⚜️Nay Tin's Love Story⚜️

By Lynn-95

2.3M 81.3K 4.5K

ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... ... More

Part_1 (Unicode)
Part_1(Zawgyi)
Part_2
Part-3
Part_4
Part_5
Part_6
Part_7
Part_8
Part_9
Part_10
Part_11
Part_12
Part _13
Part_14
Part_15
Part_16
Part_17
Part_18
Part_19
Part_20
Part_21
Part_22
Part_23
Part_24
Part_25
Part_26
Part_27
Part_28
Part_29
Part_30
Part_32
Part_33
Part_34
Part_35
Part_36
Part_37
Part_38
Part_39
Part_40
Part_41
Part_42
Part_43
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part _50
Part _51
Part_52
Part_53
Part_54
Part_55
Part_56
Part _57
Part _58
Part _59
Part_60
Part _61
Part _62
Part _63
Part _64
Part_65
Part _66
Part _67
Part _68
Part _69
Part _70
Part _71
Part _72
Part_73
Part_74
Part _75
Part _76
The End
Fanart for သုနေတင်ထွဋ်

Part_31

29.3K 951 36
By Lynn-95

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_31

"ကိုကိုကြီး အနော် ပန်းတွေသွားကြည့်မယ်နော်"

"တောင်ပေါ်ခြံဆို တောင်ပေါ်ခြံပဲသွားနော် ကလေး အဝေးကြီးလျှောက်မသွားနဲ့"

"ဟုတ်ကဲ့ပါ ကိုကိုကြီးရဲ့ စိတ်ချ"

နေတင်ကတော့ ဟင်းချက်နေတာကို စိတ်ထင့်ရင်း တောင်ပေါ်တက်သွားတဲ့ သက်ကလေးကို  လည်ပြန်ကြည့်ရင်း  ဟင်းအိုးကိုသာ အာရုံစိုက်လိုက်လေသည်  .....

သော်တာသည် ဒီနေရာကိုရောက်တည်းက သဘောအကျဆုံးနေရာက တောင်ပေါ်ခြံလေးဖြစ်သည်....

ခြံစောင့်က သေချာသပ်သပ်ရပ်ရပ်ပြုစုစောင့်ရှောက်ထားတာမို့ စားပင်သီးပင်တွေကော အလှပန်းပင်တွေကအစ သဘောကျစရာကြီးဖြစ်သည်....
အခု သော်တာတို့ခိုးပြေးလာတာမို့ ကိုကိုကြီးကရှောင်ခိုင်းထားပုံရသည်....ဒီဝန်းကျင်မှာလူဆိုလို့သော်တာတို့ပဲရှိလေသည်...

အပင်တွေကိုလှည့်လည်ကြည့်ရှုနေရင်း ...

"ဂွစ်"

"ဂွစ်"

"ဂွစ်"

"ဟင် ဒါ...ဒါ ဝက်သံမလား"

တောင်ပေါ်ကနေ နိမ်လျှောလေးဆင်းသွားလျှင်  ရေအိုင်ငယ်လေးရှိကာ ဝက်မကြီးတစ်ကောင်နဲ့ဝက်ကလေးသုံးကောင်...

"အိုး ဝက်မကြီးမိသားစု"

အရင်ကအသံမကြားတော့ ဝက်သားမိတွေရှိမှန်းတောင်မသိတာမို့ သော်တာသည်စပ်စုရန် ချက်ချင်းဖင်တရွတ်တိုက်လေးဆင်းသွားလိုက်လေတော့သည်.....

"ဟိုင်း...."

ဗွက်နံ့နဲ့ဝက်နံ့နဲ့ဆိုပေမယ့် သော်တာသည် အပြင်မှာ အခုမှ မြင်ဖူးသော ဝက်မိသားစုကိုကြည့်ကာအနီးကပ်တွေ့ချင်တာမို့ အနားကပ်လာလိုက်လေသည်.....

လုံးလုံးတုတ်တုတ်ဝက်ကလေးသုံးကောင်ကိုကြည့်ကာ သော်တာသည် အရမ်းပင်ချစ်နေလေသည်..

"ဟေး ဗွက်လူးကောင်လေးတွေ  ပက် ပက် ပက်"

"အာ  မဟုတ်ဘူးဟ ဒါကို ဆိတ်ကို ခေါ်တဲ့အသံ"

"ဝက်ကို က ဘယ်လိုခေါ်ရတာလဲ"

ဝက်ကလေးကို ချီချင်တာမို့ သော်တာကြံရာမရဖြစ်နေလေသည်.....

"အရွက်နဲ့ မျှားခေါ်ရင်ရော"

ကုန်းပေါ်ပြန်ကုပ်ကပ်တက်ကာ မုန်ညှင်းရွက်တွေချိုးယူလိုက်လေသည်....
တစ်ဖန် ဗွက်ကန်နားရောက်လာကာ....

"အင့် ...ရော့...လာလာလာ ဒီနားလား ဝက်ပုတ်လေး"

ဝက်ကလေးလေးသည် နှာခေါင်းဖြင့် မုန်ညှင်းရွက်ကိုတရှုံ့ရှုံ့နမ်းပေမယ့် မစားပဲ ရှေ့ဆက်မတိုးဖြစ်နေလေသည်..

"ဝက်ပုတ်ရ ရှေ့တိုးပါဆို အနော်ချီချင်လို့ စကားနားမထောင်ရင် ကိုကိုကြီးလက်ကို အပ်ပြီး ဝက်ကင်လုပ်စားပစ်လိုက်ရမလား ပြော"

ဝက်ကလေးသည် ရှေ့တိုးလာရင်းကနေ ဖင်ပေးကာ တစ်ဖက်သို့အလှည့် သော်တာကလည်း ဝက်မြီးကို လှမ်းအဆွဲ..

"ဗြန်း"

"အင့်....အီး  ဗွက်ပေကုန်ပြီ  ဝက်ပုတ် ဝက်စုတ်"

ဗွက်အိုင်ထဲ မှောက်ရက်လဲကျသွားတာမို့ နို့နှစ်ရောင်ချည်သားcrop topနဲ့ဘောင်းဘီဖြူလေးဟာ ချက်ချင်း မည်းညစ်သွားလေတော့သည်....

"နံတယ် ပေလည်းပေသွားပြီ ဟွင့်"

ပေသွားမယ့် အတူတူ သက်သော်တာထွဋ်သည် ဗွက်အိုင်ထဲ ဝက်သုံးကောင်နဲ့ အတူတူ အားရပါး ဆော့ပစ်လိုက်လေတော့သည်...

"ဟူး မောလိုက်တာ"

ဝက်အမေကြီးကတော့ အတော်အေးသည် သော်တာတို့ လေးကောင် ဒီလောက် မျောက်ရှုံးအောင် သောင်းကျန်းနေတာတောင် အအိပ်မပျက်ပါ...
ဝက်အမေကြီးကိုယ်ကို မှီကာ အမောဖြေနေလိုက်တော့ သော်တာဘေး ဝက်ကလေးလေးသုံးကောင်ဟာလည်း တန်းစီ လာအိပ်လေသည်...

နေတင်သည် ဟင်းချက်နေရင်း သက်ကလေးရဲ့ အော်အော်လိုက်တဲ့အသံမျိုးကြားနေရလေသည်...
ဟင်းချက်ပြီးတာနဲ့ သူလည်း တောင်ပေါ်ခြံပေါ်တက်လာလိုက်လေသည်...
တောင်ပေါ်ခြံထဲရှင်းနေကာ  သက်ကလေးရဲ့ အရိပ်ယောင်တောင်မတွေ့ရ..

"အာ ဒီကောင် ဘယ်ရောက်ပြန်ပြီလဲ"

"ပူတူး"

"အသေးလေးရေ"

"သေးသေးလေး"

"ကိုကိုကြီး အနော် ဒီမှာ"

အသံက အောက်ဘက်ပိုင်းဆီက အသံကြားလိုက်ရတာမို့ နေတင် လာလိုက်တော့....

"ကလေး ဘယ်မှာလဲ "

"ကိုကိုကြီး အနော် ဒီမှာလေ"

လက်တစ်ချောင်းထောင်ပြလာမှပဲနေတင်သည် မျက်လုံးအစုံပြူးကာ အောက်ကို​ဘယ်လိုပြေးခုန်လို့ရောက်သွားမိမှန်းမသိ...

"ဟာ ဒါ ဘယ်လိုဖြစ်ရတာလဲ အသေးလေးရဲ့"

ခေါင်းကနေ ခြေအဆုံးထိ ဗွက်များပေသလူးနေကာ ရုပ်ကိုတောင်မမြင်ရတော့..

"အနော် ဘာမှမလုပ်ဘူး သူတို့လုပ်တာ"

ဝက်ကလေးသုံးကောင်ကိုလက်ညိုးထိုးကာ သူမကတော့ ဘာမှမသိရှာတဲ့ သူတော်ကောင်းလေးပေါ့..

"မနက်ကပဲရေချိုးထားတာလေ သက်ကလေးရာ အခု ကိုယ့်ကိုပြန်ကြည့်စမ်း"

"အနော်ကို သူတို့ ဒီထဲ တွန်းချတာပါဆို"

ဖြစ်နိုင်သလားဆိုတာပဲတွေးကြည့် ​ဝက်ကလေးက သူမကိုတွန်းချသည်ဆိုပဲ..

