Uni
ဆယ်ကျော်သက်အရွယ် အချစ်က အတားအဆီးမဲ့ တောက်ပနေတဲ့ နေရောင်ခြည်လေးလိုပါပဲ။အဲ့ရှစ်လတာက ဖူကောရဲ့ဆယ့်ရှစ်နှစ်တာ နေထိုင်ရှင်သန်ခဲ့တဲ့ ဘဝမှာ အပျော်ရွှင်ဆုံး ရှစ်လပါပဲ။အဲ့ဒါက စုတ်တံကို သူနောက်ဆုံးကိုင်ခဲ့တဲ့နှစ်လည်း ဖြစ်ခဲ့ပါတယ်။
သူ ချီဟန်နဲ့ ပထမဆုံးတွေ့ခဲ့တာက ပူလောင်သော နွေရာသီ၏ ညနေခင်းတစ်ခုမှာ။
နေရောင်က အုတ်နီခဲရောင် ပြေးလမ်းပေါ်မှာ ဖြန့်ကျက်ထားပြီး နွေလေရူးတွေတိုက်စားနေတော့ အကိုင်းအခက်များမှ အဖြူရောင် hawthorn ပန်းပွင့်တွေက လေနဲ့အတူ မျောလွင့်နေခဲ့တာ။အဲ့တုန်းက ဖူကောက ဘတ်စ်ကတ်ဘော ကစားကွင်းနားမှာ ဖြတ်ပြေးနေခဲ့တာလေ။ တကယ့်ကိုလှပတဲ့အခိုက်အတန့်လေးပေါ့။
ဘောင်းဘီတိုလေးဝတ်ထားတော့ ဖူကောရဲ့ ချွေးစို့နေတဲ့ ဒူးလေးကို မထင်မရှား မြင်နေရတယ်။
နွေရာသီ အပူရှိန်ကြောင့် သူ သွေးပေါင်တွေကျနေခဲ့တာရော၊ စတူဒီယိုထဲမှာ နေ့ရောညပါ မစားမသောက်ဘဲ ပုံထိုင်ဆွဲနေခဲ့တာကြောင့်ရော အခုလို ရုတ်တရက်ကြီး အပြင်ထွက်လာတော့ အတော်လေးမူးဝေလာစေတယ်။ ဘတ်စကက်ဘောလုံးက သူ့နဖူးကို လာထိမှန်တဲ့အထိ သူ့ကိုယ်သူ ဘတ်စကက်ဘောကွင်းထဲမှာ လျှောက်သွားနေမိမှန်း သတိမထားမိခဲ့ဘူး။
ဖြစ်သွားတာတွေက မြန်လွန်းလို့ သူရှောင်ချိန် မရလိုက်ဘူး။မြေကြီးပေါ် ပြုတ်ကျခါနီးတွင် ရုတ်တရက် တစ်စုံတစ်ယောက်က သူ့လက်ကောက်ဝတ်ကနေ လှမ်းဆွဲလိုက်တာကြောင့် တစ်စုံတစ်ယောက်ရဲ့နွေးထွေးတဲ့ရင်ခွင်ကျယ်ထဲသို့ ကျဆင်းသွားခဲ့ရသည်။
သူ မော့ကြည့်လိုက်တော့ ချွေးတွေ ရွှဲနစ်နေပြီး ဂျာစီကိုဝတ်ထားတဲ့ လူငယ်တစ်ဦးကို တွေ့လိုက်ရတယ်။ အဲ့ဒါက ချီဟန်!
"အတန်းဖော်၊ အဆင်ပြေရဲ့လား"
လူငယ်၏ မေးစေ့မှ ချွေးများ စီးကျနေပြီး သူ့တစ်ကိုယ်လုံး မီးတောက်နေသလို ပူလောင်နေပုံပေါ်သည်။ သူ့လက်ဖဝါးတွေကလည်း နွေးထွေးနေပြီး ဖူကော ကြောင်အနေတုန်းမှာ ထိုလက်ဖဝါးတွေက သူ့နဖူးကို ထိလိုက်သည်ကို ခံစားလိုက်ရသောအခါ ဖူကောရဲ့ နှလုံးသားကို တုန်လှုပ်သွားစေသည်။
"ဘာလို့ ကစားကွင်းထဲကိုလျှောက်လာတာလဲ။ အိုး မင်း heatstrokeဖြစ်နေတာမဟုတ်ဘူးလား။ ဘုရားရေ တကယ်ကြီးဟ!”
လူငယ်လေးက တစ်ဖက်ကို လှည့်ကြည့်ပြီး လှမ်းအော်သည်။
"ဆယ်မိနစ်နားမယ်ဟေ့!"
အသက် ဆယ့်ခုနစ်နှစ်အရွယ် အယ်လ်ဖာလူငယ်သည် ကျယ်ပြန့်သော ပခုံးရယ်၊ထင်ရှားသော နှာတံရယ်နှင့် ကြွက်သားများဖြင့် ဖုံးလွှမ်းနေသော လက်မောင်းကြီးများရှိသည်။ ချောမောသောမျက်နှာသည် ဖူကော၏အမြင်အာရုံနယ်ပယ်တွင် ထပ်ခါတလဲလဲ ချဲ့ထွင်နေရင်း ရုတ်တရက် သူ့ခန္ဓာကိုယ်သည် လေပေါ်သို့ မြောက်တက်သွားသည်။
“ပိတ်ရက်ဆိုတော့ ကျောင်းဆေးခန်းက ဖွင့်မှာမဟုတ်ဘူး။ အရေးပေါ်နည်းပဲ လုပ်ရတော့မှာပဲ”
ပြောပြောဆိုဆိုနဲ့ သူက ဖူကော ကို ရေကူးကန်နား သယ်လာပြီး နဖူးကို ရေအေးလေးစွတ်ပေးသည်။
"ချောကလက်နဲ့ တည့်တယ်မလား"
"ဟင်?"
ချောကလက်တစ်တုံးက သူ့ပါးစပ်ရှေ့ကိုရောက်လာသည်။
"စားလိုက်"
ဖူကော အံ့အားသင့်သွားပြီး ရုတ်တရက်ဘာကြောင့်မှန်းမသိ သူ့တစ်ကိုယ်လုံး နီရဲလာသည်။
"ကျေးဇူးတင်ပါတယ်။ ငါ့ဟာငါ စားပါ့မယ်"
"မင်းလက်ပေါ်မှာ ဆေးတွေပေနေတယ်လေ"
“အာ…ဟုတ်သားပဲ”
သူလည်း ရှက်ကိုးရှက်ကန်းနဲ့ ချီဟန့်လက်ထဲက ချောကလက်ကို စားလိုက်သည်။ နွေရာသီအပူချိန်သည် အလွန်မြင့်မားသောကြောင့် အခွံမှာ ကပ်နေသော ချောကလက်အလွှာဟာ အရည်ပျော်နေလာသည်။ ဖူကောက ချောကလက်တွေအကုန် အရည်မပျော်ခင် အမြန် စုပ်ယူလိုက်သည်။ ဖြစ်ချင်တော့ အခွံနဲ့ကပ်နေတဲ့ လူငယ်လေးရဲ့ လက်ချောင်းတွေကိုပါ စုပ်ယူမိသလို ဖြစ်သွားသည်။
"သေချာ ....စားလေ"
ချီဟန်က တည်ငြိမ်ဟန်ဆောင်ကာ ချောင်းတစ်ချက်ဟန့်ရင်း ပြောလိုက်သည်။
"ဟင်?"
ဖူကော က ဇဝေဇဝါဖြင့် မျက်တောင်ခတ်လိုက်ပြီး
"ကောင်းပြီ"
ချောကလက်ရဲ့ နောက်ဆုံး အပိုင်းကို စားသောအခါ ချောကလက်သည် လုံးဝ အရည်ပျော်သွားပြီး ထုပ်ပိုးထားသော စက္ကူမှ ယိုကျလာသည်။ ဖူကောက လူငယ်လေးရဲ့လက်တွေ ညစ်ပတ်သွားမည်ကို စိုးရိမ်သောကြောင့် လျှာနဲ့ အမြန်လျက်လိုက်သည်။ ချောကလက်ဟာ လူငယ်လေး၏ လက်ချောင်းများပေါ်သို့ စီးကျသွားပြီး ဖူကောရဲ့လျှာဖျားကလည်း ချီဟန်၏လက်ဆစ်များကို တစ်ချိန်တည်းတွင် လျက်မိသွားသည်။
ရုတ်တရက် ဓာတ်လိုက်သွားသလိုပင်။
ချီဟန် သူ့လက်ချောင်းတွေကို အမြန် ပြန်ရုတ်လိုက်မိသည်။ ချောကလက်ရဲ့အခွံလေးကလည်း မြေပြင်ပေါ် ပြုတ်ကျသွားသည်။
နှစ်ယောက်သား ကြောင်တောင်တောင်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ရှက်သွေးဖြာနေသည်။
ဖူကောရဲ့ စိတ်တွေကလည်း ကမောက်ကမ ဖြစ်လာသည်။
လူငယ်လေးကတော့ ခေါင်းကုတ်ပြီး ထွက်ပြေးသွားတော့သည် ။ဖူကောက နံရံမှာ ပုန်းနေပြီး ကွင်းထဲကို အလျင်စလို ပြေးသွားတဲ့ထိုလူငယ်လေးကို ကြည့်လိုက်သည်။ ဘောလုံးကို ပြိုင်ဘက်ရဲ့ခြင်းတောင်းထဲကို တိကျစွာ ပစ်သွင်းလိုက်တာကို သူမြင်ရသည်။
ထိုအခိုက်အတန့်လေးမှာပဲ လေတစ်ချက်အဝှေ့သွားပြီး hawthorn ပန်းပွင့်တွေက ကြွေကျသွားပြီး ရေကန်တစ်ခုလုံးဖုံးလွှမ်းသွားသည်။
ဖူကောက ထိုအချိန်မှာပဲ love at first sightကို ပထမဆုံးတွေ့ကြုံခဲ့သည်။ ထိုဆယ်မိနစ်တာက သူ့အတွက်တော့ တိုတောင်းလွန်းလှသည်ဟု ခံစားရသည်။
ထိုနေ့မှစ၍ ဖူကော ၏ ပန်းချီကားများသည် ထိုလူငယ်လေးဆီမှရရှိသော လှုံ့ဆော်မှုများအားလုံးကနေ အရင်းခံလာသည်။သူ့အချစ်ကို သူ ဘယ်လို ဝန်ခံရမှန်း မသိတာကြောင့် ပန်းချီကားတွေပေါ်မှာသာ သူ့ခံစားချက်တွေကို ရေးဆွဲတတ်လာသည်။
တစ်ရက်မှာ သူတို့ရဲ့ပန်းချီဆရာက ရက်တစ်ရာအတွင်း နေဝင်ချိန်ပန်းချီကားကို challenge လုပ်ရမည်ဟု ကြေညာခဲ့ပြီး အနိုင်ရရှိသူကို ဆုပေးမည်ဟူ၍ဖြစ်သည်။ ထိုအချိန်မှစ၍ ဖူကောသည် နေ့တိုင်း ဘတ်စကတ်ဘောကွင်းသို့ လာရန် တရားဝင်အကြောင်းပြချက်ရရှိသွားသည်။ သူများတွေလည်း ဒီနေရာကိုလာပြီး နေဝင်ချိန်ပန်းချီကိုရေးဆွဲနေကြပေမယ့် သူရေးဆွဲနေတာကတော့ နေဝင်ချိန်ထက်ပင် ပိုမိုတောက်ပသော ဆယ်ကျော်သက်လူငယ်လေးတစ်ဦးကိုသာ ဖြစ်ခဲ့သည်။
