Be My Bride 🌷💙 ချိုချိုချဥ်...

By KaKyoePhyu85

1M 24.5K 1.4K

"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..." More

Into🌷
📢📢
1 🌿 (U&Z)
2 🌿 (U&Z)
3 🌿 (U&Z)
4 🌿 (U&Z)
5 🌿 (U&Z)
6 🌿 (U&Z)
7 🌿 (U&Z)
8 🌿 (U&Z)
9 🌿 (U&Z)
10 🌿 (U&Z)
11 🌿 (U&Z)
12 🌿 (U&Z)
13 🌿 (U&Z)
14 🌿 (U&Z)
15 🌿 (U&Z)
17 🌿 (U&Z)
18 🌿 (U&Z)
19 🌿 (U&Z)
20 🌿 (U&Z)
21 🌿 (U&Z)
22 🌿 (U&Z)
23 🌿 (U&Z)
24 🌿 (U&Z)
25 🌿 (U&Z)
26 🌿 (U&Z)
27 🌿 (U&Z)
28 🌿 (U&Z)
29 🌿 (U&Z)
30 🌿 (U&Z)
31 🌿 (U)
31 🌿 (U)
32 🌿 (U)
32 🌿 (Z)
33 🌿 (U)
33 🌿 (Z)
34 🌿 (U)
34 🌿 (Z)
35 🌿 (U)
35 🌿 (Z)
36 🌿 (U)
36 🌿 (Z)
37 🌿 (U)
37 🌿 (Z)
38 🌿 (U)
38 🌿 (Z)
39 🌿 (U)
39 🌿 (Z)
40 🌿 (U)
40 🌿 (Z)
41 🌿 (U&Z)
42 🌿 (U&Z)
💙
43 🌿 (U&Z)
44 🌿 (U&Z)
45 🌿 (U&Z)
46 🌿 (U&Z)
47 🌿 (U&Z)
48 🌿 (U&Z)
49 🌿 (U&Z)
50 🌿 (U&Z)
51 🌿 (U&Z)
52 🌿 (U&X)
53 🌿 (U&Z)
54 🌿 (U&Z)
55 🌿 (U&Z)
56 🌿 (U&Z)
57 🌿 (U&Z)
58 🌿 (U&Z)
59 🌿 (U&Z)
60 🌿 (U&Z)
61 🌿 (U&Z)
62 🌿 (U&Z)
63 🌿 (U&Z)
64 🌿 (U&Z)
65 🌿 (U&Z)
66 🌿 (U&Z)
67 🌿 (U&Z)
68 🌿 (U&Z)
69 🌿 (U&Z)
70 🌿 (U&Z)
71 🌿 (U&Z)
72 🌿 (U&Z)
73 🌿 (U&Z)
74 🍀 (U&Z)
75 🌿 (U&Z)
76 🌿 (U&Z)
End 🌿

16 🌿 (U&Z)

12.2K 279 10
By KaKyoePhyu85

Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း- ၁၆

"မေမေရေ"

"သမီးပြောလေ"

"မီးမီးဒီဟာဝတ်သွားရင်အဆင်​ပြေမှာပါနော်"

သမီးက ပန်းနုရောင်ဂါဝန်လေးကိုဝတ်ကာ လှည့်ပြ၍ဆိုလေသည်။ သမီးလေးကအသားလေးလဲဖွေးပြီးလှနေတော့ ဘာဝတ်ဝတ်သမီးလေးနှင့် လိုက်ဖက်လွန်းလှသလို ယခုအခါတွင်လဲ လှလှလေးဖြစ်နေလေသည်။

"ပြေပါတယ်သမီးရဲ့ အရမ်းလဲမထည်ဘူး အသင့်တင့်ပဲ"

"ဟုတ် မေမေ အဲ့တာဆိုဒါပဲဝတ်သွားတော့မယ်နော် မီးမီးကတော်ကြာထည်သွားရင်မမနန်းကတစ်မျိုးထင်မှာဆိုးလို့လေ"

