{ Unicode }
ပတ်ဝန်းကျင်ရဲ့အလှအပကိုငေးပြီး နှစ်ယောက်လုံးစကားမဆိုနိုင်ပဲ တိတ်ဆိတ်နေမိလေသည် ။ သစ်ပင်ကိုမှီကာထိုင်နေသည့် ဆော့ဂျင်ရဲ့ရင်ခွင်ထဲမှာ ယွန်းဂီကထိုင်နေပြီး နှစ်ယောက်သား တစ်ယောက်လက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိကြသည် ။
" ချစ်တယ်နော် ယွန်းဂီ...."
ရင်ခွင်ထဲမှာ မှီနေသည့် ယွန်းဂီရဲ့နဖူးကိုဆော့ဂျင် ငုံ့နမ်းပြီးပြောလိုက်မိသည် ။
" ကျွန်တော်လည်း အကို့ကိုအရမ်းချစ်တယ်...."
" ဟေ့ကောင်... ဆော့ဂျင်..."
ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် အသံလာရာဆီသို့ နှစ်ယောက်သားလှည့်ကြည့်လိုက်တော့ ဆော့ဂျင်ရဲ့အဖေဖြသ်နေလေသည် ။
" အဖေ...."
ဆော့ဂျင် အလန့်တကြား ခေါ်လိုက်မိပြီးနောက် နှစ်ယောက်သား ကပျာကယာထလိုက်မိကြလေသည် ။
" မင်းပြောတော့ သူနဲ့ရိုးရိုးတန်းတန်းခင်တာပါဆို... ဒါ ရိုးရိုးသားသားခင်တာလားကွ..."
အဖေက ဆော့ဂျင်တို့အနားကိုရောက်လာခဲ့ပြီး လက်ညှိုးထိုးကာ ဒေါသတကြီးအော်လေသည် ။
" ဦးလေး ကျွန်တော်ပြောပြပါရစေ..."
" မင်းပါးစပ်ကိုပိတ်ထား... မင်းတို့နှစ်ယောက် ဒီဘက်ထွက်သွားတယ်ဆိုလို့ ငါမယုံလို့လိုက်ကြည့်တာ... တောက် ငါကွာ...."
ဆော့ဂျင်ရဲ့အင်္ကျီစကိုဆွဲပြီး ထိုးရန်ပါပြင်နေသည့် ဆော့ဂျင်အဖေကြောင့် ယွန်းဂီ ဆော့ဂျင်အဖေရဲ့ဆော့ဂျင်ကြားထဲဝင်ရပ်ကာတားလိုက်မိသည် ။
" ကောင်လေး... မင်းဖယ်...."
" ကျွန်တော်တို့နှစ်ယောက်ချစ်တာဘာများမှားနေလို့လဲအဖေ...."
ဆော့ဂျင်က သူ့အင်္ကျီကိုဆွဲထားသည့် အဖေ့လက်ကိုဆွဲဖြုတ်ပြီး အော်ကာပြောလိုက်သည် ။
" မင်းတို့ကယောက်ျားချင်းလေ... မင်းမရှက်ပေမယ့် ငါရှက်တယ်ကွ...."
" ယောက်ျားချင်းလည်း ချစ်လို့မရဘူးလို့ အဖေ့ကိုဘယ်သူကပြောလဲ...."
" ဒီအကောင်ကတော့ လာ... မင်းငါနဲ့ပြန်လိုက်ခဲ့...."
ဆော့ဂျင်ကိုသူ့အဖေကအတင်းဆွဲခေါ်တာကြောင့် ယွန်းဂီဘာလုပ်ရမှန်းမသိဖြစ်ပြီး မျက်ရည်တွေသာကျနေခဲ့မိသည် ။
" အကို...."
" ကိုယ် မင်းနဲ့ဘယ်တော့မှမခွဲဘူး ယွန်းဂီ...."
လှမ်းအော်ပြောသွားသည့် အကို့စကားကြောင့် ယွန်းဂီ အားရှိမိလေသည် ။ အကိုသူ့ကိုဘယ်တော့မှခွဲမသွားဘူးဆိုတာ ယွန်းဂီ ယုံကြည်ပါသည် ။ လူကြီးတွေ သဘောမတူကြရင်တောင် အကိုသူ့အနားမှာရှိမယ်ဆိုရင် ယွန်းဂီ အရာအားလုံးကိုကျော်ဖြတ်ရဲလေသည် ။
တခြားသူတွေရဲ့အမြင်တွေ လက်ခံမှုတွေဆိုတာ အရေးပါတဲ့အရာမှမဟုတ်တာလေ ။ အရေးကြီးတာက အကိုနဲ့သူ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုးချစ်နေကြရန်ပဲဖြစ်လေသည် ။
သူတို့နှစ်ယောက်ရဲ့အချစ်သာ စစ်မှန်တယ်ဆိုရင် ဘယ်လိုအခက်အခဲမျိုးကိုမဆိုကျော်ဖြတ်နိုင်မှာသေချာလေသည် ။ ဒါကြောင့် ယွန်းဂီ မျက်ရည်တွေကိုသုတ်ပြီး အားတင်းထားလိုက်မိလေသည် ။
" မင်း ဒီနေ့ကစပြီး အိမ်အပြင်ထွက်ရမယ်မထင်နဲ့...."
အိမ်ပြန်ရောက်သည်နှင့် အဖေက ဆော့ဂျင်ကို ရာဇသံပေးလေတော့သည် ။
" ဘာဖြစ်လာကြတာလဲ...."
" ဘာဖြစ်ရမှာလဲကွ... မင်းသား ခွေးဇာတ်ခင်ူနေတာလေ..."
" အဖေ အဲ့ဒီလိုမပြောနဲ့..."
တစ်ခါမှအဖေ့ကိုအော်မပြောဖူးတဲ့ ဆော့ဂျင် အဖေ့ကို ပထမဆုံးအကြိမ် အော်ပြောလိုက်မိလေသည် ။
" မင်းကများလူပါးဝလို့...."
သူ့ကိုဆွဲထိုးရန်ပြင်နေသည့် အဖေ့ကို အမေကအတင်းဆွဲတားလေသည် ။
" ဘာဖြစ်လာကြတာလဲဆိုတာ... ကျွန်မကိုလည်း သေချာရှင်းပြကြပါဦး...."
" မင်းသား ဟိုယွန်းဂီဆိုတဲ့ကောင်လေးနဲ့ကြိုက်နေတာလေ... ရပ်ကွက်ထဲကလူတွေပြောတုန်းကတောင် ငါမယုံခဲ့ဘူး... ငါ့သားမမိုက်လောက်ပါဘူးလို့ တွေးခဲ့တာ အခုတော့ ငါကိုယ်တိုင် မျက်စိနဲ့မြင်ခဲ့ရတာကွ...."
" ဟယ် သားရယ်...."
အဖေ့ရဲ့ရှင်းတဲ့စကားအဆုံးမှာတော့ အမေကငိုလေသည် ။
" အဖေတို့ဘယ်လိုပဲပြောပြော သား ယွန်းဂီကိုချစ်တယ်... ဘယ်တော့မှမခွဲဘူး...."
ပြတ်သားစွာဖြင့် အဖေနဲ့အမေကိုပြောလိုက်ပြီးတော့ ဆော့ဂျင် အခန်းထဲဝင်ခဲ့တဲ့အခါမှာတော့ အဖေ့ရဲ့အော်သံနဲ့ အမေ့ရဲ့ငိုရှိုက်သံတို့ထွက်လာခဲ့လေသည် ။
အခန်းထဲရောက်တော့ ဆော့ဂျင် စိတ်ပျက်စွာဖြင့် စားပွဲမှာဝင်ထိုင်လိုက်ပြီး ငိုပြီးကျန်ခဲ့သည့် ယွန်းဂီရဲ့မျက်နှာလေးကို မြင်ယောင်လာလေသည် ။
ယွန်းဂီ ဘယ်လောက်တောင် လန့်ပြီး ဝမ်းနည်းသွားရှာလိမ့်မလဲ ။ စိတ်ရှိတိုင်းသာဆိုရင် အဖေ့လက်ထဲကနေပြေးထွက်ပြီး ရင်ခွင်ထဲထည့်ကာ နှစ်သိမ့်ပေးလိုက်ချင်မိသည် ။ အခုတော့ ဝမ်းနည်းစွာငိုကြွေးနေတဲ့ ချစ်ရသူလေးကို ထွေးပွေ့ခွင့်မရပဲ ဒီအတိုင်းထားခဲ့ရလေသည် ။
ထိုနေ့ကစပြီး တစ်ပတ်လုံး အဖေက ဆော့ဂျင် ကို အိမ်ထဲကအိမ်ပြင်ပေးမထွက်တော့ပေ ။ ဆော့ဂျင် ကျောင်းကိုခွင့်ယူခိုင်းရုံမက သူပါ အလုပ်မသွားတော့ပဲ အိမ်မှာစောင့်နေလေသည် ။
ဆော့ဂျင် အမြဲတမ်းလိုစောင့်ကြည့်နေတာကြောင့် ယွန်းဂီ ဆီကိုဖုန်းဆက်ခွင့်တောင် မရခဲ့ပေ ။ ဒါကြောင့် ဆော့ဂျင်လည်း စိတ်ပျက်စွာဖြင့် အခန်းထဲမှာနေနေခဲ့ရလေသည် ။ သို့သော် သူ့စိတ်တွေကတော့ ချစ်ရတဲ့ ယွန်းဂီ ဆီသို့သာရောက်နေလေသည် ။
ယွန်းဂီ သူ့ကိုစိတ်ပူနေမလား အကျိူးအကြောင်းလေးလှမ်းပြောခွင့်တောင် သူ့မှာမရှိပေ ။ ဒါပေမယ့် ယွန်းဂီ သူ့ကိုစောင့်နေမယ်ဆိုတာကိုတော့ ဆော့ဂျင် ယုံကြည်မိလေသည် ။
~~~~~~~~~~~~~~~
2023........
