တစ်ဖက်သတ်အချစ်က အရမ်းကိုနာကျင်ရမှန်းသိခဲ့ရင် chi ရဲ့နှလုံးသားထဲ မှာ အရမ်းအမြစ်မတွယ်ခင် ဖြတ်တောက်နိုင်ခဲ့ရင် အခုလောက်ခံစားရပါ့မလား အခုတော့ နာကျင်ရမှန်းသိရဲ့နဲ့ ပိုင်ရှင်ရှိနေပီမှန်းသိရဲ့နဲ့ ဆက်ပီးချစ်နေ သေးတာဟာ chi ရူးနေလို့ပဲဖြစ်လိမ့်မယ်
** chi နေလို့ကောင်းသွားပီလား **
** အင်း သက်သာသွားပီ perth **
** chi ကျွန်တော်ကောင်မလေးရသွားတာကို စိတ်မဆိုးဘူးမို့လား **
စိတ်ဆိုးတာမဟုတ်ပဲနဲ့ စိတ်မကောင်းဖြစ်ရတာ နာကျင်ရတာလို့ ဖြေခွင့်မရှိဘူးမို့လား
** ဘာစိတ်ဆိုးစရာရှိလို့လဲ perth မင်းလဲအရွယ်ရောက်ပီးလူတစ်ယောက်ပဲ ချစ်သူရည်းစားရှိလာတာအဆန်းမှမဟုတ်တာ **
ကျွန်တော်ရည်းစားရတာနဲ့ပက်သတ်ပီး chi ကအရမ်းကို သက်တောင့်သက်သာရှိနေခဲ့တာပဲ chi ရဲ့ အဲ့လို အေးဆေးနေတဲ့အမူအရာကိုမြင်ရတာ ပျော်ရွှင်ရမဲ့အစား တင်းကျပ်လာတဲ့ခံစားချက်ကြီးက ဘာဖြစ်လို့လဲ
** အဲ့ဒါဆို ကျွန်တော်မိန်းမယူသွားရင်ရော **
** အင်း အဲ့ကြရင်တော့ လက်ဖွဲ့ကောင်းကောင်းပေးဖို့ chi စဥ်းစားရမှာပေါ့ ယူခါနီးရင်တော့ ကြိုပြောနော် perth **
** စတာပါ chi ရယ် အဝေးကြီးလိုပါသေးတယ် **
** အင်း ကဲပါ ပြင်ဆင်စရာရှိတာ ပြင်ဆင်တော့ ရှူတင်စတော့မယ်မှတ်လား chi လဲ အဝတ်စားလဲလိုက်ဦးမယ် **
Perth ကိုကျောပေးလိုက်တဲ့အချိန်မှာပဲ ပါးပြင်ပေါ်ကျလာတဲ့မျက်ရည်စီး ကြောင်းကို ခပ်မြန်မြန်ပဲသုတ်လိုက်ပီး နေရာကနေ ခပ်သုတ်သုတ်ထွက်လာ ခဲ့လိုက်တယ် perth မင်းပျော်နေမယ်ဆို ငါက ဘာပဲဖြစ်ဖြစ် လက်ခံပေးမယ် ဆိုတာ မင်းသိသင့်တယ်
** perth chimon ဒီနေ့ p တို့ရိုက်ဖို့လုပ်ထားတဲ့ အခန်းက ရိုက်ဖို့မဖြစ်နိုင်တော့ဘူး အပြင်မှာ မိုးတွေလေတွေတအားရွာနေတယ် အဲ့ဒါကြောင့် p တို့ bed scene ကိုပြောင်းရိုက်ဖို့ စဥ်းစားထားတယ် မင်းတို့အဆင်ပြေရဲ့လား **
** ဗျာ p ဒီနေ့ အဲ့အခန်းမဟုတ်ပဲနဲ့ တခြားအခန်းရိုက်လို့မရဘူးလား chi ဇာတ်ညွှန်းဖတ်ဖို့လိုသေးလို့ **
** ကျွန်တော်နဲ့တူတူဖတ်မယ်လေ chi နောက်လဲရိုက်ရမယ့်တူတူ ရိုက်လိုက် ကြတာပေါ့ **
** အာ ok **
ဘယ်လိုအခြေနေကြီးလဲ လက်တွေ့ဘဝမှာ နာကျင်နေရတဲ့နှလုံးသားတစ်စုံ နဲ့ chi က အခုတော့ ဇာတ်ကောင် mood ကိုသွင်းပီး perth နဲ့ bed scene ကိုရိုက်ရမယ်ဆိုတာကြီးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သက်ပျင်းတွေကိုသာ အကြိမ်ကြိမ်ချနေမိတော့တယ်
