Born To Die

By dawnty03

676 67 0

Don't make me sad,don't make me cry, Sometimes love is not enough. More

Prologue
Characters
CHAPTER II.
CHAPTER III.
CHAPTER IV.
CHAPTER V.
CHAPTER VI.
Chapter VII.

CHAPTER I.

81 8 0
By dawnty03


(18th Century Timeline)
Jeremiah
//

"Jeremiah ဒီနေ့ပြဇာတ်ရုံကိုမသွားဘူးလား"

အသက်အားဖြင့်ငါးနှစ်သာရှိသေးသည့်Joeက သူ့ဘေးနားကနေရာလွတ်လေးမှာကပ်ထိုင်ရင်း စာအုပ်လေးကောက်ဖတ်နေသည်။ယူလာတဲ့စာအုပ်လေးထဲမှာ ပြဲရှနေတဲ့စာရွက်အချို့လည်းပါဝင်နေသေး၏။

"မေမေတို့ကလွှင့်ပစ်ခိုင်းပေမဲ့ ကျွန်တော်သိမ်းထားတာ၊ဒီလိုစာအုပ်တွေအများကြီး ကျွန်တော်ကုတင်အောက်မှာရှိတယ် "

အိမ်မကြီးကိုတခါရှင်းတိုင်း၊အခန်းဆောင်တွေနဲ့ စာကြည့်ခန်းကိုရှင်းတိုင်း စာအုပ်ပေါင်းများစွာကိုသူတို့ဖြစ်သလိုလွှင့်ပစ်ချင်ကြတယ်။တန်ဖိုးဆိုတာသိတဲ့သူ၊တန်ဖိုးထားတတ်တဲ့သူနဲ့‌တွေ့မှသာလျှင် အရာတခုကပိုအဖိုးတန်တယ်လို့မြင်လာကြသကိုး။အဲ့တာတွေကိုမလွှင့်ပစ်ရက်ဘဲ သိမ်းထားတာကတော့ Joe ပေါ့လေ။Joeကအိမ်တော်မှာအသက်ငယ်ဆုံးအလုပ်သမားလေးဖြစ်လင့်စား Joeရဲ့စိတ်အားထက်သန်မှုကအံ့မခန်းပဲ။မိသားစုဝင်စိတ်ဓာတ်အပြည့်ရှိတဲ့အိမ်တော်ကြီးမှာ အကုန်လုံးကဖော်ဖော်ရွေရွေနဲ့ စည်းစည်းလုံးလုံးတော့ရှိကြပါရဲ့။

Joeကလသားအရွယ်လောက်ကနေစ၍ အိမ်တော်ကိုရောက်လာခဲ့တယ်။မစ္စYelenaရဲ့အချစ်တော်လည်းဖြစ်သလို တအိမ်လုံးရဲ့အချစ်ခံလေးလို့လည်းသတ်မှတ်ခံရသည်ကိုး။

Joeကစာရွက်တစ်ရွက်ချင်းကိုသူ့ရဲ့လက်ညိုး‌သေးသေးလေးနဲ့လက်မကိုသုံး၍လှန်လိုက်တယ်။အနှေးနဲ့အမြန်တင် စာအုပ်တစ်အုပ်ဟာပြီးဆုံးသွားခဲ့တာမို့ Jeremiah ကခေါင်းလေးရမ်းရင်း ပြုံးလို့။

"မြန်လိုက်တာ "

"စာ‌ထဲကအကြောင်းအရာတွေကိုနားမှမလည်သေးတာ Jeremiah ကျွန်တော်စာအုပ်တွေကိုဖတ်ရတာထက် ဒီအတိုင်းတရွက်ပြီးတရွက်လှန်ရတာကိုပိုသဘောကျတယ် "

Joeက အပေါ်သွားလေးကလေဝင်နေသယောင်ကျိုးနေခဲ့တာမို့ စကားပြောလိုက်တိုင်းလည်း သူ့လက်နဲ့သူရှက်ရွံဖွယ်အုပ်လိုက်သေးတယ်။

"Jeremiah သိလား လူတွေကအသက်ကြီးလာရင်ဘာလို့ရုပ်ဆိုးလာကြတာလဲဟင် "

