ဒုတိယလူ (သို့) မောင်

By Lavender-June

1K 81 2

ဒုတိယဆိုတဲ့နေရာကို မကြိုက်လို့တောင် ငယ်ငယ်ကတည်းက ပထမကိုပဲ ယူလာခဲ့တဲ့ ကျွန်တော်က အကိုနဲ့တွေ့မှ ဒုတိယလူ တဲ့လားဗ... More

အမှာစာ
Intro
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၈
အပိုင်း - ၁၉ (ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်လွှာ

အပိုင်း - ၁၇

34 4 0
By Lavender-June

K Group ကနေ အလုပ်ထွက်ပြီးသည်နှင့် ဘယ်ကိုမှလည်း မသွား ၊ ဘာမှလည်း မလုပ်လေဘဲနဲ့ အိမ်ခန်းတွင်းမှာပဲ ခိုအောင်းနေသည်က ရက်ပိုင်းလောက်တောင် ရှိသွားပေမည်။

စားစရာများကိုလည်း မှာ၍သာ စားနေပြီး တစ်အိမ်လုံးကိုလည်း မီးပိတ်ထားကာ ရေခဲသေတ္တာထဲတွင် မရှိမဖြစ် ဘီယာ နှင့် အရက်တို့အား တစ်လှည့်စီ သောက်သုံးနေကာ နေ့ရက်များကို ဖြတ်သန်းနေသည့် စဝ်စဉ့်ကူးသာ...

မောင့် ကြောင့် နဲ့ ဆေးသောက်၍ ပျောက်နေသည့် စိတ်ရောဂါသည်ကား ပြန်လည် ထ လာသယောင်....

ထို့ကြောင့် အသိရှိချိန်ဆိုလျှင် ချွန်ထက်သည့် ဘယ်ပစ္စည်းကိုမှ အနားတွင် မထားလေဘဲ မမြင်ကွယ်ရာတွင် ထားရှိတတ်လေသည်။

ဟုတ်ပါသည်။ စဝ်စဉ့်ကူးသာ တွင် စိတ်ရောဂါတစ်ခု ရှိနေလေသည်။

ထိုသည်ကား ချွန်ထက်ပြီး ပြတ်ရှလွယ်သည့် ကိရိယာတစ်ခုခုကို တွေ့လျှင် စိတ်မထိန်းနိုင်လေဘဲ မိမိ အသားကို မိမိ လှီးမိခြင်းများ ၊ နာကျင်အောင် လုပ်ခြင်းများကို ပြုလုပ်ရခြင်းအား နှစ်သက်ပါလေသည်။

နာကျင်သွားသည့် အရသာမျိုးကို သဘောကျလေသည်။ ထို့အပြင် ဒဏ်ရာထဲကနေ တစိမ့်စိမ့် ထွက်လာသည့် သွေးတို့ကိုလည်း စဝ်စဉ့်ကူးသာ သဘောကျပါလေသည်။

သူများကို နာကျင်အောင် လုပ်ခြင်း ထက် မိမိ ကိုယ်ကို နာကျင်အောင် လုပ်ခြင်းအား ပို၍ သဘောကျသည့် သူပင်....

ဥပမာ ဓားဖြင့် ကိုယ့်အသားကို လှီးလိုက်ချိန်တွင် မည်သို့သော နာကျင်မှုမျိုးများ ခံစားရမည်နည်း ဆိုတာကို သိချင်စိတ်မျိုး ၊ ခံစားကြည့်ချင်စိတ်မျိုးတို့က ထိန်းချုပ်၍ မရသည်အထိအောင် ဆိုးရွားခဲ့ပါသည်။

သို့သော် မောင် နဲ့ တွေ့ချိန်တွင်တော့ ထိုအရာများကို မေ့မေ့ပျောက်ပျောက်ဖြစ်လာကာ သက်သာလာသည်အထိ ဖြစ်လာ၍ မိမိကိုယ်ကို ထိုကဲ့သို့ လူမျိုးမှန်းတောင် တစ်ခါတစ်လေ မေ့သွားမိသေးသည်။

အမှောင်ထဲတွင် နေရသည်ကို ကြိုက်နှစ်သက်သူပီပီ စိတ်ညစ်လာချိန်တိုင်း အမှောင်ထဲတွင် နေလိုက်ပါက အတိတ်က အကြောင်းတို့က ခေါင်းထဲသို့ တစ်သီတစ်တန်းကြီးကို ပေါ်လာလေသည်။

ဘယ်လောက်ပဲ အပြင်ဒဏ်ရာတွေကို ကြိုက်သည်ဖြစ်ပါစေ အတွင်းဒဏ်ရာ တစ်နည်းအားဖြင့် နှလုံးသားမှ ဒဏ်ရာများကိုတော့ စဝ်စဉ့်ကူးသာ မကြိုက်ပါလေ။

ထို့အပြင် ဒီနေ့မနက်တင် စဝ် စီသို့ ပို့လာသည့် မင်္ဂလာဖိတ်စာက နှလုံးသားမှဒဏ်ရာကို အက်ဆစ်ဖြင့် ပက်ဖြန်းသကဲ့သို့ ပို၍ပင် နာကျင်သွားလေသည်။

"မောင်.... မင်း ငြင်းမယ်လို့ ထင်ထားတာ... အခုတော့ မျိုးဆက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငါ့ကို ထားခဲ့ပါပေါ့လား...ဟင်..."

