๐Ÿ’•แ€”แ€พแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธแ€€แ€ญแ€ฏแ€แ€ปแ€Šแ€บโ€‹แ€แ€ฒแ€ทโ€‹แ€”แ€พแ€ฑแ€ฌแ€„แ€บ...

By HHA713

406K 13.4K 539

๐Ÿ’• แ€’แ€ญแ€แ€บโ€‹แ€’แ€ญแ€แ€บโ€‹แ€€แ€ผแ€ฒแ€•แ€›แ€ญแ€ฏแ€‚แ€ปแ€ฐแ€†แ€ฌแ€€แ€ญแ€ฏแ€œแ€ฐโ€‹แ€แ€ปแ€ฑแ€ฌแ€”แ€ฒแ€ท....แ€’แ€ฎแ€‡แ€ญแ€ฏแ€„แ€บโ€‹แ€”แ€ฌแ€–แ€ผแ€…แ€บโ€‹แ€แ€ปแ€„แ€บโ€‹แ€แ€ฒแ€ทแ€กแ€ญแ€•แ€บโ€‹แ€™แ€€แ€บโ€‹โ€‹แ€แ€ฝแ€ฑแ€€แ€ญแ€ฏแ€žแ€šแ€บโ€‹แ€•แ€ญแ€ฏแ€ธแ€‘แ€ฌแ€ธแ€แ€ฒแ€ทโ€‹แ€€แ€ฑแ€ฌแ€„แ€บโ€‹แ€™โ€‹แ€œแ€ฑแ€ธแ€แ€…... More

part.1 ( uni & zawgyi )
part.2 ( uni & zawgyi )
part.3 (uni&zawgyi)
part.4 ( uni & zawgyi )
part.5 ( uni & zawgyi )
part.6(uni&zawgyi)
part.7(uni&zawgyi)
part.8(uni&zawgyi)
part.9 (uni&zawgyi)
part.10 ( uni & zawgyi )
part.11( uni & zawgyi )
part.12 ( uni & zawgyi )
part.13(uni&zawyi)
part.14 ( uni & zawgyi )
part.15( uni & zawgyi )
part.16 ( uni & zawgyi )
part . 17 ( uni & zawgyi )
part.18 ( uni & zawgyi )
part .19 ( uni & zawgyi )
part.20 ( uni & zawgyi )
part.21 ( uni & zawgyi )
part.22 ( uni & zawgyi )
part.23 ( uni & zawgyi )
part.24 ( uni & zawgyi )
part.25 ( uni & zawgyi )
part.26 ( uni & zawgyi )
part.27 ( uni & zawgyi )
part.28 ( uni & zawgyi )
part.29 ( uni & zawgyi )
part.30 ( uni & zawgyi )
part.31 ( uni & zawgyi )
part.32 ( uni & zawgyi )
part.33 ( uni & zawgyi )
part.34 ( uni & zawgyi )
part.35 ( uni & zawgyi )
part.36 ( uni & zawgyi )
part.37 ( uni & zawgyi )
part.38 ( uni & zawgyi )
part.39 ( uni & zawgyi )
part.40 ( uni and zawgyi )
part.41 ( uni & zawgyi )
part.42 ( uni & zawgyi )
part.43 ( uni & zawgyi )
part . 44 (uni&zawgyi)
part.45 ( uni & zawgyi )
part.46 ( uni & zawgyi )
part.47 ( uni & zawgyi )
part.48 ( uni & zawgyi )
part.49 ( uni & zawgyi )
part.51 ( uni & zawgyi )
part.52 ( uni & zawgyi )
final part ( uni & zawgyi )
Extra ( uni & zawgyi )

part.50 ( uni & zawgyi )

6.4K 253 11
By HHA713

💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛

          အပိုင်း(၅၀)
      ~~~~~~~~~~

"ဒယ်ဒီ..မနက်ဖြန်ကျရင် အချစ်တို့ကို
ကစားကွင်းလိုက်ပို့...."

သားအဖသုံးယောက်ရဲ့ညစာထမင်းဝိုင်းလေးမှာ
အချစ်ကတောင်းဆိုလာသည်။

"မနက်ဖြန်..ဒယ်ဒီတို့ဖိုးဖိုးကြီးဆီသွားရမယ်လေ
သည်းငယ်ရဲ့ကစားကွင်းသွားလို့မရဘူး....."

"အင်း...ဒါဆိုမနက်ဖြန်ရဲ့နောက်နေ့ရော..."

"သန်ဘက်ခါလား...အင်း..ပို့ပေးမှာပေါ့
ကျောင်းကနှစ်ရက်တောင်ပိတ်တာပဲ..."

"ရေး...ဒါမှတို့ဒယ်ဒီကွ...."

နှစ်ယောက်သားလက်ဖဝါးချင်းရိုက်ပြီး
မြူးတူးစွာထအော်လိုက်တဲ့အမြွှာနှစ်ကောင်...
ခဏနေပြန်တော့ခေတ်ကအဖေဖြစ်သူကို
လှမ်းကြည့်လာပြန်ရင်း...။

"ဒယ်ဒီ...ခေတ်တို့ကမနက်ဖြန်ဒယ်ဒီ့ဘက်က
ဖိုးဖိုးကြီးဆီသွားမှာဆိုတော့...ဟိုအန်တီနဲ့ဖွားဖွားကိုလည်း
တွေ့ရမှာပေါ့....."

အလိုမကျသလိုမေးလာတဲ့ခေတ်ရဲပုံစံက
အသဲကျော်နဲ့ဒေါ်မာယာရင့်ကိုရည်ညွှန်းမှန်း
တန်းသိလိုက်၏....။

"အဟွန်း..ဘာလဲသည်းငယ်ကအဲ့ဒီ့နှစ်ယောက်ကို
သဘောမကျဘူးလား...."

"ဟင့်အင်း..မကျဘူး..အဲ့ဒီ့အန်တီနဲ့ဖွားဖွားကခင်ဖို့
မကောင်းဘူး..ဖိုးဖိုးကြီးရှေ့ကျရင်ခေတ်တို့ကို
ချစ်ဖို့ကောင်းတယ်လို့ပြောပြီး..နောက်ကွယ်မှာ
ခေတ်တို့ကိုအတင်းပြောတယ်...."

"ဟုတ်တယ်...အချစ်လည်း​သဘောမကျဘူး...
အဲဒ်ီဖွားဖွားကအချစ်တို့ကိုဒယ်ဒီနဲ့ဖိုးဖိုးကြီး
ကွယ်ရာရောက်ရင်အရမ်းကဲတာပဲလို့ပြောတယ်...."

ဒေါ်မာယာရင့်တို့သားအမိနှစ်ယောက်ပေါ်
မကျေနပ်သမျှအဖေလုပ်သူကိုတိုင်နေတဲ့
အမြွှာလေးတွေ....။

"သူတိုကိုဂရုစိုက်မနေနဲ့...ဒယ်ဒီ့သည်းငယ်
လေးတွေကိုစိတ်ညစ်အောင်လုပ်ရင်ဒယ်ဒီနဲ့
တွေ့သွားမှာပေါ့....ကဲပါ...ထမင်းကိုများများစားကြ
သည်းငယ်တို့ထမင်းစားပြီးရင်ဒယ်ဒီ...မာမီ့ဆီ
ဖုန်းခေါ်ပေးမယ်ဟုတ်ပြီလား....."