မှန်တချပ်မှာမြင်နေရတဲ့လူငယ်က သူ့ကိုယ်သူအကျည်းတန်လိုက်တာလို့ရှုံ့ချလိမ့်မယ်။ဒါပေမဲ့ အဲ့မှန်တချပ်ကိုပဲထပ်ကိုင်လိုက်တဲ့အချိန်မှာ မဖုံးကွယ်နိုင်တဲ့ရုပ်ရည်အသွင်အပြင်ကြားမှာ အကျည်းတန်တယ်ဆိုတဲ့စကားကဖွဖွရွရွသာထွက်လာလိမ့်တော့မယ်။တုန်ရီလာတဲ့လက်တွေက မှန်တချပ်ကို‌ဖြောင့်ဖြောင့်တန်းတန်းဆုပ်မကိုင်နိုင်တော့တဲ့အချိန်စပ်ကြားမှာရော အကျည်းတန်လိုက်တာလို့ညီးညူးနေအုံးမလားပဲ။ပြောရမယ်ဆို လူတွေကပြည့်စုံခြင်းတွေအပေါ်မှာညီးညူးရတာကိုအသားကျနေခဲ့ကြလို့ပါပဲ။

"အလှတရားဆိုတာမင်းဘယ်လိုသိထားလို့လဲ ပြောကြည့်စမ်းပါ Joe "

Joeက Jeremiah ရဲ့မျက်နှာအမူအရာလေးကို မျက်တောင်မခတ်စတမ်းအကဲခတ်ကြည့်ယူပြီးမှ စကားဆိုလေတယ်။

"Jeremiah လိုလူမျိုး ကျွန်တော်သိသလောက် Jeremiah ကလှတယ် အဲ့တာအလှတရားရဲ့အဓိပ္ပာယ်မဟုတ်ဘူးလား "

Jeremiah ရဲ့ရယ်သံကပေါ်လွင်လာတော့ Joeကသူ့ခေါင်းလေးသူကုတ်ရှာတယ်။အဖြေကိုခေါင်းရှုတ်သွားပုံရ၏။

"တကယ့်အလှတရားကိုမမြင်နိုင်သေးဘူးပဲ Joe မင်းအရမ်းငယ်သေးလို့ပဲနေမှာပါ "

ဖြတ်တိုက်သွားတဲ့လေကြမ်းရဲ့‌အဝှေ့မှာ Jeremiah လွှတ်ချထားတဲ့စာအုပ်ရဲ့ စာမျက်နှာတွေကလည်း အဆောတလျင်တရွက်ပြီးတရွက်ရောက်သွားခဲ့သလို။ဘေးတဖက်မှာခြံထဲကိုအရှိန်တခုနဲ့ ဝင်လာခဲ့တဲ့Terskရဲ့ပြေးနှုန်းအရှိန်က သူတို့ထိုင်နေလျက်နေရာလေးကိုတဟုန်ထိုးဖြတ်ကျော်သွားခဲ့တယ်။

ရုတ်တရက်ပြုံးလိုက်မိတဲ့အပြုံးကား ဝမ်းသာမှုတွေဆောင်ကျဉ်းနေခဲ့ရင်း မသိလိုက်ခင်မှာတင်ထိုအပြုံးတွေက‌ဖြေးညှင်းစွာမှိန်ကျသွားခဲ့ရပြန်သည်။

"Makari ပြန်လာပြီ!"

Joeကသူ့ကိုယ်လေးသူဖုန်ဖတ်ခါပြီး အိမ်မကြီးဆီသို့ပြေးရှာတော့ ထိုနေရာ၌ Jeremiahတစ်ယောက်သာ ငူငူငိုင်ငိုင်ကြီးကျန်ရစ်ခဲ့ရပြန်၏။

                                _____

အဝေးကနေလာနေသူသည် အရှိန်တခုနဲ့ဆိုပါလျှင်၊Jeremiahက သူ့ဆီလှမ်းလာ‌နေတဲ့ထိုအမျိုးသားရဲ့ခြေလှမ်းကျယ်တွေအား တနည်းမဟုတ်တနည်းနှောင့်နှေးစေချင်ခဲ့သည်။

"Jeremiah!"

