Zawgyi code
တကယ္ေတာ့ "ဖူးငယ္" လို႔ သူမေခၚလိုက္တဲ့အခ်ိန္မွာ ႏွင္းဆီ ခႏၶာကိုယ္တစ္ခုလံုးက ေသြးေတြကို တစ္ခ်က္တည္းနဲ႔ စုတ္ယူခံ လိုက္ရသလို အားအင္ယုတ္ေလ်ာ့သြားရတာ။
ဒါေပမဲ့ အားမာန္တင္းၿပီး ႏွင္းဆီ အခန္းထဲက ထြက္ခဲ့လိုက္ရတာ။
ယိုင္လဲက်ခ်င္ေနတဲ့ ေျခလွမ္းေတြကုိ သတိနဲ႔ ဟန္ပါပါဆက္လွမ္းရင္း ကိုယ့္႐ုံးခန္းသို႔ ျပန္လာခဲ့ရေသာ္လည္း ဒူးေတြက မခုိင္ခ်င္ေတာ့။
႐ုံးခန္းထဲျပန္ေရာက္သည့္တိုင္ သူမမ်ားဆက္ကာေငးၾကည့္ေနမလားဆိုတဲ့ ေက်ာမလံုတဲ့ ခံစားခ်က္ေၾကာင့္ ဟန္မပ်က္ ၾကိဳးစားၿပီး ၿငိမ္ေနမိတယ္။
ကြန္ျပဴတာမွ စာရင္းဖိုင္တြဲတစ္ခုကို ဖြင့္လိုက္ေပမယ့္ အာ႐ုံထဲမွ ေၾကာက္စိတ္သာကိန္းေအာင္းေနတယ္။
ကီးဘုတ္ေပၚတင္ထားတဲ့ လက္ေခ်ာင္းေလးေတြက တဆတ္ဆတ္တုန္ရီေနတာ။
တင္းၾကပ္တဲ့ခံစားခ်က္နဲ႔အတူ မ်က္၀န္းတြင္ မ်က္ရည္တို႔ခုိတြဲလာရၿပီ။
တကယ္ပါ... ႏွင္းဆီ သူမကို မလိမ္ရက္ပါဘူး။
ဒါေပမဲ့ကြယ္... သူမေဘးက ေနရာေလးတစ္ခုနဲ႔ ႏွင္းဆီမွ မထိုက္တန္တာ။
တစ္ဘ၀လံုးစာ ေက်နပ္မက္ေမာေနမယ့္ ညေလးတစ္ညတာကိုလည္း သူမ အရဲစြန္႔ၿပီး ဖန္တီးရယူခဲ့ၿပီးၿပီပဲ။
ဒီထက္ေရာ ဘာမ်ား ေမွ်ာ္လင့္ႏုိင္ဦးမွာတဲ့လဲ။
ေနာက္ၿပီး ႏွင္းဆီအေျခအေနက ေငြရမွျဖစ္ေတာ့မွာေလ။
အခုအခ်ိန္က်မွ တျခားတစ္ေနရာမွ ေငြသြားရွာဖို႔ကလည္း ဘယ္လိုမွ မျဖစ္ႏိုင္။
ပိုဆိုးတာက သူမအနားမွာဆက္ေနဖို႔ ႏွင္းဆီကိုယ္တိုင္က လိပ္ျပာ မလံုေတာ့တာ။
လူတိုင္းလိုလိုကို လိမ္လည္ခဲ့ေသာ ႏွင္းဆီ။ ဘာလို႔ အခုမွ သူမကိုလိမ္ဖို႔ ဒီေလာက္ခက္ခဲေနတာပါလိမ့္။
"အားတင္းထားစမ္း ပန္းႏွင္းဆီ။ အားတင္းထားစမ္း။ နင္က သူ႔အတြက္ ဘာမွမဟုတ္ႏိုင္သလို... နင္က လူလိမ္တစ္ေယာက္ဆိုတာ သူမက သိႏွင့္ၿပီးသားပါဟယ္။ ကိုယ့္ဘ၀ကိုယ္ နားလည္စမ္းပါ"
အသည္းနက္နက္ထဲသို႔ အက္စစ္နဲ႔ အဖ်န္းခံေနရသလိုပါပဲလား ေဒၚမင္းထက္သာလြန္ရယ္။
အရမ္းၾကည္လင္တဲ့ မ်က္၀န္းေတြနဲ႔ ကၽြန္မကိုဘာလို႔ လႈတ္မရေအာင္စည္း႐ုံးလိုက္တာလဲဟင္။
ဒါမွမဟုတ္ ခင္ဗ်ားဖက္က ႐ိုး႐ိုးေလးျပဳမူလိုက္တဲ့ အၾကည့္ကိုပဲ ႏွင္းဆီက အေတြးလြန္းေနျခင္းေပလား။
မေန႔ညက အျဖစ္ပ်က္ေတြဟာ သူမ အတၱႀကီးစြာ လူသားဆန္လိုက္တာပါ။
ဘာပဲျဖစ္ျဖစ္ ထိုမိန္းမကို သူမ ထိေတြ႕ဖူးသြားခဲ့တယ္ေလ။
႐ူးသြပ္စြာ စြဲလန္းမိေနေပမယ့္လည္း... မတတ္ႏိုင္ဘူး ေဒၚမင္းထက္သာလြန္။
