Shine ကိုယ်ပိုင်အထက်တန်းကျောင်း
>>>>>
လွယ်အိတ်အနက်ရောင်ကိုဘေးတစ်စောင်းလွယ်ထားသောကျောင်းသားတစ်ဉီး သည် ကျောင်းဝန်းထဲသို့ ပေါ့ပါးသောခြေလှမ်းများဖြင့် လှမ်းလာနေသည်။ကျောင်း၏ ယူနီဖောင်းဖြစ်သော အပြာရောင်အင်္ကျီကိုအပေါ်မှ အမည်းရောင်အပေါ်ထပ်ဖြင့်ဖုံးအုပ်ထားသည်။
ဆံပင်ခပ်တိုတိုတွေလည်းဟာလေထဲမှာ
ခပ်လွင့်လွင့် ဖြင့်.. ထိုသူဟာကျောင်းသားတစ်ယောက်၏ အင်္ဂါရပ်ဖြင့် ညီမနေပေ။
ကျောင်းအပေါက်ဝရှေ့တွင်ရပ်စောင့်နေသော ကျောင်းစောင့်ဉီးလေးကြီးသည်
ထိုသူအလာတွင် ခေါင်းငုံကာ အရိုအသေပေးလိုက်သည်။
ဒါဟာနေ့စဉ္ ဖြစ်နေကြဖြစ်စဉ္တစ်ခုဖြစ်သည်။ထိုသူဟာ ဒီနယ်ရဲ့အကြီးဆုံးစီးပွားရေးလုပ်ငန်းရှင်ရဲ့သား
လွန်းသုတအောင်။
ရုပ်ရည်အရာ ပြောစရာမလိုအောင် ချောလွန်းတဲ့အတွက် နှုတ်ခမ်းနီမလေးတွေကြားရေပန်းစားသည်။
ခပ်အေးအေးနေတတ်သော သူ့ပုံစံကိုရိှန်ကြသည့်အတွက် အပေါင်းအသင်းမရိှသလို သူငယ်ချင်းဟူ၍လည်းမရိှ။
ခပ်မှန်မှန်ခြေလှမ်းတွေဖြင့် စာသင်ခန်းထဲကိုဝင်လိုက်တော့ စကားပြောနေကြသူတွေဟာ မီးကိုရေနဲ့သတ်သလို ရှဲကနဲ ငြိမ်ကျသွား၏။သူဟာ ဒီအတန်းရဲ့ခေါင်းဆောင်။
ခပ်တည်တည်နေတက်ကာ စာအတော်ဆုံးကျောင်းသားမို့ အတန်းသားများကသူ့ကိုကြောက်ကြသည်။
သူသည် နေရာမှာဝင်ထိုင်ကာ ဟိုဟိုဒီဒီငေးနေလိုက်သည်။ မကြာခင် မှာပင် အတန်းရဲ့ပထမအချိန်စလို့လာသည်။အတန်းပိုင်ဆရာမသည်လည်း ခဏအကြာတွင်စာသင်ခန်းထဲသို့ဝင်လာခဲ့သည်။
"အားလုံးပဲ ဒီနေ့ဆရာမတို့ဆီကို
ကျောင်းသားသစ်တစ်ယောက်
ရောက်လာတယ်"
ဆရာမရဲ့အပြောကြောင့်အကုန်လုံးက စိတ်လှုပ်ရှားနေကြသည်။ကျောင်းသားသိပ်မရိှတဲ့အတန်းလေးထဲသို့ နောက်ထပ်တစ်ယောက်ရောက်လာမည်ဆိုသည့်အတွက် အားလုံးဟာပျော်နေကြသည်။
"ဝင်လာခဲ့လေသား"
ဆရာမသည် တံခါးဝသို့မျက်နှာမူကာ ကျောင်းသားသစ်ကို အထဲသို့ခေါ်လိုက်သည်။
ဆရာမရဲ့စကားကြောင့်အကုန်လုံးဟာ
