"ရော့ "
မျက်စိရောက်လာတဲ့ ထမင်းပန်ကန်မှာ
ဝါကျင့်ကျင့် အရောင်ရှိတဲ့ ဆန်ကြမ်းပေမဲ့
ခပ်ကျဲကျဲအရည်စမ်းထားတဲ့ ငံပြာရည်ရယ် ၊အတို့အမြှပ်က သရက်သီးစိမ်း နှစ်စိတ်ရယ် ငါးကြော်သေးသေးတစ်ကောင်ရယ်မို့ သူ့အတွက် နတ်သုဒ္ဓါနဲ့မလဲနိုင်ပေ။
သူအရီးစိန်ကို ရယ်ပြပြီး ခပ်နွေးနွေးရှိတဲ့ ထမင်းကို လက်ဆေးက နှယ်လိုက်သည်။
သူဒီရက်ပိုင်း ဟိုဖက်ကမ်းဒီဖက်ကမ်း ပို့တဲ့ စက်လှေမှာ ရေပက်ကြိုးချည်အလုပ်ဝင်လုပ်ခဲ့သည်။
တစ်နေ့လုပ်အားခ သုံးထောင် ။ နေ့လယ်စာ ခုလို ထမင်းတစ်နပ်ကျွေးတာမို့ မငတ်ရုံတမယ် အခြေအနေကနေတိုးတက်လာတယ်ဆိုရမလား။
အဖေနာရေးပြီးသွားပြီးနောက်မှာ ကြွေးမြီးတချို့ကိုလည်း အဖေအသေဖြောင့်အောင် ဆပ်သင့်တာဆပ်ပစ်လိုက်တာမို့ သူ့လက်ထဲကျန်တဲ့ပိုက်ဆံက နည်းနည်းသာရှိတော့၏။
တစ်ကိုယ်တည်းရွက်လွင့်နေတာမို့ ပေးမဲ့ကမ်းမဲ့သနားမဲ့သူကလည်း ရှိသေးသည်။
ခုလိုပဲ ဟင်းမကောင်းပေမဲ့ အရီးစိန်က စေတနာပါပါ သူ့အတွက်ထမင်းပူတာလေးခူးခပ်ကျွေးတက်တာမို့ စားဝင်လေသည်။ ကိုစိုးကျော်ကတော့ ငွေသုံးထောင်နဲ့တန်အောင်ခိုင်းတက်ပေမဲ့ အရီးစိန်မျက်နှာကြောင့်
သူကလည်း မခိုမကပ်ပဲ လုပ်ပေးတက်သည်။
ထမင်းအမြန်စားကာ ကိုစိုးကျော်မလာခင် စက်လှေပေါ်သွား၍ ရေပက်ထားလိုက်သည်။ နေ့ခင်းဆို တစ်နာရီလောက်နားတာကြောင့် ရေပက်ပြီးချိန်ခဏ တရေးတမော အိပ်လို့ရ၏။
မနက် အစောကြီးအခေါက်နှင့်လိုက်တက်တဲ့
ဈေးလှည့်ရောင်းသော အဒေါ်ကြီးတချို့ကို မညိုမငြင် ကူညီ၍ ပစ္စည်းတင်ပေးတဲ့အခါ ပါတဲ့မုန့် ကျွေးသွားတက်သည်။
မနက်စာလည်း စားရသည်။နေ့ခင်းစာလည်းစားရသည်။ ကလေးသာသာ သူ့အတွက် ထိုအလုပ်က
အဆင်ပြေတာထက် ပိုနေပါသေးသည်။
သူအိပ်ပျော်၍ ကောင်းတုန်း အရီးစိန်၏ သား ကိုစိုးကျော်က ခြေဖြင့် ဒူးကိုတို့ကာ သူ့ကိုနှိုး၏။
"ထတော့ ငချမ်း ။ လူတွေ စုံပြီ"
"ဟုတ်"
သူအမြန်ထကာ မော်တော်ပေါ်ရှိခရီးသည်တချို့ကိုကြည့်လိုက်သည်။
ဧည့်သည်တချို့မှာ မျက်နှာစိမ်းများမို့ ဒီရက်ပိုင်း
ကိုစိုးကျော်လည်း ပိုဝင်ငွေကောင်းနေ၏။
ရေပက်ကြိုးချည်အပြင် သူ့အလုပ်က စက်လှေကူးခ ပါ လိုက်တောင်း ပေးရတာမို့ ကြိုးမဖြတ်ခင်ငွေအရင်တောင်းရ၏။
ကိုစိုးကျော် စက်နှိုးပြီးချိန်တွင် မော်တော်ကြိုးဖြုတ်ကာ မော်တော်ဦးကို ရေထဲဆင်း၍ တွန်းရသည်။
ဒူးနားထိတင်ဝတ်ထားသော ပုဆိုးတွင်ရေတွေရွဲစိုကုန်သော်ငြား သူအရှိန်ဖြင့်တွန်းကာ ခုန်တက်ပစ်သည်။
အစတုန်းက ရေထဲမကြာမကြာပြုတ်ကျတက်တာပေမဲ့ ခုတော့ အဆင်ပြေသွားပါပြီ။
စက်လှေသံတဒုတ်ဒုတ် မြည်သံပဲ့တင်လာချိန်တွင်
သူသည် စက်လှေဦးထပ်တွင် ရေကြောင်းစမ်းနေရပြီဖြစ်၏။ ရေကျတဲ့ရာသီမို့သောင်တွေထွန်းလာရာ
စက်လှေက အရင်လို မောင်းချင်သလိုမောင်းမရတော့ပေ။
ဆယ်မိနစ်ခန့်အကြာတွင် ဟိုဖက်ကမ်းရောက်ပြီဖြစ်၏။
လှေဆိပ်တွင် ခရီးသည်များ ရှုပ်ယှက်ခတ်နေ၏။
လေဆိပ်သောင်ပြင်တွင် နွားတွေ ဟိုတစုဒီတစ်စုချည်ထားတာကိုတွေ့ရသည်။
ကိုစိုးကျော်သည် သူစိမ်းများနှင့် စကားပြောနေပြီးမကြာပေ သူ့ကိုလက်ယက်ခေါ်၏။
" ငချမ်း နွားတွေ မော်တော်ပေါ်တင်မှာ လှေကားကြီးတာချပေးလိုက်"
" ဟုတ် "