ရွင္က ကၽြန္မအတြက္ အမ်ားထဲက တစ္ေယာက္မဟုတ္ေပမဲ့ ကၽြန္မ ရင္နာနာနဲ႔ပဲ ရွင့္ကိုလိမ္ရေတာ့မယ္။
ေငြလႊဲေပးဖို႔ အေရးတႀကီးေငြလိုေနတဲ့အတြက္ ႏွင္းဆီ လိမ္ကို လိမ္ရဦးမွာပဲေလ။
"ေတာင္းပန္ပါတယ္ ေဒၚမင္းထက္သာလြန္ရယ္။ ကၽြန္မ အႏူးအညႊန္႔နဲ႔ကို ေတာင္းပန္ပါတယ္"
--------------------------------------------------------------
၀န္ထမ္းတစ္ေယာက္က Company ပိုင္ ေငြေၾကးကိုပဲျဖစ္ျဖစ္၊ ပစၥည္းကိုပဲျဖစ္ျဖစ္ တစ္ခုခုကို လိမ္လည္လွည့္ဖ်ား၊ အလြဲသံုးစားလုပ္ခဲ့တယ္ဆိုရင္ ထို၀န္ထမ္းကို အလုပ္ထုတ္ပစ္ၿပီး တရားဥပေဒေဘာင္သို႔အပ္ရမယ္ဆိုတာ သူမ ေကာင္းေကာင္းသိတာေပါ့။
ဒါေပမဲ့ အခုခက္ေနတာက အဲ့လိုလိမ္မယ့္လူက ပန္းႏွင္းဆီျဖစ္ေနတာ။
အခုဆို ပန္းႏွင္းဆီလက္ထဲမွာ ၀န္ထမ္းေတြအားလံုးရဲ့ လစာေငြေတြအကုန္လံုး ေရာက္ႏွင့္ေနၿပီ။
တကယ္လို႔ ႏွင္းဆီ လိမ္ခဲ့ရင္ေရာ... လိမ္ခဲ့ရင္ သူမ ဘာဆက္လုပ္ရမွာလဲ?
ေနာက္ၿပီး ႏွင္းဆီက လူလိမ္တစ္ေယာက္မွန္း သိရဲ့သားနဲ႔ ဘာလို႔အဲ့ေလာက္မ်ားတဲ့ ေငြပမာဏကို ႏွင္းဆီလက္ထဲ ၀ါးကြက္အပ္ခဲ့တာလဲ?
အပ္ခဲ့မွာေပ့ါ။
ႏွင္းဆီ သူမကို မလိမ္ရက္ဘူးဆိုတဲ့ အျဖစ္ေလးတစ္ခုကိုသိရဖို႔အတြက္ သိန္းဆယ္ခ်ီေနတဲ့ ေငြေတြကို သူမ အပ္ခဲ့တာပဲေလ။
ဒါေပမဲ့ ႏွင္းဆီ လိမ္သြားရင္ေတာ့ သူမ ဘာမွ ဆက္လုပ္တတ္ေတာ့မွာမဟုတ္။
"MD... ေျခာက္နာရီထိုးၿပီ ျပန္ရေအာင္"
အေတြးေတြနဲ႔ ေ၀့လည္ေနတဲ့အခ်ိန္ ဦးခန္႔ေအာင္ရဲ့ သတိေပးသံေၾကာင့္ သူမ႔အၾကည့္ေလးေလးပင္ပင္ေတြက နံရံကပ္နာရီဆီသို႔ ေရာက္သြားတယ္။
"တျခား၀န္ထမ္းေတြေရာ ႐ုံးဆင္းကုန္ၿပီလား ဦးခန္႔ေအာင္?"
သူမအသံမ်ား ေအးစက္ေနသလို ေျခာက္ကပ္လြန္းေနတယ္။ ေနာက္ၿပီး ေၾကာက္လန္႔စိတ္နဲ႔ တုန္ရီေနတယ္။
"4-နာရီထဲကျပန္ကုန္ၿပီေလMD။ ဘာျဖစ္လို႕လဲ? ၄ နာရီဆိုတာ ခါတိုင္း႐ုံးဆင္းခ်ိန္ပဲေလ"
"ဒါဆို... ပန္းႏွင္းဆီေရာ ႐ုံးဆင္းသြားၿပီလား?"
မရဲတရဲႏွင့္ ေမးလိုက္တဲ့ သူမေမးခြန္းကို ဦးခန္႔ေအာင္ ေခါင္းညိတ့္ေျဖလိုက္ေသာ္လည္း သူမကို နားမလည္စြာေတာ့ တစ္ခ်က္ၾကည့္လာေသးတယ္။
"ဟုတ္ကဲ့ ျပန္သြားပါၿပီ။ သူကေတာ့ 5နာရီေလာက္မွျပန္သြားတာMD။ က်မတို႕လည္း ျပန္ရေအာင္ေလ"
"ေကာင္းၿပီေလ။ ႐ုံးဆင္းခ်ိန္ေတာင္ ေက်ာ္ေနၿပီဆိုမွေတာ့ ျပန္႐ုံပဲရွိတာေပါ့ရွင္..."
