မန္တလေး နွဦေးသည် ပူနွနွေ့ေ့ ခမ်းခြောက်ခြောက် ရှိလှပါသည်။ ပူခြင်း၊နွေးခြင်း ပျော်ရွှင်ခြင်းများနှင့်သာ ပြည့်နှက်နေခဲ့ပါသည်။ ထို ပူနွေးနွေး ပျော်ရွှင်ခြင်းတို့တွင် မပျော်ရွှင်သော သူနှစ်ယောက်ရှိကြသည်။
ပြည့်မြတ်ကျော်စွာ၏ အိမ်၌ ဦးကျော်စွာ နေခဲ့သည်ကား တစ်ပတ်ပင်ပြည့်လုနေပြီ။ အမေသည်လည်း အိမ်၌သန့်ပြန့်ကာနေသည်။ အမေကိုစောက်ရှောက်ပေးမည့် ဦးကျော်စွာရှိနေသောကြောင့် မန္တလေးတောင်၌ သစ္စာပန်းများ အား တစ်ယောက်တည်း ရောင်းနိုင်ခဲ့ပြီ။
ယခုရောင်းမည့် ပန်းအမျိုးအစားသည် တစ်မျိုးတည်းမဟုတ်ပါပေ။ နှစ်မျိုးဖြစ်သည်။ သစ္စာပန်းဟူသည့် ပန်းနှင့် ခရေပန်းဟူသော ပန်းများပင်ဖြစ်သည်။ သစ္စာပန်း အစည်း၆၀နှင့် ခရေကုံး ၃၀တို့ရှိသည်။
ဟင်္သာ သည်လည်း ပြည့်မြတ်ကျော်စွာ၏ အိမ်၌သာ အခမဲ့နေထိုင်နေသည်။ ရှင်းရှင်းပြောရလျှင် ဟင်္သာ သည် ချစ်ဖို့သိပ်ကောင်းသည်။ နူးညံလှသော အသားအရည် ၊ပန်းရောင်နှင့် အနီရောင်ခွဲခြားမရသော ဟင်္သာ ၏ ဆံပင်နှင့် မျက်လုံးများကလည်း တစ်မူထူးဆန်းသည်။ ဟင်္သာ သည် လှသည်။
ရုတ်တရက်ဗိုက်ဆာလာ၍ ဘုရားဇောင်းတန်းက နာရီအား မော့ကြည့်လိုက်မိသည်။ အချိန်သည် ၁၁နာရီ ခွဲနေပြီ။ အွန်းပေါ့ ထမင်းစားချိန်တောင်ရောက်လုနေပြီဘဲ။ အရင်တုန်းက ပြည့်မြတ်ကျော်စွာသည် ထမင်းစားချိန်တွင် ထမင်းမစားပါပေ ညရောက်မှဘဲ နေ့လည်စာနဲ့ညစာ ပေါင်းစားတတ်သည်။ ဟင်္သာ ရောက်လာသည့်အချိန်မှစ၍ ထမင်းစားချိန်မှန်နေတော့သည်။
မန္တလေးတောင်၏ လှေကားထစ်များကို တစ်ချက်ကောက်ကြည့်လိုက်သည်။ ပြီးနောက် ပါးစပ်က ညီးညူသံတစ်ချက်ထွက်ဆိုလိုက်မိပြန်သည်။
"ပျင်းလိုက်တာ"
ဧည့်သည့် အလာနည်းလှသည့် မန္တလေးတောင်ပင်တည်း။ လူနှစ်ယောက်စ သုံးယောက်စလောက်ကိုသာတွေ့သည်။ ထိုစဉ် ပုပုသေးသေးလူတစ်ယောက် မနိုင်မနင်းသည်လာသည့် ခြင်းတောင်းနှင့် သူကိုတွေ့လိုက်သည်။ ထိုသူက ဆံနွယ် နီနီရှိသည်။ သေချာသည် ထိုလူကား ဟင်္သာ ပင်။ ထိုသူ ပြည့်မြတ်ကျော်စွာ နားကို တည့်တည့်ကြီးလျှောက်ချလာသည်။ ပြီးနောက်
"ဗိုက်ဆာနေပြီလား ကျော်စွာ"
"မဆာသေးပါဘူး"
"ဒါဆိုမစားသေးဘူးလား?"
"စားမှာ!"
ဟင်္သာ သည် သူ၏ဆံနွယ်နီနီကို နားရွက်ကြားထဲသို့ ထိုးသွင်းလိုက်သည်။ ပြီးနောက်ပြုံးကာ
"စားရအောင်လေ"
"အင်း!"
ခြင်းတောင်းထဲမှ ငါးဆင့်ဂျိုင့်အားထုတ်ယူလိုက်သည်။ ဟင်္သာ ကိုယ်တိုင်ထိုငါးဆင့်ဂျိုင့်အား ဖွင့်ပေးပါသည်။ ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက်မွေးလွန်းလှသော ဟင်းနံကလေး။
"ဝါးး! မွေးလိုက်တာ"
"ဟုတ်လား! ကျုပ်ချက်လာတာလေ"
"ဟမ်! ဟင်္သာ ကဟင်းချက်တတ်တာလား?"
