အခန်း(၂၇) လီရွှေ့ချင်း
နေ့လယ်စာဆိုင်ခင်းချိန်တွင် အအေးသုပ်(အစုံသုပ်မျိုး)နှင့် သံပြားထမင်းကြော် [အသားနှင့်သက်သတ်လွတ်]၊ ပန်ကိတ်အရေအတွက်ကိုတော့ ထက်ဝက်ခွဲထားပြီး သက်သတ်လွတ်ပန်ကိတ်များ၊ ထမင်းဖြူ၊ ဆန်ကြမ်းထမင်းတို့ကို ပြင်ဆင်ထားလေ၏။ နေ့လည်ခင်းတွင် ရာသီဥတုပိုပူသောကြောင့် ဂျယ်လီရောင်းချမှုလည်း ရှိ၏။
အအေးသုပ်ဟင်းလျာများတွင် ခေါက်ဆွဲအေး၊ ဟင်းသီးဟင်းရွက်၊ သခွားသီး၊ ဆလတ်ရွက်၊ အာလူးခြစ်၊ ကြာစွယ်၊ တရုတ်နံနံ၊ ပဲများ၊ မုန်လာဥနီခြစ်၊ ဂေါ်ဖီထုပ် နှင့် အသားဟင်း၊ ဝက်သား၊ ဝက်သားဆားနယ်ချပ်များ ပါလေ၏။
အအေးဟင်းပွဲများသည် တစ်ပန်းကန်လျှင် ခုနစ်၀မ် ကျသင့်ပြီး၊ အသားနှင့်အသီးအရွက်များ တစ်ပန်းကန်လျှင် ဆယ့်ငါး၀မ်နှင့် အသားတစ်ပန်းကန်လျှင် နှစ်ဆယ့်ငါး၀မ်ကျ၏။
ဝက်သား တစ်ကတ်တီလျှင် ၀မ်နှစ်ဆယ်ခန့်ကျ၏။ ၀က်နားရွက်များသည် စျေးပေါပြီး၊ အလကားဟုပင် ထင်ရသော်လည်း စီးပွားရေးလုပ်ခြင်းသည် ရေရှည်စီမံကိန်းတစ်ခုဖြစ်၏။ ဝက်နားရွက်များကို စျေးကွက်တွင် ရောင်းချပါက စျေးနှုန်းမှာ သေချာပေါက် တက်လာမည်ဖြစ်ကာ၊ ဝက်နားရွက်များကိုင်တွယ်ပြင်ဆင်ရာတွင်လည်း အများကြီးအားစိုက်ထုတ်ရသည်။
ထမင်းဖြူတစ်ပန်းကန်သည် ငါး၀မ်နှင့် ဆန်ကြမ်းထမင်းတစ်ပန်းကန်သည် နှစ်၀မ်ကျသင့်၏။
အစားအသောက်များကို စင်ပေါ် တွင်တင်ထား၏။ သွလာနေသူများ သိပ်မများသေးဘဲ၊ နေ့လည်စာစားချိန်ပင် မရောက်သေးချေ။ ဝေ့ချန်၏ဆိုင်တွင် ထမင်းကြော် နှင့် ပန်ကိတ်များ ဝယ်စားနေကြသည့် ပုံမှန်ဖောက်သည်များလည်း ရှိနေလေ၏။ သူတို့သည် အချိန်ခဏလောက် တန်းစီကြပြီး စောင့်နေကြရသေး၏။ ကံကောင်းထောက်မစွာနှင့် နောက်ဆုံးတော့ ပြန်ဝယ်လို့ရပြီဖြစ်၏။
ဖောက်သည်သည် ဂျယ်လီတစ်ပန်းကန်ကိုလည်း မှာယူခဲ့၏။
လမ်းသွားလမ်းလာများကလည်း လာရောက်မေးမြန်းကြသော်လည်း အအေးဟင်းပွဲများကို စိတ်မဝင်စားကြပုံရလေ၏။
ဝေ့ချန်သည် ဤအချိန်၌ ဟင်းနမူနာကို မထုတ်ရသေးချေ၊ စောနေသေးလေ၏။
သူသည် အအေးဟင်းပွဲကို ယုံကြည်မှုအရှိဆုံးဖြစ်၏။ အရင်က မြို့လယ်ခေါင်ရှိ သရေစာလမ်းတွင် အအေးဟင်းပွဲသည် ဝယ်သူအများဆုံးဟင်းပွဲဖြစ်ခဲ့၏။ သံပြားထမင်ူကြော်နှင့် တခြားအဆာပြေမုန့်များ လုပ်သည့်နေရာတွင် အခြားသူများသည် သူ့ကို အနိုင်ယူနိုင်မည်မဟုတ်ချေ။
သူသည် ဝက်နားရွက်အအေးသုပ်နှင့် အမဲသားစားရသည်ကို နှစ်သက်သော်လည်း ရှေးခေတ်အချိန်၌ အမဲသားကို ရောင်းချခြင်းရှားပါးသည့်အတွက် သနားစရာပင်။
နေ့လည်စာ စားချိန်၌ လူအုပ်ကြီးသည် စုရုံးလာကြလေ၏။
ပုံမှန်ဖောက်သည်များနှင့် ဖောက်သည်အသစ်များသညါ အစားအသောက်ဝယ်ရန် ဆိုင်ရှေ့တွင် စုဝေးနေကြလေ၏။ ပုံမှန်ဖောက်သည်များသည် သူ့ကို တွေ့သောအခါ နှုတ်ဆက်ကြပြီး၊ ရက်အနည်းငယ်ကြာအောင် ပန်ကိတ်များ မစားရကြောင်း ညည်းညူ တိုင်တောကြလေ၏။ ဆိုင်ရှင်သည် နောက်ဆုံးတွင် ဆိုင်စဖွင့်သည်အထိ အားလုံးက စိုးရိမ်နေခဲ့ကြလေ၏။
ပန်ကိတ်ဝယ်သူများသည် ပန်ကိတ်ဝယ်ကြပြီး၊ ထမင်းကြော်ဝယ်သူများသည် ထမင်းကြော်ဝယ်ကြ၏။ ဂျယ်လီသည် အလွန်ရေပန်းစားနေဆဲဖြစ်၏။ ဤသည်မှာ အပူဒဏ်ကို သက်သာစေနိုင်သည့် ကြည်လင်ပြီး နူးညံ့သိမ်မွေ့သောအရာကို မြင်ဖူးခြင်းမှာ ပထမဆုံးဖြစ်သဖြင့် ပန်းကန်လုံးတစ်လုံးကို မြည်းစမ်းကြည့်ရန် ပေးချေကြ၏။
အခြားအစားအသောက်များအားလုံးနှင့် ရောင်းရလွယ်ကူပြီး ခေါက်ဆွဲအေးကို အမြဲတမ်းမေးမြန်းကြသေသော်လည်း အအေးသုပ်များကို မည်သူမျှ မဝယ်ကြချေ။
ကျိုးယွမ် နှင့် ဝေ့လဲ့တို့သည် မရောင်းရမည်ကို စိုးရိမ်နေကြပုံရ၏။ အဘယ့်ကြောင့်ဆိုသော် သူတို့ကို အများစုပြင်ဆင်ထားသောကြောင့်ဖြစ်၏။ သူတို့ကိုယ်တိုင်သာ မစားဖူးကြပါက အသီးအရွက်တချို့နှင့် သခွားသီးအချို့ရောသုပ်ထားခြင်းသည် အရသာရှိမည်ဟု သူတို့ထင်ကြလိမ့်မည်မဟုတ်ပေ။
တကြိမ်လောက် မြည်းစမ်းကြည့်လျှင်တောင်မှ၊ သူတို့သည် ၎င်းတို့သည် အတော်လေးအရသာရှိပြီး၊ တရစပ် စားနိုင်သည်ဟုညခံစားကြရလေ၏။
ဘာလို့ ဘယ်သူမှ မစားကြတာပါလိမ့်။
ကျိုးယွမ် စိုးရိမ်လာလေ၏။
ဝေ့ချန်ရှိနေသရွေ့ သူတို့နှစ်ယောက်လုံး ဆက်စိုးရိမ်မနေကြတော့ဘဲ၊ ထမင်းကြော်နှင့် ပန်ကိတ်မုန့်များတို့ကြောင့် အလုပ်ရှုပ်သွားကြလေ၏။
"ခင်ပွန်း၊ ခင်ဗျားဖြေရှင်ဖို့ နည်းလမ်းမရှာရသေးဘူး၊ အအေးသုပ်တွေမရောင်းရရင် ဘယ်လိုလုပ်ရမလဲ " ကျိုးယွမ်သည် သူ့ခင်ပွန်းသည် ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှာထားရပေမည်ဟု သူ့စိတ်ထဲတွင် ယုံကြည်နေခဲ့ပြီး ဝေ့ချန်ကို မမေးဘဲ မနေနိုင်တော့ချေ။
ဇနီးလေး စိုးရိမ်နေသည်ကို မြင်ပြီး ဝေ့ချန်သည် လှုပ်ရှားမှုပြုလိုက်၏။ " ယွမ်ယွမ်၊ မင်းက ဟင်းသီးဟင်းရွက်အအေးသုပ်တစ်ပန်းကန်ကိုသုပ်လိုက်၊ အသေးဆုံးပန်းကန်ကိုသုံးပြီး ဆယ်၀မ်ဖိုးထက် ပိုမှာထားတဲ့သူကို ပေးလိုက် "
အသေးဆုံးပန်းကန်သည် နံနက်စာအရံဟင်းပွဲများအတွက်ဖြစ်ပြီး၊ တည်ခင်းသည့် အရွယ်အစားမှာ နှစ်ကိုက်စာသာဖြစ်လေ၏။
ကျိုးယွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး "ဒါက အလုပ်ဖြစ်ပါ့မလား။ ဖောက်သည်တွေကို ပေးလိုက်ပြီး၊ သူတို့ ဝယ်ပါအုံးမလား"
ဝေ့ချန်: "မင်းရဲ့ခင်ပွန်းကို ယုံလိုက်ပါ၊ သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်"
"အင်း၊ ကျွန်တော် အခုချက်ချင်း သုပ်လိုက်မယ်" ကျိုးယွမ်၏ အအေးသုပ်ပန်းကန်သည် ဝေ့ချန်ထက်ပင် ပိုကောင်းလေ၏။
ကျိုးယွမ်သည် အအေးသုပ်ကို သူပ်လိုက်ပြီး အသေးဆုံးပန်းကန်နှင့် ပြင်လိုက်၏။ ဝေ့လဲ့သည် ပန်းကန်သေးသေးလေးအနည်းငယ်ကို ဗန်းတစ်ခုပေါ်တင်ကာ ဧည့်သည်များကို ပေးလိုက်သည်။
၎င်းကို မြင်လိုက်ရသော ဖောက်သည်များသည် အလွန်နမလည်ဖြစ်သွားကြကာ၊ ဝေ့လဲ့သည် လိုက်လံပေးဝေလိုက်ကာ လက်ဆောင်ပေးသည်ဟုသာ ပြောလိုက်၏။
"ဒီနေ့ ဆိုင်ဖွင့်ပြီး၊ ဆယ်၀မ်ထက်ပိုသုံးတဲ့ ဖောက်သည်တွေကို နောက်နှစ်ရက်မှာ ရရှိနိုင်မယ့် အအေးသုပ်ပန်းကန်တစ်ချပ် ပေးမှာဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပြီး၊ အားလုံးပဲ စားကောင်းကြမယ်လို့ မျှော်လင့်ပါတယ်" ဝေ့ချန်သည် ကျယ်ကျယ်လောင်လောင် ရှင်းပြလိုက်သည်။
" ဆက်ဆံရေး ကောင်းတစ်ခုပဲ။ ထမင်းကြော်တစ်ပန်းကန်ဝယ်ရင် အခမဲ့လက်ဆောင်ရမှာ" ထမင်းကြော်ဝယ်ရန် တန်းစီစောင့်ဆိုင်းနေသူက ဝမ်းသာကျေနပ်စွာ ဆိုလေ၏။
"ဆိုင်ရှင်၊ ဒီအအေးသုပ်က သက်သတ်လွတ်ဟင်းပွဲပဲ။ အရမ်းဈေးပေါတယ်၊ လက်ဆောင်တစ်ခြအနေနဲ့ အရမ်းကပ်စေးနဲတာပဲ " ဟု ဖောက်သည်တစ်ဦးက ပြောလိုက်၏။
"အအေးသုပ်က အရသာမရှိတဲ့ပုံပဲ၊ စျေးကလည်းကြီးတယ်။ သူဌေး၊ မင်းရဲ့အစားအစာတွေက အရသာရှိတယ်။ ဒီအအေးသုပ်ကပဲ အရသာလုံးဝမရှိတဲ့ပုံရတယ် "
" ငါလည်းတွေ့တယ်၊ အရသာလုံး၀မကောင်းဘူး "
"ဟင်းသီးဟင်းရွက်တွေကို အခမဲ့အတွက် ပြုတ်ထားရုံပဲ။ ငါ အိမ်မှာတောင် အဲ့ဒါတွေ မစားဘူး။ အဲ့ဒါတွေကို ပေးနေတာ။ မပေးတာက ပိုကောင်းသေးတယ်"
.........
လူအုပ်ထဲမှ၊ တစ်ယောက်တစ်ခွန်းပြောဆိုနေကြပြီး ဝေ့ချန် ပေးသည်ကို မကျေနပ်ကြချေ။
ဝေ့ချန်သည် ပြုံးရုံသာ ပြုံးနေလိုက်ပြီး၊ ကျိုးယွမ်သည် စိုးရိမ်နေပုံနှင့် မျက်မှောင်ကြုတ်နေပြီး၊ ဖောက်သည်များ၏ သူတို့အစားအသောက်ကို ဆဲဆိုသံကို မကျေမနပ်ဖြစ်နေကာ၊ သူ့အအေးသုပ်က သေချာပေါက်အရသာရှိမှာဟု တွေးနေ၏။
ဝေ့ချန်သည် သူတို့၏ ညီးညူတိုင်ကြားချက်များကို ပြီးအောင် စောင့်နေခဲ့ပြီး၊ ရှင်းပြခါနီး၌ အခမဲ့အအေးသုပ်စားပြီးသည့် ဖောက်သည်က အော်ပြောလေ၏။ "သူဌေး၊ မင်းရဲ့အအေးသုပ်အတွက် ဘာကိုသုံးထားတာလဲ။ ဒါက ညစာအတွက် ကောင်းတယ်။ တစ်ပွဲကို ဘယ်လောက်လဲ"
အစားအသောက်အတွက် တန်းးစီနေကြသည့် ဖောက်သည်များ : " ....."