" မောင်...."
" ဗျာ...."
" အချစ်ကိုချစ်လားဟင်...."
" ဟော.... ဘယ်နှယ်မေးလိုက်တာတုန်းအချစ်ရဲ့ ချစ်တာပေါ့...."
ဂျောင်ကု ခွာထားပေးသည့် ပုစွန်ကို ဂျီမင်ရဲ့ပန်းကန်ထဲထည့်ပေးရင်း ဖြေလိုက်တော့ ဂျီမင်က ထိုပုစွန်ကိုယူစားရင်း ကျေကျေနပ်နပ်ကြီးပြုံးနေလေသည် ။
ဒီနေ့ ဂျောင်ကု လစာထုတ်တဲ့နေ့ဖြစ်တာကြောင့် ဂျီမင်ကို အပြင်မှာ ညနေစာလိုက်ကျွေးဖြစ်လေသည် ။ ပုစွန်မခွာတတ်တဲ့ ချစ်သူသူဌေးသားလေးကို ပုစွန်တစ်ကောင်ချင်းသေချာခွာပေးနေမိသည် ။
" အချစ်လည်း မောင့်ကိုအရမ်းချစ်တယ်... မောင်ကလွဲရင် တခြားသူကိုမျက်လုံးထဲတောင်မမြင်ရတော့သလိုပဲ...."
" ဒီနေ့စကားတွေသိပ်တတ်နေပါလား မောင့်အချစ်က..."
ဂျောင်ကုရဲ့စကားကြောင့် ဂျီမင်က မျက်လုံးတွေပိတ်သည်အထိရယ်ပြလေသည် ။
" တစ်ခါတလေလေးပြောကြည့်တာပါ... ဟိ ဟိ အူယားလိုက်တာ..."
သူပြောပြီး သူရှက်နေသည့် ဂျီမင်ကိုကြည့်ပြီး ဂျောင်ကုပြုံးလိုက်မိသည် ။ တစ်နေ့ထပ်တစ်နေ့အချစ်လျော့ဖို့နေနေသာသာ ပိုပိုတိုးအောင်ချစ်မိနေတာခက်လှသည် ။ ဖြစ်နိုင်ရင် ကျောင်းမပြီးခင်လက်ထပ်လိုက်ချင်ပေမယ့်လည်း ချစ်ရသူလေးကို ပြည့်ပြည့်စုံစုံထားချင်တဲ့ဆန္ဒကြောင့် စိတ်ကိုထိန်းထားရလေသည် ။
" ဟိုတစ်နေ့က မောင် မလိုက်ဖြစ်တာကို အန်ကယ် စိတ်ဆိုးသွားလားဟင်...."
" မဆိုးပါဘူး မောင်ရဲ့ အဖေရောက်နေတာပဲကို...."
" မောင်က အန်ကယ်စိတ်ဆိုးသွားမှာစိုးရိမ်နေတာ...."
ပုစွန်တွေအားလုံး ခွာလို့ကုန်သွားတော့ ဂျောင်ကု လက်အိတ်ကိုချွတ်ပြီး ထမင်းဆက်စားရန်ပြင်လိုက်သည် ။
" ဒါနဲ့ မောင့် အဖေကိုချစ်တို့အကြောင်းပြောပြလိုက်ပြီလားဟင်...."
ဂျီမင်ရဲ့မေးခွန်းကြောင့် ဂျောင်ကု စားရန်ပြင်နေသည့် ထမင်းလုတ်ကိုပြန်ချလိုက်မိသည် ။
" ဟင့်အင်း မောင်မပြောရသေးဘူး...."
ထိုစကားကို ဂျောင်ကု အားနာစွာနဲ့ပြောလိုက်မိသည် ။ ဂျီမင်ကတော့ သူ့ကိုအဖေနဲ့မိတ်ဆက်ပေးပြီးပြီဖြစ်ပေမယ့် သူကတော့ သူတို့အကြောင်းကိုတောင် ဖွင့်မပြောရသေးပေ ။
" ပြောပြလိုက်တော့လေ မောင်ရဲ့... အချစ် မောင့်အဖေကိုတွေ့ချင်နေပြီ...."
" အင်းပါ ဒီတစ်ခေါက်ရောက်လာရင် မောင်သေချာပေါက်ပြောလိုက်ပါမယ်...."
သူ့ရဲ့စကားကြောင့် ဂျီမင်ရဲ့မျက်နှာလေးပြုံးသွားလေသည် ။ ဂျောင်ကု အဖေ့ကိုတွေ့တိုင်း ပြောပြရန်ရည်ရွယ်ထားပေမယ့် အဖေစိတ်ဆိုးမှာ လက်မခံတာကိုကြောက်နေမိလေသည် ။
ဒါ့အပြင် အဖေကခြံတွေထဲမှာ အလုပ်သမားများနဲ့အပြိုင်အလုပ်လုပ်ပြီး သူ့ကိုကျောင်းထားတာကို သူက ရည်းစားထားနေမိတာကိုလည်း အားနာမိလေသည် ။
" မောင် ဘာတွေစဉ်းစားနေတာလဲ..."
အတွေးထဲမြောနေတဲ့သူ့ကို ဂျီမင်က လက်တို့ကာ သတိပေးလေသည် ။
" မဟုတ်ပါဘူး အချစ်ပြောတော့ အဖေ့ကိုသတိရမိသွားလို့..."
" မောင့် အဖေက အချစ်တို့ကို သဘောတူမှာပါနော်...."
စိတ်ပူစွာနဲ့ပြောရင်း မျက်နှာလေးညှိုးသွားတဲ့ ချစ်သူကြောင့် ဂျောင်ကုစိတ်မကောင်းဖြစ်သွားရသည် ။ ထို့ကြောင့် ဂျီမင်လက်လေးကို လှမ်းကိုင်ပြီး အားပေးလိုက်မိသည် ။
" စိတ်မပူပါနဲ့ အချစ်ကဒီလောက်ချစ်ဖို့ကောင်းတာကို အဖေကချစ်မှာပါ..."
" အင်းနော် အဖေကချစ်ပေးလောက်မှာပါ...."
သူအားပေးလိုက်မှသာ ဂျီမင်ရဲ့မျက်နှာလေးက စိတ်သက်သာရာရသွားသည့် ပုံလေးပေါက်သွားလေသည် ။
" စားပြီးရင် ဘယ်သွားချင်သေးလဲ အချစ်...."
" မသွားတော့ပါဘူး... အိမ်ပဲပြန်တော့မယ်လေ.. နောက်ကျရင် Daddy စိတ်ပူနေလိမ့်မယ်...."
" ဟုတ်ပါပြီဗျာ...."
ညစာစားပြီးကြတော့ ဂျီမင်ကို အိမ်အထိရောက်အောင် ဂျောင်ကုလိုက်ပို့ပေးလိုက်သည် ။
" အိမ်ထဲဝင်ဦးလေ မောင်...."
" ဟင့်အင်း မဝင်တော့ဘူး... မောင်လည်း အိမ်ပြန်နားလိုက်တော့မယ်... အန်ကယ်ကိုမောင်ကနှုတ်ဆက်သွားတယ်လို့သာပြောပေးနော်...."
" ဟုတ်ကဲ့ပါ မောင်...."