"အွန်း မေမေ့သမီးက Brand တွေလဲဝတ်တာမဟုတ်ဘူးလေ အဲ့တော့ဘာလေးဝတ်ဝတ် အဲ့ဆရာမအမြင်မှာ တစ်မျိုးဖြစ်မှာမဟုတ်ပါဘူး"

"ဟီး ဟုတ်မေမေ"

သမီးဖြစ်သူက နာမည်ကြီး brand တွေထက် ပြည်တွင်းဖြစ်အထည်များကို အဝတ်များလေသည်။ ပေါ့ပေါ့ပါးပါးအင်္ကျီတစ်ချို့ဆို သမီးကသူ့ဘာသာသူ လိုင်းပေါ်မှမှာ၍ သားမိနှစ်ယောက်အတွဲညီညီ ဝတ်တတ်လေသည်။ ယခုထိ brand နှင့် ပြည်တွင်းဖြစ်ဆို ပြည်တွင်းဖြစ်တွေသာသုံးတတ်သည့်သမီးကို လွန်းငယ်ဂုဏ်ယူမိသည်။

designer ချုပ်ဆိုအရမ်းသဘောကျသည့်သမီးက handmade လေးတွေဆိုလဲ နှစ်သက်လေသည်။ သမီးက လူ့လုပ်အားနှင့်လုပ်ထားသည့် အရာဝတ္ထုပစ္စည်းတို့ဆို တန်ဖိုးထားချစ်တတ်သည့်အကျင့်လေးလဲရှိလေသည်။

"hello ကိုကို"

"ကိုကိုလာနေပြီညီမလေး"

"ပထမဆုံးနေ့ကို ကိုကိုနောက်ကျနေတယ်နော် ခမ်းလေးစိတ်ဆိုးပစ်လိုက်ရမလားပြော.."

"ကိုကိုတောင်းပန်ပါတယ်ကွာ ကိုကိုအိပ်ပျော်သွားလို့ ရောက်တော့မယ်ခဏလေးပဲနော် တဂယ်ခဏလေး"

ကိုကို့ကို Hotel ရှေ့ထွက်စောင့်နေရင်းမှ ခမ်းလေးခြေလေးစောင့်မိသည်။ နောက်ကျနေပြီကိုကိုရယ်။

"ရီလေး.."

"ဦးသော် "

ဦးသော်က ကားမှန်ကိုချ၍ခမ်းလေးကိုခေါ်သည်မို့ အနားသို့ပြေးသွားလိုက်တော့သည်။

"ဘယ်သွားမလို့လဲ"

"သင်တန်းပါဆို မီးမီးပြောတယ်လေ ဘယ်လိုလုပ်မလဲ မီးမီးဘေးကလူတွေက မီးမီးစကားဆိုအကုန်မေ့နေကြတော့တာပဲ ဟူး..."

ရီလေးက နှုတ်ခမ်းလေးဆူ၍ လေလေးမှုတ်ထုတ်ကာဆိုလာလေသည်။

"ဦးသော်ကတဂယ်မေ့သွားတာ sorry ပါကွာ"

ရီလေးက နှာခေါင်းလေးရှုံ့၍ သော်ဇင့်ကိုမျက်ဖြူလေးလှန်ကြည့်လေသည်။

"ရီလေးက ဒီမှာဘာထွက်လုပ်နေတာလဲ ကိုဥဿာကိုလိုက်မပို့ခိုင်းဘူးလား"

"ကိုကိုကလိုက်ပို့မယ်တဲ့ အဲ့တာစောင့်နေတာ "

"နောက်ကျနေမယ်လေ ဦးသော်လိုက်ပို့ပေးရမလားကွ"

"နေပါနော် ကိုကိုနဲ့ပဲသွားလိုက်မယ် ဒီနေ့ဧည့်သည်တွေများတယ် အဲ့တာဦးသော်ရှိမှဖြစ်မှာလေ ဦးသော်ဝင်တော့သွား ခမ်းလေးက ကိုကို့ကိုပဲစောင့်လိုက်မယ်"

"Ok အဲ့တာဆိုဦးသော်သွားပြီနော်"

"ဟုတ်"