"နည်းနည်းဘဲချက်တတ်တာပါ"
ထိုငါးဟင်းချက်ဖို့ ဟင်္သာ စွမ်းအားအများကြီးသုံးလိုက်ရသည်။ ထိုကြောင့်ဟင်္သာ ပင်ပန်းနေပါသည်။ ဟင်္သာ သည်ထမင်းမစားသောကြောင့် ထမင်းနှင့်တွဲစားရသည့် အရာများကိုလည်း မချက်တတ်ပါ။ ထိုကြောင့် ဒေဝီ၏ စွမ်းအား အားခနငှားကာ ဟင်းချက်နည်းကို လူတွေ၏ စိတ်ထဲဝင်ရှာကာ ချက်ထားသောကြောင့်ဖြစ်သည်။
"အော် ဒီမှာ နန်းကြီးသုတ်ဝယ်လာတယ်"
ဟင်္သာ သည်ခြင်းတောင်းထဲမှ နှစ်ဆင့်ဂျိုင့်ကို ထပ်မံ၍ထုတ်လိုက်သည်။ ပြီးနောက် နှစ်ဆင့်ဂျိုင့်အား ဖွင့်ချလိုက်သည်။ ဟင်္သာ ဆီမှ အာမေဠိတ် အသံတစ်ခုထွက်ပေါ်လာသည်။
"ဟင်!"
"ဘာဖြစ်တာလဲ ဟင်္သာ "
"ဒါဒါ နန်းကြီးသုတ်လားဟင်!"
"အင်းလေ ဟင်္သာ ဝယ်လာတာ ဟင်္သာ မသိဘူးလား?"
ဟင်္သာ နန်းကြီးသုတ်ကို တစ်ချက်ကောက်ကြည့်လိုက်သည်။ ပြီးနောက်ညီးညူစွာဖြင့်
"နန်းကြီးသုတ်ရဲ့ မုန့်ဖတ်ကလည်း ဝါးလုံးလောက်ရှိတယ်"
"ခစ်ခစ်!!"
ပြည့်မြတ်ကျော်စွာ ခိုးကြိတ်ကာရယ်လိုက်သည်။ ဘာတဲ့ဝါးလုံးလောက်ရှိတယ်တဲ့။
"ဟင်္သာ ဒါနန်းကြီးသုတ်ဘဲလေ"
"ကျုပ်သိတဲ့ နန်းကြီးသုတ်က အဲလိုမဟုတ်ဘူး"
"အာ သဘောပေါက်ပြီ"
"ဟမ် ဘာတုန်း!!"
ပြည့်မြတ်ကျော်စွာ ဟင်္သာ ၏စကားကိုသဘော ပေါက်လိုက်ပြီ ဟင်္သာ အထက်ကအစားအသောက် အခေါ်အဝေါ်နဲ့ အောက်ဖက်က အစားအသောက် အခေါ်အဝေါ်မှားနေခြင်းပင် ဖြစ်ပေလိမ့်မည်။
"ဟင်္သာ ဟင်္သာ တို့ဖက်က အစားအသောက်နဲ့ မှားနေတာဖြစ်မယ်"
"ဟင်! အဲလိုလား"
"အွန်း အဲလို"
" ပြီးတော့ရှိသေးတယ်သိလားကျော်စွာ"
ပြည့်မြတ်ကျော်စွာ ထမင်းတစ်လုပ်ဝါးစားလိုက်သည်။ ကျေညစ်အောင်ဝါးပြီးမှ မြိုချလိုက်သည်။
"ပြော နားထောင်ပေးမယ်"
"မုန့်တီဆိုလို့ ကျုပ်က မုန့်ဟင်းခါးထင်နေတာ ဝင်စားကြည့်မှ မုန့်ဖတ်သုတ်ကြီး ဖြစ်နေတယ် ဒါတော့ မကောင်းပါဘူး လိမ်ရောင်းတယ်"
ပြည့်မြတ်ကျော်စွာ မျက်လုံးပြူးကာ
"ဟင်္သာ မုန့်ဖတ်က ထမင်းနဲ့လုပ်ထားတာလေ"
"ကျုပ်က စကား အဖြစ်ပြောတာပါဗျာ"
ဟင်္သာ ပြည့်မြတ်ကျော်စွာအား မျက်စောင်းထိုးလိုက်သည်။ ပြီးမှ
"ကျော်စွာ အစိမ်းသုတ် သိတယ်မို့လား?"
ဟင်္သာ အံသြသကြီးမေးတော့ ပြည့်မြတ်ကျော်စွာ ခေါင်းငြိမ့်ပြသည်။ အစိမ်းသုတ်ကို မန္တလေးသားက မသိဘဲနေပါ့မလား မြို့ကြီးသားလေ။
"သိတာပေါ့ ဟင်္သာ ရဲ့ ပုဇွန်တို့ ဘာတို့ကို အစိမ်းသုတ်တာမလား?ဘာလဲ ဟင်္သာ စားချင်လို့လား လုပ်ပေးရမလား?"
ဟင်္သာ မျက်မှောင်ကုတ်လိုက်သည်။ ပြီးနောက် သက်ပြင်းတစ်ချက်ချကာ
"ဘာတွေပြောနေတာလဲ!"
"ဟမ် မဟုတ်ဘူးလား!"
"ဘာမှ မဟုတ်ဘူး အဲဒီအစိမ်းသုတ်က ဟင်းရည်ပါတယ်"
"အစိမ်းသုတ်လည်းပြောတယ် ဟင်းရည်လည်းပါတယ် ကျွန်တော်ခေါင်းတောင်ကိုက်လာပြီ"
ပြည့်မြတ်ကျော်စွာ ခေါင်းကိုကိုင်ကာ အနည်းငယ်ဝေပြလိုက်သည်။ ထိုအချိန်တွင် ဟင်္သာ က စိုးရိမ်ပူပန်သွားကာ။
"တအားကိုက်နေတာလား?"
