Unicode
ရှန်လောင်ရှီးနဲ့ သူက အရမ်းလိုက်ဖက်တာပဲ
________________________________________
ဒီလောက်နိမ့်တဲ့လစာကို ဒီဘဝမှာ သူကြားနိုင်လိမ့်ဦးမယ်လို့ ရှန်ရှင်းဆွေ့ မထင်ထားမိဘူး။ သူအခု ကြေငြာတစ်ခု ရိုက်ရင်တောင် ၃၊၄ရက်ရိုက်ခက လေးငါးသိန်းလေ။
သုံးထောင်။
သူအခုရိုက်ကူးရေးက နှစ်ဝက်လောက်တော့ အချိန်ပေးရမှာ။ အစားအသောက်စရိတ် ၊ အသွားအလာစရိတ်၊ နေထိုင်စရိတ်လည်း ရှိသေးတယ်။ ဒါအပြင် နှစ်တစ်ဝက်လောက် အချိန်လည်း နှောင့်နှေးနေဦးမှာ။ အဲ့တာက အလကားရိုက်ပေးတာနဲ့ မညီမျှနေဘူးလား?
ကျန်းစန်းစန်းလည်း ဒီသဘောတရားကို နားလည်တယ်ဆိုတာ သိသာတယ်။ သူအလျင်အမြန်ပြောလာတယ် "ကျွန်တော်သိပါတယ် ကျွန်တော်သိပါတယ် ရင်းနှီးမြှုပ်နှံတဲ့သူရှိလာရင်တော့ အဆင်ပြေသွားမှာပါ"
ရှန်ရှင်းဆွေ့ ခဏလောက်တွေဝေပြီးမှ သူ့ရဲ့အေးဂျင့်နဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။
ရှန်ရှင်းဆွေ့ သူ့ကိုလာရှာတဲ့အချိန် ဝမ်မိန်စန့်က သူ့အနုပညာရှင်က ဘယ်လောက်တောင် လန့်ရာကောင်းတဲ့ စကားတွေပြောမယ်ဆိုတာကို သူမသိသေးလေဘူး။ သူပြောလာခဲ့တယ် "မင်းရဲ့သီချင်းထုတ်လုပ်တာ ဘယ်လိုနေလဲ?"
ရှန်ရှင်းဆွေ့ ပြန်ဖြေလိုက်တယ် "အတော်လေး အဆင်ပြေပါတယ် ချောချောမွေ့မွေ့ပါပဲ"
"အဲ့တာဆိုပြီးတာပဲ" ဝမ်မိန်စန့် လက်ထဲမှာ ဖိုင်တွေကိုင်ထားရင်း ပြောလာတယ် "အမှန်တိုင်းပြောရရင် ဆွေ့ဆွေ့ ဒီနှစ်နှစ်လုံး မင်းအတွက် လက်ခံပေးခဲ့တာတွေအားလုံးက ဂီတနဲ့ပတ်သက်တဲ့ သီချင်းဖန်တီးတာတို့ နောက်ပြီး variety showသွားပြီး နာမည်ရအောင် လုပ်တာလောက်ပဲရှိခဲ့တာ မင်းရဲ့အိပ်မက်ကလည်း အရမ်းကောင်းတယ်၊ သီချင်းထုတ်လာလည်း အတော်လေးမဆိုးဘူး ဒါပေမဲ့ မင်းလည်းသိပါတယ် ဂီတက တကယ်တော့...... ပိုက်ဆံမဝင်ဘူးဆိုတာကိုလေ"
ရှန်ရှင်းဆွေ့လည်း ဒါကိုနားလည်ပါတယ်။ ကုမ္ပဏီက အနုပညာရှင်တွေကို မွေးထုတ်ပေးနေတာက အနုပညာရှင်တွေ အိပ်မက်နောက်တာကို ကူညီပေးဖို့တင်ဆိုတာ မဖြစ်နိုင်ဘူးလေ။ အေးဂျင့်မှာလည်း ထမင်းစားဖို့လိုအပ်သလို အဖွဲ့သားတွေကလည်း ထမင်းစားဖို့လိုအပ်ကြတယ်။
"ဝမ်ကျဲ ကျဲမှာဘာအစီအစဥ်ရှိရှိ ကျွန်တော်လက်ခံပါတယ်" ရှန်ရှင်းဆွေ့က ရိုးသားလိမ္မာလှတယ် "ကျဲကျွန်တော့်ကို သီချင်းဆက်ရေးဖို့ ခွင့်ပြုနေသရွေ့ အကုန်လုံးအဆင်ပြေပါတယ်"
သူကအမြဲတမ်း ဒီလိုရိုးသားကာ လိမ္မာတာကြောင့် လူ့စိတ်ကိုနူးညံ့စေလေတယ်။
ဝမ်မိန်စန့် အလျင်အမြန်ပြောလိုက်တယ် "စိတ်ချပါ ဆွေ့ဆွေ့ မင်းသီချင်းရေးတာကို ကျဲတားမှာမဟုတ်ပါဘူး ဒါပေမဲ့ ကျဲမင်းရဲ့ ဒီနှစ်နှစ်အတွင်း လုပ်ငန်းစဥ်တွေကို ကြည့်လိုက်တော့ အခုလက်ရှိtrendနဲ့လည်း ကိုက်ညီအောင်လို့ မင်းဇာတ်လမ်းတို့ ဇာတ်ကားတို့လို တစ်ချို့အရင်းအမြစ်တွေကို မင်းလက်ခံလို့ အဆင်ပြေလောက်မယ်လို့ ကျဲတော့မြင်တယ်"
ဒီစကားက ရှန်ရှင်းဆွေ့ရဲ့အတွေးနဲ့ တိုက်ဆိုင်စွာ တူညီနေလေတယ်!
ရှန်ရှင်းဆွေ့ အရင်ဆုံးစမ်းပြောကြည့်လိုက်တယ် "ဝမ်ကျဲ ကျဲလက်ထဲမှာ အရင်းအမြစ်ကောင်း တစ်ခုခုများ ရှိလို့လား?"
ဝမ်မိန်စန့် သက်ပြင်းချလိုက်တယ်။ သူစိတ်ပူနေတာလည်း ဒါကိုပဲ "အခုလက်ရှိအထိကတော့ မင်းကိုသရုပ်ဆောင်ဖို့ ဖိတ်ကြားထားတာတွေအားလုံးက Idol Dramaတွေချည်းပဲ"
ရှန်ရှင်းဆွေ့ သူ့လက်ထဲက ဖိုင်တွေယူပြီး ဇာတ်လမ်းနာမည်တွေကို ကြည့်ကြည့်လိုက်တယ်။ အဲ့တာတွေက : 《ပူစပ်စပ်မိဖုရားနှင့် ရေခဲတုံးမင်းသား》《ကျောင်းမြက်လေးရေမပြေးနဲ့》《လွှမ်းမိုးတဲ့CEOရေကျွန်မကိုမကြိုက်ပါနဲ့》......
ရှန်ရှင်းဆွေ့ တစ်ခဏလောက် တွန့်ဆုတ်သွားခဲ့တယ် "ထားလိုက်ပါတော့လား ကျွန်တော်မထိန်းချုပ်နိုင်လောက်ဘူး"
"ဒီ Idol Dramaတွေရဲ့ အမျိုးသားဇာတ်လိုက်နေရာမှာ မင်းသရုပ်ဆောင်ရင် ပိုက်ဆံများများရရုံပဲရှိမှာ" ဝမ်မိန်စန့် ဖိုင်တွေကို ပြန်သိမ်းလိုက်ရင်း ပြောလိုက်တယ် "တခြား ပိုပြီးအရည်အသွေးကောင်းတဲ့ ဇာတ်ကားတွေ၊ ဇာတ်လမ်းတွေမှာ အရံဇာတ်ဆောင်သွားလုပ်ရင်လည်း တခြားအတွေ့အကြုံရှိပြီးသား မင်းသားတွေနဲ့ ဇာတ်ကွက်လုလို့မရနိုင်ဘူး မင်းကအရမ်းငယ်သေးပြီး ပုံစံကလည်း သူတို့ရဲ့တောင်းဆိုမှုနဲ့ သိပ်ပြီးမကိုက်ညီဘူး"
ရှန်ရှင်းဆွေ့ အခွင့်ကောင်းယူပြီး ပြောလိုက်တယ် "ဝမ်ကျဲ တကယ်တော့ ကျွန်တော်အခုတလော ဇာတ်လမ်းတစ်ပုဒ်နဲ့ ထိတွေ့မိထားတယ် ကျွန်တော်အမြင်တော့ အရမ်းကောင်းတယ်ထင်တာပဲ ကျဲဘယ်လိုနေလဲ ကြည့်ကြည့်ပါလား......"
ကျန်းစန်းစန်းရဲ့ဇာတ်လမ်းကို ရှန်ရှင်းဆွေ့လည်း အလွန်နှစ်သက်လှတယ်။ သူဇာတ်လမ်းအကြမ်းဖျင်းကို ပြောပြလိုက်တယ်။ ဒီဇာတ်လမ်းအပေါ် သူ့ရဲ့အမြင်တစ်ချို့နဲ့ သုံးသပ်ချက်တစ်ချို့ကိုပါ ဝမ်မိန်စန့်နားလည်အောင် ပြောပြလိုက်တယ်။
ဝမ်မိန်စန့် တိတ်ဆိတ်သွားပြီးမှ မေးလာတယ် "အဲ့တာဆို......အနုပညာကြေးကရော?"
ရှန်ရှင်းဆွေ့ အမှန်တိုင်းပြောလိုက်တယ်။
ဝမ်မိန်စန့်တိတ်ဆိတ်သွားတာ ပိုကြာညောင်းလေတယ်။ သူ့တစ်ဘဝလုံး ဒီလောက်ဒေါသထွက်စရာကောင်းတဲ့ ရိုက်ကူးရေးအဖွဲ့မျိုး မကြားဖူးပါဘူး။ ဖြတ်လျှောက်တောင်မှ ဒီလစာထက် ပိုမြင့်သေးတယ်။ ၃ထောင်တည်းနဲ့ သူတို့အိမ်က မုန်လာဥဖြူကို အလကားတူးချင်နေတာလား? တကယ်ပဲ မုန်လာဥဖြူများ မှတ်နေလားဟ!
"သူစပွန်ဆာတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဆွဲယူနိုင်ရင်တော့တစ်မျိုးပေါ့" ဝမ်မိန်စန့် ဇာတ်ညွှန်းစားအုပ်ကို ပစ်လိုက်တယ် "မဟုတ်ရင်တော့ ဆွေးနွေးဖို့မလိုအပ်ဘူး!"
ရှန်ရှင်းဆွေ့ လိမ်လိမ်မာမာနဲ့ ခေါင်းညိတ်လိုက်တယ် "ကောင်းပြီ ဒါဆိုကျွန်တော် သူ့ကိုပြောထားလိုက်မယ်"
ဝမ်မိန်စန့် အနည်းငယ်သံသယဖြစ်သွားပြီး မျက်လုံးတွေလည်း အများကြီးပိုနူးညံ့သွားရတယ်။ သူပြုံးရယ်လိုက်တယ် "မင်းဒီလောက် သရုပ်ဆောင်ချင်နေတာကို ကျဲမင်းကိုတားတော့ မင်းမပျော်မရွှင်ဖြစ်မသွားဘူးလား?"