ဦးသော်၏ကားလေးဝင်သွားဆို ကိုကို့ရဲ့ကားလေးဟာ ခမ်းလေးအနားသို့ရောက်လာလေတော့သည်။

ခွန်းစစ်ကားရပ်သည်နှင့် ကားတံခါးလေးအပြေးသွားဖွင့်ပေးလိုက်တော့သည်။ ထိုအခါခမ်းလေးက လက်လေးပိုက်၍ ခပ်စောင့်စောင့်လေးလျှောက်လာကာ ကားပေါ်သို့ဝင်ထိုင်လိုက်လေသည်။ သေချာပြီခမ်းလေးစိတ်ကောက်နေပြီ။

"ကိုကို"

"ဒီနေ့ပထမဆုံးရက်ပါဆိုကိုကိုက နောက်ကျနေတယ် "

"ကိုကိုအအိပ်လွန်သွားလို့ ကိုကိုတောင်းပန်ပါတယ်ညီမလေးရာ "

"​ကိုကို့ကိုလေ အစက ခမ်းလေးအခန်းမှာထိုင်စောင့်နေတာ အဲ့တာပြီး Hotel ဧည့်ခန်းမှာစောင့်တယ် နောက်တော့ Hotel တိုက်ရှေ့မှာစောင့်တယ် အဲ့ကနေတစ်ဖြေးဖြေးရှေ့တိုးပြီးစောင့်လိုက်တာ ကြည့် Hotel အပြင်တောင်ရောက်နေပြီ ကိုကိုရယ် သင်တန်းကိုခမ်းလေးလမ်းလျှောက်ပြီးရောက်မှတော့မလာဘူး ဟွန်း.."

စ၍ ရွဲ့နေပြီဖြစ်လေသည်။

"ကိုကို့ကိုအပြစ်ပေးပါကွာ ကိုကိုခံမယ် ညီမလေးဘာအပြစ်ပေးမလဲကြိုက်တာပေး"

"No ကိုကိုကအကြီး ခမ်းလေးအပြစ်ပေးလို့မရဘူး "

"ဟာ ..."

ခမ်းလေးလဲ ဟိုဘက်လှည့်၍ နှုတ်ခမ်းကိုအစွမ်းကုန်စူထားလိုက်တော့သည်။

ကိုကိုက နောက်ကျတာကိုး အဲ့တော့ခမ်းလေးမှာစိတ်ကောက်ပိုင်ခွင့်အပြည့်အဝရှိတယ်ကိုကို ဒီနေ့တော့ ကိုကိုချော့ဖို့ပြင်ထားတော့။

ထို့​နောက်တွင်တော့ ခမ်းလေးမှာ ကိုကို့ကိုစိတ်ကောက်ဖို့နေနေသာသာ တစ်လမ်းလုံးဘုရားတ၍ လိုက်လာရတော့သည်။ ဘာလို့ဆို ကိုကိုကလမ်းမမှတ်မိဘူးတဲ့လေ။ အခုမှပြန်ရောက်တဲ့ ကိုကိုငတုံးကြီးကြောင့် ခမ်းလေးကသာ လမ်းညွှန်ပြီးအမြန်မောင်းခိုင်း၍ ၃ မိနစ်အလိုနှင့်ရောက်လာခြင်းပြောရမည်။ အမလေး ကိုကို့ကိုတော့လန့်နေပါပြီလေ။

"ညီမလေး မြန်မြန်ပြေးတော့"

"ပြေးမှာပါ ကိုကို့ကြောင့်နောက်ကျတာ ကိုကိုငတုံးကြီးသွားပြီ"

ခွန်းစစ်ကို ငတုံးကြီးဟုခေါ်၍ ပြေးသွားသည့်ခမ်းလေးကို အားနာနာနှင့်လိုက်ကြည့်နေမိသည်။ သူကလဲသူပဲ Hotel လာတာတောင် Gps နဲ့လာရတာကို အချိန်မှီမလာပဲ နောက်ကျတော့ ငတုံးကြီးလို့အခေါ်ခံရပြီပေါ့ကွာ။

