Unicode
-နောက်တစ်ပတ်ဆိုကျောင်းတွေလဲပြန်ဖွင့်တော့မှာမို့ ကြီးကြီးမြလဲနယ်ကပြန်ရောက်နေပြီ။ဒီရက်ပိုင်းဝေလင်းနဲ့လဲသိပ်မတွေ့ဖြစ်။မနက်ပိုင်းချိုင့်သွားပို့ရင်မတွေ့ဖြစ်တာများ၍ ညဖက်ချိုင့်သွားယူရင်တခါတလေတွေ့ဖြစ်ပေမဲ့ အရင်လိုစကားအများကြီးမပြောဖြစ်တော့ပါ။နေ့သစ်ကိုယ်တိုင်ဘာပြောလို့ပြောရမယ်မှန်းမသိကာပြုံးပြနှုတ်ဆက်ပြီးလှည့်ပြန်လာခဲ့တာပင်။မတွေ့ရတဲ့အခါလိုက်ရှာနေတတ်ပြီးတွေ့ခဲ့လျှင်လဲ ဘာပြောလို့ပြောရမယ်မှန်းမသိ။အခုလဲ 10နာရီထိုးတော့မှာမို့ ဟင်းပို့ရန်ထွက်လာခဲ့သည်။
ဝေလင်းတို့အိမ်ရောက်တော့ ထုံးစံအတိုင်းဝေလင်းကိုမတွေ့။ချိုင့်ကိုဝါဝါကိုပေးရင်း
''ဝါဝါ...ဝေလင်းရော...''
''အကိုလေးက ခုနလေးတင်ပဲ မနက်စာစားပြီးအပေါ်ပြန်တက်သွားတာ...ကိစ္စရှိလို့လားကိုကြီး...ဝါဝါအကိုလေးကိုသွားခေါ်ပေးရမလား...''
''နေပါစေတော့...သူပြန်ဆင်းလာမှသာ ပြောစရာရှိလို့ ညနေချိုင့်လာယူမှပြောမယ်လို့ပြောပေးနော်...''
''ဟုတ် ဟုတ်..ကိုကြီး...''
-နေ့သစ်ပြန်သွားပြီးအတော်လေးကြာမှဝေလင်းကဆင်းလာသည်။ဝေလင်းကိုမြင်တာနဲ့ လှေခါးတလျောက်ပန်းချီကားတွေကိုသန့်ရှင်းရေးလုပ်နေတဲ့ဝါဝါက
''အကိုလေး..ဟိုဘက်ခြံက ကိုကြီးကပြောသွားတယ်...ညနေချိုင့်လာယူရင်ပြောစရာရှိလို့ပါတဲ့...''
''အေး အေး...ငါသိပြီ...''
-ဝေလင်းဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ရင်းအတွေးများနေရသည်။သူဒီရက်ပိုင်းနေ့သစ်ကိုသိသိသာသာရှောင်နေမိသည်။မနက်စာစားပြီးတာနဲ့ အခန်းးထဲပြန်ဝင်နေတာမျိုး၊ညစာစားပြီးရင်လဲ ခြံထဲဆင်းနေတာ ဧည်ခန်းထဲထိုင်နေတာမျိုးမဟုတ်ပဲ အပေါ်ထပ်မှာသာနေဖြစ်သည်။မတော့တဆတွေ့မိရင်လဲ မေးထူးခေါ်ပြောသာ။ဘာကအနရေခက်နေမှန်းလဲမသိ။အရင်ကတယောက်ထဲသူငယ်ချင်းမရှိသူမို့ ပြဿနာမရှိပေမယ့် အခုကရင်းနှီးခင်မင်စွာပြောဆိုနေတဲ့သူငယ်ချင်းကနေ ခပ်တန်းတန်းဖြစ်သွားတဲ့ ဆက်ဆံရေးကိုနေသားမကျနိုင်သေး။နေ့ခင်းဘက်နေ့သစ်ဆိုင်မှာအလုပ်များနေချိန်ဆို ဝရန်တာကနေကြည့်နေတတ်ပေမဲ့ အပြင်မှာတွေ့ပြန်တော့ မျက်နှာပူနေမိသလိုပင်။
နေ့သစ်နဲ့အရင်လိုပဲ ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံချင်သည်။သူ့မှာ သူငယ်ချင်းဆိုလို့ဒီတစ်ယောက်ပဲရှိတာလေ။ညကျနေ့သစ်လာရင်တော့ သေချာလေးစကားပြန်ပြောအုံးမှပါ။
•••
-ည7နာရီကျော်ပုံမှန်တိုင်းနေ့သစ်ချိုင့်လာယူတော့ ဧည့်ခန်းထံမှာဝေလင်းကထိုင်နေသည်။ဝေလင်းအရင်သူ့ကိုစကားလှမ်းပြောသည်။
''စားပြီးပြီလားနေ့သစ်...ထိုင်အုံးလေ...''
''အင်းစားပြီးပြီ...မင်းရောစားပြီးပြီလား...''
''အင်း စားပြီးပြီ...မင်းငါ့ကိုပြောစရာရှိလို့ဆို...''
