*ဘယ်လိုဖြစ်တာလဲ သားရယ်.....*
*မေမေမြင်တဲ့အတိုင်းပဲ သားလည်းစိတ်ညစ်လွန်းလို့ ရူးတော့မယ် ...*
*ဆရာဝန်ကဘာပြောလဲ . သားဂျီမင်နဲ့ရောဆက်သွယ်လို့မရဘူးလား....*
*မနေချင်လို့ထွက်သွားတဲ့သူကို ဘာလို့ဆက်သွယ်နေဦးမှာလဲ မေမေရယ် ။သူ့ဘဝကိုသူပိုင်တယ် ပျော်သလိုနေပါစေတော့....*
*အဲလိုတော့မဟုတ်ပေမယ့်...ဟင်း..!မေမေလည်းဘာပြောရမှန်းမသိတော့ဘူး ။သားတို့နဲ့လည်း တကယ်ခက်တယ်......*
ဆေးအရှိန်နဲ့အိပ်ပျော်နေတဲ့သမီးလက်ကလေးကိုဆုတ်ကိုင်ရင်း အားပျက်ဖွယ်လေသံဖြင့်ပြောလိုက်သည် ။ သမီးရဲ့လက်ဖမိုးပေါ်မှာသွယ်တန်းထားတဲ့ဆေးပိုက်တွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည် ။ကမ်းခြေကပြန်လာပြီး နောက်တနေ့မှာ သမီးကဂျီမင်ကိုမတွေ့တော့ တအိမ်လုံးအနှံ့လိုက်ရှာကာ ငိုယိုတော့သည် ။ဖုန်းဆက်ပေးဖို့ တကြော်ကြော်အော်နေပြီး ဂျီမင်အနောက်ကိုလိုက်မပို့ေပးလို့ သူ့ကိုစိတ်ဆိုးကာ ဖိနပ်တောင်မပါပဲ အိမ်ထဲကပြေးထွက်သွားသည် ။
ငယ်ငယ်လေးကတည်းက ဂျီမင်မှဂျီမင်ဖြစ်နေတော့ အခုလိုရုတ်တရက်ကြီးခွဲခွာသွားတာ ဘယ်လိုမှအကျင့်သားမရသေးဘူး ။ရှိုက်ကြီးတငငင်ငိုနေတဲ့ သမီးကိုနည်းမျိုးစုံနဲ့ချော့မြူပြီး နားဝင်အောင်ပြောလည်းမရပေ ။စက်ပိတ်သွားတဲ့ ဖုန်းနံပါတ်ကိုအထပ်ထပ်ခေါ်ရင်း အသက်ရှုကြပ်တဲ့အထိငိုတော့သည် ။သူလည်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်လာတော့ ကြံရာမရတဲ့အဆုံး ဂျီမင်တို့သားဖနေခဲ့တဲ့ အိမ်လေးကိုစွန့်ခွာခဲ့ပြီး သူနေတဲ့မြို့ကို ပြန်လာလိုက်သည် ။လမ်းတလျှောက်လုံး" ဖေဖေနဲ့တွေ့ချင်တယ်" ဆိုပြီးတတွတ်တွတ်ပြောနေတဲ့သမီးက ဒီရောက်တော့လည်း ဂျီမင်ကိုမတွေ့ရတာကြောင့် သတိလစ်တဲ့အထိဖြစ်သွားသည် ။
အိမ်မှာဖင်ပူအောင်မထိုင်ရပဲ ချက်ချင်းဆေးရုံကိုအပြေးလာရသည် ။မေမေတို့ဆီဖုန်းဆက်ပြီး ဖြစ်သမျှကိုအကုန်ပြောပြလိုက်တော့ စ်တ်မကောင်းရုံကလွဲပြီး ဘာမှတော့မပြောချေ ။ဘယ်တက်နိုင်မလဲ သူ့ကံပဲပေါ့
*သမီး သတိရလာရင်ဘာဆက်ဖြစ်ဦးမလဲ မသိဘူး....*
*ဒီလိုပဲချော့ရမှာပေါ့..ကလေးကအတော်လေးဝမ်းနည်းနေတာဖြစ်မယ် ။မျက်နှာလေးတောင်ချောင်ကျသွားတယ်.....*
*မေမေ့မြေးက အကိုမှအကိုဖြစ်နေတာလေ ။သားကိုရှိတယ်လို့တောင် သတ်မှတ်ရဲ့လားမသိဘူး....*
*ဖခင်မေတ္တာငတ်နေတဲ့ ကလေးမို့ပါ သားရယ် ။ဂျီမင်ကိုစတွေ့ကတည်းက အရမ်းခင်တွယ်နေတာ သားအသိပဲလေ ။accidentဖြစ်ပြီးနောက်ပိုင်းမှာ အတော်လေးစိတ်ဒဏ်ရာရသွားတယ်ဖြစ်မယ်...ကလေးကို သနားလွန်းလို့ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး.....*
*မေမေရော အကို့ကိုဆက်သွယ်ဖြစ်သေးလား.....*
*သားဂျီမင်ဘက်က ဘယ်နခါကများအရင်ဆက်သွယ်ဖူးလို့လဲ...မေမေဆက်ရင်တောင် ဟယ်ဝန်းနဲ့ပဲပြောရတာများတယ် ...*
*အကိုဘာတွေလုပ်နေလဲဆိုတာ သားဖြင့်နားမလည်နိုင်တော့ဘူး ။Hajoon ကိုယ်တိုင်ဝန်ခံပြီးလို့ ပြဿနာကအေးသွားပြီကို ထွက်သွားဖို့တွေးရဲတယ်....*
*ဒါကသားအမြင်လေ ။ဂျီမင်ဘက်ကစဉ်းစားကြည့်ရင်လည်း ဒီလိုလုပ်တာမှန်ပါတယ် ။သံသယတွေလွန်ကဲပြီး သားနဲ့ကွာရှင်းခဲ့တယ် ။အခုအဖြစ်မှန်ကိုသိသွားတော့ သူ့ဘက်ကမှားသွားပြီဆိုတာသိလို့ အနားမှာဆက်နေဖို့ လိပ်ပြာမသန့်တာလဲဖြစ်နိုင်တယ်.....*
*မေမေ့သားက အကိုများလား...ဒီလိုယောက္ခမျိုးရှားလိုက်တာ....*
*ဒီကောင်လေး...!မေမေကဖြစ်နိုင်တာကို ပြောပြတာပါ ။သားကအရမ်းချစ်လို့ ဆွဲခေါ်ထားချင်ပေမယ့် ဂျီမင်စိတ်ကိုခဏအနားပေးသင့်တယ်လို့ ထင်တယ်......*
*သူလည်းသားကိုအရမ်းချစ်တာပါ.....ဒါကို....*
ဆက်မပြောတော့ပဲသက်ပြင်းတချချလုပ်နေတဲ့ သားဖြစ်သူကိုကြည့်ရင်း သူ(မ)လည်း ခေါင်းရမ်းမိသည် ။ သားကအစွဲလမ်းကြီးသလို အချစ်လည်းကြီးသည် ။သူလိုချင်တာဆို မရရအောင်ယူတက်တဲ့လူစားမျိုးဖြစ်ပြီး စိတ်နာသွားပြီဆိုရင်လည်း စွန့်ပစ်ဖို့ဝန်မလေးတက်ဘူး ။ဂျီမင်ကိုအရမ်းချစ်လို့ ပတ်ဝန်းကျင်စကားကိုမဆိုနဲ့ မိဘတွေကိုတောင် ဆန့်ကျင်ဖို့ဝန်လေးခဲ့တာမဟုတ်ဘူး ။အတိုက်ခိုက်တွေကြားထဲက ရအောင်လက်ထပ်ထားလို့ သက်ဆုံးတိုင်ပေါင်းဖက်နိုင်မယ် ထင်ထားတာ။
အခုတော့ အပြတ်ပြတ်နဲ့နှာခေါင်းသွေးထွက်ကုန်ပြီ ။ကုတင်ပေါ်မှာငြိမ်သက်နေတဲ့ ဟယ်ဝန်းရဲ့လက်သေးသေးလေးကို အသာဆုတ်ကိုင်ပြီး မျက်ရည်ဝဲမိသည် ။ဒီကလေးရဲ့ကံကလည်း ခေလွန်းလိုက်တာ ။မိခင်နဲ့လည်းသေကွဲ ,ကွဲရသလို ၊အသက်ရှိနေတဲ့ ဖခင်ကလည်းထောင်နန်းစံနေတယ် ။ဝဋ်ကြွေးကြီးလိုက်ပုံများ ဘာနဲ့ယှဉ်ပြရမှန်းတောင် မသိတော့ဘူး
*ဖေ....ဖေ...!.*
*သမီး .!ဟယ်ဝန်း...*
*ဖေဖေ..!ဖေဖေ့ကိုခေါ်ပေးပါ ..။အဟင့်..!ဖေဖေနဲ့တွေ့ချင်တယ်....*
*သမီးရယ် ဒယ်ဒီလည်းရူးတော့မယ် ..*
*ဟယ်ဝန်းနား...ဖွားဖွားကိုကြည့်ပါဦး ။သမီးအတွက်အရုပ်တွေအများကြီးဝယ်လာပေးတယ်....*
*ဟင့်အင်း..!ဟင့်အင်း..!သမီးဘာမှမလိုချင်ဘူး ။ဖေဖေနဲ့ပဲနေချင်တယ်....*
*ဂျောင်ဟယ်ဝန်း....!ဘာလို့ဒီလောက်ထိ ပြောရခက်နေတာလဲ..!ဒယ်ဒီ့ကိုစိတ်တိုအောင်လုပ်နေတာလား..!ဟမ်.....!*
*အီးဟီး.....!ဖေဖေရေ...သမီးကိုလာခေါ်ပါ ။အဟင့် ...ဒယ်ဒီ...ဒယ်ဒီကသမီးကိုအော်တယ် ..*
*အခုချက်ချင်းတိတ်...!အသံထပ်မထွက်နဲ့...!မဟုတ်ရင် ဒယ်ဒီရိုက်မိလိုက်မယ်....*
*အဟင့်..!*
*ပြောနေတယ်နော် ..!မျက်ရည်တွေသုတ်...!။ကလေးဖြစ်ပြီး ဒီလောက်ထိခေါင်းမာနေတယ် ။ဟိုကထားခဲ့ပြီလို့ပြောနေတာကို ဘာလို့ခေါ်ခိုင်းနေတာလဲ..!နောက်တခါ ဖေဖေလို့အသံထွက်ကြည့်...!အမှိုက်ပုံထဲပစ်ထည့်ခဲ့မယ်...!*
*ဟင့်အင်း..!အဟင့်..!မထွက်တော့ဘူး ။သမီး...မငိုတော့ဘူးနော်..!ဒယ်ဒီနော်...!ဟင့်..!သမီးကိုမစွန့်ပစ်ပါနဲ့....*
ဂျယ်ဝန်းအပြောကြောင့် ဂျောင်ဂုရောမေေမပါမျက်ရည်ကျလာသည် ။ရင်ထဲမချိတင်ကဲဖြစ်လာလို့ သမီးကိုရင်ခွင်ထဲထည့်ပိုက်ကာ အသံတိတ်ငိုနေမိသည် ။သူဒေါသထွက်ရင် ကြောက်စရာကောင်းမှန်းသိတဲ့ သမီးကချက်ချင်းပဲ မျက်ရည်တွေကိုသုတ်လိုက်ပြီး ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရှိုက်ငင်သံမထွက်စေရန်တားထားသည် ။ဂျောင်ဂုလည်း ဆူပြီးမှသနားသွားသည်
သူလည်းဒီလိုမပြောချင်ပါဘူး ။ဒါပေမယ့် သမီးကချော့လို့မှမရတာ ။မျက်လုံးမဖွင့်ပဲ ဖေဖေ့ကိုခေါ်ပေးဆိုပြီး ခြေထောက်နှစ်ချောင်းကိုလိမ်ယှက်ပြီး ကောက်နေတော့ စိတ်မရှည်တဲ့အဆုံးအော်မိသွားတယ် ။တချက်တချက်ရှိုက်သံထွက်နေသေးတဲ့ သမီးကသူ့လည်တိုင်ကြားထဲ ခေါင်းတိုးဝေ့ရင်း ငြိမ်ကျသွားတယ် ။ထိုမှ ဂျောင်ဂုလည်း မျက်လုံးစုံမှိတ်ကာ သက်ပြင်းတိုးတိုးချလိုက်မိပြန်တယ် ။လောလောဆယ်တော့ ဒီနည်းလမ်းကအသုံးဝင်သွားပြီ ။နောက်နေ့တွေ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာကိုတော့ မတွေးချင်တော့ပေ
