အရူးတဲ့...။
ig accမှာ သူတင်ထားတဲ့ သူငယ်ချင်းတစ်စုနဲ့ရိုက်ထားတဲ့ပုံအောက်လာမန့်လိုက်တဲ့ စာတစ်ကြောင်းကြောင့် ပြာတက်သွားရတယ်။
စိတ်ဝင်စားလို့ဆက်ဖတ်ကြည့်လိုက်တော့
ငွေနဲ့အသိမ်းခံနေတဲ့ကောင်တဲ့။
ဒါတော့လက်ခံနိုင်ပါတယ်
တကယ်လည်းသူ့ကို ဂျွန်ကိုယ်တိုင်ငွေနဲ့လာဝယ်သွားခဲ့တာပဲကို။
ဆက်ဖတ်ကြည့်လိုက်တော့
မိုက်တယ် လှတယ် ချောတယ် နမ်းချင်တယ် သရုပ်ဆောင်လုပ်ပါ့လား
ဒီလိုကောမန့်တွေကြောင့် တခစ်ခစ်ရယ်လိုက်ရသေးတယ်။
ဒီလိုမန့်တွေမျိုးဂျွန်ဝင်စစ်လို့တွေ့ရင် တင်ထားတဲ့ပုံတွေပါ အကုန်ဖျက်ပစ်တတ်တာမျိုးမို့ ပုံတင်ပြီး ခနတော့သူကောမန့်လေးဝင်ဖတ်ဖြစ်တယ်။
ပုံမှန်အကောင့်လေးတစ်ခုကနေ kim groupလုပ်ငန်းစုက သားနဲ့ လက်ထပ်ပြီးကတည်းက တစ်ရက်တစ်မနက်နဲ့ထိုးတက်လာတဲ့ဖော်လိုဝါတွေက အခုဆို သန်း၅၀ ကျော်ဖြစ်သွားတဲ့အထိ celebrityတွေနဲ့တန်းတူ ဂျေကေဆိုတာလည်း လူစိတ်ဝင်စားမှု့အများဆုံးပဲ။
တက်တူးပုံလေးတင်လိုက်ရင်တောင် millionနဲ့ချီlikeတွေတက်လာတတ်တဲ့အထိ
သူဘာလုပ်လုပ်လည်း လူတွေကစိတ်ဝင်စားကြတယ်။
ဒါကိုလည်းပဲသူလိုချင်တာနေမယ်။
သူပျော်နေတယ် ။ သူအလိုလိုက်ခံနေရတယ် ။
သူ သူဌေးသားတွေလိုနေထိုင်နေရတယ် ။
သူသုံးနေဖြုန်းနေရတယ်ဆိုတာ အိမ်ကို သူဒီလိုလေးသုံးပေးရင်းအသိပေးနေရုံလေးပဲ။ တိုက်ရိုက်ပြောခွင့်မရတဲ့စကားတွေတော့ နေပါစေတော့။
ဂျွန်ကသိပ်ဆိုးတယ်။ မိဘ မောင်နှမတောင် ချစ်လို့မရအောင်ထိခြားထားတဲ့စည်းတွေနဲ့သိပ်ကြောက်စရာကောင်းတယ်။
သူများတွေအပေါ် ပါးချိုင့်လေးနဲ့ပြုံးနေတတ်ပေမယ့် သူနဲ့ဆိုရင်တော့ မီးတောက်နေတဲ့မျက်လုံးနဲ့ပဲ ဘာလုပ်နေလဲ...ဘာလုပ်တော့မှာလဲ...ဘာလုပ်နေပြန်တာလဲ အဲ့ဒီ့စိတ်နဲ့ပဲ
တစ်ချိန်လုံးပူလောင်နေတဲ့အပူကောင်မျိုး။
မျိုးနဲ့ရိုးနဲ့လားလို့ထင်မှတ်စရာကောင်းပေမယ့် မေမေကြီးနဲ့လားလားမျှမဆိုင် သူ့အဖေဆိုစာပေသမား ဒီလိုမိသားစုကမွေးဖွားလာတဲ့ကောင်ကျ စိတ္တဇကောင်လိုလိုထွက်လာတယ်။
ဂျွန်ကသိပ်ကိုဆိုးတယ်။
