ပတ်ဝန်းကျင်ကတိတ်ဆိတ်နေပြီး တောလမ်းလေးတစ်ခုလိုတည်ရှိနေတဲ့နေရာလေးတစ်ခု...
မင်းသားဝမ်က မြို့တော်နဲ့အတော်လေးလှမ်းနေတဲ့နေရာမှာနေထိုင်သူမို့ တော်တောင်တွေနှင့်အိမ်တော်
အတော်ပင်နီးစပ်သည်....
အနောက်ဘက်တံခါးမှထွက်ခွာလာပြီးနောက် ကျောရ်ဂူကြီးတစ်ခုကိုဖြတ်ကျော်ရသည်...
ရှောင်းကျန့်အတွက်တော့ အရာရာကအသစ်အဆန်းတစ်ခုသဖွယ်....
ရှောင်းတိုင်းပြည်မှာခိုးထွက်ပြီးလျှောက်သွားနေပေမဲ့မြို့တော်နှင့်ဝေးရာတွေကိုသိပ်မရောက်...
မီးတုတ်အကူအညီဖြင့် ဂူထဲ၌နာရီဝက်လောက်ဖြတ်လျှောက်ပြီးနောက်....
"ဝါး...."
ရှောင်းကျန့်၏နှုတ်ခမ်းဖျားမှ အသံပင်ထွက်ရလောက်အောင်လှပနေတဲ့မြင်ကွင်းတစ်ခု....
တြဂံပုံစံ တဲစုလေးများအစီအရီနှင့် လင်းထိန်နေ
အောင်ထွန်းငြိထားတဲ့မီးတုတ်တွေ မီးခွက်တွေကအစီအရီ....
ကလေးငယ်တွေပြေးလွားကစားနေကြတဲ့မီးပုံကြီးဘေး၌ မီးပုံးတွေနှင့်အလှဆင်ထားတဲ့နှစ်ထပ်ဆောင်လေးတစ်ခု....
တောစပ်ဖြစ်၍ထင်သည်...ပိုးစုန်းကြူးလေးတွေကဟိုတစ်စု ဒီတစ်စု....
ပတ်ဝန်းကျင်ကိုငေးမောနေရင်း မင်းသားဝမ်ဆီအကြည့်ရောက်....
"ဟင်..."
သူအမြင်မှားတာများလား....
မင်းသားဝမ်ကသူ့ကိုကြည့်နေတာ....
တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းကအနည်းငယ်ပြုံးယောင်သန်းနေသေးတာ...
သူပြုံးပြနေတာပဲ ...ရှောင်းကျန့်ကိုယ်တိုင်လည်းသွားတန်းညီညီတွေပေါ်အောင်ပြုံးပြလိုက်ပါသည်...
ပြုံးပြမိမှမှားသွားသည်လား...
နောက်ဘက်ကိုချက်ချင်းဘဲပြန်လှည့်သွားသူ...
သူဘာများမှားသွားပါလိမ့်...
"မင်းသားဝမ်...."
အတွေးတွေကိုရပ်တန့်လိုက်သည့်အသံ....
မိန်းကလေးတစ်ယောက်၏အသံဆိုပေမဲ့ သြဇာအာဏာအပြည့်နှင့်ပင်...
အသံလားရာအကြည့်ရောက်တော့...
ရှောင်းကျန့်အင်္ကျီစတွေကိုဆုတ်ကိုင်မိလိုက်သည်...
တစ်ကိုယ်လုံး တုန်လှုပ်သွားမှုက အန္တရာယ်ရှိမှုကိုဖော်ပြနေသည်...
လှပလွန်းတဲ့အပြာနုရောင်ဝတ်စုံနှင့်သူမ....
ဆံနွယ်တွေအားလုံးကိုဖြန့်ချထားပြီး ဘေးနှစ်ဘက်မှာ အနီရောင်ကလစ်လေးနှစ်ခုနှင့်သာ အလှဆင်ထားသည်...