ထို့နောက် မှောင်ရိပ်သန်းပြီး လူရှင်းနေသည်ကိုအခွင့်ကောင်းယူ၍ သူတို့နှစ်ယောက် နှုတ်ဆက်အနမ်းပေးခဲ့လိုက်ကြသည် ။ ဂျီမင် အိမ်ထဲဝင်ကာ ပုံရိပ်လေးပျောက်ကွယ်သွားတော့မှပဲ ဂျောင်ကုလည်း အိမ်ကိုပြန်လာခဲ့လိုက်လေသည် ။
~~~~~~~~~
" သူဌေး ဒီတစ်ခေါက် ဆိုးလ်မှာကြာကြာနေမှာဆို...."
" ဟုတ်တယ် သားက ဟိုတစ်ခေါက်သွားကတည်းက ကြာကြာနေဖို့ပြောနေလို့လေ...."
ခြံထဲကအသီးတွေကိုလိုက်ပြီး စစ်ဆေးနေသည့် ယွန်းဂီ အနားကို အလုပ်သမားတစ်ယောက်ရောက်လာပြီး စကားပြောနေလေသည် ။
" ဟုတ်တာပေါ့ဗျာ... ဂျောင်ကုလေးကလည်း ဟိုမှာတစ်ယောက်တည်း နေနေရတာဆိုတော့ အဖေနဲ့အတူနေချင်ရှာမှာပေါ့...."
" ကျွန်တော် စိတ်ချမယ်နော်... ခြံကိုကြည့်ထားပေးပါဦး.... အရေးကြီးကိစ္စရှိရင်လည်း ဖုန်းလှမ်းဆက်လိုက်ပါ...."
" ဟုတ်ကဲ့ပါ သူဌေး စိတ်ချပါ...."
ခြံထဲမှာစစ်ဆေးပြီး မှာစရာရှိတာမှာပြီးသည့်နောက်မှာတော့ ယွန်းဂီ အိမ်ကိုပြန်လာခဲ့လိုက်သည် ။ အိမ်ရောက်တော့ ရေချိုးအဝတ်အစားလဲကာ ညနေစာကို ဖြစ်သလိုစားလိုက်ပြီး အိပ်ရာစောစောဝင်ခဲ့လိုက်သည် ။
နောက်နေ့မနက်မှာတော့ ယွန်းဂီ အိပ်ရာမှစောစောထကာ ဆိုးလ်ကိုသွားရန်ပြင်ဆင်လိုက်သည် ။ အရင်နေ့ကတည်းကချက်ပြုတ်ထားတဲ့အရန်ဟင်းတွေကိုသေချာထည့်ပြီးတော့ အိမ်ကထွက်လာခဲ့လိုက်သည် ။
သားရဲ့အိမ်ကိုရောက်တော့ သားကကျောင်းသွားနေပြီဖြစ်လေသည်။ ဒါကြောင့် ယွန်းဂီ ပါလာတဲ့အရန်ဟင်းတွေကိုရေခဲသေတ္တာထဲထည့်ပြီး အိမ်သန့်ရှင်းလေးလုပ်ကာ သားကိုစောင့်နေခဲ့မိသည် ။
ဘာရယ်မဟုတ် သားဆိုးလ်မှာကျောင်းလာတက်သည့် အချိန်ကိုပြန်တွေးမိလိုက်သည် ။ ထိုအချိန်တုန်းက သားရဲ့ပညာရေးအတွက်သာ ခွဲလိုက်ရပေမယ့် သူ မခွဲချင်ခဲ့ပေ ။
သားကို ချစ်ကြောင်းတွေ သူထုတ်မပြောပြခဲ့ပေမယ့် သားကိုဘယ်လောက်ချစ်လဲဆိုတာ သူကိုယ့်သူအသိဆုံးပင် ။ သူ့ဘဝမှာ တွယ်တာစရာဟူ၍ သားသာရှိလေသည် ။
သားစာသင်နေချိန်ဖြစ်မှာစိုးတာကြောင့် သူရောက်နေကြောင်းကို စာသာပို့ထားလိုက်ပြီး အိမ်နားက ဈေးဆိုင်ကိုသွားကာ ဈေးဝယ်ပြီး သားနဲ့အတူစားရန် ညနေစာကို ပြင်ဆင်နေလိုက်သည် ။
" အဖေ ဒီတစ်ခေါက်တော့ ကြာကြာနေမှာမလားဟင်...."
" အင်း... တစ်ပတ်လောက်တော့ နေဖြစ်မှာပေါ့...."
ဂျောင်ကု ကျောင်းကပြန်ရောက်တော့ အဖေနဲ့အတူတူ ညစာစားဖြစ်ကြသည် ။ ဒီနေ့ အချိန်ပိုင်းအလုပ်လည်းမရှိတာကြောင့် အဆင်ပြေသွားရလေသည် ။
" ဟိုလေ အဖေ...."
" အင်းပြောလေ...."
ဂျောင်ကုခေါ်လိုက်တော့ အဖေက ထမင်းငုံ့စားရာကနေ မော့ကြည့်လေသည် ။ သူနဲ့ဂျီမင်အကြောင်းကို အဖေ့ကိုပြောပြရန် စိတ်ကူးထားပေမယ့်လည်း တကယ်တမ်းကျတော့ ပြောရန်ခက်နေခဲ့သည် ။
" ဟိုလေ...."
" ပြောလေ... မုန့်ဖိုးလိုလို့လား...."
" မဟုတ်ပါဘူး အဖေရယ်...."
ပြောရခက်နေသည့် ဂျောင်ကုမှာဘယ်ကစပြောရမှန်းမသိဖြစ်နေရသည့်အပြင် အဖေက ထမင်းတောင်ဆက်မစားတော့ပဲ သူ့ကိုမျက်လုံးချင်းဆုံအောင်ကြည့်နေတာကြောင့် ဂျောင်ကု စိတ်ညစ်နေမိသည် ။
" ဘာပြောရခက်နေတာလဲ... ပြသာနာတစ်ခုခုဖြစ်နေလို့လား...."
" တကယ်တော့လေ... ကျွန်တော်ရည်းစားရနေပြီအဖေ...."
ဂျောင်ကုပြောလိုက်တော့ အဖေကနည်းနည်းအံ့ဩသွားပုံရလေသည် ။
" အဲ့ဒါများပြောရခက်နေစရာလား... တက္ကသိုလ်ကျောင်းသားဖြစ်နေပြီပဲ ရည်းစားရတာထူးဆန်းပါ့မလား...."
" ဟို.... သားရဲ့ရည်းစားက ကောင်လေးပါ..."
ထိုစကားကိုကြားတော့ အဖေကမျက်ခုံးနှစ်ဖက်မြင့်တက်သွားသည်အထိ အံ့ဩသွားခဲ့လေသည် ။
" တွဲတာကြာပြီလား...."
" ဟုတ်ကဲ့ နည်းနည်းကြာနေပါပြီ...."
" အဖေ ဒီမှာရှိနေတုန်း တစ်ရက်လောက်ခေါ်လာပြီး မိတ်ဆက်ပေးလေ...."
" ဟုတ်ကဲ့ အဖေ...."
ပျော်သွားတဲ့သားမျက်နှာကြောင့် ယွန်းဂီ လည်းစိတ်ချမ်းသာသွားရသည် ။ သားကိုတော့ သူရခဲ့တဲ့စိတ်ဒဏ်ရာအနာတရမျိုးမပေးချင်ပေ ။
" ဟင်းတွေ များများထည့်စား...."
" ဟုတ်ကဲ့ အဖေ...."
ဂျောင်ကုကတော့ ထမင်းစားနေပေမယ့် စိတ်ကဂျီမင်ဆီသာရောက်နေလေသည် ။ ဒါကြောင့် ထမင်းစားပြီးတာနှင့်ချက်ချင်း အခန်းထဲဝင်ကာ ဂျီမင်ဆီဖုန်းဆက်လိုက်သည် ။
" ဟဲလို မောင်...."
" အချစ်.... မောင် အဖေ့ကို မောင်တို့အကြောင်းပြောပြလိုက်ပြီ...."
" မောင် တကယ်ပြောတာလား... အဖေကဘာပြောလဲဟင်...."
" အချစ်ကိုတစ်ရက်လောက် အိမ်ခေါ်လာပြီး မိတ်ဆက်ပေးပါတဲ့...."
ဂျောင်ကုရဲ့စကားကြောင့် တစ်ဖက်က ဂျီမင်ရဲ့ ဝမ်းသာအားရအော်လိုက်သံကိုကြားလိုက်ရလေသည် ။
" ဒါဆို အချစ်ဘယ်နေ့ မောင်နဲ့လိုက်ခဲ့ရမလဲ...."