"ဟုတ်..."

"ဟုတ်...."

~~~~~~~~~~~~~~~💚💚💚

ညစာစားပြီးတော့အမေဖြစ်သူဆီဖုန်းမခေါ်ပေး
မချင်းအနားမှာတဂျီဂျီလာလုပ်နေတဲ့
သမီးနှစ်ယောက်ကြောင့်စစ်...စာကြည့်ခန်းထဲ
မဝင်နိုင်သေးဘဲသူမဆီအရင်ဖုန်းခေါ်လိုက်ရသည်။

Video callခေါ်ပြီးသားအမိ၃ယောက်အလွမ်းသယ်
နေလိုက်ကြပုံများစစ်ပင်အလိုလိုဘေးရောက်
သွားရတဲ့အဖြစ်....။

"မာမီကဘာလို့အချစ်တို့ကိုအကြာကြီး
ထားခဲ့ရတာလဲ...အချစ်တို့ကမာမ်ီ့ကိုလွမ်းလှပြီ..."

"ဟုတ်တယ်...ဟုတ်တယ်...မာမီခေတ်တို့ဆီ
မြန်မြန်ပြန်လာခဲ့နော်...."

"လာမှာပေါ့...ခဏလေးပဲစောင့်နော်
အန်တီဆုမြတ်ဆေးရုံကဆင်းတာနဲ့မာမီ
သည်းငယ်လေးတွေဆီကိုအမြန်ဆုံးပြန်လာခဲ့မယ်
ဟုတ်ပြီလား....အဲဒါကြောင့်ဒယ်ဒီ့စကားကို
နားထောင်ပြီးလိမ်လိမ်မာမာနေကြနော်...."

အမေဖြစ်သူစကားကြောင့်သမီးနှစ်ယောက်က
စစ်ကိုလှည့်ကြည့်လာရင်း...။

"အချစ်တို့ကလိမ်မာပါတယ်မာမီရဲ့..မလိမ်မာတာက
ဒယ်ဒီ..."

"ဟောဗျာ..ဒယ်ဒီကဘာလုပ်လို့လဲ...."

ရုတ်တရပ်အချွန်နဲ့မလိုက်တဲ့သမီးဖြစ်သူကြောင့်
စစ်ရယ်ပြီးမေးလိုက်တော့အချစ်ကနူတ်ခမ်းလေး
ထော်ပြီးဖုန်းထဲကအမေဖြစ်သူကိုပြန်ကြည့်ကာ..။

"ဒယ်ဒီကအချစ်တို့ကိုမနက်တိုင်း..ပေါင်မုန့်ကြော်နဲ့
ကြက်အူချောင်းပဲကျွေးတယ်သိလား....
မာမီ့လိုဖက်ထုပ်ပေါင်းတို့ရှမ်းခေါက်ဆွဲတို့လည်း
လုပ်မကျွေးဘူး...."

"အဟင်း...ဟင်း...ဟုတ်လား...ဒယ်ဒီကြီးက
အရမ်းဆိုးတာပဲဘာလို့မာမ်ီ့သမီးလေးတွေကို
အဲ့ဒါတွေပဲကျွေးရတာလဲနော်....."

"ဟုတ်တယ်...ဟုတ်တယ်..."

အမေဖြစ်သူစကားကိုခေါင်းလေးတွေငြိမ့်လျက်
ထောက်ခံနေပုံကိုကအသည်းယားစရာ....။

"ပြီးတော့လေ..ညဆိုရင်လည်း​ခေတ်တို့ကိုအစောကြီး
အိပ်ခိုင်းတယ်...ပြီးရင်ဒယ်ဒီကမာမီနဲ့တစ်ယောက်တည်း
ဖုန်းပြောနေရော...ခေတ်တို့မာမီကိုဒယ်ဒီက
တစ်ယောက်ထဲအပိုင်စီးနေတာသိလား...."

အမေနဲ့တွေ့တာနဲ့အဖေလုပ်သူကိုတသီတန်းကြီး
တိုင်ချက်ဖွင့်နေတဲ့အမြွှာလေးတွေ....
ဖုန်းစက္ကရင်ကိုလဲတရွတ်ရွတ်နဲ့နမ်းရင်း
အမေဖြစ်သူကိုအာဘွားပေး၍မဆုံးတော့....​။

အင်းလေ..သူတို့ခမျာအမေ့နဲ့တစ်ခါမှဒီလာက်ကြာ
အောင်ခွဲဖူးတာမှမဟုတ်​ဘဲ....စစ်တောင်
သူမကိုဒီလောက်သတိရနေတာ..ကလေးတွေလည်
လွမ်းနေမှာအသေအချာပင်မဟုတ်ပါလား.....??

~~~~~~~~~~~~~~~💚💚💚

နောက်တစ်နေ့ရောက်တော့သားအဖတွေ
ကြိုတင်စီစဉ်ထားတဲ့​အတိုင်းကလေးတွေနဲ့
မနက်စာကိုအပြင်မှာပဲစားဖြစ်ပြီးမြေးတွေကို
တွေ့ချင်နေတဲ့ဒယ်ဒီ့ဆီသွားဖို့ပြင်ကြသည်။

ခါတိုင်းဆိုကလေးနှစ်ယောက်ကျောင်းပိတ်ရင်
ဟိုဘက်ဒီဘက်အဖိုးအဖွားတွေဆီတလှည့်စီ
သွားလည်နေကြလေ...။

ဒါပေမဲ့သူမရဲ့အဖေနဲ့အမေမြန်မာပြည်အနှံ့
ဘုရားဖူးကားနဲ့ခရီးလိုက်သွားတာမို့
မြောက်ဒဂုံကအိမ်မှာလည်း​ဘယ်သူမှမရှိပေ...။

"ဒယ်ဒီ..ခေတ်တို့..ဖိုးဖိုးကြီးအတွက်မုန့်တွေ
ဝယ်သွားကြမယ်နော်...."

အမေတူသမီးလေးတွေပီသစွာသိတတ်လွန်းတဲ့
အမြွှာလေးတွေကဘယ်အဖိုးအဖွားဆီသွားသွား
မုန့်ဝယ်သွားရမှကျေနပ်၏...။

အခုလည်း​ခေတ်ကသတိပေးလာတော့...စစ်နီးစပ်ရာ
City martတစ်ခုထဲကိုဝင်လိုက်ရသည်။

"ဒယ်ဒီအချစ်အတွက်ချောကလက်ဝယ်ပေးဦး..."

"ခေတ်လည်း​ice-creamစားချင်တယ်....ပြီးတော့
သီဟိုစေ့ကွတ်ကီးရောပဲ..."

အထဲရောက်တော့ အမြွှာနှစ်ကောင်ကိုလက်တွန်းလှည်းထဲ
ထည့်တွန်းပြီး...ဖိုးအေအတွက်သာမကသူတို့
လက်ညိုးထိုးပူဆာသမျှကိုဝယ်ပေးရတာလည်း
စစ်ရဲ့တာဝန်တစ်ခုပင်...။

"ကြည့်ပါဦး..အမြွှာလေးတွေ..."

