမရာ့ကိုသေချာကြည့်ပြီး
"တကယ်လား"
"တကယ်ပေါ့
မနှင်းဆီသာလျှင် မောင့်ရဲ့ကိုးကွယ်ရာပါ"
နှင်းဆီ အမရာ့ပါးလေးတစ်ဖက်ကို ဖွဖွလေးဆွဲပြီး
"ချစ်လိုက်တာ "
"ကျန်သေးတယ် မနှင်းဆီရဲ့
မောင်ပြောချင်တာတစ်ခုပဲရှိသေးတယ်
နောက်တစ်ချက်က မောင်ဆေးရုံထိုင်ရင် ခွဲခန်းတွေဝင်ရမယ်
အဲ့အခါကျမောင်အချိန်မပေးနိုင်တာမျိုး.."
"အို... မောင်ရယ်
တို့အဲ့လောက်တော့နားလည်မှုရှိပါတယ်နော်
မောင်သာ အတူရှိတဲ့အချိန်တွေဆို
ပိုပြီးအလိုလိုက်ပေး ချစ်ပေးလေ"
ဒီလိုမျိုး အလိုက်သိတဲ့ချစ်သူမို့ ပိုလို့ချစ်ရပါတယ်
အမရာ အခုအချိန်မှာ ဘာမှမပြောနိုင်သေးပေမဲ့
လိမ်လည်ထားတာမျိုးမရှိဘူးဆိုတဲ့စိတ်နဲ့ နေနေခဲ့သည်
×× ××
အချိန်ကာလတစ်ခုကိုရောက်လာတော့ နှင်းဆီလဲ ကိုယ့်အလုပ်ကိုယ်လုပ်သလို အမရာလဲ ဆေးရုံနဲ့company ကြားဗြာများလာသည်
"သမီး"
ဦးကျော်သီဟ နှင်းဆီကို အလုပ်ခြံထဲတွင်လာတွေ့ခြင်းပါ
"အဖေ
လာလေ ဖေဖေ ထိုင်ပါဦး "
နှင်းဆီက သူမအပေါ်ဘယ်လိုပဲဆက်ဆံခဲ့ပါစေ ကျွေးမွေးခဲ့သည်မို့ ဖခင်တစ်ယောက်လို့သာ သတ်မှတ်ထားသေးသည်
ဖခင်ကို ထိုင်စေပြီး ရုံးစာရေးမလေးတွေကို ကော်ဖီနဲ့မုန့်ပြင်ခိုင်းလိုက်သည်
"ဖေဖေ မတွေ့တာတောင်ကြာပြီနော်
နေကောင်းရဲ့လား ဘယ်မှာ ဘာတွေလုပ်နေလဲဟင်"
"နေကောင်းပါတယ် သမီး
ဖြစ်ခဲ့တာတွေအတွက်လဲ ဖေဖေတောင်းပန်ပါတယ်
စိတ်လဲမကောင်းပါဘူး သမီးခွင့်လွှတ်တယ်မဟုတ်လား
ဖေဖေက အဲ့တုန်းကသမီးအတွက်ကောင်းစေချင်တဲ့စိတ်နဲ့ပါ
လူတွေ အမြင်မှာသမီးကို မိန်းကလေးတစ်ယောက်နဲ့ ..."
"သမီးနားလည်ပါတယ် ဖေဖေ"
စိတ်သဘောထား နူးညံ့တဲ့နှင်းဆီတစ်ယောက် ဦးကျော်သီဟရဲ့ လှည့်ကွက်ထဲရောက်နေပြန်သည် သတိရလို့ပါဆိုတဲ့ စကားလုံးနဲ့ကိုင်ပေါက်ကာ နှင်းဆီရဲ့အလုပ်ကို ခနခနဝင်ထွက်လာသည်
~~~ ~~~
"နှင်းဆီ မောင့်ကို ရှင်ဆေးရုံမှာသွားကြိုလား"
ချောရဲ့အမေးကို စာရွက်စာတမ်းတွေကြည့်နေသည့်နှင်းဆီဖြေမအားသေး
"ကျွန်မမေးတာလဲ ဖြေဦး နှင်းဆီရေ"
"သြော် sorry ချောရယ် ဒီမှာစိတ်နစ်သွားလို့"
"ရှင်အဲ့မှာနစ်နေ
ဟိုမှာအမရာမောင်လဲ ဆေးရုံမှာနစ်နေပြီ
ဆေးရုံမှာ ရောဂါမရှိပဲလာပြတဲ့သူက တစ်ဝက်တဲ့
သေချာလဲသွားကြည့်ဦးလွှတ်မထားနဲ့ဦး"
ချောပြောတော့မှ နှင်းဆီ အသစ်ဖွင့်ထားတဲ့ဆေးရုံကို အမြန်သွားလိုက်သွားကြည့်သည် ချောပြောလိုက်သည့်အတိုင်းပါပဲ ဆေးရုံမှာ ရောဂါဖြစ်လို့လာပြသည်ကတစ်ဝက်နှင့် တစ်ဝက်မှာ အမရာမောင်ကို လာငမ်းသည့် အမျိုးသမီး တစ်သိုက်ကြီးပင်
နန်းခန့်ထားသည့်သီးခြားဆရာဝန်တွေမှာလဲ ချောကြသည် သိုပေမဲ့ အရပ်ရှည်ရှည် Tachi ဆန်ဆန်အမရာ့ထံကိုသာ မျက်လုံးတွေကရောက်နေကြသည်
ထိုင်ပြောနေကြသည်ကလဲ အမရာဘယ်လောက်သန့်ကြောင်းပင်
လန်းကြောင်းပင်
နှင်းဆီ ဘယ်လိုလုပ်ရမည်နည်း
ဆေးမကုဖို့လဲ ပြောလို့မရ
ဒီဆေးရုံကြီးမှာ လုပ်နေရင်လဲ ထိုသို့အမျိုးသမီးတွေတသီကြီးကသေချာပေါက်လာနေဦးမှာပင်
အမရာ လူနာတစ်ဦးအဝင်အထွက်လုပ်ချိန် အခန်းအတွင်းမှ သူမချစ်သူကိုတစ်ချက်လှမ်းမြင်လိုက်ရတော့ ချက်ချင်းထွက်လာသည်
အခန်းဝမှ သူနာပြုဆရာမလေးကို
"ဆရာမလေး ခန break နော်
၅ မိနစ်လောက် "
