Unicode
သူတို့အားလုံး ပင်လယ်ဓားမြဆင်းလာတော့...။
"ဂျီမင်းက ထိပ်ဆုံးလဲ မဟုတ်ပဲ တအားအော်တာပဲနော်..."
"အာ...ငါက အဲ့ဒါမျိုးမစီးဖူးလို့လေ..."
" ရပါတယ်...လီယိုကမေးကြည့်တာပါ...ကိုကို့ကိုဖက်ပီးစီးတာပျော်ရဲ့လားဟင်..."
"ဗျာ...လီယိုငါ့မှာ ထယ်ယောင်းရှိပါတယ်...ဘာတွေပြောနေတာလဲ..."
"ထယ်ယောင်းက ဂျီမင်းနဲ့တွဲနေတာ မဟုတ်ပဲ စနေတာဆိုတာ ပြောပြထားလို့သိပြီးပြီ...ဂျီမင်းလဲဆက်ပြီး ဒရမ်မာခင်းမနေပါနဲ့တော့..."
"ကျစ်...ကင်မ်ထယ်ယောင်းကတော့ ငါ့မှာတော့ သူအကူအညီတောင်းလို့ သေချာကြီးငါ cute type လေးကိုဖယ်ပြီး smart ကျအောင်လုပ်လိုက်ရတာသူကတော့ အာချောင်းပီးပီပေါ့ နေနှင့်အုံးအိမ်ရောက်မှ တွေ့မယ်..."
"haha...ဂျီမင်းကလဲ ထယ့်ကိုအတင်းမေးလို့ထယ်ကပြောပြတာပါ..."
ပင်လယ်ဓားမြပေါ်က ဆင်းဆင်းချင်း ဆူညံနေသော သီချင်းသံတွေကြောင့် ဂျီမင်းနဲ့လီယိုက တစ်ယောက်နားတစ်ယောက်ကပ်ကာ ပြောနေရင်း ဂျီမင်းရဲ့နှုတ်ခမ်းတွေထော်ကာ လီယိုအား တစ်ခုခုပြောနေပုံအား ယွန်းဂီကြည့်ရင်းရီနေမိသည်။
ဒီအကောင်ပေါက်လေးက ကလေးစိတ်မပျောက်သေးပဲ ဘယ်လိုများရည်းစားထားလိုက်ပါလိမ့်...။
"ဂျီမင်းနား ငါ့ကိုဘာလို့စိတ်ဆိုးသလို ကြည့်နေတာလဲ..."
ထယ်ယောင်း ဂျီမင်းနားကို ဂျောင်ဂုနဲ့တူတူရောက်လာတော့ ဂျီမင်းက ထယ်ယောင်းအား မျက်စောင်းထိုးကာ ကြည့်နေသောကြောင့် မေးလိုက်ခြင်းဖြစ်သည်။
"ထယ်ယောင်း...ငါသိပြီးတာကို ဂျီမင်းကိုပြောပြလို့ဂျီမင်းစိတ်ဆိုးနေတာ..."
"လီယိုကတော့..."
"ဟီးဟီး မထင်မှတ်ပဲ ပြောမိလိုက်တာပါ ထယ်ယောင်းရဲ့..."
"ဂျီမင်းနား စိတ်မဆိုးနဲ့နော်လာ ဖက်ထားပေးမယ်..."
