[ Host တာဝန်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လို့ ဂုဏ်ပြုပါတယ် ( ╹▽╹ ) ဖြောင်း...ဖြောင်း...ဖြောင်း...]
" အမ်...ဘာသံတွေလဲ..."
[ အဲ့ဒါ Host ကို ဂုဏ်ပြုဖို့ ကျွန်တော် Download ဆွဲထားတဲ့ ' ဂုဏ်ပြုခြင်းလက်ခုပ်သံ ' ပါ ...host ရင်ထဲထိသွားပြီလား...]
"......"
" အချက်အလက်တွေကိုသာ မြန်မြန်ပြောစမ်းပါ..ဒါဘယ်နေရာလဲ "
[ ဒီနေရာက Host တာဝန်တစ်ခုပြီးတိုင်း ရောက်လာမယ့်နေရာပါ host ရဲ့ အားယူတဲ့ space ပါ ကမ္ဘာတစ်ခုမကူးပြောင်းခင် ရမှတ်တွေကိုလည်း ရှင်းလင်းပေးမှာပါ။ ]
[ Host က အရင်ကမ္ဘာကို 100% အပြည့်အောင်မြင်ခဲ့လို့ အပျော်ရှာမှတ် 5000 ရပါတယ် နောက် အရင်ကမ္ဘာမှာ Host အသုံးပြုတဲ့ စိတ်ကြွဆေးအတွက် Point 300 ဖြတ်ပါမယ်။ အခုလက်ကျန် အပျော်ရှာမှတ် 4700 ပါ Host ]
" ဒါဆို ကမ္ဘာတစ်ခုပြီးတိုင်း အမှတ် ငါးထောင်ရမှာလား "
[ အဲ့လိုတော့ မဟုတ်ပါဘူး Host ကမ္ဘာရဲ့အရည်အသွေးနဲ့ တာဝန်ပြီးမြောက်နှုန်းအပေါ်မူတည်ပြီး အမှတ်နည်းတာများတာ ကွာသွားမှာပါ။ ပြီးတော့ Host ကိုပြောပြစရာရှိတာက Host ရဲ့ခန္ဓာကိုယ်အတွက် Point 100000။ ကုန်ကျပါမယ်။ Host က အဲ့အတွက် အမှတ်များများ ရအောင်စုရမှာပါ။ ]
" ဘာ!! ဘာလို့ငါ့ခန္ဓာကိုယ်အတွက် အမှတ်လိုတာလဲ..ပြီးတော့လည်း အဲ့ဒါက တစ်သိန်းတောင်...မင်းတို့ အမြတ်ကြီးစားနေတာမဟုတ်ဘူးလား.."
[ Host ရယ် အဲ့လိုမဟုတ်ပါဘူး..ကျွန်တော်တို့ system က host ကိုတာဝန်တွေပြီးဆုံးရင် ကြိုက်တဲ့ကမ္ဘာကို ရွေးချယ် နေထိုင်ခွင့်ပြုမှာလေ၊အဲ့အခါကျ host တိုင်းက အကောင်းဆုံးတွေချည်းပဲလိုချင်ကြတာ၊ ဒါပေမယ့် ကမ္ဘာတွေမှာနေထိုင်ဖို့ဆို ခန္ဓာကိုယ် အစစ်တစ်ခုလိုအပ်တယ်လေ၊ အဲ့တော့host တွေရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ဖန်တီးဖို့အတွက် ကျွန်တော်တို့ အဖွဲ့အစည်းက အရမ်းအလုပ်ကြိုးစားရတယ်...ဒါ့ကြောင့် point များများလိုအပ်တာပါ host ရယ် ( ◜‿◝ )♡ ]
" ...ဟမ့် A09 မင်းတို့ system က store က ပစ္စည်းတွေလည်းရောင်းသေးတယ်။ ငါစစ်ကြည့်တာ တချို့ဟာတွေက ပေးရတဲ့ points နဲ့ လုံးဝမတန်ဘူး၊ အဲ့တော့ မင်းတို့ အမြတ်မရှိဘဲ လေလွင့်ဝိညာဉ်တွေကို ပရဟိတလုပ်ချင်ရုံနဲ့ ဆွဲခေါ်လာတယ်ဆိုတာတော့ မယုံနိုင်ဘူး... "
[ ကျွန်တော်လည်း မယုံပါဘူး host..ဒါမဲ့ host ရဲ့ ချစ်စရာကောင်းတဲ့ system လေးက အပြစ်ကင်းပါတယ်ဗျာ အထက်ကခိုင်းတဲ့အတိုင်း လုပ်ရတာပါ..(。ŏ﹏ŏ) ]
"...... "
" အဲ့ရုပ်ကို ပိတ်လိုက်စမ်း..."