အမရာ နှင်းဆီရှိရာကိုလျှောက်လာတော့ လူနာအုပ်ကြီးက သေချာစိုက်ကြည့်နေကြသည်
အမရာ Tshirt အင်္ကျီကို style pant ဘောင်းဘီလေးနဲ့ တွဲကာ အင်္ကျီစကိုဘောင်းဘီထဲထည့်ဝတ်ထားပြီး duty coat လေးထပ်ထားသည်
ဆံပင်မတိုမရှည်လေးကို Mini ponytail style လေးစီးထားတာမို့အတော်ပင် ဆိုးဆိုးရွားရွားဆွဲဆောင်နေသည်
"အမရာမောင် ဆေးလာကုတာလား ဖက်ရှင်ရှိုးလာလျှောက်တာလား "
နှင်းဆီ ပြောလိုက်မှ သူမကိုယ်သူမ ငုံ့ကာကြည့်သည်
"ဘာလို့လဲ မနှင်းဆီ မောင်အမြဲဒီလိုပဲဝတ်တာလေ"
နှင်းဆီ စူပုပ်ကာမျက်စောင်းထိုးနေလေသည် အမရာသိသည် မနှင်းဆီတစ်ယောက် လူနာတွေနဲ့သူမကိုသဝန်တိုနေသည်ဆိုတာ သူရိပ်မိသည် အမရာလဲ လူနာတွေရှေ့မှာပဲ နှင်းဆီကို နဖူးလေးဖမ်းနမ်းလိုက်ပြီး
"ဒီလိုဆို ရလား"
အားလုံးရှေ့မှာ နမ်းခံလိုက်ရတော့ နှင်းဆီစောစောကလိုမဟုတ်တော့ ကျေနပ်သွားသယောင် လူနာတွေရှေ့မှာ ဒီဆရာဝန်မလေးကိုသူမအပိုင်ဆိုတာပြလိုက်နိုင်တယ်လေ
"နေ့တိုင်းလာကြိုရမယ်ထင်တယ်"
"ဟော... အဲ့တာဆို နေ့တိုင်းနမ်းခွင့်ရတော့မှာပေါ့"
နှင်းဆီက ကျေနပ်သွားပေမဲ့ လူနာအုပ်ကြီးနဲ့လူနာစောင့်တွေကတော့ မကျေနပ်နိုင် သူတို့ရဲ့ဒေါက်တာလေးနဲ့ထိုမြန်မာဆန်ဆန်အမျိုးသမီးလေးကိုစောင့်ကြည့်နေကြသည်
အသည်းကွဲသူကကွဲလို့ပေါ့
နှင်းဆီ အမရာလူနာပြီးပြတ်တဲ့ထိစောင့်ကာ အတူပြန်ကြသည်
"နောက်နေ့လဲ လာကြိုမယ်"
"မနှင်းဆီ ပင်ပန်းမှာပေါ့
မောင်ကတော့ လာကြိုရင်ကြိုက်တာပေါ့
မောင့်ပါးလေးကိုနမ်းပါဦးလား ပင်ပန်းနေလို့"
အမရာ အခုရက်ပိုင်း လူနာအရမ်းများတာမို့ အရမ်းပင်ပန်းသည် စီးပွားရေးအလုပ်ကလဲရှိသေးတာမို့ခွန်အားဖြည့်ဖို့ ချစ်သူ့အနမ်းလေးကလဲ လိုအပ်သေးသည်
နှင်းဆီ ကားမောင်းနေတဲ့ချစ်သူပါးလေးကိုနမ်းလိုက်ပြီး
"အမရာမောင်...ကားခနရပ်စမ်းပါဦး"
ဘာဖြစ်သွားသည်မသိ နှင်းဆီအသံမာသွားသည်
အမရာကားကိုလမ်းဘေးချရပ်လိုက်တော့
"ဘာအနံ့လဲ ...
မောင်ဆေးလိပ်သောက်နေတာလား
ဒါပါနဲ့ဆို မောင်ဆီကဆေးလိပ်နံ့ရတာ တစ်ကြိမ်မကတော့ဘူး"
အနံ့ခံကောင်းလွန်းတဲ့ချစ်သူကြောင့် အမရာညာလို့မရတော့ပါ
"ဟိုမောင် မညာချင်ပါဘူး
မောင်...မောင်... သောက်တယ်"
"ဘာလို့သောက်တာလဲ မောင်ရယ်
ဆေးလိပ်ဆိုတာ ကောင်းတဲ့အရာမှမဟုတ်တာ
မောင့်မှာ စိတ်ညစ်စရာရှိလို့လား ဘာအခက်အခဲရှိလို့လဲ
ဘာတွေကွယ်ဝှက်ထားတာလဲ"
"မောင်... မောင်...ဟို"
အမရာ မပြောနိုင်သေးပါ
သူမရဲ့ အရင်ကအဖေကိုဘဝပျက်အောင်လုပ်မည့်အစီအစဥ်မို့ပြောလို့မဖြစ်သေး နှင်းဆီတားမှာကိုလဲ စိုးရိမ်နေသည်
နှင်းဆီကြောင့် သတင်းပေါက်သွားခဲ့လျှင်လဲ အမရာလုပ်သမျှသဲထဲရေသွန်ဖြစ်ရမည်လေ
"ထားလိုက်ပါတော့
မောင်မပြောချင်လဲ ထားလိုက်ပါတော့
တို့က မောင်လျှို့ဝှက်ချက်ထားရလောက်တဲ့သူဖြစ်နေပြီပဲ"
"အဲ့လိုမဟုတ်ပါဘူးမနှင်းဆီရယ် မောင်
မောင် ကျောင်းတက်တုန်းက ပင်ပန်းလို့ သောက်ကြည့်ရင်း စွဲသွားတာ"
white lie ပါလေ မုသားမပါလင်္ကါမချောဆိုသလို ချစ်သူကိုလိမ်လိုက်ရသည်
"မောင်ရယ်... စွဲစရာလား
မောင်စွဲလန်းတာ တို့ပဲရှိရမယ်
ဖြတ်ပေး တို့ကိုချစ်ရင် အဲ့ဆေးလိပ်ကိုဖြတ်ပေး...
နော်..."