"အေးနော်..ချစ်စရာလေးတွေပါလား...."

City martထဲမှာတွေ့သမျှလူတွေကလည်း
တွန်းလှည်းထဲမှာအရုပ်လေးတွေလိုမတ်တပ်ရပ်နေတဲ့
ခေတ်နဲ့အချစ်ကိုတွေ့တာနှင့်နူတ်ကမချီးကျူးဘဲ
မနေနိုင်ကြ....။

တစ်ကယ်ကိုမျက်နှာမြင်ချစ်ခင်ပါစေဆုနဲ့ပြည့်တဲ့
အမြွှာနှစ်ကောင်ရယ်ပါ...။

~~~~~~~~~~~~~~~~~💚💚💚

"ဖိုးဖိုးကြီး...."

"ဟော...မြေးလေးတွေရောက်လာကြပြီ...."

မြေးတွေလာမယ်ဆို၍ဧည့်ခန်းထဲထိဆင်းစောင့်
နေတဲ့ဒယ်ဒီ့ကိုမြင်တာနှင့်အမွှာနှစ်ကောင်က
ဝှီးချဲလ်နဲ့ထိုင်နေတဲ့အဖိုးဆီပြေးသွားတာတစ်ဖက်ဆီ
သွားရပ်ပြီးဖက်သည်။

"အချစ်တို့ကဖိုးဖိုးကြီးကိုသတိရနေတာ...."

"အမလေးဗျာ..ဖိုးဖိုးကြီးကလည်း​ငါ့မြေးလေးတွေကို
သတိရနေတာပါ..."

"ခေတ်တို့ဖိုးဖိုးကြီးအတွက်မုန့်တွေဝယ်လာတယ်
သိလား...အများကြီးပဲ..."

"ဟုတ်လား...ငါ့မြေးလေးတွေကလိမ္မာလိုက်တာ
လာ..ဖိုးဖိုးကြီးကိုအာဘွားပေးပါဦး...."

"ရွတ်..ရွတ်..."

ဖိုးအေကနှစ်ခါပြောစရာမလိုဘဲအချစ်နဲ့ခေတ်က
ပါးတစ်ဖက်စီကိုနမ်းသည်။

"အမြွှာလေးတွေ..လာတာနဲ့ဖိုးအေကိုကပ်ချွဲနေကြပါလား
ဖွားစောကိုစောသတိမရဘူးလား...."

အသံနဲအတူမီးဖိုဆောင်ထဲကနေထွက်လာတဲ့
အန်တီစောလက်ထဲကိုစစ်ဝယ်လာတဲ့မုန့်တွေကို
ထည့်ပေးလိုက်သည်။အချစ်နဲ့ခေတ်ကတော့
အန်တီစောကိုလှမ်းကြည့်ပြီးချစ်စဖွယ်ပြုံးပြကာ၊

"ဖွားစောကိုလည်းသတိရတာပေါ့...."

"အဟင်း...ကျေနပ်ပါပြီရှင်ဒီနေ့အမြွှာတို့ကြိုက်တဲ့
ဟင်းတွေဖွားစောချက်ထားတယ်သိလား..."

"ဟုတ်..."

"စစ်တို့သားအဖတွေရောက်နေတာလား....."

ထိုစဉ်..ဧည့်ခန်းထဲကိုဝင်လာတဲ့
ဒေါ်မာယာရင့်တို့သားအမိကိုမြင်တာနှင့်အချစ်နဲ့ခေတ်က
မျက်နှာလေးတွေတည်သွားကြ၏....။

"ဖွားဖွားနဲ့အန်တီ့ကိုနူတ်ဆက်လိုက်ဦးလေ
မြေးလေးတွေ...."

ဖိုးအေကပြောမှလက်လေးတွေပိုက်ခေါင်းလေးတွေ
ညွတ်ပြီး...။

"ဖွားဖွားနဲ့အန်တီအသဲ..နေကောင်းရဲ့လားရှင့်..."

"အဟင်း...ကောင်းပါတယ်ကွယ်အမြွှာတို့ရော
မေမေမရှိတော့အိမ်မှာနေရတာအဆင်ပြေရဲ့လား..."

"ပြေတာပေါ့....မာမီမရှိပေမဲ့ဒယ်ဒီကခေတ်တို့နားမှာ
ရှိတယ်လေ...ဒယ်ဒီကခေတ်တို့ကို
မနက်စာလည်းပြင်ပေးတယ်၊ကျောင်းလည်း​လိုက်ပို့ပေးတယ်"

"ပြီးတော့ညကျရင်အိပ်ခါနီးပုံလည်း​ပြောပြသေးတယ်..."

ပြည့်ပြည့်စုံစုံပြန်ဖြေရင်းမျက်နှာလေးတွေကို
တဖက်သို့ပြိုင်တူလှည့်သွားတဲ့အချစ်နဲ့ခေတ်...။

သူတို့သဘောမကျတဲ့လူဆိုစကားတွေ
ဖောင်ဖွဲ့မပြောပဲဟန်မဆောင်တတ်တာလည်း
အချစ်နဲ့ခေတ်ရဲ့အကျင့်တစ်ခုပင်မဟုတ်ပါလား...။

~~~~~~~~~~~~~~💛💛💛

"ဒီလထဲမှာ....မြေးလေးတွေရဲ့မွေးနေ့ရှိတယ်
မဟုတ်လားသား...."

"ဟုတ်တယ်ဒယ်ဒီ..၂၄ရက်နေ့လေ..."

ကလေးနှစ်ယောက်ခြံထဲမှာဆော့
ကစားနေစဉ်..စစ်တို့သားအဖနှစ်ယောက်ကတော့
ဧည့်ခန်းထဲမှာစကားလက်ဆုံကျနေခဲ့ကြသည်။

"ဒီနှစ်ရောသားခြံထဲမှာပဲကလေးတွေကိုမွေးနေ့ပွဲလေး
ကျင်းပပေးမှာလား..."

"အင်း...ကျွန်တော်လည်း​အဲ့ဒါကိုစဉ်းစားနေတာ..
နှစ်တိုင်းကအဲ့လိုပဲခြံထဲမှာခြံထဲမှာမွေးနေ့ပွဲ
လုပ်နေကြဆိုတော့ဒီနှစ်မှာအပြောင်းအလဲလေး
ဖြစ်သွားအောင်ခရီးလေးတစ်ခုထွက်ရင်
ကောင်းမလားလို့...."

"ကောင်းတာပေါ့သားတို့မိသားစုလည်း​အဲ့လို
ခရီးတစ်ခါမှမထွက်ရသေးမဟုတ်လား...."

"ကျွန်တော်လည​စဉ်းစားထားတာတော့ရှိပါတယ်
အရင်နှစ်တွေတုန်းကဆိုကလေးတွေကတအား
ငယ်သေးလို့အကောင်အထည်မဖော်ဖြစ်တာ...
ဒီနှစ်တော့သွားဖြစ်မှာပါ...ဝတိံကလည်း
ခရီးထွက်ရတာကိုကြိုက်တယ်လေ...."

