{Unicode}
....သက်လယ်...
သက်လယ် ရွှေသွေးရယ်... မကြင်နာ စိမ်းတော့ စိမ်းရက်တယ်။
****
တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့
ရဲတံခွန်တွေ လေကစား.. ကြွားတလူလူဝေ
တပ်ဦးဆီ မျှော်လိုက်ပြန်တော့..
တံခွန်တွေအလံတွေ ရဲမာန်ပွား..လောက်ပေ
သြော်တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့
ရဲတံခွန်တွေ လေကစား.. ကြွားတလူလူေ၀
တောင်ကညိုပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ
မိုးသက်လေဝှေ့တို့ တရွေ့ရွေ့ယူသလေ
တိမ်ဦးလေပြေ လွမ်းငွေ့ကိုစေ
ဖော်မစုံကျွမ်း လွမ်းစိတ်တွေပွေ
ချစ်တဲ့သူဓာတုကလျာဆွေ
လွမ်းရတဲ့ ဖြစ်အင်
ထင်မြင်မိစေ..တဲ့ ဘုရားတိုင်
စစ်ချီရတုတွေရေး..လို့ သြော်
ကျေးငှက်ကိုစေလိုစေ ဖြေလည်း..ငယ်
ပြေပြေပါနိုင်ပဲ..
စစ်ထွက်ဆဲတောင်ငူဘုရင်မှာလေ
လွမ်းစာတွေ ရွှေပေထက်မှာ တင်ရှာပေ
ပေါ်နွလေလျှင်.. တောင်ကခြိမ့်..မြူး
မင်းလွင်ဦး နှင့် ပျံပျူးချုပ်ဆိုင်း..
မုန်တိုင်းဆင်လို့
တိမ်ညိုမှိုင်း..ထပ် ပြတ်လျှပ်ပြကာ
စိမ်းဝါ မိုးပန်း ထွေထွေစွန်း..က
ရေသွန်းသာကြည် ပျော်ရမည်ကို..
မြရည် သတ်မှတ် ရောက်ခဲ့လတ်ဟု
ချစ်ထွတ်တင်သည်...
ပြာစင် မွန်လတ် ဖြူ၀င်းမွတ်လျှင်..
ကြာညွတ်ဖယောင်း နေရှိန်ပျောင်းသို့..
ဆင့်လောင်းလှမ်းဝင့် ရှိလိမ့်ဟန်ကို
တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်
ငှက်သွင်ပျံကြွမတတ်သော်.
ပိတောက်တွေ ..ရွှေရည်လူးကြမယ့်အနေ..
ပုလဲငုံစံပယ်ဖြူ ဖူး..ခိုကြေ၀ေ၀
ပန်းမျိုးစုံရာသီစုံကူး.. ခဲ့ပေါ့လေ
ချစ်သူကိုရည်စူး ခူး..တဲ့လို့ခြွေ
ပိတောက်တွေ ..ရွှေရည်လူးကြမယ့်အနေ..
ပုလဲငုံစံပယ်ဖြူ ဖူး..ခိုကြေ၀ေ၀
ပန်းမျိုးစုံရာသီစုံကူး.. ခဲ့ပေါ့လေ
ချစ်သူကိုရည်စူး ခူး..တဲ့လို့ခြွေ
ကိုယ်တိုင်လှရာရာရွေး ဆင်မပေးရ ဆံမြညှာကေ
စစ်မြေမှာ ကြာညောင်း ရက်ရှည်
ရောက်မယ်အထင်နဲ့ မျှော်တဲ့သူပူဗျာပွေ
တတွေးတွေး ဆွေးရှာရော့မယ်လေ
တိမ်ဦးလေပြေ လွမ်းငွေ့ကိုစေ
ဖော်မစုံကျွမ်း လွမ်းစိတ်တွေပွေ
ချစ်တဲ့သူဓာတုကလျာဆွေ
လွမ်းရတဲ့ဖြစ်အင်
ထင်မြင်မိစေတဲ့ ဘုရားတိုင်
စစ်ချီရတုတွေရေးလို့ သြော်
ကျေးငှက်ကိုစေလိုစေ ဖြေ..လည်းငယ်
ပြေပြေပါနိုင်ပဲ
စစ်ထွက်ဆဲတောင်ငူဘုရင်မှာလေ
လွမ်းစာတွေ ရွှေပေထက်မှာတင်ရှာပေ....။
လွန်ခဲ့သော ၂ရက်ခန့်အကြာက....
မနေ့က မြင်ခဲ့ရသည့် မြို့အုပ်ပုံစံကြောင့် လုံးဝင် အိပ်လို့မပျော်ပါ။ ဒါကြောင့်ပင် ဘယ်လိုလုပ်ရမှန်း မသိတော့...။
အိပ်မပျော်သည့် အဆုံး ပြတင်းပေါက်တစ်ဖက်မှာ မြင်နေရသည့် အဖူးအပွင့် စုံနေသည့် ပန်းပင်များကိုသာ ငေးကြည့်မိလိုက်သည်။
တိမ်ညိုများ လွှင့်စင်သွားသည့် တစ်ခဏ လရောင်နှင့်အတူ လင်းကျင်းနေသည့် ဝန်းကျင်တစ်ခုအောက်မှာတော့ စံပယ်များ၊ ဇွန်ပန်းများက ဖွေးဖွေးလှုပ်အောင် ပွင့်လန်းနေသည်...။ မိုးရေစက်တစ်ချို့ ပက်ဖျန်းမှုကြောင့် သစ်ပင် ပန်းပင် မှန်သမျှတို့က စိမ်းစိမ်းစိုနေသည်။
လရောင်အောက် အိမ်အမိုးတံစက်မြိတ်အောက်မှာ ရှိနေသည့် ပွင့်ဖို့ အားယူနေသည့် စံပယ်ဖူးများကို ငေးကာ ကြည့်မိလိုက်သည်။ မိုးသက်လေတစ်ချို့နှင့်အတူ တိုးဝှေ့လာသည့် စံပယ်ပန်းနှင့် ဇွန်ပန်းရနံ့များက နှာသီးဝနားအထိ ရောက်နေပြီ ဖြစ်သည်...။
သို့ပေမယ့် ဘယ်လိုမှ အာရုံဖောက်ဖျက်လို့ မရသည်က... ဒီနေ့ တွေ့ခဲ့ရသည့် မြို့အုပ်ရဲ့ ပုံစံပင် ဖြစ်သည်။ သူစိမ်းတစ်ယောက်လိုပင် ရှိနေမိပြီး အခေါ်အဝေါ် ပြောင်းလဲသွားပုံက တကယ်ကိုပင် ပယ် ချစ်သည့် မြို့အုပ်က ထာဝရနူတ်ဆက်သွားတာ ဖြစ်နိူင်သည်။
စောင့်နေသူက စောင့်နေရုံပဲ တတ်နိုင်သည်..။ မြို့အုပ်က စောင့်နေဖို့ ပြောတော့လည်း ပယ်က စောင့်နေရုံပဲပေါ့။ ဒါပေမယ့် အချိန်လေးတော့ သေချာပြောသွားသင့်တာပေါ့ မြို့အုပ်ရယ်..။ အခုက ပယ်က စောင့်နေရုံ စောင့်နေခဲ့ပြီး မြို့အုပ်က ပြန်မလာခဲ့ဘူးဆိုရင်ရော...
ပယ့်ရင်တွေ ကွဲကုန်တော့မယ် မြို့အုပ်ရယ်...။ မြို့အုပ်သာ ပယ့်ကို လာမရှာခဲ့ရင် အခုလို ထိခိုက်ရှနာ မရဘဲ မြို့အုပ်လည်း ပြန်သွားရတော့မှာ မဟုတ်။ ပယ်ကသာ မြို့အုပ်ကို အခုလို ဖြစ်စေတဲ့သူပါ။ ပယ့်အမှားပါ... ပယ် ကိုငြိမ်းနဲ့ လိုက်သွားတယ်... ကိုငြိမ်းက မရိုစီက မြို့အုပ်ကို အညှိုးထားပြီး သူ့အဖေ မြို့တော်ဝန်ကို သံကြိုးစာ ပို့ခဲ့လို့ ပယ်က မြို့အုပ်က နယ်မှာ ကောင်းကောင်းမွန်မွန် ရှိနေကြောင်းနဲ့ မရိုစီရဲ့ သဘောထားကိုလည်း သွားရောက် ရှင်းပြခဲ့တာမျိုးပင်။ ညတွင်းချင် ကိုငြိမ်းနှင့်အတူ ရထားစီးပြီး မြို့တော်ဝန်ဆီ သွားတွေ့ဖို့ လုပ်ခဲ့သည်။
ဒါပေမယ့် မြို့တော်ဝန်နဲ့က တစ်ရက်ကျော်မှ သွားတွေ့ခဲ့သည်။ ဒီက အခြေအနေကို ပယ် တစ်ခုမှ မသိခဲ့ရပါ။ ပယ် ပြန်ရောက်တော့ မြို့အုပ်က ထိခိုက်မှုတစ်ခုနှင့် သတိမေ့နေခဲ့သည်တဲ့... အရေးတကြီး စိတ်ပူမှုဖြင့် သွားတွေ့ခဲ့ပေမယ့် မြို့အုပ်ရဲ့ စိမ်းသက်သက် မရင်းနှီးသည့် မျက်ဝန်းများဖြင့်သာ ကြိုဆိုခံခဲ့ရသည်။
ဒီအခြေအနေ ...ဒီအခြေအနေကြီးက ပယ် အကြောက်ရွံ့ဆုံး တတ်နိုင်သမျှ ရှောင်လွှဲနိုင်ဖို့ ဘုရားမှာ ဆုတောင်းခဲ့သည့် အခြေအနေတစ်ခုပင်။ အခုတော့ ပယ်က ထိပ်တိုက် တွေ့ကြုံလိုက်ရပြီ။ ပယ် ဘာမှ မတတ်နိုင်တော့...