သင်တန်းစဖို့ ၂ မိနစ်အလိုတွင်ခမ်းလေးရောက်လာ၍ တော်သေးသည်ပြောရမည်။ သို့ပေမယ့်လဲ မမနန်းက ရောက်နေပြီဖြစ်သလို သင်တန်းသူတွေလဲစုံနေပြီဖြစ်၍ ခမ်းလေးမှာ မျက်နှာတွေပူရသေးသည်။

အခန်းတစ်ခု၏ ရှေ့တွင် အပေါ်မှ အဖြူရောင်အင်္ကျီနှင့်အောက်က စကပ်အနက်ရောင်အကျပ်လေးကို ပေါင််လယ်လောက်လေးဝတ်ထားသည့်မမနန်းဟာ သိပ်ကိုလှပကျက်သရေရှိလှသည်။

"ကဲ နောက်နေ့ကစပြီးအားလုံး သင်တန်းမစခင် ဆယ်မိနစ်အလိုမှာရောက်နေရမယ် ဒို့လာမှကပြာကယာနဲ့ ဘာမှမဆင်သင့်မဖြစ်တာကိုမလိုချင်ဘူး ပညာလိုချင်ရင် ဝီရိယရှိရတယ် အချိန်ကိုတန်ဖိုးထားရတယ်"

ထိုစကားတွေကြောင့် ခမ်းလေးမှာ အားလုံးကိုရော မမနန်းကိုရော အားနာရသလို ခမ်းလေးနောက်ကျ၍ မမနန်းကပြောနေမှန်းလဲ သိပါသည်။

"ဒီသင်တန်းကမင်းတို့အတွက်လဲစိန်ခေါ်မှုတစ်ခု ဒို့အတွက်လဲ လက်တွေ့စမ်းသပ်ချက်တစ်ခုပဲ ဒို့သင်တာကိုသေချာလိုက်ကြည့်ပါ အချောင်ခိုလို့မရဘူး လိုချင်စိတ်မရှိရင် အခုထဲက တစ်ခါထဲဒီအခန်းကထွက်သွားဖို့အကြံပေးမယ်နော် "

အားလုံးဟာ ညိမ်၍ မမနန်းပြောသည်ကို နားထောင်နေကြသလို ထွက်သွားဖို့မည်သူမှ ဆန္ဒမရှိကြချေ။

"နောက်တစ်ချက် မင်တို့ထဲက ဘယ်သူကဘယ်အသိုင်းဝိုင်းက ဘယ်လိုချမ်းသာတာ ဘယ်လိုနောက်ခံအင်အားတောင့်တာ အဲ့တာတွေဒို့သင်တန်းဆီသယ်မလာပါနဲ့ ဒို့ကအရည်ချင်းကလွဲလို့ကျန်တာစိတ်မဝင်စားဘူး အဲ့တော့ ဒီကာလတစ်လျှောက် အရည်ချင်းနဲ့လုပ်နိုင်ရည်လွဲလို့ ဒို့သင်တန်းမှာဘာသံမှထွက်တာမလိုချင်ဘူး"

ခမ်းလေးခေါင်းလေးတစ်ငြိမ့်ငြိမ့်နှင့်နားထောင်နေလိုက်တော့သည်။ မမနန်းကရုပ်လဲချောသလို အရည်ချင်းရောစိတ်ဓာတ်ရောပြည့်စုံသူလေးမို့ ခမ်းလေး လေးစားအားကျရပါသည်။

"ဒို့သင်ပေးလိုက်တဲ့လူက ဘယ်အတိုင်းတာထိတတ်လှမ်းနိုင်မလဲ ဒို့ကကြည့်ချင်တယ် မင်းတို့ဘက်က ဒို့သင်ပေး​တာကိုသေချာလိုက်သင်ပြီး သေချာကြိုးစားဖို့တော့လိုမယ်နော် "

"ဟုတ်ကဲ့..."