အမရာ ပြုံးမိသည်
ပြောတတ်လိုက်တာ သူမကိုစွဲလန်းရမည်တဲ့လား
"ဟုတ်ကဲ့ပါ
စွဲလန်းသွားအောင် ပိုလုပ်ပေးမှရမယ်"
"မောင်နော် တော်တော်စွဲလန်းချင်နေတာလား
တွေ့မယ်... "
ကြိုးစားပါဦးမည်
အခုရက်ပိုင်းမအားလို့ပါဗျာ
~~~~~~~
(zawgyi)
အမရာ ႏွင္းဆီရဲ႕ ခါးသြယ္သြယ္ေလးကို ကိုင္လိုက္မွ ပိုလို႔ပိန္သြားတာ သတိထားမိသည္ အရင္နဲ႕မတူေတာ့တဲ့ ခ်စ္သူရဲ႕ခႏၶာကိုယ္ေသးေသးေလးကို အမရာျပန္လည္မွတ္သားရဦးမည္ ~အခ်စ္တို႔ အနမ္းတို႔နဲ႕ေပါ့...
အမရာ ရင္ဖုံးအကၤ်ီေလးရဲ႕ႏွိပ္ၾကယ္သီးေလးေတြကို ေျဖးေျဖးခ်င္းေႁခြေနရင္း
"ထမင္းေရာစားရဲ႕လား ေမာင့္ရဲ႕ပန္းေလးရယ္
လူေကာင္ေလးက ေသးသြားလိုက္တာ"
အမရာ့ထက္ ခြၽဲပိုတတ္တဲ့ႏွင္းဆီက အမရာ့ခါးကိုဖက္တြယ္ၿပီး
"ေမာင့္ကို လြမ္းလို႔ စားမဝင္ဘူးေလ"
အမရာ ၾကယ္သီးေလးေတြကိုေႁခြႏႈတ္ၿပီးေတာ့ ႏွင္းဆီရဲ႕ႏႈတ္ခမ္းေလးကို လက္မကေလးနဲ႕ပြတ္ဆြဲသည္
"ခြၽဲလိုက္တာေနာ္
အခုခ်ိန္ကစၿပီး ေမာင္ကဂ႐ုစိုက္မွာမို႔
အရင္လိုျပည့္ျပည့္ေလးျဖစ္ေအာင္ေတာ့ ျပန္စားေပးဦးေနာ္
အခုေတာ့ ..."
ေျပာခ်င္သည္က "ေမာင္ကအရင္စားဦးမယ္" လို႔ပါ
သို႔ေပမဲ့ ႏွင္းဆီရဲ႕ ႏႈတ္ခမ္းေတြက အမရာေျပာခ်ိန္မရေအာင္ အမရာ့ႏႈတ္ခမ္းကို ကပ္တြယ္လာသည္
ဒီအမ်ိဳးသမီးေလးကိုခ်စ္လြန္းလို႔ ငုံထားလိုက္ခ်င္သည္
အနာတရဆိုတာမ်ိဳး မရွိေစခ်င္ေတာ့
ဖ်ားနာမႈေတြ မရွိေစခ်င္ေတာ့
ဝမ္းနည္းမႈေတြနာက်င္မႈေတြ အမရာသိမ္းထားခ်င္သည္
အနမ္းတို႔ေပးရင္း ႏွင္းဆီ အမရာ့တီရွပ္ကေလးကို အေပၚဆြဲတင္ကာခြၽတ္သည္ ဆြဲတင္ရင္း ဗိုက္သားတို႔ကိုပြတ္တိုက္မိေတာ့ ခ်က္ခ်င္း အနမ္းတို႔ကိုစြန့္ခြာဖို႔ပုခုံးကိုတြန္းလႊတ္သည္
တြန္းလႊတ္ၿပီး ခ်က္ခ်င္း အမရာ့တီရွပ္ကိုလည္ပင္းအထက္သို႔ဆြဲကာခြၽတ္ၿပီး
"ေမာင္"
တစ္ခြန္းတည္း ေျပာနိုင္ၿပီး ဝမ္းဗိုက္က ႂကြက္သားေတြကိုစိုက္ၾကည့္ေနသည္
"ေမာင္ ေလ့က်င့္ခန္းလုပ္ထားတာေလ "
ေလယာဥ္ကြင္းမွာတုန္းကပုခုံးကိုစမ္းမိေတာ့ ေလ့က်င့္ခန္းလုပ္ထားလို႔ ေတာင့္တင္းေနတာကိုရိုးရိုးတန္းတန္းလို႔ေတြးလိုက္မိတာ
တကယ္တမ္းေတာ့ ဗိုက္က six pack အျမႇောင္းလိုက္ကို ေတြ႕ေနရသည္
ခ်စ္သူက စိုက္ပဲၾကည့္ေနေတာ့
"ေမာင္ေလ့က်င့္ခန္းလုပ္ထားတာ
မႀကိဳက္လို႔လား မႏွင္းဆီရယ္"
တကယ္က...
ႏွင္းဆီႀကိဳက္တာေပါ့ ဒီေလာက္ေတာင့္ေျဖာင့္ေနတဲ့ six pack နဲ႕ လက္ေမာင္းႂကြက္သားအတုံးေလးေတြနဲ႕ ခ်စ္သူကို ဘယ္မိန္းကေလးက မႀကိဳက္ပဲေနမည္နည္း
"ဟင့္အင္း ႀကိဳက္တာေပါ့
ဘယ္လိုေတာင္ လုပ္ယူထားတာလဲ ေတြးေနတာ
ႀကိဳက္တယ္ "
ႏွင္းဆီ အမရာ့ ဝမ္းဗိုက္ကို သူမလက္ေခ်ာင္းေလးေတြနဲ႕ပြတ္ဆြဲရင္း
"အရမ္းႀကိဳက္တာ"
အမရာ ၿပဳံးစိစိလုပ္ၿပီး
"ေမာင့္ကို အခုလိုေႂကြဆင္းေနေအာင္လို႔
ဒါေတြလုပ္ယူထားတာ ေမာင္မွေမာင္ျဖစ္ေနရမယ္"
အမရာ ခ်စ္သူရဲ႕ပုခုံးသားေလးကို နမ္းရွိုက္ရင္းကိုက္ခဲသည္
လြမ္းေနတာေရာ သူမ်ားနိုင္ငံမွာေနရင္းသင္ယူထားတဲ့ သီးျခားသိုင္းပညာေတြေရာ ေပါင္းၿပီးခ်စ္သူကိုသိုင္းကြက္ေတြျပသည္
လည္တိုင္ေလးကေန နားအစပ္နားထိ ဖိကာနမ္းရွိုက္ၿပီး ပုခုံးသားေလးကို ကိုက္ခဲလိုက္ေတာ့ ဘယ္မိန္းကေလးကခံနိုင္မည္နည္း
"ေမာင့္..."