" ကျောင်းပိတ်ရက်ကျရင်လာခဲ့လေအချစ်.... အဖေက ဒီတစ်ခေါက်ရက်ကြာကြာနေမယ်ပြောတယ်...."
" ဟုတ် မောင်....."
ဂျီမင်ဆီကပျော်နေတဲ့အသံလေးကြောင့် ဂျောင်ကုလည်းပျော်မိလေသည် ။
" ဒါဆို မနက်ဖြန် ကျောင်းရောက်မှတွေ့ကြမယ်နော်...."
" ချစ်တယ်နော် မောင်...."
" မောင်လည်း အချစ်ကိုသိပ်ချစ်တယ်...."
ဂျီမင် ဖုန်းချသွားပြီးနောက်မှာတော့ ဂျောင်ကု စာတောင်မကျက်နိုင်ပဲ ပျော်နေခဲ့မိသည် ။ ဂျီမင်ရဲ့အဖေရော သူ့ရဲ့အဖေရော သဘောတူနေမှတော့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးအတွက်စိတ်ပူစရာမလိုတော့ပေ ။ ကျန်ရှိတဲ့ သူတို့နှစ်ယောက်ရဲ့အနာဂတ်နေ့ရက်တွေဟာ ကြည်နူးပျော်ရွှင်စရာတွေနဲ့သာ ပြည့်နှက်နေတော့မှာသေချာလေသည် ။
~~~~~~~~
ဒီနေ့ အစည်းအဝေးကနောက်ကျမှရှိတာကြောင့် ဆော့ဂျင် အိမ်ပြန်နောက်ကျနေလေသည် ။ သားငယ်နဲ့တောင် ထမင်းအတူမစားဖြစ်တော့ပဲ အရင်စားနှင့်ရန် ဖုန်းဆက်ပြီးအကြောင်းကြားထားရလေသည် ။
ကားမောင်းလာရင်း ကားဂိတ်မှာ ကားစောင့်နေသည့် ဂျောင်ကုကိုတွေ့တာကြောင့် ဆော့ဂျင် ကားရပ်လိုက်သည် ။
" ဂျောင်ကု...."
" ဟာ... အန်ကယ်..."
" အိမ်ပြန်မလို့မလား... လာ အန်ကယ်လိုက်ပို့ပေးမယ်...."
" ဟုတ်ကဲ့ အန်ကယ်.... ကျေးဇူးပါဗျ...."
ဂျောင်ကုက ကျေးဇူးတင်စကားပြောပြီးနောက် ကားပေါ်သို့တက်လာလေသည် ။
" အန်ကယ်အခုပြန်လာတာလား...."
" ဟုတ်တယ် ဒီနေ့ အစည်းအဝေးရှိလို့လေ..."
" ဟုတ်ကဲ့...."
အန်ကယ်နဲ့ ရင်းနှီးနေပြီဖြစ်သော်လည်း
ဂျီမင်မပါပဲ နှစ်ယောက်တည်းဆိုတော့ နည်းနည်းနေရခက်နေမိလေသည် ။
" စာမေးပွဲနီးနေပြီနော် စာရနေပြီလား...."
" ဟုတ်ကဲ့ အန်ကယ်...."
" ဂျောင်ကုကိုတော့ အန်ကယ်ချီးကျူးတယ်.... အလုပ်တစ်ဖက်နဲ့ စာကိုလည်းကြိုးစားနေတာ တကယ်တော်တယ်...."
ယောက္ခထီးလောင်းကြီးရဲ့ချီးကျူးစကားကြောင့် ဂျောင်ကု ကျေနပ်သွားရလေသည် ။
" ဂျီမင်က ဆိုးတယ်မလား...."
" နည်းနည်းပေါ့ အန်ကယ်ရယ်...."
ဂျောင်ကုရဲ့စကားကြောင့် အန်ကယ်ကရယ်လေတော့သည် ။ ထို့နောက် နှစ်ယောက်သား စကားတပြောပြောဖြင့် ဂျောင်ကုရဲ့အိမ်သို့ရောက်လာခဲ့လေသည် ။
" အန်ကယ် အိမ်ထဲလိုက်ခဲ့ပါဦးလား...."
" မဝင်တော့ပါဘူးကွာ နောက်မှလာလည်မယ်လေ..."
" သား...."
ဂျောင်ကုနဲ့ဆော့ဂျင်စကားပြောနေတုန်းမှာပဲ လှမ်းခေါ်သံကြားတာကြောင့် ဂျောင်ကုကလှမ်းကြည့်လိုက်မိသည် ။
" ဟာ... အတော်ပဲ အဖေနဲ့မိတ်ဆက်ပေးရဦးမယ်...."
" အဖေဒါက အန်ကယ်ဆော့ဂျင်တဲ့ သားကိုအိမ်ပြန်လိုက်ပို့ပေးတာ.... အန်ကယ် ဒါကကျွန်တော့် ဖေဖေ မင်ယွန်းဂီတဲ့...."
ဂျောင်ကုရဲ့မိတ်ဆက်ပေးမှုနဲ့အတူ ကားနားရောက်လာသည့် လူတစ်ယောက်ကြောင့် ဆော့ဂျင် အံ့ဩတုန်လှုပ်သွားရလေသည် ။
နှစ်ယောက်လုံး ဘာစကားမှမပြောပဲ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေမိရင်းနဲ့မှ ယွန်းဂီက ဂျောင်ကုရဲ့လက်ကိုဆွဲပြီး ခေါ်သွလေတော့သည် ။
" သူ့လိုလူနဲ့ခင်စရာအကြောင်းမရှိဘူး.... လာစမ်းသား...."
ဂျောင်ကုကိုခေါ်သွားပြီး ပြောသွားတဲ့စကားကြောင့် ဆော့ဂျင် တောက်ပြင်းပြင်းတစ်ချက်ခေါက်လိုက်မိသလို ။ ဂျောင်ကုကတော့ ဘယမှမသိနားမလည်စွာနဲ့ မျက်လုံးလေးပြူးကာပါသွားလေတော့သည် ။
ဆော့ဂျင်ကတော့ ဆုံမှဆုံတတ်သည့် ကံကြမ္မာကို ဒေါသထွက်ရင်း ကားကိုအရှိန်ဖြင့်မောင်းထွက်လာခဲ့လိုက်လေတော့သည် ။
အကြာကြီးပစ်ထားမိလို့ တောင်းပန်ပါတယ်နော် ဒီနေ့ကစပြီး တစ်ပတ်တစ်ပိုင်း up ပေးပါတော့မယ် ဖတ်ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် ❣️❣️❣️
{ Zawgyi }
ပတ္ဝန္းက်င္ရဲ႕အလွအပကိုေငးၿပီး ႏွစ္ေယာက္လုံးစကားမဆိုႏိုင္ပဲ တိတ္ဆိတ္ေနမိေလသည္ ။ သစ္ပင္ကိုမွီကာထိုင္ေနသည့္ ေဆာ့ဂ်င္ရဲ႕ရင္ခြင္ထဲမွာ ယြန္းဂီကထိုင္ေနၿပီး ႏွစ္ေယာက္သား တစ္ေယာက္လက္ကိုတစ္ေယာက္ တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားမိၾကသည္ ။
" ခ်စ္တယ္ေနာ္ ယြန္းဂီ...."
ရင္ခြင္ထဲမွာ မွီေနသည့္ ယြန္းဂီရဲ႕နဖူးကိုေဆာ့ဂ်င္ ငုံ႔နမ္းၿပီးေျပာလိုက္မိသည္ ။
" ကြၽန္ေတာ္လည္း အကို႔ကိုအရမ္းခ်စ္တယ္...."
" ေဟ့ေကာင္... ေဆာ့ဂ်င္..."
႐ုတ္တရက္ၾကားလိုက္ရတဲ့အသံေၾကာင့္ အသံလာရာဆီသို႔ ႏွစ္ေယာက္သားလွည့္ၾကည့္လိုက္ေတာ့ ေဆာ့ဂ်င္ရဲ႕အေဖျဖသ္ေနေလသည္ ။
" အေဖ...."
ေဆာ့ဂ်င္ အလန႔္တၾကား ေခၚလိုက္မိၿပီးေနာက္ ႏွစ္ေယာက္သား ကပ်ာကယာထလိုက္မိၾကေလသည္ ။
" မင္းေျပာေတာ့ သူနဲ႔႐ိုး႐ိုးတန္းတန္းခင္တာပါဆို... ဒါ ႐ိုး႐ိုးသားသားခင္တာလားကြ..."
အေဖက ေဆာ့ဂ်င္တို႔အနားကိုေရာက္လာခဲ့ၿပီး လက္ညႇိဳးထိုးကာ ေဒါသတႀကီးေအာ္ေလသည္ ။
" ဦးေလး ကြၽန္ေတာ္ေျပာျပပါရေစ..."