"ထားပါတော့ကွာ မနံဘူးလားကွာ ဒီလောက်နံစော်နေတာကို လာလာ တက်တော့"

"ဟင့်အင်း အနော်သူတို့နဲ့ ဆော့တာ ခဏပဲရှိသေးတယ် ခဏနေအုံးမယ်"

"ဟေ့ကောင် ဗွက်လူးနေတာရပ်သင့်ပြီ ဝဲပေါက်လာရင် ငါက ဝဲထူလို့ ခေါ်မှာနော် "

"ကိုကိုကြီးနော် ဘာဝဲထူလဲ အနော်က Nurse ဝဲအပေါက်ခံမလား"

"နံတယ်ကွာ လာတော့လာ"

"လာဘူး  နံရင် အိမ်ပြန်တော့ သွား"

" တော်တော် ဆိုးပါလား လာခဲ့ အခု"

မထူးတော့တာမို့ နေတင်လည်း ဗွက်ထဲဆင်းပြီး သူမကိုယ်လေးကို ကောက်ချီပြီး ပခုံးပေါ်တင်ကာ ထမ်းလာလိုက်တော့သည်...

"ကိုကိုကြီး "

"ကိုကိုကြီးဆို"
_
_
_
_
_
"ဗွမ်း"

ချောင်းထဲပစ်ချလိုက်ကာ သူပါ ဒိုင်ပင်ထိုးလိုက်လေတော့သည်...

"ဘာလို့ လူကို အရမ်းရမ်း"

"အာ့ "

"ခွေးမလေး ကိုက်တယ်ကြည့်စမ်း"

သူ့ပခုံးကို ကိုက်ခဲလာတာများ ဘယ်တုန်းတည်းက ချောင်းနေလဲမသိ..

"ဘာမှန်းလဲမသိဘူး သူများက နေအုံးမယ်ဆိုတာကို အတင်းခေါ်လာတယ်"

"ဗွက်လူးစရာလားကွ "

"တော်ပြီ မနေတော့ဘူး Gordonကိုပြန်မယ် ဒီမှာ မနေချင်တော့ဘူး ပြန်ပို့ပေး ...ပြန်ပို့ပေးလို့"

"ဟာ ကလေး"

"ပြန်ပို့ပေးတော့ "

သော်တာ ကိုကိုကြီးကို မည်းနေချိန်မှာ ရုတ်တရက်ကြီး ရွာချလာတဲ့ မိုးများ..

"ဟင် မိုး...မိုးရွာတယ်"

"အင်း မိုးရွာလာပြီ ကလေး မြန်မြန်အကြမ်းချိုးလိုက် အအေးပတ်မယ် အိမ်ထဲဝင်ရအောင်"

"ကိုကိုကြီး"

သက်ကလေးက ခါးထောက်ကာ သူ့ကို အမြင်တစ်မျိုးကြည့်လာလေသည်..

"မိုးရွာတာ ကိုကိုကြီးလုပ်တာ မဟုတ်လား"

"စွပ်စွပ်စွဲစွဲ သေးသေးလေးရာ"

"လာမလိမ်နဲ့ အခု အနော်​ပြန်မယ်ပြောလို့ မိုးရွာခိုင်းပြန်ပြီမဟုတ်လား"

"မဟုတ်ရပါဘူးဗျာ မိုးက သူ့ဟာသူ ရွာချလာတာကလေးရဲ့"

"အနော်မယုံဘူး ပြန်မယ်ပြောလို့ ကိုကိုကြီး လုပ်တာအနော်သိတယ်"

"ရော်  ဘယ်ကိုမှ ဖုန်းမဆက်ရသေးပါကွာ"

"လိမ်တာ"

"လူတစ်ခြား ဖုန်းတစ်ခြားလေ အဟွန်း ဟွန်း ကြည့်ရတာ ရာသီဥတုက ကိုယ့်ဘက်ပါနေတာထင်တယ်"

"လူယုတ်မာကြီးလို ရယ်တာ သွား ကိုကိုကြီးနဲ့
မတည့်တော့ဘူး အနော်နဲ့ ဝေးဝေးနေ"

"ဟောဗျာ"

မိုးရေထဲရစ်နေ ဂျစ်နေတဲ့ သူ့ဇနီးငယ်လေးကို ကြည့်ကာ နေတင်သည် ချော့ရမလားခြောက်ရမလားမသိဖြစ်နေစဥ်....

"ဂျလိန်း"

"ဒိန်း"

"ဒိန်း"

"အမယ်လေး..ကိုကိုကြီး"

ချက်ချင်း သူရင်ခွင်ထဲ တောက်တဲ့လိုကပ်ကာဖက်တွယ်လာတဲ့ကောင်မလေးက အခုနက ပေါက်ပေါက်ဖောက်နေတာ သူမဟုတ်တဲ့အတိုင်း ငြိမ်သက်သွားလေသည်..

"ကိုကိုကြီး"

"ဗျာ"

"အနော်ကို ဖက်ထား"

"ကြောက်နေတာလား ကလေးက"

သော်တာမျက်နှာလေးကို မေးဖျားကနေ ပင့်မော့စေလိုက်ကာ ကိုကိုကြီးက သူအရပ်ကြီးဖြင့်အုံ့မိုးလိုက်တာကြောင့် မျက်နှာပေါ်မိုးရေစက်များ ကျမလာတော့ပါ...

"ကိုယ်ရှိတယ်လေ ဘာကြောက်စရာလိုလဲ "

ကိုကိုကြီးနှုတ်ခမ်းများသည် သော်တာနှုတ်ခမ်းနားရစ်သီဝဲရင်း အောက်ဖျားလေးကို ခပ်ဖြေးဖြေးဆွဲစုပ်လာလေသည်...
တစ်ခဏအတွင်းမှာပင်ကလေးငယ်ရဲ့ နှုတ်ခမ်းလွှာနှစ်ခုဟာစိုရဲနေခဲ့ပြီးမောဟိုက်နေသည့် အသက်ရှုသံနဲ့အတူ နှစ်ဖူးပြင်ချင်းနှစ်ခုထိစပ်လျက်မျက်ဝန်းနှစ်စုံဟာလည်း အကြည့်ချင်းတွေ ဆုံနေခဲ့လျက်...

"အရမ်းချစ်တယ် သက်ကလေး"

_
_
_
_
_
×××မိုးအုံ့ လို့ သစ်ရွက်လေးတွေ ငြိမ်နေရင် တိမ်တွေပြိုတော့မှာကြိုသိတယ်××××

×××ဝါဆိုရယ် သိပ်သတိရမိတယ်×××

××××ပုန်းညက်တို့ ရောက်ရှိကြောင်းကို ကြေညာကာ
ငွေမှုန်ငွေစတွေ ရွာတော့ကွယ်×××××

"ကြည့် ကိုကိုကြီးက ဝါဆိုမ ကို သတိရပြန်ပြီ"

တစ်ကိုယ်လုံးကို အနှီးထုတ်လေးလို ထုတ်ကာ ခေါင်းကို အခြောက်သုတ်ပေးနေစဥ် ရစ်လာပြန်တဲ့ အသေးလေး....

မိုးအေးတာနဲ့ နေတင်လည်း ဒီသီချင်းလေးကို
ကောက်ဖွင့်ထားမိလေသည်...

"မဟုတ်တာ ကလေးရာ ဒီသီချင်းစာသားထဲက ဝါဆိုဆိုတာ ဝါဆို ကဆုန် နယုန် အဲ့လို မြန်မာလကို ကိုယ်စားပြုဆိုထားတာပါကွာ...ကလေးထင်သလို လူဝါဆိုမှ မဟုတ်တာကွာ"

"တော်တော်ကြိုက်တယ်ပေါ့ ဟုတ်လား ဒီသီချင်းလေးကို "

"အရင်ကတော့ ဒီအတိုင်းနားထောင်တာပါ ကလေးနဲ့ ခိုးပြေးတဲ့ညကလည်း မိုးရွာနေတော့ ဖွင့်ရင်း ဖွင့်ရင်း အရမ်းကြိုက်သွားတာ"

"သီချင်းလေးက လွမ်းစရာလေးနော်"

"နားထောင်ရကောင်းပါတယ် ကလေးမယုံရင် အာရုံနှစ်နားထောင်ကြည့် ...သီချင်းကို မနာလိုမဖြစ်နဲ့ သုနေတင်ထွဋ်ကလေ မင်းနဲ့မှ ဘဝစတာ အဲ့တာကိုယုံ"

"အဟွန်း အနော် ကိုကိုကြီးက ချစ်ဖို့သိပ်ကောင်း "

"ကဲ ခြောက်သွားပြီ အင်္ကျီလေးလဲရအောင်"

ရောက်ထဲက ဝတ်လိုက်ရတဲ့ အတိုအပြတ်လေးတွေက ဒီနေ့လို မိုးအေးနေလည်း အတိုလေးပင်ဖြစ်သည်....

"ကိုကိုကြီး မိုးအေးနေတယ် ဘောင်းဘီရှည်ဝတ်မယ်"

"မလိုဘူး ကလေးက ခဏနေ ချွေးထွက်တော့မှာ "

"ဟာ ကိုကိုကြီးနော် သွား ဘာမှန်းလဲမသိဘူး"

"အဟွန်း ဟွန်း ဟွန်း"
_
_
_
_
"အသေးလေးရေ''

''ရှင်''

''လာ ကျောပေါ်တက်''

နေ့လည် အိမ်ထဲမှာ ဇာတ်ကားကြည့်နေကြရင်း နေလေး နည်းနည်းကျလာတာနဲ့ ကိုကိုကြီးက အပြင်ကိုထွက်ဖို့ ပြင်တော့သည် .....

သော်တာ့ရှေ့နားမှာ ဒူးထောက်ပြီး ကျောပေါ်တက်ခိုင်းနေတာမို့ သော်တာ အံ့ဩသွားရရင်း....