"ဘယ်ကိုသွားမယ်လို့သားကစဉ်းစားထားလို့လဲ..."

"အဲ့ဒါတော့မပြောတတ်သေးဘူး...ဝတိံပြန်လာမှ
သေချာတိုင်ပင်ကြည့်ရမယ်..အဓိက,ကတော့
ကလေးတွေနဲ့လည်း​သင့်တော်မဲ့ပျော်လည်း​ပေ်ရမဲ့
Tripလေးတစ်ခုပေါ့...."

ဘယ်နေရာမဆိုဇနီးနဲ့သမီးတွေကိုရှေ့တန်းတင်တတ်တဲ့
စစ်ကိုကြည့်ပြီးဒယ်ဒီကသဘောကျသလိုပြုံးသည်။

"ငါ့သားကတော့လေ မိန်းမနဲ့သမီးတွေကို
ချစ်တတ်ပုံကတော့လက်ဖျားခါရလောက်အောင်ပါ
လား...အဟင်း..."

ဒယ်ဒီ့စကားကြောင့်စစ်ပြုံးလိုက်မိရင်း...၊

"နှလုံးသွေးနဲ့ရင်းပြီးဘဝသင်ခန်းစာတွေရခဲ့ပြီးပြီပဲ
ဒယ်ဒီ...ကျွန်တော့လိုလူကမှမချစ်တတ်ရင်
ဘယ်လိုလူမျိုးကချစ်တတ်မှာတဲ့လဲ...."

"ဟင်း...ဟင်း...ဟုတ်ပါတယ်လေ...ငါ့သားရဲ့
ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို
မြင်ရတာကဒယ်ဒီ့အတွက်အသက်ရှည်ဆေး
တစ်မျိုးပါပဲ...."

"ပျော်ရွှင်မူ့တစ်ခုထဲမဟုတ်ပါဘူးဒယ်ဒီ.....
ချစ်ခြင်းမေတ္တာ၊ယုံကြည်မူ့၊ပျော်ရွှင်မူ့တွေနဲ့
တည်ဆောက်ထားတဲ့မိသားစုပါ....တစ်ချိန်က
ကျွန်တော်မမျှော်လင့်ရဲခဲ့တဲ့အရာတွေပေါ့...."

~~~~~~~~~~~~~~💚💚💚

"ဘုန်း...ခွမ်း..."

"အမလေး..ကုန်ပါပြီ...ငါ့ပန်းအိုးတွေတော့
ကုန်ပါပြီ....."

ခြံထဲမှာဘောလုံးပစ်တိုင်းဆော့နေတဲ့အချစ်နဲ့
ခေတ်ရဲ့လက်ထဲဟိုဘက်ဒီဘက်ဝဲပျံနေတဲ့
အနီရောင်ဘောလုံးလေးကဘေးကို
လွင့်သွားပြီးအုတ်ဘောင်ပေါ်ကပန်းအိုးတစ်ချို့ကို
ပစ်တိုက်ကျကွဲသွားစေတဲ့အခါအလန့်တကြား
အော်လိုက်သံကြီးနဲ့အတူအနားကိုချက်ချင်း
ရောက်လာတဲ့ဒေါ်မာယာရင့်....။

"ညည်းတို့ဘယ်လိုလုပ်လိုက်တာလဲအေ...
ငါ့ရဲ့ပန်းအိုးတွေကွဲကုန်ပြီ..ဟင်.."

ကွဲသွားတဲ့ပန်းအိုးတွေနားစကပ်ကိုမပြီး
ဆွေ့ဆွေ့ခုန်နေတဲ့ဒေါ်မာယာရင့်ကိုကြည့်ကာ
ဂါဝန်ဆင်တူနှင့်အမြွှာလေးတွေကခေါင်းလေးကို
ပြိုင်တူညွတ်၏...။

"အချစ်တို့မတော်တဆဖြစ်သွားတာပါ..ဖွားဖွား..."

"ဘာမတော်တဆလဲ...ညည်းတို့ကိုကမိန်းကလေးတွေ
ဖြစ်ပြီးကဲကိုကဲလွန်းတယ်...ဒီပန်းတွေက
ဘယ်လောက်တန်ဖိုးရှိလဲသိလားဟင်​...ဒီပန်းမျိုးစိတ်
တွေကမြန်မာပြည်မှာမရဘူးနိုင်ငံခြားကနေ
တကူးတကမှာထားရတာဟဲ့...."

"ဒါဆိုလည်း..ခေတ်တို့ဒယ်ဒီ့ကိုပြောပြီးလျော်ခိုင်းမယ်လေ.."

"ဘာ..လျော်ပေးမယ်ဟုတ်လား..အမလေး.လေး
လူလေးတွေကြည့်တော့လက်တောက်လောက်
လေးတွေနဲ့စကားကြီးစကားကျယ်ကလည်း
ပြောတတ်လိုက်ကြတာ.....တကထဲအဖေတူ
သမီးတွေ...."

"ဒယ်ဒီနဲ့ပဲတူတာမဟုတ်ပါဘူး..အချစ်တို့က
မာမီနဲ့လည်း​တူပါတယ်...."

"ဘာရယ်..."

"အချစ်တို့မာမီကပြောတယ်..ကလေးဆိုတာ
လွတ်လပ်စွာအပန်းဖြေအနားယူဆော့ကစားခွင့်
ရှိတယ်တဲ့....ကလေးသူငယ်ဆိုင်ရာလူ့အခွင့်အရေး
သဘောတူစာချုပ်အပိုဒ်ခွဲ၃၁မှာလွတ်လပ်စွာ
အပန်းဖြေအနားယူခွင့်ဆိုတာပါတယ်လေ...
ဖွားဖွားမဖတ်ဖူးဘူးလား..."

"ဟမ်...."

"ဟုတ်တယ်..တစ်ကယ်လို့ဖွားဖွားကခေတ်တို့
အပန်းဖြေပြီးကစားနေတာကိုဆူပူပိတ်ပင်ရင်
ဖွားဖွားကိုဥပဒေအတိုင်းအရေးယူလို့ရတယ်သိလား...
ဟွန့်...လာ..အချစ်သွားမယ်..."

"အွန်း...ခေတ်..."

ပြောချင်ရာပြောအနိုင်နဲ့ပိုင်းကာနူတ်ခမ်းလေးတွေ
စုထော်လျက်တစ်ယောက်လက်တစ်ယောက်တွဲပြီး
အိမ်ဘက်ကိုမော့မော့လေးပြန်လျောက်သွားတဲ့
အချစ်နဲ့ခေတ်ကိုကြည့်ပြီးပြောစရာစကားတွေ
ဆွံ့အကုန်လျက်နေရာမှာတင်ကျန်နေခဲ့ရသူက
ဒေါ်မာယာရင့်....။

"အချစ်ပန်းနဲ့တခေတ်ဆန်း......
အမလေးနော်..၅နှစ်သမီးလေးတွေနဲ့ငါ့ကိုများစကားနဲ့
အနိုင်ပိုင်းသွားလိုက်တာ...ဘယ်သူကစစ်မက်မဏ္ဍိုင်ရဲ့
သမီးတွေမဟုတ်ဘူးလို့ပြောမှာမို့လို့လဲ...
တစ်ကယ်မလွယ်တဲ့ဟာလေးတွေပါလား....."