" မင္းပါးစပ္ကိုပိတ္ထား... မင္းတို႔ႏွစ္ေယာက္ ဒီဘက္ထြက္သြားတယ္ဆိုလို႔ ငါမယုံလို႔လိုက္ၾကည့္တာ... ေတာက္ ငါကြာ...."
ေဆာ့ဂ်င္ရဲ႕အက်ႌစကိုဆြဲၿပီး ထိုးရန္ပါျပင္ေနသည့္ ေဆာ့ဂ်င္အေဖေၾကာင့္ ယြန္းဂီ ေဆာ့ဂ်င္အေဖရဲ႕ေဆာ့ဂ်င္ၾကားထဲဝင္ရပ္ကာတားလိုက္မိသည္ ။
" ေကာင္ေလး... မင္းဖယ္...."
" ကြၽန္ေတာ္တို႔ႏွစ္ေယာက္ခ်စ္တာဘာမ်ားမွားေနလို႔လဲအေဖ...."
ေဆာ့ဂ်င္က သူ႔အက်ႌကိုဆြဲထားသည့္ အေဖ့လက္ကိုဆြဲျဖဳတ္ၿပီး ေအာ္ကာေျပာလိုက္သည္ ။
" မင္းတို႔ကေယာက္်ားခ်င္းေလ... မင္းမရွက္ေပမယ့္ ငါရွက္တယ္ကြ...."
" ေယာက္်ားခ်င္းလည္း ခ်စ္လို႔မရဘူးလို႔ အေဖ့ကိုဘယ္သူကေျပာလဲ...."
" ဒီအေကာင္ကေတာ့ လာ... မင္းငါနဲ႔ျပန္လိုက္ခဲ့...."
ေဆာ့ဂ်င္ကိုသူ႔အေဖကအတင္းဆြဲေခၚတာေၾကာင့္ ယြန္းဂီဘာလုပ္ရမွန္းမသိျဖစ္ၿပီး မ်က္ရည္ေတြသာက်ေနခဲ့မိသည္ ။
" အကို...."
" ကိုယ္ မင္းနဲ႔ဘယ္ေတာ့မွမခြဲဘူး ယြန္းဂီ...."
လွမ္းေအာ္ေျပာသြားသည့္ အကို႔စကားေၾကာင့္ ယြန္းဂီ အားရွိမိေလသည္ ။ အကိုသူ႔ကိုဘယ္ေတာ့မွခြဲမသြားဘူးဆိုတာ ယြန္းဂီ ယုံၾကည္ပါသည္ ။ လူႀကီးေတြ သေဘာမတူၾကရင္ေတာင္ အကိုသူ႔အနားမွာရွိမယ္ဆိုရင္ ယြန္းဂီ အရာအားလုံးကိုေက်ာ္ျဖတ္ရဲေလသည္ ။
တျခားသူေတြရဲ႕အျမင္ေတြ လက္ခံမႈေတြဆိုတာ အေရးပါတဲ့အရာမွမဟုတ္တာေလ ။ အေရးႀကီးတာက အကိုနဲ႔သူ တစ္ေယာက္ကိုတစ္ေယာက္ ျမတ္ျမတ္ႏိုးႏိုးခ်စ္ေနၾကရန္ပဲျဖစ္ေလသည္ ။
သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္သာ စစ္မွန္တယ္ဆိုရင္ ဘယ္လိုအခက္အခဲမ်ိဳးကိုမဆိုေက်ာ္ျဖတ္ႏိုင္မွာေသခ်ာေလသည္ ။ ဒါေၾကာင့္ ယြန္းဂီ မ်က္ရည္ေတြကိုသုတ္ၿပီး အားတင္းထားလိုက္မိေလသည္ ။
" မင္း ဒီေန႔ကစၿပီး အိမ္အျပင္ထြက္ရမယ္မထင္နဲ႔...."
အိမ္ျပန္ေရာက္သည္ႏွင့္ အေဖက ေဆာ့ဂ်င္ကို ရာဇသံေပးေလေတာ့သည္ ။
" ဘာျဖစ္လာၾကတာလဲ...."
" ဘာျဖစ္ရမွာလဲကြ... မင္းသား ေခြးဇာတ္ခင္ူေနတာေလ..."
" အေဖ အဲ့ဒီလိုမေျပာနဲ႔..."
တစ္ခါမွအေဖ့ကိုေအာ္မေျပာဖူးတဲ့ ေဆာ့ဂ်င္ အေဖ့ကို ပထမဆုံးအႀကိမ္ ေအာ္ေျပာလိုက္မိေလသည္ ။
" မင္းကမ်ားလူပါးဝလို႔...."
သူ႔ကိုဆြဲထိုးရန္ျပင္ေနသည့္ အေဖ့ကို အေမကအတင္းဆြဲတားေလသည္ ။
" ဘာျဖစ္လာၾကတာလဲဆိုတာ... ကြၽန္မကိုလည္း ေသခ်ာရွင္းျပၾကပါဦး...."
" မင္းသား ဟိုယြန္းဂီဆိုတဲ့ေကာင္ေလးနဲ႔ႀကိဳက္ေနတာေလ... ရပ္ကြက္ထဲကလူေတြေျပာတုန္းကေတာင္ ငါမယုံခဲ့ဘူး... ငါ့သားမမိုက္ေလာက္ပါဘူးလို႔ ေတြးခဲ့တာ အခုေတာ့ ငါကိုယ္တိုင္ မ်က္စိနဲ႔ျမင္ခဲ့ရတာကြ...."
" ဟယ္ သားရယ္...."
အေဖ့ရဲ႕ရွင္းတဲ့စကားအဆုံးမွာေတာ့ အေမကငိုေလသည္ ။
" အေဖတို႔ဘယ္လိုပဲေျပာေျပာ သား ယြန္းဂီကိုခ်စ္တယ္... ဘယ္ေတာ့မွမခြဲဘူး...."
ျပတ္သားစြာျဖင့္ အေဖနဲ႔အေမကိုေျပာလိုက္ၿပီးေတာ့ ေဆာ့ဂ်င္ အခန္းထဲဝင္ခဲ့တဲ့အခါမွာေတာ့ အေဖ့ရဲ႕ေအာ္သံနဲ႔ အေမ့ရဲ႕ငိုရႈိက္သံတို႔ထြက္လာခဲ့ေလသည္ ။
အခန္းထဲေရာက္ေတာ့ ေဆာ့ဂ်င္ စိတ္ပ်က္စြာျဖင့္ စားပြဲမွာဝင္ထိုင္လိုက္ၿပီး ငိုၿပီးက်န္ခဲ့သည့္ ယြန္းဂီရဲ႕မ်က္ႏွာေလးကို ျမင္ေယာင္လာေလသည္ ။
ယြန္းဂီ ဘယ္ေလာက္ေတာင္ လန႔္ၿပီး ဝမ္းနည္းသြားရွာလိမ့္မလဲ ။ စိတ္ရွိတိုင္းသာဆိုရင္ အေဖ့လက္ထဲကေနေျပးထြက္ၿပီး ရင္ခြင္ထဲထည့္ကာ ႏွစ္သိမ့္ေပးလိုက္ခ်င္မိသည္ ။ အခုေတာ့ ဝမ္းနည္းစြာငိုေႂကြးေနတဲ့ ခ်စ္ရသူေလးကို ေထြးေပြ႕ခြင့္မရပဲ ဒီအတိုင္းထားခဲ့ရေလသည္ ။
ထိုေန႔ကစၿပီး တစ္ပတ္လုံး အေဖက ေဆာ့ဂ်င္ ကို အိမ္ထဲကအိမ္ျပင္ေပးမထြက္ေတာ့ေပ ။ ေဆာ့ဂ်င္ ေက်ာင္းကိုခြင့္ယူခိုင္း႐ုံမက သူပါ အလုပ္မသြားေတာ့ပဲ အိမ္မွာေစာင့္ေနေလသည္ ။
ေဆာ့ဂ်င္ အၿမဲတမ္းလိုေစာင့္ၾကည့္ေနတာေၾကာင့္ ယြန္းဂီ ဆီကိုဖုန္းဆက္ခြင့္ေတာင္ မရခဲ့ေပ ။ ဒါေၾကာင့္ ေဆာ့ဂ်င္လည္း စိတ္ပ်က္စြာျဖင့္ အခန္းထဲမွာေနေနခဲ့ရေလသည္ ။ သို႔ေသာ္ သူ႔စိတ္ေတြကေတာ့ ခ်စ္ရတဲ့ ယြန္းဂီ ဆီသို႔သာေရာက္ေနေလသည္ ။
ယြန္းဂီ သူ႔ကိုစိတ္ပူေနမလား အက်ိဴးအေၾကာင္းေလးလွမ္းေျပာခြင့္ေတာင္ သူ႔မွာမရွိေပ ။ ဒါေပမယ့္ ယြန္းဂီ သူ႔ကိုေစာင့္ေနမယ္ဆိုတာကိုေတာ့ ေဆာ့ဂ်င္ ယုံၾကည္မိေလသည္ ။
~~~~~~~~~~~~~~~
2023.........