''ဟုတ်တယ် ငါရှေ့ရက်တွေထဲကပြောမလို့ပဲ...မင်းနဲ့ဒီရက်ပိုင်းမတွေ့ဖြစ်တော့ ဝါဝါ့ကိုမနက်ကမှာခဲ့လိုက်တာ...''
''အင်း ငါဒီရက်ပိုင်းအောက်သိပ်မဆင်းဖြစ်လို့...ပြောလေ...မင်းငါ့ကိုပြောစရာရှိတယ်ဆိုတာ...''
''နောက်တပတ်ဆိုကျောင်းတွေတက်ရတော့မှာဆိုတော့...ငါဟင်းဆက်ပို့ပေးရအုံးမလားမေးချင်လို့...''
-ဟုတ်သား နောကျတပတျဆိုသူတျို့ကြောငျးပွနျတကျရတော့မှာပဲ ဝေလင်းအဲ့ဒါကို တကယ်ကြီးသတိမေ့နေတာပဲ။
''မင်းကကျောင်းတက်ရတော့မှာဆိုတော့ လာပို့ပေးလို့အဆင်မပြေတော့ဘူးပေါ့....''
''ငါ့ဘက်က ကျောင်းမသွားခင်စောစောလာပို့လို့ရပါတယ်...မင်းဘက်ကအဆင်မပြေမှာစိုးလို့ပါ....''
-ဝေလင်းမျက်နှာသိသိသာသာဝင်းပသွားကာ လိုချင်တာရသွားသည့် ကလေးလို
''မင်းအဆင်ပြေရင် ဆက်ပို့ပေးပါလား....ငါလဲကျောင်းတက်ရမှာဆိုတော့ မနက်ထဲကယူသွားလို့ရတာပေါ့....''
''အင်းငါပို့ပေးပါ့မယ်....ဒါနဲ့မင်းကျောင်းပြောင်းတာအဆင်ပြေလား...ဘယ်ကျောင်းပြောင်းမှာလဲ....''
''ငါပြောင်းချင်တဲ့ကျောင်းကိုလေးလေးကိုပြောထားပါတယ်...လေးလေးကအကုန်စီစဥ်ပြီးပြီတော့ပြောတယ်...အဲ့ဒါတွေထားပါ...မင်းဖုန်းပါလား ငါ့နံပါတ်ကိုမှတ်သွားလေ...''
''ဟမ်! မင်းဖုန်းနံပါတ်လား....''
''အင်းဟုတ်တယ်လေ...အခုလိုတစ်ခုခုပြောစရာရှိရင် ဖုန်းဆက်လို့ရအောင်လေ...''
''အာာ...ငါဖုန်းမယူခဲ့ရဘူး...မင်းပဲ ငါ့နံပါတ်မှတ်ထားလိုက်လေ...ပြီးမှငါ့ကိုခေါ်လိုက်လေ...''
''OK မင်းနံပါတ်ပြော....''
-နေ့သစ်ဖုန်းနံပါတ်ပေးပြီးတာနဲ့ ဝေလင်းကိုနှုတ်ဆက်ကာပြန့်လာခဲ့သည်။အလာတုန်းကနဲ့တော့မတူ။ဝေလင်းနဲ့စကားမပြောတာကြာပြီးမှပြန်ပြောခွင့်ရခဲ့သလို အခုဆိုဖုန်းနံပါတ်တွေပါသိရပြီဆိုတော့နေ့သစ်မျက်နှာပြုံးရွှင်ကာ ပန်းတွေပွင့်လန်းသလို တက်ကြွလန်းဆန်းနေတယ်။
•••
-ဟိုဘက်ခြံကပြန်ရောက်ထဲက Ph ကိုလက်ကမချပဲခဏခဏကြည့်နေတဲ့ နေ့သစ်ကို ဒေါ်ယဥ်မေသူရော ကြီးကြီးမြပါကြည့်ကာ
''မေသူ...ညည်းသားရည်းစားတွေဘာတွေများရနေတာလားမသိဘူး...မေးလဲကြည့်ပါအုံး...''
''ညီမလေး အရင်ရက်ပိုင်းကမေးသေးတယ် မရှိဘူးတော့ပြောတယ်..ရည်းစားထားရင်ညီမလေးကိုအရင်ပြောပြမယ်တော့ပြောတာပဲ''
''ဟုတ့်ပါ့မလားဟယ်...ညည်းဆူမှာစိုးလို့လိမ်ပြောတာများလား...သေချာမေးကြည့်ပါအုံး..တော်ကြာငယ်ငယ်ရွယ်ရွယ်လေးမဟုတ်မဟက်တွေနဲ့တွေ့နေမှာစိုးတာ....''
''ဟုတ်ကဲ့မမမြ...ညီမလေးလဲသားကိုစောင့်ကြည်နေပါတယ်...''