အရင်ကတည်းက ဆိုင်ကယ်ဘာညာကူးလို့ရအောင် လှေဝမ်းအပေါ်မှာ ပျဉ်ပြန့် ခင်းထားတာမို့ နွားတက်ဖို့
ကမ်းစပ်ကို လှေခါးကြီးကြီးချပေးရုံသာဖြစ်သည်။
နွားတွေကို လှေကားပေါ်တက်ဖို့ ကူညီပေးလိုက်မို့မြန်မြန်ပင် စက်လှေပြည့်သွား၏။
တစ်ခေါက်ကူး ဆယ်ကောင် နှင့် နွား အကောင်ရေ၆၀
ကူးခဲ့ရသည်။ ညနေ စက်လှေသိမ်းချိန်တွင် လှေဝမ်းတစ်ခုလုံးနွား ချေးများနှင့် ညစ်ပက်ပေပွနေသည်။
" ငချမ်း မပြန်နဲ့ဦး။ နွားချေးတွေ ဆေးသွား"
"ဟုတ်"
သူပြန်မပြောရဲပေ။ ကိုစိုးကျော်ခိုင်းတဲ့အတိုင်း မရွံမရှာ ဆေးကျောကာ သန့်ရှင်းရေးလုပ်ရသည်။ ဆေးထားတဲ့ရေတွေလှေဝမ်းမှာ ပြန်ကျတော့ ရေပြန်ပက်ရသည်။
ပေပွနေတဲ့ နွားချေးတွေအား ဆေးပြီးနောက်တွင် အချိန်အားဖြင့် ညခုနှစ်နာရီထိုးပြီဖြစ်၏။
" ချမ်းမြေ့ရေ ၊ပြန်ရင် ဒါလေးယူသွား။ မိုးလည်းချုပ်လှပြီ ပြန်ရင်ပြန်တော့။ ဘာလုပ်စရာကျန်သေးလဲအရီးကိုပြောခဲ့ "
လက်ထဲရောက်လာတဲ့ ထမင်းထုတ်လေးကြောင့် အရီးစိန်ကို ဟီးခနဲ ရယ်ပြပြီး
"အကုန်ပြီးပါပြီဗျ။ နောက်ကျနေလို့ ဒီညရေသောက်ဗိုက်မှောက်ရတော့မယ်အောက်မေ့နေတာ ။ အရီးစိန်ကျေးဇူးနဲ့ ထမင်းတော့မလွတ်တော့ဘူး"
" ဒီနေ့ မင်းနောက်ကျနေလို့လေ ။ ဟင်းကတော့ ဘာမှမကျန်တော့လို့ ထမင်းဆီစမ်းပြီး ပဲကြော်လေးဖြူးပေးထားတယ်"
"ကျွန်တော်စားနိုင်ပါတယ် အရီးစိန်ရ ။ "
"ကဲကဲ ဒါဆိုလည်း ပြန်တော့ မိုးချုပ်လှပြီ"
"ဟုတ်"
သူ့တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာနေပေမဲ့ အရီးစိန်လုပ်ခရှင်းတော့ ထိုနေ့ကခြောက်ထောင်ရတာမို့ အလွန်ပျော်ရ၏။ ထမင်းထုတ်လေးလက်ကဆွဲ၍
အိမ်ပြန်ချိန်တွင် မှောင်မဲနေတဲ့အိမ်ကြောင့် သူ့သက်မောတွေချရပြန်သည်။
ဖယောင်းတိုင်မီးထွန်းချိန်၌ တစ်ဖက်အိမ်ရှိ
ခြောက်တန်းကောင်လေး၏ စာအန်သံသဲ့သဲ့က
လွင့်ပျံ့လာပါသည်။
မီးမှိန်မှိန်ကြားတွင် သူတစ်ယောက်ထဲ အထီးကျန်လှသည်။
သူငေးမောကြည့်မိတဲ့နေရာသည် ဘုရားအိုးစင်ရှေ့တွင် ဖုန်ကပ်နေတဲ့မနှစ်က သူ့ကျောင်းစာအုပ်တွေသာ။ ပညာတက်ကြီးဖြစ်ချင်ပါတယ်ဆိုတဲ့ အိပ်မက်ကဝေလွင့်ကုန်ပါပြီ။
ထမင်းတစ်နပ်နှပ်မှန်အောင် စားရဖို့အရေး
သူအလုပ်လုပ်ရပေဦးမည်။
သက်မောကိုခပ်လေးလေးချကာ စားလက်စကို
အပြီးသတ်လိုက်သည်။
အမေမရှိတော့ အိမ်သည်အိမ်နှင့်မတူတော့ပေ။
ရောင်စုံပန်းအလှများစွာထိုးတက်တဲ့ဘုရားစင်တွင် သောက်တော်ရေချမ်းအပထား ကြာကြာခံတဲ့ ရွက်လှပန်းကို အမြစ်ပေါက် ရေခမ်းချိန်ထိ အစားထိုးထားသည်။
တဖြည်းဖြည်းရှင်းလင်းလာတဲ့ အိမ်ကလေးတွင် အိမ်ထောင်ပရိဘောဂ ဝေးစွ ဖျာစုတ်လေးရယ် သူအိပ်တဲ့ စောင် ဟောင်းလေးနှင့်
ခေါင်းအုန်းလေးရယ်သာ ထီးထီး ကျန်တော့သည်။
အဝတ်အစားဆိုလည်း အသစ်မဝယ်နိုင်တာကြပြီမို့ အဖာအစပ်တွေများတဲ့ အဝတ်စုတ်တချို့သာရှိသည်။
မနှစ်က ပိုးထိ၍ နွားညိုတစ်ကောင်သေခဲ့သည် ။
ကျန်တဲ့ တစ်ကောင်က ဘက်ပဲ့နေတာမို့ အိမ်အတွက်ရေသယ်ရုံသာသုံးပြီး ကျန်အချိန်တွင် စားကျက်လွှတ်တာများ၏။ ဒီနှစ်တော့ အဖေလည်းမရှိ ၊ နွားညိုကြီးကလည်း အိုနေပြီမို့ ခိုင်းလည်းမစားရက်၊ ရောင်းလည်းမပစ်ရက်တာကြောင့် အငှားနွားကျောင်းပေးတဲ့အိမ်မှာ မုန့်ဖိုးပေးကာ သွားအပ်ထားရသည်။