" ေမာင္...."
" ဗ်ာ...."
" အခ်စ္ကိုခ်စ္လားဟင္...."
" ေဟာ.... ဘယ္ႏွယ္ေမးလိုက္တာတုန္းအခ်စ္ရဲ႕ ခ်စ္တာေပါ့...."
ေဂ်ာင္ကု ခြာထားေပးသည့္ ပုစြန္ကို ဂ်ီမင္ရဲ႕ပန္းကန္ထဲထည့္ေပးရင္း ေျဖလိုက္ေတာ့ ဂ်ီမင္က ထိုပုစြန္ကိုယူစားရင္း ေက်ေက်နပ္နပ္ႀကီးၿပဳံးေနေလသည္ ။
ဒီေန႔ ေဂ်ာင္ကု လစာထုတ္တဲ့ေန႔ျဖစ္တာေၾကာင့္ ဂ်ီမင္ကို အျပင္မွာ ညေနစာလိုက္ေကြၽးျဖစ္ေလသည္ ။ ပုစြန္မခြာတတ္တဲ့ ခ်စ္သူသူေဌးသားေလးကို ပုစြန္တစ္ေကာင္ခ်င္းေသခ်ာခြာေပးေနမိသည္ ။
" အခ်စ္လည္း ေမာင့္ကိုအရမ္းခ်စ္တယ္... ေမာင္ကလြဲရင္ တျခားသူကိုမ်က္လုံးထဲေတာင္မျမင္ရေတာ့သလိုပဲ...."
" ဒီေန႔စကားေတြသိပ္တတ္ေနပါလား ေမာင့္အခ်စ္က..."
ေဂ်ာင္ကုရဲ႕စကားေၾကာင့္ ဂ်ီမင္က မ်က္လုံးေတြပိတ္သည္အထိရယ္ျပေလသည္ ။
" တစ္ခါတေလေလးေျပာၾကည့္တာပါ... ဟိ ဟိ အူယားလိုက္တာ..."
သူေျပာၿပီး သူရွက္ေနသည့္ ဂ်ီမင္ကိုၾကည့္ၿပီး ေဂ်ာင္ကုၿပဳံးလိုက္မိသည္ ။ တစ္ေန႔ထပ္တစ္ေန႔အခ်စ္ေလ်ာ့ဖို႔ေနေနသာသာ ပိုပိုတိုးေအာင္ခ်စ္မိေနတာခက္လွသည္ ။ ျဖစ္ႏိုင္ရင္ ေက်ာင္းမၿပီးခင္လက္ထပ္လိုက္ခ်င္ေပမယ့္လည္း ခ်စ္ရသူေလးကို ျပည့္ျပည့္စုံစုံထားခ်င္တဲ့ဆႏၵေၾကာင့္ စိတ္ကိုထိန္းထားရေလသည္ ။
" ဟိုတစ္ေန႔က ေမာင္ မလိုက္ျဖစ္တာကို အန္ကယ္ စိတ္ဆိုးသြားလားဟင္...."
" မဆိုးပါဘူး ေမာင္ရဲ႕ အေဖေရာက္ေနတာပဲကို...."
" ေမာင္က အန္ကယ္စိတ္ဆိုးသြားမွာစိုးရိမ္ေနတာ...."
ပုစြန္ေတြအားလုံး ခြာလို႔ကုန္သြားေတာ့ ေဂ်ာင္ကု လက္အိတ္ကိုခြၽတ္ၿပီး ထမင္းဆက္စားရန္ျပင္လိုက္သည္ ။
" ဒါနဲ႔ ေမာင့္ အေဖကိုခ်စ္တို႔အေၾကာင္းေျပာျပလိုက္ၿပီလားဟင္...."
ဂ်ီမင္ရဲ႕ေမးခြန္းေၾကာင့္ ေဂ်ာင္ကု စားရန္ျပင္ေနသည့္ ထမင္းလုတ္ကိုျပန္ခ်လိုက္မိသည္ ။
" ဟင့္အင္း ေမာင္မေျပာရေသးဘူး...."
ထိုစကားကို ေဂ်ာင္ကု အားနာစြာနဲ႔ေျပာလိုက္မိသည္ ။ ဂ်ီမင္ကေတာ့ သူ႔ကိုအေဖနဲ႔မိတ္ဆက္ေပးၿပီးၿပီျဖစ္ေပမယ့္ သူကေတာ့ သူတို႔အေၾကာင္းကိုေတာင္ ဖြင့္မေျပာရေသးေပ ။
" ေျပာျပလိုက္ေတာ့ေလ ေမာင္ရဲ႕... အခ်စ္ ေမာင့္အေဖကိုေတြ႕ခ်င္ေနၿပီ...."
" အင္းပါ ဒီတစ္ေခါက္ေရာက္လာရင္ ေမာင္ေသခ်ာေပါက္ေျပာလိုက္ပါမယ္...."
သူ႔ရဲ႕စကားေၾကာင့္ ဂ်ီမင္ရဲ႕မ်က္ႏွာေလးၿပဳံးသြားေလသည္ ။ ေဂ်ာင္ကု အေဖ့ကိုေတြ႕တိုင္း ေျပာျပရန္ရည္႐ြယ္ထားေပမယ့္ အေဖစိတ္ဆိုးမွာ လက္မခံတာကိုေၾကာက္ေနမိေလသည္ ။
ဒါ့အျပင္ အေဖကၿခံေတြထဲမွာ အလုပ္သမားမ်ားနဲ႔အၿပိဳင္အလုပ္လုပ္ၿပီး သူ႔ကိုေက်ာင္းထားတာကို သူက ရည္းစားထားေနမိတာကိုလည္း အားနာမိေလသည္ ။
" ေမာင္ ဘာေတြစဥ္းစားေနတာလဲ..."
အေတြးထဲေျမာေနတဲ့သူ႔ကို ဂ်ီမင္က လက္တို႔ကာ သတိေပးေလသည္ ။
" မဟုတ္ပါဘူး အခ်စ္ေျပာေတာ့ အေဖ့ကိုသတိရမိသြားလို႔..."
" ေမာင့္ အေဖက အခ်စ္တို႔ကို သေဘာတူမွာပါေနာ္...."
စိတ္ပူစြာနဲ႔ေျပာရင္း မ်က္ႏွာေလးညႇိဳးသြားတဲ့ ခ်စ္သူေၾကာင့္ ေဂ်ာင္ကုစိတ္မေကာင္းျဖစ္သြားရသည္ ။ ထို႔ေၾကာင့္ ဂ်ီမင္လက္ေလးကို လွမ္းကိုင္ၿပီး အားေပးလိုက္မိသည္ ။
" စိတ္မပူပါနဲ႔ အခ်စ္ကဒီေလာက္ခ်စ္ဖို႔ေကာင္းတာကို အေဖကခ်စ္မွာပါ..."
" အင္းေနာ္ အေဖကခ်စ္ေပးေလာက္မွာပါ...."
သူအားေပးလိုက္မွသာ ဂ်ီမင္ရဲ႕မ်က္ႏွာေလးက စိတ္သက္သာရာရသြားသည့္ ပုံေလးေပါက္သြားေလသည္ ။
" စားၿပီးရင္ ဘယ္သြားခ်င္ေသးလဲ အခ်စ္...."
" မသြားေတာ့ပါဘူး... အိမ္ပဲျပန္ေတာ့မယ္ေလ.. ေနာက္က်ရင္ Daddy စိတ္ပူေနလိမ့္မယ္...."
" ဟုတ္ပါၿပီဗ်ာ...."
ညစာစားၿပီးၾကေတာ့ ဂ်ီမင္ကို အိမ္အထိေရာက္ေအာင္ ေဂ်ာင္ကုလိုက္ပို႔ေပးလိုက္သည္ ။
" အိမ္ထဲဝင္ဦးေလ ေမာင္...."
" ဟင့္အင္း မဝင္ေတာ့ဘူး... ေမာင္လည္း အိမ္ျပန္နားလိုက္ေတာ့မယ္... အန္ကယ္ကိုေမာင္ကႏႈတ္ဆက္သြားတယ္လို႔သာေျပာေပးေနာ္...."