[ .....Host မကြိုက်ဘူးလား..လူသားတွေပြောတာ ကမ္ဘာတုန်လောက်အောင် ချစ်စရာကောင်းတဲ့ emoji pack ဆိုလို့ ကျွန်တော် အထူးသီးသန့် download လုပ်ခဲ့တာ...]
".... "
"..... A09 မင်း တစ်နေ့တစ်နေ့ဘာတွေလျှောက်လုပ်နေတာလဲ.. "
System မှာ ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်သည်။ သူ Host ၏ HD များအား ပြန်ရောင်းချရန်စီစဉ်နေသည်ကို လုံးဝမသိစေရပါ.....ဟီးဟီးဟီး...
[ ..Host နောက်ကမ္ဘာကို သွားမယ့်လမ်းကြောင်းပွင့်လာပါပြီ...host သွားတော့မလား ]
" အင်း.. သွားမယ် "
ကူးပြောင်းသွားပြီးနောက်
မာန့် နားထဲတွင် မီးတောက်လောင်သံ တဖျစ်ဖျစ်ကြားနေရပြီး နှာခေါင်းထဲသို့လည်း ဖျော့တော့သောမွှေးရနံ့တချို့ ဝင်ရောက်လာသည်။
မျက်လုံးဖွင့်ကြည့်လိုက်ရာ လှပစွာတန်ဆာဆင်ထားသော အခန်းကျယ်တစ်ခုထဲသို့ ရောက်ရှိနေပြီး ထိုအခန်းထဲရှိ ကြီးမားသော ကုတင်ကြီးပေါ်၌ လဲလျောင်းနေသည်။
အခန်းသည် ကျယ်ဝန်းသော်လည်း ခေတ်မီအိမ်သုံးပစ္စည်းတို့ တစ်ခုမှ မရှိလေပဲ
ထည်ဝါသောသစ်သားကုတင်နှင့် စားပွဲပေါ်တွင် ကြေးမုံတစ်ခုရှိလေရာ မှန်တင်ခုံဖြစ်ဟန်တူသော စားပွဲကုလားထိုင်တစ်စုံ၊ထို့နောက် နံရံတွင် ချိတ်ဆွဲထားသော လက်ရာမြောက် ပန်းချီလက်ရာများ...လက်ရာမြောက်သော်လည်း မာန့်မျက်လုံးထဲတွင်တော့ ဆွဲထားသော လူပုံမှာ တစ်နည်းတစ်ဖုံ ထူးဆန်းနေသလိုပင်..ဒါ Anatomy (ခန္ဓာဗေဒ) မမှန်တာမဟုတ်ဘူးလား..
ထို့နောက် အခန်းထောင့်များအား ကြည့်လိုက်ရာ ကျောက်မျက်ရတနာများအား နံရံများရှိစင်များနှင့် အချို့နေရာများတွင် ဖြစ်သလိုတင်ထားသည်မှာ အလှဆင်ထားခြင်းဖြစ်နိုင်ရာသည်။
ဖြစ်သလိုတင် ဟုပြောရခြင်းမှာ အခန်းထဲရှိအလင်းရောင်အရင်းအမြစ်သည် တစ်ခုတည်းသော မီးအိမ်သာဖြစ်လေရာ မည်သည့်ပစ္စည်းများဟူ၍ သေချာမမြင်ရခြင်းကြောင့်ပင်။
ထို့ပြင် တံခါးနားက အခန်းနံရံမှာလည်း စက္ကူများဖြင့် ကာရံထားရာ
....ဒီနေရာ အကုန်လုံးခြုံကြည့်လိုက်ရင် သူ ရှေးခေတ်တိုင်းပြည်တစ်ခုခုကို ရောက်သွားတာလား။
ထိုသို့တွေး၍ မာန် ကုတင်ပေါ်မှ ထထိုင်လိုက်ရာ သူ့ဘေးတွင် အိပ်ပျော်နေသော လူတစ်ယောက် ကိုမြင်လိုက်ရသည်။ ထိုအခါမှ ကုတင်ပေါ်တွင် သူတစ်ယောက်တည်း မဟုတ်ကြောင်းသတိထားမိတော့သည်။
[ Host ...host အဆင်ပြေလား...ဒီဘက်မှာ host ကိုကူးပြောင်းနေတုန်း ကမ္ဘာ့စည်းမျဉ်းတွေက ဟန့်တားထားလို့ ခဏလောက် အဆက်အသွယ်ပြတ်သွားတာ...အခု Host ကို ဇာတ်ကြောင်းလွှဲပေးပါတော့မယ်.... ]
မာန် သူ့ဘေးတွင် အိပ်ပျော်နေသောသူအား ကြည့်လိုက်ပြီး
" အင်း အခုတော့ အဆင်ပြေတယ် လွှဲပေးလိုက်တော့..."