~~~~~~~~~~~~~~💚💚💚💚ဆက်ရန်>>>

#Hazel

💛ႏွလုံးသားကိုခ်ည္တဲ့ေႏွာင္ႀကိဳး💛

          အပိုင္း(၅၀)
      ~~~~~~~~~~

"ဒယ္ဒီ..မနက္ျဖန္က်ရင္ အခ်စ္တို့ကို
ကစားကြင္းလိုက္ပို့...."

သားအဖသုံးေယာက္ရဲ့ညစာထမင္းဝိုင္းေလးမွာ
အခ်စ္ကေတာင္းဆိုလာသည္။

"မနက္ျဖန္..ဒယ္ဒီတို့ဖိုးဖိုးႀကီးဆီသြားရမယ္ေလ
သည္းငယ္ရဲ့ကစားကြင္းသြားလို့မရဘူး....."

"အင္းး...ဒါဆိုမနက္ျဖန္ရဲ့ေနာက္ေန႔ေရာ..."

"သန္ဘက္ခါလား...အင္း..ပို့ေပးမွာေပါ့
ေက်ာင္းကႏွစ္ရက္ေတာင္ပိတ္တာပဲ..."

"ေရး...ဒါမွတို့ဒယ္ဒီကြ...."

ႏွစ္ေယာက္သားလက္ဖဝါးခ်င္းရိုက္ၿပီး
ျမဴးတူးစြာထေအာ္လိုက္တဲ့အျမႊာႏွစ္ေကာင္...
ခဏေနျပန္ေတာ့ေခတ္ကအေဖျဖစ္သူကို
လွမ္းၾကည့္လာျပန္ရင္း...။

"ဒယ္ဒီ...ေခတ္တို့ကမနက္ျဖန္ဒယ္ဒီ့ဘက္က
ဖိုးဖိုးႀကီးဆီသြားမွာဆိုေတာ့...ဟိုအန္တီနဲ႔ဖြားဖြားကိုလည္​း
ေတြ႕ရမွာေပါ့....."

အလိုမက်သလိုေမးလာတဲ့ေခတ္ရဲပုံစံက
အသဲေက်ာ္နဲ႔ေဒၚမာယာရင့္ကိုရည္ညႊန္းမွန္း
တန္းသိလိုက္၏....။

"အဟြန္း..ဘာလဲသည္းငယ္ကအဲ့ဒီ့ႏွစ္ေယာက္ကို
သေဘာမက်ဘူးလား...."

"ဟင့္အင္း..မက်ဘူး..အဲ့ဒီ့အန္တီနဲ႔ဖြားဖြားကခင္ဖို့
မေကာင္းဘူး..ဖိုးဖိုးႀကီးေရွ႕က်ရင္ေခတ္တို့ကို
ခ်စ္ဖို့ေကာင္းတယ္လို့ေျပာၿပီး..ေနာက္ကြယ္မွာ
ေခတ္တို႕ကိုအတင္းေျပာတယ္...."

"ဟုတ္တယ္...အခ်စ္လည္း​သေဘာမက်ဘူး...
အဲဒ္ီဖြားဖြားကအခ်စ္တို႔ကိုဒယ္ဒီနဲ႔ဖိုးဖိုးႀကီး
ကြယ္ရာေရာက္ရင္အရမ္းကဲတာပဲလို့ေျပာတယ္...."

ေဒၚမာယာရင့္တို့သားအမိႏွစ္ေယာက္ေပၚ
မေက်နပ္သမၽွအေဖလုပ္သူကိုတိုင္ေနတဲ့
အျမႊာေလးေတြ....။

"သူတိုကိုဂ႐ုစိုက္မေနနဲ႔...ဒယ္ဒီ့သည္းငယ္
ေလးေတြကိုစိတ္ညစ္ေအာင္လုပ္ရင္ဒယ္ဒီနဲ႔
ေတြ႕သြားမွာေပါ့....ကဲပါ...ထမင္းကိုမ်ားမ်ားစားၾက
သည္းငယ္တို့ထမင္းစားၿပီးရင္ဒယ္ဒီ...မာမီ့ဆီ
ဖုန္းေခၚေပးမယ္ဟုတ္ၿပီလား....."

"ဟုတ္..."

"ဟုတ္...."

~~~~~~~~~~~~~~~💚💚💚

ညစာစားၿပီးေတာ့အေမျဖစ္သူဆီဖုန္းမေခၚေပး
မခ်င္းအနားမွာတဂ်ီဂ်ီလာလုပ္ေနတဲ့
သမီးႏွစ္ေယာက္ေၾကာင့္စစ္...စာၾကည့္ခန္းထဲ
မဝင္နိုင္ေသးဘဲသူမဆီအရင္ဖုန္းေခၚလိုက္ရသည္။

Video callေခၚၿပီးသားအမိ၃ေယာက္အလြမ္းသယ္
ေနလိုက္ၾကပုံမ်ားစစ္ပင္အလိုလိုေဘးေရာက္
သြားရတဲ့အျဖစ္....။

"မာမီကဘာလို့အခ်စ္တို့ကိုအၾကာႀကီး
ထားခဲ့ရတာလဲ...အခ်စ္တို့ကမာမီ့္ကိုလြမ္းလွၿပီ..."

"ဟုတ္တယ္...ဟုတ္တယ္...မာမီေခတ္တို့ဆီ
ျမန္ျမန္ျပန္လာခဲ့ေနာ္...."

"လာမွာေပါ့...ခဏေလးပဲေစာင့္ေနာ္
အန္တီဆုျမတ္ေဆး႐ုံကဆင္းတာနဲ႔မာမီ
သည္းငယ္ေလးေတြဆီကိုအျမန္ဆုံးျပန္လာခဲ့မယ္
ဟုတ္ၿပီလား....အဲဒါေၾကာင့္ဒယ္ဒီ့စကားကို
နားေထာင္ၿပီးလိမ္လိမ္မာမာေနၾကေနာ္...."

အေမျဖစ္သူစကားေၾကာင့္သမီးႏွစ္ေယာက္က
စစ္ကိုလွည့္ၾကည့္လာရင္း...။

"အခ်စ္တို႕ကလိမ္မာပါတယ္မာမီရဲ့..မလိမ္မာတာက
ဒယ္ဒီ..."

"ေဟာဗ်ာ..ဒယ္ဒီကဘာလုပ္လို့လဲ...."

႐ုတ္တရပ္အခၽြန္နဲ႔မလိုက္တဲ့သမီးျဖစ္သူေၾကာင့္
စစ္ရယ္ၿပီးေမးလိုက္ေတာ့အခ်စ္ကႏူတ္ခမ္းေလး
ေထာ္ၿပီးဖုန္းထဲကအေမျဖစ္သူကိုျပန္ၾကည့္ကာ..။

"ဒယ္ဒီကအခ်စ္တို့ကိုမနက္တိုင္း..ေပါင္မုန္႔ေၾကာ္နဲ႔
ၾကက္အူေခ်ာင္းပဲေကၽြးတယ္သိလား....
မာမီ့လိုဖက္ထုပ္ေပါင္းတို့ရွမ္းေခါက္ဆြဲတို႕လည္​း
လုပ္မေကၽြးဘူး...."

"အဟင္း...ဟင္း...ဟုတ္လား...ဒယ္ဒီႀကီးက
အရမ္းဆိုးတာပဲဘာလို့မာမီ့္သမီးေလးေတြကို
အဲ့ဒါေတြပဲေကၽြးရတာလဲေနာ္....."

"ဟုတ္တယ္...ဟုတ္တယ္..."

အေမျဖစ္သူစကားကိုေခါင္းေလးေတြၿငိမ့္လ်က္
ေထာက္ခံေနပုံကိုကအသည္းယားစရာ....။

"ၿပီးေတာ့ေလ..ညဆိုရင္လည္း​ေ​ခတ္တို့ကိုအေစာႀကီး
အိပ္ခိုင္းတယ္...ၿပီးရင္ဒယ္ဒီကမာမီနဲ႔တစ္ေယာက္တည္း
ဖုန္းေျပာေနေရာ...ေခတ္တို့မာမီကိုဒယ္ဒီက
တစ္ေယာက္ထဲအပိုင္စီးေနတာသိလား...."

အေမနဲ႔ေတြ႕တာနဲ႔အေဖလုပ္သူကိုတသီတန္းႀကီး
တိုင္ခ်က္ဖြင့္ေနတဲ့အျမႊာေလးေတြ....
ဖုန္းစကၠရင္ကိုလဲတရြတ္ရြတ္နဲ႔နမ္းရင္း
အေမျဖစ္သူကိုအာဘြားေပး၍မဆုံးေတာ့....​။

အင္းေလ..သူတို့ခမ်ာအေမ့နဲ႔တစ္ခါမွဒီလာက္ၾကာ
ေအာင္ခြဲဖူးတာမွမဟုတ္​ဘဲ....စစ္ေတာင္
သူမကိုဒီေလာက္သတိရေနတာ..ကေလးေတြလည္
လြမ္းေနမွာအေသအခ်ာပင္မဟုတ္ပါလား.....??