ဒီလိုနဲ့ ရက်တွေပြောင်းလဲလာပြီး Hawthorn ပင်တွေကလည်း အပွင့်တွေ ပွင့်ပြီး အသီးများ သီးသောရာသီသို့ ရောက်လာသည်။
တစ်နှစ်ပတ်လုံး ။ ဒုတိယနှစ်မှ တတိယနှစ်အထိ ၃၆၅ ရက်ကြာ ဖူကောက နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းတို့တွင် ချီဟန့်ပုံကိုတိတ်တိတ်ကလေး ရေးဆွဲနေခဲ့သည်။ ဆရာ့ရဲ့ နေဝင်ချိန်ပန်းချီကား challenge ကိုလည်း သေချာပေါက်သူ ကျရှုံးခဲ့သည်။ ဘာလို့လဲဆိုတော့ သူ့အာရုံက နေဝင်ချိန်မှာ ရှိမနေဘဲ ချီဟန့်ဆီမှာသာ ရှိနေခဲ့သောကြောင့်ဖြစ်သည်။
ဒီလိုနဲ့ တစ်နှစ်ကြာပြီးနောက် တစ်ခုသောမနက်ခင်းတွင် ဖူကော သတ္တိတွေရှိလာသည်။
သူဒီနေ့မှာ ချီဟန်ကို ဖွင့်ပြောဖို့ စီစဉ်ထားသည်။ သူဆွဲထားတဲ့ ပုံတွေကိုလည်း album နဲ့စုပြီး ယူလာသည်။
ဒါပေမယ့် သူဝန်မခံခင်မှာ လှေကားအကွယ်ကနေ ချီဟန်ပြောနေတဲ့စကားတစ်ချို့ကို ကြားမိသွားသည်။
"ငါက ဘီတာတွေကို မကြိုက်ဘူး" ဟူ၍။
ဖူကောဟာ ထိုနေရာတွင်ပင် အေးခဲနေပြီး တောင့်တောင့်လေးရပ်နေမိသည်။သူဆွဲထားတဲ့ပန်းချီတွေကိုလည်း ချီဟန့်ဆီ မည်သည့်အခါမျှ ပေးပို့ခဲ့ခြင်း မရှိတော့ဘဲ သူ၏ ပထမဆုံးသော အချစ်သည်လည်း ဒီလိုနဲ့ပဲ တိတ်တိတ်ကလေး သေဆုံးခဲ့သည်။ နောက်ပိုင်းမှာ သူပန်းချီဆွဲဖို့ ဘတ်စ်ကတ်ဘောကွင်းကိုလည်း မသွားတော့ပေ။
သူ မမျှော်လင့်ထားတာက သူကွင်းကို မသွားတော့တဲ့အချိန်မှာ ချီဟန်တစ်ယောက် သူ့သင်တန်းရှေ့မှာ ပေါ်လာလိမ့်မည်ဟူ၍ပင်။
ချီဟန်က သင်တန်းကို မော်ဒယ်အနေနဲ့ လာခဲ့တာဖြစ်သည်။
ပုံကြမ်းဆွဲသည့်ပထမနေ့တွင်ပင် ဖူကောတစ်ယောက် အမှားများစွာ ပြုလုပ်မိသည်။
ပထမဦးစွာ သူသည် စာရွက်ကိုလည်း ခဲတံနဲ့ခြစ်ရမယ့်အစား ဓားဖြင့်မှားခြစ်မိသည်။ဆေးတွေက မှောက်ကျပြီး ပေကုန်သည်။ သူရှက်ရှက်နှင့် ခေါင်းငုံ့ကာ ရေချိုးခန်းထဲသို့ အပြေးကလေးသွားသည်။ ပြန်လာတဲ့အခါ ချီဟန့်ရဲ့ ရင်ခွင်ထဲ တည့်တည့် ဝင်တိုးမိပြန်သည်။
အတန်းဖော်များက ကျယ်လောင်စွာ ရယ်မောကြပြီး ဖူကောကတော့ အတော်လေး ရှက်ရွံ့နေပါပြီ။ချီဟန်က သူ့အလုပ်ပြီးသွားတော့ ဖူကောဆီလျှောက်လာပြီး သူ့နားရွက်မှာ ပေကျံနေတဲ့ ဆေးရည်တွေကိုသုတ်ပေးကာ
"ဘာလို့ ဒီလောက် ပျာယာတွေခတ်နေတာလဲ။ ကြောင်လေးလိုပဲ"
ဒီလိုနဲ့ ဒီရက်ပိုင်းတွေထဲမှာ တည်ငြိမ်နေခဲ့တဲ့ ဖူကောရဲ့နှလုံးသားလေးဟာလည်း နောက်တစ်ကြိမ် ပြန်လည် လှိုင်းထလာခဲ့သည်။
ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့လိင်(betaဆိုတာ)ကို ပြန် သတိရပြီး သူ့မှာမရှိသင့်တဲ့ အတွေးတွေကို ပြန်လည် မျိုသိပ်ထားလိုက်။ သူတို့နှစ်ယောက်အတွက် ဒီထပ်ပိုပြီး ပတ်သတ်စရာအကြောင်းမရှိတော့ဘူးလို့ထင်ထားပေမယ့် အထက်တန်းကျောင်းဆင်းပွဲ အခမ်းအနားနေ့မှာပဲ ချီဟန်တစ်ယောက် စတူဒီယိုခန်းထဲမှာ ရုတ်တရက် rut ဝင်လာမယ်လို့ သူ မထင်ထားခဲ့ပေ။
ဘာကြောင့်မှန်းတော့မသိပေမယ့် သူ စိတ်အားထက်သန်စွာ ပြေးပြီး တတ်နိုင်သမျှ တတိယထပ်ရှိ စတူဒီယိုသို့ရောက်အောင်သာ စိတ်က လောနေမိသည်။
တံခါးဝသို့ရောက်သောအခါ သူဒီကို ဘာအတွက်လာခဲ့တယ်ဆိုတာ၊ သူ့အနေနဲ့ ဘာအခွင့်အာဏာရှိလို့ဒီနေရာအထိလာခဲ့ရတယ်ဆိုတာတွေကို မစဥ်းစားနိုင်တော့ပေ။
တံခါးကနေ ချောင်းကြည့်တော့ မြင်လိုက်ရတာက ချီဟန်က ထိုင်နေပြီး သူ့ကိုယ်သူ ပွတ်သပ်နေတာကို တွေ့လိုက်ရသည်။
ဒီမြင်ကွင်းဟာ ဖူကောရဲ့ဆယ့်ရှစ်နှစ်တာအတွင်း တစ်ခါမှ မကြုံဖူးသော မြင်ကွင်းတစ်ခုဖြစ်သည်။ တံခါးနောက်ကွယ်က ထိုယောက်ျားက မကောင်းတာကို လုပ်နေတယ်ဆိုတာသူသိသည်။
စတူဒီယိုထဲရှိ Alpha သည် ရှိုက်ကြီးတငင် ညည်းတွားနေပြီး သူ့ကိုယ်သူဖြေလျော့နေသည်။
သူနဲ့ သူ့ချစ်ရသူဟာ နံရံတစ်ခုသာခြားနေပေမယ့် သူ အလျင်စလို ဝင်မလာရဲပေ။မတော်တဆ တစ်ခုခုမှားယွင်းသွားမှာ သူကြောက်သည်။ Alpha တွေက rut ကာလမှာ လိင်စိတ်လွှမ်းမိုးနေတတ်ပြီး အမှားအမှန်ကိုခွဲခြားနိုင်စွမ်း နည်းပါးကြသည်။ချီဟန် စိတ်အေးလာတဲ့အထိ စောင့်ပြီးမှ သူဝင်လာပြီးတားဆေးပေးဖို့ စိတ်ကူးထားသည်။
ဒါပေမယ့် သူမထင်ထားတာက ချီဟန်က ပထမတစ်ချီနဲ့တင် စိတ်အေးမသွားဘဲ သူ့ရဲ့ဆန္ဒတွေက ပိုပိုပြီးပြင်းထန်လာသည်။ အဲ့အချိန်မှာပဲ ချီဟန်က ဖူကောရဲ့ ယူနီဖောင်းကို စားပွဲပေါ်မှာရှာတွေ့သွားပြီး ထိုယူနီဖောင်းကိုယူကာ ရှူရှိုက်ရင်း ထပ်မံဖြေလျော့ပြန်သည်။
"ဖူကောက ရက်စက်တယ်။ သူ့အတွက် လေးလလောက် အလကားပဲ မော်ဒယ်လုပ်ပေးခဲ့တာကို ငါ့နာမည်ကိုတောင် မသိဘူး။ X တဲ့။ X က ဘယ်သူလဲ။ ငါ့နာမည်က ချီဟန်...”
(ဖူကောက ချီဟန့်ရဲ့ပန်းချီတွေအောက်မှာ X လို့ နာမည်အနေနဲ့ မှတ်ထားတာကို ပြောချင်တာ)
တံခါးအပြင်ဘက်တွင် ပုန်းနေသော ဖူကော ကတော့ ပေါက်ကွဲတော့မလို နီရဲနေသောမျက်နှာလေးဖြင့် သူ့ခေါင်းကို ဒူးထဲမှာ မြုပ်ထားပြီး တိုးတိုးလေး ပြောလိုက်သည်။
"မင်းနာမည်ကို မသိတာမဟုတ်ပါဘူး။ မရေးရဲတာပါ"
ပုံမဆွဲခင်မှာ သူ့မော်ဒယ်နာမည်ကို သူ ရေးလေ့ရှိပေမယ့် ချီဟန်ဆိုတဲ့ အဲဒီစကားလုံးနှစ်လုံးကို စာရွက်ပေါ်တင်ထားလိုက်ရင် သူစိတ်တွေလှုပ်ရှားပြီး အတန်းထဲမှာ ဘာမှမလုပ်နိုင်တော့မှာကို သူသိသည်။
ဒါပေမယ့် ချီဟန်က ထပ်ပြောလေလေ အသံက ပိုဆို့နင့်လေလေ ဖြစ်လာသည်။
"သေချာပေါက် ကော အရင်စခဲ့တာ။ မင်းအရင် ကိုယ့်လက်ချောင်းကို လျက်ခဲ့တာ။ နေ့တိုင်းလည်း အတန်းထဲမှာ ကိုယ့်ပုံတွေဆွဲခဲ့တာ။ ကိုယ် မင်းကို ချစ်တာကို ဝန်ခံဖို့ သတ္တိတွေရှိလာတဲ့အချိန်မှ မင်းက ဘာလို့ ရုတ်တရက်ကြီး ကိုယ့်ကို မလိုချင်တော့တာလဲ…”
ဖူကောကလည်း တံခါးအပြင်ကနေ နှုတ်ခမ်းကို ဖွဖွကိုက်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်။
"မင်းပဲ သေချာပေါက် ဘီတာတွေကို မုန်းတယ်လို့ ပြောခဲ့တာ၊၊ ငါလည်း မင်းကို ဝန်ခံဖို့ ပြင်ဆင်နေခဲ့တာ။ ပန်းချီကားတွေ အများကြီးနဲ့.."