အဲ့လို ဖြစ်နိုင်လား။
" သူဌေး၊ ငါ့ကို အအေးသုပ်ယူလာပေးပါဦး၊ အဲ့ဒါ ငါး၀မ်လား "
" ငါ့စားပွဲမှာလည်း တစ်ပွဲပိုလုပ်ပေးပါဦး "
အအေးသုပ်စားပြီးသည့် ဖောက်သည်များသည် အအေးသုပ်ကို တစ်ယောက်ပြီးတစ်ယောက် မှာကြလေ၏။
ဝေ့လဲ့သည် အမှာစာကိုယူပြီး၊ အရေအတွက်ကို ကျိုးယွမ်ထဲ တင်ပြလိုက်၏။ ကျိုးယွမ်သည် အလျင်အမြန် သုပ်လိုက်ပြီး၊ စျေးနှုန်းအလိုက် မတူသောပွဲပမာဏကို ပြင်ဆင်တည်ခင်းပေးခဲ့၏။
မစားရသေးသည့် ဖောက်သည်များသည် ၎င်းကိုကြည့်ပြီး သူတို့ အရမ်းနားမလည်ဖြစ်သွားကြ၏။
ဒီဂေါ်ဖီထုပ်က တကယ်အရသာရှိလား။
ကျိုးယွမ်သည် အတွင်းဘက်၌ သုပ်နေသောကြောင့်၊ ကြည့်ရှုသူများသည် ၎င်းကိုမမြင်ရချေ။ တချို့လူများသည် စောင့်ကြည့်ရန် လည်ပင်းကိုဆန့်တန်းကာ၊ သူတို့သည် အရောင်အသွေးသည် မတူခြားနားသည်ကို တွေ့လိုက်၏။
" ယွမ်ယွမ်၊ ဟင်းပွဲနည်းနည်းကို သုပ်ပြီး ကိုယ်တို့ရဲ့အအေးသုပ်က ဘယ်လိုပုံစံလဲဆိုတာ ဖောက်တွေကို ကြည့်ခွင့်ပေးလိုက်ပါဦး "
ကျိုးယွမ်သည် ပြန်ထူးလိုက်ပြီး၊ သက်သတ်လွတ်နှင့် အသားဟင်းပွဲ၊ အစပ်နှင့်အစပ်မဟုတ်သော ဟင်းပွဲများအပြင် ခေါက်ဆွဲအေးနှင့် ခေါက်ဆွဲများကို ဟင်းပွဲအများအပြားကို မတူညီသောစျေးနှုန်းများဖြင့် ပြင်ဆက်တည်ခင်းပေးလိုက်၏။
အအေးသုပ်သည် စပ်ရှိပုံရပြီး အရသာရှိပုံရကာ ကောင်းမွန်သော အရောင်အသွေးနှင့် အရသာရှိသောကြောင့် စားချင်စိတ်ကို အထူးသဖြင့်ဆွဲဆောင်နေလေ၏။
ဒါက အအေးသုပ်လား။
ဖောက်သည်သည် ၎င်းကိုကြည့်လိုက်ကာ အနံ့ရလိုက်သောအခါမှာတော့ စားချင်နေပြီဟု ခံစားရလေ၏။
သို့သော် ထမင်းကြော်နှင့် အအေးသုပ်ဝယ်ပါက ကုန်ကျစရိတ်ထက် ပိုများသွားပေလိမ့်မည်။
ကျိုးယွမ်သည် ဘယ်တုန်းကမှ စီးပွားရေးမလုပ်ဖူးသော်လည်း လူတချို့၏တွေးခေါ်ပုံကို သိပြီး၊ ပြောလိုက်၏။ "အေးတဲ့အသီးအရွက်တွေက ထမင်းဖြူနဲ့ ဆန်ကြမ်းထမင်းနဲ့ဆို အကောင်းဆုံးပဲ "
“ထမင်းဖြူ ရှိလား။ တစ်ပန်းကန် ဘယ်လောက်လဲ” ဆဖာက်သည်တစ်ယောက်က အံ့သြစွာမေးလာခဲ့လေ၏။
"ထမင်းဖြူတစ်ပန်းကန်က ငါး၀မ်နဲ့ ဆန်ကြမ်းထမင်းတစ်ပန်းကန်က နှစ်၀မ်ပါ" နှစ်ပန်ကန်စလုံးသည် အပြည့် အမောက်ဖြစ်၏။
"ကောင်းပြီ၊ ငါ ထမင်းဖြူတစ်ပန်းကန်နဲ့ ငါး၀မ်တန် အသီးအရွက်အအေးသုပ်လိုချင်တယ်"
" ငါ ဆန်ကြမ်းထမင်းနဲ့ ငါး၀မ်တန် အသီးအရွက်အအေးသုပ် လိုချင်တယ်"
" ပန်ကိတ်နဲ့ အသုပ် ..."
အအေးသုပ်ဟင်းပွဲကို ဈေးကွက်ဖွင့်လိုက်ပြီဖြစ်၏။
ပြီးနောက် သူတို့သည် စားသောက်ကြဖို့ စွဲလမ်းနေကြပြီး၊ ဆော့စ်ကို ထမင်းတစ်ပန်းကန်နှင့် ရောသုပ်စားနိုင်လေ၏။ အထမ်းသမားများသည် အချွေတာဆုံးဖြစ်ကြ၏။ ဘန်းမုန့်ပေါင်း သို့မဟုတ် အစာခြောက်နှင့် စားရန် တစ်ပန်းကန်၀ယ်ကြ၏။ ဗိုက်ပြည့်စေရုံသာမက စားချင်စိတ်ကိုလည်း ကျေနပ်နှစ်သိမ့်စေလေ၏။
ပိုစားလေလေ၊ အရသာက ပိုကောင်းလာလေလေပင်။
တချို့ဖောက်သည်များသည် ထိုင်စရာနေရာမရှိသဖြင့် ထုပ်ပိုးပြီး ယူသွားကြကာ၊ တချို့သည် သူတို့အိမ်ဖို့ဝယ်သွားကြပြီး၊ ဖောက်သည်အများအပြားသည် စားသောက်ဆိုင်တွင် စားသောက်ရန်ဝယ်ကြသွားကာ၊ စားသောက်ဆိုင်တွင် ထမင်းကြော်နှင့်ဘပအေးသုပ်စားနေသူများကို ကြည့်နေသူများပင် သူတို့ဘယ်က၀ယ်လာသနည်းဟုပင် မေးကြလေ၏။ ဖောက်သည်အများကြီး ဆွဲဆောင်ခဲ့လေ၏။
နေ့လည်ခင်းဆိုင်ဖွင့်ချိန်သည် တရား၀င် အလုပ်များလာလေ၏။
အစားအသောက်များ ရောင်းမကုန်မချင်း၊ အချိန်ကုန်သည့်အထိ အလုပ်ရှုပ်နေသည့် ဤလှိုင်းလုံးကြီး စတင်ခဲ့လေ၏။
နောက်ဆုံးတစ်ခုက ရောင်းကုန်သွားပြီး၊ သုံးယောက်စလုံး ချွေးများ စိုရွှဲနေလေကာ၊ ပင်ပန်းနွမ်းနယ်နေပုံရလေ၏။
အနားယူရန် ငြိမ်ငြိမ်လေးထိုင်နေကာ မလှုပ်ချင်ကြတော့ချေ။
ဝေ့လဲ့သည် အရင်က ပန်ကိတ်ရောင်းသည်ထက် နေ့လယ်စာဈေးဆိုင်သည် ပိုပင်ပန်းသည်ဟု ခံစားမိသော်လည်း သူ သင်္ဘောကျင်းတွင်အလုပ်လုပ်ရသည်လောက်တော့ မပင်ပန်းပါချေ။
ဆိုင်၌လုပ်ငန်သည် အလွန်ကောင်းနေခဲ့ပြီး သူတို့သုံးယောက်သည် လုပ်ငန်းစသည့်နေ့ဖြစ်သဖြင့် ဖောက်သည်များသည် တစ်ခါမှမစားဖူးကြသောကြောင့်၊ လုပ်ငန်းသည် အလွန်ကောင်းနေတာများလားဟုတောင် တွေးမိခဲ့ကြသော်လည်း၊ နောက်ပိုင်းမှာတော့ လုပ်ငန်းသည် ပိုကောင်းလာပြီး၊ နေ့စဉ်ရောင်းချမှုလည်း တိုးလာပြီး ရောင်းမလောက်သည်ကို တွေ့လိုက်ကြရကာ၊ နောက်ဆုံးတွင် တစ်ယောက်ယောက်ကို ငှားရမ်းကြရလေတော့၏။
ဝေ့ချန်သည် နွေရာသီတွင်အအေးသုပ်စားရသည်က အရသာရှိပြီး ညစာအတွက် သင့်လျော်သည်ဟု ခံစားမိသောကြောင့်၊ သူသည် အစားအသောက်ရွေးချယ်မှု မမှားခဲ့ပါချေ။
ပစ္စည်းပစ္စယများကို စုဆောင်းသိမ်းစည်းပြီးနောက်၊ မနက်ဖြန် ဆိုင်တွင်အသုံးပြုမည့် အသီးအရွက်များနှင့် ပါဝင်ပစ္စည်းအရံအချို့ကို ၀ယ်ရန်ပြန်သွားရမည်ဖြစ်သည်။ အချို့ပါဝင်ပစ္စည်းများကိုတော့ မနက်ဖြန်အထိ မချက်ပြုတ်ထားရသေးချေ။
ဖြတ်သွားဖြတ်လာများသည် ဤဆိုင်သည် ပစ္စည်းများကို ဘာကြောင့်ထုပ်ပိုးလာကြသနည်း။ လုပ်ငန်းက မကောင်းလို့များလား။ လုပ်ငန်း ဆက်မရောင်းနိုင်ဘူးလား။ စသဖြင့် သိချင်နေကြကာ စပ်စုပြီး မေးမြန်းကြသော်လည်း ရောင်းကုန်သွားပြီဖြစ်နေလေ၏။
ဘယ်လိုအစားအစာက အရမ်းရောင်းကောင်းနေတာလဲ။ မနက်ဖြန်မှ ကြည့်ရမယ်။
အိမ်သို့ ပြန်ဝယ်သွားသည့် အနီးနားမျ လူတချို့သည် ထပ်၀ယ်ချင်နေကြ၏။ အအေးသုပ်များသည် အလွန်စားကောင်းပြီး၊ လူကြီးရော ကလေးတွေပါ စွဲလမ်းနေကြလေ၏။
ပြန်ဝယ်သွားသည့် ဖောက်သည်အနည်းငယ်လည်း ရှိပြီး၊ မိသားစုသည် သက်သတ်လွတ် အသုပ်ဟင်းကို တွေ့လိုက်ကြသောအခါ ဆူပူကြိမ်းမောင်ကြလေ၏။
" သက်သတ်လွတ်ဟင်းကို ဘယ်လိုလုပ် ဝယ်တာလဲ။ အိမ်မှာချက်နည်းမသိလို့လား၊ ဒါတွေ ဝယ်ဖို့ပိုက်ဆံဘယ်လောက်သုံးခဲ့လဲ။ ဘယ်လောက်ကျလဲ ဒါက "
" ဆယ့်ငါး၀မ်၊ အသားနဲ့ သက်သတ်လွတ်ဟင်းတွေက အရသာရှိတယ်လို့ ထင်လို့။ အဲ့ဒါကြောင့် ဝယ်ခဲ့လိုက်တာ "
ဝေ့ချန်သည် ဝက်နားရွက်များကို မဖော်ပြခဲ့ဘဲ၊ ဖောက်သည်များ မစားသောက်ခင် မရွံရှာစေရန် နာမည်ပြောင်းလိုက်လေ၏။
“ဘာ၊ ဆယ့်ငါး၀မ်လား ” အမျိုးသမီးသည် အော်ဟစ်ပြီး၊ ဟင်းသီးဟင်းရွက်နှင့် အသားအနည်းငယ်ပါသောအိတ်ကို စိုက်ကြည့်ရင်း၊ သူ့သား လှည့်စားခံခဲ့ရသလားဟု မေးနေကာ၊ ချက်ချင်းချွေးများပျံလာပြီး၊ သူ့သားကို ဆူပူကြိမ်မောင်းကာ၊ ၀မ်းတွင်းမဲသူဌေးကို ဆဲဆိုကြိမ်းမောင်းနေလေ၏။ သူမသည် ဒေါသတကြီးနှင့် သူဌေးနှင့် စာရင်းရှင်းချင်နေလေ၏။
အအေးသုပ်ဝယ်သွားသည့်လူက သူ့အမေကို အမြန်ဆွဲပြီး အတင်းစားခိုင်းလိုက်လေ၏။ အအေးသုပ်သည် အလွန်အရသာရှိလေ၏။ တစ်ပန်ူကန် အရင်ဝယ်ဖို့ မတတ်နိုင်ခဲ့ဘူးဟု မပြောနိုင်ချေ၊ မဟုတ်ပါက သူ့အမေဆီမှ အရိုက်ခံရမည် သေချာလေ၏။
မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည့် ဇနီးနှင့် အိမ်မှာရှိသည့် အဖေနှင့်သားသမီးများသည် စောင့်ကြည့်ဖို့ ပြေးထွက်လာကြပြီး သူတို့အားလုံးကလည်း ဈေးကြီးသည်ဟု ထင်နေကြလေ၏။
တစ်မိသားစုလုံး စားပြီးကြသောအခါ အရသာရှိသည်ဟု အကုန်လုံးက ပြောကြပြီး၊ ပူအိုက်သည့် ရာသီဥတု၌ မစားချင်စိတ်မရှိသည့်ကလေးများတောင် စားချင်စိတ်ရှိလာကြလေ၏။
အခြားသောမိသားစုများစွာတွင်လည်း ဤအဖြစ်အပျက်မျိုး ဖျော်ဖြေကြပြီး အဆုံးတွင် သူတို့အကုန်လုံးသာ် အအေးသုပ်ဟင်းကို ကြိုက်သွားကြလေ၏။
သို့သော်လည်း၊ သက်သတ်လွတ်ဟင်းများ၏ ဈေးနှုန်းသည် မတန်ဘူးဟု ထင်နေကြပြီး၊ ကိုယ်တိုင်ချက်စားပါက စျေးပိုသက်သာသည်ဟု တွန့်တိုပြီး အသုံးအစွဲချွေတာသည့်သူများလည်း ရှိနေဆဲဖြစ်၏။ တစ်ယောက်ယောက်သည် စမ်းကြည့်ပြီးနောက်၊ ကွာခြားချက်က ဘာလဲဆိုတာကို သိလာကြလိမ့်မည်ဖြစ်သည်။
ဝေ့ချန်၏ဆိုင်အတွက် ပစ္စည်းအများစုကို ဆင်ခြေဖုံးရပ်ကွက်ရှိ ဈေးဆိုင်များမှ ဝယ်ယူခဲ့ကြပြီး၊ ပုံမှန်ပမာဏကို ဆိုင်မှ နေ့စဉ်ပို့ပေးကြ၏။ အိမ်ရှိ ဟင်းသီးဟင်းရွက်များကို အိမ်နီးနားချင်းများဆီမှ ဝယ်ကြပြီး အချို့ကို ဈေးတွင်ဝယ်ခဲ့ကြသည်။
နေ့လည်စာဆိုင်ဖွင့်ချိန်ပြီးနောက်၊ ကြိုတင်မှာထားသည်ကို ပြင်ဆင်ပြီးဖြစ်ကာ၊ ဝေ့လဲ့သည် အိမ်တွင် ပစ္စည်းများလက်ခံဖို့ တာဝန်ရှိပြီး၊ ဝေ့ချန်သည် သူ့ဇနီးကို ဈေးထဲသို့ခေါ်သွားပြီး စျေးထဲတွင် ဟင်းချက်စရာပါ၀င်ပစ္စည်းအသစ်များ ရှိမရှိ ကြည့်ချင်နေလေ၏။
ပါ၀င်ပစ္စည်းအသစ် ကြည့်ရန်ဟုဆိုကာ၊ ဝေ့ချန်သည် လူကို ဆွဲသွားပြီး၊ အရသာရှိသည့်တစ်ခုခုကို တွေ့သောအခါ သူ့ဇနီးအတွက် ဝယ်ခဲ့ကာ၊ နှစ်ယောက်သား ဈေးဝယ်ထွက်သလို ဖြည်းဖြည်းချင်း လမ်းလျှောက်နေခဲ့ကြ၏။
သကြားပန်းချီများ၊ သစ်အယ်သီး၊ မုန့်ညက်ကြော်၊ ထန်ဟူလု၊ ကျား၀မ်စစ်( မုန့်လုံးအကြွပ်ကြော်)၊ စသည်တို့ကိုဝယ်ခဲ့၏။ ဝေ့ချန်သည် ဆီစိမ်စက္ကူအိတ်များကို သယ်ထားပြီး၊ သူ့ဇနီးလေးကိုတော့ စားဖို့သာပြောထားလေ၏။
ဝေ့ချန်သည် ရင်းနှီးသော ပါဝင်ပစ္စည်းများကို ရုတ်တရက်တွေ့လိုက်ကာ၊ သူ့ဇနီးလေးကို လက်ဖြင့်ဆွဲပြီး လျှောက်သွားခဲ့လေ၏။
ဖာထေးရာအများအပြားနှင့် ကြမ်းတမ်းသော အဝတ်အစားများ၊ ပိန်းပါးပြီးးဝါနေသောမျက်နှာနှင့် အမျိုးသားတစ်ဦးသည် မှုန်မှိုင်းသောအမူအရာနှင့် ပစ္စည်းအပုံလိုက်ရှေ့တွင် ဆောင့်ကြောင့်ထိုင်နေလေ၏။ ၎င်းတို့သည် လမ်းသွားလမ်းလာများထံမှ အကြည့်ပင်မခံရချေ။
" မျှစ်စို့တွေ ဘယ်လောက်နဲ့ ရောင်းလဲ "
လီရွှေ့ချင်းသည် စျေးထဲတွင်တစ်ရက်နီးပါး ထိုင်နေခဲ့သော်လည်း၊ ဘာမှမရောင်းနိုင်ခဲ့ချေ။ အိမ်တွင် အစားအသောက်များ ကုန်နေပြီဖြစ်၏။ သူရောင်းနေသည့်အရညများနှင့် ဗိုက်ဖြည့်နိုင်သော်လည်း ဖျားနေသော မိဘများအတွက် ဆေးဝါးများဝယ်ရန် ပိုက်ဆံမရှိချေ။ သူဘာလုပ်သင့်သနည်း။
ဝေ့ချန်၏စကားကြောင့် စိတ်ပျက်အားငယ်နေသော လီရွှေ့ချင်းကို ချက်ချင်းပင်ကြည့်လာစေပြီး သူ့မျက်လုံးများသည် နီရဲနေသေးကာ စိတ်တည်ငြိမ်ရန် အချိန်မရမီခင်မှာပင်၊ သူက အလျင်အမြန် ပြောလာလေ၏။ "မျှစ်စို့တစ်ခုကို တစ်၀မ်ပါ " ပြီးနောက် သူသည် ၀ယ်သူစကားပြောလာမည်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့လေ၏။
မျှစ်ဈေးကို ဘယ်လိုသတ်မှတ်ရမှန်း မသိခဲ့ချေ။ မျှစ်များသည် တောင်ပေါ်ကနေ ရလာပြီး၊ ဆင်းရဲသည့်လူများသာ စားကြလေ၏။ လူအများစုသည် ၎င်းတို့ကိုမစားချင်ကြချေ။ မျှစ်ကို ပြုတ်လိုက်သောအခါ အရသာက ခါးသက်သက်ဖြစ်သောကြောင့်ဖြစ်၏။
အခါးအသက်များ ထွက်သွားစေသည့် ဟင်းချက်နည်းကို ဘယ်သူမှ မသိကြသောကြောင့်၊ သူတို့သည် ၎င်းတို့ကို မပြတ်ဘဲနဲ့ တိုက်ရိုက်ကြော်လိုက်ကြ၏။
၀ယ်သူသည် စကားမပြောလာသည်ကို မြင်လိုက်ရပြီး၊ လီရွှေ့ချင်းသည် ပိုစိုးရိမ်လာပြီး၊ ဝေ့လျန် ထွက်သွားမည်ကို စိုးသဖြင့် သူကအလျင်အမြန် ပြောလာလေ၏ယ "နှစ်စို့ကို တစ်၀မ်ပါပဲ၊ ကျွန်တော် အခုလေးတင် မှားသွားလို့။ ခင်ဗျား ဝယ်ချင်လား"
ဝေ့ချန်သည် အနက်ရောင်တစ်ခုခုကို လက်ညှိုးထိုးပြလိုက်ပြီး မေးလိုက်၏။ "ဒါက မှိုခြောက်လား"
"ဟုတ်တယ်၊ မှိုခြောက်တွေပါ " တောင်များပေါ်တွင် မှိုများ အများကြီးရှိလေ၏။ လီရွှေ့ချင်းသည် နေ့တိုင်း မှိုများ အများကြီးခူးလေ၏။ မှိုရောင်းနိုင်သော်လည်း၊ ဤရာသီ၌ မှိုရောင်းသည့် ရွာသားများ ပြတ်လပ်မှုမရှိချေ။သူသည် အကြိမ်တိုင်း မရောင်းရချေ။ သူသည် ကောတစ်ယောက်ဖြစ်သဖြင့် အမြဲနှိမ့်ချခံရပြီ၊ အဝတ်အစားများသည် ညစ်ပတ်နေပြီး သပ်ရပ်သည့် ရွာသားများ၏အဝတ်အစားကို ပိုရွေးချယ်ကြလေ၏။
မှိုများကို မိသားစုအတွက် ရိက္ခာအဖြစ်သာ သုံးစွဲနိုင်သော်လည်း၊ မှိုအများအပြားကို ခူးဆွတ်ထားပြီး သိမ်းဆည်းထား၍ မရနိုင်ချေ။ နေလှမ်းအခြောက်ခံထားပြီး မိသားစုသည် အရေးပေါ် ငွေလိုအပ်နေသောကြောင့် တစ်၀မ်နှစ်၀မ်လောက်နှင့် ရောင်းချနိုင်မလားကို သိရှိရန် ရောင်းချခဲ့ခြင်းဖြစ်၏။
မှိုခြောက်များကို မြင်သည့်သူများက မှိုများမကောင်းမည်ကို စိုးကြသဖြင့် ဘယ်သူမှ မဝယ်ရဲချေ။
"မင်း မှိုခြောက်ကို ဘယ်လိုရောင်းလဲ" ဝေ့ချန်သည် ဒူးထောက်ထိုင်လိုက်ပြီး မှိုများကို ကြည့်လိုက်၏။
မှိုခြောက်များကို အခြောက်လှန်းနည်းသိသည့် လူများလည်းရှိသော်လည်း အကြာကြီးသိမ်းထားရန် လုံလုံလောက်လောက်မခြောက်သေးသည့်အတွက် တချို့လောက်၀ယ်ပြီး အိမ်ပြန်သယ်သွားလို့ရလေ၏။
" မှိုခြောက်တစ်ကတ်တီကို ဝါး၀မ်ပါ "
ဝေ့ချန်က ဈေးအလွန်သက်သာသည်ဟု ခံစားခဲ့ရလေ၏။
သူ မတ်တပ်ထရပ်လိုက်ပြီး သူ့လှုပ်ရှားမှုများသည် သူထွက်သွားတော့မည်ဟု လီရွှေ့ချင်းအား နားလည်မှုလွဲသွာစေကာ၊ သူသည် ရုတ်တရက် ပျာယာခတ်သွားပြီး၊ သူ့မျက်လုံးများ နီရဲလာကာ ငိုချင်လာလေ၏။
သူသည် ဖောက်သည်များကို တောင်းပန်ရလျှင်တောင် ဤအရာများကို ရောင်းရပေမည်။ သူ့အမေနှင့် အဖေသည် သူတို့အဖျားအတွက် ဆေးမသောက်ပါက၊ သူ့မိဘများကို ဆုံးရှုံးရပေလိမ့်မည်ဟု သူသိလေ၏။
သို့သော် နောက်တစ်စက္ကန့်မှာပင် လီရွှေ့ချင်း အံ့အားသင့်သွားလေ၏။ -
" ငါ မှိုတွေကော မျှစ်စို့တွေကော နှစ်ခုစလုံးလိုချင်တယ် "
ဝေ့ချန်၏စကားများသည် သဘာ၀၏အသံများကဲ့သို့ လီရွှေ့ချင်းသည် သူအိပ်မက်မက်နေသည်ဟု ထင်နေသဖြင့်၊ ခဏလောက် ပြန်မဖြေခဲ့ချေ။
"ဘာဖြစ်လို့လဲ၊ မရောင်းဘူးလား " ဝေ့ချန်သည် မျက်ခုံးပင့်ပြီး သူမရောင်းပါက၊ သူ ထွက်သွားလိမ့်မည်ဖြစ်သည်။
သူ့ဇနီးနှင့်ဆို အလွန်စိတ်ရှည်သည်မှလွဲ၍ ဝေ့ချန်သည် အပြင်လူများကို စိတ်ရှည်သည်းခံနိုင်ခြင်း မရှိနေချေ။