နေနိုင်နိုင် မနေနိုင်နိုင် ချမှတ်ထားတဲ့စည်းကမ်းတွေကြား အရုပ်ကလေးလိုလှလှလေးသူ့ကိုရူးခိုင်းထားတာ။ ပညာတတ်လိုက်ပုံများလေ။
ဖုန်းထဲပဲစိတ်ဝင်စားနေတော့
ကားကရပ်လို့ရပ်မှန်းတောင်မသိ မေမေကြီးက လက်ကလေးပုတ်လိုက်တော့မှ ဖုန်းကိုပိတ်လိုက်ပြီး ဂျေကေ ကားပေါ်ကဆင်းလိုက်သည်။
Kim Groupရဲ့အရှိန်အဝါကထိုမျှပင်ကြီးသည်။
မျက်စိရှေ့တင် တန်းစီနေတဲ့ဝန်ထမ်းတွေက တညီတညွတ်ဦးညွတ်ကြတဲ့အချိန် မေမေကြီးကလက်ကလေးနဲ့အသာအရာအသိအမှတ်ပြုပေးသည်။
မေမေကြီးက လန်ဒန်သူစစ်စစ်။
အရပ်ဒေါင်ကောင်းကောင်း ထောင်ထောင်မောင်းမောင်းနဲ့ အမြဲဆိုသလို တည်သည်။ သို့သော် ထိုအရာကအလုပ်လုပ်နေချိန်မှာပဲ အလုပ်ချိန်ပြင်ပမှာတော့ ထိုသို့မဟုတ်ဘဲ ဝန်ထမ်းတွေအပေါ်လည်း ဖေးမကူညီတတ်သည်။
မေမေကြီးကထိုမျှပင်လူမှန်တစ်ယောက်။
အခုလိုလေးစားခံနေရတာမြင်ရတော့လည်း သူအနည်းငယ်တော့မေမေကြီးကိုရှိန်မိရပြန်သည်။
''CEOဒီကိုလာနေပြီတဲ့ ဆရာလေး...''
''အသင့်ပြင်ထားလိုက်လေ... မေမေလာပြီဆိုတော့ အစည်းအဝေးစကြတာပေါ့...''
''ဟို...ဂျေကေလည်းပါလာမယ်တဲ့...''
ဂျေကေရောပါလာမယ် ဆိုတဲ့နေရာမှာ ဂျွန်တစ်ယောက်ခပ်ပျော်ပျော်လေးလိုရွှင်ပြသွားပြီး လုပ်လက်စ စာရွက်စာတမ်းတစ်ချို့ကို ထောင့်နားလေးသေချာကပ်ရင်း အခန်းထဲက ထွက်လာလိုက်သည်။
''ဂျေကေအတွက် အိုက်စ်အမေရိကာနိုနဲ့ ချိစ့်ကိတ်လေးစီစဥ်ထားပေး....ချိစ့်ကိုများများလေးပဲ ...''
companyစင်္ကြံမှာ CEOနဲ့အတူ ဂျေကေ့ပါတွဲမြင်လိုက်တဲ့အခါ ဂျွန်ဟာ တစ်နေ့လုံးအလွမ်းကို စောစောစီးစီးအလွမ်းပြေရတော့ ကျေနပ်ရသည်။
သို့ပေမယ့် လည်း လူတွေကြည့်နေတာမျိုးတော့သိပ်မကြိုက်။ဂျေကေက ငယ်ငယ်လေးနဲ့လှလှလေးဆိုတော့ မျက်စိငတ်ငတ်ကြမှာလည်းစိုးလွန်းလို့။
''ရုတ်တရက်ကြီး...မေမေ''
ဂျေကေ့ကျောပြင်လေးကိုခပ်ဖွဖွဖက်ထားရင်းကဆိုလိုက်တော့ ဂျေကေတစ်ချက်ပြန်အကြည့်နဲ့တင် ဂျွန်လက်တွေပြန်ဖယ်လိုက်သည်။
''ဒီမှာလေ...ဂျေကေကအိမ်မပြန်ဘူးလုပ်နေလို့ ဒီခေါ်လာလိုက်ရတာ...မလွယ်ပါဘူးကွယ် ဂျေကေလေးက''
''ဂျေကေက ပထမဆုံးကိုယ့်အလုပ်ကိုလိုက်လာတာပဲ...''