တစ်ဖန် ချီဟန်ကလည်း
"အကြင်နာမဲ့တဲ့လူ... သူ့ရှေ့မှာ အဝတ်ဗလာနဲ့ရပ်နေတာတောင် ငါ့ကို မကြည့်ဘူး။ ငါ့နာမည်ကိုတောင် မသိဘူး..."
ချီဟန်က အသက်ရှူသံတွေ ပြင်းထန်လာပြီး စားပွဲပေါ် လဲကျသွားရင်း
"ရှောင်ကော၊ ကိုယ် အဆင်မပြေတော့ဘူး...ကိုယ့်ကို လာပွေ့ဖက်ပါ... ကိုယ့်ကို လာထိပါ။ မဟုတ်ဘူး! မလာနဲ့၊ မင်းလာရင် ကိုယ် ထိန်းနိုင်မှာမဟုတ်ဘူး။ မင်း ငိုတဲ့အထိ မင်းကို စားပွဲပေါ်မှာဖိထားပြီး အရယူမိလိမ့်မယ်...အ့...အွင်း...ကောရဲ့ ခန္ဓာကိုယ်အနှံ့ ကိုယ့်ရဲ့ pheromoneတွေနဲ့ လိမ်းခြယ်ချင်တယ်။ကောရဲ့ခန္ဓာကိုယ်ကို အမှတ်အသားတွေပြုချင်တယ်။ ကောရဲ့ အတွင်းရော၊ အပြင်ရော ကိုယ်နဲ့ပဲ သက်ဆိုင်စေချင်တယ်! ဒါတောင် ကိုယ့်ကို X လို့ ခေါ်ဝံ့သေးလား"
ထိုအချိန်မှာပဲ ဖူကောက အခန်းထဲသို့ဝင်လာပြီး သူ့နောက်က တံခါးကိုလော့ချလိုက်သည်။ သတ္တိမွေးပြီးတဲ့နောက် ဖူကောက တုန်တုန်ယင်ယင်ဖြင့် စကားဆိုလိုက်သည်။
"ငါ ...ငါ မင်းကို X လို့ ခေါ်သည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ ခု...ခုနကမင်းပြောတဲ့ အရာတွေအားလုံးကို ငါ့အပေါ် လုပ်နိုင်ပါတယ်"
ချီဟန်က ရုတ်တရက်လန့်သွားပြီး ဘောင်းဘီကိုအမြန်ဆွဲတင်ကာ ကျယ်ကျယ်လောင်လောင်နဲ့ တောင်းပန်ရင်း လှည့်ထွက်ဖို့ပြင်တော့သည်။ ဖူကောက နှုတ်ခမ်းကိုကိုက်ရင်း ချီဟန့်ကို ဆွဲထားကာ
"နောက်တစ်ခါ ထပ်ပြေးချင်သေးတာလား"
"ကောအပေါ်မှာ ဒီလိုယုတ်မာတဲ့အတွေးတွေရှိနေတာတောင် ကိုယ့်ကို ဂရုစိုက်ချင်သေးတာလား၊၊ သေချာပေါက် ကိုယ့်နာမည်ကိုတောင် မသိဘဲနဲ့"
ဖူကောက လော်ကာဆီသို့ လျှောက်သွားလိုက်ပြီး တံခါးကို ဖွင့်လိုက်တော့ ပန်းချီကားတွေအများကြီးထွက်ကျလာသည်။ ထိုပန်းချီတွေရဲ့ဇာတ်ဆောင်ကတော့ ခြွင်းချက်မရှိ ချီဟန်သာ ဖြစ်ခဲ့သည်။
“ငါ....ငါ မင်းနာမည်ကို မရေးရဲခဲ့တာ”
ဖူကောက လက်သီးလေးကို တင်းတင်းဆုပ်ထားပြီး
“ဒါပေမယ့် ငါ့နှလုံးသားထဲမှာတော့ မင်းနာမည်ကို အကြိမ်ပေါင်းများစွာ ရေးခဲ့ဖူးတယ်”
ချဟန်က ရုတ်တရက် စိတ်လွတ်သွားပြီး ဖူကောကို ပန်းချီကားများ ပြန့်ကြဲနေသော ကြမ်းပြင်ပေါ်သို့ တွန်းလှဲကာ ဖိထားသည်။
"မင်းလည်း ကိုယ့်ကို သဘောကျတယ်လား"
ချီဟန်က ထိုသို့ပြောရင်း ဖူကောကို ခပ်ဖွဖွလေးနမ်းကာ ညှပ်ရိုးတို့ကိုလည်းနမ်းရှိုက်ရင်း နှလုံးခုန်တွေမြန်နေတော့သည်။
"ငါ အဲဒါကို ရှင်းရှင်းလင်းလင်း မပြခဲ့ဘူးလား"
"ဟဟ!အရူးတွေ! ကိုယ်တို့က အရူးတွေပဲ"
အသံတိုးတိုးဖြင့် ကျိန်ဆဲရင်း ဖူကောရဲ့ ခေါင်းကိုတစ်ဖက်သို့ စောင်းစေကာ လည်ပင်းနောက်ဘက်သို့ ကိုက်ချလိုက်တော့သည်။ ဘီတာ သဘာဝ ဂလင်းမရှိသော်လည်း pheromone တွေက ဖူကောရဲ့သွေးထဲသို့ လျင်မြန်စွာ ဝင်ရောက်လာကြသည်။
နာကျင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကျေနပ်ခြင်းများအလယ်တွင် ဖူကောရဲ့ခန္ဓာကိုယ်ဟာ ချီဟန့်ရနံ့တွေကြား၌ ပျော့ပျောင်းသော အသက်ရှူသံများကို ထုတ်လွှတ်နေသည်။
ချီဟန်က ပန်းချီကားတစ်ချပ်ကို ကောက်ကိုင်လိုက်ပြီး ဖူကောရဲ့ အဝတ်အစားတွေကို မြှောက်လိုက်ကာ ရင်ဘတ်ပေါ်မှာ တင်လိုက်ရင်း
"ကိုယ့်ကို ပန်းချီဆွဲတုန်းက မင်းဘာတွေတွေးနေတာလဲ"
"မင်း ဖြေလျှော့နေတုန်းက တွေးသလိုပဲ ငါ မင်းကို ပန်းချီဆွဲတုန်းက...အ့..."
သူစကားမဆုံးခင်မှာ ချီဟန်က ဖူကောကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ ချီဟန့်မျက်လုံးတွေက နီရဲနေပြီး လေသံတိုးတိုးဖြင့် ဖူကောနားရွက်နားကပ်ကာ ပြောလိုက်သည်။
"ရှောင်ကော...ကိုယ် မင်းကို ချစ်တယ်"
"အင်း...ငါရောပဲ"
အထက်တန်းကျောင်းသားဘဝမှ ကျောင်းပြီးသည်အထိ အတွဲတွေအများကြီး ပြတ်ကြဆဲကြသည့်တိုင် ချီဟန်နဲ့ဖူကောကတော့ အတူတူ ရှိနေခဲ့သည်။
နှစ်ယောက်တည်း ဘွဲ့နှင်းသဘင်ခရီးကို စီစဉ်ခဲ့ပြီး Litang မှာ မြင်းပြိုင်တာတွေ၊ Potala နန်းတော်မှာ ဆုတောင်းတာတွေ၊ မြင်းကမ်းဘေးမှာ ပေါင်မုန့်စားတာတွေကို အတူတူပျော်မွေ့ခဲ့ကြသည်။
အချစ်က ဖူကောရဲ ဝိညာဉ်ကို လောင်ကျွမ်းစေသည်။ ထိုခရီးစဥ်မှာ သူ့စိတ်တွေအရမ်းကို ရွှင်လန်းနေခဲ့ပြီး သုံးလတာ နွေရာသီ အားလပ်ရက်အတွင်း သူဟာ ပန်းချီကားပေါင်းများစွာကို ရေးဆွဲနိုင်ခဲ့သည်။ ထိုပန်းချီကားများမှတစ်ခုဟာ အမျိုးသားဝတ် စိန်လက်စွပ် ဒီဇိုင်းပုံဖြစ်ပြီး အဲ့ဒါက လက်ဝတ်ရတနာဒီဇိုင်းပြိုင်ပွဲမှာ ဆုရခဲ့သည်။
ဒီလိုပျော်ရွှင်ဖွယ်အခိုက်အတန့်တွေဟာ ခဏလေးနဲ့ ကြေကွဲသွားမယ်ဆိုတာကိုတော့ ဖူကောတစ်ယောက် မသိခဲ့ပါဘူး။
ထိုလက်စွပ်ဒီဇိုင်းနဲ့ပင် စိန်လက်စွပ်တစ်ခုပြုလုပ်ပြီး သူ့ဖက်က စတင်က ချီဟန့်ကို propose လုပ်ခဲ့သည်။ သူ့အိမ်သို့ခေါ်သွားပြီး မိဘတွေနဲ့ မိတ်ဆက်ပေးခဲ့သည်။ သူ့ရဲ့အချစ်တွေ၊ မေတ္တာတွေ၊ စိတ်အားထက်သန်မှုတွေ...သူ့ရဲ့အရာအားလုံးကို ချီဟန့်ကိုအပ်နှင်းဖို့အတွက် church မှာ မင်္ဂလာအခမ်းအနားကို စီစဥ်ခဲ့သည်။
သူတို့က ထိုအချိန်မှာ အသက်အငယ်ဆုံး စုံတွဲဖြစ်ခဲ့ပြီး သူတို့ရဲ့အချစ်တွေကလည်း နုနယ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အဲ့ဒါက အဓိပ္ပါယ်မဲ့သော ချစ်ခြင်းတရားလည်းဖြစ်ခဲ့သည်။
ဘာလို့လဲဆိုတော့ အခမ်းအနားနေ့မှာ ချီဟန်က ရဲတွေနဲ့အတူ ဘုရားကျောင်းထဲကိုဝင်လာပြီး ဖူမိသားစုရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်ခဲ့သည်။ ရဲတွေက သူ့မိဘတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသော ကြင်စဦးဇနီးမောင်နှံနှစ်ဦးအနက် တစ်ဦးမှာ "တရားမျှတမှု၏တမန်တော်"ဖြစ်လာပြီး နောက်တစ်ဦးမှာ "ရာဇ၀တ်သား၏ သားတစ်ယောက်"ဖြစ်လာသည်။
ဖူကောကိုယ်တိုင်လည်း ဘာမှပင် မသိလိုက်ခင်မှာ သူဟာ မြေအောက်ခန်းထဲမှာ အပိတ်ခံထားရသည်။ လက်တွေခြေတွေတုပ်နှောင်ခံထားရပြီး ပါးစပ်ကိုလည်း အဆို့ခံထားရကာ ဆယ့်လေးရက်တာ နှိပ်စက်ခံခဲ့ရသည်။
ချီဟန်က သူ့ရှေ့မှာပဲ သူမြတ်နိုးရတဲ့ ပန်းချီကားအားလုံးကို မီးရှို့ဖျက်ဆီးပစ်သည်။ ပြာတွေကြောင့် တစ်ဖက်လူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း အသံကိုတော့ ရှင်းရှင်းလင်းလင်းကြားရသည်။
"ဟက်!ဖူကော ငါ မင်းကို တကယ်ချစ်တယ်လို့ထင်နေတာလား။ မင်းနဲ့ မင်းရဲ့အပေါစားအချစ်က ငါ့အတွက်တော့ ဘာမှတန်ဖိုးမရှိဘူး!"
