Anemone
By cuttiebella88
8.3K 830 467
မရေမရာတဲ့ ေမျှာ်လင့်ချက်လေးကို ဖမ်းဆုပ်ထားရတာကိုက ငါ့အတွက်တော့ ပျော်ရွှင်မှု​လေးပါ... start-4.6.2024 end- More
1
2
3
4
5
6
7
8
9
11
12
13
14
15
16
10
459 44 31
By cuttiebella88
ကျင်းကော်ကို ပွတ်သပ်​ေပးနေရင်းမှ ရှောင်းကျန့်က တစ်စုံတစ်ယောက်အကြောင်းကိုတွေးမိရင်း ပြုံးလိုက်မိတယ်။ အဲ့လူက သူ့ကိုဂရုမစိုက်သလိုပြုမူတတ်ပေမယ့် သူ့အပေါ်လည်း ကြင်နာတတ်သည်။ စကားပြောတာရိုင်းတယ်လိုထင်ရပေမယ့် သူ မကြိုက်ဘူးဆိုရင်ပြန်ပြင်ပြောတတ်သည်။
ရှောင်းကျန့်က အဲ့လူကိုလေးနှစ်လောက်နောက်က တစ်ကောက်ကောက်လိုက်ခဲ့ပေမယ့် အဲ့လူကတော့လေးနှစ်အတွင်းသတိတောင်ထားမိပုံမပေါ်ပေ။
ဒါပေမယ့်အခုလက်ရှိမှာတော့ ရှောင်းကျန့် က အဲ့လူနဲ့လက်ထပ်ခဲ့ပြီးတာကို အခုထိမယုံကြည်နိုင်သေးပေ။
လက်ထပ်လက်စွပ်လေးကို စမ်းလိုက်ပြီးနောက် ဒီလက်ထပ်လက်စွပ်လေးကို ရှောင်းကျန့်ပထမဆုံးအကြိမ်မြင်ဖူးချင်လာတော့သည်။
ပြီးတော့အဲ့လူကိုရော... car accidentဖြစ်တုန်းကနောက်ဆုံးတွေ့ခဲ့ရတဲ့ အဲ့ဒီလူရဲ့မျက်နှာကိုလည်း ​အနီးကပ်တွေ့ဖူးချင်လာသည်။
ရှောင်းကျန့်က အနည်းငယ်ကိုက်ခဲလာတဲ့ သူ့ရဲ့မျက်လုံးတို့ကိုလက်ဖြင့်ထိတွေ့လိုက်ကာ သက်ပြင်းတစ်ခုကိုချလိုက်မိသည်။
''ခင်ဗျား ဘာဖြစ်လို့လဲ..... မျက်လုံးကိုက်လို့လား ''
ဝမ်ရိပေါ်က ဘယ်အချိန်က ပြန်ရောက်နေမှန်းမသိတာကြောင့် ဝမ်ရိပေါ်အသံကြားလိုက်ရတဲ့အခါ ရှောင်းကျန့်ကအနည်းငယ်ထိတ်လန့်သွားခဲ့ကာ ခန္ဓာကိုယ်တစ်ချက်တုန်သွားခဲ့တယ်။
''အရမ်းနာနေလို့လား ကလေးလေး ''
ဝမ်ရိပေါ်အသံက သြရှရှနိုင်ပေမယ့် အသံထဲမှာတော့အမှန်တစ်ကယ်စိုးရိမ်နေမှုတို့က ပါဝင်နေခဲ့တယ်။
''ငါ.... ဘာမှမဖြစ်ပါဘူး ဝမ်ရိပေါ် ''
''ဒါဆိုဘာဖြစ်လို့ မျက်လုံးတွေကိုအုပ်ထားတာလဲ ကျုပ်မှာ အိမ်ပြန်ရောက်ရောက်ချင်းဘယ်လောက်လန့်သွားခဲ့ရလဲ သိလား''
ဝမ်ရိပေါ်က ဘာမှမဖြစ်လို့ စိတ်သက်သာရာ ရသွားပုံပင်။
''ဝမ်ရိပေါ် ''
''အင်း ''
''မင်း ငါ့ကိုစိုးရိမ်လို့လား ဝမ်ရိပေါ်.....ဘာလို့လဲ ''
''...............''