''ပျော်လွန်းလို့လိုက်လာတာမဟုတ်ဘူး ...အိမ်မှာတစ်ယောက်တည်းနေရင် လူသတ်မိမစိုးလို့ ...''
အထေ့အငေါ့လေးနဲ့ ဂျစ်ကန်ကန်ဆိုတဲ့အခါ ခုခေတ်လူငယ်တွေကိုယ်၌ကိုက သွေးဆိုးတာပဲလား ဂျေကေတစ်ယောက်တည်းကွက်ဆိုးနေတာလား မေးချင်စရာ။
အရင်ကလည်းဆိုးလားဆို လူငယ်ပီပီဆိုးခဲ့ပါတယ်ပဲပေါ့။
အထက်တန်းကျောင်းသားအရွယ်ကတည်းက ဆေးလိပ်ကလေးလက်ကြားညှပ်ရက်နဲ့ နောက်ဖေးခြံထဲခိုးသောက်နေတာမိသွားတဲ့အခါ ဆရာလေးဆေးလိပ်ထင်တယ်ဆိုပြီး သူ့ကို ဗြောင်ညာခိုင်းတဲ့ဖြစ်ရပ်တွေလည်းရှိသလို အမှတ်ကောင်းသေးတယ်ဆိုပြီး ဂိမ်းဆိုင်ပြေးတဲ့လူမိုက်ကလေးကို သူ့အဖေကိုယ်တိုင်လိုက်ရိုက်လို့ ခြံထဲပတ်ပြေးခဲ့ရတဲ့ဖြစ်ရပ်ကလေးတွေလည်းရှိခဲ့သေးတယ်။
တိုက်ရိုက်မဟုတ်တောင် ဂျေကေ့ဆိုးပေနေတာလေးက သူလုပ်ချင်တဲ့ကိစ္စရပ်လေးတွေမို့ တော်ရုံဆို သူ့မျက်စိရှေ့ဘာလုပ်လုပ်မသိချင်ယောင်ပဲဆောင်ပေးနေခဲ့တာ။
စဥ်းစားကြည့်ရင်ဂျေကေကအဲ့လောက်လိမ္မာတဲ့ထဲမှာပါမနေခဲ့ပါဘူး။
''ဟုတ်ပါတယ်....လာ...လာ''
နှစ်ယောက်တည်းယှဥ်တွဲလမ်းလျောက်မှု့မှာ companyကဝန်ထမ်းတွေဟာ ငေးကြည့်ရလောက်တဲ့အထိ ဂျေကေ့ရဲ့အရှိန်အဝါဟာလည်းမသေးလှ။
မနက်က ဂျေကေ့ရဲ့ အဝတ်အစားရွေးချယ်မှု့ကိုပဲ အမှတ်ကောင်းကောင်းပေးရမလားတော့မသိ ဝတ်ပုံစားပုံဟာသိပ်ကြည့်ကောင်းစရာ ခပ်ငယ်ငယ်လူငယ်လေး။
တက်တူးတွေကသေချာစွာပုံချထားပြီး piercingတွေကအစုံအစိ ။ body fit outfitနဲ့အတူ စစ်ဖိနပ်ထူပိန်းပိန်းကလည်း ရှည်မြောနေတဲ့အရပ်ကို ထပ်ကြွားထားသေးသည်။
ဂျေကေက ကြည့်ကောင်းတယ်နော်လို့လည်း လူတိုင်းပြောချင်စရာသိပ်ကောင်းခဲ့မှာပါ။
ဘာလို့ဆို အရုပ်ကလေးလိုသူကိုယ်တိုင် တောက်ပလာအောင် မွန်းမံပေးခဲ့တာပဲဟာကို။
''ကိုယ် meetingလေးရှိသေးတယ်... ခနတော့စောင့်ရမယ် ပြီးရင်မားနဲ့အတူ dinnerကောင်းကောင်းလေးသွားစားကြတာပေါ့''
ဂျေကေဟာလက်ခံလိုက်သလိုခေါင်းတစ်ချက် ပေါ့ပေါ့လေးငြိမ့်ရင်း နမ်ဂျွန်ထိုင်တဲ့ဆုံလည်ခုံပေါ်ထိဝင်ထိုင်လိုက်ပြီး ခြေထောက်နှစ်ချောင်းကိုစားပွဲခုံအထိတင်ချလိုက်သည်။