ဖူကောပေးထားသော လက်စွပ်ကိုလည်း ချွတ်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချကာ မညှာမတာ ခြေထောက်ဖြင့် တက်နင်းသည်။ အိပ်ရာပေါ်မှာ သံကြိုးဖြင့် ချည်နှောင်ခံထားရတဲ့ ဖူကောကတော့ သူယုံကြည်ရာ အရာအားလုံးကို ဖျက်ဆီးခံနေရသည်ကို မျက်ရည်များဖြင့် ငေးကြည့်နေရုံသာတတ်နိုင်သည်။
ရှစ်လနဲ့ ဆယ့်လေးရက်ကြာအောင် သူတို့ တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြသည်။ဒါပေမယ့် နောက်ဆုံးဆယ့်လေးရက်ကသာ ချီဟန့်ရဲ့ပုံစံ အစစ်အမှန်ဖြစ်သည်။ ကျန်တာကတော့ ချီဟန်က သူလိုချင်တာကဖို့ ဟန်ဆောင်ဖန်တီးထားတဲ့ လိမ်လည်မှုတွေပါပဲ။
အဲ့ကတည်းက ဖူကောဟာ စုတ်တံကို ကောင်းကောင်းမကိုင်နိုင်တော့သလို၊ hawthorn ပန်းများပွင့်ဖူးနေတဲ့ ရေကန်ဘေးတွင် သူ မြင်မြင်ချင်း ချစ်မိသွားခဲ့တဲ့ လူငယ်လေးကိုလည်း သူ မမှတ်မိတော့ပါ။
"ဖူကော!ဖူကော!"
ရင်းနှီးသော အော်သံများက သူ့နားထဲတွင် ပဲ့တင်ထပ်လာရင်း သူအိပ်မက်မှလန့်နိုးလာသည်။ သူ့လက်မောင်းကို ဆုပ်ကိုင်ထားသော လက်ချောင်းများက သူ့အသားထဲသို့ ထိုးဖောက်ဝင်ရောက်လာမတတ် အားပြင်းသည်။ သူဟာ ထိုလူကို "အခြားတစ်ယောက်"နဲ့ ထပ်ပြီး မှားနေပြီဆိုတာ သိလိုက်သည် ။
"သြော်....သခင်လားဟင်?"
ချီဟန်က သက်ပြင်းတစ်ချက်ချကာ သူ့လက်နှစ်ဖက်ကို ဆွဲကိုင်လိုက်ပြီး
"ရေသောက်ဖို့ ထွက်လာတော့ မင်း လက်တွေ ဝှေ့ယမ်းပြီး အော်ဟစ်နေတာ တွေ့လို့လေ။ အိပ်မက်ဆိုးတွေ ထပ်မက်နေတာလား”
"အင်း၊ ကျွန်တော် အိပ်မက်ဆိုးတွေ ထပ်မက်နေတာ"
ချီဟန့်ရဲ့ လက်တွေက တောင့်တင်းသွားပြီး ဖူကောကိုလွှတ်ကာ ရေထည့်ရန်စားပွဲဆီသို့ လျှောက်သွားလိုက်သည်။
“အဲ့လူက ဘယ်လိုပုံစံလဲဆိုတာ မှတ်မိလား”
"ဟင့်အင်း၊ ဒါပေမယ့် စိန်လက်စွပ်ကိုတော့ မှတ်မိတယ်"
ထိုစကားမှာ ရေခွက်က စားပွဲပေါ်ကို ဒေါက်ခနဲ ပြုတ်ကျသွားပြီး ရေတွေဖိတ်စင်သွားသည်။
ချီဟန်က သူ့လည်ပင်းမှာ ဝတ်ထားတဲ့ လည်ဆွဲကို ဆုတ်ဖြုတ်ပြီး အိတ်ကပ်ထဲအမြန် ထည့်လိုက်သည်။ ထိုလည်ဆွဲမှာ စိန်လက်စွပ်နှစ်ကွင်းကို ချိတ်ဆွဲထားသည်။
"လက်စွပ်တွေက ဘယ်လိုပုံစံလဲ"
သူက ရေကိုခွက်ထဲ ထပ်လောင်းရင်း အေးအေးဆေးဆေးပုံစံနဲ့ မေးလိုက်သည်။
“အဲဒါက… တောက်ပတဲ့ စိန်လေးတွေ စီထားတဲ့ ရိုးရှင်းတဲ့ လက်စွပ်တစ်ကွင်းပါပဲ။ ကျွန်တော် ဒီဇိုင်းဆွဲထားတာ။ အစကတော့ အဲ့ဒါကို အရမ်းကြိုက်ခဲတာ"
ချီဟန်က သူ့ကိုကြည့်ကာ သူ့လည်ပင်းပေါ်က ချွေးအေးတွေကို သုတ်ပေးဖို့ လက်ကို မြှောက်လိုက်သည်။ သူ့လက်ဖဝါးက ဖူကော ရဲ့လည်ပင်းပေါ်က အမာရွတ်ကို သွားစမ်းမိသည်။
"အစတုန်းက အရမ်းကြိုက်ခဲ့တာဆိုတော့ နောက်ကျ မကြိုက်တော့ဘူးလား"
"အင်း၊စိန်ကို ဖြတ်ထားတဲ့ မျက်နှာပြင်က အရမ်းထက်လို့လေ။ အင်အားသာ စိုက်ထုတ်နိုင်ရင် အဲ့ဒါက တစ်စုံတစ်ယောက်ကို သတ်ပစ်ဖို့တောင် အသုံးပြုနိုင်တယ်"
ချီဟန့် ရဲ့လက်တွေက တုန်ခါသွားပြီး
"မင်းဘယ်သူ့ကို သတ်ချင်ခဲ့တာလဲ"
"အဲ့ဒီ့လူ!"
"မင်း....အဲ့ဒါကိုလုပ်နိုင်ခဲ့လား"
"ဟင့်အင်း"
ဖူကောရဲ့ ဗလာကျင်းနေတဲ့ မျက်လုံးတွေက အမှောင်ညတွင် ထူးထူးခြားခြား တောက်ပနေသည်။
"ကျွန်တော်မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော်ပဲ သတ်နိုင်ခဲ့တာ "
အဲ့တုန်းက လက်ထိတ်ခတ်ထားတာကနေ လွတ်မြောက်ဖို့အတွက် ရုန်းကန်ရင်း သူ့ လက်ချောင်းလေးတွေက ကျိူးကုန်သည်။ လက်ထိပ်ကနေလွတ်မြောက်သွားတာနဲ့ လက်စွပ်ကို ချွတ်ကာ သူ့လည်ပင်းသူ မတုံ့ဆိုင်းဘဲ လှီးဖြတ်ခဲ့သည်။
ချီဟန် အခုထိ မှတ်မိပါသေးသည်။ လည်ပင်းကနေ သွေးတွေပန်းထွက်နေတဲ့ သေအံ့ဆဲဆဲ ဖူကောက သူ့ရင်ခွင်ထဲမှာ လဲလျောင်းရင်း
"မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး"
ဟု မုန်းတီးစွာ ရွတ်ဆိုနေခဲ့သည်ကို။
Zaw
ဆယ္ေက်ာ္သက္အ႐ြယ္ အခ်စ္က အတားအဆီးမဲ့ ေတာက္ပေနတဲ့ ေနေရာင္ျခည္ေလးလိုပါပဲ။အဲ့ရွစ္လတာက ဖူေကာရဲ႕ဆယ့္ရွစ္ႏွစ္တာ ေနထိုင္ရွင္သန္ခဲ့တဲ့ ဘဝမွာ အေပ်ာ္႐ႊင္ဆုံး ရွစ္လပါပဲ။အဲ့ဒါက စုတ္တံကို သူေနာက္ဆုံးကိုင္ခဲ့တဲ့ႏွစ္လည္း ျဖစ္ခဲ့ပါတယ္။
သူ ခ်ီဟန္နဲ႕ ပထမဆုံးေတြ႕ခဲ့တာက ပူေလာင္ေသာ ႏြေရာသီ၏ ညေနခင္းတစ္ခုမွာ။
ေနေရာင္က အုတ္နီခဲေရာင္ ေျပးလမ္းေပၚမွာ ျဖန႔္က်က္ထားၿပီး ႏြေေလ႐ူးေတြတိုက္စားေနေတာ့ အကိုင္းအခက္မ်ားမွ အျဖဴေရာင္ hawthorn ပန္းပြင့္ေတြက ေလနဲ႕အတူ ေမ်ာလြင့္ေနခဲ့တာ။အဲ့တုန္းက ဖူေကာက ဘတ္စ္ကတ္ေဘာ ကစားကြင္းနားမွာ ျဖတ္ေျပးေနခဲ့တာေလ။ တကယ့္ကိုလွပတဲ့အခိုက္အတန့္ေလးေပါ့။
ေဘာင္းဘီတိုေလးဝတ္ထားေတာ့ ဖူေကာရဲ႕ ေခြၽးစို႔ေနတဲ့ ဒူးေလးကို မထင္မရွား ျမင္ေနရတယ္။
ႏြေရာသီ အပူရွိန္ေၾကာင့္ သူ ေသြးေပါင္ေတြက်ေနခဲ့တာေရာ၊ စတူဒီယိုထဲမွာ ေန႕ေရာညပါ မစားမေသာက္ဘဲ ပုံထိုင္ဆြဲေနခဲ့တာေၾကာင့္ေရာ အခုလို ႐ုတ္တရက္ႀကီး အျပင္ထြက္လာေတာ့ အေတာ္ေလးမူးေဝလာေစတယ္။ ဘတ္စကက္ေဘာလုံးက သူ႕နဖူးကို လာထိမွန္တဲ့အထိ သူ႕ကိုယ္သူ ဘတ္စကက္ေဘာကြင္းထဲမွာ ေလွ်ာက္သြားေနမိမွန္း သတိမထားမိခဲ့ဘူး။
ျဖစ္သြားတာေတြက ျမန္လြန္းလို႔ သူေရွာင္ခ်ိန္ မရလိုက္ဘူး။ေျမႀကီးေပၚ ျပဳတ္က်ခါနီးတြင္ ႐ုတ္တရက္ တစ္စုံတစ္ေယာက္က သူ႕လက္ေကာက္ဝတ္ကေန လွမ္းဆြဲလိုက္တာေၾကာင့္ တစ္စုံတစ္ေယာက္ရဲ႕ႏြေးေထြးတဲ့ရင္ခြင္က်ယ္ထဲသို႔ က်ဆင္းသြားခဲ့ရသည္။
သူ ေမာ့ၾကည့္လိုက္ေတာ့ ေခြၽးေတြ ႐ႊဲနစ္ေနၿပီး ဂ်ာစီကိုဝတ္ထားတဲ့ လူငယ္တစ္ဦးကို ေတြ႕လိုက္ရတယ္။ အဲ့ဒါက ခ်ီဟန္!