[ ဤကမ္ဘာကြီး၏ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် အင်အားကြီးမားသော လူမျိုးများရှိရာ လူမှု အဆင့်အတန်းတဖြည်းဖြည်း ဖွံ့ဖြိုးလာသည်နှင့်အမျှ အုပ်ချုပ်သူများသည် တစ်နေရာထဲတွင် စိုးစံရသည်အား မကျေနပ်နိုင်တော့ဘဲ နယ်ချဲ့လာတော့သည်။ မည်သည့်တိုင်းပြည်ကမှ တစ်ပြည်ထက်တစ်ပြည် လွှမ်းမိုးနိုင်လောက်အောင် ပိုမိုအင်အားကြီးသည်မဟုတ်ရာ ထိုအာဏာမက်မောသော အုပ်ချုပ်သူတို့၏ လူမဆန်မှုအောက်တွင် ကမ္ဘာကြီးသည် ရာစုနှစ်တစ်စုကြာ စစ်မီးတောက်လောင်ခဲ့ရသည်။
ထို့စစ်မီးငြိမ်းသတ်သွားပြီးနောက် ယခင်က တိုးတက်ခဲ့သော လူ့အဆင့်အတန်းတို့သည် ပြန်လည် ဆုတ်ယုတ်လာကာ ကမ္ဘာကြီး၏ ယခုလူသားခေတ်သည် ရုန်းကန်နေရဆဲ အခြေအနေဖြစ်လာသည်။ ]
" ..... ဒီဇာတ်ကြောင်းက ဘာလို့ အဲ့လောက်ကြာနေတာလဲ၊ အရင်ကလို လက်ခံကိုယ်အကြောင်းပဲ ပြောမရဘူးလား "
[ အာ...Host ရယ် ဒါက Host ဝင်ရတဲ့ကိုယ်က အရေးကြီးတဲ့ ရာထူးနေရာကို လက်ခံထားလို့ပါ။ အဲ့ဒါကြောင့် ဒါတွေက နားလည်အောင် ထည့်ထားတာ၊ 3D ကိုဆက်ကြည့်လိုက်ပါ နောက်ပိုင်း ဇာတ်လမ်းက...အဲ..ဇာတ်ကြောင်းက စိတ်ဝင်စားစရာ ကောင်းလာမှာပါ... ]
" ..... "
[ စစ်မီးများ ငြိမ်းပြီး နှစ်ပေါင်း ငါးဆယ်အကြာ ကမ္ဘာကြီး၏ မြောက်ဘက်တွင် အိမ်နီးချင်းတိုင်းပြည်များမှ စောင့်ကြည့်လာရသော အခြေအနေကောင်းမွန်လာသည့် တိုင်းပြည် တစ်ခုရှိသည်။
ထိုပြည်သည် သာ့ကျင်း (ကြီးမြတ်သောရွှေ; DaJin,大金) ဟုအမည်တွင်ပြီး
ကျင်းလူမျိုးများ နေထိုင်ကြသည်။ တိုင်းပြည်၏တော်ဝင်မျိုးနွယ်တွင် မျိုးဆက်ဟူ၍ ကောသားတော် တစ်ယောက်သာ ထွန်းကားလေရာ ဘုရင်မင်းမြတ် နတ်ရွာစံသွားလျှင် ထိုပြည်၌ ကြီးမားသော အပြောင်းအလဲ ဖြစ်မည်မှာ အသေအချာပင်။ ]
[ မူလပိုင်ရှင်သည် ဟော်ရင်း (Huo Ying ,火英) အမည်ရှိပြီး ထိုပေါကြွယ်ဝသော မဟာကျင်း တိုင်းပြည်၏ နန်းတော်အတွင်း တာဝန်ထမ်းဆောင်သော တော်ဝင်အစောင့်မှူး ဖြစ်ရာ သူ၏ ကံကြမ္မာမှာ ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ ထိုသူသည် တုံးအပြီး လောဘကြီးကာ ကိုယ့်အတိုင်းအတာကို မသိသောသူတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် နန်းတော်တွင်း ထွက်ပေါ်နေသော ကောလာဟလ များနှင့် ထိုကောလာဟလများအပေါ် အခွင့်ကောင်း ယူနိုင်မည့်နည်းလမ်းအား သိရှိလိုက်ရာ သူ၏ ယုတ်မာလောဘကြီးသော ဗီဇမှာ ထွက်ပေါ်လာတော့သည်။ ]