လေတဝေ့မှာ ဖယောင်းတိုင်မီးစာလေး လှုပ်ခတ်သွား၏။ သူ့ဘဝလည်း မျက်စိတစ်မှိတ်အတွင်းမှာ
အဖေရေ ဟု ခေါ်ရမဲ့သူကလည်း မရှိတော့ အားငယ်ရတာအခါခါ။ ဘယ်လောက်အားတင်းထားပါစေ တစ်ခါတစ်လေ ငိုချင်မိသည်။
သူထွန်းထားတဲ့ ဖယောင်းတိုင်မီးလေး ကုန်ခါနီးတွင် သက်ပြင်းချကာ ကျောတခင်းစာနေရာအားဖုန်ခါကာ မီးငြိမ်းပစ်လိုက်ရသည်။
နားထဲမှာ စာရွတ်သံကတဖြည်းဖြည်းတိုးလာပြီးေနာက် သူသည်လည်း အိပ်မောကျသွားခဲ့၏။
အော့..အီး..အီး အွတ်
ကြက်သွန်သံကျယ်ကျယ်ကြောင့် အိပ်ပျော်နေရာမှလန့်နိုးသွားရ၏။
သူအမြန်ထကာ မျက်နှာသစ်လိုက်ပြီး အိမ်ပေါ်ပြန်မတက်တော့ပဲပုဆိုးနှင့် အလွယ် ပွတ်သုတ်လိုက်သည်။
အချိန်အားဖြင့်မနက် လေးခွဲ ငါးနာရီပေါ့။
သူ ရွာတောင်ပိုင်းက ဒေါ်ပုတို့အိမ်ရှေ့ရောက်တော့
မိုးတောင်မလင်းသေး။
" ဒေါ်ပု ဗျိုး ဒေါ်ပု"
"အေး ငချမ်းလား"
"ဟုတ်၊ နိုးပြီးလားဗျ "
"အေး အေး ငါ့တူ ဒေါ်လေး ထမင်းအိုးနှပ်နေတာ ခဏနော် "
ဒေါ်လေးပုက ခေါင်းရွက်ဈေးသည်ဖြစ်ပြီး ဒီဖက်ရွာကနေမြစ်ကူးကာ ဟိုဖက်ရှိ ရွာငယ်သေးသေးတွေအားခြေလျင် ဈေးပတ်ရောင်းသူဖြစ်၏။
ချမ်းမြေ့ မနက်တိုင်း ဒေါ်ပုကိုဈေးသယ်ကူးကာ မြစ်ဆိပ်သို့ အတူသွားကြ၏။
" ဘာသယ်ရမလဲ ဒေါ်ပု"
"အေးအေး ငါ့တူ ဒါလေး "
ဒေါ်ပုပေးတဲ့ ဈေးခြင်းတောင်းကို ထမ်းကာ
သူအရင် ရှေ့ကသွားတော့ မိုးမလင်းသေးတာကြောင့် နောက်ကနေ ဒေါ်ပုက
ဓာတ်မီးထိုးပြ၏။ ခွေးဟောင်သံဆူဆူကြောင့်
အိပ်ချင်စိတ်လေး အနည်းငယ်တော့ပြေလျော့သွားရ၏။
ချမ်းမြေ့အသက် ဆယ့်သုံးနှစ် ၊အရွယ်ရောက်စပြုပြီမို့ အရပ်ကလေးက ထွက်လာပြီ ဖြစ်၏။
ငယ်ရုပ်မပျောက်သေးပေမဲ့ ပုဆိုးတိုတိုဝတ်ကာ တလွှားလွှား သွားတက်တာမို့ အတော်အသင့် ခိုင်းလို့ပြုလို့ ကောင်းတဲ့အရွယ်။
ရေဆိပ်ရောက်တော့ တခြားအဒေါ်ကြီးနှစ်ယောက်ရောရောက်နေပြီမို့ နှုတ်ဆက်ကာ မော်တော်ပေါ်ကုန်းတက်၍လှေကားချပေးလိုက်သည်။
အနည်းငယ်စောသေးတာကြောင့်ကိုစိုးကျော်မရောက်သေးပေ။
ဒေါ်ပုပစ္စည်းတွေအပြင် တခြားအဒေါ်ကြီးများ၏ ပစ္စည်းတွေကိုပါ ဝိုင်းတင်ကူတော့ ပါတဲ့ စားစရာတွေ ချကျွေး၏။ စက်လှေပေါ်မှာတင် အရီးပုကျွေးတဲ့
မုန့်ဖက်ထုတ်အပြင် တခြား အဒေါ်ကြီးများပေးတဲ့
မုန့်များကိုလည်းစားလိုက်ရတာမို့ ဝမ်းမီးကတော့ငြိမ်းသွား၏။
" ချမ်းမြေ့ မနေ့ညနေက နွားသမားတွေကိုသိလား"
" ဟိုး အနောက်တောကလို့ပြောတာပဲဗျ ၊ဘာလို့လဲ"
" ဘာဖြစ်ရမှာလဲ ၊ ခု နွားဈေးတွေကောင်းနေတာမသိဘူးလား ။
တရုတ်ပြည်ကို တောလမ်းကနေပို့တာတဲ့။ နွားသမားတွေ စီးပွားရေးဖြစ်ချက်ပဲ ။ ငါဈေးလှည့်ရောင်းတဲ့ရွာက ချစ်စုတို့အိမ်ဆို ရွှေဆွဲကြိုးချက်ရောက်နေပြီ "
" ဟုတ်ရင်လည်းဟုတ်နိုင်တာပဲလေ ။ ခုရက်ပိုင်း မြစ်ကို လူစိမ်းတွေ အများကြီးဖြတ်နေကြတာ "
" နှုတ်နည်းမနေနဲ့ ဒီတစ်ခါ ဖြတ်သွားရင် နင်မေးကြည့်ထားဦး၊ ပတ်ဝန်းကျင်ကိုလေ့လာရတယ် ။ ဒီတိုင်းပါးစပ်ပိတ်နေရင် စားဖို့သောက်ဖို့ပါ ခက်လိမ့်မယ်တော်ရေ "
သူ သဘောတကျ ရယ်၍ ဒေါ်ပုကို ဟုတ်ကဲ့ပါ ဟုပြောလိုက်ရသည်။
