အပိုင်း_၁၉
.....
ဦးခေါင်းမှာစက်ကြီးများတပ်ဆင်ထားရပြီး တတီတီမြည်နေသော ကိရိယာသည် ဆွန်းချောအသက်ရှူနိုင်ဖို့ ထောက်ပံ့ပေးနေ၏။ နက်မှောင်တဲ့မျက်ခုံးထူထူတို့က တည်တန်းနေပြီး ပွင့်အာနေသော မျက်လုံးလေးက မျက်နှာကျတ်ကိုသာ တစ်ချိန်လုံးစိုက်ကြည့်နေလျှက် မျက်တောင်ပုတ်ခတ်ခြင်းမရှိ။
"ဒယ်ဂူ...ငါလာတယ်"
ပလက်စတစ်ဖြင့်ဖန်တီးထားသော ပိုးသတ်၀တ်စုံကို၀တ်လျှက် ဂျောင်ဟန်၀င်လာပြီးနောက် အသံပေးလိုက်သည်။ လက်ချောင်းထိပ်မှာ အောက်စီဂျင်တိုင်းတာသည့်ကိရိယာလေးရှိနေသော ဆွန်းချောဘေးမှာ ၀င်ထိုင်ကာ ဆွန်းချောပါးပြောင်ပြောင်လေးအား ဂျောင်ဟန်လက်ချောင်းလေးများဖြင့် ထိတွေ့ပေးနေမိ၏။
"ငါ ဒီနေ့ အင်တာဗျူးတစ်ခုမှာ အဖေနဲ့ပက်သက်တာတွေဖြေလာရပြန်ပြီ။
မင်းမရှိတော့ ဘာလုပ်လုပ်အဆင်မပြေဘူး ။
ငါအောင်မြင်တာကို ၀မ်းသာပေးမယ့်လူတစ်ယောက်လျော့တာ တစ်ယောက်မကသလိုခံစားရတယ် မင်းသိလား။
မင်းသိတယ်မလား ငါကလူတွေကိုကြောက်တယ်ေလ။ အရမ်းကြောက်တာမို့ ကျေးဇူးပြုပြီး ငါ့ဘေးပြန်လာလို့ မရဘူးလားဟွန်"
ကျစီးလာသော ဂျောင်ဟန့်မျက်ရည်သည် သူတယတယကိုင်တွယ်ထားတဲ့ ဆွန်းချော၏ ညာဘက်လက်ဖမိုးပေါ်သို့စိမ့်၀င်နေခဲ့၏။ ကိုမာအဖြစ်နဲ့ အချိန်ကြာကြီး အိပ်ယာထဲလှဲနေခဲ့တဲ့ဆွန်းချောက မနေ့ကပဲ ခွဲစိတ်မှုတစ်ခုထပ်လုပ်ရပြီး ယနေ့မနက် မျက်လုံးလေးပွင့်လာခဲ့တာဖြစ်သည်။
စိတ်ကျရောဂါ၏သက်ရောက်မှုအရ ဆွန်းချောကိုယ်တိုင်က နိုးထချင်စိတ်မရှိေတာ့တာမို့ ဆရာ၀န်များက လက်လျှော့ထားသည်။ လူနာရှင်များကိုလည်း စိတ်အသင့်ပြင်ထားဖို့သာ ပြောခဲ့၏။
"မနက်ဖြန်မင်းမွေးနေ့... ဂေဟာကကလေးတွေ မင်းလာမှာ မျှော်နေကြမယ်ထင်တယ်။ မင်းတကယ်ပဲ ငါတို့ဆီ ပြန်မလာချင်တော့ဘူးလား...