ရှန်ရှင်းဆွေ့ ဖုန်းကိုရှာရင်းနဲ့ ဒါကိုကြားတော့ ဖွဖွပြုံးကာ ခေါင်းခါပြလိုက်တယ် "မဖြစ်ပါဘူး ကျဲကကျွန်တော့်ရဲ့အေးဂျင့်ပဲကို သေချာပေါက် ကျွန်တော်ကောင်းဖို့အတွက်ပဲပေါ့ ကျွန်တော်ကတစ်ယောက်တည်းမဟုတ်ဘူးလေ အဖွဲ့တစ်ခုလုံးက ကျွန်တော့်ဘေးမှာရှိနေကြတာ အဲ့တာကြောင့် ကျွန်တော့်ပျော်ရွှင်မှုကိုပဲ ဂရုစိုက်နေတာမဟုတ်မှ မှန်မှာပေါ့"
ဝမ်မိန်စန့် တကယ်လက်မြှောက်လိုက်လေပြီ။
အစတုန်းက ဖုကျင်းရှောင်းသူ့ကို ရှန်ရှင်းဆွေ့ကို တာဝန်ယူခိုင်းတော့ သူသိပ်ပြီးမကျေနပ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကထဲ ဝင်လာခါစဖြစ်တဲ့အပြင် သခင်လေးတစ်ယောက်ပါဖြစ်နေတော့ အနည်းနဲ့အများတော့ မာနကြီးမှာပဲလေ။ ဒါပေမဲ့ မထင်ထားတာက သူနဲ့ထိတွေ့ဆက်ဆံပြီးတော့မှ ရှန်ရှင်းဆွေ့က အလိုက်သိလွန်းလို့ သူပျော်ရွှင်မဆုံးဖြစ်နေရတာဆိုတာပဲ။
ဝမ်မိန်စန့် စိတ်ပျော့သွားကာ ပြောလိုက်တယ် "ဒီဇာတ်လမ်းရဲ့ဇာတ်အိမ်က တကယ်မဆိုးဘူး၊ တကယ်လို့ ဒါရိုက်တာကသာ လုပ်နိုင်စွမ်းမြင့်မယ်ဆိုရင် ဆုရနိုင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ သူ့ရဲ့ရွေးချယ်မှုက ဖြူစင်တဲ့အချစ် ဖြစ်နေတယ်၊ လက်ရှိစျေးကွက်ထဲမှာ ဒီလိုကားမျိုး ဥပမာရှိမနေဘူး၊ ရင်းနှီးမြှုပ်နှံမဲ့သူတွေနဲ့ စပွန်ဆာတွေကလည်း ဝင်မပါဘဲနဲ့ သေချာပေါက် စောင့်ကြည့်နေကြမှာ"
ရှန်ရှင်းဆွေ့ ခေါင်းညိတ်လိုက်တယ် "ကျွန်တော်သိပြီ"
ဝမ်မိန်စန့်က ရှန်ရှင်းဆွေ့ကိုကြည့်ကာ ပြုံးလိုက်တယ် "ဒါပေမဲ့...... လုံးဝကြီး နည်းလမ်းမရှိတာတော့ မဟုတ်ဘူး"
ရှန်ရှင်းဆွေ့ မျက်လုံးလေး လက်ခနဲဖြစ်သွားရတယ်။
ဒါက သူ့အေးဂျင့်ရဲ့ အင်အားကြီးမှုကို ပထမဆုံးအကြိမ် နားလည်လိုက်ရတာဖြစ်တယ်။ ပိုက်ဆံရဲ့အင်အားကြီးမှုကိုလည်း ပထမဆုံးအကြိမ် နားလည်လိုက်ရတယ်။ အဖွဲ့ထဲကို အရင်းအနှီးထည့်ပြီး ဇာတ်ကားရင်းနှီးမြှုပ်နှံသူဖြစ်လာဖို့က သူအရင်က လုံးဝနားမလည်ခဲ့တဲ့ ကိစ္စဖြစ်တယ်။ အကုန်လုံးက ဝမ်မိန်စန့်ဆီမှာ တစ်ခုပြီးတစ်ခု ဖြေရှင်းပြီးသားဖြစ်သွားလေတယ်။
ရှန်ရှင်းဆွေ့ ဒီကိစ္စကို ကျန်းစန်းစန်းနဲ့ ဆွေးနွေးလိုက်တယ်။ ကျန်းစန်းစန်းလည်း ပျော်ရွှင်စွာနဲ့ သဘောတူလိုက်တယ်။ သူတို့ချုပ်ဆိုလိုက်တဲ့စာချုပ်က ရင်းနှီးမြှုပ်နှံမှုစာချုပ်ဖြစ်တယ်။ ရှန်ရှင်းဆွေ့ရဲ့ ကူညီမှုကို ကျေးဇူးတင်တာကြောင့် ရုပ်ရှင်ရိုက်ပြီးနောက် box officeရဲ့ရှယ်ယာက ရှန်ရှင်းဆွေ့ အများဆုံးရမှာဖြစ်တယ်။
ဒီကိစ္စတွေကို လဝက်လောက် ဆွေးနွေးပြီးတော့မှ ညှိနှိုင်းမှုပြီးဆုံးသွားခဲ့တယ်။
ကျန်းစန်းစန်းက သူ့ကိုပြောလာတယ် "ဆွေ့ဆွေ့ တကယ်တော့ ငါအစောကြီးကတည်းက မင်းကိုfollowလုပ်ပြီးသား၊ ပထမဆုံးက မင်းရဲ့သီချင်းကြောင့် ငါဆွဲဆောင်ခံလိုက်ရတာ၊ နောက်တော့ 'StarLight'ရဲ့ variety showတွေမှာ မင်းကိုပိုပြီး အသေးစိတ်သိလာရတယ်၊ မင်းရဲ့နတ်သမီးအကကြောင့် မင်းရဲ့နတ်သမီးပုံရိပ်က ငါ့နှလုံးသားထဲမှာ အလွန်နက်ရှိုင်းနေတယ်၊ အဲဒီပုံရိပ်ကြောင့်ပဲ 《အထီးကျန်မြို့》ရဲ့ဇာတ်ကောင် ဖန်းကျစ်ဝမ်ကို ငါဖန်တီးနိုင်ခဲ့တာ"
《အထီးကျန်မြို့》ဇာတ်လမ်းရဲ့ နောက်ခံဇာတ်ကြောင်း တော်တော်များများက ရှေးခေတ်ပုံစံတွေဖြစ်တယ်။
လူငယ်လေး ဖန်းကျစ်ဝမ်က ဝမ်းနည်းစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်တယ်။ အမေက သူစာသင်ဖို့အတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ရတယ်။ ကျောင်းမှာပဲ တခြားဇာတ်လိုက်တစ်ယောက်ဖြစ်တဲ့ ရွှီယန်ကို သူသိကျွမ်းခဲ့တယ်။ ဖန်းကျစ်ဝမ်အတွက်ပြောရရင် ရွှီယန်က သူ့ဘဝထဲမှာ အရေးအကြီးဆုံးသော ရွေးချယ်မှုဖြစ်ခဲ့တယ်။ ငယ်ရွယ်ပြီး ချမ်းသာထင်ရှားတဲ့ မိသားစုကလာတဲ့ ရွှီယန်ကတော့ အလေးအနက်မထားခဲ့ဘူး။ ဒါပေမဲ့ တဖြည်းဖြည်းချင်း အလှုံ့ဆော်ခံရပြီးနောက် ဖန်းကျစ်ဝမ်နဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့တော့တယ်။
နှစ်တွေကြာပြီးနောက် မတော်တဆတစ်ခုကြောင့် သူတို့နှစ်ယောက် ကွဲကွာခဲ့ရတယ်။
ဖန်းကျစ်ဝမ်က သီဆိုဖျော်ဖြေပေးရတဲ့ သဘင်သည်တစ်ယောက် ဖြစ်လာခဲ့ပြီး ရွှီယန်ကတော့ နာမည်ကျော်ကြားတဲ့ စစ်သူကြီးတစ်ယောက် ဖြစ်လာခဲ့တယ်။
သူတို့ထပ်တွေ့ဆုံကြချိန်ထိ ငယ်သူငယ်ချင်းသံယောဇဥ် ရှိနေဆဲဖြစ်ပြီး ရွှီယန်က ဖန်းကျစ်ဝမ်ကို ဘေးနားခေါ်ထားခဲ့တယ်။ ဖန်းကျစ်ဝမ်ကလည်း စစ်မှုထမ်းကာ ရွှီယန်ကို စစ်ပွဲတွေအောင်နိုင်အောင် ကူညီပေးခဲ့တယ်။ နောက်ထပ်ကတော့ တစ်ဘဝတာဆက်ဆံရေးနဲ့ သူငယ်ချင်းဆက်ဆံရေးနဲ့ ရွေးချယ်မှုဖြစ်လာခဲ့တယ်။ ရွှီယန်က သူ့ရဲ့သဘောကျမှုကို လက်ခံပေးလိမ့်မယ်လို့ ဖန်းကျစ်ဝမ်လည်း အပြည့်အဝယုံကြည်ထားလေတယ်။ ဒါပေမဲ့ ရွှီယန်မြို့တော်ကို အသက်ရှင်လျက် ပြန်လာချိန်မှာပဲ မင်းသမီးနဲ့လက်ထပ်ဖို့ မင်းမိန့်ကျလာခဲ့တယ်။
ဒီသတင်းက အနယ်နယ်အဖက်ဖက်ကို ပျံ့နှံ့သွားပြီး ဖန်းကျစ်ဝမ် မယုံကြည်ရဲခဲ့ဘူး။
ရွှီယန်ကတော့ သူ့ကိုရှင်းပြဖို့ စာတစ်စောင်တောင် ရေးမပို့ခဲ့ဘဲ ဖန်းကျစ်ဝမ်ကို စိတ်နှလုံးဆင်းရဲစေခဲ့တယ်......
နောက်ပိုင်းမှာ ရွှီယန်က မင်းသမီးကိုခေါ်ဆောင်ပြီး မဟာတံတိုင်းကြီးအပြင်ဘက်မှာ စစ်သားရှာဖွေစုဆောင်းချိန်မှာတော့ ဖန်းကျစ်ဝမ်ကို ပိုပြီး သေမလိုစိတ်ဆင်းရဲစေခဲ့တယ်။ အစက တပ်ဆုတ်ဖို့ပြင်နေခဲ့တဲ့ ရန်သူတပ်ကလည်း မင်းသမီးကိုဖမ်းယူဖို့ ညအချိန် မှောင်ခိုတိုက်ခိုက်လေတယ်။ တပ်အတွင်း တစ်ချို့နေရာတွေမှာလည်း သူလျှိုတွေရှိနေခဲ့တယ်။ ဒီလိုရုတ်တရက်ပြောင်းလဲမှုက အားလုံးကို ထိန်းချုပ်ဖို့ ခက်ခဲသွားစေခဲ့တယ်။
......
ရှန်ရှင်းဆွေ့ ရုတ်တရက် သဘောပေါက်သွားရတယ် "အဲ့တာကြောင့် ဖန်းကျစ်ဝမ်က နောက်ဆုံးမှာ ဘာလို့ နတ်သမီးဝတ်စုံဝတ်ပါလိမ့်လို့ ကျွန်တော်တွေးနေခဲ့တာ"
ကျန်းစန်းစန်း ခေါင်းညိတ်ကာ ပြုံးလိုက်တယ် "ဒါတွေအားလုံးက မင်းရဲ့နတ်သမီးဝတ်စုံနဲ့ပုံစံကနေ လမ်းညွှန်ပြခဲ့တာတွေပဲ အဲ့တာကငါစဥ်းစားနေတာပဲလေ တကယ်လို့ စိတ်ဓာတ်ခိုင်မာပြီး အားထက်သန်တဲ့ ယောက်ျားတစ်ယောက်က နတ်သမီးဝတ်စုံကိုဝတ်လိုက်ရင် ဒီလိုပုံစံထွက်လာမှာပဲလို့လေ"
"နှမြောစရာပဲ......"ရှန်ရှင်းဆွေ့ ဇာတ်လမ်းရဲ့အဆုံးသတ်ကို စဥ်းစားမိသွားပြီး သက်ပြင်းတစ်ချက်ချလိုက်တယ် "ဖန်းကျစ်ဝမ်ရဲ့အချစ်က အရမ်းသပ်ရပ်လွန်းပြီး ရွှီယန်ရောက်လာတာ အရမ်းနောက်ကျလွန်းသွားတယ်"
ရွှီယန် မင်းသမီးကိုလက်ထပ်ယူပြီး အတွင်းအပြင်ရန်သူတွေနဲ့ ပူးပေါင်းလိုက်တာက မင်းသမီးကို ပြန်ပေးဆွဲပြီး ထီးနန်းသိမ်းဖို့အတွက်ပဲ။
သူကဘုရင်တစ်ပါးဖြစ်ချင်ပြီး ဖန်းကျစ်ဝမ်ကို လူသိထင်ရှား တရားဝင် လက်ထပ်ယူချင်ခဲ့တယ်။ သူအချစ်ဆုံး ကလေးတစ်ယောက်ကို ဘုရင်နေရာပေးချင်ခဲ့တယ်။ စာပို့ပြီးပြောလိုက်တာနဲ့ တခြားသူသိသွားမှာစိုးတာကြောင့် တစ်ယောက်တည်း တာဝန်ခံခဲ့တယ်။
သူ့အစီအစဥ်တွေ အောင်မြင်သွားချိန်မှသာ ဖန်းကျစ်ဝမ်အတွက် အံ့အားသင့်စရာတစ်ခု ဖြစ်စေချင်ခဲ့တယ်။
ဒါပေမဲ့ အဲဒီသူက သူ့ကိုဖြည့်ဆည်းပေးဖို့အတွက်၊ သူနဲ့မင်းသမီးရဲ့ဘေးကင်းရေးအတွက် တပ်ဆုတ်ဖို့ပြောတဲ့ ရွှီယန်ရဲ့စီစဥ်မှုကို မနာခံခဲ့ဘူး။ သူကနတ်သမီးဝတ်စုံကို ဝတ်ဆင်လိုက်ပြီး အထီးကျန်မြို့မှာ ရပ်နေခဲ့တယ်။ ပစ်မှတ်လွှဲယူဖို့အတွက် ရွှီယန်နဲ့မင်းသမီးနဲ့ ဘေးကင်းစွာထွက်ခွာနိုင်ဖို့အတွက် နောက်ဆုံးမှာ မီးပင်လယ်အကြား လောင်ကျွမ်းခဲ့ရတယ်။
ရှန်ရှင်းဆွေ့ ဇာတ်ညွှန်းကိုယူကာ ပြောလိုက်တယ် "တကယ်တော့ ဇာတ်ညွှန်းကို ကျွန်တော်ပထမဆုံး အကြိမ်ဖတ်တုန်းက ဖန်းကျစ်ဝမ်ဆိုတဲ့လူက အရမ်းတုံးတာပဲလို့ထင်ခဲ့ဖူးတယ် သူ့မှာရွေးချယ်စရာတွေ အများကြီးရှိနေပေမဲ့ ဘာလို့သေဖို့ကိုမှ ရွေးချယ်ခဲ့ရတာလဲလို့လေ"
ကျန်းစန်းစန်း ဘေးကနေ သူ့ကိုပြောလာတယ် "သူ့အတွက်ပြောရရင် ဒါကအကောင်းဆုံး ဦးတည်ရာတစ်ခု ဖြစ်ရင်ဖြစ်နေမှာပေါ့"
ရွှီယန်နဲ့ မင်းသမီးနဲ့ ထိမ်းမြားလိုက်တဲ့ အချိန်ကတည်းက သူသေနေနှင့်ပြီးပြီ။
မီးပင်လယ်ထဲမှာ လောင်ကျွမ်းသွားရတာက သူ့အတွက်ပြောရရင် လွတ်မြောက်ရာ လွတ်မြောက်ကြောင်းတစ်ခု ဖြစ်နေမလားဆိုတာ ဘယ်သူသိမှာတဲ့လဲ?
ရှန်ရှင်းဆွေ့က ဖန်းကျစ်ဝမ်ရဲ့ဇာတ်ကောင်ကို သိပ်ပြီးမပိုင်နိုင်သေးဘူး။ သူမေးလိုက်တယ် "ဒါနဲ့ ဒါရိုက်တာကျန်း ဖန်းကျစ်ဝမ်ရဲ့ လူငယ်အချိန်နဲ့ ရင့်ကျက်ပြီးနောက်ပိုင်းကို လူနှစ်ယောက် သရုပ်ဆောင်မှာလား?"
ကျန်းစန်းစန်း ပြန်ဖြေလိုက်တယ် "ကျွန်တော့်အထင်တော့ မင်းတစ်ယောက်တည်းဆိုရပါပြီ မင်းရဲ့နဂိုပုံစံကိုက နူးညံ့တယ်လေ ငယ်ရွယ်ချိန်က ဖန်းကျစ်ဝမ်ကိုလည်း ထိန်းချုပ်ဖို့အဆင်ပြေလောက်တယ်"
ရှန်ရှင်းဆွေ့ ရယ်ရခက် ငိုရခက်နဲ့ပြောလိုက်တယ် "ပိုက်ဆံခြွေတာဖို့အတွက် မဟုတ်ဘူးလား?"
ကျန်းစန်းစန်း ပြုံးလိုက်မိတယ်။ သူခေါင်းခါကာပြောလိုက်တယ် "တကယ်တော့ ငယ်ရွယ်စဥ်ကရွှီယန်အတွက် ကျွန်တော့်ရဲ့သရုပ်ဆောင်မေဂျာက အတန်းဖော်တစ်ယောက်ကို သရုပ်ဆောင်ခိုင်းမလို့ ဒါပေမဲ့ ရင့်ကျက်ပြီးနောက် စစ်သူကြီးရွှီအတွက်ကျတော့ သူကတစ်ဆင့်ချင်းစီ အလုပ်လုပ်ခဲ့ရပြီး သည်းခံတတ်တဲ့ ရင့်ကျက်မှုမျိုးရှိတယ် ဒါအပြင် စစ်ပွဲထဲက ပြတ်သားတဲ့ သတ်ဖြတ်မှုမျိုးလည်းရှိတယ် ဒါတွေအားလုံးက ငါ့သူငယ်ချင်း ထိန်းချုပ်နိုင်တာမျိုးမဟုတ်ဘူး"
ရှန်ရှင်းဆွေ့ နားလည်လေတယ်။ သူမေးလိုက်တယ် "ဒါဆို မင်းဘယ်သူ့ကို စဥ်းစားထားလဲ?"
ကျန်းစန်းစန်း အဓိပ္ပာယ်ပြည့်ဝစွာနဲ့ ရှန်ရှင်းဆွေ့ကို တစ်ချက်ကြည့်လိုက်တယ်။ နောက် အားနာစွာနဲ့ ရယ်လိုက်တယ် "တကယ်တော့ ငါ့စိတ်ထဲမှာ နာမည်တစ်ခုရှိနေပြီးသားရယ်......"
ရှန်ရှင်းဆွေ့ သိပ်ပြီးမကောင်းတဲ့ ခံစားချက်မျိုးကို ရုတ်တရက်ကြီး ရလိုက်တယ် "ဘယ်သူတုန်း?"
"ငါ့အထင် တကယ်လို့ တစ်ယောက်ယောက်ကသာ ရွှီယန်နေရာကို လုံးဝပြီးပြည့်စုံအောင် သရုပ်ဆောင်နိုင်မယ်ဆိုရင် အဲ့တာက ဖုကျင်းရှောင်းပဲဖြစ်လိမ့်မယ်" ကျန်းစန်းစန်းက လေးစားတဲ့အမူအရာနဲ့ပြောလာတယ် "ဖုလောင်ရှီးကလွဲလို့ အနုပညာလောကထဲမှာ ဒုတိယတစ်ယောက်ကို ငါဘယ်လိုမှစဥ်းစားလို့မထွက်လာဘူး"
ရှန်ရှင်းဆွေ့ တိတ်ဆိတ်သွားတော့တယ်။
ကျန်းစန်းစန်း ချောင်းတစ်ချက်ဟမ့်လိုက်တယ် "မင်းအထင် တကယ်လို့ ငါသာ လေးလေးစားစားနဲ့ ဖုလောင်ရှီးကို သွားဖိတ်မယ်ဆိုရင် သူသဘောတူလောက်လား?"
