𝑲𝒊𝒔𝒔

By DayMaharMyat

2M 80.3K 8.7K

အာဏာပြည့်ရှင် + ရင်ခွင်နမ်း 𝘿𝙤𝙣'𝙩 𝙇𝙤𝙤𝙠 𝙃𝙞𝙢 မှ Kiss သို့ နာမည်ပြောင်းလဲထားပါတယ် Seme is asshole... More

Note & Charactor
∆.01
∆.02
∆.03
∆.04
∆.05
∆.06
∆.07
∆.08
∆.09
∆.10
∆.11
∆.12
∆.13
∆.14
Mature On
∆.15
∆.16
ArrNarPyaeShin's Body
∆.17
∆.18
∆.19
Mature On ⚠️
∆.20
∆.21
Hiဗျ
∆.22
∆.23
∆.24
∆.25
∆.26
∆.27
∆.28
∆.29
∆.30
∆.31
∆.32
∆.33
∆.34
∆.35
Mature On✨
∆.36
∆.37
∆.38
∆.39
∆.41
∆.42
∆.43
∆.44
∆.45
Mature
∆.46
∆.47
∆.48
D.49
∆.50
∆.51
∆.52
∆.53
∆.54
∆.55
∆.56
∆.57
∆.58
∆.59
∆.60
∆.61
∆.62 [ final ]
Q;

∆.40

15.2K 635 16
By DayMaharMyat

Unicode

" ဝလုံး...အိမ်သာဆေးနေတာလား "

ဘုရင်ဟာ အစပိုင်း အကိုဖြစ်သူနှင့်နေသော်လည်း ယခုတော့ တိုက်ခန်းတွင် ပြောင်းနေလေပြီ။ တိုက်ခန်းစပြောင်းကတည်းက သူ့အနားရှိသူဟာ ထက်ဝဏာတစ်ယောက်တည်းသာဖြစ်သည်။ အာဏာဘုရင်ဟာ မထင်ရင်မထင်သလို ရုပ်တည်ကြီးနှင့် ထက်ဝဏာကို စနောက်တတ်သည်။

" အဝတ်လျှော်နေတာမြင်ရဲ့သားနဲ့...ခွေးကောင်လေး မင်းမျက်လုံးများကန်းနေသလား "

" အင်း...ခင်ဗျားပြုစုဖို့ ခနကန်းခိုင်းထားတယ် "

မဲ့ရွဲ့သွားသော ထက်ဝဏာအားကြည့်ကာ ဘုရင်က တစ်ဖက်လှည့်သွားသည်။ ဘုရင်ဟာ ရုပ်တည်ကြီးနှင့် အမြဲစနောက်တတ်သည့်အကျင့်လေးကရှိသည်။ စိတ်ဆိုးတိုင်း ခွေးကောင်လေးဟု သုံးနှုန်းတတ်သည်မှာလည်း ထက်ဝဏာရဲ့အကျင့်တစ်ခုဖြစ်သွားလေပြီ။ ထက်ဝဏာဟာ ဘုရင့်အနားနေရန် အာဏာ့ထံမှအမိန့်ပေးခြင်းခံလိုက်ရတာကြောင့် ဘုရင့်အတွက် အကုန်တာဝန်ယူလုပ်ကိုင်ရသည်။

သူ့အသက်အရွယ်နဲ့ ဒီကောင်လေးဟာ အသက်သိပ်မကွာသော်လည်း ဒီကောင်လေးက ကလေးရုပ်လေးဖြစ်နေတာကြောင့် သူ့အတွက်ကလေးတစ်ယောက်လိုပင်။ တစ်ခါတစ်လေ ဒီကောင်လေးအနားနေရတာက အကို့ကိုခနတာမေ့ထားနိုင်တာကြောင့် သူဒီကောင်လေးအနားအမြဲလိုလိုနေဖြစ်ခဲ့သည်။

ဒီကောင်လေးကို အသုံးချမိသလိုဖြစ်နေတာကြောင့် သူစိတ်မကောင်းဖြစ်မိပါသည်။ သို့သော်လည်း ထိုအရာသည်အမှန်တရားဖြစ်နေတာကြောင့် ထိုကောင်လေးသိသွားရင် စိတ်တိုသွားမည်ကိုလည်း သူစိုးရိမ်မိသည်။ ခပ်တည်တည်နေတတ်သည်မှာ မှန်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူသိလာရသည်က ဒီကောင်လေးဟာ အရမ်းကို အမိန့်ပေးတတ်လွန်းသည့်အပြင် မထင်ရင်မထင်သလို စကားတွေကို လျှောက်ပြောတတ်သည့် အကျင့်ဆိုးလေးရှိနေခြင်းကိုပင်ဖြစ်၏။

တစ်ခုခုကိုလုပ်ချင်ရင်လည်း အကို့လိုပဲ တစ်ဇွတ်ထိုး ပြုလုပ်တတ်သည်။ အတွေးများနှင့် ရှုပ်ယှက်ခက်နေသည့် ခေါင်းထဲတွင် ပေါ်လာသည်က ဟိုတစ်နေ့က ဖေဖေ့အိမ်သွားတုန်းက မှတ်ဉာဏ်တွေဖြစ်သည်။ သူအဲ့တာတွေကို ဒီကောင်လေးကို ပြောပြရင် အကို့ရဲ့ဆိုင်သူကို ကာကွယ်ပေးနိုင်မည်မှာ သေချာတာကြောင့် ပြောရန်သာ ဆုံးဖြတ်ရတော့သည်။

" ဘုရင်...ငါမင်းကိုပြောစရာရှိတယ် ငါ ဟိုနေ့က..."

ထက်ဝဏာအဝတ်လျှော်နေရာမှထကာ လွန်ခဲ့သည့်ရက်အနည်းငယ်က ဖခင်ဖြစ်သူအိမ်ကိုခနပြန်ရာကနေ ကြားခဲ့ရသည့် မထင်မှတ်ထားသော အကြောင်းအရာများကိုပြောပြရန်ပြင်မိသော်လည်း ထွက်မလာခဲ့တာကြောင့် လက်ဖြင့် အင်္ကျီ အောက်ခြေအားတင်းတင်းဆုပ်ထားမိသည်။

" ပြော "

" ငါ "

" ဘယ်အရာကိုမှ မကြောက်နဲ့...ကျုပ်ရှိရင် ခင်ဗျားနားမှာ အန္တရာယ်ဆိုတာမျိုးလည်း မရှိလာစေရဘူး "

" ဟင့်အင်း...ငါအန္တရာယ်ရှိလာနိုင်မယ့်ကိစ္စမျိုးမဟုတ်ဘူး "

" ကိုကို့အကြောင်းပဲလား... "

" အကို့ရဲ့သက်ဆိုင်သူအကြောင်းပါ သူ့မှာ အန္တရာယ်တွေရှိလာနိုင်တယ်...ငါ...ငါအဲ့နေ့က ကြားခဲ့တယ်...ယာယီသမ္မတဖြစ်ဖူးတဲ့ ရှိန်းစွမ်းရည်ဆိုတဲ့လူရယ် တစ်ခြားလူတွေရယ် ဖေ့ဖေ့ဆီရောက်လာကြတယ်...ငါမထင်မှတ်ပဲကြားခဲ့တာက အကိုရင်ခွင့်ကို သူတို့ဖမ်းဖို့လုပ်နေကြတယ်ဆိုတာကိုပဲ ပြီးတော့ ငါ...ငါ "

ထက်ဝဏာဟာ ခုနနှင့်မတူစွာ ရင်ဘက်ရှိ အင်္ကျီစအားဆုပ်ကိုင်လို့ ဒူးထောက်ထိုင်ချလိုက်သည်။ သူပြောမိသွားခဲ့ပြီ။ မပြောတော့ဖူးလို့တောင် ပြန်တွေးမိလိုက်ပေမယ့် ထိုကောင်လေးရဲ့ အားပေးစကားသံတွေကြောင့် သူပြောမိသွားခဲ့လေပြီ။

" လိုက်ခဲ့ ဝလုံး! "

