အခန်း ၃၈၁ ။ အငြိုးအတေးကြီးသော မှိုတက်တစ္ဆေ
ယွင်ဟန့်က ရှေ့နှစ်လှမ်းတက်လာကာ ယိချင်းကို ကြောက်လန့်တကြား စိုက်ကြည့်နေတယ်။ တစ်စုံတစ်ခု သူ့မျက်နှာမှာ ဖြတ်ပြေးသွားကာ စိတ်ပူပန်စွာ မေးလိုက်တယ်။
"တာအိုရောင်းရင်း ဆိုလိုတာက သွေဖည်တစ္ဆေတွေကို ဖြေရှင်းဖို့ တခြားနည်းလမ်းတွေရှိတယ်လား"
ယိချင်းအမူအရာက မည်းမှောင်သွားတယ်။
"ဒီသွေဖယ်တစ္ဆေတွေက အကြွင်းအကျန်ဝိညာဉ်သိန်းချီနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သိသာတာပဲ၊ အကြွင်းအကျန်ဝိညာဉ်တွေဆိုတာလည်း ဝိညာဉ်တွေရဲ့ အစိတ်အပိုင်းတွေ၊ ဝိညာဉ်ချုပ်ငြိမ်းအင်းကွက်က ဝိညာဉ်တွေ အားလုံးကို ဖျက်ဆီးပစ်မယ်ဆိုတာ သိမှာပဲ၊ ဒီဝိညာဉ်တွေ အင်းကွက်ကနေ ရှင်သန်စရာ နည်းလမ်းလုံးဝမရှိဘူး"
သူ စကားပြောလေ ဒေါသထွက်လာလေပဲ။ အစကတော့ ယွင်ဟန့်က သူ့ကိုယ်မှာ ကောင်းမှုအလင်း ရှိနေလို့ လူဆိုး မဟုတ်နိုင်လောက်ဘူးလို့ထင်နေတာ။ ယွင်ဟန့်က အကြွင်းအကျန်ဝိညာဉ်သိန်းချီကို ချုပ်ငြိမ်းပစ်ဖို့ အကြံပေးမဲ့လူလို့ မထင်ခဲ့ဘူး။ ကျင့်ကြံသူတွေထား နတ်ဆိုးတွေတောင် အဲလိုလုပ်ဖို့ တွေးမှာ မဟုတ်ဘူး။
ဒါပေမဲ့ ဘေးကလူတွေက များများစားစားမတွေး။ အဲအစား သူတို့က ယိချင်းကို ဒေါသတကြီး ကြည့်ကြတယ်။
"ဘာအကြွင်းအကျန်ဝိညာဉ်တွေလဲ၊ ဘာချုပ်ငြိမ်းတာလဲ၊ အပိုစကားတွေပဲ"
"အမှန်ပဲ - တကယ်လို့ သွေဖယ်တစ္ဆေတွေကို မဖယ်ရှားရင် သက်ရှိတွေ ခံစားရလိမ့်မယ်"
"လူအုပ်ကြီးကို ခြောက်ဖို့ ကောလာဟလဖြန့်နေတာတွေ တော်တော့ - တရားမျှတမှုရမှာကိုကြည့်ဖို့ စောင့်နေတာ"
"ကောင်းကင်အရှင်ယွင်၊ သူပေါက်တတ်ကရ ပြောနေတာတွေကို နားမထောင်ပါနဲ့တော့၊ ဒီလူယုတ်မာတွေက သူတို့လုပ်နိုင်သမျှလုပ်လို့ရအောင် ကြိုးစားနေမှာ"
"ဟင့်အင်း" နောက်တစ်ကြိမ် လူအုပ်ကြီးရဲ့ရှေ့က ယွင်ဟန့်က သူ့ကိုတားတယ်။ သူ့မျက်နှာမှာ ဒေါသမရှိ။ အဲအစား သူက စိတ်လှုပ်ရှားမှုအနည်းငယ်နဲ့ ယိချင်းကို ကြည့်တယ်။ သူ့မျက်လုံးတွေက တလက်လက်တောက် ပနေလေရဲ့။ စိတ်အားထက်သန်စွာနဲ့ သူကပြောတယ်။
"ကျုပ်တာအိုရောင်းရင်းပြောတဲ့ပုံအရ ကျုပ်တို့ ဒီသွေဖည်- အကြွင်းအကျန်ဝိညာဉ်တွေကို ဘယ်လိုဖြေရှင်းသင့်လဲ"
ယိချင်းက သံသယတွေ မြင့်တက်လာတယ်။ တစ်ခုခုတော့လွဲနေပြီ။ သူ မျက်မှောင်ကြုတ်ကာ ဖြေလိုက်တယ်။
"သေချာပေါက် ကျုပ်တို့ သူတို့ကို မေ့ပျောက်မြစ်ဆီပြန်ခေါ်သွားရမှာပေါ့၊ သူတို့ကို မြေအောက်ဘုံမှာ ပြန်ဝင်စားခွင့်ပြုဖို့လိုတယ်"
"မေ့ပျောက်မြစ်... ပြန်ဝင်စားတာလား" ယွင်ဟန့်က အူကြောင်ကြောင်စိုက်ကြည့်နေတယ်။ သူ့ကြည့်ရတာ ဇဝေဇဝါဖြစ်နေပြီး မေးခွန်းတစ်ခု မေးတော့မလိုပဲ။
ဒါပေမဲ့ ယိချင်းက သွေဖည်တစ္ဆေတွေဆီ လှည့်ထွက်သွားပြီ။ သူက လက်နှစ်ဖက်လုံးနဲ့ စည်းချိပ်တစ်ခု ဖန်တီးလိုက်တော့ ခြေထောက်အောက်က မြေကြီးက ရွှေရောင်တောက်ပလာတယ်။ တစ်ခဏနေတော့ လောကကြီးထဲကို ဦးတည်တဲ့ အင်းကွက်ကြီးတစ်ခု သူ့ခြေထောက်အောက်မှာ ပေါ်လာပြီး မြန်ဆန်စွာပဲ တောအုပ်တစ်ခုလုံးဆီ ပျံ့နှံ့သွားတယ်။
တိမ်ခိုးတိမ်မည်းတွေနဲ့တူတဲ့ သွေဖည်တစ္ဆေတွေက မှုတ်ထုတ်ခံရပြီး ချီနက်တွေက စတင် လွင့်ပျောက်လာတယ်။ တစ္ဆေတွေပတ်လည်က ယင်ချီတောင် လွင့်ပျောက်ပြီး ကျန်ရစ်ခဲ့တာက သူတို့ရဲ့ ဖောက်ထွင်းမြင်ရတဲ့ ပုံသဏ္ဌာန်တွေ။ အားနည်းလွန်းလို့ တချို့ဆို အဖြူရောင်ချီ ခပ်ဝါးဝါးနဲ့တောင် တူပုံပဲ။ သူတို့တွေက ပျံ့ထွက်စပြုလာတာမို့ အဖြူရောင်ပုံစံငယ်လေးတွေလိုမျိုးပဲ။
လူအုပ်ကြီးက သူတို့မြင်ရတဲ့အရာကြောင့် မှင်တက်ကုန်ကြတယ်။ သူတို့တွေ မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိလေရဲ့။
"ဒါကဘာ... ဘာလဲ..."