အတုံ့အယှက်မရှိ၊ရပ်တန့်လျက်ရှိနေတဲ့သူ့ကိုယ်လေးအား တယုတယပွေ့ဖက်ပေးလာတဲ့အမျိုးသားရဲ့ ရင်ခွင်ဟာသူအလိုအပ်ဆုံးနွေးထွေးမှုဖြစ်နေပါလျက်နဲ့။

"ကိုယ်မင်းကိုသိပ်သတိရနေခဲ့တာ "

မြင်သာနေတဲ့ လွမ်းဆွတ်မှုမျက်ဝန်းတွေထဲမှာ Jeremiah ရဲ့ညိုးငယ်နေတဲ့မျက်နှာလေးကိုသာဖမ်းဆုပ်ရမည်သာ။

"မင်းကိုယ့်ကိုစောင့်နေခဲ့သေးတာပဲ "

တဖက်မှာစောင့်ဆိုင်းတဲ့သူရှိမယ်၊ပြန်လာချင်တဲ့သူဆိုတာလည်းရှိနေပေမယ့် တချို့သောစောင့်ဆိုင်းခြင်းတွေက အလုပ်မဖြစ်ဘူးဆိုတာ Makariသိမှသိပါလေမလား။

"ကျွန်တော်ဘယ်သူ့ကိုမှစောင့်မနေခဲ့ပါဘူး Makari "

မျက်ဝန်းတွေက စကားပြောတတ်တာကိုတော့ Jeremiah လျစ်လျူရှုခဲ့လိုက်တယ်။အတွေ့ချင်ဆုံး၊အမြင်ချင်ဆုံးလူရဲ့ ကြိုဆိုမှုကခမ်းနားမှုလည်းမရှိ၊ဖော်ရွေမှုမရှိတဲ့ ခပ်တန်းတန်းစကားတွေနဲ့ စိမ်းကားပစ်လိုက်တာ သူ့အမှားမဟုတ်ပြန်။

မျက်လုံးချင်းမဆုံရက်တဲ့သူကတဖက်ကိုမျက်နှာလွှဲပစ်ခဲ့၏။ဖွဖွရွရွလက်‌လေးနှစ်ဖက်ကိုဆုပ်ကိုင်ရင်း မေးခဲ့ရတဲ့မေးခွန်းတွေမှာလည်း အင်အားတွေချိနဲ့စွာနဲ့ပါဝင်နေတာကို Jeremiah ရိပ်မိဖို့ကောင်းလေတယ်။

"ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်ဘူး Jeremiah ကိုယ်ဘာလုပ်သင့်လဲ?"

အတွေးပေါင်းနက်နဲနေတဲ့အပြင် ရှုပ်ထွေးလွန်းတဲ့နှလုံးသားရဲ့ခံစားချက်အလိုကိုလိုက်မိပြီးခါမှ ဝေခွဲမရတဲ့အရာတွေကအရိပ်တွေလိုပဲတောက်လျှောက်ကပ်တွယ်နေပေအုံးမည်။နောက်ပြန်ဆုတ်လို့လည်းမရတော့သလို၊ရှေ့ဆက်တိုးဖို့ရာလည်းမလွယ်ကူလှတဲ့အခိုက်အတန့်။သေချာသလောက်ကတော့ Jeremiah ဆိုတဲ့အမျိုးသားငယ်လေးက ရှိနေရာအရပ်လေးမှာလွမ်းဆွေးခြင်းတွေနဲ့ရပ်တန့်နေရအုံးမှာပါပဲ။

"ကျွန်တော့်ကိုမေ့ပစ်လိုက်ပါ Makari"

                                  //

"Moscow ကိုရောက်တာမကြာသေးတော့ အသားမကျသေးတာဖြစ်ပါမယ် "

သူ့ရဲ့စီးကရက်ကိုတော့ ဟန်ပါပါနဲ့ငြိမ်းသက်လိုက်တဲ့လူကြီးက သူ့ရှေ့ကလူငယ်ကိုအားကျဖွယ်ကြည့်နေခဲ့တယ်။အကြောင်းရင်းကတော့ ငယ်ရွယ်ပြီးနောင်တကင်းတဲ့လူငယ်ရဲ့ပုံစံက သူ့မျက်လုံးထဲမှာအရင်တချိန်ကတည်းက အတောင့်တဆုံးအရာဖြစ်နေခဲ့သည်ကိုး။

"ဒီကိုမကြာခဏလာလည်လို့ရမလားဗျ "

ရဲရင့်ပြတ်သားပြီး ပွင့်လင်းတဲ့လူငယ်ကသူ့စကားသူအပြည့်အဝ ယုံကြည်မှုရှိစွာနဲ့မေးချလာခဲ့တယ်။မြို့စားရာထူးချခံရတော့မယ့် သူလိုအိမ်ကို ဘယ်အမှုထမ်းကမှဝင်ချင်၊ထွက်ချင်ကြတော့မှာမဟုတ်ပါဘူး။ဒါကလက်တွေ့အမှန်ဆို လူငယ်ရဲ့ရည်ရွယ်ချက်ကဘာလဲ‌ဆိုတာMelorမေးခွန်းပြန်မထုတ်ဖြစ်ခဲ့။