အရင်ထဲက ဂျီမင်းစိတ်ဆိုးလျှင် ထယ်ယောင်းက ဖက်ထားကာ ချော့လေ့ရှိသောကြောင့် ယခုတွင်လဲ ထိုအတိုင်းပင် ဂျီမင်းအား ထယ်ယောင်းဖက်လိုက်လေသည်။
ဂျီမင်းကတော့ စိတ်ဆိုးနေတာကြောင့် တွန်းထုတ်နေသော်လဲ ထယ်ယောင်းက သူ့သူငယ်ချင်းလေးအား တင်းတင်းကျပ်ကျပ် ဖက်ထားလေသည်။
ဂျောင်ဂုကတော့ သူအရှေ့က မြင်ကွင်းကိုကြည့်ကာ လက်သီးဆုပ်ထားမိလေသည်။
အတော်တန် ဖက်ထားပီးမှ ဂျီမင်းအား ဖင်ထားတာကို ထယ်ယောင်းလွှတ်ကာ ဂျီမင်းလက်ကို ကိုင်ကာဖြင့် မုန့်တန်းဘက်ထွက်သွားေလသည်။
ထယ်ယောင်းတို့ အနောက်တွင် ဂျောင်ဂု၊ယွန်းဂီနဲ့လီယိုတို့လိုက်ပါလာလေသည်။
ထယ်ယောင်းတို့လဲ ပွဲစျေးက လူတွေကြိတ်ကြိတ်တိုးနေသော အကင်ဆိုင်တွင် အားလုံးဝိုင်းထိုင်လိုက်သည်။
အကင်လာချပေးတော့ ယွန်းဂီနဲ့ဂျောင်ဂုက ဆက်တိုက်ကင်ပေးကာ ထယ်ယောင်းနဲ့ဂျီမင်းကတော့ စကားတပြောပြောနဲ့ ဆိုဂျူလေးသောက်ကာဖြင့် စားနေလေသည်။
ဂျောင်ဂုနဲ့ယွန်းဂီမှာ သူတို့သုံးယောက်အတွက် ကင်ပေးနေရတာနဲ့ သူတို့ပါးစပ်ထဲ အကင်တစ်ဖက်နှစ်ဖက်လောက်သာ ဝင်သေးသည်။
"ကိုကို...ငါ့သူငယ်ချင်း အသဲကွဲတော ငိုပြီးဖုန်းဆက်လို့ ငါပြန်လိုက်အုံးမယ်...အစ်ကိုဂျောင်ဂု ထယ်ယောင်းနဲ့ဂျီမင်းကို အိမ်သေချာလိုက်ပို့ပေးလိုက်ပါနော်...စိတ်ချမယ်နော်..."
"အင်းစိတ်ချ လီယို အစ်ကိုသေချာပို့ပေးလိုက်ပါ့မယ်..."
"ေကျးဇူးပါပဲ အစ်ကို...ကိုကိုကတော့ ဂျီမင်းကိုတွဲပေးလိုက်နော်...ထယ်ယောင်းက ကိုကို့ထက်အရပ်ရှည်တာမို့မဖြစ်ဘူးရယ်..."
" ကျစ်...လီယိုနင်သွားစရာရှိတာသွားစမ်းပါ..."
ယွန်းဂီလဲ သူ့အရပ်အား ဖဲ့နေသော လီယိုအားငေါက်လိုက်လေသည်။
"ဟီးဟီး ဘိုင့်ဘိုင့်..."
လီယိုက သူမဘဲအိတ်ကို ဆွဲကာ ထိုအကင်ဆိုင်မှ ထွက်သွားတော့သည်။
ဆုိင်ထဲတွင် ကျန်ခဲ့သော လေးယောက်မှာ ဂျီမင်းနဲ့ထယ်ယောင်းက အပီအပြင် မူးနေပြီဖြစ်သောကြောင့် စားလက်ကိုရပ်ကာ...။
" ယွန်းဂီ...မင်းဂျီမင်းကို တွဲလိုက်ပြန်ကြရအောင် နောက်ကျနေပြီလေ..."
ဂျောင်ဂုနဲ့ယွန်းဂီက သူငယ်ချင်းတွေဖစ်ကာ ယွန်းဂီက ေဂျာင်ဂုထက် တစ်နှစ်ကြီးကာ Uni ဒုတိယနှစ်တက်နေတာဖြစ်သည်။
"အိုခေ..."
