(Zawgyi code)
"ႏွင္းဆီက ...
ဘယ္အားကစားကို ၀ါသနာပါတယ္လို႔ MD ထင္လဲဟင္?"
"ႏွင္းဆီက မွန္းရခက္တယ္... တို႔ဆံုဖူးသမွ် လူေတြထဲ ႏွင္းဆီက မွန္းရအခက္ဆံုးပဲ..."
ကားေမာင္းေနရင္း သူမေျပာေတာ့ ႏွင္းဆီဟာ ဂီယာေပၚတက္ထားတဲ့ သူမလက္ဖ၀ါးကို လွမ္းယူၿပီး လက္ဖမိုးကို နမ္းတယ္။
ၿပီးေတာ့ လက္ေခ်ာင္းေလးေတြ တစ္ေခ်ာင္းခ်င္းစီကို မက္မက္ေမာေမာေလးနမ္းတယ္။
"ေနာက္ဆို ႏွင္းဆီက ဘာဆိုတာ MD သိေစရမွာပါ... သိလား"
၀န္ခံတာလား၊ ကတိေပးတာလားေတာ့ သူမ မသိဘူး။
ဒါေပမဲ့ ႏွင္းဆီအျပဳအမူေၾကာင့္ သူမ ေက်နပ္ပီတိျဖစ္မႈႀကီးဟာ အဆံုးမသတ္ႏုိင္။
"ႏွင္းဆီက ေဘာလံုးကို ၀ါသနာပါတယ္ေလ"
"ေဘာလံုး ၀ါသနာပါတယ္ဆိုေတာ့... ဘယ္အသင္းေတြကို ဦးစားေပးၿပီး အားေပးလဲ?"
"MDကေရာ ေဘာလံုး၀ါသနာပါလို႔လား"
"ပါတယ္လို႕လဲ မဟုတ္ပါဘူး။ သိပ္လည္း မၾကည့္ျဖစ္ဘူး။ အိမ္ေရာက္ရင္ တို႔က တို႔ႀကိဳက္တဲ့ ဇာတ္လမ္းတစ္ခုခုကို ၾကည့္ၿပီးေတာ့ပဲ အနားယူတတ္တယ္ေလ။ ဒါနဲ႔ ေျဖပါဦး။ ႏွင္းဆီ ဘယ္အသင္းကိုႀကိဳက္တတ္လဲ?"
"ႏွင္းဆီက
ႏိုင္မယ့္အသင္းကိုပဲ ႀကိဳက္တတ္တာေလ"
ပိုင္ပိုင္ႏိုင္ႏိုင္ေျပာလိုက္တဲ့ ႏွင္းဆီမ်က္လံုးေတြက သိသိသာသာပဲ စူးရွလာတယ္။
"ေသခ်ာေတြးၾကည့္မယ္ဆိုရင္ ႏွင္းဆီက ေဘာလံုးပရိတ္သတ္လုိ႔ ေျပာလို႔ရသလို၊ ေဘာလံုးသစၥာေဖာက္လို႔လဲ ေျပာလို႔ရတယ္ MDရဲ့"
ႏွင္းဆီစကားကို သူမ နားမလည္ႏိုင္ျဖစ္ရင္း မ်က္ေမွာင္က်ဳတ္လိုက္မိေတာ့ ႏွင္းဆီက ခပ္ေပါ့ေပါ့ေလး ၿပံဳးျပန္တယ္။
"ဒီလိုMDရဲ့။ ႏွင္းဆီက အသင္းတစ္ခုမွာ ေလာင္းထားတယ္ဆိုပါေတာ့။ အဲ့ဒီ ေလာင္းထားတဲ့ အသင္းကိုပဲ ႏိုင္ေစခ်င္တာေပါ့"
"ဟင္? ဒါဆို ႏွင္းဆီက ေဘာလံုးေလာင္းတတ္တယ္ေပါ့ ... ဟုတ္လား?"
"အင္းေပါ့"
"႐ႈံးမွာမေၾကာက္ဘူးလား?"
သူမ တအံ့တၾသႏွင့္ေမးလိုက္ေတာ့ ႏွင္းဆီက ခပ္ေအးေအးပင္ ေခါင္းခါျပတယ္။
"ႏွင္းဆီက ေဘာလံုးေလာင္းရင္ ဘယ္ေတာ့မွ မ႐ႈံးဖူးဘူးေလ"
"ေသခ်ာလွခ်ည့္လား ေဒၚပန္းႏွင္းဆီ?"
"အင္းေလ။ ႏွင္းဆီကလည္း ေသခ်ာမွ ေလာင္းတာကိုး"
"ေအးေပါ့ေလ။ မ႐ႈံးဘူးဆိုရင္ေတာ့ ေကာင္းတာေပါ့... ဒါဆို ေနာက္ေရာ ႏွင္းဆီဘာေတြလုပ္တတ္ေသးလဲ? ဖူးငယ္နဲ႕ ပန္းႏွင္းဆီမွာေရာ ဘယ္နာမည္ကအမွန္လဲ?"
စကားေျပာေနရင္း ႏွင္းဆီအေၾကာင္းေတြကို ပိုပိုၿပီး သိခ်င္လာတဲ့ ဆႏၵေလးတစ္ခုနဲ႔ ေမးလိုက္မိတဲ့ ေမးခြန္းအဆံုးမွာ ႏွင္းဆီ အၿပံဳးတို႔ တံ့ကုန္တယ္။
တကယ္ေတာ့ ႏွင္းဆီက သူမအနားရွိေနတဲ့အခိုက္အတန္႔ေလးမွာ ႏွင္းဆီဟာ လူလိမ္တစ္ေယာက္ဆိုတာကို ေမ့ထားတာေလ။
အခုလို မထင္မွတ္ပဲ ၾကားလိုက္ရတဲ့ သူမေမးခြန္းေၾကာင့္ ႏွင္းဆီ အရင္က ဘယ္လိုလူစားျဖစ္ခဲ့လဲဆိုတာ ျပန္ၿပီးသတိရေစတယ္... ၀မ္းနည္းေနတယ္... သိမ္ငယ္ေစတယ္... ရွက္ရြံ႕ေစတယ္။
"ေျဖပါ ပန္းႏွင္းဆီရယ္။ တို႔က မင္းအေၾကာင္းေတြ၊ မင္းအက်င့္ေတြကို သိခ်င္႐ုံသက္သက္နဲ႔ ေမးလိုက္တာပါ။ မင္းကို နစ္နာေစလို တဲ့ ဆႏၵလံုး၀ မပါဘူးဆိုတာ ယုံပါေနာ္။ အခုဆိုရင္ တို႔ မင္းနဲ႔ အရင္းနီးဆံုးလူတစ္ေယာက္ျဖစ္ခ်င္တယ္။ မင္းကို နားလည္ဆံုးလူတစ္ေယာက္ ျဖစ္ခ်င္တယ္။ လိမ္တာကို မုန္းေပမဲ့ မင္းရဲ့ လိမ္လည္မႈေတြကို မ်က္ကြယ္ျပဳႏိုင္တယ္..."