"ဒါဖြင့်မြို့စားGenaရောအဆင်ပြေရဲ့လား သတင်းမေးတဲ့အကြောင်းပြောလိုက်ပါအုံး "

မြို့စားGena အကြောင်းတွေးတော့ လူငယ်ရဲ့အပြုံးတွေကတထေရာတည်းတူနေလျက်ပဲ။အချစ်မှာရူးမိုက်တဲ့ လုပ်ရပ်ကြောင့်လှောင်ရယ်ခံရတဲ့ Genaကသူ့လုပ်ရပ်အတွက်အေးချမ်းစွာအသက်ရှင်နေနိုင်တယ်။လုပ်ပြီးခဲ့တဲ့အရာတွေ၊မလုပ်ခဲ့ရတဲ့အရာတွေအတွက် နောင်တတွေနဲ့ ကျန်လပ်တဲ့ဘဝသက်တမ်းမှာမကြုံတွေ့ရတော့တာပဲ။ဘဝရဲ့အနှစ်သာရကို ရဲရဲကြီးရယူခဲ့သူရဲ့ဆုလာ‌ဒ်တွေလို့ပဲပြောရမှာပေါ့လေ။အဲ့လိုပါပဲ Melor ရှေ့မှာမားမားမတ်မတ်ထိုင်နေခဲ့တဲ့အမျိုးသားမှာလည်း တူညီတဲ့ယုံကြည်ချက်တွေ၊အမြင်တွေနဲ့ ခံယူချက်တွေရှိနေနိုင်မယ်လို့ယူဆမိတယ်။

"ဒါဆိုကျွန်တော့်ကိုသွားခွင့်ပြုပါအုံး မြို့စားMelor"

"နောက်ဆိုMoscowကမင်းအပိုင်ဖြစ်လာတော့မှာ မြို့စားJensen၊ငယ်ရွယ်ပြီးထက်မြတ်တဲ့မင်းလိုလူတွေအများကြီး ငါတို့နိုင်ငံမှာရှိသင့်တာ "

မျိုးရိုးကြီးထဲက လူငယ်တစ်ယောက်ဖြစ်လင့်စား၊Jensenရဲ့အားထုတ်ကြိုးပမ်းမှုကတချက်တလေမှယုတ်လျော့ခြင်းမရှိတာကိုMelorသဘောတကျဖြစ်နေတာ။အသက်အရွယ်အားဖြင့်ငယ်ရွယ်သေးပေမယ့်လို့လည်း မကြာခင်မြို့စားအရိုက်အရာကိုဆက်ခံရမယ့်သူပါပဲ။

Moscow မြို့ရဲ့ရှေ့ဆက်ရမယ့်အနာဂတ်လမ်းကြောင်းတွေကိုတော့ Melorဝင်မစွက်ဖက်သင့်တော့တဲ့ အိုမင်းခြင်းဆိုတဲ့ အရွယ်ကား အနှေးနဲ့အမြန်ရောက်လာခဲ့ပါပြီ။Moscow ကိုမြို့စားJensenထံအပြီးအပ်နှံဖို့အချိန်ကလည်းတ‌ဖြည်းဖြည်းနီးကပ်လာပေသည်။

"Jeremiah မစ္စYelenaကတွေ့ဖို့ပြောနေပါတယ်"

အခေါ်တော်ပါးလိုက်တဲ့စကားသံအဆုံး Jeremiah ရဲ့ခြေလှမ်းတွေကနှေးလွန်းတယ်၍လည်းမဟုတ်၊ပုံမှန်လှမ်းနေတဲ့အကွာအဟမှာတင်ကို မြင်ရသူအဖို့ဆွဲမက်ဖွယ်။နတ်ဘုရားတပါးလို့တင်စားချင်စရာကောင်းလှတဲ့ဖြစ်တည်မှုမျိုးမို့ လူထုရဲ့အလှလို့ Moscow မြို့သူ၊သားများက ခေါ်ဝေါ်ကြသည်။