ဖြောင့်စင်းလွန်းနေတဲ့ မျက်ခုံးအစုံအောက်က မျက်ဝန်းတွေက မင်းသားဝမ်နည်းတူစူးစူးရှရှပင်...
ထင်ပေါ်လွန်းနေတဲ့နှာတံက ဖြောင့်စင်းလျက်...
ပြုံးရောင်သန်းနေတဲ့နှုတ်ခမ်းအစုံက ပန်းရောင်ဆိုးဆေးအနည်းငယ်သာအသုံးပြုထားပေမဲ့ လှပစွာနေရာယူထားသည်...
သွယ်လျတဲ့ခန္ဓာကိုယ်က မြင်သူတိုင်ငေးမောချင်လောက်စရာ...
လက်တွေကိုအကြည့်အရောက်...
"ဟင်...မဖြစ်နိုင်တာ...."
ရှောဂ်းကျန့်အသံကိုကြားတဲ့ဝမ်နင်က...
"ရှောင်းကျန့်...ဘာဖြစ်လို့လဲ"
"ယတ်...ယတ်တောင်က..ငါ့အိမ်မက်ထဲကအတိုင်းပဲ"
"ဘယ်လို!..."
ရှောင်းကျန့်သူမလက်ကရွှေရောင်ယတ်တောင်ကိုသာအကြည့်ရောက်သည်...
တိတ်ဆိတ်မှုကိုဖြိုခွင်းသူက မင်သားဝမ်...
သြရှရှလေသံက လိုလိုလားလားနှင့်ခေါ်ဆိုခြင်းအပြည့်...
"အာရှင်းကျဲ..."
"မင်သားဝမ်....ငါပြန်ရောက်တာတောင်ခေါ်မှလာဖော်ရတယ်နော်..."
ဟင်..သူကမင်းသားတစ်ယောက်ကိုတောင်နင်..ငါတက်ပြောတာလား....
"ရှင်းအာကျဲ...ကျွန်တော်အကြောင်းသိရဲ့သားနဲ့..."
"ဟုတ်ပါပြီ...လာ...ထမင်းပွဲပြင်ထားပြီးပြီ..."
သွယ်လျနေတဲ့လက်အစုံက မင်သားဝမ်ရဲ့လက်ကောက်ဝတ်ကိုဆွဲပြီး သူမပြင်ဆင်ထားတဲ့နှစ်ထပ်ဆောင်ဆီသို့...
"လီဟွာ..."
"မင်းသားရှောင်းပြောပါ..."
"သူမက..."
"သခင်မလေးယွန်ရှင်းပါ.....မင်းသားဝမ်ရဲ့ချစ်သူ..."
"ဟင်..."
"မင်းသားရှောင်း...သွားကြတာပေါ့...မင်းသားဝမ်ကသခင်မလေးနဲ့မိတ်ဆက်ပေးပါလိမ့်မယ်..."
မင်းသားဝမ်ရဲ့ချစ်သူ...
ဒါဆိုဘာလို့အန္တရယ်ရှိနေတယ်လို့များထင်ရပါလိမ့်..
မီးပုံးတွေနှင့်အလှဆင်ထားတဲ့ လေးကားတစ်လျှောက် နံသာနံ့သင်းသင်းလေးက စိတ်ကြည်လင်စေသလို...
စားသောက်ဖွယ်ကာအပြည့်ရှိနေတဲ့ စားပွဲဝိုင်းရဲ့အရှေဘက်နေရာ၌ မင်းသားဝမ်ထိုင်နေပြီးဘေးဘက်၌
ယွန်ရှင်းထိုင်လျက် စကားတွေပြောဆိုနေကြသည်...
ထိုင်ခုံ၌ထိုင်ပြီးနောက်၌...
"အားရှင်းကျဲ....ဒါရှောင်းတိုင်းပြည်ရဲ့မင်းသားရှောင်းကျန့်....ကျွန်တော်ဒဏ်ရာအတွက်ရောက်နေတာ..."