"လရိပ္ေမဆိုတဲ့ နာမည္က နာမည္အမွန္ပါ MD"
သူမေျပာေနတာမၿပီးေသးခင္မွာပဲ ဖ်တ္ခနဲ၀င္ေျဖလိုက္တဲ့ ႏွင္းဆီရဲ့ နာမည္က လရိပ္ေမတဲ့။
အဲဒီနာမည္ကို သူမ တခါဖူးမွ မၾကားဖူးခဲ့။
ဘာပဲျဖစ္ျဖစ္... ႏွင္းဆီရ့ဲ နာမည္အရင္းကို သိခြင့္ရလိုက္လို႔ သူမ သိပ္ကိုေက်နပ္မိတယ္။
"လရိပ္ေမ... နာမည္ေလးက လွတယ္ေနာ္"
"အင္း..."
"ဒါဆို တို႔မသိေသးတဲ့ မင္းအေၾကာင္းေတြ အမ်ားႀကီးရွိဦးမွာေပါ့ေနာ္...လရိပ္ေမ"
ႏွင္းဆီ သူမေမးခြန္းကို ျပန္ေျဖပဲ ၿငိမ္သက္ေနတယ္။
"ကားကို လမ္းေဘးခ်ၿပီး ခဏရပ္လို႔ရမလား MD"
"အင္း ရပ္လိုက္မယ္ေလ..."
သူမ အနီးဆံုးလမ္းေဘးတစ္ခုတြင္ ကားကို ရပ္လုိက္တယ္။
ကားရပ္လုိက္တာနဲ႔ နွင္းဆီက တံခါးကိုဖြင့္ၿပီး ကားေပၚက ဆင္းသြားတယ္။
သူမ လိုက္ပဲဆင္းရမလား၊ ဆက္ထုိင္ေနရမလား မေ၀ခြဲႏုိင္ခင္ ႏွင္းက သူမရွိေနတဲ့ ကားတံခါးကိုလာဖြင့္တယ္။
"ႏွင္းဆီကို လရိပ္ေမလို႔ မေခၚနဲ႔... ပန္းႏွင္းဆီလို႔ပဲ ေခၚပါMD။ မင္းရဲ့နာမည္ေတြထဲမွာ မင္းစိတ္ႀကိဳက္တစ္ခုကိုေရြးၿပီး အဲ့လိုေရြးလိုက္တဲ့ နာမည္နဲ႔ပဲ တစ္ဘ၀လံုးဆက္ေနသြားရမယ္ဆိုတဲ့ အမိန္႔တစ္ခုရွိခဲ့မယ္ဆိုရင္ ကၽြန္မ ပန္းႏွင္းဆီဆိုတဲ့ နာမည္ကိုပဲ ေရြးမွာပါ။ ဘာလို႔လဲ သိလား?"
တံခါးဖြင့္ထားလုိ႔ ေလပူေတြတိုက္ေနတယ္။
အဲဒီေလပူေတြေၾကာင့္ သူမရဲ့ဆံပင္စေလးေတြ ခပ္လြင့္လြင့္ျဖစ္ေနတာကို ႏွင္းဆီက ေသေသခ်ာခ်ာ ဆံပင္ေလးေတြကို သပ္တင္ေပးရင္း ႏူးညံ့စြာေမးလာတယ္။
စိတ္ထဲမွလည္း သူမေၾကာင့္ ႏွင္းဆီဟာ ပန္းႏွင္းဆီဆိုတဲ့ျဖစ္တည္မႈကိုေရြးတာပဲျဖစ္ေစခ်င္ေနတယ္။
"ဟုတ္တယ္... မင္းထက္သာလြန္ဆိုတဲ့ ခင္ဗ်ားေၾကာင့္။ မင္းထက္သာလြန္ဆိုတဲ့ ခင္ဗ်ားနဲ႔ ရင္းႏွီးခြင့္ရခဲ့တဲ့ ပန္းႏွင္းဆီဆိုတဲ့မိန္းမျဖစ္ဖို႔ပဲ ကၽြန္မ လိုလားတယ္ MD"
ေလးေလးနက္နက္ေျပာလာတဲ့ ႏွင္းဆီမ်က္၀န္းမွာ မ်က္ရည္ေလးေတြ ခိုတြဲလာတယ္။
သူမကေတာ့ ေက်နပ္လြန္းလို႔၊ ေပ်ာ္ရႊင္ရလြန္းလို႔ ဘာေျပာလို႔ ေျပာရမွန္းမသိေတာ့။
"MD ယံုခ်င္ယံု၊ မယံုခ်င္ေနပါ။ က်မ လူမွန္းသိတတ္စတည္းက နာမည္ေတြအမ်ဳိးမ်ဳိးနဲ႔ ယွဥ္သန္ခဲ့ဖူးေပမယ့္ ဒီ ပန္းႏွင္းဆီဆိုတဲ့ နာမည္နဲ႔ ရလာတဲ့ ဘ၀အေျခအေနကို အမက္ေမာဆံုးပဲ"
ေျပာၿပီး ႏွင္းဆီဟာ သူမရဲ့ နဖူးေလးကို ဖြဖြနမ္းတယ္။ ၿပီးေတာ့ ပါးျပင္ေလးႏွစ္ဖက္ကို ထပ္နမ္းတယ္။
ၿပီးေတာ့ ႏႈတ္ခမ္းကို ႏႈတ္ခမ္းခ်င္းနမ္းတာမ်ဳိးမဟုတ္ပဲ ႏွာေခါင္းေလးနဲ႔ လာနမ္းျပန္တယ္။
"တို႔ မင္းကိုယံဳပါတယ္..."
လည္တိုင္ေတြဆီ နမ္းဖို႔ ႀကိဳးစားေနတဲ့ ႏွင္းဆီဟာ သူမစကားေၾကာင့္ လႈတ္ရွားမႈတို႔ ရပ္တံ့ၿပီး သူမကိုၾကည့္လာတယ္။
"ဘယ္လို... ႏွင္းဆီကို ယံဳတယ္တဲ့လား?"
"အင္း... တို႔ မင္းကို ယံုတယ္။ မင္းအခုေျပာတဲ့စကားေတြေရာ၊ တို႔မၾကားရေသးတဲ့ ေနာင္ မင္းေျပာမယ့္ စကားေတြကိုေရာ ယုံတယ္။ တို႔အတြက္ မင္းမွာေနာက္တစ္ခါလိမ္မယ့္ အစီအစဥ္မရွိဘူးလို႔လည္း တို႔ ယံုေနမိတယ္"
သူမ စကားဆံုးေတာ့ ႏွင္းဆီမ်က္၀န္းထဲက မ်က္ရည္စေလးေတြ ပါးျပင္ကို လိမ့္ဆင္းလာတယ္။
သူမ အဲဒီမ်က္ရည္စက္ေလးကို ႏႈတ္ခမ္းေလးနဲ႔ လွမ္းနမ္းမိတယ္။
"ဟယ္... MD"
အရမ္းကို လႈတ္ရွားတုန္ခါသြားရင္း ႏွင္းဆီဟာ မ်က္လံုးႀကီးအ၀ိုင္းသားနဲ႔ သူမကို စိုက္ၾကည့္တယ္။
"ဘာျဖစ္လို႔လဲဟင္?"
"ဘာျဖစ္ရမလဲ... အခု ခင္ဗ်ားဘာလုုပ္လိုက္တာလဲ ခင္ဗ်ားသိလား?"
"တို႔ဘာလုပ္မိလို႔လဲ..."
"ခင္ဗ်ား ႏွင္းဆီကို နမ္းလိုက္တယ္ေလ..."
"တုိ႔မင္းရဲ့မ်က္ရည္စေလးကို နမ္းလိုက္တာ..."