သက္ျပင္းခ်ရင္း ညီးညဴစြာေျပာလုိက္တဲ့ သူမ႔စကားအဆံုး ဦးခန္ေအာင္ အခန္းထဲမွ နားမလည္သလိုေခါင္းကုတ္ရင္း လွည့္ထြက္သြားတယ္။
သိမ္းစရာရွိတဲ့ စာရြက္စာတမ္းတစ္ခ်ဳိ႕ကို ေလးလံေမွးမွိန္စြာ သိမ္းဆည္းၿပီးေနာက္ သူမ ႐ုံးခန္းထဲမွ ထြက္ခဲ့လိုက္တယ္။
ဒီတုိင္းေလးေကာ္ရစ္တာအတုိင္းေလွ်ာက္လာရင္း ႏွင္းဆီရဲ့ Account အခန္းအေရွ႕မွျဖတ္အေေလွ်ာက္ ေျခလွမ္းေတြက တုန္႔ခနဲ ရပ္တံ့သြားရတယ္။
ရင္ထဲေလးလံလာသလို၊ စိုးရိမ္တဲ့ခံစားခ်က္ေတြကလည္း ေျပး၀င္လာၾကျပန္ၿပီ။
"MD... ဘာျဖစ္လို႔လဲဟင္?"
ကားပါကင္မွာေစာင့္ေနရင္း သူမေတာ္႐ုံနဲ႔ထြက္မလာလို႔နဲ႔တူပါတယ္။
သူမဆီျပန္ေရာက္လာတဲ့ ဦးခန္႔ေအာင္က ႏွင္းဆီအခန္းေရွ႕ ေပေပႀကီးရပ္ေနရင္း ၿငိမ္သက္စြာအသသက္မဲ့ေနတဲ့ သူမကို ျမင္ၿပီး အလန္႔တၾကားနဲ႔ေမးတယ္ေလ။
"ဦးခန္႔ေအာင္... က်မ Account အခန္းထဲကို၀င္ခ်င္တယ္။ ေသာ့ေပးပါ"
အရင္က ဒီလိုစာရင္းကိုင္အခန္းထဲ သူမ ၀င္ေလ့မရွိဘူးဆိုေတာ့ သူမေတာင္းဆိုမႈဟာ ဦးခန္႔ေအာင္ကို အံ့ၾသေစျပန္တယ္။
"ဘာျဖစ္လို႕လဲ MD... ဘာကိစၥရွိလို႔လဲ?"
"ေသာ့ေပးဆိုေပးပါရွင္..."
ဦးခန္႔ေအာင္ရဲ့ ေမးခြန္းမွာ ေဒါကန္စရာမပါမွန္း သိေနရက္နဲ႔ သူမအလိုလို ေဒါသက ဦးခန္႔ေအာင္ေပၚသို႔ ပံုခ်လိုက္ရင္း မာဆတ္ဆတ္ျပန္ေျပာ လိုက္ေတာ့ ဦးခန္႔ေအာင္ မ်က္ႏွာေလးငယ္သြားရင္း သူမထံသို႔ ႏွင္းဆီ႐ုံးခန္းရဲ့ ေသာ့ေလးထုတ္ေပးတယ္။
"Sorry ပါဦးခန္႔ေအာင္ရယ္။ က်မ နည္းနည္းေရာေထြးသြားတယ္ရွင္... ေသာ့ကိုသာဖြင့္ေပးပါေနာ္"
ဦးခန္႔ေအာင္က သူမကိုဘာမွ မတုန္႔ျပန္ေတာ့ပဲ ႏွင္းဆီအခန္းေသာ့ကိုဖြင့္ေပးတယ္။
သူမ တံခါးကိုဆြဲဖြင့္လိုက္ၿပီျဖစ္ေသာ္လည္း အခန္းထဲသို႔ ေျခလွမ္းမ၀င္ရဲေသး။
ေတြေ၀ေငးငိုင္မႈနဲ႔အတူ သူမ အခန္း၀မွာပဲ အခ်ိန္ေတာ္ေတာ္ၾကာ ၾကာရပ္ေနမိေသးတာ။
ဒါေပမဲ့ သူမ စစ္ၾကည့္ရမွာေလ။
ႏွင္းဆီ တကယ္ပဲ လိမ္သြားတယ္၊ မလိမ္သြားဘူးဆိုတာ သိရဖို႔ သူမ အခန္းထဲ၀င္ၿပီး စစ္ၾကည့္မွ သိမွာေလ။
"အထဲထဲက အံ့ဆြဲေတြရဲ့ေသာ့ပါ က်မကိုေပးပါ။ ေနာက္ၿပီး က်မကို ကားပါကင္က ေစာင့္ေနပါေနာ္"
ဦးခန္႔ေအာင္ဆီက အံ့ဆြဲေသာ့ေတြယူၿပီး ဦးခန္႔ေအာင္ထြက္သြားသည္အထိ သူမ ရပ္ေစာင့္ေနေသးတယ္။