"ဟင် ဘာဖြစ်လို့လဲ ကိုကိုကြီး''

''တောထဲမှာ နည်းနည်းပတ်မယ်ကွာ လာ  ကလေးပါလိုက်ခဲ့''

''ဪ အနော်ပါ လိုက်ရမှာလား ဒီအတိုင်း လမ်းလျှောက်ပြီး လိုက်မယ်လေ''

''တက်စမ်းပါကွာ''

''ဟာ ကိုကိုကြီး လေးနေမှာပေါ့လို့''

''ဟ ဒီလောက် ပိစိညှောက်တောက်လေးကို ပိုးရတာများ ဘာလို့ လေးရမှာလဲကွ''

''ဟင့်အင်း အနော်လည်း လမ်းလျှောက်ပြီး လိုက်မှာ''

''ပင်ပန်းတာပေါ့  အသက်ရယ် လာပါကွာ ကျောပေါ်ကိုသာ တက်စမ်းပါ''

''ဟင့်အင်း မတက်ဘူးဆို''

''သက်ကလေး''

''ဟာ ကိုကိုကြီးတစ်ယောက်ထဲ ပင်ပန်းနေပြီး အနော်တစ်ယောက်ထဲ ဇိမ်ကျနေတာမျိုးကို အနော် မကြိုက်ဘူးလို့''

နေတင် မနောခွေ့သွားရပြီး.....

"ဟားဟားဟားဟား''

''ဟာ ရီပြန်ပြီ  အနော် ပြောတာက ဘာရီစရာ ပါလို့လဲ ပြော ''

''အဟား ကလေးလေး ကိုယ့်စကားကိုယ် မှတ်ထားနော် ကဲ လာပါတော့ဆိုကွာ ဒီလိုနဲ့ မိုးချုပ်တော့မှာပဲ''

''ဟင့်အင်း လမ်းမလျှောက်ရရင် အနော် မလိုက်တော့ဘူးနော် အိမ်စောင့်ပြီး နေခဲ့မယ်လေ ''

''အာ ခင်ဗျားလေး အိမ်မှာ တစ်ယောက်ထဲ ကျန်ခဲ့မှာကို စိတ်မဖြောင့်လို့ ခေါ်နေတာလေကွာ တက်ပါဆို"

''အနော် ပုခက်မစီးတော့ဘူးလို့ နော်  ဝက်ပုတ်တို့နဲ့လည်း ဗွက်မလူးတော့ဘူးနော်လေနော် ''

''ဟေ့ မရှည်နဲ့တော့ လာ တက်''

ကိုကိုကြီးက ပြောပြောဆိုဆို သော်တာ့ကို ကျောပေါ်ကိုတင်ကာ ခြေလှမ်းကြဲကြီးတွေနဲ့ ထွက်လာတော့သည်....

''ကိုကိုကြီးက ဘာလို့ တောထဲကို နေ့တိုင်းဝင်ရတာလဲ"

""ဒီဖက်ကို ရောက်တုံး အပင်တွေ ခြံစည်းရိုး အခြေအနေတွေကို ကြည့်ရ စစ်ဆေးရတာပေါ့ မိန်းမရယ် ကိုယ်မအားရင် ဒီဖက်ကို မလာဖြစ်ဘူးလေ ""

''ကိုကိုကြီးက အမြဲ အလုပ်ရှုပ်နေတာ မပင်ပန်းဘူးလားဟင်''

''မပင်ပန်းပါဘူးကွာ လူရယ်လို့ ဖြစ်လာရင် အလုပ်လုပ်ရမှာပေါ့ ကိုယ်လက်လှမ်းမှီသလောက် စွမ်းအားရှိသလောက် အလုပ်တွေ အများကြီး လုပ်မယ် ကိုယ့်ဆီမှာ လာမှီခိုပြီး အလုပ်လုပ်ကြတဲ့ လူတွေကို ကြည့်ရှု စောင့်ရှောက်မယ်''

''လူတွေအများကြီး မတတ်နိုင်လည်း ကိုယ်နိုင်သလောက်တော့ ကိုယ်နဲ့ပတ်သက်တဲ့ လူတွေအတွက် တာဝန်ကျေတဲ့သူ ဖြစ်ချင်တယ်  ကိုယ့်ကြောင့် သူတို့ကိုယ်တိုင်နဲ့သူတို့ မိသားစု စားဝတ်နေရေးတွေ အဆင်ပြေကြတယ်ဆိုရင်  ကိုယ်အရမ်းကျေနပ်တယ် ''

''ကိုကိုကြီးက တော်လိုက်တာနော် ကုသိုလ်တွေလည်း အများကြီး ရမှာသိလား ပေးထားတဲ့လစာကလည်း များတယ် အစားအသောက်ကလည်း ကျွေးသေးတယ်ဆိုတော့ မသိရင် အလှူလုပ်နေသလိုပဲ''

''ကိုယ်လည်း အကျိုးအမြတ်ရ သူတို့ဖက်ကလည်း မနစ်နာတော့ ကောင်းတာပေါ့ မိန်းမရယ် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့ ဟုတ်ဖူးလား''

''အနော့်ယောက်ျားကလေ သူတော်ကောင်းကြီးသိလား မဟုတ်တာလည်း မပြောဘူး လုပ်လည်း မလုပ်ဘူး  တစ်ခုပဲ တစ်ခုလေးပဲ ပြောစရာရှိတာ''

''ဟာ ဘာလဲကွာ သူတော်ကောင်းကြီးဆိုလို့ ဒီမှာ မြှောက်တော့မလို့  ရှိသေး တစ်ခုပဲရှိတယ်ဆိုတော့ လူက လေထဲမှာ တန်းလန်းကြီး''

''ခစ်ခစ်ခစ် ''

''အနော်က အတည် ပြောနေတာ ကိုကိုကြီးရဲ့ သမာအာဇီဝနဲ့ အသက်မွေးတယ် ကိုယ့်ဝန်ထမ်းတွေကိုလည်း ကြည့်ရှုစောင့်ရှောက်တယ်ဆိုတာ ကောင်းမှုတွေ လုပ်နေတာလေ ''

''ဒါပေမယ့် ပြောစရာရှိတဲ့ အပြစ်က ဘာလဲဆိုတော့ အကောင်တွေကို သတ်တာ''

''ဟာကွာ ကိုကိုကြီးက အကောင်ကြီးတွေတော့ မသတ်ပါဘူးကွ ပြီးတော့ ဒီတလော သတ်တယ် ဆိုတာကလည်း သက်ကလေးကို  အရမ်းလတ်ဆတ်တာလေးတွေ ကျွေးချင်တာလည်း ပါတယ်''

''ဪ ကိုကိုကြီးကလည်း အသက်ဆိုမှတော့ ပုရွက်ဆိတ်ကလေး ပိုးဟပ်ကလေးကလည်း အသက်ပဲလေ အတူတူပဲပေါ့  ပြီးတော့ အနော့်ကို ကျွေးချင်လို့ဆိုပေမယ့်လည်း အပြစ်ခံရတော့ ကိုကိုကြီးပဲ ခံရမှာ ''

မိ''န်းမကို ကျွေးလို့ ခံရတာများကွာ ဆယ်ခါပြန်တောင် ခံရဲသေးတယ်''

''ကိုကိုကြီး!!!!''

သော်တာ အသံကုန် အော်ပစ်လိုက်ပြီး ကိုကိုကြီးရဲ့ ကျောပေါ်ကနေ အတင်းလျှောဆင်းချလိုက်သည်....

"ဟာ ဘာဖြစ်တာလဲ သက်ကလေးရဲ့''

''ကိုကိုကြီးပြောတာကို ကြည့်လေ အနော်စားဖို့ လုပ်တာတဲ့ အနော်ကြောင့် ကိုကိုကြီးက အပြစ်ခံရတော့ အနော်က ဘယ်လိုလုပ် စိတ်ချမ်းသာမှာလဲလို့''

''ဟာ ကလေးရယ်  အဲလောက် စိတ်ထဲ မထားရဘူးလေကွာ ''

''အနော်က အတည်ပြောနေတာ ဒီမှာဆက်နေလို့ ကိုကိုကြီးက အကောင်တွေ သတ်နေအုံးမယ်ဆိုရင် အနော်တို့  ပြန်ကြစို့''

''ဟာ မလုပ်ပါနဲ့ အချစ်ရယ် ကိုယ်က ပျော်လို့ကြည်နူးလို့တောင် မဝသေးတဲ့ဟာကို ''

''ဘာလဲ ဘာကိုကြည်နူးတာလဲ  ရှင်ကြီး ကြည်နူးတာကလေ အနော်က ဒီမှာ မပြောလိုက်ချင်ဘူး  ဟွန့်''

စကားကို ဆုံးအောင် မပြောပဲ သူ့ကို မျက်စောင်းထိုးပြီး ဟိုဖက်ကို လှည့်သွားတဲ့ ပူတူးလေးကို နေတင် ရယ်ချင်သွားရပြီး ....

"ဟားဟားဟား''

''ဘာလဲ မိန်းမ ဘာဖြစ်လို့လဲ ဘာကို မပြောချင်တာလဲ  ''

''သွား''

''ဟားဟားဟား ကိုကိုကြီး ချစ်လိုက်တာ သေးသေးလေးရယ် ''

Gordon ထဲက တောအုပ်ထဲမှာ ချစ်ရတဲ့ မိန်းကလေးငယ်လေးရဲ့လက်ကို ပိုင်ပိုင်နိုင်နိုင်တွဲပြီး  လမ်းလျှောက်နေရတာကို နေတင်  ဘယ်လို ကြည်နူးမှန်းကိုမသိ ....