ငြိမ်သက်သွားခဲ့ကာ စကားတစ်ခွန်းမှမတုံပြန်လာတဲ့ဝမ်ရိပေါ်ရဲ့ စကားသံတို့ကိုရှောင်းကျန့်က အချိန်အတော်ကြာနားစွင့်ပြီးနားထောင်နေခဲ့တယ်။
''ဝမ်ရိပေါ်.... မင်း ငါ့ဘေးနားမှာရှိသေးလား ''
''ကျုပ် ရှိတယ် ကလေးလေး ''
''...................''
နှစ်ယောက်လုံးတိတ်ဆိတ်သွားကာ လေထုကအနည်းငယ်မျှအေးစက်သွားခဲ့တယ်။
ရှောင်းကျန့်က သူ့ရဲ့အကူတုတ်ချောင်းလေးဖြင့်မတ်တပ်ရပ်လိုက်ကာ ထွက်သွားရန်လုပ်လိုက်တယ်။
ဒါပေမယ့် ရုတ်တရက်ရှောင်းကျန့်ရဲ့လက်ကို လာဆွဲတဲ့လက်တစ်စုံကြောင့် ရှောင်းကျန့်ကထိုနေရာမှာဘဲရပ်လိုက်မိတယ်။
''ဘယ်သွားမလို့လဲ ရှောင်းကျန့် ''
''ဒီနေ့က ငါ ခေါင်းလျှော်ရမယ့်နေ့ရောက်ပြီ အဲ့ဒါရေစောစောချိုးရင်း ခေါင်းလည်းတစ်ခါတည်းလျှော်မလို့ ''
''ကျစ်.....အဲ့ဒါ ကျုပ်ကိုစောစောကပြောပါလား ခင်ဗျားက ကျုပ်ကိုအားမကိုးချင်တာလား ရှောင်းကျန့် ''
''အရင်အခေါက်တွေတုန်းကလည်း ငါ့ဘာသာရေချိုးရင်းလျှော်လိုက်တာပါ ဝမ်ရိပေါ်.... ပြီးတော့ ငါ့ကိုယ်ငါ အားကိုးချင်တယ်''
''မရဘူး.... ကျုပ်ရှိနေသမျှ ကျုပ်ကိုဘဲ ခင်ဗျားအားကိုးရမယ် ''
''ဘာလုပ်တာလဲ ဝမ်ရိပေါ် ''
ဝမ်ရိပေါ်က ပြောရင်းဆိုရင်းပင် ရှောင်းကျန့်ကိုပွေ့ချီပြီး ရေချိုးခန်းထဲသို့ခေါ်သွားခဲ့တယ်။
ရေမရှိတဲ့ရေချိုးကန်ထဲ ရှောင်းကျန့်ကိုဂရုတစိုက်ပွေ့ချီပြီးချပေးလိုက်ကာ ရှောင်းကျန့်ရဲ့ဉီးခေါင်းအား ဂရုတစိုက်ကိုင်တွယ်လိုက်တယ်။
ဘယ်လိုစလုပ်ရမလဲ မသိတဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ဆံနွယ် တို့ကိုကိုင်တွယ်ထားသည်မှာ အချိန်တွေက စက္ကန့် အပိုင်းအခြားကနေ မိနစ်ဆီသို့ကူးပြောင်းသွားခဲ့သည်။
''ဝမ်ရိပေါ်....မင်း ထွက်သွားလို့ရမလား ''
''ဘာ....ဘာဖြစ်လို့လဲ ''
''ငါ ဒီရေချိုးကန်ထဲမှာလှဲအိပ်နေရတာ ဆယ်မိနစ်လောက်ရှိပြီ ဝမ်ရိပေါ် ''
''ကျုပ် တောင်းပန်ပါတယ် .....ဘယ်က စပြီးလုပ်ပေးရမှန်းမသိလို့ ''
ရှောင်းကျန့် စိတ်ရှည်ရှည်ထားပြီး သက်ပြင်းလေးချလိုက်မိတယ်။