လေပူတွေမှုတ်ထုတ်ရင်း သက်ပျင်းတွေအကြိမ်ကြိမ်ချနေတဲ့ chi ရဲ့ဘေးမှာ ဝင်ထိုင်လိုက်ရင်း
** chi အဆင်မပြေရင် ကျွန်တော် အရင်ကားတွေလိုပဲ ရိုက်ပေးဖို့ ပြောကြည့်ပေးရမလား **
** အာ ရ ရပါတယ် ခန ခနလေး အချိန်လေးနဲနဲလေးပဲလိုတာပါ **
စီးရီးတွေတူတူတွဲရိုက်ဖူးတာမှန်ပင်မဲ့ အရင်ကားတွေရဲ့ bed scene တွေက အခုလောက်ထိ နီးစပ်ထိကပ်စရာသိပ်မလိုပဲ ကင်မရာ ရှုထောင့်တွေကနေ ကြည့်လို့ အဆင်ပြေတဲ့အနေထားလောက်ပဲရိုက်ခဲ့ရတာချည်းပဲ ဒီတခါတော့ လုံးဝမတူပဲ အရမ်းကို ပူစပ်စပ်ဖြစ်မဲ့အနေထားတွေချည်းအပြင် သက်ဝင် လွန်းလှတဲ့ အနမ်းခန်းတွေကို လိုချင်တယ်လို့ ထုတ်လုပ်သူတွေက စီးရီးစ မရိုက်ခင်ထဲက ပြောထားခဲ့ပီးသားဆိုတော့ chi တင်မဟုတ်ပဲနဲ့ ကျွန်တော် ကိုယ်တိုင်လဲ အရမ်းကို ရင်တုန်နေမိတယ်
အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိုခွဲခြားမှဖြစ်မယ်လို့ ခနခန သတိပေးနေမိရင်း နဲ့ပဲ ဇာတ်ညွှန်းကိုသေချာဖတ်နေမိတယ် chi ကြောင့်နဲ့တော့ ရိုက်ကူးရေးကို အထိခိုက်မခံနိုင်တာကြောင့် စိတ်ကိုသေချာပြင်ဆင်ပီး ဇာတ်ကောင်ရဲ့ mood ကို ပြန်ပီးမွေးမြူလိုက်တယ်
** အဆင်သင့်ဖြစ်ရင် ရိုက်တော့မယ် ok လား perth chimon **
** ok p **
______
123 action
** ငါ မင်းကို ဝယ်လို့ရမလား **
** ငါက စျေးကြီးတယ်နော် **
** ရတယ် ငါ့မှာ ပိုက်ဆံရှိတယ် **
** မင်းအပိုင်ဖြစ်ပီးသားကို မင်းသေချာ ဂရုစိုက်ရမယ်လို့ ငါမင်းကို ပြောဖူးတယ်လေ **
ဇာတ်ညွှန်းစာသားတွေပြောလို့အပီးမှာ နီးကပ်လာတဲ့ perth ရဲ့ အသက်ရှူသံနဲ့အတူ နူးညံ့တဲ့ အထိတွေ့တွေကြောင့် သရုပ်ဆောင်နေတယ်ဆိုတာကို မေ့ လျော့သွားတဲ့ထိ chi ရဲ့ နှလုံးသားတွေကတော့ အတိုင်းအဆမရှိခုန်လာခဲ့ရ ပြန်တယ် အရင်အခေါက်တွေနဲ့မတူစွာ မွတ်မွတ်သိပ်သိပ် အနမ်းတွေခြွေနေတဲ့ perth ရဲ့ စီးချက်တွေတိုင်း လိုက်ပါခံစားမိနေရင်း ခံတွင်းထဲဝင်လာတဲ့ လျှာဖျားကြောင့် chi ရဲ့ မျက်နှာတွေထူပူလာရပြန်ပီ ဒီ ဒီ ခံစားချက်ကြီးက ----------