"ဒါေပမဲ့ အဲ့ဒါ ႏွင္းဆီရဲ့ ပါးျပင္ကို ထိတယ္ ေဒၚမင္းထက္သာလြန္ရဲ့"
"ဟင္... မင္း စိတ္ဆိုးသြားလားဟင္?""
"ဘယ္လိုေတြေမးေနတာလဲ... ခင္ဗ်ားကသာ ပါးျပင္ကို ဆတ္ခနဲ ဖြဖြေလးနမ္းလိုက္တာ... ဒီမွာ ႏွင္းဆီက ကမာၻႀကီးတစ္ခုလံုး တုန္ခါသြားရတယ္... ခင္ဗ်ားအနမ္းက ပါးျပင္မွာ... ဒါေပမဲ့ ႏွင္းဆီရဲ့ ဟိုးရင္ဘတ္ထဲအထိ ထိတာ... လုပ္ပါဦး... နမ္းပါဦး... ေနာက္တစ္ခါေလာက္ နမ္းစမ္းပါဦးေနာ္"
"အို ႏွင္းဆီ... သြားပါေတာ့ တို႔ရွက္ေနၿပီ..."
"မရဘူးကြာ... ရွက္လည္း နမ္းရမယ္။ ခင္ဗ်ားအရင္စတာ... မသိဘူး။ နမ္း..."
နွင္းဆီ ေျပာရင္းေျပာရင္း မ်က္လံုးမွိတ္ကာ သူမေရွ႕ ပါးကို ထိုးထိုေပးတယ္။
ျပာလဲ့လဲ့ေကာင္းကင္ေအာက္မွာ တိုက္ေနတဲ့ ေလပူပူေတြဟာ လူကို ႏြမ္းနယ္ေစေပမယ့္... သူမ မ်က္၀န္းေရွ႕ေရာက္ေနတဲ့ ႏွင္းဆီရဲ့ အျပဳမူေၾကာင့္ ၾကည္ႏူးလန္းဆန္းကာ ရွက္စႏိုးေလး ၿပံဳးေနမိတယ္။
"ေဒၚမင္းထက္သာလြန္... ခင္ဗ်ားနမ္းေနာ္... မနမ္းလို႔ ႏွင္းဆီ ေဒါကန္လာရင္ ခင္ဗ်ားမလြယ္ဘူး"
ၿခိန္းေျခာက္သံက တီးတိုးညွင္သာလြန္းတယ္။ လူကို ဆြဲေဆာင္လြန္းတယ္။
သူမ ေက်နပ္မႈ အၿပံဳးတစ္ပြင့္နဲ႔အတူ ႏွင္းဆီပါးေလးကို နမ္းလိုက္မိတယ္။
အဲဒီအခ်ိန္ ႏွင္းဆီက မ်က္လံုးေတြပြင့္လာၿပီး သူမႏႈတ္ခမ္းေတြကို ျပတ္ထြက္သြားမတတ္ အားခပ္ျပင္းျပင္းေလးနဲ႔ အငမ္းမရ စုပ္နမ္းတယ္။
စိတ္ေက်နပ္ေအာင္နမ္းၿပီးမွ ႏႈတ္ခမ္းမွာေပသြားတဲ့ သြားရည္အနည္းငယ္ကို ႏွင္းဆီက ယုယုယယနဲ႔ သုတ္ေပးတယ္။
"MDက ႏွင္းဆီဘ၀မွာ ပထမဦးဆံုးေတြ႕ဖူးတဲ့ လူအမ်ဳိးအစားပါ။ ႏွင္းဆီ မၾကားဖူးတဲ့ စကားေတြကို MD့ဆီကၾကားရေတာ့... မဆင္မျခင္လုပ္မိတဲ့ လုပ္ရပ္အတြက္ ဘယ္လိုမ်ိဳးမ်ား ျပန္ေပးဆပ္ရမလဲလို႔ စဥ္းစားတိုင္း အေျဖက ထြက္မလာဘူး"
"ဒါဆို... လိမၼာေပးေပါ့ ပန္းႏွင္းဆီရယ္။ တို႔့အတြက္ လိမၼာေပးေပါ့။ ဘယ္သူ႔ကိုပဲလိမ္လိမ္ တို႔ကိုေတာ့ ပြင့္လင္းေပးေပါ့။ အဲဒါဆိုျဖစ္တယ္။ တျခား ဘာမွျပန္ေပးဆပ္စရာမလိုဘူး"
သူမ႔စကားဆံုးေတာ့ ႏွင္းဆီက ၿပံဳးတယ္။
အဲ့ဒါေပါ့ပါးတဲ့ အၿပံဳးမ်ဳိးေတာ့ မဟုတ္။ ခက္ခဲစြာ အားယူရင္းၿပံဳးလိုက္တာမ်ဳိး။
"လိမ္တာကို မုန္းတဲ့MDက ႏွင္းဆီကို အဲ့လိုခြင့္ေပးထားေတာ့
MD အဆင္ေျပႏိုင္ပါ့မလား?"
"မင္းအနားမွာရွိေနရင္ တို႔အတြက္ အားလံုးၿပီးျပည္စံုတယ္။ တို႔အနားမွာရွိေနဖို႔အတြက္ပဲ မင္း႐ိုးသားေပးပါေနာ္။ က်န္တာ မင္းစိတ္ႀကိဳက္လုပ္ေပါ့... "
ႏွင္းဆီ မ်က္ရည္ေတြေ၀့၀ိုင္းလာၿပီး သူမကို စိုက္ၾကည့္တယ္။
သက္မတစ္ခုခ်ရင္း သိုင္းဖက္လိုက္တာ တကယ့္ကို တင္းတင္းၾကပ္ၾကပ္ပါပဲ။
စကၠန္႕ေတြ ေတာ္ေတာ္ၾကာေအာင္ ႏွင္းဆီက ဖက္ထားတာ။
ႏွင္းဆီရဲ့ ရင္ခုန္သံေတြကိုလည္း သူမ အတိုင္းသားၾကားေနတယ္။
"ႏွင္းဆီ..."
"အင္း..."
"တို႔ေလ..."
"ဟုတ္..."
"မင္းရင္ခုန္သံေတြကို ၾကားေနရတယ္..."
"ဟာ... ခင္ဗ်ား... ဖယ္ ဖယ္ေတာ့မယ္..."
ႏွင္းဆီ ရွက္ၿပီး ဖက္ထားတာကိုဖယ္တယ္။
မ်က္ႏွာကို လွမ္းၾကည့္ေတာ့ ႏွင္းဆီမ်က္ႏွာက သိသိသာသာနီရဲေနၿပီ။
"ကဲ ကဲ... ခင္ဗ်ား... အ႐ႈံးပြဲမရွိတဲ့ ေဘာလံုးေလာင္းနည္းကို သိခ်င္လား?"
"ဘယ္လို?"