ငါကအများကြီးမှားခဲ့တာပဲ တောင်းပန်ပါတယ်
အဲ့အစား... အဲ့အစား ငါအများကြီးပြန်ကောင်းပေးမှာမို့ မင်းကဒီတိုင်းလေးပဲ ပြန်ထလာလို့မဖြစ်ဘူးလားဟင်"
ထို့နောက် အသံတိတ်ရှိုက်ငင်နေရင်းမှ ဆွန်းချောနှဖူးပေါ်သို့ ခပ်ကြာကြာဖိနမ်းပေးလိုက်ပြီး ဂျောင်ဟန် အားနာစွာပြုံးလိုက်သည်။
"ငါအများကြီးတောင်းဆိုမိပြန်ပြီ။ နောက်ထပ်တောင်းပန်ပါတယ် ငါ့အမှားကိုပြင်ချင်တဲ့စိတ်တစ်ခုနဲ့ မင်းပင်ပန်းနေတာကို မေ့သွားတယ်။ အဲ့တာကြောင့် တကယ်လို့အရမ်းပင်ပန်းနေပြီဆို လှည့်မကြည့်ပဲ သွားလို့ဖြစ်တယ် ။ ငါက တစ်သတ်လုံးနောင်တတွေနဲ့ကျန်နေခဲ့ပေးမှာမို့ မင်းက ပင်ပင်ပန်းပန်း တောင့်မခံထားလည်းဖြစ်တယ်။ ငါပြောတာ ကြားရတယ်မလား ဟွန်... ကိုကို မင်းကို ဆွဲမထားတော့ဘူးမို့ ကျေးဇူးပြုပြီး အမှတ်တရကောင်းတွေပဲယူသွားပြီး စိတ်ချလက်ချသွားတော့.... "
ကွဲအက်နေတဲ့နှလုံးသားကချိချိနဲ့နဲ့အားအင်နဲ့ဆုံးဖြတ်လိုက်တယ်။ တောင့်ခံထားပါလို့ပြောရမယ့်အစား မင်းပင်ပန်းမှာကိုပဲ ကိုကို စိုးရိမ်မိတယ်။ ကျေးဇူးပြုပြီး မနာကျင်ပဲ ထပ်ပြီး မနာကျင်ပဲ ကောင်းကောင်းသွားပါ ငါ့ရဲ့ဒယ်ဂူ....
*တီတီတီတီတီ*
ချက်ချင်းပဲ ဆူဆူညံညံမြည်ဟည်းလာတဲ့ စက်တွေမှ အသံကြောင့် ဂျောင်ဟန် အငိုမျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူ့လက်ထဲဆုပ်ကိုင်ထားတဲ့ ဆွန်းချော၏လက်ဟာ အနွေးဓာတ်တွေ တရွေ့ရွေ့ ပျောက်ဆုံးနေခဲ့ပြီ။
ပြာပြာသလဲ၀င်လာကြတဲ့ ဆရာ၀န်နဲ့သူနာပြုများက ဂျောင်ဟန့်ကို ထွက်သွားခိုင်းပြီး ကုတင်ထက်က ဆွန်းချောအား မျက်ဖြူလှန်၍ စစ်ဆေးနေခဲ့ေချပြီ။
"ချစ်တယ်...။ ကိုကိုမင်းကို ချစ်တယ် ဒယ်ဂူ...။ ဒယ်ဂူရား...တစ်သတ်လုံး နောင်တရနေပါ့မယ်။ "
သူနာပြုနှစ်ယောက် ဆွဲထုတ်ရာကိုပါလာရင်း အသံဟစ်ကြွေးအော်ခဲ့မိရာ နှလုံးသားဟာ စုတ်ပြတ်သတ်သွားခဲ့ရသည်။ ကလေးငယ်ဟာ သိပ်ကို လိမ္မာလွန်းတယ်။ သူ့စကားကို နောက်ဆုံးအချိန်ထိ နားထောင်သွားခဲ့ရှာတယ်။
"ဂျောင်ဟန်နား...ဘာဖြစ်တာလဲ။ ဒယ်ဂူ..သားငယ် ဘာဖြစ်လို့လဲဟင်"
"ဟျောင်း...."