*သမီး ဘာစားချင်လဲ...ဒယ်ဒီဝယ်ပေးမယ်လေ..*
*ဘာမှမစားချင်ဘူး...*
*အဲလိုလုပ်လို့မရဘူး ဆေးသောက်ဖို့အစာရှိမှဖြစ်မယ် ။ဒါမှ နေမြန်မြန်ကောင်းပြီး ဆေးရုံကဆင်းရမှာပေါ့...*
*အခုလည်းသမီးနေကောင်းပါတယ်...*
*ဟယ်ဝန်း.....*
*ဟုတ်..!သမီး ဟမ်ဘာဂါစားချင်တယ် ..*
*ဒါဆို ဖွားဖွားနဲ့ခဏနေခဲ့ ။ဒယ်ဒီသွားဝယ်ပေးမယ်....*
ဂျောင်ဂုကိုမဝံ့မရဲလေးကြည့်ကာ ယုန်သူငယ်လေးသဖွယ်ငြိမ်ကျသွားတာတဲ့ ဟယ်ဝန်းကအဖွားဖြစ်သူကို မျက်လုံးလေးလှန်ပြီး စစ်ကူလှမ်းတောင်းသည်။ ဖျော့တော့နေတဲ့ မျက်နှာလေးက နေ့ချင်းညချင်းဆိုသလို ချောင်ကျသွားသည် ။လက်ဖမိုးပေါ်ကဆေးပိုက်ကို အသာတို့ထိပြီး ဘာစကားမှမပြောတော့ပဲ ခေါင်းငိုက်စိုက်ဖြင့်ထိုင်နေသည် ။ဂျောင်ဂုမေမေကတော့ စိတ်မကောင်းဟန်ဖြင့် ဟယ်ဝန်းရဲ့ဆံနွယ်တွေကို ပွတ်သတ်ကာ လေချိုအေးဖြင့်ချော့မြူရတော့သည် ။
သားဖအရင်းမဟုတ်တာတောင် ဒီလောက်ထိအစွဲလမ်းကြီးနေရင် သွေးသားရင်းချာဖြစ်လို့ကတော့ မတွေးရဲစရာပဲ ။
*ဖွားဖွား....*
*ဟင်..!ဘာဖြစ်လို့လဲ သမီး ...*
*ဖေဖေ့ကိုဖုန်းခေါ်ပေးလို့ရမလား.....*
*အခုပဲ သမီးဒယ်ဒီကမှာသွားတယ်လေ ။ပြောစကားနားမထောင်ရင် ဘာလုပ်မလဲသိတယ်မလား....*
*သမီး ဖေဖေ့ကိုသတိရလို့ပါ..*
*သမီးဖေဖေကအလုပ်ကိစ္စရှိလို့ ခရီးထွက်သွားတယ် ။လအနည်းငယ်လောက်ကြာရင် ပြန်လာလိမ့်မယ်...*
*ဖွားဖွားကညာပြန်ပြီ ...*
*တကယ်ပြောတာ...သမီးကိုလည်းဂရုစိုက်ပေးဖို့ဖွားဖွားကိုမှာသွားတယ် ။နေမကောင်းမဖြစ်စေနဲ့တဲ့...*
*ဟုတ်လို့လား...*
*အင်း..!အဲတော့သမီးက ဖေဖေ့စကားနားထောင်တဲ့အနေနဲ့ ကျန်းမာလာအောင်နေရမယ်နော် ။ဒါမှ ဖေဖေပြန်လာရင် သမီးနဲ့အတူတူလျှောက်လည်လို့ရမှာ.....*
*ဟုတ်ကဲ့..!သမီးနားလည်ပါပြီ ဖွားဖွား ..*
ပုတ်သင်ညိုလေးလိုခေါင်းကိုတဆက်ဆက်ငြိမ့်ရင်း ပြုံးရိပ်သန်းလာတော့မှ သူ(မ)လည်းစိတ်အေးသွားတော့တယ် ။ဂျောင်ဂုပြောသလိုပဲ ဟယ်ဝန်းကဂျီမင်ကိုပဲအမြဲတမ်းတနေတယ်။ မှိုင်ထွေနေတဲ့မျက်နှာလေးက ချက်ချင်းဆိုသလိုရွှင်ပြသွားပြီး အစားကိုလည်းကုန်အောင်စားကာ ဆေးတွေကိုအလိုတသိနဲ့သောက်ေပးတယ်။ ဒါပေမယ့် အရင်လိုတော့ စကားသိပ်မပြောတော့ပေ ။သာလိကာလေးလို ဟိုမေးဒီမေးလုပ်တက်တဲ့ ဟယ်ဝန်းက အခုများတော့ တယောက်ထဲတ်ိတ်တဆိတ်ငြိမ်နေတက်တယ် ။
ဂျောင်ဂုကိုလည်းချွဲနွဲ့တာမျိုးမလုပ်တော့ပဲ အိပ်ယာထဲအမြဲခွေနေတာကိုတော့ အားလုံးကစိတ်ပူကြတယ် ။ကလေးစိတ်ထဲအတော်လေးခံစားနေရတာဖြစ်မယ် ။
*သားကဘာဆက်လုပ်မယ်လို့တွေးထားလဲ....*
*လောလောဆယ် သမီးကိုဂရုစိုက်ပေးဖို့အနီးကပ်နေမှဖြစ်မယ် ။အလုပ်သွားလိုက်ရင် သမီးတယောက်ထဲအထီးကျန်နေမှာ...*
*ဖေဖေလည်းတကယ်အံ့ဩတယ် ..မြေးလေးက ဂျီမင်ကလွဲပြီးဘယ်သူ့ကိုမှသိပ်မခင်တွယ်တာ...*
*အဲတာပြောတာပေါ့..အခုဆိုသားကိုတောင်စကားကောင်းကောင်းမပြောတော့ဘူး ။ဆေးရုံမှာတုန်းကဆူလိုက်လို့ဖြစ်မယ်.....*
*ကလေးကိုအကြမ်းပတမ်းမပြောပါနဲ့ သားရယ် ။ဒီအရွယ်က နှလုံးသားနုတယ် ...သူ့စိတ်ထဲရှိတဲ့အတိုင်းလုပ်လိုက်ရင် တခုခုဖြစ်သွားမှ အားလုံးရင်ကျိုးရမယ် ...*
*သားဆင်ခြင်ပါ့မယ်....*
*သားတို့အဆင်ပြေသလိုလုပ်ကြပါ ။ဖေဖေလည်းဒီလောက်ပဲပြောနိုင်တယ် ..*
သူ့ကိုနှစ်သိမ့်တဲ့အေနနဲ့ ဖေဖေကပုခုံးကိုပုတ်ကာ ဧည့်ခန်းထဲကထွက်သွားသည် ။ဂျောင်ဂုလည်း မျက်နှာကိုလက်ဖြင့်အုပ်ကာ ဆံပင်တွေကိုဆွဲဖွလိုက်သည် ။သမီးကိုဆေးရုံကပေးဆင်းပြီးသူနေတဲ့တိုက်ခန်းကိုခေါ်သွားမယ်လုပ်တော့ မေမေကအိမ်မှာလိုက်နေဖို့ပြောသည် ။သူကအလုပ်ရှုပ်တဲ့သူဖြစ်လို့ သမီးကိုတယောက်ထဲထားရမှာ စိတ်မချဘူးတဲ့လေ ။မေမေပြောမှ သူလည်းတွေးမိသွားတယ် ။ဒါကြောင့် သမီးလေးအရင်လို ပြန်ဖြစ်လာတဲ့အထိ အတူတူနေဖို့ဆုံးဖြတ်လိုက်တယ် ။
သူ့ကိုနားလည်ပေးကြတဲ့ မိဘနှစ်ပါးကိုဘယ်လိုကျေးဇူးဆပ်ရမလဲမသိတော့ဘူး ။ဖြစ်လာသမျှအရာအားလုံးကို အကျိုးအကြောင်းစဉ်းစားပေးသည် ။ဘာအလုပ်လုပ် အနောက်ကနေအမြဲရပ်တည်ေပးပြီး အမှားလုပ်ရင်လည်းအပြစ်မတင်ပဲ သင်ခန်းစာယူဖို့အကြံပေးသည် ။ဒီအသက်ရွယ်ရောက်တဲ့အထိ သူ့စိတ်ကြိုက်နေခွင့်ပေးတာကိုက ကံကောင်းခြင်းတမျိုးပါပဲ ။မိဘဆိုပြီး သားသမီးကိုချုပ်ချယ်တာမျိုးမလုပ်ပဲ ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ခိုင်းသည် ။အခုတော့ သူ့လုပ်ရက်တွေမှားသွားပြီလားလို့ အကြိမ်ကြိမ်တွေးတောနေမိတယ် ။မိဘဂုဏ်ယူရတဲ့သားမဖြစ်ပဲ မိဘမျက်နှာအိုးမည်းသုတ်တဲ့သားဖြစ်နေပြီ။သူ့ကြောင့်နဲ့ မေမေတို့လည်းစိတ်ဆင်းရဲရတယ်
________________________
*တနေ့လုံးဘာမှမစားပဲ အိပ်ယာထဲခွေခေါက်နေတာ ဘယ်နရက်ရှိပြီလဲ...။အသံတိတ်ဆန္ဒပြနေတာလား....*
*သားကိုဒီအတိုင်းခဏလောက်လွှတ်ထားပေးလို့မရဘူးလား....*
*မရဘူး..!ငယ်တဲ့အရွယ်လည်းမဟုတ်ပဲနဲ့ အချစ်ကိုတော်ရုံပဲရူးစမ်းပါ.....*
*မေမေ !အဲလိုမပြောပါနဲ့ ။သားလည်းခံစားတက်တဲ့နှလုံးသားနဲ့လူပါ ...ခဏလေးတောင်လွမ်းလို့မရဘူးလား ....*
*တော်ရုံဆို မေမေမပြောလိုဘူး ။အခုကနေ့တိုင်းနီးပါး အစားမစားနိုင်အောင်ထိဖြစ်နေလို့ ပြောနေရတာ....*
*............*
*အဲဖုန်းကိုကြည့်ပြီးအမြဲငိုနေတော့မှာလား...။ဘယ်အချိန်မှ အလုပ်လုပ်ဖို့စိတ်ကူးထားလဲ...*
*ေလာလောဆယ် သားဘာမှမစဉ်းစားချင်သေးဘူး ။အချိန်တခုထိပါပဲ ပြီးတာနဲ့မေမေဖြစ်ေစချင်တဲ့အတိုင်း လုပ်ပေးမယ် .....*
စောင်ကိုခေါင်းအထိလုံနေအောင်ခြုံထားတဲ့ ဂျီမင်က စို့နစ်နေတဲ့လေသံနဲ့ပြောလိုက်တော့ မေမေလည်းထပ်ပြီးမဆူတော့ပေ ။ဂျောင်ဂုဆီကပြန်လာပြီးတဲ့နေ့ကစလို့ အခန်းတွင်းအောင်းနေတဲ့ သူ့ကိုမေမေကနေ့တိုင်းဆူပူတော့တယ်။ အအိပ် ၊အစားမမှန်တဲ့သူ့ခန္ဓာကိုယ်က အားနည်းလာပြီး ရင်ထဲတလှပ်လှပ်နဲ့တုန်လာတယ် ။အများအမြင်မှာ ဂျီမင်ကခေါင်းမာပြီးပြောရခက်တယ်လို့ထင်ကြလိမ့်မယ် ။တကယ်တမ်း ဂျီမင်ရင်ထဲကမ္ဘာပျက်နေတာကိုတော့ မည်သူမှမသိချေ ။
ဒါဆို ချစ်ရဲ့သားနဲ့ဘာလို့လမ်းခွဲခဲ့လဲလို့သူ့ကိုမေးလာခဲ့ရင်လည်း အဖြေမရှိပြန်ဘူး ။ သူ့လုပ်ရက်ကို သူကိုယ်တိုင်တောင်နားမလည်နိုင်လို့ အပြစ်တင်စကားမဆိုကြပါနဲ့ ။ဂျောင်ဂုနဲ့သမီးကို ထားခဲ့ရလို့ စိတ်မကောင်းဖြစ်နေပြီး ဆက်သွယ်ဖို့လည်း အကြိမ်ကြိမ်ကြိုးစားခဲ့တယ် ။ဒါပေမယ့် မာနကလက်မခံပြန်ဘူး ။သူ့ဘက်ကပြတ်သားနိုင်လို့ ဒီအခြေနေထိဖြစ်လာပြီးမှ ပြန်သွားဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူး
ကမ်းခြေမှာရိုက်ကူးထားတဲ့ vdကို နေ့တိုင်းကြည့်ပြီးခိုးငိုရလွန်းလို့ သူ့မျက်အိပ်တွေဖောင်းအစ်နေပြီ ။ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်နေတဲ့ သူ့ပုံစံကို မေမေကတော့လုံးဝအားမရဘူး ။ဒါကြောင့် သူ့ဖုန်းကိုသိမ်းသွားတယ် ။
*အဆင်ပြေရဲ့လား သားငယ်..….*
*ဟုတ်....*
*လိုတာရှိရင်ဖေဖေ့ကိုပြောနော် ။သားမေမေက သိတဲ့အတိုင်း နည်း"ဆိုးတယ်မလား ...*
*အဟား..!မေမေကြားရင်အထုခံရတော့မယ် ....*
*ပြန်မပြောနဲ့ပေါ့...*
နံနက်စာစားနေရင်း ဟာသနှောကာေပြာေနတဲ့ ဖေဖေ့ေကြာင့် ပြုံးလိုက်မိတယ် ။ကျန်းမာရေးသိပ်မကောင်းတဲ့ ဖေဖေကအသက်ရွယ်ရလာတော့ တနေ့တခြားအရွယ်ကျလာတယ် ။စီးပွားရေးကိုဦးမဆောင်နိုင်တော့ အတွင်းရေးမှူးကိုကြည့်ကြပ်ခိုင်းစေပြီး လိုအပ်တာကိုအိမ်ကနေစီမန့်ခန့်ခွဲပေးတယ် ။ သူလည်းေဖဖေ့အလုပ်ကိုသိပ်နားမလည်ဘူး ။အရွယ်ရောက်ကတည်းက ,ဘဲလေးအကကိုပဲ တစိုက်မှတ်မှတ်သင်ယူခဲ့တာဆိုတော့ စီးပွားရေးအမြင်လည်းမရှိဘူး ။
အခုတော့အကကိုစွန့်လွှတ်လိုက်ပြီဆိုတော့ ဖေဖေ့အလုပ်ကိုပဲဦးဆောင်မှရတော့မယ် ။အလုပ်မှာအခက်ခဲမဖြစ်စေဖို့ ဖေဖေကတော့နေ့တိုင်းသင်ပြပေးတယ် ။အတွင်းရေးမှူးကလည်း လိုအပ်တာမှန်သမျှပြောပြပေးလို့ သိပ်တော့အခက်ခဲမရှိဘူး ။ဒါပေမယ့် ရှယ်ရာရှင်တချို့ကတော့ သူ့ကိုလိုလားဟန်မပေါ်ဘူး ။စီးပွားရေးအကြောင်းဘာမှမသိပဲ ကုမ္ပဏီကိုဦးဆောင်မှာဆိုတော့ သူတို့ရှယ်ရာတွေဆုံးရှုံးမှာကြောက်နေပုံပဲ ။သူကလည်းဒီလိုစိန်ခေါ်မှုမျိုးကိုကြိုက်လို့ ဖေဖေ့ထက်တော်အောင်လုပ်ပြမယ်လို့ တေးမှတ်ထားတယ်။
*နေ့လည်စာမစားသေးဘူးလား Hwan....*
*အင်း ..!လုပ်လက်စလေးမပြီးသေးလို့ ခဏနေမှစားတော့မယ် ...*
*စားပြီးမှလုပ်လို့ရတာပဲကို ...ကျွန်တော်တယောက်ထဲမို့ အတူတူသွားစားကြမယ်လေ ...*
*အဲလိုရလား...*
*ဒါပေါ့.!*
စကားပြောချိုပြီး လူတိုင်းကိုဖော်ရွေစွာဆက်ဆံတက်တဲ့ ဂျီမင်ကိုအတွင်းရေးမှူးသာမက ဝန်ထမ်းအားလုံးကချစ်ခင်ကြသည် ။ပြုံးလိုက်တိုင်း ပိတ်ကျသွားတဲ့လခြမ်းကွေးသဏ္ဌန်မျက်ဝန်းလေးကို မြင်သူတိုင်းအကြည့်မလွှဲနိုင်ကြပေ ။အလုပ်လုပ်တဲ့နေရာမှာလည်း စေ့စပ်သေချာလို့ Mr.Parkခြေရာနင်းမယ်လို့လည်း တိတ်တဆိတ်ကောက်ချက်ချကြသည် ။
ဂျီမင်ကဖိုင်တွဲတွေကိုသိမ်းဆည်းကာ ညောင်းညာနေတဲ့မျက်ရိုးကိုနှိပ်နယ်လိုက်ပြီး အတွင်းရေးမှူးကိုပြောလိုက်သည် ။ လုပ်သက်ကြာပြီဖြစ်လို့ ဖေဖေ့လူယုံလိုတောင်ပြောလို့ရတယ် ။သူ့ထက်နှစ်နှစ်လောက်ကြီးပေမယ့် နာမည်တပ်ခေါ်ဖို့ပြောလာပြီး အကိုတယောက်လိုသဘောထားနိုင်ကြောင်း ပြောသည်။
ဂျိီမင်တို့ကကုမ္ပဏီနဲ့ခပ်လှမ်းလှမ်းမှာရှိတဲ့ လမ်းတဖက်ကစားသောက်ဆိုင်ကိုဦးတည်လိုက်သည် ။အပြင်ထွက်လိုက်တာနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ကားတန်းကိုကြည့်ပြီးသက်ပြင်းမောချလိုက်သည် ။နေကလည်းအတော်လေးပူ၏။
*ဒီဆိုင်ကစားလို့အဆင်ပြေတယ် ။တကယ်လို့ ဂျီမင်မကြိုက်ရင် ပြောနော်....*
*ကျွန်တော်ကအစားမရွေးဘူး Hwan..*
*ကိုယ်ရောပဲ....*
နှစ်ယောက်သားအလုပ်ကိစ္စပြောရင်းနေ့လည်စာကိုအရသာရှိရှိသုံးဆောင်နေသည် ။ဟာသဉာဏ်ရွှင်တဲ့Hwanက သူ့ကိုစနောက်တက်သေးသည် ။စိတ်ထဲလေးလံနေတာမျိုးမရှိတော့ပဲ အရင်လိုပျော်ပျော်နေတက်တဲ့ ဂျီမင်ဘဝကိုပြန်ရောက်သွားသည် ။ဒါကလည်းကြာရှည်မခံပါဘူး ။သူ့မြင်ကွင်းထဲရောက်လာတဲ့ အရာတခုကြောင့် ရုတ်ချည်းဆိုသလို မျက်နှာထက်ကအပြုံးတွေပျောက်ကွယ်သွားပြီး ဝမ်းနည်းရိပ်ယောင်သန်းလာသည် ။
နေနိုင်တယ်လို့ဟစ်ကြွေးထားသမျှ အရိပ်လေးမြင်လိုက်တာနဲ့တင် ချက်ချင်းပြေးဖက်ချင်တဲ့အထိ သူ့စိတ်တွေမတည်ငြိမ်သေးပေ ။သမီးလက်ကိုဆွဲကာ ပါးချိုင့်ရေးရေးလေးပေါ်သည်အထိ ပြုံးနေတဲ့ဂျောင်ဂုက sunglasses အကြီးကြီးကိုတပ်ဆင်ထားသည် ။ဘယ်လိုကြောင့် ဒီဆိုင်ကိုရောက်လာလည်းမသိပေမယ့် ဂျောင်ဂုနေတဲ့နေရာနဲ့ဆိုရင် အတော်လေးလှမ်းသည် ။တိုင်ဆိုင်တာလားတော့မပြောတက်ဘူး ။သူ့ကုမ္ပဏီနဲ့လည်းနီးတယ်မဟုတ်လား
*ဘာဖြစ်လို့လဲ ဂျီမင်....*
*ဟို ..ကျွန်တော်သန့်စင်ခန်းခဏသွားမလို့ ..ဆိုင်အပြင်ကစောင့်နေလို့ရမလား....*
*အင်း ရတယ်လေ...*
ဝဲတက်လာတဲ့မျက်ရည်ကြည်တွေကို Hwanကတွေ့သွားတယ်ထင်၏ တစ်သျူးစကိုကမ်းပေးလာပြီး မေးလာသည် ။ထိုမှ ဂျီမင်လည်းကပျာကယာကုန်းထကာ သန့်စင်ခန်းဘက်အပြေးသွားလိုက်သည် ။ သူ့ကိုကျောပေးထားတဲ့ ဂျောင်ဂုတို့သားဖကတော့ မြင်လိုက်မှာမဟုတ်ဘူး ။ပန်းရောင်ဂါဝန်လေးနဲ့ ချစ်စရာကောင်းနေတဲ့ သမီးလေးကလည်း သူ့ဒယ်ဒီအနားကပ်ကာ ဘာတွေတီးတိုးပြောနေလဲမသိဘူး ။သားဖနှစ်ယောက်ရယ်မောနေတာကိုတွေ့တော့ သူလည်းပြုံးမိသွားသည် ။
သန့်စင်ခန်းထဲကလက်ဆေးတဲ့နေရာမှာ အကြာကြီးရပ်ကာ အသက်ကိုဝဝရှုထုတ်လိုက်သည် ။ဒီအခြေနေကို ဂျောင်ဂုတွေ့လို့ကတော့ဟားတိုက်ရယ်နေမှာသေချာတယ် ။လမ်းခွဲခဲ့တာလည်း သူပဲဖြစ်သလို မနေနိုင်တာလည်းသူကိုယ်တိုင်ပဲဖြစ်နေတယ် ။
*လွမ်းနေရင်လည်း ဖုန်းတချက်ဆက်လိုက်လို့ရတာကို သက်သက်မဲ့အပင်ပန်းခံနေတယ်......*
*ဒယ်ဒီ ဘယ်သူ့ကိုပြောနေတာလဲ ...*
*ဪ..!ဒယ်ဒီ့အသိတယောက်ကိုပါ...*
*ဒါဆို ဒယ်ဒီနဲ့တူတာပေါ့နော်....*
*ဟင် .!ဘာလို့လဲသမီးရဲ့...*
*ဒယ်ဒီလည်း ဖေဖေ့ကိုလွမ်းနေတာမလား .*
*မဟုတ်ပါဘူး..!သမီးကိုဘယ်သူပြောလဲ...*
*သမီးသိတာပေါ့ ....!သမီးလည်းဖေဖေ့ကိုလွမ်းနေတာ...!.*
ဂျီမင်ရှိတဲ့နေရာကိုပဲ တမင်လာခဲ့တဲ့ဂျောင်ဂုက သမီးစကားကြောင့် ပြောစရာပျောက်ရှသွားသည် ။ sunglasses ကိုလက်ညိုးလေးဖြင့်ပင့်တင်ကာ ပတ်ဝန်းကျင်ကိုကျီးကန်းတောင်မှောက်လျှောက်ကြည့်လိုက်သည် ။ဂျီမင်ကိုများတွေ့သွားမလားဆိုတဲ့စိတ်နဲ့ သမီးလက်ကိုဆွဲကာ ကားထဲအမြန်ဝင်ခိုင်းရတော့သည် ။ကားထဲရောက်မှ သူလည်းသက်ပြင်းမောချလိုက်သည် ။ပိုးသားရှပ်အင်္ကျီလက်ရှည်နဲ့ ဂျင်းကျပ်ကျပ်ကိုဝတ်ဆင်ထားတဲ့ ဂျောင်ဂုပုံစံက မျက်စိလွဲစရာမရှိအောင်ကြည့်ကောင်းသည် ။ဖြတ်သွားကြတဲ့ ပျိုမဒီလေးတွေသည်လည်း အထာပေးတဲ့သဘောဖြင့် လက်ချောင်းလေးတွေဝေ့ရမ်းပြသွားသည် ။
အကြောင်းပြချက်ရေရေရာရာမရှိပဲ သမီးနဲ့အတူအပြင်သွားမယ်ဆိုပြီးထွက်လာတဲ့သူ့ကို မေမေတို့ကလည်းအထူးဆန်းသဖွယ်ကြည့်လာသည် ။နေ့ခင်းလည်းဖြစ်တဲ့အပြင် သူဝတ်စားထားတာကလည်း မင်းသားရှုံးတယ်ဆိုတော့ ပြောလည်းပြောချင်စရာပဲလေ