ဘုရင်ဟာ ချက်ချင်းကို အာဏာရှိမဲ့နေရာသို့ သွားတော့လေသည်။ ဖြစ်လာမည့်အရေးကို ကြိုတားဆီးတာဟာ ကောင်းသည့်အရာတစ်ခုပင်ဖြစ်တာကြောင့် အကိုရင်ခွင်ထပ်ပြီး အရင်လိုမဖြစ်စေရန် သူ့မှာလည်းတာဝန်ရှိသည်။

~~~~~Kiss

အိမ်တော်သို့ရောက်ချိန်တွင် အာဏာဟာ မရှိနေခဲ့ပေ။ ဘုရင်နေ့ရှိရာသို့ သွားပြီး အကြောင်းစုံရှင်းပြရန်ပြင်သော်လည်း စာသင်နေရင် အခန်းထဲဘယ်သူမှ ဝင်မလာစေနဲ့ ဟူသည့် နေ့အမိန့်ကြောင့် စာကြည့်ခန်းအတွင်းသို့ ဘုရင်တို့ ဝင်လို့မရခဲ့ပေ။ ဘုရင်ဟာ အမြဲ အကိုဖြစ်သူနှင့်အမဖြစ်သူအမိန့်ကို မနာခံတာမျိုး ပြုလုပ်ခြင်းမရှိ။ ထိုလောက်ထိ သူ၏အကိုနှင့်အမဟာ သူ့အတွက်အရေးကြီးသည်။

" အကိုရင်ခွင် နောက်နေ့ကစ သေနတ်ပစ်ပိုင်းကို သင်ပေးမယ် "

" အွန်း...နေ့ကို တကယ်ကျေးဇူးတင်ပါတယ် အကိုအခု တော်တော်များများကို ရေးတတ်ဖတ်တတ်နေပြီ...ပြီးတော့ ဟီး အာဏာ့နာမည်လဲရေးတတ်ပြီ "

" အကိုရင်ခွင်က သေချာလိုက်လုပ်လို့ပါ...မဟုတ်ရင် အခုအချိန်လောက်နဲ့ စာတတ်ဖို့က မဖြစ်နိုင်ဘူးလေ "

" အာဏာ့ကိုအကူအညီပေးချင်ခဲ့တာ...သူ့ရဲ့Bar ကိုလုပ်နေရပေမဲ့ အမြဲထိုင်နေရတာလေ...အခုတော့ နေ့ကျေးဇူးကြောင့် စာရင်းလည်း နိုင်နင်းနေပြီ "

" မမ! "

စကားပြောရင်း စာကြည့်ခန်းမှထွက်လာသူနှစ်ယောက်ကြောင့် ဘုရင်ချက်ချင်းထရပ်ကာ ပိတ်ရပ်လာသည့် မောင်ဖြစ်သူဟာ ချွေးများလည်းရွှဲနေတာကြောင့် နေ့ကမျက်မှောင်ကြုတ်သည်။

" နင်ဘာဖြစ်လာတာလဲ "

" ငါနင်နဲ့ တိုင်ပင်စရာရှိတယ်...စာကြည့်ခန်းလိုက်ခဲ့...ဝလုံး ခင်ဗျား အကိုရင်ခွင့်ကိုကြည့်ထား...အကိုတို့နှစ်ယောက်ပါ လိုက်ခဲ့ပေး "

ရာဇနှင့် သက္ကရာဇ်ကိုပါခေါ်ကာ စာကြည့်ခန်းအတွင်းပြန်ဝင်သွားသည့် ဘုရင့်ကြောင့် ရင်ခွင်ကနားမလည်သလိုလေး လိုက်ကြည့်နေခဲ့သည်။

" သခင်လေး...ခုံယူလာတယ် ထိုင်လိုက်ပါဗျ "

" အကိုရင်ခွင်လို့ပဲခေါ်ပါ...သခင်လေးလို့ ခေါ်ရင် အကို တကယ်မနေတတ်လို့ အကိုရင်ခွင်မဟုတ်ရင် အကိုလို့ခေါ်ချင်လည်း ခေါ်နော် "

ပြုံးကာပြောလာသူအားကြည့်ကာ ပြုံးပြကာ အရိုအသေပေးမိသည်။ အကိုက နားလည်မှုအပြည့်နဲ့ စိတ်ထားကောင်းတဲ့သူကို ရွေးချယ်ထားတာမလို့ ထက်ဝဏာ ပျော်ရပါသည်။ အကို့ရွေးချယ်မှုဟာ သူမဖြစ်နိုင်ခဲ့သော်လည်း သူ့လိုပဲ ချစ်ပေးနိုင်မည့် အကိုရင်ခွင့်ကို ရွေးချယ်လိုက်တာမို့ အကိုပျော်ရွှင်ရမှာအသေအချာပင်။

အကို့နည်းတူပါပဲ သူလည်း နာကျင်မှုတွေကြားက ပျော်ရွှင်မှုလေး ရလိုက်ပါတယ်။ အနေနီးချင်ရုံသာဆိုပေမဲ့ အကိုက ဘယ်တုန်းကမှ သူနဲ့နီးကပ်စွာ မနေခဲ့ပါ။ အကိုဟာ သိပ်ကိုသစ္စာရှိသည့် ယောက်ျားကောင်းတစ်ယောက်ဖြစ်တာကြောင့် ထိုလိုလူက သူ့ရဲ့အချစ်ဦးဖြစ်နေတာ တော်ပါသေးတယ်လို့ သူတွေးမိတယ်။

အကိုက တကယ်ကို ကျွန်တော့်ရဲ့ပထမဆုံးချစ်ရသူပါ။ ဒါပေမဲ့ မေ့နိုင်ဖို့ ကြိုးစားနေပါတယ် အကို။ ကံဟာအခုထိလည်း အလျင်းကုန်သေးပုံမပေါ်ဘူး...

" Kiss "

ဟိုကြည့်ဒီကြည့်နှင့် နေ့တို့ကို စောင့်နေချိန် မကြားရတာကြာပြီဖြစ်သည့် နာမ်စားလေးနှင့်ခေါ်လာသော အာဏာ့အသံဩဩလေးကြောင့် ရင်ခွင်လှည့်မကြည့်ဖြစ်ခင် တအံ့တဩနှင့် မျက်ရည်များဝဲလာခဲ့သည်။ မငိုချင်ခဲ့ပါ။ သို့သော်လည်း အရမ်းကို ပျော်သွားခဲ့တာကြောင့် ထိုမျက်ရည်တွေဟာ ချက်ချင်းမျက်ဝန်းထက်ပြည့်လျှံလာခဲ့ခြင်းသာဖြစ်၏။

" လင်ကခေါ်ရင် ချက်ချင်းလာစမ်းပါ Kiss ရာ...ကျုပ်နေ့တို့နဲ့ ပြောစရာရှိတယ်...အဲ့ထဲမသွားခင် လာဖက်လာ "

" ငါ...ငါ့ကိုပစ်ထားတာ မင်းကိုမခေါ်ဘူး "

ခုနလိုမဟုတ်ပဲ ချက်ချင်းပြောင်းလဲသွားသည့် ရင်ခွင့်၏ပုံစံကြောင့် ထက်ဝဏာကပြုံးသည်။ အာဏာဟာ မျက်ရည်များသုတ်ကာ တစ်ဖက်လှည့်နေသူ ရင်ခွင့်အနားသွားလို့ အရမ်းလွမ်းနေရသည့် ခန္ဓာကိုယ်လေးအား ဖက်ကာ မျက်နှာတစ်ခုလုံးရှိ မျက်ခွံလေးပင်မကျန် လိုက်လံနမ်းရှိုက်တော့လေသည်။ အဆုံးသတ်အနေနှင့် ရင်ခွင့်နှုတ်ခမ်းအား နမ်းရှိုက်လိုက်သူကြောင့် ထက်ဝဏာ ဆက်ကနဲတုန်ယင်သွားသော်လည်း စာကြည့်ခန်းမှထွက်လာသူ ဘုရင်က ထက်ဝဏာ၏အနားသို့ ပြေးလာကာ မျက်လုံးအား အုပ်ပေးလာသည်။

" ဘုရင် "

" ခင်ဗျားမမြင်ချင်ရင် ငြိမ်ငြိမ်နေ "

နားနားသို့ တိုးကပ်ကာပြောလာသည့် ဘုရင့်စကားကြောင့် မျက်လုံးပေါ်မှ လက်များကိုထက်ဝဏာ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ကာ ငြိမ်သက်သွားမိသည်။

" ကျုပ်ပိုင်ဆိုင်ရမယ့် ခင်ဗျားက ဒီကိစ္စလောက်နဲ့ ငိုရလောက်တဲ့ထိ ပျော့ညံ့တာလား ဝလုံး "

ကျဆင်းတော့မည့် မျက်ရည်စတွေကြောင့် ကိုယ်အားလှည့်လို့ ရင်ခွင်ထဲ ထည့်လိုက်သူ ဘုရင့်ကြောင့် ထက်ဝဏာ မျက်ရည်များကြားမှ အံ့ဩသွားမိသည်။ ထို့အပြင် ဘုရင့်ထံမှ ထွက်လာသည့်စကားအား ထက်ဝဏာဘာစကားမှလည်း ပြန်မပြောမိတော့ပေ။ ထက်ဝဏာ အခုသိတာတစ်ခုဟာ အကို့ကို ချစ်ရတာဟာ အရမ်းကိုချွန်ထက်သည့် ဓားသွားကို ကိုင်ထားရသလို တစ်ဆစ်ဆစ်နှင့် နာကျင်ရသည်မို့ မေ့ပစ်ချင်မိသည်။ သူအရမ်းချစ်ခဲ့ရသည့် အကို့ကို သစ်ရွက်လေးတွေ လေနဲ့အတူ လွင့်မြောစေသကဲ့သို့ သူ့စိတ်ထဲက လွင့်မြောသွားစေချင်ပြီ။

အကိုက သူမဖမ်းဆုပ်နိုင်တဲ့ လေပြေလေး။
ဘယ်နှစ်ခါပဲတိုက်ခတ်ပါစေ။
သူဘယ်တော့မှ ဆုပ်ကိုင်လို့မရဘူး။
သူနှင်ချင်တဲ့နေရာလေးကိုပဲ
ခရီးနှင်တတ်တဲ့ လေလေးပေါ့။

~~~~~Kiss

" ညီညီ မင်းကိုယ့်ကို ဖုန်းဆက်ခေါ်ရတဲ့အကြောင်းအရင်းကဘာလဲ "