"သွေဖည်တစ္ဆေတွေက ဘာလို့ ရုတ်တရက် အဲလိုပုံပေါက်လာတာလဲ၊ သူတို့က... တစ္ဆေတွေ ဖြစ်လာတာလား"
"ဒါပေမဲ့ ဘာလို့ ယင်ချီ မရှိရတာလဲ"
"အာ အဲဒါ ယန်မိသားစုရဲ့... ဘိုးဘေးမလား၊ သူက..." သေသွားပြီ မဟုတ်လား။
သူတို့အားလုံး အဲလိုမျိုးအရင်က တစ်ခါမှမမြင်ဖူးသလို အသက်ပြင်းပြင်း ရှူလိုက်ကြတယ်။ သူတို့ သေချာအနီးကပ် ကြည့်ချင်ပေမဲ့ ယိချင်းက လက်ကိုနှိမ့်ကာ အားနည်းတဲ့ အကြွင်းအကျန်ဝိညာဉ်တွေအပြည့် တောအုပ်တစ်ခုလုံးကို သူတို့အောက်က မေ့ပျောက်မြစ်ထဲ ဝင်အောင် အစိမ်းရောင်မီးခိုးအဖြစ် ပြောင်းလိုက်တယ်။
မိနစ်အနည်းငယ်အတွင်း ကောင်းကင်ကိုဖုံးရလောက်အောင်၊ လုံရှင်းမြို့ကို ဖျက်ဆီးနိုင်လောက်အောင် များပြားတဲ့ သွေဖည်တစ္ဆေတွေက လုံးဝပျောက်ကွယ်သွားခဲ့တယ်။ ကျန်ရစ်ခဲ့တာက ခြောက်ကပ်ညှိုးနွမ်းနေတဲ့ သစ်ရွက်တွေပဲ။
ယိချင်း တောအုပ်ကို လေ့လာဖို့ ကောင်းကင်စိတ်အာရုံကို အသက်သွင်းလိုက်တယ်။ ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်ဝိညာဉ်တွေမရှိ။ ကြည့်ရတာ စုန့်ရန်က တစ်ဦးတည်းသော ကျန်ရစ်သူပဲ။ တခြားတစ္ဆေတွေမှာ ရှိတဲ့ အငြိုးအတေးစွမ်းအင်က မေ့ပျောက်မြစ်ထဲတောင် ဝင်လို့မရတဲ့အထိ မထူဘူး။
ရှိနေတဲ့စိတ်တန်ခိုးကျင့်ကြံသူတွေအားလုံး မှင်တက်ကုန်တယ်။ သူတို့ အတော်ကြာတဲ့အထိ ဘာမှမပြော။
ယွင်ဟန့်က ပထမဆုံး တုံ့ပြန်သူ။ သူက ယိချင်းဆီ ခပ်မြန်မြန် လျှောက်လာတယ်။
"တာအိုရောင်းရင်း၊ အဲဒီသွေဖည်- အကြွင်းအကျန်ဝိညာဉ်တွေက ဘယ်ရောက်သွားတာလဲ"
"သူတို့ကို ပို့လိုက်တာ မေ့... အာ" သူ စကားမဆုံးခင် အပေါ်ကနေ တောက်ပတဲ့အလင်းရောင် ထွက်လာတာကို မြင်လိုက်ရတယ်။ သူ ခေါင်းကိုမော့ကာ ထိတ်လန့်တကြား ရေရွတ်လေတယ်။
"လင်းနေပြီ"
"အယ်"
"အချိန်မရှိဘူး - ကျုပ် ထမင်းချက်ဖို့ ပြန်ရဦးမယ်"
"ဟမ် အာ" ဘာလုပ်ရမယ်။
ယိချင်းက စကားဆုံးတာနဲ့ ဒုဓလီပန်းနဲ့တူတဲ့ တစ်ခုခုကို မြေကြီးကနေ ကောက်ယူတယ်။ သူက ဓားကိုသိမ်းပြီး ချက်ချင်း ပျောက်သွားတော့တာပဲ။
လူအုပ်ကြီးရဲ့ အကြည့်က ပိုတောင်မျက်လုံးပြူးသွားခဲ့တယ်။ သူတို့က ယွင်ဟန့်ကို ဇဝေဇဝါကြည့်လိုက်ကြတယ်။