ပတ်သတ်ဖူးတဲ့သူက ဒီလူပါဆိုပြီး လက်ညှိုးထိုးမပြနိုင်တော့...။
နံနက်ပိုင်း
နံနက် ၄နာရီ...
"သား.. ဖူးငုံ အစောကြီး နိုးနေတာလား?"
အိပ်မပျော်မယ့် အတူတူ စံပယ်ဖူးများကို လိုက်ပြီး ခူးထားမိသည်။ ညအမှောင်မှာပင် ဖွေးဖွေးလှုပ်နေသည့် ပန်းများကို ခူးထားမိသည်။ မေမေ နိုးလာချိန်မှာတော့ နှီးခြင်းအပြည့် ဖြစ်နေသည့် ပန်းများကို မြင်လိုက်ရသည့် ပုံစံနှင့် ပြောလာသည်။
"ဟုတ်ကဲ့ မေမေ... ပယ် နိုးပါပြီ...။ အစောကြီး နိုးနေတာနဲ့ ပန်းတွေပါ ခူးထားပါတယ်.."
ဆီမီးအရောင်နှင့်အတူ အရည်လဲ့ထနေသည့် မျက်ရည်များကို မြင်ရမှာစိုးသည့်အတွက် တစ်ဖက်ကို လှည့်ကာ မျက်ရည်များကို ပုတ်ခတ်သိမ်းဆည်းကာ သုတ်လိုက်မိသည်။ မေမေကတော့ သားသမီးတစ်ယောက်ကို အကဲခတ်သလို ကြည့်နေရင်းမှ... နံဘေးမှ ထိုင်လာသည်။
"ကဲ မေမေ လုပ်လိုက်မယ်နော်... သားလေးက ခဏအိပ်လိုက်ဦးနော်...။ မေမေ ပန်းသီလို့ ပြီးတာနဲ့ လာနိုးမယ်လေ... သွား သားလေးက လိမ္မာပါတယ်.."
"မေမေ... ပန်းတစ်ချို့ကို မကုံးနဲ့နော်... ငှက်ပျောရွက်လေးနဲ့ ထည့်ထားပေးပါ...။"
မေမေက ခဏငေးခနဲ ဖြစ်သွားပြီးသည့် နောက်မှာတော့...
"ဟုတ်ပြီ.. မေမေ လုပ်ထားလိုက်မယ်နော်... အခု သားလေး ခဏအိပ်လိုက်နော်"
"ဟုတ်ကဲ့မေမေ.."
ထိုစကားနောက်မှာတော့ ပယ်လည်း အခန်းထဲသို့သာ အမေ့သဘောကျ ဝင်လိုက်မိတော့သည်။ ဟုတ်ပါသည်.. ဒီအချိန်က ပယ့်အတွက် ခိုးငိုဖို့အတွက် အချိန်ကောင်းပဲလေ...။
နံနက် ၈နာရီ...
လက်ထဲက ငှက်ပျောဖက်နှင့် ထုပ်လာသည့် ပန်းများကို တစ်ချက်ကြည့်ကာ မြို့အုပ်အိမ်ကို ကြည့်နေမိသည်။ ထိုအချိန်မှာပင် ခြံစောင့် ကိုမောင်သောင်းက ထွက်လာလေသည်။ ခြံတံခါးကို ဖွင့်လာပြီး...
"ဟမ်... အလှလေးပဲ... မြို့အုပ်ဆီ လာတာလား? အိမ်ထဲကို လာလေ... ကြီးကြီးဝေကလည်း ပယ့်ကို စောင့်နေတယ်...။ မြို့အုပ်ကို ခေါ်ပေးမယ်နော်။"
ကိုမောင်သောင်းက လှိုက်လှိုက်လှဲလှဲဖြင့်ပင် အိမ်ထဲကို ခေါ်လေတော့ ပယ်လည်း အိမ်ထဲသို့ ဝင်လာမိတော့သည်။ ကိုမောင်သောင်းက ဧည့်ခန်းဆောင်မှာပင် ပယ့်ကို ထားခဲ့ပြီး သူက အိမ်ပေါ်ကို တက်သွားလေသည်။ ပယ်လည်း လက်ထဲက ပန်းများကို ကြည့်ကာ ရင်တထိတ်ထိတ်နဲ့ ရှိနေမိသည်။
အတန်ကြာသည့် အချိန်မှာတော့ အိမ်ပေါ်က ကိုသောင်းက မျက်စိမျက်နှာပျက်ကာ ဆင်းလာလေပြီ... သူ့နောက်မှာတော့ တပါတည်း လှေကားထစ်တွေကနေ နင်းလျှောက်လာသည့် မရိုစီကို တွေ့လိုက်ရသည့် အချိန်မှာတော့ ရုတ်တရက် ထိတ်လန့်သွားမိသည်။
မရိုစီကတော့ ကြွကြွရွရွဖြင့်ပင် လှေကားကနေ ဆင်းလာသည်။ အောက်ဘက်မှာ ထိုင်နေသည့် ကျွန်တော့်ဘက်သို့ တစ်ချက်ကြည့်ကာ အောင်နိုင်သူအပြုံးဖြင့်ပင်...
"သြော်... ဘယ်သူလဲလို့... ပုဂံက ပန်းသယ်ပဲ...။ ဘာကိစ္စရှိလို့လဲ?"
သူမကတော့ အောက်ကို ရောက်ရောက်ချင်း ကျွန်တော့်ကို ကြည့်ကာ ပြောလာသည်။ အစကတည်းက သူ့ကို ရင်မဆိုင်ရဲသူ ကျွန်တော့်အဖို့ အခုချိန်မှာတော့ မျက်နှာကို အောက်သို့ ငုံ့ချကာ....
"မြို့... မြို့အုပ်ကို ဒီပန်းလေးတွေ လာပေးတာပါ။ မြို့အုပ်ကို အရင်တုန်းက ပို့နေကျမို့ပါ။"
မရိုစီကတော့ ကျွန်တော့်ကို တစ်ချက်မဲ့ရွဲ့ကာ ကြည့်လာပြီး... သူ့နံဘေးမှာ တစ်ခုခုကို ပြောလိုဟန်ဖြင့် အခုထိ ဝေ့လည်ဝေ့လည် လုပ်နေသည့် ကိုသောင်းကို တစ်ချက်ကြည့်ကာ....
"ဘာလုပ်နေတာလဲ... မသွားသေးဘူးလား? ခြံထဲက အပင်တွေကို သွားပြီးရေလောင်းလေ...။"
ထိုအချိန်မှာတော့ ကိုသောင်းခဗျာ မျက်စိမျက်နှာပျက်ကာ....
"ဟုတ်... ဟုတ်ကဲ့ မမလေး..."