*ဒယ်ဒီတို့ကစားကွင်းဘက်သွားကြမလား...*
*ဟင့်အင်း..!ဖေဖေမပါပဲနဲ့ ပျော်စရာကောင်းမှာမဟုတ်ဘူး....*
*ဟယ်ဝန်း....*
*သမီးသိပါတယ် ..ဖေဖေ့အကြောင်းကိုမတွေးပဲမနေနိုင်လို့ ပြောမိတာပါ...*
*မနက်ဖြန်ကျောင်းပြန်တက်ရတော့မှာဆိုတော့ သူငယ်ချင်းအသစ်တွေရမယ် ..သမီးမပျော်ဘူးလား....*
*ဟုတ်..!*
သူ့ကိုစိတ်ဆိုးသွားတဲ့သမီးက နှုတ်ခမ်းလေးဆူကာငြိမ်ကျသွားသည် ။ကားအပြင်ဘက်ကိုငေးကြည့်နေပြီး ဘာမှထပ်မပြောတော့တာကြောင့် သူစကားလွန်သွားပြီဆိုတာသိလိုက်သည် ။စိတ်ရှုပ်စွာနဲ့ sunglasses ကိုချွတ်ပြီး ကားကိုတရှိန်ထိုးမောင်းထွက်လာတော့ ကုမ္ပဏီအဝင်ဝမှာ စကားရပ်ပြောနေတဲ့ ဂျီမင်ကိုလှမ်းတွေ့လိုက်သည် ။ဘယ်သူဘက်ကမှစပြီးမခေါ်မပြောတဲ့ ဆက်ဆံရေးနည်းနည်းတော့ နေရခက်တယ် ။မြင်နေပေမယ့် မမြင်ချင်ယောင်ဆောင်ပြီး ရှောင်ထွက်လာရတဲ့ အခိုက်တန့်ကို မလိုချင်ဘူး ။
တရွေ့ရွေ့သွားနေတဲ့ကားကိုတွေဝေစွာငေးမောနေတဲ့ ဂျီမင်ကိုကားမှန်ကနေတဆင့်ကြည့်ပြီး နှုတ်ခမ်းပါးလေးကိုမချိတင်ကဲပြုံးလိုက်သည် ။သူတို့သားဖကိုထားခဲ့ပြီး အဆင်ပြေပြေရှိနေတာတွေ့တော့ ကျေနပ်ပါတယ် ။
*ခဏနေရင် ရှယ်ရာရှင်တယောက်နဲ့တွေ့ဖို့ရှိတယ်....*
*ဟုတ်ပြီ..!အဆင်သင့်ပြင်ထားလိုက်လေ...*
*သူ့ဘက်ကနှစ်ယောက်ထဲတွေ့ချင်တယ်ဆိုလို့ meeting roomထဲမှာမဟုတ်ပဲ guest roomမှာစီစဉ်ထားပေးတယ် ..အဆင်ပြေတယ်မလား....*
*အင်း..!ရတယ်လေ....*
စာရင်းဇယားတွေကြားထဲခေါင်းစိုက်နေတဲ့ ဂျီမင်ကပေါ့ပါးစွာပဲ ပြန်ဖြေလိုက်တယ် ။လုပ်ငန်းရှင်တွေဘက်ကတောင်းဆိုတဲ့အတိုင်း လိုက်လျောပေးရမှာသူတို့တာဝန်မဟုတ်လား ။နှစ်ဦးနှစ်ဖက်အကျိုးမြတ်ရလို့ ပူးပေါင်းလုပ်ကိုင်တဲ့အလုပ်ဖြစ်ပေမယ့် ရှယ်ရာရှင်တွေကိုစိတ်မပျက်စေချင်ဘူး ။ဂျီမင်ကတော့ ဘယ်နေရာရောက်ရောက်စိတ်ရင်းအမှန်နဲ့ပဲပြောဆိုဆက်ဆံတယ် ။
Hwanကပြောပြီးသည်နှင့်အခန်းထဲကပြန်ထွက်သွားတယ် ။သူလည်းလုပ်လက်စကို အပြီးသတ်ကာ ဖုန်းမျက်နှာပြင်ပေါ်ကပုံရိပ်လေးကို တစိမ့်စိမ့်ကြည့်ပြီးပြုံးလိုက်တယ် ။ဒါလေးနဲ့ပဲ အလွမ်းဖြေနေရတယ် ။
*နောက်ကျသွားလို့ တောင်းပန်ပါတယ် ဗျ့....!စောင့်ရတာကြာသွားပြီလား....*
*အာ..!ရပါတယ် ...ဟင်...!.*
*တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်ကj founder ရဲ့ CEOပါ....*
*ဂျောင်...ဂျောင်ဂု...!.*
ထင်ထားတာနဲ့တခြားစီဖြစ်လာတဲ့လောကကြီးကိုတခါတလေနားမလည်နိုင်ဘူး ။သူတို့ကုမ္ပဏီမှာ ရှယ်ရာဝင်ချင်တဲ့သူတွေအမြောက်အများရှိတဲ့အထဲကမှ ဘာလို့ဂျောင်ဂုဖြစ်နေရတာလဲ ။အတွင်းရေးမှူးတောင်မပါပဲ တယောက်ထဲထွက်လာပုံရတဲ့ ဂျောင်ဂုကအင်္ကျီကြယ်သီးနှစ်လုံးကိုဖြုတ်ထားတော့ ချွေးစက်တွေကိုအတိုင်းသားမြင်ရတယ်။
လေသံအေးအေးနဲ့ပြောပြီး သူ့အရှေ့မှာဝင်ထိုင်ကာ ခပ်ေရးေရးေလးပြုံးပြလာသည် ။စက္ကန့်အနည်းငယ်ကြာသည်အထိ ဂျီမင်မှာမလှုပ်မယှက်ပဲငြိမ်သက်နေမိသည် ။ခေါင်းထဲမှာလည်း မေးခွန်းများစွာရှိနေပြီး ထုတ်မေးဖို့တော့မဝံရဲပေ
*ကျွန်တော့်နာမည်ကိုသိနေတာလား....*
*ဟို...!အင်း သိတယ်ဆိုပါတော့...*
*ဒါဆိုတော့အထူးတလည်မိတ်ဆက်စရာမလိုတော့ဘူးပေါ့ ။ဒီကပတ်ခ်ဂျီမင် ဟုတ်တယ်မလား......*
*ဟုတ်ပါတယ်...*
*ကျွန်တော့်ကိုလုပ်ငန်းအကြောင်းပြောပြပေးလို့ရမလား ..ပတ်ခ်ဂျီမင်ရှီ....*
*ကြည့်ရတာ မင်းကငါ့ထက်ငယ်မယ့်ပုံပဲ ။နာမည်တပ်မခေါ်စေချင်ဘူး ....*
*ကျွန်တော်ကပိုပြီးရင်းနှီးအောင်လို့ပါ...အိုခေလေ .ခင်များမကြိုက်ဘူးဆိုရင် မခေါ်တော့ပါဘူး.....*
အရင်ကမသိခဲ့ပုံစံနဲ့ဆက်ဆံနေတဲ့ ဂျောင်ဂုကဘာမထီမျက်နှာပေးဖြင့် နှုတ်ခမ်းပါးလေးကိုတွန့်ချိုးလိုက်တယ် ။ခြေနှစ်ချောင်းကိုယှက်တင်ထားပြီးထိုင်နေပုံက အနည်းငယ်ကြည့်ရဆိုးပေမယ့် ဂျောင်ဂုဖြစ်နေလို့အထာကျတယ်ပြောရမလား ။နဖူးပေါ်ကိုဆံချည်တမျှင်မကျအောင် အပြောင်သိမ်းထားပြီး ရှပ်အင်္ကျီကိုဘောင်းဘီထဲထည့်ဝတ်ထားသည် ။ခါးသိမ်သိမ်လေးနဲ့ ပနံတင့်နေတဲ့ ခါးပတ်ကလည်းဈေးကြီးတယ်ဆိုတာ မြင်တာနဲ့သိသည် ။တကိုယ်လုံးကိုမျက်တောင်မခတ်ပဲစိုက်ကြည့်နေတဲ့ ဂျီမင်ကတော့သူ့ကိုနားအလည်ဟန်ဖြင့် မတိုးမကျယ်လေသံနဲ့ပြောလာသည် ။
သူပြောခဲ့သလိုပဲ နောက်တကြိမ်ပြန်တွေ့ခဲ့ရင် သူစိမ်းတွေလိုနေမယ်ဆိုတာ ဂျီမင်တေယာက်မေ့လျော့သွားတာလား ။အပြုံးရယ်ကင်းမဲ့နေတဲ့ ဂျီမင်ရဲ့နှုတ်ခမ်းဖူးဖူးလေးက တဆက်ဆက်တုန်နေတာသူသိသည် ။ဒါပေမယ့် အလုပ်ကိစ္စကလွဲပြီး ဘာမှမသိချင်တာကြောင့် မမြင်ချင်ယောင်ဆောင်လိုက်သည်။သူ့မှာ ဒီလောက်တော့လုပ်ပိုင်ခွင့်ရှိတယ်မဟုတ်လား ။
*ဘာလို့ ဒီကိုရောက်လာတာလဲ.....*
*...........*
*ငါ့ကုမ္ပဏီဆိုတာ မသိလို့လား.....*
*စီးပွားရေးလုပ်နေတဲ့သူတွေအချင်းချင်း ရှယ်ရာတိုးချင်လို့ လာတာကို ဘာဖြစ်တာလဲ.ဗျာ.....*
*အစကတည်းက မင်းဆိုတာသိခဲ့ရင်တွေ့ဖို့လက်မခံပါဘူး....*
*ကျွန်တော်တို့မိတ်ဆွေဖြစ်ဖူးလို့လား ။ဒီကလူကြီးမင်း ပြောတာနားမလည်ဘူး ဗျ့....!*
*ဂျွန်ဂျောင်ဂု....!ငါ့ကိုစိတ်တိုအောင်မလုပ်နဲ့...!။မင်းနဲ့လည်းအလုပ်တွဲမလုပ်နိုင်လို့ ပြန်တော့....!*
*အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို မခွဲခြားနိုင်သေးဘူးပဲ ။ကျွန်တော့်ထက်အသက်ကြီးပြီး မရင့်ကျက်သေးတာ ရယ်စရာတော့ကောင်းသား......*
*မင်း..!ထွက်သွားတော့..!.*
*ကလေးမဆန်ပါနဲ့ Mr.Park.. ကျွန်တော်လည်းပျော်လို့လာတာမဟုတ်ဘူး ။အလုပ်ကိစ္စကလွဲပြီး ကျန်တာဘာမှမသိချင်လို့ အကျိုးတူပူးပေါင်းပေးဖို့တောင်းဆိုပါတယ်....*
ဂျီမင်စိတ်တိုနေတာကို တစိမ့်စိမ့်ကြည့်ကာပြုံးနေတဲ့ ဂျောင်ဂုကလေသံအေးအေးနဲ့ပဲပြောသွားသည် ။ဆိုဖာခုံကိုကျောမှီကာ လက်ပိုက်ပြီးထိုင်နေတော့ ဂျီမင်မှာပြေးကုတ်ချင်စိတ်ပေါက်လာသည် ။မသိရင် သူကပဲကလေးဆန်နေသလိုပြောနေပုံက ထုရိုက်ပစ်ဖို့ကောင်းတယ် ။သူ့ထက်နေနိုင်တဲ့ ဂျောင်ဂုကအချစ်ကြီးသလို အမျက်လည်းကြီးတယ်ဆိုတာ နားလည်သွားပြီ ။အရင်ကပတ်သက်ခဲ့သမျှ နိဂုံးချုပ်သွားပြီး ကိုယ်စီဘဝသစ်ကို ထူထောင်ရတော့မည်။
မျက်နှာတခုလုံးနီရဲကာ လက်သီးသေးသေးလေးကိုတင်းနေအောင်ဆုပ်ထားတဲ့ ဂျီမင်ကနောက်ဆုံးတော့လည်းစိတ်လျော့လိုက်ရသည် ။သူ့လုပ်ရက်ကြောင့် ဖေဖေထူထောင်ထားတဲ့ ကုမ္ပဏီနာမည်မပျက်စေချင်ဘူး ။သူ့လက်ထက်မှာပိုပြီး အောင်မြင်ချင်တယ် ။ဒါကြောင့် သူသည်းခံရမယ် ။အထူးသဖြင့် ခင်ပွန်းဟောင်းဂျွန်ဂျောင်ဂုနဲ့မျက်နှာချင်းဆိုင်မိတိုင်း စိတ်မပျော့သွားအောင် ထိန်းရမယ် ။