မင်းသားဝမ်ရဲ့မိတ်ဆက်ပေးမှုအပြီး၌ ခေါင်းကနေခြေဖျားအထိကြည့်သွားတဲ့အကြည့်တစ်ခုကြောင့် မျက်မှောင်ပင်ကျုံ့လိုက်မိသည်...
အထင်သေးလွန်းတဲ့အကြည့်တွေ...
"သိပြီ...ရှောင်းဘုရင်ကြီးရဲ့မွေးစားသား....ဆိုတာလား....သတင်းတွေကတော့ကြားမိပါတယ်....မင်းသားဝမ် နင်လို့နားအေးပါးအေးနေတက်တက်လူနဲ့အဆင်ပြေပါ့မလား....မင်းသားရှောင်းကျန့်သတင်းတွေက သိပ်မကောင်းသလိုပဲနော်..."
မင်းသားဝမ်ကနှုတ်ခမ်းလှုပ်ယုံပြုံးပြီး...
"အဆင်ပြေပါတယ်...အားရှင်ကျဲ...သူရှိနေလို့ ကျွန်ခုတစ်လောနေရတာသက်တောင့်သက်သာရှိနေတယ်..."
မင်းသားဝမ်အပြောအား ဝမ်နင်ရော၊လီဟွာပါအသိမှတ်ပြုသဘောနှင့်ပြုံးကြပေမဲ့ ယွန်းရှင်းကသိသိသာသာမျက်နှာပျက်သွားမှန်း ရှောင်းကျန့်မြင်လိုက်သည်...
"လူဆိုတာက ပင်ကိုယ်ဗီဇဖျောက်မရဘူးလေ...
မင်းသားရှောင်းကျန့် ရဲ့အပြုအမူတွေက မင်းသားဝမ်ရဲ့နာမည်ကိုထိခိုက်မှာမလိုလားဘူးနော်..."
ထိုစကားအား အပြုံးများနှင့်ပြောသွားသောသူမက
ဘေးရှိ သေရည်အိုးမှ မင်းသားဝမ်ခွက်ထဲသို့ငဲ့ပေး
လေသည်...
ထိုအချိန်ပဲ....
ရှောင်းကျန့်ရဲ့အိမ်မက်တွေကအနှေးကွက်ပြန်ပြသလို
တစ်ခုချင်းပေါ်လာသည်...
သေရည်ငဲ့နေတဲ့လက်တစ်စုံ...
သေရည်ခွက်အားသောက်နေတဲ့မင်းသားဝမ်...
ရွှေရောင်ယတ်တောင်အား ခပ်တင်းတင်းဖိကိုင်ထားတဲ့ သူမ....
စားပွဲပေါ်သေချာကြည့်မိတော့ သေရည်အိုးက နှစ်အိုဖြစ်နေခြင်း....
ခန္ဓာကိုယ်ကအန္တရယ်ကိုကြိုသိနေသလိုတုန်လှုပ်လာသည်....
အဲ့ဒီအချိန်မှာပဲ...
"မင်းသားဝမ်သောက်အုံး....ငါနင့်အတွက်သီသန့်ဖယ်ထားတာ..."
"ကောင်းပြီ"
ရှောင်းကျန့်ခုထိအိမ်မက်ပင်လယ်ထဲလက်ပစ်ကူးနေရသလို...
ဒဏ်ရာကိုက်ခဲမှုကြောင့် အော်ငြီးနေတဲ့မင်းသားဝမ်ရဲ့ပုံရိပ်က သူအားအဆမတန်တုန်လှုပ်စေခြင်း...
မဖြစ်နိုင်တာ..မိုးကြိုးသွားကြိမ်စာက ကျင့်ကြံချိန်အမြင့်ဆုံးဖြစ်နေမှ ကြိမ်စာမိတဲ့လူမခံမရက်နိုင်အောင်နာကျင်ရတာ...
ခုက မင်းသားဝမ်ဒဏ်ရာက ကျင့်ကြံမှုနည်းတဲ့လူအြီးတော့ အဆုံးထိထိုးစိုက်သွားခြင်းမဟုတ်ပဲ အဖျားလောက်ပဲထိခိုက်မိတာ....