"မဟုတ်ပါဘူး စကားအဖြစ်ပြောတာ"
"အော်"
"ကဲရှင်းပါအုံး အစိမ်းသုတ်အကြောင်း"
"အသေးစိတ်ရှင်းပြမယ် မန္တလေးမှာတော့ ဘယ်လိုခေါ်လဲမသိဘူး?"
"အင်း ရှင်းပြ"
"သူ့ဟင်းရည်အရောင်က အဝါရောင် မုန့်ဖတ်နဲ့ရောစားရတယ် ငါးလည်းပါတယ် ကြက်သွန်နီလည်းပါတယ် အော်သိပြီ ဒီနန်းကြီးသုတ်ထဲမှာ အဲဟင်းရည်ပါတယ်"
ဟင်္သာ ခြင်းတောင်ကို ပြန်ဆွဲလှန် လိုက်သည်။ ပြီးနောက် ကျွတ်ကျွတ်အိတ်နှင့် ထည့်ထားသော ထိဟင်းရည်အထုတ်ကို ကျော်စွာအား ပြလိုက်သည်။ ကျော်စွာလည်း သိပြီ ဟူသောသဘောမျိုးဖြင့် ခေါင်းငြိမ့်ပြသည်။
"ပြီးတော့ မန္တလေးမှာ ရခိုင်မုန့်တီကို ဘယ်လိုခေါ်လဲ"
"ရခိုင်မုန့်တီ?"
ပြည့်မြတ်ကျော်စွာ စဉ်းစားလိုက်သည်။ အဖြေဟာထွက်မလာပါ။
"ဘယ်လိုပုံစံမျိုးလဲ ဟင်္သာ သိလား?"
"မသိဘဲနေမလား?"
"ဒါဆိုပြောပြလေ"
"အွန်း အရမ်းစပ်တာဘဲ သိတာ ငရုတ်ကောင်းလည်း ပါတယ်ထင်တယ်"
"သိပြီ!!"
ဟင်္သာ ခေါင်းလေးစောင်းကာ ပြည့်မြတ်ကျော်စွာအား ကြည့်လိုက်သည်။ ပြီးနောက်ချစ်စရာ ကောင်းစွာမေးသည်။
"ဘာလဲဟင်!!"
"အာပူလျှာပူ"
"ဟုတ်လို့လား"
"အွန်း ရခိုင်မုန့်တီဟာ အာပူလျှာပူလို့ထင်တယ်"
ဟင်္သာ ခေါင်းလေးစောင်းကာ တစ်ငြိမ့်ငြိမ့်လုပ်နေသည်။ အွန်းး ပြီးနောက် ပါလာသော ခြင်းတောင်းထဲမှ သရေစာတစ်ထုတ်ကိုဆွဲ ထုတ်လိုက်သည်။ ကင်မွန်မုန့်လေး။ ပါးစပ်ထဲသို့ ကင်မွန်မုန့်ထိုးထည့်လိုက်သည်။
"ဟင်္သာ ဟင်္သာ "
ပြည့်မြတ်ကျော်စွာ၏ ခေါ်သံ။
ပုခုံးကိုလှုပ်ကိုင်လိုက်သော ပြည့်မြတ်ကျော်စွာ ထိုအချိန်တွင် ဟင်္သာ ထအော်တော့သည်။
"ဒီမှာအစားစားနေတယ်လေ မနောက်ရှက်ရဘူးဆိုတာ မသိဘူးလား?"
"မဟုတ်ပါဘူး ဟင်္သာ ကလည်း"
ဟင်္သာ လက်ငါးချောင်းထောင်ပြလိုက်သည်။ ခနဟူသော သဘောမျိုးဖြင့် ပြီးနောက် ကင်မွန်မုန့်အား မြိုချလိုက်သည်။
"ဂလု"
"ပြော ကျော်စွာ"
"ဟင်္သာ ထမင်းစားလို့မရဘူးမလား"
"အွန်းလေ စားရင်သွေးအန်တယ်လေ ကျော်စွာအရှေ့မှာဘဲ ဟိုတစ်ခေါက်က အန်သွားသေးတယ်လေ"
"ကျွန်တော်သိပါတယ် ဟင်္သာ။ ဟင်္သာ ထမင်းမစားရဘူးဆိုတော့ ဟင်းတော့စားရမှာပေါ့"
"အင်းလေ ဟင်းက ထမင်းမှမဟုတ်တာ"
"အဲဆို ဟ!" ဟုဆိုကာ စားနေသောဇွန်းဖြင့် ငါးအသားအားဖဲ့လိုက်သည်။ ပြီးနောက် ဟင်္သာ ၏ပါးစပ်နားသို့ ကပ်သွားသည်။ ဟင်္သာ ပါးစပ်ဟလိုက်ချိန်တွင် ငါးအသားတစ်တုံး ဟင်္သာ ၏ပါးစပ်ထဲသို့ ရောက်လုနေလေပြီ။
ဟင်္သာ ကျေညစ်နေအောင်ဝါးလိုက်သည်။ ပြီးနောက်မြိုချလိုက်သည်။ချစ်ရသူခွန့်ကြွေးသည့် ငါးဟင်းသည် မည်သည်နဲ့မှ မလဲနိုင်ပါပေ။ လောကကြီး တစ်ခုလုံး တိတ်ဆိတ်သွားသည်။
"ဟင်္သာ မှာ Crushရှိလား?"