တံခါးဝဆီသို့အာရုံရောက်သွားကြသည်။ထိုအခါမှကျောင်းသားသစ်သည် စာသင်ခန်းအတွင်းသို့ဝင်လာကာ အားလုံးအရှေ့တွင် ရပ်နေသည်။သူကိုယ်သူမိတ်ဆက်ဖို့လည်း သတိမရ ။အတန်းရှေ့တွင်သာ ရပ်နေသည်။
"သား သူငယ်ချင်းတွေကို
နှုတ်ဆက်လိုက်ဉီးလေ"
ဆရာမရဲ့တီးတိုးပြောသံကြောင့် အတန်းထဲမှလူတွေဟာ သူ့ကိုမျက်နှာမလွှဲကြည့်နေသည်။ကျောင်းသားသစ်သည် အနည်းငယ်ထူးဆန်းသလိုလိုရိှသည်။
"အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်
ကျွန်တော့်နာမည်က ရိှုင်းထက်သာ လို့
ခေါ်ပါတယ်"
ခေါင်းငုံကာနှုတ်ဆက်လိုက်တော့ အတန်းသားတွေအကုန်လုံးဟာ လက်ခုပ်ထတီးကြသည်။ဒါဟာသူ့တို့ကျောင်းရဲ့ကျောင်းသားသစ်ကိုကြိုဆိုနည်းပင်ဖြစ်သည်။
"သား လွတ်တဲ့နေရာမှာ ဝင်ထိုင်လိုက်နော်"
"ဟုတ်ကဲ့ဆရာမ"
အတန်းသားတွေဟာ ကျောင်းသားသစ်ကိုမပြတ်ကြည့်နေကြသည်။
ခုံအလွတ်ဆိုသည်မှာ အတန်းခေါင်းဆောင်ရဲ့ဘေးကိုပြောခြင်းဖြစ်သည်။
ကျောင်းမှာတက်လာတဲ့ နှစ်တွေအတွင်းအတန်းခေါင်းဆောင် ဟာ သူရဲ့ဘေးကိုတစ်စုံတစ်ယောက်ကိုပေးထိုင်ခြင်းမရိှခဲ့ချေ။
ကျောင်းသားသစ်ရဲ့ ပထမဆုံးနေ့ဟာ ခက်ခဲ့လိမ့်မည်ဟုအတန်းသားအားလုံးဟာတွေးလိုက် မိသည်နှင့်အတူသက်ပြင်းသဲ့သဲ့ကိုပါ ကိုယ်စီချလိုက် မိသည်။
ရိှုင်းဟာခပ်တည်တည်ပင် လွတ်သည့်နေရာတစ်ခုတွင်ဝင်ထိုင်လိုက်သည်။ဘေးနားကလူဟာ အေးအေးစက်စက်ဖြင့်ဘေးနားကသူ့ကိုရိှသည်ဟု မထင်ပဲ စာကိုသာအာရုံစိုက်နေသည်။
ထို့ကြောင့်ရိှုင်းသည် အနည်းငယ်တော့
ရိှန်မိသွားသည်။ထိုသူနှင့် သူငယ်ချင်း
ဖွဲ့မည့်အရေးကိုနောက်တစ်လှမ်းဆုတ်လိုက်ကာအခုချိန်မှာတော့ စာအုပ်ကိုသာအာရုံစိုက်နေလိုက်သည်။
အေးစက်သောလေထုဟာ သူ့ရဲ့ဘေးတစ်ဝိုက် မှာလွှမ်းခြုံနေရင်း..။
>>
ကျောင်းချိန် ၄ချိန်အပြီးတွင် ထမင်းစားချိန် ၁ နာရီလွှတ်ပေးသည်။မရင်းနှီးသောနေရာတွင် ဘာလုပ်ရမှန်းမသိ၍ ရိှုင်း သည် ဟိုကြည့်ဒီကြည့်သာလုပ်နေလိုက်သည်။