-နေ့သစ် 9နာရီထိုးတော့မှာမို့ လက်ထဲက ဖုန်းကိုသေချာကြည့်၍သက်ပြင်းတစ်ချက်ရှိုက်ကာ အိပ်ရာဝင်ရန်ကုတင်ဘေးကစားပွဲပေါ်တင်လိုက်ချိန် Message ဝင်သံကြောင့် ဖုန်းကိုပြန်ယူကြည့်လိုက်ရင်း ကုတင်ပေါ်ကနေထခုန်မိမတတ်ပျော်ရွှင်သွားသည်။
💌hi နေ့သစ်...ဒါ ငါ့နံပါတ်နော်...💌
-နေ့သစ်လက်ထဲဖုန်းလေးကို စာတချို့အမြန်ရိုက်ကာချက်ချင်းပြန်ပြောလိုက်သည်။
💌အင်း..ငါမှတ်ထားလိုက်မယ်နော်...💌
-နေ့သစ် contact တွင် 'Wai Linn'လို့မှတ်လိုက်ပြီးမှ ခဏစဥ်းစားကာပြန်ဖျက်လိုက်သည်။Contactမှာ သူမှတ်လိုက်တာက''......''
နေ့သစ် Contactမှတ်နေတုန်း ထပ်မံဝင်လာတဲ့ Message လေးကြောင့် ဘေးနားချထားတဲ့ ဖက်လုံးကို လှမ်းဆွဲကာဖျစ်ညစ်ပစ်လိုက်တဲ့အထိအသည်းတယားယားဖြစ်သွားရသည်။ Message လေးကတော့ရိုးရိုးရှင်းရှင်းလေးသာ...
💌Good Night...💌
-နေ့သစ်လဲစာတချို့ပြန်ရိုက်ပို့လိုက်ပြီး ဖုန်းကိုစားပွဲပေါ်တင်လိုက်ကာ မီးပိတ်၍အိပ်ရာဝင်လိုက်သည်။ဒါပေမယ့် အိပ်မပျော်နိုင်သေးပဲ ကုတင်ပေါ်၌လူးလှိမ့်ကာ အူမြူးနေမိသည်။
တဖက်ခြံတွင်လဲ မီးပိတ်သွားပြီဖြစ်တဲ့အခန်းကိုကြည့်လိုက်ပြီး လက်ထဲကဖုန်းလေးကိုတလှည့်ပြန်ကြည့်ကာပြုံးနေတဲ့ကောင်လေးတစ်ယောက်ရှိသည်။ဖုန်းလေးရဲ့ Screenပေါ်တွင်ရှိတဲ့နောက်ဆုံးစာလေးတစ်စောင်က
💌Good Night,Sweet Dream...💌
•••
-ဝေလင်းမနက်စာ စားရန် ဧည့်ခန်းထဲဝင်လာတော့ ကော်ဖီတစ်ခွက်ရှေ့မှာချထားကာ သတင်းစာကြည့်နေသည့်လေးလေး။ဝေလင်းလဲ ခုံတစ်ခုံဆွဲယူကာဝင်ထိုင်၍ ထမင်းချက်အန်တီပြင်ပေးထားတဲ့ Sandwichနဲ့ ကော်ဖီကိုစားရင်း
''လေးလေး ဒီနေ့ ကုမ္ပဏီ မသွားရဘူးလား...''
''အင်းဒီနေ့ လေးလေးကုမ္ပဏီ မသွားတော့ဘူး...ဆိုက်တစ်ခုသွားကြည့်စရာရှိလို့...ခဏနေမှသွားမှာ...''
''ဪ...ဟုတ်...''
''ဒါနဲ့ သားငယ် ကျောင်းကိုxxxကျောင်းကိုပဲတက်ချင်တာသေချာရဲ့လား...လေးလေးစီစဥ်ပေးတဲ့ကျောင်းကိုမတက်ချင်ဘူးလား...''
''ဟုတ်လေးလေး...ကျွန်တော်အဲ့ဒီကျောင်းပဲတက်ချင်တယ်...အိမ်နဲ့လဲနီးတော့အဆင်ပြေတယ်လေ...''
''ဟုတ်ပါပြီ...သားငယ်သဘောပါ...ဒေါ်စိုးစိုးမြင့်လဲတစ်ရက်နှစ်ရက်လောက်နေရင်ပြန်လာဖြစ်မယ်ပြောတယ်...''
''ဟုတ်လေးလေး..''
''အဲ့ဒါသားငယ်ဟင်းမှာမစားနေနဲ့တော့လေ...အန်တီစိုးပဲစီစဥ်ပေးလိမ့်မယ်...''
-ဝေလင်းစားလက်စပင်ရပ်တန့်သွားသည်။ခဏနေမှ
''ကျွန်တော် ကျောင်းသွားရင်တော့ မှာထားတဲ့ချိုင့်ပဲယူသွားလိုက်မယ်လေ...ညစာမှအန်တီစိုး စီစဥ်ပေးတာစားတော့မယ်...''
-ဦးမြတ်မင်းမောင် တူဖြစ်သူကိုသေချာအကဲခတ်ကြည့်နေမိသည်။အရင်ဆို ဒေါ်စိုးစိုးမြင့်ချက်ပေးတာမှမဟုတ်ရင် ဘဝင်မကျတတ်တဲ့တူဖြစ်သူက အခုတော့ဘေးခြံကဟင်းချိုင့်ကိုပိုသဘောကျနေသလိုပင်။မိဘတွေကအနားမှာမရှိတာမို့ တစ်ခုခုဆိုသူ့မှာတာဝန်ရှိတဲ့အတွက် ဒီကလေးကိုသေချာစောင့်ကြည့်ကာမှတော်ကာကျတော့မည်။
''လေးလေး သတင်းစာဖတ်အုံးမှာမလား...ကျွန်တော်စားပြီးပြီမို့ အရင်ထနှင့်တော့မယ်...''