ရှန်ရှင်းဆွေ့လည်း ရေတစ်ငုံသောက်လိုက်တယ် "ဒီလိုပဲ ငါမင်းကိုပြောတာပေါ့ မင်းပေးတဲ့လစာ တစ်လ၃ထောင်နဲ့ဆိုရင်တော့ အဲဒီမျှော်လင့်ချက်က 0ပဲ"
"......"
ဒီလောက်ကြီး မရက်စက်ပါနဲ့လား။
ပြောနေရင်းနဲ့ပဲ ရှန်ရှင်းဆွေ့ ပြန်လာတဲ့လမ်းမှာ ဖုကျင်းရှောင်းရဲ့ဖုန်းကို လက်ခံရရှိလိုက်တယ်။ သူအလျင်အမြန်ကိုင်လိုက်ပြီး မျက်လုံးထဲမှာ မသိမသာနဲ့ အပြုံးလေးပေါ်လာရတယ် "ဖုလောင်ရှီး?"
"အင်း" ဖုကျင်းရှောင်းရဲ့အသံက ဖုန်းတစ်ဖက်ကနေ ထွက်လာခဲ့တယ်။ အမျိုးသားက ခပ်ဖြည်းဖြည်းပြောတယ် "မင်းစာချုပ်ချုပ်လိုက်တယ်လို့ ကိုယ်ကြားသလားလို့လေ?"
သူ့ရဲ့သတင်းမြန်ဆန်မှုကြောင့် ရှန်ရှင်းဆွေ့ အံ့အားသင့်သွားရတယ်။ ဒါပေမဲ့လည်း ခေါင်းညိတ်လိုက်ဆဲပဲ "ဟုတ်တယ် စာချုပ်ချုပ်လိုက်ပြီ ကျွန်တော်တောင် လောင်ရှီးကို ဖုန်းခေါ်တော့မလို့"
ဖုကျင်းရှောင်း တစ်ချက်ရယ်လိုက်တယ် "ဟုတ်လို့လား ရှန်လောင်ရှီးက ကိုယ့်ကို သတိမရဘူးလို့တောင် ထင်နေတာ"
"ဘယ်ကသာ" ရှန်ရှင်းဆွေ့ ဖုန်းပြောရင်း အပြင်ဘက်ကိုသွားနေလေတယ် "ကော ဝမ်ကျဲဆီကနေ ကြားတာလား?"
ဖုကျင်းရှောင်း တစ်ချက်အသံပြုလိုက်တယ် "စာချုပ်ကို ကိုယ်မင်းကို ကူကြည့်ပြီးသွားပြီ ဘာပြဿနာမှမရှိဘူး စာချုပ်ချုပ်ပြီးပြီဆိုမှတော့ ကောင်းကောင်းရိုက်"
ဖုကျင်းရှောင်းကိုယ်တိုင် စာချုပ်ကို သူ့အတွက် ကူကြည့်ပေးမယ်လို့ ရှန်ရှင်းဆွေ့ မထင်ထားမိဘူး။ သူ့စိတ်ထဲ နွေးထွေးသွားရတယ်။ ဒီအမျိုးသားက အရမ်းအလုပ်များတယ်၊ အလွန့်အလွန်အလုပ်များတယ် ဆိုတာကို သူသိတယ်။ အနားယူရတဲ့အချိန်တောင် အလွန်နည်းတယ်။ အဲဒီလောက် အလုပ်များနေပေမဲ့လည်း သူ့ရဲ့ကိစ္စတွေကိုတော့ အရေးတကြီးဆက်ဆံပေးနေတုန်းပဲ။
ရှန်ရှင်းဆွေ့ အသံတိုးနဲ့ပြောလိုက်တယ် "ကောဒီလောက် အလုပ်များနေတာကို ကျွန်တော့်အစား စာချုပ်ကူကြည့်ပေးသေးတယ်ပေါ့"
ဖုကျင်းရှောင်းဘက်မှာ အနည်းငယ်ဆူညံမှုလေးတွေ ရှိနေပေမဲ့ တစ်ခဏအတွင်း ပြန်တိတ်ဆိတ်သွားတော့တယ်။ အမျိုးသားရဲ့အသံက တစ်ဖက်ကနေ ဖြည်းဖြည်းထွက်လာတယ် "အနုပညာလောကထဲက တစ်ချို့စာချုပ်တွေက အပေါက်တွေကိုအသုံးချပြီး လူသစ်တွေကို လှည့်စားတာတွေမှ အများကြီးပဲ မင်းကိုကူညီမပေးရင် ဘယ်လိုလုပ်မလဲ အဲဒီအချိန်ကျ အလိမ်ခံလိုက်ရရင် ကိုယ့်အချိန်ကိုယ် ဖြုန်းတီးနေတာပဲမဟုတ်လား"
"......"
ရှန်ရှင်းဆွေ့ စိတ်ထဲမှာ ရုတ်တရက်ကြီး တစ်ခဏဆို့နင့်သွားလိုက် တစ်ခဏချိုမြိန်သွားလိုက် ဖြစ်နေတော့တယ်။
နောက်တော့ သူအနည်းငယ် ရှက်ရွံ့စွာနဲ့ ပြောလိုက်တယ် "ကျွန်တော်က ဘယ်လိုလုပ်ပြီး အဲ့လောက်လိမ်ရလွယ်မှာလဲ"
"ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ရှန်လောင်ရှီးက တော်နေပြီးသားပါ"
ဖုကျင်းရှောင်း ဖြည်းဖြည်းပြန်ဖြေလာပြီး အသံကိုဆွဲပြောလာတယ်။ အမျိုးသားရဲ့မျက်နှာပေါ်မှာရှိနေမဲ့ ပျင်းရိရိအပြုံးတစ်ပွင့်ကို ဖုန်းတစ်ဖက်က ရှန်ရှင်းဆွေ့တောင် ခန့်မှန်းကြည့်နိုင်တယ်။ အနည်းငယ်ဆိုးသွမ်းပုံပေါက်ပေမဲ့ ထူးထူးခြားခြား စွဲလမ်းစေတယ်။
စဥ်းစားလိုက်မိတာနဲ့ စိတ်ထဲမှာပိုလွမ်းဆွတ်သွားရတယ်။
သူတို့မတွေ့ရတာ ၁၀ရက်ကျော်လောက်ရှိတော့မယ်။ ပြီးတော့ သူကလည်း ဇာတ်ကားရိုက်ကူးရေးလုပ်ဖို့ သွားရတော့မှာ။ နောက်တစ်ကြိမ်ထပ်တွေ့နိုင်ဖို့က ဘယ်တော့မှဖြစ်မလဲမသိဘူး။
တကယ်လို့ တွေ့နိုင်မယ်ဆိုရင် ကောင်းတာပေါ့......
တကယ်လို့ အမြဲတမ်းတွေ့နေရရင်ကောင်းမှာပဲ။ သူ့ကိုတကယ်လွမ်းတယ်။
ရှန်ရှင်းဆွေ့ရဲ့ တစ်ခဏတာ တိတ်ဆိတ်သွားမှုက သူဘာမှမပြောရင်တောင် ဖုန်းတစ်ဖက်ကလူက ခံစားမိလိုက်တယ်။ ဖုကျင်းရှောင်းအသံနိမ့်နဲ့ သူ့နာမည်ခေါ်လိုက်တယ် "ဆွေ့ဆွေ့"
ရှန်ရှင်းဆွေ့ထိတ်လန့်သွားရကာ အသံပြုလိုက်တယ် "ဘာဖြစ်လို့လဲ?"
ဖုကျင်းရှောင်းရဲ့အသံက ပြတ်ပြတ်သားသားဖြစ်နေတယ် "ဖုန်းချလိုက်တော့မယ်"
ဖုန်းချလိုက်တော့မယ်ဆိုတာက ဘာအဓိပ္ပာယ်လဲဆိုတာ ရှန်ရှင်းဆွေ့ နားမလည်လိုက်သေးခင်မှာပဲ ဖုကျင်းရှောင်းဘက်ကနေ ဖုန်းချသွားခဲ့တယ်။ သူစောနက ဘာကြောင့်လဲဆိုတာမေးဖို့ အချိန်မမီလိုက်လို့ စိတ်မကောင်းဖြစ်နေတုန်းမှာပဲ တောင်းဆိုချက်တစ်ခု ထပ်မံရရှိခဲ့တယ်။ video callတစ်ခုဖြစ်တယ်။
ရှန်ရှင်းဆွေ့ ပျော်လည်းပျော် အလျင်လည်းလိုသွားပြီး မှန်ထဲမှာ သူ့ပုံစံကိုတစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့မှ video callကို အလျင်အမြန်ကိုင်လိုက်တယ်။
Videoတစ်ဖက်မှာ သူအလွန်တောင့်တနေရတဲ့ မျက်နှာလေး ထွက်ပေါ်လာတယ်။ ရုပ်ရှင်ဧကရာဇ်ဖုက တကယ့်ကို အများသူငှာပြောသလို စခရင်အကြီးကြီးနဲ့သင့်တော်တဲ့လူဖြစ်တယ်။ သူကအပြင်မှာလည်း အလွန်ချောမောတယ်။ ဒါပေမဲ့ ဖန်သားပြင်ပေါ်ရောက်သွားလို့ လှအောင်လုပ်တဲ့filterတွေမရှိရင်တောင် ရိုးရိုးကင်မရာနဲ့လည်း ချောမောနေဆဲဖြစ်တယ်။
ဖုကျင်းရှောင်းက ညစာစားပွဲတစ်ခုရဲ့ ဝရံတာမှာဖြစ်လောက်တယ်။
"ဘာတွေလုပ်နေတာလဲ?" ဖုကျင်းရှောင်း ဝရံတာကိုမှီရင်း ပြောလာတယ် "ကိုင်ဖို့ဒီလောက်ကြာနေတာ"
ရှန်ရှင်းဆွေ့ ဖြည်းဖြည်းအသက်ရှုနေရင်း သူ့ကိုမကျေမနပ်ကြည့်လိုက်တယ် "ကျွန်တော့်ပုံစံကို ပုံစံကျအောင် လုပ်နေတာ"
ဖုကျင်းရှောင်းအံ့အားသင့်သွားပြီးမှ ဖွဖွရယ်လိုက်တယ် "အိုင်ဒေါစိတ် တော်တော်များတာပဲ နောက်တစ်ခါကျ ဒီလောက်စိတ်လှုပ်ရှားဖို့ မလိုပါဘူး ပြီးတော့ မင်းမနက်အစောထလို့ ရှုပ်ပွနေတဲ့ပုံစံကိုတော့ ကိုယ်မြင်ဖူးတာပဲ တခြားပုံစံကို ဘယ်လိုလုပ် မကြိုက်ဘဲရှိမှာလဲ?"
"အဲ့တာကမတူဘူးလေ......" ရှန်ရှင်းဆွေ့ရေရွတ်ကာ တိုးတိုးပြောလာတယ် "ကျွန်တော်တို့မတွေ့ရတာ တော်တော်ကြာနေပြီဆိုတော့ ပုံမှန်ကျကျလေးဖြစ်ချင်လို့ကို"
သူ့အသံက အရမ်းတိုးပေမဲ့ ဖုကျင်းရှောင်းကတော့ ကြားလိုက်ဆဲပဲ။
အမျိုးသားက မျက်နှာပေါ်က စည်းကမ်းမဲ့အပြုံးကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်တယ်။ ရှန်ရှင်းဆွေ့ရဲ့မျက်လုံးလေးတွေ အများကြီးမှိုင်းညို့သွားတာမြင်တော့ သူ့မျက်နှာပေါ်မှာ နူးညံ့မှုလေးတွေ ထွက်ပေါ်လာရတယ်။ သူကအသံနိမ့်နိမ့်နဲ့ "ကိုယ်ဒီကအလုပ်က အချိန်တစ်ခဏလောက်ကြာရင် ပြီးတော့မှာ မင်းတို့ရိုက်ကူးရေးစတဲ့အချိန်ကျရင် ကိုယ်မင်းဆီလာလည်လှည့်မယ်လေ"
ရှန်ရှင်းဆွေ့ ချက်ချင်းပျော်ရွှင်သွားတော့တယ် "တကယ်လား?"
ဖုကျင်းရှောင်း ခေါင်းညိတ်လိုက်တယ် "အင်း"
ဒီအကြောင်းပြောမှ ဒါရိုက်တာကျန်းပြောထားတဲ့ ဇာတ်လမ်းကိစ္စကို ရှန်ရှင်းဆွေ့ သတိရသွားရတယ်။ အခုနေ ဖုကျင်းရှောင်းကို ဒါရိုက်တာကျန်း ဆက်သွယ်ပြီးပြီလားတော့မသိဘူး။ ဖုကျင်းရှောင်း သဘောတူမလားတော့မသိဘူး။
ကျန်းစန်းစန်း ဖုကျင်းရှောင်းကို ဘယ်လိုဖိတ်မလဲဆိုတဲ့ကိစ္စကိုတော့ ရှန်ရှင်းဆွေ့ဝင်ပတ်သက်ဖို့ မစဥ်းစားထားဘူး။ သူသေချာပေါက် စဥ်းစားတာပေါ့။ ဖုလောင်ရှီးနဲ့အတူတူ ဇာတ်ကားတွဲရိုက်နိုင်ဖို့ကိုလည်း သေချာပေါက်မျှော်လင့်တာပေါ့။ ပြီးတော့ ဖုလောင်ရှီးကို သူကြိုက်လာတာ ဒီလောက်နှစ်တွေကြာပြီ တကယ်လို့ ဒီအမျိုးသားနဲ့သာ ဇာတ်ကားတစ်ကားထုတ်လုပ်နိုင်ရင် အဲ့တာကသုံးဘဝစာပျော်ရွှင်မှုပဲ။
ဒါပေမဲ့ တကယ်လို့ပူးပေါင်းနိုင်မယ်ဆိုရင်လည်း ဖုကျင်းရှောင်းကိုယ်တိုင် ဆန္ဒရှိတာမျိုး ဖြစ်စေချင်တယ်။
ဘယ်သူ့ရဲ့မျက်နှာကို ထောက်ရတာတို့ ဒါမှမဟုတ် သူ့ရဲ့တောင်းဆိုချက်ကြောင့် သဘောတူလိုက်တာမျိုး မဖြစ်စေချင်ဘူး။ အဲ့တာကြောင့် ဆက်ပြီးတိတ်ဆိတ်နေဖို့ပဲ သူရွေးချယ်လိုက်တယ်။
......
တစ်လကြာပြီးနောက်
စတူဒီယိုထဲမှာ လူတွေပြည့်နှက်နေပြီး မီးရောင်တွေနဲ့ ကင်မရာမီးတစ်ဖျက်ဖျက်ကလည်း ဆက်တိုက်လင်းလက်နေတယ်။
ကင်မရာရှေ့မှာရပ်ထားတဲ့ အမျိုးသားက အပြာရင့်ရင့်ခေတ်ဝတ်စုံကို ဝတ်ဆင်ထားတယ်။ ဖုကျင်းရှောင်းက မီးရောင်တွေကိုကြည့်ရင်း မျက်လုံးတစ်ချက်မခတ် ဓာတ်ပုံရိုက်နေတယ်။ သူ့ရဲ့ကိုယ်ခန္ဓာက ပြီးပြည့်စုံတဲ့မော်ဒယ်တစ်ယောက်နဲ့တောင် နှိုင်းယှဥ်လို့ရတယ်။ နှစ်အတော်ကြာ အသားကျနေပြီးသားဖြစ်တဲ့ ဓာတ်ပုံရိုက်ခြင်းက သူ့ရဲ့လှုပ်ရှားမှုတွေကိုတောင် ချောချောမွေ့မွေ့ဖြစ်နေစေတယ်။ ဓာတ်ပုံဆရာရဲ့ညွှန်ကြားမှုကိုတောင် မလိုအပ်တော့ဘူး။
ခပ်မြန်မြန်ပဲ :
"ကောင်းတယ်"
"အလုပ်သိမ်းမယ်"
"ကျေးဇူးတင်ပါတယ် ဖုလောင်ရှီး"
"ဖုလောင်ရှီး ပင်ပန်းသွားပါပြီ!"