ဟင်္သာ နားမလည်သလိုကြည့်လိုက်သည်။ ဟင်္သာ နားမလည်တာ အဆန်းမှမဟုတ်ဘဲ ဟင်္သာက အင်္ဂလိပ်စကားမှ နားမလည်တာ။
"Crushဆိုတာ တစ်ဖက်သက် ကြိုက်နေတဲ့လူကိုပြောတာလား"
ဟင်္သာ ဆူးဆန်းသလိုမေးကြည့်သည်။ ပြည့်မြတ်ကျော်စွာက တစ်ချက်မျှ ပြုံးကာ လက်ထဲ၌ ကိုင်ထားသော ထမင်းစားဇွန်းကို ပန်ကန်ပေါ်သို့ ချထားလိုက်သည်။ ပြီးနောက် လွတ်နေသော လက်တစ်ဖက်ဖြင့် ဟင်္သာ ၏ ဆံနွယ် နီနီကို ကိုင်ကာ ဆွဲဖွပစ်လိုက်သည်။
"အင်းဟုတ်တယ်လေ ဒါလေးတောင်မသိဘူးလားဗျ"
"အာ Crushက ရှိတယ်ဗျ"
ဟင်္သာ ငြိမ့်ငြိမ့်ကလေးပြန်ဖြေသည်။ ပြည့်မြတ်ကျော်စွာ ကလည်း ဆူးဆန်းသလို သူ၏မေးစေ့အားကိုင်ကာ ဟင်္သာ ၏Crushက မည်သူများလဲဟူသော အကြည့်မျိုးဖြင့် ကြည့်ကာနေသည်။
"သူကဘယ်သူလဲ?"
ပြည့်မြတ်ကျော်စွာ မေးလိုက်ချိန်တွင် ဟင်္သာ၏မျက်နှာ ကလေးသည် ပြုံးသွားခဲ့သည်။ ပြုံယောင်သန်းသွားခဲ့သည်။ ဟင်္သာ က မဆိုင်းမတွပါပင် ချက်ချင်းအဖြေပြန်ပေးပါသည်။
"သူက ကျော်စွာနဲ့တူတယ်"
"ဟမ် ကျုပ်နဲ့"
"အွန်း ကျော်စွာနဲ့ အရမ်းကိုတူတာ ကျော်စွာ အတိုင်းပါဘဲ"
ပြည့်မြတ်ကျော်စွာ ဟင်ဟု တစ်ချက်သပ်ကာ မကြာသေးမီက ချထားသောဇွန်းကို ပြန်ကောက်၍ ထမင်းထပ်စားနေလိုက်တော့သည်။ ဟင်္သာ ၏ လက်ရာက ကောင်းသည်ဟုဆိုရမည် အရသာ တော်တော်ရှိသော ငါးဟင်းကလေးတစ်ခွက်ပါဘဲ။
"ဟင်္သာ ဟင်းချက်တော်တယ်နော်"
"ကျော်စွာ ကျုပ်ကို ချီးကျူးလွန်းနေပါပြီ ကျုပ်ဖြင့်မနေတတ်တော့ဘူး"
"အကောင်းပြောတာ ဟင်္သာ တကယ်ကောင်းတယ်"
"ဟုတ်ပါပြီ ကျော်စွာရယ် ကျော်စွာဘဲ ဝအောင်စားပါ"
ဟင်္သာ က ဟင်္သာ ၏ လက်ထဲ၌ကိုင်ထားသော ဇီးထုတ်ကို ထပ်စားနေလိုက်သည်။ ပြည့်မြတ်ကျော်စွာသည်လည်း ငါးဟင်းတစ်ဇွန်း နန်းကြီးသုတ်တစ်ဇွန်း ထပ်စားနေလိုက်သည်။ ထိုအခါတွင် ပြည့်မြတ်ကျော်စွာ၏ အတွေးထဲ အရာတစ်ခုရောက်သွား၏။
"ဟင်္သာ"
"ဟုတ်"
"ဟင်္သာ နဲ့တူတူနေနေပြီ Facebookအကောင့်လေးတော့ ပေးမှပေါ့ ဟင်္သာ ရဲ့"
"Facebookအကောင့်?"
"ကြာပါတယ် ဟင်္သာ ရာ ဟင်္သာ ဖုန်းထုတ်လိုက် အပ်လိုက်မယ်"
ဟင်္သာ ခေါင်းတစ်ချက်ကုတ်ကာ ခြင်းတောင်းကိုလှန်တင်လိုက်သည်။ ဟင်္သာ သည် ဖုန်းကို အနီးကပ်ထားသူ မဟုတ်ပါချေ။ ဖုန်းကိုအရေးကြီးသည်ဟုလည်း မထင်ပါပေ။ ဟင်္သာ သည် ဖုန်းကို သကြားလုံးရွေ့တဲ့ ဂိမ်းဘဲ ဆော့သည်။
ဟင်္သာ သည် ခြင်းတောင်းကလေးထဲမှ Redmi ဖုန်းကလေးကို ထုတ်လိုက်သည်။ ပြီးနောက် ပြည့်မြတ်ကျော်စွာ၏ လက်ထဲသို့ထည့်ပေးလိုက်သည်။ဟင်္သာ၏ ဖုန်းသည် Password မခံထား၍ ဖွင့်ရလွယ်ကူသည်။ ပြည့်မြတ်ကျော်စွာ ဟိုကြည့်ဒီကြည့်လျောက်ကြည့်နေလိုက်သည်။ ပြီးမှ
"ဟင်္သာ Facebookမသုံးဘူးလား?"