အမရာထံမွ တုံ႕ျပန္သံမလာပါ နဂိုကတည္းကအလုပ္နဲ႕သက္ေသျပတတ္သူမို႔ အခ်စ္ေတြ အလြမ္းေတြကို အနမ္းေတြ ႏႈတ္ခမ္းေတြနဲ႕သက္ေသျပသည္
တကယ္ပါပဲ ႏွင္းဆီပန္းကေလးက အမရာ့ႀကိဳးဆြဲရာကေနရတဲ့ ႐ုပ္ေသး႐ုပ္ကေလးလိုပင္ တစ္ညတာမွာပဲ ကႀကိဳးစုံစြာကေနရသည္
အမရာ့ႏႈတ္ခမ္းေလးက ခရီးထြက္ေနသလို အမရာ့လက္တို႔ကလဲႏွင္းဆီပန္းကေလးကို ပြတ္သတ္ကာေခ်ာ့ျမဴေနျပန္သည္
အမရာခါးေသးေသးေလးကို ကိုင္ကာသူမလိုရာခရီးကိုဆြဲကာသြားသည္
ႏွင္းဆီတစ္ေယာက္ "ေမာင္" ဆိုတဲ့အမည္နာမေလးကိုတစ္ညလုံး ညီးတြားရင္း အခ်ိန္ေတြကုန္ဆုံးသြားရသည္
ပင္ပန္းကာ အိပ္ေပ်ာ္သြားတဲ့အမရာတစ္ေယာက္ သူမဝမ္းဗိုက္ကိုပြတ္သတ္ေနတဲ့ ႏွင္းဆီေၾကာင့္တစ္ေရးနိုးလာသည္
"မအိပ္ဘူးလား မႏွင္းဆီရယ္"
အမရာ့ ဗိုက္က ေပါင္မုန့္စစေလးေတြကို တစ္ထစ္ခ်င္းလက္နဲ႕ပြတ္ေနတဲ့ႏွင္းဆီ
"ေမာင့္ေျပာင္းလဲမႈက ဒါပဲလား
တို႔ဘာေတြသိထားဖို႔လိုအပ္ဘဲ"
"ေမာင္ ေဟာ္မုန္းေဆးေတြ ထိုးထားတယ္
အဲ့တာေၾကာင့္လဲ ေလ့က်င့္ခန္းေတြလုပ္ျဖစ္သြားတာ"
အမရာ ေရွ႕ကိုေမွ်ာ္ေတြးထားတာမို႔ အခုကတည္းက...
"ဘာလို႔လဲ ဘာလို႔ထိုးတာ "
"ေမာင္ေမးတာကိုအရင္ေျဖပါေနာ္
ေမာင့္ကို အခ်ိန္ကာလတစ္ခုေရာက္ရင္
လက္ထက္မယ္မဟုတ္လားဟင္"
"ေမာင္ရယ္ အခုလဲ လက္ထပ္တာနဲ႕ဘာကြာလို႔လဲ
ေမာင္သာ ေယာက္်ားေလးဆိုလို႔ကေတာ့...
တို႔ကေလးအေမျဖစ္တာၾကာေလာက္ၿပီထင္တယ္ေလ"
"ဟီးး.... ေမာင္လဲ အဲ့လိုေတြးတာ
ေမာင္တို႔ တစ္ခ်ိန္က်ရင္ လက္ထပ္ၾကမယ္
ကိုယ္ပြားေလးေတြ ေမြးမယ္ေလ
ေမာင့္ကိုယ္ပြားေလး ေမြးေပးမယ္မဟုတ္လား"
ႏွင္းဆီ လက္ေမာင္းေပၚအိပ္ကာ ႂကြက္သားတို႔ကိုေဆာ့ကစားေနရာကေန အမရာ့ပါးကိုသူမဘက္သို႔ဆြဲလွည့္ကာ မ်က္ႏွာကိုၾကည့္ေစၿပီး
"အိုး...အမရာေမာင္
ရွင္ေလး ေတာ္ေတာ္ဆိုးေနၿပီပဲ
လူကို လက္ထပ္ခြင့္လဲ မေတာင္းပါပဲ
ကေလးေမြးခိုင္းေနတာလား...ဘယ္လိုလူသားေလးလဲ"
~ႁပြတ္
ႏွင္းဆီ အမရာ့ႏႈတ္ခမ္းေလးကိုတစ္ခ်က္ ႁပြတ္ခနဲျမည္ေအာင္ဖမ္းနမ္းလိုက္သည္
"ေမာင္က ေရွ႕ကိုေမွ်ာ္ေတြးတာပါ
ေျဖဦး ေမြးေပးမွာလား မေမြးေပးဘူးလား"
ႏွင္းဆီ ေခါင္းေလးကို အမရာ့လည္တိုင္ကေလးထဲတိုးဝင္သြားၿပီးတိုးတိုးေလးဆိုလာသည္က
"ေမြးေပးမွာေပါ့ ေမာင့္ကိုယ္ပြားေလး"
"Yes...