"ဟိုင်း ကျောင်းသားသစ်"
အသံကြောင့်လှည့်ကြည့်မိတော့ မိန်းကလေးတစ်ယောက် သူမဟာ သူ့ကိုလာနှုတ်ဆက်ပုံရသည်။သူမဟာအနွေးထည်ပန်းရောင်ကိုကျောင်းအင်္ကျီဖုံးအောင်ဝတ်ထားသည်။ဒါကစည်းကမ်းနဲ့သိပ်မညီဘူးဟုရိှုင်းထင်မိသည်။
"ကျောင်းသားသစ်"
"အော် ဟုတ်ကဲ့"
အူကြောင်ကြောင်ဖြင့်ပြန်ဖြေတော့ သူမက ခပ်သဲ့သဲ့ရီသည်။ထို့နောက် သူ့ဘေးကလူကိုတစ်ချက်ကြည့်ကာ
"သုတ ကျောင်းသားသစ်ကို
ထမင်းစားဆောင်လိုက်ပြလိုက်လေ
သူဗိုက်ဆာနေမှာပေါ့"
သူမဟာ ထိုသူရဲ့ဘက်ကိုလှည့်ကာပြောလိုက်သည်။ထို့နောက်သူ့ရဲ့ဘက်ကိုလှည့်လာပြီး သူမကိုယ်သူမမိတ်ဆက်လေသည်။
"တို့နာမည် မေရီရှင်း မိန်းကလေးအတန်းခေါင်းဆောင်ပါ လိုတာရိှရင်ပြောလေ"
"ကျွန်တော့်နာမည်က ရိှုင်းထက်သာ ပါ"
သူ့နာမည်ကိုမိတ်ဆက်ပေးတော့ သူမဟာခေါင်းတ ငြိမ့်ငြိမ့်ဖြင့်။
"အဲ့တာငါတို့အတန်းခေါင်းဆောင်လေ
လွန်းသုတအောင်လို့ခေါ်တယ် နည်းနည်းတော့ချေတယ်"
ရိှုင်းဘေးက လူကိုကြည့်ကာ သူနဲ့မိတ်ဆက်ပေးသည်။သူမရဲ့ အပြောကြောင့် ရိှုင်း ပြုံးလိုက်မိသည်။နည်းနည်းလေးချေတာတော့ မဟုတ်လောက်ဘူးထင်ပါ့။
ထိုအချိန်တွင်ရိှုင်းဘေးနားမှလူသည် ရုတ်တရက်ထရပ်လာကာ သူ့ကိုကြည့်သည်။
"လိုက်ခဲ့"
ဟုတစ်ခွန်းသာပြောပြီး အရှေ့ကထွက်သွားလေသည်။ ရိှုင်း သည် အတန်းခေါင်းဆောင်မိန်းကလေးကို နှုတ်ဆက်ကာ ထိုသူ နောက်သို့ခပ်မြန်မြန်ပြေးလိုက်ခဲ့သည်။
ပထမဆုံးကြားဖူးသော ထိုသူ ရဲ့အသံဟာ ယောကျင်္ားပီသကာ စွဲဆောင်မှုရိှသည်။
ခပ်မြန်မြန်သွားနေသော သူ့ရဲ့ခြေလှမ်းများနောက် သွက်သွက်လိုက်ရင်း ရွတ်သွားမိသည်က လွန်းသုတအောင် ဆိုသော
နာမည်တစ်ခုသာ။
...
ပေါ့ပေါ့ပါးပါးကျောင်းသား ပုံစံမျိုးလေး
ရေးမှာပါရှင်။
Update ကတော့ရေခဲတောင်ကြာပွင့်လိုမျိုးနှစ်တစ်ထောင်လောက်ကြာမယ်ထင်ပါတယ်။
မအားပေမဲ့လည်း အချိန်လုပြီးရေးပေးမှာမို့
ongoing လိုက်ချင်ရင်တော့ လိုက်ခဲ့ကြပါရှင်။