ဒေါ်ပုပြော၍မှမဆုံး ၊နောက်ရက်ညနေတွင် ထိုနွားသမားအုပ်စု ပြန်ရောက်လာကြသည်။ အသားညိုညိုပုကွကွ လူက ချမ်းမြေ့ကို နှုတ်ဆက်၍ စကားစလာ၏။ ကိုစိုးကျော်က လှေပေါ်မှာရှိမနေတာကြောင့်
သူသည်လည်းအားနေတာမို့ စပ်စုရင်းစကားပြန်ပြောဖြစ်၏။ ဒီတစ်ခေါက်က လူချည်းပဲ သီးသန့်မို့ အဝယ်သီးသန့်လာပုံရသည်။
" ညီလေး မင်းတို့ဖက် နွားရောင်းမဲ့သူလေးဘာလေး မရှိဘူးလားဟ"
" သေချာလိုက်မေးကြည့်ရင်တော့ရှိမှာပါ ။ အကိုတို့လိုချင်လို့လား"
" အေး ၊ မင်းနဲ့သိရင် လုပ်စမ်းပါဦး "
နွားလာကူးတဲ့အချိန်က ညနေ ပိုင်းတွေမို့
နွားလမ်းကြောင်းကတရားဝင်တော့ဟုတ်ပုံမရ။
ချမ်းမြေ့ အင်တင်တင်လုပ်နေစဉ်
" မင်းသေချာ စပ်ဟပ်ပေးရင် နွားတစ်ကောင်ကို
ငွေငါးထောင်ပေးမယ်ကွာ"
ချမ်းမြေ့ အလွန်အံ့ဩသွား၏။ နွားတစ်ကောင်ကိုငွေငါးထောင် ၊ သူ့တစ်နေ့လုပ်အားခမှ ငွေသုံးထောင်သာရသည်မို့ သူစိတ်ဝင်စားတာတော့အမှန်။ သို့ပေမဲ့ အဖေစကားတွေကနားထဲရောက်လာ၏။
"လူကြံရင် ဘာခံနိုင်မလဲငါ့သားရ၊ ဘာမှမလုပ်ပဲထိုင်နေရင် ငွေဆိုတာ ဘယ်ကဝင်လာမှာလဲ။ စွန့်သင့်တာစွန့် ၊ရိုးသားသင့်တာ ရိုးသား။ လူတိုင်းလည်းမယုံနဲ့ ။
ကံ၊ဉာဏ် ၊ဝရီယဆိုတာချည်းပဲ အားကိုးမနေနဲ့ လူရည်လည်ဖို့လည်းလိုသေးတယ်။ အောက်မေးနဲ့အပေါ်မေးလှုပ်ရုံနဲ့ ပိုက်ဆံရတဲ့အလုပ်တွေမှအများကြီးပဲ ။ မင်းစကားနည်းပုံမျိုးနဲ့တော့ လောကကြီးကတော့ ခက်ခဲပေဦးမယ်"
အဖေပြောလည်းပြောချင်စရာ။ သူက အေးလွန်းသည်။ တော်ရုံဆို စကားသိပ်မများ။
ခု ကိုစိုးကျော်ပေါ်ရောက်လာမှ ပြောရဆိုရမို့ အနည်းငယ်လူတောတိုးလာရုံသာ။
" တစ်သောင်းရရင် လုပ်မယ်"
နွားသမားမျက်မှောင်ကုတ်သွားတာတွေ့ရပေမဲ့ချမ်းမြေ့ မကြောက်ပေ။
" နွားသန့်ပေ့၊လှပေ့ ရှာပေးမယ်၊ ပေးရတဲ့ဈေးနဲ့ တန်စေရမယ်"
ထိုလူအနည်းငယ် စိတ်လျော့သွားတာမြင်တော့
ချမ်းမြေ့ ပြုံးလိုက်မိသည်။
သူတောသား ၊ အရွယ်မရောက်သေးပေမဲ့ အ မနေပေ။ အေးပေမဲ့ သူက သတ္တိတော့ကောင်းသည်။
ထိုလူပြန်သွားပြီးနောက်ရက်တွင် ချမ်းမြေ့ ရွာထဲရှိ နွားလှတဲ့ အိမ်တွေသို့သွားကာ နွားရောင်းမလားဟုအကျိုးအကြောင်းမေးလေသည်။
ပုံမှန်ပေါက်ဈေးထက် ပိုရမည့်အကြောင်းလည်းပြောခဲ့သေးသည်။
ထို့ကြောင့် နွားအုပ်ရှိတဲ့အိမ်များက အထူးစိတ်ဝင်စားကြသည်။ သုံးရက်ကြာပြီး နွားတစ်အုပ်နဲ့ထိုသူပြန်ရောက်လာ၏။
ကို စိုးကျော်ရှေ့မို့ ဘယ်သူမှ စကားမစပေမဲ့ ဆင်းသွားခါနီးတွင် ရွာပြင်တွင်နောက်ရက် သူ့အားလာခေါ်ရန်မှာထားခဲ့သေးသည်။
နေ့ခင်းထမင်းစားနားချိန်တွင် ချမ်းမြေ့ မစားနိုင်သေးပေ။ အမြန်ရွာ ပေါ်ပြေးတက်ကာ နွားရောင်းတဲ့သူများကို ချိန်းပေးရသည်။
နွားဆယ့်ရှစ်ကောင် အရောင်းအဝယ်တည့်ပြီးနောက်
သူ့အတွက်ငွေ တစ်သိန်းရှစ်သောင်းရလိုက်တာမို့
အတော်ကြီး အမြတ်ရလိုက်သည်။
စက်လှေပြန်ရောက်ချိန်တွင် ကိုစိုးကျော်က သူ့အားဒေါသတကြီးဆူ၏။
" ငါ_ိုးမသား အချိန်ကိုမလေးစားရင် အလုပ်လာမလုပ်နဲ့။ _ီးပဲ "
သူဘာမှပြန်မပြောပဲ မော်တော်ကြိုးဖြည်ကာ သူ့အလုပ် သူဆက်လုပ်သည်။
ကိုစိုးကျော် မကြည်ပေမဲ့ ပြောချင်ရာပြော ဆဲချင်ရာဆဲ လျစ်လျူရှု့ထားသည်။
တခါတလေ လောကကြီးမှာ တစ်ခုကိုရယူချင်ရင်တစ်ခုကတော့ ပေးဆပ်ရစမြဲပဲမို့လား။