ယှဉ်လျက် ဖြတ်လျှောက်သွားတဲ့လူနှစ်ယောက်၊ကျယ်ပြန့်လှတဲ့ဧည့်ခန်းမကြီးထဲမှာ အထူးတလည်မြင်လိုက်ရတဲ့ Jeremiahရဲ့ မျက်ဝန်းတွေက လျှပ်တပြက်ရယ်။မြန်ဆန်လာတဲ့ရင်ခုန်သံဟာ ရထားတစင်းခုတ်မောင်းလာသလိုပဲ အတိုင်းအဆမရှိဖွယ်ခံစားရတဲ့သူအဖို့ ထိုမျက်ဝန်းတွေဟာသမုဒ္ဒရာလိုနက်ရှိုင်းကျယ်ပြောလှတဲ့အလှမျိုး။

"မြို့စား Jensen Ackles မနက်ဖြန်ညကပွဲမှာပြန်တွေ့ပါရစေ"

Mr.Melorရဲ့အသံကခပ်လှမ်းလှမ်းကဆိုလိုက်လေတော့ ခန်းမထဲမှာတဟုန်ချင်းပဲအကျယ်တပြန့်ဖိတ်လျှံသွားခဲ့၏။တဖန်လှည့်ကြည့်လာခဲ့တဲ့မျက်ဝန်းတစုံမှာ ကပ်ညှိပါသွားခဲ့တာက Jensenရဲ့နှလုံးသားဖြစ်လိမ့်မည်ကိုတော့ သက်ဆိုင်သူရိပ်မိမည်မဟုတ်ပါလော့။
    
                                _____

"Jeremiah မင်းကအမြင်ရှိတဲ့သူမို့ ဒီပိုးထည်တွေကိုတချက်အကဲခတ်ကြည့်ပါအုံး ဘယ်အရောင်ကအသားနဲ့ပိုလိုက်ဖက်သလဲလို့ "

မစ္စ Yelena ကသူ့ရဲ့ဖြူဝင်းလှတဲ့အသားအရေနဲ့လိုက်ဖက်မယ့် အရောင်အတွက်ရွေးချယ်ရခက်နေတဲ့ပုံ။လှရက်ပြီးနူးညံ့တဲ့ပိုးသားတွေကကြမ်းပြင်မှာ အပုံကြီးပုံထားလျက်။

"မစ္စ Yelena ဒီဘက်ကိုခဏကြွပါ"

Jeremiah ကမ်းလှမ်းချက်အတိုင်း သူမကမှန်ရှေ့မှာသွားရပ်ပေးခဲ့တယ်။အခြွေအရံများစွာရှိပေမယ့်လို့လည်း မစ္စYelenaစိတ်တိုင်းကျသူတို့မရွေးချယ်ပေးတတ်ကြဘူး။သူမကိုကြောက်လို့၊အော်ငေါက်မှာစိုးလို့သာအရာရာ သူမနဲ့လိုက်ဖက်တယ်ဆိုတာမျိုးမြှောက်ပင့်ပြောဆိုတတ်ကြတာကသူမအတွက်အသုံးမဝင်လှ။

ထိုစဉ်မှန်ရှေ့မှာ သူမရဲ့မျက်နှာဟာညိုးငယ်ရာကနေမှ ဝင်းမွတ်တောက်ပပြီးဂုဏ်ကျက်သရေအသွင်သွင်ရှိလှတဲ့ မိန်းမကြီးအသွင်ပြောင်းလဲသွားခဲ့လေရဲ့။

"မစ္စYelenaရဲ့ပင်ကိုယ်အရောင်က အပြာနုရောင်သန်းတဲ့ crystal light blue အရောင်ကိုဆောင်တယ် ကြည်လင်တဲ့အရောင်က စိတ်တည်ငြိမ်ပြီးစိတ်သက်သာရာရစေတယ်၊စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်းသက်သာစေနိုင်တဲ့‌အရောင်မျိုးပါပဲ"

သူမက Jeremiah ရဲ့အရောင်တွေခွဲခြမ်းစိတ်ဖြာမှုအပေါ် သဘောတွေကျနေခဲ့သလို။အပြာနုရောင်ပိုးသားစကို သူမမျက်နှာနားလွှမ်းခြုံလိုက်ရင်း၊ထင်သာလာတဲ့မျက်နှာက အလင်းတန်းတွေဆောင်ကြဉ်းထားသလိုမျိုးပွင့်လန်းလာတာကိုနှစ်ခြိုက်စွာဝမ်းမြောက်နေခဲ့လေတယ်။

"အမြင်ရှိလိုက်တာ Jeremiah ဒီဝတ်စုံကသိပ်မကြာခင်မှာ အလှဆုံးဖြစ်နေတော့မှာကျိန်း‌သေပဲ "