ဒါပေမဲ့ လိင်စိတ်ကြွတာရော၊ မခံမရက်နိုင်အောင်တစ်လထက်တစ်လပိုနာကျင်ရတာက ဘာလို့လဲ...
မဟုတ်မှ....အတွေးတွေကရှုန်းထွက်လိုက်ရင်း မင်းသားဝမ်ဆီအကြည့်ရောက်တော့...
မဖြစ်ဘူး....သောက်လိုက်လို့....
ထိုင်နေမှထပြီး မင်းသားဝမ်ဆီပေးနေတဲ့သေရည်ခွက်အား ယွန်ရှင်လက်မှပုတ်ထုတ်လိုက်ခြင်း...
" ခွမ်း!!!! "
"အမလေး....အတင့်ရဲ့လို့...မင်းသားရှောင်းကျန့် ခုဘာလုပ်လိုက်တာလဲ...!!! "
လီဟွာနဲ့ဝမ်နင်ပါထိုင်နေရာမှအနားသို့ချက်ချင်းရောက်လာသည်...
" မင်းသားဝမ်....ဒါအဆိပ်တွေ....ဒဏ်ရာကိုပိုဆိုစေမှာ..."
"ဟင်..."
ဝမ်နင်ဆီမှပါအံ့သြသံထွက်လာခြင်း...
"မင်းသားရှောင်း....ငျွန်မချစ်သူကိုအဆိက်တိုက်ရလောက်အောင် ကျွန်မအောက်တန်းမကျဘူးနော်..."
" အဲ့တာ ကျွန်တော်နဲ့မဆိုင်ဘူး....မင်းသားဝမ်ကိုကာကွယ်ရမှာ ကျွန်တော့်တာဝန်...."
"အဆိပ်ပါမပါ...သောက်ပြမယ်..."
သေရည်အိုမှခွက်ထဲကိုအပြည့်ခပ်ထည့်ပြီးသောက်လိုက်သူကြောင့် ရှောင်းကျန့်မှလွဲ၍ ကျန်သူများအားလုံး စိုးရိမ်သွားသောပုံများနှင့်...
"အာရှင်းကျဲ..."
"မင်းသားဝမ် အသာနေအုံး...ဘယ်မှာလဲအဆိပ်...ငါသောက်ပြီးနေပြီလေ..."
"အဲ့တာက..."
"ရှောင်းကျန့်!!!!! "
အော်သံခပ်သြသြက ဟိန်းခနဲ....
"မင်းသားဝမ်..."
"တော်ပြီ....ထပ်မကြားချင်ဘူး..."
"မဟုတ်ဘူး...မင်းသားဝမ်...သေရည်က...."
"တော်တော့လို့ပြောနေတယ်...မင်းကို!!!..."
ဘေးနားမှာရှိနေတဲ့ရှောင်းကျန့်ရဲရင်ဘက်စကိုတင်းတင်းဆွဲပြီး ထက်အော်လိုက်တဲ့အသံ...
စူးရှရှမျက်ဝန်းတွေက ဒေါသကြောင့် အနားသားတွေပင်ခပ်ရဲရဲ....
နိမ့်လိုက်မြင့်လိုက်ရင်ဘက်နှင့်အသက်ရှုနှုန်းက ဒေါသထွက်မှုပြင်းကြောင်းဖော်ပြနေသလို...
ခပ်တင်းတင်းဆုတ်ကိုင်ထားတဲ့ လက်ကတင်းလာတွေအသက်ရှုရသည်ပင် ခပ်ကြပ်ကြပ်...
"ရှောင်းကျန့်....မင်းတာဝန်ကငါနာကျင်နေရင်ကုသဖို့ပဲ....ငါလူတွေကိုအပစ်ဖို့ ဖို့မဟုတ်ဘူး...မင်းဘာသာမင်းရှောင်းတိုင်းပြည်မင်းသားမကလို့ဘာပဲဖြစ်ဖြစ်
မင်းတာဝန်ပဲမင်းလုပ်.... အာရှင်းကျဲ့ကငါ့နားမှာရှိလာတာငါ့အသက်ထပ်တောင်များသေးတယ်..."