ဆရာ့အတွက် မနက်စာ လုပ်ပေးတာလောက် ဘယ်ဟာမှ ပိုအရေးမကြီးဘူး
╭(╯^╰)╮
——————
လုံရှင်းမြို့၊ တစ်ခုသော တည်းခိုဆောင်။
"အဲဒါဖြစ်ခဲ့တာပါပဲ" ယိချင်းက စားပွဲကို သန့်ရှင်းရေးလုပ်ရင်း အတွေ့အကြုံကို ပြန်ပြောင်းပြောပြနေတယ်။
"အိုး" ရှန်းရင်က မနက်စာစားပြီးကာစ။ သူမက လက်ထဲကတူတွေကို လှည့်ရင်း ဘေးက တစ်ယောက်သော သေနေတဲ့ငကြောက်ဘေး ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။
"ပြောရရင်.. သူ ထပ်ပြီး ကလန်ကဆန်လုပ်နေတယ်ပေါ့"
ကလန်ကဆန် လုပ်နေတယ်လား။
ယိချင်း တန့်သွားပြီးမှ အသည်းအသန် ခေါင်းညိတ်လိုက်တယ်။
"ဟုတ်ကဲ့"
"ကျွန်တော်ထင်တာတော့ အဲဒီသွေဖည်တစ္ဆေတွေရဲ့ အငြိုးအတေးစွမ်းအင်တွေ လွှမ်းမိုးခံလိုက်ရတာပဲ နေမယ်၊ ဒီတစ်ကြိမ် သူက အရင်ကထက် ပိုပြီးများတဲ့ အငြိုးအတေးစွမ်းအင်တွေနဲ့ ပေါက်ကွဲနေတာ၊ ကျွန်တော် မုန့်ပေါ်ကို သတင်းလှမ်းပို့ပြီးပြီ၊ ဒါပေမဲ့... သူတောင် အငြိုးအတေးစွမ်းအင်တွေကို ဖယ်ရှားဖို့ ခက်မယ်ထင်တယ်"
ရှန်းရင် လူရဲ့ကိုယ်ကနေ ထွက်နေတဲ့ချီနက်တွေကို လှမ်းကြည့်လိုက်တယ်။ သူ့ကြည့်ရတာ မှိုတက်နေသလိုပဲ။
"တခြားနည်း မရှိဘူးလား"
"ကျွန်တော် သူ့အတိတ်ကို ရှာမတွေ့သေးဘူး - စုန့်ရန်ကို ဒီအငြိုးအတေးတွေအားလုံး ဘာကနေဖြစ်စေတာလဲ မသေချာတာ၊ ဒါကြောင့် ကျွန်တော် ခုထိ အငြိုးအတေးစွမ်းအင်ကို ဖယ်ရှားလို့မရဘူး"
"ဒါဆိုလည်း သူ့ကို ခု ဘေးဖယ်ထားလိုက်ရင်ရော"
"ဒီပုံရိပ်ယောင်ကိုယ်ထဲပဲ ကျွန်တော် သူ့ကိုပိတ်ထားလို့ရတယ်၊ ဒါပေမဲ့ အငြိုးအတေးစွမ်းအင်ဆိုတာ လူ့ဝိညာဉ်ကို ဝါးမျိုနိုင်တယ်၊ ဒီလိုသာဆက်သွားရင် သူ့ဝိညာဉ်က အနှေးနဲ့အမြန် ပျောက်ကွယ်သွားမှာ"
"အလုပ်ရှုပ်လိုက်တာ" ရှန်းရင်က ခေါင်းစောင်းတယ်။
"ငါတို့ သူ့ကိုဖေဖေနျို့ဆီ ပြန်ပစ်ပေးလိုက်ရင်ရော"
ယိချင်းတန့်သွားပြီး တစ်အောင့်အကြာမှာ မရွှင်မပျပြောတယ်။
"အဲလိုက ရပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ယွီဟုန့်ကိုရှာမတွေ့သေးဘူးလေ၊ တကယ်လို့ခုပြန်သွားရင်... ကျွန်တော်တို့ သုံးလစာအသုံးစရိတ် ဖြတ်ခံရမယ်ထင်တယ်"
"အာ..."