အဲ့တာပဲေလ ေမာင္ကအဲ့တာကိုေတြးတာ
ကိုယ္ပြားေလးေတြကို ေမာင္တို႔ႏွစ္ေယာက္ရဲ႕ေသြးသားပဲျဖစ္ရမယ္ေတြးထားလို႔ ေဟာ္မုန္းေဆးထိုးတာေပါ့
သူမ်ားကိုအလႉခံစရာမလိုဘူး သူမ်ားကေလးမဟုတ္ေတာ့ဘူးေလ"
"အဲ့လိုလား မသိဘူး
အဲ့တာေတြက ေမာင္ပဲႀကိဳးစား
တို႔ကမသိဘူးေလ"
အမရာ ႏွင္းဆီဘက္လွည့္ကာ မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး
"ေမးစရာရွိေသးတယ္"
နီးကပ္လာတဲ့ မ်က္ႏႈနဲ႕ႏႈတ္ခမ္းပါးေလးကိုၾကည့္ရင္း
"ဘာမ်ားလဲေမာင္"
"အဲ့လူႀကီးက မုန့္ေတြဝယ္ဝယ္လာတယ္ဆိုဟုတ္လား"
ႏွင္းဆီ မၿပဳံးပဲမေနနိုင္ တူတူရွိေနသည့္တိုင္ေအာင္ ထိုလူအေၾကာင္းကို အမရာေတြးေနသည္ေလ
"အလုပ္ကိုလာရင္ မုန့္ဝယ္လာတတ္တယ္"
"စားတာပဲလား"
အမရာ သိပ္မေက်နပ္တဲ့ေလသံျဖစ္သြားသည္
"ဝယ္လာေပးေတာ့ စားျဖစ္တာေပါ့"
"ေစာေစာကေျပာေတာ့ လြမ္းလို႔စားမဝင္ဘူးဆို
အဲ့လူဝယ္လာေတာ့စားတယ္လား"
အူတိုေနတဲ့ အမရာ့ကို ႏွင္းဆီပိုလို႔အူတိုေစခ်င္သည္
"သူက တို႔အႀကိဳက္သိတာကို
တို႔ႀကိဳက္တာဝယ္လာေပးတတ္ေတာ့ စားမိတယ္ေလ
အလုပ္ပင္ပန္းေနရင္ အဲ့လိုစားခ်င္တာေလးလာပို႔ေပးေတာ့
စားမိတာေပါ့"
အမရာ ႏွင္းဆီ ေခါင္အုံး အိပ္ေနတဲ့သူမလက္ကိုဆြဲထုတ္သည္
ႏွင္းဆီနဲ႕ဆန္က်င္ဘက္ကိုလွည့္လိုက္ၿပီး
"အိပ္ေတာ့"
"ဟာ...အဲ့လိုလား ရတယ္ေလ
လိုအပ္တာကိုမေပးရင္ ေပးတဲ့သူဆီကယူမယ္"
အမရာစိတ္ေကာက္ေနရာကေန ခ်က္ခ်င္းျပန္လွည့္လာၿပီ
"မႏွင္းဆီေနာ္... "
"သူက အနားမွာမေနပဲၾကာေနၿပီးေတာ့
အခုက်မွ သူကစိတ္ေကာက္ရတယ္ရွိေသးတယ္
အဲ့လက္ေမာင္းမေပးလဲေန ရတယ္
ေနတတ္ေအာင္ေနပစ္မွာ"
ထိုအခါမွ စိတ္ေကာက္တဲ့အမရာကပဲ ႏွင္းဆီကိုျပန္ေခ်ာ့ရျပန္သည္ ႏွင္းဆီတစ္ေယာက္ အမရာ့ကို ထိုသို႔အနိုင္က်င့္တုန္းပါ
"အာ... ေမာင္ကစိတ္ေကာက္တာကို
မေခ်ာ့ပဲ ျပန္ေကာက္ေနတာလား မႏွင္းဆီရဲ႕
ေနတတ္ေအာင္မေနရပါဘူး ေမာင္မွေမာင္ျဖစ္ေနရမွာေလ"
ခ်က္ခ်င္းလက္ေမာင္းေလးျပန္ေပးျပန္သည္
ခ်စ္သူကို တင္းၾကပ္ေနေအာင္ဖက္ထားၿပီး ထိုလူေကြၽးတာမစားဖို႔ကတိေတြေတာင္းသလို စားခ်င္တာအကုန္ဝယ္ေကြၽးမယ္ကတိေတြေပးသည္
ခ်စ္သူႏွစ္ဦး ၾကည္စားရင္း ညတာကေန ေန႕အခါကိုပင္ကူးေျပာင္းသြားေလသည္
~~~~~~
ေက်ာင္းတက္ကတည္းက ေနလင္းနဲ႕ဦးေက်ာ္သီဟတို႔ရဲ႕အေၾကာင္းကို မျပတ္စုံစမ္းေနခဲ့သည္မို႔ ထိုလူေတြစီးပြားေရးဘယ္အေနအထားရွိေနသည္ကို အမရာ ခေရေစ့တြင္းက်က်သိထားသည္
"Boss "
အမရာ့လူယုံ ၃ ဦးနဲ႕ ထိုလူေတြရဲ႕ေနာက္လိုက္လူအုပ္ႀကီးက အမရာ့ကိုႏႈတ္ဆက္သည္
"မဂၤလာပါ Boss "
"ဟုတ္ကဲ့ပါ က်န္တဲ့သူေတြ တန္းျဖဳတ္ပါ
ကိုဗညားတို႔ က်န္ခဲ့ေပး"
အမရာ သူမအိတ္ထဲက Mevius ေဆးလိပ္ဘူးထဲက ေဆးလိပ္တစ္လိပ္ကို ႏွိုက္ထုတ္လိုက္သည္
စတိုင္က်က် မီးညွိလိုက္ၿပီးတစ္ခ်က္ဖြာ လိုက္သည္
"စီစဥ္ထားတဲ့အတိုင္း လုပ္ငန္းစမယ္ဗ်ာ...
သာယာေနတဲ့က်ဳပ္တို႔သားမိဘဝေလးကို ေမႊတဲ့လူေတြ
က်ဳပ္နဲ႕က်ဳပ္အမ်ိဳးသမီးကို ေဝးဖို႔ေပါက္ကရေတြလုပ္တဲ့သူေတြ
က်ဳပ္အေမကိုသတ္တဲ့ဒီလူႏွစ္ေယာက္ကို ဒီအတိုင္းမထားနိုင္ဘူး"
ထိုအမရာေမာင္ကေတာ့ အရာအားလုံးကြဲထြက္ကာ ႏွင္းဆီမသိေသးတဲ့ အမရာေမာင္ပါေလ
"စိတ္ခ်ပါ Boss"
အမရာခန့္ထားတဲ့ secretary မေလး ႏြေးရည္မြန္က