ကျေးလက်တွင် မျှစ်များ ပေါများပြီး၊ အအေးသုပ်တွင် မျှစ်မပါသည်ကို သူသတိရသွားပြီး၊ ရွာတွင် တူးပေးမည့်လူကို ရှာနိုင်သည်။
"ခင်ပွန်း၊ ဘာလို့ ဒီလိုမျိုးပြောတာလဲ၊ ကောက မရောင်းဘူးလို့ မပြောဘူးလေ " ကျိုးယွမ်သည် တိုးတိုးလေးပြောလိုက်ပြီး၊ မနှစ်သက်သည့် အကြည့်တစ်ချက် ပေးလိုက်လေ၏။
သူ့ရှေ့ရှိ ကော၏မိသားစုတွင် အခက်အခဲများ ကြုံရှိနေသဖြင့် အလွန်ပျာယာခတ်နေခြင်းဖြစ်ရမည်။
လူများ၏အခက်အခဲများကို မြင်ရသောအခါ သူ့ခင်ပွန်းသည် တခြားသူများကို ကူညီရနေသည်ဟု သူထင်ခဲ့ပြီး၊ သူ့ခင်ပွန်းဖြစ်သူ၏ စိတ်ခံစားချက်များကို ရင်းနှီးပြီးသားဖြစ်သဖြင့် ၎င်းသည် သေချာပေါက်မဖြစ်နိုင်ချေ။
သူ့ခင်ပွန်းသည် မျှစ်ကို ဘာအတွက်ဝယ်သည်ကို သူမသိချေ။ ဤအရာသည် ခါးသက်ပြီး အရသာသည် ပျမ်းမျှသာဖြစ်၏။
လီရွှေ့ချင်းသည် ဘယ်လိုလုပ် မရောင်းနိုင်မည်နည်း သူသည် သူရောင်းဖို့ အမြန်လုပ်လိုက်လေ၏။
သို့သော် သူ့တွင် ခြင်းတောင်းကလွဲ၍ ထုပ်ပိုးစရာ ဘာတစ်ခုမှမရှိဘဲ၊ စိုးရိမ်တကြီး ချွေးများ ထွက်လာနေလေ၏။
ဝေ့ချန်သည် ဘာကြောင့် သူမလှုပ်ရှားသလဲ မသိသောကြောင့် သူအလွန်အလျင်လိုနေ၏။
ကျိုးယွမ်သည် လီရွှေ့ချင်း၏ အကြောင်းပြချက်ကိုမြင်ပြီး၊ " ကောအာ၊ ငါ့အိမ်က ဈေးနဲ့မဝေးဘူး။ မင်း ငါ့အိမ်ကို ပစ္စည်းတွေပို့ပေးလို့ရမလား"
ကျိုးယွမ်၏စကားများသည် လီရွှေ့ချင်း၏ အရေးပေါ်လိုအပ်မှုကို သက်သာရာရသွားစေသောကြောင့် သူက အလျင်အမြန် ပြောလိုက်၏။ "ဟုတ်ကဲ့ ကျွန်တော်ချက်ချင်း လိုက်ပို့ပေးလိုက်ပါ့မယ်"
ထိုမှသာ ဝေ့ချန်သည် အကြောင်းပြချက်ကို သိသွားလေ၏။
သူ့ဇနီးလေး၏လက်ကို ကိုင်ကာ ညှစ်လိုက်ပြီး ဉာဏ်ကောင်းသည့်အတွက် ဆုပေးလိုက်၏။
ကျိုးယွမ်သည် ပြင်ပလူများသည် သူတို့၏ရင်းနှီးသော အပြုအမူကို မြင်တွေ့မည်ကို သိသာသာစိုးရိမ်သဖြင့်၊ လက်ကိုင်ထားခြင်းကြောင့် နီမြန်းသွားလေ၏။
ဝေ့ချန်သည် အသာအယာရယ်မောလိုက်၏။
အကုန်လုံးဝယ်ခြမ်းပြီးနောက် ဝေ့ချန်သည် သူ့ဇနီးလေးကို အိမ်ပြန်ခေါ်သွားလေ၏။
လီရွှေ့ချင်းသည် နှစ်ယောက်သားနောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့လေ၏။
ထိုမှသာ သူ့ရှေ့ရှိစုံတွဲကို ကြည့်ဖို့ အချိန်ရသွားလေ၏။
ထိုအခါမှသာ အမျိုးသားသည် သူ့ဖုလန်ကို အလွန်ချစ်ခင်အလိုလိုက်ပြီး၊ ပစ္စည်းများအများကြီးကို သူ့လက်ထဲတွင် ကိုင်ထားသော်လည်း၊ သူ့ဖုလန်၏လက်ထဲတွင်တော့ ဘာမှမရှိဘဲ၊ အျမိုးသားသည်ဆီစက္ကူအိတ်ထဲမှ အစားအစာများကို ရံဖန်ရံခါ ထုတ်ယူပြီး သူ့လက်ထဲ ထည့်ပေးနေဆဲဖြစ်ကာ၊ သူ့မျက်ခုံးကြားတွင် နွေးထွေးမှုရှိနေလေ၏။
ထိုကောသည် သူ့ကို ကောင်းကောင်းဆက်ဆံသည်သူနှင့် လက်ထပ်နိုင်ခဲ့ခြင်းသည် တကယ်ကို ကံကောင်းဟည်ဟုတွေးနေလေ၏။
သူတို့၏ ဝတ်စားဆင်ယင်မှုကနေ သူတို့မိသားစုနောက်ခံကို အကဲဖြတ်သည်အရ ကောင်းမွန်သင့်သည်။
သူ့အနာဂတ်ခင်ပွန်းကိုလည်း စိတ်ကူးယဉ်ခဲ့သော်လည်း၊ မိသားစု၏အခြေအနေသည် သူအိမ်ထောင်ပြုပါက သူ့မိဘများနှင့် မောင်နှမအငယ်လေးများ ဘယ်လိုရှင်သန်နေထိုင်ရမည်နည်း။ မောင်နှမအငယ်လေးများ ကြီးပြင်းလာသောအခါ သူ အိမ်ထောင်ပြုရမည့်အသက်အရွယ်ကို ကျော်သွားပေလိမ့်မည်။
သူသည် အနာဂတ်တွင် အိမ်ထောင်မပြုနိုင်လျှင်တောင် နောင်တရစရာမရှိပါချေ။
လီရွှေ့ချင်းသည် ဝေ့ချန်၏အိမ်သို့ လိုက်သွားကာ ဝေ့ချန်၏အိမ်ဟောင်းကို ကြည့်လိုက်၏။ ပြုပြင်မှု လက်ရာခြေရာများရှိပြီး၊ ခြံဝင်းကို သပ်သပ်ရပ်ရပ်လှည်းကျင်းထားသော်လည်း ပျက်စီးနေသည်ကိုလည်း မြင်နိုင်လေ၏။
ဤလူနှစ်ယောက်သည် ဤလောက်ဆင်းရဲသည့်အိမ်တွင် နေကြသည့်ပုံ မပေါ်ချေ။
လီရွှေ့ချင်းသည် ဒုက္ခရှာတတ်သောလူမဟုတ်ချေ။ ဤစုံတွဲသည် သူါကျေးဇူးရှင်များ ဖြစ်၏။
မျှစ်များနှင့် မှိုများကို ချထားလိုက်ပြီး လီရွှေ့ချင်းသည် ကျိူယွမ်ပေးလာသော ကြေးနီဒင်္ဂါးပြားများကို ယူလိုက်၏။ သူသည် ၎င်းတို့ကို ရေမတွက်နိုင်သော်လည်း အလွန်စိတ်လှုပ်ရှားနေခဲ့ကာ၊ လက်ဖဝါးထဲတွင် ငွေများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလေ၏။ သူ့အမေနှင့် အဖေအတွက် ဆေးဝယ်ရန် ပိုက်ဆံရှိပြီဖြစ်ကာ၊ အိမ်ပြန်ယူသွားဖို့ ကန်စွန်းဥနှင့် ဆန်ကြမ်းတချို့ကိုလည်း ဝယ်နိုင်လေသည်။
လီရွှေ့ချင်းသည် ငုံ့ကိုင်းပြီး လေးလေးစားစားနှင့် ဆိုလေ၏။ "ကျေးဇူးတင်ပါတယ်"
ဝေ့ချန်သည် ပြန်မသက်သာလာခင် ခဏလောက်အံ့အားသင့်သွားလေကာ၊ ကျိုးယွမ်သည် နားလည်ခဲ့ပြီး ပြုကာပြောလိုက်၏။ "ကျေးဇူးတင်စရာမလိုပါဘူး။ င့တို့က သာမန်စီးပွားရေးတစ်ခုပါ။ ငါ့မိသားစုကလည်း နေ့တိုင်း မှိုနဲ့ မျှစ်တွေလိုတယ်။ မျှစ်တွေကို ဒီနေ့ အရေအတွက်အတိုင်း ပို့ပေးပြီး မှိုတွေကို မင်းမှာရှိရှိသလောက် ပို့လို့ရတယ်။ နေ့တိုင်းပို့ရတာ နင်ူအတွက် အဆင်ပြေလား" ဤသည်မှာ သူ့ခင်ပွန်းက သူ့ကို ယခုတင် ပြောခဲ့ပြီး လီရွှေ့ချင်းအား ပြောပြခိုင်းလေ၏။
"မင်း တကယ်ပဲ ငါ့ကို မှိုနဲ့မျှစ်တွေ ပို့ပေးစေချင်တာလား " လီရွှေ့ချင်း၏ မျက်လုံးများ ပြူးကျယ်လာပြီး သူကြားလိုက်သည်ကို မယုံနိုင်ခဲ့ချေ။ သူသာ နေ့တိုင်း ပို့ပေးရပ်က သူ့မိသားစုသည် အနာဂတ်တွင် ချမ်းသာလာပြီး၊ မိသားစု ငတ်ပြတ်မည်ကို စိုးကိမ်ရတော့မည်မဟုတ်ချေ။
ကျိုးယွမ်က ပြောလိုက်၏။ " ငါတို့မိသားစုက အစားအသောက်လုပ်ငန်းလုပ်တော့၊ နေ့တိုင်းလိုအပ်တယ်။ နင်း နေ့ခင်းဘက်မှာ ဒီကိုလာပို့လို့ရတယ်။ ဒါနဲ့ မျှစ်ရဲ့အတွင်းအူတိုင်ကိုဖွင့်နိုင်မလား " ဤနည်းနှင့်ဆို လေးလံသောအခွံများကို ယူလာစရာမလိုတော့ချေ။
"ဟုတ်ကဲ့၊ မနက်ဖြန် အချိန်မှီရောက်အောင်ပို့ပေးပါ့မယ် " လီရွှေ့ချင်က စိတ်အားထက်သန်စွာ ပြောလေ၏။
သူ အမြင်မှားနေတာ မဟုတ်ပါဘူးနော်။
ကျိုးယွမ်က ပြုံးပြီး ပြောလိုက်၏။ " ငါ မင်းနာမည်ကို မသိရသေးဘူး"
လီရွှေ့ချင်းက ပြောလေ၏။ "ကျွန်တော့်နာမည်က လီရွှေ့ချင်းပါ၊ နန်ပျမ်းရွာမှာ နေပါတယ်"
နန်ပျန်းရွာလား။
( တောင်ပိုင်းရွာ)
ဤကောသည် ဝေ့ချန်နှင့် တစ်ရွာတည်းကဖြစ်၏။
သူတို့နှစ်ယောက် အံ့ဩသွားကြလေ၏။
ဝေ့ချန်သည် ဤလူကို မသိခဲ့ဘဲ၊ အပြင်မှ ပစ္စည်းသယ်ယူရာမှ ပြန်ရောက်လာသောအခါ ဝေ့လဲ့သည် သူ့ကို တွေ့လိုက်ရလေ၏။
"ဝေ့လဲ့လား " လီရွှေ့ချင်းက ဝေ့လိ့ကုသိပြီး၊ သူက ဘာလို့ ဒီကို ရောက်နေတာလဲ။
ဝေ့လဲ့သည် လီရွှေ့ချင်းနှင့်တွေ့ဖူးသော်လည်း၊ သူ့နာမည်ကို မသိခဲ့ချေ။
လီရွှေ့ချင်းကို မိတ်ဆက်ပေးပြီးနောက်၊ သူ့ပစ္စည်းများကို ဝယ်သူသည် တစ်ရွာတည်းမှဖြစ်ကြောင်း သိလိုက်ရလေ၏။
လီရွှေ့ချင်းသည် ဝေ့ချန်ကို မသိသလို ဝေ့ချန်သည် ရွာတွင် အတော်လေးလူသိနည်းလေ၏။
လီရွှေ့ချင်း ထွက်သွားပြီးနောက် ခြံ၀င်းသည် အလုပ်များလာလေသည်။
......