"ပြီးတော့..." ယိချင်းက ဆက်ပြောတယ်။
"တကယ်လို့ စုန့်ရန် မနက်ဖြန်မှ ပြန်မကောင်းရင် ကျွန်တော်တို့ ဒီတည်းခိုဆောင်မှာဆက်နေဖို့ ပိုက်ဆံကျန်တော့မှာမဟုတ်ဘူး"
ရှန်းရင် တုံ့ဆိုင်းသွားတယ်။ တစ်အောင့်အကြာမှာတော့ သူမ တူကို ဘေးပစ်ထုတ်ကာ ယိချင်းပခုံးကို ပုတ်လိုက်တယ်။
"စားဖိုမှူး နင်မှန်တယ် ရတနာသိုက်တူးတစ္ဆေက ငါတို့နဲ့ရှိနေတာ ရက်တွေကြာနေပြီ၊ ငါတို့က သစ္စာရှိသူတွေပဲ၊ သူ မှိုတက်တစ္ဆေဖြစ်လာရင်တောင် ငါတို့ သူ့ကိုထားမသွားဘူး"
" ..." မှိုတက်... မှိုတက်တစ္ဆေဆိုတာ ဘာများလဲ။
"ဒါပေမဲ့ သူက ဆိုးဆိုးရွားရွားမှိုတက်နေတာ" ရှန်းရင် ခေါင်းကုတ်ပြီး ဘေးမှာ ချီနက်တွေကို မှန်မှန်ထုတ်နေဆဲ တစ္ဆေကိုလေ့လာလိုက်တယ်။
"ငါတို့ မှိုတွေဘာတွေရှင်းလို့ရအောင် သူ့ကိုခါပြီး အပြင်မှာ အခြောက်လှန်းရင်ရော"
သူမက စကားပြောရင်း အငြိုးအတေးစွမ်းအင်တွေ အဆက်မပြတ်ထုတ်နေတဲ့ စုန့်ရန်ရဲ့ပုံ ရိပ်ယောင်ခန္ဓာကိုယ်ကို ကောက်ယူလိုက်တယ်။ သူမက လက်တစ်ဖက်စီနဲ့ တစ်ဖက်စီကို ဆုပ်ကိုင်ပြီး စောင်ကို ရေညှစ်သလိုမျိုး ခါတော့တယ်။
တစ်အောင့်အကြာမှာ သူတို့ လေပြင်းသံ ကြားလိုက်ရတယ်။ အငြိုးအတေးစွမ်းအင်လုံးကြီးတစ်ခုက သူတို့ရှေ့ ထောင့်မှန်စတုဂံဖြစ်သွားပါလေရော။
-_-|||
"ဆ... ဆရာ" ယိချင်း မျက်မှောင်ကြုတ်ကာ သူမကို တားဖို့ လုပ်လိုက်တယ်။ "စုန့်ရန်ကိုယ်ထဲက အငြိုးအတေးစွမ်းအင်က ခါလို့မရ... အာ၊ ခါလို့ရသွားပြီ"
(⊙_⊙)
သူ စကားမဆုံးခင် စုန့်ရန်ကိုယ်ထဲကနေ အငြိုးအတေးစွမ်းအင်အကွက်ကြီးက လိပ်တစ်ကောင် သူ့အခွံထဲ ပြန်ပုန်းဝင်သလိုမျိုး ဆုတ်ခွာသွားတယ်။
"..."
ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
"ပြီးပြီ" ရှန်းရင် နှစ်မိနစ်တိတိ စုန့်ရန်ကိုယ်ကို ခါပြီးတဲ့နောက် ကြေညာလိုက်တယ်။ အငြိုးအတေးစွမ်းအင်လုံးက အဲချိန်အားလုံးကုန်သွားပြီ။ စုန့်ရန်မှာ ကျန်ခဲ့တာက ဖောက်ထွင်းမြင်ရတဲ့ ဝိညာဉ်တစ်ခုပဲ။ သူက သတိလစ်နေသေးပြီး သိူ့ကိုယ်ထဲ အမည်းရောင်တချို့တော့ ကျန်ရစ်နေသေးတယ်။
"ငါတို့ ခု သူ့ကို အခြောက်လှန်းဖို့ပဲလိုတယ်"
ယိချင်း ။ ။ "..."
ဆရာ... က တကယ့်ကို ဆရာပါပဲ
ယိချင်း တစ်ခုခုပြောမို့ရှိသေး တည်းခိုဆောင်က စားပွဲထိုးလေးတစ်ယောက်က တံခါးလာခေါက်တယ်။
"ဧည့်သည်တို့ ကောင်းကင်အရှင်ယွင်က သတင်းစကား အမှာပါးခိုင်းလို့ပါ၊ သူက ခု ခင်ဗျားတို့နှစ်ယောက်ကို တွေ့ဖို့အဆင်ပြေမလား သိချင်လို့ပါတဲ့"
"ကောင်းကင်အရှင်ယွင်လား"
သူက တကယ်မြန်တာပဲ
"ဆရာ သူက ကျွန်တော်ပြောတဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလေ" ယိချင်း ရှင်းပြပြီး ခေါင်းညိတ်ကာ စားပွဲထိုးလေးကို ယွင်ဟန့်ကို အထဲလမ်းပြခွင့်ပြုလိုက်တယ်။
"အိုး" ရှန်းရင်ကတော့ ဂရုမစိုက်။
ခဏကြာတော့ ရွှေရောင်အလင်းကွက်ကြီးတစ်ခု အခန်းထဲဝင်လာတယ်။ လုံးဝကိုမျက်စိကျိန်းစရာပဲ။
ရှန်းရင်က မှင်တက်သွားပြီး မျက်လုံးမှေးလိုက်တယ်။ ကြီးလိုက်တဲ့... မီးလုံး
(⊙ o ⊙)
သူမ လက်ထဲက မှိုတက်တစ္ဆေကို လှမ်းကြည့်လိုက်တယ်။
ဟီးဟီးဟီး...။
(๑≧ټ≦๑)
...