~~~~~~~~~~~~~~~💚💚💚

ေနာက္တစ္ေန႔ေရာက္ေတာ့သားအဖေတြ
ႀကိဳတင္စီစဥ္ထားတဲ႔​အတိုင္းကေလးေတြနဲ႔
မနက္စာကိုအျပင္မွာပဲစားျဖစ္ၿပီးေျမးေတြကို
ေတြ႕ခ်င္ေနတဲ့ဒယ္ဒီ့ဆီသြားဖို့ျပင္ၾကသည္။

ခါတိုင္းဆိုကေလးႏွစ္ေယာက္ေက်ာင္းပိတ္ရင္
ဟိုဘက္ဒီဘက္အဖိုးအဖြားေတြဆီတလွည့္စီ
သြားလည္ေနၾကေလ...။

ဒါေပမဲ့သူမရဲ့အေဖနဲ႔အေမျမန္မာျပည္အႏွံ႕
ဘုရားဖူးကားနဲ႔ခရီးလိုက္သြားတာမို့
ေျမာက္ဒဂုံကအိမ္မွာလည္း​ဘယ္သူမွမရွိေပ...။

"ဒယ္ဒီ..ေခတ္တို့..ဖိုးဖိုးႀကီးအတြက္မုန္႔ေတြ
ဝယ္သြားၾကမယ္ေနာ္...."

အေမတူသမီးေလးေတြပီသစြာသိတတ္လြန္းတဲ့
အျမႊာေလးေတြကဘယ္အဖိုးအဖြားဆီသြားသြား
မုန္႔ဝယ္သြားရမွေက်နပ္၏...။

အခုလည္း​ေ​​ခတ္ကသတိေပးလာေတာ့...စစ္နီးစပ္ရာ
City martတစ္ခုထဲကိုဝင္လိုက္ရသည္။

"ဒယ္ဒီအခ်စ္အတြက္ေခ်ာကလက္ဝယ္ေပးဦး..."

"ေခတ္လည္း​ice-creamစားခ်င္တယ္....ၿပီးေတာ့
သီဟိုေစ့ကြတ္ကီးေရာပဲ..."

အထဲေရာက္ေတာ့ အျမႊာႏွစ္ေကာင္ကိုလက္တြန္းလွည္းထဲ
ထည့္တြန္းၿပီး...ဖိုးေအအတြက္သာမကသူတို့
လက္ညိဳးထိုးပူဆာသမၽွကိုဝယ္ေပးရတာလည္​း
စစ္ရဲ့တာဝန္တစ္ခုပင္...။

"ၾကည့္ပါဦး..အျမႊာေလးေတြ..."

"ေအးေနာ္..ခ်စ္စရာေလးေတြပါလား...."

City martထဲမွာေတြ႕သမၽွလူေတြကလည္​း
တြန္းလွည္းထဲမွာအ႐ုပ္ေလးေတြလိုမတ္တပ္ရပ္ေနတဲ့
ေခတ္နဲ႔အခ်စ္ကိုေတြ႕တာႏွင့္ႏူတ္ကမခ်ီးက်ဴးဘဲ
မေနနိုင္ၾက....။