ရှောင်းကျန့်ရဲ့စကားဖြင့် သင်ပြပေးမှု အပြီးမှာ တော့ ရှောင်းကျန့်ရဲ့ဆံနွယ်တွေကြားထဲမှာ ဝမ်ရိပေါ်ရဲ့လက်ချောင်းရှည်ရှည်တို့က ပြေးလွှားနေခဲ့တယ်။ shampoo မှထွက်သောအမြုပ်များက ဝမ်ရိပေါ်ရဲ့လက်နှစ်ဖက်မှာပြည့်နှက်နေခဲ့တယ်။
''ဘယ်လိုလဲ ကလေးလေး..... ကျုပ်လျှော်ပေးတာ ကောင်းလား ''
''မဆိုးပါဘူး.....မင်း လက်ဝှေ့မထိုးဘဲ ဒီအလုပ်ပြောင်းလုပ်ပါလား ''
''ကောင်းပြီ....ခင်ဗျားအတွက်သီးသန့် ဒီအလုပ်ပြောင်းလုပ်ပေးမယ် ''
ဝမ်ရိပေါ်က သူ့ရဲ့လက်နှစ်ဖက်ဖြင့် ကလေးလေးရဲ့နူးညံသောဆံနွယ်တို့ကြားထဲမှာ တိုးဝှေ့နေရတာကိုအတော်ပင်နှစ်ခြိုက်နေခဲ့တယ်။
ရှောင်းကျန့်ရဲ့ လက်တစ်ဖက်က ခေါင်းပေါ်မှာရှိတဲ့ဆပ်ပြာမြှုပ်လေးကိုအနည်းငယ်ယူလိုက်ကာ သူ့ခေါင်းနားမှာရှိတဲ့ ဝမ်ရိပေါ်ရဲ့မျက်နှာဆီသို့တို့ထိလိုက်သည်။
''ရှောင်းကျန့်....ဒါဘာလုပ်တာလဲ ''
''ဇိမ်ခံရတာ ပျင်းလာလို့ ''
''ခင်ဗျား.... အဲ့လိုရကြေးလား ''
''မင်း....ဝမ်ရိပေါ် ​အနိုင်မကျင့်နဲ့နော် ''
ရှောင်းကျန့်ရဲ့ပါးပြင်ထက်မှာ နေရာယူသွားတဲ့ဆပ်ပြာမြှပ်တွေကြောင့် ရှောင်းကျန့်ရဲ့အသံကကျယ်လောင်စွာမကျေမနပ်ပေါ်ထွက်လာခဲ့တော့တယ်။
''ဝမ်ရိပေါ်......မင်း... ငါက မမြင်ရဘူးဆိုပြီး အနိုင်ကျင့်တယ် ''
ငိုသံလေးစွက်ကာပြောလာခဲ့တဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် အနည်းငယ်ပြာယာခပ်သွားခဲ့တယ်။
''ကလေးလေး.... ဘာလို့လဲ မငိုပါနဲ့.... ကျုပ်လွန်သွားပြန်ပြီ ''
ရှောင်းကျန့် မျက်လုံးထဲအနည်းငယ်စင်သွားတဲ့ ဆပ်ပြာမြုပ်လေးကြောင့် အနည်းငယ်ကျိန်းစပ်သွားခဲ့ကာ ငိုသံအနည်းငယ်စွပ် သွားခဲ့တယ်။
''ငါ ဘာမှမဖြစ်ဘူး ''
''တစ်ကယ်လား ''
''ငါ့ ခေါင်းကို ရေအမြန်ဆေးချပေး....ပြီးရင်ထွက်သွားပေး ''
''အင်းအင်း.... ကျုပ်လုပ်ပေးမယ် ''
ဝမ်ရိပေါ်က ချက်ချင်း ရေနွေးနွေးဖြင့် ရှောင်းကျန့်ရဲ့ခေါင်းကိုဆေးချပေးပြီးနောက်ထွက်သွားခဲ့တယ်။
တစ်ချိန်လုံး ရေချိုးခန်းထဲမှာ ကျန်ခဲ့တဲ့ ရှောင်းကျန့်ကို အပြင်ဘက်ရှိနံရံမှာ ကျောမှီပြီးစိတ်ပူပြီးစောင့်နေခဲ့တယ်။