"လာ... ႏွင္းဆီနဲလိုက္ခဲ့။ လွ်ဳိ႕၀ွက္ခ်က္ကို ေျပာျပမယ္။ ေနဦး။ ဒီေန႔ ဦးခန္႔ေအာင္ ပါမလာတာ သိပ္ကို ေကာင္းသြားတယ္သိလား... မဟုတ္ရင္ ဒီလိုလြတ္လပ္မွာမဟုတ္ဘူး... ဘယ္ကိုသြားရမယ္ဆိုတာ ႏွင္းဆီ လမ္းညႊန္ေပးမယ္"
--------------------------------------------------
ႏွင္းဆီနဲ႔ သူမေရာက္လာတဲ့ဆိုင္က ဘီယာဆိုင္။
သိပ္အဆင့္ျမင့္တဲ့ဆုိင္မ်ဳိးေတာ့မဟုတ္ဘူး။
ဆိုင္ထဲမွာ LED Flat တီဗြီေတြ ၄ လံုးေလာက္တပ္ဆင္ထားတယ္။
ႏွင္းဆီက ဆုိင္ထဲမ၀င္ခင္ အရင္ဆံုးဘယ္မွာထိုင္ရမလဲဆိုတာ ေ၀ခြဲေသးတယ္။
ၿပီးေတာ့ သူမ႔လက္ကိုဆြဲကာ ဆိုင္ထဲသို႔ တန္း၀င္သြားၿပီး လူတစ္ေယာက္ရွိေနတဲ့ စားပြဲတစ္ခုတြင္ ထိုင္လိုက္တယ္။
"ဘာလို႔တျခားခုံမွာ မထိုင္တာလဲ? ဒီမွာလူတစ္ေယာက္ရွိေနတယ္ေလ..."
သူမက ထိုင္ခံုတြင္၀င္ထိုင္ရင္း အားနာစြာျဖင့္ ႏွင္းဆီနား တီးတိုးေျပာေတာ့ ႏွင္းဆီက ၿပံဳးတယ္။
"ေဘာလံုးကို ႏိုင္ေအာင္ေလာင္းေတာ့မယ္ဆိုရင္ ေဘာလံုးအသင္းတင္မဟုတ္ဘူး ထိုင္မယ့္စားပြဲကိုလည္း မွန္မွန္ကန္ကန္ျဖစ္ေအာင္ ေရြးခ်ယ္ႏိုင္ရမယ္ MDရဲ့"
ႏွင္းဆီရဲ့ စကားကို သူမ နားမလည္ႏုိင္ပါ။
"MD... ေဟာ ဟိုကလူႀကီးကိုေတြ႕လား။ ထိပ္ေျပာင္ေျပာင္နဲ႔ေလ။ စြပ္က်ယ္၀တ္ထားတယ္"
"အင္း ေတြ႕တယ္"
"အင္း... အဲဒါဒိုင္ပိုင္ရွင္ပဲ။ သူလည္း ႏွင္းဆီတို႔ကိုသတိထားမိေအာင္ ထိုင္ဖို႔က ဒီစားပြဲအေကာင္းဆံုးပဲ"
ႏွင္းဆီရွင္းျပတာေတြကို သူမ သိပ္ၿပီး နားမလည္ေပမဲ့ ေခါင္းေတာ့ ညိတ္လိုက္မိတယ္။
သူမတစ္သက္ ဒီလိုဆုိင္မ်ဳိးမွာ ထိုင္ဖူးတာ ဒါပထမဆံုး။
ဆိုင္မွာ စားပြဲထိုးေလးေတြ ၀တ္ထားတဲ့ ေဘာင္းဘီနဲ႔ အက်ႌေတြက ညစ္တစ္တစ္နဲ႔။
ေနာက္ၿပီး ဆိုင္တြင္းရွိ စားေသာက္ဖြယ္ရာထည့္ထားတဲ့ ဗန္းေတြထဲတြင္လည္း ယင္ေကာင္ေတြရွိေနေသးတာ။
"ခဏေနဦးေနာ္"
သူမ ဆိုင္ထဲကိုၾကည့္ကာ အကဲခတ္ေနခိုက္ ႏွင္းဆီ လက္ကာျပၿပီး သူမအနားက သုတ္ခနဲ ထ,ထြက္သြားတယ္။
သူမအလိုဆို ဒီလိုဆိုင္မ်ဳိးကုိ ခုလိုထိုင္ျဖစ္ဖို႔ေနေနသာသာ ဒီလိုဆိုင္မ်ဳိးရွိတယ္ဆိုတာကိုေတာင္ သိရမွာမဟုတ္ဘူး။
နွင္းဆီကေတာ့ အခုန ဆိုင္ရွင္လို႔ေျပာတဲ့ လူႀကီးဆီသြားၿပီး စကားေတြေျပာေနေလရဲ့။
အနည္းငယ္အလွမ္းေ၀းတာမို႔ ႏွင္းဆီဘာေျပာေနတယ္ဆိုတာ သူမ မၾကားရ။
ခဏၾကာေတာ့ ႏွင္းဆီ စားပြဲဆီျပန္ေရာက္လာတယ္။
ထိုင္ခံုမွာ မထိုင္ခင္ လူၾကားသူၾကား သူမ နဖူးကို တစ္ခ်က္ငံု႔နမ္းေသးတာ။
"ရွက္မသြားနဲ႔ေနာ္ MD။ ဒီဆိုင္ထဲမွာ MD ကို သိတဲ့လူမရွိလို႔ ခုလို နမ္းလိုက္တာ"
"မင္း သူ႔ကို ဘာသြားေျပာတလဲ?"
"အခုကန္မယ့္ပြဲမွာ ႏုိင္မယ့္အသင္းကို သြားေျပာျပတာ..."
"ပြဲက ကန္ေတာင္မကန္ရေသးဘူး၊ မင္းက ဘယ္အသင္းႏုိင္မယ္ဆိုတာသိတယ္...ဟုတ္လား?"
"အင္း..."
"ဘယ္လိုလုပ္ၿပီးသိတာလဲ?"
"ဒီလိုပဲေပါ့... ဟဲ ဟဲ..."
ႏွင္းဆီက ရယ္က်ဲက်ဲလုပ္ေနရင္း သူမ လက္ကိုဆြဲကာ လက္ဖမိုးကို ခပ္ဖြဖြနမ္းရင္း သြားနဲ႔လည္း ဖြဖြကိုက္လုိက္ေသးတယ္။
"ေဘဘီ..."
ႏွင္းဆီက ခုေနာက္ပိုင္းဆို သူမကို လူလစ္တာနဲ႔ ေဘဘီလို႔ေခၚတတ္သလို၊ ခင္ဗ်ား ခင္ဗ်ားလို႔လဲ ေျပာတတ္တယ္။
ဘာပဲျဖစ္ျဖစ္ ႏွင္းဆီရဲ့အျပဳအမူေလကို သူမ ႏွစ္သက္ေနေလေတာ့ အဆင္ေျပေနတာပဲေလ။
"ေဘဘီ... ႏွင္းဆီက ေဘာလံုးပြဲ ၂ ပြဲစာအခ်ိန္ေလာက္ကို ဒီဆိုင္မွာ ထိုင္မွာ MDရဲ့"
သူမ လက္က နာရီကို ငံု႔ၾကည့္ျဖစ္သြားတယ္။
"ဟာ... ဒါဆို အိမ္ျပန္ ညဥ့္နက္မွာေပါ့"
"MDပဲ ေဘာလံုးေလာင္းတာ ၾကည့္မယ္ဆို။
အဲ့အခ်ိန္ေလာက္မွ ေဘာလံုးကလည္း ေလာင္းလို႔ၿပီးမွာေလ"
"အင္း... သိခ်င္ေတာ့လည္း ေေစာင့္ရေတာေပါ့။ အခုက 7နာရီခဲြေက်ာ္ေနၿပီေနာ္။ ဘယ္ေတာ့ေလာက္ၿပီးမွာလဲ"
"10 နာရီေလာက္မွ ၿပီးမွာ။ ျဖစ္ပါ့မလား?"