''လမ်းလျှောက်နေရတာ ကိုယ့်ကလေး ခြေထောက်တွေ ညောင်းနေရောပေါ့ကွာ လာ ကျောပေါ်ကို ပြန်တက်"

''ဟင့်အင်း ကိုကိုကြီး အနော် လျှောက်နိုင်တယ်''

''ဒါဆိုလည်း ပခုံးပေါ်မှာ ထမ်းမယ်ကွာ လာ''

"အာ  ကိုကိုကြီး မလုပ်ပါနဲ့ဆို ''

''ဟာ ငြိမ်ငြိမ်လေး လိုက်လာလေကွာ ''

ကိုကိုကြီးက အနော့်ကို ထမ်းပြီးလမ်းလျှောက်ရလည်း ဘယ်လိုမှ မနေဘူးလား မသိ သူတစ်ယောက်ထဲ လျှောက်နေသလိုမျိုး ပေါ့ပါးသွက်လက်လို့ နေတော့သည်....

"အာ ဖြည်းဖြည်းလျှောက်ပါ အနော် နေရခက်တယ်''

''ဟုတ်လားကလေး ဘယ်နားက အဆင်မပြေတာလဲ''

''ဗိုက် အနော့်ဗိုက်ထဲက အောင့်တယ်''

''ဟာ ဟုတ်လား ကလေး''

ကိုကိုကြီးက အလန့်တကြား ပခုံးပေါ်ကနေ အမြန်ချပေးရှာပေမယ့် သော်တာ့ဗိုက်က အဆင်မပြေ....

သော်တာ ဗိုက်ကလေးကို ဖိအုပ်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ရတော့သည်....

"အနော့် ဗိုက်ထဲက နာနေတယ် ကိုကိုကြီး''

''ဟာ  ပြဿနာပဲ''

''ကိုယ့် ပခုံးပေါ်ထမ်းလို့ နာတာ ပြောရအောင်ကလည်း ထမင်းစားပြီးတာကလဲ ကြာနေပါပြီ ဘာဖြစ်လို့များ နာတာပါလိမ့် "

ဆောင့်ကြောင့်ထိုင်လိုက်တော့ ဘာကြောင့်နာနေလဲဆိုတာ သော်တာ သေချာသွားရသည်....

"သိပြီ အနော်က ဝမ်းသွားချင်နေတာ ကိုကိုကြီး''

''ဟင် ဟုတ်လား ဒါဆို ထလေ ကလေး 
ဟိုအပင်လေးအကွယ်မှာ သွားလိုက်လေ''

''ဟာ အိမ်သာ မရှိပဲ အနော်က  အီးဘယ်လို ပါရမှာလဲလို့ ''

''အိမ်နဲ့က ဝေးတယ်လေ ကလေးရဲ့ ကလေးက အောင့်ထားလို့ ရသေးလား''

''ဟင့်အင်း မရတော့ဘူး''

''လာပါဆိုကွာ ''

မျက်နှာလေးပျက်နေရှာပြီး ချွေးတွေပါ ပြန်နေတဲ့ ကလေးကို နေတင် ချိုင်းကနေ မကာ အပင်ကွယ်လေးကို ရွှေ့ပေးလိုက်သည်....

''မအောင့်ထားနဲ့တော့ကလေး အဲဒီမှာပဲ ဖြေရှင်းလိုက်တော့ "

အန္တရာယ်ကို မလွယ်ထားနိုင်ရှာတော့တဲ့ သူ့ရဲ့ကလေးဟာ သစ်ပင်အကွယ်ကို ရောက်တာနဲ့  ဗုံးခွဲလိုက်ပုံရသည် ....

အနံ့တွေ ရလာတော့မှ နေတင် ကိုယ့်အဖြစ်ကိုယ် သတိထားမိကာ ရယ်ချင်လှသည် ....

သက်ကလေးကို သူအချစ်လွန်နေလိုက်တာများ ဗိုက်ထဲမှာ အီးတွေ ရှိတယ်ဆိုတာတောင်  သတိမရတော့တဲ့အထိကို ဖြစ်နေတာလေ ....

''ဟားဟားဟား"

''ဟာ ဘာရီတာလဲလို့ သူများက ဗိုက်နာနေတဲ့ဟာကို''

''နာမှာပေါ့ကွာ စားတာကလည်း နည်းရှာတာကို 
အဟား''

''မဟုတ်ဘူး အနော့်ကို စပ်ချဉ်တွေ ကျွေးလို့ ဖြစ်တာ'''

"ဟားဟားဟား''

''အနေတော်လေး စားရင် ဘာမှ မဖြစ်ပါဘူးကွာ ကလေးက အများကြီး စားပစ်တာကိုးကွ''

''ကိုကိုကြီးက ဘာလို့ စားကောင်းအောင် ဖျော်ထားလဲလို့''

''ဟောဗျာ''

"စားမကောင်းရင် သူဌေးသမီး ရန်ကုန်သူလေးက  စားနိုင်မှာမို့လားကွာ ကိုကိုကြီးက မေတ္တာတွေ စေတနာတွေ အများထည့်ပြီး ချက်ပေးထားတာလေ''

''ပြီးသွားရင် အနော် ရေ ဘယ်လို ဆေးရမလဲ  ကိုကိုကြီး''

နေတင် မျက်နှာလွှဲပြီး အနားကို တိုးသွားကာ....

"ရော့ ကိုကိုကြီးရဲ့ လက်ကိုပုဝါနဲ့ သုတ်လိုက်''

''အာ ပေါက်ပေါက်ရှာရှာ  အနော့် ယောကျာ်းဟာကို သုတ်စရာလားလို့'''

''ဒီနားမှာ အဆင်ပြေတာ ဘာမှမရှိဘူး ကလေးရဲ့ သုံးလိုက်ပါ  ပြီးရင် လွှင့်ပစ်လိုက်တာပေါ့''

''ဟာ မသုတ်ချင်ပါဘူးဆို  အနော် ချောင်းထဲမှာ ရေသွားဆေးမယ် ''

''ဟင်'''

နေတင် အံဩလို့မှ မပြီးသေး အသေးလေးက ရှေ့ဂါဝန်စလေးနှစ်ဖက်ကို မပြီးထလာလေသည်...

ဂါဝန်နဲ့ အတူ ဘောင်းဘီလေးကိုပါ လက်ထဲမှာ လုံးထွေးပြီး ကိုင်ထားရှာတာမို့  ရယ်ချင်လှပေမယ့်  သူမရယ်ရက်....

''ထိကုန်ရင်တော့ နံကုန်တော့မှာပဲ ဒုက္ခပါပဲ ဟွန့်"

''ဪ မထိအောင် အနောက်ကနေ ကိုကိုကြီး မထပေးမှာပေါ့ ကလေးရဲ့  သွား ရှေ့ကသွား ''

သက်ကလေးကို ဖြစ်နေပုံကိုကြည့်ပြီး
နေတင်မျက်စိထဲမှာ ကလေးတွေ ကြိုက်တဲ့ စင်ဒရဲလား ကာတွန်းကားထဲက  မိထွေးရဲ့ သမီးနှစ်ယောက် ပွဲတက်ဖို့ ဂါဝန်စကို မပြီး ကော့လန်ကော့လန် လျှောက်နေကြတဲ့ပုံကို မျက်စိထဲ မြင်ယောင်ကာ ကြိတ်ရယ်နေရတာ ဗိုက်တောင် နာနေပြီဖြစ်သည်...

ဒါဖြင့် အခု သူ့ပုံကကောတဲ့  ....

Gordon ရဲ့ အရှင်သခင်ပါလို့ လူတွေက မော်တောင် မကြည့်ရဲအောင် ရှိန်ကြကြောက်ကြရသမျှ  ကိုယ့်အသည်းနှလုံးရဲ့ အရှင်သခင်မလေးနဲ့လည်း တွေ့ရော  အနောက်ကနေ ဂါဝန်စပါ မထားပေးရတဲ့ အဖြစ်....

