✨Part 10✨
မင်္ဂလာဦးညဆိုတာ တခြားသူတွေအတွက် စိတ်လှုပ်ရှား ကြည်နူးကြရတဲ့အချိန်ဆိုပေမယ့် သူ့အတွက်ဟုတ်မနေခဲ့ပါ ဒါ့အပြင် သူရဲ့လက်ထပ်ပွဲကလည်း မိန်းကလေးတစ်ယောက်နဲ့မဟုတ်ခဲ့
ကျယ်ဝန်းလှသော အခန်းကြီး၏ခုထင်ထက်တွင် သူတစ်ယောက်တည်းသာ
"ဒေါက် ဒေါက်"
မှေးခနဲဖြစ်နေစဥ် အခန်းတံခါးခေါက်သံကြောင့် အိပ်ချင်ပြေသွားခဲ့သည်
"ဟိုလူတော့ မဖြစ်နိုင်လောက်ပါဘူး"
ဆော့ဂျင် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး အခန်းတံခါးအား သွားဖွင့်လိုက်စဥ်
"ဖိုးဖိုး~"
"ဟုတ်တယ် ကောင်လေး သူေဋ္ဌးလေးဂျွန်က ကောင်လေးရဲ့ တစ်နေ့တာ လုပ်ရမှာတွေကို အချိန်ဇယားဆွဲပြီး ပေးခိုင်းလိုက်လို့"
"အချိန်ဇယား"
"အေးကွယ် သူေဋ္ဌးလေးဂျွန်က ဒီထဲကအတိုင်း အချိန်အတိအကျနဲ့အလုပ်လုပ်ပါတဲ့"
"ဟုတ်ကဲ့ ကျွန်တော့်ကိုပေးထားခဲ့လိုက်ပါ ဖိုးဖိုး"
"အဖိုးသွားပြီနော် မစောတော့ဘူး နားတော့ ကောင်လေး"
"ဟုတ်ကဲ့"
အဖိုးထွက်သွားပြီးတာနဲ့ တံခါးပြန်ပိတ်ကာ ခုတင်ဆီသို့လျှောက်လာလိုက်ပြီး ထိုင်ချလိုက်သည် ထို့နောက် လက်ထဲက စာရွက်ကို ဖတ်ကြည့်လိုက်သည်
"၃နာရီမှာ ထရမယ်တဲ့လား ထမင်း ဟင်းချက်တာက ၅နာရီလောက်မှထချက် ရနေတာကို သူကျ ၃နာရီလောက်ဆို အာပုပ်ရေကျအောင်အိပ်နေလောက်ဦးမယ့်ဟာ"
ကျန်တာတွေကတော့ အကုန်လုပ်နိုင်ပေမယ့် ၃နာရီကြီးထတာကျတော့ ဟူး~~~ဘာဖြစ်ဖြစ် သူခိုင်းတဲ့အတိုင်း လုပ်ရုံပေါ့ ငါက သူ့အရိပ်မှာနေရတော့မှာဆိုတော့
အတွေးထဲနစ်နေစဥ် ဖုန်းကောလ် တစ်ခု ဝင်သံကြားလိုက်ရသည် အင်း သေချာပေါက် မမဆောင်းမီဆီကဖြစ်လိမ့်မည်
"ဟယ်လို"
"မရှိပါဘူး"
"သူက တခြားခန်းမှာ"
"ပြေပါတယ်"
"အဲ့လိုတော့ မရလောက်ဖူးထင်တယ်"
"ဂျင် ပြောကြည့်လိုက်ဦးမယ်"
"ဟုတ်ကဲ့"
