Ch 71
ပေါ်ရီ့လျန်က ဖဲရဲသီးစားနေတဲ့ သုံးယောက်ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
ဝိန်ရှောင်ရှောင်ရဲ့ ပျော့ပျောင်းပြီး နူးညံ့တဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အောက်ကို ဆင်းသွားသည်။
သူက ဝိန်ရှောင်နဲ့ တခြားသူတွေကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ကို လျစ်လျူရှု လိုက်သည်။
သူ မျက်နှာမပျက်ချင်ပေ။ သူ့သားက တကယ်ပဲ လှည့်စားခံရတာ မဟုတ်ရင် သူ့ညီလေးရဲ့ ကလေးလို့ ထင်မှမနာ။
သူ့ရဲ့ ပင်ကိုယ်စရိုက်က ပေါ်ရီ့ပင်းနဲ့ တူလှသည်။ သူက တော်တော်လေး ကိုင်တွယ်ရခက်သည်။
.....
ဆိုဖာပေါ်တွင် ထိုင်နေတဲ့ ပေါ်ရီ့ပင်းက နှာခေါင်းကိုပွတ်ကာ ကျယ်လောင်စွာ နှာချေလိုက်ရာ ဧည့်ခန်းတစ်ခန်းလုံး ကြားလိုက်ရသည်။
အမေပေါ်က သားငယ်ကို ကြည့်ပြီး စိုးရိမ်တကြီး မေးသည်။ "ရီ့ပင်း! သား အအေးမိနေတာလား"
မဟုတ်ဘူး အမေ အစ်ကိုက ကျွန်တော်ကို လွမ်းနေတာကြောင့်ပါ” ပေါ်ရီ့ပင်းက သူ့အမေကို နှစ်သိမ့်ပေးပြီး ရမ်းသမ်းပြီး ပြောလိုက်သည်။
အမေပေါ်က သက်ပြင်းချလိုက်ပြီး "သားအစ်ကိုက ဘာလို့ပြန်မလာသေးတာလဲ? ဒါမှမဟုတ် သူ့ကို နှောင့်နှေးစေတဲ့ အရာတစ်ခုရှိနေတာလား"
သူမ စောင့်မျှော်နေတာ ကြာပြီ။ မြေးမလေး (မြေးလေး ) က ပြန်မလာသေးဘူး။ သားအဖနဲ့ စကားပြောဖို့ အတူရှိဖို့က ခက်ခဲလွန်းလှသည်။
"မေမေ အပြင်မှာ မည်းနေတဲ့ မိုးရေတွေကို ကြည့်ပါဦး။ သူတို့ မောင်းလာလို့ရပေါ့မလား? အရမ်းအန္တရာယ်များလောက်တယ်" ပေါ်ရီ့ပင်းက ပြတင်းပေါက်ကို ညွှန်ပြပြီး ပြောသည်။
အမေပေါ်က ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ အပြင်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကို တွေ့လိုက်ရသည်။
မတတ်နိုင်ဘဲ စိတ်ပူနေမိပြန်သည်။
အမေပေါ်ကို ဒီလိုမြင်လိုက်ရတော့ ပေါ်ရီ့ပင်းက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။
.......