Zawgyi
အခန္း ၃၈၁ ။ အၿငိဳးအေတးႀကီးေသာ မွိုတက္တေစၦ
ယြင္ဟန႔္က ေရွ႕ႏွစ္လွမ္းတက္လာကာ ယိခ်င္းကို ေၾကာက္လန႔္တၾကား စိုက္ၾကည့္ေနတယ္။ တစ္စုံတစ္ခု သူ႕မ်က္ႏွာမွာ ျဖတ္ေျပးသြားကာ စိတ္ပူပန္စြာ ေမးလိုက္တယ္။
"တာအိုေရာင္းရင္း ဆိုလိုတာက ေသြဖည္တေစၦေတြကို ေျဖရွင္းဖို႔ တျခားနည္းလမ္းေတြရွိတယ္လား"
ယိခ်င္းအမူအရာက မည္းေမွာင္သြားတယ္။
"ဒီေသြဖယ္တေစၦေတြက အႂကြင္းအက်န္ဝိညာဥ္သိန္းခ်ီနဲ႕ ဖြဲ႕စည္းထားတယ္ဆိုတာ သိသာတာပဲ၊ အႂကြင္းအက်န္ဝိညာဥ္ေတြဆိုတာလည္း ဝိညာဥ္ေတြရဲ႕ အစိတ္အပိုင္းေတြ၊ ဝိညာဥ္ခ်ဳပ္ၿငိမ္းအင္းကြက္က ဝိညာဥ္ေတြ အားလုံးကို ဖ်က္ဆီးပစ္မယ္ဆိုတာ သိမွာပဲ၊ ဒီဝိညာဥ္ေတြ အင္းကြက္ကေန ရွင္သန္စရာ နည္းလမ္းလုံးဝမရွိဘူး"
သူ စကားေျပာေလ ေဒါသထြက္လာေလပဲ။ အစကေတာ့ ယြင္ဟန႔္က သူ႕ကိုယ္မွာ ေကာင္းမႈအလင္း ရွိေနလို႔ လူဆိုး မဟုတ္နိုင္ေလာက္ဘူးလို႔ထင္ေနတာ။ ယြင္ဟန႔္က အႂကြင္းအက်န္ဝိညာဥ္သိန္းခ်ီကို ခ်ဳပ္ၿငိမ္းပစ္ဖို႔ အႀကံေပးမဲ့လူလို႔ မထင္ခဲ့ဘူး။ က်င့္ႀကံသူေတြထား နတ္ဆိုးေတြေတာင္ အဲလိုလုပ္ဖို႔ ေတြးမွာ မဟုတ္ဘူး။
ဒါေပမဲ့ ေဘးကလူေတြက မ်ားမ်ားစားစားမေတြး။ အဲအစား သူတို႔က ယိခ်င္းကို ေဒါသတႀကီး ၾကည့္ၾကတယ္။
"ဘာအႂကြင္းအက်န္ဝိညာဥ္ေတြလဲ၊ ဘာခ်ဳပ္ၿငိမ္းတာလဲ၊ အပိုစကားေတြပဲ"
"အမွန္ပဲ - တကယ္လို႔ ေသြဖယ္တေစၦေတြကို မဖယ္ရွားရင္ သက္ရွိေတြ ခံစားရလိမ့္မယ္"
"လူအုပ္ႀကီးကို ေျခာက္ဖို႔ ေကာလာဟလျဖန႔္ေနတာေတြ ေတာ္ေတာ့ - တရားမွ်တမႈရမွာကိုၾကည့္ဖို႔ ေစာင့္ေနတာ"
"ေကာင္းကင္အရွင္ယြင္၊ သူေပါက္တတ္ကရ ေျပာေနတာေတြကို နားမေထာင္ပါနဲ႕ေတာ့၊ ဒီလူယုတ္မာေတြက သူတို႔လုပ္နိုင္သမွ်လုပ္လို႔ရေအာင္ ႀကိဳးစားေနမွာ"
"ဟင့္အင္း" ေနာက္တစ္ႀကိမ္ လူအုပ္ႀကီးရဲ႕ေရွ႕က ယြင္ဟန႔္က သူ႕ကိုတားတယ္။ သူ႕မ်က္ႏွာမွာ ေဒါသမရွိ။ အဲအစား သူက စိတ္လႈပ္ရွားမႈအနည္းငယ္နဲ႕ ယိခ်င္းကို ၾကည့္တယ္။ သူ႕မ်က္လုံးေတြက တလက္လက္ေတာက္ ပေနေလရဲ႕။ စိတ္အားထက္သန္စြာနဲ႕ သူကေျပာတယ္။
"က်ဳပ္တာအိုေရာင္းရင္းေျပာတဲ့ပုံအရ က်ဳပ္တို႔ ဒီေသြဖည္- အႂကြင္းအက်န္ဝိညာဥ္ေတြကို ဘယ္လိုေျဖရွင္းသင့္လဲ"
ယိခ်င္းက သံသယေတြ ျမင့္တက္လာတယ္။ တစ္ခုခုေတာ့လြဲေနၿပီ။ သူ မ်က္ေမွာင္ၾကဳတ္ကာ ေျဖလိုက္တယ္။
"ေသခ်ာေပါက္ က်ဳပ္တို႔ သူတို႔ကို ေမ့ေပ်ာက္ျမစ္ဆီျပန္ေခၚသြားရမွာေပါ့၊ သူတို႔ကို ေျမေအာက္ဘုံမွာ ျပန္ဝင္စားခြင့္ျပဳဖို႔လိုတယ္"
"ေမ့ေပ်ာက္ျမစ္... ျပန္ဝင္စားတာလား" ယြင္ဟန႔္က အူေၾကာင္ေၾကာင္စိုက္ၾကည့္ေနတယ္။ သူ႕ၾကည့္ရတာ ဇေဝဇဝါျဖစ္ေနၿပီး ေမးခြန္းတစ္ခု ေမးေတာ့မလိုပဲ။
ဒါေပမဲ့ ယိခ်င္းက ေသြဖည္တေစၦေတြဆီ လွည့္ထြက္သြားၿပီ။ သူက လက္ႏွစ္ဖက္လုံးနဲ႕ စည္းခ်ိပ္တစ္ခု ဖန္တီးလိုက္ေတာ့ ေျခေထာက္ေအာက္က ေျမႀကီးက ေ႐ႊေရာင္ေတာက္ပလာတယ္။ တစ္ခဏေနေတာ့ ေလာကႀကီးထဲကို ဦးတည္တဲ့ အင္းကြက္ႀကီးတစ္ခု သူ႕ေျခေထာက္ေအာက္မွာ ေပၚလာၿပီး ျမန္ဆန္စြာပဲ ေတာအုပ္တစ္ခုလုံးဆီ ပ်ံ့ႏွံ႕သြားတယ္။
တိမ္ခိုးတိမ္မည္းေတြနဲ႕တူတဲ့ ေသြဖည္တေစၦေတြက မႈတ္ထုတ္ခံရၿပီး ခ်ီနက္ေတြက စတင္ လြင့္ေပ်ာက္လာတယ္။ တေစၦေတြပတ္လည္က ယင္ခ်ီေတာင္ လြင့္ေပ်ာက္ၿပီး က်န္ရစ္ခဲ့တာက သူတို႔ရဲ႕ ေဖာက္ထြင္းျမင္ရတဲ့ ပုံသဏၭာန္ေတြ။ အားနည္းလြန္းလို႔ တခ်ိဳ႕ဆို အျဖဴေရာင္ခ်ီ ခပ္ဝါးဝါးနဲ႕ေတာင္ တူပုံပဲ။ သူတို႔ေတြက ပ်ံ့ထြက္စျပဳလာတာမို႔ အျဖဴေရာင္ပုံစံငယ္ေလးေတြလိုမ်ိဳးပဲ။
လူအုပ္ႀကီးက သူတို႔ျမင္ရတဲ့အရာေၾကာင့္ မွင္တက္ကုန္ၾကတယ္။ သူတို႔ေတြ မယုံၾကည္နိုင္စြာ စိုက္ၾကည့္ေနမိေလရဲ႕။
"ဒါကဘာ... ဘာလဲ..."