"အင္း။ ျဖစ္ရမွာေပါ့။ တို႔က သိခ်င္ေနတဲ့လူပဲ ဥစၥာ"
"အိုေက... ဒါဆို ခဏေနာ္"
ႏွင္းဆီေျပာၿပီးတာနဲ႔ ဆုိင္ထဲက တျခားလူႀကီးတစ္ေယာက္ဆီသြားၿပီး စကားေတြေျပာျပန္တယ္။
ခဏတာေျပာဆိုၿပီးတာနဲ႔ စားပြဲ၀ိုင္းဆီျပန္လာတယ္။
"မင္းဘာေတြလုပ္ေနတယ္ဆိုတာ တို႔ဘယ္ေတာ့ေလာက္သိရမွာလဲ?"
"ခဏေနေျပာျပမယ္... ဒါေပမဲ့ တစ္ခုေတာ့ရွိတယ္... ဒီည ႏွင္းဆီနဲ႔ MD လိုက္အိပ္ရမယ္ေနာ္..."
"အမယ္ေလး..."
-------------------------------------
ဆက္ရန္
-------------------------------------
(Uni code)
"နှင်းဆီက ...
ဘယ်အားကစားကို ၀ါသနာပါတယ်လို့ MD ထင်လဲဟင်?"
"နှင်းဆီက မှန်းရခက်တယ်... တို့ဆုံဖူးသမျှ လူတွေထဲ နှင်းဆီက မှန်းရအခက်ဆုံးပဲ..."
ကားမောင်းနေရင်း သူမပြောတော့ နှင်းဆီဟာ ဂီယာပေါ်တက်ထားတဲ့ သူမလက်ဖဝါးကို လှမ်းယူပြီး လက်ဖမိုးကို နမ်းတယ်။
ပြီးတော့ လက်ချောင်းလေးတွေ တစ်ချောင်းချင်းစီကို မက်မက်မောမောလေးနမ်းတယ်။
"နောက်ဆို နှင်းဆီက ဘာဆိုတာ MD သိစေရမှာပါ... သိလား"
၀န်ခံတာလား၊ ကတိပေးတာလားတော့ သူမ မသိဘူး။
ဒါပေမဲ့ နှင်းဆီအပြုအမူကြောင့် သူမ ကျေနပ်ပီတိဖြစ်မှုကြီးဟာ အဆုံးမသတ်နိုင်။
"နှင်းဆီက ဘောလုံးကို ၀ါသနာပါတယ်လေ"
"ဘောလုံး ၀ါသနာပါတယ်ဆိုတော့... ဘယ်အသင်းတွေကို ဦးစားပေးပြီး အားပေးလဲ?"
"MDကရော ဘောလုံးဝါသနာပါလို့လား"
"ပါတယ်လို့လဲ မဟုတ်ပါဘူး။ သိပ်လည်း မကြည့်ဖြစ်ဘူး။ အိမ်ရောက်ရင် တို့က တို့ကြိုက်တဲ့ ဇာတ်လမ်းတစ်ခုခုကို ကြည့်ပြီးတော့ပဲ အနားယူတတ်တယ်လေ။ ဒါနဲ့ ဖြေပါဦး။ နှင်းဆီ ဘယ်အသင်းကိုကြိုက်တတ်လဲ?"
"နှင်းဆီက
နိုင်မယ့်အသင်းကိုပဲ ကြိုက်တတ်တာလေ"
ပိုင်ပိုင်နိုင်နိုင်ပြောလိုက်တဲ့ နှင်းဆီမျက်လုံးတွေက သိသိသာသာပဲ စူးရှလာတယ်။
"သေချာတွေးကြည့်မယ်ဆိုရင် နှင်းဆီက ဘောလုံးပရိတ်သတ်လို့ ပြောလို့ရသလို၊ ဘောလုံးသစ္စာဖောက်လို့လဲ ပြောလို့ရတယ် MDရဲ့"
နှင်းဆီစကားကို သူမ နားမလည်နိုင်ဖြစ်ရင်း မျက်မှောင်ကျုတ်လိုက်မိတော့ နှင်းဆီက ခပ်ပေါ့ပေါ့လေး ပြုံးပြန်တယ်။
"ဒီလိုMDရဲ့။ နှင်းဆီက အသင်းတစ်ခုမှာ လောင်းထားတယ်ဆိုပါတော့။ အဲ့ဒီ လောင်းထားတဲ့ အသင်းကိုပဲ နိုင်စေချင်တာပေါ့"
"ဟင်? ဒါဆို နှင်းဆီက ဘောလုံးလောင်းတတ်တယ်ပေါ့ ... ဟုတ်လား?"
"အင်းပေါ့"
"ရှုံးမှာမကြောက်ဘူးလား?"
သူမ တအံ့တသြနှင့်မေးလိုက်တော့ နှင်းဆီက ခပ်အေးအေးပင် ခေါင်းခါပြတယ်။
"နှင်းဆီက ဘောလုံးလောင်းရင် ဘယ်တော့မှ မရှုံးဖူးဘူးလေ"
"သေချာလှချည့်လား ဒေါ်ပန်းနှင်းဆီ?"
"အင်းလေ။ နှင်းဆီကလည်း သေချာမှ လောင်းတာကိုး"
"အေးပေါ့လေ။ မရှုံးဘူးဆိုရင်တော့ ကောင်းတာပေါ့... ဒါဆို နောက်ရော နှင်းဆီဘာတွေလုပ်တတ်သေးလဲ? ဖူးငယ်နဲ့ ပန်းနှင်းဆီမှာရော ဘယ်နာမည်ကအမှန်လဲ?"
စကားပြောနေရင်း နှင်းဆီအကြောင်းတွေကို ပိုပိုပြီး သိချင်လာတဲ့ ဆန္ဒလေးတစ်ခုနဲ့ မေးလိုက်မိတဲ့ မေးခွန်းအဆုံးမှာ နှင်းဆီ အပြုံးတို့ တံ့ကုန်တယ်။
တကယ်တော့ နှင်းဆီက သူမအနားရှိနေတဲ့အခိုက်အတန့်လေးမှာ နှင်းဆီဟာ လူလိမ်တစ်ယောက်ဆိုတာကို မေ့ထားတာလေ။
အခုလို မထင်မှတ်ပဲ ကြားလိုက်ရတဲ့ သူမမေးခွန်းကြောင့် နှင်းဆီ အရင်က ဘယ်လိုလူစားဖြစ်ခဲ့လဲဆိုတာ ပြန်ပြီးသတိရစေတယ်... ၀မ်းနည်းနေတယ်... သိမ်ငယ်စေတယ်... ရှက်ရွံ့စေတယ်။
"ဖြေပါ ပန်းနှင်းဆီရယ်။ တို့က မင်းအကြောင်းတွေ၊ မင်းအကျင့်တွေကို သိချင်ရုံသက်သက်နဲ့ မေးလိုက်တာပါ။ မင်းကို နစ်နာစေလို တဲ့ ဆန္ဒလုံး၀ မပါဘူးဆိုတာ ယုံပါနော်။ အခုဆိုရင် တို့ မင်းနဲ့ အရင်းနီးဆုံးလူတစ်ယောက်ဖြစ်ချင်တယ်။ မင်းကို နားလည်ဆုံးလူတစ်ယောက် ဖြစ်ချင်တယ်။ လိမ်တာကို မုန်းပေမဲ့ မင်းရဲ့ လိမ်လည်မှုတွေကို မျက်ကွယ်ပြုနိုင်တယ်..."