ကျွန်တော့်ကို တစ်စုံတစ်ခုကို ပြောလိုဟန်ဖြင့် ကြည့်နေရင်းမှ အပြင်သို့ ခပ်သုတ်သုတ် ထွက်သွားလေပြီ။
"မောင်သောင်းကိုလည်း ပြောထားဦးမှ... နောက်တစ်ခါ ခြံတံခါးကို ဖွင့်ပြီး ဧည့်သည်ခေါ်ရင် ကြည့်ပြီးခေါ်လို့...။ ဒါနဲ့... ခ က အရင်တုန်းက မင်းဆီက ဘာလို့ စံပယ်ပန်းတွေ ဝယ်ခဲ့ပေမယ့် အခု... သူက အညာလွယ်ပြီး အပေါစားဆန်တဲ့ စံပယ်ပန်းကို မကြိုက်တော့ဘူး... ။ နှင်းဆီပန်းပဲ ကြိုက်တော့တာ... အခုကြည့်လေ... အိမ်ထဲမှာ နှင်းဆီပန်းတွေနဲ့ ပြည့်နေတာ....။ ဒီနေ့က စ ပြီး နောက် ဘယ်မကြောင်းအရာနဲ့မှ မင်း ဒီကို မလာခဲ့ပါနဲ့... ပြီးတော့ ခ လုပ်ထားတဲ့ မြေကိစ္စလည်း လာရှင်းစရာ ရှိတယ်။"
"ဟုတ်... ဟုတ်ကဲ့ မရိုစီ...။"
"သြော်... ဒါနဲ့ မေ့တော့မလို့... ဒါလေး ယူသွားဦး... ဒါက ရိုစီတို့ စေ့စပ်ပွဲလေးအတွက် အကြိုရိုက်ထားတဲ့ ဖိတ်စာလေး... တုစံပယ်ဖူးငုံက ခ နဲ့ အတော်လေး ထူးခြားစွာ ပတ်သတ်ခဲ့ဘူးလို့... ဦးဆုံးဖိတ်လိုက်တာနော်... လာခဲ့ရမယ်နော်... သေချာပေါက်... ဒါနဲ့... ဘာပြောစရာရှိသေးလဲ?"
"ဟုတ်... မ..မရှိတော့ပါဘူး မရိုစီ..."
မရိုစီပေးလာသည့် နမူနာဖိတ်စာ ပုံစံကို အသေအချာလေး ယူကာ အသည်းမှ အောင့်တက်လာသော ခံစားချက်နှင့်အတူ မျက်ရည်စတို့...
"ဒါ... ဒါဆို... ပယ့်ကို ခွင့်ပြုပါဦးနော်...။"
နောက်တစ်နေ့...
အပတ်စဥ် သတင်းစာနယ်တစ်ခုပေါ်၌ ဒုတိယမြို့ဝန် တဖြစ်လဲ မြို့အုပ်မင်း ရန်စွယ်ခ နှင့် မရိုစီ(.....) တို့၏ စုလျားရစ်ပတ် ထိမ်းမြားခြင်း...
ထိုစာကို မြင်လေတော့ ချက်ချင်းဆိုသလို ခွေယိုင်လဲသွားမိသည်။
ဒီရက်ပိုင်း ပယ် လာတွေ့ရင်တောင် မြို့အုပ် အတွေ့မခံတာက ဒါကြောင့်လား...။
ပယ်... ဘယ်လိုလုပ်ရတော့မလဲ လူကြီးရယ်...
"ငါ မြို့အုပ်ကို ဘာမှမဟုတ်တဲ့ အကြောင်း သွားပြောပေးရမလား... ပယ်.."
"ရပါတယ်... ကိုငြိမ်းပြောတော့လဲ... မြို့အုပ်က ပယ့်ကို မှတ်မိတာမှ မဟုတ်တာ...။ ပယ် သဘောကျတဲ့ မြို့အုပ်က ဘယ်တော့မှ ပြန်မလာတော့ဘူး ထင်ပါတယ်...။"
ဇွဲရှိရှိဖြင့် ဒီနေ့ မနက် မရိုစီ မရှိတုန်း အခါတိုင်းလိုပင် မြို့အုပ်ဆီကို ပန်းသွားပို့သည့် အချိန်မှာတော့ ကြီးကြီးနဲ့သာ တွေ့ခဲ့ရသည်။ ကြီးကြီးက ပယ့်အတွက် ကျောင်းတက်ဖို့ ပိုက်ဆံကို မြို့အုပ်က ပေးမယ် ဖြစ်ပြီး ဒီကို အလုပ်ကိုတော့ မြို့အုပ်က ခေါ်မှပဲ လာခဲ့ပါ ဟူ၍...
မြို့အုပ် စွန့်ပစ်ခံလိုက်ရသည့် ပန်းများကို သယ်ကာ ပုဂံဘုရားဘက်သို့ ထွက်လာမိသည်။ ပြီးတော့ ဒီနေ့မနက်မှာပင် ဖတ်လိုက်ရသည့် မြို့အုပ်နှင့် မရိုစီ လက်ထပ်တော့မည့် အကြောင်း... ပြီးတော့ သတင်းစာထဲမှာ ပါလာခဲ့သည့် စေ့စပ်တော့မည့် သတင်းကြောင့်... ပယ် ဘာကိုမှ မတွေးနိုင်တော့...
ပန်းတောင်းငယ်ကို သယ်ကာ ပုဂံဘုရားဘက်ဆီသို့..
ရှစ်ခွင်တိုင်း မှိုင်နေပြီ ဖြစ်သည်။ ဖော်မစုံကျွမ်း လွမ်းရသည့် ဖြစ်အင် ဆိုသလိုပင်...
ပန်းတန်းရှိရာကို မသွားနိုင်ဘဲ မြို့အုပ်နှင့် အတူရှိခဲ့ရာ ပုဂံဘုရားတစ်ဆူဆီမှာပဲ ပန်းတောင်းကို ချကာ ထိုင်နေမိတော့သည်။ အတန်ကြာ ငိုကြွေးပြီးသည့် နောက်မှာတော့ ပန်းတန်းဆီသို့...။ အခါတိုင်း ဆက်သ ခဲ့သည့် ပန်းများက အခုတော့ လက်ခံသူ မဲ့လို့ နေသည်မို့ အခုလိုမျိုး...
လူကြီးရယ်...
ဒါက ကံကြမ္မာက မျက်နှာသာ မပေးခဲ့လို့ပဲ ဆိုရမှာလား?
မြို့အုပ်က အပြစ်မရှိပါဘူး... ဒီလိုတစ်နေ့မှာ ပြန်သွားရမယ့် သူကို သိသိချည်းနဲ့ ဆက်ပြီး ဖက်တွယ် နစ်ဝင်ခဲ့တဲ့ ပယ့်ရဲ့ အမှားပါ။
သွားလေတဲ့သူကိုလည်း စိတ်မဖြောင့်လုပ်သလို... ကျန်ခဲ့တဲ့ ကိုယ့်ကိုကိုယ်လည်း ဆွေးရအောင် လုပ်တယ်...။
အပြင်မှာ မှိုင်းထနေသည့် မိုးဥတုကတော့ အေးစက်စွာ ရှိနေပေမယ့် ပယ့်ရင်အတွင်းမှာတော့ နေအစင်းတစ်ရာမက ပူလောင်လွန်းလှပါတယ်... လူကြီးရယ်။
ပန်းတန်းက အစတုန်းက ပျိုးငယ်နဲ့ မြို့အုပ်ရဲ့ အခြေအနေကို ကောင်းကောင်းသိသည်...။ ဒီတော့ အခုလိုမျိုး မရီုစီနဲ့ မင်္ဂလာပွဲ သတင်း ပျံ့နှံ့နေချိန်မှာတော့ ...
"အမလေး ကြည့်ကြည့်... အဲ့ဒီတစ်ယောက်လေ... သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး။ သူလှတာကို အခွင့်ကောင်းယူပြီး မြို့အုပ်ကို သွားချိန်တာတဲ့... အခုကြည့်ဦး... ဟိုက မြို့က မြို့တော်ဝန်ရဲ့သမီး ပညာတတ်လေးနဲ့ ညားတော့မယ်... သူကတော့ မြို့အုပ်ကို ရလိုရညား မြူဆွယ်ပြီး အခုတော့ သူက အမြှောက်မယားဖြစ်လို့... ဘယ်နှယ့်တော်... မြို့အုပ်က ဦးနှောက်မရှိတဲ့သူ မှတ်နေလား မသိဘူး... ဟိုက သူနဲ့အဆင့်အတန်းတူတဲ့ ကောင်မလေးကိုပဲ ရွေးမှာပေါ့...။"
"အမလေး... ဟုတ်ပါ့ ဟုတ်ပါ့... ဒါနဲ့ မြို့အုပ်က အရင်တုန်းကတော့ ဘာတွေမွှန်နေလဲ မသိဘူးနော်... အဲ့ဒီတစ်ယောက်မှ အဲ့ဒီတစ်ယောက်ပဲ..."
"ယောင်္ကျားတွေရဲ့ သဘောသဘာဝကတော့ သူတို့ကို လှတဲ့သူ မြူဆွယ်ရင် ကြိုက်ကြတာပဲ... ပြီးတော့ အခု မြို့အုပ်က သူလိုချင်တာ ရသွားပြီထင်တယ်... အစကတော့ မြို့အုပ်ကတော် ဖြစ်တော့မလိုလိုနဲ့... ပန်းတောင် မရောင်းတော့ဘဲ အခု သူပဲ ပြန်ပြီး ပန်းတန်းရောက်လာတာ မလား? ကျွတ် ကျွတ် သနားစရာ..."