အနမ်းကမ္ဘာလေးဟာ ဘယ်အချိန်က ရပ်တန့်သွားလဲ မသိသော်လည်း သူငိုလို့မပြီးသေးခင်ပင် အကို့ဆီမှ စကားကြားလိုက်ရတာကြောင့် ထက်ဝဏာ မျက်ရည်များကို ချက်ချင်းသုတ်မိသည်။ သို့သော်လည်း အတော်ကို ဝမ်းနည်းသွားတာကြောင့် မျက်လုံးများဟာ သိသိသာသာကို မို့အစ်နေလေပြီ။ ထိုအရာကို သတိထားမိသူ ဘုရင်ဟာ အနွေးထည်အားချွတ်ကာ ထက်ဝဏာ၏မျက်နှာတစ်ခုလုံးအား အုပ်ချလိုက်သည်။

" ကျုပ်စကားပြောစရာရှိသေးတယ်...ကျုပ်အနွေးထည်ယူထားလိုက်...ခင်ဗျားမျက်နှာကို ကျုပ်ကလွဲတစ်ခြားသူ မကြည့်စေနဲ့...အဲ့ဒါကျုပ်အမိန့်ပဲ "

အထဲသို့ ဝင်သွားပြီဖြစ်သော အာဏာတို့နောက်မလိုက်ရသေးသူ ဘုရင်ဟာ ထက်ဝဏာ၏ မျက်နှာကို တစ်ခြားသူမကြည့်ရန် အမိန့်ပေးနေသော်လည်း မျက်လုံးက တစ်အိမ်လုံးရှိ ကိုယ်ရံတော်တိုင်းထံ ရောက်နေတာကြောင့် အကုန်လုံးက ခေါင်းငုံ့နေကြလေသည်။ ပြောချင်ရာပြောပြီးသည်နှင့် အထဲဝင်သွားသူ ဘုရင်ကြောင့် ထက်ဝဏာမှာ အူကြောင်ကြောင်လေးကျန်ခဲ့ရသည်။

" မင်းက ငါ့ကို တကယ်ပဲကာကွယ်ပေးချင်နေတယ်လို့ ငါတွေးရမလား ခွေးကောင်လေး... "

အနွေးထည်အတွင်းမှ မထွက်ပဲ တိုးတိတ်စွာ ဆိုမိသည့် ထိုစကားလေးနှင့်အတူ ထက်ဝဏာဟာ ဒူးထောက်ချလိုက်မိသည်။ တစ်စုံတစ်ယောက်ကိုမေ့ဖို့က လွယ်ကူသည့်အလုပ်မဟုတ်တာကြောင့် သူ့အတွက် အချိန်လိုအပ်သည်။

" မင်းအဆင်ပြေရဲ့လား...အကိုဘာကူညီရမလဲ "

" ရပါတယ်...အာ အကိုရင်ခွင်က လိုက်မသွားဘူးလား "

အနွေးထည်အား မျက်နှာပေါ်မှဖယ်လို့ ရကြောင်းပြန်ဖြေမိချိန် အကိုရင်ခွင်ဖြစ်နေတာကြောင့် ထက်ဝဏာမေးမိခြင်းဖြစ်သည်။ အကိုက အဲ့အကြောင်းအရာကို အကိုရင်ခွင့်ကို မကြားစေချင်ဘူးထင်ပါရဲ့။

" အွန်း...အာဏာဆိုတဲ့ အရူးကောင်က နေခဲ့ခိုင်းလို့လေ...အဲ့ကောင်က အကျင့်ပုတ်ကောင် "

အကိုရင်ခွင်ဟာ ကလေးဆန်တတ်မှန်းသူမသိခဲ့ပေ။ အကိုရွေးချယ်လိုက်သည့် အကိုရင်ခွင်ဟာ တကယ်ကိုစိတ်သဘောထားပြည့်ဝပြီး အလွန်ချစ်ဖို့ကောင်းသည်ဆိုတာကို သိလာတာနှင့်အမျှ အကို့ကို ပိုပိုပြီး လက်လွှတ်ပေးချင်လာမိသည်။ အကိုဟာ ဘယ်တော့မှသူ့ကိုလှည့်ကြည့်ဖို့မဖြစ်နိုင်သလို အကိုရင်ခွင်ဟာလည်း အကို့ကိုသဘောကျနေမှာ သေချာသည်မို့ အရံဖြစ်သည့်သူက ရှောင်ပေးရမှာပင်။ အကိုချစ်ရသူကို ထိခိုက်စေလိုခြင်းလည်းမရှိသလို အကိုစိတ်ညစ်ရမည့်အလုပ်မျိုးတွေလည်း သူဟာအမြဲရှောင်ခဲ့သည်။