''အေးအေး သားငယ်...လေးလေးလဲပီးရင်သွားတော့မှာ...''
-9နာရီခွဲလောက်ကျတော့ လေးလေးကအပြင်ထွက်သွား၍ ဝေလင်းဧည့်ခန်းမှာသာထိုင်၍ဖုန်းသုံးနေလိုက်သည်။10 နာရီလောက်မှာတော့ နေ့သစ်ရောက်လာကာ ထုံးစံအတိုင်းဟင်းလာပို့သည်။နေ့သစ်က ခါတိုင်းထက်ထူးခြားစွာ သွားတန်းညီညီလေးတွေပေါ်အောင်ပြုံးပြနေတော့ဝေလင်းနည်းနည်းအနေရခက်လာကာ အကျင့်တစ်ခုဖြစ်နေတဲ့ နားတစ်ဖက်ကိုပွတ်နေမိသည်။
''လာလေ နေ့သစ်ခဏထိုင်အုံး...''
''ငါကိုပြောစရာရှိလို့လား...ဝေလင်း...''
''ဟုတ်တယ်ပြာစရာရှိလို့...ကျောင်းဖွင့်ရင်ဟင်းကိုနှစ်နပ်စာ မဟုတ်ပဲ တစ်နပ်စာပဲထည့်ပေးပါလား...ညစာကတော့ ငါ့တို့အိမ်ကအရင်ထမင်းချက်အန်တီကြီးပြန်လာပြီမို့ သူစီစဥ်ပေးတာပဲစားလိုက်တော့မယ်...''
''ဪ အဲ့လိုလားရတယ်လေ...ဒါနဲ့...မင်းအိမ်ကစီစဥ်ပေးလို့ရနေတာကို ဘာလို့ငါတို့ဆိုင်ကမှာနေအုံးမှာလဲ...ငါ့ကိုအားနာလို့ဆိုရင်တော့ ရတယ်နော်...အားမနာနဲ့ ဟင်းမှာတာရပ်လိုက်လို့ရတယ်...''
-နေ့သစ်ပြောပြီးမှ စိတ်ထဲနည်းနည်းလေးသွားသည်။ဝေလင်းသာ ဟင်းဆက်မမှာတော့ရင် သူတို့တွေ့ဖြစ်ဖို့အကြောင်းအရာကမရှိတော့ဘူးမဟုတ်လား။ဝေလင်းနဲ့မတွေ့ဖြစ်လောက်တော့ဘူးလို့တွေးမိတော့ စိတ်ထဲမှာတော်တော်လေးနေလို့အဆင်မပြေတော့ပေ။
''မဟုတ်ပါဘူး...ငါဆက်မှာချင်လို့ကိုမှာတာပါ...မင်းတို့ဆိုင်က လက်ရာကိုတကယ်ကြိုက်တာ...ပြီးတော့...''
-ဝေလင်းက ပြောလက်စကိုရပ်လိုက်တာမို့နေ့သစ်ဘက်ကစကားထောက်ပေးကာ
''ပြီးတော့...ဘာလို့လဲ...''
''ပြီးတော့...ငါတို့နေ့တိုင်းတွေ့လို့ရတယ်လေ...''
-ခပ်တည်တည်နဲ့ပြောလိုက်တဲ့ ဝေလင်းရဲ့စကားအဆုံး နေ့သစ်ခဏလောက်မျက်တောင်မခတ်နိုင်၊အသက်မရှူနိုင်ဖြစ်သွားသည်။ဒါဆို ဝေလင်းကလဲသူ့ကိုနေ့တိုင်းတွေ့ချင်နေပါတယ်ဆိုတဲ့သဘောပဲမဟုတ်လား။နေ့သစ် သူ့အတွေးနဲ့သူကျေနပ်ကာ ခေါင်းမော့ကာအားရပါးရ ရယ်တော့ ဝေလင်းကပါခပ်တည်တည်နဲ့လိုက်ရယ်နေပါရော။
18.7.2024
5:30PM
#Pyae
Zawgyi
-ေနာက္တစ္ပတ္ဆိုေက်ာင္းေတြလဲျပန္ဖြင့္ေတာ့မွာမို႔ ႀကီးႀကီးျမလဲနယ္ကျပန္ေရာက္ေနၿပီ။ဒီရက္ပိုင္းေဝလင္းနဲ႕လဲသိပ္မေတြ႕ျဖစ္။မနက္ပိုင္းခ်ိဳင့္သြားပို႔ရင္မေတြ႕ျဖစ္တာမ်ား၍ ညဖက္ခ်ိဳင့္သြားယူရင္တခါတေလေတြ႕ျဖစ္ေပမဲ့ အရင္လိုစကားအမ်ားႀကီးမေျပာျဖစ္ေတာ့ပါ။ေန႕သစ္ကိုယ္တိုင္ဘာေျပာလို႔ေျပာရမယ္မွန္းမသိကာၿပဳံးျပႏႈတ္ဆက္ၿပီးလွည့္ျပန္လာခဲ့တာပင္။မေတြ႕ရတဲ့အခါလိုက္ရွာေနတတ္ၿပီးေတြ႕ခဲ့လွ်င္လဲ ဘာေျပာလို႔ေျပာရမယ္မွန္းမသိ။အခုလဲ 10နာရီထိုးေတာ့မွာမို႔ ဟင္းပို႔ရန္ထြက္လာခဲ့သည္။
ေဝလင္းတို႔အိမ္ေရာက္ေတာ့ ထုံးစံအတိုင္းေဝလင္းကိုမေတြ႕။ခ်ိဳင့္ကိုဝါဝါကိုေပးရင္း
''ဝါဝါ...ေဝလင္းေရာ...''