ဝိန်ရှောင်ရှောင်နှင့် တခြားသူတွေက ထမင်းစားပြီးနောက် RV မှဆင်းကာ ဂိုဒေါင်ဆီ သွားကြသည်။
ဂိုဒေါင်ထဲက အသက်ရှင်ကျန်ရစ်သူတွေက ဝိန်ရှောင်ရှောင်ကို မျှော်ကိုးပြီး ကြည့်နေကြသည်။
သက်ကြီးရွယ်အိုအများစုက အလွန်နူးညံ့သိမ်မွေ့ကြသည်။ နောက်တစ်ခုက အသက်ကြီးနေပြီ။ သူတို့အတွက် လုံခြုံတဲ့နေရာနှင့် စားစရာ လုံလောက်သရွေ့ အဆင်ပြေသည်။
ကလေး အယောက်နှစ်ဆယ်ကျော်က ဝိန်ရွှန့်ဟန်ကို မနာလိုစွာ ကြည့်နေသည်။
သူ ပြောင်းလဲသွားတာကို သတိထားမိကြသည်။ အခု သူက အနွေးထည်နှင့် သန့်သန့်ပြန့်ပြန့် ဝတ်ဆင်ထားသည်။ ဝိန်ရှောင်ရှောင်ကို သူတို့က မျှော်လင့်ချက်ဖြင့် ကြည့်နေသည်။
ဝိန်ရှောင်ရှောင်က မျက်မှောင်ကြုတ်ပြီး ဘာမှပြန်မပြောပေ။ ဒီကလေးတွေအပေါ် သူတော်ကောင်းလို့ မပြောနိုင်သလို လူယုတ်မာလို့လည်း မပြောနိုင်ပေ။
ဒါပေမဲ့ စုတ်ပြတ်နေတဲ့ အဝတ်အစားတွေ ဝတ်ထားကြတာကို မြင်တော့ စိတ်ထဲမှာ အဆင်မပြေသလို ခံစားလိုက်ရသည်။ သူတို့ကို ကြည့်ရတာ အရမ်းငယ်ပုံ ပေါ်သည်။
ဝိန်ရှောင်ရှောင်က ဝူရှောင်ရိကို ကြည့်လိုက်ပြီး "အစ်ကိုဝူ အပြင်မှာ မိုးတွေ အရမ်းရွာနေတယ်။ အပြင်ထွက်ဖို့ အဆင်မပြေဘူး။ အစ်ကိုတို့ ဒီမှာ ခဏလောက် နေရလိမ့်မယ်။ မိုးတိတ်ရင် ညီမ စခန်းခေါ်သွားပေးမယ်"
ထိုစကားကို ကြားပြီးနောက်တွင် အသက်ရှင်ကျန်ရစ်သူများက ၎င်းတို့ရဲ့မျက်နှာတွင် အပြုံးများရှိနေပြီး စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။
အားလုံးက မြေပြင်ပေါ်ကနေ ထထိုင်ပြီး ဝိန်ရှောင်ရှောင်ကို ကြည့်လိုက်သည်။
ဒီနေရာက ယာယီလုံခြုံသော်လည်း ဂိုဒေါင်က စိုစွတ်နေပြီး မနှစ်မြို့ဖွယ် အနံ့ဆိုးထွက်ကာ အလွန်အေးသည်။
ဝိန်ရှောင်ရှောင်က အစက ဒီကလေးများကို RV တွင်နေထိုင်ခွင့်ပေးရန် စိတ်ကူးထားသော်လည်း ကလေးများစွာကို မြင်လိုက်ရသဖြင့် မဆံနိုင်ဖြစ်ကာ ဆူညံပြီး စိတ်အနှောင့်အယှက် ဖြစ်ရမည်။ ဒါကြောင့် သူတို့ကို ဒီမှာ ခဏလောက် ဂိုဒေါင်ထဲတွင်သာ ထားရမည် ဖြစ်သည်။
ဒါကိုကြားတော့ ဝူရှောင်ရိက ဝိန်ရှောင်ရှောင်ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်သည်။
ဝိန်ရှောင်ရှောင်က သူတို့ကို အစာနဲ့ စောင်အနည်းငယ် ပေးခဲ့သည်။
ဝိန်ရှောင်ရှောင်က ချီယန်၊ ကျန်းဖုစီနဲ့ မန်ချင်းတို့ကို နောက်ထပ် စားစရာတွေ ထပ်ယူလာဖို့ တောင်းဆိုလိုက်သည်။