သူတို့လဲ ကားထဲဝင်ကြပြီး ဂျောင်ဂုကကားမောင်းသူ နေရာမှာထိုင်ပြီး ယွန်းဂီက အမူးသမားလေးနှစ်ယောက်ကို ထိန်းဖို့ရာ အနောက်ခန်းတွင် သုံးယောက်သားထိုင်ကြလေသည်။
ကားထဲမှာ အမူးသမားလေးနှစ်ယောက် လက်ညိုးတွေရှောက်ထိုးကာ ပြောချင်ရာတွေပြောပြီး မောသွားဟန်ရှိသော ဂျီမင်းကာ သူ့ဘေးကယွန်းဂီပခုံးပေါ်ခေါင်းတင်ကာ အိပ်သွားလေသည်။
ထယ်ယောင်းကလဲ တစ်ဖန်ဂျီမင်းပခုံးပေါ်ခေါင်းတင်ကာအိပ်နေလေသည်။
ယွန်းဂီနဲ့ထယ်ယောင်းက ထောင့်မှာထိုင်တာဖြစ်ပြီး ဂျီမင်းကအလည်မှာထိုင်ကာ ဖြစ်သည်။
အမူးသမားလေး နှစ်ယောက်နဲ့ ဂျောင်ဂုတို့ အိမ်ရှေ့ရောက်လာလေသည်။
ယွန်းဂီက ဂျီမင်းအား ပွေ့ချီကာ အပေါ်ထပ်က ဂျီမင်းအခန်းအား ထယ်ယောင်းအဖေပြထားသောကြောင့် ထိုအတိုင်းတက်သွားလေသည်။
ဂျောင်ဂုကလဲ ထယ်ယောင်းကိုပွေ့ချီကာ ထယ်ယောင်းအခန်းထဲသို့ ခေါ်သွားလေသည်။
ထယ်ယောင်းအခန်းထဲရောက်တော့ ထယ်ယောင်းအခန်းကို ေဝ့ဝိုက်ကာကြည့်လိုက်ပီး နံရံပေါ်ကြည့်လိုက်တော့ မပြောင်းလဲပဲ ဒီအိမ်သစ်မှာလဲ ထုံးစံအတိုင်း မျက်နှာကျက်တောင် ကြယ်လေးတွေကပ်ထားသေးသည်။
ထယ်ယောင်းကို အိပ်ယာပေါ်သေချာချပြီး ဂျောင်ဂုထွက်သွားမလို့လုပ်တော့ ထယ်ယောင်းက ဂျောင်ဂုလက်တစ်ဖက်အားလှမ်းဆွဲလိုက်တာကြောင့် ဂျောင်ဂုငုတ်ကြည့်လိုက်တော့ အိပ်ပျော်နေကာ ယောင်နေတာဖြစ်နိုင်သောကြောင့် ထယ်ယောင်းမျက်နှာနားနား တဖြေးဖြေးကပ်ကာ ထယ်ယောင်းနဖူးလေးအား နမ်းလိုက်မိသည်။
ထယ်ယောင်းမသိအောင် ခိုးနမ်းတာကမကောင်းပေမဲ့ ဒီလိုမှမလုပ်ရင် ဂျောင်ဂုရင်ထဲအရမ်းမွန်းကြပ်နေရသောကြောင့် ဖြစ်သည်။
ဂျောင်ဂုလဲ အဖြူရောင်မွေ့ယာလေးပေါ်က အဖြူရောင်နတ်သားလေးအား အတန်ကြာစိုက်ကြည့်ကာ ကိုယ့်အိမ်ကိုယ်ပြန်လိုက်တော့သည်။
.
.
.to be continued
Taekook is real for me
jkkimphyo
Zawgyi
"လီယိုကတော့..."
အတော်တန် ဖက်ထားပီးမှ ဂျီမင်းအား ဖင်ထားတာကို ထယ်ယောင်းလွှတ်ကာ ဂျီမင်းလက်ကို ကိုင်ကာဖြင့် မုန့်တန်းဘက်ထွက်သွားလေသညျ။
ထယ်ယောင်းတို့လဲ ပွဲဈေးက လူတွေကြိတ်ကြိတ်တိုးနေသော အကင်ဆိုင်တွင် အားလုံးဝိုင်းထိုင်လိုက်သည်။
"ကြေးဇူးပါပဲ အစ်ကို...ကိုကိုကတော့ ဂျီမင်းကိုတွဲပေးလိုက်နော်...ထယ်ယောင်းက ကိုကို့ထက်အရပ်ရှည်တာမို့မဖြစ်ဘူးရယ်..."
"ဟီးဟီး ဘိုင့်ဘိုင့်..."
ဆိုငျထဲတှငျ ကျန်ခဲ့သော လေးယောက်မှာ ဂျီမင်းနဲ့ထယ်ယောင်းက အပီအပြင် မူးနေပြီဖြစ်သောကြောင့် စားလက်ကိုရပ်ကာ...။
ဂျောင်ဂုနဲ့ယွန်းဂီက သူငယ်ချင်းတွေဖစ်ကာ ယွန်းဂီက ဂြောငျဂုထကျ တစ်နှစ်ကြီးကာ Uni ဒုတိယနှစ်တက်နေတာဖြစ်သည်။
"အိုခေ..."
ထယ်ယောင်းအခန်းထဲရောက်တော့ ထယ်ယောင်းအခန်းကို ဝေ့ဝိုကျကာကွညျ့လိုကျပီး နံရံပေါ်ကြည့်လိုက်တော့ မပြောင်းလဲပဲ ဒီအိမ်သစ်မှာလဲ ထုံးစံအတိုင်း မျက်နှာကျက်တောင် ကြယ်လေးတွေကပ်ထားသေးသည်။
.
.
.to be continued
Taekook is real for me
jkkimphyo