" ဟုတ္ကဲ့ပါ ေမာင္...."
ထို႔ေနာက္ ေမွာင္ရိပ္သန္းၿပီး လူရွင္းေနသည္ကိုအခြင့္ေကာင္းယူ၍ သူတို႔ႏွစ္ေယာက္ ႏႈတ္ဆက္အနမ္းေပးခဲ့လိုက္ၾကသည္ ။ ဂ်ီမင္ အိမ္ထဲဝင္ကာ ပုံရိပ္ေလးေပ်ာက္ကြယ္သြားေတာ့မွပဲ ေဂ်ာင္ကုလည္း အိမ္ကိုျပန္လာခဲ့လိုက္ေလသည္ ။
~~~~~~~~~
" သူေဌး ဒီတစ္ေခါက္ ဆိုးလ္မွာၾကာၾကာေနမွာဆို...."
" ဟုတ္တယ္ သားက ဟိုတစ္ေခါက္သြားကတည္းက ၾကာၾကာေနဖို႔ေျပာေနလို႔ေလ...."
ၿခံထဲကအသီးေတြကိုလိုက္ၿပီး စစ္ေဆးေနသည့္ ယြန္းဂီ အနားကို အလုပ္သမားတစ္ေယာက္ေရာက္လာၿပီး စကားေျပာေနေလသည္ ။
" ဟုတ္တာေပါ့ဗ်ာ... ေဂ်ာင္ကုေလးကလည္း ဟိုမွာတစ္ေယာက္တည္း ေနေနရတာဆိုေတာ့ အေဖနဲ႔အတူေနခ်င္ရွာမွာေပါ့...."
" ကြၽန္ေတာ္ စိတ္ခ်မယ္ေနာ္... ၿခံကိုၾကည့္ထားေပးပါဦး.... အေရးႀကီးကိစၥရွိရင္လည္း ဖုန္းလွမ္းဆက္လိုက္ပါ...."
" ဟုတ္ကဲ့ပါ သူေဌး စိတ္ခ်ပါ...."
ၿခံထဲမွာစစ္ေဆးၿပီး မွာစရာရွိတာမွာၿပီးသည့္ေနာက္မွာေတာ့ ယြန္းဂီ အိမ္ကိုျပန္လာခဲ့လိုက္သည္ ။ အိမ္ေရာက္ေတာ့ ေရခ်ိဳးအဝတ္အစားလဲကာ ညေနစာကို ျဖစ္သလိုစားလိုက္ၿပီး အိပ္ရာေစာေစာဝင္ခဲ့လိုက္သည္ ။
ေနာက္ေန႔မနက္မွာေတာ့ ယြန္းဂီ အိပ္ရာမွေစာေစာထကာ ဆိုးလ္ကိုသြားရန္ျပင္ဆင္လိုက္သည္ ။ အရင္ေန႔ကတည္းကခ်က္ျပဳတ္ထားတဲ့အရန္ဟင္းေတြကိုေသခ်ာထည့္ၿပီးေတာ့ အိမ္ကထြက္လာခဲ့လိုက္သည္ ။
သားရဲ႕အိမ္ကိုေရာက္ေတာ့ သားကေက်ာင္းသြားေနၿပီျဖစ္ေလသည္။ ဒါေၾကာင့္ ယြန္းဂီ ပါလာတဲ့အရန္ဟင္းေတြကိုေရခဲေသတၱာထဲထည့္ၿပီး အိမ္သန႔္ရွင္းေလးလုပ္ကာ သားကိုေစာင့္ေနခဲ့မိသည္ ။
ဘာရယ္မဟုတ္ သားဆိုးလ္မွာေက်ာင္းလာတက္သည့္ အခ်ိန္ကိုျပန္ေတြးမိလိုက္သည္ ။ ထိုအခ်ိန္တုန္းက သားရဲ႕ပညာေရးအတြက္သာ ခြဲလိုက္ရေပမယ့္ သူ မခြဲခ်င္ခဲ့ေပ ။
သားကို ခ်စ္ေၾကာင္းေတြ သူထုတ္မေျပာျပခဲ့ေပမယ့္ သားကိုဘယ္ေလာက္ခ်စ္လဲဆိုတာ သူကိုယ့္သူအသိဆုံးပင္ ။ သူ႔ဘဝမွာ တြယ္တာစရာဟူ၍ သားသာရွိေလသည္ ။
သားစာသင္ေနခ်ိန္ျဖစ္မွာစိုးတာေၾကာင့္ သူေရာက္ေနေၾကာင္းကို စာသာပို႔ထားလိုက္ၿပီး အိမ္နားက ေဈးဆိုင္ကိုသြားကာ ေဈးဝယ္ၿပီး သားနဲ႔အတူစားရန္ ညေနစာကို ျပင္ဆင္ေနလိုက္သည္ ။
" အေဖ ဒီတစ္ေခါက္ေတာ့ ၾကာၾကာေနမွာမလားဟင္...."
" အင္း... တစ္ပတ္ေလာက္ေတာ့ ေနျဖစ္မွာေပါ့...."
ေဂ်ာင္ကု ေက်ာင္းကျပန္ေရာက္ေတာ့ အေဖနဲ႔အတူတူ ညစာစားျဖစ္ၾကသည္ ။ ဒီေန႔ အခ်ိန္ပိုင္းအလုပ္လည္းမရွိတာေၾကာင့္ အဆင္ေျပသြားရေလသည္ ။
" ဟိုေလ အေဖ...."
" အင္းေျပာေလ...."
ေဂ်ာင္ကုေခၚလိုက္ေတာ့ အေဖက ထမင္းငုံ႔စားရာကေန ေမာ့ၾကည့္ေလသည္ ။ သူနဲ႔ဂ်ီမင္အေၾကာင္းကို အေဖ့ကိုေျပာျပရန္ စိတ္ကူးထားေပမယ့္လည္း တကယ္တမ္းက်ေတာ့ ေျပာရန္ခက္ေနခဲ့သည္ ။
" ဟိုေလ...."
" ေျပာေလ... မုန႔္ဖိုးလိုလို႔လား...."
" မဟုတ္ပါဘူး အေဖရယ္...."
ေျပာရခက္ေနသည့္ ေဂ်ာင္ကုမွာဘယ္ကစေျပာရမွန္းမသိျဖစ္ေနရသည့္အျပင္ အေဖက ထမင္းေတာင္ဆက္မစားေတာ့ပဲ သူ႔ကိုမ်က္လုံးခ်င္းဆုံေအာင္ၾကည့္ေနတာေၾကာင့္ ေဂ်ာင္ကု စိတ္ညစ္ေနမိသည္ ။
" ဘာေျပာရခက္ေနတာလဲ... ျပသာနာတစ္ခုခုျဖစ္ေနလို႔လား...."
" တကယ္ေတာ့ေလ... ကြၽန္ေတာ္ရည္းစားရေနၿပီအေဖ...."
ေဂ်ာင္ကုေျပာလိုက္ေတာ့ အေဖကနည္းနည္းအံ့ဩသြားပုံရေလသည္ ။
" အဲ့ဒါမ်ားေျပာရခက္ေနစရာလား... တကၠသိုလ္ေက်ာင္းသားျဖစ္ေနၿပီပဲ ရည္းစားရတာထူးဆန္းပါ့မလား...."
" ဟို.... သားရဲ႕ရည္းစားက ေကာင္ေလးပါ..."
ထိုစကားကိုၾကားေတာ့ အေဖကမ်က္ခုံးႏွစ္ဖက္ျမင့္တက္သြားသည္အထိ အံ့ဩသြားခဲ့ေလသည္ ။
" တြဲတာၾကာၿပီလား...."
" ဟုတ္ကဲ့ နည္းနည္းၾကာေနပါၿပီ...."
" အေဖ ဒီမွာရွိေနတုန္း တစ္ရက္ေလာက္ေခၚလာၿပီး မိတ္ဆက္ေပးေလ...."
" ဟုတ္ကဲ့ အေဖ...."
ေပ်ာ္သြားတဲ့သားမ်က္ႏွာေၾကာင့္ ယြန္းဂီ လည္းစိတ္ခ်မ္းသာသြားရသည္ ။ သားကိုေတာ့ သူရခဲ့တဲ့စိတ္ဒဏ္ရာအနာတရမ်ိဳးမေပးခ်င္ေပ ။
" ဟင္းေတြ မ်ားမ်ားထည့္စား...."
" ဟုတ္ကဲ့ အေဖ...."