အထူးကြပ်မတ်ေဆာင်ထဲ အလှည့်ကျ၀င်ရမှာမို့ စောင့်ဆိုင်းနေသော မိသားစု၀င်များက ခပ်တောင့်တောင့် ထွက်လာတဲ့ သူ့ကို စီးကြိုမေးနေခဲ့ကြသည်။
"တီတီ..."
"အင်း ။ ဒယ်ဂူ သတိရလာလို့လား ဆရာ၀န်တွေ ဘာလို့အဲ့ထဲ ပြေး၀င်သွားကြတာလဲဟမ်။ တစ်ခုခုသိခဲ့ရလား အခြေနေဘယ်လိုလဲ .. မျက်လံုးဖွင့်ပြီဆိုတာ တကယ်လား"
မရပ်မနားမေးနေတဲ့ တီတီ့စကားတွေကို ဖြေဖို့ရာ ဂျောင်ဟန် အားမတင်းနိုင်ပါ။ စိတ်အာရုံထဲ ဆွန်းချောတစ်ယောက်သာ ရှိနေသည်မို့ တကယ်တန်းလက်လွှတ်လိုက်ရတော့ သူ့ရင်မှာ မချုပ်တည်းနိုင်ခဲ့။
ကလေးဟာ ၁၉နှစ်ပဲရှိသေးတာ...
ကိုယ့်ကိုကာကွယ်ခဲ့တဲ့ ဒီကလေးက သူ့ရဲ့ငယ်ရွယ်မှုကို ကိုယ့်အတွက် စွန့်လွှတ်ခဲ့တာ...
အနာဂတ်မှာဖြစ်လာမယ့် ပြောင်းလဲမှုတွေကို ဒီကလေးငယ် မမြင်နိုင်တော့ဘူး...
ကိုကိုမင်းကိုအခါခါပြောဖို့ရည်ရွယ်ထားတဲ့ ချစ်ပါတယ်ဆိုတဲ့စကားတွေကို မင်းမကြားနိုင်တော့ဘူး။
တောင်းပန်ပါတယ် နောက်ကျမှ ပြောခဲ့မိလို့။
*ဝုန်း!!*
"ဂျောင်ဟန်နား!!"
"ဟျောင်း!"
ရုပ်ပျက်ဆင်းပျက်လဲကျသွားပြီးတဲ့နောက် မျက်လုံးထဲမှာ ဒီကလေးငယ်ကို တွေ့လိုက်ရပြီ။
"စိတ်ဆိုးနေတာပဲ..."
တောင်းပန်ပါတယ်၊ တောက်လျှောက် အားနာနေခဲ့တာ...။ ခွင့်မလွှတ်ပါနဲ့.....။
..........
ကြပ်မတ်ေဆာင်၏ ဧည့်ခန်း၌ တငိုငိုတအီအီဖြစ်နေသော ဆူမင်းအား ဘယ်နတ်ဘုရားတို့ နှစ်သိမ့်နိုင်မည်နည်း။ ကိုယ်တိုင်မမွေးလို့ မိန်းမကိုယ် မနာကျင်ခဲ့ရုံပဲရှိတယ်၊ ဒီကလေးနှစ်ယောက်ကို သူ့နို့ရည် မတိုက်ကျွေးခဲ့ရရုံပဲရှိတယ်။
"သားတို့ရယ်...အီး... တီတီ့သားတို့ရယ်..။ ငါကလေးတွေ သနားလိုက်တာ.. တီတီ့အပြစ်တွေပါ ..။ မင်းတို့အပြုံးတွေကိုမြင်ရရုံနဲ့ တီတီကျေနပ်နေခဲ့မိတာ တီတီ့အမှား... တီတီကာကွယ်ပေးခဲ့သင့်တာ..."