"ဟုတ်တယ် ကျုပ်မသုံးဘူး"
"ဒါဆိုဖုန်းကို ဘာလို့ထားထား တာတုန်း"
"ဒီတိုင်းပါဘဲ ကျော်စွာ"
"ဖုန်းကလည်း အသစ်အတိုင်းဘဲ ဘာမှ မရှိဘူး ဂိမ်းတော့ရှိတယ်ဟ"
ပြည့်မြတ်ကျော်စွာ ငြီးငြူစွာပြောလိုက်သည်။ ပြီးနောက် ဂိမ်းနာမည်အား ဖတ်ကာ ဟင်္သာ အားလှမ်းပြောလိုက်သေးသည်။
"ဟာ ဟင်္သာ က Candy Crush ဆော့တာဘဲ"
"ဟုတ်တယ် ကျုပ်ပျင်းပျင်းနဲ့ဆော့ထားတာ"
ပြည့်မြတ်ကျော်စွာသည် မည်သည်မျှမပြောဆိုတော့ဘဲ ထိုဂိမ်းထဲသို့ ဝင်လိုက်သည်။ ဝင်လိုက်ခြင်းမှာပင် ပြည့်မြတ်ကျော်စွာ လန့်သွားရသည်။
"Wtf အခန်းတစ်ထောင်ကျော်တောင် ရောက်နေပြီဟ"
"ဟီးဟီး"
ဟင်္သာ ချစ်စရာကောင်းအောင် ရယ်လိုက်သည်။ သို့သော် ပြည့်မြတ်ကျော်စွာကတော့ အခန်းတစ်ထောင်ကျော်ကို မယုံနိုင်သေးပေ။
"ဟင်္သာ ဘယ်လိုဆော့ထားတာတုန်း တော်လိုက်တာ"
"ဘယ်လိုမှ မဆော့ပါဘူး ဒီတိုင်းဘဲဆော့တာပါ ဂိမ်းက မဆိုးဘူးမိုက်တယ် သကြားလုံးလေးတွေ လိုက်ရွေ့ရတာ ပြီးတော့ အော်သေးတယ် ဆွိ"
"ဘယ်လိုအချိန်တွေဆော့တာတုန်း"
"အားရင်ဆော့တယ် လူရှေ့ရောက်ရင်မဆော့ဘူး"
"ဒါဆို ဟင်္သာ က Candy Crushမှာ ဆရာတစ်ဆူပေါ့"
"ဆရာလား မဆရာလားတော့မသိဘူး ကျုပ်ဒါကိုဆော့တာ တစ်လလောက်ဘဲ ရှိသေးတယ်"
ဟင်္သာ သည် ထိုဂိမ်းအား ဖုန်းဝယ်ပြီးကတည်းက စ၍ဆော့သည် ဖုန်းဝယ်လိုက်ကတည်းက ထိုCandy Crushဟာ ဖုန်းထဲအော်တိုရောက်လာတာကြောင့်ဖြစ်သည်။ ဟင်္သာ သည်လည်း ထူးဆန်းလှသော ထိုအရာကို ဝင်နိပ့်ကြည့်ရင်း ဆော့ကောင်းရင်းဆော့ကောင်းရင်းနဲ့ ဆော့ရင်း အခန်းတစ်ထောင်ကျော်တောင် ရောက်လုဆဲဆဲ ဖြစ်သွားခဲ့ပါသည်။
"ဒါနဲ့ဟင်္သာ Facebookသုံးချင်လား?"
"အာ အဆင်ပြေရင်ထည့်လိုက်လေ သုံးစမ်းကြည့်ရတာပေါ့"
"အင်း Zapyaကနေ ကူးပေးမယ် တော်သေးတာပေါ့ ဟင်္သာ ဖုန်းမှာ Zapyaရှိနေလို့"
ပြည့်မြတ်ကျော်စွာ သည် Zapyaထဲသို့ဝင်ပြီး Facebook messenger Line ထိုappသုံးခုကို သွင်းပေးလိုက်သည်။ ပြီးနောက် Installလုပ်လိုက်သည်။ ရှေ့ဦးစွာ ဖေ့ဘုတ်ထဲသို့ ဝင်လိုက်သည်။
"ဟင်္သာ မြန်မာနာမည်နဲ့ဖွင့်ချင်လား အင်္ဂလိပ် နာမည်နဲ့ဖွင့်ချင်လား"
"ကျော်စွာဘဲ ကြည့်လုပ်ပါ"
"ဒါဆို မြန်မာနာမည်နဲ့ဖွင့်လိုက်တော့မယ်"
ပြည့်မြတ်ကျော်သွာသည် nameဆိုသည့် နာမည်၏ အစတွင် . ကိုထည့်လိုက်ပြီး အနောက်တွင် ဟင်္သာ ဟုရိုက်ထည့်လိုက်သည်။ ပြီးမှ
"ဟင်္သာ မွေးနေ့ပြော"
"ဗျာ မွေးမွေးနေ့?"