မဂ္ဂဇင်းဓာတ်ပုံရိုက်တာ ပြီးစီးသွားလေပြီ။ အလုပ်ပြီးဆုံးပြီးနောက် ဖုလောင်ရှီး စင်ပေါ်ကနေ ဆင်းလာခဲ့တယ်။ အောက်က လက်ထောက်လေးဖေးဖေးက အလျင်အမြန် ရေလှမ်းပေးလိုက်တယ် "ဒီနေ့ရဲ့အလုပ်စဥ်အားလုံး ပြီးဆုံးသွားပြီ မနက်ဖြန်ညနေကျရင်တော့ သတင်းစာရှင်းလင်းပွဲတစ်ခုရဲ့ အင်တာဗျူးကို သွားရဦးမှာရှိတယ် တကယ်လို့ ဘာမတော်တဆမှ မရှိဘူးဆိုရင် ညီမတို့သဘက်ခါဆိုရင် တရုတ်ကိုပြန်လို့ရပြီ ညီမသဘက်ခါအတွက် လေယာဥ်လက်မှတ်လည်း မှာထားပြီးပြီ"
ဖုကျင်းရှောင်း ရေခွက်ကိုယူရင်း ပြောလိုက်တယ် "မနက်ဖြန်ညနေ ပြီးမှာမဟုတ်လား အဲ့တာဆို ညပိုင်းလက်မှတ်ဖြတ်လိုက်တော့"
ဖေးဖေး ကြောင်အသွားရတယ်။
သူတို့ဒီတစ်ခေါက် ပြည်ပထွက်လာတာက အစကတစ်လခွဲလောက်ကြာမယ်လို့ ခန့်မှန်းထားတာဖြစ်တယ်။ သူတို့ဒီကို အဆင့်မြင့်luxury brandတစ်ခုရဲ့ promotion videoရိုက်ဖို့အတွက် ရောက်နေကြတာဖြစ်တယ်။ ဒါအပြင် ဖုမိသားစုရဲ့ ကိုယ်ပိုင်ထုတ်ကုန်အတွက် မဂ္ဂဇင်းရိုက်ဖို့အတွက်ရောပေါ့။ နောက်ပြီး အမျိုးမျိုးသော ညစာစားသောက်ပွဲတွေတက်ဖို့၊ နာမည်ကြီးဂီတပညာရှင်တွေနဲ့တွေ့ဖို့လိုမျိုး အားလုံးကိုစုပေါင်းလိုက်ရင် အများဆုံးတစ်လခွဲလောက်မှပဲ ပြီးနိုင်မှာဖြစ်တယ်။
ဒါပေမဲ့ မထင်ထားတာက ဖုကျင်းရှောင်းက တစ်လျောက်လုံး အလုပ်လုပ်ဖို့စိတ်အားထက်သန်နေပြီး ဘယ်လောက်မှတောင် အနားမယူဘူး။ အရမ်းအိပ်ချင်နေတာနဲ့ ပင်ပန်းတဲ့အချိန်တွေကိုလည်း ကားပေါ်မှာအိပ်တာနဲ့ ခရီးသွားတဲ့အချိန်တွေမှာပဲ ဖြတ်သန်းခဲ့တာဖြစ်တယ်။ အချိန်တွေကိုဖိသိပ်ပြီးတော့ တစ်လနဲ့ပြီးအောင် လုပ်ဆောင်ခဲ့တယ်။ နောက်ဆုံးတစ်ညကိုတောင် အနားမယူဘဲ တရုတ်ကိုတန်းပြန်လိမ့်မယ်လို့တော့ မထင်ထားမိဘူး။
ကောင်မလေးဖေးဖေးက မသိလိုက်ပါသာနဲ့ ပြုံးလိုက်ပြီး စနောက်လိုက်တယ် "လောင်ရှီးမဟုတ်မှ ရှန်လောင်ရှီးကို လွမ်းနေပြီလား"
ဖုကျင်းရှောင်း သူ့ကိုတစ်ချက်စိုက်ကြည့်လိုက်တယ်။ အကြည့်တွေထဲမှာ သတိပေးမှုတွေ ပါဝင်နေပေမဲ့ ငြင်းဆိုခြင်းတော့မရှိဘူး။
ဖေးဖေးက သေချာပေါက် ဉာဏ်ကောင်းတဲ့ကလေးမလေးဖြစ်တယ်။ ပုံမှန်အချိန်တွေမှာတော့ သူဖုကျင်းရှောင်းကို ကြောက်တယ်။ ဒါပေမဲ့ ဖုလောင်ရှီး စိတ်အခြေနေကောင်းနေတဲ့ အချိန်မှာတော့ စနောက်လေ့ရှိတယ်။ အထူးသဖြင့် ချစ်သူအကြောင်းကို ပြောတဲ့အချိန်မှာ ဖုကျင်းရှောင်းရဲ့ စိတ်အခြေအနေက ပိုကောင်းလေတယ်။
ဖေးဖေးပြောလာတယ် "ရှန်လောင်ရှီးကို လွမ်းတာက ဘာများအားနာစရာရှိလို့လဲ လောင်ရှီးက အမြဲတမ်းသိုဝှက်နေတာ သူများလုယူသွားမှာ မစိုးဘူးလား"
ဖုကျင်းရှောင်း တစ်ချက်ရယ်လိုက်တယ်။ နားနေခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး အမျိုးသားက သက်တောင့်သက်သာနဲ့ ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။ မိတ်ကပ်ဆရာ မိတ်ကပ်ဖျက်ပေးနေတာကို ပျင်းရိရိငြိမ်ခံပေးနေရင်း ဖြည်းဖြည်းပြောလာတယ် "လုံးဝမဖြစ်နိုင်ဘူး"
ဖေးဖေး 'ဟမ့်'ခနဲ တိုးတိုးလုပ်လိုက်တယ် "လောင်ရှီးက ရှန်လောင်ရှီးကြိုက်တာကိုပဲ အားကိုးနေတာမလား"
သူတို့စကားပြောနေတုန်းမှာ မိတ်ကပ်ဆရာနဲ့ ဒီဇိုင်နာတို့လည်းရှိကြတယ်။ သူတို့တွေအားလုံးက ဖုကျင်းရှောင်းရဲ့အဖွဲ့ထဲကဖြစ်ပြီး ပုံမှန်အချိန်တွေမှာ အရမ်းရင်းနှီးကြတယ်။
မိတ်ကပ်ဆရာက ပြောလာတယ် "မင်းတို့ ရှန်လောင်ရှီးအကြောင်း ပြောနေကြတာလား?"
ဖေးဖေးခေါင်းညိတ်လိုက်တယ် "ဟုတ်တယ်လေ"
"ဝါး ရှန်လောင်ရှီးရဲ့ အခုတစ်လော topicတွေက အရမ်းများတယ်နော်" မိတ်ကပ်ဆရာက ပြုံးကာပြောလာတယ် "ကျွန်မကပြည်ပမှာရှိနေပေမဲ့ ကျွန်မညီမလေးက သူ့ကိုအရမ်းသဘောကျတာလေ အခုတလော ရှန်လောင်ရှီးက ဇာတ်ကားတစ်ကားရိုက်နေတာကို တရားဝင်ကြေငြာထားတယ်မဟုတ်လား ဘာခေါ်တာတဲ့ 'အထီးကျန်မြို့'ဆိုလားပဲလေ"
ဖေးဖေးလည်း စိတ်ဝင်စားသွားရတယ် "အထီးကျန်မြို့ကို တရားဝင်ကြေငြာပြီပေါ့"
မိတ်ကပ်ဆရာ ခေါင်းညိတ်လိုက်တယ် "ဟုတ်တယ်လေ ဟုတ်တယ်လေ နောက်ပြီး ရွှီယန်ငယ်လေးနဲ့ ဖန်းကျစ်ဝမ်ရဲ့ posterကိုတောင် တရားဝင်ကြေငြာပြီးသွားပြီ"
"အဲဒီposterလား ကျွန်မလည်းကြည့်ပြီးပြီ ဘုရားရေ ဘုရားရေ ယောကျ်ားလေးနှစ်ယောက်ယှဥ်ရပ်တာက ဒီလောက်မိုက်လိမ့်မယ်လို့ ကျွန်မဖြင့် တွေးတောင်မတွေးဖူးဘူး" ဒီဇိုင်နာလည်း အနားလျှောက်လာခဲ့တယ် "အဲဒီposterကို ကျွန်မwallpaperလုပ်ဖို့တောင် သိမ်းထားပြီးသွားပြီ ရှန်လောင်ရှီးနဲ့ ရွှီယန်ဇာတ်ကောင်ရဲ့ သရုပ်ဆောင် ကျန်းချောင်တို့ အတူတူရပ်နေတာက အရမ်းခံစားချက်မိတာပဲ!"
ဒီထဲမှာ လက်ထောက်လေးကလွဲလို့ မိတ်ကပ်ဆရာရော ဒီဇိုင်နာရောက ဖုကျင်းရှောင်းနဲ့ ရှန်ရှင်းဆွေ့ရဲ့ဆက်ဆံရေးကို မသိကြသေးဘူး။ သာမန်ဆရာတပည့် ဆက်ဆံရေးလို့ပဲ ထင်နေကြတာဖြစ်တယ်။
အဲ့တာကြောင့် သူဌေးရဲ့မျက်နှာက ပိုပိုပြီး ကြည့်ရဆိုးလာတာကို သူတို့နှစ်ယောက် သတိမထားမိဘူး။ ဒါအပြင် သူတို့cpအကြောင်းပြောနေကြချိန်မှာ လက်တောင်ထောင်လိုက်သေးတယ် "ဘာposterလဲ ကျွန်တော်လည်းကြည့်ကြည့်မယ်"
ဒီဇိုင်နာက သူဆွဲဆောင်လို့ရနိုင်တဲ့ ညီအစ်မတစ်ယောက်ကို တွေ့လိုက်ရသလိုမျိုး ပြောဆိုလာတယ် "ဒီposterလေ ဖုကောကြည့်ကြည့် သူတို့နှစ်ယောက်ရဲ့ ဒီအကွာအဝေးနဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံလို့မှမကြာသေး မဖြစ်မနေ ခွဲခွာလိုက်ရတဲ့ လက်တွေလေ ဘုရားရေ ဒီပုံကတကယ်လန်းလွန်းတယ် ဝတ်စုံတွေကြည့်ရတာ ပိုက်ဆံသိပ်မရှိပုံပေါက်ပေမဲ့ အကောင်းတွေ မျက်နှာပေါ်မှာပဲမူတည်တာလေ သူတို့မှာတကယ့်ကို cpခံစားချက်ရှိတယ် ဝူးဝူး သူတို့ကြည့်ရတာ အရမ်းလိုက်ဖက်တာပဲ ဖုကောအထင်ရော?"
အခန်းတွင်းမှာ တိတ်ဆိတ်မှု စိုးမိုးသွားတော့တယ်။
ဓာတ်ပုံထဲက ကိုယ်ဟန်အနေထားအရ ရင်းနှီးနေတဲ့ လူနှစ်ယောက်ကို ဖုကျင်းရှောင်းကြည့်ရင်း မျက်လုံးတွေကို အန္တရာယ်ရှိစွာ မှေးကျဥ်းလိုက်မိတယ်။ ပါးစပ်မှာ နူးညံ့တဲ့အပြုံးတုတစ်ခုကို တပ်ဆင်ရင်း ဒီဇိုင်နာကို မော့ကြည့်လိုက်တယ်။ ဖြည်းညင်းစွာနဲ့ စာလုံးတစ်လုံးစီကို ဆွဲပြောလိုက်တယ် "မင်းအထင် အရမ်းလိုက်ဖက်တယ်လား?"
"......"
ဒီဇိုင်နာလေး နောက်ကျောဘက်မှာ အေးခနဲဖြစ်သွားရတယ်။
_____________________
Word – 7147
December 28, 2023 (Thu)
Xiao Dream
တစ်စုံတစ်ဖုတော့ ရှာလကာရည်အိုးမှောက်နေပါပြီ😅 ကောင်းသောညလေးဖြစ်ပါစေခင်ဗျာ❤
Zawgyi
ရွန္ေလာင္ရွီးနဲ႔ သူက အရမ္းလိုက္ဖက္တာပဲ
________________________________________
ဒီေလာက္နိမ့္တဲ့လစာကို ဒီဘဝမွာ သူၾကားႏိုင္လိမ့္ဦးမယ္လို႔ ရွန္ရွင္းေဆြ႕ မထင္ထားမိဘူး။ သူအခု ေၾကျငာတစ္ခု ႐ိုက္ရင္ေတာင္ ၃၊၄ရက္႐ိုက္ခက ေလးငါးသိန္းေလ။
သုံးေထာင္။
သူအခု႐ိုက္ကူးေရးက ႏွစ္ဝက္ေလာက္ေတာ့ အခ်ိန္ေပးရမွာ။ အစားအေသာက္စရိတ္ ၊ အသြားအလာစရိတ္၊ ေနထိုင္စရိတ္လည္း ရွိေသးတယ္။ ဒါအျပင္ ႏွစ္တစ္ဝက္ေလာက္ အခ်ိန္လည္း ေႏွာင့္ေႏွးေနဦးမွာ။ အဲ့တာက အလကား႐ိုက္ေပးတာနဲ႔ မညီမွ်ေနဘူးလား?
က်န္းစန္းစန္းလည္း ဒီသေဘာတရားကို နားလည္တယ္ဆိုတာ သိသာတယ္။ သူအလ်င္အျမန္ေျပာလာတယ္ "ကြၽန္ေတာ္သိပါတယ္ ကြၽန္ေတာ္သိပါတယ္ ရင္းႏွီးျမႇဳပ္ႏွံတဲ့သူရွိလာရင္ေတာ့ အဆင္ေျပသြားမွာပါ"
ရွန္ရွင္းေဆြ႕ ခဏေလာက္ေတြေဝၿပီးမွ သူ႔ရဲ႕ေအးဂ်င့္နဲ႔ ေဆြးေႏြးဖို႔ ဆုံးျဖတ္လိုက္ေတာ့တယ္။
ရွန္ရွင္းေဆြ႕ သူ႔ကိုလာရွာတဲ့အခ်ိန္ ဝမ္မိန္စန္႔က သူ႔အႏုပညာရွင္က ဘယ္ေလာက္ေတာင္ လန္႔ရာေကာင္းတဲ့ စကားေတြေျပာမယ္ဆိုတာကို သူမသိေသးေလဘူး။ သူေျပာလာခဲ့တယ္ "မင္းရဲ႕သီခ်င္းထုတ္လုပ္တာ ဘယ္လိုေနလဲ?"