ခင်ပွန်းဖြစ်သူမှာလည်း ဘေးမှာတောက်လျှောက် အသံတိတ်မျက်ရည်ကျနေခဲ့ပြီး ဂျီဆူးနဲ့ ဂျွန်ဟွီးက တစ်ယောက်ပခုံးတစ်ယောက်ပုတ်၍ အချင်းချင်းနှစ်သိမ့်နေကြသည်။
"တီတီ စိတ်လျှော့ပါဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒယ်ဂူသတိရလာပြီပဲ အဆိုးထဲက အကောင်းပေါ့"
နိုးထကာစမို့ ချက်ချင်းစကားမပြောနိုင်သေးတဲ့ဆွန်းချောက အခန်းထဲမှာ ဟိုကြည့်ဒီကြည့်ဖြစ်နေသည်။ အပြင်ကသူတို့ကိုလည်း ခဏခဏ လှမ်းကြည့်ပြီး ပြုံးပြနေရှာ၏။
ဂျွန်ဟွီး အခန်းထဲက ဆွန်းချောနဲ့ အကြည့်ချင်းစုံသွားခိုက် တောက်တောက်ပပပြန်ပြုံးပြလိုက်မိသည်။
ပင်ပန်းသွားခဲ့ပြီ ဒယ်ဂူးရား...။
.....
"တီတီငယ်...ကိုကိုရော..."
သူ့အား ရေပတ်တိုက်ပေးနေတဲ့တီတီ့ကိုကြည့်ရင်း ဆွန်းချောမေးလိုက်တော့ ဘေးမှာ ပန်းသီးခွဲနေတဲ့ ဂျီဆူးလက်များလည်း ရပ်တန့်သွားသည်။
"ကျွန်တော် ဘယ်လောက် အကြာကြီး လှဲနေခဲ့မိတာလဲဟင်"
"လေးလ..."
ဂျွန်ဟွီးဆီကအဖြေကြားတော့ ဆွန်းချော သူ့ကိုယ်သူ အံ့ဩပြီး မျက်လုံးလေးအဝိုင်းသားဖြစ်နေသည်။ ထို့နောက် သူ့လက်တွေကိုဖြန့်ကြည့်ဆုပ်ကြည့်လုပ်ရင်း ကျေနပ်နေပုံပင်။
"တော်သေးတာပေါ့ နာတာ မသိလိုက်ရလို့။ ခြေထောက်ကကျိုးသွားတာလား ဂျွန်ဟွီး"
"အင်း စတီးရိုးတစ်ချောင်းထည့်ထားရတာ"
"အမလေး ကြားရုံနဲ့ကြက်သီးထတယ်။ တော်သေးတာပေါ့ အဲ့တာတွေလည်း မသိလိုက်ရတော့ ငါလည်း မနာတော့ဘူး။ အချိန်ကိုက် နိုးလာမိတာပဲ ဒဏ်ရာတွေအရှင်းပျောက်နေပြီဆိုတော့ အဟဲ"
ဆွန်းချောဆိုသည်က ဆေးထိုးဆေးသောက်ကို ခြောက်နှစ်သားကလေးလို အခုထိကြောက်ဆဲဖြစ်သည်။ ယခုလည်း မနာမကျင်နိုးလာရတာကိုပဲ သူ့မှာ နှစ်ထောင်းအားရနေ၏။
"ဒါနဲ့ ဘဘနဲ့ ကိုကိုရောလို့.."
သူထပ်မေးလာတော့ မျက်နှာတွေမော့မလာကြတော့တဲ့ အခန်းထဲကသုံးယောက်က တိုင်ပင်ထားသလို ဆိတ်ငြိမ်နေလျှက်။ ဒါကိုဆွန်းချောသတိထားမိတော့ ရင်ထဲ ဒိုင်းကနဲဖြစ်သွားရသည်။
"ဘာလို့လဲ... ဘယ်သွားကြလို့လဲ"
"ဒယ်ဂူရား...ဟျောင်းက..."
.......
"ဟင့်အင်း... ကိုကိုက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ...။ တီတီငယ်... ဘဘ ... ကိုကိုက အဲ့မှာ ဘာလုပ်နေတာလဲ... ကိုကိုကဘာလို့..."