ချစ်တဲ့အိမ်စည်။
"ေရာ့ "
မ်က္စိေရာက္လာတဲ့ ထမင္းပန္ကန္မွာ
ဝါက်င့္က်င့္ အေရာင္ရိွတဲ့ ဆန္ၾကမ္းေပမဲ့
ခပ္က်ဲက်ဲအရည္စမ္းထားတဲ့ ငံျပာရည္ရယ္ ၊အတို႔အျမႇပ္က သရက္သီးစိမ္း ႏွစ္စိတ္ရယ္ ငါးေၾကာ္ေသးေသးတစ္ေကာင္ရယ္မို႔ သူ႔အတြက္ နတ္သုဒၵါနဲ႔မလဲႏိုင္ေပ။
သူအရီးစိန္ကို ရယ္ျပၿပီး ခပ္ေနြးေနြးရိွတဲ့ ထမင္းကို လက္ေဆးက ႏွယ္လိုက္သည္။
သူဒီရက္ပိုင္း ဟိုဖက္ကမ္းဒီဖက္ကမ္း ပို႔တဲ့ စက္ေလွမွာ ေရပက္ႀကိဳးခ်ည္အလုပ္ဝင္လုပ္ခဲ့သည္။
တစ္ေန့လုပ္အားခ သံုးေထာင္ ။ ေန့လယ္စာ ခုလို ထမင္းတစ္နပ္ေကြၽးတာမို႔ မငတ္ရံုတမယ္ အေျခအေနကေနတိုးတက္လာတယ္ဆိုရမလား။
အေဖနာေရးၿပီးသြားၿပီးေနာက္မွာ ေႂကြးၿမီးတခ်ိဳ႕ကိုလည္း အေဖအေသေျဖာင့္ေအာင္ ဆပ္သင့္တာဆပ္ပစ္လိုက္တာမို႔ သူ႔လက္ထဲက်န္တဲ့ပိုက္ဆံက နည္းနည္းသာရိွေတာ့၏။
တစ္ကိုယ္တည္းရြက္လြင့္ေနတာမို႔ ေပးမဲ့ကမ္းမဲ့သနားမဲ့သူကလည္း ရိွေသးသည္။
ခုလိုပဲ ဟင္းမေကာင္းေပမဲ့ အရီးစိန္က ေစတနာပါပါ သူ႔အတြက္ထမင္းပူတာေလးခူးခပ္ေကြၽးတက္တာမို႔ စားဝင္ေလသည္။ ကိုစိုးေက်ာ္ကေတာ့ ေငြသံုးေထာင္နဲ႔တန္ေအာင္ခိုင္းတက္ေပမဲ့ အရီးစိန္မ်က္ႏွာေၾကာင့္
သူကလည္း မခိုမကပ္ပဲ လုပ္ေပးတက္သည္။
ထမင္းအျမန္စားကာ ကိုစိုးေက်ာ္မလာခင္ စက္ေလွေပၚသြား၍ ေရပက္ထားလိုက္သည္။ ေန့ခင္းဆို တစ္နာရီေလာက္နားတာေၾကာင့္ ေရပက္ၿပီးခ်ိန္ခဏ တေရးတေမာ အိပ္လို႔ရ၏။
မနက္ အေစာႀကီးအေခါက္ႏွင့္လိုက္တက္တဲ့
ေဈးလွၫ့္ေရာင္းေသာ အေဒၚႀကီးတခ်ိဳ႕ကို မညိုမျငင္ ကူညီ၍ ပစၥည္းတင္ေပးတဲ့အခါ ပါတဲ့မုန႔္ ေကြၽးသြားတက္သည္။
မနက္စာလည္း စားရသည္။ေန့ခင္းစာလည္းစားရသည္။ ကေလးသာသာ သူ႔အတြက္ ထိုအလုပ္က
အဆင္ေျပတာထက္ ပိုေနပါေသးသည္။
သူအိပ္ေပ်ာ္၍ ေကာင္းတုန္း အရီးစိန္၏ သား ကိုစိုးေက်ာ္က ေျချဖင့္ ဒူးကိုတို႔ကာ သူ႔ကိုႏိႈး၏။
"ထေတာ့ ငခ်မ္း ။ လူေတြ စံုၿပီ"
"ဟုတ္"
သူအျမန္ထကာ ေမာ္ေတာ္ေပၚရိွခရီးသည္တခ်ိဳ႕ကိုၾကၫ့္လိုက္သည္။
ဧၫ့္သည္တခ်ိဳ႕မွာ မ်က္ႏွာစိမ္းမ်ားမို႔ ဒီရက္ပိုင္း
ကိုစိုးေက်ာ္လည္း ပိုဝင္ေငြေကာင္းေန၏။
ေရပက္ႀကိဳးခ်ည္အျပင္ သူ႔အလုပ္က စက္ေလွကူးခ ပါ လိုက္ေတာင္း ေပးရတာမို႔ ႀကိဳးမျဖတ္ခင္ေငြအရင္ေတာင္းရ၏။
ကိုစိုးေက်ာ္ စက္ႏိႈးၿပီးခ်ိန္တြင္ ေမာ္ေတာ္ႀကိဳးျဖဳတ္ကာ ေမာ္ေတာ္ဦးကို ေရထဲဆင္း၍ တြန္းရသည္။
ဒူးနားထိတင္ဝတ္ထားေသာ ပုဆိုးတြင္ေရေတြရြဲစိုကုန္ေသာ္ျငား သူအရိွန္ျဖင့္တြန္းကာ ခုန္တက္ပစ္သည္။
အစတုန္းက ေရထဲမၾကာမၾကာျပဳတ္က်တက္တာေပမဲ့ ခုေတာ့ အဆင္ေျပသြားပါၿပီ။
စက္ေလွသံတဒုတ္ဒုတ္ ျမည္သံပဲ့တင္လာခ်ိန္တြင္
သူသည္ စက္ေလွဦးထပ္တြင္ ေရေၾကာင္းစမ္းေနရၿပီျဖစ္၏။ ေရက်တဲ့ရာသီမို႔ေသာင္ေတြထြန္းလာရာ
စက္ေလွက အရင္လို ေမာင္းခ်င္သလိုေမာင္းမရေတာ့ေပ။
ဆယ္မိနစ္ခန႔္အၾကာတြင္ ဟိုဖက္ကမ္းေရာက္ၿပီျဖစ္၏။
ေလွဆိပ္တြင္ ခရီးသည္မ်ား ရႈပ္ယွက္ခတ္ေန၏။
ေလဆိပ္ေသာင္ျပင္တြင္ ႏြားေတြ ဟိုတစုဒီတစ္စုခ်ည္ထားတာကိုေတြ့ရသည္။
ကိုစိုးေက်ာ္သည္ သူစိမ္းမ်ားႏွင့္ စကားေျပာေနၿပီးမၾကာေပ သူ႔ကိုလက္ယက္ေခၚ၏။
" ငခ်မ္း ႏြားေတြ ေမာ္ေတာ္ေပၚတင္မွာ ေလွကားႀကီးတာခ်ေပးလိုက္"