''ဟားဟားဟား"
~~~~~~~~~~~~~~~~~~~~~~~
ဆက်လက်ကြိုးစား နှလုံးသားဖြင့် ရေးသားသွားပါမည်...(Yue Lynn)
ဆက်ရန်
Part _32

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_31

"ကိုကိုႀကီး အေနာ္ ပန္းေတြသြားၾကည့္မယ္ေနာ္"

"ေတာင္ေပၚၿခံဆို ေတာင္ေပၚၿခံပဲသြားေနာ္ ကေလး အေဝးႀကီးေလွ်ာက္မသြားနဲ႕"

"ဟုတ္ကဲ့ပါ ကိုကိုႀကီးရဲ႕ စိတ္ခ်"

ေနတင္ကေတာ့ ဟင္းခ်က္ေနတာကို စိတ္ထင့္ရင္း ေတာင္ေပၚတက္သြားတဲ့ သက္ကေလးကို  လည္ျပန္ၾကည့္ရင္း  ဟင္းအိုးကိုသာ အာ႐ုံစိုက္လိုက္ေလသည္  .....

ေသာ္တာသည္ ဒီေနရာကိုေရာက္တည္းက သေဘာအက်ဆဳံးေနရာက ေတာင္ေပၚၿခံေလးျဖစ္သည္....

ၿခံေစာင့္က ေသခ်ာသပ္သပ္ရပ္ရပ္ျပဳစုေစာင့္ေရွာက္ထားတာမို႔ စားပင္သီးပင္ေတြေကာ အလွပန္းပင္ေတြကအစ သေဘာက်စရာႀကီးျဖစ္သည္....
အခု ေသာ္တာတို႔ခိုးေျပးလာတာမို႔ ကိုကိုႀကီးကေရွာင္ခိုင္းထားပုံရသည္....ဒီဝန္းက်င္မွာလူဆိုလို႔ေသာ္တာတို႔ပဲရွိေလသည္...

အပင္ေတြကိုလွည့္လည္ၾကည့္ရႈေနရင္း ...

"ဂြစ္"

"ဂြစ္"

"ဂြစ္"

"ဟင္ ဒါ...ဒါ ဝက္သံမလား"

ေတာင္ေပၚကေန နိမ္ေလွ်ာေလးဆင္းသြားလွ်င္  ေရအိုင္ငယ္ေလးရွိကာ ဝက္မႀကီးတစ္ေကာင္နဲ႕ဝက္ကေလးသုံးေကာင္...

"အိုး ဝက္မႀကီးမိသားစု"

အရင္ကအသံမၾကားေတာ့ ဝက္သားမိေတြရွိမွန္းေတာင္မသိတာမို႔ ေသာ္တာသည္စပ္စုရန္ ခ်က္ခ်င္းဖင္တ႐ြတ္တိုက္ေလးဆင္းသြားလိုက္ေလေတာ့သည္.....

"ဟိုင္း...."

ဗြက္နံ႕နဲ႕ဝက္နံ႕နဲ႕ဆိုေပမယ့္ ေသာ္တာသည္ အျပင္မွာ အခုမွ ျမင္ဖူးေသာ ဝက္မိသားစုကိုၾကည့္ကာအနီးကပ္ေတြ႕ခ်င္တာမို႔ အနားကပ္လာလိုက္ေလသည္.....

လုံးလုံးတုတ္တုတ္ဝက္ကေလးသုံးေကာင္ကိုၾကည့္ကာ ေသာ္တာသည္ အရမ္းပင္ခ်စ္ေနေလသည္..

"ေဟး ဗြက္လူးေကာင္ေလးေတြ  ပက္ ပက္ ပက္"

"အာ  မဟုတ္ဘူးဟ ဒါကို ဆိတ္ကို ေခၚတဲ့အသံ"

"ဝက္ကို က ဘယ္လိုေခၚရတာလဲ"

ဝက္ကေလးကို ခ်ီခ်င္တာမို႔ ေသာ္တာႀကံရာမရျဖစ္ေနေလသည္.....

"အ႐ြက္နဲ႕ မွ်ားေခၚရင္ေရာ"

ကုန္းေပၚျပန္ကုပ္ကပ္တက္ကာ မုန္ညွင္း႐ြက္ေတြခ်ိဳးယူလိုက္ေလသည္....
တစ္ဖန္ ဗြက္ကန္နားေရာက္လာကာ....

"အင့္ ...ေရာ့...လာလာလာ ဒီနားလား ဝက္ပုတ္ေလး"

ဝက္ကေလးေလးသည္ ႏွာေခါင္းျဖင့္ မုန္ညွင္း႐ြက္ကိုတရႈံ႕ရႈံ႕နမ္းေပမယ့္ မစားပဲ ေရွ႕ဆက္မတိုးျဖစ္ေနေလသည္..

"ဝက္ပုတ္ရ ေရွ႕တိုးပါဆို အေနာ္ခ်ီခ်င္လို႔ စကားနားမေထာင္ရင္ ကိုကိုႀကီးလက္ကို အပ္ၿပီး ဝက္ကင္လုပ္စားပစ္လိုက္ရမလား ေျပာ"

ဝက္ကေလးသည္ ေရွ႕တိုးလာရင္းကေန ဖင္ေပးကာ တစ္ဖက္သို႔အလွည့္ ေသာ္တာကလည္း ဝက္ၿမီးကို လွမ္းအဆြဲ..

"ျဗန္း"

"အင့္....အီး  ဗြက္ေပကုန္ၿပီ  ဝက္ပုတ္ ဝက္စုတ္"

ဗြက္အိုင္ထဲ ေမွာက္ရက္လဲက်သြားတာမို႔ နို႔ႏွစ္ေရာင္ခ်ည္သားcrop topနဲ႕ေဘာင္းဘီျဖဴေလးဟာ ခ်က္ခ်င္း မည္းညစ္သြားေလေတာ့သည္....

"နံတယ္ ေပလည္းေပသြားၿပီ ဟြင့္"

ေပသြားမယ့္ အတူတူ သက္ေသာ္တာထြဋ္သည္ ဗြက္အိုင္ထဲ ဝက္သုံးေကာင္နဲ႕ အတူတူ အားရပါး ေဆာ့ပစ္လိုက္ေလေတာ့သည္...

"ဟူး ေမာလိုက္တာ"

ဝက္အေမႀကီးကေတာ့ အေတာ္ေအးသည္ ေသာ္တာတို႔ ေလးေကာင္ ဒီေလာက္ ေမ်ာက္ရႈံးေအာင္ ေသာင္းက်န္းေနတာေတာင္ အအိပ္မပ်က္ပါ...
ဝက္အေမႀကီးကိုယ္ကို မွီကာ အေမာေျဖေနလိုက္ေတာ့ ေသာ္တာေဘး ဝက္ကေလးေလးသုံးေကာင္ဟာလည္း တန္းစီ လာအိပ္ေလသည္...

ေနတင္သည္ ဟင္းခ်က္ေနရင္း သက္ကေလးရဲ႕ ေအာ္ေအာ္လိုက္တဲ့အသံမ်ိဳးၾကားေနရေလသည္...
ဟင္းခ်က္ၿပီးတာနဲ႕ သူလည္း ေတာင္ေပၚၿခံေပၚတက္လာလိုက္ေလသည္...
ေတာင္ေပၚၿခံထဲရွင္းေနကာ  သက္ကေလးရဲ႕ အရိပ္ေယာင္ေတာင္မေတြ႕ရ..

"အာ ဒီေကာင္ ဘယ္ေရာက္ျပန္ၿပီလဲ"

"ပူတူး"

"အေသးေလးေရ"

"ေသးေသးေလး"

"ကိုကိုႀကီး အေနာ္ ဒီမွာ"

အသံက ေအာက္ဘက္ပိုင္းဆီက အသံၾကားလိုက္ရတာမို႔ ေနတင္ လာလိုက္ေတာ့....

"ကေလး ဘယ္မွာလဲ "

"ကိုကိုႀကီး အေနာ္ ဒီမွာေလ"

လက္တစ္ေခ်ာင္းေထာင္ျပလာမွပဲေနတင္သည္ မ်က္လုံးအစုံျပဴးကာ ေအာက္ကို​ဘယ္လိုေျပးခုန္လို႔ေရာက္သြားမိမွန္းမသိ...

"ဟာ ဒါ ဘယ္လိုျဖစ္ရတာလဲ အေသးေလးရဲ႕"

ေခါင္းကေန ေျခအဆုံးထိ ဗြက္မ်ားေပသလူးေနကာ ႐ုပ္ကိုေတာင္မျမင္ရေတာ့..

"အေနာ္ ဘာမွမလုပ္ဘူး သူတို႔လုပ္တာ"

ဝက္ကေလးသုံးေကာင္ကိုလက္ညိုးထိုးကာ သူမကေတာ့ ဘာမွမသိရွာတဲ့ သူေတာ္ေကာင္းေလးေပါ့..

"မနက္ကပဲေရခ်ိဳးထားတာေလ သက္ကေလးရာ အခု ကိုယ့္ကိုျပန္ၾကည့္စမ္း"

"အေနာ္ကို သူတို႔ ဒီထဲ တြန္းခ်တာပါဆို"

ျဖစ္နိုင္သလားဆိုတာပဲေတြးၾကည့္ ​ဝက္ကေလးက သူမကိုတြန္းခ်သည္ဆိုပဲ..

"ထားပါေတာ့ကြာ မနံဘူးလားကြာ ဒီေလာက္နံေစာ္ေနတာကို လာလာ တက္ေတာ့"

"ဟင့္အင္း အေနာ္သူတို႔နဲ႕ ေဆာ့တာ ခဏပဲရွိေသးတယ္ ခဏေနအုံးမယ္"

"ေဟ့ေကာင္ ဗြက္လူးေနတာရပ္သင့္ၿပီ ဝဲေပါက္လာရင္ ငါက ဝဲထူလို႔ ေခၚမွာေနာ္ "

"ကိုကိုႀကီးေနာ္ ဘာဝဲထူလဲ အေနာ္က Nurse ဝဲအေပါက္ခံမလား"

"နံတယ္ကြာ လာေတာ့လာ"

"လာဘူး  နံရင္ အိမ္ျပန္ေတာ့ သြား"