နံဘေးမှာ ပေါ်တင်ပင် ပယ့်ကို ကြည့်ပြီး ပြောလာသည့် စကားများကို မကြားချင်ယောင်ဆောင်မိလိုက်သည်။
အင်း ဝဋ်ကြွေး...
ဒါတွေက ဝဋ်ကြွေးမလို့သာ ပယ် ခံနေရတာမျိုးလား? ဒါဆိုရင်တော့ ဒီဘဝမှာ... အကျေဆပ်ပါရစေ... နောက်ဘဝအထိ မယူသွားပါရစေနဲ့... ။ ဒီဘဝ ဒီမျှနဲ့သာ ဝဋ်ကြွေးတွေ ကျေပါစေတော့...
ဒင်... ဒေါင်...
ည ၁၀နါရီ...
ဒီနေ့ အိမ်ကို တုစံပယ်ဖူး လာသွားသည်တဲ့... ဒါကို ဘာလို့ မသိရသည်လဲ? ပြီးတော့ မိမိလက်ထဲကို ပြန်ရောက်လာသည့် လယ်မြေစာချုပ်...
ဒါတွေ ဒါတွေက ဒီအတိုင်း မေ့နေရုံမဟုတ်... ဒီကြားထဲမှာ ပြောင်းလဲနေသည့် အချက်တစ်ချက်တော့ ရှိရမည်။ ပြီးတော့ ဒီကို ပြန်မရောက်ခင် အိပ်မက်လိုလို တွေ့ခဲ့သည့် တစ်ယောက်ကလဲ အထပ်ထပ်အခါခါ စာအုပ်တစ်အုပ်အကြောင်းပဲ ပြောနေခဲ့သည်မို့ ထိုစာအုပ်ကိုပင် ရှာဖွေနေမိသည်။
ရိုစီ...
ပြောင်းလဲလာသည့် သူမ...
အစကဆို ခွေးတစ်ကောင်လိုတောင် သူ့ကို အလေးမထားခဲ့သည့် သူမက အခုတော့ အနားကို ပြန်ရောက်လာခဲ့သည်။
ပြီးတော့ အရင်လို မဟုတ်ဘဲ မိမိအပေါ် အထင်သေး နှိမ့်ချစွာ မပြောတော့ဘဲ လေးစားစွာ ဆက်ဆံခဲ့သည်။
သူမရဲ့ ပြောင်းလဲမှုကြီးက ကြောက်စရာပင်... သူမကို စိတ်အရမ်းနာမိသည်။ သို့ပေမယ့် မိမိသတိရသည့်အချိန် သူမသာလျှင် အနားမှာ ရှိနေခဲ့သည်။ ပြောရရင်တော့ သူမကသာ အကြောင်းစုံ သိနိုင်သည့်သူ...
ပြီးတော့ မောင်သောင်း၊ ကြီးကြီးဝေ၊ တုစံပယ်ဖူး အကုန်လုံးက မိမိကို ကြည့်နေပုံက တစ်စုံတစ်ခုကို ပြောကြားလိုသည့်ပုံပင်...။
ဒါပေမယ့် ရိုစီကတော့ ထိုလူအားလုံး တစ်ယောက်မှ မိမိအနား အကပ်မခံခဲ့... ခြံဝန်းထဲ စိုက်ပျိုးထားခဲ့သည့် စံပယ်ပင်များကို အပွင့်ဖွေးဖွေးဖြင့်ပင် အကြောင်းမဲ့ ခုတ်ပစ် သတ်ပစ်ခဲ့သည်။
ပြီးတော့ ထွက်လာသည့် အညွှန့်အတက်ကိုတောင် ရှင်သန်လိုခွင့် စိတ်မရှိခဲ့။ အိမ်တစ်အိမ်လုံးလည်း နှင်းဆီပန်းများဖြင့် တန်ဆာဆင်ထားခဲ့သည်။
အရင်တုန်းကဆိုရင် လက်ထပ်ဖို့ အခေါက်ခေါက် အခါခါ ပြောနေပေမယ့် သူမက လှောင်ပြုံးလေးနဲ့ပင် ရှိနေခဲ့ပြီး...
' ခ က ဒီလောက်ပျော့ညံ့တာ... ခ ကို မှီပြီး ရိုစီက ဘယ်လိုနေရမှာလဲ? ခ က အရမ်းချစ်တတ်ပြီး စိတ်သဘောထားလေး ကောင်းတယ်ဆိုပေမယ့် ရိုစီလိုချင်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စံနှုန်းကိုတော့ မပြည့်မီဘူး... ဒါကြောင့် ရိုစီ ငြင်းပါရစေ...'
တွေးရင်း တွေးရင်းဖြင့်ပင် အကြောင်းအရာအားလုံးက ခေါင်းထဲ တရိပ်ရိပ်နိုးကြားလာလေသည်။ ဒါပေမယ့် ထိုအကြောင်းအရာများကို စဥ်းစားမိသည့် အချိန်တိုင်း ခေါင်းက ထိုးကိုက်လာခဲ့သည်။
ဒီတော့ စာအုပ်...
အဓိက ကတော့ ဘာအကြောင်းအရာပါမှန်း မသိသည့် စာအုပ်ကို အရင်ရှာရမည် ဖြစ်သည်။
မနက်က ကိစ္စရှိလို့ အပြင်ထွက်သွားသည့်
ရိုစီမရှိခင် အခန်းထဲမှာ အကုန်လုံး လှန်လျော ရှာဖွေနေမိသည်။
ဘုတ်~
အသံတစ်သံနှင့်အတူ အောက်သို့ ပြုတ်ကျလာသည့် သားရေပြားအဖုံးနဲ့ စာအုပ်တစ်အုပ်...
ချက်ချင်းပင် စိတ်ဝင်စားမှုအပြည့်ဖြင့် ကောက်လိုက်ပြီး... ဖတ်မည်ပြင်တုန်းမှာပင်....
"ခ... ခ က နိုးနေတာလား? ခ ဘာတွေ လုပ်နေတာလဲ?"
Sunday:6:June:9:00:23PM
{Zawgyi}
....သက္လယ္...
သက္လယ္ ေ႐ႊေသြးရယ္... မၾကင္နာ စိမ္းေတာ့ စိမ္းရက္တယ္။
****
တပ္ေတာ္ဦးဆီ ေမွ်ာ္လိုက္ျပန္ေတာ့
ရဲတံခြန္ေတြ ေလကစား.. ႂကြားတလူလူေဝ
တပ္ဦးဆီ ေမွ်ာ္လိုက္ျပန္ေတာ့..
တံခြန္ေတြအလံေတြ ရဲမာန္ပြား..ေလာက္ေပ
ေၾသာ္တပ္ေတာ္ဦးဆီ ေမွ်ာ္လိုက္ျပန္ေတာ့
ရဲတံခြန္ေတြ ေလကစား.. ကြွားတလူလူေ၀
ေတာင္ကညိုၿပိဳေတာ့မယ္ မွိုင္းမွိုင္းမႈန္ေဝ
မိုးသက္ေလေဝွ႕တို႔ တေ႐ြ႕ေ႐ြ႕ယူသေလ
တိမ္ဦးေလေျပ လြမ္းေငြ႕ကိုေစ
ေဖာ္မစုံကြၽမ္း လြမ္းစိတ္ေတြေပြ
ခ်စ္တဲ့သူဓာတုကလ်ာေဆြ
လြမ္းရတဲ့ ျဖစ္အင္
ထင္ျမင္မိေစ..တဲ့ ဘုရားတိုင္
စစ္ခ်ီရတုေတြေရး..လို႔ ေၾသာ္
ေက်းငွက္ကိုေစလိုေစ ေျဖလည္း..ငယ္
ေျပေျပပါနိုင္ပဲ..
စစ္ထြက္ဆဲေတာင္ငူဘုရင္မွာေလ
လြမ္းစာေတြ ေ႐ႊေပထက္မွာ တင္ရွာေပ
ေပၚႏြေလလွ်င္.. ေတာင္ကၿခိမ့္..ျမဴး
မင္းလြင္ဦး ႏွင့္ ပ်ံပ်ဴးခ်ဳပ္ဆိုင္း..
မုန္တိုင္းဆင္လို႔
တိမ္ညိုမွိုင္း..ထပ္ ျပတ္လွ်ပ္ျပကာ
စိမ္းဝါ မိုးပန္း ေထြေထြစြန္း..က
ေရသြန္းသာၾကည္ ေပ်ာ္ရမည္ကို..