" ဟုတ္ "
အရင္ကတည္းက ဆိုင္ကယ္ဘာညာကူးလို႔ရေအာင္ ေလွဝမ္းအေပၚမွာ ပ်ဉ္ျပန္႔ ခင္းထားတာမို႔ ႏြားတက္ဖို႔
ကမ္းစပ္ကို ေလွခါးႀကီးႀကီးခ်ေပးရံုသာျဖစ္သည္။
ႏြားေတြကို ေလွကားေပၚတက္ဖို႔ ကူညီေပးလိုက္မို႔ျမန္ျမန္ပင္ စက္ေလျွပၫ့္သြား၏။
တစ္ေခါက္ကူး ဆယ္ေကာင္ ႏွင့္ ႏြား အေကာင္ေရ၆၀
ကူးခဲ့ရသည္။ ညေန စက္ေလွသိမ္းခ်ိန္တြင္ ေလွဝမ္းတစ္ခုလံုးႏြား ေခ်းမ်ားႏွင့္ ညစ္ပက္ေပပြေနသည္။
" ငခ်မ္း မျပန္နဲ႔ဦး။ ႏြားေခ်းေတြ ေဆးသြား"
"ဟုတ္"
သူျပန္မေျပာရဲေပ။ ကိုစိုးေက်ာ္ခိုင္းတဲ့အတိုင္း မရြံမရွာ ေဆးေက်ာကာ သန႔္ရွင္းေရးလုပ္ရသည္။ ေဆးထားတဲ့ေရေတြေလွဝမ္းမွာ ျပန္က်ေတာ့ ေရျပန္ပက္ရသည္။
ေပပြေနတဲ့ ႏြားေခ်းေတြအား ေဆးၿပီးေနာက္တြင္ အခ်ိန္အားျဖင့္ ညခုႏွစ္နာရီထိုးၿပီျဖစ္၏။
" ခ်မ္းေျမ့ေရ ၊ျပန္ရင္ ဒါေလးယူသြား။ မိုးလည္းခ်ဳပ္လွၿပီ ျပန္ရင္ျပန္ေတာ့။ ဘာလုပ္စရာက်န္ေသးလဲအရီးကိုေျပာခဲ့ "
လက္ထဲေရာက္လာတဲ့ ထမင္းထုတ္ေလးေၾကာင့္ အရီးစိန္ကို ဟီးခနဲ ရယ္ျပၿပီး
"အကုန္ၿပီးပါၿပီဗ်။ ေနာက္က်ေနလို႔ ဒီညေရေသာက္ဗိုက္ေမွာက္ရေတာ့မယ္ေအာက္ေမ့ေနတာ ။ အရီးစိန္ေက်းဇူးနဲ႔ ထမင္းေတာ့မလြတ္ေတာ့ဘူး"
" ဒီေန့ မင္းေနာက္က်ေနလို႔ေလ ။ ဟင္းကေတာ့ ဘာမွမက်န္ေတာ့လို႔ ထမင္းဆီစမ္းၿပီး ပဲေၾကာ္ေလးျဖဴးေပးထားတယ္"
"ကြၽန္ေတာ္စားႏိုင္ပါတယ္ အရီးစိန္ရ ။ "
"ကဲကဲ ဒါဆိုလည္း ျပန္ေတာ့ မိုးခ်ဳပ္လွၿပီ"
"ဟုတ္"
သူ႔တစ္ကိုယ္လံုးကိုင္ရိုက္ထားသလို နာေနေပမဲ့ အရီးစိန္လုပ္ခရွင္းေတာ့ ထိုေန့ကေျခာက္ေထာင္ရတာမို႔ အလြန္ေပ်ာ္ရ၏။ ထမင္းထုတ္ေလးလက္ကဆြဲ၍
အိမ္ျပန္ခ်ိန္တြင္ ေမွာင္မဲေနတဲ့အိမ္ေၾကာင့္ သူ႔သက္ေမာေတြခ်ရျပန္သည္။
ဖေယာင္းတိုင္မီးထြန္းခ်ိန္၌ တစ္ဖက္အိမ္ရိွ
ေျခာက္တန္းေကာင္ေလး၏ စာအန္သံသဲ့သဲ့က
လြင့္ပ်ံ့လာပါသည္။
မီးမိွန္မိွန္ၾကားတြင္ သူတစ္ေယာက္ထဲ အထီးက်န္လွသည္။
သူေငးေမာၾကၫ့္မိတဲ့ေနရာသည္ ဘုရားအိုးစင္ေရ႔ွတြင္ ဖုန္ကပ္ေနတဲ့မႏွစ္က သူ႔ေက်ာင္းစာအုပ္ေတြသာ။ ပညာတက္ႀကီးျဖစ္ခ်င္ပါတယ္ဆိုတဲ့ အိပ္မက္ကေဝလြင့္ကုန္ပါၿပီ။
ထမင္းတစ္နပ္ႏွပ္မွန္ေအာင္ စားရဖို႔အေရး
သူအလုပ္လုပ္ရေပဦးမည္။
သက္ေမာကိုခပ္ေလးေလးခ်ကာ စားလက္စကို
အၿပီးသတ္လိုက္သည္။
အေမမရိွေတာ့ အိမ္သည္အိမ္ႏွင့္မတူေတာ့ေပ။
ေရာင္စံုပန္းအလွမ်ားစြာထိုးတက္တဲ့ဘုရားစင္တြင္ ေသာက္ေတာ္ေရခ်မ္းအပထား ၾကာၾကာခံတဲ့ ရြက္လွပန္းကို အျမစ္ေပါက္ ေရခမ္းခ်ိန္ထိ အစားထိုးထားသည္။
တျဖည္းျဖည္းရွင္းလင္းလာတဲ့ အိမ္ကေလးတြင္ အိမ္ေထာင္ပရိေဘာဂ ေဝးစြ ဖ်ာစုတ္ေလးရယ္ သူအိပ္တဲ့ ေစာင္ ေဟာင္းေလးႏွင့္
ေခါင္းအုန္းေလးရယ္သာ ထီးထီး က်န္ေတာ့သည္။
အဝတ္အစားဆိုလည္း အသစ္မဝယ္ႏိုင္တာၾကၿပီမို႔ အဖာအစပ္ေတြမ်ားတဲ့ အဝတ္စုတ္တခ်ိဳ႕သာရိွသည္။
မႏွစ္က ပိုးထိ၍ ႏြားညိုတစ္ေကာင္ေသခဲ့သည္ ။
က်န္တဲ့ တစ္ေကာင္က ဘက္ပဲ့ေနတာမို႔ အိမ္အတြက္ေရသယ္ရံုသာသံုးၿပီး က်န္အခ်ိန္တြင္ စားက်က္လႊတ္တာမ်ား၏။ ဒီႏွစ္ေတာ့ အေဖလည္းမရိွ ၊ ႏြားညိုႀကီးကလည္း အိုေနၿပီမို႔ ခိုင္းလည္းမစားရက္၊ ေရာင္းလည္းမပစ္ရက္တာေၾကာင့္ အငွားႏြားေက်ာင္းေပးတဲ့အိမ္မွာ မုန႔္ဖိုးေပးကာ သြားအပ္ထားရသည္။