မမနန်းပြောသည်ကို အားလုံးကသေချာနားထောင်ကြလေသည်။ သင်တန်းပထမဆုံးနေ့တွင် ဝါသနာတူသည့်လူများနှင့်အတူ ခမ်း​လေးသိပ်ကိုဝါသနာပါသည့်အတတ်ပညာကို သေချာသင်ခွင့်ရသည်မို့ ခမ်းလေးတော့ပျော်ပါသည်။

"ဟ ငါ့ကောင်ကြီးက အလွင့်ကြီးပါလားဟ"

ဆိုင်ထဲဝင်လာသည့် ခွန်းစစ်၏ တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သူတံခွန်က ခွန်းစစ်ကိုမြင်သည်နှင့် ဝမ်းသာအားရဆိုလာလေသည်။

"လူကတော့လွင့်နေတယ်ကွာ ဒါပေမယ့်လွင့်ချင်တိုင်းကလွင့်လို့မရဘူး ငါလမ်းတွေမမှတ်မိဘူးဟ"

"ဟားဟား.. ရန်ကုန်သားကြီးက ဒီလမ်းတောင်မမှတ်မိဘူးတဲ့လားကွ"

"မင်းဂျီတော် ငါဟိုမှာရှိတဲ့နှစ်တွေ အတော်ပြောင်းလဲသွားတာကွ ရမ်းသမ်းပြီးတော့မောင်းတာပဲ မရောက်ဘူးလားဆိုတော့လဲရောက်တယ် ကြာလို့ကွငါစိတ်မရှည်ဘူး"

"အဲ့တော့..."

"ဒီနေ့တစ်ရက်မင်းငါ့ကိုလမ်းပြလုပ်ပေးကွာ ငါရန်ကုန်ပတ်မလို့"

"မင်းကလိုမှငါ့ကိုခေါ်တာပဲကွ "

"ငါရောက်တဲ့နေ့ကပြောတာရော မင်းပဲ ငါမအားသေးလို့နောက်မှတွေ့ရအောင်ဆို အခုမှငါ့ကိုလာပြီးအပိုတွေပြောမနေနဲ့တော့ ထ လိမ့်မယ်"

ခွန်းစစ်ကားသော့ကို တံခွန့်ဆီပစ်ပေး၍ ခုံမှထလိုက်သည့်အခါ တံခွန်ကရယ်၍ လိုက်လာလေသည်။

တစ်လမ်းလုံး မတွေ့တာကြာသည့်သူငယ်ချင်းနှစ်ယောက် စကားလေးပြောလိုက်ဆဲလိုက်နှင့် ရန်ကုန်၏ လမ်းမတစ်ချို့ဆီပတ်မောင်းလိုက်ကြတော့သည်။

"မင်းဘာလုပ်ဖို့အစီစဉ်ရှိလဲ"

"မိန်းမယူဖို့တော့ရှိတယ် ကောင်မလေးကအသက်မပြည့်သေးလို့စောင့်နေတာ"

"မင်းဂျီးတော် ငလူးသား.. အတည်မေးနေတာကွ"

တံခွန်ကဆဲသွားပြီးလျှင် ရယ်လေသည်။ ဒါပေမယ့်လဲ ဒီစကားကသူအတည်ပြောတာကို ခွန်းစစ်ကိုယ်တိုင်သာသိပါသည်။

"ငါကိုယ်ပိုင်အလုပ်လုပ်ရင် ဒယ်ဒီကပင်ပန်းမယ် အဲ့တာကြောင့်တစ်ခြားတော့မလုပ်တော့ဘူးကွာ ဒယ်ဒိ့အလုပ်ပဲဝင်လုပ်ဖို့စီစဉ်ထားတယ်"

"ကောင်းသားပဲဟ "

"ကောင်းသားပဲတွေဘာတွေလုပ်မနေနဲ့ မင်းကိုပြောထားတယ်လေ ငါလုပ်ငန်းခွင်ဝင်ရင်မင်းပါလိုက်ဝင်ရမယ်လို့"

"ငါကလက်ရှိအလုပ်ရှိတယ်ကွ"

"ထွက်လိုက်ပေါ့ဟ မင်းဂတိပေးထားတယ်လေ ငါ့လက်ထောက်အဖြစ် မင်း​ပြောတော့ဝင်လုပ်ပေးမယ်ဆို မေ့ချင်ယောင်တော့မဆောင်နဲ့ ယောက်ျားဂတိမင်းမတည်ရင် မင်းဥကိုငါကဖြုတ်ပြီး ရောင်းစားပစ်မှာ "

"မင်းဟာကလဲ ကြိမ်းတယ်ဟ ကြောက်စရာကြီးကွာ"

"ဟားဟား လုံးရာကပြားပစ်မှာနော် သေချာစဉ်းစား..."