ျမရည္ သတ္မွတ္ ေရာက္ခဲ့လတ္ဟု
ခ်စ္ထြတ္တင္သည္...
ျပာစင္ မြန္လတ္ ျဖဴ၀င္းမြတ္လွ်င္..
ၾကာၫြတ္ဖေယာင္း ေနရွိန္ေပ်ာင္းသို႔..
ဆင့္ေလာင္းလွမ္းဝင့္ ရွိလိမ့္ဟန္ကို
တိမ္စြန္ေလလွ်င္ ဖူးေရာက္ခ်င္သည္
ငွက္သြင္ပ်ံႂကြမတတ္ေသာ္.
ပိေတာက္ေတြ ..ေ႐ႊရည္လူးၾကမယ့္အေန..
ပုလဲငုံစံပယ္ျဖဴ ဖူး..ခိုကြေ၀ေ၀
ပန္းမ်ိဳးစုံရာသီစုံကူး.. ခဲ့ေပါ့ေလ
ခ်စ္သူကိုရည္စူး ခူး..တဲ့လို႔ေႁခြ
ပိေတာက္ေတြ ..ေ႐ႊရည္လူးၾကမယ့္အေန..
ပုလဲငုံစံပယ္ျဖဴ ဖူး..ခိုကြေ၀ေ၀
ပန္းမ်ိဳးစုံရာသီစုံကူး.. ခဲ့ေပါ့ေလ
ခ်စ္သူကိုရည္စူး ခူး..တဲ့လို႔ေႁခြ
ကိုယ္တိုင္လွရာရာေ႐ြး ဆင္မေပးရ ဆံျမညွာေက
စစ္ေျမမွာ ၾကာေညာင္း ရက္ရွည္
ေရာက္မယ္အထင္နဲ႕ ေမွ်ာ္တဲ့သူပူဗ်ာေပြ
တေတြးေတြး ေဆြးရွာေရာ့မယ္ေလ
တိမ္ဦးေလေျပ လြမ္းေငြ႕ကိုေစ
ေဖာ္မစုံကြၽမ္း လြမ္းစိတ္ေတြေပြ
ခ်စ္တဲ့သူဓာတုကလ်ာေဆြ
လြမ္းရတဲ့ျဖစ္အင္
ထင္ျမင္မိေစတဲ့ ဘုရားတိုင္
စစ္ခ်ီရတုေတြေရးလို႔ ေၾသာ္
ေက်းငွက္ကိုေစလိုေစ ေျဖ..လည္းငယ္
ေျပေျပပါနိုင္ပဲ
စစ္ထြက္ဆဲေတာင္ငူဘုရင္မွာေလ
လြမ္းစာေတြ ေ႐ႊေပထက္မွာတင္ရွာေပ....။
လြန္ခဲ့ေသာ ၂ရက္ခန့္အၾကာက....
မေန႕က ျမင္ခဲ့ရသည့္ ၿမိဳ႕အုပ္ပုံစံေၾကာင့္ လုံးဝင္ အိပ္လို႔မေပ်ာ္ပါ။ ဒါေၾကာင့္ပင္ ဘယ္လိုလုပ္ရမွန္း မသိေတာ့...။
အိပ္မေပ်ာ္သည့္ အဆုံး ျပတင္းေပါက္တစ္ဖက္မွာ ျမင္ေနရသည့္ အဖူးအပြင့္ စုံေနသည့္ ပန္းပင္မ်ားကိုသာ ေငးၾကည့္မိလိုက္သည္။
တိမ္ညိုမ်ား လႊင့္စင္သြားသည့္ တစ္ခဏ လေရာင္ႏွင့္အတူ လင္းက်င္းေနသည့္ ဝန္းက်င္တစ္ခုေအာက္မွာေတာ့ စံပယ္မ်ား၊ ဇြန္ပန္းမ်ားက ေဖြးေဖြးလႈပ္ေအာင္ ပြင့္လန္းေနသည္...။ မိုးေရစက္တစ္ခ်ိဳ႕ ပက္ဖ်န္းမႈေၾကာင့္ သစ္ပင္ ပန္းပင္ မွန္သမွ်တို႔က စိမ္းစိမ္းစိုေနသည္။
လေရာင္ေအာက္ အိမ္အမိုးတံစက္ၿမိတ္ေအာက္မွာ ရွိေနသည့္ ပြင့္ဖို႔ အားယူေနသည့္ စံပယ္ဖူးမ်ားကို ေငးကာ ၾကည့္မိလိုက္သည္။ မိုးသက္ေလတစ္ခ်ိဳ႕ႏွင့္အတူ တိုးေဝွ႕လာသည့္ စံပယ္ပန္းႏွင့္ ဇြန္ပန္းရနံ႕မ်ားက ႏွာသီးဝနားအထိ ေရာက္ေနၿပီ ျဖစ္သည္...။
သို႔ေပမယ့္ ဘယ္လိုမွ အာ႐ုံေဖာက္ဖ်က္လို႔ မရသည္က... ဒီေန႕ ေတြ႕ခဲ့ရသည့္ ၿမိဳ႕အုပ္ရဲ႕ ပုံစံပင္ ျဖစ္သည္။ သူစိမ္းတစ္ေယာက္လိုပင္ ရွိေနမိၿပီး အေခၚအေဝၚ ေျပာင္းလဲသြားပုံက တကယ္ကိုပင္ ပယ္ ခ်စ္သည့္ ၿမိဳ႕အုပ္က ထာဝရႏူတ္ဆက္သြားတာ ျဖစ္နိူင္သည္။
ေစာင့္ေနသူက ေစာင့္ေန႐ုံပဲ တတ္နိုင္သည္..။ ၿမိဳ႕အုပ္က ေစာင့္ေနဖို႔ ေျပာေတာ့လည္း ပယ္က ေစာင့္ေန႐ုံပဲေပါ့။ ဒါေပမယ့္ အခ်ိန္ေလးေတာ့ ေသခ်ာေျပာသြားသင့္တာေပါ့ ၿမိဳ႕အုပ္ရယ္..။ အခုက ပယ္က ေစာင့္ေန႐ုံ ေစာင့္ေနခဲ့ၿပီး ၿမိဳ႕အုပ္က ျပန္မလာခဲ့ဘူးဆိုရင္ေရာ...
ပယ့္ရင္ေတြ ကြဲကုန္ေတာ့မယ္ ၿမိဳ႕အုပ္ရယ္...။ ၿမိဳ႕အုပ္သာ ပယ့္ကို လာမရွာခဲ့ရင္ အခုလို ထိခိုက္ရွနာ မရဘဲ ၿမိဳ႕အုပ္လည္း ျပန္သြားရေတာ့မွာ မဟုတ္။ ပယ္ကသာ ၿမိဳ႕အုပ္ကို အခုလို ျဖစ္ေစတဲ့သူပါ။ ပယ့္အမွားပါ... ပယ္ ကိုၿငိမ္းနဲ႕ လိုက္သြားတယ္... ကိုၿငိမ္းက မရိုစီက ၿမိဳ႕အုပ္ကို အညွိုးထားၿပီး သူ႕အေဖ ၿမိဳ႕ေတာ္ဝန္ကို သံႀကိဳးစာ ပို႔ခဲ့လို႔ ပယ္က ၿမိဳ႕အုပ္က နယ္မွာ ေကာင္းေကာင္းမြန္မြန္ ရွိေနေၾကာင္းနဲ႕ မရိုစီရဲ႕ သေဘာထားကိုလည္း သြားေရာက္ ရွင္းျပခဲ့တာမ်ိဳးပင္။ ညတြင္းခ်င္ ကိုၿငိမ္းႏွင့္အတူ ရထားစီးၿပီး ၿမိဳ႕ေတာ္ဝန္ဆီ သြားေတြ႕ဖို႔ လုပ္ခဲ့သည္။
ဒါေပမယ့္ ၿမိဳ႕ေတာ္ဝန္နဲ႕က တစ္ရက္ေက်ာ္မွ သြားေတြ႕ခဲ့သည္။ ဒီက အေျခအေနကို ပယ္ တစ္ခုမွ မသိခဲ့ရပါ။ ပယ္ ျပန္ေရာက္ေတာ့ ၿမိဳ႕အုပ္က ထိခိုက္မႈတစ္ခုႏွင့္ သတိေမ့ေနခဲ့သည္တဲ့... အေရးတႀကီး စိတ္ပူမႈျဖင့္ သြားေတြ႕ခဲ့ေပမယ့္ ၿမိဳ႕အုပ္ရဲ႕ စိမ္းသက္သက္ မရင္းႏွီးသည့္ မ်က္ဝန္းမ်ားျဖင့္သာ ႀကိဳဆိုခံခဲ့ရသည္။
ဒီအေျခအေန ...ဒီအေျခအေနႀကီးက ပယ္ အေၾကာက္႐ြံ႕ဆုံး တတ္နိုင္သမွ် ေရွာင္လႊဲနိုင္ဖို႔ ဘုရားမွာ ဆုေတာင္းခဲ့သည့္ အေျခအေနတစ္ခုပင္။ အခုေတာ့ ပယ္က ထိပ္တိုက္ ေတြ႕ႀကဳံလိုက္ရၿပီ။ ပယ္ ဘာမွ မတတ္နိုင္ေတာ့...