တစ္ကယ္ကိုမ်က္ႏွာျမင္ခ်စ္ခင္ပါေစဆုနဲ႔ျပည့္တဲ့
အျမႊာႏွစ္ေကာင္ရယ္ပါ...။

~~~~~~~~~~~~~~~~~💚💚💚

"ဖိုးဖိုးႀကီး...."

"ေဟာ...ေျမးေလးေတြေရာက္လာၾကၿပီ...."

ေျမးေတြလာမယ္ဆို၍ဧည့္ခန္းထဲထိဆင္းေစာင့္
ေနတဲ့ဒယ္ဒီ့ကိုျမင္တာႏွင့္အမႊာႏွစ္ေကာင္က
ဝွီးခ်ဲလ္နဲ႔ထိုင္ေနတဲ့အဖိုးဆီေျပးသြားတာတစ္ဖက္ဆီ
သြားရပ္ၿပီးဖက္သည္။

"အခ်စ္တို့ကဖိုးဖိုးႀကီးကိုသတိရေနတာ...."

"အမေလးဗ်ာ..ဖိုးဖိုးႀကီးကလည္း​ငါ့ေျမးေလးေတြကို
သတိရေနတာပါ..."

"ေခတ္တို့ဖိုးဖိုးႀကီးအတြက္မုန္႔ေတြဝယ္လာတယ္
သိလား...အမ်ားႀကီးပဲ..."

"ဟုတ္လား...ငါ့ေျမးေလးေတြကလိမၼာလိုက္တာ
လာ..ဖိုးဖိုးႀကီးကိုအာဘြားေပးပါဦး...."

"ရြတ္..ရြတ္..."

ဖိုးေအကႏွစ္ခါေျပာစရာမလိုဘဲအခ်စ္နဲ႔ေခတ္က
ပါးတစ္ဖက္စီကိုနမ္းသည္။

"အျမႊာေလးေတြ..လာတာနဲ႔ဖိုးေအကိုကပ္ခၽြဲေနၾကပါလား
ဖြားေစာကိုေစာသတိမရဘူးလား...."

အသံနဲအတူမီးဖိုေဆာင္ထဲကေနထြက္လာတဲ့
အန္တီေစာလက္ထဲကိုစစ္ဝယ္လာတဲ့မုန္႔ေတြကို
ထည့္ေပးလိုက္သည္။အခ်စ္နဲ႔ေခတ္ကေတာ့
အန္တီေစာကိုလွမ္းၾကည့္ၿပီးခ်စ္စဖြယ္ျပဳံးျပကာ၊

"ဖြားေစာကိုလည္​းသတိိရတာေပါ့...."

"အဟင္း...ေက်နပ္ပါၿပီရွင္ဒီေန႔အျမႊာတို့ႀကိဳက္တဲ့
ဟင္းေတြဖြားေစာခ်က္ထားတယ္သိလား..."

"ဟုတ္..."

"စစ္တို့သားအဖေတြေရာက္ေနတာလား....."

ထိုစဥ္..ဧည့္ခန္းထဲကိုဝင္လာတဲ့
ေဒၚမာယာရင့္တို့သားအမိကိုျမင္တာႏွင့္အခ်စ္နဲ႔ေခတ္က
မ်က္ႏွာေလးေတြတည္သြားၾက၏....။

"ဖြားဖြားနဲ႔အန္တီ့ကိုႏူတ္ဆက္လိုက္ဦးေလ
ေျမးေလးေတြ...."

ဖိုးေအကေျပာမွလက္ေလးေတြပိုက္ေခါင္းေလးေတြ
ညြတ္ၿပီး...။

"ဖြားဖြားနဲ႔အန္တီအသဲ..ေနေကာင္းရဲ့လားရွင့္..."

"အဟင္း...ေကာင္းပါတယ္ကြယ္အျမႊာတို့ေရာ
ေမေမမရွိေတာ့အိမ္မွာေနရတာအဆင္ေျပရဲ့လား..."

"ေျပတာေပါ့....မာမီမရွိေပမဲ့ဒယ္ဒီကေခတ္တို့နားမွာ
ရွိတယ္ေလ...ဒယ္ဒီကေခတ္တို့ကို
မနက္စာလည္းျ​​ပင္ေပးတယ္၊ေက်ာင္းလည္း​လိုက္ပို့ေပးတယ္"

"ၿပီးေတာ့ညက်ရင္အိပ္ခါနီးပုံလည္း​ေ​ျပာျပေသးတယ္..."

ျပည့္ျပည့္စုံစုံျပန္ေျဖရင္းမ်က္ႏွာေလးေတြကို
တဖက္သို့ၿပိဳင္တူလွည့္သြားတဲ့အခ်စ္နဲ႔ေခတ္...။

သူတို့သေဘာမက်တဲ့လူဆိုစကားေတြ
ေဖာင္ဖြဲ႕မေျပာပဲဟန္မေဆာင္တတ္တာလည္​း
အခ်စ္နဲ႔ေခတ္ရဲ့အက်င့္တစ္ခုပင္မဟုတ္ပါလား...။

~~~~~~~~~~~~~~💛💛💛

"ဒီလထဲမွာ....ေျမးေလးေတြရဲ့ေမြးေန႔ရွိတယ္
မဟုတ္လားသား...."

"ဟုတ္တယ္ဒယ္ဒီ..၂၄ရက္ေန႔ေလ..."

ကေလးႏွစ္ေယာက္ၿခံထဲမွာေဆာ့
ကစားေနစဥ္..စစ္တို့သားအဖႏွစ္ေယာက္ကေတာ့
ဧည့္ခန္းထဲမွာစကားလက္ဆုံက်ေနခဲ့ၾကသည္။

"ဒီႏွစ္ေရာသားၿခံထဲမွာပဲကေလးေတြကိုေမြးေန႔ပြဲေလး
က်င္းပေပးမွာလား..."

"အင္း...ကၽြန္ေတာ္လည္း​အဲ့ဒါကိုစဥ္းစားေနတာ..
ႏွစ္တိုင္းကအဲ့လိုပဲၿခံထဲမွာၿခံထဲမွာေမြးေန႔ပြဲ
လုပ္ေနၾကဆိုေတာ့ဒီႏွစ္မွာအေျပာင္းအလဲေလး
ျဖစ္သြားေအာင္ခရီးေလးတစ္ခုထြက္ရင္
ေကာင္းမလားလို့...."

"ေကာင္းတာေပါ့သားတို့မိသားစုလည္း​အဲ့လို
ခရီးတစ္ခါမွမထြက္ရေသးမဟုတ္လား...."

"ကၽြန္ေတာ္လည​စဥ္းစားထားတာေတာ့ရွိပါတယ္
အရင္ႏွစ္ေတြတုန္းကဆိုကေလးေတြကတအား
ငယ္ေသးလို့အေကာင္အထည္မေဖာ္ျဖစ္တာ...
ဒီႏွစ္ေတာ့သြားျဖစ္မွာပါ...ဝတိ ံကလည္​း
ခရီးထြက္ရတာကိုႀကိဳက္တယ္ေလ...."

"ဘယ္ကိုသြားမယ္လို့သားကစဥ္းစားထားလို့လဲ..."

"အဲ့ဒါေတာ့မေျပာတတ္ေသးဘူး...ဝတိ ံျပန္လာမွ
ေသခ်ာတိုင္ပင္ၾကည့္ရမယ္..အဓိက,ကေတာ့
ကေလးေတြနဲ႔လည္း​သင့္ေတာ္မဲ့ေပ်ာ္လည္း​ေ​ပ်ာ္ရမဲ့
Tripေလးတစ္ခုေပါ့...."

ဘယ္ေနရာမဆိုဇနီးနဲ႔သမီးေတြကိုေရွ႕တန္းတင္တတ္တဲ့
စစ္ကိုၾကည့္ၿပီးဒယ္ဒီကသေဘာက်သလိုျပဳံးသည္။

"ငါ့သားကေတာ့ေလ မိန္းမနဲ႔သမီးေတြကို
ခ်စ္တတ္ပုံကေတာ့လက္ဖ်ားခါရေလာက္ေအာင္ပါ
လား...အဟင္း..."

ဒယ္ဒီ့စကားေၾကာင့္စစ္ျပဳံးလိုက္မိရင္း...၊

"ႏွလုံးေသြးနဲ႔ရင္းၿပီးဘဝသင္ခန္းစာေတြရခဲ့ၿပီးၿပီပဲ
ဒယ္ဒီ...ကၽြန္ေတာ့လိုလူကမွမခ်စ္တတ္ရင္
ဘယ္လိုလူမ်ိဳးကခ်စ္တတ္မွာတဲ့လဲ...."

"ဟင္း...ဟင္း...ဟုတ္ပါတယ္ေလ...ငါ့သားရဲ့
ေပ်ာ္ရႊင္စရာေကာင္းတဲ့မိသားစုဘဝေလးကို
ျမင္ရတာကဒယ္ဒီ့အတြက္အသက္ရွည္ေဆး
တစ္မ်ိဳးပါပဲ...."