ငစစ်က အရယ်မပြက်စနောက်ကာ ကားကိုအရှိန်တင်ကာကြမ်းမောင်းလေတော့သည်။

".အေး..အေးပါကွာ ငါဂတိတည်မှာပါ မင်းဟာကအရှိန်လျှော့အုံးဟ ကြွကုန်မှ ဥမဖြုတ်ပဲအလိုလိုပြုတ်ထွက်ကုန်မယ်"

တံခွန့်အပြောကို တဟားဟားရယ်နေပေမယ့်လဲ ငစစ်က အရှိန်မလျှော့ဆက်မောင်းနေလေတော့သည်။ တံခွန်လဲပြောမရသည်ကြောင့် ရှိသမျှကိုင်စရာအကုန်လုံးကို ဘယ်တစ်ဖက်ညာတစ်ဖက်ကိုင်၍ ရင်တုန်စွာလိုက်ပါလာလေတော့သည်။

"ဟားကွာ ကြွကုန်တော့မှာပဲဒီကောင်နဲ့တော့"

"ဟားဟား.. ပျော်စရာကြီးကွ ဝူး"

ယခုလို ကားကိုစိတ်ကြိုက်မမောင်းရသည်မှာ ခွန်းစစ်စာမေးပွဲစသည့်အချိန်ကနှင့် ယခုထိဆို နှစ်ပတ်လောက်ရှိပြီမို့ ခွန်းစစ်လဲ စိတ်လိုလက်ရ မောင်းပစ်လိုက်တော့သည်။

မနက် ၁၀ နာရီတွင်စသည့်သင်တန်းဟာ ၁၂ နာရီတွင်ထမင်းစားနားလေသည်။ ပထမရက်မို့ Hotel သို့မပြန်တော့ပဲ သင်တန်းဘေးက စားသောက်ဆိုင်တွင်သာထမင်းစားသည့်ခမ်းလေးမှာ တစ်ယောက်ထဲသာဖြစ်သည်။ ထမင်းစားနား၍ ၁ နာရီတွင်ပြန်စသည့်သင်တန်းဟာ ညနေ ၄ နာရီခန့်တွင် သင်တန်းဆင်းလေတော့သည်။

"ယူရီမလား"

ခမ်းလေး အိတ်လေးထဲ ပစ္စည်လေးတွေသိမ်းနေစဉ် ကောင်မလေးတစ်ယောက်ကဘေးသို့ရောက်လာကာ လာခေါ်လေသည်။

"အွန်း ယူရီခမ်းငယ်ပါ"

"နာမည်လေးကချစ်စရာလေး ငါ့ကိုလဲမှတ်ထားနော့ သီရိလို့ခေါ်တယ် "

"အွန်း နင့်နာမည်လဲချစ်စရာလေးလေ"

"ဟီး အဲ့တာဆိုဒို့တွေသူငယ်ချင်းဖြစ်ပြီလားဟင် "

"အွန်းပေါ့သီရိရဲ့ သင်တန်းတူတူသူငယ်ချင်းတွေပဲ ပေါ့ပေါ့ပါးပါးပဲပြောနော် ခမ်းလေးကခင်တတ်ပါတယ်"

ထိုသီရိဆိုသည့်ကောင်မလေးဟာ ခမ်းလေးနှင့်ရွယ်တူလောက်ဖြစ်သလို သင်တန်းတွင်ခမ်းလေးတို့နှစ်ယောက်ဟာ အငယ်ဆုံးတွေဖြစ်လောက်ပါသည်။ အစကတော့ သူကဟိုဘက်အစွန်ဆုံးမှာထိုင်တော့ စကားလဲမပြောဖြစ်သည်က ယခုပြောကြည့်တော့လဲ ခင်ဖို့ကောင်းလှပါသည်။