မှန်အကာကို တဘုန်းဘုန်းထုရင်း ငိုကြီးချက်မပြောမိတော့ ဘဘနဲ့တီတီက မျက်ရည်မဆယ်နိုင်။
"ကိုကို့ကို ခေါ်ပေးပါဦး... ဂျွန်ဟွီး..ဂျီဆူး...ကိုကိုက အဲ့မှာရှိနေရမှာမဟုတ်ဘူးလေ.."
"ဒယ်ဂူရား စိတ်ကိုထိန်းပါကွာ"
မျက်နှာမကောင်းတဲ့သူငယ်ချင်းတွေက သူ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားပေးရင်း စိတ်လျှော့ဖို့ ဖျောင့်ဖျနေပေမယ့် သူဘယ်လို ရင်အေးနိုင်မည်နည်း။ ကိုကိုက ...
"ငါ့ကြောင့်လား.... ဟင်... ထပ်ပြီးငါ့ကြောင့်ပဲလား..."
"မဟုတ်ဘူး.. အဲ့လိုမဟုတ်ဘုး...။ မင်းကြောင့်မဟုတ်ပါဘူး..."
"အဲ့တာဆိုဘာလို့ အဲ့မှာ အိပ်နေရတာလဲ.. ဘာလို့လဲလို့ ! ဘာလို့လဲ!!...အား!!!!!"
ရုတ်ချည်း လွှင့်ထုတ်လာတဲ့ Dominant Alpha pheromonesတွေက ၀မ်းနည်းမှု၊ကြောင့်ကြမှုတွေကို ရည်ညွှန်းနေတာမို့ ဂျွန်ဟွီးက စိုးရိမ်သွားသည်။
"ဒယ်ဂူ.ဒယ်ဂူ..မင်းအခုမှ သတိရလာတာ အဲ့လောက် ခံစားလိုက်လို့မဖြစ်ဘူး..ငါပြောတာ ကြားတယ်မလား။ ဟျောင်းကိုကြည့်ပြီး အားတင်းထားရမယ် ....။ ငါပြောတာကြားလား..."
ဆွန်းချော သတိလက်လွတ်ဖြစ်မသွားအောင် သူပြောနေရင်းမှ ဆွန်းချောအား သူ့မျက်လုံးတွေကို ကြည့်စေလိုက်သည်။
"ငါ့ကိုကြည့်.... ဟျောင်းကအခု နေမကောင်းလို့ လှဲနေရုံပဲ...။ ပြန်နုိးလာမှာ... မင်းလိုပဲ သူဖြတ်ကျော်နိုင်မှာ...သိတယ်မလားဟျောင်းကဘယ်လောက်အကြောတင်းတဲ့လူလဲဆိုတာ..."
"ဒါပေမယ့်..."
"ဒါပေမယ့်ဆိုတာ မရှိဘူး...။ သေချာပေါက် သူပြန်နိုးလာမှာ သူနိုးလာဖို့က ဘေးမှာ မင်းရှိနေမှ ဖြစ်မှာ...."
"အင်း..."
ဟုတ်သည်၊ ကိုကို့ဘေးမှာ သူရှိနေမှဖြစ်မှာ။ စိတ်အေးလက်အေးမနေခဲ့ရရှာတဲ့ကိုကို့အတွက် သူက အားကိုးအားထားဖြစ်ပေးရမှာ။
"ငါသိပြီ..."
စိတ်ငြိမ်သွားတော့မှ ပြောလာတဲ့ ထိုစကားတစ်ခွန်းကြောင့် တီတီတို့လည်း သက်ပြင်းချနိုင်သွားသည်။ နှစ်ယောက်လုံးက စိတ်ရောဂါသည်လေးတွေမို့ စိတ်နဲ့ပက်သက်ရင် အထိခိုက်မခံနိုင်ကျပေ။ တစ်ဦးအတွက်တစ်ဦးက ရှိနေမှဖြစ်မယ့် ဒီရေစက်လေး...။ ဒါဟာ ကံကြမ္မာရဲ့ တွဲဖက်လေး...။
.....