"လရိပ်မေဆိုတဲ့ နာမည်က နာမည်အမှန်ပါ MD"
သူမပြောနေတာမပြီးသေးခင်မှာပဲ ဖျတ်ခနဲဝင်ဖြေလိုက်တဲ့ နှင်းဆီရဲ့ နာမည်က လရိပ်မေတဲ့။
အဲဒီနာမည်ကို သူမ တခါဖူးမှ မကြားဖူးခဲ့။
ဘာပဲဖြစ်ဖြစ်... နှင်းဆီရဲ့ နာမည်အရင်းကို သိခွင့်ရလိုက်လို့ သူမ သိပ်ကိုကျေနပ်မိတယ်။
"လရိပ်မေ... နာမည်လေးက လှတယ်နော်"
"အင်း..."
"ဒါဆို တို့မသိသေးတဲ့ မင်းအကြောင်းတွေ အများကြီးရှိဦးမှာပေါ့နော်...လရိပ်မေ"
နှင်းဆီ သူမမေးခွန်းကို ပြန်ဖြေပဲ ငြိမ်သက်နေတယ်။
"ကားကို လမ်းဘေးချပြီး ခဏရပ်လို့ရမလား MD"
"အင်း ရပ်လိုက်မယ်လေ..."
သူမ အနီးဆုံးလမ်းဘေးတစ်ခုတွင် ကားကို ရပ်လိုက်တယ်။
ကားရပ်လိုက်တာနဲ့ နှင်းဆီက တံခါးကိုဖွင့်ပြီး ကားပေါ်က ဆင်းသွားတယ်။
သူမ လိုက်ပဲဆင်းရမလား၊ ဆက်ထိုင်နေရမလား မဝေခွဲနိုင်ခင် နှင်းက သူမရှိနေတဲ့ ကားတံခါးကိုလာဖွင့်တယ်။
"နှင်းဆီကို လရိပ်မေလို့ မခေါ်နဲ့... ပန်းနှင်းဆီလို့ပဲ ခေါ်ပါMD။ မင်းရဲ့နာမည်တွေထဲမှာ မင်းစိတ်ကြိုက်တစ်ခုကိုရွေးပြီး အဲ့လိုရွေးလိုက်တဲ့ နာမည်နဲ့ပဲ တစ်ဘဝလုံးဆက်နေသွားရမယ်ဆိုတဲ့ အမိန့်တစ်ခုရှိခဲ့မယ်ဆိုရင် ကျွန်မ ပန်းနှင်းဆီဆိုတဲ့ နာမည်ကိုပဲ ရွေးမှာပါ။ ဘာလို့လဲ သိလား?"
တံခါးဖွင့်ထားလို့ လေပူတွေတိုက်နေတယ်။
အဲဒီလေပူတွေကြောင့် သူမရဲ့ဆံပင်စလေးတွေ ခပ်လွင့်လွင့်ဖြစ်နေတာကို နှင်းဆီက သေသေချာချာ ဆံပင်လေးတွေကို သပ်တင်ပေးရင်း နူးညံ့စွာမေးလာတယ်။
စိတ်ထဲမှလည်း သူမကြောင့် နှင်းဆီဟာ ပန်းနှင်းဆီဆိုတဲ့ဖြစ်တည်မှုကိုရွေးတာပဲဖြစ်စေချင်နေတယ်။
"ဟုတ်တယ်... မင်းထက်သာလွန်ဆိုတဲ့ ခင်ဗျားကြောင့်။ မင်းထက်သာလွန်ဆိုတဲ့ ခင်ဗျားနဲ့ ရင်းနှီးခွင့်ရခဲ့တဲ့ ပန်းနှင်းဆီဆိုတဲ့မိန်းမဖြစ်ဖို့ပဲ ကျွန်မ လိုလားတယ် MD"
လေးလေးနက်နက်ပြောလာတဲ့ နှင်းဆီမျက်ဝန်းမှာ မျက်ရည်လေးတွေ ခိုတွဲလာတယ်။
သူမကတော့ ကျေနပ်လွန်းလို့၊ ပျော်ရွှင်ရလွန်းလို့ ဘာပြောလို့ ပြောရမှန်းမသိတော့။
"MD ယုံချင်ယုံ၊ မယုံချင်နေပါ။ ကျမ လူမှန်းသိတတ်စတည်းက နာမည်တွေအမျိုးမျိုးနဲ့ ယှဉ်သန်ခဲ့ဖူးပေမယ့် ဒီ ပန်းနှင်းဆီဆိုတဲ့ နာမည်နဲ့ ရလာတဲ့ ဘဝအခြေအနေကို အမက်မောဆုံးပဲ"
ပြောပြီး နှင်းဆီဟာ သူမရဲ့ နဖူးလေးကို ဖွဖွနမ်းတယ်။ ပြီးတော့ ပါးပြင်လေးနှစ်ဖက်ကို ထပ်နမ်းတယ်။
ပြီးတော့ နှုတ်ခမ်းကို နှုတ်ခမ်းချင်းနမ်းတာမျိုးမဟုတ်ပဲ နှာခေါင်းလေးနဲ့ လာနမ်းပြန်တယ်။
"တို့ မင်းကိုယုံပါတယ်..."
လည်တိုင်တွေဆီ နမ်းဖို့ ကြိုးစားနေတဲ့ နှင်းဆီဟာ သူမစကားကြောင့် လှုတ်ရှားမှုတို့ ရပ်တံ့ပြီး သူမကိုကြည့်လာတယ်။
"ဘယ်လို... နှင်းဆီကို ယုံတယ်တဲ့လား?"
"အင်း... တို့ မင်းကို ယုံတယ်။ မင်းအခုပြောတဲ့စကားတွေရော၊ တို့မကြားရသေးတဲ့ နောင် မင်းပြောမယ့် စကားတွေကိုရော ယုံတယ်။ တို့အတွက် မင်းမှာနောက်တစ်ခါလိမ်မယ့် အစီအစဉ်မရှိဘူးလို့လည်း တို့ ယုံနေမိတယ်"
သူမ စကားဆုံးတော့ နှင်းဆီမျက်ဝန်းထဲက မျက်ရည်စလေးတွေ ပါးပြင်ကို လိမ့်ဆင်းလာတယ်။
သူမ အဲဒီမျက်ရည်စက်လေးကို နှုတ်ခမ်းလေးနဲ့ လှမ်းနမ်းမိတယ်။
"ဟယ်... MD"
အရမ်းကို လှုတ်ရှားတုန်ခါသွားရင်း နှင်းဆီဟာ မျက်လုံးကြီးအဝိုင်းသားနဲ့ သူမကို စိုက်ကြည့်တယ်။
"ဘာဖြစ်လို့လဲဟင်?"
"ဘာဖြစ်ရမလဲ... အခု ခင်ဗျားဘာလုုပ်လိုက်တာလဲ ခင်ဗျားသိလား?"
"တို့ဘာလုပ်မိလို့လဲ..."
"ခင်ဗျား နှင်းဆီကို နမ်းလိုက်တယ်လေ..."
"တို့မင်းရဲ့မျက်ရည်စလေးကို နမ်းလိုက်တာ..."