ဖိတ်စာထဲမှ မောင် နှင့် ထိုအမျိုးသမီး ၏ ပုံကို ကြည့်ကာ မောင့် မျက်နှာလေး တစ်ဝိုက်သို့ လက်ညှိုးလေးဖြင့် ပွတ်သက်၍ စဝ် စကားတွေ ပြောမိလေသည်။

"ဒါပေမယ့် မောင်... ငါကလေ မာန တော့ ရှိသေးတယ်ကွ.... မင်း ကို ဆက်ပြီးတော့ လူမြင်ကွင်းမှာ ဖက်တွယ်မယ့် ကောင် မဟုတ်ဘူး....

အင်း... လူကွယ်ရာမှာပဲ တိတ်တိတ်ကလေး မောင့် ကို လွမ်းနေမှာ..."

စကားများကိုလည်း ပါးစပ်ကနေ တစ်ချိန်လုံးပြောနေပြီး မျက်ရည်တို့သည်ကား တသွင်သွင် ကျဆင်းနေလေသည်။

အင်း.... စဝ်စဉ့်ကူးသာ ရူးသွားလေပြီ။

ကဗျာဆန်ဆန် ပြောရရင်ဖြင့် စဝ်စဉ့်ကူးသာ တစ်ယောက် အချစ်ရူး ဖြစ်သွားချေပြီ။

..........

မနက်ဖြန်ဆို မင်္ဂလာပွဲ ဖြစ်ပေမယ့် သတို့သားဖြစ်သူ ခွန်းစေခစား ကတော့ ထိုမင်္ဂလာပွဲကို စိတ်မဝင်စားပါချေ။

အခု ခစား စိတ်ဝင်စားနေသည်က ပထမအနေနဲ့ အချစ် ကို ရှာမရခြင်းပင်။

ဖေဖေ က ခစား စုံစမ်းနေသမျှကို လိုက်လံပိတ်ပစ်နေကြောင်းကိုလည်း ခစား သိထား၍ ထို ပထမအချက်အား ခဏတာ လက်လွှတ်ထားလေသည်။

ဒုတိယ အချက်အနေနဲ့ကတော့ ရုရှားဂိုဏ်း တစ်ခုနဲ့ လက်နက်မှောင်ခိုရောင်းဝယ်ရေး လုပ်ရာတွင် ဟိုဘက်ဂိုဏ်းက ဖျံကျတော့မည့် အခြေအနေကို ရိပ်မိ၍ မိမိတို့ ၏ လက်နက်များကို အမိအရ ပြန်ယူလာခဲ့ကာ ရုရှားဂိုဏ်း နဲ့လည်း တိုက်ပွဲဖြစ်သွားလေသည်။

ဟိုဘက်က အတော်အထိနာသွား၍ မိမိတို့ဘက်ကို တော်ရုံနဲ့တော့ အလွတ်မပေးနိုင်ကြောင်းကိုလည်း ရိပ်မိလိုက်ပါသေးသည်။

ကံကောင်းသည်ဟု ပြောရမလား။ ဒီကိစ္စတွင် ပါဝင်သူများအားလုံးကို နှုတ်ပိတ်သည့် အနေဖြင့် ခစား က သတ်ပစ်လိုက်ပါသည်။

တော်ကြာ အဖေ့စီကို ဒီသတင်းပြန်ရောက်သွားလျှင် ခစား အဆူခံရမည်က ကျိန်းသေပါသည်။

အခုတော့ ရုရှားဂိုဏ်း အနောက်ကို လူလွှတ်ထားတာ အခုထိ မြန်မာနိုင်ငံကနေ မပြန်သေးကြောင်းကိုလည်း ကြားလိုက်ရပါသေးသည်။

"ခဏ ဒီကိုလာဦး..."

မိမိ ၏ လူယုံလက်ထောက်ကို အနားခေါ်လိုက်ကာ....

"မနက်ဖြန် လုပ်မယ့် ပွဲအတွက် လုံခြုံရေးကို အပြည့်ယူထား.... တစ်ခုခုဆိုတာနဲ့ သတ်ပစ်လိုက် ကြားလား...."

"ဟုတ်ကဲ့ပါ ဒုဂိုဏ်းချုပ်...."