ၿပီးမွ သူမ အခန္းထဲ မ၀င္ခ်င္ပဲ ၀င္ခဲ့လိုက္ရတယ္။
တကယ္ေတာ့ သူမ ဦးခန္႔ေအာင္ကို ပ,ထုတ္တာပါ။
ေနာက္ဆံုး... ႏွင္းဆီ သူမကိုလိမ္သြားတယ္ ထားဦး... အဲ့ဒီလိမ္လည္မႈကို သူမ တစ္ေယာက္တည္းသာ သိခ်င္တာ။
အမ်ားအျမင္မွာ ပန္းႏွင္းဆီက တကယ့္ကို အျပစ္မဲ့တဲ့ မိန္းကေလးတစ္ေယာက္သာ ျဖစ္ေစ့ခ်င္တာ သူမ အတၱႀကီးလြန္းေနတာလား။
"ႏွင္းဆီရယ္... ရွင္ က်မရဲ့ ယံုၾကည္မႈကို အလြဲသံုးစား မလုပ္ေလာက္ပါဘူး။ မလုပ္ပါေစနဲ႔။ ရွင္တျခားမွာ ဘယ္လိုပဲ ျပဳမူခဲ့၊ ျပဳမူခဲ့ပါ... က်မကိုေတာ့ ႁခြင္းခ်က္အျဖစ္ ထားေပးပါ ပန္းႏွင္းဆီရယ္"
ဘယ္ေလာက္ပဲ ဆုေတာင္း၊ ဆုေတာင္း။ ေတာင္းပန္၊ ေတာင္းပန္ပါ။
ႏွင္းဆီ လုပ္သြားတဲ့ ၀န္ထမ္းလစာ စာအိတ္ေတြကို သူမေဖာက္ၿပီးစစ္ၾကည့္လိုက္တဲ့ အခါမွာေတာ့ သူမေတာင္းပန္မႈမ်ား၊ သူမဆုေတာင္းမႈမ်ားအားလံုး ေျမာင္းထဲေရာက္ကုန္ရၿပီ...
ေမွ်ာ္လင့္ခ်က္ေတြအားလံုး ေလာင္ကၽြမ္းကုန္ရၿပီ...
ႏွင္းဆီကေတာ့ သူမေတာင္းပန္တဲ့မ်က္၀န္း၊ သူမခံစားခ်က္ မ်က္ရည္ေတြကို မသိက်ဳိးကၽြန္ျပဳၿပီး ႏွင္းဆီ အစီအစဥ္ကို အေကာင္ထည္ေဖာ္သြားေပၿပီ။
သူမ အားလံုးကိုစစ္ၾကည့္လိုက္ေတာ့ ႏွင္းဆီယူသြားတဲ့ ေငြပမာဏက သိန္း ၃၀ ေက်ာ္ခန္႔ရွိတယ္။
သိန္း ၃၀ ဆိုတဲ့ပမာဏက သူမအတြက္ မျဖစ္စေလာက္ဆိုေပမယ့္... ဒီလိုအလိမ္ခံရျခင္းေၾကာင့္ သူမအရာရာဆံုး႐ႈံးလိုက္ရသလို ၀မ္းပမ္းတနည္းျဖစ္ရတယ္။
လစာ စာအိတ္အလြတ္ေတြကို ကိုင္ထားတဲ့လက္က ဆတ္ဆတ္တုန္ေနစဥ္ နားထင္သို႔စီးက်လာတဲ့ ေခၽြးေတြက ေဇာေခၽြးအစစ္ျဖစ္ေလၿပီ။
သူမႏွလံုးသားေတြ ငိုေကၽြးေနၾကၿပီ။ သူမကေတာ့ ေလ်ာ့ေနတဲ့ ေငြစာရင္းကိုၾကည့္ၿပီး ခံစားခ်က္မဲ့လ်က္။
မလုပ္ပါဘူး။ မင္း တို႔ကို အဲ့လိုမလုပ္ပါဘူးလို႔ ကိုယ့္ကိုယ္ကို အႀကိမ္ႀကိမ္ေျပာေနရင္း တကယ့္အျဖစ္အပ်က္ကို လွည့္ဖ်ားဖို႔ သူမအာ႐ုံေတြက ႀကိဳးစားေနေသးတာ။
တစ္ညတာပတ္သတ္မႈကိုေတာင္ မေထာက္ထားပဲ လုုပ္ခ်သြားတဲ့အတြက္ သူမ ပိုရင္နာရတယ္။
သူမ႕ကိုယ္ခႏၶာသည္လည္း အ႐ုပ္ႀကိဳးျပတ္ စားပြဲေပၚသို႔ အပံုလိုက္လဲက်သြားရပီေလ။
"လိမ္ရက္လိုက္တာေနာ္...ပန္းႏွင္းဆီရယ္ မင္း တို႔ကိုလိမ္ရက္လိုက္တာဟယ္..."