"ေသြဖည္တေစၦေတြက ဘာလို႔ ႐ုတ္တရက္ အဲလိုပုံေပါက္လာတာလဲ၊ သူတို႔က... တေစၦေတြ ျဖစ္လာတာလား"
"ဒါေပမဲ့ ဘာလို႔ ယင္ခ်ီ မရွိရတာလဲ"
"အာ အဲဒါ ယန္မိသားစုရဲ႕... ဘိုးေဘးမလား၊ သူက..." ေသသြားၿပီ မဟုတ္လား။
သူတို႔အားလုံး အဲလိုမ်ိဳးအရင္က တစ္ခါမွမျမင္ဖူးသလို အသက္ျပင္းျပင္း ရႉလိုက္ၾကတယ္။ သူတို႔ ေသခ်ာအနီးကပ္ ၾကည့္ခ်င္ေပမဲ့ ယိခ်င္းက လက္ကိုႏွိမ့္ကာ အားနည္းတဲ့ အႂကြင္းအက်န္ဝိညာဥ္ေတြအျပည့္ ေတာအုပ္တစ္ခုလုံးကို သူတို႔ေအာက္က ေမ့ေပ်ာက္ျမစ္ထဲ ဝင္ေအာင္ အစိမ္းေရာင္မီးခိုးအျဖစ္ ေျပာင္းလိုက္တယ္။
မိနစ္အနည္းငယ္အတြင္း ေကာင္းကင္ကိုဖုံးရေလာက္ေအာင္၊ လုံရွင္းၿမိဳ႕ကို ဖ်က္ဆီးနိုင္ေလာက္ေအာင္ မ်ားျပားတဲ့ ေသြဖည္တေစၦေတြက လုံးဝေပ်ာက္ကြယ္သြားခဲ့တယ္။ က်န္ရစ္ခဲ့တာက ေျခာက္ကပ္ညွိုးႏြမ္းေနတဲ့ သစ္႐ြက္ေတြပဲ။
ယိခ်င္း ေတာအုပ္ကို ေလ့လာဖို႔ ေကာင္းကင္စိတ္အာ႐ုံကို အသက္သြင္းလိုက္တယ္။ က်န္ရစ္ခဲ့တဲ့ အႂကြင္းအက်န္ဝိညာဥ္ေတြမရွိ။ ၾကည့္ရတာ စုန႔္ရန္က တစ္ဦးတည္းေသာ က်န္ရစ္သူပဲ။ တျခားတေစၦေတြမွာ ရွိတဲ့ အၿငိဳးအေတးစြမ္းအင္က ေမ့ေပ်ာက္ျမစ္ထဲေတာင္ ဝင္လို႔မရတဲ့အထိ မထူဘူး။
ရွိေနတဲ့စိတ္တန္ခိုးက်င့္ႀကံသူေတြအားလုံး မွင္တက္ကုန္တယ္။ သူတို႔ အေတာ္ၾကာတဲ့အထိ ဘာမွမေျပာ။
ယြင္ဟန႔္က ပထမဆုံး တုံ႕ျပန္သူ။ သူက ယိခ်င္းဆီ ခပ္ျမန္ျမန္ ေလွ်ာက္လာတယ္။
"တာအိုေရာင္းရင္း၊ အဲဒီေသြဖည္- အႂကြင္းအက်န္ဝိညာဥ္ေတြက ဘယ္ေရာက္သြားတာလဲ"
"သူတို႔ကို ပို႔လိုက္တာ ေမ့... အာ" သူ စကားမဆုံးခင္ အေပၚကေန ေတာက္ပတဲ့အလင္းေရာင္ ထြက္လာတာကို ျမင္လိုက္ရတယ္။ သူ ေခါင္းကိုေမာ့ကာ ထိတ္လန႔္တၾကား ေရ႐ြတ္ေလတယ္။
"လင္းေနၿပီ"
"အယ္"
"အခ်ိန္မရွိဘူး - က်ဳပ္ ထမင္းခ်က္ဖို႔ ျပန္ရဦးမယ္"
"ဟမ္ အာ" ဘာလုပ္ရမယ္။
ယိခ်င္းက စကားဆုံးတာနဲ႕ ဒုဓလီပန္းနဲ႕တူတဲ့ တစ္ခုခုကို ေျမႀကီးကေန ေကာက္ယူတယ္။ သူက ဓားကိုသိမ္းၿပီး ခ်က္ခ်င္း ေပ်ာက္သြားေတာ့တာပဲ။
လူအုပ္ႀကီးရဲ႕ အၾကည့္က ပိုေတာင္မ်က္လုံးျပဴးသြားခဲ့တယ္။ သူတို႔က ယြင္ဟန႔္ကို ဇေဝဇဝါၾကည့္လိုက္ၾကတယ္။