"သူတို႔ ေငြအေတာ္မ်ားမ်ားနဲ႕ ရွယ္ယာလိုက္ဝင္ေနတယ္ "
အမရာ့ လမ္းေၾကာင္းထဲစိုက္စိုက္ၿမိဳက္ၿမိဳက္ေရာက္လာတဲ့ထိုႏွစ္ဦးပါ
"ေရာင္းေပးရမွာေပါ့ "
အမရာ ဟိုမွာရွိစဥ္ကတည္းက ဟန္ေဆာင္ company တစ္ခုဖြဲ႕စည္းလိုက္ၿပီး နိုင္ငံျခားfounder မွ လာေရာက္ဖြင့္လွစ္တဲ့company ဟု သတင္းလႊင့္ထားခဲ့သည္
အဲ့ေတာ့ နိုင္ငံျခားဆို အထင္ႀကီးတတ္တဲ့ ဦးေက်ာ္သီဟ အမရာ့လက္ထဲေရာက္လာေလၿပီ ငါးစာခ်လိဳက္တဲ့အမရာ ငါးႀကီးႀကီးဟပ္ေလၿပီ
"ေရာင္းေပးလိုက္ ႏြေးရည္
အရႈံးခံမဲ့လုပ္ငန္းကို ေသခ်ာေျပာၿပီး ေရာင္းေပးထားလိုက္"
"ဟုတ္ Boss"
အမရာ ခနဆိုၿပီးထြက္လာရာကေန အခ်ိန္အေတာ္ၾကာေနေလၿပီ
"မႏွင္းဆီေတာ့ ေျပာေတာ့မွာေသခ်ာတယ္"
အမရာ ေတြးထားသည္ကမလြဲ ၿခံထဲကားဝင္တာနဲ႕ အိမ္ေရွ႕ကိုထြက္လာသည့္ႏွင္းဆီ အမရာကားရပ္လို႔ေအာက္ကိုဆင္းလိုက္တာနဲ႕
"ဘယ္ကိုသေဝထိုးေနလို႔ အဲ့ေလာက္ၾကာေနတာလဲ ေမာင္
ေျပာသြားတာ ခနေလ အခုကဘာလို႔ၾကာေနတာလဲ"
အမရာ ၿပဳံးမိသည္
"အဲ့လိုေျပာမွာသိေနတယ္"
အမရာ သူမလက္ထဲဝွက္ထားတဲ့ ႏွင္းဆီပန္းေလးကိုထုတ္ေပးသည္
ပန္းေလးျမင္ေတာ့ ႏွင္းဆီမ်က္ႏွာအၿပဳံးပန္းေလးပြင့္လာသည္
"ေမာင္က တို႔အားနည္းခ်က္ကိုမ်ားသိေနသလားပဲ"
ပန္ေပးဆိုတဲ့အေနအထားနဲ႕ နားကဆံႏြယ္ေလးေတြငိုသပ္တင္ကာေပးေတာ့ အမရာႏွင္းဆီပန္းေလးကိုခ်ိဳးၿပီး သူမရဲ႕ခ်စ္သူ နားထက္မွာ ပန္ဆင္ေပးလိုက္သည္
အပိုအေနနဲ႕ ပါးေလးကိုလဲ အနမ္းတစ္ပြင့္ေပါ့
"ဆူမွာသိလို႔ ပန္းေလးဆင္းဝယ္လာတာ
ေမာင္အလုပ္မ်ားေနလို႔ပါ စိတ္ဆိုးေျပေနာ္..."
"ပန္းေလးေၾကာင့္ေနာ္
စိတ္ဆိုးေျပေပးမယ္ ခနေလး.."
ႏွင္းဆီ စီးကရက္အနံ႕ကို ေကာင္းေကာင္းႀကီးသိသည္
အမရာထံက အနံ႕ရေနတာကို သိေပမဲ့ စိတ္ထင္တာေနမွာပါေလလို႔ ေတြးၿပီး
"ဘာမွမဟုတ္ေတာ့ဘူး...
ထမင္းသြားစားမယ္"
"ဟုတ္"
ႏွင္းဆီ အမရာ့လက္ကေလးဆြဲေခၚသြားေတာ့ အမရာကေလးေလးလို ပါသြားျပန္သည္
ထမင္းစားၿပီးေတာ့ ခ်စ္သူႏွစ္ဦးေဘးခ်င္းကပ္ အနာဂတ္အေၾကာင္းေတြကို ေျပာၾကသည္
"ေမာင္ေျပာစရာရွိေသးတယ္"
"ဘာမ်ားလဲ"
"ေမာင့္မွာက ေဆး႐ုံေရာ companyေရာဆိုေတာ့ မနိုင္လို႔
secretary တစ္ေယာက္ခန့္ထားတယ္ မမေခ်ာရွာေပးထားတာ ဟို မိန္းကေလးဆိုေတာ့ေလ မႏွင္းဆီသိသင့္တယ္"
ေခ်ာကရွာခန့္ထားေပးတယ္ဆိုေတာ့ စိတ္ခ်ရမည္
သို႔ေပအမဲ့ အတြင္းေရးမႉးဆိုေတာ့လဲ ဘယ္လိုအေနအထားလဲဆိုတာ ႏွင္းဆီသိခ်င္သည္
"ေခ်ာရွာေပးတာဆိုေတာ့ အရည္အခ်င္းက ေျပာစရာမလိုမွာသိတယ္ ဒါေပမဲ့တို႔ဘက္ကေမးသင့္တာေမးရမွာပဲ
အဲ့ေကာင္မေလးက ေခ်ာလား အသက္ငယ္ငယ္ေလးလား"
အမရာ ၿပဳံးရယ္ေနမိသည္
"ဘာရယ္တာလဲ ေမးတာမေျဖပဲနဲ႕"
"ေမာင္မသိဘူး... ေမာင့္အမ်ိဳးသမီးေလးရဲ႕
ေမာင္က မႏွင္းဆီကလြဲလို႔ အျခားသူဆို
ေခ်ာလားမေခ်ာလား လွလားမလွလား လိုက္မၾကည့္တတ္ဘူး"
ႏွင္းဆီသိပ္မယုံခ်င္ အမရာ့ကိုေသခ်ာၾကည့္ၿပီး
"တကယ္လား"
"တကယ္ေပါ့
မႏွင္းဆီသာလွ်င္ ေမာင့္ရဲ႕ကိုးကြယ္ရာပါ"
ႏွင္းဆီ အမရာ့ပါးေလးတစ္ဖက္ကို ဖြဖြေလးဆြဲၿပီး
"ခ်စ္လိုက္တာ "
"က်န္ေသးတယ္ မႏွင္းဆီရဲ႕
ေမာင္ေျပာခ်င္တာတစ္ခုပဲရွိေသးတယ္
ေနာက္တစ္ခ်က္က ေမာင္ေဆး႐ုံထိုင္ရင္ ခြဲခန္းေတြဝင္ရမယ္
အဲ့အခါက်ေမာင္အခ်ိန္မေပးနိုင္တာမ်ိဳး.."