ရင္နင့္စြာ ညီးညဴတဲ့အသံကို ႏွင္းဆီဘယ္ၾကားေတာ့မွာလဲ။
အခုေလာက္ဆို ႏွင္းဆီ ယူသြားတဲ့ေငြေတြအတြက္ ေပ်ာ္ေနေလာက္ၿပီေပါ့။
ဒါမွမဟုတ္ ဒီမိန္းမႀကီး ငါ့အေပၚဒီေလာက္ၿပိဳလဲက်ေနတာ ငါႀကိဳက္သလိုလွည့္စားလို႔ရတယ္ဆိုၿပီး ဟားတိုက္ခ်င္၊ ဟားတိုက္ေနမွာေပါ့။
လုပ္ခ်င္သလိုသာ လုပ္ပါ ပန္းႏွင္းဆီ။
က်မကိုက မင္းအေရွ႕မွာ က်႐ႈံးခ်င္ေနမိတာကိုး။
က်ားေရွ႕မွာမွ ေမွာက္ခုန္လဲမိသြားတာကိုး။
တို႔က မင္းအတြက္ အထူးသီးသန္႔လူတစ္ေယာက္ ျဖစ္ခ်င္မိသြားတာကိုက မွားတာပါ။
ဒါေပမဲ့ အဲ့ဒီ့အမွားကို ဘယ္လိုျပင္ဆင္ရမွာလဲ။
ျပင္မွ မျပင္ဆင္တတ္ေတာ့တာ။
ဆက္ၿပီး မွားဖို႔ပဲ ရွိေတာ့တာေလ။
ဆက္ၿပီး မွားဖို႔ပဲ ရွိေတာ့တာေပါ့ ပန္းႏွင္းဆီရယ္။
--------------------------------------------------
ဆက္ရန္
----------------------------------------------------
Uni code
တကယ်တော့ "ဖူးငယ်" လို့ သူမခေါ်လိုက်တဲ့အချိန်မှာ နှင်းဆီ ခန္ဓာကိုယ်တစ်ခုလုံးက သွေးတွေကို တစ်ချက်တည်းနဲ့ စုတ်ယူခံ လိုက်ရသလို အားအင်ယုတ်လျော့သွားရတာ။
ဒါပေမဲ့ အားမာန်တင်းပြီး နှင်းဆီ အခန်းထဲက ထွက်ခဲ့လိုက်ရတာ။
ယိုင်လဲကျချင်နေတဲ့ ခြေလှမ်းတွေကို သတိနဲ့ ဟန်ပါပါဆက်လှမ်းရင်း ကိုယ့်ရုံးခန်းသို့ ပြန်လာခဲ့ရသော်လည်း ဒူးတွေက မခိုင်ချင်တော့။
ရုံးခန်းထဲပြန်ရောက်သည့်တိုင် သူမများဆက်ကာငေးကြည့်နေမလားဆိုတဲ့ ကျောမလုံတဲ့ ခံစားချက်ကြောင့် ဟန်မပျက် ကြိုးစားပြီး ငြိမ်နေမိတယ်။
ကွန်ပြူတာမှ စာရင်းဖိုင်တွဲတစ်ခုကို ဖွင့်လိုက်ပေမယ့် အာရုံထဲမှ ကြောက်စိတ်သာကိန်းအောင်းနေတယ်။
ကီးဘုတ်ပေါ်တင်ထားတဲ့ လက်ချောင်းလေးတွေက တဆတ်ဆတ်တုန်ရီနေတာ။
တင်းကြပ်တဲ့ခံစားချက်နဲ့အတူ မျက်ဝန်းတွင် မျက်ရည်တို့ခိုတွဲလာရပြီ။
တကယ်ပါ... နှင်းဆီ သူမကို မလိမ်ရက်ပါဘူး။
ဒါပေမဲ့ကွယ်... သူမဘေးက နေရာလေးတစ်ခုနဲ့ နှင်းဆီမှ မထိုက်တန်တာ။
တစ်ဘဝလုံးစာ ကျေနပ်မက်မောနေမယ့် ညလေးတစ်ညတာကိုလည်း သူမ အရဲစွန့်ပြီး ဖန်တီးရယူခဲ့ပြီးပြီပဲ။
ဒီထက်ရော ဘာများ မျှော်လင့်နိုင်ဦးမှာတဲ့လဲ။
နောက်ပြီး နှင်းဆီအခြေအနေက ငွေရမှဖြစ်တော့မှာလေ။
အခုအချိန်ကျမှ တခြားတစ်နေရာမှ ငွေသွားရှာဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်။
ပိုဆိုးတာက သူမအနားမှာဆက်နေဖို့ နှင်းဆီကိုယ်တိုင်က လိပ်ပြာ မလုံတော့တာ။
လူတိုင်းလိုလိုကို လိမ်လည်ခဲ့သော နှင်းဆီ။ ဘာလို့ အခုမှ သူမကိုလိမ်ဖို့ ဒီလောက်ခက်ခဲနေတာပါလိမ့်။
"အားတင်းထားစမ်း ပန်းနှင်းဆီ။ အားတင်းထားစမ်း။ နင်က သူ့အတွက် ဘာမှမဟုတ်နိုင်သလို... နင်က လူလိမ်တစ်ယောက်ဆိုတာ သူမက သိနှင့်ပြီးသားပါဟယ်။ ကိုယ့်ဘဝကိုယ် နားလည်စမ်းပါ"
အသည်းနက်နက်ထဲသို့ အက်စစ်နဲ့ အဖျန်းခံနေရသလိုပါပဲလား ဒေါ်မင်းထက်သာလွန်ရယ်။