ဆရာ့အတြက္ မနက္စာ လုပ္ေပးတာေလာက္ ဘယ္ဟာမွ ပိုအေရးမႀကီးဘူး
╭(╯^╰)╮
——————
လုံရွင္းၿမိဳ႕၊ တစ္ခုေသာ တည္းခိုေဆာင္။
"အဲဒါျဖစ္ခဲ့တာပါပဲ" ယိခ်င္းက စားပြဲကို သန႔္ရွင္းေရးလုပ္ရင္း အေတြ႕အႀကဳံကို ျပန္ေျပာင္းေျပာျပေနတယ္။
"အိုး" ရွန္းရင္က မနက္စာစားၿပီးကာစ။ သူမက လက္ထဲကတူေတြကို လွည့္ရင္း ေဘးက တစ္ေယာက္ေသာ ေသေနတဲ့ငေၾကာက္ေဘး ေဆာင့္ေၾကာင့္ထိုင္ခ်လိဳက္တယ္။
"ေျပာရရင္.. သူ ထပ္ၿပီး ကလန္ကဆန္လုပ္ေနတယ္ေပါ့"
ကလန္ကဆန္ လုပ္ေနတယ္လား။
ယိခ်င္း တန႔္သြားၿပီးမွ အသည္းအသန္ ေခါင္းညိတ္လိုက္တယ္။
"ဟုတ္ကဲ့"
"ကြၽန္ေတာ္ထင္တာေတာ့ အဲဒီေသြဖည္တေစၦေတြရဲ႕ အၿငိဳးအေတးစြမ္းအင္ေတြ လႊမ္းမိုးခံလိုက္ရတာပဲ ေနမယ္၊ ဒီတစ္ႀကိမ္ သူက အရင္ကထက္ ပိုၿပီးမ်ားတဲ့ အၿငိဳးအေတးစြမ္းအင္ေတြနဲ႕ ေပါက္ကြဲေနတာ၊ ကြၽန္ေတာ္ မုန႔္ေပၚကို သတင္းလွမ္းပို႔ၿပီးၿပီ၊ ဒါေပမဲ့... သူေတာင္ အၿငိဳးအေတးစြမ္းအင္ေတြကို ဖယ္ရွားဖို႔ ခက္မယ္ထင္တယ္"
ရွန္းရင္ လူရဲ႕ကိုယ္ကေန ထြက္ေနတဲ့ခ်ီနက္ေတြကို လွမ္းၾကည့္လိုက္တယ္။ သူ႕ၾကည့္ရတာ မွိုတက္ေနသလိုပဲ။
"တျခားနည္း မရွိဘူးလား"
"ကြၽန္ေတာ္ သူ႕အတိတ္ကို ရွာမေတြ႕ေသးဘူး - စုန႔္ရန္ကို ဒီအၿငိဳးအေတးေတြအားလုံး ဘာကေနျဖစ္ေစတာလဲ မေသခ်ာတာ၊ ဒါေၾကာင့္ ကြၽန္ေတာ္ ခုထိ အၿငိဳးအေတးစြမ္းအင္ကို ဖယ္ရွားလို႔မရဘူး"
"ဒါဆိုလည္း သူ႕ကို ခု ေဘးဖယ္ထားလိုက္ရင္ေရာ"
"ဒီပုံရိပ္ေယာင္ကိုယ္ထဲပဲ ကြၽန္ေတာ္ သူ႕ကိုပိတ္ထားလို႔ရတယ္၊ ဒါေပမဲ့ အၿငိဳးအေတးစြမ္းအင္ဆိုတာ လူ႕ဝိညာဥ္ကို ဝါးမ်ိဳနိုင္တယ္၊ ဒီလိုသာဆက္သြားရင္ သူ႕ဝိညာဥ္က အေႏွးနဲ႕အျမန္ ေပ်ာက္ကြယ္သြားမွာ"
"အလုပ္ရႈပ္လိုက္တာ" ရွန္းရင္က ေခါင္းေစာင္းတယ္။
"ငါတို႔ သူ႕ကိုေဖေဖန်ိဳ႕ဆီ ျပန္ပစ္ေပးလိုက္ရင္ေရာ"
ယိခ်င္းတန႔္သြားၿပီး တစ္ေအာင့္အၾကာမွာ မ႐ႊင္မပ်ေျပာတယ္။
"အဲလိုက ရပါတယ္၊ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ယြီဟုန႔္ကိုရွာမေတြ႕ေသးဘူးေလ၊ တကယ္လို႔ခုျပန္သြားရင္... ကြၽန္ေတာ္တို႔ သုံးလစာအသုံးစရိတ္ ျဖတ္ခံရမယ္ထင္တယ္"
"အာ..."