ရွန္ရွင္းေဆြ႕ ျပန္ေျဖလိုက္တယ္ "အေတာ္ေလး အဆင္ေျပပါတယ္ ေခ်ာေခ်ာေမြ႕ေမြ႕ပါပဲ"
"အဲ့တာဆိုၿပီးတာပဲ" ဝမ္မိန္စန္႔ လက္ထဲမွာ ဖိုင္ေတြကိုင္ထားရင္း ေျပာလာတယ္ "အမွန္တိုင္းေျပာရရင္ ေဆြ႕ေဆြ႕ ဒီႏွစ္ႏွစ္လုံး မင္းအတြက္ လက္ခံေပးခဲ့တာေတြအားလုံးက ဂီတနဲ႔ပတ္သက္တဲ့ သီခ်င္းဖန္တီးတာတို႔ ေနာက္ၿပီး variety showသြားၿပီး နာမည္ရေအာင္ လုပ္တာေလာက္ပဲရွိခဲ့တာ မင္းရဲ႕အိပ္မက္ကလည္း အရမ္းေကာင္းတယ္၊ သီခ်င္းထုတ္လာလည္း အေတာ္ေလးမဆိုးဘူး ဒါေပမဲ့ မင္းလည္းသိပါတယ္ ဂီတက တကယ္ေတာ့...... ပိုက္ဆံမဝင္ဘူးဆိုတာကိုေလ"
ရွန္ရွင္းေဆြ႕လည္း ဒါကိုနားလည္ပါတယ္။ ကုမၸဏီက အႏုပညာရွင္ေတြကို ေမြးထုတ္ေပးေနတာက အႏုပညာရွင္ေတြ အိပ္မက္ေနာက္တာကို ကူညီေပးဖို႔တင္ဆိုတာ မျဖစ္ႏိုင္ဘူးေလ။ ေအးဂ်င့္မွာလည္း ထမင္းစားဖို႔လိုအပ္သလို အဖြဲ႕သားေတြကလည္း ထမင္းစားဖို႔လိုအပ္ၾကတယ္။
"ဝမ္က်ဲ က်ဲမွာဘာအစီအစဥ္ရွိရွိ ကြၽန္ေတာ္လက္ခံပါတယ္" ရွန္ရွင္းေဆြ႕က ႐ိုးသားလိမၼာလွတယ္ "က်ဲကြၽန္ေတာ့္ကို သီခ်င္းဆက္ေရးဖို႔ ခြင့္ျပဳေနသေ႐ြ႕ အကုန္လုံးအဆင္ေျပပါတယ္"
သူကအၿမဲတမ္း ဒီလို႐ိုးသားကာ လိမၼာတာေၾကာင့္ လူ႔စိတ္ကိုႏူးညံ့ေစေလတယ္။
ဝမ္မိန္စန္႔ အလ်င္အျမန္ေျပာလိုက္တယ္ "စိတ္ခ်ပါ ေဆြ႕ေဆြ႕ မင္းသီခ်င္းေရးတာကို က်ဲတားမွာမဟုတ္ပါဘူး ဒါေပမဲ့ က်ဲမင္းရဲ႕ ဒီႏွစ္ႏွစ္အတြင္း လုပ္ငန္းစဥ္ေတြကို ၾကည့္လိုက္ေတာ့ အခုလက္ရွိtrendနဲ႔လည္း ကိုက္ညီေအာင္လို႔ မင္းဇာတ္လမ္းတို႔ ဇာတ္ကားတို႔လို တစ္ခ်ိဳ႕အရင္းအျမစ္ေတြကို မင္းလက္ခံလို႔ အဆင္ေျပေလာက္မယ္လို႔ က်ဲေတာ့ျမင္တယ္"
ဒီစကားက ရွန္ရွင္းေဆြ႕ရဲ႕အေတြးနဲ႔ တိုက္ဆိုင္စြာ တူညီေနေလတယ္!
ရွန္ရွင္းေဆြ႕ အရင္ဆုံးစမ္းေျပာၾကည့္လိုက္တယ္ "ဝမ္က်ဲ က်ဲလက္ထဲမွာ အရင္းအျမစ္ေကာင္း တစ္ခုခုမ်ား ရွိလို႔လား?"
ဝမ္မိန္စန္႔ သက္ျပင္းခ်လိုက္တယ္။ သူစိတ္ပူေနတာလည္း ဒါကိုပဲ "အခုလက္ရွိအထိကေတာ့ မင္းကိုသ႐ုပ္ေဆာင္ဖို႔ ဖိတ္ၾကားထားတာေတြအားလုံးက Idol Dramaေတြခ်ည္းပဲ"
ရွန္ရွင္းေဆြ႕ သူ႔လက္ထဲက ဖိုင္ေတြယူၿပီး ဇာတ္လမ္းနာမည္ေတြကို ၾကည့္ၾကည့္လိုက္တယ္။ အဲ့တာေတြက : 《ပူစပ္စပ္မိဖုရားႏွင့္ ေရခဲတုံးမင္းသား》《ေက်ာင္းျမက္ေလးေရမေျပးနဲ႔》《လႊမ္းမိုးတဲ့CEOေရကြၽန္မကိုမႀကိဳက္ပါနဲ႔》......
ရွန္ရွင္းေဆြ႕ တစ္ခဏေလာက္ တြန္႔ဆုတ္သြားခဲ့တယ္ "ထားလိုက္ပါေတာ့လား ကြၽန္ေတာ္မထိန္းခ်ဳပ္ႏိုင္ေလာက္ဘူး"
"ဒီ Idol Dramaေတြရဲ႕ အမ်ိဳးသားဇာတ္လိုက္ေနရာမွာ မင္းသ႐ုပ္ေဆာင္ရင္ ပိုက္ဆံမ်ားမ်ားရ႐ုံပဲရွိမွာ" ဝမ္မိန္စန္႔ ဖိုင္ေတြကို ျပန္သိမ္းလိုက္ရင္း ေျပာလိုက္တယ္ "တျခား ပိုၿပီးအရည္အေသြးေကာင္းတဲ့ ဇာတ္ကားေတြ၊ ဇာတ္လမ္းေတြမွာ အရံဇာတ္ေဆာင္သြားလုပ္ရင္လည္း တျခားအေတြ႕အႀကဳံရွိၿပီးသား မင္းသားေတြနဲ႔ ဇာတ္ကြက္လုလို႔မရႏိုင္ဘူး မင္းကအရမ္းငယ္ေသးၿပီး ပုံစံကလည္း သူတို႔ရဲ႕ေတာင္းဆိုမႈနဲ႔ သိပ္ၿပီးမကိုက္ညီဘူး"
ရွန္ရွင္းေဆြ႕ အခြင့္ေကာင္းယူၿပီး ေျပာလိုက္တယ္ "ဝမ္က်ဲ တကယ္ေတာ့ ကြၽန္ေတာ္အခုတေလာ ဇာတ္လမ္းတစ္ပုဒ္နဲ႔ ထိေတြ႕မိထားတယ္ ကြၽန္ေတာ္အျမင္ေတာ့ အရမ္းေကာင္းတယ္ထင္တာပဲ က်ဲဘယ္လိုေနလဲ ၾကည့္ၾကည့္ပါလား......"
က်န္းစန္းစန္းရဲ႕ဇာတ္လမ္းကို ရွန္ရွင္းေဆြ႕လည္း အလြန္ႏွစ္သက္လွတယ္။ သူဇာတ္လမ္းအၾကမ္းဖ်င္းကို ေျပာျပလိုက္တယ္။ ဒီဇာတ္လမ္းအေပၚ သူ႔ရဲ႕အျမင္တစ္ခ်ိဳ႕နဲ႔ သုံးသပ္ခ်က္တစ္ခ်ိဳ႕ကိုပါ ဝမ္မိန္စန္႔နားလည္ေအာင္ ေျပာျပလိုက္တယ္။
ဝမ္မိန္စန္႔ တိတ္ဆိတ္သြားၿပီးမွ ေမးလာတယ္ "အဲ့တာဆို......အႏုပညာေၾကးကေရာ?"
ရွန္ရွင္းေဆြ႕ အမွန္တိုင္းေျပာလိုက္တယ္။
ဝမ္မိန္စန္႔တိတ္ဆိတ္သြားတာ ပိုၾကာေညာင္းေလတယ္။ သူ႔တစ္ဘဝလုံး ဒီေလာက္ေဒါသထြက္စရာေကာင္းတဲ့ ႐ိုက္ကူးေရးအဖြဲ႕မ်ိဳး မၾကားဖူးပါဘူး။ ျဖတ္ေလွ်ာက္ေတာင္မွ ဒီလစာထက္ ပိုျမင့္ေသးတယ္။ ၃ေထာင္တည္းနဲ႔ သူတို႔အိမ္က မုန္လာဥျဖဴကို အလကားတူးခ်င္ေနတာလား? တကယ္ပဲ မုန္လာဥျဖဴမ်ား မွတ္ေနလားဟ!
"သူစပြန္ဆာေတြနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ပိုၿပီးဆြဲယူႏိုင္ရင္ေတာ့တစ္မ်ိဳးေပါ့" ဝမ္မိန္စန္႔ ဇာတ္ၫႊန္းစားအုပ္ကို ပစ္လိုက္တယ္ "မဟုတ္ရင္ေတာ့ ေဆြးေႏြးဖို႔မလိုအပ္ဘူး!"
ရွန္ရွင္းေဆြ႕ လိမ္လိမ္မာမာနဲ႔ ေခါင္းညိတ္လိုက္တယ္ "ေကာင္းၿပီ ဒါဆိုကြၽန္ေတာ္ သူ႔ကိုေျပာထားလိုက္မယ္"
ဝမ္မိန္စန္႔ အနည္းငယ္သံသယျဖစ္သြားၿပီး မ်က္လုံးေတြလည္း အမ်ားႀကီးပိုႏူးညံ့သြားရတယ္။ သူၿပဳံးရယ္လိုက္တယ္ "မင္းဒီေလာက္ သ႐ုပ္ေဆာင္ခ်င္ေနတာကို က်ဲမင္းကိုတားေတာ့ မင္းမေပ်ာ္မ႐ႊင္ျဖစ္မသြားဘူးလား?"
ရွန္ရွင္းေဆြ႕ ဖုန္းကိုရွာရင္းနဲ႔ ဒါကိုၾကားေတာ့ ဖြဖြၿပဳံးကာ ေခါင္းခါျပလိုက္တယ္ "မျဖစ္ပါဘူး က်ဲကကြၽန္ေတာ့္ရဲ႕ေအးဂ်င့္ပဲကို ေသခ်ာေပါက္ ကြၽန္ေတာ္ေကာင္းဖို႔အတြက္ပဲေပါ့ ကြၽန္ေတာ္ကတစ္ေယာက္တည္းမဟုတ္ဘူးေလ အဖြဲ႕တစ္ခုလုံးက ကြၽန္ေတာ့္ေဘးမွာရွိေနၾကတာ အဲ့တာေၾကာင့္ ကြၽန္ေတာ့္ေပ်ာ္႐ႊင္မႈကိုပဲ ဂ႐ုစိုက္ေနတာမဟုတ္မွ မွန္မွာေပါ့"
ဝမ္မိန္စန္႔ တကယ္လက္ေျမႇာက္လိုက္ေလၿပီ။
အစတုန္းက ဖုက်င္းေရွာင္းသူ႔ကို ရွန္ရွင္းေဆြ႕ကို တာဝန္ယူခိုင္းေတာ့ သူသိပ္ၿပီးမေက်နပ္ခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ အသက္ငယ္ငယ္ေလးနဲ႔ အႏုပညာေလာကထဲ ဝင္လာခါစျဖစ္တဲ့အျပင္ သခင္ေလးတစ္ေယာက္ပါျဖစ္ေနေတာ့ အနည္းနဲ႔အမ်ားေတာ့ မာနႀကီးမွာပဲေလ။ ဒါေပမဲ့ မထင္ထားတာက သူနဲ႔ထိေတြ႕ဆက္ဆံၿပီးေတာ့မွ ရွန္ရွင္းေဆြ႕က အလိုက္သိလြန္းလို႔ သူေပ်ာ္႐ႊင္မဆုံးျဖစ္ေနရတာဆိုတာပဲ။
ဝမ္မိန္စန္႔ စိတ္ေပ်ာ့သြားကာ ေျပာလိုက္တယ္ "ဒီဇာတ္လမ္းရဲ႕ဇာတ္အိမ္က တကယ္မဆိုးဘူး၊ တကယ္လို႔ ဒါ႐ိုက္တာကသာ လုပ္ႏိုင္စြမ္းျမင့္မယ္ဆိုရင္ ဆုရႏိုင္တဲ့ ဇာတ္ကားတစ္ကား ျဖစ္လာႏိုင္တယ္၊ ဒါေပမဲ့ သူ႔ရဲ႕ေ႐ြးခ်ယ္မႈက ျဖဴစင္တဲ့အခ်စ္ ျဖစ္ေနတယ္၊ လက္ရွိေစ်းကြက္ထဲမွာ ဒီလိုကားမ်ိဳး ဥပမာရွိမေနဘူး၊ ရင္းႏွီးျမႇဳပ္ႏွံမဲ့သူေတြနဲ႔ စပြန္ဆာေတြကလည္း ဝင္မပါဘဲနဲ႔ ေသခ်ာေပါက္ ေစာင့္ၾကည့္ေနၾကမွာ"
ရွန္ရွင္းေဆြ႕ ေခါင္းညိတ္လိုက္တယ္ "ကြၽန္ေတာ္သိၿပီ"
ဝမ္မိန္စန္႔က ရွန္ရွင္းေဆြ႕ကိုၾကည့္ကာ ၿပဳံးလိုက္တယ္ "ဒါေပမဲ့...... လုံးဝႀကီး နည္းလမ္းမရွိတာေတာ့ မဟုတ္ဘူး"
ရွန္ရွင္းေဆြ႕ မ်က္လုံးေလး လက္ခနဲျဖစ္သြားရတယ္။
ဒါက သူ႔ေအးဂ်င့္ရဲ႕ အင္အားႀကီးမႈကို ပထမဆုံးအႀကိမ္ နားလည္လိုက္ရတာျဖစ္တယ္။ ပိုက္ဆံရဲ႕အင္အားႀကီးမႈကိုလည္း ပထမဆုံးအႀကိမ္ နားလည္လိုက္ရတယ္။ အဖြဲ႕ထဲကို အရင္းအႏွီးထည့္ၿပီး ဇာတ္ကားရင္းႏွီးျမႇဳပ္ႏွံသူျဖစ္လာဖို႔က သူအရင္က လုံးဝနားမလည္ခဲ့တဲ့ ကိစၥျဖစ္တယ္။ အကုန္လုံးက ဝမ္မိန္စန္႔ဆီမွာ တစ္ခုၿပီးတစ္ခု ေျဖရွင္းၿပီးသားျဖစ္သြားေလတယ္။
ရွန္ရွင္းေဆြ႕ ဒီကိစၥကို က်န္းစန္းစန္းနဲ႔ ေဆြးေႏြးလိုက္တယ္။ က်န္းစန္းစန္းလည္း ေပ်ာ္႐ႊင္စြာနဲ႔ သေဘာတူလိုက္တယ္။ သူတို႔ခ်ဳပ္ဆိုလိုက္တဲ့စာခ်ဳပ္က ရင္းႏွီးျမႇဳပ္ႏွံမႈစာခ်ဳပ္ျဖစ္တယ္။ ရွန္ရွင္းေဆြ႕ရဲ႕ ကူညီမႈကို ေက်းဇူးတင္တာေၾကာင့္ ႐ုပ္ရွင္႐ိုက္ၿပီးေနာက္ box officeရဲ႕ရွယ္ယာက ရွန္ရွင္းေဆြ႕ အမ်ားဆုံးရမွာျဖစ္တယ္။
ဒီကိစၥေတြကို လဝက္ေလာက္ ေဆြးေႏြးၿပီးေတာ့မွ ညႇိႏႈိင္းမႈၿပီးဆုံးသြားခဲ့တယ္။
က်န္းစန္းစန္းက သူ႔ကိုေျပာလာတယ္ "ေဆြ႕ေဆြ႕ တကယ္ေတာ့ ငါအေစာႀကီးကတည္းက မင္းကိုfollowလုပ္ၿပီးသား၊ ပထမဆုံးက မင္းရဲ႕သီခ်င္းေၾကာင့္ ငါဆြဲေဆာင္ခံလိုက္ရတာ၊ ေနာက္ေတာ့ 'StarLight'ရဲ႕ variety showေတြမွာ မင္းကိုပိုၿပီး အေသးစိတ္သိလာရတယ္၊ မင္းရဲ႕နတ္သမီးအကေၾကာင့္ မင္းရဲ႕နတ္သမီးပုံရိပ္က ငါ့ႏွလုံးသားထဲမွာ အလြန္နက္ရႈိင္းေနတယ္၊ အဲဒီပုံရိပ္ေၾကာင့္ပဲ 《အထီးက်န္ၿမိဳ႕》ရဲ႕ဇာတ္ေကာင္ ဖန္းက်စ္ဝမ္ကို ငါဖန္တီးႏိုင္ခဲ့တာ"
《အထီးက်န္ၿမိဳ႕》ဇာတ္လမ္းရဲ႕ ေနာက္ခံဇာတ္ေၾကာင္း ေတာ္ေတာ္မ်ားမ်ားက ေရွးေခတ္ပုံစံေတြျဖစ္တယ္။
လူငယ္ေလး ဖန္းက်စ္ဝမ္က ဝမ္းနည္းစရာေကာင္းတဲ့ လူတစ္ေယာက္ျဖစ္တယ္။ အေမက သူစာသင္ဖို႔အတြက္ ပင္ပင္ပန္းပန္း အလုပ္လုပ္ရတယ္။ ေက်ာင္းမွာပဲ တျခားဇာတ္လိုက္တစ္ေယာက္ျဖစ္တဲ့ ႐ႊီယန္ကို သူသိကြၽမ္းခဲ့တယ္။ ဖန္းက်စ္ဝမ္အတြက္ေျပာရရင္ ႐ႊီယန္က သူ႔ဘဝထဲမွာ အေရးအႀကီးဆုံးေသာ ေ႐ြးခ်ယ္မႈျဖစ္ခဲ့တယ္။ ငယ္႐ြယ္ၿပီး ခ်မ္းသာထင္ရွားတဲ့ မိသားစုကလာတဲ့ ႐ႊီယန္ကေတာ့ အေလးအနက္မထားခဲ့ဘူး။ ဒါေပမဲ့ တျဖည္းျဖည္းခ်င္း အလႈံ႕ေဆာ္ခံရၿပီးေနာက္ ဖန္းက်စ္ဝမ္နဲ႔ သူငယ္ခ်င္းေတြ ျဖစ္လာခဲ့ေတာ့တယ္။
ႏွစ္ေတြၾကာၿပီးေနာက္ မေတာ္တဆတစ္ခုေၾကာင့္ သူတို႔ႏွစ္ေယာက္ ကြဲကြာခဲ့ရတယ္။
ဖန္းက်စ္ဝမ္က သီဆိုေဖ်ာ္ေျဖေပးရတဲ့ သဘင္သည္တစ္ေယာက္ ျဖစ္လာခဲ့ၿပီး ႐ႊီယန္ကေတာ့ နာမည္ေက်ာ္ၾကားတဲ့ စစ္သူႀကီးတစ္ေယာက္ ျဖစ္လာခဲ့တယ္။
သူတို႔ထပ္ေတြ႕ဆုံၾကခ်ိန္ထိ ငယ္သူငယ္ခ်င္းသံေယာဇဥ္ ရွိေနဆဲျဖစ္ၿပီး ႐ႊီယန္က ဖန္းက်စ္ဝမ္ကို ေဘးနားေခၚထားခဲ့တယ္။ ဖန္းက်စ္ဝမ္ကလည္း စစ္မႈထမ္းကာ ႐ႊီယန္ကို စစ္ပြဲေတြေအာင္ႏိုင္ေအာင္ ကူညီေပးခဲ့တယ္။ ေနာက္ထပ္ကေတာ့ တစ္ဘဝတာဆက္ဆံေရးနဲ႔ သူငယ္ခ်င္းဆက္ဆံေရးနဲ႔ ေ႐ြးခ်ယ္မႈျဖစ္လာခဲ့တယ္။ ႐ႊီယန္က သူ႔ရဲ႕သေဘာက်မႈကို လက္ခံေပးလိမ့္မယ္လို႔ ဖန္းက်စ္ဝမ္လည္း အျပည့္အဝယုံၾကည္ထားေလတယ္။ ဒါေပမဲ့ ႐ႊီယန္ၿမိဳ႕ေတာ္ကို အသက္ရွင္လ်က္ ျပန္လာခ်ိန္မွာပဲ မင္းသမီးနဲ႔လက္ထပ္ဖို႔ မင္းမိန္႔က်လာခဲ့တယ္။
ဒီသတင္းက အနယ္နယ္အဖက္ဖက္ကို ပ်ံ႕ႏွံ႔သြားၿပီး ဖန္းက်စ္ဝမ္ မယုံၾကည္ရဲခဲ့ဘူး။
႐ႊီယန္ကေတာ့ သူ႔ကိုရွင္းျပဖို႔ စာတစ္ေစာင္ေတာင္ ေရးမပို႔ခဲ့ဘဲ ဖန္းက်စ္ဝမ္ကို စိတ္ႏွလုံးဆင္းရဲေစခဲ့တယ္......