__________________
၁၂.၇.၂၄
Kelly
Thankful my readers 🤍
_________________
Zawgyi
*ဘယ္လိုျဖစ္တာလဲ သားရယ္.....*
*ေမေမျမင္တဲ့အတိုင္းပဲ သားလည္းစိတ္ညစ္လြန္းလို႔ ႐ူးေတာ့မယ္ ...*
*ဆရာဝန္ကဘာေျပာလဲ . သားဂ်ီမင္နဲ႕ေရာဆက္သြယ္လို႔မရဘူးလား....*
*မေနခ်င္လို႔ထြက္သြားတဲ့သူကို ဘာလို႔ဆက္သြယ္ေနဦးမွာလဲ ေမေမရယ္ ။သူ႕ဘဝကိုသူပိုင္တယ္ ေပ်ာ္သလိုေနပါေစေတာ့....*
*အဲလိုေတာ့မဟုတ္ေပမယ့္...ဟင္း..!ေမေမလည္းဘာေျပာရမွန္းမသိေတာ့ဘူး ။သားတို႔နဲ႕လည္း တကယ္ခက္တယ္......*
ေဆးအရွိန္နဲ႕အိပ္ေပ်ာ္ေနတဲ့သမီးလက္ကေလးကိုဆုတ္ကိုင္ရင္း အားပ်က္ဖြယ္ေလသံျဖင့္ေျပာလိုက္သည္ ။ သမီးရဲ႕လက္ဖမိုးေပၚမွာသြယ္တန္းထားတဲ့ေဆးပိုက္ေတြကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိသည္ ။ကမ္းေျခကျပန္လာၿပီး ေနာက္တေန႕မွာ သမီးကဂ်ီမင္ကိုမေတြ႕ေတာ့ တအိမ္လုံးအႏွံ႕လိုက္ရွာကာ ငိုယိုေတာ့သည္ ။ဖုန္းဆက္ေပးဖို႔ တေၾကာ္ေၾကာ္ေအာ္ေနၿပီး ဂ်ီမင္အေနာက္ကိုလိုက္မပို႔ေပးလို႔ သူ႕ကိုစိတ္ဆိုးကာ ဖိနပ္ေတာင္မပါပဲ အိမ္ထဲကေျပးထြက္သြားသည္ ။
ငယ္ငယ္ေလးကတည္းက ဂ်ီမင္မွဂ်ီမင္ျဖစ္ေနေတာ့ အခုလို႐ုတ္တရက္ႀကီးခြဲခြာသြားတာ ဘယ္လိုမွအက်င့္သားမရေသးဘူး ။ရွိုက္ႀကီးတငငင္ငိုေနတဲ့ သမီးကိုနည္းမ်ိဳးစုံနဲ႕ေခ်ာ့ျမဴၿပီး နားဝင္ေအာင္ေျပာလည္းမရေပ ။စက္ပိတ္သြားတဲ့ ဖုန္းနံပါတ္ကိုအထပ္ထပ္ေခၚရင္း အသက္ရႈၾကပ္တဲ့အထိငိုေတာ့သည္ ။သူလည္း ဘာလုပ္လို႔လုပ္ရမွန္းမသိျဖစ္လာေတာ့ ႀကံရာမရတဲ့အဆုံး ဂ်ီမင္တို႔သားဖေနခဲ့တဲ့ အိမ္ေလးကိုစြန႔္ခြာခဲ့ၿပီး သူေနတဲ့ၿမိဳ႕ကို ျပန္လာလိုက္သည္ ။လမ္းတေလွ်ာက္လုံး" ေဖေဖနဲ႕ေတြ႕ခ်င္တယ္" ဆိုၿပီးတတြတ္တြတ္ေျပာေနတဲ့သမီးက ဒီေရာက္ေတာ့လည္း ဂ်ီမင္ကိုမေတြ႕ရတာေၾကာင့္ သတိလစ္တဲ့အထိျဖစ္သြားသည္ ။
အိမ္မွာဖင္ပူေအာင္မထိုင္ရပဲ ခ်က္ခ်င္းေဆး႐ုံကိုအေျပးလာရသည္ ။ေမေမတို႔ဆီဖုန္းဆက္ၿပီး ျဖစ္သမွ်ကိုအကုန္ေျပာျပလိုက္ေတာ့ စ္တ္မေကာင္း႐ုံကလြဲၿပီး ဘာမွေတာ့မေျပာေခ် ။ဘယ္တက္နိုင္မလဲ သူ႕ကံပဲေပါ့
*သမီး သတိရလာရင္ဘာဆက္ျဖစ္ဦးမလဲ မသိဘူး....*
*ဒီလိုပဲေခ်ာ့ရမွာေပါ့..ကေလးကအေတာ္ေလးဝမ္းနည္းေနတာျဖစ္မယ္ ။မ်က္ႏွာေလးေတာင္ေခ်ာင္က်သြားတယ္.....*
*ေမေမ့ေျမးက အကိုမွအကိုျဖစ္ေနတာေလ ။သားကိုရွိတယ္လို႔ေတာင္ သတ္မွတ္ရဲ႕လားမသိဘူး....*
*ဖခင္ေမတၱာငတ္ေနတဲ့ ကေလးမို႔ပါ သားရယ္ ။ဂ်ီမင္ကိုစေတြ႕ကတည္းက အရမ္းခင္တြယ္ေနတာ သားအသိပဲေလ ။accidentျဖစ္ၿပီးေနာက္ပိုင္းမွာ အေတာ္ေလးစိတ္ဒဏ္ရာရသြားတယ္ျဖစ္မယ္...ကေလးကို သနားလြန္းလို႔ဘယ္လိုလုပ္ရမွန္းမသိေတာ့ဘူး.....*
*ေမေမေရာ အကို႔ကိုဆက္သြယ္ျဖစ္ေသးလား.....*
*သားဂ်ီမင္ဘက္က ဘယ္နခါကမ်ားအရင္ဆက္သြယ္ဖူးလို႔လဲ...ေမေမဆက္ရင္ေတာင္ ဟယ္ဝန္းနဲ႕ပဲေျပာရတာမ်ားတယ္ ...*
*အကိုဘာေတြလုပ္ေနလဲဆိုတာ သားျဖင့္နားမလည္နိုင္ေတာ့ဘူး ။Hajoon ကိုယ္တိုင္ဝန္ခံၿပီးလို႔ ျပႆနာကေအးသြားၿပီကို ထြက္သြားဖို႔ေတြးရဲတယ္....*
*ဒါကသားအျမင္ေလ ။ဂ်ီမင္ဘက္ကစဥ္းစားၾကည့္ရင္လည္း ဒီလိုလုပ္တာမွန္ပါတယ္ ။သံသယေတြလြန္ကဲၿပီး သားနဲ႕ကြာရွင္းခဲ့တယ္ ။အခုအျဖစ္မွန္ကိုသိသြားေတာ့ သူ႕ဘက္ကမွားသြားၿပီဆိုတာသိလို႔ အနားမွာဆက္ေနဖို႔ လိပ္ျပာမသန႔္တာလဲျဖစ္နိုင္တယ္.....*
*ေမေမ့သားက အကိုမ်ားလား...ဒီလိုေယာကၡမ်ိဳးရွားလိုက္တာ....*
*ဒီေကာင္ေလး...!ေမေမကျဖစ္နိုင္တာကို ေျပာျပတာပါ ။သားကအရမ္းခ်စ္လို႔ ဆြဲေခၚထားခ်င္ေပမယ့္ ဂ်ီမင္စိတ္ကိုခဏအနားေပးသင့္တယ္လို႔ ထင္တယ္......*
*သူလည္းသားကိုအရမ္းခ်စ္တာပါ.....ဒါကို....*
ဆက္မေျပာေတာ့ပဲသက္ျပင္းတခ်ခ်လဳပ္ေနတဲ့ သားျဖစ္သူကိုၾကည့္ရင္း သူ(မ)လည္း ေခါင္းရမ္းမိသည္ ။ သားကအစြဲလမ္းႀကီးသလို အခ်စ္လည္းႀကီးသည္ ။သူလိုခ်င္တာဆို မရရေအာင္ယူတက္တဲ့လူစားမ်ိဳးျဖစ္ၿပီး စိတ္နာသြားၿပီဆိုရင္လည္း စြန႔္ပစ္ဖို႔ဝန္မေလးတက္ဘူး ။ဂ်ီမင္ကိုအရမ္းခ်စ္လို႔ ပတ္ဝန္းက်င္စကားကိုမဆိုနဲ႕ မိဘေတြကိုေတာင္ ဆန႔္က်င္ဖို႔ဝန္ေလးခဲ့တာမဟုတ္ဘူး ။အတိုက္ခိုက္ေတြၾကားထဲက ရေအာင္လက္ထပ္ထားလို႔ သက္ဆုံးတိုင္ေပါင္းဖက္နိုင္မယ္ ထင္ထားတာ။
အခုေတာ့ အျပတ္ျပတ္နဲ႕ႏွာေခါင္းေသြးထြက္ကုန္ၿပီ ။ကုတင္ေပၚမွာၿငိမ္သက္ေနတဲ့ ဟယ္ဝန္းရဲ႕လက္ေသးေသးေလးကို အသာဆုတ္ကိုင္ၿပီး မ်က္ရည္ဝဲမိသည္ ။ဒီကေလးရဲ႕ကံကလည္း ေခလြန္းလိုက္တာ ။မိခင္နဲ႕လည္းေသကြဲ ,ကြဲရသလို ၊အသက္ရွိေနတဲ့ ဖခင္ကလည္းေထာင္နန္းစံေနတယ္ ။ဝဋ္ေႂကြးႀကီးလိုက္ပုံမ်ား ဘာနဲ႕ယွဥ္ျပရမွန္းေတာင္ မသိေတာ့ဘူး
*ေဖ....ေဖ...!.*
*သမီး .!ဟယ္ဝန္း...*
*ေဖေဖ..!ေဖေဖ့ကိုေခၚေပးပါ ..။အဟင့္..!ေဖေဖနဲ႕ေတြ႕ခ်င္တယ္....*
*သမီးရယ္ ဒယ္ဒီလည္း႐ူးေတာ့မယ္ ..*
*ဟယ္ဝန္းနား...ဖြားဖြားကိုၾကည့္ပါဦး ။သမီးအတြက္အ႐ုပ္ေတြအမ်ားႀကီးဝယ္လာေပးတယ္....*
*ဟင့္အင္း..!ဟင့္အင္း..!သမီးဘာမွမလိုခ်င္ဘူး ။ေဖေဖနဲ႕ပဲေနခ်င္တယ္....*
*ေဂ်ာင္ဟယ္ဝန္း....!ဘာလို႔ဒီေလာက္ထိ ေျပာရခက္ေနတာလဲ..!ဒယ္ဒီ့ကိုစိတ္တိုေအာင္လုပ္ေနတာလား..!ဟမ္.....!*
*အီးဟီး.....!ေဖေဖေရ...သမီးကိုလာေခၚပါ ။အဟင့္ ...ဒယ္ဒီ...ဒယ္ဒီကသမီးကိုေအာ္တယ္ ..*
*အခုခ်က္ခ်င္းတိတ္...!အသံထပ္မထြက္နဲ႕...!မဟုတ္ရင္ ဒယ္ဒီရိုက္မိလိုက္မယ္....*
*အဟင့္..!*
*ေျပာေနတယ္ေနာ္ ..!မ်က္ရည္ေတြသုတ္...!။ကေလးျဖစ္ၿပီး ဒီေလာက္ထိေခါင္းမာေနတယ္ ။ဟိုကထားခဲ့ၿပီလို႔ေျပာေနတာကို ဘာလို႔ေခၚခိုင္းေနတာလဲ..!ေနာက္တခါ ေဖေဖလို႔အသံထြက္ၾကည့္...!အမွိုက္ပုံထဲပစ္ထည့္ခဲ့မယ္...!*
*ဟင့္အင္း..!အဟင့္..!မထြက္ေတာ့ဘူး ။သမီး...မငိုေတာ့ဘူးေနာ္..!ဒယ္ဒီေနာ္...!ဟင့္..!သမီးကိုမစြန႔္ပစ္ပါနဲ႕....*
ဂ်ယ္ဝန္းအေျပာေၾကာင့္ ေဂ်ာင္ဂုေရာေမေမပါမ်က္ရည္က်လာသည္ ။ရင္ထဲမခ်ိတင္ကဲျဖစ္လာလို႔ သမီးကိုရင္ခြင္ထဲထည့္ပိုက္ကာ အသံတိတ္ငိုေနမိသည္ ။သူေဒါသထြက္ရင္ ေၾကာက္စရာေကာင္းမွန္းသိတဲ့ သမီးကခ်က္ခ်င္းပဲ မ်က္ရည္ေတြကိုသုတ္လိုက္ၿပီး ပါးစပ္ကိုလက္ျဖင့္အုပ္ကာ ရွိုက္ငင္သံမထြက္ေစရန္တားထားသည္ ။ေဂ်ာင္ဂုလည္း ဆူၿပီးမွသနားသြားသည္