ထွက်သွားသည့် လက်ထောက် ၏ နောက်ကျောကို ကြည့်ကာ ခွန်းစေခစား သက်ပြင်းချမိလိုက်လေသည်။

ခွန်းစေခစား သည် ထိုသို့ ရက်စက်တတ်သည့် လူမဟုတ်ပါချေ။

သို့သော် ယခုတော့ ဘေးနားတွင် အချစ်လည်း မရှိလေတော့တဲ့ တွယ်တာစရာ မရှိသည့် လူတစ်ယောက်ဖြစ်၍ မိမိ လုပ်ချင်ရာကို လုပ်ပြီးမှ သေပွဲဝင်မည်ဟု ဆုံးဖြတ်ထားလေသည်။

ထို့ကြောင့် ရုရှားဂိုဏ်းမကလို့ ဘာပဲ ဖြစ်နေပါစေ ခွန်စေခစား တစ်ယောက် ဘာကိုမှ ကြောက်မနေတော့ပါချေ။

ထို့အပြင် ခစား ကို ဒီလိုမျိုး ပြောင်းလဲသွားအောင် လုပ်သည့်သူအနေဖြင့် အဖေ တစ်နည်းအားဖြင့် ဦးလေး ဇွဲတခေတ်မင်း ကို ညွှန်ပြချင်ပါသေးသည်။

နောက်ပိုင်းတွေ သေချာတွေ့ရပါပေမည်။

ခွန်းစေခစား ဆိုသည့် ကောင်က ဘယ်လိုတောင် လူ့အမှိုက် တစ်ယောက်အနေနဲ့ ရှင်သန်သွားမလဲဆိုတာကို....

ဘေးနားတွင်ချထားသည့် ရေခဲတွေတောင် အရေပျော်ကုန်ပြီဖြစ်သော ရမ်ခွက်ကို ယူလိုက်ကာ တစ်ကျိုက်ထဲ မော့သောက်လိုက်လေပြီး ခုံအနောက်သို့ မှီကာဖြင့် ပြတင်းပေါက်မှတဆင့် အပြင်တွင် တောက်ပနေသည့် လမင်းကြီးကို ငေးနေမိလေသည်။

ပြောလို့ရတာမဟုတ်ဘူး မနက်ဖြန်ဆိုသည့် အချိန်မှာ ခွန်းစေခစား သေသွားနိုင်သည်လေ။

......

မင်္ဂလာပွဲနေ့....

ခန်းမကြီးတစ်ခုထဲတွင် ခမ်းနားသည့် အပြင်အဆင်တို့နှင့်အတူ လူများစွာကလည်း ဝတ်ကောင်းစားလှများဖြင့် တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်ကိုပင် ထုတ်ဝတ်ကာ ကြွားမော်နေကြသည်ကား လူကုန်ထံအသိုင်းအဝိုင်းသာ ဖြစ်လေသည်။

ပြင်ဆင်နေသည့် အခန်းထဲတွင်တော့ သတို့သမီးဖြစ်သူဟာ စိတ်လှုပ်ရှားစွာဖြင့် ပျော်နေသော်လည်း သတို့သား ကတော့ မည်သည့် ခံစားချက်တို့မှ မပေါ်သည့် မျက်နှာသေကြီးဖြင့် စီးကရက်ကိုသာ တစိုက်မတ်မတ်သောက်နေလေသည်။

သတို့သား ၏ နားထဲတွင်လည်း သူ ၏ အဖွဲ့နှင့် စကားချိတ်ဆက်ပြောပြီး အချိန်နှင့် တပြေးညီ သတင်းပို့ဆောင်ပေးသည်များကို နားထောင်နေသည့် စက်ကိရိယာလေးလည်း ရှိနေသေးပါသည်။

မင်္ဂလာအချိန် ကျရောက်ပြီဟု လာပြောသောကြောင့် သောက်လက်စဆေးလိပ်ကို ဘေးနားက ကိုယ်ရံတော် တစ်ယောက်ထံကို ပေးလိုက်ကာ မင်္ဂလာခန်းမထဲတွင် ရပ်နေလိုက်လေသည်။

မျက်စိလေး တစ်ချက်ဝှေ့၍ ခန်းမအတွင်းသို့ ကြည့်လိုက်သော် မျက်လုံးထဲသို့ တန်းဝင်လာသည့် စဝ် ၏ ပုံရိပ်လေး....



ဆက်ရန်ရှိသည်.......


..................

အပိုင်း ကတော့ သိပ်များမှာမဟုတ်ပါဘူးနော်။ ဖြေးဖြေးအေးအေးလေးထက် အဓိကအချက်တွေနဲ့ ဆွေးဆွေးမြေ့မြေ့လေး သွားကြရအောင်ရှင့်။ 

Lavender June💜

Continue Reading

You'll Also Like

20.7M 683K 60
Book 1 of The Alpha Series. Highest Rank: #2 in Werewolf. He growled darkly, making me uneasy at the sound. A weak whimper escaped my lips when he sl...
1.3M 40.1K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်
1M 33.7K 68
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...