ဒီနေ့ မင်္ဂလာပွဲကို မမဆောင်းမီ မလာခဲ့ပါ မင်္ဂလာပွဲမတိုင်ခင် တစ်ရက်အလိုက သူ့ကို ဖုန်းတစ်လုံးပေးခဲ့ပြီး သူနဲ့အဆက်အသွယ် မပြတ်စေနဲ့လို့မှာခဲ့သည် ဆော့ဂျင်လည်း အဆက်အသွယ်မဖြတ်ပါ ဟိုလူ့ချစ်သူက တစ်နှစ်ပြည့်ရင် ကွာရှင်းရမည်ဟုပြောထားသည်မလား ဒီအိမ်ကထွက်သွားရရင် သွားစရာ ကပွဲရုံပဲရှိသည်လေ
အတွေးများကို အဆုံးသတ်ပြီး မွေ့ယာပေါ်သို့ ခြေပြစ်လက်ပြစ် လှဲချပစ်လိုက်သည်
မနက် ၃နာရီထရဦးမည်မလား
မျက်လုံးတို့ကို မှိတ်ချလိုက်ပြီး အိပ်စက်ခြင်းဆီသို့
>>>>>>>>>>>>>>>>>>>>>
"သူေဋ္ဌးလေးဂျွန် အလုပ်သွားတော့မှာလား"
"ဟုတ်တယ် အိမ်တော်ထိန်းမင် ဟိုတစ်ယောက်ကော"
"ခြံထဲက အပင်တွေရေဖြန်းနေတယ်ကွဲ့"
"သူမနက်စာစားပြီးပြီလား"
"ကျွန်တော် မေးပေးပါ့မယ်"
"ရပြီ ကျွန်တော်သွားပြီးမှမေးတော့"
"ဟုတ်ကဲ့"
ထိုချိန်
"တီ တီ!!"
"တီ တီ တီ!!!"
"ဒီမှာ ငါဟွန်းတီးနေတာကို မင်းက ခြံတံခါးမဖွင့်ပေးဘဲ ဘာလုပ်နေတာလဲ"
ဆော့ဂျင် ပန်းပင်တွေ ရေဖြန်းနေရင်း ကားဟွန်းသံကြားလို့ ခြံတံခါးအား ဖွင့်ရ မဖွင့်ရ စဥ်းစားနေတုန်း ဟိုနေ့က သူ့ကို ဒေါသတကြီး ကန်ကျောက်သွားသည့် ဟိုလူကြီး၏ ချစ်သူဆိုသူ
"ဟိတ်ကောင် ဘာကြောင်ကြည့်နေတာလဲ လာဖွင့်လေ!!!"
ဆော့ဂျင် လက်ထဲက ရေပိုက်ကိုချခဲ့ကာ အပြေးသွားဖွင့်ပေးလိုက်ပြီးသည့်နှင့် ထိုသူကကားပေါ်ပြန်တက်ကာခြံထဲသို့ မောင်းဝင်လာခဲ့ပြီး အိမ်ကြီးထဲသို့ အလောတကြီးဝင်သွားသည်ကို မြင်လိုက်ရသည်
"ဂျွန်!!!"
"ဂျွန်ရေ"
"ထယ် အိမ်ကို မလာစဖူး.."
"ဘာလဲ လာလို့မရဘူးလား"
"ရတာပေါ့ထယ်ရဲ့ အချိန်မရွေး"
"ဒါဆို မနက်စာစားပြီးပြီလား"
"မစားရသေးဘူး အပြင်ကျမှ...."
"အပြင်လုပ်မနေနဲ့ ထယ်က ဒီမှာစားချင်လို့ လာခဲ့တာကို မနက်စာ စီစဥ်ထားတာမရှိဘူးလား"
"ရှိတော့ရှိပေမယ့်..."