" ေတာ္ေတာ္ ဆိုးပါလား လာခဲ့ အခု"

မထူးေတာ့တာမို႔ ေနတင္လည္း ဗြက္ထဲဆင္းရာ သူမကိုယ္ေလးကို ေကာက္ခ်ီၿပီး ပခုံးေပၚတင္ကာ ထမ္းလာလိုက္ေတာ့သည္...

"ကိုကိုႀကီး "

"ကိုကိုႀကီးဆို"
_
_
_
_
_
"ဗြမ္း"

ေခ်ာင္းထဲပစ္ခ်လိဳက္ကာ သူပါ ဒိုင္ပင္ထိုးလိုက္ေလေတာ့သည္...

"ဘာလို႔ လူကို အရမ္းရမ္း"

"အာ့ "

"ေခြးမေလး ကိုက္တယ္ၾကည့္စမ္း"

သူ႕ပခုံးကို ကိုက္ခဲလာတာမ်ား ဘယ္တုန္းတည္းက ေခ်ာင္းေနလဲမသိ..

"ဘာမွန္းလဲမသိဘူး သူမ်ားက ေနအုံးမယ္ဆိုတာကို အတင္းေခၚလာတယ္"

"ဗြက္လူးစရာလားကြ "

"ေတာ္ၿပီ မေနေတာ့ဘူး Gordonကိုျပန္မယ္ ဒီမွာ မေနခ်င္ေတာ့ဘူး ျပန္ပို႔ေပး ...ျပန္ပို႔ေပးလို႔"

"ဟာ ကေလး"

"ျပန္ပို႔ေပးေတာ့ "

ေသာ္တာ ကိုကိုႀကီးကို မည္းေနခ်ိန္မွာ ႐ုတ္တရက္ႀကီး ႐ြာခ်လာတဲ့ မိုးမ်ား..

"ဟင္ မိုး...မိုး႐ြာတယ္"

"အင္း မိုး႐ြာလာၿပီ ကေလး ျမန္ျမန္အၾကမ္းခ်ိဳးလိုက္ အေအးပတ္မယ္ အိမ္ထဲဝင္ရေအာင္"

"ကိုကိုႀကီး"

သက္ကေလးက ခါးေထာက္ကို သူ႕ကို အျမင္တစ္မ်ိဳးၾကည့္လာေလသည္..

"မိုး႐ြာတာ ကိုကိုႀကီးလုပ္တာ မဟုတ္လား"

"စြပ္စြပ္စြဲစြဲ ေသးေသးေလးရာ"

"လာမလိမ္နဲ႕ အခု အေနာ္​ျပန္မယ္ေျပာလို႔ မိုး႐ြာခိုင္းျပန္ၿပီမဟုတ္လား"

"မဟုတ္ရပါဘူးဗ်ာ မိုးက သူ႕ဟာသူ ႐ြာခ်လာတာကေလးရဲ႕"

"အေနာ္မယုံဘူး ျပန္မယ္ေျပာလို႔ ကိုကိုႀကီး လုပ္တာအေနာ္သိတယ္"

"ေရာ္  ဘယ္ကိုမွ ဖုန္းမဆက္ရေသးပါကြာ"

"လိမ္တာ"

"လူတစ္ျခား ဖုန္းတစ္ျခားေလ အဟြန္း ဟြန္း ၾကည့္ရတာ ရာသီဥတုက ကိုယ့္ဘက္ပါေနတာထင္တယ္"

"လူယုတ္မာႀကီးလို ရယ္တာ သြား ကိုကိုႀကီးနဲ႕
မတည့္ေတာ့ဘူး အေနာ္နဲ႕ ေဝးေဝးေန"

"ေဟာဗ်ာ"

မိုးေရထဲရစ္ေန ဂ်စ္ေနတဲ့ သူ႕ဇနီးငယ္ေလးကို ၾကည့္ကာ ေနတင္သည္ ေခ်ာ့ရမလားေျခာက္ရမလားမသိျဖစ္ေနစဥ္....

"ဂ်လိန္း"

"ဒိန္း"

"ဒိန္း"

"အမယ္ေလး..ကိုကိုႀကီး"

ခ်က္ခ်င္း သူရင္ခြင္ထဲ ေတာက္တဲ့လိုကပ္ကာဖက္တြယ္လာတဲ့ေကာင္မေလးက အခုနက ေပါက္ေပါက္ေဖာက္ေနတာ သူမဟုတ္တဲ့အတိုင္း ၿငိမ္သက္သြားေလသည္..

"ကိုကိုႀကီး"

"ဗ်ာ"

"အေနာ္ကို ဖက္ထား"

"ေၾကာက္ေနတာလား ကေလးက"

ေသာ္တာမ်က္ႏွာေလးကို ေမးဖ်ားကေန ပင့္ေမာ့ေစလိုက္ကာ ကိုကိုႀကီးက သူအရပ္ႀကီးျဖင့္အုံ႕မိုးလိုက္တာေၾကာင့္ မ်က္ႏွာေပၚမိုးေရစက္မ်ား က်မလာေတာ့ပါ...

"ကိုယ္ရွိတယ္ေလ ဘာေၾကာက္စရာလိုလဲ "

ကိုကိုႀကီးႏႈတ္ခမ္မ်ားသည္ ေသာ္တာႏႈတ္ခမ္းနားရစ္သီဝဲရင္း ေအာက္ဖ်ားေလးကို ခပ္ေျဖးေျဖးဆြဲစုပ္လာေလသည္...
တစ္ခဏအတြင္းမွာပင္ကေလးငယ္ရဲ႕ ႏႈတ္ခမ္းလႊာႏွစ္ခုဟာစိုရဲေနခဲ့ၿပီးေမာဟိုက္ေနသည့္ အသက္ရႈသံနဲ႕အတူ ႏွစ္ဖူးျပင္ခ်င္းႏွစ္ခုထိစပ္လ်က္မ်က္ဝန္းႏွစ္စုံဟာလည္း အၾကည့္ခ်င္းေတြ ဆုံေနခဲ့လ်က္...

"အရမ္းခ်စ္တယ္ သက္ကေလး"

_
_
_
_
_
×××မိုးအုံ႕ လို႔ သစ္႐ြက္ေလးေတြ ၿငိမ္ေနရင္ တိမ္ေတြၿပိဳေတာ့မွာႀကိဳသိတယ္××××

×××ဝါဆိုရယ္ သိပ္သတိရမိတယ္×××

××××ပုန္းညက္တို႔ ေရာက္ရွိေၾကာင္းကို ေၾကညာကာ
ေငြမႈန္ေငြစေတြ ႐ြာေတာ့ကြယ္×××××

"ၾကည့္ ကိုကိုႀကီးက ဝါဆိုမ ကို သတိရျပန္ၿပီ"

တစ္ကိုယ္လုံးကို အႏွီးထုတ္ေလးလို ထုတ္ကာ ေခါင္းကို အေျခာက္သုတ္ေပးေနစဥ္ ရစ္လာျပန္တဲ့ အေသးေလး....

မိုးေအးတာနဲ႕ ေနတင္လည္း ဒီသီခ်င္းေလးကို
ေကာက္ဖြင့္ထားမိေလသည္...

"မဟုတ္တာ ကေလးရာ ဒီသီခ်င္းစာသားထဲက ဝါဆိုဆိုတာ ဝါဆို ကဆုန္ နယုန္ အဲ့လို ျမန္မာလကို ကိုယ္စားျပဳဆိုထားတာပါကြာ...ကေလးထင္သလို လူဝါဆိုမွ မဟုတ္တာကြာ"

"ေတာ္ေတာ္ႀကိဳက္တယ္ေပါ့ ဟုတ္လား ဒီသီခ်င္းေလးကို "

"အရင္ကေတာ့ ဒီအတိုင္းနားေထာင္တာပါ ကေလးနဲ႕ ခိုးေျပးတဲ့ညကလည္း မိုး႐ြာေနေတာ့ ဖြင့္ရင္း ဖြင့္ရင္း အရမ္းႀကိဳက္သြားတာ"

"သီခ်င္းေလးက လြမ္းစရာေလးေနာ္"

"နားေထာင္ရေကာင္းပါတယ္ ကေလးမယုံရင္ အာ႐ုံႏွစ္နားေထာင္ၾကည့္ ...သီခ်င္းကို မနာလိုမျဖစ္နဲ႕ သုေနတင္ထြဋ္ကေလ မင္းနဲ႕မွ ဘဝစတာ အဲ့တာကိုယုံ"

"အဟြန္း အေနာ္ ကိုကိုႀကီးက ခ်စ္ဖို႔သိပ္ေကာင္း "

"ကဲ ေျခာက္သြားၿပီ အကၤ်ီေလးလဲရေအာင္"

ေရာက္ထဲက ဝတ္လိုက္ရတဲ့ အတိုအျပတ္ေလးေတြက ဒီေန႕လို မိုးေအးေနလည္း အတိုေလးပင္ျဖစ္သည္....

"ကိုကိုႀကီး မိုးေအးေနတယ္ ေဘာင္းဘီရွည္ဝတ္မယ္"

"မလိုဘူး ကေလးက ခဏေန ေခြၽးထြက္ေတာ့မွာ "

"ဟာ ကိုကိုႀကီးေနာ္ သြား ဘာမွန္းလဲမသိဘူး"

"အဟြန္း ဟြန္း ဟြန္း"
_
_
_
_
"အေသးေလးေရ''

''ရွင္''

''လာ ေက်ာေပၚတက္''

ေန႕လည္ အိမ္ထဲမွာ ဇာတ္ကားၾကည့္ေနၾကရင္း ေနေလး နည္းနည္းက်လာတာနဲ႕ ကိုကိုႀကီးက အျပင္ကိုထြက္ဖို႔ ျပင္ေတာ့သည္ .....

ေသာ္တာ့ေရွ႕နားမွာ ဒူးေထာက္ၿပီး ေက်ာေပၚတက္ခိုင္းေနတာမို႔ ေသာ္တာ အံ့ဩသြားရရင္း....

"ဟင္ ဘာျဖစ္လို႔လဲ ကိုကိုႀကီး''

''ေတာထဲမွာ နည္းနည္းပတ္မယ္ကြာ လာ  ကေလးပါလိုက္ခဲ့''

''ဪ အေနာ္ပါ လိုက္ရမွာလား ဒီအတိုင္း လမ္းေလွ်ာက္ၿပီး လိုက္မယ္ေလ''

''တက္စမ္းပါကြာ''