"အတန္းေဖာ္၊ အဆင္ေျပရဲ႕လား"
လူငယ္၏ ေမးေစ့မွ ေခြၽးမ်ား စီးက်ေနၿပီး သူ႕တစ္ကိုယ္လုံး မီးေတာက္ေနသလို ပူေလာင္ေနပုံေပၚသည္။ သူ႕လက္ဖဝါးေတြကလည္း ႏြေးေထြးေနၿပီး ဖူေကာ ေၾကာင္အေနတုန္းမွာ ထိုလက္ဖဝါးေတြက သူ႕နဖူးကို ထိလိုက္သည္ကို ခံစားလိုက္ရေသာအခါ ဖူေကာရဲ႕ ႏွလုံးသားကို တုန္လႈပ္သြားေစသည္။
"ဘာလို႔ ကစားကြင္းထဲကိုေလွ်ာက္လာတာလဲ။ အိုး မင္း heatstrokeျဖစ္ေနတာမဟုတ္ဘူးလား။ ဘုရားေရ တကယ္ႀကီးဟ!”
လူငယ္ေလးက တစ္ဖက္ကို လွည့္ၾကည့္ၿပီး လွမ္းေအာ္သည္။
"ဆယ္မိနစ္နားမယ္ေဟ့!"
အသက္ ဆယ့္ခုနစ္ႏွစ္အ႐ြယ္ အယ္လ္ဖာလူငယ္သည္ က်ယ္ျပန႔္ေသာ ပခုံးရယ္၊ထင္ရွားေသာ ႏွာတံရယ္ႏွင့္ ႂကြက္သားမ်ားျဖင့္ ဖုံးလႊမ္းေနေသာ လက္ေမာင္းႀကီးမ်ားရွိသည္။ ေခ်ာေမာေသာမ်က္ႏွာသည္ ဖူေကာ၏အျမင္အာ႐ုံနယ္ပယ္တြင္ ထပ္ခါတလဲလဲ ခ်ဲ့ထြင္ေနရင္း ႐ုတ္တရက္ သူ႕ခႏၶာကိုယ္သည္ ေလေပၚသို႔ ေျမာက္တက္သြားသည္။
“ပိတ္ရက္ဆိုေတာ့ ေက်ာင္းေဆးခန္းက ဖြင့္မွာမဟုတ္ဘူး။ အေရးေပၚနည္းပဲ လုပ္ရေတာ့မွာပဲ”
ေျပာေျပာဆိုဆိုနဲ႕ သူက ဖူေကာ ကို ေရကူးကန္နား သယ္လာၿပီး နဖူးကို ေရေအးေလးစြတ္ေပးသည္။
"ေခ်ာကလက္နဲ႕ တည့္တယ္မလား"
"ဟင္?"
ေခ်ာကလက္တစ္တုံးက သူ႕ပါးစပ္ေရွ႕ကိုေရာက္လာသည္။
"စားလိုက္"
ဖူေကာ အံ့အားသင့္သြားၿပီး ႐ုတ္တရက္ဘာေၾကာင့္မွန္းမသိ သူ႕တစ္ကိုယ္လုံး နီရဲလာသည္။
"ေက်းဇူးတင္ပါတယ္။ ငါ့ဟာငါ စားပါ့မယ္"
"မင္းလက္ေပၚမွာ ေဆးေတြေပေနတယ္ေလ"
“အာ…ဟုတ္သားပဲ”
သူလည္း ရွက္ကိုးရွက္ကန္းနဲ႕ ခ်ီဟန႔္လက္ထဲက ေခ်ာကလက္ကို စားလိုက္သည္။ ႏြေရာသီအပူခ်ိန္သည္ အလြန္ျမင့္မားေသာေၾကာင့္ အခြံမွာ ကပ္ေနေသာ ေခ်ာကလက္အလႊာဟာ အရည္ေပ်ာ္ေနလာသည္။ ဖူေကာက ေခ်ာကလက္ေတြအကုန္ အရည္မေပ်ာ္ခင္ အျမန္ စုပ္ယူလိုက္သည္။ ျဖစ္ခ်င္ေတာ့ အခြံနဲ႕ကပ္ေနတဲ့ လူငယ္ေလးရဲ႕ လက္ေခ်ာင္းေတြကိုပါ စုပ္ယူမိသလို ျဖစ္သြားသည္။
"ေသခ်ာ ....စားေလ"
ခ်ီဟန္က တည္ၿငိမ္ဟန္ေဆာင္ကာ ေခ်ာင္းတစ္ခ်က္ဟန႔္ရင္း ေျပာလိုက္သည္။
"ဟင္?"
ဖူေကာ က ဇေဝဇဝါျဖင့္ မ်က္ေတာင္ခတ္လိုက္ၿပီး
"ေကာင္းၿပီ"
ေခ်ာကလက္ရဲ႕ ေနာက္ဆုံး အပိုင္းကို စားေသာအခါ ေခ်ာကလက္သည္ လုံးဝ အရည္ေပ်ာ္သြားၿပီး ထုပ္ပိုးထားေသာ စကၠဴမွ ယိုက်လာသည္။ ဖူေကာက လူငယ္ေလးရဲ႕လက္ေတြ ညစ္ပတ္သြားမည္ကို စိုးရိမ္ေသာေၾကာင့္ လွ်ာနဲ႕ အျမန္လ်က္လိုက္သည္။ ေခ်ာကလက္ဟာ လူငယ္ေလး၏ လက္ေခ်ာင္းမ်ားေပၚသို႔ စီးက်သြားၿပီး ဖူေကာရဲ႕လွ်ာဖ်ားကလည္း ခ်ီဟန္၏လက္ဆစ္မ်ားကို တစ္ခ်ိန္တည္းတြင္ လ်က္မိသြားသည္။
႐ုတ္တရက္ ဓာတ္လိုက္သြားသလိုပင္။
ခ်ီဟန္ သူ႕လက္ေခ်ာင္းေတြကို အျမန္ ျပန္႐ုတ္လိုက္မိသည္။ ေခ်ာကလက္ရဲ႕အခြံေလးကလည္း ေျမျပင္ေပၚ ျပဳတ္က်သြားသည္။
ႏွစ္ေယာက္သား ေၾကာင္ေတာင္ေတာင္ျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ေနၾကၿပီး ရွက္ေသြးျဖာေနသည္။
ဖူေကာရဲ႕ စိတ္ေတြကလည္း ကေမာက္ကမ ျဖစ္လာသည္။
လူငယ္ေလးကေတာ့ ေခါင္းကုတ္ၿပီး ထြက္ေျပးသြားေတာ့သည္ ။ဖူေကာက နံရံမွာ ပုန္းေနၿပီး ကြင္းထဲကို အလ်င္စလို ေျပးသြားတဲ့ထိုလူငယ္ေလးကို ၾကည့္လိုက္သည္။ ေဘာလုံးကို ၿပိဳင္ဘက္ရဲ႕ျခင္းေတာင္းထဲကို တိက်စြာ ပစ္သြင္းလိုက္တာကို သူျမင္ရသည္။
ထိုအခိုက္အတန့္ေလးမွာပဲ ေလတစ္ခ်က္အေဝွ႕သြားၿပီး hawthorn ပန္းပြင့္ေတြက ေႂကြက်သြားၿပီး ေရကန္တစ္ခုလုံးဖုံးလႊမ္းသြားသည္။
ဖူေကာက ထိုအခ်ိန္မွာပဲ love at first sightကို ပထမဆုံးေတြ႕ႀကဳံခဲ့သည္။ ထိုဆယ္မိနစ္တာက သူ႕အတြက္ေတာ့ တိုေတာင္းလြန္းလွသည္ဟု ခံစားရသည္။
ထိုေန႕မွစ၍ ဖူေကာ ၏ ပန္းခ်ီကားမ်ားသည္ ထိုလူငယ္ေလးဆီမွရရွိေသာ လႈံ႕ေဆာ္မႈမ်ားအားလုံးကေန အရင္းခံလာသည္။သူ႕အခ်စ္ကို သူ ဘယ္လို ဝန္ခံရမွန္း မသိတာေၾကာင့္ ပန္းခ်ီကားေတြေပၚမွာသာ သူ႕ခံစားခ်က္ေတြကို ေရးဆြဲတတ္လာသည္။
တစ္ရက္မွာ သူတို႔ရဲ႕ပန္းခ်ီဆရာက ရက္တစ္ရာအတြင္း ေနဝင္ခ်ိန္ပန္းခ်ီကားကို challenge လုပ္ရမည္ဟု ေၾကညာခဲ့ၿပီး အနိုင္ရရွိသူကို ဆုေပးမည္ဟူ၍ျဖစ္သည္။ ထိုအခ်ိန္မွစ၍ ဖူေကာသည္ ေန႕တိုင္း ဘတ္စကတ္ေဘာကြင္းသို႔ လာရန္ တရားဝင္အေၾကာင္းျပခ်က္ရရွိသြားသည္။ သူမ်ားေတြလည္း ဒီေနရာကိုလာၿပီး ေနဝင္ခ်ိန္ပန္းခ်ီကိုေရးဆြဲေနၾကေပမယ့္ သူေရးဆြဲေနတာကေတာ့ ေနဝင္ခ်ိန္ထက္ပင္ ပိုမိုေတာက္ပေသာ ဆယ္ေက်ာ္သက္လူငယ္ေလးတစ္ဦးကိုသာ ျဖစ္ခဲ့သည္။
ဒီလိုနဲ႕ ရက္ေတြေျပာင္းလဲလာၿပီး Hawthorn ပင္ေတြကလည္း အပြင့္ေတြ ပြင့္ၿပီး အသီးမ်ား သီးေသာရာသီသို႔ ေရာက္လာသည္။
တစ္ႏွစ္ပတ္လုံး ။ ဒုတိယႏွစ္မွ တတိယႏွစ္အထိ ၃၆၅ ရက္ၾကာ ဖူေကာက ႏြေဦး၊ ႏြေ၊ ေဆာင္းဦးႏွင့္ ေဆာင္းတို႔တြင္ ခ်ီဟန့္ပုံကိုတိတ္တိတ္ကေလး ေရးဆြဲေနခဲ့သည္။ ဆရာ့ရဲ႕ ေနဝင္ခ်ိန္ပန္းခ်ီကား challenge ကိုလည္း ေသခ်ာေပါက္သူ က်ရႈံးခဲ့သည္။ ဘာလို႔လဲဆိုေတာ့ သူ႕အာ႐ုံက ေနဝင္ခ်ိန္မွာ ရွိမေနဘဲ ခ်ီဟန့္ဆီမွာသာ ရွိေနခဲ့ေသာေၾကာင့္ျဖစ္သည္။
ဒီလိုနဲ႕ တစ္ႏွစ္ၾကာၿပီးေနာက္ တစ္ခုေသာမနက္ခင္းတြင္ ဖူေကာ သတၱိေတြရွိလာသည္။