"အာ့ဆိုလည်း စားကြမယ်လေ အိမ်တော်ထိန်းမင် ခြံထဲက ဟိုကောင့်ကို ခေါ်လာခဲ့"
"ထယ်က ဘာလုပ်မလို့လဲ"
"ဂျွန်ကလည်း အိမ်အလုပ်အားလုံးကိုသူပဲ လုပ်ရတော့မှာမလားမနက်စာလည်း သူပဲ ပြင်ပေးရမှာပေါ့ ဘာလုပ်နေတာလဲ အိမ်တော်ထိန်းမင် သွားခေါ်လေ"
"ဟုတ်ကဲ့"
>>>>>>>>>>>>>>>>>>>>>>
"ကောင်လေး"
"သြော် ဖိုးဖိုး"
"ကောင်လေးကို သူေဋ္ဌးလေးဂျွန်တို့က ခေါ်ခိုင်းလိုက်လို့"
"ဘာဖြစ်လို့လဲဟင်"
"မနက်စာစားကြမလို့နဲ့တူတယ် သွားလိုက်ပါဦးကွယ်"
"ဟုတ်ကဲ့ "
ဆော့ဂျင် ထမင်းစားခန်းထဲ ဝင်လာချိန် မြင်လိုက်ရတဲ့မြင်ကွင်း
"အွန်း ပြွတ်စ်~~"
ဟိုလူက ထမင်းစားပွဲကခုံတစ်လုံးမှာ ထိုင်နေပြီး ထိုသူ့ပေါင်ပေါ်တွင် မျက်နှာချင်းဆိုင်လှည့်ထိုင်နေပြီးနားရှက်စရာ အသံတွေထွက်လောက်တဲ့အထိ နမ်းရှုံ့နေတာ
"လွှတ်ဦးဂျွန်ရဲ့ ဟိုမှာ ဂျွန်ရဲ့ ယောကျာ်းလေး ရောက်နေပြီ"
ဆော့ဂျင်ကို မြင်သွားသည့် ဟိုလူ့ ချစ်သူက ပြောလာရင်း ဘေးထိုင်ခုံတွင် ဝင်ထိုင်သည် ထိုသူကတော့ အနည်းငယ် ထိတ်လန့်သွားသယောင် သို့သော် သူ့စိတ်ထဲ ထင်တာဖြစ်ပါလိမ့်မည် သူ့ကိုယ်တိုင် ထမင်းစားခန်းမှာ မဖွယ်မရာလုပ်နေပြီး ခုကျမှ
"အဲ့မှာ ဘာရပ်လုပ်နေတာလဲ"
ဆော့ဂျင် မတ်တပ်ရပ်နေတော့ ထိုသူက စိတ်မရှည်စွာအော်လာသည်
ဆော့ဂျင်လည်း ထမင်းစားပွဲနားသို့လျှောက်လာလိုက်ပြီး
"မနက်စာစားဖို့ ပြင်ပေးပါ့မယ်"
ဆော့ဂျင်ထိုသို့ပြောလိုက်ပြီး ထမင်းအုပ်ကို ကိုင်လိုက်စဥ်
"မလုပ်နဲ့!!!!!"
"ထယ် အပြင်မှာဘဲ သွားစားရအောင်"
"ဘာလို့လဲ ဂျွန်ရဲ့"
"ရွံ လို့"
ထိုလူ့ပါးစပ်က တစ်လုံးချင်းထွက်လာသည့် စကား
"ပြည့်တန်ဆာတွေ ပြည့်နေတဲ့ ကပွဲရုံလိုနေရာမျိုးကလူရဲ့ လက်နဲ့ထိထားတာတွေကိုစားရမှာ ရွံဖို့ကောင်းတယ်"
"ကောင်းပြီလေ ဒါဆိုထယ်တို့ အပြင်မှာပဲ သွားစားကြမယ်လေ"
"အင်း"
ဆော့ဂျင်နားက ဖြတ်လျှောက်သွားသည့် ထိုနှစ်ယောက်
ဆော့ဂျင် ခေါင်းကို ငုံ့ထားမိသည်
ဒီအချိန် မေမေ့ကိုသိပ်သတိရသည်
မေမေ သားကို ကြည့်မနေပါနဲ့နော်
တမလွန်ရောက်သွားတဲ့ မေမေ့ကိုတော့ ထပ်ပြီး စိတ်မဆင်းရဲစေချင်လို့ပါ
>>>>>>>>>>>>>>>>>>>>>>
တစ်ပတ်နှစ်ပိုင်း ဆိုတဲ့အတိုင်း upလိုက်ပြီနော်
see you ဒါဒါတို့💜