ပြီးတော့ခပ်အေးအေးလေး ဆုံလည်ကိုအနည်းငယ်လှည့်နေရင်းက ဂျွန့်အခန်းအား စပ်စပ်စုစုမျက်လုံးတွေနဲ့ ကြည့်နေသည်။
ဂျွန်ကလည်း ဂျေကေ့ရဲ့ဒီပုံရိပ်လေးကို တဝကြီးကြည့်ဖို့ရာ အလုပ်စားပွဲကိုမှီရင်း ငြိမ်ငြိမ်လေးငေးကြည့်နေသည်။
''ထူးဆန်းတယ် ကိုယ့်မှာလေ ဂျေကေ့ကိုဘယ်လောက်ပဲထိုင်ကြည့်ကြည့် ကြည့်လို့ဝမနေခဲ့ဘူး...''
''ငါတော့ ဆရာလေးကို ရွံလို့တစ်ခါမှမကြည့်ဘူး...''
အဖြေကြောင့်ဂျွန်ပါးချိုင့်လေးပေါ်သွားသည်အထိခပ်အေးအေးလေးရယ်သည်။
ရန်တွေ့တတ်တာလေးက ရိုင်းစိုင်းစော်ကားနေပေမယ့် အဲ့လိုပက်ခနဲပြန်ပြောတတ်တာလေးကိုက ဂျေကေ့ရဲ့ဆွဲဆောင်မှု့ပဲနေမှာ။
''ကိုယ်ဒီနေ့ကောင်လေးကိုအရမ်းလွမ်းနေတာ
ဂျေကေရော ကိုယ့်ကို မလွမ်းဘူးလား ...''
''မလွမ်းဘူး...''
''ဒီနေ့ဘာတွေလုပ်ခဲ့လဲ ပြောပြပါဦး...''
''ခင်ဗျားစောင့်ကြည့်ခိုင်းထားတဲ့လူတွေဆီကတစ်ဆင့်သိနေတာပဲ...ဘာများထပ်သိစရာလိုသေးလို့လဲ...''
''ဂျေကေပြောတာနဲ့ကျမတူဘူးလေ...''
''ကြားချင်လို့လား..... ''
'' ရပြီ...မပြောနဲ့တော့''
''ဘာလို့လဲ...နမ်းတဲ့နေရာအထိ ဆက်မကြည့်နိုင်ခဲ့ဘူးမလား...သဝန်သိပ်တိုတတ်လိုက်တာ...''
မျက်လုံးလေးပျောက်လုမတက် ခိုးခိုးခစ်ခစ်လေးရယ်ကာလှောင်လိုက်ရင်း
လောလောလတ်လတ်ပို့ထားတဲ့ဗီဒီယိုဖိုင်ကိုပြောနေပုံရပြီး ရိုက်ယူထားမှန်းသိသိရက်နဲ့ အဆိုးလေးက တမင်သူ့အားစိတ်ဒုက္ခပေးဖို့ဆို နံပါတ်တစ်ဦးစားပေးလေးပဲနေပါလိမ့်မည်။
တစ်ယောက်တည်းအကြာကြီးမတွဲနဲ့ဆိုတဲ့စကားကိုတော့မှတ်သားထားပုံရပြီး ဒီနေ့တစ်ယောက်သည် လောလောလတ်လတ်ချုပ်ထားပုံရပြီး အရင်နေ့ကတစ်ယောက်တော့မဟုတ်တော့ပြန်။
''ခနလွှတ်ပေးထားတယ်ဆိုတာ ဂျေကေရောနားလည်တယ်မလား... ကိုယ်ခနအလွှတ်ပေးထားတာ... ''
ဂျွန့်စကားလေးတွေအပေါ် ထပ်မံရယ်လိုက်သည်ကဂျေကေ့ ကိုယ်တွေပါ လှုပ်လှုပ်ခါခါ။ မပြီးမစီးနိုင် ရယ်မောမှု့တွေအပေါ် ဗိုက်တွေပါဖိရင်း ပေါက်ထွက်မိသည်။
''ဂျွန်ကလေ... သိပ်ရယ်ရတာပဲ..