ေနာက္ပိုင္းမွာ ႐ႊီယန္က မင္းသမီးကိုေခၚေဆာင္ၿပီး မဟာတံတိုင္းႀကီးအျပင္ဘက္မွာ စစ္သားရွာေဖြစုေဆာင္းခ်ိန္မွာေတာ့ ဖန္းက်စ္ဝမ္ကို ပိုၿပီး ေသမလိုစိတ္ဆင္းရဲေစခဲ့တယ္။ အစက တပ္ဆုတ္ဖို႔ျပင္ေနခဲ့တဲ့ ရန္သူတပ္ကလည္း မင္းသမီးကိုဖမ္းယူဖို႔ ညအခ်ိန္ ေမွာင္ခိုတိုက္ခိုက္ေလတယ္။ တပ္အတြင္း တစ္ခ်ိဳ႕ေနရာေတြမွာလည္း သူလွ်ိဳေတြရွိေနခဲ့တယ္။ ဒီလို႐ုတ္တရက္ေျပာင္းလဲမႈက အားလုံးကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲသြားေစခဲ့တယ္။
......
ရွန္ရွင္းေဆြ႕ ႐ုတ္တရက္ သေဘာေပါက္သြားရတယ္ "အဲ့တာေၾကာင့္ ဖန္းက်စ္ဝမ္က ေနာက္ဆုံးမွာ ဘာလို႔ နတ္သမီးဝတ္စုံဝတ္ပါလိမ့္လို႔ ကြၽန္ေတာ္ေတြးေနခဲ့တာ"
က်န္းစန္းစန္း ေခါင္းညိတ္ကာ ၿပဳံးလိုက္တယ္ "ဒါေတြအားလုံးက မင္းရဲ႕နတ္သမီးဝတ္စုံနဲ႔ပုံစံကေန လမ္းၫႊန္ျပခဲ့တာေတြပဲ အဲ့တာကငါစဥ္းစားေနတာပဲေလ တကယ္လို႔ စိတ္ဓာတ္ခိုင္မာၿပီး အားထက္သန္တဲ့ ေယာက္်ားတစ္ေယာက္က နတ္သမီးဝတ္စုံကိုဝတ္လိုက္ရင္ ဒီလိုပုံစံထြက္လာမွာပဲလို႔ေလ"
"ႏွေျမာစရာပဲ......"ရွန္ရွင္းေဆြ႕ ဇာတ္လမ္းရဲ႕အဆုံးသတ္ကို စဥ္းစားမိသြားၿပီး သက္ျပင္းတစ္ခ်က္ခ်လိုက္တယ္ "ဖန္းက်စ္ဝမ္ရဲ႕အခ်စ္က အရမ္းသပ္ရပ္လြန္းၿပီး ႐ႊီယန္ေရာက္လာတာ အရမ္းေနာက္က်လြန္းသြားတယ္"
႐ႊီယန္ မင္းသမီးကိုလက္ထပ္ယူၿပီး အတြင္းအျပင္ရန္သူေတြနဲ႔ ပူးေပါင္းလိုက္တာက မင္းသမီးကို ျပန္ေပးဆြဲၿပီး ထီးနန္းသိမ္းဖို႔အတြက္ပဲ။
သူကဘုရင္တစ္ပါးျဖစ္ခ်င္ၿပီး ဖန္းက်စ္ဝမ္ကို လူသိထင္ရွား တရားဝင္ လက္ထပ္ယူခ်င္ခဲ့တယ္။ သူအခ်စ္ဆုံး ကေလးတစ္ေယာက္ကို ဘုရင္ေနရာေပးခ်င္ခဲ့တယ္။ စာပို႔ၿပီးေျပာလိုက္တာနဲ႔ တျခားသူသိသြားမွာစိုးတာေၾကာင့္ တစ္ေယာက္တည္း တာဝန္ခံခဲ့တယ္။
သူ႔အစီအစဥ္ေတြ ေအာင္ျမင္သြားခ်ိန္မွသာ ဖန္းက်စ္ဝမ္အတြက္ အံ့အားသင့္စရာတစ္ခု ျဖစ္ေစခ်င္ခဲ့တယ္။
ဒါေပမဲ့ အဲဒီသူက သူ႔ကိုျဖည့္ဆည္းေပးဖို႔အတြက္၊ သူနဲ႔မင္းသမီးရဲ႕ေဘးကင္းေရးအတြက္ တပ္ဆုတ္ဖို႔ေျပာတဲ့ ႐ႊီယန္ရဲ႕စီစဥ္မႈကို မနာခံခဲ့ဘူး။ သူကနတ္သမီးဝတ္စုံကို ဝတ္ဆင္လိုက္ၿပီး အထီးက်န္ၿမိဳ႕မွာ ရပ္ေနခဲ့တယ္။ ပစ္မွတ္လႊဲယူဖို႔အတြက္ ႐ႊီယန္နဲ႔မင္းသမီးနဲ႔ ေဘးကင္းစြာထြက္ခြာႏိုင္ဖို႔အတြက္ ေနာက္ဆုံးမွာ မီးပင္လယ္အၾကား ေလာင္ကြၽမ္းခဲ့ရတယ္။
ရွန္ရွင္းေဆြ႕ ဇာတ္ၫႊန္းကိုယူကာ ေျပာလိုက္တယ္ "တကယ္ေတာ့ ဇာတ္ၫႊန္းကို ကြၽန္ေတာ္ပထမဆုံး အႀကိမ္ဖတ္တုန္းက ဖန္းက်စ္ဝမ္ဆိုတဲ့လူက အရမ္းတုံးတာပဲလို႔ထင္ခဲ့ဖူးတယ္ သူ႔မွာေ႐ြးခ်ယ္စရာေတြ အမ်ားႀကီးရွိေနေပမဲ့ ဘာလို႔ေသဖို႔ကိုမွ ေ႐ြးခ်ယ္ခဲ့ရတာလဲလို႔ေလ"
က်န္းစန္းစန္း ေဘးကေန သူ႔ကိုေျပာလာတယ္ "သူ႔အတြက္ေျပာရရင္ ဒါကအေကာင္းဆုံး ဦးတည္ရာတစ္ခု ျဖစ္ရင္ျဖစ္ေနမွာေပါ့"
႐ႊီယန္နဲ႔ မင္းသမီးနဲ႔ ထိမ္းျမားလိုက္တဲ့ အခ်ိန္ကတည္းက သူေသေနႏွင့္ၿပီးၿပီ။
မီးပင္လယ္ထဲမွာ ေလာင္ကြၽမ္းသြားရတာက သူ႔အတြက္ေျပာရရင္ လြတ္ေျမာက္ရာ လြတ္ေျမာက္ေၾကာင္းတစ္ခု ျဖစ္ေနမလားဆိုတာ ဘယ္သူသိမွာတဲ့လဲ?
ရွန္ရွင္းေဆြ႕က ဖန္းက်စ္ဝမ္ရဲ႕ဇာတ္ေကာင္ကို သိပ္ၿပီးမပိုင္ႏိုင္ေသးဘူး။ သူေမးလိုက္တယ္ "ဒါနဲ႔ ဒါ႐ိုက္တာက်န္း ဖန္းက်စ္ဝမ္ရဲ႕ လူငယ္အခ်ိန္နဲ႔ ရင့္က်က္ၿပီးေနာက္ပိုင္းကို လူႏွစ္ေယာက္ သ႐ုပ္ေဆာင္မွာလား?"
က်န္းစန္းစန္း ျပန္ေျဖလိုက္တယ္ "ကြၽန္ေတာ့္အထင္ေတာ့ မင္းတစ္ေယာက္တည္းဆိုရပါၿပီ မင္းရဲ႕နဂိုပုံစံကိုက ႏူးညံ့တယ္ေလ ငယ္႐ြယ္ခ်ိန္က ဖန္းက်စ္ဝမ္ကိုလည္း ထိန္းခ်ဳပ္ဖို႔အဆင္ေျပေလာက္တယ္"
ရွန္ရွင္းေဆြ႕ ရယ္ရခက္ ငိုရခက္နဲ႔ေျပာလိုက္တယ္ "ပိုက္ဆံေႁခြတာဖို႔အတြက္ မဟုတ္ဘူးလား?"
က်န္းစန္းစန္း ၿပဳံးလိုက္မိတယ္။ သူေခါင္းခါကာေျပာလိုက္တယ္ "တကယ္ေတာ့ ငယ္႐ြယ္စဥ္က႐ႊီယန္အတြက္ ကြၽန္ေတာ့္ရဲ႕သ႐ုပ္ေဆာင္ေမဂ်ာက အတန္းေဖာ္တစ္ေယာက္ကို သ႐ုပ္ေဆာင္ခိုင္းမလို႔ ဒါေပမဲ့ ရင့္က်က္ၿပီးေနာက္ စစ္သူႀကီး႐ႊီအတြက္က်ေတာ့ သူကတစ္ဆင့္ခ်င္းစီ အလုပ္လုပ္ခဲ့ရၿပီး သည္းခံတတ္တဲ့ ရင့္က်က္မႈမ်ိဳးရွိတယ္ ဒါအျပင္ စစ္ပြဲထဲက ျပတ္သားတဲ့ သတ္ျဖတ္မႈမ်ိဳးလည္းရွိတယ္ ဒါေတြအားလုံးက ငါ့သူငယ္ခ်င္း ထိန္းခ်ဳပ္ႏိုင္တာမ်ိဳးမဟုတ္ဘူး"
ရွန္ရွင္းေဆြ႕ နားလည္ေလတယ္။ သူေမးလိုက္တယ္ "ဒါဆို မင္းဘယ္သူ႔ကို စဥ္းစားထားလဲ?"
က်န္းစန္းစန္း အဓိပၸာယ္ျပည့္ဝစြာနဲ႔ ရွန္ရွင္းေဆြ႕ကို တစ္ခ်က္ၾကည့္လိုက္တယ္။ ေနာက္ အားနာစြာနဲ႔ ရယ္လိုက္တယ္ "တကယ္ေတာ့ ငါ့စိတ္ထဲမွာ နာမည္တစ္ခုရွိေနၿပီးသားရယ္......"
ရွန္ရွင္းေဆြ႕ သိပ္ၿပီးမေကာင္းတဲ့ ခံစားခ်က္မ်ိဳးကို ႐ုတ္တရက္ႀကီး ရလိုက္တယ္ "ဘယ္သူတုန္း?"
"ငါ့အထင္ တကယ္လို႔ တစ္ေယာက္ေယာက္ကသာ ႐ႊီယန္ေနရာကို လုံးဝၿပီးျပည့္စုံေအာင္ သ႐ုပ္ေဆာင္ႏိုင္မယ္ဆိုရင္ အဲ့တာက ဖုက်င္းေရွာင္းပဲျဖစ္လိမ့္မယ္" က်န္းစန္းစန္းက ေလးစားတဲ့အမူအရာနဲ႔ေျပာလာတယ္ "ဖုေလာင္ရွီးကလြဲလို႔ အႏုပညာေလာကထဲမွာ ဒုတိယတစ္ေယာက္ကို ငါဘယ္လိုမွစဥ္းစားလို႔မထြက္လာဘူး"
ရွန္ရွင္းေဆြ႕ တိတ္ဆိတ္သြားေတာ့တယ္။
က်န္းစန္းစန္း ေခ်ာင္းတစ္ခ်က္ဟမ့္လိုက္တယ္ "မင္းအထင္ တကယ္လို႔ ငါသာ ေလးေလးစားစားနဲ႔ ဖုေလာင္ရွီးကို သြားဖိတ္မယ္ဆိုရင္ သူသေဘာတူေလာက္လား?"