Chi ရဲ့ နှုတ်ခမ်းလေးတွေက နူးညံ့မှန်းသိပင်မဲ့ ဒီနေ့မှထူးခြားစွာနဲ့ ပိုပီးချိုမြိန်နေခဲ့တယ် ပိုပိုတိုးပီး နှုတ်ခမ်းလေးတွေကို စားသုံးနေရင်းနဲ့ ခပ်ဟဟ လေးဖြစ်လာတဲ့ ခံတွင်းလေးထဲကို မွှေနှောက်ဖို့အတွက် ကျွန်တော့်ရဲ့ လျှာဖျားလေးကို ထည့်သွင်းလိုက်ပီး ထပ်မံပီး အနမ်းနယ်ချဲ့လိုက်တဲ့ အခါမှ chi ဆီက ငြီးသံတိုးတိုးလေးကြားလိုက်ရတဲ့အချိန် ကျွန်တော့်တစ်ကိုယ် လုံး လျှပ်စစ်နဲ့တို့ခံလိုက်ရသလို တစ်ကိုယ်လုံး ကျဥ်တက်လာရတယ် oh my god ယောင်္ကျားလေးတစ်ယောက်ရဲ့ ငြီးသံလေးက ဘာလို့ အဲ့လောက်နား ထောင်လို့ကောင်းနေရတာလဲ
Chi မင်းရူးနေပီလား ဘာလို့ ငြီးသံထွက်သွားရတာလဲ ရှက်ဖို့ကောင်းလိုက် တာ chi မင်းရူးနေပီလား ဒါ ရုပ်ရှင်ရိုက်နေတာ ရုပ်ရှင် ရိုက်နေ ဟမ် နောက် နောက်ထပ် perth ရဲ့ နှုတ်ခမ်းတွေက လည်တိုင်ကို ရန်ရှာနေပြန်တယ် ဒီ လောက်ထိ နမ်းဖို့ လို လို့
** အွန်း အ့ **
လည်တိုင်ဖြူဖြူဖွေးဖွေးလေးကိုနမ်းနေရင်းနဲ့ ဖိကပ်ပီး စုပ်နမ်းလိုက်တော့ ထင်လာတဲ့အရာလေးနဲ့အတူ ထပ်မံပီးထွက်လာတဲ့ ငြီးသံပိစိလေး အဲ့အသံလေးကြောင့် ကျွန်တော့်ရဲ့စိတ်တွေက လွတ်ထွက်သွားပီး ကာရိုက်တာ မဟုတ်ပဲနဲ့ perth ဆိုတဲ့ ကျွန်တော့်ရဲ့ မူရင်းစိတ်တွေဝင်နေတယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင်ကလွဲပီး ဘယ်သူမှသိမှာမဟုတ်ပေ အလုပ်နဲ့ ကိုယ်ရေး ကိုယ်တာကို သေသေချာချာခွဲခြားထားနိုင်တဲ့ ကျွန်တော့်လိုလူမျိုးက ဘာ ကြောင့်များ chi နဲ့မှ အခုလိုတွေဖြစ်လာရတာလဲ ကျွန်တော်ရူးများနေပီလား ရုပ်ရှင်ရိုက်နေတယ်လို့ အကြိမ်ကြိမ်ပြန်တွေးနေမိပင်မဲ့ ကျွန်တော့်ရဲ့အောက် မှာ ချွေးလေးတွေဆို့ပီးလှချင်တိုင်းလှနေတဲ့ chi ကြောင့် ကျွန်တော်ကိုယ်တိုင်လဲ ရင်ခုန်သံတွေက ဝုန်းဒိုင်းကျဲနေရပီမဟုတ်လား
အနမ်းတွေဆက်နေရင်းနဲ့ အပေါ်ပိုင်း အင်္ကျီကိုဆွဲချွတ်လိုက်တဲ့ perth ကြောင့် chi ရဲ့ ရင်ခုန်သံတွေ ကျယ်လောင်လာခဲ့ရပြန်တယ် ဘလာကျင်းနေတဲ့ ခန္ဓာကိုယ် နှစ်ခုထိစပ်လိုက်တဲ့အချိန်မှာ အရမ်းကိုမှ ကျယ်လောင်ပီး ဝုန်း ဒိုင်းကျဲနေတဲ့ ရင်ခုန်သံ chi ဆီက မဟုတ်တဲ့ perth ရဲ့ ရင်ခုန်သံ ဒါ ဒါ perth လဲ chi လိုပဲ ရင်ခုန်နေတာလား