အခုထိ ငါ့ကို ငယ်ငယ်တုန်းကလို သိမ်းထားချင်တုန်းပဲနော်...''
''စကားတွေစမလာနဲ့... တော်ပြီ...''
''လာပါဦး ဂျွန်... လွမ်းတယ်ပြောတော့နမ်းပေးရမယ်မဟုတ်လား...
ပိုက်ဆံတွေနဲ့ဝယ်ထားခံရတော့လည်း တာဝန်ဝတ္တရားလေးတွေကရှိနေတယ်...''
ခနဲ့တဲ့တဲ့လှောင်လိုက်ရင်းဆိုတော့ ဖုန်းထဲကမန့်တွေဝင်ဖတ်ထားပုံရဦးမည်။
''ဖုန်းပေး...''
''ဘာလို့လဲ...ဒါငါ့ဖုန်း...''
''အဲ့ပုံတွေအကုန်ဖျက်ပစ်မယ်... အခုပေး''
ထိုသို့ပြောတော့ဂျေကေ ခေါက်ဖုန်းလေးကိုဖွင့်ကာ igထဲဝင်လိုက်သည်။
ပြီးတော့ ဂျွန့်ဆီလှမ်းထိုးပေးလိုက်သည်။
ထိုအခါအသည်းအသန်ပုံတွေဖျက်ပစ်နေမှု့က ကြည့်ကောင်းလိုက်တာ။
''စိတ်ဝင်စားစရာကောင်းတာက သူတို့မန့်နေတာတွေက အမှန်တရားတွေဖြစ်နေတယ်
တကယ်လည်းငွေနဲ့သိမ်းထားတာပဲကို အထိမခံဘူးနော်... ဘာလို့လဲ
ကိုယ့်အိမ်ကအလုပ်သမား အရူးငယ်ငယ်လေးကိုပိုက်ဆံပေးပြီးဝယ်ထားတယ်ပြောတာခံရတော့
နာလို့လား ဂျွန်''
''ပါးစပ်ပိတ်ထား....''
''ပုံပဲမဖျက်ဘဲ ငါတို့ဆက်ဆံရေးကိုဖျက်ပစ်ကြည့်ရင်ရော...
ကောင်မလေးတစ်ယောက်ပြောင်းကြိုက်ကြည့်ရင်မကောင်းဘူးလား....ငါ့ထက်ငယ်ပြီးလှတဲ့ကောင်မလေးမျိုးဆိုကြိုက်တယ်မဟုတ်လား...ငါရှာပေးရမလား
ဒီလိုသာဆို ဆရာလေးကို ဂျေကေကသိပ်ကျေးဇူးတင်မိနေမှာပါပဲ...''
ဂျေကေတလှုပ်လှုပ်ရယ်မောရင်း အရူးလို စကားတွေဆက်တိုက်ပြောနေတာကို ဂျွန်ဟာသိပ်ဂရုစိုက်နေပုံမရပါ။
ဖုန်းတစ်ခုလုံးစစ်လားဆေးလားလုပ်အပြီးဂျေကေ့ကိုပြန်ပေးလိုက်သည်။
''ig မသုံးရတော့ဘူး...အခုဒီအကောင့်ပါအပြီးဖျက်ပစ်တာ...ပုံနဲ့တင်မတင်းတိမ်နိုင်နေဘူး....''