အခန္း(၂၇) လီေ႐ႊ႕ခ်င္း
ေန႕လယ္စာဆိုင္ခင္းခ်ိန္တြင္ အေအးသုပ္(အစုံသုပ္မ်ိဳး)ႏွင့္ သံျပားထမင္းေၾကာ္ [အသားႏွင့္သက္သတ္လြတ္]၊ ပန္ကိတ္အေရအတြက္ကိုေတာ့ ထက္ဝက္ခြဲထားၿပီး သက္သတ္လြတ္ပန္ကိတ္မ်ား၊ ထမင္းျဖဴ၊ ဆန္ၾကမ္းထမင္းတို႔ကို ျပင္ဆင္ထားေလ၏။ ေန႕လည္ခင္းတြင္ ရာသီဥတုပိုပူေသာေၾကာင့္ ဂ်ယ္လီေရာင္းခ်မႈလည္း ရွိ၏။
အေအးသုပ္ဟင္းလ်ာမ်ားတြင္ ေခါက္ဆြဲေအး၊ ဟင္းသီးဟင္း႐ြက္၊ သခြားသီး၊ ဆလတ္႐ြက္၊ အာလူးျခစ္၊ ၾကာစြယ္၊ တ႐ုတ္နံနံ၊ ပဲမ်ား၊ မုန္လာဥနီျခစ္၊ ေဂၚဖီထုပ္ ႏွင့္ အသားဟင္း၊ ဝက္သား၊ ဝက္သားဆားနယ္ခ်ပ္မ်ား ပါေလ၏။
အေအးဟင္းပြဲမ်ားသည္ တစ္ပန္းကန္လွ်င္ ခုနစ္၀မ္ က်သင့္ၿပီး၊ အသားႏွင့္အသီးအ႐ြက္မ်ား တစ္ပန္းကန္လွ်င္ ဆယ့္ငါး၀မ္ႏွင့္ အသားတစ္ပန္းကန္လွ်င္ ႏွစ္ဆယ့္ငါး၀မ္က်၏။
ဝက္သား တစ္ကတ္တီလွ်င္ ၀မ္ႏွစ္ဆယ္ခန႔္က်၏။ ၀က္နား႐ြက္မ်ားသည္ ေစ်းေပါၿပီး၊ အလကားဟုပင္ ထင္ရေသာ္လည္း စီးပြားေရးလုပ္ျခင္းသည္ ေရရွည္စီမံကိန္းတစ္ခုျဖစ္၏။ ဝက္နား႐ြက္မ်ားကို ေစ်းကြက္တြင္ ေရာင္းခ်ပါက ေစ်းႏႈန္းမွာ ေသခ်ာေပါက္ တက္လာမည္ျဖစ္ကာ၊ ဝက္နား႐ြက္မ်ားကိုင္တြယ္ျပင္ဆင္ရာတြင္လည္း အမ်ားႀကီးအားစိုက္ထုတ္ရသည္။
ထမင္းျဖဴတစ္ပန္းကန္သည္ ငါး၀မ္ႏွင့္ ဆန္ၾကမ္းထမင္းတစ္ပန္းကန္သည္ ႏွစ္၀မ္က်သင့္၏။
အစားအေသာက္မ်ားကို စင္ေပၚ တြင္တင္ထား၏။ သြလာေနသူမ်ား သိပ္မမ်ားေသးဘဲ၊ ေန႕လည္စာစားခ်ိန္ပင္ မေရာက္ေသးေခ်။ ေဝ့ခ်န္၏ဆိုင္တြင္ ထမင္းေၾကာ္ ႏွင့္ ပန္ကိတ္မ်ား ဝယ္စားေနၾကသည့္ ပုံမွန္ေဖာက္သည္မ်ားလည္း ရွိေနေလ၏။ သူတို႔သည္ အခ်ိန္ခဏေလာက္ တန္းစီၾကၿပီး ေစာင့္ေနၾကရေသး၏။ ကံေကာင္းေထာက္မစြာႏွင့္ ေနာက္ဆုံးေတာ့ ျပန္ဝယ္လို႔ရၿပီျဖစ္၏။
ေဖာက္သည္သည္ ဂ်ယ္လီတစ္ပန္းကန္ကိုလည္း မွာယူခဲ့၏။
လမ္းသြားလမ္းလာမ်ားကလည္း လာေရာက္ေမးျမန္းၾကေသာ္လည္း အေအးဟင္းပြဲမ်ားကို စိတ္မဝင္စားၾကပုံရေလ၏။
ေဝ့ခ်န္သည္ ဤအခ်ိန္၌ ဟင္းနမူနာကို မထုတ္ရေသးေခ်၊ ေစာေနေသးေလ၏။
သူသည္ အေအးဟင္းပြဲကို ယုံၾကည္မႈအရွိဆုံးျဖစ္၏။ အရင္က ၿမိဳ႕လယ္ေခါင္ရွိ သေရစာလမ္းတြင္ အေအးဟင္းပြဲသည္ ဝယ္သူအမ်ားဆုံးဟင္းပြဲျဖစ္ခဲ့၏။ သံျပားထမင္ူေၾကာ္ႏွင့္ တျခားအဆာေျပမုန႔္မ်ား လုပ္သည့္ေနရာတြင္ အျခားသူမ်ားသည္ သူ႕ကို အနိုင္ယူနိုင္မည္မဟုတ္ေခ်။
သူသည္ ဝက္နား႐ြက္အေအးသုပ္ႏွင့္ အမဲသားစားရသည္ကို ႏွစ္သက္ေသာ္လည္း ေရွးေခတ္အခ်ိန္၌ အမဲသားကို ေရာင္းခ်ျခင္းရွားပါးသည့္အတြက္ သနားစရာပင္။
ေန႕လည္စာ စားခ်ိန္၌ လူအုပ္ႀကီးသည္ စု႐ုံးလာၾကေလ၏။
ပုံမွန္ေဖာက္သည္မ်ားႏွင့္ ေဖာက္သည္အသစ္မ်ားသညါ အစားအေသာက္ဝယ္ရန္ ဆိုင္ေရွ႕တြင္ စုေဝးေနၾကေလ၏။ ပုံမွန္ေဖာက္သည္မ်ားသည္ သူ႕ကို ေတြ႕ေသာအခါ ႏႈတ္ဆက္ၾကၿပီး၊ ရက္အနည္းငယ္ၾကာေအာင္ ပန္ကိတ္မ်ား မစားရေၾကာင္း ညည္းၫူ တိုင္ေတာၾကေလ၏။ ဆိုင္ရွင္သည္ ေနာက္ဆုံးတြင္ ဆိုင္စဖြင့္သည္အထိ အားလုံးက စိုးရိမ္ေနခဲ့ၾကေလ၏။
ပန္ကိတ္ဝယ္သူမ်ားသည္ ပန္ကိတ္ဝယ္ၾကၿပီး၊ ထမင္းေၾကာ္ဝယ္သူမ်ားသည္ ထမင္းေၾကာ္ဝယ္ၾက၏။ ဂ်ယ္လီသည္ အလြန္ေရပန္းစားေနဆဲျဖစ္၏။ ဤသည္မွာ အပူဒဏ္ကို သက္သာေစနိုင္သည့္ ၾကည္လင္ၿပီး ႏူးညံ့သိမ္ေမြ႕ေသာအရာကို ျမင္ဖူးျခင္းမွာ ပထမဆုံးျဖစ္သျဖင့္ ပန္းကန္လုံးတစ္လုံးကို ျမည္းစမ္းၾကည့္ရန္ ေပးေခ်ၾက၏။
အျခားအစားအေသာက္မ်ားအားလုံးႏွင့္ ေရာင္းရလြယ္ကူၿပီး ေခါက္ဆြဲေအးကို အၿမဲတမ္းေမးျမန္းၾကေသေသာ္လည္း အေအးသုပ္မ်ားကို မည္သူမွ် မဝယ္ၾကေခ်။
က်ိဳးယြမ္ ႏွင့္ ေဝ့လဲ့တို႔သည္ မေရာင္းရမည္ကို စိုးရိမ္ေနၾကပုံရ၏။ အဘယ့္ေၾကာင့္ဆိုေသာ္ သူတို႔ကို အမ်ားစုျပင္ဆင္ထားေသာေၾကာင့္ျဖစ္၏။ သူတို႔ကိုယ္တိုင္သာ မစားဖူးၾကပါက အသီးအ႐ြက္တခ်ိဳ႕ႏွင့္ သခြားသီးအခ်ိဳ႕ေရာသုပ္ထားျခင္းသည္ အရသာရွိမည္ဟု သူတို႔ထင္ၾကလိမ့္မည္မဟုတ္ေပ။
တႀကိမ္ေလာက္ ျမည္းစမ္းၾကည့္လွ်င္ေတာင္မွ၊ သူတို႔သည္ ၎တို႔သည္ အေတာ္ေလးအရသာရွိၿပီး၊ တရစပ္ စားနိုင္သည္ဟုညခံစားၾကရေလ၏။
ဘာလို႔ ဘယ္သူမွ မစားၾကတာပါလိမ့္။
က်ိဳးယြမ္ စိုးရိမ္လာေလ၏။
ေဝ့ခ်န္ရွိေနသေ႐ြ႕ သူတို႔ႏွစ္ေယာက္လုံး ဆက္စိုးရိမ္မေနၾကေတာ့ဘဲ၊ ထမင္းေၾကာ္ႏွင့္ ပန္ကိတ္မုန႔္မ်ားတို႔ေၾကာင့္ အလုပ္ရႈပ္သြားၾကေလ၏။
"ခင္ပြန္း၊ ခင္ဗ်ားေျဖရွင္ဖို႔ နည္းလမ္းမရွာရေသးဘူး၊ အေအးသုပ္ေတြမေရာင္းရရင္ ဘယ္လိုလုပ္ရမလဲ " က်ိဳးယြမ္သည္ သူ႕ခင္ပြန္းသည္ ေျဖရွင္းဖို႔ နည္းလမ္းတစ္ခု ရွာထားရေပမည္ဟု သူ႕စိတ္ထဲတြင္ ယုံၾကည္ေနခဲ့ၿပီး ေဝ့ခ်န္ကို မေမးဘဲ မေနနိုင္ေတာ့ေခ်။
ဇနီးေလး စိုးရိမ္ေနသည္ကို ျမင္ၿပီး ေဝ့ခ်န္သည္ လႈပ္ရွားမႈျပဳလိုက္၏။ " ယြမ္ယြမ္၊ မင္းက ဟင္းသီးဟင္း႐ြက္အေအးသုပ္တစ္ပန္းကန္ကိုသုပ္လိုက္၊ အေသးဆုံးပန္းကန္ကိုသုံးၿပီး ဆယ္၀မ္ဖိုးထက္ ပိုမွာထားတဲ့သူကို ေပးလိုက္ "
အေသးဆုံးပန္းကန္သည္ နံနက္စာအရံဟင္းပြဲမ်ားအတြက္ျဖစ္ၿပီး၊ တည္ခင္းသည့္ အ႐ြယ္အစားမွာ ႏွစ္ကိုက္စာသာျဖစ္ေလ၏။
က်ိဳးယြမ္သည္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး "ဒါက အလုပ္ျဖစ္ပါ့မလား။ ေဖာက္သည္ေတြကို ေပးလိုက္ၿပီး၊ သူတို႔ ဝယ္ပါအုံးမလား"
ေဝ့ခ်န္: "မင္းရဲ႕ခင္ပြန္းကို ယုံလိုက္ပါ၊ ေသခ်ာေပါက္ အလုပ္ျဖစ္လိမ့္မယ္"
"အင္း၊ ကြၽန္ေတာ္ အခုခ်က္ခ်င္း သုပ္လိုက္မယ္" က်ိဳးယြမ္၏ အေအးသုပ္ပန္းကန္သည္ ေဝ့ခ်န္ထက္ပင္ ပိုေကာင္းေလ၏။
က်ိဳးယြမ္သည္ အေအးသုပ္ကို သူပ္လိုက္ၿပီး အေသးဆုံးပန္းကန္ႏွင့္ ျပင္လိုက္၏။ ေဝ့လဲ့သည္ ပန္းကန္ေသးေသးေလးအနည္းငယ္ကို ဗန္းတစ္ခုေပၚတင္ကာ ဧည့္သည္မ်ားကို ေပးလိုက္သည္။
၎ကို ျမင္လိုက္ရေသာ ေဖာက္သည္မ်ားသည္ အလြန္နမလည္ျဖစ္သြားၾကကာ၊ ေဝ့လဲ့သည္ လိုက္လံေပးေဝလိုက္ကာ လက္ေဆာင္ေပးသည္ဟုသာ ေျပာလိုက္၏။
"ဒီေန႕ ဆိုင္ဖြင့္ၿပီး၊ ဆယ္၀မ္ထက္ပိုသုံးတဲ့ ေဖာက္သည္ေတြကို ေနာက္ႏွစ္ရက္မွာ ရရွိနိုင္မယ့္ အေအးသုပ္ပန္းကန္တစ္ခ်ပ္ ေပးမွာျဖစ္ပါတယ္။ ခင္ဗ်ားတို႔ရဲ႕ ဂ႐ုစိုက္မႈအတြက္ ေက်းဇူးတင္ၿပီး၊ အားလုံးပဲ စားေကာင္းၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္" ေဝ့ခ်န္သည္ က်ယ္က်ယ္ေလာင္ေလာင္ ရွင္းျပလိုက္သည္။
" ဆက္ဆံေရး ေကာင္းတစ္ခုပဲ။ ထမင္းေၾကာ္တစ္ပန္းကန္ဝယ္ရင္ အခမဲ့လက္ေဆာင္ရမွာ" ထမင္းေၾကာ္ဝယ္ရန္ တန္းစီေစာင့္ဆိုင္းေနသူက ဝမ္းသာေက်နပ္စြာ ဆိုေလ၏။
"ဆိုင္ရွင္၊ ဒီအေအးသုပ္က သက္သတ္လြတ္ဟင္းပြဲပဲ။ အရမ္းေဈးေပါတယ္၊ လက္ေဆာင္တစ္ျခအေနနဲ႕ အရမ္းကပ္ေစးနဲတာပဲ " ဟု ေဖာက္သည္တစ္ဦးက ေျပာလိုက္၏။
"အေအးသုပ္က အရသာမရွိတဲ့ပုံပဲ၊ ေစ်းကလည္းႀကီးတယ္။ သူေဌး၊ မင္းရဲ႕အစားအစာေတြက အရသာရွိတယ္။ ဒီအေအးသုပ္ကပဲ အရသာလုံးဝမရွိတဲ့ပုံရတယ္ "
" ငါလည္းေတြ႕တယ္၊ အရသာလုံး၀မေကာင္းဘူး "
"ဟင္းသီးဟင္း႐ြက္ေတြကို အခမဲ့အတြက္ ျပဳတ္ထား႐ုံပဲ။ ငါ အိမ္မွာေတာင္ အဲ့ဒါေတြ မစားဘူး။ အဲ့ဒါေတြကို ေပးေနတာ။ မေပးတာက ပိုေကာင္းေသးတယ္"
.........
လူအုပ္ထဲမွ၊ တစ္ေယာက္တစ္ခြန္းေျပာဆိုေနၾကၿပီး ေဝ့ခ်န္ ေပးသည္ကို မေက်နပ္ၾကေခ်။
ေဝ့ခ်န္သည္ ၿပဳံး႐ုံသာ ၿပဳံးေနလိုက္ၿပီး၊ က်ိဳးယြမ္သည္ စိုးရိမ္ေနပုံႏွင့္ မ်က္ေမွာင္ၾကဳတ္ေနၿပီး၊ ေဖာက္သည္မ်ား၏ သူတို႔အစားအေသာက္ကို ဆဲဆိုသံကို မေက်မနပ္ျဖစ္ေနကာ၊ သူ႕အေအးသုပ္က ေသခ်ာေပါက္အရသာရွိမွာဟု ေတြးေန၏။
ေဝ့ခ်န္သည္ သူတို႔၏ ညီးၫူတိုင္ၾကားခ်က္မ်ားကို ၿပီးေအာင္ ေစာင့္ေနခဲ့ၿပီး၊ ရွင္းျပခါနီး၌ အခမဲ့အေအးသုပ္စားၿပီးသည့္ ေဖာက္သည္က ေအာ္ေျပာေလ၏။ "သူေဌး၊ မင္းရဲ႕အေအးသုပ္အတြက္ ဘာကိုသုံးထားတာလဲ။ ဒါက ညစာအတြက္ ေကာင္းတယ္။ တစ္ပြဲကို ဘယ္ေလာက္လဲ"
အစားအေသာက္အတြက္ တန္းးစီေနၾကသည့္ ေဖာက္သည္မ်ား : " ....."