"အို... ေမာင္ရယ္
တို႔အဲ့ေလာက္ေတာ့နားလည္မႈရွိပါတယ္ေနာ္
ေမာင္သာ အတူရွိတဲ့အခ်ိန္ေတြဆို
ပိုၿပီးအလိုလိုက္ေပး ခ်စ္ေပးေလ"
ဒီလိုမ်ိဳး အလိုက္သိတဲ့ခ်စ္သူမို႔ ပိုလို႔ခ်စ္ရပါတယ္
အမရာ အခုအခ်ိန္မွာ ဘာမွမေျပာနိုင္ေသးေပမဲ့
လိမ္လည္ထားတာမ်ိဳးမရွိဘူးဆိုတဲ့စိတ္နဲ႕ ေနေနခဲ့သည္
အခ်ိန္ကာလတစ္ခုကိုေရာက္လာေတာ့ ႏွင္းဆီလဲ ကိုယ့္အလုပ္ကိုယ္လုပ္သလို အမရာလဲ ေဆး႐ုံနဲ႕company ၾကားျဗာမ်ားလာသည္
"သမီး"
ဦးေက်ာ္သီဟ ႏွင္းဆီကို အလုပ္ၿခံထဲတြင္လာေတြ႕ျခင္းပါ
"အေဖ
လာေလ ေဖေဖ ထိုင္ပါဦး "
ႏွင္းဆီက သူမအေပၚဘယ္လိုပဲဆက္ဆံခဲ့ပါေစ ေကြၽးေမြးခဲ့သည္မို႔ ဖခင္တစ္ေယာက္လို႔သာ သတ္မွတ္ထားေသးသည္
ဖခင္ကို ထိုင္ေစၿပီး ႐ုံးစာေရးမေလးေတြကို ေကာ္ဖီနဲ႕မုန့္ျပင္ခိုင္းလိုက္သည္
"ေဖေဖ မေတြ႕တာေတာင္ၾကာၿပီေနာ္
ေနေကာင္းရဲ႕လား ဘယ္မွာ ဘာေတြလုပ္ေနလဲဟင္"
"ေနေကာင္းပါတယ္ သမီး
ျဖစ္ခဲ့တာေတြအတြက္လဲ ေဖေဖေတာင္းပန္ပါတယ္
စိတ္လဲမေကာင္းပါဘူး သမီးခြင့္လႊတ္တယ္မဟုတ္လား
ေဖေဖက အဲ့တုန္းကသမီးအတြက္ေကာင္းေစခ်င္တဲ့စိတ္နဲ႕ပါ
လူေတြ အျမင္မွာသမီးကို မိန္းကေလးတစ္ေယာက္နဲ႕ ..."
"သမီးနားလည္ပါတယ္ ေဖေဖ"
စိတ္သေဘာထား ႏူးညံ့တဲ့ႏွင္းဆီတစ္ေယာက္ ဦးေက်ာ္သီဟရဲ႕ လွည့္ကြက္ထဲေရာက္ေနျပန္သည္ သတိရလို႔ပါဆိုတဲ့ စကားလုံးနဲ႕ကိုင္ေပါက္ကာ ႏွင္းဆီရဲ႕အလုပ္ကို ခနခနဝင္ထြက္လာသည္
~~~ ~~~
"ႏွင္းဆီ ေမာင့္ကို ရွင္ေဆး႐ုံမွာသြားႀကိဳလား"
ေခ်ာရဲ႕အေမးကို စာ႐ြက္စာတမ္းေတြၾကည့္ေနသည့္ႏွင္းဆီေျဖမအားေသး
"ကြၽန္မေမးတာလဲ ေျဖဦး ႏွင္းဆီေရ"
"ေၾသာ္ sorry ေခ်ာရယ္ ဒီမွာစိတ္နစ္သြားလို႔"
"ရွင္အဲ့မွာနစ္ေန
ဟိုမွာအမရာေမာင္လဲ ေဆး႐ုံမွာနစ္ေနၿပီ
ေဆး႐ုံမွာ ေရာဂါမရွိပဲလာျပတဲ့သူက တစ္ဝက္တဲ့
ေသခ်ာလဲသြားၾကည့္ဦးလႊတ္မထားနဲ႕ဦး"
ေခ်ာေျပာေတာ့မွ ႏွင္းဆီ အသစ္ဖြင့္ထားတဲ့ေဆး႐ုံကို အျမန္သြားလိုက္သြားၾကည့္သည္ ေခ်ာေျပာလိုက္သည့္အတိုင္းပါပဲ ေဆး႐ုံမွာ ေရာဂါျဖစ္လို႔လာျပသည္ကတစ္ဝက္ႏွင့္ တစ္ဝက္မွာ အမရာေမာင္ကို လာငမ္းသည့္ အမ်ိဳးသမီး တစ္သိုက္ႀကီးပင္
နန္းခန့္ထားသည့္သီးျခားဆရာဝန္ေတြမွာလဲ ေခ်ာၾကသည္ သိုေပမဲ့ အရပ္ရွည္ရွည္ Tachi ဆန္ဆန္အမရာ့ထံကိုသာ မ်က္လုံးေတြကေရာက္ေနၾကသည္
ထိုင္ေျပာေနၾကသည္ကလဲ အမရာဘယ္ေလာက္သန့္ေၾကာင္းပင္
လန္းေၾကာင္းပင္
ႏွင္းဆီ ဘယ္လိုလုပ္ရမည္နည္း
ေဆးမကုဖို႔လဲ ေျပာလို႔မရ
ဒီေဆး႐ုံႀကီးမွာ လုပ္ေနရင္လဲ ထိုသို႔အမ်ိဳးသမီးေတြတသီႀကီးကေသခ်ာေပါက္လာေနဦးမွာပင္
အမရာ လူနာတစ္ဦးအဝင္အထြက္လုပ္ခ်ိန္ အခန္းအတြင္းမွ သူမခ်စ္သူကိုတစ္ခ်က္လွမ္းျမင္လိုက္ရေတာ့ ခ်က္ခ်င္းထြက္လာသည္
အခန္းဝမွ သူနာျပဳဆရာမေလးကို
"ဆရာမေလး ခန break ေနာ္
၅ မိနစ္ေလာက္ "
အမရာ ႏွင္းဆီရွိရာကိုေလွ်ာက္လာေတာ့ လူနာအုပ္ႀကီးက ေသခ်ာစိုက္ၾကည့္ေနၾကသည္
အမရာ Tshirt အကၤ်ီကို style pant ေဘာင္းဘီေလးနဲ႕ တြဲကာ အကၤ်ီစကိုေဘာင္းဘီထဲထည့္ဝတ္ထားၿပီး duty coat ေလးထပ္ထားသည္
ဆံပင္မတိုမရွည္ေလးကို Mini ponytail style ေလးစီးထားတာမို႔အေတာ္ပင္ ဆိုးဆိုး႐ြား႐ြားဆြဲေဆာင္ေနသည္