''ဟာ ကိုကိုႀကီး ေလးေနမွာေပါ့လို႔''

''ဟ ဒီေလာက္ ပိစိေညွာက္ေတာက္ေလးကို ပိုးရတာမ်ား ဘာလို႔ ေလးရမွာလဲကြ''

''ဟင့္အင္း အေနာ္လည္း လမ္းေလွ်ာက္ၿပီး လိုက္မွာ''

''ပင္ပန္းတာေပါ့  အသက္ရယ္ လာပါကြာ ေက်ာေပၚကိုသာ တက္စမ္းပါ''

''ဟင့္အင္း မတက္ဘူးဆို''

''သက္ကေလး''

''ဟာ ကိုကိုႀကီးတစ္ေယာက္ထဲ ပင္ပန္းေနၿပီး အေနာ္တစ္ေယာက္ထဲ ဇိမ္က်ေနတာမ်ိဳးကို အေနာ္ မႀကိဳက္ဘူးလို႔''

ေနတင္ မေနာေခြ႕သြားရၿပီး.....

"ဟားဟားဟားဟား''

''ဟာ ရီျပန္ၿပီ  အေနာ္ ေျပာတာက ဘာရီစရာ ပါလို႔လဲ ေျပာ ''

''အဟား ကေလးေလး ကိုယ့္စကားကိုယ္ မွတ္ထားေနာ္ ကဲ လာပါေတာ့ဆိုကြာ ဒီလိုနဲ႕ မိုးခ်ဳပ္ေတာ့မွာပဲ''

''ဟင့္အင္း လမ္းမေလွ်ာက္ရရင္ အေနာ္ မလိုက္ေတာ့ဘူးေနာ္ အိမ္ေစာင့္ၿပီး ေနခဲ့မယ္ေလ ''

''အာ ခင္ဗ်ားေလး အိမ္မွာ တစ္ေယာက္ထဲ က်န္ခဲ့မွာကို စိတ္မေျဖာင့္လို႔ ေခၚေနတာေလကြာ တက္ပါဆို"

''အေနာ္ ပုခက္မစီးေတာ့ဘူးလို႔ ေနာ္  ဝက္ပုတ္တို႔နဲ႕လည္း ဗြက္မလူးေတာ့ဘူးေနာ္ေလေနာ္ ''

''ေဟ့ မရွည္နဲ႕ေတာ့ လာ တက္''

ကိုကိုႀကီးက ေျပာေျပာဆိုဆို ေသာ္တာ့ကို ေက်ာေပၚကိုတင္ကာ ေျခလွမ္းႀကဲႀကီးေတြနဲ႕ ထြက္လာေတာ့သည္....

''ကိုကိုႀကီးက ဘာလို႔ ေတာထဲကို ေန႕တိုင္းဝင္ရတာလဲ"

""ဒီဖက္ကို ေရာက္တုံး အပင္ေတြ ၿခံစည္းရိုး အေျခအေနေတြကို ၾကည့္ရ စစ္ေဆးရတာေပါ့ မိန္းမရယ္ ကိုယ္မအားရင္ ဒီဖက္ကို မလာျဖစ္ဘူးေလ ""

''ကိုကိုႀကီးက အၿမဲ အလုပ္ရႈပ္ေနတာ မပင္ပန္းဘူးလားဟင္''

''မပင္ပန္းပါဘူးကြာ လူရယ္လို႔ ျဖစ္လာရင္ အလုပ္လုပ္ရမွာေပါ့ ကိုယ္လက္လွမ္းမွီသေလာက္ စြမ္းအားရွိသေလာက္ အလုပ္ေတြ အမ်ားႀကီး လုပ္မယ္ ကိုယ့္ဆီမွာ လာမွီခိုၿပီး အလုပ္လုပ္ၾကတဲ့ လူေတြကို ၾကည့္ရႈ ေစာင့္ေရွာက္မယ္''

''လူေတြအမ်ားႀကီး မတတ္နိုင္လည္း ကိုယ္နိုင္သေလာက္ေတာ့ ကိုယ္နဲ႕ပတ္သက္တဲ့ လူေတြအတြက္ တာဝန္ေက်တဲ့သူ ျဖစ္ခ်င္တယ္  ကိုယ့္ေၾကာင့္ သူတို႔ကိုယ္တိုင္နဲ႕သူတို႔ မိသားစု စားဝတ္ေနေရးေတြ အဆင္ေျပၾကတယ္ဆိုရင္  ကိုယ္အရမ္းေက်နပ္တယ္ ''

''ကိုကိုႀကီးက ေတာ္လိုက္တာေနာ္ ကုသိုလ္ေတြလည္း အမ်ားႀကီး ရမွာသိလား ေပးထားတဲ့လစာကလည္း မ်ားတယ္ အစားအေသာက္ကလည္း ေကြၽးေသးတယ္ဆိုေတာ့ မသိရင္ အလႉလုပ္ေနသလိုပဲ''

''ကိုယ္လည္း အက်ိဳးအျမတ္ရ သူတို႔ဖက္ကလည္း မနစ္နာေတာ့ ေကာင္းတာေပါ့ မိန္းမရယ္ ကိုင္းကြၽန္းမွီ ကြၽန္းကိုင္းမွီေပါ့ ဟုတ္ဖူးလား''

''အေနာ့္ေယာက္်ားကေလ သူေတာ္ေကာင္းႀကီးသိလား မဟုတ္တာလည္း မေျပာဘူး လုပ္လည္း မလုပ္ဘူး  တစ္ခုပဲ တစ္ခုေလးပဲ ေျပာစရာရွိတာ''

''ဟာ ဘာလဲကြာ သူေတာ္ေကာင္းႀကီးဆိုလို႔ ဒီမွာ ျမႇောက္ေတာ့မလို႔  ရွိေသး တစ္ခုပဲရွိတယ္ဆိုေတာ့ လူက ေလထဲမွာ တန္းလန္းႀကီး''

''ခစ္ခစ္ခစ္ ''

''အေနာ္က အတည္ ေျပာေနတာ ကိုကိုႀကီးရဲ႕ သမာအာဇီဝနဲ႕ အသက္ေမြးတယ္ ကိုယ့္ဝန္ထမ္းေတြကိုလည္း ၾကည့္ရႈေစာင့္ေရွာက္တယ္ဆိုတာ ေကာင္းမႈေတြ လုပ္ေနတာေလ ''

''ဒါေပမယ့္ ေျပာစရာရွိတဲ့ အျပစ္က ဘာလဲဆိုေတာ့ အေကာင္ေတြကို သတ္တာ''

''ဟာကြာ ကိုကိုႀကီးက အေကာင္ႀကီးေတြေတာ့ မသတ္ပါဘူးကြ ၿပီးေတာ့ ဒီတေလာ သတ္တယ္ ဆိုတာကလည္း သက္ကေလးကို  အရမ္းလတ္ဆတ္တာေလးေတြ ေကြၽးခ်င္တာလည္း ပါတယ္''

''ဪ ကိုကိုႀကီးကလည္း အသက္ဆိုမွေတာ့ ပု႐ြက္ဆိတ္ကေလး ပိုးဟပ္ကေလးကလည္း အသက္ပဲေလ အတူတူပဲေပါ့  ၿပီးေတာ့ အေနာ့္ကို ေကြၽးခ်င္လို႔ဆိုေပမယ့္လည္း အျပစ္ခံရေတာ့ ကိုကိုႀကီးပဲ ခံရမွာ ''

မိ''န္းမကို ေကြၽးလို႔ ခံရတာမ်ားကြာ ဆယ္ခါျပန္ေတာင္ ခံရဲေသးတယ္''

''ကိုကိုႀကီး!!!!''

ေသာ္တာ အသံကုန္ ေအာ္ပစ္လိုက္ၿပီး ကိုကိုႀကီးရဲ႕ ေက်ာေပၚကေန အတင္းေလွ်ာဆင္းခ်လိဳက္သည္....

"ဟာ ဘာျဖစ္တာလဲ သက္ကေလးရဲ႕''

''ကိုကိုႀကီးေျပာတာကို ၾကည့္ေလ အေနာ္စားဖို႔ လုပ္တာတဲ့ အေနာ္ေၾကာင့္ ကိုကိုႀကီးက အျပစ္ခံရေတာ့ အေနာ္က ဘယ္လိုလုပ္ စိတ္ခ်မ္းသာမွာလဲလို႔''

''ဟာ ကေလးရယ္  အဲေလာက္ စိတ္ထဲ မထားရဘူးေလကြာ ''

''အေနာ္က အတည္ေျပာေနတာ ဒီမွာဆက္ေနလို႔ ကိုကိုႀကီးက အေကာင္ေတြ သတ္ေနအုံးမယ္ဆိုရင္ အေနာ္တို႔  ျပန္ၾကစို႔''

''ဟာ မလုပ္ပါနဲ႕ အခ်စ္ရယ္ ကိုယ္က ေပ်ာ္လို႔ၾကည္ႏူးလို႔ေတာင္ မဝေသးတဲ့ဟာကို ''

''ဘာလဲ ဘာကိုၾကည္ႏူးတာလဲ  ရွင္ႀကီး ၾကည္ႏူးတာကေလ အေနာ္က ဒီမွာ မေျပာလိုက္ခ်င္ဘူး  ဟြန့္''

စကားကို ဆုံးေအာင္ မေျပာပဲ သူ႕ကို မ်က္ေစာင္းထိုးၿပီး ဟိုဖက္ကို လွည့္သြားတဲ့ ပူတူးေလးကို ေနတင္ ရယ္ခ်င္သြားရၿပီး ....

"ဟားဟားဟား''

''ဘာလဲ မိန္းမ ဘာျဖစ္လို႔လဲ ဘာကို မေျပာခ်င္တာလဲ  ''

''သြား''

''ဟားဟားဟား ကိုကိုႀကီး ခ်စ္လိုက္တာ ေသးေသးေလးရယ္ ''

Gordon ထဲက ေတာအုပ္ထဲမွာ ခ်စ္ရတဲ့ မိန္းကေလးငယ္ေလးရဲ႕လက္ကို ပိုင္ပိုင္နိုင္နိုင္တြဲၿပီး  လမ္းေလွ်ာက္ေနရတာကို ေနတင္  ဘယ္လို ၾကည္ႏူးမွန္းကိုမသိ ....