အဲ့လို ျဖစ္နိုင္လား။
" သူေဌး၊ ငါ့ကို အေအးသုပ္ယူလာေပးပါဦး၊ အဲ့ဒါ ငါး၀မ္လား "
" ငါ့စားပြဲမွာလည္း တစ္ပြဲပိုလုပ္ေပးပါဦး "
အေအးသုပ္စားၿပီးသည့္ ေဖာက္သည္မ်ားသည္ အေအးသုပ္ကို တစ္ေယာက္ၿပီးတစ္ေယာက္ မွာၾကေလ၏။
ေဝ့လဲ့သည္ အမွာစာကိုယူၿပီး၊ အေရအတြက္ကို က်ိဳးယြမ္ထဲ တင္ျပလိုက္၏။ က်ိဳးယြမ္သည္ အလ်င္အျမန္ သုပ္လိုက္ၿပီး၊ ေစ်းႏႈန္းအလိုက္ မတူေသာပြဲပမာဏကို ျပင္ဆင္တည္ခင္းေပးခဲ့၏။
မစားရေသးသည့္ ေဖာက္သည္မ်ားသည္ ၎ကိုၾကည့္ၿပီး သူတို႔ အရမ္းနားမလည္ျဖစ္သြားၾက၏။
ဒီေဂၚဖီထုပ္က တကယ္အရသာရွိလား။
က်ိဳးယြမ္သည္ အတြင္းဘက္၌ သုပ္ေနေသာေၾကာင့္၊ ၾကည့္ရႈသူမ်ားသည္ ၎ကိုမျမင္ရေခ်။ တခ်ိဳ႕လူမ်ားသည္ ေစာင့္ၾကည့္ရန္ လည္ပင္းကိုဆန႔္တန္းကာ၊ သူတို႔သည္ အေရာင္အေသြးသည္ မတူျခားနားသည္ကို ေတြ႕လိုက္၏။
" ယြမ္ယြမ္၊ ဟင္းပြဲနည္းနည္းကို သုပ္ၿပီး ကိုယ္တို႔ရဲ႕အေအးသုပ္က ဘယ္လိုပုံစံလဲဆိုတာ ေဖာက္ေတြကို ၾကည့္ခြင့္ေပးလိုက္ပါဦး "
က်ိဳးယြမ္သည္ ျပန္ထူးလိုက္ၿပီး၊ သက္သတ္လြတ္ႏွင့္ အသားဟင္းပြဲ၊ အစပ္ႏွင့္အစပ္မဟုတ္ေသာ ဟင္းပြဲမ်ားအျပင္ ေခါက္ဆြဲေအးႏွင့္ ေခါက္ဆြဲမ်ားကို ဟင္းပြဲအမ်ားအျပားကို မတူညီေသာေစ်းႏႈန္းမ်ားျဖင့္ ျပင္ဆက္တည္ခင္းေပးလိုက္၏။
အေအးသုပ္သည္ စပ္ရွိပုံရၿပီး အရသာရွိပုံရကာ ေကာင္းမြန္ေသာ အေရာင္အေသြးႏွင့္ အရသာရွိေသာေၾကာင့္ စားခ်င္စိတ္ကို အထူးသျဖင့္ဆြဲေဆာင္ေနေလ၏။
ဒါက အေအးသုပ္လား။
ေဖာက္သည္သည္ ၎ကိုၾကည့္လိုက္ကာ အနံ႕ရလိုက္ေသာအခါမွာေတာ့ စားခ်င္ေနၿပီဟု ခံစားရေလ၏။
သို႔ေသာ္ ထမင္းေၾကာ္ႏွင့္ အေအးသုပ္ဝယ္ပါက ကုန္က်စရိတ္ထက္ ပိုမ်ားသြားေပလိမ့္မည္။
က်ိဳးယြမ္သည္ ဘယ္တုန္းကမွ စီးပြားေရးမလုပ္ဖူးေသာ္လည္း လူတခ်ိဳ႕၏ေတြးေခၚပုံကို သိၿပီး၊ ေျပာလိုက္၏။ "ေအးတဲ့အသီးအ႐ြက္ေတြက ထမင္းျဖဴနဲ႕ ဆန္ၾကမ္းထမင္းနဲ႕ဆို အေကာင္းဆုံးပဲ "
“ထမင္းျဖဴ ရွိလား။ တစ္ပန္းကန္ ဘယ္ေလာက္လဲ” ဆဖာက္သည္တစ္ေယာက္က အံ့ၾသစြာေမးလာခဲ့ေလ၏။
"ထမင္းျဖဴတစ္ပန္းကန္က ငါး၀မ္နဲ႕ ဆန္ၾကမ္းထမင္းတစ္ပန္းကန္က ႏွစ္၀မ္ပါ" ႏွစ္ပန္ကန္စလုံးသည္ အျပည့္ အေမာက္ျဖစ္၏။
"ေကာင္းၿပီ၊ ငါ ထမင္းျဖဴတစ္ပန္းကန္နဲ႕ ငါး၀မ္တန္ အသီးအ႐ြက္အေအးသုပ္လိုခ်င္တယ္"
" ငါ ဆန္ၾကမ္းထမင္းနဲ႕ ငါး၀မ္တန္ အသီးအ႐ြက္အေအးသုပ္ လိုခ်င္တယ္"
" ပန္ကိတ္နဲ႕ အသုပ္ ..."
အေအးသုပ္ဟင္းပြဲကို ေဈးကြက္ဖြင့္လိုက္ၿပီျဖစ္၏။
ၿပီးေနာက္ သူတို႔သည္ စားေသာက္ၾကဖို႔ စြဲလမ္းေနၾကၿပီး၊ ေဆာ့စ္ကို ထမင္းတစ္ပန္းကန္ႏွင့္ ေရာသုပ္စားနိုင္ေလ၏။ အထမ္းသမားမ်ားသည္ အေခြၽတာဆုံးျဖစ္ၾက၏။ ဘန္းမုန႔္ေပါင္း သို႔မဟုတ္ အစာေျခာက္ႏွင့္ စားရန္ တစ္ပန္းကန္၀ယ္ၾက၏။ ဗိုက္ျပည့္ေစ႐ုံသာမက စားခ်င္စိတ္ကိုလည္း ေက်နပ္ႏွစ္သိမ့္ေစေလ၏။
ပိုစားေလေလ၊ အရသာက ပိုေကာင္းလာေလေလပင္။
တခ်ိဳ႕ေဖာက္သည္မ်ားသည္ ထိုင္စရာေနရာမရွိသျဖင့္ ထုပ္ပိုးၿပီး ယူသြားၾကကာ၊ တခ်ိဳ႕သည္ သူတို႔အိမ္ဖို႔ဝယ္သြားၾကၿပီး၊ ေဖာက္သည္အမ်ားအျပားသည္ စားေသာက္ဆိုင္တြင္ စားေသာက္ရန္ဝယ္ၾကသြားကာ၊ စားေသာက္ဆိုင္တြင္ ထမင္းေၾကာ္ႏွင့္ဘပေအးသုပ္စားေနသူမ်ားကို ၾကည့္ေနသူမ်ားပင္ သူတို႔ဘယ္က၀ယ္လာသနည္းဟုပင္ ေမးၾကေလ၏။ ေဖာက္သည္အမ်ားႀကီး ဆြဲေဆာင္ခဲ့ေလ၏။
ေန႕လည္ခင္းဆိုင္ဖြင့္ခ်ိန္သည္ တရား၀င္ အလုပ္မ်ားလာေလ၏။
အစားအေသာက္မ်ား ေရာင္းမကုန္မခ်င္း၊ အခ်ိန္ကုန္သည့္အထိ အလုပ္ရႈပ္ေနသည့္ ဤလွိုင္းလုံးႀကီး စတင္ခဲ့ေလ၏။
ေနာက္ဆုံးတစ္ခုက ေရာင္းကုန္သြားၿပီး၊ သုံးေယာက္စလုံး ေခြၽးမ်ား စို႐ႊဲေနေလကာ၊ ပင္ပန္းႏြမ္းနယ္ေနပုံရေလ၏။
အနားယူရန္ ၿငိမ္ၿငိမ္ေလးထိုင္ေနကာ မလႈပ္ခ်င္ၾကေတာ့ေခ်။
ေဝ့လဲ့သည္ အရင္က ပန္ကိတ္ေရာင္းသည္ထက္ ေန႕လယ္စာေဈးဆိုင္သည္ ပိုပင္ပန္းသည္ဟု ခံစားမိေသာ္လည္း သူ သေဘၤာက်င္းတြင္အလုပ္လုပ္ရသည္ေလာက္ေတာ့ မပင္ပန္းပါေခ်။
ဆိုင္၌လုပ္ငန္သည္ အလြန္ေကာင္းေနခဲ့ၿပီး သူတို႔သုံးေယာက္သည္ လုပ္ငန္းစသည့္ေန႕ျဖစ္သျဖင့္ ေဖာက္သည္မ်ားသည္ တစ္ခါမွမစားဖူးၾကေသာေၾကာင့္၊ လုပ္ငန္းသည္ အလြန္ေကာင္းေနတာမ်ားလားဟုေတာင္ ေတြးမိခဲ့ၾကေသာ္လည္း၊ ေနာက္ပိုင္းမွာေတာ့ လုပ္ငန္းသည္ ပိုေကာင္းလာၿပီး၊ ေန႕စဥ္ေရာင္းခ်မႈလည္း တိုးလာၿပီး ေရာင္းမေလာက္သည္ကို ေတြ႕လိုက္ၾကရကာ၊ ေနာက္ဆုံးတြင္ တစ္ေယာက္ေယာက္ကို ငွားရမ္းၾကရေလေတာ့၏။
ေဝ့ခ်န္သည္ ႏြေရာသီတြင္အေအးသုပ္စားရသည္က အရသာရွိၿပီး ညစာအတြက္ သင့္ေလ်ာ္သည္ဟု ခံစားမိေသာေၾကာင့္၊ သူသည္ အစားအေသာက္ေ႐ြးခ်ယ္မႈ မမွားခဲ့ပါေခ်။
ပစၥည္းပစၥယမ်ားကို စုေဆာင္းသိမ္းစည္းၿပီးေနာက္၊ မနက္ျဖန္ ဆိုင္တြင္အသုံးျပဳမည့္ အသီးအ႐ြက္မ်ားႏွင့္ ပါဝင္ပစၥည္းအရံအခ်ိဳ႕ကို ၀ယ္ရန္ျပန္သြားရမည္ျဖစ္သည္။ အခ်ိဳ႕ပါဝင္ပစၥည္းမ်ားကိုေတာ့ မနက္ျဖန္အထိ မခ်က္ျပဳတ္ထားရေသးေခ်။
ျဖတ္သြားျဖတ္လာမ်ားသည္ ဤဆိုင္သည္ ပစၥည္းမ်ားကို ဘာေၾကာင့္ထုပ္ပိုးလာၾကသနည္း။ လုပ္ငန္းက မေကာင္းလို႔မ်ားလား။ လုပ္ငန္း ဆက္မေရာင္းနိုင္ဘူးလား။ စသျဖင့္ သိခ်င္ေနၾကကာ စပ္စုၿပီး ေမးျမန္းၾကေသာ္လည္း ေရာင္းကုန္သြားၿပီျဖစ္ေနေလ၏။
ဘယ္လိုအစားအစာက အရမ္းေရာင္းေကာင္းေနတာလဲ။ မနက္ျဖန္မွ ၾကည့္ရမယ္။
အိမ္သို႔ ျပန္ဝယ္သြားသည့္ အနီးနားမ် လူတခ်ိဳ႕သည္ ထပ္၀ယ္ခ်င္ေနၾက၏။ အေအးသုပ္မ်ားသည္ အလြန္စားေကာင္းၿပီး၊ လူႀကီးေရာ ကေလးေတြပါ စြဲလမ္းေနၾကေလ၏။
ျပန္ဝယ္သြားသည့္ ေဖာက္သည္အနည္းငယ္လည္း ရွိၿပီး၊ မိသားစုသည္ သက္သတ္လြတ္ အသုပ္ဟင္းကို ေတြ႕လိုက္ၾကေသာအခါ ဆူပူႀကိမ္းေမာင္ၾကေလ၏။
" သက္သတ္လြတ္ဟင္းကို ဘယ္လိုလုပ္ ဝယ္တာလဲ။ အိမ္မွာခ်က္နည္းမသိလို႔လား၊ ဒါေတြ ဝယ္ဖို႔ပိုက္ဆံဘယ္ေလာက္သုံးခဲ့လဲ။ ဘယ္ေလာက္က်လဲ ဒါက "
" ဆယ့္ငါး၀မ္၊ အသားနဲ႕ သက္သတ္လြတ္ဟင္းေတြက အရသာရွိတယ္လို႔ ထင္လို႔။ အဲ့ဒါေၾကာင့္ ဝယ္ခဲ့လိုက္တာ "
ေဝ့ခ်န္သည္ ဝက္နား႐ြက္မ်ားကို မေဖာ္ျပခဲ့ဘဲ၊ ေဖာက္သည္မ်ား မစားေသာက္ခင္ မ႐ြံရွာေစရန္ နာမည္ေျပာင္းလိုက္ေလ၏။
“ဘာ၊ ဆယ့္ငါး၀မ္လား ” အမ်ိဳးသမီးသည္ ေအာ္ဟစ္ၿပီး၊ ဟင္းသီးဟင္း႐ြက္ႏွင့္ အသားအနည္းငယ္ပါေသာအိတ္ကို စိုက္ၾကည့္ရင္း၊ သူ႕သား လွည့္စားခံခဲ့ရသလားဟု ေမးေနကာ၊ ခ်က္ခ်င္းေခြၽးမ်ားပ်ံလာၿပီး၊ သူ႕သားကို ဆူပူႀကိမ္ေမာင္းကာ၊ ၀မ္းတြင္းမဲသူေဌးကို ဆဲဆိုႀကိမ္းေမာင္းေနေလ၏။ သူမသည္ ေဒါသတႀကီးႏွင့္ သူေဌးႏွင့္ စာရင္းရွင္းခ်င္ေနေလ၏။
အေအးသုပ္ဝယ္သြားသည့္လူက သူ႕အေမကို အျမန္ဆြဲၿပီး အတင္းစားခိုင္းလိုက္ေလ၏။ အေအးသုပ္သည္ အလြန္အရသာရွိေလ၏။ တစ္ပန္ူကန္ အရင္ဝယ္ဖို႔ မတတ္နိုင္ခဲ့ဘူးဟု မေျပာနိုင္ေခ်၊ မဟုတ္ပါက သူ႕အေမဆီမွ အရိုက္ခံရမည္ ေသခ်ာေလ၏။