သူဟာ အဲ့သည်လောက်ထိ ချစ်ခဲ့ပါသည်။

~~~~~Kiss

" ငါ့အပိုင်ကိုများထိမယ်တဲ့လား...ပျောက်နေချိန်အတွင်း စောက်သတ္တိတွေ တော်တော်ရှိသွားပုံပဲ...ရှိန်းစွမ်းရည် မင်းဆိုတဲ့ကောင်ကိုမသတ်ခင် မင်းလင်သေရမယ် "

" နင်သတ်ရမှာက ရှိန်းစွမ်းရည်မဟုတ်ဘူးလား...သူ့ကောင်လေးကဘာကိစ္စပါလာ... "

" ရင်ခွင်နမ်းဆိုတာက တစ်ဦးတည်းသော ငါချစ်ရတဲ့ ငါ့လက်တွဲဖော်...ငါ့လက်တွဲဖော်ကို ဖမ်းမယ်ဆိုပြီးပြောရဲတဲ့ အဲ့ဒီကောင်ရဲ့ လင်ကိုဖမ်းပြီးသတ်မယ်...အဲ့တာမှ ကိုယ်ချစ်ရတဲ့သူ တစ်ခုခုဖြစ်ရင် အဲ့လူ ဘယ်လိုခံစားရလဲဆိုတာကိုနားလည်တတ်မှာ "

" ကျွန်တော့်ကိုလွှဲထားလိုက်မလား ကိုကို "

" အေး မင်းစောင့်ကြည့်နေ...အလစ်မတိုက်နဲ့ ဗျူဟာချပြီး သေချာတိုက်...သူ့လင်တစ်ယောက်ကိုပဲသတ်ခဲ့ "

" နားလည်ပါပြီ "

ဘုရင်ထွက်သွားသည်နှင့် အာဏာဘေးရှိ ပန်းအိုးအား ရိုက်ခွဲမိသည်။ တစ်ခုမဟုတ်တစ်ခုနှင့် သူ့ဆိုင်သူအားထိချင်နေကြသည့် မည်သူ့ကိုမဆို သူသတ်ပစ်မှာ။ အဲ့ဒီလူဟာ သူ့အဘိုးဖြစ်နေရင်တောင် သူလက်တွန့်မှာမဟုတ်ဘူး။ ဘာလို့ဆို ဘယ်သူဟာ မှားယွင်းပြီး မလိုမုန်းတီးစိတ်တွေထားနေလဲဆိုတာ သူသေချာသိတာကြောင့်ပင်ဖြစ်သည်။

" ရာဇ...သက္ကရာဇ် "

" ဟုတ်ကဲ့ Boss "

" ငါ့အဘိုးကိုစောင့်ကြည့်ထား...မြန်မာနိုင်ငံပြန်ရောက်တော့မယ်ကြားတယ် "

" စိတ်ချပါ Boss "

" ဘာလို့ အဘိုးကိုစောင့်ကြည့်မှာလဲ...အာဏာ ဘာတွေဖြစ်ထားပြန်ပြီလား "

မသိသေးသည့်ပုံစံဖြစ်နေသည့်နေ့၏အမေးကြောင့် အာဏာသက်ပြင်းအရှည်ကြီးကိုချလိုက်သည်။ အာဏာဟာ မပြောပြချင်ခဲ့ပါ။ မပြောမဖြစ်သည့်အခြေအနေမျိုးက မကြာခင်ပဲ လာတော့မည် ဖြစ်တာကြောင့် ဒီတိုင်းမပြောပဲနေလိုက်လို့လည်း အဆင်မပြေတော့ပေ။

" ငါထင်နေသလိုမျိုး...အဘိုးကလည်း အဲ့ဒီကားတိုက်မှုရဲ့ တရားခံဖြစ်နေခဲ့တာလား "

" နင်သိနေခဲ့တယ်ထင်နေတာ... "

အာဏာ၏စကားကြောင့် နေ့ မျက်နှာကျက်အားမော့ကြည့်မိသည်။ သူတွေးထားခဲ့တဲ့ အရာပါပဲ။ မယုံကြည်ချင်ခဲ့ရုံပါ။ အမှန်တကယ်ကို အဘိုးဖြစ်နေခဲ့တာပဲ။ အဘိုးက သူမကိုအရမ်းချစ်ခဲ့ပေမဲ့ အာဏာ့ကိုပိုချစ်ခဲ့သည်။ ငယ်ငယ်ကတည်းက သူမကိုပဲ ဂရုစိုက်ခဲ့သလို ပြုမူခဲ့သော်လည်း နေ့လည်တိုင်းမှာ အဘိုးဖြစ်သူထံကို မောင်ဖြစ်သူအကြောင်းတွေ လာပြောလေ့ရှိသူတစ်ယောက်ရှိသည်။

ထိုအရာကိုလည်း သူမမြင်ခဲ့ရသည်မှာအခါခါပင်။ ပြည့်ရှင်ရဲ့ပုံတွေလည်း အဘိုးမှာ ရှိသည်။ အဘိုးဟာ သူမကိုပဲ ဂရုစိုက်ခဲ့တာမဟုတ်ပဲ မောင်လေးကိုလည်း အတော်ချစ်ခဲ့ပါသည်။ အဲ့တာတွေလုပ်ခဲ့တာဟာ သေချာပေါက် ပြည့်ရှင်အတွက်ပဲဖြစ်ရမည်။ အဘိုးမသိတာက ပြည့်ရှင်ရဲ့အချစ်ကြီးမှုကိုပဲဖြစ်သည်။ အဘိုးနဲ့မြေးရဲ့ရန်ပွဲကို သူမကြည့်ရမှာတော့ကြောက်သည်။

သူမအချစ်ရဆုံးအဘိုးနှင့် သူမအချစ်ရဆုံးမောင်လေး နှစ်ယောက်ထဲကတစ်ယောက်ကို ရွေးရတာမျိုး ဖြစ်လာမယ့်နေ့တော့ မရောက်ချင်ဘူး...

" နေ့... "

" ပြည့်ရှင်...အကယ်၍ ခွင့်လွှတ်ပေးလို့ရရင် ခွင့်လွှတ်ပေးပါ...နင့်အဘိုးပဲလေ "

" ငါချစ်ရတဲ့သူက သေမလိုထိဖြစ်သွားခဲ့တာ နေ့...နင် နားလည်ပေးဖို့ပဲ ငါမျှော်လင့်တယ် "

" ငါချစ်ရတဲ့ ငါ့မိသားစုဝင်တွေကို ရွေးချယ်ရတဲ့နေ့မျိုးကတော့ ဖြစ်မလာစေချင်ဘူး "

" ငါခွင့်လွှတ်ပေးခဲ့တယ်...ထပ်ပြီး ငါတို့ကိုခွဲဖို့လုပ်ရင်တော့ အဘိုးဖြစ်နေရင်တောင် သတ်သင့်ရင်သတ်ရမှာပဲ "

ပြောချင်သည့်စကားကိုပြောပြီးသည်နှင့် အာဏာက ထွက်သွားရန်ပြင်သည်။ တံခါးနားရောက်ပြီး တံခါးအားမဖွင့်ခင် အာဏာက ‌မျက်ရည်များဝဲနေသည့် နေ့ဘက်သို့ ပြန်လှည့်လာသည်။

" ငါတို့ကိုခွဲဖို့ ထပ်လုပ်လာရင်တော့ အဘိုးဖြစ်နေရင်တောင် သတ်သင့်ရင် သတ်ရမှာပဲ "

အာဏာ၏စကားအပြီး နေ့ဟာ ခုံပေါ်ထိုင်ချကာ နားထင်ကြောအား ထောက်ပြီး မျက်ရည်များကို ထိန်းရသည်။ အဘိုးကလည်း အလွတ်ပေးမှာမဟုတ်သလို ပြည့်ရှင်ဟာလည်း အလျော့ပေးမည်မဟုတ်ပါ။ ကြားထဲမှာရှိနေသည့် သူမအတွက် နှစ်ယောက်ထဲကတစ်ယောက်ရွေးချယ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုနှစ်ယောက် သင့်မြတ်ရန်အတွက် သူမမိုက်ရူးရဲဆန်ဆန်လုပ်သင့်ရင် လုပ်ရမှာပဲ။

အာဏာဟာ စာကြည့်ခန်းမှထွက်လာပြီး သက်ပြင်းချလိုက်သည်။ သူနှင့် ရန်ငြှိုးရှိခဲ့တာကို သူရဲဘောကြောင်ပြီး ချစ်ရသူထံ မြှားဦးလှည့်သည့် ထိုကောင် ရှိန်းစွမ်းရည်အား အာဏာသတ်ပစ်ချင်မိသည်အထိပင်။ ယခုသူဟာ ယာယီသမ္မတဖြစ်ဆဲ ဖြစ်တာကြောင့် တစ်ခုခုကိုမလုပ်ခင် သေချာစဉ်းစားမှဖြစ်မည်။ မဟုတ်လျှင် ခေါင်းဆောင်ကောင်းပီသမည်မဟုတ်တော့တာကြောင့်ပင်ဖြစ်၏။ နိုင်ငံတော်ကြီး တည်မြဲဖို့အတွက် ခေါင်းဆောင်ကောင်းသာလျှင်လိုအပ်သည်။ အတွေးတို့အားလက်စသပ်လို့ ရှိန်းထက်သာထံ ဖုန်းဆက်ရတော့သည်။

" ရှိန်းထက်သာ "

* အေး...ပြည့်ရှင် ဘာလို့လဲ *

အာဏာဟာ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများအား ရှင်းပြကာ ရှိန်းထက်သာအား ထက်ဝဏာ၏ဖခင်ကို ကြည့်စေလိုက်သည်။ ပြီးသည်နှင့် ရင်ခွင့်အားခေါ်ကာ အခန်းသို့သွားလေတော့သည်။ အာဏာဟာ ထက်ဝဏာဘက်သို့ နည်းနည်းလေးတောင် လှည့်မကြည့်ခဲပါ။ ထက်ဝဏာဟာ ဘုရင်ရဲ့ ရင်ခွင်ထဲမှ ခေါင်းလေးထောင်လို့ အာဏာ့အား ကြည့်နေခဲ့သည်။

ဘုရင်ဟာ မပြန်သေးပဲ နှစ်သိမ့်ပေးနေခဲ့သော်လည်း ထက်ဝဏာကတော့...

" ပြတ်ပြတ်သားသား မဆုံးဖြတ်သရွေ့တော့ ခင်ဗျားက အခုလိုနာကျင်နေရမှာပဲ ဝလုံး "

" ငါသိတယ် "

" ကျုပ်ကိုလက်ထက်ခွင့်တောင်းရင်ကို ခင်ဗျားပျော်ရအုံးမှာ "

" အင့်...ခွေးကောင် မင်းနော် "

ရှိုက်သံလေးနှင့် ပြောလာသည့် ရန်စကားကြောင့် ဝမ်းနည်းစိတ်ထက် ဒေါသစိတ်တိုးသွားပြီဆိုတာကို ဘုရင်သိလိုက်သည်။ ထို့ကြောင့် ဘုရင်ဟာ ကျေနပ်သွားသည့် မျက်ဝန်းများဖြင့် ပြုံးသွားလေသည်။ အရင်က ဘုရင်ဟာ အကိုဖြစ်သူ အာဏာတို့၊ နေ့တို့နှင့်သာ ရယ်ပြုံးတတ်တာများသည်။ ယခုတော့ ဘုရင်လည်း ပြောင်းလဲနေခဲ့ပြီ။

နည်းနည်းစိတ်တိုသွားရင်ကိုပဲ ဝမ်းနည်းစိတ်‌လျော့တာမို့ သူကျေနပ်ပါပြီ။

#Day

ဇာတ်သိမ်းဖို့က ၁၀ ပိုင်းကျော်လောက်ပဲ လိုတော့တာပါဗျ။
အမှားအယွင်းများအား ခွင့်လွှတ်ပေးပါ။

6.3.2024

>>>>>>>>>>>>>>> Kiss >>>>>>>>>>>>>

Zawgyi

" ဝလုံး...အိမ္သာေဆးေနတာလား "

ဘုရင္ဟာ အစပိုင္း အကိုျဖစ္သူႏွင့္ေနေသာ္လည္း ယခုေတာ့ တိုက္ခန္းတြင္ ေျပာင္းေနေလၿပီ။ တိုက္ခန္းစေျပာင္းကတည္းက သူ႕အနားရွိသူဟာ ထက္ဝဏာတစ္ေယာက္တည္းသာျဖစ္သည္။ အာဏာဘုရင္ဟာ မထင္ရင္မထင္သလို ႐ုပ္တည္ႀကီးႏွင့္ ထက္ဝဏာကို စေနာက္တတ္သည္။

" အဝတ္ေလွ်ာ္ေနတာျမင္ရဲ႕သားနဲ႕...ေခြးေကာင္ေလး မင္းမ်က္လုံးမ်ားကန္းေနသလား "

" အင္း...ခင္ဗ်ားျပဳစုဖို႔ ခနကန္းခိုင္းထားတယ္ "

မဲ့႐ြဲ႕သြားေသာ ထက္ဝဏာအားၾကည့္ကာ ဘုရင္က တစ္ဖက္လွည့္သြားသည္။ ဘုရင္ဟာ ႐ုပ္တည္ႀကီးႏွင့္ အၿမဲစေနာက္တတ္သည့္အက်င့္ေလးကရွိသည္။ စိတ္ဆိုးတိုင္း ေခြးေကာင္ေလးဟု သုံးႏႈန္းတတ္သည္မွာလည္း ထက္ဝဏာရဲ႕အက်င့္တစ္ခုျဖစ္သြားေလၿပီ။ ထက္ဝဏာဟာ ဘုရင့္အနားေနရန္ အာဏာ့ထံမွအမိန႔္ေပးျခင္းခံလိုက္ရတာေၾကာင့္ ဘုရင့္အတြက္ အကုန္တာဝန္ယူလုပ္ကိုင္ရသည္။

သူ႕အသက္အ႐ြယ္နဲ႕ ဒီေကာင္ေလးဟာ အသက္သိပ္မကြာေသာ္လည္း ဒီေကာင္ေလးက ကေလး႐ုပ္ေလးျဖစ္ေနတာေၾကာင့္ သူ႕အတြက္ကေလးတစ္ေယာက္လိုပင္။ တစ္ခါတစ္ေလ ဒီေကာင္ေလးအနားေနရတာက အကို႔ကိုခနတာေမ့ထားနိုင္တာေၾကာင့္ သူဒီေကာင္ေလးအနားအၿမဲလိုလိုေနျဖစ္ခဲ့သည္။

ဒီေကာင္ေလးကို အသုံးခ်မိသလိုျဖစ္ေနတာေၾကာင့္ သူစိတ္မေကာင္းျဖစ္မိပါသည္။ သို႔ေသာ္လည္း ထိုအရာသည္အမွန္တရားျဖစ္ေနတာေၾကာင့္ ထိုေကာင္ေလးသိသြားရင္ စိတ္တိုသြားမည္ကိုလည္း သူစိုးရိမ္မိသည္။ ခပ္တည္တည္ေနတတ္သည္မွာ မွန္ေသာ္လည္း အခ်ိန္ၾကာလာသည္ႏွင့္အမွ် သူသိလာရသည္က ဒီေကာင္ေလးဟာ အရမ္းကို အမိန႔္ေပးတတ္လြန္းသည့္အျပင္ မထင္ရင္မထင္သလို စကားေတြကို ေလွ်ာက္ေျပာတတ္သည့္ အက်င့္ဆိုးေလးရွိေနျခင္းကိုပင္ျဖစ္၏။

တစ္ခုခုကိုလုပ္ခ်င္ရင္လည္း အကို႔လိုပဲ တစ္ဇြတ္ထိုး ျပဳလုပ္တတ္သည္။ အေတြးမ်ားႏွင့္ ရႈပ္ယွက္ခက္ေနသည့္ ေခါင္းထဲတြင္ ေပၚလာသည္က ဟိုတစ္ေန႕က ေဖေဖ့အိမ္သြားတုန္းက မွတ္ဉာဏ္ေတြျဖစ္သည္။ သူအဲ့တာေတြကို ဒီေကာင္ေလးကို ေျပာျပရင္ အကို႔ရဲ႕ဆိုင္သူကို ကာကြယ္ေပးနိုင္မည္မွာ ေသခ်ာတာေၾကာင့္ ေျပာရန္သာ ဆုံးျဖတ္ရေတာ့သည္။

" ဘုရင္...ငါမင္းကိုေျပာစရာရွိတယ္ ငါ ဟိုေန႕က..."

ထက္ဝဏာအဝတ္ေလွ်ာ္ေနရာမွထကာ လြန္ခဲ့သည့္ရက္အနည္းငယ္က ဖခင္ျဖစ္သူအိမ္ကိုခနျပန္ရာကေန ၾကားခဲ့ရသည့္ မထင္မွတ္ထားေသာ အေၾကာင္းအရာမ်ားကိုေျပာျပရန္ျပင္မိေသာ္လည္း ထြက္မလာခဲ့တာေၾကာင့္ လက္ျဖင့္ အကၤ်ီ ေအာက္ေျခအားတင္းတင္းဆုပ္ထားမိသည္။

" ေျပာ "

" ငါ "

" ဘယ္အရာကိုမွ မေၾကာက္နဲ႕...က်ဳပ္ရွိရင္ ခင္ဗ်ားနားမွာ အႏၱရာယ္ဆိုတာမ်ိဳးလည္း မရွိလာေစရဘူး "

" ဟင့္အင္း...ငါအႏၱရာယ္ရွိလာနိုင္မယ့္ကိစၥမ်ိဳးမဟုတ္ဘူး "

" ကိုကို႔အေၾကာင္းပဲလား... "

" အကို႔ရဲ႕သက္ဆိုင္သူအေၾကာင္းပါ သူ႕မွာ အႏၱရာယ္ေတြရွိလာနိုင္တယ္...ငါ...ငါအဲ့ေန႕က ၾကားခဲ့တယ္...ယာယီသမၼတျဖစ္ဖူးတဲ့ ရွိန္းစြမ္းရည္ဆိုတဲ့လူရယ္ တစ္ျခားလူေတြရယ္ ေဖ့ေဖ့ဆီေရာက္လာၾကတယ္...ငါမထင္မွတ္ပဲၾကားခဲ့တာက အကိုရင္ခြင့္ကို သူတို႔ဖမ္းဖို႔လုပ္ေနၾကတယ္ဆိုတာကိုပဲ ၿပီးေတာ့ ငါ...ငါ "

ထက္ဝဏာဟာ ခုနႏွင့္မတူစြာ ရင္ဘက္ရွိ အကၤ်ီစအားဆုပ္ကိုင္လို႔ ဒူးေထာက္ထိုင္ခ်လိဳက္သည္။ သူေျပာမိသြားခဲ့ၿပီ။ မေျပာေတာ့ဖူးလို႔ေတာင္ ျပန္ေတြးမိလိုက္ေပမယ့္ ထိုေကာင္ေလးရဲ႕ အားေပးစကားသံေတြေၾကာင့္ သူေျပာမိသြားခဲ့ေလၿပီ။

" လိုက္ခဲ့ ဝလုံး! "

ဘုရင္ဟာ ခ်က္ခ်င္းကို အာဏာရွိမဲ့ေနရာသို႔ သြားေတာ့ေလသည္။ ျဖစ္လာမည့္အေရးကို ႀကိဳတားဆီးတာဟာ ေကာင္းသည့္အရာတစ္ခုပင္ျဖစ္တာေၾကာင့္ အကိုရင္ခြင္ထပ္ၿပီး အရင္လိုမျဖစ္ေစရန္ သူ႕မွာလည္းတာဝန္ရွိသည္။

~~~~~Kiss

အိမ္ေတာ္သို႔ေရာက္ခ်ိန္တြင္ အာဏာဟာ မရွိေနခဲ့ေပ။ ဘုရင္ေန႕ရွိရာသို႔ သြားၿပီး အေၾကာင္းစုံရွင္းျပရန္ျပင္ေသာ္လည္း စာသင္ေနရင္ အခန္းထဲဘယ္သူမွ ဝင္မလာေစနဲ႕ ဟူသည့္ ေန႕အမိန႔္ေၾကာင့္ စာၾကည့္ခန္းအတြင္းသို႔ ဘုရင္တို႔ ဝင္လို႔မရခဲ့ေပ။ ဘုရင္ဟာ အၿမဲ အကိုျဖစ္သူႏွင့္အမျဖစ္သူအမိန႔္ကို မနာခံတာမ်ိဳး ျပဳလုပ္ျခင္းမရွိ။ ထိုေလာက္ထိ သူ၏အကိုႏွင့္အမဟာ သူ႕အတြက္အေရးႀကီးသည္။

" အကိုရင္ခြင္ ေနာက္ေန႕ကစ ေသနတ္ပစ္ပိုင္းကို သင္ေပးမယ္ "

" အြန္း...ေန႕ကို တကယ္ေက်းဇူးတင္ပါတယ္ အကိုအခု ေတာ္ေတာ္မ်ားမ်ားကို ေရးတတ္ဖတ္တတ္ေနၿပီ...ၿပီးေတာ့ ဟီး အာဏာ့နာမည္လဲေရးတတ္ၿပီ "

" အကိုရင္ခြင္က ေသခ်ာလိုက္လုပ္လို႔ပါ...မဟုတ္ရင္ အခုအခ်ိန္ေလာက္နဲ႕ စာတတ္ဖို႔က မျဖစ္နိုင္ဘူးေလ "

" အာဏာ့ကိုအကူအညီေပးခ်င္ခဲ့တာ...သူ႕ရဲ႕Bar ကိုလုပ္ေနရေပမဲ့ အၿမဲထိုင္ေနရတာေလ...အခုေတာ့ ေန႕ေက်းဇူးေၾကာင့္ စာရင္းလည္း နိုင္နင္းေနၿပီ "

" မမ! "

စကားေျပာရင္း စာၾကည့္ခန္းမွထြက္လာသူႏွစ္ေယာက္ေၾကာင့္ ဘုရင္ခ်က္ခ်င္းထရပ္ကာ ပိတ္ရပ္လာသည့္ ေမာင္ျဖစ္သူဟာ ေခြၽးမ်ားလည္း႐ႊဲေနတာေၾကာင့္ ေန႕ကမ်က္ေမွာင္ၾကဳတ္သည္။

" နင္ဘာျဖစ္လာတာလဲ "

" ငါနင္နဲ႕ တိုင္ပင္စရာရွိတယ္...စာၾကည့္ခန္းလိုက္ခဲ့...ဝလုံး ခင္ဗ်ား အကိုရင္ခြင့္ကိုၾကည့္ထား...အကိုတို႔ႏွစ္ေယာက္ပါ လိုက္ခဲ့ေပး "