"ငါတို့တွေက ဒီနေ့စုပြီးမုန့်သွားစားကြမလို့ အဲ့တာလိုက်ခဲ့မယ်မလား"

"အကုန်လုံးလား"

"အွန်း မနက်ကရောက်တော့တိုင်ပင်ထားကြတာ နင်ကမရောက်သေးတော့မသိတာနေမှာ လိုက်မယ်မလား "

အခန်းထဲမှ သင်တန်းသူတွေဟာ ခမ်းလေးတို့ကိုဂရုမစိုက် သိမ်းစရာရှိတာတွေသိမ်းနေကြလေတော့သည်။

"ပျော်တော့ပျော်စရာကောင်းမှာ ဒါပေမယ့်မလိုက်တော့ဘူးသီရိ ခမ်းလေးသွားစရာလေးရှိသေးလို့လေ"

"အွန်း အွန်း.. အဲ့တာဆိုလဲရတယ်လေ သီရိကအငယ်ဆုံးကဒို့နှစ်ယောက်ပဲဆိုတော့အဖော်ရအောင်ခေါ်လိုက်တာ "

"ကျေးဇူးပါသီရိရယ် ခမ်းလေးနောက်တစ်ခေါက်လိုက်ခဲ့မယ်နော် "

"အွန်းအွန်း"

ခွန်းစစ်နှင့် တံခွန်ဟာခမ်းလေး၏ သင်တန်းရှေ့တွင်ရောက်နေပြီဖြစ်လေသည်။ ခမ်းလေးကို သင်တန်းရှေ့တွင်တွေ့သည်နှင့်..

"အခွန်မင်း နောက်ကိုဆင်းထိုင်ပေး"

"ဟ ..ဘာလို့လဲကွ"

"ငါ့ညီမလာမှာပါဆိုမင်းကလဲ"

"သူ့ဘာသာသူနောက်မှာထိုင်ပါစေပေါ့ ဘာလို့ငါ့ဆင်းထိုင်ခိုင်းနေတာလဲ "

အော် ခမ်းလေးနှင့် အတူထိုင်ချင်ပါတယ်ဆိုမှ ဒီကောင်ကတော့။

"အဲ့တာဆိုမင်းကားမောင်း ငါဆင်းထိုင်မယ် "

ပြောပြောဆိုဆိုနှင့် ခွန်းစစ်ကားတံခါးကိုဖွင့်၍ အောက်သို့ဆင်းလိုက်တော့သည်။

"ကိုကို"

"လာညီမလေး တတ်..."

ခမ်းလေးကားပေါ်တတ်သည်နှင့် ရှေ့ခန်းမှတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထို့နောက်ကိုကိုကဘေးတွင်လာထိုင်သည်မို့ ခမ်းလေးလဲ ရှေ့ကလူကဘယ်သူတုန်းဆိုသည့်အကြည့်နှင့် ကိုကို့ကိုကြည့်ကာမေးလိုက်တော့သည်။

"အော်အဲ့တာလား ကိုကို့သူငယ်ချင်းအခွန်တဲ့"

"ဟင်.. နာမည်ကအခွန်"

"မဟုတ်ဘူးငါ့ညီမ အကိုနာမည်ကတံခွန်ပါ အဲ့ကောင်လိုက်ပြီးနာမည်ဖျက်နေတာအတည်မမှတ်နဲ့ညီမလေး"

"အော်... ကိုကိုကတော့လုပ်ပြီ ဟုတ်ကဲ့ခမ်းလေးမှတ်ထားပါ့မယ်"

"ညီမလေးကိုလေ ချစ်စရာလေးလှတယ်နဲ့ကြားဖူးနေတာတော့ကြာပြီ တဂယ်တွေ့လိုက်တော့လဲ ချစ်စရာလေးပဲကွ တွေ့ရတာဝမ်းသာပါတယ်ကွာ"

တံခွန်လဲ နောက်သို့လှည့်ကြည့်ကာ ပြောရင်းနှင့် လက်ကိုရှေ့ထုတ်၍ လက်ဆွဲနှုတ်ဆက်ဖို့ပြင်လိုက်တော့သည်။