မီးဖိုေခ်ာင္ထဲတြင္ အလုပ္ရႈပ္ေနသည့္ ဇနီးႏွင့္ အိမ္မွာရွိသည့္ အေဖႏွင့္သားသမီးမ်ားသည္ ေစာင့္ၾကည့္ဖို႔ ေျပးထြက္လာၾကၿပီး သူတို႔အားလုံးကလည္း ေဈးႀကီးသည္ဟု ထင္ေနၾကေလ၏။
တစ္မိသားစုလုံး စားၿပီးၾကေသာအခါ အရသာရွိသည္ဟု အကုန္လုံးက ေျပာၾကၿပီး၊ ပူအိုက္သည့္ ရာသီဥတု၌ မစားခ်င္စိတ္မရွိသည့္ကေလးမ်ားေတာင္ စားခ်င္စိတ္ရွိလာၾကေလ၏။
အျခားေသာမိသားစုမ်ားစြာတြင္လည္း ဤအျဖစ္အပ်က္မ်ိဳး ေဖ်ာ္ေျဖၾကၿပီး အဆုံးတြင္ သူတို႔အကုန္လုံးသာ္ အေအးသုပ္ဟင္းကို ႀကိဳက္သြားၾကေလ၏။
သို႔ေသာ္လည္း၊ သက္သတ္လြတ္ဟင္းမ်ား၏ ေဈးႏႈန္းသည္ မတန္ဘူးဟု ထင္ေနၾကၿပီး၊ ကိုယ္တိုင္ခ်က္စားပါက ေစ်းပိုသက္သာသည္ဟု တြန႔္တိုၿပီး အသုံးအစြဲေခြၽတာသည့္သူမ်ားလည္း ရွိေနဆဲျဖစ္၏။ တစ္ေယာက္ေယာက္သည္ စမ္းၾကည့္ၿပီးေနာက္၊ ကြာျခားခ်က္က ဘာလဲဆိုတာကို သိလာၾကလိမ့္မည္ျဖစ္သည္။
ေဝ့ခ်န္၏ဆိုင္အတြက္ ပစၥည္းအမ်ားစုကို ဆင္ေျခဖုံးရပ္ကြက္ရွိ ေဈးဆိုင္မ်ားမွ ဝယ္ယူခဲ့ၾကၿပီး၊ ပုံမွန္ပမာဏကို ဆိုင္မွ ေန႕စဥ္ပို႔ေပးၾက၏။ အိမ္ရွိ ဟင္းသီးဟင္း႐ြက္မ်ားကို အိမ္နီးနားခ်င္းမ်ားဆီမွ ဝယ္ၾကၿပီး အခ်ိဳ႕ကို ေဈးတြင္ဝယ္ခဲ့ၾကသည္။
ေန႕လည္စာဆိုင္ဖြင့္ခ်ိန္ၿပီးေနာက္၊ ႀကိဳတင္မွာထားသည္ကို ျပင္ဆင္ၿပီးျဖစ္ကာ၊ ေဝ့လဲ့သည္ အိမ္တြင္ ပစၥည္းမ်ားလက္ခံဖို႔ တာဝန္ရွိၿပီး၊ ေဝ့ခ်န္သည္ သူ႕ဇနီးကို ေဈးထဲသို႔ေခၚသြားၿပီး ေစ်းထဲတြင္ ဟင္းခ်က္စရာပါ၀င္ပစၥည္းအသစ္မ်ား ရွိမရွိ ၾကည့္ခ်င္ေနေလ၏။
ပါ၀င္ပစၥည္းအသစ္ ၾကည့္ရန္ဟုဆိုကာ၊ ေဝ့ခ်န္သည္ လူကို ဆြဲသြားၿပီး၊ အရသာရွိသည့္တစ္ခုခုကို ေတြ႕ေသာအခါ သူ႕ဇနီးအတြက္ ဝယ္ခဲ့ကာ၊ ႏွစ္ေယာက္သား ေဈးဝယ္ထြက္သလို ျဖည္းျဖည္းခ်င္း လမ္းေလွ်ာက္ေနခဲ့ၾက၏။
သၾကားပန္းခ်ီမ်ား၊ သစ္အယ္သီး၊ မုန႔္ညက္ေၾကာ္၊ ထန္ဟူလု၊ က်ား၀မ္စစ္( မုန႔္လုံးအႂကြပ္ေၾကာ္)၊ စသည္တို႔ကိုဝယ္ခဲ့၏။ ေဝ့ခ်န္သည္ ဆီစိမ္စကၠဴအိတ္မ်ားကို သယ္ထားၿပီး၊ သူ႕ဇနီးေလးကိုေတာ့ စားဖို႔သာေျပာထားေလ၏။
ေဝ့ခ်န္သည္ ရင္းႏွီးေသာ ပါဝင္ပစၥည္းမ်ားကို ႐ုတ္တရက္ေတြ႕လိုက္ကာ၊ သူ႕ဇနီးေလးကို လက္ျဖင့္ဆြဲၿပီး ေလွ်ာက္သြားခဲ့ေလ၏။
ဖာေထးရာအမ်ားအျပားႏွင့္ ၾကမ္းတမ္းေသာ အဝတ္အစားမ်ား၊ ပိန္းပါးၿပီးးဝါေနေသာမ်က္ႏွာႏွင့္ အမ်ိဳးသားတစ္ဦးသည္ မႈန္မွိုင္းေသာအမူအရာႏွင့္ ပစၥည္းအပုံလိုက္ေရွ႕တြင္ ေဆာင့္ေၾကာင့္ထိုင္ေနေလ၏။ ၎တို႔သည္ လမ္းသြားလမ္းလာမ်ားထံမွ အၾကည့္ပင္မခံရေခ်။
" မွ်စ္စို႔ေတြ ဘယ္ေလာက္နဲ႕ ေရာင္းလဲ "
လီေ႐ႊ႕ခ်င္းသည္ ေစ်းထဲတြင္တစ္ရက္နီးပါး ထိုင္ေနခဲ့ေသာ္လည္း၊ ဘာမွမေရာင္းနိုင္ခဲ့ေခ်။ အိမ္တြင္ အစားအေသာက္မ်ား ကုန္ေနၿပီျဖစ္၏။ သူေရာင္းေနသည့္အရညမ်ားႏွင့္ ဗိုက္ျဖည့္နိုင္ေသာ္လည္း ဖ်ားေနေသာ မိဘမ်ားအတြက္ ေဆးဝါးမ်ားဝယ္ရန္ ပိုက္ဆံမရွိေခ်။ သူဘာလုပ္သင့္သနည္း။
ေဝ့ခ်န္၏စကားေၾကာင့္ စိတ္ပ်က္အားငယ္ေနေသာ လီေ႐ႊ႕ခ်င္းကို ခ်က္ခ်င္းပင္ၾကည့္လာေစၿပီး သူ႕မ်က္လုံးမ်ားသည္ နီရဲေနေသးကာ စိတ္တည္ၿငိမ္ရန္ အခ်ိန္မရမီခင္မွာပင္၊ သူက အလ်င္အျမန္ ေျပာလာေလ၏။ "မွ်စ္စို႔တစ္ခုကို တစ္၀မ္ပါ " ၿပီးေနာက္ သူသည္ ၀ယ္သူစကားေျပာလာမည္ကို စိတ္လႈပ္ရွားစြာ ေစာင့္ဆိုင္းေနခဲ့ေလ၏။
မွ်စ္ေဈးကို ဘယ္လိုသတ္မွတ္ရမွန္း မသိခဲ့ေခ်။ မွ်စ္မ်ားသည္ ေတာင္ေပၚကေန ရလာၿပီး၊ ဆင္းရဲသည့္လူမ်ားသာ စားၾကေလ၏။ လူအမ်ားစုသည္ ၎တို႔ကိုမစားခ်င္ၾကေခ်။ မွ်စ္ကို ျပဳတ္လိုက္ေသာအခါ အရသာက ခါးသက္သက္ျဖစ္ေသာေၾကာင့္ျဖစ္၏။
အခါးအသက္မ်ား ထြက္သြားေစသည့္ ဟင္းခ်က္နည္းကို ဘယ္သူမွ မသိၾကေသာေၾကာင့္၊ သူတို႔သည္ ၎တို႔ကို မျပတ္ဘဲနဲ႕ တိုက္ရိုက္ေၾကာ္လိုက္ၾက၏။
၀ယ္သူသည္ စကားမေျပာလာသည္ကို ျမင္လိုက္ရၿပီး၊ လီေ႐ႊ႕ခ်င္းသည္ ပိုစိုးရိမ္လာၿပီး၊ ေဝ့လ်န္ ထြက္သြားမည္ကို စိုးသျဖင့္ သူကအလ်င္အျမန္ ေျပာလာေလ၏ယ "ႏွစ္စို႔ကို တစ္၀မ္ပါပဲ၊ ကြၽန္ေတာ္ အခုေလးတင္ မွားသြားလို႔။ ခင္ဗ်ား ဝယ္ခ်င္လား"
ေဝ့ခ်န္သည္ အနက္ေရာင္တစ္ခုခုကို လက္ညွိုးထိုးျပလိုက္ၿပီး ေမးလိုက္၏။ "ဒါက မွိုေျခာက္လား"
"ဟုတ္တယ္၊ မွိုေျခာက္ေတြပါ " ေတာင္မ်ားေပၚတြင္ မွိုမ်ား အမ်ားႀကီးရွိေလ၏။ လီေ႐ႊ႕ခ်င္းသည္ ေန႕တိုင္း မွိုမ်ား အမ်ားႀကီးခူးေလ၏။ မွိုေရာင္းနိုင္ေသာ္လည္း၊ ဤရာသီ၌ မွိုေရာင္းသည့္ ႐ြာသားမ်ား ျပတ္လပ္မႈမရွိေခ်။သူသည္ အႀကိမ္တိုင္း မေရာင္းရေခ်။ သူသည္ ေကာတစ္ေယာက္ျဖစ္သျဖင့္ အၿမဲႏွိမ့္ခ်ခံရၿပီ၊ အဝတ္အစားမ်ားသည္ ညစ္ပတ္ေနၿပီး သပ္ရပ္သည့္ ႐ြာသားမ်ား၏အဝတ္အစားကို ပိုေ႐ြးခ်ယ္ၾကေလ၏။
မွိုမ်ားကို မိသားစုအတြက္ ရိကၡာအျဖစ္သာ သုံးစြဲနိုင္ေသာ္လည္း၊ မွိုအမ်ားအျပားကို ခူးဆြတ္ထားၿပီး သိမ္းဆည္းထား၍ မရနိုင္ေခ်။ ေနလွမ္းအေျခာက္ခံထားၿပီး မိသားစုသည္ အေရးေပၚ ေငြလိုအပ္ေနေသာေၾကာင့္ တစ္၀မ္ႏွစ္၀မ္ေလာက္ႏွင့္ ေရာင္းခ်နိဳင္မလားကို သိရွိရန္ ေရာင္းခ်ခဲ့ျခင္းျဖစ္၏။
မွိုေျခာက္မ်ားကို ျမင္သည့္သူမ်ားက မွိုမ်ားမေကာင္းမည္ကို စိုးၾကသျဖင့္ ဘယ္သူမွ မဝယ္ရဲေခ်။
"မင္း မွိုေျခာက္ကို ဘယ္လိုေရာင္းလဲ" ေဝ့ခ်န္သည္ ဒူးေထာက္ထိုင္လိုက္ၿပီး မွိုမ်ားကို ၾကည့္လိုက္၏။
မွိုေျခာက္မ်ားကို အေျခာက္လွန္းနည္းသိသည့္ လူမ်ားလည္းရွိေသာ္လည္း အၾကာႀကီးသိမ္းထားရန္ လုံလုံေလာက္ေလာက္မေျခာက္ေသးသည့္အတြက္ တခ်ိဳ႕ေလာက္၀ယ္ၿပီး အိမ္ျပန္သယ္သြားလို႔ရေလ၏။
" မွိုေျခာက္တစ္ကတ္တီကို ဝါး၀မ္ပါ "
ေဝ့ခ်န္က ေဈးအလြန္သက္သာသည္ဟု ခံစားခဲ့ရေလ၏။
သူ မတ္တပ္ထရပ္လိုက္ၿပီး သူ႕လႈပ္ရွားမႈမ်ားသည္ သူထြက္သြားေတာ့မည္ဟု လီေ႐ႊ႕ခ်င္းအား နားလည္မႈလြဲသြာေစကာ၊ သူသည္ ႐ုတ္တရက္ ပ်ာယာခတ္သြားၿပီး၊ သူ႕မ်က္လုံးမ်ား နီရဲလာကာ ငိုခ်င္လာေလ၏။
သူသည္ ေဖာက္သည္မ်ားကို ေတာင္းပန္ရလွ်င္ေတာင္ ဤအရာမ်ားကို ေရာင္းရေပမည္။ သူ႕အေမႏွင့္ အေဖသည္ သူတို႔အဖ်ားအတြက္ ေဆးမေသာက္ပါက၊ သူ႕မိဘမ်ားကို ဆုံးရႈံးရေပလိမ့္မည္ဟု သူသိေလ၏။
သို႔ေသာ္ ေနာက္တစ္စကၠန့္မွာပင္ လီေ႐ႊ႕ခ်င္း အံ့အားသင့္သြားေလ၏။ -
" ငါ မွိုေတြေကာ မွ်စ္စို႔ေတြေကာ ႏွစ္ခုစလုံးလိုခ်င္တယ္ "
ေဝ့ခ်န္၏စကားမ်ားသည္ သဘာ၀၏အသံမ်ားကဲ့သို႔ လီေ႐ႊ႕ခ်င္းသည္ သူအိပ္မက္မက္ေနသည္ဟု ထင္ေနသျဖင့္၊ ခဏေလာက္ ျပန္မေျဖခဲ့ေခ်။
"ဘာျဖစ္လို႔လဲ၊ မေရာင္းဘူးလား " ေဝ့ခ်န္သည္ မ်က္ခုံးပင့္ၿပီး သူမေရာင္းပါက၊ သူ ထြက္သြားလိမ့္မည္ျဖစ္သည္။
သူ႕ဇနီးႏွင့္ဆို အလြန္စိတ္ရွည္သည္မွလြဲ၍ ေဝ့ခ်န္သည္ အျပင္လူမ်ားကို စိတ္ရွည္သည္းခံနိုင္ျခင္း မရွိေနေခ်။