** ကဒ် ကဒ် ကဒ် ------ **
ဒါရိုက်တာကြီးရဲ့ ဘယ်နှစ်ကြိမ်မြောက် ကဒ်မှန်းမသိပင်မဲ့ အကြိမ်ကြိမ် အော်လိုက်ရတယ်ဆိုတာ ရိုက်ကူးရေးအဖွဲ့သားတွေကိုကြည့်တာနဲ့ရိပ်မိလိုက် တယ် ကဒ်လို့ အော်သံမကြားရလောက်အောင် chi က ကျွန်တော့်ကို စိုးမိုးထားနေခဲ့တယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်ကလွဲပီး ဘယ်သူမှသိမှာမဟုတ် ပေ
** p mon ဒီ ဒီ နေ့ ကျွန်တော်နဲ့ ညစားသွားစားရအောင် **
** ဟမ် အော် အင်း သွား သွားစားမယ်လေ **
** p mon ဒီနေ့ အရမ်းတော်တယ် **
** အင်း မင်းရောပဲ ဒါနဲ့ chi ကို p mon လို့မခေါ်တာတောင် ကြာပီနော် ခု ဘာစိတ်ကူးပေါက်ပီး ပြန်ခေါ်တာလဲ **
ကျွန်တော်ကိုယ်တိုင်တောင်သတိမထားလိုက်ပဲ chi လို့သုံးနှုံးမိတာ ကြာနေပီထင်ပါရဲ့ ကျွန်တော်ကိုယ်တိုင်တောင် ဘာဖြစ်နေမှန်းမသိတဲ့အခြေနေကြောင့် ဘာမှ အဖြေပြန်မပေးမိပေ
** perth သွားကြတော့မလား ဒီနေ့ chi ကားပါ မလာလို့ နောက်ကနေ ကား ငှားလိုက်ခဲ့လိုက်မယ်လေ ဘယ်ဆိုင်ကိုသွားမှာလဲ လိပ်စာပြောဦး perth ခ ခန perth **
ကားပါမလာတာကို ကားငှားပီး လိုက်လာမယ်လို့ပြောနေတာကြောင့် ဘာမှ ပြောမနေတော့ပဲ လက်ကနေ အတင်းဆွဲလာတာကြောင့် ခပ်ရုန်းရုန်းလေးနဲ့ ကျွန်တော်ဆွဲရာနောက်ကိုပါလာခဲ့တယ်
** p mon ဘာစားမှာလဲ ဘာစားချင်လဲ ဘယ်ဆိုင်မှာစားချင်လဲ **
** ဖြည်းဖြည်းမေးပါ perth ရယ် ကြိုက်တဲ့ဆိုင်ကိုသွားရတယ် ဒါ ပင်မဲ့ အစပ်တော့ မစားနိုင်လောက်ဘူး **
** အရင်က အစပ်အရမ်းကြိုက်တာကို **
** သိတယ် အဲ့ဒါကြောင့် အခုတော့ အစပ်ကလွဲပီးကျန်တာ စားမယ်လို့ ပြောတာ **
** ဘာ ဖြစ် **
ကျွန်တော့်ရဲ့မေးခွန်းမဆုံးလိုက်ပါ p mon က သူ့နှုတ်ခမ်းလေးကို လက်ညှိုးလေးနဲ့ ထိုးပြရင်း
** ငါ စားနိုင်မယ်မထင်ဘူး **
ကျွန်တော်သိလိုက်ပါပီ ခုနက bed scene ရိုက်ကူးရေးမှာ ကျွန်တော့်ရဲ့ အနမ်းတွေကြောင့် ရဲရဲလေးနဲ့ အနဲငယ်ဖောင်းနေသယောင်ဖြစ်နေတဲ့ နှုတ်ခမ်း လေးကြောင့် ဆိုတာကိုပေါ့ ပီး ပီးတော့ ဖူးဖူးလေးနဲ့နီနေတဲ့ နှုတ်ခမ်းလေး ကိုမှ အစပ်မစားရတာကြောင့် ဆူထော်ပြထားတဲ့အမူအရာလေးက ထပ်ပေါင်းလိုက်တဲ့အချိန်မှာတော့ နောက်ထပ်တခါ ရင်ဘတ်ထဲက အကောင်ပေါက်က ဝုန်ဒိုင်းကျဲလာရပြန်တယ်လေ
Part 5 end