ဝူရှောင်ရိက ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ဝိန်ရှောင်ရှောင်ကို ကြည့်လိုက်ပြီးနောက် လက်တွဲထားတာကို ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် မည်းမှောင်နေပြီး မရှင်းလင်းသော အကြည့်များဖြင့် ကြည့်လိုက်သည်။
ဝိန်ရှောင်ရှောင်က ဝူရှောင်ရိကို ကြည့်ပြီး "ညီမက ငယ်ရွယ်တဲ့ ကလေးတချို့ကို ခေါ်သွားဖို့ စီစဉ်ထားတယ်"
"ကောင်းပြီ။" ဝူရှောင်ရိက သူတို့ကို ဝိန်ရှောင်ရှောင်နဲ့ ထည့်ပေးလိုက်သည်။ အမှန်တော့ ကားမှာနေရတာက ပိုသက်တောင့်သက်သာရှိသည်။
တခြားကလေးများက အနည်းငယ် ငြူစူကြသော်လည်း နားလည်ကြသည်။ သူတို့က အသက် ဆယ်နှစ်ခန့် ဖြစ်ပြီး ကျန်ကလေးငယ်များမှာ လေးငါးနှစ်သာ ရှိသေးသည်။
ဝိန်ရှောင်ရှောင်က သူတို့ကို ကြည့်လိုက်တော့ သူတို့က သူမသားသမီးတွေထက် အသက် သိပ်မကြီးသလို မငိုပြီးလည်း ဒုက္ခမပေးပေ။
ဝိန်ရှောင်ရှောင်က ဘယ်လောက်ပဲ ရက်စက်ကြမ်းကြုတ်နေပါစေ သူမက မိခင်တစ်ယောက် ဖြစ်နေသေးသည်။ အထူးသဖြင့် မိဘမရှိတော့တဲ့ ဒီကလေးတွေအတွက် အနည်းငယ် သနားမိသည်။
ကလေးများစွာက အတူစုပြုံနေကာ ဝိန်ရှောင်ရှောင်ကိုကြည့်လိုက်တော့ တစ်စုံတစ်ခုက နှိုးဆွလိုက်သလိုပင် မျက်လုံးများ ဖြူဖျော့သွားကာ သူတို့ရဲ့ မျက်လုံးကြီးများက ပွင့်နေပြီး ဝိန်ရှောင်ရှောင်ကို ဘာခံစားချက်မှ မရှိဘဲ ကြည့်နေကာ တချို့မှာ ထုံကျဉ်နေသည်။
ဝိန်ရှောင်ရှောင်က ကလေးငယ်တွေရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီး "အစ်မကြီးနဲ့ အတူ သွားချင်လား"
ကလေးငါးယောက်က ဝိန်ရှောင်ရှောင်ကို ကြည့်ကာ ဘာမှမပြောပေ။
ကလေးငါးယောက်က ယောက်ျားလေး သုံးယောက်နဲ့ မိန်းကလေး နှစ်ယောက် ဖြစ်သည်။
သူတို့အားလုံးက အမူအရာ မဲ့ကာ စကားမပြောကြပေ။
ထိုကလေးငါးယောက်က ၎င်းတို့မိဘများရဲ့ စွန့်ပစ်ခြင်းခံခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ပြင်းထန်လှသည်။
ထို့ကြောင့် သူတို့စိတ်က တခြားကလေးများထက် ပိုပြီး ခံစားလွယ်ကြသည်။
Ch 72
ဝိန်ရှောင်ရှောင်က နည်းလမ်း မရှိတော့ပေ။ နောက်မှကလေးတချို့ ထွက်လာပြီး ခေါင်းညိတ်ကာ သဘောတူသည်။
အချိန်က မသိလိုက်ခင် တစ်လ ကုန်သွားသည်။
အပြင်ဘက်တွင် ရွာနေတဲ့ အနက်ရောင်မိုးက ရပ်တန့်သွားပြီး အရင်ကထက် ဖုတ်ကောင်က ပိုများလာသည်။
ပိုင်ရှောင်လန်က စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်တွင် လှဲနေသည်။
အချိန်အတော်ကြာ ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ပိုင်ရှောင်လန်က အရင်လို ပုံစံ မဟုတ်တော့ပေ။
ပိုင်ချစ်က ရှင်သန်နိုင်ဖို့အတွက် သူမကိုသစ္စာဖောက်ပြီး လူတော်တော်များများရဲ့ ကစားစရာတစ်ခုအဖြစ် အသုံးပြုခဲ့သည်။
'အရုပ်လို ဆက်ဆံသည်။'
ဒါ့အပြင် ပိုင်ချစ်က သူမ အဲဒီလို ဆက်ဆံခံရတာကို ကြည့်ရုံသာ ကြည့်ပြီး လုံးဝဂရုမစိုက်ပေ။
လေထုက ညစ်ညမ်းနေပြီး ပုံပျက်နေတဲ့ အခြေအနေ ရှိနေသည်။
သူဌေးဟု ခေါ်သော ယောက်ျားက မတ်တပ်ရပ်ပြီး ရွံရှာသော အကြည့်ဖြင့် သူမကို ကြည့်နေသည်။
ပိုင်ရှောင်လန်က အခုချိန်မှာ ပိန်ပြီး ရုပ်ဆိုးနေပေမယ့် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရန်သာ ဖြစ်သည်။
အမျိုးသားနှင့် အမျိုးသမီး အချိုးက အစတွင် မညီမျှသော်လည်း ကမ္ဘာကပျက်ကပ်ဖြစ်ပြီးနောက်တွင် အမျိုးသမီးများ အမှန်တကယ် နည်းပါးလာပြီး ရှားပါးလာခဲ့သည်။
အတိတ်မှာ ဘယ်လောက်ပဲ ချမ်းသာနေပါစေ သင့်မှာ အရည်အချင်းမရှိရင် ကိုယ့်ခန္ဓာကိုယ်ကို ရောင်းပြီး တခြားသူတွေကို အားကိုးလို့ရသည်။
ပိုင်ရှောင်လန်လည်း ချွင်းချက်မဟုတ်ပေ။
ဒီအချိန်တွင် သူမတစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး မဝေးလှသောနေရာတွင် ရပ်နေသော ပိုင်ချစ်ကို အားဖျော့စွာ စိုက်ကြည့်နေသည်။
ပိုင်ချစ်ကလည်း လှည့်ကြည့်လိုက်ပေမယ့် သူ့မျက်လုံးတွေက ပြောင်းလဲသွားသည်။
သူစိမ်းတစ်ယောက်ကို ကြည့်သလိုမျိုး ကြည့်ပြီး ထိုအကြည့်က ပိုင်ရှောင်လန်ရဲ့ နှလုံးသားကို တုန်လှုပ်သွားစေသည်။
ထိုခံစားချက်က သူမ နှလုံးသားကို ဓားနဲ့ထိုးသလိုမျိုး နာကျင်စေသည်။
နာကျင်လွန်းလို့ အသက်ရှူမဝသလို ခံစားရပြီး ခံရခက်နေသည်။
.......
ထိုအချိန်တွင် ဝိန်ရှောင်ရှောင်က အပြင်ဘက်တွင် မိုးရွာစဲသွားသည်ကို မြင်လိုက်ရသောအခါ စိတ်သက်သာရာရသွားသည်။
နေ့လည်ခင်းမှာ RV ကို မောင်းကာ နေရာရှာပြီး အခြေချဖို့ ဆုံးဖြတ်လိုက်သည်။
ဝိန်ရှောင်ရှောင် ပေးတဲ့ အစားအစာများ လုံလောက်စွာ စားသောက်ပြီးနောက် ဂိုဒေါင်အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများရဲ့ ကျန်းမာရေးက သိသိသာသာ ကောင်းမွန်လာခဲ့သည်။
မိုးရွာပြီးတော့ အပြင်မှာ ရာသီဥတုက အရမ်းပူလာသည်။
ဥများကို မြေပြင်ပေါ်တွင် ချက်စားနိုင်သည်။ ၎င်းက ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
"မေမေ အရမ်းပူတယ်!" ဝိန်ယန်က ဝိန်ရှောင်ရှောင်ဆီကို ပြေးသွားပြီး ပြောသည်။
သားဖြစ်သူရဲ့ အပူဒဏ်ကြောင့် နီရဲနေတဲ့ မျက်နှာကို မြင်လိုက်ရတော့ ဝိန်ရှောင်ရှောင်က သူ့မျက်နှာလေးကို ညင်သာစွာ ကိုင်လိုက်သည်။ သူမလက်ချောင်းထိပ်မှာ ရေစက်လေးတွေ ပေါ်လာပြီး သူ့ကို စိုစွတ်စေသည်။