''အကိုေလးက ခုနေလးတင္ပဲ မနက္စာစားၿပီးအေပၚျပန္တက္သြားတာ...ကိစၥရွိလို႔လားကိုႀကီး...ဝါဝါအကိုေလးကိုသြားေခၚေပးရမလား...''
''ေနပါေစေတာ့...သူျပန္ဆင္းလာမွသာ ေျပာစရာရွိလို႔ ညေနခ်ိဳင့္လာယူမွေျပာမယ္လို႔ေျပာေပးေနာ္...''
''ဟုတ္ ဟုတ္..ကိုႀကီး...''
-ေန႕သစ္ျပန္သြားၿပီးအေတာ္ေလးၾကာမွေဝလင္းကဆင္းလာသည္။ေဝလင္းကိုျမင္တာနဲ႕ ေလွခါးတေလ်ာက္ပန္းခ်ီကားေတြကိုသန႔္ရွင္းေရးလုပ္ေနတဲ့ဝါဝါက
''အကိုေလး..ဟိုဘက္ၿခံက ကိုႀကီးကေျပာသြားတယ္...ညေနခ်ိဳင့္လာယူရင္ေျပာစရာရွိလို႔ပါတဲ့...''
''ေအး ေအး...ငါသိၿပီ...''
-ေဝလင္းဧည့္ခန္းထဲကဆိုဖာေပၚမွာထိုင္ရင္းအေတြးမ်ားေနရသည္။သူဒီရက္ပိုင္းေန႕သစ္ကိုသိသိသာသာေရွာင္ေနမိသည္။မနက္စာစားၿပီးတာနဲ႕ အခန္းးထဲျပန္ဝင္ေနတာမ်ိဳး၊ညစာစားၿပီးရင္လဲ ၿခံထဲဆင္းေနတာ ဧည္ခန္းထဲထိုင္ေနတာမ်ိဳးမဟုတ္ပဲ အေပၚထပ္မွာသာေနျဖစ္သည္။မေတာ့တဆေတြ႕မိရင္လဲ ေမးထူးေခၚေျပာသာ။ဘာကအနေရခက္ေနမွန္းလဲမသိ။အရင္ကတေယာက္ထဲသူငယ္ခ်င္းမရွိသူမို႔ ျပႆနာမရွိေပမယ့္ အခုကရင္းႏွီးခင္မင္စြာေျပာဆိုေနတဲ့သူငယ္ခ်င္းကေန ခပ္တန္းတန္းျဖစ္သြားတဲ့ ဆက္ဆံေရးကိုေနသားမက်နိဳင္ေသး။ေန႕ခင္းဘက္ေန႕သစ္ဆိုင္မွာအလုပ္မ်ားေနခ်ိန္ဆို ဝရန္တာကေနၾကည့္ေနတတ္ေပမဲ့ အျပင္မွာေတြ႕ျပန္ေတာ့ မ်က္ႏွာပူေနမိသလိုပင္။
ေန႕သစ္နဲ႕အရင္လိုပဲ ရင္းရင္းႏွီးႏွီးေျပာဆိုဆက္ဆံခ်င္သည္။သူ႕မွာ သူငယ္ခ်င္းဆိုလို႔ဒီတစ္ေယာက္ပဲရွိတာေလ။ညက်ေန႕သစ္လာရင္ေတာ့ ေသခ်ာေလးစကားျပန္ေျပာအုံးမွပါ။
•••
-ည7နာရီေက်ာ္ပုံမွန္တိုင္းေန႕သစ္ခ်ိဳင့္လာယူေတာ့ ဧည့္ခန္းထံမွာေဝလင္းကထိုင္ေနသည္။ေဝလင္းအရင္သူ႕ကိုစကားလွမ္းေျပာသည္။
''စားၿပီးၿပီလားေန႕သစ္...ထိုင္အုံးေလ...''
''အင္းစားၿပီးၿပီ...မင္းေရာစားၿပီးၿပီလား...''
''အင္း စားၿပီးၿပီ...မင္းငါ့ကိုေျပာစရာရွိလို႔ဆို...''
''ဟုတ္တယ္ ငါေရွ႕ရက္ေတြထဲကေျပာမလို႔ပဲ...မင္းနဲ႕ဒီရက္ပိုင္းမေတြ႕ျဖစ္ေတာ့ ဝါဝါ့ကိုမနက္ကမွာခဲ့လိုက္တာ...''