ေဂ်ာင္ကုကေတာ့ ထမင္းစားေနေပမယ့္ စိတ္ကဂ်ီမင္ဆီသာေရာက္ေနေလသည္ ။ ဒါေၾကာင့္ ထမင္းစားၿပီးတာႏွင့္ခ်က္ခ်င္း အခန္းထဲဝင္ကာ ဂ်ီမင္ဆီဖုန္းဆက္လိုက္သည္ ။
" ဟဲလို ေမာင္...."
" အခ်စ္.... ေမာင္ အေဖ့ကို ေမာင္တို႔အေၾကာင္းေျပာျပလိုက္ၿပီ...."
" ေမာင္ တကယ္ေျပာတာလား... အေဖကဘာေျပာလဲဟင္...."
" အခ်စ္ကိုတစ္ရက္ေလာက္ အိမ္ေခၚလာၿပီး မိတ္ဆက္ေပးပါတဲ့...."
ေဂ်ာင္ကုရဲ႕စကားေၾကာင့္ တစ္ဖက္က ဂ်ီမင္ရဲ႕ ဝမ္းသာအားရေအာ္လိုက္သံကိုၾကားလိုက္ရေလသည္ ။
" ဒါဆို အခ်စ္ဘယ္ေန႔ ေမာင္နဲ႔လိုက္ခဲ့ရမလဲ...."
" ေက်ာင္းပိတ္ရက္က်ရင္လာခဲ့ေလအခ်စ္.... အေဖက ဒီတစ္ေခါက္ရက္ၾကာၾကာေနမယ္ေျပာတယ္...."
" ဟုတ္ ေမာင္....."
ဂ်ီမင္ဆီကေပ်ာ္ေနတဲ့အသံေလးေၾကာင့္ ေဂ်ာင္ကုလည္းေပ်ာ္မိေလသည္ ။
" ဒါဆို မနက္ျဖန္ ေက်ာင္းေရာက္မွေတြ႕ၾကမယ္ေနာ္...."
" ခ်စ္တယ္ေနာ္ ေမာင္...."
" ေမာင္လည္း အခ်စ္ကိုသိပ္ခ်စ္တယ္...."
ဂ်ီမင္ ဖုန္းခ်သြားၿပီးေနာက္မွာေတာ့ ေဂ်ာင္ကု စာေတာင္မက်က္ႏိုင္ပဲ ေပ်ာ္ေနခဲ့မိသည္ ။ ဂ်ီမင္ရဲ႕အေဖေရာ သူ႔ရဲ႕အေဖေရာ သေဘာတူေနမွေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္ေရးအတြက္စိတ္ပူစရာမလိုေတာ့ေပ ။ က်န္ရွိတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕အနာဂတ္ေန႔ရက္ေတြဟာ ၾကည္ႏူးေပ်ာ္႐ႊင္စရာေတြနဲ႔သာ ျပည့္ႏွက္ေနေတာ့မွာေသခ်ာေလသည္ ။
~~~~~~~~
ဒီေန႔ အစည္းအေဝးကေနာက္က်မွရွိတာေၾကာင့္ ေဆာ့ဂ်င္ အိမ္ျပန္ေနာက္က်ေနေလသည္ ။ သားငယ္နဲ႔ေတာင္ ထမင္းအတူမစားျဖစ္ေတာ့ပဲ အရင္စားႏွင့္ရန္ ဖုန္းဆက္ၿပီးအေၾကာင္းၾကားထားရေလသည္ ။
ကားေမာင္းလာရင္း ကားဂိတ္မွာ ကားေစာင့္ေနသည့္ ေဂ်ာင္ကုကိုေတြ႕တာေၾကာင့္ ေဆာ့ဂ်င္ ကားရပ္လိုက္သည္ ။
" ေဂ်ာင္ကု...."
" ဟာ... အန္ကယ္..."
" အိမ္ျပန္မလို႔မလား... လာ အန္ကယ္လိုက္ပို႔ေပးမယ္...."
" ဟုတ္ကဲ့ အန္ကယ္.... ေက်းဇူးပါဗ်...."
ေဂ်ာင္ကုက ေက်းဇူးတင္စကားေျပာၿပီးေနာက္ ကားေပၚသို႔တက္လာေလသည္ ။
" အန္ကယ္အခုျပန္လာတာလား...."
" ဟုတ္တယ္ ဒီေန႔ အစည္းအေဝးရွိလို႔ေလ..."
" ဟုတ္ကဲ့...."
အန္ကယ္နဲ႔ ရင္းႏွီးေနၿပီျဖစ္ေသာ္လည္း
ဂ်ီမင္မပါပဲ ႏွစ္ေယာက္တည္းဆိုေတာ့ နည္းနည္းေနရခက္ေနမိေလသည္ ။
" စာေမးပြဲနီးေနၿပီေနာ္ စာရေနၿပီလား...."
" ဟုတ္ကဲ့ အန္ကယ္...."
" ေဂ်ာင္ကုကိုေတာ့ အန္ကယ္ခ်ီးက်ဴးတယ္.... အလုပ္တစ္ဖက္နဲ႔ စာကိုလည္းႀကိဳးစားေနတာ တကယ္ေတာ္တယ္...."
ေယာကၡထီးေလာင္းႀကီးရဲ႕ခ်ီးက်ဴးစကားေၾကာင့္ ေဂ်ာင္ကု ေက်နပ္သြားရေလသည္ ။
" ဂ်ီမင္က ဆိုးတယ္မလား...."
" နည္းနည္းေပါ့ အန္ကယ္ရယ္...."
ေဂ်ာင္ကုရဲ႕စကားေၾကာင့္ အန္ကယ္ကရယ္ေလေတာ့သည္ ။ ထို႔ေနာက္ ႏွစ္ေယာက္သား စကားတေျပာေျပာျဖင့္ ေဂ်ာင္ကုရဲ႕အိမ္သို႔ေရာက္လာခဲ့ေလသည္ ။
" အန္ကယ္ အိမ္ထဲလိုက္ခဲ့ပါဦးလား...."
" မဝင္ေတာ့ပါဘူးကြာ ေနာက္မွလာလည္မယ္ေလ..."
" သား...."
ေဂ်ာင္ကုနဲ႔ေဆာ့ဂ်င္စကားေျပာေနတုန္းမွာပဲ လွမ္းေခၚသံၾကားတာေၾကာင့္ ေဂ်ာင္ကုကလွမ္းၾကည့္လိုက္မိသည္ ။
" ဟာ... အေတာ္ပဲ အေဖနဲ႔မိတ္ဆက္ေပးရဦးမယ္...."
" အေဖဒါက အန္ကယ္ေဆာ့ဂ်င္တဲ့ သားကိုအိမ္ျပန္လိုက္ပို႔ေပးတာ.... အန္ကယ္ ဒါကကြၽန္ေတာ့္ ေဖေဖ မင္ယြန္းဂီတဲ့...."
ေဂ်ာင္ကုရဲ႕မိတ္ဆက္ေပးမႈနဲ႔အတူ ကားနားေရာက္လာသည့္ လူတစ္ေယာက္ေၾကာင့္ ေဆာ့ဂ်င္ အံ့ဩတုန္လႈပ္သြားရေလသည္ ။
ႏွစ္ေယာက္လုံး ဘာစကားမွမေျပာပဲ တစ္ေယာက္ကိုတစ္ေယာက္စိုက္ၾကည့္ေနမိရင္းနဲ႔မွ ယြန္းဂီက ေဂ်ာင္ကုရဲ႕လက္ကိုဆြဲၿပီး ေခၚသြေလေတာ့သည္ ။
" သူ႔လိုလူနဲ႔ခင္စရာအေၾကာင္းမရွိဘူး.... လာစမ္းသား...."
ေဂ်ာင္ကုကိုေခၚသြားၿပီး ေျပာသြားတဲ့စကားေၾကာင့္ ေဆာ့ဂ်င္ ေတာက္ျပင္းျပင္းတစ္ခ်က္ေခါက္လိုက္မိသလို ။ ေဂ်ာင္ကုကေတာ့ ဘယမွမသိနားမလည္စြာနဲ႔ မ်က္လုံးေလးျပဴးကာပါသြားေလေတာ့သည္ ။
ေဆာ့ဂ်င္ကေတာ့ ဆုံမွဆုံတတ္သည့္ ကံၾကမၼာကို ေဒါသထြက္ရင္း ကားကိုအရွိန္ျဖင့္ေမာင္းထြက္လာခဲ့လိုက္ေလေတာ့သည္ ။
အၾကာႀကီးပစ္ထားမိလို႔ ေတာင္းပန္ပါတယ္ေနာ္ ဒီေန႔ကစၿပီး တစ္ပတ္တစ္ပိုင္း up ေပးပါေတာ့မယ္ ဖတ္ေပးသူအားလုံးကို ေက်းဇူးတင္ပါတယ္ရွင့္ ❣️❣️❣️