ပတ္သတ္ဖူးတဲ့သူက ဒီလူပါဆိုၿပီး လက္ညွိုးထိုးမျပနိုင္ေတာ့...။
နံနက္ပိုင္း
နံနက္ ၄နာရီ...
"သား.. ဖူးငုံ အေစာႀကီး နိုးေနတာလား?"
အိပ္မေပ်ာ္မယ့္ အတူတူ စံပယ္ဖူးမ်ားကို လိုက္ၿပီး ခူးထားမိသည္။ ညအေမွာင္မွာပင္ ေဖြးေဖြးလႈပ္ေနသည့္ ပန္းမ်ားကို ခူးထားမိသည္။ ေမေမ နိုးလာခ်ိန္မွာေတာ့ ႏွီးျခင္းအျပည့္ ျဖစ္ေနသည့္ ပန္းမ်ားကို ျမင္လိုက္ရသည့္ ပုံစံႏွင့္ ေျပာလာသည္။
"ဟုတ္ကဲ့ ေမေမ... ပယ္ နိုးပါၿပီ...။ အေစာႀကီး နိုးေနတာနဲ႕ ပန္းေတြပါ ခူးထားပါတယ္.."
ဆီမီးအေရာင္ႏွင့္အတူ အရည္လဲ့ထေနသည့္ မ်က္ရည္မ်ားကို ျမင္ရမွာစိုးသည့္အတြက္ တစ္ဖက္ကို လွည့္ကာ မ်က္ရည္မ်ားကို ပုတ္ခတ္သိမ္းဆည္းကာ သုတ္လိုက္မိသည္။ ေမေမကေတာ့ သားသမီးတစ္ေယာက္ကို အကဲခတ္သလို ၾကည့္ေနရင္းမွ... နံေဘးမွ ထိုင္လာသည္။
"ကဲ ေမေမ လုပ္လိုက္မယ္ေနာ္... သားေလးက ခဏအိပ္လိုက္ဦးေနာ္...။ ေမေမ ပန္းသီလို႔ ၿပီးတာနဲ႕ လာနိုးမယ္ေလ... သြား သားေလးက လိမၼာပါတယ္.."
"ေမေမ... ပန္းတစ္ခ်ိဳ႕ကို မကုံးနဲ႕ေနာ္... ငွက္ေပ်ာ႐ြက္ေလးနဲ႕ ထည့္ထားေပးပါ...။"
ေမေမက ခဏေငးခနဲ ျဖစ္သြားၿပီးသည့္ ေနာက္မွာေတာ့...
"ဟုတ္ၿပီ.. ေမေမ လုပ္ထားလိုက္မယ္ေနာ္... အခု သားေလး ခဏအိပ္လိုက္ေနာ္"
"ဟုတ္ကဲ့ေမေမ.."
ထိုစကားေနာက္မွာေတာ့ ပယ္လည္း အခန္းထဲသို႔သာ အေမ့သေဘာက် ဝင္လိုက္မိေတာ့သည္။ ဟုတ္ပါသည္.. ဒီအခ်ိန္က ပယ့္အတြက္ ခိုးငိုဖို႔အတြက္ အခ်ိန္ေကာင္းပဲေလ...။
နံနက္ ၈နာရီ...
လက္ထဲက ငွက္ေပ်ာဖက္ႏွင့္ ထုပ္လာသည့္ ပန္းမ်ားကို တစ္ခ်က္ၾကည့္ကာ ၿမိဳ႕အုပ္အိမ္ကို ၾကည့္ေနမိသည္။ ထိုအခ်ိန္မွာပင္ ၿခံေစာင့္ ကိုေမာင္ေသာင္းက ထြက္လာေလသည္။ ၿခံတံခါးကို ဖြင့္လာၿပီး...
"ဟမ္... အလွေလးပဲ... ၿမိဳ႕အုပ္ဆီ လာတာလား? အိမ္ထဲကို လာေလ... ႀကီးႀကီးေဝကလည္း ပယ့္ကို ေစာင့္ေနတယ္...။ ၿမိဳ႕အုပ္ကို ေခၚေပးမယ္ေနာ္။"
ကိုေမာင္ေသာင္းက လွိုက္လွိုက္လွဲလွဲျဖင့္ပင္ အိမ္ထဲကို ေခၚေလေတာ့ ပယ္လည္း အိမ္ထဲသို႔ ဝင္လာမိေတာ့သည္။ ကိုေမာင္ေသာင္းက ဧည့္ခန္းေဆာင္မွာပင္ ပယ့္ကို ထားခဲ့ၿပီး သူက အိမ္ေပၚကို တက္သြားေလသည္။ ပယ္လည္း လက္ထဲက ပန္းမ်ားကို ၾကည့္ကာ ရင္တထိတ္ထိတ္နဲ႕ ရွိေနမိသည္။
အတန္ၾကာသည့္ အခ်ိန္မွာေတာ့ အိမ္ေပၚက ကိုေသာင္းက မ်က္စိမ်က္ႏွာပ်က္ကာ ဆင္းလာေလၿပီ... သူ႕ေနာက္မွာေတာ့ တပါတည္း ေလွကားထစ္ေတြကေန နင္းေလွ်ာက္လာသည့္ မရိုစီကို ေတြ႕လိုက္ရသည့္ အခ်ိန္မွာေတာ့ ႐ုတ္တရက္ ထိတ္လန႔္သြားမိသည္။
မရိုစီကေတာ့ ႂကြႂကြ႐ြ႐ြျဖင့္ပင္ ေလွကားကေန ဆင္းလာသည္။ ေအာက္ဘက္မွာ ထိုင္ေနသည့္ ကြၽန္ေတာ့္ဘက္သို႔ တစ္ခ်က္ၾကည့္ကာ ေအာင္နိုင္သူအၿပဳံးျဖင့္ပင္...
"ေၾသာ္... ဘယ္သူလဲလို႔... ပုဂံက ပန္းသယ္ပဲ...။ ဘာကိစၥရွိလို႔လဲ?"
သူမကေတာ့ ေအာက္ကို ေရာက္ေရာက္ခ်င္း ကြၽန္ေတာ့္ကို ၾကည့္ကာ ေျပာလာသည္။ အစကတည္းက သူ႕ကို ရင္မဆိုင္ရဲသူ ကြၽန္ေတာ့္အဖို႔ အခုခ်ိန္မွာေတာ့ မ်က္ႏွာကို ေအာက္သို႔ ငုံ႕ခ်ကာ....
"ၿမိဳ႕... ၿမိဳ႕အုပ္ကို ဒီပန္းေလးေတြ လာေပးတာပါ။ ၿမိဳ႕အုပ္ကို အရင္တုန္းက ပို႔ေနက်မိဳ႕ပါ။"
မရိုစီကေတာ့ ကြၽန္ေတာ့္ကို တစ္ခ်က္မဲ့႐ြဲ႕ကာ ၾကည့္လာၿပီး... သူ႕နံေဘးမွာ တစ္ခုခုကို ေျပာလိုဟန္ျဖင့္ အခုထိ ေဝ့လည္ေဝ့လည္ လုပ္ေနသည့္ ကိုေသာင္းကို တစ္ခ်က္ၾကည့္ကာ....
"ဘာလုပ္ေနတာလဲ... မသြားေသးဘူးလား? ၿခံထဲက အပင္ေတြကို သြားၿပီးေရေလာင္းေလ...။"
ထိုအခ်ိန္မွာေတာ့ ကိုေသာင္းခဗ်ာ မ်က္စိမ်က္ႏွာပ်က္ကာ....
"ဟုတ္... ဟုတ္ကဲ့ မမေလး..."