''အင္း ငါဒီရက္ပိုင္းေအာက္သိပ္မဆင္းျဖစ္လို႔...ေျပာေလ...မင္းငါ့ကိုေျပာစရာရွိတယ္ဆိုတာ...''
''ေနာက္တပတ္ဆိုေက်ာင္းေတြတက္ရေတာ့မွာဆိုေတာ့...ငါဟင္းဆက္ပို႔ေပးရအုံးမလားေမးခ်င္လို႔...''
-ဟုတ္သား ေနာက်တပတ်ဆိဳသူတ်ိဳ႕ေၾကာင်းပြန်တက်ရေတာ့မွာပဲ ေဝလင္းအဲ့ဒါကို တကယ္ႀကီးသတိေမ့ေနတာပဲ။
''မင္းကေက်ာင္းတက္ရေတာ့မွာဆိုေတာ့ လာပို႔ေပးလို႔အဆင္မေျပေတာ့ဘူးေပါ့....''
''ငါ့ဘက္က ေက်ာင္းမသြားခင္ေစာေစာလာပို႔လို႔ရပါတယ္...မင္းဘက္ကအဆင္မေျပမွာစိုးလို႔ပါ....''
-ေဝလင္းမ်က္ႏွာသိသိသာသာဝင္းပသြားကာ လိုခ်င္တာရသြားသည့္ ကေလးလို
''မင္းအဆင္ေျပရင္ ဆက္ပို႔ေပးပါလား....ငါလဲေက်ာင္းတက္ရမွာဆိုေတာ့ မနက္ထဲကယူသြားလို႔ရတာေပါ့....''
''အင္းငါပို႔ေပးပါ့မယ္....ဒါနဲ႕မင္းေက်ာင္းေျပာင္းတာအဆင္ေျပလား...ဘယ္ေက်ာင္းေျပာင္းမွာလဲ....''
''ငါေျပာင္းခ်င္တဲ့ေက်ာင္းကိုေလးေလးကိုေျပာထားပါတယ္...ေလးေလးကအကုန္စီစဥ္ၿပီးၿပီေတာ့ေျပာတယ္...အဲ့ဒါေတြထားပါ...မင္းဖုန္းပါလား ငါ့နံပါတ္ကိုမွတ္သြားေလ...''
''ဟမ္! မင္းဖုန္းနံပါတ္လား....''
''အင္းဟုတ္တယ္ေလ...အခုလိုတစ္ခုခုေျပာစရာရွိရင္ ဖုန္းဆက္လို႔ရေအာင္ေလ...''
''အာာ...ငါဖုန္းမယူခဲ့ရဘူး...မင္းပဲ ငါ့နံပါတ္မွတ္ထားလိုက္ေလ...ၿပီးမွငါ့ကိုေခၚလိုက္ေလ...''
''OK မင္းနံပါတ္ေျပာ....''
-ေန႕သစ္ဖုန္းနံပါတ္ေပးၿပီးတာနဲ႕ ေဝလင္းကိုႏႈတ္ဆက္ကာျပန႔္လာခဲ့သည္။အလာတုန္းကနဲ႕ေတာ့မတူ။ေဝလင္းနဲ႕စကားမေျပာတာၾကာၿပီးမွျပန္ေျပာခြင့္ရခဲ့သလို အခုဆိုဖုန္းနံပါတ္ေတြပါသိရၿပီဆိုေတာ့ေန႕သစ္မ်က္ႏွာၿပဳံး႐ႊင္ကာ ပန္းေတြပြင့္လန္းသလို တက္ႂကြလန္းဆန္းေနတယ္။
•••
-ဟိုဘက္ၿခံကျပန္ေရာက္ထဲက Ph ကိုလက္ကမခ်ပဲခဏခဏၾကည့္ေနတဲ့ ေန႕သစ္ကို ေဒၚယဥ္ေမသူေရာ ႀကီးႀကီးျမပါၾကည့္ကာ
''ေမသူ...ညည္းသားရည္းစားေတြဘာေတြမ်ားရေနတာလားမသိဘူး...ေမးလဲၾကည့္ပါအုံး...''
''ညီမေလး အရင္ရက္ပိုင္းကေမးေသးတယ္ မရွိဘူးေတာ့ေျပာတယ္..ရည္းစားထားရင္ညီမေလးကိုအရင္ေျပာျပမယ္ေတာ့ေျပာတာပဲ''
''ဟုတ့္ပါ့မလားဟယ္...ညည္းဆူမွာစိုးလို႔လိမ္ေျပာတာမ်ားလား...ေသခ်ာေမးၾကည့္ပါအုံး..ေတာ္ၾကာငယ္ငယ္႐ြယ္႐ြယ္ေလးမဟုတ္မဟက္ေတြနဲ႕ေတြ႕ေနမွာစိုးတာ....''
''ဟုတ္ကဲ့မမျမ...ညီမေလးလဲသားကိုေစာင့္ၾကည္ေနပါတယ္...''