ရွန္ရွင္းေဆြ႕လည္း ေရတစ္ငုံေသာက္လိုက္တယ္ "ဒီလိုပဲ ငါမင္းကိုေျပာတာေပါ့ မင္းေပးတဲ့လစာ တစ္လ၃ေထာင္နဲ႔ဆိုရင္ေတာ့ အဲဒီေမွ်ာ္လင့္ခ်က္က 0ပဲ"
"......"
ဒီေလာက္ႀကီး မရက္စက္ပါနဲ႔လား။
ေျပာေနရင္းနဲ႔ပဲ ရွန္ရွင္းေဆြ႕ ျပန္လာတဲ့လမ္းမွာ ဖုက်င္းေရွာင္းရဲ႕ဖုန္းကို လက္ခံရရွိလိုက္တယ္။ သူအလ်င္အျမန္ကိုင္လိုက္ၿပီး မ်က္လုံးထဲမွာ မသိမသာနဲ႔ အၿပဳံးေလးေပၚလာရတယ္ "ဖုေလာင္ရွီး?"
"အင္း" ဖုက်င္းေရွာင္းရဲ႕အသံက ဖုန္းတစ္ဖက္ကေန ထြက္လာခဲ့တယ္။ အမ်ိဳးသားက ခပ္ျဖည္းျဖည္းေျပာတယ္ "မင္းစာခ်ဳပ္ခ်ဳပ္လိုက္တယ္လို႔ ကိုယ္ၾကားသလားလို႔ေလ?"
သူ႔ရဲ႕သတင္းျမန္ဆန္မႈေၾကာင့္ ရွန္ရွင္းေဆြ႕ အံ့အားသင့္သြားရတယ္။ ဒါေပမဲ့လည္း ေခါင္းညိတ္လိုက္ဆဲပဲ "ဟုတ္တယ္ စာခ်ဳပ္ခ်ဳပ္လိုက္ၿပီ ကြၽန္ေတာ္ေတာင္ ေလာင္ရွီးကို ဖုန္းေခၚေတာ့မလို႔"
ဖုက်င္းေရွာင္း တစ္ခ်က္ရယ္လိုက္တယ္ "ဟုတ္လို႔လား ရွန္ေလာင္ရွီးက ကိုယ့္ကို သတိမရဘူးလို႔ေတာင္ ထင္ေနတာ"
"ဘယ္ကသာ" ရွန္ရွင္းေဆြ႕ ဖုန္းေျပာရင္း အျပင္ဘက္ကိုသြားေနေလတယ္ "ေကာ ဝမ္က်ဲဆီကေန ၾကားတာလား?"
ဖုက်င္းေရွာင္း တစ္ခ်က္အသံျပဳလိုက္တယ္ "စာခ်ဳပ္ကို ကိုယ္မင္းကို ကူၾကည့္ၿပီးသြားၿပီ ဘာျပႆနာမွမရွိဘူး စာခ်ဳပ္ခ်ဳပ္ၿပီးၿပီဆိုမွေတာ့ ေကာင္းေကာင္း႐ိုက္"
ဖုက်င္းေရွာင္းကိုယ္တိုင္ စာခ်ဳပ္ကို သူ႔အတြက္ ကူၾကည့္ေပးမယ္လို႔ ရွန္ရွင္းေဆြ႕ မထင္ထားမိဘူး။ သူ႔စိတ္ထဲ ေႏြးေထြးသြားရတယ္။ ဒီအမ်ိဳးသားက အရမ္းအလုပ္မ်ားတယ္၊ အလြန္႔အလြန္အလုပ္မ်ားတယ္ ဆိုတာကို သူသိတယ္။ အနားယူရတဲ့အခ်ိန္ေတာင္ အလြန္နည္းတယ္။ အဲဒီေလာက္ အလုပ္မ်ားေနေပမဲ့လည္း သူ႔ရဲ႕ကိစၥေတြကိုေတာ့ အေရးတႀကီးဆက္ဆံေပးေနတုန္းပဲ။
ရွန္ရွင္းေဆြ႕ အသံတိုးနဲ႔ေျပာလိုက္တယ္ "ေကာဒီေလာက္ အလုပ္မ်ားေနတာကို ကြၽန္ေတာ့္အစား စာခ်ဳပ္ကူၾကည့္ေပးေသးတယ္ေပါ့"
ဖုက်င္းေရွာင္းဘက္မွာ အနည္းငယ္ဆူညံမႈေလးေတြ ရွိေနေပမဲ့ တစ္ခဏအတြင္း ျပန္တိတ္ဆိတ္သြားေတာ့တယ္။ အမ်ိဳးသားရဲ႕အသံက တစ္ဖက္ကေန ျဖည္းျဖည္းထြက္လာတယ္ "အႏုပညာေလာကထဲက တစ္ခ်ိဳ႕စာခ်ဳပ္ေတြက အေပါက္ေတြကိုအသုံးခ်ၿပီး လူသစ္ေတြကို လွည့္စားတာေတြမွ အမ်ားႀကီးပဲ မင္းကိုကူညီမေပးရင္ ဘယ္လိုလုပ္မလဲ အဲဒီအခ်ိန္က် အလိမ္ခံလိုက္ရရင္ ကိုယ့္အခ်ိန္ကိုယ္ ျဖဳန္းတီးေနတာပဲမဟုတ္လား"
"......"
ရွန္ရွင္းေဆြ႕ စိတ္ထဲမွာ ႐ုတ္တရက္ႀကီး တစ္ခဏဆို႔နင့္သြားလိုက္ တစ္ခဏခ်ိဳၿမိန္သြားလိုက္ ျဖစ္ေနေတာ့တယ္။
ေနာက္ေတာ့ သူအနည္းငယ္ ရွက္႐ြံ႕စြာနဲ႔ ေျပာလိုက္တယ္ "ကြၽန္ေတာ္က ဘယ္လိုလုပ္ၿပီး အဲ့ေလာက္လိမ္ရလြယ္မွာလဲ"
"ဟုတ္တယ္ဟုတ္တယ္ဟုတ္တယ္ ရွန္ေလာင္ရွီးက ေတာ္ေနၿပီးသားပါ"
ဖုက်င္းေရွာင္း ျဖည္းျဖည္းျပန္ေျဖလာၿပီး အသံကိုဆြဲေျပာလာတယ္။ အမ်ိဳးသားရဲ႕မ်က္ႏွာေပၚမွာရွိေနမဲ့ ပ်င္းရိရိအၿပဳံးတစ္ပြင့္ကို ဖုန္းတစ္ဖက္က ရွန္ရွင္းေဆြ႕ေတာင္ ခန္႔မွန္းၾကည့္ႏိုင္တယ္။ အနည္းငယ္ဆိုးသြမ္းပုံေပါက္ေပမဲ့ ထူးထူးျခားျခား စြဲလမ္းေစတယ္။
စဥ္းစားလိုက္မိတာနဲ႔ စိတ္ထဲမွာပိုလြမ္းဆြတ္သြားရတယ္။
သူတို႔မေတြ႕ရတာ ၁၀ရက္ေက်ာ္ေလာက္ရွိေတာ့မယ္။ ၿပီးေတာ့ သူကလည္း ဇာတ္ကား႐ိုက္ကူးေရးလုပ္ဖို႔ သြားရေတာ့မွာ။ ေနာက္တစ္ႀကိမ္ထပ္ေတြ႕ႏိုင္ဖို႔က ဘယ္ေတာ့မွျဖစ္မလဲမသိဘူး။
တကယ္လို႔ ေတြ႕ႏိုင္မယ္ဆိုရင္ ေကာင္းတာေပါ့......
တကယ္လို႔ အၿမဲတမ္းေတြ႕ေနရရင္ေကာင္းမွာပဲ။ သူ႔ကိုတကယ္လြမ္းတယ္။
ရွန္ရွင္းေဆြ႕ရဲ႕ တစ္ခဏတာ တိတ္ဆိတ္သြားမႈက သူဘာမွမေျပာရင္ေတာင္ ဖုန္းတစ္ဖက္ကလူက ခံစားမိလိုက္တယ္။ ဖုက်င္းေရွာင္းအသံနိမ့္နဲ႔ သူ႔နာမည္ေခၚလိုက္တယ္ "ေဆြ႕ေဆြ႕"
ရွန္ရွင္းေဆြ႕ထိတ္လန္႔သြားရကာ အသံျပဳလိုက္တယ္ "ဘာျဖစ္လို႔လဲ?"
ဖုက်င္းေရွာင္းရဲ႕အသံက ျပတ္ျပတ္သားသားျဖစ္ေနတယ္ "ဖုန္းခ်လိုက္ေတာ့မယ္"
ဖုန္းခ်လိုက္ေတာ့မယ္ဆိုတာက ဘာအဓိပၸာယ္လဲဆိုတာ ရွန္ရွင္းေဆြ႕ နားမလည္လိုက္ေသးခင္မွာပဲ ဖုက်င္းေရွာင္းဘက္ကေန ဖုန္းခ်သြားခဲ့တယ္။ သူေစာနက ဘာေၾကာင့္လဲဆိုတာေမးဖို႔ အခ်ိန္မမီလိုက္လို႔ စိတ္မေကာင္းျဖစ္ေနတုန္းမွာပဲ ေတာင္းဆိုခ်က္တစ္ခု ထပ္မံရရွိခဲ့တယ္။ video callတစ္ခုျဖစ္တယ္။
ရွန္ရွင္းေဆြ႕ ေပ်ာ္လည္းေပ်ာ္ အလ်င္လည္းလိုသြားၿပီး မွန္ထဲမွာ သူ႔ပုံစံကိုတစ္ခ်က္ၾကည့္လိုက္တယ္။ ၿပီးေတာ့မွ video callကို အလ်င္အျမန္ကိုင္လိုက္တယ္။
Videoတစ္ဖက္မွာ သူအလြန္ေတာင့္တေနရတဲ့ မ်က္ႏွာေလး ထြက္ေပၚလာတယ္။ ႐ုပ္ရွင္ဧကရာဇ္ဖုက တကယ့္ကို အမ်ားသူငွာေျပာသလို စခရင္အႀကီးႀကီးနဲ႔သင့္ေတာ္တဲ့လူျဖစ္တယ္။ သူကအျပင္မွာလည္း အလြန္ေခ်ာေမာတယ္။ ဒါေပမဲ့ ဖန္သားျပင္ေပၚေရာက္သြားလို႔ လွေအာင္လုပ္တဲ့filterေတြမရွိရင္ေတာင္ ႐ိုး႐ိုးကင္မရာနဲ႔လည္း ေခ်ာေမာေနဆဲျဖစ္တယ္။
ဖုက်င္းေရွာင္းက ညစာစားပြဲတစ္ခုရဲ႕ ဝရံတာမွာျဖစ္ေလာက္တယ္။
"ဘာေတြလုပ္ေနတာလဲ?" ဖုက်င္းေရွာင္း ဝရံတာကိုမွီရင္း ေျပာလာတယ္ "ကိုင္ဖို႔ဒီေလာက္ၾကာေနတာ"
ရွန္ရွင္းေဆြ႕ ျဖည္းျဖည္းအသက္ရႈေနရင္း သူ႔ကိုမေက်မနပ္ၾကည့္လိုက္တယ္ "ကြၽန္ေတာ့္ပုံစံကို ပုံစံက်ေအာင္ လုပ္ေနတာ"
ဖုက်င္းေရွာင္းအံ့အားသင့္သြားၿပီးမွ ဖြဖြရယ္လိုက္တယ္ "အိုင္ေဒါစိတ္ ေတာ္ေတာ္မ်ားတာပဲ ေနာက္တစ္ခါက် ဒီေလာက္စိတ္လႈပ္ရွားဖို႔ မလိုပါဘူး ၿပီးေတာ့ မင္းမနက္အေစာထလို႔ ရႈပ္ပြေနတဲ့ပုံစံကိုေတာ့ ကိုယ္ျမင္ဖူးတာပဲ တျခားပုံစံကို ဘယ္လိုလုပ္ မႀကိဳက္ဘဲရွိမွာလဲ?"
"အဲ့တာကမတူဘူးေလ......" ရွန္ရွင္းေဆြ႕ေရ႐ြတ္ကာ တိုးတိုးေျပာလာတယ္ "ကြၽန္ေတာ္တို႔မေတြ႕ရတာ ေတာ္ေတာ္ၾကာေနၿပီဆိုေတာ့ ပုံမွန္က်က်ေလးျဖစ္ခ်င္လို႔ကို"
သူ႔အသံက အရမ္းတိုးေပမဲ့ ဖုက်င္းေရွာင္းကေတာ့ ၾကားလိုက္ဆဲပဲ။
အမ်ိဳးသားက မ်က္ႏွာေပၚက စည္းကမ္းမဲ့အၿပဳံးကို ျဖည္းျဖည္းခ်င္း ျပန္႐ုတ္သိမ္းလိုက္တယ္။ ရွန္ရွင္းေဆြ႕ရဲ႕မ်က္လုံးေလးေတြ အမ်ားႀကီးမႈိင္းညိဳ႕သြားတာျမင္ေတာ့ သူ႔မ်က္ႏွာေပၚမွာ ႏူးညံ့မႈေလးေတြ ထြက္ေပၚလာရတယ္။ သူကအသံနိမ့္နိမ့္နဲ႔ "ကိုယ္ဒီကအလုပ္က အခ်ိန္တစ္ခဏေလာက္ၾကာရင္ ၿပီးေတာ့မွာ မင္းတို႔႐ိုက္ကူးေရးစတဲ့အခ်ိန္က်ရင္ ကိုယ္မင္းဆီလာလည္လွည့္မယ္ေလ"
ရွန္ရွင္းေဆြ႕ ခ်က္ခ်င္းေပ်ာ္႐ႊင္သြားေတာ့တယ္ "တကယ္လား?"
ဖုက်င္းေရွာင္း ေခါင္းညိတ္လိုက္တယ္ "အင္း"
ဒီအေၾကာင္းေျပာမွ ဒါ႐ိုက္တာက်န္းေျပာထားတဲ့ ဇာတ္လမ္းကိစၥကို ရွန္ရွင္းေဆြ႕ သတိရသြားရတယ္။ အခုေန ဖုက်င္းေရွာင္းကို ဒါ႐ိုက္တာက်န္း ဆက္သြယ္ၿပီးၿပီလားေတာ့မသိဘူး။ ဖုက်င္းေရွာင္း သေဘာတူမလားေတာ့မသိဘူး။
က်န္းစန္းစန္း ဖုက်င္းေရွာင္းကို ဘယ္လိုဖိတ္မလဲဆိုတဲ့ကိစၥကိုေတာ့ ရွန္ရွင္းေဆြ႕ဝင္ပတ္သက္ဖို႔ မစဥ္းစားထားဘူး။ သူေသခ်ာေပါက္ စဥ္းစားတာေပါ့။ ဖုေလာင္ရွီးနဲ႔အတူတူ ဇာတ္ကားတြဲ႐ိုက္ႏိုင္ဖို႔ကိုလည္း ေသခ်ာေပါက္ေမွ်ာ္လင့္တာေပါ့။ ၿပီးေတာ့ ဖုေလာင္ရွီးကို သူႀကိဳက္လာတာ ဒီေလာက္ႏွစ္ေတြၾကာၿပီ တကယ္လို႔ ဒီအမ်ိဳးသားနဲ႔သာ ဇာတ္ကားတစ္ကားထုတ္လုပ္ႏိုင္ရင္ အဲ့တာကသုံးဘဝစာေပ်ာ္႐ႊင္မႈပဲ။
ဒါေပမဲ့ တကယ္လို႔ပူးေပါင္းႏိုင္မယ္ဆိုရင္လည္း ဖုက်င္းေရွာင္းကိုယ္တိုင္ ဆႏၵရွိတာမ်ိဳး ျဖစ္ေစခ်င္တယ္။
ဘယ္သူ႔ရဲ႕မ်က္ႏွာကို ေထာက္ရတာတို႔ ဒါမွမဟုတ္ သူ႔ရဲ႕ေတာင္းဆိုခ်က္ေၾကာင့္ သေဘာတူလိုက္တာမ်ိဳး မျဖစ္ေစခ်င္ဘူး။ အဲ့တာေၾကာင့္ ဆက္ၿပီးတိတ္ဆိတ္ေနဖို႔ပဲ သူေ႐ြးခ်ယ္လိုက္တယ္။
......