ေလတေဝ့မွာ ဖေယာင္းတိုင္မီးစာေလး လႈပ္ခတ္သြား၏။ သူ႔ဘဝလည္း မ်က္စိတစ္မိွတ္အတြင္းမွာ
အေဖေရ ဟု ေခၚရမဲ့သူကလည္း မရိွေတာ့ အားငယ္ရတာအခါခါ။ ဘယ္ေလာက္အားတင္းထားပါေစ တစ္ခါတစ္ေလ ငိုခ်င္မိသည္။
သူထြန္းထားတဲ့ ဖေယာင္းတိုင္မီးေလး ကုန္ခါနီးတြင္ သက္ျပင္းခ်ကာ ေက်ာတခင္းစာေနရာအားဖုန္ခါကာ မီးၿငိမ္းပစ္လိုက္ရသည္။
နားထဲမွာ စာရြတ္သံကတျဖည္းျဖည္းတိုးလာၿပီးေနာက္ သူသည္လည္း အိပ္ေမာက်သြားခဲ့၏။
ေအာ့..အီး..အီး အြတ္
ၾကက္သြန္သံက်ယ္က်ယ္ေၾကာင့္ အိပ္ေပ်ာ္ေနရာမွလန႔္ႏိုးသြားရ၏။
သူအျမန္ထကာ မ်က္ႏွာသစ္လိုက္ၿပီး အိမ္ေပၚျပန္မတက္ေတာ့ပဲပုဆိုးႏွင့္ အလြယ္ ပြတ္သုတ္လိုက္သည္။
အခ်ိန္အားျဖင့္မနက္ ေလးခြဲ ငါးနာရီေပါ့။
သူ ရြာေတာင္ပိုင္းက ေဒၚပုတို႔အိမ္ေရ႔ွေရာက္ေတာ့
မိုးေတာင္မလင္းေသး။
" ေဒၚပု ဗ်ိဳး ေဒၚပု"
"ေအး ငခ်မ္းလား"
"ဟုတ္၊ ႏိုးၿပီးလားဗ် "
"ေအး ေအး ငါ့တူ ေဒၚေလး ထမင္းအိုးႏွပ္ေနတာ ခဏေနာ္ "
ေဒၚေလးပုက ေခါင္းရြက္ေဈးသည္ျဖစ္ၿပီး ဒီဖက္ရြာကေနျမစ္ကူးကာ ဟိုဖက္ရိွ ရြာငယ္ေသးေသးေတြအားေျခလ်င္ ေဈးပတ္ေရာင္းသူျဖစ္၏။
ခ်မ္းေျမ့ မနက္တိုင္း ေဒၚပုကိုေဈးသယ္ကူးကာ ျမစ္ဆိပ္သို႔ အတူသြားၾက၏။
" ဘာသယ္ရမလဲ ေဒၚပု"
"ေအးေအး ငါ့တူ ဒါေလး "
ေဒၚပုေပးတဲ့ ေဈးျခင္းေတာင္းကို ထမ္းကာ
သူအရင္ ေရ႔ွကသြားေတာ့ မိုးမလင္းေသးတာေၾကာင့္ ေနာက္ကေန ေဒၚပုက
ဓာတ္မီးထိုးျပ၏။ ေခြးေဟာင္သံဆူဆူေၾကာင့္
အိပ္ခ်င္စိတ္ေလး အနည္းငယ္ေတာ့ေျပေလ်ာ့သြားရ၏။
ခ်မ္းေျမ့အသက္ ဆယ့္သံုးႏွစ္ ၊အရြယ္ေရာက္စျပဳျပီမို႔ အရပ္ကေလးက ထြက္လာၿပီ ျဖစ္၏။
ငယ္ရုပ္မေပ်ာက္ေသးေပမဲ့ ပုဆိုးတိုတိုဝတ္ကာ တလႊားလႊား သြားတက္တာမို႔ အေတာ္အသင့္ ခိုင္းလို႔ျပဳလို႔ ေကာင္းတဲ့အရြယ္။
ေရဆိပ္ေရာက္ေတာ့ တျခားအေဒၚႀကီးႏွစ္ေယာက္ေရာေရာက္ေနၿပီမို႔ ႏႈတ္ဆက္ကာ ေမာ္ေတာ္ေပၚကုန္းတက္၍ေလွကားခ်ေပးလိုက္သည္။
အနည္းငယ္ေစာေသးတာေၾကာင့္ကိုစိုးေက်ာ္မေရာက္ေသးေပ။
ေဒၚပုပစၥည္းေတြအျပင္ တျခားအေဒၚႀကီးမ်ား၏ ပစၥည္းေတြကိုပါ ဝိုင္းတင္ကူေတာ့ ပါတဲ့ စားစရာေတြ ခ်ေကြၽး၏။ စက္ေလွေပၚမွာတင္ အရီးပုေကြၽးတဲ့
မုန႔္ဖက္ထုတ္အျပင္ တျခား အေဒၚႀကီးမ်ားေပးတဲ့
မုန႔္မ်ားကိုလည္းစားလိုက္ရတာမို႔ ဝမ္းမီးကေတာ့ၿငိမ္းသြား၏။
" ခ်မ္းေျမ့ မေန့ညေနက ႏြားသမားေတြကိုသိလား"
" ဟိုး အေနာက္ေတာကလို႔ေျပာတာပဲဗ် ၊ဘာလို႔လဲ"
" ဘာျဖစ္ရမွာလဲ ၊ ခု ႏြားေဈးေတြေကာင္းေနတာမသိဘူးလား ။
တရုတ္ျပည္ကို ေတာလမ္းကေနပို႔တာတဲ့။ ႏြားသမားေတြ စီးပြားေရးျဖစ္ခ်က္ပဲ ။ ငါေဈးလွၫ့္ေရာင္းတဲ့ရြာက ခ်စ္စုတို႔အိမ္ဆို ေရႊဆြဲႀကိဳးခ်က္ေရာက္ေနၿပီ "
" ဟုတ္ရင္လည္းဟုတ္ႏိုင္တာပဲေလ ။ ခုရက္ပိုင္း ျမစ္ကို လူစိမ္းေတြ အမ်ားႀကီးျဖတ္ေနၾကတာ "
" ႏႈတ္နည္းမေနနဲ႔ ဒီတစ္ခါ ျဖတ္သြားရင္ နင္ေမးၾကၫ့္ထားဦး၊ ပတ္ဝန္းက်င္ကိုေလ့လာရတယ္ ။ ဒီတိုင္းပါးစပ္ပိတ္ေနရင္ စားဖို႔ေသာက္ဖို႔ပါ ခက္လိမ့္မယ္ေတာ္ေရ "
သူ သေဘာတက် ရယ္၍ ေဒၚပုကို ဟုတ္ကဲ့ပါ ဟုေျပာလိုက္ရသည္။