သူဒီေန႕မွာ ခ်ီဟန္ကို ဖြင့္ေျပာဖို႔ စီစဥ္ထားသည္။ သူဆြဲထားတဲ့ ပုံေတြကိုလည္း album နဲ႕စုၿပီး ယူလာသည္။
ဒါေပမယ့္ သူဝန္မခံခင္မွာ ေလွကားအကြယ္ကေန ခ်ီဟန္ေျပာေနတဲ့စကားတစ္ခ်ိဳ႕ကို ၾကားမိသြားသည္။
"ငါက ဘီတာေတြကို မႀကိဳက္ဘူး" ဟူ၍။
ဖူေကာဟာ ထိုေနရာတြင္ပင္ ေအးခဲေနၿပီး ေတာင့္ေတာင့္ေလးရပ္ေနမိသည္။သူဆြဲထားတဲ့ပန္းခ်ီေတြကိုလည္း ခ်ီဟန႔္ဆီ မည္သည့္အခါမွ် ေပးပို႔ခဲ့ျခင္း မရွိေတာ့ဘဲ သူ၏ ပထမဆုံးေသာ အခ်စ္သည္လည္း ဒီလိုနဲ႕ပဲ တိတ္တိတ္ကေလး ေသဆုံးခဲ့သည္။ ေနာက္ပိုင္းမွာ သူပန္းခ်ီဆြဲဖို႔ ဘတ္စ္ကတ္ေဘာကြင္းကိုလည္း မသြားေတာ့ေပ။
သူ မေမွ်ာ္လင့္ထားတာက သူကြင္းကို မသြားေတာ့တဲ့အခ်ိန္မွာ ခ်ီဟန္တစ္ေယာက္ သူ႕သင္တန္းေရွ႕မွာ ေပၚလာလိမ့္မည္ဟူ၍ပင္။
ခ်ီဟန္က သင္တန္းကို ေမာ္ဒယ္အေနနဲ႕ လာခဲ့တာျဖစ္သည္။
ပုံၾကမ္းဆြဲသည့္ပထမေန႕တြင္ပင္ ဖူေကာတစ္ေယာက္ အမွားမ်ားစြာ ျပဳလုပ္မိသည္။
ပထမဦးစြာ သူသည္ စာ႐ြက္ကိုလည္း ခဲတံနဲ႕ျခစ္ရမယ့္အစား ဓားျဖင့္မွားျခစ္မိသည္။ေဆးေတြက ေမွာက္က်ၿပီး ေပကုန္သည္။ သူရွက္ရွက္ႏွင့္ ေခါင္းငုံ႕ကာ ေရခ်ိဳးခန္းထဲသို႔ အေျပးကေလးသြားသည္။ ျပန္လာတဲ့အခါ ခ်ီဟန့္ရဲ႕ ရင္ခြင္ထဲ တည့္တည့္ ဝင္တိုးမိျပန္သည္။
အတန္းေဖာ္မ်ားက က်ယ္ေလာင္စြာ ရယ္ေမာၾကၿပီး ဖူေကာကေတာ့ အေတာ္ေလး ရွက္႐ြံ႕ေနပါၿပီ။ခ်ီဟန္က သူ႕အလုပ္ၿပီးသြားေတာ့ ဖူေကာဆီေလွ်ာက္လာၿပီး သူ႕နား႐ြက္မွာ ေပက်ံေနတဲ့ ေဆးရည္ေတြကိုသုတ္ေပးကာ
"ဘာလို႔ ဒီေလာက္ ပ်ာယာေတြခတ္ေနတာလဲ။ ေၾကာင္ေလးလိုပဲ"
ဒီလိုနဲ႕ ဒီရက္ပိုင္းေတြထဲမွာ တည္ၿငိမ္ေနခဲ့တဲ့ ဖူေကာရဲ႕ႏွလုံးသားေလးဟာလည္း ေနာက္တစ္ႀကိမ္ ျပန္လည္ လွိုင္းထလာခဲ့သည္။
ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ သူ႕လိင္(betaဆိုတာ)ကို ျပန္ သတိရၿပီး သူ႕မွာမရွိသင့္တဲ့ အေတြးေတြကို ျပန္လည္ မ်ိဳသိပ္ထားလိုက္။ သူတို႔ႏွစ္ေယာက္အတြက္ ဒီထပ္ပိုၿပီး ပတ္သတ္စရာအေၾကာင္းမရွိေတာ့ဘူးလို႔ထင္ထားေပမယ့္ အထက္တန္းေက်ာင္းဆင္းပြဲ အခမ္းအနားေန႕မွာပဲ ခ်ီဟန္တစ္ေယာက္ စတူဒီယိုခန္းထဲမွာ ႐ုတ္တရက္ rut ဝင္လာမယ္လို႔ သူ မထင္ထားခဲ့ေပ။
ဘာေၾကာင့္မွန္းေတာ့မသိေပမယ့္ သူ စိတ္အားထက္သန္စြာ ေျပးၿပီး တတ္နိုင္သမွ် တတိယထပ္ရွိ စတူဒီယိုသို႔ေရာက္ေအာင္သာ စိတ္က ေလာေနမိသည္။
တံခါးဝသို႔ေရာက္ေသာအခါ သူဒီကို ဘာအတြက္လာခဲ့တယ္ဆိုတာ၊ သူ႕အေနနဲ႕ ဘာအခြင့္အာဏာရွိလို႔ဒီေနရာအထိလာခဲ့ရတယ္ဆိုတာေတြကို မစဥ္းစားနိုင္ေတာ့ေပ။
တံခါးကေန ေခ်ာင္းၾကည့္ေတာ့ ျမင္လိုက္ရတာက ခ်ီဟန္က ထိုင္ေနၿပီး သူ႕ကိုယ္သူ ပြတ္သပ္ေနတာကို ေတြ႕လိုက္ရသည္။
ဒီျမင္ကြင္းဟာ ဖူေကာရဲ႕ဆယ့္ရွစ္ႏွစ္တာအတြင္း တစ္ခါမွ မႀကဳံဖူးေသာ ျမင္ကြင္းတစ္ခုျဖစ္သည္။ တံခါးေနာက္ကြယ္က ထိုေယာက္်ားက မေကာင္းတာကို လုပ္ေနတယ္ဆိုတာသူသိသည္။
စတူဒီယိုထဲရွိ Alpha သည္ ရွိုက္ႀကီးတငင္ ညည္းတြားေနၿပီး သူ႕ကိုယ္သူေျဖေလ်ာ့ေနသည္။
သူနဲ႕ သူ႕ခ်စ္ရသူဟာ နံရံတစ္ခုသာျခားေနေပမယ့္ သူ အလ်င္စလို ဝင္မလာရဲေပ။မေတာ္တဆ တစ္ခုခုမွားယြင္းသြားမွာ သူေၾကာက္သည္။ Alpha ေတြက rut ကာလမွာ လိင္စိတ္လႊမ္းမိုးေနတတ္ၿပီး အမွားအမွန္ကိုခြဲျခားနိုင္စြမ္း နည္းပါးၾကသည္။ခ်ီဟန္ စိတ္ေအးလာတဲ့အထိ ေစာင့္ၿပီးမွ သူဝင္လာၿပီးတားေဆးေပးဖို႔ စိတ္ကူးထားသည္။
ဒါေပမယ့္ သူမထင္ထားတာက ခ်ီဟန္က ပထမတစ္ခ်ီနဲ႕တင္ စိတ္ေအးမသြားဘဲ သူ႕ရဲ႕ဆႏၵေတြက ပိုပိုၿပီးျပင္းထန္လာသည္။ အဲ့အခ်ိန္မွာပဲ ခ်ီဟန္က ဖူေကာရဲ႕ ယူနီေဖာင္းကို စားပြဲေပၚမွာရွာေတြ႕သြားၿပီး ထိုယူနီေဖာင္းကိုယူကာ ရႉရွိုက္ရင္း ထပ္မံေျဖေလ်ာ့ျပန္သည္။
"ဖူေကာက ရက္စက္တယ္။ သူ႕အတြက္ ေလးလေလာက္ အလကားပဲ ေမာ္ဒယ္လုပ္ေပးခဲ့တာကို ငါ့နာမည္ကိုေတာင္ မသိဘူး။ X တဲ့။ X က ဘယ္သူလဲ။ ငါ့နာမည္က ခ်ီဟန္...”
(ဖူေကာက ခ်ီဟန့္ရဲ႕ပန္းခ်ီေတြေအာက္မွာ X လို႔ နာမည္အေနနဲ႕ မွတ္ထားတာကို ေျပာခ်င္တာ)
တံခါးအျပင္ဘက္တြင္ ပုန္းေနေသာ ဖူေကာ ကေတာ့ ေပါက္ကြဲေတာ့မလို နီရဲေနေသာမ်က္ႏွာေလးျဖင့္ သူ႕ေခါင္းကို ဒူးထဲမွာ ျမဳပ္ထားၿပီး တိုးတိုးေလး ေျပာလိုက္သည္။
"မင္းနာမည္ကို မသိတာမဟုတ္ပါဘူး။ မေရးရဲတာပါ"
ပုံမဆြဲခင္မွာ သူ႕ေမာ္ဒယ္နာမည္ကို သူ ေရးေလ့ရွိေပမယ့္ ခ်ီဟန္ဆိုတဲ့ အဲဒီစကားလုံးႏွစ္လုံးကို စာ႐ြက္ေပၚတင္ထားလိုက္ရင္ သူစိတ္ေတြလႈပ္ရွားၿပီး အတန္းထဲမွာ ဘာမွမလုပ္နိုင္ေတာ့မွာကို သူသိသည္။
ဒါေပမယ့္ ခ်ီဟန္က ထပ္ေျပာေလေလ အသံက ပိုဆို႔နင့္ေလေလ ျဖစ္လာသည္။
"ေသခ်ာေပါက္ ေကာ အရင္စခဲ့တာ။ မင္းအရင္ ကိုယ့္လက္ေခ်ာင္းကို လ်က္ခဲ့တာ။ ေန႕တိုင္းလည္း အတန္းထဲမွာ ကိုယ့္ပုံေတြဆြဲခဲ့တာ။ ကိုယ္ မင္းကို ခ်စ္တာကို ဝန္ခံဖို႔ သတၱိေတြရွိလာတဲ့အခ်ိန္မွ မင္းက ဘာလို႔ ႐ုတ္တရက္ႀကီး ကိုယ့္ကို မလိုခ်င္ေတာ့တာလဲ…”
ဖူေကာကလည္း တံခါးအျပင္ကေန ႏႈတ္ခမ္းကို ဖြဖြကိုက္ရင္း တိုးတိုးေလးေရ႐ြတ္လိုက္သည္။
"မင္းပဲ ေသခ်ာေပါက္ ဘီတာေတြကို မုန္းတယ္လို႔ ေျပာခဲ့တာ၊၊ ငါလည္း မင္းကို ဝန္ခံဖို႔ ျပင္ဆင္ေနခဲ့တာ။ ပန္းခ်ီကားေတြ အမ်ားႀကီးနဲ႕.."