အဟက် Leo Wang က အခြားတစ်ယောက်ကိုစိတ်ပူတယ်တဲ့လား။ ဝမ်ရိပေါ်က ခေါင်းခါလိုက်ကာ ကိုယ့်ရင်ဘတ်ကိုစမ်းသပ်လိုက်တယ်။
သေချာပါတယ် Leo Wangရဲ့နှလုံးသားကတစ်ခုခုဖြစ်နေခဲ့ပြီဆိုတာ။
ခင်ဗျားကြောင့် ကျုပ်နှလုံးသားက တစ်ရက်ထက် တစ်ရက် ပြောင်းလဲနေခဲ့တာ ခင်ဗျားက တော်တော်ဆိုးတယ် ရှောင်းကျန့်။
''ကလစ် ''
တံခါးဖွင့်သံနှင့်အတူ ညအိတ်ဝတ်စုံ အဖြူ
ရောင်လေးနှင့် ထွက်လာတဲ့ရှောင်းကျန့်က လက်တစ်ဖက်မှာ တဘက်တစ်ထည်ကိုင်ထားပြီး ရေစိုနေတဲ့ခေါင်းလုံးလေးအားသုတ်ရင်းထွက်လာခဲ့တယ်။
ကျန်လက်တစ်ဖက်ကတော့ အကူတုတ်ကို အမှီပြုရင်းဆိုဖာအထိလျှောက်သွားပြီး ထိုင်နေခဲ့တယ်။
ရှောင်းကျန့်ရဲ့လှုပ်ရှားသွားလာမှုကို အသံတိတ်ကာစူးစိုက်ကြည့်နေခဲ့တဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ဆီလျှောက်သွားခဲ့တယ်။ ထို့နောက် ရှောင်းကျန့်ရဲ့ခေါင်းပေါ်ထက်မှာရှိတဲ့ တဘက်လေးကိုဆွဲယူလိုက်တယ်။
''ဘာလုပ်တာလဲ ဝမ်ရိပေါ် ''
''ကျုပ် သုတ်ပေးမယ် ''
''မလိုဘူး ငါ့ဘာသာလုပ်မယ် ''
ဝမ်ရိပေါ်က ရှောင်းကျန့်စကားကိုနားမထောင်ဘဲ ဆံနွယ်ရှည်ရှည်လေးတွေကို တယုတယခြောက်တဲ့အထိသုတ်ပေးနေခဲ့တယ်။
''ရှောင်းကျန့်....ကျုပ်ကို စိတ်ဆိုးသွားတာလား''
''..............''
''ကျုပ် တစ်ကယ်မရည်ရွယ်ပါဘူး ''
''................''
''ကျုပ် က ခင်ဗျားကိုပြန်ပြီးကျီစယ်မိရင်း မတော်တဆဖြစ်သွားတာပါ ''
''ကျစ်.....နားငြီးလိုက်တာ ''
ရှောင်းကျန့်က စိတ်ရှုပ်တဲ့ပုံစံဖြင့် ပြောလာတာကြောင့် ဝမ်ရိပေါ် ကတိတ်ဆိတ်သွားခဲ့သည်။
Leo Wang ရဲ့သွေးကြောမျှင် တစ်ခုချင်းစီက တစ်ဆစ်ဆစ်နာကျင်သွားလိုက်တာ နာကျင်မှုက နှလုံးသားအထိရောက်သွားခဲ့တယ်။
ေရှာင်းကျန့်ရဲ့လက်တို့က ဝမ်ရိပေါ်လက်ထဲမှ တဘက်ကိုပြန်ယူလိုက်ကာ ကိုယ့်ဘာသာဆံပင်တို့ကိုဆက်သုတ်နေခဲ့တယ်။
လက်ထဲမှ တစ်ဘက် လုယူခံလိုက် ရပြီးနောက် ရှောင်းကျန့်ဆီမှ လျစ်လျူရှူခံလိုက်ရကာ