အရမ်းကြည်လင်တဲ့ မျက်ဝန်းတွေနဲ့ ကျွန်မကိုဘာလို့ လှုတ်မရအောင်စည်းရုံးလိုက်တာလဲဟင်။
ဒါမှမဟုတ် ခင်ဗျားဖက်က ရိုးရိုးလေးပြုမူလိုက်တဲ့ အကြည့်ကိုပဲ နှင်းဆီက အတွေးလွန်းနေခြင်းပေလား။
မနေ့ညက အဖြစ်ပျက်တွေဟာ သူမ အတ္တကြီးစွာ လူသားဆန်လိုက်တာပါ။
ဘာပဲဖြစ်ဖြစ် ထိုမိန်းမကို သူမ ထိတွေ့ဖူးသွားခဲ့တယ်လေ။
ရူးသွပ်စွာ စွဲလန်းမိနေပေမယ့်လည်း... မတတ်နိုင်ဘူး ဒေါ်မင်းထက်သာလွန်။
ရှင်က ကျွန်မအတွက် အများထဲက တစ်ယောက်မဟုတ်ပေမဲ့ ကျွန်မ ရင်နာနာနဲ့ပဲ ရှင့်ကိုလိမ်ရတော့မယ်။
ငွေလွှဲပေးဖို့ အရေးတကြီးငွေလိုနေတဲ့အတွက် နှင်းဆီ လိမ်ကို လိမ်ရဦးမှာပဲလေ။
"တောင်းပန်ပါတယ် ဒေါ်မင်းထက်သာလွန်ရယ်။ ကျွန်မ အနူးအညွှန့်နဲ့ကို တောင်းပန်ပါတယ်"
--------------------------------------------------------------
၀န်ထမ်းတစ်ယောက်က Company ပိုင် ငွေကြေးကိုပဲဖြစ်ဖြစ်၊ ပစ္စည်းကိုပဲဖြစ်ဖြစ် တစ်ခုခုကို လိမ်လည်လှည့်ဖျား၊ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုရင် ထိုဝန်ထမ်းကို အလုပ်ထုတ်ပစ်ပြီး တရားဥပဒေဘောင်သို့အပ်ရမယ်ဆိုတာ သူမ ကောင်းကောင်းသိတာပေါ့။
ဒါပေမဲ့ အခုခက်နေတာက အဲ့လိုလိမ်မယ့်လူက ပန်းနှင်းဆီဖြစ်နေတာ။
အခုဆို ပန်းနှင်းဆီလက်ထဲမှာ ၀န်ထမ်းတွေအားလုံးရဲ့ လစာငွေတွေအကုန်လုံး ရောက်နှင့်နေပြီ။
တကယ်လို့ နှင်းဆီ လိမ်ခဲ့ရင်ရော... လိမ်ခဲ့ရင် သူမ ဘာဆက်လုပ်ရမှာလဲ?
နောက်ပြီး နှင်းဆီက လူလိမ်တစ်ယောက်မှန်း သိရဲ့သားနဲ့ ဘာလို့အဲ့လောက်များတဲ့ ငွေပမာဏကို နှင်းဆီလက်ထဲ ၀ါးကွက်အပ်ခဲ့တာလဲ?
အပ်ခဲ့မှာပေ့ါ။
နှင်းဆီ သူမကို မလိမ်ရက်ဘူးဆိုတဲ့ အဖြစ်လေးတစ်ခုကိုသိရဖို့အတွက် သိန်းဆယ်ချီနေတဲ့ ငွေတွေကို သူမ အပ်ခဲ့တာပဲလေ။
ဒါပေမဲ့ နှင်းဆီ လိမ်သွားရင်တော့ သူမ ဘာမှ ဆက်လုပ်တတ်တော့မှာမဟုတ်။
"MD... ခြောက်နာရီထိုးပြီ ပြန်ရအောင်"
အတွေးတွေနဲ့ ဝေ့လည်နေတဲ့အချိန် ဦးခန့်အောင်ရဲ့ သတိပေးသံကြောင့် သူမ့အကြည့်လေးလေးပင်ပင်တွေက နံရံကပ်နာရီဆီသို့ ရောက်သွားတယ်။
"တခြားဝန်ထမ်းတွေရော ရုံးဆင်းကုန်ပြီလား ဦးခန့်အောင်?"
သူမအသံများ အေးစက်နေသလို ခြောက်ကပ်လွန်းနေတယ်။ နောက်ပြီး ကြောက်လန့်စိတ်နဲ့ တုန်ရီနေတယ်။
"4-နာရီထဲကပြန်ကုန်ပြီလေMD။ ဘာဖြစ်လို့လဲ? ၄ နာရီဆိုတာ ခါတိုင်းရုံးဆင်းချိန်ပဲလေ"
"ဒါဆို... ပန်းနှင်းဆီရော ရုံးဆင်းသွားပြီလား?"
မရဲတရဲနှင့် မေးလိုက်တဲ့ သူမမေးခွန်းကို ဦးခန့်အောင် ခေါင်းညိတ့်ဖြေလိုက်သော်လည်း သူမကို နားမလည်စွာတော့ တစ်ချက်ကြည့်လာသေးတယ်။
"ဟုတ်ကဲ့ ပြန်သွားပါပြီ။ သူကတော့ 5နာရီလောက်မှပြန်သွားတာMD။ ကျမတို့လည်း ပြန်ရအောင်လေ"
"ကောင်းပြီလေ။ ရုံးဆင်းချိန်တောင် ကျော်နေပြီဆိုမှတော့ ပြန်ရုံပဲရှိတာပေါ့ရှင်..."