ကြၽန္ေတာ့္ကို တစ္စုံတစ္ခုကို ေျပာလိုဟန္ျဖင့္ ၾကည့္ေနရင္းမွ အျပင္သို႔ ခပ္သုတ္သုတ္ ထြက္သြားေလၿပီ။
"ေမာင္ေသာင္းကိုလည္း ေျပာထားဦးမွ... ေနာက္တစ္ခါ ၿခံတံခါးကို ဖြင့္ၿပီး ဧည့္သည္ေခၚရင္ ၾကည့္ၿပီးေခၚလို႔...။ ဒါနဲ႕... ခ က အရင္တုန္းက မင္းဆီက ဘာလို႔ စံပယ္ပန္းေတြ ဝယ္ခဲ့ေပမယ့္ အခု... သူက အညာလြယ္ၿပီး အေပါစားဆန္တဲ့ စံပယ္ပန္းကို မႀကိဳက္ေတာ့ဘူး... ။ ႏွင္းဆီပန္းပဲ ႀကိဳက္ေတာ့တာ... အခုၾကည့္ေလ... အိမ္ထဲမွာ ႏွင္းဆီပန္းေတြနဲ႕ ျပည့္ေနတာ....။ ဒီေန႕က စ ၿပီး ေနာက္ ဘယ္မေၾကာင္းအရာနဲ႕မွ မင္း ဒီကို မလာခဲ့ပါနဲ႕... ၿပီးေတာ့ ခ လုပ္ထားတဲ့ ေျမကိစၥလည္း လာရွင္းစရာ ရွိတယ္။"
"ဟုတ္... ဟုတ္ကဲ့ မရိုစီ...။"
"ေၾသာ္... ဒါနဲ႕ ေမ့ေတာ့မလို႔... ဒါေလး ယူသြားဦး... ဒါက ရိုစီတို႔ ေစ့စပ္ပြဲေလးအတြက္ အႀကိဳရိုက္ထားတဲ့ ဖိတ္စာေလး... တုစံပယ္ဖူးငုံက ခ နဲ႕ အေတာ္ေလး ထူးျခားစြာ ပတ္သတ္ခဲ့ဘူးလို႔... ဦးဆုံးဖိတ္လိုက္တာေနာ္... လာခဲ့ရမယ္ေနာ္... ေသခ်ာေပါက္... ဒါနဲ႕... ဘာေျပာစရာရွိေသးလဲ?"
"ဟုတ္... မ..မရွိေတာ့ပါဘူး မရိုစီ..."
မရိုစီေပးလာသည့္ နမူနာဖိတ္စာ ပုံစံကို အေသအခ်ာေလး ယူကာ အသည္းမွ ေအာင့္တက္လာေသာ ခံစားခ်က္ႏွင့္အတူ မ်က္ရည္စတို႔...
"ဒါ... ဒါဆို... ပယ့္ကို ခြင့္ျပဳပါဦးေနာ္...။"
ေနာက္တစ္ေန႕...
အပတ္စဥ္ သတင္းစာနယ္တစ္ခုေပၚ၌ ဒုတိယၿမိဳ႕ဝန္ တျဖစ္လဲ ၿမိဳ႕အုပ္မင္း ရန္စြယ္ခ ႏွင့္ မရိုစီ(.....) တို႔၏ စုလ်ားရစ္ပတ္ ထိမ္းျမားျခင္း...
ထိုစာကို ျမင္ေလေတာ့ ခ်က္ခ်င္းဆိုသလို ေခြယိုင္လဲသြားမိသည္။
ဒီရက္ပိုင္း ပယ္ လာေတြ႕ရင္ေတာင္ ၿမိဳ႕အုပ္ အေတြ႕မခံတာက ဒါေၾကာင့္လား...။
ပယ္... ဘယ္လိုလုပ္ရေတာ့မလဲ လူႀကီးရယ္...
"ငါ ၿမိဳ႕အုပ္ကို ဘာမွမဟုတ္တဲ့ အေၾကာင္း သြားေျပာေပးရမလား... ပယ္.."
"ရပါတယ္... ကိုၿငိမ္းေျပာေတာ့လဲ... ၿမိဳ႕အုပ္က ပယ့္ကို မွတ္မိတာမွ မဟုတ္တာ...။ ပယ္ သေဘာက်တဲ့ ၿမိဳ႕အုပ္က ဘယ္ေတာ့မွ ျပန္မလာေတာ့ဘူး ထင္ပါတယ္...။"
ဇြဲရွိရွိျဖင့္ ဒီေန႕ မနက္ မရိုစီ မရွိတုန္း အခါတိုင္းလိုပင္ ၿမိဳ႕အုပ္ဆီကို ပန္းသြားပို႔သည့္ အခ်ိန္မွာေတာ့ ႀကီးႀကီးနဲ႕သာ ေတြ႕ခဲ့ရသည္။ ႀကီးႀကီးက ပယ့္အတြက္ ေက်ာင္းတက္ဖို႔ ပိုက္ဆံကို ၿမိဳ႕အုပ္က ေပးမယ္ ျဖစ္ၿပီး ဒီကို အလုပ္ကိုေတာ့ ၿမိဳ႕အုပ္က ေခၚမွပဲ လာခဲ့ပါ ဟူ၍...
ၿမိဳ႕အုပ္ စြန့္ပစ္ခံလိုက္ရသည့္ ပန္းမ်ားကို သယ္ကာ ပုဂံဘုရားဘက္သို႔ ထြက္လာမိသည္။ ၿပီးေတာ့ ဒီေန႕မနက္မွာပင္ ဖတ္လိုက္ရသည့္ ၿမိဳ႕အုပ္ႏွင့္ မရိုစီ လက္ထပ္ေတာ့မည့္ အေၾကာင္း... ၿပီးေတာ့ သတင္းစာထဲမွာ ပါလာခဲ့သည့္ ေစ့စပ္ေတာ့မည့္ သတင္းေၾကာင့္... ပယ္ ဘာကိုမွ မေတြးနိုင္ေတာ့...
ပန္းေတာင္းငယ္ကို သယ္ကာ ပုဂံဘုရားဘက္ဆီသို႔..
ရွစ္ခြင္တိုင္း မွိုင္ေနၿပီ ျဖစ္သည္။ ေဖာ္မစုံကြၽမ္း လြမ္းရသည့္ ျဖစ္အင္ ဆိုသလိုပင္...
ပန္းတန္းရွိရာကို မသြားနိုင္ဘဲ ၿမိဳ႕အုပ္ႏွင့္ အတူရွိခဲ့ရာ ပုဂံဘုရားတစ္ဆူဆီမွာပဲ ပန္းေတာင္းကို ခ်ကာ ထိုင္ေနမိေတာ့သည္။ အတန္ၾကာ ငိုေႂကြးၿပီးသည့္ ေနာက္မွာေတာ့ ပန္းတန္းဆီသို႔...။ အခါတိုင္း ဆက္သ ခဲ့သည့္ ပန္းမ်ားက အခုေတာ့ လက္ခံသူ မဲ့လို႔ ေနသည္မို႔ အခုလိုမ်ိဳး...
လူႀကီးရယ္...
ဒါက ကံၾကမၼာက မ်က္ႏွာသာ မေပးခဲ့လို႔ပဲ ဆိုရမွာလား?
ၿမိဳ႕အုပ္က အျပစ္မရွိပါဘူး... ဒီလိုတစ္ေန႕မွာ ျပန္သြားရမယ့္ သူကို သိသိခ်ည္းနဲ႕ ဆက္ၿပီး ဖက္တြယ္ နစ္ဝင္ခဲ့တဲ့ ပယ့္ရဲ႕ အမွားပါ။
သြားေလတဲ့သူကိုလည္း စိတ္မေျဖာင့္လုပ္သလို... က်န္ခဲ့တဲ့ ကိုယ့္ကိုကိုယ္လည္း ေဆြးရေအာင္ လုပ္တယ္...။
အျပင္မွာ မွိုင္းထေနသည့္ မိုးဥတုကေတာ့ ေအးစက္စြာ ရွိေနေပမယ့္ ပယ့္ရင္အတြင္းမွာေတာ့ ေနအစင္းတစ္ရာမက ပူေလာင္လြန္းလွပါတယ္... လူႀကီးရယ္။
ပန္းတန္းက အစတုန္းက ပ်ိဳးငယ္နဲ႕ ၿမိဳ႕အုပ္ရဲ႕ အေျခအေနကို ေကာင္းေကာင္းသိသည္...။ ဒီေတာ့ အခုလိုမ်ိဳး မရီုစီနဲ႕ မဂၤလာပြဲ သတင္း ပ်ံ့ႏွံ႕ေနခ်ိန္မွာေတာ့ ...