တစ္ဖန္ ခ်ီဟန္ကလည္း
"အၾကင္နာမဲ့တဲ့လူ... သူ႕ေရွ႕မွာ အဝတ္ဗလာနဲ႕ရပ္ေနတာေတာင္ ငါ့ကို မၾကည့္ဘူး။ ငါ့နာမည္ကိုေတာင္ မသိဘူး..."
ခ်ီဟန္က အသက္ရႉသံေတြ ျပင္းထန္လာၿပီး စားပြဲေပၚ လဲက်သြားရင္း
"ေရွာင္ေကာ၊ ကိုယ္ အဆင္မေျပေတာ့ဘူး...ကိုယ့္ကို လာေပြ႕ဖက္ပါ... ကိုယ့္ကို လာထိပါ။ မဟုတ္ဘူး! မလာနဲ႕၊ မင္းလာရင္ ကိုယ္ ထိန္းနိုင္မွာမဟုတ္ဘူး။ မင္း ငိုတဲ့အထိ မင္းကို စားပြဲေပၚမွာဖိထားၿပီး အရယူမိလိမ့္မယ္...အ့...အြင္း...ေကာရဲ႕ ခႏၶာကိုယ္အႏွံ႕ ကိုယ့္ရဲ႕ pheromoneေတြနဲ႕ လိမ္းျခယ္ခ်င္တယ္။ေကာရဲ႕ခႏၶာကိုယ္ကို အမွတ္အသားေတြျပဳခ်င္တယ္။ ေကာရဲ႕ အတြင္းေရာ၊ အျပင္ေရာ ကိုယ္နဲ႕ပဲ သက္ဆိုင္ေစခ်င္တယ္! ဒါေတာင္ ကိုယ့္ကို X လို႔ ေခၚဝံ့ေသးလား"
ထိုအခ်ိန္မွာပဲ ဖူေကာက အခန္းထဲသို႔ဝင္လာၿပီး သူ႕ေနာက္က တံခါးကိုေလာ့ခ်လိဳက္သည္။ သတၱိေမြးၿပီးတဲ့ေနာက္ ဖူေကာက တုန္တုန္ယင္ယင္ျဖင့္ စကားဆိုလိုက္သည္။
"ငါ ...ငါ မင္းကို X လို႔ ေခၚသည္ျဖစ္ေစ၊ မေခၚသည္ျဖစ္ေစ ခု...ခုနကမင္းေျပာတဲ့ အရာေတြအားလုံးကို ငါ့အေပၚ လုပ္နိုင္ပါတယ္"
ခ်ီဟန္က ႐ုတ္တရက္လန့္သြားၿပီး ေဘာင္းဘီကိုအျမန္ဆြဲတင္ကာ က်ယ္က်ယ္ေလာင္ေလာင္နဲ႕ ေတာင္းပန္ရင္း လွည့္ထြက္ဖို႔ျပင္ေတာ့သည္။ ဖူေကာက ႏႈတ္ခမ္းကိုကိုက္ရင္း ခ်ီဟန့္ကို ဆြဲထားကာ
"ေနာက္တစ္ခါ ထပ္ေျပးခ်င္ေသးတာလား"
"ေကာအေပၚမွာ ဒီလိုယုတ္မာတဲ့အေတြးေတြရွိေနတာေတာင္ ကိုယ့္ကို ဂ႐ုစိုက္ခ်င္ေသးတာလား၊၊ ေသခ်ာေပါက္ ကိုယ့္နာမည္ကိုေတာင္ မသိဘဲနဲ႕"
ဖူေကာက ေလာ္ကာဆီသို႔ ေလွ်ာက္သြားလိုက္ၿပီး တံခါးကို ဖြင့္လိုက္ေတာ့ ပန္းခ်ီကားေတြအမ်ားႀကီးထြက္က်လာသည္။ ထိုပန္းခ်ီေတြရဲ႕ဇာတ္ေဆာင္ကေတာ့ ႁခြင္းခ်က္မရွိ ခ်ီဟန္သာ ျဖစ္ခဲ့သည္။
“ငါ....ငါ မင္းနာမည္ကို မေရးရဲခဲ့တာ”
ဖူေကာက လက္သီးေလးကို တင္းတင္းဆုပ္ထားၿပီး
“ဒါေပမယ့္ ငါ့ႏွလုံးသားထဲမွာေတာ့ မင္းနာမည္ကို အႀကိမ္ေပါင္းမ်ားစြာ ေရးခဲ့ဖူးတယ္”
ခ်ဟန္က ႐ုတ္တရက္ စိတ္လြတ္သြားၿပီး ဖူေကာကို ပန္းခ်ီကားမ်ား ျပန့္ႀကဲေနေသာ ၾကမ္းျပင္ေပၚသို႔ တြန္းလွဲကာ ဖိထားသည္။
"မင္းလည္း ကိုယ့္ကို သေဘာက်တယ္လား"
ခ်ီဟန္က ထိုသို႔ေျပာရင္း ဖူေကာကို ခပ္ဖြဖြေလးနမ္းကာ ညွပ္ရိုးတို႔ကိုလည္းနမ္းရွိုက္ရင္း ႏွလုံးခုန္ေတြျမန္ေနေတာ့သည္။
"ငါ အဲဒါကို ရွင္းရွင္းလင္းလင္း မျပခဲ့ဘူးလား"
"ဟဟ!အ႐ူးေတြ! ကိုယ္တို႔က အ႐ူးေတြပဲ"
အသံတိုးတိုးျဖင့္ က်ိန္ဆဲရင္း ဖူေကာရဲ႕ ေခါင္းကိုတစ္ဖက္သို႔ ေစာင္းေစကာ လည္ပင္းေနာက္ဘက္သို႔ ကိုက္ခ်လိဳက္ေတာ့သည္။ ဘီတာ သဘာဝ ဂလင္းမရွိေသာ္လည္း pheromone ေတြက ဖူေကာရဲ႕ေသြးထဲသို႔ လ်င္ျမန္စြာ ဝင္ေရာက္လာၾကသည္။
နာက်င္ျခင္း၊ ေပ်ာ္႐ႊင္ျခင္း၊ ေက်နပ္ျခင္းမ်ားအလယ္တြင္ ဖူေကာရဲ႕ခႏၶာကိုယ္ဟာ ခ်ီဟန့္ရနံ႕ေတြၾကား၌ ေပ်ာ့ေပ်ာင္းေသာ အသက္ရႉသံမ်ားကို ထုတ္လႊတ္ေနသည္။
ခ်ီဟန္က ပန္းခ်ီကားတစ္ခ်ပ္ကို ေကာက္ကိုင္လိုက္ၿပီး ဖူေကာရဲ႕ အဝတ္အစားေတြကို ျမႇောက္လိုက္ကာ ရင္ဘတ္ေပၚမွာ တင္လိုက္ရင္း
"ကိုယ့္ကို ပန္းခ်ီဆြဲတုန္းက မင္းဘာေတြေတြးေနတာလဲ"
"မင္း ေျဖေလွ်ာ့ေနတုန္းက ေတြးသလိုပဲ ငါ မင္းကို ပန္းခ်ီဆြဲတုန္းက...အ့..."
သူစကားမဆုံးခင္မွာ ခ်ီဟန္က ဖူေကာကို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္လိုက္သည္။ ခ်ီဟန့္မ်က္လုံးေတြက နီရဲေနၿပီး ေလသံတိုးတိုးျဖင့္ ဖူေကာနား႐ြက္နားကပ္ကာ ေျပာလိုက္သည္။
"ေရွာင္ေကာ...ကိုယ္ မင္းကို ခ်စ္တယ္"
"အင္း...ငါေရာပဲ"
အထက္တန္းေက်ာင္းသားဘဝမွ ေက်ာင္းၿပီးသည္အထိ အတြဲေတြအမ်ားႀကီး ျပတ္ၾကဆဲၾကသည့္တိုင္ ခ်ီဟန္နဲ႕ဖူေကာကေတာ့ အတူတူ ရွိေနခဲ့သည္။
ႏွစ္ေယာက္တည္း ဘြဲ႕ႏွင္းသဘင္ခရီးကို စီစဥ္ခဲ့ၿပီး Litang မွာ ျမင္းၿပိဳင္တာေတြ၊ Potala နန္းေတာ္မွာ ဆုေတာင္းတာေတြ၊ ျမင္းကမ္းေဘးမွာ ေပါင္မုန့္စားတာေတြကို အတူတူေပ်ာ္ေမြ႕ခဲ့ၾကသည္။
အခ်စ္က ဖူေကာရဲ ဝိညာဥ္ကို ေလာင္ကြၽမ္းေစသည္။ ထိုခရီးစဥ္မွာ သူ႕စိတ္ေတြအရမ္းကို ႐ႊင္လန္းေနခဲ့ၿပီး သုံးလတာ ႏြေရာသီ အားလပ္ရက္အတြင္း သူဟာ ပန္းခ်ီကားေပါင္းမ်ားစြာကို ေရးဆြဲနိုင္ခဲ့သည္။ ထိုပန္းခ်ီကားမ်ားမွတစ္ခုဟာ အမ်ိဳးသားဝတ္ စိန္လက္စြပ္ ဒီဇိုင္းပုံျဖစ္ၿပီး အဲ့ဒါက လက္ဝတ္ရတနာဒီဇိုင္းၿပိဳင္ပြဲမွာ ဆုရခဲ့သည္။
ဒီလိုေပ်ာ္႐ႊင္ဖြယ္အခိုက္အတန့္ေတြဟာ ခဏေလးနဲ႕ ေၾကကြဲသြားမယ္ဆိုတာကိုေတာ့ ဖူေကာတစ္ေယာက္ မသိခဲ့ပါဘူး။
ထိုလက္စြပ္ဒီဇိုင္းနဲ႕ပင္ စိန္လက္စြပ္တစ္ခုျပဳလုပ္ၿပီး သူ႕ဖက္က စတင္က ခ်ီဟန့္ကို propose လုပ္ခဲ့သည္။ သူ႕အိမ္သို႔ေခၚသြားၿပီး မိဘေတြနဲ႕ မိတ္ဆက္ေပးခဲ့သည္။ သူ႕ရဲ႕အခ်စ္ေတြ၊ ေမတၱာေတြ၊ စိတ္အားထက္သန္မႈေတြ...သူ႕ရဲ႕အရာအားလုံးကို ခ်ီဟန့္ကိုအပ္ႏွင္းဖို႔အတြက္ church မွာ မဂၤလာအခမ္းအနားကို စီစဥ္ခဲ့သည္။
သူတို႔က ထိုအခ်ိန္မွာ အသက္အငယ္ဆုံး စုံတြဲျဖစ္ခဲ့ၿပီး သူတို႔ရဲ႕အခ်စ္ေတြကလည္း ႏုနယ္ခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ အဲ့ဒါက အဓိပၸါယ္မဲ့ေသာ ခ်စ္ျခင္းတရားလည္းျဖစ္ခဲ့သည္။
ဘာလို႔လဲဆိုေတာ့ အခမ္းအနားေန႕မွာ ခ်ီဟန္က ရဲေတြနဲ႕အတူ ဘုရားေက်ာင္းထဲကိုဝင္လာၿပီး ဖူမိသားစုရဲ႕ အေျခခံအုတ္ျမစ္ကို ဖ်က္ဆီးပစ္ခဲ့သည္။ ရဲေတြက သူ႕မိဘေတြကို ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။
အျဖဴေရာင္ဝတ္စုံကို ၀တ္ဆင္ထားေသာ ၾကင္စဦးဇနီးေမာင္ႏွံႏွစ္ဦးအနက္ တစ္ဦးမွာ "တရားမွ်တမႈ၏တမန္ေတာ္"ျဖစ္လာၿပီး ေနာက္တစ္ဦးမွာ "ရာဇ၀တ္သား၏ သားတစ္ေယာက္"ျဖစ္လာသည္။
ဖူေကာကိုယ္တိုင္လည္း ဘာမွပင္ မသိလိုက္ခင္မွာ သူဟာ ေျမေအာက္ခန္းထဲမွာ အပိတ္ခံထားရသည္။ လက္ေတြေျခေတြတုပ္ႏွောင္ခံထားရၿပီး ပါးစပ္ကိုလည္း အဆို႔ခံထားရကာ ဆယ့္ေလးရက္တာ ႏွိပ္စက္ခံခဲ့ရသည္။
ခ်ီဟန္က သူ႕ေရွ႕မွာပဲ သူျမတ္နိုးရတဲ့ ပန္းခ်ီကားအားလုံးကို မီးရွို႔ဖ်က္ဆီးပစ္သည္။ ျပာေတြေၾကာင့္ တစ္ဖက္လူရဲ႕မ်က္ႏွာကို ရွင္းရွင္းလင္းလင္း မျမင္ရေသာ္လည္း အသံကိုေတာ့ ရွင္းရွင္းလင္းလင္းၾကားရသည္။
"ဟက္!ဖူေကာ ငါ မင္းကို တကယ္ခ်စ္တယ္လို႔ထင္ေနတာလား။ မင္းနဲ႕ မင္းရဲ႕အေပါစားအခ်စ္က ငါ့အတြက္ေတာ့ ဘာမွတန္ဖိုးမရွိဘူး!"