သူလည္းဒီလိုမေျပာခ်င္ပါဘူး ။ဒါေပမယ့္ သမီးကေခ်ာ့လို႔မွမရတာ ။မ်က္လုံးမဖြင့္ပဲ ေဖေဖ့ကိုေခၚေပးဆိုၿပီး ေျခေထာက္ႏွစ္ေခ်ာင္းကိုလိမ္ယွက္ၿပီး ေကာက္ေနေတာ့ စိတ္မရွည္တဲ့အဆုံးေအာ္မိသြားတယ္ ။တခ်က္တခ်က္ရွိုက္သံထြက္ေနေသးတဲ့ သမီးကသူ႕လည္တိုင္ၾကားထဲ ေခါင္းတိုးေဝ့ရင္း ၿငိမ္က်သြားတယ္ ။ထိုမွ ေဂ်ာင္ဂုလည္း မ်က္လုံးစုံမွိတ္ကာ သက္ျပင္းတိုးတိုးခ်လိဳက္မိျပန္တယ္ ။ေလာေလာဆယ္ေတာ့ ဒီနည္းလမ္းကအသုံးဝင္သြားၿပီ ။ေနာက္ေန႕ေတြ ဘယ္လိုႏွစ္ပါးသြားရမလဲဆိုတာကိုေတာ့ မေတြးခ်င္ေတာ့ေပ
*သမီး ဘာစားခ်င္လဲ...ဒယ္ဒီဝယ္ေပးမယ္ေလ..*
*ဘာမွမစားခ်င္ဘူး...*
*အဲလိုလုပ္လို႔မရဘူး ေဆးေသာက္ဖို႔အစာရွိမွျဖစ္မယ္ ။ဒါမွ ေနျမန္ျမန္ေကာင္းၿပီး ေဆး႐ုံကဆင္းရမွာေပါ့...*
*အခုလည္းသမီးေနေကာင္းပါတယ္...*
*ဟယ္ဝန္း.....*
*ဟုတ္..!သမီး ဟမ္ဘာဂါစားခ်င္တယ္ ..*
*ဒါဆို ဖြားဖြားနဲ႕ခဏေနခဲ့ ။ဒယ္ဒီသြားဝယ္ေပးမယ္....*
ေဂ်ာင္ဂုကိုမဝံ့မရဲေလးၾကည့္ကာ ယုန္သူငယ္ေလးသဖြယ္ၿငိမ္က်သြားတာတဲ့ ဟယ္ဝန္းကအဖြားျဖစ္သူကို မ်က္လုံးေလးလွန္ၿပီး စစ္ကူလွမ္းေတာင္းသည္။ ေဖ်ာ့ေတာ့ေနတဲ့ မ်က္ႏွာေလးက ေန႕ခ်င္းညခ်င္းဆိုသလို ေခ်ာင္က်သြားသည္ ။လက္ဖမိုးေပၚကေဆးပိုက္ကို အသာတို႔ထိၿပီး ဘာစကားမွမေျပာေတာ့ပဲ ေခါင္းငိုက္စိုက္ျဖင့္ထိုင္ေနသည္ ။ေဂ်ာင္ဂုေမေမကေတာ့ စိတ္မေကာင္းဟန္ျဖင့္ ဟယ္ဝန္းရဲ႕ဆံႏြယ္ေတြကို ပြတ္သတ္ကာ ေလခ်ိဳေအးျဖင့္ေခ်ာ့ျမဴရေတာ့သည္ ။
သားဖအရင္းမဟုတ္တာေတာင္ ဒီေလာက္ထိအစြဲလမ္းႀကီးေနရင္ ေသြးသားရင္းခ်ာျဖစ္လို႔ကေတာ့ မေတြးရဲစရာပဲ ။
*ဖြားဖြား....*
*ဟင္..!ဘာျဖစ္လို႔လဲ သမီး ...*
*ေဖေဖ့ကိုဖုန္းေခၚေပးလို႔ရမလား.....*
*အခုပဲ သမီးဒယ္ဒီကမွာသြားတယ္ေလ ။ေျပာစကားနားမေထာင္ရင္ ဘာလုပ္မလဲသိတယ္မလား....*
*သမီး ေဖေဖ့ကိုသတိရလို႔ပါ..*
*သမီးေဖေဖကအလုပ္ကိစၥရွိလို႔ ခရီးထြက္သြားတယ္ ။လအနည္းငယ္ေလာက္ၾကာရင္ ျပန္လာလိမ့္မယ္...*
*ဖြားဖြားကညာျပန္ၿပီ ...*
*တကယ္ေျပာတာ...သမီးကိုလည္းဂ႐ုစိုက္ေပးဖို႔ဖြားဖြားကိုမွာသြားတယ္ ။ေနမေကာင္းမျဖစ္ေစနဲ႕တဲ့...*
*ဟုတ္လို႔လား...*
*အင္း..!အဲေတာ့သမီးက ေဖေဖ့စကားနားေထာင္တဲ့အေနနဲ႕ က်န္းမာလာေအာင္ေနရမယ္ေနာ္ ။ဒါမွ ေဖေဖျပန္လာရင္ သမီးနဲ႕အတူတူေလွ်ာက္လည္လို႔ရမွာ.....*
*ဟုတ္ကဲ့..!သမီးနားလည္ပါၿပီ ဖြားဖြား ..*
ပုတ္သင္ညိုေလးလိုေခါင္းကိုတဆက္ဆက္ၿငိမ့္ရင္း ၿပဳံးရိပ္သန္းလာေတာ့မွ သူ(မ)လည္းစိတ္ေအးသြားေတာ့တယ္ ။ေဂ်ာင္ဂုေျပာသလိုပဲ ဟယ္ဝန္းကဂ်ီမင္ကိုပဲအၿမဲတမ္းတေနတယ္။ မွိုင္ေထြေနတဲ့မ်က္ႏွာေလးက ခ်က္ခ်င္းဆိုသလို႐ႊင္ျပသြားၿပီး အစားကိုလည္းကုန္ေအာင္စားကာ ေဆးေတြကိုအလိုတသိနဲ႕ေသာက္ေပးတယ္။ ဒါေပမယ့္ အရင္လိုေတာ့ စကားသိပ္မေျပာေတာ့ေပ ။သာလိကာေလးလို ဟိုေမးဒီေမးလုပ္တက္တဲ့ ဟယ္ဝန္းက အခုမ်ားေတာ့ တေယာက္ထဲတ္ိတ္တဆိတ္ၿငိမ္ေနတက္တယ္ ။
ေဂ်ာင္ဂုကိုလည္းခြၽဲႏြဲ႕တာမ်ိဳးမလုပ္ေတာ့ပဲ အိပ္ယာထဲအၿမဲေခြေနတာကိုေတာ့ အားလုံးကစိတ္ပူၾကတယ္ ။ကေလးစိတ္ထဲအေတာ္ေလးခံစားေနရတာျဖစ္မယ္ ။
*သားကဘာဆက္လုပ္မယ္လို႔ေတြးထားလဲ....*
*ေလာေလာဆယ္ သမီးကိုဂ႐ုစိုက္ေပးဖို႔အနီးကပ္ေနမွျဖစ္မယ္ ။အလုပ္သြားလိုက္ရင္ သမီးတေယာက္ထဲအထီးက်န္ေနမွာ...*
*ေဖေဖလည္းတကယ္အံ့ဩတယ္ ..ေျမးေလးက ဂ်ီမင္ကလြဲၿပီးဘယ္သူ႕ကိုမွသိပ္မခင္တြယ္တာ...*
*အဲတာေျပာတာေပါ့..အခုဆိုသားကိုေတာင္စကားေကာင္းေကာင္းမေျပာေတာ့ဘူး ။ေဆး႐ုံမွာတုန္းကဆူလိုက္လို႔ျဖစ္မယ္.....*
*ကေလးကိုအၾကမ္းပတမ္းမေျပာပါနဲ႕ သားရယ္ ။ဒီအ႐ြယ္က ႏွလုံးသားႏုတယ္ ...သူ႕စိတ္ထဲရွိတဲ့အတိုင္းလုပ္လိုက္ရင္ တခုခုျဖစ္သြားမွ အားလုံးရင္က်ိဳးရမယ္ ...*
*သားဆင္ျခင္ပါ့မယ္....*
*သားတို႔အဆင္ေျပသလိုလုပ္ၾကပါ ။ေဖေဖလည္းဒီေလာက္ပဲေျပာနိုင္တယ္ ..*
သူ႕ကိုႏွစ္သိမ့္တဲ့အေနနဲ႕ ေဖေဖကပုခုံးကိုပုတ္ကာ ဧည့္ခန္းထဲကထြက္သြားသည္ ။ေဂ်ာင္ဂုလည္း မ်က္ႏွာကိုလက္ျဖင့္အုပ္ကာ ဆံပင္ေတြကိုဆြဲဖြလိုက္သည္ ။သမီးကိုေဆး႐ုံကေပးဆင္းၿပီးသူေနတဲ့တိုက္ခန္းကိုေခၚသြားမယ္လုပ္ေတာ့ ေမေမကအိမ္မွာလိုက္ေနဖို႔ေျပာသည္ ။သူကအလုပ္ရႈပ္တဲ့သူျဖစ္လို႔ သမီးကိုတေယာက္ထဲထားရမွာ စိတ္မခ်ဘဴးတဲ့ေလ ။ေမေမေျပာမွ သူလည္းေတြးမိသြားတယ္ ။ဒါေၾကာင့္ သမီးေလးအရင္လို ျပန္ျဖစ္လာတဲ့အထိ အတူတူေနဖို႔ဆုံးျဖတ္လိုက္တယ္ ။
သူ႕ကိုနားလည္ေပးၾကတဲ့ မိဘႏွစ္ပါးကိုဘယ္လိုေက်းဇူးဆပ္ရမလဲမသိေတာ့ဘူး ။ျဖစ္လာသမွ်အရာအားလုံးကို အက်ိဳးအေၾကာင္းစဥ္းစားေပးသည္ ။ဘာအလုပ္လုပ္ အေနာက္ကေနအၿမဲရပ္တည္ေပးၿပီး အမွားလုပ္ရင္လည္းအျပစ္မတင္ပဲ သင္ခန္းစာယူဖို႔အႀကံေပးသည္ ။ဒီအသက္႐ြယ္ေရာက္တဲ့အထိ သူ႕စိတ္ႀကိဳက္ေနခြင့္ေပးတာကိုက ကံေကာင္းျခင္းတမ်ိဳးပါပဲ ။မိဘဆိုၿပီး သားသမီးကိုခ်ဳပ္ခ်ယ္တာမ်ိဳးမလုပ္ပဲ ကိုယ္ပိုင္ဉာဏ္နဲ႕ဆုံးျဖတ္ခိုင္းသည္ ။အခုေတာ့ သူ႕လုပ္ရက္ေတြမွားသြားၿပီလားလို႔ အႀကိမ္ႀကိမ္ေတြးေတာေနမိတယ္ ။မိဘဂုဏ္ယူရတဲ့သားမျဖစ္ပဲ မိဘမ်က္ႏွာအိုးမည္းသုတ္တဲ့သားျဖစ္ေနၿပီ။သူ႕ေၾကာင့္နဲ႕ ေမေမတို႔လည္းစိတ္ဆင္းရဲရတယ္
________________________
*တေန႕လုံးဘာမွမစားပဲ အိပ္ယာထဲေခြေခါက္ေနတာ ဘယ္နရက္ရွိၿပီလဲ...။အသံတိတ္ဆႏၵျပေနတာလား....*
*သားကိုဒီအတိုင္းခဏေလာက္လႊတ္ထားေပးလို႔မရဘူးလား....*
*မရဘူး..!ငယ္တဲ့အ႐ြယ္လည္းမဟုတ္ပဲနဲ႕ အခ်စ္ကိုေတာ္႐ုံပဲ႐ူးစမ္းပါ.....*
*ေမေမ !အဲလိုမေျပာပါနဲ႕ ။သားလည္းခံစားတက္တဲ့ႏွလုံးသားနဲ႕လူပါ ...ခဏေလးေတာင္လြမ္းလို႔မရဘူးလား ....*
*ေတာ္႐ုံဆို ေမေမမေျပာလိုဘူး ။အခုကေန႕တိုင္းနီးပါး အစားမစားနိုင္ေအာင္ထိျဖစ္ေနလို႔ ေျပာေနရတာ....*
*............*
*အဲဖုန္းကိုၾကည့္ၿပီးအၿမဲငိုေနေတာ့မွာလား...။ဘယ္အခ်ိန္မွ အလုပ္လုပ္ဖို႔စိတ္ကူးထားလဲ...*
*ေလာေလာဆယ္ သားဘာမွမစဥ္းစားခ်င္ေသးဘူး ။အခ်ိန္တခုထိပါပဲ ၿပီးတာနဲ႕ေမေမျဖစ္ေစခ်င္တဲ့အတိုင္း လုပ္ေပးမယ္ .....*
ေစာင္ကိုေခါင္းအထိလုံေနေအာင္ၿခဳံထားတဲ့ ဂ်ီမင္က စို႔နစ္ေနတဲ့ေလသံနဲ႕ေျပာလိုက္ေတာ့ ေမေမလည္းထပ္ၿပီးမဆူေတာ့ေပ ။ေဂ်ာင္ဂုဆီကျပန္လာၿပီးတဲ့ေန႕ကစလို႔ အခန္းတြင္းေအာင္းေနတဲ့ သူ႕ကိုေမေမကေန႕တိုင္းဆူပူေတာ့တယ္။ အအိပ္ ၊အစားမမွန္တဲ့သူ႕ခႏၶာကိုယ္က အားနည္းလာၿပီး ရင္ထဲတလွပ္လွပ္နဲ႕တုန္လာတယ္ ။အမ်ားအျမင္မွာ ဂ်ီမင္ကေခါင္းမာၿပီးေျပာရခက္တယ္လို႔ထင္ၾကလိမ့္မယ္ ။တကယ္တမ္း ဂ်ီမင္ရင္ထဲကမာၻပ်က္ေနတာကိုေတာ့ မည္သူမွမသိေခ် ။
ဒါဆို ခ်စ္ရဲ႕သားနဲ႕ဘာလို႔လမ္းခြဲခဲ့လဲလို႔သူ႕ကိုေမးလာခဲ့ရင္လည္း အေျဖမရွိျပန္ဘူး ။ သူ႕လုပ္ရက္ကို သူကိုယ္တိုင္ေတာင္နားမလည္နိုင္လို႔ အျပစ္တင္စကားမဆိုၾကပါနဲ႕ ။ေဂ်ာင္ဂုနဲ႕သမီးကို ထားခဲ့ရလို႔ စိတ္မေကာင္းျဖစ္ေနၿပီး ဆက္သြယ္ဖို႔လည္း အႀကိမ္ႀကိမ္ႀကိဳးစားခဲ့တယ္ ။ဒါေပမယ့္ မာနကလက္မခံျပန္ဘူး ။သူ႕ဘက္ကျပတ္သားနိုင္လို႔ ဒီအေျခေနထိျဖစ္လာၿပီးမွ ျပန္သြားဖို႔ဆိုတာ ဘယ္နည္းနဲ႕မွမျဖစ္နိုင္ေတာ့ဘူး