"အမေလး ၾကည့္ၾကည့္... အဲ့ဒီတစ္ေယာက္ေလ... သူ႕ကိုယ္သူ ဘာထင္ေနလဲ မသိဘူး။ သူလွတာကို အခြင့္ေကာင္းယူၿပီး ၿမိဳ႕အုပ္ကို သြားခ်ိန္တာတဲ့... အခုၾကည့္ဦး... ဟိုက ၿမိဳ႕က ၿမိဳ႕ေတာ္ဝန္ရဲ႕သမီး ပညာတတ္ေလးနဲ႕ ညားေတာ့မယ္... သူကေတာ့ ၿမိဳ႕အုပ္ကို ရလိုရညား ျမဴဆြယ္ၿပီး အခုေတာ့ သူက အျမႇောက္မယားျဖစ္လို႔... ဘယ္ႏွယ့္ေတာ္... ၿမိဳ႕အုပ္က ဦးႏွောက္မရွိတဲ့သူ မွတ္ေနလား မသိဘူး... ဟိုက သူနဲ႕အဆင့္အတန္းတူတဲ့ ေကာင္မေလးကိုပဲ ေ႐ြးမွာေပါ့...။"
"အမေလး... ဟုတ္ပါ့ ဟုတ္ပါ့... ဒါနဲ႕ ၿမိဳ႕အုပ္က အရင္တုန္းကေတာ့ ဘာေတြမႊန္ေနလဲ မသိဘူးေနာ္... အဲ့ဒီတစ္ေယာက္မွ အဲ့ဒီတစ္ေယာက္ပဲ..."
"ေယာကၤ်ားေတြရဲ႕ သေဘာသဘာဝကေတာ့ သူတို႔ကို လွတဲ့သူ ျမဴဆြယ္ရင္ ႀကိဳက္ၾကတာပဲ... ၿပီးေတာ့ အခု ၿမိဳ႕အုပ္က သူလိုခ်င္တာ ရသြားၿပီထင္တယ္... အစကေတာ့ ၿမိဳ႕အုပ္ကေတာ္ ျဖစ္ေတာ့မလိုလိုနဲ႕... ပန္းေတာင္ မေရာင္းေတာ့ဘဲ အခု သူပဲ ျပန္ၿပီး ပန္းတန္းေရာက္လာတာ မလား? ကြၽတ္ ကြၽတ္ သနားစရာ..."
နံေဘးမွာ ေပၚတင္ပင္ ပယ့္ကို ၾကည့္ၿပီး ေျပာလာသည့္ စကားမ်ားကို မၾကားခ်င္ေယာင္ေဆာင္မိလိုက္သည္။
အင္း ဝဋ္ေႂကြး...
ဒါေတြက ဝဋ္ေႂကြးမလို႔သာ ပယ္ ခံေနရတာမ်ိဳးလား? ဒါဆိုရင္ေတာ့ ဒီဘဝမွာ... အေက်ဆပ္ပါရေစ... ေနာက္ဘဝအထိ မယူသြားပါရေစနဲ႕... ။ ဒီဘဝ ဒီမွ်နဲ႕သာ ဝဋ္ေႂကြးေတြ ေက်ပါေစေတာ့...
ဒင္... ေဒါင္...
ည ၁၀နါရီ...
ဒီေန႕ အိမ္ကို တုစံပယ္ဖူး လာသြားသည္တဲ့... ဒါကို ဘာလို႔ မသိရသည္လဲ? ၿပီးေတာ့ မိမိလက္ထဲကို ျပန္ေရာက္လာသည့္ လယ္ေျမစာခ်ဳပ္...
ဒါေတြ ဒါေတြက ဒီအတိုင္း ေမ့ေန႐ုံမဟုတ္... ဒီၾကားထဲမွာ ေျပာင္းလဲေနသည့္ အခ်က္တစ္ခ်က္ေတာ့ ရွိရမည္။ ၿပီးေတာ့ ဒီကို ျပန္မေရာက္ခင္ အိပ္မက္လိုလို ေတြ႕ခဲ့သည့္ တစ္ေယာက္ကလဲ အထပ္ထပ္အခါခါ စာအုပ္တစ္အုပ္အေၾကာင္းပဲ ေျပာေနခဲ့သည္မို႔ ထိုစာအုပ္ကိုပင္ ရွာေဖြေနမိသည္။
ရိုစီ...
ေျပာင္းလဲလာသည့္ သူမ...
အစကဆို ေခြးတစ္ေကာင္လိုေတာင္ သူ႕ကို အေလးမထားခဲ့သည့္ သူမက အခုေတာ့ အနားကို ျပန္ေရာက္လာခဲ့သည္။
ၿပီးေတာ့ အရင္လို မဟုတ္ဘဲ မိမိအေပၚ အထင္ေသး ႏွိမ့္ခ်စြာ မေျပာေတာ့ဘဲ ေလးစားစြာ ဆက္ဆံခဲ့သည္။
သူမရဲ႕ ေျပာင္းလဲမႈႀကီးက ေၾကာက္စရာပင္... သူမကို စိတ္အရမ္းနာမိသည္။ သို႔ေပမယ့္ မိမိသတိရသည့္အခ်ိန္ သူမသာလွ်င္ အနားမွာ ရွိေနခဲ့သည္။ ေျပာရရင္ေတာ့ သူမကသာ အေၾကာင္းစုံ သိနိုင္သည့္သူ...
ၿပီးေတာ့ ေမာင္ေသာင္း၊ ႀကီးႀကီးေဝ၊ တုစံပယ္ဖူး အကုန္လုံးက မိမိကို ၾကည့္ေနပုံက တစ္စုံတစ္ခုကို ေျပာၾကားလိုသည့္ပုံပင္...။
ဒါေပမယ့္ ရိုစီကေတာ့ ထိုလူအားလုံး တစ္ေယာက္မွ မိမိအနား အကပ္မခံခဲ့... ၿခံဝန္းထဲ စိုက္ပ်ိဳးထားခဲ့သည့္ စံပယ္ပင္မ်ားကို အပြင့္ေဖြးေဖြးျဖင့္ပင္ အေၾကာင္းမဲ့ ခုတ္ပစ္ သတ္ပစ္ခဲ့သည္။
ၿပီးေတာ့ ထြက္လာသည့္ အၫႊန့္အတက္ကိုေတာင္ ရွင္သန္လိုခြင့္ စိတ္မရွိခဲ့။ အိမ္တစ္အိမ္လုံးလည္း ႏွင္းဆီပန္းမ်ားျဖင့္ တန္ဆာဆင္ထားခဲ့သည္။
အရင္တုန္းကဆိုရင္ လက္ထပ္ဖို႔ အေခါက္ေခါက္ အခါခါ ေျပာေနေပမယ့္ သူမက ေလွာင္ၿပဳံးေလးနဲ႕ပင္ ရွိေနခဲ့ၿပီး...
' ခ က ဒီေလာက္ေပ်ာ့ညံ့တာ... ခ ကို မွီၿပီး ရိုစီက ဘယ္လိုေနရမွာလဲ? ခ က အရမ္းခ်စ္တတ္ၿပီး စိတ္သေဘာထားေလး ေကာင္းတယ္ဆိုေပမယ့္ ရိုစီလိုခ်င္တဲ့ ေယာကၤ်ားတစ္ေယာက္ရဲ႕ စံႏႈန္းကိုေတာ့ မျပည့္မီဘူး... ဒါေၾကာင့္ ရိုစီ ျငင္းပါရေစ...'
ေတြးရင္း ေတြးရင္းျဖင့္ပင္ အေၾကာင္းအရာအားလုံးက ေခါင္းထဲ တရိပ္ရိပ္နိုးၾကားလာေလသည္။ ဒါေပမယ့္ ထိုအေၾကာင္းအရာမ်ားကို စဥ္းစားမိသည့္ အခ်ိန္တိုင္း ေခါင္းက ထိုးကိုက္လာခဲ့သည္။
ဒီေတာ့ စာအုပ္...
အဓိက ကေတာ့ ဘာအေၾကာင္းအရာပါမွန္း မသိသည့္ စာအုပ္ကို အရင္ရွာရမည္ ျဖစ္သည္။
မနက္က ကိစၥရွိလို႔ အျပင္ထြက္သြားသည့္
ရိုစီမရွိခင္ အခန္းထဲမွာ အကုန္လုံး လွန္ေလ်ာ ရွာေဖြေနမိသည္။
ဘုတ္~
အသံတစ္သံႏွင့္အတူ ေအာက္သို႔ ျပဳတ္က်လာသည့္ သားေရျပားအဖုံးနဲ႕ စာအုပ္တစ္အုပ္...
ခ်က္ခ်င္းပင္ စိတ္ဝင္စားမႈအျပည့္ျဖင့္ ေကာက္လိုက္ၿပီး... ဖတ္မည္ျပင္တုန္းမွာပင္....
"ခ... ခ က နိုးေနတာလား? ခ ဘာေတြ လုပ္ေနတာလဲ?"
Sunday:6:June:9:00:23PM