ရာဇႏွင့္ သကၠရာဇ္ကိုပါေခၚကာ စာၾကည့္ခန္းအတြင္းျပန္ဝင္သြားသည့္ ဘုရင့္ေၾကာင့္ ရင္ခြင္ကနားမလည္သလိုေလး လိုက္ၾကည့္ေနခဲ့သည္။

" သခင္ေလး...ခုံယူလာတယ္ ထိုင္လိုက္ပါဗ် "

" အကိုရင္ခြင္လို႔ပဲေခၚပါ...သခင္ေလးလို႔ ေခၚရင္ အကို တကယ္မေနတတ္လို႔ အကိုရင္ခြင္မဟုတ္ရင္ အကိုလို႔ေခၚခ်င္လည္း ေခၚေနာ္ "

ၿပဳံးကာေျပာလာသူအားၾကည့္ကာ ၿပဳံးျပကာ အရိုအေသေပးမိသည္။ အကိုက နားလည္မႈအျပည့္နဲ႕ စိတ္ထားေကာင္းတဲ့သူကို ေ႐ြးခ်ယ္ထားတာမလို႔ ထက္ဝဏာ ေပ်ာ္ရပါသည္။ အကို႔ေ႐ြးခ်ယ္မႈဟာ သူမျဖစ္နိုင္ခဲ့ေသာ္လည္း သူ႕လိုပဲ ခ်စ္ေပးနိုင္မည့္ အကိုရင္ခြင့္ကို ေ႐ြးခ်ယ္လိုက္တာမို႔ အကိုေပ်ာ္႐ႊင္ရမွာအေသအခ်ာပင္။

အကို႔နည္းတူပါပဲ သူလည္း နာက်င္မႈေတြၾကားက ေပ်ာ္႐ႊင္မႈေလး ရလိုက္ပါတယ္။ အေနနီးခ်င္႐ုံသာဆိုေပမဲ့ အကိုက ဘယ္တုန္းကမွ သူနဲ႕နီးကပ္စြာ မေနခဲ့ပါ။ အကိုဟာ သိပ္ကိုသစၥာရွိသည့္ ေယာက္်ားေကာင္းတစ္ေယာက္ျဖစ္တာေၾကာင့္ ထိုလိုလူက သူ႕ရဲ႕အခ်စ္ဦးျဖစ္ေနတာ ေတာ္ပါေသးတယ္လို႔ သူေတြးမိတယ္။

အကိုက တကယ္ကို ကြၽန္ေတာ့္ရဲ႕ပထမဆုံးခ်စ္ရသူပါ။ ဒါေပမဲ့ ေမ့နိုင္ဖို႔ ႀကိဳးစားေနပါတယ္ အကို။ ကံဟာအခုထိလည္း အလ်င္းကုန္ေသးပုံမေပၚဘူး...

" Kiss "

ဟိုၾကည့္ဒီၾကည့္ႏွင့္ ေန႕တို႔ကို ေစာင့္ေနခ်ိန္ မၾကားရတာၾကာၿပီျဖစ္သည့္ နာမ္စားေလးႏွင့္ေခၚလာေသာ အာဏာ့အသံဩဩေလးေၾကာင့္ ရင္ခြင္လွည့္မၾကည့္ျဖစ္ခင္ တအံ့တဩႏွင့္ မ်က္ရည္မ်ားဝဲလာခဲ့သည္။ မငိုခ်င္ခဲ့ပါ။ သို႔ေသာ္လည္း အရမ္းကို ေပ်ာ္သြားခဲ့တာေၾကာင့္ ထိုမ်က္ရည္ေတြဟာ ခ်က္ခ်င္းမ်က္ဝန္းထက္ျပည့္လွ်ံလာခဲ့ျခင္းသာျဖစ္၏။

" လင္ကေခၚရင္ ခ်က္ခ်င္းလာစမ္းပါ Kiss ရာ...က်ဳပ္ေန႕တို႔နဲ႕ ေျပာစရာရွိတယ္...အဲ့ထဲမသြားခင္ လာဖက္လာ "

" ငါ...ငါ့ကိုပစ္ထားတာ မင္းကိုမေခၚဘူး "

ခုနလိုမဟုတ္ပဲ ခ်က္ခ်င္းေျပာင္းလဲသြားသည့္ ရင္ခြင့္၏ပုံစံေၾကာင့္ ထက္ဝဏာကၿပဳံးသည္။ အာဏာဟာ မ်က္ရည္မ်ားသုတ္ကာ တစ္ဖက္လွည့္ေနသူ ရင္ခြင့္အနားသြားလို႔ အရမ္းလြမ္းေနရသည့္ ခႏၶာကိုယ္ေလးအား ဖက္ကာ မ်က္ႏွာတစ္ခုလုံးရွိ မ်က္ခြံေလးပင္မက်န္ လိုက္လံနမ္းရွိုက္ေတာ့ေလသည္။ အဆုံးသတ္အေနႏွင့္ ရင္ခြင့္ႏႈတ္ခမ္းအား နမ္းရွိုက္လိုက္သူေၾကာင့္ ထက္ဝဏာ ဆက္ကနဲတုန္ယင္သြားေသာ္လည္း စာၾကည့္ခန္းမွထြက္လာသူ ဘုရင္က ထက္ဝဏာ၏အနားသို႔ ေျပးလာကာ မ်က္လုံးအား အုပ္ေပးလာသည္။

" ဘုရင္ "

" ခင္ဗ်ားမျမင္ခ်င္ရင္ ၿငိမ္ၿငိမ္ေန "

နားနားသို႔ တိုးကပ္ကာေျပာလာသည့္ ဘုရင့္စကားေၾကာင့္ မ်က္လုံးေပၚမွ လက္မ်ားကိုထက္ဝဏာ တင္းၾကပ္စြာ ဆုပ္ကိုင္ထားလိုက္ကာ ၿငိမ္သက္သြားမိသည္။

" က်ဳပ္ပိုင္ဆိုင္ရမယ့္ ခင္ဗ်ားက ဒီကိစၥေလာက္နဲ႕ ငိုရေလာက္တဲ့ထိ ေပ်ာ့ညံ့တာလား ဝလုံး "

က်ဆင္းေတာ့မည့္ မ်က္ရည္စေတြေၾကာင့္ ကိုယ္အားလွည့္လို႔ ရင္ခြင္ထဲ ထည့္လိုက္သူ ဘုရင့္ေၾကာင့္ ထက္ဝဏာ မ်က္ရည္မ်ားၾကားမွ အံ့ဩသြားမိသည္။ ထို႔အျပင္ ဘုရင့္ထံမွ ထြက္လာသည့္စကားအား ထက္ဝဏာဘာစကားမွလည္း ျပန္မေျပာမိေတာ့ေပ။ ထက္ဝဏာ အခုသိတာတစ္ခုဟာ အကို႔ကို ခ်စ္ရတာဟာ အရမ္းကိုခြၽန္ထက္သည့္ ဓားသြားကို ကိုင္ထားရသလို တစ္ဆစ္ဆစ္ႏွင့္ နာက်င္ရသည္မို႔ ေမ့ပစ္ခ်င္မိသည္။ သူအရမ္းခ်စ္ခဲ့ရသည့္ အကို႔ကို သစ္႐ြက္ေလးေတြ ေလနဲ႕အတူ လြင့္ေျမာေစသကဲ့သို႔ သူ႕စိတ္ထဲက လြင့္ေျမာသြားေစခ်င္ၿပီ။

