မြူတွေဆိုင်းတဲ့ ချစ်ခြင်း

By Lynn_Aria90

134K 2.1K 33

နှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို... More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
ကျေးဇူးတင်လို့ 🥰
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
ချစ်ရသောတို့အတွက် 🥰
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း(၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၃)
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉)
အပိုင်း (၆၀)
အပိုင်း (၆၁)
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း (၆၇)
အပိုင်း (၆၈)
အပိုင်း (၆၉)
အပိုင်း (၇၁)
ဇာတ်သိမ်းပိုင်း
🩵

အပိုင်း (၇၀)

1.3K 27 0
By Lynn_Aria90

"Sweety သမီးက ဒယ်ဒီ့သမီးပဲလေ.. သမီးမာမီ မရှိတာနဲ့ သမီး ဒီအိမ်ကနေ ထွက်သွားစရာမလိုပါဘူး.."

ဦးဓန အရှေ့မှာထိုင်ပြီး ဒီအိမ်ကနေ ထွက်သွားမယ့်အကြောင်း ပြောနေတဲ့ Sweetyကို နားချနေတာဖြစ်သည်..။

"ဒယ်ဒီ့ရဲ့ သဘောထားကို သမီး သိပါတယ်.. ဒါပေမယ့် သမီး ဒီအိမ်မှာနေဖို့ စိတ်မလုံဘူး.. ကိုကိုနဲ့မမအပေါ်မှာ မာမီလုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းအတွက် သမီး ရှက်လည်း ရှက်သလို သိမ်လည်း သိမ်ငယ်ရတယ် ဒယ်ဒီ.. ဒယ်ဒီ့ကိုလည်း အားနာတယ်.. Sweetyကို ဒီအိမ်ကနေ ထွက်သွားခွင့်ပေးပါ ဒယ်ဒီ.."

"သမီး တကယ် ဆုံးဖြတ်ပြီးပြီလား.."

"ဟုတ်ကဲ့.."

"ကောင်းပြီလေ.. အဲဒါဆို ဒီအိမ်က ထွက်သွားချင်ရင် သွားလို့ ရတယ်.. ဒါပေမယ့် သမီး နေဖို့ ကွန်ဒိုတစ်ခန်းကို ဒယ်ဒီ စီစဉ်ပေးမယ်.. အဲ့မှာပဲ နေရမယ်.. ကုမ္ပဏီမှာလည်း ပုံမှန်အတိုင်း သမီး အလုပ်ဆင်းရမယ်.."

"ဟို..."

"ဒယ်ဒီ ပြောတာတွေ နားမထောင်ရင်တော့ သမီးကို ဒီအိမ်ကနေ ထွက်သွားခွင့် မပေးနိုင်ဘူး.. သမီးတစ်ယောက် မျက်စိကွယ်ရာမှာ နေနေတာကို ဒယ်ဒီ အဖေတစ်ယောက်အနေနဲ့ ခွင့်မပြုနိုင်ဘူး Sweety.."

"ဒယ်ဒီရယ်.. အဟင့်.. Sweetyအပေါ်ကို ဘာလို့ အဲ့လောက် ကောင်းရတာလဲ.. Sweety ဒယ်ဒီတို့ကို တကယ်ပဲ မျက်နှာ မပြဝံ့ပါဘူး.."

ဦးဓန ငိုနေတဲ့ ကလေးမလေးကို ပွေ့ဖက်ပြီး..

"ဖြစ်ခဲ့တဲ့ ကိစ္စတွေက သမီးလုပ်ခဲ့တာမှ မဟုတ်တာ.. သမီးက မျက်နှာမပြဝံ့စရာ ဘာအကြောင်းမှ မရှိဘူး.. သမီး မာမီကို ဒယ်ဒီခွင့်မလွှတ်နိုင်ပေမယ့် သမီးက ဒယ်ဒီ့သမီး.. သားကလည်း သမီးအစ်ကိုပဲ.. ဒါကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး.. ဒယ်ဒီ့ပြောစကား နားထောင်မယ်မလား Sweety.."

"ဟုတ်ကဲ့.. Sweety ဒယ်ဒီ စီစဉ်ပေးတဲ့အတိုင်းလိုက်နာပါ့မယ်.."

ဦးဓန ကလေးမလေးရဲ့ ခေါင်းလေးကို ဖွဖွလေး ပွတ်သတ်ပြီး နှစ်သိမ့်ပေးလိုက်သည်.. တကယ်လည်း ဒီအိမ်ကို ဒီကလေးမလေး စရောက်တဲ့နေ့ကတည်းက သူ့သမီးလို့ သူသဘောထားပြီး ဖြစ်သည်.. နေလာတဲ့ နှစ်တွေအတွင်း သံယောဇဉ်အရလည်း တစ်ယောက်တည်း ဖြစ်ချင်ရာဖြစ် လွှတ်ထားလိုက်ဖို့ ဘယ်လိုမှ မလွှတ်ရက်နိုင်..။

..........................

"သားသတိုး ရောက်ပြီလား..."

"ဟုတ်ကဲ့ ဦးမောင်.. နေကောင်းတယ်နော်.."

သတိုးတို့ကား ခြံထဲရပ်လိုက်ရင်ပဲ ခြံစောင့် ဦးမောင်က ကားအနားရောက်လာပြီး လာနှုတ်ဆက်လေသည်..။

"ကောင်းပါတယ် သားရယ်.. သားတို့ လာနေမယ်ဆိုလို့ ဦးမောင်ရော သားကြီးနုရော ပျော်နေကြတာ..ပစ္စည်းတွေ ချစရာ ရှိသေးလား သားသတိုး.."

"ဟာ ရတယ် ဦးမောင်.. ဖိုးဇော် သယ်လိမ့်မယ်.. ပစ္စည်းလည်း အရမ်း မများပါဘူး.."

သတိုးကားပေါ်က ဆင်းလိုက်ပြီး မြူ့ကိုပါ ကားပေါ်က ဆင်းစေလိုက်သည်..။

"သမီး နေကောင်းတယ်နော်.."

"ဟုတ်ကဲ့ရှင့်.."

ဦးမောင်က နှုတ်ဆက်တော့ မြူကလည်း အူကြောင်ကြောင်လေးဖြင့် ပြန်နှုတ်ဆက်လေသည်..။

"လာ ချစ်လေး.. အိမ်ထဲဝင်မယ်.. အိမ်ထဲရောက်မှ ဒီအိမ်ကလူတွေနဲ့ မိတ်ဆက်ပေးမယ်.."

Sweety အိမ်ကထွက်သွားပြီး ဒီအိမ်မှာ ဒယ်ဒီ တစ်ယောက်တည်းပဲ ကျန်တော့လို့ သတိုးနဲ့ မြူတို့ ဒီကို ပြောင်းလာနေကြတာဖြစ်သည်.. မြူ ကလေးမွေးပြီးရင်လည်း ကွန်ဒိုမှာက အခန်းပို မရှိတော့ သားအတွက် ကျဉ်းနေမယ် ဆိုပြီး ဒယ်ဒီက ပြန်ခေါ်တာဖြစ်သည်..။

အိမ်အကြီးကြီးမှာ ဒယ်ဒီတစ်ယောက်တည်း ဖြစ်နေမယ့်အတူတူ ဒီမှာပဲ လာနေတာ အကောင်းဆုံး ဖြစ်မှာမို့ သူတို့လည်း ဒယ်ဒီ့ဆန္ဒကို သဘောတူလိုက်ကြသည်..။

"သားတို့ သမီးတို့ ရောက်ပြီပဲ.."

လှေကားပေါ်က ဆင်းလာတဲ့ ဒယ်ဒီက ဧည့်ခန်းက သတိုးနဲ့ မြူတို့ကို လှမ်းနှုတ်ဆက်သည်..။

"သားအခန်းကိုပဲ ဒယ်ဒီ ဒေါ်နုကို ပြန်ပြင်ဆင်ခိုင်းထားတယ်.. Sweetyအခန်းကို ဒယ်ဒီရှင်းပေးထားတယ်.. မြေးလေးအတွက် ထားပြီး လိုအပ်တာ ပြန်ပြင်လိုက်ကြတာပေါ့.."

"ဟုတ်ကဲ့ ရပါတယ် ဒယ်ဒီ.. သားလေးအခန်းအတွက် လိုတာတွေတော့ သားနဲ့ မြူနဲ့ နောက်ရက်မှ ဈေးဝယ်ထွက်လိုက်ပါ့မယ်.."

"အင်းပါ.. သားတို့သဘော.. သမီး ဒီအိမ်က သမီးအိမ်ပဲနော်.. ဘာမှ အားနာစရာမရှိဘူး.. လွတ်လွတ်လပ်လပ်နေနော်.."

"ဟုတ်ကဲ့ပါ ဒယ်ဒီ.."

"ချစ်လေး.. ဒီအိမ်မှာတော့ ဒယ်ဒီပြီးရင် ဦးမောင်နဲ့ ကြီးနုပဲ ရှိတယ်... ဦးမောင်နဲ့ကြီးနုကတော့ ဒီအိမ်မှာ နေတာ ကို့တစ်သက်ပဲ.. လိုအပ်တာရှိရင် အားလုံးပြောလို့ရတယ်.. နောက် ဒယ်ဒီ့ driver ကိုစိုးတစ်ယောက် ရှိသေးတယ်.. သူကတော့ ဖိုးဇော်လိုပဲ မနက်လာ ညပြန်.."

"ဟုတ်ကဲ့.."

"သမီးလေး စားချင်တာ ရှိရင် ကြီးနုကို ပြောနော်.. အားမနာနဲ့.."

"ဟုတ်ကဲ့ ကြီးနု.."

မြူ အရှေ့မှာ ရပ်နေကြတဲ့ ဦးကြီးနဲ့ ဒေါ်ကြီး နှစ်ယောက်ကို ပြုံးပြ နှုတ်ဆက်လိုက်သည်.. နှစ်ယောက်လုံးက ရိုးသားကြပုံ ပေါ်လွင်ပြီး မြူ့ကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်..။

"တိုးတိုးက ဒီနေ့ကစပြီး ကြီးနုကို ကူရမယ်နော်.. ကြီးနုက သင်ပေးတာတွေလည်း သင်ယူ ကြားလား.."

"ဟုတ်ကဲ့ အစ်ကိုကြီး.."

"သူလေးက.."

"သူက ဟိုဖက်အိမ်မှာတုန်းက မြူ့ရဲ့ လက်စွဲတော် စားဖိုးမှူးလက်ထောက် ကြီးနုရေ.. ဒီအိမ်မှာတော့ ကြီးနုလက် အပ်လိုက်ပြီ.."

"ဪ အေး အေး.."

"အဲဒါဆို သားတို့ ခဏ သွားနားလိုက်ဦးမယ်နော် ဒယ်ဒီ.."

"အေး အေး.. သွား သွား.. ဒယ်ဒီလည်း အပြင်သွားစရာရှိနေလို့.. ညနေစာ စားခါနီးမှ ဒယ်ဒီပြန်ရောက်မှာဆိုတော့ ညကျမှ အေးဆေး စကားပြောကြတာပေါ့.."

"ဟုတ်ကဲ့ ဒယ်ဒီ.."

...........................................

"ကိုကို မရှိတဲ့အချိန်အတွင်းမှာ ညီမလေးက မျိုးစုံအောင် ကြုံလိုက်ရတာပဲ.. အဲ့ထဲမှာမှ ညီမလေး စကားပြန်ပြောလာနိုင်တာကိုတော့ ကိုကို ဝမ်းအသာဆုံးပဲ.. အဆိုးတွေထဲက အကောင်းဆုံးပေါ့.."

ထုံးစံအတိုင်း မြူ့ကို ပြုံးပြီး ကြည့်ရင်း စကားကို အချိုသာဆုံး ပြောနေတဲ့ ကိုကိုကို့ကြည့်ပြီး မြူ ခေါင်းညိမ့်ပြလိုက်သည်..။

"ဟုတ်တယ်ကိုကို.. မြူလည်း ကိုယ့်ကိုကိုယ် ဒီတစ်သက် စကားပြန်ပြောနိုင်တော့မယ်လို့ မထင်ခဲ့တာ.. အခုလို ပြန်ပြောနိုင်တာ မြူလည်း မယုံနိုင်ဘူး.."

"ကိုယ်ဝန်ကရော ဆေးခန်း ပုံမှန်ပြဖြစ်လား ညီမလေး.."

"ဟုတ်ကဲ့ ကိုက သားဦးဆိုတော့ သည်းသည်းလှုပ်နေတာလေ.. မြူ့မှာ တစ်ခါတစ်လေ ကိုယ်တွေ လက်တွေ ညောင်းတာတောင် မညီးရဲဘူး.. အလကားနေ ဆေးခန်းသွားမယ် လုပ်နေလို့.."

"အဟင်း..ဟင်း.. သတိုးက ညီမလေးကို သိပ်ချစ်ပါတယ်.. ကိုကို့ ညီမလေး အခုလို အိမ်ထောင်ဖက် ကံကောင်းတာ ကိုကိုတော့ ဝမ်းသာကြည်နူးရတယ်.."

ဒီစကားကတော့ မင်းသန့်ရင်ထဲက တကယ့်အစစ်အမှန် ခံစားချက်ဖြစ်သည်.. ငယ်စဉ်ကတည်းက မိဘရင်ခွင်နဲ့ ဝေးခဲ့တဲ့ ညီမလေးအတွက် တစ်သက်တာ ခိုလှုံဖို့ နွေးထွေးလုံခြုံတဲ့ ရင်ခွင်တစ်ခု ရှိစေချင်ခဲ့တာ သူ့ရင်ထဲက စေတနာအမှန်ပင်..။

"မြူ့အတွက်ပဲ ဝမ်းသာမနေနဲ့.. ကိုကို့အတွက် အိမ်ထောင်ရှင်မလည်း ရှာဦးလေ.."

"အဟင်း.. ကိုကို့အတွက်က မလိုပါဘူး ညီမလေးရယ်.."

"ဟာ ဘာလို့ မလိုရမှာလဲ.. လိုတာပေါ့.. ကိုကို့မေမေကလည်း သားတစ်ယောက်တည်းမွေးထားတာ ဆိုတော့ မြေးလိုချင်မှာပေါ့.. ကို့ဒယ်ဒီလည်း အဲ့လိုပဲလေ တစ်ဦးတည်းသောသားမွေးထားတော့ မြေးရတော့မယ်လည်း ဆိုရော ပျော်နေတာ.. ကိုကို့မေမေလည်း မြေးချီချင်မှာပေါ့ ကိုကိုရဲ့.. နောက်ပြီးတော့ ကိုကို့ကိုလည်း မိသားစုလေးနဲ့ ပျော်နေတာ မြူ ကိုယ်တိုင်လည်း မြင်ချင်တယ်.. ကိုကိုမျက်စိကျမိတဲ့ သဘောကျစရာ တစ်ယောက်ယောက်တောင် မရှိဘူးလား.. စဉ်းစားကြည့်ပါဦး.."

မြူ့ရဲ့အမေးစကားမှာ မင်းသန့်က ပြုံးပြီးတော့သာ မြူ့ကို ကြည့်နေလိုက်သည်.. ကိုကို့အတွက် တခြားတစ်ယောက်မလိုအပ်ပါဘူး ညီမလေးရယ်.. ကိုကိုငယ်ငယ်ကတည်းက မျက်နှာမူလာတာ ညီမလေးရှိတဲ့ အရပ်တစ်ခုတည်းကိုပါ..။

"ကဲပါ.. ကိုကို့အတွက် လိုက်စဉ်းစားမနေနဲ့.. စားတော့ စားစရာတွေ အေးကုန်တော့မယ်.."

ကိုကိုက စကားစဖြတ်လိုက်တော့ မြူလည်း ဘာမှ ဆက်ပြောလို့မရတော့ပေ.. ဒါပေမယ့်လည်း ကိုကို့ကိုတော့ မိသားစုဘဝလေး ရစေချင်သည်.. အင်းလေ ဖြေးဖြေးချင်း စည်းရုံးရမှာပေါ့..။

"ဒါနဲ့ ညီမလေး အစားအသောက်ရော ပျက်လား.. ဒါတွေ စားလို့ရရဲ့လား.."

"စစချင်းတော့ ပျက်တယ်ကိုကို.. သိပ်မစားနိုင်ဘူး.. အခုကတော့ ကိုယ်ဝန်က ၅လထဲရောက်နေပြီဆိုတော့ ပြန်စားနိုင်သွားပါပြီ.."

"တော်သေးတာပေါ့.. ညီမလေး စားချင်တာ ရှိသေးရင် ထပ်မှာဦးနော်.. အားမနာနဲ့.. ညီမလေး စားချင်တာသာ အားလုံးစား.."

"ဟီး.. ဟုတ်.."

မြူ့ကို အမြဲတမ်း အလိုလိုက်ပြီး မြူ့ဘေးကနေ လိုအပ်တာတွေ ဖြည့်ဆည်းပေးတတ်တဲ့ကိုကိုက တစ်ဦးတည်းသောသမီး ဖြစ်တဲ့ မြူ့အတွက်တော့ ကံကောင်းခြင်းတစ်ခုပင်.. ဘာမှလည်း မတော်စပ်ကြပါပဲ မောင်နှမအရင်းအချာလို ချစ်ခင် စောင့်ရှောက်ပေးဖို့ဆိုတာ အရင်ဘဝက ရေစက်တွေပဲ ဖြစ်မည်.. ကိုကိုနဲ့ မြူက ရေစက်ကောင်းတွေ ဖြစ်ခဲ့တာပဲ ဖြစ်မည်..။

"စား ညီမလေး ထည့်စား.."

"ဟုတ်ကဲ့.."

နှစ်ယောက်သား စားသောက်ပြီးကြတော့..

"ညီမလေး ဘယ်သွားချင်သေးလဲ.. ကိုကို ဘယ်လိုက်ပို့ပေးရမလဲ.."

"အိမ်ပဲပြန်တော့မယ် ကိုကို.."

"အိုကေ.. ကိုကို အိမ်ပြန်ပို့ပေးမယ်နော်.. လာ သွားကြမယ်.."

စားသောက်ဆိုင်ထဲကနေ ထွက်လာကြပြီး ဆိုင်ရှေ့က ကားပါကင်ဆီသို့ လှမ်းလျှောက်နေစဉ်မှာပဲ....

"သားကြီး.. မင်းသန့်.."

မင်းသန့်လည်း ခေါ်သံကြားရာ လှမ်းကြည့်လိုက်ရာ...

"ဦးနိုင်.."

"သားကြီး.. သားကြီး မင်းသန့် ဟုတ်တယ်မလား.. တွေ့ရတာ ဝမ်းသာလိုက်တာကွာ.."

မြူလည်း ကိုကို့ကို လာနှုတ်ဆက်နေတဲ့ ဦးလေးတစ်ယောက်ကြောင့် ကားပေါ်မတက်ဖြစ်သေးဘဲ ကားဘေးမှာရပ်ကာ ခဏကြည့်နေမိသည်.. ထိုဦးလေးကြည့်ရတာ ကိုကိုနဲ့ မတွေ့တာကြာတဲ့ အသိမိတ်ဆွေဖြစ်ပုံရပြီး ပြန်တွေ့ရတာကို ဝမ်းသာနေပုံ...

မင်းသန့် တွေ့လိုက်ရတဲ့သူကို အံ့ဩပြီး ရုတ်တရက် ဘာပြောရမှန်းမသိ.. ဦးနိုင်က အဖေ့ရဲ့ ကားစပယ်ယာအဖြစ် အချိန်အတော်ကြာ အလုပ်အတူတူ တွဲလုပ်ခဲ့ပြီး သူ့ကိုလည်း သားကြီး သားကြီးနဲ့ ခေါ်ကာ ငယ်စဉ်က ထိန်းကြောင်းခဲ့သူ.. မတွေ့ရတာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ.. ငယ်စဉ်ကနဲ့မတူတော့ဘဲ အသက်အရွယ်တစ်ခုရောက်ကာ အသက်ထက် ပိုမိုအိုစာနေတဲ့ပုံစံအရ ခက်ခဲစွာ အသက်ရှင်ရပ်တည်လာခဲ့ပုံပေါ်သည်.. ဦးနိုင်ကို မြင်တော့ အဖေ့ကို သတိရမိတဲ့စိတ်တွေက ရုတ်ချည်း ဝင်ရောက်လာခဲ့သည်..။

"ဦးနိုင် မတွေ့တာကြာပြီနော်.. နေကောင်းလား.."

"ကောင်းပါတယ်ကွာ.. မင်းကို ခုနကတည်းက မြင်တာ သားကြီးမင်းသန့်မှ ဟုတ်ရဲ့လားလို့ ဦးနိုင်သေချာလိုက်ကြည့်နေတာကွ.. မင်းက ငယ်ငယ်ကလို ဝတုတ်လေးမှ မဟုတ်တော့ဘဲ.. ကြည့်ကောင်းတဲ့ လူကြီးတစ်ယောက်ဖြစ်လာတာပဲ.. မမစန်းရော နေကောင်းရဲ့လား သားကြီး.."

"ဟုတ်ကဲ့ နေကောင်းပါတယ် ဦးနိုင်.. ဦးနိုင် အခုဘယ်မှာနေလဲဟင်.. အလုပ်ရော ဘာတွေ လုပ်နေလဲ.."

"သင်္ဃန်းကျွန်းငမိုးရိပ်ဖက်မှာ ဦးနိုင်ဇနီးနဲ့ အိမ်ငှားနေတယ်ကွ.. ဦးနိုင်တို့က ကလေးမရတော့ လင်မယားနှစ်ယောက်ထဲပေါ့ကွာ..  အလုပ်ကတော့ အရင်လို ကုန်ကားစပယ်ယာပဲပေါ့.. အခုလည်း ဦးနိုင်ဇနီးက အပြန် ခေါက်ဆွဲကြော်ဝယ်ခဲ့ပါဆိုလို့ ဝင်ဝယ်ရင်း မင်းကို တွေ့တာပဲ.."

"မင်းကိုတွေ့ရတာ ဦးနိုင် တကယ်ဝမ်းသာတယ်ကွာ.. မင်းက အာစရိငယ်ငယ်ကနဲ့ သိပ်တူတာပဲ.. မင်းကိုမြင်ရတာ အာစရိကိုတောင် သတိရတယ်.. အာစရိဆုံးသွားတဲ့သတင်း ဦးနိုင်ကြားပါတယ်.. အဲ့အချိန်က ဦးနိုင်လည်း အိမ်ထောင်ကျကာစ မိန်းမနယ်ဖက်ကို ရောက်သွားလို့ မလာနိုင်ခဲ့တာ.. အာစရိက ထောင်ထဲမှာ ရခဲ့တဲ့ ရောဂါတွေကြောင့် ဆုံးတာလို့ သိရတော့ ဦးနိုင် ပိုစိတ်မကောင်းဘူးကွာ.. ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ ဦးနိုင်လည်း တာဝန်ရှိတယ်.. အဲ့ညက ဦးနိုင်သာ အာစရိကို လမ်းသေချာ ဂရုစိုက်ကြည့်ပေးခဲ့ရင် ကားတိုက်မှုလည်း ဖြစ်ခဲ့မှာ မဟုတ်သလို.. တစ်ဖက်က ကားပေါ်က လင်မယားနှစ်ယောက်လည်း သေခဲ့မှာ မဟုတ်ဘူး.. အဲ့ဒါဆို အာစရိလည်း ထောင်ကျခဲ့မှာ မဟုတ်ဘူး.. တစ်ဖက်ကားပေါ်က ကလေးမလေးလည်း မိဘမဲ့ ဘဝရောက်ခဲ့မှာ မဟုတ်သလို သားကြီးလည်း အဖေက ထောင်ထွက်တစ်ယောက် ဖြစ်ခဲ့မှာ မဟုတ်ဘူး.. အားလုံးက ဦးနိုင်ရဲ့ တာဝန်မကျေမှုကြောင့်တွေပါပဲ.. အာစရိက သားကြီးကို သိပ်ချစ်တာ.. သိပ်ချစ်လွန်းလို့တောင် "မင်းသန့်ရာဇာ" ဆိုပြီး သူ့နာမည်ပါအောင် မှည့်ထားခဲ့တာလေ.. အခုလို သားကြီးက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာ မြင်ရရင် သူ သိပ်ဝမ်းသာမှာကွာ.."

...ဘုတ်....

မင်းသန့် ဦးနိုင်ရဲ့ စကားတွေ နားထောင်နေရင်း အသံကြားလို့ လှည့်ကြည့်လိုက်တော့ ညီမလေးလက်ထဲက ပိုက်ဆံအိတ်လေးက အောက်ကို ပြုတ်ကျနေပြီး ညီမလေးရဲ့ မျက်နှာကလည်း ထိတ်လန့် တုန်လှုပ်မှုတွေနဲ့ မျက်ဝန်းမှာလည်း မျက်ရည်တွေ..

ဟာ.. ညီမလေး အားလုံးကို ကြားသွားပြီ.. ဦးနိုင် ပြောတာတွေ အားလုံးကြားသွားပြီ.. ညီမလေး သူနဲ့အတူပါလာတာကို သူခဏမေ့သွားခဲ့တာ..။

"ညီမလေး..."

"ရှင်... ရှင် ဘယ်သူလဲ.."

"ညီမလေး.. ခဏလေး စိတ်အေးအေးထားနော်.. ကိုကို ရှင်းပြမယ်.."

"ဘာကိုကိုလဲ.. ဘာ ညီမလေးလဲ.. ရှင် ရှင် တမင်တကာ ကျွန်မဆီကို ရောက်လာခဲ့တာလား.. ဘာလို့လဲ!.. ကျွန်မဖေဖေနဲ့ မေမေကို ရှင်တို့ ကျွန်မဆီက ဆွဲထုတ်သွားပြီးပြီလေ.. ကျွန်မဆီက ဘာထပ်လိုချင်သေးလို့လဲ.."

"မဟုတ်ပါဘူး.. မဟုတ်ပါဘူး ညီမလေးရယ်.. ညီမလေးဆီက ကိုကို ဘာမှ မလိုချင်ပါဘူး.. ကိုကို ညီမလေးကို စောင့်ရှောက်ပေးချင်လို့ ညီမလေးအနားကို လာခဲ့တာပါ.. ကိုကို တကယ်ကို ညီမလေးကို စောင့်ရှောက်ပေးချင်လို့ပါ.."

"မလိုဘူး!.. ကျွန်မဖေဖေနဲ့မေမေကိုပဲ ပြန်ပေး.. အီး ဟီး.."

ညီမလေးက သူ့ရင်ဘတ်ကို တဘုန်းဘုန်းနဲ့ ထုရိုက်နေပေမယ့် သူမနာပါဘူး.. သူနာနေတာ ရင်ဘတ်ထဲက၊ ဟိုးနှလုံးသားထဲက.. တစ်သက်လုံး ထိန်းသိမ်းလာခဲ့တဲ့ လျှို့ဝှက်ချက်ပေါ်သွားတာထက် အဲဒီ့လျှို့ဝှက်ချက်ကြောင့် ညီမလေး ခံစားနေရတာကို သူပိုပြီး ရင်နာရတာပါ.. မမြင်ရက်တာပါ..။

"ညီမလေး စိတ်လျှော့ပါနော်.. ညီမလေး အရမ်း စိတ်လှုပ်ရှားနေတယ်.. ကလေးအတွက်မကောင်းပါဘူး ညီမလေးရယ်.. စိတ်လေး နည်းနည်းလျှော့လိုက်နော်.. ကိုကို ညီမလေးကို ပြန်လိုက်ပို့ပေးမယ်.."

"မပို့နဲ့.. မလိုဘူး.. ရှင်လည်း အခုကနေစပြီး ကျွန်မမျက်စိရှေ့ကို လုံးဝပေါ်မလာပါနဲ့.. ရှင့်မျက်နှာလည်း ကျွန်မ မမြင်ချင်ဘူး.. ရှင့်အသံလည်း ကျွန်မ မကြားချင်ဘူး.. အခုကစပြီး ရှင်နဲ့ကျွန်မ ဘာပတ်သတ်မှုမှလည်း မရှိတော့ဘူး ကိုမင်းသန့်ရာဇာ.."

ပြောပြီး ညီမလေးက အောက်ကျနေတဲ့ သူ့ပိုက်ဆံအိတ်လေးကို ကောက်ကာ ဆိုင်ရှေ့က taxiကားတစ်စီးပေါ်တက်ပြီး ထွက်သွားလေသည်..။

"ညီမလေး.. ညီမလေး.. ကိုကို့ကို ခွင့်လွှတ်ပါ ညီမလေးရယ်.. ကိုကို တမင်ဖုံးကွယ်ထားရတာ ညီမလေးအခုလို ကိုကို့ကို မုန်းတီးနေမှာ ကြောက်လို့ပါ.."

"သားကြီး.. သားကြီး မင်းသန့်.. ဘာတွေ ဖြစ်နေကြတာလဲ.. သူကရော ဘယ်သူလဲ.. ဦးနိုင်ကို ပြောပါဦးကွာ.."

"သူက..အဟင့်.. သူက အဖေ့ကားနဲ့တိုက်မိခဲ့တဲ့ တစ်ဖက်ကားပေါ်က ကလေးလေးပဲ ဦးနိုင်.."

"ဟင်.."

........................................

Lynn ✨
အကြံပြုချက်များကို ကြိုဆိုလျှက်..

Continue Reading

You'll Also Like

123K 2.6K 31
ငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်...
6.2K 222 22
လီလီကသာလီလီဝေဆာမဟုတ်ရင် ကိုကိုပြန်ချစ်မှာလား (လီလီဝေဆာ) မင်းဖြစ်နေလို့ကို မချစ်တာ (မင်းခန့်စျာန်)
264K 6.6K 50
"you still my fool." This is book 2 to the new sequel. Read Fool first if you already havent.
55.5K 1.8K 27
As part of the 77th Class of Hope's Peak Academy, you were immediately branded with a reputation as an elite student, surrounded by similar elites. D...