"ဒါပေမဲ့ အဲ့ဒါ နှင်းဆီရဲ့ ပါးပြင်ကို ထိတယ် ဒေါ်မင်းထက်သာလွန်ရဲ့"
"ဟင်... မင်း စိတ်ဆိုးသွားလားဟင်?""
"ဘယ်လိုတွေမေးနေတာလဲ... ခင်ဗျားကသာ ပါးပြင်ကို ဆတ်ခနဲ ဖွဖွလေးနမ်းလိုက်တာ... ဒီမှာ နှင်းဆီက ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားရတယ်... ခင်ဗျားအနမ်းက ပါးပြင်မှာ... ဒါပေမဲ့ နှင်းဆီရဲ့ ဟိုးရင်ဘတ်ထဲအထိ ထိတာ... လုပ်ပါဦး... နမ်းပါဦး... နောက်တစ်ခါလောက် နမ်းစမ်းပါဦးနော်"
"အို နှင်းဆီ... သွားပါတော့ တို့ရှက်နေပြီ..."
"မရဘူးကွာ... ရှက်လည်း နမ်းရမယ်။ ခင်ဗျားအရင်စတာ... မသိဘူး။ နမ်း..."
နှင်းဆီ ပြောရင်းပြောရင်း မျက်လုံးမှိတ်ကာ သူမရှေ့ ပါးကို ထိုးထိုပေးတယ်။
ပြာလဲ့လဲ့ကောင်းကင်အောက်မှာ တိုက်နေတဲ့ လေပူပူတွေဟာ လူကို နွမ်းနယ်စေပေမယ့်... သူမ မျက်ဝန်းရှေ့ရောက်နေတဲ့ နှင်းဆီရဲ့ အပြုမူကြောင့် ကြည်နူးလန်းဆန်းကာ ရှက်စနိုးလေး ပြုံးနေမိတယ်။
"ဒေါ်မင်းထက်သာလွန်... ခင်ဗျားနမ်းနော်... မနမ်းလို့ နှင်းဆီ ဒေါကန်လာရင် ခင်ဗျားမလွယ်ဘူး"
ခြိန်းခြောက်သံက တီးတိုးညှင်သာလွန်းတယ်။ လူကို ဆွဲဆောင်လွန်းတယ်။
သူမ ကျေနပ်မှု အပြုံးတစ်ပွင့်နဲ့အတူ နှင်းဆီပါးလေးကို နမ်းလိုက်မိတယ်။
အဲဒီအချိန် နှင်းဆီက မျက်လုံးတွေပွင့်လာပြီး သူမနှုတ်ခမ်းတွေကို ပြတ်ထွက်သွားမတတ် အားခပ်ပြင်းပြင်းလေးနဲ့ အငမ်းမရ စုပ်နမ်းတယ်။
စိတ်ကျေနပ်အောင်နမ်းပြီးမှ နှုတ်ခမ်းမှာပေသွားတဲ့ သွားရည်အနည်းငယ်ကို နှင်းဆီက ယုယုယယနဲ့ သုတ်ပေးတယ်။
"MDက နှင်းဆီဘဝမှာ ပထမဦးဆုံးတွေ့ဖူးတဲ့ လူအမျိုးအစားပါ။ နှင်းဆီ မကြားဖူးတဲ့ စကားတွေကို MD့ဆီကကြားရတော့... မဆင်မခြင်လုပ်မိတဲ့ လုပ်ရပ်အတွက် ဘယ်လိုမျိုးများ ပြန်ပေးဆပ်ရမလဲလို့ စဉ်းစားတိုင်း အဖြေက ထွက်မလာဘူး"
"ဒါဆို... လိမ္မာပေးပေါ့ ပန်းနှင်းဆီရယ်။ တို့့အတွက် လိမ္မာပေးပေါ့။ ဘယ်သူ့ကိုပဲလိမ်လိမ် တို့ကိုတော့ ပွင့်လင်းပေးပေါ့။ အဲဒါဆိုဖြစ်တယ်။ တခြား ဘာမှပြန်ပေးဆပ်စရာမလိုဘူး"
သူမ့စကားဆုံးတော့ နှင်းဆီက ပြုံးတယ်။
အဲ့ဒါပေါ့ပါးတဲ့ အပြုံးမျိုးတော့ မဟုတ်။ ခက်ခဲစွာ အားယူရင်းပြုံးလိုက်တာမျိုး။
"လိမ်တာကို မုန်းတဲ့MDက နှင်းဆီကို အဲ့လိုခွင့်ပေးထားတော့
MD အဆင်ပြေနိုင်ပါ့မလား?"
"မင်းအနားမှာရှိနေရင် တို့အတွက် အားလုံးပြီးပြည်စုံတယ်။ တို့အနားမှာရှိနေဖို့အတွက်ပဲ မင်းရိုးသားပေးပါနော်။ ကျန်တာ မင်းစိတ်ကြိုက်လုပ်ပေါ့... "
နှင်းဆီ မျက်ရည်တွေဝေ့ဝိုင်းလာပြီး သူမကို စိုက်ကြည့်တယ်။
သက်မတစ်ခုချရင်း သိုင်းဖက်လိုက်တာ တကယ့်ကို တင်းတင်းကြပ်ကြပ်ပါပဲ။
စက္ကန့်တွေ တော်တော်ကြာအောင် နှင်းဆီက ဖက်ထားတာ။
နှင်းဆီရဲ့ ရင်ခုန်သံတွေကိုလည်း သူမ အတိုင်းသားကြားနေတယ်။
"နှင်းဆီ..."
"အင်း..."
"တို့လေ..."
"ဟုတ်..."
"မင်းရင်ခုန်သံတွေကို ကြားနေရတယ်..."
"ဟာ... ခင်ဗျား... ဖယ် ဖယ်တော့မယ်..."
နှင်းဆီ ရှက်ပြီး ဖက်ထားတာကိုဖယ်တယ်။
မျက်နှာကို လှမ်းကြည့်တော့ နှင်းဆီမျက်နှာက သိသိသာသာနီရဲနေပြီ။
"ကဲ ကဲ... ခင်ဗျား... အရှုံးပွဲမရှိတဲ့ ဘောလုံးလောင်းနည်းကို သိချင်လား?"
"ဘယ်လို?"
"လာ... နှင်းဆီနဲလိုက်ခဲ့။ လျှို့ဝှက်ချက်ကို ပြောပြမယ်။ နေဦး။ ဒီနေ့ ဦးခန့်အောင် ပါမလာတာ သိပ်ကို ကောင်းသွားတယ်သိလား... မဟုတ်ရင် ဒီလိုလွတ်လပ်မှာမဟုတ်ဘူး... ဘယ်ကိုသွားရမယ်ဆိုတာ နှင်းဆီ လမ်းညွှန်ပေးမယ်"
--------------------------------------------------
နှင်းဆီနဲ့ သူမရောက်လာတဲ့ဆိုင်က ဘီယာဆိုင်။
သိပ်အဆင့်မြင့်တဲ့ဆိုင်မျိုးတော့မဟုတ်ဘူး။
ဆိုင်ထဲမှာ LED Flat တီဗွီတွေ ၄ လုံးလောက်တပ်ဆင်ထားတယ်။
နှင်းဆီက ဆိုင်ထဲမဝင်ခင် အရင်ဆုံးဘယ်မှာထိုင်ရမလဲဆိုတာ ဝေခွဲသေးတယ်။
ပြီးတော့ သူမ့လက်ကိုဆွဲကာ ဆိုင်ထဲသို့ တန်းဝင်သွားပြီး လူတစ်ယောက်ရှိနေတဲ့ စားပွဲတစ်ခုတွင် ထိုင်လိုက်တယ်။
"ဘာလို့တခြားခုံမှာ မထိုင်တာလဲ? ဒီမှာလူတစ်ယောက်ရှိနေတယ်လေ..."