အကိုက သူမဖမ္းဆုပ္နိုင္တဲ့ ေလေျပေလး။
ဘယ္ႏွစ္ခါပဲတိုက္ခတ္ပါေစ။
သူဘယ္ေတာ့မွ ဆုပ္ကိုင္လို႔မရဘူး။
သူႏွင္ခ်င္တဲ့ေနရာေလးကိုပဲ
ခရီးႏွင္တတ္တဲ့ ေလေလးေပါ့။

~~~~~Kiss

" ညီညီ မင္းကိုယ့္ကို ဖုန္းဆက္ေခၚရတဲ့အေၾကာင္းအရင္းကဘာလဲ "

အနမ္းကမၻာေလးဟာ ဘယ္အခ်ိန္က ရပ္တန႔္သြားလဲ မသိေသာ္လည္း သူငိုလို႔မၿပီးေသးခင္ပင္ အကို႔ဆီမွ စကားၾကားလိုက္ရတာေၾကာင့္ ထက္ဝဏာ မ်က္ရည္မ်ားကို ခ်က္ခ်င္းသုတ္မိသည္။ သို႔ေသာ္လည္း အေတာ္ကို ဝမ္းနည္းသြားတာေၾကာင့္ မ်က္လုံးမ်ားဟာ သိသိသာသာကို မို႔အစ္ေနေလၿပီ။ ထိုအရာကို သတိထားမိသူ ဘုရင္ဟာ အႏြေးထည္အားခြၽတ္ကာ ထက္ဝဏာ၏မ်က္ႏွာတစ္ခုလုံးအား အုပ္ခ်လိဳက္သည္။

" က်ဳပ္စကားေျပာစရာရွိေသးတယ္...က်ဳပ္အႏြေးထည္ယူထားလိုက္...ခင္ဗ်ားမ်က္ႏွာကို က်ဳပ္ကလြဲတစ္ျခားသူ မၾကည့္ေစနဲ႕...အဲ့ဒါက်ဳပ္အမိန႔္ပဲ "

အထဲသို႔ ဝင္သြားၿပီျဖစ္ေသာ အာဏာတို႔ေနာက္မလိုက္ရေသးသူ ဘုရင္ဟာ ထက္ဝဏာ၏ မ်က္ႏွာကို တစ္ျခားသူမၾကည့္ရန္ အမိန႔္ေပးေနေသာ္လည္း မ်က္လုံးက တစ္အိမ္လုံးရွိ ကိုယ္ရံေတာ္တိုင္းထံ ေရာက္ေနတာေၾကာင့္ အကုန္လုံးက ေခါင္းငုံ႕ေနၾကေလသည္။ ေျပာခ်င္ရာေျပာၿပီးသည္ႏွင့္ အထဲဝင္သြားသူ ဘုရင္ေၾကာင့္ ထက္ဝဏာမွာ အူေၾကာင္ေၾကာင္ေလးက်န္ခဲ့ရသည္။

" မင္းက ငါ့ကို တကယ္ပဲကာကြယ္ေပးခ်င္ေနတယ္လို႔ ငါေတြးရမလား ေခြးေကာင္ေလး... "

အႏြေးထည္အတြင္းမွ မထြက္ပဲ တိုးတိတ္စြာ ဆိုမိသည့္ ထိုစကားေလးႏွင့္အတူ ထက္ဝဏာဟာ ဒူးေထာက္ခ်လိဳက္မိသည္။ တစ္စုံတစ္ေယာက္ကိုေမ့ဖို႔က လြယ္ကူသည့္အလုပ္မဟုတ္တာေၾကာင့္ သူ႕အတြက္ အခ်ိန္လိုအပ္သည္။

" မင္းအဆင္ေျပရဲ႕လား...အကိုဘာကူညီရမလဲ "

" ရပါတယ္...အာ အကိုရင္ခြင္က လိုက္မသြားဘူးလား "

အႏြေးထည္အား မ်က္ႏွာေပၚမွဖယ္လို႔ ရေၾကာင္းျပန္ေျဖမိခ်ိန္ အကိုရင္ခြင္ျဖစ္ေနတာေၾကာင့္ ထက္ဝဏာေမးမိျခင္းျဖစ္သည္။ အကိုက အဲ့အေၾကာင္းအရာကို အကိုရင္ခြင့္ကို မၾကားေစခ်င္ဘူးထင္ပါရဲ႕။

" အြန္း...အာဏာဆိုတဲ့ အ႐ူးေကာင္က ေနခဲ့ခိုင္းလို႔ေလ...အဲ့ေကာင္က အက်င့္ပုတ္ေကာင္ "

အကိုရင္ခြင္ဟာ ကေလးဆန္တတ္မွန္းသူမသိခဲ့ေပ။ အကိုေ႐ြးခ်ယ္လိုက္သည့္ အကိုရင္ခြင္ဟာ တကယ္ကိုစိတ္သေဘာထားျပည့္ဝၿပီး အလြန္ခ်စ္ဖို႔ေကာင္းသည္ဆိုတာကို သိလာတာႏွင့္အမွ် အကို႔ကို ပိုပိုၿပီး လက္လႊတ္ေပးခ်င္လာမိသည္။ အကိုဟာ ဘယ္ေတာ့မွသူ႕ကိုလွည့္ၾကည့္ဖို႔မျဖစ္နိုင္သလို အကိုရင္ခြင္ဟာလည္း အကို႔ကိုသေဘာက်ေနမွာ ေသခ်ာသည္မို႔ အရံျဖစ္သည့္သူက ေရွာင္ေပးရမွာပင္။ အကိုခ်စ္ရသူကို ထိခိုက္ေစလိုျခင္းလည္းမရွိသလို အကိုစိတ္ညစ္ရမည့္အလုပ္မ်ိဳးေတြလည္း သူဟာအၿမဲေရွာင္ခဲ့သည္။

သူဟာ အဲ့သည္ေလာက္ထိ ခ်စ္ခဲ့ပါသည္။

~~~~~Kiss

" ငါ့အပိုင္ကိုမ်ားထိမယ္တဲ့လား...ေပ်ာက္ေနခ်ိန္အတြင္း ေစာက္သတၱိေတြ ေတာ္ေတာ္ရွိသြားပုံပဲ...ရွိန္းစြမ္းရည္ မင္းဆိုတဲ့ေကာင္ကိုမသတ္ခင္ မင္းလင္ေသရမယ္ "

" နင္သတ္ရမွာက ရွိန္းစြမ္းရည္မဟုတ္ဘူးလား...သူ႕ေကာင္ေလးကဘာကိစၥပါလာ... "

" ရင္ခြင္နမ္းဆိုတာက တစ္ဦးတည္းေသာ ငါခ်စ္ရတဲ့ ငါ့လက္တြဲေဖာ္...ငါ့လက္တြဲေဖာ္ကို ဖမ္းမယ္ဆိုၿပီးေျပာရဲတဲ့ အဲ့ဒီေကာင္ရဲ႕ လင္ကိုဖမ္းၿပီးသတ္မယ္...အဲ့တာမွ ကိုယ္ခ်စ္ရတဲ့သူ တစ္ခုခုျဖစ္ရင္ အဲ့လူ ဘယ္လိုခံစားရလဲဆိုတာကိုနားလည္တတ္မွာ "

" ကြၽန္ေတာ့္ကိုလႊဲထားလိုက္မလား ကိုကို "

" ေအး မင္းေစာင့္ၾကည့္ေန...အလစ္မတိုက္နဲ႕ ဗ်ဴဟာခ်ၿပီး ေသခ်ာတိုက္...သူ႕လင္တစ္ေယာက္ကိုပဲသတ္ခဲ့ "

" နားလည္ပါၿပီ "

ဘုရင္ထြက္သြားသည္ႏွင့္ အာဏာေဘးရွိ ပန္းအိုးအား ရိုက္ခြဲမိသည္။ တစ္ခုမဟုတ္တစ္ခုႏွင့္ သူ႕ဆိုင္သူအားထိခ်င္ေနၾကသည့္ မည္သူ႕ကိုမဆို သူသတ္ပစ္မွာ။ အဲ့ဒီလူဟာ သူ႕အဘိုးျဖစ္ေနရင္ေတာင္ သူလက္တြန႔္မွာမဟုတ္ဘူး။ ဘာလို႔ဆို ဘယ္သူဟာ မွားယြင္းၿပီး မလိုမုန္းတီးစိတ္ေတြထားေနလဲဆိုတာ သူေသခ်ာသိတာေၾကာင့္ပင္ျဖစ္သည္။

" ရာဇ...သကၠရာဇ္ "

" ဟုတ္ကဲ့ Boss "

" ငါ့အဘိုးကိုေစာင့္ၾကည့္ထား...ျမန္မာနိုင္ငံျပန္ေရာက္ေတာ့မယ္ၾကားတယ္ "

" စိတ္ခ်ပါ Boss "

" ဘာလို႔ အဘိုးကိုေစာင့္ၾကည့္မွာလဲ...အာဏာ ဘာေတြျဖစ္ထားျပန္ၿပီလား "

မသိေသးသည့္ပုံစံျဖစ္ေနသည့္ေန႕၏အေမးေၾကာင့္ အာဏာသက္ျပင္းအရွည္ႀကီးကိုခ်လိဳက္သည္။ အာဏာဟာ မေျပာျပခ်င္ခဲ့ပါ။ မေျပာမျဖစ္သည့္အေျခအေနမ်ိဳးက မၾကာခင္ပဲ လာေတာ့မည္ ျဖစ္တာေၾကာင့္ ဒီတိုင္းမေျပာပဲေနလိုက္လို႔လည္း အဆင္မေျပေတာ့ေပ။

" ငါထင္ေနသလိုမ်ိဳး...အဘိုးကလည္း အဲ့ဒီကားတိုက္မႈရဲ႕ တရားခံျဖစ္ေနခဲ့တာလား "

" နင္သိေနခဲ့တယ္ထင္ေနတာ... "

အာဏာ၏စကားေၾကာင့္ ေန႕ မ်က္ႏွာက်က္အားေမာ့ၾကည့္မိသည္။ သူေတြးထားခဲ့တဲ့ အရာပါပဲ။ မယုံၾကည္ခ်င္ခဲ့႐ုံပါ။ အမွန္တကယ္ကို အဘိုးျဖစ္ေနခဲ့တာပဲ။ အဘိုးက သူမကိုအရမ္းခ်စ္ခဲ့ေပမဲ့ အာဏာ့ကိုပိုခ်စ္ခဲ့သည္။ ငယ္ငယ္ကတည္းက သူမကိုပဲ ဂ႐ုစိုက္ခဲ့သလို ျပဳမူခဲ့ေသာ္လည္း ေန႕လည္တိုင္းမွာ အဘိုးျဖစ္သူထံကို ေမာင္ျဖစ္သူအေၾကာင္းေတြ လာေျပာေလ့ရွိသူတစ္ေယာက္ရွိသည္။

ထိုအရာကိုလည္း သူမျမင္ခဲ့ရသည္မွာအခါခါပင္။ ျပည့္ရွင္ရဲ႕ပုံေတြလည္း အဘိုးမွာ ရွိသည္။ အဘိုးဟာ သူမကိုပဲ ဂ႐ုစိုက္ခဲ့တာမဟုတ္ပဲ ေမာင္ေလးကိုလည္း အေတာ္ခ်စ္ခဲ့ပါသည္။ အဲ့တာေတြလုပ္ခဲ့တာဟာ ေသခ်ာေပါက္ ျပည့္ရွင္အတြက္ပဲျဖစ္ရမည္။ အဘိုးမသိတာက ျပည့္ရွင္ရဲ႕အခ်စ္ႀကီးမႈကိုပဲျဖစ္သည္။ အဘိုးနဲ႕ေျမးရဲ႕ရန္ပြဲကို သူမၾကည့္ရမွာေတာ့ေၾကာက္သည္။

သူမအခ်စ္ရဆုံးအဘိုးႏွင့္ သူမအခ်စ္ရဆုံးေမာင္ေလး ႏွစ္ေယာက္ထဲကတစ္ေယာက္ကို ေ႐ြးရတာမ်ိဳး ျဖစ္လာမယ့္ေန႕ေတာ့ မေရာက္ခ်င္ဘူး...