"အစ်!"
"မင်းက..ငါ့အတွက်အဆောင်လက်ဖွဲ့သားသာပဲ...
ငါ့အတွက် မင်းကကျန်တာအဓိပ္ပါယ်မရှိဘူး..."
" ဝုန်း!! "
လည်ပင်းမှလက်ကိုလွတ်ပေးလိုက်ပြီးတွန်းချလိုက်ခြင်းကြောင့် ခုံစောင်းနှင့်လက်ဆစ်ရိုက်မိသွားသည်...
ဒါပေမဲ့မနာဘူး...
မဟုတ်...လက်ကမနာဘဲ ရင်ဘက်ထဲကနာနေသလိုပဲ...
ရစ်သိုင်းလာတဲ့မျက်ရည့်တွေကို မျက်တောင်တွေတ်ဖျက်ဖျက်ခပ်ရင်း ရုပ်သိမ်းလိုက်မိသည်...
အဆောင်လက်ဖွဲ့...မှန်တာပဲ...သူ့အတွင်ကိုယ်တန်ဖိုးကအဲ့လောက်ပဲ....
ချစ်ရသူတိုက်တဲ့သေရည်ကိုအဆိပ်ပါတယ်ပြောလို့ ယုံမလား...
လဲကျသွားတဲ့ရှောင်းကျန့်ကိုအကြည့်စူးစူးတစ်ချက်ပေးပြီး ယွန်ရှင်းလက်ကိုကိုင်ကာထွက်သွားသော မင်းသားဝမ်....
ထိုအခါမှလီဟွာနှင့် ဝမ်နင်က လာရောက်ထူပေးသည်...
"ရှောင်းကျန့်...ဘယ်နားနာသွားသေးလဲ...အဆင်ပြေရဲ့လား...မင်းလက်ယောင်နေပြီ....ကြည့်အုံး..."
ဝမ်နင်ပြောသည်ကိုအာရုံမရောက်နေပဲ ထွက်သွားတဲ့ကျောပြင်ကိုသာငေးလိုက်မိသည်...
"လီဟွာ...ငါပြောတာမင်းလည်းမယုံမှန်းသိပါတယ်...
ဒါပေမဲ့သိအောင်ပြောမှရမယ်..ခုနားကသေရည်ကအဆိပ်..ဒါပေမဲ့ သာမန်လူသောက်လို့ဘာတစ်ခုမှမဖြစ်ဘူး...မိုးကြိုးသွားကြိမ်စာမိတဲ့လူဆိုရင်တော့ အဆိပ်ဖြစ်မှာပဲ...ညဘက် မင်းသားဝမ်ကိုစောင့်ကြည့်ပေးပါ..ငါတို့အပေါ်မတက်လာခင်က မင်းသားဝမ်သောက်လိုက်သေးတယ်လို့ထင်တယ်....မင်းမယုံသေးရင်အိမ်တော်ပြန်ရောက်ရင် အသေးစိတ်ရှင်းပြလို့ရတယ်..."
"ကောင်ပါပြီ...အိမ်တော်ပြန်ကြတာပေါ့"
"ရှောင်းကျန့် မင်းလက်လို့..."
"ရတယ်..အဆောင်ထဲရောက်မှဆေးစည်းလိုက်မယ်..ဘာမှမဖြစ်ဘူး...ငါရတယ်"
နီရဲယောင်ကိုင်နေတဲ့ လက်ကောက်ဝတ်ကိုလက်တစ်ဖက်ဖြင့်ဆုတ်ကိုင်ရင်း မီးအိမ်တွေနှင့်ဝေးရာသို့...
**************************************
ဆုမွေးနေ့မို့ အမှတ်တရလာတင်တာပါရှင့်🎉
love you all...✨
Birthday girlလေးပါရှင့်😁