''ဘာ...!!ဘာလုပ်ပစ်တာ....''
ဂျွန်ကဒီလိုပဲ။ ဂျွန်ကမနိုင်ရင်နိုင်တဲ့နည်းတွေတပုံကြီးနဲ့ပညာတတ်ပီပီအကျင့်ယုတ်တတ်တယ်။
''ကင်မ်နမ်ဂျွန်...ဒါငါ့အကောင့်လေ...ငါ့ဖုန်း...ငါဒါလေးတောင်သုံးခွင့်မရှိဘူးလား...''
''မရဘူး...!!''
တစ်ရက်တစ်မနက် စက္ကန့်ပိုင်းလေးအတွင်းမှာပင် သန်း၅၀ ကျော်အကောင့်ဟာ တခနလေးနဲ့ကိစ္စတုံးသွားခဲ့ရသည်။ သိပ်တော့မကျေနပ်နေပေမယ့် ဂျေကေကလည်း သိပ်ကြောက်လန့်နေတဲ့ထဲမှာမှပါမနေတာ။
''အော်...နောက်ပြီး ကိုယ်က တခြားတစ်ယောက်ဆိုတာမျိုးဘယ်တော့မှမရှိဘူး ...
သေတဲ့အထိဂျေကေမှဂျေကေပဲဆိုတော့ ကောင်လေးကကိုယ့်ဘေးနားမှာအကြာကြီးနေရဦးမှာ...''''
သေတဲ့အထိဆိုတဲ့စကားဟာ ဂျေကေ့အတွက် သိပ်ခြောက်ခြားစရာကောင်းခဲ့တယ်။
ဂျွန့်ကိုကြောက်တာဒါတွေပဲ။
''ငါမနေဘူး...ဟင့်အင်း...သေတဲ့အထိတော့ မနေပါရစေနဲ့ ...''
''ဒါမင်းကံကြမ္မာပဲလေ ကောင်လေး''
လက်ကလေးတွေလှမ်းဆွဲလိုက်ပြီး ဦးစွာနမ်းလိုက်သူက ဂျွန်ကိုယ်တိုင်ပါပဲ။ ဆုံလည်ခုံပေါ် ကျကျနနထိုင်ခိုင်းပြီး ကွင်းဝိုင်းလေးတွေဆီ တမင်တကာရောက်အောင်သွားပြီး ကိုက်ချလိုက်သေးသည်။
အသစ်သစ်သော ကွင်းဝိုင်းလေးတွေသည် လျာဖျားထဲ ရောယှက်နေပြီး ဒီခံစားချက်မျိုးသူကြိုက်ပါ၏
''တစ်ညလုံးတောင်မဝတာ စကားနာထိုးပြီး ဒီမှာလာမစမ်းနဲ့ဂျေကေ...ကိုယ်ဒီလောက်ပဲပြောမယ်''
နမ်းရင်းတိခနဲရပ်ချလိုက်ကာ ဝတ်စုံတွေကိုသေချာပုံချနေသည်ကို ဂျေကေကတော့ ခုံကိုခပ်မှေးမှေးလေးမှီရင်း ဂျွန့်အားငေးနေသေးသည်။
''မုန်းတယ် ဂျွန်...''
''သိတယ်...သိပြီးသားစကားကိုခနခနမပြောနဲ့...''
''အရမ်းမုန်းတယ်... ''
''အခန်းထဲကထွက်မလာနဲ့ ကိုယ်meetingပြီးရင် လာခေါ်မယ်... ''
ပြောရင်းတစ်ချက်နှုတ်ခမ်းလေးကိုနမ်းရင်းထွက်သွားခဲ့ကို ထပ်ပြီးခပ်ငေးငေးလေးကြည့်နေပြန်သည်။
ပုံမှန်စိတ်အခြေအနေနဲ့ဆို မထွက်နဲ့ပြောရင်မထွက်သလို မလုပ်နဲ့ပြောရင်လည်းငြိမ်ငြိမ်လေးပဲ။
'လိမ္မာနော်'ဆိုတဲ့စကားကို သေရာပါခဲ့တာလည်းနေပါလိမ့်မည်။
ဂျေကေငြိမ်ပြီးမှိန်းနေတုန်းအခန်းထဲ မုန့်ပန်းကန်လေးနဲ့ စုံစိနေတဲ့အပြင်အဆင်နဲ့အတူ ဆိုဖာပေါ်လာချပေးတဲ့ဝန်ထမ်းတွေကို စပ်စပ်စုစုကြည့်နေလိုက်သည်။
''ဒါက ဘာလဲ...''