[ နန်းတော်အတွင်းတွင် လက်ရှိဘုရင်သည် အသက်ကြီးရင့်လာပြီး ထီးနန်းစွန့်ရန် နီးကပ်လာသည်ဖြစ်ရာ
ထိုတစ်ဦးတည်းသော ကော သားတော်ဖြစ်သည့်
ချန်းရွှီ ( Chang Xu ,常许) အတွက် စိုးရိမ်ပူပန်နေရသည်။
ဤကမ္ဘာတွင် ကော တစ်ယောက်သည် တော်ဝင်သွေးသား ဖြစ်စေကာမူ တိုင်းပြည်အား အမွေဆက်ခံခွင့်မရှိလေရာ ထိုသားတော်အား အမျိုးသားကြင်ရာတော်နှင့် လက်ဆက်စေပြီးမှ ထိုကြင်ရာတော်အား ဘုရင်ဘွဲ့အပ်နှင်း၍ အုပ်ချုပ်စေရမည်ဖြစ်သည်။
သို့သော် ဘုရင်ဟောင်းသည် အရှင့်သားအတွက် သင့်တော်သော ကြင်ရာတော် ရှာမတွေ့နိုင်ဘဲ ခေါင်းကိုက်နေရသည်။ ထို့ကြောင့် ဘုရင်ကြီးသည် အရှင့်သားနှင့် လက်ဆက်ရန် ကြံ့ခိုင်သန်မာ၍ ရိုးသားထက်မြက်သူ အမျိုးကောင်းသားတစ်ဦးအား ရှာဖွေနေသည်ဟု စကားများ ပြန့်နှံ့လာသည်။ ]
[ ထိုအခါ ဟော်ရင်း သည် ဘုရင့်မွေးနေ့စားပွဲတော်အား အခွင့်အကောင်းယူ၍ အရှင့်သား အိပ်ဆောင်အတွင်းသို့ ဝင်ကာ ငြိစွန်းခဲ့ပါသည်ဆိုသော သက်သေအတုအား ဖန်တီး၍ ကိုင်းမြင့်မြင့်သို့ ပျံသန်းခဲ့သည်။
မဟာကျင်း ပြည်၏ အိမ်ထောင်ရေးစနစ်သည် တစ်အိမ်ထောင်စနစ်ဖြစ်၍ အကယ်၍ သူနှင့် အရှင့်သားတို့သာ ငြိစွန်းကြောင်း ယုံကြည်သွားပါက ဘုရင်ကြီးသည် ရွေးချယ်စရာမရှိဘဲ သူ့အား အမျိုးသား ကြင်ရာတော်အဖြစ် တင်မြှောက်ရမည်ဖြစ်လေသည်။ ]
[ ထို့နောက် အစီအစဉ်အတိုင်းပင် ဘုရင်အိုကြီးမှာ အရှင့်သားချန်းရွှီနှင့် လက်ဆက် ပေးလိုက်ပြီး သာမန်အစောင့် ဟော်ရင်း သည် မဟာကျင်းပြည်၏ ဘုရင်ဖြစ်လာခဲ့သည်။ ]
[ ထိုသူ ဘုရင်ဖြစ်ပြီး နောက်တွင် ကိစ္စများမှာ မထူးခြားသေးဘဲ တိုင်းပြည်အား အုပ်ချုပ်ရန် သင်ကြားပေးသော ဝန်ကြီးအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဖြင့် သုံးနှစ်အကြာတွင် ကျင်းဘုရင်ဟောင်းကွယ်လွန်သွားရာ အရှင့်သား အားကိုရမည့်သူမရှိတော့ဘဲ ဟော်ရင်း ၏စရိုက်အစစ်အမှန် ပေါ်ထွက်လာတော့သည်။ ]