"ေပ်ာ္ရႊင္မူ႔တစ္ခုထဲမဟုတ္ပါဘူးဒယ္ဒီ.....
ခ်စ္ျခင္းေမတၱာ၊ယုံၾကည္မူ႔၊ေပ်ာ္ရႊင္မူ႔ေတြနဲ႔
တည္ေဆာက္ထားတဲ့မိသားစုပါ....တစ္ခ်ိန္က
ကၽြန္ေတာ္မေမၽွာ္လင့္ရဲခဲ့တဲ့အရာေတြေပါ့...."

~~~~~~~~~~~~~~💚💚💚

"ဘုန္း...ခြမ္း..."

"အမေလး..ကုန္ပါၿပီ...ငါ့ပန္းအိုးေတြေတာ့
ကုန္ပါၿပီ....."

ၿခံထဲမွာေဘာလုံးပစ္တိုင္းေဆာ့ေနတဲ့အခ်စ္နဲ႔
ေခတ္ရဲ့လက္ထဲဟိုဘက္ဒီဘက္ဝဲပ်ံေနတဲ့
အနီေရာင္ေဘာလုံးေလးကေဘးကို
လြင့္သြားၿပီးအုတ္ေဘာင္ေပၚကပန္းအိုးတစ္ခ်ိဳ့ကို
ပစ္တိုက္က်ကြဲသြားေစတဲ့အခါအလန္႔တၾကား
ေအာ္လိုက္သံႀကီးနဲ႔အတူအနားကိုခ်က္ခ်င္း
ေရာက္လာတဲ့ေဒၚမာယာရင့္....။

"ညည္းတို့ဘယ္လိုလုပ္လိုက္တာလဲေအ...
ငါ့ရဲ့ပန္းအိုးေတြကြဲကုန္ၿပီ..ဟင္.."

ကြဲသြားတဲ့ပန္းအိုးေတြနားစကပ္ကိုမၿပီး
ေဆြ႕ေဆြ႕ခုန္ေနတဲ့ေဒၚမာယာရင့္ကိုၾကည့္ကာ
ဂါဝန္ဆင္တူႏွင့္အျမႊာေလးေတြကေခါင္းေလးကို
ၿပိဳင္တူညြတ္၏...။

"အခ်စ္တို့မေတာ္တဆျဖစ္သြားတာပါ..ဖြားဖြား..."

"ဘာမေတာ္တဆလဲ...ညည္းတို့ကိုကမိန္းကေလးေတြ
ျဖစ္ၿပီးကဲကိုကဲလြန္းတယ္...ဒီပန္းေတြက
ဘယ္ေလာက္တန္ဖိုးရွိလဲသိလားဟင္​...ဒီပန္းမ်ိဳးစိတ္
ေတြကျမန္မာျပည္မွာမရဘူးနိုင္ငံျခားကေန
တကူးတကမွာထားရတာဟဲ့...."

"ဒါဆိုလည္​း..ေခတ္တို့ဒယ္ဒီ့ကိုေျပာၿပီးေလ်ာ္ခိုင္းမယ္ေလ.."

"ဘာ..ေလ်ာ္ေပးမယ္ဟုတ္လား..အမေလး.ေလး
လူေလးေတြၾကည့္ေတာ့လက္ေတာက္ေလာက္
ေလးေတြနဲ႔စကားႀကီးစကားက်ယ္ကလည္​း
ေျပာတတ္လိုက္ၾကတာ.....တကထဲအေဖတူ
သမီးေတြ...."

"ဒယ္ဒီနဲ႔ပဲတူတာမဟုတ္ပါဘူး..အခ်စ္တို့က
မာမီနဲ႔လည္း​တူပါတယ္...."

"ဘာရယ္..."

"အခ်စ္တို့မာမီကေျပာတယ္..ကေလးဆိုတာ
လြတ္လပ္စြာအပန္းေျဖအနားယူေဆာ့ကစားခြင့္
ရွိတယ္တဲ့....ကေလးသူငယ္ဆိုင္ရာလူ႔အခြင့္အေရး
သေဘာတူစာခ်ဳပ္အပိုဒ္ခြဲ၃၁မွာလြတ္လပ္စြာ
အပန္းေျဖအနားယူခြင့္ဆိုတာပါတယ္ေလ...
ဖြားဖြားမဖတ္ဖူးဘူးလား..."

"ဟမ္...."

"ဟုတ္တယ္..တစ္ကယ္လို့ဖြားဖြားကေခတ္တို့
အပန္းေျဖၿပီးကစားေနတာကိုဆူပူပိတ္ပင္ရင္
ဖြားဖြားကိုဥပေဒအတိုင္းအေရးယူလို့ရတယ္သိလား...
ဟြန္႔...လာ..အခ်စ္သြားမယ္..."

"အြန္း...ေခတ္..."

ေျပာခ်င္ရာေျပာအနိုင္နဲ႔ပိုင္းကာႏူတ္ခမ္းေလးေတြ
စုေထာ္လ်က္တစ္ေယာက္လက္တစ္ေယာက္တြဲၿပီး
အိမ္ဘက္ကိုေမာ့ေမာ့ေလးျပန္ေလ်ာက္သြားတဲ့
အခ်စ္နဲ႔ေခတ္ကိုၾကည့္ၿပီးေျပာစရာစကားေတြ
ဆြံ့အကုန္လ်က္ေနရာမွာတင္က်န္ေနခဲ့ရသူက
ေဒၚမာယာရင့္....။

"အခ်စ္ပန္းနဲ႔တေခတ္ဆန္း......
အမေလးေနာ္..၅ႏွစ္သမီးေလးေတြနဲ႔ငါ့ကိုမ်ားစကားနဲ႔
အနိုင္ပိုင္းသြားလိုက္တာ...ဘယ္သူကစစ္မက္မ႑ိဳင္ရဲ့
သမီးေတြမဟုတ္ဘူးလို့ေျပာမွာမို့လို့လဲ...
တစ္ကယ္မလြယ္တဲ့ဟာေလးေတြပါလား....."

~~~~~~~~~~~~~~💚💚💚💚ဆက္ရန္>>>

#Hazel

Continue Reading

You'll Also Like

369K 45.6K 89
#Book-3 Last book of Hidden Marriage Series. ๐Ÿ”ฅโค๏ธ This book is the continuation of the first and second book "Hidden Marriage - Amazing Husband." If...
6.4M 191K 45
She isn't short. She is bite sized. Anita Rosaline Nightshade has always been small. 4'11 height but a 6'7ft attitude. She might be small, but she...
1.3M 192K 58
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...
1.2M 11.5K 73
๐ข๐ง๐œ๐ฅ๐ฎ๐๐ž๐ฌ ๐š๐ฅ๐ฅ ๐จ๐Ÿ ๐ญ๐ก๐ž ๐›๐จ๐ฒ๐ฌ โœฆ . ใ€€โบ ใ€€ . โœฆ . ใ€€โบ ใ€€ . โœฆ don't forget to vote, share and comment. ๐Ÿค