အကြာကြီး ငြိမ်သက်သွားခဲ့တဲ့ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့မျက်နှာအားသေချာ ကြည့်နေခဲ့တယ်။
ဆံပင်တို့ခြောက်သွားပြီကြောင့် ရှောင်းကျန့်က ဆိုဖာပေါ်မှထွက်သွားဖို့ လုပ်လိုက်တယ်။ဒါပေမယ့် ဝမ်ရိပေါ်ကသူ့ကို ဆိုဖာပေါ်မှာဖိသိပ်လိုက်တာကြောင့် ရှောင်းကျန့်ကဆိုဖာလက်ရန်းပေါ်မှာ မှီအိပ်နေသလိုဖြစ်သွားခဲ့တယ်။
ရှောင်းကျန့် အတင်းရုန်းကန်ပြီး ထထိုင်ရန်လုပ်ပေမယ့် ဝမ်ရိပေါ်ရဲ့အင်အားကိုတော့မတွန်းလှန်နိုင်ခဲ့ပေ။
''ဒါ ဘာလုပ်တာလဲ Leo Wang ''
ေရှာင်းကျန့်က ဒီလိုအတင်းအကြပ်လုပ်တာမကြိုက်တာကို သိရက်သားနဲ့ ဒီလိုပုံစံလာလုပ်တဲ့ ဝမ်ရိပေါ်ကြောင့် ဒေါသထွက်သွားကာအော်လိုက်သည်။
ထိုတော့မှ ရှောင်းကျန့်လက်ကိုအတင်းဖိညစ်ဆုပ်ကိုင်ထားတဲ့ဝမ်ရိပေါ်ရဲ့လက်တို့က ပြေလျော့သွားခဲ့တယ်။
ဝမ်ရိပေါ်ရဲ့အသက်ရှူနှုန်းတို့က ရှောင်းကျန့်မျက်နှာကို ရိုက်ခတ်လာခဲ့တာကို ခံစားလိုက်ရတယ်။
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့အလိုမကျသလို ကျုတ်နေတဲ့မျက်ခုံးလေး တို့ကို အသားမာတွေ တက်နေတဲ့သူ့ရဲ့လက်ဖြင့် ဖြေလျော့စေလိုက်တယ်။
ပြီးတော့ ရှောင်းကျန့်ရဲ့ မျက်ဆံနက်နက်တို့ကိုငေးမောကြည့်လိုက်သည်။
''ကလေးလေးကို..... ကျုပ် တစ်ကယ်မရည်ရွယ်ပါဘူး......ကျုပ်ကြောင့် ကလေးလေးရဲ့မျက်ဆံလေးတွေ ထိခိုက်ရတာ ဒီအကြိမ်နဲ့ဆိုရင် နှစ်ကြိမ်ရှိခဲ့ပြီ.....ကျုပ် တစ်ကယ်မရည်ရွယ်ခဲ့ပါဘူး ''
''Leo Wang....''
''အင်း.... ကလေးလေး ''
''မင်းဘာလို့ အဲ့လောက်အထိဂရုစိုက်နေရတာလဲ Leo Wang .....မင်း ဒီလိုတွေဆက်လုပ်နေရင် ငါ... ငါ မင်းကိုဘဲတွယ်ကပ်နေမိတော့မယ်ထင်တယ်''
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ပါးပြင်လေးကို ထိတွေ့လိုက်ကာ ရှောင်းကျန့်ရဲ့နဖူး ပြင်လေးကစပြီး နှုတ်ခမ်းပါး​ေလး အထိ တစ်ခုချင်းစိုက်ကြည့်နေခဲ့တယ်။
''ဝမ်ရိပေါ် ''
''အင်း.....''
''ဖယ်ပါ.... ဒီလိုမလုပ်သင့်ဘူး ထင်တယ်....ငါတို့ရဲ့သဘောတူထားတာမှာ မပါ.... ''
''သဘောကျမိနေပြီ ထင်တယ် ''
''..........''
ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့်က တိတ်ဆိတ်သွားခဲ့သလို ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်ရဲ့မျက်နှာလေးကိုလည်းငေးမောကြည့်နေ ခဲ့တယ်။
''ကျုပ်....ခင်ဗျားကို သဘောကျနေပြီထင်တယ် ရှောင်းကျန့် ''
ဝမ်ရိပေါ် ထိုစကားအား ထပ်မံပြောကြားကာ ရှောင်းကျန့်ရဲ့ရေပြင်လိုတည်ငြိမ်နေတဲ့မျက်ဝန်းတို့ကို စိုက်ကြည့်ရင်းပြောလိုက်တယ်။
လုံးဝမမျှော်လင့်မိတဲ့ စကားကိုကြားလိုက်ရတဲ့အခါမှာ ရှောင်းကျန့်က ပျော်ရွှင်မှု နဲ့ အတူ ဝမ်းနည်းမှုတစ်ချို့ကိုခံစားလိုက်ရတယ်။
ဝမ်ရိပေါ် ငေးမောနေမိတဲ့ ရေပြင်ညီလို
ငြိမ်နေတဲ့မျက်ဆံလေးတွေက အနည်းငယ်လှုပ်ရှားသွားခဲ့သည်။
ဒါပေမယ့် ရှေ့ကလူက ဝမ်ရိပေါ်ရဲ့ ပါးပြင်ကို လက်သွယ်သွယ်လေး​တွေဖြင့် လာထိတာကြောင့် ထိုမျက်ဝန်းတို့ကို သတိမထားမိလိုက်ပေ။
''Leo Wang ''
''အင်း.......ကလေးလေး ''
''မင်း....သေချာလို့လား ''
''80 ရာခိုင်နှုန်းလောက်လို့ထင်တယ် ''
''ကျန်တဲ့ 20 ရာခိုင်နှုန်းကရော Leo Wang ''
ဝမ်ရိပေါ်ရဲ့ မျက်နှာမှာခပ်လွှင့်လွှင့် အပြုံးတစ်ခုက ပေါ်လွှင်သွားခဲ့ပြီး ရှောင်းကျန့်ကို ဆိုဖာပေါ်မှာဖိသိပ်ထားခဲ့ရာမှနေ သူ့ရဲ့ကိုယ်ပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်စေလိုက်တယ်။
''100 ရာခိုင်နှုန်း ဖြစ်သွားအောင် ခင်ဗျားကို နမ်းကြည့်ရမယ် ထင်တယ် ရှောင်းကျန့် ''
''..................''
''ခင်ဗျားရဲ့နှုတ်ခမ်းပါးလေးကို ကျုပ် နမ်းလို့ရမလား ''
''Leo Wang က ဒီလိုခွင့်တောင်းတတ်တဲ့လူစားမျိုးပါလား ''
''ခင်ဗျား ကို အလေးထားလို့ပါ ရှောင်းကျန့် ''
ရှောင်းကျန့် က ဝမ်ရိပေါ်ရဲ့စကားဆုံးတာနဲ့တစ်ပြိုင်နက် ဝမ်ရိပေါ်ရဲ့မျက်နှာကို သူ့ရဲ့လက်တို့ဖြင့် ဆွဲယူလိုက်ကာ နှုတ်ခမ်းတို့အားထိကပ်စေလိုက်တယ်။
ခဏတာထိကပ်ပြီး ပြန်ခွာသွားခဲ့တဲ့နှုတ်ခမ်းပါးတို့ကြောင့် ဝမ်ရိပေါ်က နူးညံ့သော နှုတ်ခမ်းပါးပါးလေးဆီအကြည့်ရောက်သွားခဲ့တယ်။
ဝမ်ရိပေါ်ရဲ့ အသက်ရှူနှုန်းတို့က မြန်ဆန်လာကာ ထိုနှုတ်ခမ်းပါးလေးတို့အား ပြန်ပြီးနမ်းရှိုက်လိုက်တယ်။ နှင်းဆီပွင့်ဖက်လေးလို နူးညံလွန်းတဲ့နှုတ်ခမ်းပါးလေးအား စုပ်ယူနမ်းရှိုက်မိသည်အထိပင်။
ကျောပြင်သေးသေးလေးကို တင်းကြပ်စွာ ပွေ့ဖက်လိုက် ကာ အနမ်းတို့ကိုထပ်ကာ ထပ်ကာ သိပ်သည်းစေလိုက်တော့တယ်။
ဝမ်ရိပေါ်ရဲ့အနမ်း တို့အား လက်ခံနေတဲ့ကလေးလေးက ဝမ်ရိပေါ်ရဲ့လည်တိုင်ကိုဖက်တွယ်လာခဲ့ကာ ထို အနမ်းတို့ထဲ စီးမြောလိုက်ပါလာခဲ့တော့တယ်။
အချိန်အတော်ကြာမှ အနမ်း တို့ကို ရပ်တန့်လိုက်ကြပြီးနောက်မှာတော့ နှစ်ယောက်လုံးက နဖူးပြင်တို့အားထိစပ်လိုက်ကြသည်။
'' ကိုယ့်ကလေးလေး ''
''Leo Wang က 100 ရာခိုင်နှုန်းသေချာသွားပြီလား''
''အင်း.....ကိုယ် နောက်တစ်ကြိမ်သေချာသွားအောင် ထပ်စမ်းကြည့်ဖို့လိုမယ် ထင်တယ်''
ရှောင်းကျန့်က ခေါင်းလေးကိုလှုပ်ရမ်းလိုက်ကာရယ်မောလိုက်ပြီး ဝမ်ရိပေါ်ရဲ့ပုခုံးပြင်ကျယ်ကြီးပေါ်မှာ သူ့ရဲ့ခေါင်းလေးအားမှီချလိုက်တယ်။
ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ပုခုံးထက်ပေါ်မှီရင်း ချွဲသံလေးဖြင့် တီးတိုးပြောလိုက်သည်။
''Leo Wang က လူလည်ကြီး ''
ဝမ်ရိပေါ်က နှစ်ခြိုက်စွာပြုံးလိုက်ကာ ရှောင်းကျန့်ရဲ့ ပုခုံးရိုးလေးအား အနမ်းတစ်ပွင့် ခြွေလိုက်ပြီး
ထပ်ပြီးတင်းကြပ်စွာ ပွေ့ဖက်ထား လိုက်တော့တယ်။
.............................