[ မှူးမတ်ဝန်ကြီးများမှ တိုက်တွန်းသော တော်ဝင်သွေး မွေးဖွားရန်အတွက်လည်း ဟော်ရင်းသည် မစွမ်းနိုင်ပါ။ သူသည် သာမန်ယောက်ျားသားများအတွက် မွေးကတည်းက ရရှိထားသော ယောက်ျားဂုဏ်ရည်ကို ဆယ်နှစ်သားအရွယ် ကလေးဘဝတွင် မတော်တဆဖြစ်၍ မျိုးပွာနိုင်စွမ်းဆုံးရှုံးသွားသည်။ ကိုယ်တိုင်က မသန်စွမ်းသော ထိုသူသည် သူ၏အားနည်းချက်အား ဖုံးကွယ်ကာ အရှင့်သားအား မျိုးမအောင်နိုင်သူဟူ၍ တခြားသူများ အတင်းအဖျင်းပြောရန် အပြစ်ပုံချခဲ့သည်။ ]
[ နောက်ပိုင်းတွင် တစ်ဖက်တိုင်းပြည်မှ ရောက်လာသော သံတမန်အဖွဲ့နှင့် ပါလာသည့် မိန်းမတစ်ယောက်ကို စွဲလန်းကာ ထိုအမျိုးသမီးအား ရရှိရန် တိုင်းပြည်၏အရေးကြီးသော နယ်စပ်မြို့တစ်မြို့နှင့် မမျှမတ အပေးအပေးအယူလုပ်ခဲ့သည်။ ]
[ ထို့ပြင် အရှင့်သားက ကလေးမရနိုင်ဘူးဆိုသည့် အကြောင်းပြချက်နှင့် ထိုအမျိုးသမီးအား တော်ဝင်ကြင်ရာတော်ဘွဲ့ကဲ့သို့ ဘွဲ့ထူးမြင့်မြင့်ပေးအပ်ကာ နန်းတော်ထဲ၌ စိတ်ကြိုက်ခြယ်လှယ်စေသည်။
ထိုမိန်းမမှ သူလျှိုလုပ်ပြီး စစ်ရေးအချက်အလက်များအား ပေါက်ကြားစေ၍ နယ်စပ်တွင် အကြီးအကျယ်ဆုံရှုံးခဲ့သည်။
ထို့နောက်တွင် တုံးအသော ဘုရင်သည် သူလျှိုဇနီး၏ စကားအားနားထောင်ကာ အရှင့်သားကို သေစေရန် နယ်စပ်ရှိ စစ်သည်တို့အား စိတ်အားတက်ကြွစေရန် နှစ်သိမ့်ခြင်း ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ပွဲဆီသို့ စေလွှတ်လိုက်သည်။ ]
[ အရှင့်သား ထွက်သွားပြီး သုံးလအကြာ တစ်ဖက်တိုင်းပြည်မှ နန်းတော်ကို ဝိုင်း၍ မိုက်မဲသည့် ဘုရင်ကို လုပ်ကြံခဲ့သည်။ ]
[ သို့သော် မြို့တော်တွင် အရှင့်သား တိတ်တဆိတ်စုဆောင်းထားသော တပ်ဖွဲ့များမှ တစ်ဖက်ရန်သူတို့အား အချိန်မှီချေမှုန်းခဲ့၍ နန်းတော်သည် အရှင့်သား၏ ထိန်းသိမ်းမှုအောက်သို့ ရောက်ရှိခဲ့သည်။ သို့သော်လည်း တုံးအမိုက်မဲယုတ်မာသည့် ဘုရင်ကမူ လုပ်ကြံသူများ၏ လက်ချက်ဖြင့် ကိစ္စတုံးသွားပြီဖြစ်လေသည်။ ]
[ မည်သူမျှ ထင်မထားသည်မှာ အားနည်းသည့်ကောမင်းသားချန်းရွှီက တိုင်းပြည်ကို ကယ်တင်၍ နယ်စပ်ကပြန်လာသည့်အချိန် နိုင်ငံကို ပြန်ထိန်းသိမ်းပြီး ကံဆိုးမှုကို မျှော်လင့်ကာ အချောင်ယူရန် စောင့်ဆိုင်းနေသော ပတ်ပတ်လည်ရှိ နိုင်ငံများအား တိုက်ခိုက်သိမ်းပိုက်အောင်နိုင်ခဲ့သည်။ ]