မစ္စYelenaရဲ့ပြုံးပျော်နေတဲ့မျက်နှာထားကိုကြည့်ရင်း သူတို့အကုန်လုံးအခုမှစိတ်အေးယူရတော့တယ်။တဖက်တချပ်မှာရပ်‌နေခဲ့တဲ့မိန်းကလေးငယ်များဟာ Jeremiahအား စိတ်ထဲကနေကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိကြလေ၏။

                                 ///

"သိပ်ကိုဆွဲဆောင်မှုရှိတယ်လို့မထင်မိဘူးလား"

Jensen အားပြောနေခဲ့တဲ့ထိုအမျိုးသားရဲ့မျက်ဝန်းတွေက မရိုးသားလွန်းတာလည်းသိရက်၊တကြိမ်တခါမှာ သူထင်သလိုလူတွေတွေးထင်မိမှာကိုဖြင့် ပထမဆုံးကြောက်မိလာခြင်းလို့ဆိုရမလား။

ကပွဲခန်းမအလယ်မှာ ထိုအမျိုးသားငယ်ရဲ့သဏ္ဌာန်ကို အကြည့်မပျက်ငေးမောတဲ့သူတွေလည်းရှိနေသလို၊တခုတ်တရကြည်နူးမှုအပြည့်နဲ့ ဂရုဏာသက်ဖွယ်ငေးမောနေသူတွေလည်းရှိပေလိမ့်မည်။

Jensen ရဲ့နှုတ်ခမ်းနားကိုကပ်လာတဲ့စီးကရက်က Jeremiah ရဲ့အပြုံးတဝင့်၊ချသွားတတ်တဲ့မျက်လွှာအကျ၊ရဲတင်းနေတဲ့နှုတ်ခမ်းတွေလောက် ဘယ်ဆွဲဆောင်မှုရှိပါ့မလဲ။သောက်လက်စစီးကရက်ကိုတောင် ရှိုက်ဖွာဖို့မေ့သွားခဲ့တဲ့ Jensen ရဲ့အကြည့်တွေမှာတော့ပိုင်ဆိုင်မှုတွေသာဖုံးလွှမ်းနေခဲ့တယ်။

"အဲ့လူကရော ဘယ်သူလဲ "

Jeremiah ရဲ့ဘေးနားမှာချောမောခန့်ညားလှတဲ့လူတွေမနည်းမနောပါပဲ။သို့သော်ငြား သာမန်နဲ့မတူလှတဲ့ သူ့ရဲ့အပြုံးမျိုးကိုတော့ဖြင့် ထိုအမျိုးသားဘေးနားတဝိုက်ဝယ်မြင်တွေ့ရတာဟာအထူးအဆန်းသဖွယ်။

"အဲ့တာသူ့အကို Makari ဒီတခေါက်နားရက်ရထားလို့အိမ်ပြန်လာပုံပဲ "

Makari ?

ထင်သလောက်မရိုးရှင်းလှတဲ့အနေအထားတခုလို့ Jensen တွေးမိခဲ့တာက သံသယံလွန်ကဲပေလို့လား။ဒါမှမဟုတ် Makari အား စိတ်လိုလက်ရငေးမျှော်နေခဲ့တဲ့ ပုံရိပ်ကြောင့်ပဲလား။ဝေခွဲမရတဲ့စိတ်က မသိစိတ်ကိုထိုးဆွလိုက်သလိုဖြစ်ပေါ်လာစေတယ်။

မသက်ဆိုင်တဲ့သူစိမ်း‌တွေဖြစ်‌သော်ငြားမဆီမဆိုင်ပါလျက်နဲ့ Jensen က ကပွဲအလယ်မှာ သူ့လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်ထားမိခဲ့ရင်းဒေါသဖြေလျော့ခဲ့ရလေရဲ့။

"ခင်ဗျား သူ့ကိုအဲ့လောက်ငေးကြည့်ဖို့လိုပါဘူး Jeremiah ရယ် "

~

Continue Reading

You'll Also Like

72.2K 3.7K 29
When a girl loses her way from school and ends up in front of a strange building, she gets curious and fate drags her in only to meet seven beautiful...
1.2K 113 9
" အချစ်ဦး " သို့မဟုတ် " အစ်ကိုမင်ဟျောင်း "
472K 31.9K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
720 106 7
Oh to be in the same show with my ex.