"ၿပီးေတာ့..." ယိခ်င္းက ဆက္ေျပာတယ္။
"တကယ္လို႔ စုန႔္ရန္ မနက္ျဖန္မွ ျပန္မေကာင္းရင္ ကြၽန္ေတာ္တို႔ ဒီတည္းခိုေဆာင္မွာဆက္ေနဖို႔ ပိုက္ဆံက်န္ေတာ့မွာမဟုတ္ဘူး"
ရွန္းရင္ တုံ႕ဆိုင္းသြားတယ္။ တစ္ေအာင့္အၾကာမွာေတာ့ သူမ တူကို ေဘးပစ္ထုတ္ကာ ယိခ်င္းပခုံးကို ပုတ္လိုက္တယ္။
"စားဖိုမႉး နင္မွန္တယ္ ရတနာသိုက္တူးတေစၦက ငါတို႔နဲ႕ရွိေနတာ ရက္ေတြၾကာေနၿပီ၊ ငါတို႔က သစၥာရွိသူေတြပဲ၊ သူ မွိုတက္တေစၦျဖစ္လာရင္ေတာင္ ငါတို႔ သူ႕ကိုထားမသြားဘူး"
" ..." မွိုတက္... မွိုတက္တေစၦဆိုတာ ဘာမ်ားလဲ။
"ဒါေပမဲ့ သူက ဆိုးဆိုး႐ြား႐ြားမွိုတက္ေနတာ" ရွန္းရင္ ေခါင္းကုတ္ၿပီး ေဘးမွာ ခ်ီနက္ေတြကို မွန္မွန္ထုတ္ေနဆဲ တေစၦကိုေလ့လာလိုက္တယ္။
"ငါတို႔ မွိုေတြဘာေတြရွင္းလို႔ရေအာင္ သူ႕ကိုခါၿပီး အျပင္မွာ အေျခာက္လွန္းရင္ေရာ"
သူမက စကားေျပာရင္း အၿငိဳးအေတးစြမ္းအင္ေတြ အဆက္မျပတ္ထုတ္ေနတဲ့ စုန႔္ရန္ရဲ႕ပုံ ရိပ္ေယာင္ခႏၶာကိုယ္ကို ေကာက္ယူလိုက္တယ္။ သူမက လက္တစ္ဖက္စီနဲ႕ တစ္ဖက္စီကို ဆုပ္ကိုင္ၿပီး ေစာင္ကို ေရညွစ္သလိုမ်ိဳး ခါေတာ့တယ္။
တစ္ေအာင့္အၾကာမွာ သူတို႔ ေလျပင္းသံ ၾကားလိုက္ရတယ္။ အၿငိဳးအေတးစြမ္းအင္လုံးႀကီးတစ္ခုက သူတို႔ေရွ႕ ေထာင့္မွန္စတုဂံျဖစ္သြားပါေလေရာ။
-_-|||
"ဆ... ဆရာ" ယိခ်င္း မ်က္ေမွာင္ၾကဳတ္ကာ သူမကို တားဖို႔ လုပ္လိုက္တယ္။ "စုန႔္ရန္ကိုယ္ထဲက အၿငိဳးအေတးစြမ္းအင္က ခါလို႔မရ... အာ၊ ခါလို႔ရသြားၿပီ"
(⊙_⊙)
သူ စကားမဆုံးခင္ စုန႔္ရန္ကိုယ္ထဲကေန အၿငိဳးအေတးစြမ္းအင္အကြက္ႀကီးက လိပ္တစ္ေကာင္ သူ႕အခြံထဲ ျပန္ပုန္းဝင္သလိုမ်ိဳး ဆုတ္ခြာသြားတယ္။
"..."
ဒါဘယ္လိုလုပ္ျဖစ္နိုင္ပါ့မလဲ။
"ၿပီးၿပီ" ရွန္းရင္ ႏွစ္မိနစ္တိတိ စုန႔္ရန္ကိုယ္ကို ခါၿပီးတဲ့ေနာက္ ေၾကညာလိုက္တယ္။ အၿငိဳးအေတးစြမ္းအင္လုံးက အဲခ်ိန္အားလုံးကုန္သြားၿပီ။ စုန႔္ရန္မွာ က်န္ခဲ့တာက ေဖာက္ထြင္းျမင္ရတဲ့ ဝိညာဥ္တစ္ခုပဲ။ သူက သတိလစ္ေနေသးၿပီး သိူ႕ကိုယ္ထဲ အမည္းေရာင္တခ်ိဳ႕ေတာ့ က်န္ရစ္ေနေသးတယ္။
"ငါတို႔ ခု သူ႕ကို အေျခာက္လွန္းဖို႔ပဲလိုတယ္"
ယိခ်င္း ။ ။ "..."
ဆရာ... က တကယ့္ကို ဆရာပါပဲ
ယိခ်င္း တစ္ခုခုေျပာမို႔ရွိေသး တည္းခိုေဆာင္က စားပြဲထိုးေလးတစ္ေယာက္က တံခါးလာေခါက္တယ္။
"ဧည့္သည္တို႔ ေကာင္းကင္အရွင္ယြင္က သတင္းစကား အမွာပါးခိုင္းလို႔ပါ၊ သူက ခု ခင္ဗ်ားတို႔ႏွစ္ေယာက္ကို ေတြ႕ဖို႔အဆင္ေျပမလား သိခ်င္လို႔ပါတဲ့"
"ေကာင္းကင္အရွင္ယြင္လား"
သူက တကယ္ျမန္တာပဲ
"ဆရာ သူက ကြၽန္ေတာ္ေျပာတဲ့ နတ္ဝိညာဥ္ဖြဲ႕စည္းျခင္းအဆင့္ က်င့္ႀကံသူေလ" ယိခ်င္း ရွင္းျပၿပီး ေခါင္းညိတ္ကာ စားပြဲထိုးေလးကို ယြင္ဟန့္ကို အထဲလမ္းျပခြင့္ျပဳလိုက္တယ္။
"အိုး" ရွန္းရင္ကေတာ့ ဂ႐ုမစိုက္။
ခဏၾကာေတာ့ ေ႐ႊေရာင္အလင္းကြက္ႀကီးတစ္ခု အခန္းထဲဝင္လာတယ္။ လုံးဝကိုမ်က္စိက်ိန္းစရာပဲ။
ရွန္းရင္က မွင္တက္သြားၿပီး မ်က္လုံးေမွးလိုက္တယ္။ ႀကီးလိုက္တဲ့... မီးလုံး
(⊙ o ⊙)
သူမ လက္ထဲက မွိုတက္တေစၦကို လွမ္းၾကည့္လိုက္တယ္။
ဟီးဟီးဟီး...။
(๑≧ټ≦๑)
...