[ ဤသည်မှာ အားနည်းသော ကောတစ်ယောက်မှ ဖိအားမျိုးစုံ၏ စိန်ခေါ်မှုအောက်တွင် ကမ္ဘာကြီး၏ အထက်သို့တက်လှမ်းနိုင်သွားသော အလွန်စိတ်အားတက်ကြွဖွယ် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်သည်။ ]
[ Host ကိုရှင်းပြစရာရှိပါတယ်၊ ဒီကမ္ဘာကြီးက အရင်ကမ္ဘာလိုပဲ ယောက်ျား၊မိန်းနဲ့ ကောဆိုပြီး လိင်အမျိုးအစား သုံးမျိုးရှိပါတယ်။
ကောတွေက ပုံစံအရ ယောက်ျားလေးနဲ့တူပေမယ့် မိန်းကလေးတွေလိုပဲ နူးညံ့ညင်သာပါတယ်။
နောက်ပြီးသူတို့က ကလေးမွေးဖွားနိုင်ပါတယ်။
ဒါပေမယ့် အရင်ကမ္ဘာနဲ့မတူတာက သူတို့မှာ မျိုးပွားစရာ အပေါက်က မအင်္ဂါ မပါဘဲ နောက်က တစ်ပေါက်ပဲ ပါရှိတာ။ ဒါမဲ့ အဲ့အပေါက်လေးကတော့ အမျိုးသမီးတွေလိုပဲ ထိလွယ်ခံစားလွယ်ပြီး အလိုအလျောက်ထုတ်ပေးတဲ့ ချောမွေ့စေတဲ့ အရည်တွေ ရှိပါတယ် ]
" ....... "
" ဒီဇာတ်ကြောင်းအတွက် ငါ မှတ်ချက်တစ်ခုပဲ ရှိတယ် "
[ ..ကြည့်ရတာ မိုက်တယ်မလား..Host...ဒါကို ဘယ်လိုခေါ်မလဲ... အားနည်းတဲ့ခန္ဓာကိုယ်နဲ့ ထိန်းချုပ်ကန့်သတ်ချက်တွေ များတဲ့ လိင်အမျိုးအစားကတောင် သန်မာအားကောင်းတဲ့ စိတ်ဝိညာဉ်ကို မကျော်လွန်နိုင်ဘူး ဆိုတာများလား..? ..
Host ရော ဘယ်လိုထင်လဲ ]
" ငါထင်တာက...PLOT HOLE !! အပြည့်နဲ့!!! ဇာတ်ကွက်ပဲ!!!.."
" ဒီအစောင့်က ဘာလို့အဲ့လောက်တုံးရတာလဲ..နောက်ဝန်ကြီးတွေကရော သူတုံးပြီးအရှုပ်တွေလုပ်တာကို ဒီတိုင်းထိုင်ကြည့်နေတာလား... နောက်တစ်ခု သူက အဲ့နေရာ မသန်စွမ်းပါဘူးဆို ဘယ်လိုလုပ်ပြီး ဟိုမိန်းမကို စွဲလန်းနေတာလဲဟ...ခဏလေး.. ငါကသူ့နေရာရောက်သွားတော့ ငါလည်း အဲ့နေရာသုံးမရဘူးလား.. "
[ ..... ]
.....ဇာတ်ကြောင်းတစ်ခုလုံးပြီးသွားတော့...
ငါ့ Host ဂရုစိုက်တာ သူ ထောင်နိုင်...အဟမ်း...စွမ်းနိုင်.. မစွမ်းနိုင် ဆိုတဲ့ကိစ္စပဲလားဟ....
[ မဟုတ်ပါဘူး..Host က အဲ့နေရာ အဆင်ပြေတယ်...ဒါက တာဝန်ထမ်းဆောင်ရာမှာ Host ရဲ့ အဓိကလက်နက်ဆိုတော့ အဲ့လိုကိစ္စတွေကို System က အလိုအလျောက် ကုသပေးပါတယ်..]
"..... "
Arc 2 is coming back!
THANK YOU ♡.
C Names တွေကိုတော့ ကိုယ့်ဦးနှောက်ကို မနည်းညှစ်ထုတ်ပြီး စဉ်းစားထားပါတယ် ╥﹏╥
အသံထွက် မမှန်ရင် ပြောပေးပါဦး။
2227 Words