"အင်းပြော ဟင်္သာ"
"၁၈.၇.၁၉၉၄ပါ ကျော်စွာ"
ပြည့်မြတ်ကျော်စွာသည် ထိုDateကို ထပ်မံ၍ ရိုက်ထည့်လိုက်ပြန်သည်။ ထိုအခါတွင် ဖုန်းနံပါတ် တောင်းနေသဖြင့် ဟင်္သာ၏ ဖုန်းနံပါတ်အား ထည့်ကာ အကောင့်ကိုဖွင့်လိုက်လေတော့သည်။ ထိုအခါတွင် အကောင့်သည် ချောချောချူချူပင် ပွင့်သွားခဲ့လေသည်။
"ဟင်္သာ"
"ဟုတ်"
"ဓာတ်ပုံရိုက်ရအောင်"
"မရိုက်ချင်ပါဘူး"
"ရိုက်ရမယ် မရဘူး"
"မရဘူး မရိုက်နဲ့လို့"
ချလပ်
"ဟာ ကျော်စွာ"
ပြည့်မြတ်ကျော်စွာသည် ဟင်္သာ၏ ဓာတ်ပုံအား တစ်ချက်ကောက်ကြည့်လိုက်သည်။ လက်နှင့်ကာထားသော်လည်း မျက်နှာကိုမြင်နေသည် ဟင်္သာ၏ ဓာတ်ပုံကလေး။ ဟင်္သာသည် ဓာတ်ပုံထဲတွင်တော့ အရောင်မိန်လှသည်။
"ချောလိုက်တာ ဟင်္သာက"
ဟင်္သာသည် မည်သည်မျှမပြော စိတ်ဆိုးနေဟန်ရှိသည်။
"ဟင်္သာ ပရိုဖိုင်တင်လိုက်မယ်နော်"
"....."
ဟင်္သာ စိတ်ဆိုးနေသည် သိသော်လည်း ပြည့်မြတ်ကျော်စွာသည် လျင်မြန်စွာပင် ပရိုဖိုင်ကို ကောက်တင်ပစ်ချလိုက်လေတော့သည်။ ၁၈.၇.၁၉၉၄ဟူသည့် ခုနှစ်ကလေးနှင့် ဟင်္သာ ၏ လက်ကာထားသော ဓာတ်ပုံကလေးသည် တစ်သားတည်းဖြစ်နေသည်။
"ဟင်္သာ ကျွန်တော့်အကောင့်ရှာလိုက်တော့မယ်"
ထိုအခါတွင် ပြည့်မြတ်ကျော်စွာ သည် ဟင်္သာ ၏ ဖုန်းနှင့်ပင် ပြည့်မြတ်ကျော်စွာ ဟူသော နာမည်ကိုရိုက်ရှာတော့သည်။ ရိုက်ရှာလိုက်သည်နှင့် တစ်ပြိုင်နက်ပင် ထိပ်ဆုံး၌ ရှိနေသော ပြည့်မြတ်ကျော်စွာ၏ အကောင့်ကလေး ပရိုဖိုင်က အရိပ်နှစ်ခု မန္တလေး ကျုံးတွင်ဖြစ်နေသည်။
နေရောင်ကိုအသားပြုကာ အရိပ်ရသည့်အချိန်တွင် ရိပ်ထားသော ဓာတ်ပုံကလေးဖြစ်လိမ့်မည် တင်ထားသော ခုနှစ်မှာ မကြာသေးပါပေ။ ၈ရက်.၂လ.၂၀၁၉ ဟူသည့် ခုနှစ်ကလေးပင်တည်။
"ဟင်္သာ Messengeကနေ ဟိုင်းထားတယ်နော်"
"......."
ဟင်္သာ မည်သည့်စကားမျှမဆိုပါပေ။
"ဟင်္သာ ဟင်္သာ လို့"
"ထမင်းစားပြီးပြီးလား သိမ်းလိုက်တော့မယ်နော်"
ထိုအခါတွင်ပြည့်မြတ်ကျော်စွာက စိုးရိမ်ပူပန်သွားကာ
"ဟင်္သာ ကလည်း ချစ်လို့စတာကို စိတ်ဆိုးသွားတယ်"
ဟင်္သာ ၏ မျက်လုံးများ အရောင်လက်သွားသည်။ ကိုင်ထားသော ထမင်းဂျိုင့်ကို ပြန်ချကာ ပြည့်မြတ်ကျော်စွာကို ကြည့်နေလိုက်သည်။ ချစ်တာစတာပါ ဟူသည့်စကားသည် ဟင်္သာ ၏ ရင်ထဲသို့ တိုးဝှေ့၍သွားသည်။
"ဟင်္သာ စိတ်ဆိုးနေတာလား?"