သက်ပြင်းချရင်း ညီးညူစွာပြောလိုက်တဲ့ သူမ့စကားအဆုံး ဦးခန်အောင် အခန်းထဲမှ နားမလည်သလိုခေါင်းကုတ်ရင်း လှည့်ထွက်သွားတယ်။
သိမ်းစရာရှိတဲ့ စာရွက်စာတမ်းတစ်ချို့ကို လေးလံမှေးမှိန်စွာ သိမ်းဆည်းပြီးနောက် သူမ ရုံးခန်းထဲမှ ထွက်ခဲ့လိုက်တယ်။
ဒီတိုင်းလေးကော်ရစ်တာအတိုင်းလျှောက်လာရင်း နှင်းဆီရဲ့ Account အခန်းအရှေ့မှဖြတ်အေလျှောက် ခြေလှမ်းတွေက တုန့်ခနဲ ရပ်တံ့သွားရတယ်။
ရင်ထဲလေးလံလာသလို၊ စိုးရိမ်တဲ့ခံစားချက်တွေကလည်း ပြေးဝင်လာကြပြန်ပြီ။
"MD... ဘာဖြစ်လို့လဲဟင်?"
ကားပါကင်မှာစောင့်နေရင်း သူမတော်ရုံနဲ့ထွက်မလာလို့နဲ့တူပါတယ်။
သူမဆီပြန်ရောက်လာတဲ့ ဦးခန့်အောင်က နှင်းဆီအခန်းရှေ့ ပေပေကြီးရပ်နေရင်း ငြိမ်သက်စွာအသသက်မဲ့နေတဲ့ သူမကို မြင်ပြီး အလန့်တကြားနဲ့မေးတယ်လေ။
"ဦးခန့်အောင်... ကျမ Account အခန်းထဲကိုဝင်ချင်တယ်။ သော့ပေးပါ"
အရင်က ဒီလိုစာရင်းကိုင်အခန်းထဲ သူမ ၀င်လေ့မရှိဘူးဆိုတော့ သူမတောင်းဆိုမှုဟာ ဦးခန့်အောင်ကို အံ့သြစေပြန်တယ်။
"ဘာဖြစ်လို့လဲ MD... ဘာကိစ္စရှိလို့လဲ?"
"သော့ပေးဆိုပေးပါရှင်..."
ဦးခန့်အောင်ရဲ့ မေးခွန်းမှာ ဒေါကန်စရာမပါမှန်း သိနေရက်နဲ့ သူမအလိုလို ဒေါသက ဦးခန့်အောင်ပေါ်သို့ ပုံချလိုက်ရင်း မာဆတ်ဆတ်ပြန်ပြော လိုက်တော့ ဦးခန့်အောင် မျက်နှာလေးငယ်သွားရင်း သူမထံသို့ နှင်းဆီရုံးခန်းရဲ့ သော့လေးထုတ်ပေးတယ်။
"Sorry ပါဦးခန့်အောင်ရယ်။ ကျမ နည်းနည်းရောထွေးသွားတယ်ရှင်... သော့ကိုသာဖွင့်ပေးပါနော်"
ဦးခန့်အောင်က သူမကိုဘာမှ မတုန့်ပြန်တော့ပဲ နှင်းဆီအခန်းသော့ကိုဖွင့်ပေးတယ်။
သူမ တံခါးကိုဆွဲဖွင့်လိုက်ပြီဖြစ်သော်လည်း အခန်းထဲသို့ ခြေလှမ်းမဝင်ရဲသေး။
တွေဝေငေးငိုင်မှုနဲ့အတူ သူမ အခန်းဝမှာပဲ အချိန်တော်တော်ကြာ ကြာရပ်နေမိသေးတာ။
ဒါပေမဲ့ သူမ စစ်ကြည့်ရမှာလေ။
နှင်းဆီ တကယ်ပဲ လိမ်သွားတယ်၊ မလိမ်သွားဘူးဆိုတာ သိရဖို့ သူမ အခန်းထဲဝင်ပြီး စစ်ကြည့်မှ သိမှာလေ။
"အထဲထဲက အံ့ဆွဲတွေရဲ့သော့ပါ ကျမကိုပေးပါ။ နောက်ပြီး ကျမကို ကားပါကင်က စောင့်နေပါနော်"
ဦးခန့်အောင်ဆီက အံ့ဆွဲသော့တွေယူပြီး ဦးခန့်အောင်ထွက်သွားသည်အထိ သူမ ရပ်စောင့်နေသေးတယ်။
ပြီးမှ သူမ အခန်းထဲ မဝင်ချင်ပဲ ၀င်ခဲ့လိုက်ရတယ်။
တကယ်တော့ သူမ ဦးခန့်အောင်ကို ပ,ထုတ်တာပါ။
နောက်ဆုံး... နှင်းဆီ သူမကိုလိမ်သွားတယ် ထားဦး... အဲ့ဒီလိမ်လည်မှုကို သူမ တစ်ယောက်တည်းသာ သိချင်တာ။
အများအမြင်မှာ ပန်းနှင်းဆီက တကယ့်ကို အပြစ်မဲ့တဲ့ မိန်းကလေးတစ်ယောက်သာ ဖြစ်စေ့ချင်တာ သူမ အတ္တကြီးလွန်းနေတာလား။
"နှင်းဆီရယ်... ရှင် ကျမရဲ့ ယုံကြည်မှုကို အလွဲသုံးစား မလုပ်လောက်ပါဘူး။ မလုပ်ပါစေနဲ့။ ရှင်တခြားမှာ ဘယ်လိုပဲ ပြုမူခဲ့၊ ပြုမူခဲ့ပါ... ကျမကိုတော့ ခြွင်းချက်အဖြစ် ထားပေးပါ ပန်းနှင်းဆီရယ်"
ဘယ်လောက်ပဲ ဆုတောင်း၊ ဆုတောင်း။ တောင်းပန်၊ တောင်းပန်ပါ။
နှင်းဆီ လုပ်သွားတဲ့ ၀န်ထမ်းလစာ စာအိတ်တွေကို သူမဖောက်ပြီးစစ်ကြည့်လိုက်တဲ့ အခါမှာတော့ သူမတောင်းပန်မှုများ၊ သူမဆုတောင်းမှုများအားလုံး မြောင်းထဲရောက်ကုန်ရပြီ...