-ေန႕သစ္ 9နာရီထိုးေတာ့မွာမို႔ လက္ထဲက ဖုန္းကိုေသခ်ာၾကည့္၍သက္ျပင္းတစ္ခ်က္ရွိုက္ကာ အိပ္ရာဝင္ရန္ကုတင္ေဘးကစားပြဲေပၚတင္လိုက္ခ်ိန္ Message ဝင္သံေၾကာင့္ ဖုန္းကိုျပန္ယူၾကည့္လိုက္ရင္း ကုတင္ေပၚကေနထခုန္မိမတတ္ေပ်ာ္႐ႊင္သြားသည္။
💌hi ေန႕သစ္...ဒါ ငါ့နံပါတ္ေနာ္...💌
-ေန႕သစ္လက္ထဲဖုန္းေလးကို စာတခ်ိဳ႕အျမန္ရိုက္ကာခ်က္ခ်င္းျပန္ေျပာလိုက္သည္။
💌အင္း..ငါမွတ္ထားလိုက္မယ္ေနာ္...💌
-ေန႕သစ္ contact တြင္ 'Wai Linn'လို႔မွတ္လိုက္ၿပီးမွ ခဏစဥ္းစားကာျပန္ဖ်က္လိုက္သည္။Contactမွာ သူမွတ္လိုက္တာက''......''
ေန႕သစ္ Contactမွတ္ေနတုန္း ထပ္မံဝင္လာတဲ့ Message ေလးေၾကာင့္ ေဘးနားခ်ထားတဲ့ ဖက္လုံးကို လွမ္းဆြဲကာဖ်စ္ညစ္ပစ္လိုက္တဲ့အထိအသည္းတယားယားျဖစ္သြားရသည္။ Message ေလးကေတာ့ရိုးရိုးရွင္းရွင္းေလးသာ...
💌Good Night...💌
-ေန႕သစ္လဲစာတခ်ိဳ႕ျပန္ရိုက္ပို႔လိုက္ၿပီး ဖုန္းကိုစားပြဲေပၚတင္လိုက္ကာ မီးပိတ္၍အိပ္ရာဝင္လိုက္သည္။ဒါေပမယ့္ အိပ္မေပ်ာ္နိုင္ေသးပဲ ကုတင္ေပၚ၌လူးလွိမ့္ကာ အူျမဴးေနမိသည္။
တဖက္ၿခံတြင္လဲ မီးပိတ္သြားၿပီျဖစ္တဲ့အခန္းကိုၾကည့္လိုက္ၿပီး လက္ထဲကဖုန္းေလးကိုတလွည့္ျပန္ၾကည့္ကာၿပဳံးေနတဲ့ေကာင္ေလးတစ္ေယာက္ရွိသည္။ဖုန္းေလးရဲ႕ Screenေပၚတြင္ရွိတဲ့ေနာက္ဆုံးစာေလးတစ္ေစာင္က
💌 Good Night,Sweet Dream...💌
•••
-ေဝလင္းမနက္စာ စားရန္ ဧည့္ခန္းထဲဝင္လာေတာ့ ေကာ္ဖီတစ္ခြက္ေရွ႕မွာခ်ထားကာ သတင္းစာၾကည့္ေနသည့္ေလးေလး။ေဝလင္းလဲ ခုံတစ္ခုံဆြဲယူကာဝင္ထိုင္၍ ထမင္းခ်က္အန္တီျပင္ေပးထားတဲ့ Sandwichနဲ႕ ေကာ္ဖီကိုစားရင္း
''ေလးေလး ဒီေန႕ ကုမၸဏီ မသြားရဘူးလား...''
''အင္းဒီေန႕ ေလးေလးကုမၸဏီ မသြားေတာ့ဘူး...ဆိုက္တစ္ခုသြားၾကည့္စရာရွိလို႔...ခဏေနမွသြားမွာ...''
''ဪ...ဟုတ္...''
''ဒါနဲ႕ သားငယ္ ေက်ာင္းကိုxxxေက်ာင္းကိုပဲတက္ခ်င္တာေသခ်ာရဲ႕လား...ေလးေလးစီစဥ္ေပးတဲ့ေက်ာင္းကိုမတက္ခ်င္ဘူးလား...''
''ဟုတ္ေလးေလး...ကြၽန္ေတာ္အဲ့ဒီေက်ာင္းပဲတက္ခ်င္တယ္...အိမ္နဲ႕လဲနီးေတာ့အဆင္ေျပတယ္ေလ...''
''ဟုတ္ပါၿပီ...သားငယ္သေဘာပါ...ေဒၚစိုးစိုးျမင့္လဲတစ္ရက္ႏွစ္ရက္ေလာက္ေနရင္ျပန္လာျဖစ္မယ္ေျပာတယ္...''
''ဟုတ္ေလးေလး..''
''အဲ့ဒါသားငယ္ဟင္းမွာမစားေနနဲ႕ေတာ့ေလ...အန္တီစိုးပဲစီစဥ္ေပးလိမ့္မယ္...''
-ေဝလင္းစားလက္စပင္ရပ္တန့္သြားသည္။ခဏေနမွ
''ကြၽန္ေတာ္ ေက်ာင္းသြားရင္ေတာ့ မွာထားတဲ့ခ်ိဳင့္ပဲယူသြားလိုက္မယ္ေလ...ညစာမွအန္တီစိုး စီစဥ္ေပးတာစားေတာ့မယ္...''