ပြည့်မြတ်ကျော်စွာ ချော့မော့ကာပြောတော့ ဟင်္သာ ခေါင်းခါပြလိုက်ပါသည်။
"ကျုပ်စိတ်မဆိုးပါဘူး ဝမ်းနည်းသွားတာ"
"ဝမ်းနည်းသွားတာ?ဘာလို့တုန်း ဟင်္သာ ရဲ့"
"လူတိုင်းက ကျုပ်စကားကိုနားထောင်ကြတယ် ကျော်စွာက ဘယ်တော့မှနားမထောင်ဘူး ဒါပေမယ့် စိတ်မဆိုးပါဘူး ဘာလို့ဆို ကျော်စွာဖြစ်နေလို့"
"ဝမ်းတော့နည်းတယ်ပေါ့"
ဟင်္သာ ခေါင်းငြိမ့်ပြလိုက်ပါသည်။ ဟင်္သာ သည် မိမိ၏စကားအားနားမထောင်သူအား ရက်ရက်စက်စက် နှိပ်စက်သည် သို့သော် သူ့စကားနားမထောင်သော လူသားတစ်ယောက်အား ထိုသို့မပြုလုပ်နိုင်ပါ။ ကျုပ် ထိုလူ ကိုချစ်တယ်။ ဒါမှမဟုတ် မြတ်နိုးတယ်။ မဟုတ်သေးဘူး မြတ်နိုးတာထက်ကို ပိုပါတယ်။
"ဟင်္သာ ရဲ့ အရင်ချစ်သူ ဒေဝီက ဘာလို့ ဟင်္သာ ကိုဘာလို့ပစ်သွားရတာလဲဟင်"
ပြည့်မြတ်ကျော်စွာ ထိုသို့မေးမိတော့ ဟင်္သာ ကြောက်ရွံကာ တွံတွေးတစ်ချက်မြိုချလိုက်သည်။ တြိစွာမီဒေဝီဟာ ပြည့်မြတ်ကျော်စွာ ဆိုတာသိရင် ပြည့်မြတ်ကျော်စွာထိုမေးခွန်းကို မေးနိုင်ပါ့အုံးမလား?။
"ဒေဝီက ကျုပ်ကို ချစ်လို့စွန့်ပစ်သွားတာဖြစ်မှာပေါ့ ကျော်စွာရယ်"
"ဟင် ချစ်တယ်လည်း ပြောတယ် စွန့်လည်းပစ်တယ် ဘယ်လိုကြီးလဲမသိဘူး"
"ကိုယ်ချစ်တဲ့သူကို ကောင်းစေချင်တယ် ဒါဟာမှန်တယ်မို့လား ကျော်စွာ"
"မှန်တာပေါ့ ဟင်္သာ ရဲ့"
"ဒေဝီက ကျုပ်ကို အဲလိုဖြစ်စေချင်လို့ဖြစ်မှာပေါ့"
ပြည့်မြတ်ကျော်စွာ နားမလည်သလိုလေး ကြည့်လိုက်သည်။ တကယ်လည်းနားမလည်ပါဘဲ။
"ဟင်္သာ က ထွက်သွားမယ့်လူကိုရော မတားဘူးလား?"
"သူကထွက်သွားပြီးပြီး သူပြန်လာအောင် ကျုပ်က ပြန်လုပ်မှာ "
"ကောင်းတယ် ဟင်္သာ အားပေးတယ်လုပ် တကယ်ချစ်ရင် အတ္တဆန်ရတယ်"
"အတ္တဆိုတာ ဒေဝီ နဲ့တွေ့ကတည်းက မရှိတော့ပါဘူး ကျော်စွာရယ် ကျုပ်ရဲ့အတ္တတွေ ကျုပ်ရဲ့မာနတွေ ကျုပ်ရဲ့ သတ္တိတွေ အရာအားလုံးကို သူ့ခြေဖဝါးမှာ ခစားပြီးသားပါ ဒေဝီက စွမ်းအားကြီးတယ် ဒေဝီရဲ့ စွမ်းအားတွေထဲမှာ ကျုပ်တောင် ကျဆုံးခဲ့ရတယ်"
"ဟင်္သာ ကလေ အရမ်းကဗျာဆန်တာဘဲ"
"ဒါနဲ့အလှူက?"
"နောက် ၃ရက်"
"ကျုပ် အကတစ်ခုတွေ့ခဲ့တယ် ဦးရွှေရိုးနဲ့ဒေါ်မိုးတဲ့"
"အဲဒါ ခနထားပါ ဟင်္သာ ဒေဝီအကြောင်းဘဲ ပြောကြရအောင်"
"ဘာသိချင်လို့လဲပြောလေ"
ပြည့်မြတ်ကျော်စွာ တစ်ခုခုကို ရဲ့ရဲ့ကလေးစဉ်းစားလိုက်သည်။ ပြီးနောက် လက်ဖျောင့်တစ်ချက်တီးကာ
"သူ အိမ်ထောင်ကျသွားပြီလား?"
ဟင်္သာ ကြောင်အသွားသည်။ ပြီးနောက် တစ်ရယ်စပ် အော်ရယ်တော့သည်။
"ဟားးဟားးဟားး ဘာ အိမ်ထောင်ဟုတ်လား?"
"ဘာလဲ မကျသေးဘူးလား?"