"ဟုတ် အကိုတွေ့ရတာဝမ်းသာပါတယ်ရှင့်"

*ဖြောင်း...*

ခမ်းလေးလဲ ထိုအကို့လက်ကိုဆွဲ၍ နှုတ်ဆက်မည်ကြံလိုက်သော် ကိုကိုက ထိုအကို့လက်ကိုရိုက်ပုတ်၍ ဖယ်ထုတ်သွားလေတော့သည်။

"ဟ.. ဘာလုပ်တာလဲကွ "

"မြန်မာနိုင်ငံဆိုတော့အဲ့တာတွေမလိုဘူးလေကွာ စကားနဲ့နှုတ်ဆက်တော်ပြီပေါ့ ဘာလဲအနောက်တိုင်းအယူတွေ မင်္ဂလာပါတွေ့ရတာဝမ်းသာပါတယ်ဆိုရပြီလေ"

ပြောနေပုံက သူကအဲ့အနောက်တိုင်းအယူတွေကို ဟိုမှာမကျင့်သုံးခဲ့ဘူးဆိုတော့လေ။ အေးပေါ့ကွာ သိတတ်နေလိုက်တာများ မပြောချင်ဘူး။

အခွန်က ယောက်ျားဒဏ်ပဲ့ မျက်စောင်းခဲသွားသလို ခွန်းစစ်လဲ ဘာတုန်းဆိုသည့်ပုံစံနှင့် မေးငေါ့ပြလိုက်တော့သည်။

ကိုကိုနှင့်ကိုကို့သူငယ်ချင်းကတော့ ရယ်လိုက်စလိုက်နှင့်ရှိနေကြပြီး ခမ်းလေးကသာအားတွေနာနေရသည်။ အခုတော့ ဘေးမှာသူစိမ်းပါလို့ ခမ်းလေးမှာစိတ်ကောက်ဖို့တောင် အချိန်ရွေ့ထားရသည်ကို ကိုကိုကစိတ်ပြေပြီအထင်နှင့် စကားတွေလာပြောနေလေတော့သည်။

စိတ်ကောက်ဖို့ အကြွေးရှိတယ်နော် ကိုကိုရေ။

📖📖📖
နောက်နေ့ ဆယ်ရက်လောက်နားဖြစ်ဖို့များပါတယ်အသဲတို့ရေ။

Words 2772
27.1.2024 7:50pm
ဆက်လက်ကြိုးစားသွားပါမည်။

(Zawgyi)


"မေမေရေ"

"သမီးပြောလေ"






"ဟီး ဟုတ်မေမေ"



"hello ကိုကို"

"ကိုကိုလာနေပြီညီမလေး"




"ရီလေး.."

"ဦးသော် "


"ဘယ်သွားမလို့လဲ"










"ဟုတ်"



"ကိုကို"







"ဟာ ..."








အခန်းတစ်ခု၏ ရှေ့တွင် အပေါ်မှ အဖြူရောင်အင်္ကျီနှင့်အောက်က စကပ်အနက်ရောင်အကျပ်လေးကို ပေါင်လယ်လောက်လေးဝတ်ထားသည့်မမနန်းဟာ သိပ်ကိုလှပကျက်သရေရှိလှသည်။








"ဟုတ်ကဲ့..."







"အဲ့တော့..."











"ကောင်းသားပဲဟ "













"ယူရီမလား"


"အွန်း ယူရီခမ်းငယ်ပါ"







"အကုန်လုံးလား"






"အွန်းအွန်း"



"ဟ ..ဘာလို့လဲကွ"






"ကိုကို"

"လာညီမလေး တတ်..."



"ဟင်.. နာမည်ကအခွန်"






*ဖြောင်း...*


"ဟ.. ဘာလုပ်တာလဲကွ "






Words 2772
27.1.2024 7:50pm

Continue Reading

You'll Also Like

1M 29.1K 31
" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘ...
324K 8.4K 44
မှတ်တမ်းရင့်+ရွှေပုံကမ္ဘာ
376K 39.8K 78
(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိ...
714K 24K 55
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...