ကမ္းေျခမွာရိုက္ကူးထားတဲ့ vdကို ေန႕တိုင္းၾကည့္ၿပီးခိုးငိုရလြန္းလို႔ သူ႕မ်က္အိပ္ေတြေဖာင္းအစ္ေနၿပီ ။ဘာမွမလုပ္ခ်င္မကိုင္ခ်င္ျဖစ္ေနတဲ့ သူ႕ပုံစံကို ေမေမကေတာ့လုံးဝအားမရဘူး ။ဒါေၾကာင့္ သူ႕ဖုန္းကိုသိမ္းသြားတယ္ ။
*အဆင္ေျပရဲ႕လား သားငယ္..….*
*ဟုတ္....*
*လိုတာရွိရင္ေဖေဖ့ကိုေျပာေနာ္ ။သားေမေမက သိတဲ့အတိုင္း နည္း"ဆိုးတယ္မလား ...*
*အဟား..!ေမေမၾကားရင္အထုခံရေတာ့မယ္ ....*
*ျပန္မေျပာနဲ႕ေပါ့...*
နံနက္စာစားေနရင္း ဟာသေႏွာကာေျပာေနတဲ့ ေဖေဖ့ေၾကာင့္ ၿပဳံးလိုက္မိတယ္ ။က်န္းမာေရးသိပ္မေကာင္းတဲ့ ေဖေဖကအသက္႐ြယ္ရလာေတာ့ တေန႕တျခားအ႐ြယ္က်လာတယ္ ။စီးပြားေရးကိုဦးမေဆာင္နိုင္ေတာ့ အတြင္းေရးမႉးကိုၾကည့္ၾကပ္ခိုင္းေစၿပီး လိုအပ္တာကိုအိမ္ကေနစီမန့္ခန့္ခြဲေပးတယ္ ။ သူလည္းေဖေဖ့အလုပ္ကိုသိပ္နားမလည္ဘူး ။အ႐ြယ္ေရာက္ကတည္းက ,ဘဲေလးအကကိုပဲ တစိုက္မွတ္မွတ္သင္ယူခဲ့တာဆိုေတာ့ စီးပြားေရးအျမင္လည္းမရွိဘူး ။
အခုေတာ့အကကိုစြန႔္လႊတ္လိုက္ၿပီဆိုေတာ့ ေဖေဖ့အလုပ္ကိုပဲဦးေဆာင္မွရေတာ့မယ္ ။အလုပ္မွာအခက္ခဲမျဖစ္ေစဖို႔ ေဖေဖကေတာ့ေန႕တိုင္းသင္ျပေပးတယ္ ။အတြင္းေရးမႉးကလည္း လိုအပ္တာမွန္သမွ်ေျပာျပေပးလို႔ သိပ္ေတာ့အခက္ခဲမရွိဘူး ။ဒါေပမယ့္ ရွယ္ရာရွင္တခ်ိဳ႕ကေတာ့ သူ႕ကိုလိုလားဟန္မေပၚဘူး ။စီးပြားေရးအေၾကာင္းဘာမွမသိပဲ ကုမၸဏီကိုဦးေဆာင္မွာဆိုေတာ့ သူတို႔ရွယ္ရာေတြဆုံးရႈံးမွာေၾကာက္ေနပုံပဲ ။သူကလည္းဒီလိုစိန္ေခၚမႈမ်ိဳးကိုႀကိဳက္လို႔ ေဖေဖ့ထက္ေတာ္ေအာင္လုပ္ျပမယ္လို႔ ေတးမွတ္ထားတယ္။
*ေန႕လည္စာမစားေသးဘူးလား Hwan....*
*အင္း ..!လုပ္လက္စေလးမၿပီးေသးလို႔ ခဏေနမွစားေတာ့မယ္ ...*
*စားၿပီးမွလုပ္လို႔ရတာပဲကို ...ကြၽန္ေတာ္တေယာက္ထဲမို႔ အတူတူသြားစားၾကမယ္ေလ ...*
*အဲလိုရလား...*
*ဒါေပါ့.!*
စကားေျပာခ်ိဳၿပီး လူတိုင္းကိုေဖာ္ေ႐ြစြာဆက္ဆံတက္တဲ့ ဂ်ီမင္ကိုအတြင္းေရးမႉးသာမက ဝန္ထမ္းအားလုံးကခ်စ္ခင္ၾကသည္ ။ၿပဳံးလိုက္တိုင္း ပိတ္က်သြားတဲ့လျခမ္းေကြးသဏၭန္မ်က္ဝန္းေလးကို ျမင္သူတိုင္းအၾကည့္မလႊဲနိုင္ၾကေပ ။အလုပ္လုပ္တဲ့ေနရာမွာလည္း ေစ့စပ္ေသခ်ာလို႔ Mr.Parkေျခရာနင္းမယ္လို႔လည္း တိတ္တဆိတ္ေကာက္ခ်က္ခ်ၾကသည္ ။
ဂ်ီမင္ကဖိုင္တြဲေတြကိုသိမ္းဆည္းကာ ေညာင္းညာေနတဲ့မ်က္ရိုးကိုႏွိပ္နယ္လိုက္ၿပီး အတြင္းေရးမႉးကိုေျပာလိုက္သည္ ။ လုပ္သက္ၾကာၿပီျဖစ္လို႔ ေဖေဖ့လူယုံလိုေတာင္ေျပာလို႔ရတယ္ ။သူ႕ထက္ႏွစ္ႏွစ္ေလာက္ႀကီးေပမယ့္ နာမည္တပ္ေခၚဖို႔ေျပာလာၿပီး အကိုတေယာက္လိုသေဘာထားနိုင္ေၾကာင္း ေျပာသည္။
ဂ်ိီမင္တို႔ကကုမၸဏီနဲ႕ခပ္လွမ္းလွမ္းမွာရွိတဲ့ လမ္းတဖက္ကစားေသာက္ဆိုင္ကိုဦးတည္လိုက္သည္ ။အျပင္ထြက္လိုက္တာနဲ႕ ရႈပ္ယွက္ခတ္ေနတဲ့ ကားတန္းကိုၾကည့္ၿပီးသက္ျပင္းေမာခ်လိဳက္သည္ ။ေနကလည္းအေတာ္ေလးပူ၏။
*ဒီဆိုင္ကစားလို႔အဆင္ေျပတယ္ ။တကယ္လို႔ ဂ်ီမင္မႀကိဳက္ရင္ ေျပာေနာ္....*
*ကြၽန္ေတာ္ကအစားမေ႐ြးဘူး Hwan..*
*ကိုယ္ေရာပဲ....*
ႏွစ္ေယာက္သားအလုပ္ကိစၥေျပာရင္းေန႕လည္စာကိုအရသာရွိရွိသုံးေဆာင္ေနသည္ ။ဟာသဉာဏ္႐ႊင္တဲ့Hwanက သူ႕ကိုစေနာက္တက္ေသးသည္ ။စိတ္ထဲေလးလံေနတာမ်ိဳးမရွိေတာ့ပဲ အရင္လိုေပ်ာ္ေပ်ာ္ေနတက္တဲ့ ဂ်ီမင္ဘဝကိုျပန္ေရာက္သြားသည္ ။ဒါကလည္းၾကာရွည္မခံပါဘူး ။သူ႕ျမင္ကြင္းထဲေရာက္လာတဲ့ အရာတခုေၾကာင့္ ႐ုတ္ခ်ည္းဆိုသလို မ်က္ႏွာထက္ကအၿပဳံးေတြေပ်ာက္ကြယ္သြားၿပီး ဝမ္းနည္းရိပ္ေယာင္သန္းလာသည္ ။
ေနနိုင္တယ္လို႔ဟစ္ေႂကြးထားသမွ် အရိပ္ေလးျမင္လိုက္တာနဲ႕တင္ ခ်က္ခ်င္းေျပးဖက္ခ်င္တဲ့အထိ သူ႕စိတ္ေတြမတည္ၿငိမ္ေသးေပ ။သမီးလက္ကိုဆြဲကာ ပါးခ်ိဳင့္ေရးေရးေလးေပၚသည္အထိ ၿပဳံးေနတဲ့ေဂ်ာင္ဂုက sunglasses အႀကီးႀကီးကိုတပ္ဆင္ထားသည္ ။ဘယ္လိုေၾကာင့္ ဒီဆိုင္ကိုေရာက္လာလည္းမသိေပမယ့္ ေဂ်ာင္ဂုေနတဲ့ေနရာနဲ႕ဆိုရင္ အေတာ္ေလးလွမ္းသည္ ။တိုင္ဆိုင္တာလားေတာ့မေျပာတက္ဘူး ။သူ႕ကုမၸဏီနဲ႕လည္းနီးတယ္မဟုတ္လား
*ဘာျဖစ္လို႔လဲ ဂ်ီမင္....*
*ဟို ..ကြၽန္ေတာ္သန့္စင္ခန္းခဏသြားမလို႔ ..ဆိုင္အျပင္ကေစာင့္ေနလို႔ရမလား....*
*အင္း ရတယ္ေလ...*
ဝဲတက္လာတဲ့မ်က္ရည္ၾကည္ေတြကို Hwanကေတြ႕သြားတယ္ထင္၏ တစ္သ်ဴးစကိုကမ္းေပးလာၿပီး ေမးလာသည္ ။ထိုမွ ဂ်ီမင္လည္းကပ်ာကယာကုန္းထကာ သန႔္စင္ခန္းဘက္အေျပးသြားလိုက္သည္ ။ သူ႕ကိုေက်ာေပးထားတဲ့ ေဂ်ာင္ဂုတို႔သားဖကေတာ့ ျမင္လိုက္မွာမဟုတ္ဘူး ။ပန္းေရာင္ဂါဝန္ေလးနဲ႕ ခ်စ္စရာေကာင္းေနတဲ့ သမီးေလးကလည္း သူ႕ဒယ္ဒီအနားကပ္ကာ ဘာေတြတီးတိုးေျပာေနလဲမသိဘူး ။သားဖႏွစ္ေယာက္ရယ္ေမာေနတာကိုေတြ႕ေတာ့ သူလည္းၿပဳံးမိသြားသည္ ။
သန႔္စင္ခန္းထဲကလက္ေဆးတဲ့ေနရာမွာ အၾကာႀကီးရပ္ကာ အသက္ကိုဝဝရႈထုတ္လိုက္သည္ ။ဒီအေျခေနကို ေဂ်ာင္ဂုေတြ႕လို႔ကေတာ့ဟားတိုက္ရယ္ေနမွာေသခ်ာတယ္ ။လမ္းခြဲခဲ့တာလည္း သူပဲျဖစ္သလို မေနနိုင္တာလည္းသူကိုယ္တိုင္ပဲျဖစ္ေနတယ္ ။
*လြမ္းေနရင္လည္း ဖုန္းတခ်က္ဆက္လိုက္လို႔ရတာကို သက္သက္မဲ့အပင္ပန္းခံေနတယ္......*
*ဒယ္ဒီ ဘယ္သူ႕ကိုေျပာေနတာလဲ ...*
*ဪ..!ဒယ္ဒီ့အသိတေယာက္ကိုပါ...*
*ဒါဆို ဒယ္ဒီနဲ႕တူတာေပါ့ေနာ္....*
*ဟင္ .!ဘာလို႔လဲသမီးရဲ႕...*
*ဒယ္ဒီလည္း ေဖေဖ့ကိုလြမ္းေနတာမလား .*
*မဟုတ္ပါဘူး..!သမီးကိုဘယ္သူေျပာလဲ...*
*သမီးသိတာေပါ့ ....!သမီးလည္းေဖေဖ့ကိုလြမ္းေနတာ...!.*
ဂ်ီမင္ရွိတဲ့ေနရာကိုပဲ တမင္လာခဲ့တဲ့ေဂ်ာင္ဂုက သမီးစကားေၾကာင့္ ေျပာစရာေပ်ာက္ရွသြားသည္ ။ sunglasses ကိုလက္ညိုးေလးျဖင့္ပင့္တင္ကာ ပတ္ဝန္းက်င္ကိုက်ီးကန္းေတာင္ေမွာက္ေလွ်ာက္ၾကည့္လိုက္သည္ ။ဂ်ီမင္ကိုမ်ားေတြ႕သြားမလားဆိုတဲ့စိတ္နဲ႕ သမီးလက္ကိုဆြဲကာ ကားထဲအျမန္ဝင္ခိုင္းရေတာ့သည္ ။ကားထဲေရာက္မွ သူလည္းသက္ျပင္းေမာခ်လိဳက္သည္ ။ပိုးသားရွပ္အကၤ်ီလက္ရွည္နဲ႕ ဂ်င္းက်ပ္က်ပ္ကိုဝတ္ဆင္ထားတဲ့ ေဂ်ာင္ဂုပုံစံက မ်က္စိလြဲစရာမရွိေအာင္ၾကည့္ေကာင္းသည္ ။ျဖတ္သြားၾကတဲ့ ပ်ိဳမဒီေလးေတြသည္လည္း အထာေပးတဲ့သေဘာျဖင့္ လက္ေခ်ာင္းေလးေတြေဝ့ရမ္းျပသြားသည္ ။
အေၾကာင္းျပခ်က္ေရေရရာရာမရွိပဲ သမီးနဲ႕အတူအျပင္သြားမယ္ဆိုၿပီးထြက္လာတဲ့သူ႕ကို ေမေမတို႔ကလည္းအထူးဆန္းသဖြယ္ၾကည့္လာသည္ ။ေန႕ခင္းလည္းျဖစ္တဲ့အျပင္ သူဝတ္စားထားတာကလည္း မင္းသားရႈံးတယ္ဆိုေတာ့ ေျပာလည္းေျပာခ်င္စရာပဲေလ