"သူနဲ့ ကျုပ်နဲ့က လင်မယားဗျ ဒါပေမယ့် သူ.....ဆုံးသွားပြီ"
ပြည့်မြတ်ကျော်စွာမျက်လုံးတို့ပြူးမိသွားသည်။ ပြီးနောက် လက်အုပ်ကလေးချီကာ တောင်းပန်ရှာသည်။
"တောင်ပန်းပါတယ် ဟင်္သာ ကျုပ်မမေးသင့်ဘူး"
"ရပါတယ်"
"ဒါဆို ဟင်္သာ က မုဆိုးဖိုပေါ့"
"ဘယ်ကသာ မုဆိုးဖိုရမှာလဲ မုဆိုးလေးပါဗျ"
ပြည့်မြတ်ကျော်စွာသည် အသံကို တိုးစွာဖြင့်
"သနားပါတယ် ငယ်ငယ်လေးနဲ့ဆုံးသွားရှာတယ် ဟင်္သာ ထက်တောင်ငယ်မှာဘဲနော်"
"ကျော်စွာဟာလေ အလွဲတွေဘဲပြောတယ် သူက ကျုပ်ထက် ၅နှစ်ကြီးတယ်ဗျ"
"ဟင် ဒါဆိုမမပေါ့"
"အွန်းဟုတ်တာပေါ့ မမ ညီမလေးတွေမကြိုက်ပါဘူး မမမှ မမဘဲ မမရဲ့မောင်ဘဲလုပ်ချင်တာ"
ပြည့်မြတ်ကျော်စွာပြုံးလိုက်သည်။ ဟင်္သာ ၏ အပြုံးသည် စင်ကြယ်လှသည် သန့်ရှင်းလှသည်။ ဟင်္သာ ဟာချစ်ဖို့ကောင်းသည်။ ပြည့်မြတ်ကျော်စွာ အရာတစ်ခုအား ဆိုးရိမ်ကြောက်ရွံနေသည် ဤသည်မှာ ထက်လင်းဦးအပေါ် သစ္စာဖောက်မိမည်ကိုသာ ဆိုးရိမ်သောကြောင့်ဖြစ်သည်။
စာရေးဆရာကြီး သက္ကသိုလ်ဘုန်းနိုင်၏စကားအရ လူတစ်ယောက်ဟာအကြိမ်ကြိမ်ချစ်နိုင်သည်တဲ့။ ထိုစကားကို လက်ခံမိပေမယ့် မောင့်အပေါ် သစ္စာဖောက်မိမည်ကိုတော့ စိုးရိမ်ရသည်။
"ဟင်္သာ ကျွန်တော် မစားချင်တော့ဘူး သိမ်းလိုက်ပါတော့"
"ဟုတ်"ဟု တစ်ချက်ဆိုကာ သယ်လာသော ငါးဆင့်ဂျိုင့်ကြီးကို ပြန်ဆင့်၍ အဖုံးပိတ်လိုက်တော့သည်။ ပြီးနောက် ဆက်လက်၍ထိုင်နေဆဲဖြစ်နေသော နှစ်ယောက်သား။
"အိမ်ထောင်တစ်ခုပြုပြီးသားလူတွေဟာ အရမ်းချစ်ကြတယ်ဘဲဆိုပါတော့ သူတို့ကိုခွဲနိုင်တဲ့အရာရှိလားဟင်"
ထိုစကားကိုမေးလိုက်သူက ဟင်္သာ ပင်တည်း။ ပြည့်မြတ်ကျော်စွာခေါင်းငြိမ့် ပြလိုက်ပါသည်။
"ရှိတယ်"
"ဘာလဲဟင် ကျော်စွာ"
"သေခြင်းတရား"
ဟင်္သာ ၏နှတ်ခမ်းပါးနှစ်ခု ထိကပ်ကာ တိတ်ဆိတ်၍သွားတော့သည်။ မည်သည်မျှမပြောနိုင်တော့ပါချေ။
"ဒါနဲ့ ကျော်စွာအကြိုက်ဆုံးပန်းက ဘာပန်းလဲဟင်"
ပြည့်မြတ်ကျော်စွာရောင်းနေသောပန်းကိုလက်ညိုးထိုးပြသည်။ ထိုပန်းသည်ကား
"ခရေပန်း"
"ကျုပ်လည်း ခရေပန်းကြိုက်တယ်ကျော်စွာ"
"ဘာလို့လဲ အရင်တစ်ခါက သစ္စာပန်းဆို"
"ဟင့်အင်း သစ္စာမကြိုက်တော့ဘူး"
"ဘာဖြစ်ပြန်တာတုန်း"
"ကျုပ်က ကျော်စွာ ကြိုက်တဲ့ ခရေပန်းကိုဘဲ ကြိုက်တော့မယ် ခရေတွေမှာ မာနမရှိဘူးလေ ကျုပ်မှာလည်းမာနတွေမရှိဘူး"
"ခရေပန်းမှာ မာနမရှိဘူးလို့ ဘာလို့တပ်အပ်ပြောနိုင်ရတာလဲ ဟင်္သာ "
ဟင်္သာ ပြုံးလိုက်သည်။ အတောက်ပဆုံးသောအပြုံးမျိုးဖြင့်သာ။
"ခရေတွေဟာ လူတွေနင်းတဲ့ ခြေနင်းဖက်မှာ သူတို့ရဲ့မာနတွေကို ချွေပြီး ကျဆင်းလာတယ် သူတို့ကိုလိုချင်တဲ့သူတွေကျပြန်တော့ ဒူးထောက်ပြီး မာနတွေကိုရိုက်ချိုးပြီး ကောက်မှသာလျှင် ခရေတွေကို ရနိုင်မယ်လေ"
"ဟင်္သာ ကတော့လေ ကဗျာဆန်ပါပြီ ဟင်္သာ ကဗျာဆန်ရင် နားထောင်လို့ကောင်းတယ်"
ဟင်္သာ က မခံပါပေ ဆက်ပြောပြန်သေးသည်။
"ကျုပ်က ခရေတွေလိုမာနမရှိပါဘူး ကစ်မီပန်းတွေလိုလည်း ရနံမရှိပါဘူး နှင်းဆီတွေလိုဆူးရှိပါတယ်"
"ဒါပေမယ့် ဟင်္သာ မှာရှိတဲ့အရာတစ်ခုရှိတယ် ဘာလဲသိလား"
"ဘာလဲဟင်"
"ချစ်တတ်တဲ့နှလုံးသား"
ဟင်္သာ ၏ ချစ်တတ်သောနှလုံးသားသည် တစ်ကြိမ်တစ်ခါက ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားခဲ့ဖူးသည်။ ယခုအခါတွင် ချစ်ရသောလူသားတစ်ဦးကြောင့် အသက်ပြန်လည်၍ ဝင်လာခဲ့လေတော့သည်။
***********
1:53Am Thu May25 2023
11:7AM Sat Sep30 2023