Note-ဒီအပိုင်းရေးဖို့လုပ်လိုက်တိုင်း အိပ်ပျော်သွားတာသုံးရက်ရှိပြီ
တစ်စုံတစ်တွဲတို့ကတော့ ပြွက်စ်နေကြပါပြီ
ပြောချင်တာကတော့ ရည်းစားလိုချင်ပါတယ်...
...............................................................................
Zawgyi
''ဝမ်ရိပေါ် ''
''အင်း ''
''...............''
''ကျုပ် ရှိတယ် ကလေးလေး ''
''...................''
''ဘာလုပ်တာလဲ ဝမ်ရိပေါ် ''
''ဘာ....ဘာဖြစ်လို့လဲ ''
''ငါ ဘာမှမဖြစ်ဘူး ''
''တစ်ကယ်လား ''
''ကလစ် ''
''ဘာလုပ်တာလဲ ဝမ်ရိပေါ် ''
''ကျုပ် သုတ်ပေးမယ် ''
''..............''
''................''
''ကျစ်.....နားငြီးလိုက်တာ ''
ရှောငျးကနျြ့ရဲ့လကျတို့က ဝမ်ရိပေါ်လက်ထဲမှတစ်ဘက်ကိုပြန်ယူလိုက်ကာ ကိုယ့်ဘာသာဆံပင်တို့ကိုဆက်သုတ်နေခဲ့တယ်။
''ဒါ ဘာလုပ်တာလဲ Leo Wang ''
ရှောငျးကနျြ့က ဒီလိုအတင်းအကြပ်လုပ်တာမကြိုက်တာကို သိရက်သားနဲ့ ဒီလိုပုံစံလာလုပ်တဲ့ ဝမ်ရိပေါ်ကြောင့် ဒေါသထွက်သွားကာအော်လိုက်သည်။
''Leo Wang....''
''အင်း.... ကလေးလေး ''
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ပါးပြင်လေးကို ထိတွေ့လိုက်ကာ ရှောင်းကျန့်ရဲ့နဖူး ပြင်လေးကစပြီး နှုတ်ခမ်းပါးလေး အထိ တစ်ခုချင်းစိုက်ကြည့်နေခဲ့တယ်။
''ဝမ်ရိပေါ် ''
''အင်း.....''
''သဘောကျမိနေပြီ ထင်တယ် ''
''..........''
''Leo Wang ''
''အင်း.......ကလေးလေး ''
''မင်း....သေချာလို့လား ''
''..................''
'' ကိုယ့်ကလေးလေး ''
''Leo Wang က လူလည်ကြီး ''
.............................
...............................................................................
Continue Reading
You'll Also Like
123K 4K 22
Boy X Boy. (: Haikyuu!! fanfic. Both Kageyama and Hinata realise that they are feeling something, something beyond friendship for each other. And whe...
406K 12.9K 33
"Would you keep that mouth shut, or should I just fucking fill it up instead?" Forced to Retire due to his arm injury, Kenji Sato is back to his arg...
735K 44.4K 113
Y/N L/N is an enigma. An outgoing, cheerful, smiley teenage boy. Happy, sociable, excitable. A hidden gem in the rough of Japan's younger soccer pl...
1.2K 127 13
We filled in one by one Blank and we gets Perfection in difference.