" ေန႕... "

" ျပည့္ရွင္...အကယ္၍ ခြင့္လႊတ္ေပးလို႔ရရင္ ခြင့္လႊတ္ေပးပါ...နင့္အဘိုးပဲေလ "

" ငါခ်စ္ရတဲ့သူက ေသမလိုထိျဖစ္သြားခဲ့တာ ေန႕...နင္ နားလည္ေပးဖို႔ပဲ ငါေမွ်ာ္လင့္တယ္ "

" ငါခ်စ္ရတဲ့ ငါ့မိသားစုဝင္ေတြကို ေ႐ြးခ်ယ္ရတဲ့ေန႕မ်ိဳးကေတာ့ ျဖစ္မလာေစခ်င္ဘူး "

" ငါခြင့္လႊတ္ေပးခဲ့တယ္...ထပ္ၿပီး ငါတို႔ကိုခြဲဖို႔လုပ္ရင္ေတာ့ အဘိုးျဖစ္ေနရင္ေတာင္ သတ္သင့္ရင္သတ္ရမွာပဲ "

ေျပာခ်င္သည့္စကားကိုေျပာၿပီးသည္ႏွင့္ အာဏာက ထြက္သြားရန္ျပင္သည္။ တံခါးနားေရာက္ၿပီး တံခါးအားမဖြင့္ခင္ အာဏာက ‌မ်က္ရည္မ်ားဝဲေနသည့္ ေန႕ဘက္သို႔ ျပန္လွည့္လာသည္။

" ငါတို႔ကိုခြဲဖို႔ ထပ္လုပ္လာရင္ေတာ့ အဘိုးျဖစ္ေနရင္ေတာင္ သတ္သင့္ရင္ သတ္ရမွာပဲ "

အာဏာ၏စကားအၿပီး ေန႕ဟာ ခုံေပၚထိုင္ခ်ကာ နားထင္ေၾကာအား ေထာက္ၿပီး မ်က္ရည္မ်ားကို ထိန္းရသည္။ အဘိုးကလည္း အလြတ္ေပးမွာမဟုတ္သလို ျပည့္ရွင္ဟာလည္း အေလ်ာ့ေပးမည္မဟုတ္ပါ။ ၾကားထဲမွာရွိေနသည့္ သူမအတြက္ ႏွစ္ေယာက္ထဲကတစ္ေယာက္ေ႐ြးခ်ယ္ဖို႔ဆိုတာ မျဖစ္နိုင္ေပ။ ထို႔ေၾကာင့္ ထိုႏွစ္ေယာက္ သင့္ျမတ္ရန္အတြက္ သူမမိုက္႐ူးရဲဆန္ဆန္လုပ္သင့္ရင္ လုပ္ရမွာပဲ။

အာဏာဟာ စာၾကည့္ခန္းမွထြက္လာၿပီး သက္ျပင္းခ်လိဳက္သည္။ သူႏွင့္ ရန္ျငႇိုးရွိခဲ့တာကို သူရဲေဘာေၾကာင္ၿပီး ခ်စ္ရသူထံ ျမႇားဦးလွည့္သည့္ ထိုေကာင္ ရွိန္းစြမ္းရည္အား အာဏာသတ္ပစ္ခ်င္မိသည္အထိပင္။ ယခုသူဟာ ယာယီသမၼတျဖစ္ဆဲ ျဖစ္တာေၾကာင့္ တစ္ခုခုကိုမလုပ္ခင္ ေသခ်ာစဥ္းစားမွျဖစ္မည္။ မဟုတ္လွ်င္ ေခါင္းေဆာင္ေကာင္းပီသမည္မဟုတ္ေတာ့တာေၾကာင့္ပင္ျဖစ္၏။ နိုင္ငံေတာ္ႀကီး တည္ၿမဲဖို႔အတြက္ ေခါင္းေဆာင္ေကာင္းသာလွ်င္လိုအပ္သည္။ အေတြးတို႔အားလက္စသပ္လို႔ ရွိန္းထက္သာထံ ဖုန္းဆက္ရေတာ့သည္။

" ရွိန္းထက္သာ "

* ေအး...ျပည့္ရွင္ ဘာလို႔လဲ *

အာဏာဟာ ျဖစ္ပ်က္ခဲ့သည့္အေၾကာင္းအရာမ်ားအား ရွင္းျပကာ ရွိန္းထက္သာအား ထက္ဝဏာ၏ဖခင္ကို ၾကည့္ေစလိုက္သည္။ ၿပီးသည္ႏွင့္ ရင္ခြင့္အားေခၚကာ အခန္းသို႔သြားေလေတာ့သည္။ အာဏာဟာ ထက္ဝဏာဘက္သို႔ နည္းနည္းေလးေတာင္ လွည့္မၾကည့္ခဲပါ။ ထက္ဝဏာဟာ ဘုရင္ရဲ႕ ရင္ခြင္ထဲမွ ေခါင္းေလးေထာင္လို႔ အာဏာ့အား ၾကည့္ေနခဲ့သည္။

ဘုရင္ဟာ မျပန္ေသးပဲ ႏွစ္သိမ့္ေပးေနခဲ့ေသာ္လည္း ထက္ဝဏာကေတာ့...

" ျပတ္ျပတ္သားသား မဆုံးျဖတ္သေ႐ြ႕ေတာ့ ခင္ဗ်ားက အခုလိုနာက်င္ေနရမွာပဲ ဝလုံး "

" ငါသိတယ္ "

" က်ဳပ္ကိုလက္ထက္ခြင့္ေတာင္းရင္ကို ခင္ဗ်ားေပ်ာ္ရအုံးမွာ "

" အင့္...ေခြးေကာင္ မင္းေနာ္ "

ရွိုက္သံေလးႏွင့္ ေျပာလာသည့္ ရန္စကားေၾကာင့္ ဝမ္းနည္းစိတ္ထက္ ေဒါသစိတ္တိုးသြားၿပီဆိုတာကို ဘုရင္သိလိုက္သည္။ ထို႔ေၾကာင့္ ဘုရင္ဟာ ေက်နပ္သြားသည့္ မ်က္ဝန္းမ်ားျဖင့္ ၿပဳံးသြားေလသည္။ အရင္က ဘုရင္ဟာ အကိုျဖစ္သူ အာဏာတို႔၊ ေန႕တို႔ႏွင့္သာ ရယ္ၿပဳံးတတ္တာမ်ားသည္။ ယခုေတာ့ ဘုရင္လည္း ေျပာင္းလဲေနခဲ့ၿပီ။

နည္းနည္းစိတ္တိုသြားရင္ကိုပဲ ဝမ္းနည္းစိတ္‌ေလ်ာ့တာမို႔ သူေက်နပ္ပါၿပီ။

#Day

ဇာတ္သိမ္းဖို႔က ၁၀ ပိုင္းေက်ာ္ေလာက္ပဲ လိုေတာ့တာပါဗ်။
အမွားအယြင္းမ်ားအား ခြင့္လႊတ္ေပးပါ။

6.3.2024

Continue Reading

You'll Also Like

2.7M 195K 77
ျမတ္​ႏိုးစြာခ်စ္​ခ့ဲမိ​ေသာဤလူသားကို​"​ေမာင္​"ဟု႔​ေခၚသည္​ မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်
28.3K 369 24
ငွေရှိပြီးဆတ်ဆတ်ထိမခံထင်တိုင်းကြဲတတ်သော"ရှိန်း​သူရ"နဲ့ အနေအေးပြီးအရာရာသည်းခံတတ်တဲ့"မိုးခမ်း"​တို့ကြား အသေးအဖွဲ့လေးကအစမတူညီတဲ့လူနှစ်ယောက်ဆံုတွေ့ကြချိန...
152K 7K 31
အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်က သူချစ်တဲ့ဆရာဝန်ကောင်လေးကိုပိုင်ဆိုင်ဖို့ ဘယ်လိုတွေကြိုးစားမလဲ ။တဖြေးဖြေးလေးဆွဲခေါ်သွားမှာမို့ 💙✨
35.3K 2.5K 19
ဦးဘဝရဲ႕ အခ်စ္​ဆံုးလူအျဖစ္​မမွတ္​မိရင္​​ေတာင္​ အမုန္​းဆံုးသူအျဖစ္​နဲ႔​ေတာ့မွတ္​မိ​ေန​ေပးပါ 'ဦး'။