*ဒယ္ဒီတို႔ကစားကြင္းဘက္သြားၾကမလား...*
*ဟင့္အင္း..!ေဖေဖမပါပဲနဲ႕ ေပ်ာ္စရာေကာင္းမွာမဟုတ္ဘူး....*
*ဟယ္ဝန္း....*
*သမီးသိပါတယ္ ..ေဖေဖ့အေၾကာင္းကိုမေတြးပဲမေနနိုင္လို႔ ေျပာမိတာပါ...*
*မနက္ျဖန္ေက်ာင္းျပန္တက္ရေတာ့မွာဆိုေတာ့ သူငယ္ခ်င္းအသစ္ေတြရမယ္ ..သမီးမေပ်ာ္ဘူးလား....*
*ဟုတ္..!*
သူ႕ကိုစိတ္ဆိုးသြားတဲ့သမီးက ႏႈတ္ခမ္းေလးဆူကာၿငိမ္က်သြားသည္ ။ကားအျပင္ဘက္ကိုေငးၾကည့္ေနၿပီး ဘာမွထပ္မေျပာေတာ့တာေၾကာင့္ သူစကားလြန္သြားၿပီဆိုတာသိလိုက္သည္ ။စိတ္ရႈပ္စြာနဲ႕ sunglasses ကိုခြၽတ္ၿပီး ကားကိုတရွိန္ထိုးေမာင္းထြက္လာေတာ့ ကုမၸဏီအဝင္ဝမွာ စကားရပ္ေျပာေနတဲ့ ဂ်ီမင္ကိုလွမ္းေတြ႕လိုက္သည္ ။ဘယ္သူဘက္ကမွစၿပီးမေခၚမေျပာတဲ့ ဆက္ဆံေရးနည္းနည္းေတာ့ ေနရခက္တယ္ ။ျမင္ေနေပမယ့္ မျမင္ခ်င္ေယာင္ေဆာင္ၿပီး ေရွာင္ထြက္လာရတဲ့ အခိုက္တန႔္ကို မလိုခ်င္ဘူး ။
တေ႐ြ႕ေ႐ြ႕သြားေနတဲ့ကားကိုေတြေဝစြာေငးေမာေနတဲ့ ဂ်ီမင္ကိုကားမွန္ကေနတဆင့္ၾကည့္ၿပီး ႏႈတ္ခမ္းပါးေလးကိုမခ်ိတင္ကဲၿပဳံးလိုက္သည္ ။သူတို႔သားဖကိုထားခဲ့ၿပီး အဆင္ေျပေျပရွိေနတာေတြ႕ေတာ့ ေက်နပ္ပါတယ္ ။
*ခဏေနရင္ ရွယ္ရာရွင္တေယာက္နဲ႕ေတြ႕ဖို႔ရွိတယ္....*
*ဟုတ္ၿပီ..!အဆင္သင့္ျပင္ထားလိုက္ေလ...*
*သူ႕ဘက္ကႏွစ္ေယာက္ထဲေတြ႕ခ်င္တယ္ဆိုလို႔ meeting roomထဲမွာမဟုတ္ပဲ guest roomမွာစီစဥ္ထားေပးတယ္ ..အဆင္ေျပတယ္မလား....*
*အင္း..!ရတယ္ေလ....*
စာရင္းဇယားေတြၾကားထဲေခါင္းစိုက္ေနတဲ့ ဂ်ီမင္ကေပါ့ပါးစြာပဲ ျပန္ေျဖလိုက္တယ္ ။လုပ္ငန္းရွင္ေတြဘက္ကေတာင္းဆိုတဲ့အတိုင္း လိုက္ေလ်ာေပးရမွာသူတို႔တာဝန္မဟုတ္လား ။ႏွစ္ဦးႏွစ္ဖက္အက်ိဳးျမတ္ရလို႔ ပူးေပါင္းလုပ္ကိုင္တဲ့အလုပ္ျဖစ္ေပမယ့္ ရွယ္ရာရွင္ေတြကိုစိတ္မပ်က္ေစခ်င္ဘူး ။ဂ်ီမင္ကေတာ့ ဘယ္ေနရာေရာက္ေရာက္စိတ္ရင္းအမွန္နဲ႕ပဲေျပာဆိုဆက္ဆံတယ္ ။
Hwanကေျပာၿပီးသည္ႏွင့္အခန္းထဲကျပန္ထြက္သြားတယ္ ။သူလည္းလုပ္လက္စကို အၿပီးသတ္ကာ ဖုန္းမ်က္ႏွာျပင္ေပၚကပုံရိပ္ေလးကို တစိမ့္စိမ့္ၾကည့္ၿပီးၿပဳံးလိုက္တယ္ ။ဒါေလးနဲ႕ပဲ အလြမ္းေျဖေနရတယ္ ။
*ေနာက္က်သြားလို႔ ေတာင္းပန္ပါတယ္ ဗ့်....!ေစာင့္ရတာၾကာသြားၿပီလား....*
*အာ..!ရပါတယ္ ...ဟင္...!.*
*ေတြ႕ရတာဝမ္းသာပါတယ္ ကြၽန္ေတာ္ကj founder ရဲ႕ CEOပါ....*
*ေဂ်ာင္...ေဂ်ာင္ဂု...!.*
ထင္ထားတာနဲ႕တျခားစီျဖစ္လာတဲ့ေလာကႀကီးကိုတခါတေလနားမလည္နိုင္ဘူး ။သူတို႔ကုမၸဏီမွာ ရွယ္ရာဝင္ခ်င္တဲ့သူေတြအေျမာက္အမ်ားရွိတဲ့အထဲကမွ ဘာလို႔ေဂ်ာင္ဂုျဖစ္ေနရတာလဲ ။အတြင္းေရးမႉးေတာင္မပါပဲ တေယာက္ထဲထြက္လာပုံရတဲ့ ေဂ်ာင္ဂုကအကၤ်ီၾကယ္သီးႏွစ္လုံးကိုျဖဳတ္ထားေတာ့ ေခြၽးစက္ေတြကိုအတိုင္းသားျမင္ရတယ္။
ေလသံေအးေအးနဲ႕ေျပာၿပီး သူ႕အေရွ႕မွာဝင္ထိုင္ကာ ခပ္ေရးေရးေလးၿပဳံးျပလာသည္ ။စကၠန႔္အနည္းငယ္ၾကာသည္အထိ ဂ်ီမင္မွာမလႈပ္မယွက္ပဲၿငိမ္သက္ေနမိသည္ ။ေခါင္းထဲမွာလည္း ေမးခြန္းမ်ားစြာရွိေနၿပီး ထုတ္ေမးဖို႔ေတာ့မဝံရဲေပ
*ကြၽန္ေတာ့္နာမည္ကိုသိေနတာလား....*
*ဟို...!အင္း သိတယ္ဆိုပါေတာ့...*
*ဒါဆိုေတာ့အထူးတလည္မိတ္ဆက္စရာမလိုေတာ့ဘူးေပါ့ ။ဒီကပတ္ခ္ဂ်ီမင္ ဟုတ္တယ္မလား......*
*ဟုတ္ပါတယ္...*
*ကြၽန္ေတာ့္ကိုလုပ္ငန္းအေၾကာင္းေျပာျပေပးလို႔ရမလား ..ပတ္ခ္ဂ်ီမင္ရွီ....*
*ၾကည့္ရတာ မင္းကငါ့ထက္ငယ္မယ့္ပုံပဲ ။နာမည္တပ္မေခၚေစခ်င္ဘူး ....*
*ကြၽန္ေတာ္ကပိုၿပီးရင္းႏွီးေအာင္လို႔ပါ...အိုေခေလ .ခင္မ်ားမႀကိဳက္ဘူးဆိုရင္ မေခၚေတာ့ပါဘူး.....*
အရင္ကမသိခဲ့ပုံစံနဲ႕ဆက္ဆံေနတဲ့ ေဂ်ာင္ဂုကဘာမထီမ်က္ႏွာေပးျဖင့္ ႏႈတ္ခမ္းပါးေလးကိုတြန႔္ခ်ိဳးလိုက္တယ္ ။ေျခႏွစ္ေခ်ာင္းကိုယွက္တင္ထားၿပီးထိုင္ေနပုံက အနည္းငယ္ၾကည့္ရဆိုးေပမယ့္ ေဂ်ာင္ဂုျဖစ္ေနလို႔အထာက်တယ္ေျပာရမလား ။နဖူးေပၚကိုဆံခ်ည္တမွ်င္မက်ေအာင္ အေျပာင္သိမ္းထားၿပီး ရွပ္အကၤ်ီကိုေဘာင္းဘီထဲထည့္ဝတ္ထားသည္ ။ခါးသိမ္သိမ္ေလးနဲ႕ ပနံတင့္ေနတဲ့ ခါးပတ္ကလည္းေဈးႀကီးတယ္ဆိုတာ ျမင္တာနဲ႕သိသည္ ။တကိုယ္လုံးကိုမ်က္ေတာင္မခတ္ပဲစိုက္ၾကည့္ေနတဲ့ ဂ်ီမင္ကေတာ့သူ႕ကိုနားအလည္ဟန္ျဖင့္ မတိုးမက်ယ္ေလသံနဲ႕ေျပာလာသည္ ။
သူေျပာခဲ့သလိုပဲ ေနာက္တႀကိမ္ျပန္ေတြ႕ခဲ့ရင္ သူစိမ္းေတြလိုေနမယ္ဆိုတာ ဂ်ီမင္တေယာက္ေမ့ေလ်ာ့သြားတာလား ။အၿပဳံးရယ္ကင္းမဲ့ေနတဲ့ ဂ်ီမင္ရဲ႕ႏႈတ္ခမ္းဖူးဖူးေလးက တဆက္ဆက္တုန္ေနတာသူသိသည္ ။ဒါေပမယ့္ အလုပ္ကိစၥကလြဲၿပီး ဘာမွမသိခ်င္တာေၾကာင့္ မျမင္ခ်င္ေယာင္ေဆာင္လိုက္သည္။သူ႕မွာ ဒီေလာက္ေတာ့လုပ္ပိုင္ခြင့္ရွိတယ္မဟုတ္လား ။
*ဘာလို႔ ဒီကိုေရာက္လာတာလဲ.....*
*...........*
*ငါ့ကုမၸဏီဆိုတာ မသိလို႔လား.....*
*စီးပြားေရးလုပ္ေနတဲ့သူေတြအခ်င္းခ်င္း ရွယ္ရာတိုးခ်င္လို႔ လာတာကို ဘာျဖစ္တာလဲ.ဗ်ာ.....*
*အစကတည္းက မင္းဆိုတာသိခဲ့ရင္ေတြ႕ဖို႔လက္မခံပါဘူး....*
*ကြၽန္ေတာ္တို႔မိတ္ေဆြျဖစ္ဖူးလို႔လား ။ဒီကလူႀကီးမင္း ေျပာတာနားမလည္ဘူး ဗ့်....!*
*ဂြၽန္ေဂ်ာင္ဂု....!ငါ့ကိုစိတ္တိုေအာင္မလုပ္နဲ႕...!။မင္းနဲ႕လည္းအလုပ္တြဲမလုပ္နိုင္လို႔ ျပန္ေတာ့....!*
*အလုပ္နဲ႕ကိုယ္ေရးကိုယ္တာကို မခြဲျခားနိုင္ေသးဘူးပဲ ။ကြၽန္ေတာ့္ထက္အသက္ႀကီးၿပီး မရင့္က်က္ေသးတာ ရယ္စရာေတာ့ေကာင္းသား......*
*မင္း..!ထြက္သြားေတာ့..!.*
*ကေလးမဆန္ပါနဲ႕ Mr.Park.. ကြၽန္ေတာ္လည္းေပ်ာ္လို႔လာတာမဟုတ္ဘူး ။အလုပ္ကိစၥကလြဲၿပီး က်န္တာဘာမွမသိခ်င္လို႔ အက်ိဳးတူပူးေပါင္းေပးဖို႔ေတာင္းဆိုပါတယ္....*
ဂ်ီမင္စိတ္တိုေနတာကို တစိမ့္စိမ့္ၾကည့္ကာၿပဳံးေနတဲ့ ေဂ်ာင္ဂုကေလသံေအးေအးနဲ႕ပဲေျပာသြားသည္ ။ဆိုဖာခုံကိုေက်ာမွီကာ လက္ပိုက္ၿပီးထိုင္ေနေတာ့ ဂ်ီမင္မွာေျပးကုတ္ခ်င္စိတ္ေပါက္လာသည္ ။မသိရင္ သူကပဲကေလးဆန္ေနသလိုေျပာေနပုံက ထုရိုက္ပစ္ဖို႔ေကာင္းတယ္ ။သူ႕ထက္ေနနိုင္တဲ့ ေဂ်ာင္ဂုကအခ်စ္ႀကီးသလို အမ်က္လည္းႀကီးတယ္ဆိုတာ နားလည္သြားၿပီ ။အရင္ကပတ္သက္ခဲ့သမွ် နိဂုံးခ်ဳပ္သြားၿပီး ကိုယ္စီဘဝသစ္ကို ထူေထာင္ရေတာ့မည္။
မ်က္ႏွာတခုလုံးနီရဲကာ လက္သီးေသးေသးေလးကိုတင္းေနေအာင္ဆုပ္ထားတဲ့ ဂ်ီမင္ကေနာက္ဆုံးေတာ့လည္းစိတ္ေလ်ာ့လိုက္ရသည္ ။သူ႕လုပ္ရက္ေၾကာင့္ ေဖေဖထူေထာင္ထားတဲ့ ကုမၸဏီနာမည္မပ်က္ေစခ်င္ဘူး ။သူ႕လက္ထက္မွာပိုၿပီး ေအာင္ျမင္ခ်င္တယ္ ။ဒါေၾကာင့္ သူသည္းခံရမယ္ ။အထူးသျဖင့္ ခင္ပြန္းေဟာင္းဂြၽန္ေဂ်ာင္ဂုနဲ႕မ်က္ႏွာခ်င္းဆိုင္မိတိုင္း စိတ္မေပ်ာ့သြားေအာင္ ထိန္းရမယ္ ။
__________________
၁၂.၇.၂၄
Kelly
Thankful my readers 🤍
________________