ေက်းလက္တြင္ မွ်စ္မ်ား ေပါမ်ားၿပီး၊ အေအးသုပ္တြင္ မွ်စ္မပါသည္ကို သူသတိရသြားၿပီး၊ ႐ြာတြင္ တူးေပးမည့္လူကို ရွာနိုင္သည္။
"ခင္ပြန္း၊ ဘာလို႔ ဒီလိုမ်ိဳးေျပာတာလဲ၊ ေကာက မေရာင္းဘူးလို႔ မေျပာဘူးေလ " က်ိဳးယြမ္သည္ တိုးတိုးေလးေျပာလိုက္ၿပီး၊ မႏွစ္သက္သည့္ အၾကည့္တစ္ခ်က္ ေပးလိုက္ေလ၏။
သူ႕ေရွ႕ရွိ ေကာ၏မိသားစုတြင္ အခက္အခဲမ်ား ႀကဳံရွိေနသျဖင့္ အလြန္ပ်ာယာခတ္ေနျခင္းျဖစ္ရမည္။
လူမ်ား၏အခက္အခဲမ်ားကို ျမင္ရေသာအခါ သူ႕ခင္ပြန္းသည္ တျခားသူမ်ားကို ကူညီရေနသည္ဟု သူထင္ခဲ့ၿပီး၊ သူ႕ခင္ပြန္းျဖစ္သူ၏ စိတ္ခံစားခ်က္မ်ားကို ရင္းႏွီးၿပီးသားျဖစ္သျဖင့္ ၎သည္ ေသခ်ာေပါက္မျဖစ္နိုင္ေခ်။
သူ႕ခင္ပြန္းသည္ မွ်စ္ကို ဘာအတြက္ဝယ္သည္ကို သူမသိေခ်။ ဤအရာသည္ ခါးသက္ၿပီး အရသာသည္ ပ်မ္းမွ်သာျဖစ္၏။
လီေ႐ႊ႕ခ်င္းသည္ ဘယ္လိုလုပ္ မေရာင္းနိုင္မည္နည္း သူသည္ သူေရာင္းဖို႔ အျမန္လုပ္လိုက္ေလ၏။
သို႔ေသာ္ သူ႕တြင္ ျခင္းေတာင္းကလြဲ၍ ထုပ္ပိုးစရာ ဘာတစ္ခုမွမရွိဘဲ၊ စိုးရိမ္တႀကီး ေခြၽးမ်ား ထြက္လာေနေလ၏။
ေဝ့ခ်န္သည္ ဘာေၾကာင့္ သူမလႈပ္ရွားသလဲ မသိေသာေၾကာင့္ သူအလြန္အလ်င္လိုေန၏။
က်ိဳးယြမ္သည္ လီေ႐ႊ႕ခ်င္း၏ အေၾကာင္းျပခ်က္ကိုျမင္ၿပီး၊ " ေကာအာ၊ ငါ့အိမ္က ေဈးနဲ႕မေဝးဘူး။ မင္း ငါ့အိမ္ကို ပစၥည္းေတြပို႔ေပးလို႔ရမလား"
က်ိဳးယြမ္၏စကားမ်ားသည္ လီေ႐ႊ႕ခ်င္း၏ အေရးေပၚလိုအပ္မႈကို သက္သာရာရသြားေစေသာေၾကာင့္ သူက အလ်င္အျမန္ ေျပာလိုက္၏။ "ဟုတ္ကဲ့ ကြၽန္ေတာ္ခ်က္ခ်င္း လိုက္ပို႔ေပးလိုက္ပါ့မယ္"
ထိုမွသာ ေဝ့ခ်န္သည္ အေၾကာင္းျပခ်က္ကို သိသြားေလ၏။
သူ႕ဇနီးေလး၏လက္ကို ကိုင္ကာ ညွစ္လိုက္ၿပီး ဉာဏ္ေကာင္းသည့္အတြက္ ဆုေပးလိုက္၏။
က်ိဳးယြမ္သည္ ျပင္ပလူမ်ားသည္ သူတို႔၏ရင္းႏွီးေသာ အျပဳအမူကို ျမင္ေတြ႕မည္ကို သိသာသာစိုးရိမ္သျဖင့္၊ လက္ကိုင္ထားျခင္းေၾကာင့္ နီျမန္းသြားေလ၏။
ေဝ့ခ်န္သည္ အသာအယာရယ္ေမာလိုက္၏။
အကုန္လုံးဝယ္ျခမ္းၿပီးေနာက္ ေဝ့ခ်န္သည္ သူ႕ဇနီးေလးကို အိမ္ျပန္ေခၚသြားေလ၏။
လီေ႐ႊ႕ခ်င္းသည္ ႏွစ္ေယာက္သားေနာက္သို႔ တိတ္တဆိတ္ လိုက္သြားခဲ့ေလ၏။
ထိုမွသာ သူ႕ေရွ႕ရွိစုံတြဲကို ၾကည့္ဖို႔ အခ်ိန္ရသြားေလ၏။
ထိုအခါမွသာ အမ်ိဳးသားသည္ သူ႕ဖုလန္ကို အလြန္ခ်စ္ခင္အလိုလိုက္ၿပီး၊ ပစၥည္းမ်ားအမ်ားႀကီးကို သူ႕လက္ထဲတြင္ ကိုင္ထားေသာ္လည္း၊ သူ႕ဖုလန္၏လက္ထဲတြင္ေတာ့ ဘာမွမရွိဘဲ၊ အ်မိဳးသားသည္ဆီစကၠဴအိတ္ထဲမွ အစားအစာမ်ားကို ရံဖန္ရံခါ ထုတ္ယူၿပီး သူ႕လက္ထဲ ထည့္ေပးေနဆဲျဖစ္ကာ၊ သူ႕မ်က္ခုံးၾကားတြင္ ႏြေးေထြးမႈရွိေနေလ၏။
ထိုေကာသည္ သူ႕ကို ေကာင္းေကာင္းဆက္ဆံသည္သူႏွင့္ လက္ထပ္နိုင္ခဲ့ျခင္းသည္ တကယ္ကို ကံေကာင္းဟည္ဟုေတြးေနေလ၏။
သူတို႔၏ ဝတ္စားဆင္ယင္မႈကေန သူတို႔မိသားစုေနာက္ခံကို အကဲျဖတ္သည္အရ ေကာင္းမြန္သင့္သည္။
သူ႕အနာဂတ္ခင္ပြန္းကိုလည္း စိတ္ကူးယဥ္ခဲ့ေသာ္လည္း၊ မိသားစု၏အေျခအေနသည္ သူအိမ္ေထာင္ျပဳပါက သူ႕မိဘမ်ားႏွင့္ ေမာင္ႏွမအငယ္ေလးမ်ား ဘယ္လိုရွင္သန္ေနထိုင္ရမည္နည္း။ ေမာင္ႏွမအငယ္ေလးမ်ား ႀကီးျပင္းလာေသာအခါ သူ အိမ္ေထာင္ျပဳရမည့္အသက္အ႐ြယ္ကို ေက်ာ္သြားေပလိမ့္မည္။
သူသည္ အနာဂတ္တြင္ အိမ္ေထာင္မျပဳနိုင္လွ်င္ေတာင္ ေနာင္တရစရာမရွိပါေခ်။
လီေ႐ႊ႕ခ်င္းသည္ ေဝ့ခ်န္၏အိမ္သို႔ လိုက္သြားကာ ေဝ့ခ်န္၏အိမ္ေဟာင္းကို ၾကည့္လိုက္၏။ ျပဳျပင္မႈ လက္ရာေျခရာမ်ားရွိၿပီး၊ ၿခံဝင္းကို သပ္သပ္ရပ္ရပ္လွည္းက်င္းထားေသာ္လည္း ပ်က္စီးေနသည္ကိုလည္း ျမင္နိုင္ေလ၏။
ဤလူႏွစ္ေယာက္သည္ ဤေလာက္ဆင္းရဲသည့္အိမ္တြင္ ေနၾကသည့္ပုံ မေပၚေခ်။
လီေ႐ႊ႕ခ်င္းသည္ ဒုကၡရွာတတ္ေသာလူမဟုတ္ေခ်။ ဤစုံတြဲသည္ သူါေက်းဇူးရွင္မ်ား ျဖစ္၏။
မွ်စ္မ်ားႏွင့္ မွိုမ်ားကို ခ်ထားလိုက္ၿပီး လီေ႐ႊ႕ခ်င္းသည္ က်ိဴယြမ္ေပးလာေသာ ေၾကးနီဒဂၤါးျပားမ်ားကို ယူလိုက္၏။ သူသည္ ၎တို႔ကို ေရမတြက္နိုင္ေသာ္လည္း အလြန္စိတ္လႈပ္ရွားေနခဲ့ကာ၊ လက္ဖဝါးထဲတြင္ ေငြမ်ားကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားေလ၏။ သူ႕အေမႏွင့္ အေဖအတြက္ ေဆးဝယ္ရန္ ပိုက္ဆံရွိၿပီျဖစ္ကာ၊ အိမ္ျပန္ယူသြားဖို႔ ကန္စြန္းဥႏွင့္ ဆန္ၾကမ္းတခ်ိဳ႕ကိုလည္း ဝယ္နိုင္ေလသည္။
လီေ႐ႊ႕ခ်င္းသည္ ငုံ႕ကိုင္းၿပီး ေလးေလးစားစားႏွင့္ ဆိုေလ၏။ "ေက်းဇူးတင္ပါတယ္"
ေဝ့ခ်န္သည္ ျပန္မသက္သာလာခင္ ခဏေလာက္အံ့အားသင့္သြားေလကာ၊ က်ိဳးယြမ္သည္ နားလည္ခဲ့ၿပီး ျပဳကာေျပာလိုက္၏။ "ေက်းဇူးတင္စရာမလိုပါဘူး။ င့တို႔က သာမန္စီးပြားေရးတစ္ခုပါ။ ငါ့မိသားစုကလည္း ေန႕တိုင္း မွိုနဲ႕ မွ်စ္ေတြလိုတယ္။ မွ်စ္ေတြကို ဒီေန႕ အေရအတြက္အတိုင္း ပို႔ေပးၿပီး မွိုေတြကို မင္းမွာရွိရွိသေလာက္ ပို႔လို႔ရတယ္။ ေန႕တိုင္းပို႔ရတာ နင္ူအတြက္ အဆင္ေျပလား" ဤသည္မွာ သူ႕ခင္ပြန္းက သူ႕ကို ယခုတင္ ေျပာခဲ့ၿပီး လီေ႐ႊ႕ခ်င္းအား ေျပာျပခိုင္းေလ၏။
"မင္း တကယ္ပဲ ငါ့ကို မွိုနဲ႕မွ်စ္ေတြ ပို႔ေပးေစခ်င္တာလား " လီေ႐ႊ႕ခ်င္း၏ မ်က္လုံးမ်ား ျပဴးက်ယ္လာၿပီး သူၾကားလိုက္သည္ကို မယုံနိုင္ခဲ့ေခ်။ သူသာ ေန႕တိုင္း ပို႔ေပးရပ္က သူ႕မိသားစုသည္ အနာဂတ္တြင္ ခ်မ္းသာလာၿပီး၊ မိသားစု ငတ္ျပတ္မည္ကို စိုးကိမ္ရေတာ့မည္မဟုတ္ေခ်။
က်ိဳးယြမ္က ေျပာလိုက္၏။ " ငါတို႔မိသားစုက အစားအေသာက္လုပ္ငန္းလုပ္ေတာ့၊ ေန႕တိုင္းလိုအပ္တယ္။ နင္း ေန႕ခင္းဘက္မွာ ဒီကိုလာပို႔လို႔ရတယ္။ ဒါနဲ႕ မွ်စ္ရဲ႕အတြင္းအူတိုင္ကိုဖြင့္နိုင္မလား " ဤနည္းႏွင့္ဆို ေလးလံေသာအခြံမ်ားကို ယူလာစရာမလိုေတာ့ေခ်။
"ဟုတ္ကဲ့၊ မနက္ျဖန္ အခ်ိန္မွီေရာက္ေအာင္ပို႔ေပးပါ့မယ္ " လီေ႐ႊ႕ခ်င္က စိတ္အားထက္သန္စြာ ေျပာေလ၏။
သူ အျမင္မွားေနတာ မဟုတ္ပါဘူးေနာ္။
က်ိဳးယြမ္က ၿပဳံးၿပီး ေျပာလိုက္၏။ " ငါ မင္းနာမည္ကို မသိရေသးဘူး"
လီေ႐ႊ႕ခ်င္းက ေျပာေလ၏။ "ကြၽန္ေတာ့္နာမည္က လီေ႐ႊ႕ခ်င္းပါ၊ နန္ပ်မ္း႐ြာမွာ ေနပါတယ္"
နန္ပ်န္း႐ြာလား။
( ေတာင္ပိုင္း႐ြာ)
ဤေကာသည္ ေဝ့ခ်န္ႏွင့္ တစ္႐ြာတည္းကျဖစ္၏။
သူတို႔ႏွစ္ေယာက္ အံ့ဩသြားၾကေလ၏။
ေဝ့ခ်န္သည္ ဤလူကို မသိခဲ့ဘဲ၊ အျပင္မွ ပစၥည္းသယ္ယူရာမွ ျပန္ေရာက္လာေသာအခါ ေဝ့လဲ့သည္ သူ႕ကို ေတြ႕လိုက္ရေလ၏။
"ေဝ့လဲ့လား " လီေ႐ႊ႕ခ်င္းက ေဝ့လိ့ကုသိၿပီး၊ သူက ဘာလို႔ ဒီကို ေရာက္ေနတာလဲ။
ေဝ့လဲ့သည္ လီေ႐ႊ႕ခ်င္းႏွင့္ေတြ႕ဖူးေသာ္လည္း၊ သူ႕နာမည္ကို မသိခဲ့ေခ်။
လီေ႐ႊ႕ခ်င္းကို မိတ္ဆက္ေပးၿပီးေနာက္၊ သူ႕ပစၥည္းမ်ားကို ဝယ္သူသည္ တစ္႐ြာတည္းမွျဖစ္ေၾကာင္း သိလိုက္ရေလ၏။
လီေ႐ႊ႕ခ်င္းသည္ ေဝ့ခ်န္ကို မသိသလို ေဝ့ခ်န္သည္ ႐ြာတြင္ အေတာ္ေလးလူသိနည္းေလ၏။
လီေ႐ႊ႕ခ်င္း ထြက္သြားၿပီးေနာက္ ၿခံ၀င္းသည္ အလုပ္မ်ားလာေလသည္။