သူမက ထိုင်ခုံတွင်ဝင်ထိုင်ရင်း အားနာစွာဖြင့် နှင်းဆီနား တီးတိုးပြောတော့ နှင်းဆီက ပြုံးတယ်။
"ဘောလုံးကို နိုင်အောင်လောင်းတော့မယ်ဆိုရင် ဘောလုံးအသင်းတင်မဟုတ်ဘူး ထိုင်မယ့်စားပွဲကိုလည်း မှန်မှန်ကန်ကန်ဖြစ်အောင် ရွေးချယ်နိုင်ရမယ် MDရဲ့"
နှင်းဆီရဲ့ စကားကို သူမ နားမလည်နိုင်ပါ။
"MD... ဟော ဟိုကလူကြီးကိုတွေ့လား။ ထိပ်ပြောင်ပြောင်နဲ့လေ။ စွပ်ကျယ်ဝတ်ထားတယ်"
"အင်း တွေ့တယ်"
"အင်း... အဲဒါဒိုင်ပိုင်ရှင်ပဲ။ သူလည်း နှင်းဆီတို့ကိုသတိထားမိအောင် ထိုင်ဖို့က ဒီစားပွဲအကောင်းဆုံးပဲ"
နှင်းဆီရှင်းပြတာတွေကို သူမ သိပ်ပြီး နားမလည်ပေမဲ့ ခေါင်းတော့ ညိတ်လိုက်မိတယ်။
သူမတစ်သက် ဒီလိုဆိုင်မျိုးမှာ ထိုင်ဖူးတာ ဒါပထမဆုံး။
ဆိုင်မှာ စားပွဲထိုးလေးတွေ ၀တ်ထားတဲ့ ဘောင်းဘီနဲ့ အကျႌတွေက ညစ်တစ်တစ်နဲ့။
နောက်ပြီး ဆိုင်တွင်းရှိ စားသောက်ဖွယ်ရာထည့်ထားတဲ့ ဗန်းတွေထဲတွင်လည်း ယင်ကောင်တွေရှိနေသေးတာ။
"ခဏနေဦးနော်"
သူမ ဆိုင်ထဲကိုကြည့်ကာ အကဲခတ်နေခိုက် နှင်းဆီ လက်ကာပြပြီး သူမအနားက သုတ်ခနဲ ထ,ထွက်သွားတယ်။
သူမအလိုဆို ဒီလိုဆိုင်မျိုးကို ခုလိုထိုင်ဖြစ်ဖို့နေနေသာသာ ဒီလိုဆိုင်မျိုးရှိတယ်ဆိုတာကိုတောင် သိရမှာမဟုတ်ဘူး။
နှင်းဆီကတော့ အခုန ဆိုင်ရှင်လို့ပြောတဲ့ လူကြီးဆီသွားပြီး စကားတွေပြောနေလေရဲ့။
အနည်းငယ်အလှမ်းဝေးတာမို့ နှင်းဆီဘာပြောနေတယ်ဆိုတာ သူမ မကြားရ။
ခဏကြာတော့ နှင်းဆီ စားပွဲဆီပြန်ရောက်လာတယ်။
ထိုင်ခုံမှာ မထိုင်ခင် လူကြားသူကြား သူမ နဖူးကို တစ်ချက်ငုံ့နမ်းသေးတာ။
"ရှက်မသွားနဲ့နော် MD။ ဒီဆိုင်ထဲမှာ MD ကို သိတဲ့လူမရှိလို့ ခုလို နမ်းလိုက်တာ"
"မင်း သူ့ကို ဘာသွားပြောတလဲ?"
"အခုကန်မယ့်ပွဲမှာ နိုင်မယ့်အသင်းကို သွားပြောပြတာ..."
"ပွဲက ကန်တောင်မကန်ရသေးဘူး၊ မင်းက ဘယ်အသင်းနိုင်မယ်ဆိုတာသိတယ်...ဟုတ်လား?"
"အင်း..."
"ဘယ်လိုလုပ်ပြီးသိတာလဲ?"
"ဒီလိုပဲပေါ့... ဟဲ ဟဲ..."
နှင်းဆီက ရယ်ကျဲကျဲလုပ်နေရင်း သူမ လက်ကိုဆွဲကာ လက်ဖမိုးကို ခပ်ဖွဖွနမ်းရင်း သွားနဲ့လည်း ဖွဖွကိုက်လိုက်သေးတယ်။
"ဘေဘီ..."
နှင်းဆီက ခုနောက်ပိုင်းဆို သူမကို လူလစ်တာနဲ့ ဘေဘီလို့ခေါ်တတ်သလို၊ ခင်ဗျား ခင်ဗျားလို့လဲ ပြောတတ်တယ်။
ဘာပဲဖြစ်ဖြစ် နှင်းဆီရဲ့အပြုအမူလေကို သူမ နှစ်သက်နေလေတော့ အဆင်ပြေနေတာပဲလေ။
"ဘေဘီ... နှင်းဆီက ဘောလုံးပွဲ ၂ ပွဲစာအချိန်လောက်ကို ဒီဆိုင်မှာ ထိုင်မှာ MDရဲ့"
သူမ လက်က နာရီကို ငုံ့ကြည့်ဖြစ်သွားတယ်။
"ဟာ... ဒါဆို အိမ်ပြန် ညဉ့်နက်မှာပေါ့"
"MDပဲ ဘောလုံးလောင်းတာ ကြည့်မယ်ဆို။
အဲ့အချိန်လောက်မှ ဘောလုံးကလည်း လောင်းလို့ပြီးမှာလေ"
"အင်း... သိချင်တော့လည်း ေစောင့်ရတောပေါ့။ အခုက 7နာရီခွဲကျော်နေပြီနော်။ ဘယ်တော့လောက်ပြီးမှာလဲ"
"10 နာရီလောက်မှ ပြီးမှာ။ ဖြစ်ပါ့မလား?"
"အင်း။ ဖြစ်ရမှာပေါ့။ တို့က သိချင်နေတဲ့လူပဲ ဥစ္စာ"
"အိုကေ... ဒါဆို ခဏနော်"
နှင်းဆီပြောပြီးတာနဲ့ ဆိုင်ထဲက တခြားလူကြီးတစ်ယောက်ဆီသွားပြီး စကားတွေပြောပြန်တယ်။
ခဏတာပြောဆိုပြီးတာနဲ့ စားပွဲဝိုင်းဆီပြန်လာတယ်။
"မင်းဘာတွေလုပ်နေတယ်ဆိုတာ တို့ဘယ်တော့လောက်သိရမှာလဲ?"
"ခဏနေပြောပြမယ်... ဒါပေမဲ့ တစ်ခုတော့ရှိတယ်... ဒီည နှင်းဆီနဲ့ MD လိုက်အိပ်ရမယ်နော်..."
"အမယ်လေး..."
-------------------------------------
ဆက်ရန်
-------------------------------------