ေဒၚပုေျပာ၍မွမဆံုး ၊ေနာက္ရက္ညေနတြင္ ထိုႏြားသမားအုပ္စု ျပန္ေရာက္လာၾကသည္။ အသားညိုညိုပုကြကြ လူက ခ်မ္းေျမ့ကို ႏႈတ္ဆက္၍ စကားစလာ၏။ ကိုစိုးေက်ာ္က ေလွေပၚမွာရိွမေနတာေၾကာင့္
သူသည္လည္းအားေနတာမို႔ စပ္စုရင္းစကားျပန္ေျပာျဖစ္၏။ ဒီတစ္ေခါက္က လူခ်ည္းပဲ သီးသန႔္မို႔ အဝယ္သီးသန႔္လာပံုရသည္။
" ညီေလး မင္းတို႔ဖက္ ႏြားေရာင္းမဲ့သူေလးဘာေလး မရိွဘူးလားဟ"
" ေသခ်ာလိုက္ေမးၾကၫ့္ရင္ေတာ့ရိွမွာပါ ။ အကိုတို႔လိုခ်င္လို႔လား"
" ေအး ၊ မင္းနဲ႔သိရင္ လုပ္စမ္းပါဦး "
ႏြားလာကူးတဲ့အခ်ိန္က ညေန ပိုင္းေတြမို႔
ႏြားလမ္းေၾကာင္းကတရားဝင္ေတာ့ဟုတ္ပံုမရ။
ခ်မ္းေျမ့ အင္တင္တင္လုပ္ေနစဉ္
" မင္းေသခ်ာ စပ္ဟပ္ေပးရင္ ႏြားတစ္ေကာင္ကို
ေငြငါးေထာင္ေပးမယ္ကြာ"
ခ်မ္းေျမ့ အလြန္အံ့ဩသြား၏။ ႏြားတစ္ေကာင္ကိုေငြငါးေထာင္ ၊ သူ႔တစ္ေန့လုပ္အားခမွ ေငြသံုးေထာင္သာရသည္မို႔ သူစိတ္ဝင္စားတာေတာ့အမွန္။ သို႔ေပမဲ့ အေဖစကားေတြကနားထဲေရာက္လာ၏။
"လူႀကံရင္ ဘာခံႏိုင္မလဲငါ့သားရ၊ ဘာမွမလုပ္ပဲထိုင္ေနရင္ ေငြဆိုတာ ဘယ္ကဝင္လာမွာလဲ။ စြန႔္သင့္တာစြန႔္ ၊ရိုးသားသင့္တာ ရိုးသား။ လူတိုင္းလည္းမယံုနဲ႔ ။
ကံ၊ဉာဏ္ ၊ဝရီယဆိုတာခ်ည္းပဲ အားကိုးမေနနဲ႔ လူရည္လည္ဖို႔လည္းလိုေသးတယ္။ ေအာက္ေမးနဲ႔အေပၚေမးလႈပ္ရံုနဲ႔ ပိုက္ဆံရတဲ့အလုပ္ေတြမွအမ်ားႀကီးပဲ ။ မင္းစကားနည္းပံုမ်ိဳးနဲ႔ေတာ့ ေလာကႀကီးကေတာ့ ခက္ခဲေပဦးမယ္"
အေဖေျပာလည္းေျပာခ်င္စရာ။ သူက ေအးလြန္းသည္။ ေတာ္ရံုဆို စကားသိပ္မမ်ား။
ခု ကိုစိုးေက်ာ္ေပၚေရာက္လာမွ ေျပာရဆိုရမို႔ အနည္းငယ္လူေတာတိုးလာရံုသာ။
" တစ္ေသာင္းရရင္ လုပ္မယ္"
ႏြားသမားမ်က္ေမွာင္ကုတ္သြားတာေတြ့ရေပမဲ့ခ်မ္းေျမ့ မေၾကာက္ေပ။
" ႏြားသန႔္ေပ့၊လွေပ့ ရွာေပးမယ္၊ ေပးရတဲ့ေဈးနဲ႔ တန္ေစရမယ္"
ထိုလူအနည္းငယ္ စိတ္ေလ်ာ့သြားတာျမင္ေတာ့
ခ်မ္းေျမ့ ၿပံဳးလိုက္မိသည္။
သူေတာသား ၊ အရြယ္မေရာက္ေသးေပမဲ့ အ မေနေပ။ ေအးေပမဲ့ သူက သတၲိေတာ့ေကာင္းသည္။
ထိုလူျပန္သြားၿပီးေနာက္ရက္တြင္ ခ်မ္းေျမ့ ရြာထဲရိွ ႏြားလွတဲ့ အိမ္ေတြသို႔သြားကာ ႏြားေရာင္းမလားဟုအက်ိဳးအေၾကာင္းေမးေလသည္။
ပံုမွန္ေပါက္ေဈးထက္ ပိုရမၫ့္အေၾကာင္းလည္းေျပာခဲ့ေသးသည္။
ထို႔ေၾကာင့္ ႏြားအုပ္ရိွတဲ့အိမ္မ်ားက အထူးစိတ္ဝင္စားၾကသည္။ သံုးရက္ၾကာၿပီး ႏြားတစ္အုပ္နဲ႔ထိုသူျပန္ေရာက္လာ၏။
ကို စိုးေက်ာ္ေရ႔ွမို႔ ဘယ္သူမွ စကားမစေပမဲ့ ဆင္းသြားခါနီးတြင္ ရြာျပင္တြင္ေနာက္ရက္ သူ႔အားလာေခၚရန္မွာထားခဲ့ေသးသည္။
ေန့ခင္းထမင္းစားနားခ်ိန္တြင္ ခ်မ္းေျမ့ မစားႏိုင္ေသးေပ။ အျမန္ရြာ ေပၚေျပးတက္ကာ ႏြားေရာင္းတဲ့သူမ်ားကို ခ်ိန္းေပးရသည္။
ႏြားဆယ့္ရွစ္ေကာင္ အေရာင္းအဝယ္တၫ့္ၿပီးေနာက္
သူ႔အတြက္ေငြ တစ္သိန္းရွစ္ေသာင္းရလိုက္တာမို႔
အေတာ္ႀကီး အျမတ္ရလိုက္သည္။
စက္ေလျွပန္ေရာက္ခ်ိန္တြင္ ကိုစိုးေက်ာ္က သူ႔အားေဒါသတႀကီးဆူ၏။
" ငါ_ိုးမသား အခ်ိန္ကိုမေလးစားရင္ အလုပ္လာမလုပ္နဲ႔။ _ီးပဲ "
သူဘာမျွပန္မေျပာပဲ ေမာ္ေတာ္ႀကိဳးျဖည္ကာ သူ႔အလုပ္ သူဆက္လုပ္သည္။
ကိုစိုးေက်ာ္ မၾကည္ေပမဲ့ ေျပာခ်င္ရာေျပာ ဆဲခ်င္ရာဆဲ လ်စ္လ်ူရႈ႔ထားသည္။
တခါတေလ ေလာကႀကီးမွာ တစ္ခုကိုရယူခ်င္ရင္တစ္ခုကေတာ့ ေပးဆပ္ရစၿမဲပဲမို႔လား။