တစ္လၾကာၿပီးေနာက္
စတူဒီယိုထဲမွာ လူေတြျပည့္ႏွက္ေနၿပီး မီးေရာင္ေတြနဲ႔ ကင္မရာမီးတစ္ဖ်က္ဖ်က္ကလည္း ဆက္တိုက္လင္းလက္ေနတယ္။
ကင္မရာေရွ႕မွာရပ္ထားတဲ့ အမ်ိဳးသားက အျပာရင့္ရင့္ေခတ္ဝတ္စုံကို ဝတ္ဆင္ထားတယ္။ ဖုက်င္းေရွာင္းက မီးေရာင္ေတြကိုၾကည့္ရင္း မ်က္လုံးတစ္ခ်က္မခတ္ ဓာတ္ပုံ႐ိုက္ေနတယ္။ သူ႔ရဲ႕ကိုယ္ခႏၶာက ၿပီးျပည့္စုံတဲ့ေမာ္ဒယ္တစ္ေယာက္နဲ႔ေတာင္ ႏႈိင္းယွဥ္လို႔ရတယ္။ ႏွစ္အေတာ္ၾကာ အသားက်ေနၿပီးသားျဖစ္တဲ့ ဓာတ္ပုံ႐ိုက္ျခင္းက သူ႔ရဲ႕လႈပ္ရွားမႈေတြကိုေတာင္ ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ေနေစတယ္။ ဓာတ္ပုံဆရာရဲ႕ၫႊန္ၾကားမႈကိုေတာင္ မလိုအပ္ေတာ့ဘူး။
ခပ္ျမန္ျမန္ပဲ :
"ေကာင္းတယ္"
"အလုပ္သိမ္းမယ္"
"ေက်းဇူးတင္ပါတယ္ ဖုေလာင္ရွီး"
"ဖုေလာင္ရွီး ပင္ပန္းသြားပါၿပီ!"
မဂၢဇင္းဓာတ္ပုံ႐ိုက္တာ ၿပီးစီးသြားေလၿပီ။ အလုပ္ၿပီးဆုံးၿပီးေနာက္ ဖုေလာင္ရွီး စင္ေပၚကေန ဆင္းလာခဲ့တယ္။ ေအာက္က လက္ေထာက္ေလးေဖးေဖးက အလ်င္အျမန္ ေရလွမ္းေပးလိုက္တယ္ "ဒီေန႔ရဲ႕အလုပ္စဥ္အားလုံး ၿပီးဆုံးသြားၿပီ မနက္ျဖန္ညေနက်ရင္ေတာ့ သတင္းစာရွင္းလင္းပြဲတစ္ခုရဲ႕ အင္တာဗ်ဴးကို သြားရဦးမွာရွိတယ္ တကယ္လို႔ ဘာမေတာ္တဆမွ မရွိဘူးဆိုရင္ ညီမတို႔သဘက္ခါဆိုရင္ တ႐ုတ္ကိုျပန္လို႔ရၿပီ ညီမသဘက္ခါအတြက္ ေလယာဥ္လက္မွတ္လည္း မွာထားၿပီးၿပီ"
ဖုက်င္းေရွာင္း ေရခြက္ကိုယူရင္း ေျပာလိုက္တယ္ "မနက္ျဖန္ညေန ၿပီးမွာမဟုတ္လား အဲ့တာဆို ညပိုင္းလက္မွတ္ျဖတ္လိုက္ေတာ့"
ေဖးေဖး ေၾကာင္အသြားရတယ္။
သူတို႔ဒီတစ္ေခါက္ ျပည္ပထြက္လာတာက အစကတစ္လခြဲေလာက္ၾကာမယ္လို႔ ခန္႔မွန္းထားတာျဖစ္တယ္။ သူတို႔ဒီကို အဆင့္ျမင့္luxury brandတစ္ခုရဲ႕ promotion video႐ိုက္ဖို႔အတြက္ ေရာက္ေနၾကတာျဖစ္တယ္။ ဒါအျပင္ ဖုမိသားစုရဲ႕ ကိုယ္ပိုင္ထုတ္ကုန္အတြက္ မဂၢဇင္း႐ိုက္ဖို႔အတြက္ေရာေပါ့။ ေနာက္ၿပီး အမ်ိဳးမ်ိဳးေသာ ညစာစားေသာက္ပြဲေတြတက္ဖို႔၊ နာမည္ႀကီးဂီတပညာရွင္ေတြနဲ႔ေတြ႕ဖို႔လိုမ်ိဳး အားလုံးကိုစုေပါင္းလိုက္ရင္ အမ်ားဆုံးတစ္လခြဲေလာက္မွပဲ ၿပီးႏိုင္မွာျဖစ္တယ္။
ဒါေပမဲ့ မထင္ထားတာက ဖုက်င္းေရွာင္းက တစ္ေလ်ာက္လုံး အလုပ္လုပ္ဖို႔စိတ္အားထက္သန္ေနၿပီး ဘယ္ေလာက္မွေတာင္ အနားမယူဘူး။ အရမ္းအိပ္ခ်င္ေနတာနဲ႔ ပင္ပန္းတဲ့အခ်ိန္ေတြကိုလည္း ကားေပၚမွာအိပ္တာနဲ႔ ခရီးသြားတဲ့အခ်ိန္ေတြမွာပဲ ျဖတ္သန္းခဲ့တာျဖစ္တယ္။ အခ်ိန္ေတြကိုဖိသိပ္ၿပီးေတာ့ တစ္လနဲ႔ၿပီးေအာင္ လုပ္ေဆာင္ခဲ့တယ္။ ေနာက္ဆုံးတစ္ညကိုေတာင္ အနားမယူဘဲ တ႐ုတ္ကိုတန္းျပန္လိမ့္မယ္လို႔ေတာ့ မထင္ထားမိဘူး။
ေကာင္မေလးေဖးေဖးက မသိလိုက္ပါသာနဲ႔ ၿပဳံးလိုက္ၿပီး စေနာက္လိုက္တယ္ "ေလာင္ရွီးမဟုတ္မွ ရွန္ေလာင္ရွီးကို လြမ္းေနၿပီလား"
ဖုက်င္းေရွာင္း သူ႔ကိုတစ္ခ်က္စိုက္ၾကည့္လိုက္တယ္။ အၾကည့္ေတြထဲမွာ သတိေပးမႈေတြ ပါဝင္ေနေပမဲ့ ျငင္းဆိုျခင္းေတာ့မရွိဘူး။
ေဖးေဖးက ေသခ်ာေပါက္ ဉာဏ္ေကာင္းတဲ့ကေလးမေလးျဖစ္တယ္။ ပုံမွန္အခ်ိန္ေတြမွာေတာ့ သူဖုက်င္းေရွာင္းကို ေၾကာက္တယ္။ ဒါေပမဲ့ ဖုေလာင္ရွီး စိတ္အေျခေနေကာင္းေနတဲ့ အခ်ိန္မွာေတာ့ စေနာက္ေလ့ရွိတယ္။ အထူးသျဖင့္ ခ်စ္သူအေၾကာင္းကို ေျပာတဲ့အခ်ိန္မွာ ဖုက်င္းေရွာင္းရဲ႕ စိတ္အေျခအေနက ပိုေကာင္းေလတယ္။
ေဖးေဖးေျပာလာတယ္ "ရွန္ေလာင္ရွီးကို လြမ္းတာက ဘာမ်ားအားနာစရာရွိလို႔လဲ ေလာင္ရွီးက အၿမဲတမ္းသိုဝွက္ေနတာ သူမ်ားလုယူသြားမွာ မစိုးဘူးလား"
ဖုက်င္းေရွာင္း တစ္ခ်က္ရယ္လိုက္တယ္။ နားေနခန္းတံခါးကို တြန္းဖြင့္လိုက္ၿပီး အမ်ိဳးသားက သက္ေတာင့္သက္သာနဲ႔ ဆိုဖာေပၚမွာ ထိုင္လိုက္တယ္။ မိတ္ကပ္ဆရာ မိတ္ကပ္ဖ်က္ေပးေနတာကို ပ်င္းရိရိၿငိမ္ခံေပးေနရင္း ျဖည္းျဖည္းေျပာလာတယ္ "လုံးဝမျဖစ္ႏိုင္ဘူး"
ေဖးေဖး 'ဟမ့္'ခနဲ တိုးတိုးလုပ္လိုက္တယ္ "ေလာင္ရွီးက ရွန္ေလာင္ရွီးႀကိဳက္တာကိုပဲ အားကိုးေနတာမလား"
သူတို႔စကားေျပာေနတုန္းမွာ မိတ္ကပ္ဆရာနဲ႔ ဒီဇိုင္နာတို႔လည္းရွိၾကတယ္။ သူတို႔ေတြအားလုံးက ဖုက်င္းေရွာင္းရဲ႕အဖြဲ႕ထဲကျဖစ္ၿပီး ပုံမွန္အခ်ိန္ေတြမွာ အရမ္းရင္းႏွီးၾကတယ္။
မိတ္ကပ္ဆရာက ေျပာလာတယ္ "မင္းတို႔ ရွန္ေလာင္ရွီးအေၾကာင္း ေျပာေနၾကတာလား?"
ေဖးေဖးေခါင္းညိတ္လိုက္တယ္ "ဟုတ္တယ္ေလ"
"ဝါး ရွန္ေလာင္ရွီးရဲ႕ အခုတစ္ေလာ topicေတြက အရမ္းမ်ားတယ္ေနာ္" မိတ္ကပ္ဆရာက ၿပဳံးကာေျပာလာတယ္ "ကြၽန္မကျပည္ပမွာရွိေနေပမဲ့ ကြၽန္မညီမေလးက သူ႔ကိုအရမ္းသေဘာက်တာေလ အခုတေလာ ရွန္ေလာင္ရွီးက ဇာတ္ကားတစ္ကား႐ိုက္ေနတာကို တရားဝင္ေၾကျငာထားတယ္မဟုတ္လား ဘာေခၚတာတဲ့ 'အထီးက်န္ၿမိဳ႕'ဆိုလားပဲေလ"
ေဖးေဖးလည္း စိတ္ဝင္စားသြားရတယ္ "အထီးက်န္ၿမိဳ႕ကို တရားဝင္ေၾကျငာၿပီေပါ့"
မိတ္ကပ္ဆရာ ေခါင္းညိတ္လိုက္တယ္ "ဟုတ္တယ္ေလ ဟုတ္တယ္ေလ ေနာက္ၿပီး ႐ႊီယန္ငယ္ေလးနဲ႔ ဖန္းက်စ္ဝမ္ရဲ႕ posterကိုေတာင္ တရားဝင္ေၾကျငာၿပီးသြားၿပီ"
"အဲဒီposterလား ကြၽန္မလည္းၾကည့္ၿပီးၿပီ ဘုရားေရ ဘုရားေရ ေယာက်္ားေလးႏွစ္ေယာက္ယွဥ္ရပ္တာက ဒီေလာက္မိုက္လိမ့္မယ္လို႔ ကြၽန္မျဖင့္ ေတြးေတာင္မေတြးဖူးဘူး" ဒီဇိုင္နာလည္း အနားေလွ်ာက္လာခဲ့တယ္ "အဲဒီposterကို ကြၽန္မwallpaperလုပ္ဖို႔ေတာင္ သိမ္းထားၿပီးသြားၿပီ ရွန္ေလာင္ရွီးနဲ႔ ႐ႊီယန္ဇာတ္ေကာင္ရဲ႕ သ႐ုပ္ေဆာင္ က်န္းေခ်ာင္တို႔ အတူတူရပ္ေနတာက အရမ္းခံစားခ်က္မိတာပဲ!"
ဒီထဲမွာ လက္ေထာက္ေလးကလြဲလို႔ မိတ္ကပ္ဆရာေရာ ဒီဇိုင္နာေရာက ဖုက်င္းေရွာင္းနဲ႔ ရွန္ရွင္းေဆြ႕ရဲ႕ဆက္ဆံေရးကို မသိၾကေသးဘူး။ သာမန္ဆရာတပည့္ ဆက္ဆံေရးလို႔ပဲ ထင္ေနၾကတာျဖစ္တယ္။
အဲ့တာေၾကာင့္ သူေဌးရဲ႕မ်က္ႏွာက ပိုပိုၿပီး ၾကည့္ရဆိုးလာတာကို သူတို႔ႏွစ္ေယာက္ သတိမထားမိဘူး။ ဒါအျပင္ သူတို႔cpအေၾကာင္းေျပာေနၾကခ်ိန္မွာ လက္ေတာင္ေထာင္လိုက္ေသးတယ္ "ဘာposterလဲ ကြၽန္ေတာ္လည္းၾကည့္ၾကည့္မယ္"
ဒီဇိုင္နာက သူဆြဲေဆာင္လို႔ရႏိုင္တဲ့ ညီအစ္မတစ္ေယာက္ကို ေတြ႕လိုက္ရသလိုမ်ိဳး ေျပာဆိုလာတယ္ "ဒီposterေလ ဖုေကာၾကည့္ၾကည့္ သူတို႔ႏွစ္ေယာက္ရဲ႕ ဒီအကြာအေဝးနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႕ဆုံလို႔မွမၾကာေသး မျဖစ္မေန ခြဲခြာလိုက္ရတဲ့ လက္ေတြေလ ဘုရားေရ ဒီပုံကတကယ္လန္းလြန္းတယ္ ဝတ္စုံေတြၾကည့္ရတာ ပိုက္ဆံသိပ္မရွိပုံေပါက္ေပမဲ့ အေကာင္းေတြ မ်က္ႏွာေပၚမွာပဲမူတည္တာေလ သူတို႔မွာတကယ့္ကို cpခံစားခ်က္ရွိတယ္ ဝူးဝူး သူတို႔ၾကည့္ရတာ အရမ္းလိုက္ဖက္တာပဲ ဖုေကာအထင္ေရာ?"
အခန္းတြင္းမွာ တိတ္ဆိတ္မႈ စိုးမိုးသြားေတာ့တယ္။
ဓာတ္ပုံထဲက ကိုယ္ဟန္အေနထားအရ ရင္းႏွီးေနတဲ့ လူႏွစ္ေယာက္ကို ဖုက်င္းေရွာင္းၾကည့္ရင္း မ်က္လုံးေတြကို အႏၲရာယ္ရွိစြာ ေမွးက်ဥ္းလိုက္မိတယ္။ ပါးစပ္မွာ ႏူးညံ့တဲ့အၿပဳံးတုတစ္ခုကို တပ္ဆင္ရင္း ဒီဇိုင္နာကို ေမာ့ၾကည့္လိုက္တယ္။ ျဖည္းညင္းစြာနဲ႔ စာလုံးတစ္လုံးစီကို ဆြဲေျပာလိုက္တယ္ "မင္းအထင္ အရမ္းလိုက္ဖက္တယ္လား?"
"......"
ဒီဇိုင္နာေလး ေနာက္ေက်ာဘက္မွာ ေအးခနဲျဖစ္သြားရတယ္။
_____________________
Word – 7147
December 28, 2023 (Thu)
Xiao Dream
တစ္စုံတစ္ဖုေတာ့ ရွာလကာရည္အိုးေမွာက္ေနပါၿပီ😅 ေကာင္းေသာညေလးျဖစ္ပါေစခင္ဗ်ာ❤