ဖူေကာေပးထားေသာ လက္စြပ္ကိုလည္း ခြၽတ္ၿပီး ၾကမ္းျပင္ေပၚသို႔ ပစ္ခ်ကာ မညွာမတာ ေျခေထာက္ျဖင့္ တက္နင္းသည္။ အိပ္ရာေပၚမွာ သံႀကိဳးျဖင့္ ခ်ည္ႏွောင္ခံထားရတဲ့ ဖူေကာကေတာ့ သူယုံၾကည္ရာ အရာအားလုံးကို ဖ်က္ဆီးခံေနရသည္ကို မ်က္ရည္မ်ားျဖင့္ ေငးၾကည့္ေန႐ုံသာတတ္နိုင္သည္။
ရွစ္လနဲ႕ ဆယ့္ေလးရက္ၾကာေအာင္ သူတို႔ တစ္ေယာက္နဲ႕တစ္ေယာက္ သိခဲ့ၾကသည္။ဒါေပမယ့္ ေနာက္ဆုံးဆယ့္ေလးရက္ကသာ ခ်ီဟန့္ရဲ႕ပုံစံ အစစ္အမွန္ျဖစ္သည္။ က်န္တာကေတာ့ ခ်ီဟန္က သူလိုခ်င္တာကဖို႔ ဟန္ေဆာင္ဖန္တီးထားတဲ့ လိမ္လည္မႈေတြပါပဲ။
အဲ့ကတည္းက ဖူေကာဟာ စုတ္တံကို ေကာင္းေကာင္းမကိုင္နိုင္ေတာ့သလို၊ hawthorn ပန္းမ်ားပြင့္ဖူးေနတဲ့ ေရကန္ေဘးတြင္ သူ ျမင္ျမင္ခ်င္း ခ်စ္မိသြားခဲ့တဲ့ လူငယ္ေလးကိုလည္း သူ မမွတ္မိေတာ့ပါ။
"ဖူေကာ!ဖူေကာ!"
ရင္းႏွီးေသာ ေအာ္သံမ်ားက သူ႕နားထဲတြင္ ပဲ့တင္ထပ္လာရင္း သူအိပ္မက္မွလန့္နိုးလာသည္။ သူ႕လက္ေမာင္းကို ဆုပ္ကိုင္ထားေသာ လက္ေခ်ာင္းမ်ားက သူ႕အသားထဲသို႔ ထိုးေဖာက္ဝင္ေရာက္လာမတတ္ အားျပင္းသည္။ သူဟာ ထိုလူကို "အျခားတစ္ေယာက္"နဲ႕ ထပ္ၿပီး မွားေနၿပီဆိုတာ သိလိုက္သည္ ။
"ေၾသာ္....သခင္လားဟင္?"
ခ်ီဟန္က သက္ျပင္းတစ္ခ်က္ခ်ကာ သူ႕လက္ႏွစ္ဖက္ကို ဆြဲကိုင္လိုက္ၿပီး
"ေရေသာက္ဖို႔ ထြက္လာေတာ့ မင္း လက္ေတြ ေဝွ႕ယမ္းၿပီး ေအာ္ဟစ္ေနတာ ေတြ႕လို႔ေလ။ အိပ္မက္ဆိုးေတြ ထပ္မက္ေနတာလား”
"အင္း၊ ကြၽန္ေတာ္ အိပ္မက္ဆိုးေတြ ထပ္မက္ေနတာ"
ခ်ီဟန့္ရဲ႕ လက္ေတြက ေတာင့္တင္းသြားၿပီး ဖူေကာကိုလႊတ္ကာ ေရထည့္ရန္စားပြဲဆီသို႔ ေလွ်ာက္သြားလိုက္သည္။
“အဲ့လူက ဘယ္လိုပုံစံလဲဆိုတာ မွတ္မိလား”
"ဟင့္အင္း၊ ဒါေပမယ့္ စိန္လက္စြပ္ကိုေတာ့ မွတ္မိတယ္"
ထိုစကားမွာ ေရခြက္က စားပြဲေပၚကို ေဒါက္ခနဲ ျပဳတ္က်သြားၿပီး ေရေတြဖိတ္စင္သြားသည္။
ခ်ီဟန္က သူ႕လည္ပင္းမွာ ဝတ္ထားတဲ့ လည္ဆြဲကို ဆုတ္ျဖဳတ္ၿပီး အိတ္ကပ္ထဲအျမန္ ထည့္လိုက္သည္။ ထိုလည္ဆြဲမွာ စိန္လက္စြပ္ႏွစ္ကြင္းကို ခ်ိတ္ဆြဲထားသည္။
"လက္စြပ္ေတြက ဘယ္လိုပုံစံလဲ"
သူက ေရကိုခြက္ထဲ ထပ္ေလာင္းရင္း ေအးေအးေဆးေဆးပုံစံနဲ႕ ေမးလိုက္သည္။
“အဲဒါက… ေတာက္ပတဲ့ စိန္ေလးေတြ စီထားတဲ့ ရိုးရွင္းတဲ့ လက္စြပ္တစ္ကြင္းပါပဲ။ ကြၽန္ေတာ္ ဒီဇိုင္းဆြဲထားတာ။ အစကေတာ့ အဲ့ဒါကို အရမ္းႀကိဳက္ခဲတာ"
ခ်ီဟန္က သူ႕ကိုၾကည့္ကာ သူ႕လည္ပင္းေပၚက ေခြၽးေအးေတြကို သုတ္ေပးဖို႔ လက္ကို ျမႇောက္လိုက္သည္။ သူ႕လက္ဖဝါးက ဖူေကာ ရဲ႕လည္ပင္းေပၚက အမာ႐ြတ္ကို သြားစမ္းမိသည္။
"အစတုန္းက အရမ္းႀကိဳက္ခဲ့တာဆိုေတာ့ ေနာက္က် မႀကိဳက္ေတာ့ဘူးလား"
"အင္း၊စိန္ကို ျဖတ္ထားတဲ့ မ်က္ႏွာျပင္က အရမ္းထက္လို႔ေလ။ အင္အားသာ စိုက္ထုတ္နိုင္ရင္ အဲ့ဒါက တစ္စုံတစ္ေယာက္ကို သတ္ပစ္ဖို႔ေတာင္ အသုံးျပဳနိုင္တယ္"
ခ်ီဟန့္ ရဲ႕လက္ေတြက တုန္ခါသြားၿပီး
"မင္းဘယ္သူ႕ကို သတ္ခ်င္ခဲ့တာလဲ"
"အဲ့ဒီ့လူ!"
"မင္း....အဲ့ဒါကိုလုပ္နိုင္ခဲ့လား"
"ဟင့္အင္း"
ဖူေကာရဲ႕ ဗလာက်င္းေနတဲ့ မ်က္လုံးေတြက အေမွာင္ညတြင္ ထူးထူးျခားျခား ေတာက္ပေနသည္။
"ကြၽန္ေတာ္မလုပ္နိုင္ခဲ့ပါဘူး။ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ပဲ သတ္နိုင္ခဲ့တာ "
အဲ့တုန္းက လက္ထိတ္ခတ္ထားတာကေန လြတ္ေျမာက္ဖို႔အတြက္ ႐ုန္းကန္ရင္း သူ႕ လက္ေခ်ာင္းေလးေတြက က်ိဴးကုန္သည္။ လက္ထိပ္ကေနလြတ္ေျမာက္သြားတာနဲ႕ လက္စြပ္ကို ခြၽတ္ကာ သူ႕လည္ပင္းသူ မတုံ႕ဆိုင္းဘဲ လွီးျဖတ္ခဲ့သည္။
ခ်ီဟန္ အခုထိ မွတ္မိပါေသးသည္။ လည္ပင္းကေန ေသြးေတြပန္းထြက္ေနတဲ့ ေသအံ့ဆဲဆဲ ဖူေကာက သူ႕ရင္ခြင္ထဲမွာ လဲေလ်ာင္းရင္း
"မင္းကို ဘယ္ေတာ့မွ ခြင့္မလႊတ္ဘူး"
ဟု မုန္းတီးစြာ ႐ြတ္ဆိုေနခဲ့သည္ကို။
Thanks🍹