မျှော်လင့်ချက်တွေအားလုံး လောင်ကျွမ်းကုန်ရပြီ...
နှင်းဆီကတော့ သူမတောင်းပန်တဲ့မျက်ဝန်း၊ သူမခံစားချက် မျက်ရည်တွေကို မသိကျိုးကျွန်ပြုပြီး နှင်းဆီ အစီအစဉ်ကို အကောင်ထည်ဖော်သွားပေပြီ။
သူမ အားလုံးကိုစစ်ကြည့်လိုက်တော့ နှင်းဆီယူသွားတဲ့ ငွေပမာဏက သိန်း ၃၀ ကျော်ခန့်ရှိတယ်။
သိန်း ၃၀ ဆိုတဲ့ပမာဏက သူမအတွက် မဖြစ်စလောက်ဆိုပေမယ့်... ဒီလိုအလိမ်ခံရခြင်းကြောင့် သူမအရာရာဆုံးရှုံးလိုက်ရသလို ၀မ်းပမ်းတနည်းဖြစ်ရတယ်။
လစာ စာအိတ်အလွတ်တွေကို ကိုင်ထားတဲ့လက်က ဆတ်ဆတ်တုန်နေစဉ် နားထင်သို့စီးကျလာတဲ့ ချွေးတွေက ဇောချွေးအစစ်ဖြစ်လေပြီ။
သူမနှလုံးသားတွေ ငိုကျွေးနေကြပြီ။ သူမကတော့ လျော့နေတဲ့ ငွေစာရင်းကိုကြည့်ပြီး ခံစားချက်မဲ့လျက်။
မလုပ်ပါဘူး။ မင်း တို့ကို အဲ့လိုမလုပ်ပါဘူးလို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြောနေရင်း တကယ့်အဖြစ်အပျက်ကို လှည့်ဖျားဖို့ သူမအာရုံတွေက ကြိုးစားနေသေးတာ။
တစ်ညတာပတ်သတ်မှုကိုတောင် မထောက်ထားပဲ လုုပ်ချသွားတဲ့အတွက် သူမ ပိုရင်နာရတယ်။
သူမ့ကိုယ်ခန္ဓာသည်လည်း အရုပ်ကြိုးပြတ် စားပွဲပေါ်သို့ အပုံလိုက်လဲကျသွားရပီလေ။
"လိမ်ရက်လိုက်တာနော်...ပန်းနှင်းဆီရယ် မင်း တို့ကိုလိမ်ရက်လိုက်တာဟယ်..."
ရင်နင့်စွာ ညီးညူတဲ့အသံကို နှင်းဆီဘယ်ကြားတော့မှာလဲ။
အခုလောက်ဆို နှင်းဆီ ယူသွားတဲ့ငွေတွေအတွက် ပျော်နေလောက်ပြီပေါ့။
ဒါမှမဟုတ် ဒီမိန်းမကြီး ငါ့အပေါ်ဒီလောက်ပြိုလဲကျနေတာ ငါကြိုက်သလိုလှည့်စားလို့ရတယ်ဆိုပြီး ဟားတိုက်ချင်၊ ဟားတိုက်နေမှာပေါ့။
လုပ်ချင်သလိုသာ လုပ်ပါ ပန်းနှင်းဆီ။
ကျမကိုက မင်းအရှေ့မှာ ကျရှုံးချင်နေမိတာကိုး။
ကျားရှေ့မှာမှ မှောက်ခုန်လဲမိသွားတာကိုး။
တို့က မင်းအတွက် အထူးသီးသန့်လူတစ်ယောက် ဖြစ်ချင်မိသွားတာကိုက မှားတာပါ။
ဒါပေမဲ့ အဲ့ဒီ့အမှားကို ဘယ်လိုပြင်ဆင်ရမှာလဲ။
ပြင်မှ မပြင်ဆင်တတ်တော့တာ။
ဆက်ပြီး မှားဖို့ပဲ ရှိတော့တာလေ။
ဆက်ပြီး မှားဖို့ပဲ ရှိတော့တာပေါ့ ပန်းနှင်းဆီရယ်။
--------------------------------------------------
ဆက်ရန်
----------------------------------------------------