"အမရာေမာင္ ေဆးလာကုတာလား ဖက္ရွင္ရွိုးလာေလွ်ာက္တာလား "
ႏွင္းဆီ ေျပာလိုက္မွ သူမကိုယ္သူမ ငုံ႕ကာၾကည့္သည္
"ဘာလို႔လဲ မႏွင္းဆီ ေမာင္အၿမဲဒီလိုပဲဝတ္တာေလ"
ႏွင္းဆီ စူပုပ္ကာမ်က္ေစာင္းထိုးေနေလသည္ အမရာသိသည္ မႏွင္းဆီတစ္ေယာက္ လူနာေတြနဲ႕သူမကိုသဝန္တိုေနသည္ဆိုတာ သူရိပ္မိသည္ အမရာလဲ လူနာေတြေရွ႕မွာပဲ ႏွင္းဆီကို နဖူးေလးဖမ္းနမ္းလိုက္ၿပီး
"ဒီလိုဆို ရလား"
အားလုံးေရွ႕မွာ နမ္းခံလိုက္ရေတာ့ ႏွင္းဆီေစာေစာကလိုမဟုတ္ေတာ့ ေက်နပ္သြားသေယာင္ လူနာေတြေရွ႕မွာ ဒီဆရာဝန္မေလးကိုသူမအပိုင္ဆိုတာျပလိုက္နိုင္တယ္ေလ
"ေန႕တိုင္းလာႀကိဳရမယ္ထင္တယ္"
"ေဟာ... အဲ့တာဆို ေန႕တိုင္းနမ္းခြင့္ရေတာ့မွာေပါ့"
ႏွင္းဆီက ေက်နပ္သြားေပမဲ့ လူနာအုပ္ႀကီးနဲ႕လူနာေစာင့္ေတြကေတာ့ မေက်နပ္နိုင္ သူတို႔ရဲ႕ေဒါက္တာေလးနဲ႕ထိုျမန္မာဆန္ဆန္အမ်ိဳးသမီးေလးကိုေစာင့္ၾကည့္ေနၾကသည္
အသည္းကြဲသူကကြဲလို႔ေပါ့
ႏွင္းဆီ အမရာလူနာၿပီးျပတ္တဲ့ထိေစာင့္ကာ အတူျပန္ၾကသည္
"ေနာက္ေန႕လဲ လာႀကိဳမယ္"
"မႏွင္းဆီ ပင္ပန္းမွာေပါ့
ေမာင္ကေတာ့ လာႀကိဳရင္ႀကိဳက္တာေပါ့
ေမာင့္ပါးေလးကိုနမ္းပါဦးလား ပင္ပန္းေနလို႔"
အမရာ အခုရက္ပိုင္း လူနာအရမ္းမ်ားတာမို႔ အရမ္းပင္ပန္းသည္ စီးပြားေရးအလုပ္ကလဲရွိေသးတာမို႔ခြန္အားျဖည့္ဖို႔ ခ်စ္သူ႕အနမ္းေလးကလဲ လိုအပ္ေသးသည္
ႏွင္းဆီ ကားေမာင္းေနတဲ့ခ်စ္သူပါးေလးကိုနမ္းလိုက္ၿပီး
"အမရာေမာင္...ကားခနရပ္စမ္းပါဦး"
ဘာျဖစ္သြားသည္မသိ ႏွင္းဆီအသံမာသြားသည္
အမရာကားကိုလမ္းေဘးခ်ရပ္လိုက္ေတာ့
"ဘာအနံ႕လဲ ...
ေမာင္ေဆးလိပ္ေသာက္ေနတာလား
ဒါပါနဲ႕ဆို ေမာင္ဆီကေဆးလိပ္နံ႕ရတာ တစ္ႀကိမ္မကေတာ့ဘူး"
အနံ႕ခံေကာင္းလြန္းတဲ့ခ်စ္သူေၾကာင့္ အမရာညာလို႔မရေတာ့ပါ
"ဟိုေမာင္ မညာခ်င္ပါဘူး
ေမာင္...ေမာင္... ေသာက္တယ္"
"ဘာလို႔ေသာက္တာလဲ ေမာင္ရယ္
ေဆးလိပ္ဆိုတာ ေကာင္းတဲ့အရာမွမဟုတ္တာ
ေမာင့္မွာ စိတ္ညစ္စရာရွိလို႔လား ဘာအခက္အခဲရွိလို႔လဲ
ဘာေတြကြယ္ဝွက္ထားတာလဲ"
"ေမာင္... ေမာင္...ဟို"
အမရာ မေျပာနိုင္ေသးပါ
သူမရဲ႕ အရင္ကအေဖကိုဘဝပ်က္ေအာင္လုပ္မည့္အစီအစဥ္မို႔ေျပာလို႔မျဖစ္ေသး ႏွင္းဆီတားမွာကိုလဲ စိုးရိမ္ေနသည္
ႏွင္းဆီေၾကာင့္ သတင္းေပါက္သြားခဲ့လွ်င္လဲ အမရာလုပ္သမွ်သဲထဲေရသြန္ျဖစ္ရမည္ေလ
"ထားလိုက္ပါေတာ့
ေမာင္မေျပာခ်င္လဲ ထားလိုက္ပါေတာ့
တို႔က ေမာင္လွ်ို႔ဝွက္ခ်က္ထားရေလာက္တဲ့သူျဖစ္ေနၿပီပဲ"
"အဲ့လိုမဟုတ္ပါဘူးမႏွင္းဆီရယ္ ေမာင္
ေမာင္ ေက်ာင္းတက္တုန္းက ပင္ပန္းလို႔ ေသာက္ၾကည့္ရင္း စြဲသြားတာ"
white lie ပါေလ မုသားမပါလကၤါမေခ်ာဆိုသလို ခ်စ္သူကိုလိမ္လိုက္ရသည္
"ေမာင္ရယ္... စြဲစရာလား
ေမာင္စြဲလန္းတာ တို႔ပဲရွိရမယ္
ျဖတ္ေပး တို႔ကိုခ်စ္ရင္ အဲ့ေဆးလိပ္ကိုျဖတ္ေပး...
ေနာ္..."
အမရာ ၿပဳံးမိသည္
ေျပာတတ္လိုက္တာ သူမကိုစြဲလန္းရမည္တဲ့လား
"ဟုတ္ကဲ့ပါ
စြဲလန္းသြားေအာင္ ပိုလုပ္ေပးမွရမယ္"
"ေမာင္ေနာ္ ေတာ္ေတာ္စြဲလန္းခ်င္ေနတာလား
ေတြ႕မယ္... "
ႀကိဳးစားပါဦးမည္
အခုရက္ပိုင္းမအားလို႔ပါဗ်ာ