-ဦးျမတ္မင္းေမာင္ တူျဖစ္သူကိုေသခ်ာအကဲခတ္ၾကည့္ေနမိသည္။အရင္ဆို ေဒၚစိုးစိုးျမင့္ခ်က္ေပးတာမွမဟုတ္ရင္ ဘဝင္မက်တတ္တဲ့တူျဖစ္သူက အခုေတာ့ေဘးၿခံကဟင္းခ်ိဳင့္ကိုပိုသေဘာက်ေနသလိုပင္။မိဘေတြကအနားမွာမရွိတာမို႔ တစ္ခုခုဆိုသူ႕မွာတာဝန္ရွိတဲ့အတြက္ ဒီကေလးကိုေသခ်ာေစာင့္ၾကည့္ကာမွေတာ္ကာက်ေတာ့မည္။
''ေလးေလး သတင္းစာဖတ္အုံးမွာမလား...ကြၽန္ေတာ္စားၿပီးၿပီမို႔ အရင္ထႏွင့္ေတာ့မယ္...''
''ေအးေအး သားငယ္...ေလးေလးလဲပီးရင္သြားေတာ့မွာ...''
-9နာရီခြဲေလာက္က်ေတာ့ ေလးေလးကအျပင္ထြက္သြား၍ ေဝလင္းဧည့္ခန္းမွာသာထိုင္၍ဖုန္းသုံးေနလိုက္သည္။10 နာရီေလာက္မွာေတာ့ ေန႕သစ္ေရာက္လာကာ ထုံးစံအတိုင္းဟင္းလာပို႔သည္။ေန႕သစ္က ခါတိုင္းထက္ထူးျခားစြာ သြားတန္းညီညီေလးေတြေပၚေအာင္ၿပဳံးျပေနေတာ့ေဝလင္းနည္းနည္းအေနရခက္လာကာ အက်င့္တစ္ခုျဖစ္ေနတဲ့ နားတစ္ဖက္ကိုပြတ္ေနမိသည္။
''လာေလ ေန႕သစ္ခဏထိုင္အုံး...''
''ငါကိုေျပာစရာရွိလို႔လား...ေဝလင္း...''
''ဟုတ္တယ္ျပာစရာရွိလို႔...ေက်ာင္းဖြင့္ရင္ဟင္းကိုႏွစ္နပ္စာ မဟုတ္ပဲ တစ္နပ္စာပဲထည့္ေပးပါလား...ညစာကေတာ့ ငါ့တို႔အိမ္ကအရင္ထမင္းခ်က္အန္တီႀကီးျပန္လာၿပီမို႔ သူစီစဥ္ေပးတာပဲစားလိုက္ေတာ့မယ္...''
''ဪ အဲ့လိုလားရတယ္ေလ...ဒါနဲ႕...မင္းအိမ္ကစီစဥ္ေပးလို႔ရေနတာကို ဘာလို႔ငါတို႔ဆိုင္ကမွာေနအုံးမွာလဲ...ငါ့ကိုအားနာလို႔ဆိုရင္ေတာ့ ရတယ္ေနာ္...အားမနာနဲ႕ ဟင္းမွာတာရပ္လိုက္လို႔ရတယ္...''
-ေန႕သစ္ေျပာၿပီးမွ စိတ္ထဲနည္းနည္းေလးသြားသည္။ေဝလင္းသာ ဟင္းဆက္မမွာေတာ့ရင္ သူတို႔ေတြ႕ျဖစ္ဖို႔အေၾကာင္းအရာကမရွိေတာ့ဘူးမဟုတ္လား။ေဝလင္းနဲ႕မေတြ႕ျဖစ္ေလာက္ေတာ့ဘူးလို႔ေတြးမိေတာ့ စိတ္ထဲမွာေတာ္ေတာ္ေလးေနလို႔အဆင္မေျပေတာ့ေပ။
''မဟုတ္ပါဘူး...ငါဆက္မွာခ်င္လို႔ကိုမွာတာပါ...မင္းတို႔ဆိုင္က လက္ရာကိုတကယ္ႀကိဳက္တာ...ၿပီးေတာ့...''
-ေဝလင္းက ေျပာလက္စကိုရပ္လိုက္တာမို႔ေန႕သစ္ဘက္ကစကားေထာက္ေပးကာ
''ၿပီးေတာ့...ဘာလို႔လဲ...''
''ၿပီးေတာ့...ငါတို႔ေန႕တိုင္းေတြ႕လို႔ရတယ္ေလ...''
-ခပ္တည္တည္နဲ႕ေျပာလိုက္တဲ့ ေဝလင္းရဲ႕စကားအဆုံး ေန႕သစ္ခဏေလာက္မ်က္ေတာင္မခတ္နိုင္၊အသက္မရႉနိုင္ျဖစ္သြားသည္။ဒါဆို ေဝလင္းကလဲသူ႕ကိုေန႕တိုင္းေတြ႕ခ်င္ေနပါတယ္ဆိုတဲ့သေဘာပဲမဟုတ္လား။ေန႕သစ္ သူ႕အေတြးနဲ႕သူေက်နပ္ကာ ေခါင္းေမာ့ကာအားရပါးရ ရယ္ေတာ့ ေဝလင္းကပါခပ္တည္တည္နဲ႕လိုက္ရယ္ေနပါေရာ။
18.7.2024
5:30PM
#Pyae