''လမ္းေလွ်ာက္ေနရတာ ကိုယ့္ကေလး ေျခေထာက္ေတြ ေညာင္းေနေရာေပါ့ကြာ လာ ေက်ာေပၚကို ျပန္တက္"

''ဟင့္အင္း ကိုကိုႀကီး အေနာ္ ေလွ်ာက္နိုင္တယ္''

''ဒါဆိုလည္း ပခုံးေပၚမွာ ထမ္းမယ္ကြာ လာ''

"အာ  ကိုကိုႀကီး မလုပ္ပါနဲ႕ဆို ''

''ဟာ ၿငိမ္ၿငိမ္ေလး လိုက္လာေလကြာ ''

ကိုကိုႀကီးက အေနာ့္ကို ထမ္းၿပီးလမ္းေလွ်ာက္ရလည္း ဘယ္လိုမွ မေနဘူးလား မသိ သူတစ္ေယာက္ထဲ ေလွ်ာက္ေနသလိုမ်ိဳး ေပါ့ပါးသြက္လက္လို႔ ေနေတာ့သည္....

"အာ ျဖည္းျဖည္းေလွ်ာက္ပါ အေနာ္ ေနရခက္တယ္''

''ဟုတ္လားကေလး ဘယ္နားက အဆင္မေျပတာလဲ''

''ဗိုက္ အေနာ့္ဗိုက္ထဲက ေအာင့္တယ္''

''ဟာ ဟုတ္လား ကေလး''

ကိုကိုႀကီးက အလန့္တၾကား ပခုံးေပၚကေန အျမန္ခ်ေပးရွာေပမယ့္ ေသာ္တာ့ဗိုက္က အဆင္မေျပ....

ေသာ္တာ ဗိုက္ကေလးကို ဖိအုပ္ၿပီး ေဆာင့္ေၾကာင့္ထိုင္ခ်လိဳက္ရေတာ့သည္....

"အေနာ့္ ဗိုက္ထဲက နာေနတယ္ ကိုကိုႀကီး''

''ဟာ  ျပႆနာပဲ''

''ကိုယ့္ ပခုံးေပၚထမ္းလို႔ နာတာ ေျပာရေအာင္ကလည္း ထမင္းစားၿပီးတာကလဲ ၾကာေနပါၿပီ ဘာျဖစ္လို႔မ်ား နာတာပါလိမ့္ "

ေဆာင့္ေၾကာင့္ထိုင္လိုက္ေတာ့ ဘာေၾကာင့္နာေနလဲဆိုတာ ေသာ္တာ ေသခ်ာသြားရသည္....

"သိၿပီ အေနာ္က ဝမ္းသြားခ်င္ေနတာ ကိုကိုႀကီး''

''ဟင္ ဟုတ္လား ဒါဆို ထေလ ကေလး 
ဟိုအပင္ေလးအကြယ္မွာ သြားလိုက္ေလ''

''ဟာ အိမ္သာ မရွိပဲ အေနာ္က  အီးဘယ္လို ပါရမွာလဲလို႔ ''

''အိမ္နဲ႕က ေဝးတယ္ေလ ကေလးရဲ႕ ကေလးက ေအာင့္ထားလို႔ ရေသးလား''

''ဟင့္အင္း မရေတာ့ဘူး''

''လာပါဆိုကြာ ''

မ်က္ႏွာေလးပ်က္ေနရွာၿပီး ေခြၽးေတြပါ ျပန္ေနတဲ့ ကေလးကို ေနတင္ ခ်ိဳင္းကေန မကာ အပင္ကြယ္ေလးကို ေ႐ႊ႕ေပးလိုက္သည္....

''မေအာင့္ထားနဲ႕ေတာ့ကေလး အဲဒီမွာပဲ ေျဖရွင္းလိုက္ေတာ့ "

အႏၲရာယ္ကို မလြယ္ထားနိုင္ရွာေတာ့တဲ့ သူ႕ရဲ႕ကေလးဟာ သစ္ပင္အကြယ္ကို ေရာက္တာနဲ႕  ဗုံးခြဲလိုက္ပုံရသည္ ....

အနံ႕ေတြ ရလာေတာ့မွ ေနတင္ ကိုယ့္အျဖစ္ကိုယ္ သတိထားမိကာ ရယ္ခ်င္လွသည္ ....

သက္ကေလးကို သူအခ်စ္လြန္ေနလိုက္တာမ်ား ဗိုက္ထဲမွာ အီးေတြ ရွိတယ္ဆိုတာေတာင္  သတိမရေတာ့တဲ့အထိကို ျဖစ္ေနတာေလ ....

''ဟားဟားဟား"

''ဟာ ဘာရီတာလဲလို႔ သူမ်ားက ဗိုက္နာေနတဲ့ဟာကို''

''နာမွာေပါ့ကြာ စားတာကလည္း နည္းရွာတာကို 
အဟား''

''မဟုတ္ဘူး အေနာ့္ကို စပ္ခ်ဥ္ေတြ ေကြၽးလို႔ ျဖစ္တာ'''

"ဟားဟားဟား''

''အေနေတာ္ေလး စားရင္ ဘာမွ မျဖစ္ပါဘူးကြာ ကေလးက အမ်ားႀကီး စားပစ္တာကိုးကြ''

''ကိုကိုႀကီးက ဘာလို႔ စားေကာင္းေအာင္ ေဖ်ာ္ထားလဲလို႔''

''ေဟာဗ်ာ''

"စားမေကာင္းရင္ သူေဌးသမီး ရန္ကုန္သူေလးက  စားနိုင္မွာမို႔လားကြာ ကိုကိုႀကီးက ေမတၱာေတြ ေစတနာေတြ အမ်ားထည့္ၿပီး ခ်က္ေပးထားတာေလ''

''ၿပီးသြားရင္ အေနာ္ ေရ ဘယ္လို ေဆးရမလဲ  ကိုကိုႀကီး''

ေနတင္ မ်က္ႏွာလႊဲၿပီး အနားကို တိုးသြားကာ....

"ေရာ့ ကိုကိုႀကီးရဲ႕ လက္ကိုပုဝါနဲ႕ သုတ္လိုက္''

''အာ ေပါက္ေပါက္ရွာရွာ  အေနာ့္ ေယာက်ာ္းဟာကို သုတ္စရာလားလို႔'''

''ဒီနားမွာ အဆင္ေျပတာ ဘာမွမရွိဘူး ကေလးရဲ႕ သုံးလိုက္ပါ  ၿပီးရင္ လႊင့္ပစ္လိုက္တာေပါ့''

''ဟာ မသုတ္ခ်င္ပါဘူးဆို  အေနာ္ ေခ်ာင္းထဲမွာ ေရသြားေဆးမယ္ ''

''ဟင္'''

ေနတင္ အံဩလို႔မွ မၿပီးေသး အေသးေလးက ေရွ႕ဂါဝန္စေလးႏွစ္ဖက္ကို မၿပီးထလာေလသည္...

ဂါဝန္နဲ႕ အတူ ေဘာင္းဘီေလးကိုပါ လက္ထဲမွာ လုံးေထြးၿပီး ကိုင္ထားရွာတာမို႔  ရယ္ခ်င္လွေပမယ့္  သူမရယ္ရက္....

''ထိကုန္ရင္ေတာ့ နံကုန္ေတာ့မွာပဲ ဒုကၡပါပဲ ဟြန့္"

''ဪ မထိေအာင္ အေနာက္ကေန ကိုကိုႀကီး မထေပးမွာေပါ့ ကေလးရဲ႕  သြား ေရွ႕ကသြား ''

သက္ကေလးကို ျဖစ္ေနပုံကိုၾကည့္ၿပီး
ေနတင္မ်က္စိထဲမွာ ကေလးေတြ ႀကိဳက္တဲ့ စင္ဒရဲလား ကာတြန္းကားထဲက  မိေထြးရဲ႕ သမီးႏွစ္ေယာက္ ပြဲတက္ဖို႔ ဂါဝန္စကို မၿပီး ေကာ့လန္ေကာ့လန္ ေလွ်ာက္ေနၾကတဲ့ပုံကို မ်က္စိထဲ ျမင္ေယာင္ကာ ႀကိတ္ရယ္ေနရတာ ဗိုက္ေတာင္ နာေနၿပီျဖစ္သည္...

ဒါျဖင့္ အခု သူ႕ပုံကေကာတဲ့  ....

Gordon ရဲ႕ အရွင္သခင္ပါလို႔ လူေတြက ေမာ္ေတာင္ မၾကည့္ရဲေအာင္ ရွိန္ၾကေၾကာက္ၾကရသမွ်  ကိုယ့္အသည္းႏွလုံးရဲ႕ အရွင္သခင္မေလးနဲ႕လည္း ေတြ႕ေရာ  အေနာက္ကေန ဂါဝန္စပါ မထားေပးရတဲ့ အျဖစ္....

''ဟားဟားဟား"
~~~~~~~~~~~~~~~~~~~~~~~
ဆက္လက္ႀကိဳးစား ႏွလုံးသားျဖင့္ ေရးသားသြားပါမည္...(Yue Lynn)
ဆက္ရန္
Part _32


Continue Reading

You'll Also Like

162K 7.5K 41
(U&Z) rebirth ဇာတ်လမ်းလေးပါ။ ပြန်လည်မွေးဖွားတဲ့ မိန်းခလေးတစ်ယောက်နဲ့ နာမည်ကျော် idolကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်း။ rebirth ဇာတ္လမ္းေလးပါ။ ျပန္လည္ေမြး...
1.6M 34.5K 72
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
642K 13.2K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.1M 30.4K 31
" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘ...