MDD-51.2
တိုင်ကြားခြင်း
ပိုင်ရွှယ်က ပြဿနာတွေကို တစ်ခုပြီးတစ်ခု တွေ့ကြုံလို့ ပြီးဆုံးသွားခဲ့ပြီးတာတောင်မှ၊ တုန်အာက တစ်ခုခုကို တွေးတောပြီးတော့ ပြောလိုက်တယ်
"သခင်မလေး၊ ဒီတစ်ခါကတော့ တကယ်ကို သည်းထိတ်ရင်ဖို ဖြစ်သွားခဲ့တယ်။ ရည်ရွယ်ချက်က ကောင်းပေမဲ့၊ နောက်တစ်ကြိမ်ဆိုရင်တောဘ ကိုယ်တိုက် ထွက်မရှင်းတာက ပိုကောင်းပါတယ်။ ဒီနေ့ သခင်မလေးက အိမ်တော်ကနေ အစောင့်တစ်ယောက်မှတောင် မခေါ်သွားခဲ့ဘူး။ လျိုမိသားစုထဲက သခင်လေးကသာ သူ့လက် လှုပ်ရှားလိုက်ရင်၊ ဆုံးရှုံးမှုတွေ တွေ့ကြုံရတဲ့သူက သခင်မလေး ဖြစ်သွားပါလိမ့်မယ်"
ကျန်းလီက ပြုံးပြလိုက်ပေမဲ့၊ ဘာမှတော့ ပြန်မပြောခဲ့ဘူး။ တုန်အာက ဆက်ပြောလိုက်တယ်
"ဒါပေမဲ့ သခင်လေးရီက ရှန်ယန်းမှာရှိတဲ့ ရီမိသားစုက လူတစ်ယောက်လို့ ပိုင်ရွှယ်က ပြောခဲ့တယ်။ သူက သခင်မလေးရဲ့ ဘိုးဘွားမိသားစုထဲက လူတစ်ယောက် ဖြစ်နိုင်သလား။ သခင်မလေးက သူနဲ့ စကားပြောခွင့်မရခဲ့တာကတော့ စိတ်မကောင်းစရာဆိုပေမဲ့ စကားပြောလို့ရမယ့်နေရာ မရှိတော့လဲ မဟုတ်ပါဘူး။ မဟုတ်ရင် သူက ရီမိသားစုရဲ့မျိုးဆက်က လူလားဆိုတာကို ကျွန်မတို့ သိလိမ့်မယ်။ ဒီတစ်ခါ သခင်မလေးက သူ့ကို ကူညီလိုက်တာကို သူကတော့ အရမ်းကျေးဇူးတင်နေလိမ့်မယ်"
"ငါက ကျေးဇူးအတင်ခံဖို့အတွက်နဲ့ သူ့ကို ကူညီပေးတာ မဟုတ်ဘူး။ ငါက ကျေးဇူးပြန်ဆပ်ဖို့ တောင်းဆိုမယ်ဆိုရင်၊ သူ့ကို ကူညီလိုက်မှာတောင် မဟုတ်ပါဘူး"
ကျန်းလီက ပြုံးပြီးတော့ ပြောလိုက်တယ်။ မတရားမှုကို မြင်တဲ့ အခါ ကြားဝင်စွက်ဖက်တတ်တာက ရွှီကျောက်ရဲ့ ပုံမှန်လုပ်နေကျပဲ ဖြစ်ခဲ့တယ်။ ရွှီမိသားစုရဲ့ သားနဲ့သမီး နှစ်ယောက်စလုံးက သူတို့ရဲ့ သွေးထဲမှာ ရဲရင့်မှုနဲ့ ဖြောင့်မတ်မှုတွေ ရှိနေခဲ့တယ်။ မတရားမှုတွေကို ကြုံတဲ့အခါတိုင်း၊ သူတို့က အမြဲတမ်း ရှေ့ထွက်ပြီးတော့ အကူအညီပေးခဲ့ကြတယ်။ သူမက တစ်ခါ သေဆုံးခဲ့ဖူးပေမဲ့လည်း၊ ဒီနေ့ရှေ့ထွက်ခဲ့တဲ့ ကိစ္စအတွပ်တော့ ဆင်ခြေတွေအများကြီး သူမကိုယ်သူမ ပေးခဲ့တယ်။ ဒါပေမဲ့ အကြောင်းပြချက်မရှိလဲ သူမက ရှေ့ဆက်တိုးလိမ့်မယ် ဆိုတာကိုတော့ သူမရဲ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိခဲ့တယ်။
ဒါက လူ့သဘာဝပဲ ဖြစ်ခဲ့တယ်။
သူမ ပြောပြီးတာနဲ့ ချက်ချင်း၊ အပြင်ဘက်မာ ရှိနေတဲ့ ချင်ဖုန်းက ခန်းဆီးစကို မပြီးတော့ ပြောလိုက်တယ်
"ဝမ်ဖုန်းခန်းမထဲက ညီမလေး ဖေးချုံက အဲ့ဒီက သယ်ဆောင်လာတဲ့ အကြောင်းအရာကို လျှောက်တင်ခွင့်ပြုပါ၊ သခင်မကြီးက သခင်မလေးကို အဲဒီနေရာကို လာဖို့ ပြောခဲ့ပါတယ်"
"အခုလား"
ကျန်းလီက အရိုအသေပြုရမဲ့ အချိန် မဟုတ်တာကြောင့် အံ့အားသင့်သွားခဲ့တယ်။
"ဒီနေ့ သခင်မလေးက ကျောင်းဆင်းတဲ့အချိန်မှာ တခြားသူတွေနဲ့ စကားများနေခဲ့တယ်လို့ တတိယသခင်မလေးနဲ့ တခြားသူတွေက ပြောနေကြတယ်လို့ ဝမ်ဖုန်းခန်းမက ပြောပါတယ်"
ချင်ဖုန်းက ပြောလိုက်တယ်။
တုန်အာက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်
"အိုး၊ တိုင်ကြားတဲ့နှုန်းက တကယ်ကို မြန်တာပဲ။ အခြားသူတွေကို ကူညီတဲ့အချိန်မှာ ငါတို့ရဲ့ သခင်မလေးက ပျော်ရွှင်ခဲ့ရတာ။ တခြားသူတွေနဲ့ စကားများရန်ဖြစ်တာက ဘာကို ပြောချင်တာလဲ။ သူမက တကယ်ကို မဟုတ်တဲ့ စကားပြောရဲတယ်"
ကျန်းအိမ်တော်ကို ပြန်ရောက်ကတည်းက တုန်အာရဲ့ ဒေါသက ပိုပိုပြီးတော့ ကြီးလာခဲ့တယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့၊ ကျန်းလီက သူမရဲ့စိတ်ကို အလွန်နှစ်သက်ခဲ့တယ်။ ကျန်းအိမ်တော်မှာ ဖုန်းဖေးဥယျာဉ်တော်က လူတွေရဲ့ အဆင့်အတန်းက အရမ်း သေးနုပ်ခဲ့တယ်။ သူတို့က ဘာမှ မပြောဘဲနဲ့ လူရှေ့သူရှေ့ မှာ ရဲရဲတင်းတင်း မရှိခဲ့ရင်၊ တခြားသူတွေ လာပြီးတော့ သူတို့ကို အနိုင်ကျင့်သွားလိမ့်မယ်။
ကျန်းလီက မတ်တပ်ထရပ်လိုက်တယ်။
"ပြဿနာ မရှိပါဘူး၊ သူမက ငါ့ကိစ္စကို သတိထားမိစေဖို့ သခင်မကြီးကို သူတို့က အရင် အကြောင်းကြားလိုက်တာပဲ"
ပိုင်ရွှယ်က တိုက်ပွဲစတင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံမျိုးနဲ့ အင်္ကျီလက်ကို လိပ်တင်ကာ၊ ရန်မူနေတဲ့ပုံနဲ့ ပြောလိုက်တယ်
"သခင်မလေး၊ ဒီအစေခံက သခင်မလေးနဲ့ လိုက်ခဲ့ပါ့မယ်"
ကျန်းလီက ရီပြီး ပြောလိုက်တယ်
"မင်း လိုက်လို့ရပါတယ်။ ဒါပေမဲ့ ရန်တော့မဖြစ်ပါနဲ့၊ ငါတို့က တရားမျှမျှတတနဲ့ ရှင်းပြကြမယ်"
ဝမ်ဖုန်းနန်းတော်ထဲမှာ ငြိမ်သက်နေခဲ့တယ်။
ကျန်းပင်းကျီက သခင်မကြီးကျန်းရဲ့ နူးညံ့တဲ့ ခုတင်ပေါ်မှာ ထိုင်နေခဲ့ပြီးတော့ ပန်းကန်သေးသေးလေးထဲကနေ နဂါးမုတ်ဆိတ်သကြားလုံးတွေကို ကောက်ကိုင်ပြီးတော့ စားနေခဲ့တယ်။ ဒါပေမဲ့ သခင်မကြီးကျန်းက ခါတိုင်းလိုမျိုး မချော့ဘဲနဲ့ သူ့ကို ကြည့်ပြီး ပြုံးရယ်နေခဲ့တယ်။ အမှန်တကယ်တော့ သူမက တွေးတောနေခဲ့ပုံပေါ်ခဲ့တယ်။
ကျန်းယုယွမ်က သူမရဲ့ ပါးစပ်ကို မဖွင့်ဘဲနဲ့ တစ်နေရာထဲမှာပဲ ဂရုတစိုက် ထိုင်နေခဲ့တယ်။ ကျန်းယွဲ့အာနဲ့ ကျန်းယို့ရောင်တို့က အခြားတစ်နေရာမှာ ထိုင်ခဲ့ကြတယ်။ ကျန်းယို့ရောင် မျက်နှာမှာ စိတ်ကျေနပ်မှုတွေ ပြည့်နေတဲ့အချိန်မှာ၊ ကျန်းယွဲ့အာရဲ့ မျက်လုံးတွေက လျှောက်ပတ်ကြည့်နေခဲ့တယ်။
ကျိရှုရန်လဲ ရှိနေခဲ့တယ်။ သူမက သခင်မကြီးကျန်း ထိုင်ခုံရဲ့ ညာဘက်ဘေးမှာ ထိုင်နေခဲ့တယ်။ သူမရဲ့ မျက်နှာမှာ ကျက်သရေရှိတဲ့ အပြုံးတစ်ခုရှိနေခဲ့ပေမဲ့၊ နည်းနည်း စိုးရိမ်နေပုံလဲ ပေါ်ခဲ့တယ်။ တစ်စုံတစ်ယောက်ကို စောင့်နေသလိုမျိုး သူမရဲ့အကြည့်တွေက တံခါးရဲ့ ဦးတည်ရာဆီကို အဆက်မပြတ်ရွေ့လျားနေသည်။
သိပ်မကြာခင်မှာ သူမ စောင့်ဆိုင်းနေခဲ့ရတဲ့လူက ရောက်ရှိလာခဲ့တယ်။
ကျန်းလီနဲ့ ပိုင်ရွှယ်တို့က ဝမ်ဖုန်းခန်းမကို ရောက်တဲ့အခါမှာ၊ ကျန်းပင်းကျီက သူမကို အမြန်ကြည့်ပြီးတော့ အကျယ်ကြီး အော်ထုတ်ပစ်ချင်နေခဲ့တယ်။ ဒါပေမဲ့ သူက တစ်ခုခုကို ရုတ်တရက် အမှတ်ရသွားခဲ့ပြီးတော့ အဲဒါကို အတင်း မျိုချခဲ့ရတယ်။
သူမက ဒါကို မမြင်ဖူး သလို ဟန်ဆောင်ကာ၊ ဆက်ပြီးတော့ အထဲကို ဝင်လာရင်းနဲ့ ပြုံးနေခဲ့တယ်။ ခန်းမအလယ်မှာ မတ်တပ်ရပ်ရင်းနဲ့ သခင်မကြီးကို ငေးကြည့်ကာ၊ သူမက ခပ်ဖြည်းဖြည်း ပြောလိုက်တယ်။
"ဘာအကြောင်းကိစ္စရှိလို့ အဖွားက ကျန်းလီကို အခေါ်လွှတ်ရတာပါလဲ"
သခင်မကြီးကျန်းက မျက်ခွံပင့်လိုက်ပြီးတော့ သူမကို ကြည့်လိုက်တယ်။
+++++
တယ်လီဂရမ်ဂရုလေးမှာ အပိုင်း (171) ရောက်နေပါပြီနော်။Swae Nyoe Sales Channel (Telegram)https://t.me/swaesaleschannel