"အရမ်းနေလို့ကောင်းတယ် ဟီးဟီး။" ဝိန်ယန်က သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုအကြည့်ဖြင့် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။
ဝိန်ရှောင်ရှောင်က ကလေးများကို ဂိုဒေါင်ကနေ ခေါ်ယူပြီး လေထုကို တဖြည်းဖြည်း လက်ခံလာကြသည်။
ပေါ်ရီ့လျန်က မိခင်နှင့်သားကြားက ဆက်ဆံရေးကို ကြည့်ပြီး အရင်က ကလေးများစွာနှင့် ဘယ်လို့ ပေါင်းသင်းဆက်ဆံခဲ့ရသည်ကို တွေးတော၍ မရသည်မှာ အမှန်ပင်။
ဝိန်ဖိန်နှင့် သူမရဲ့မိခင် ခေါ်ဆောင်လာတဲ့ ကလေးများက ဘာဘီအရုပ်တွေအတွက် အဝတ်အစားများ ပြုလုပ်ကာ ဝတ်ပေးပြီး အလုပ်ရှုပ်နေသည်။
"ကျူးကျူး၊ ကျစ်ကျစ် ငါ့အရုပ်ကို ကြည့်ကောင်းတယ်လို့ ထင်လား" ဝိန်ဖိန်ရဲ့ အသံက နူးညံ့ချိုသာနေသည်။ သူမက သူ့ကိုယ်ပိုင်အရုပ်လေးကိုကိုင်ပြီး မိန်းကလေးနှစ်ယောက်ကို ပြလိုက်သည်။
ကလေးမလေး နှစ်ယောက်ကလည်း လက်ထဲမှာ အရုပ်တစ်ရုပ်စီကို ကိုင်ထားကြသည်။ သူတို့က ခေါင်းလေးမော့ပြီး ဝိန်ဖိန်ရဲ့လက်ထဲက အရုပ်လေးကို ကြည့်ပြီး ခေါင်းညိတ်ကာ “ကြည့်ကောင်းတယ်” လို့ ပြောသည်။
ကလေးတွေက တစ်ယောက်နှင့် တစ်ယောက် အသက်သိပ်မကွာဘဲ စိတ်ဝင်စားမှု တူညီကြပြီး မကြာခဏ စကားအနည်းငယ် ပြောတတ်ကြသည်။
ထို့အပြင် ဝိန်ဖိန်နှင့် တခြားသူများ အရွယ်တွင် လှပသော အရုပ်များနှင့် တိရစ္ဆာန်အရုပ်များကို နှစ်သက်ကြသည်။
ကျူးကျူးနှင့် ကျစ်ကျစ်တို့က အရင်ကထက် အနည်းငယ် ပိုပြီးထွားလာကာ သူတို့ရဲ့ မျက်နှာများက ဖြူပြီး နူးညံ့သည်။
မနီးမဝေးတွင် ယောင်္ကျားလေးများက ထိုင်နေပြီး အတုံးများ၊ အရုပ်အဝေးထိန်းကားများနှင့် စစ်တုရင်များကို ကစားနေကြသည်။
ဒီအရုပ်တွေအားလုံးကို ဝိန်ရှောင်ရှောင်က ကလေးငါးယောက် ကစားရန်အတွက် ပြင်ဆင်ထားသည်။ ကမ္ဘာပျက်ကပ်ပြီးနောက်တွင် ဘာကစားစရာမှ မရှိတော့ပေ။
ဝိန်ရှောင်ရှောင်က သူမကလေးများကို ချစ်သောကြောင့် သဘာဝအတိုင်း သူမက များစွာပြင်ဆင်ခဲ့ပြီး တချို့ကို စုဆောင်းခဲ့သည်။
ဥပမာအားဖြင့် ဝိန်ဖိန်ရဲ့ လက်ထဲရှိ အရုပ်များနဲ့ တခြားအရုပ် အများအပြား ရှိသည်။ ဝိန်ဖိန်က ၎င်းတို့ကို သဘောကျတဲ့အတွက် အများအပြား စုဆောင်းခဲ့သည်။
အရင်က တစ်ဦးတည်းသော မိန်းကလေးအနေဖြင့် သူမဘာသာ ကစားရတာ စိတ်မဝင်စားပေ။
အခုတော့ သူမမှာ သူငယ်ချင်း နှစ်ယောက်ရှိလာပြီး သဘာဝအတိုင်း ကစားရတာ ပျော်ရွှင်လာသည်။