''ဆရာလေး စီစဥ်ခိုင်းထားတာလေးတွေပါ... ''
''ငါ့အတွက်??''
ခေါင်းငြိမ့်ပြလိုက်တဲ့အခါမှာတော့ သွေးဆောင့်တက်သွားရသည်။
ချိစ့်ကိတ်တွေဟာ သူ့အတွက်အိပ်မက်ဆိုးတွေလိုပဲ။
ဂျွန်ကသိပ်ယုတ်မာနေတာပဲ။
''meeting roomဘယ်မှာလဲ...ငါ့ကိုလိုက်ပြ...''
လက်ထဲချိစ့်ကိတ်ပန်းကန်ကိုပါကိုင်ထားရင်း အခန်းထဲကထွက်လာပြီးမေးတဲ့အခါ လန်ဒန်သူလေးတွေဟာ ပြာပြာသလဲဖြစ်သွားရသည်။
''meeting roomကအပြင်လူဝင်လို့မရပါဘူး မစ္စတာ...''
ဝင်ဖြေလိုက်တဲ့ အမျိုးသမီးဝန်ထမ်းဆီသူအနားထိတိုးကပ်ချလိုက်သည်။
ခြောက်ပေဝန်းကျင်အရပ်ကြီးသည် လန်ဒန်သူအနားမှာတောင် ထင်ထင်ရှားရှား။
''ငါဘယ်သူလဲ မင်းသိလား''
''ဟို...ဆရာလေးရဲ့အမျိုးသား...''
''သိနေသားပဲ...ဒါဆိုငါ့ယောကျ်ားဆီငါသွားတာကအပြင်လူဖြစ်သွားသလား... ''
''မဖြစ်ပါဘူး...လိုက်ပို့ပေးပါမယ်...''
သူ့အနောက်ကဂျေကေခပ်အေးအေးလေးလိုက်သွားခဲ့သည်။ အလုပ်စင်္ကြံကဝန်ထမ်းတွေကတော့ ဂျေကေ့ပုံစံကိုပဲစိတ်ဝင်စားနေကြပြီး တိုးတိုးတိတ်တိတ်စကားပြောဆိုနေကြပြန်သည်။
''ဒီအခန်းပါ... ''
ဝန်ထမ်းပြောတဲ့အခန်းကို အေးဆေးဖွင့်ပြီးဝင်သွားလိုက်သည်။
meetingမှာ ဂုဏ်သရေရှိလူတွေဟာတံခါးသံကြောင့်ချာခနဲလှမ်းကြည့်လိုက်ကြပြီး ဂျေကေဖြစ်နေတဲ့အပေါ်မှာတော့အံသြသလိုရှိကြတဲ့အပြင် သိပ်စိတ်တိုင်းမကျ။
ဂျေကေဟာ meeting roomလျောက်လမ်းအတိုင်း တစ်လှမ်းစီ ။
တိတ်ဆိတ်နေတဲ့အခန်းထဲ သူ့ရဲ့စစ်ဖိနပ်ကဒေါက်သံဟာလည်း တဂွက်ဂွက်နဲ့။
''ဒါမကြိုက်ဘူး ဂျွန်... ''
ချိစ့်ကိတ်ပန်းကန်လေးကို ပန်းကန်လိုက်မှောက်ချလိုက်ကာ ဂျွန်ရှေ့တည့်တည့်ချပေးလိုက်ရင်းပြောတဲ့အခါ ဂျွန်ဟာတင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေကနေ အနည်းငယ်လုပ်ပြီး ပြုံးယောင်သန်းပြလိုက်သည်။
ချိစ့်ကိတ်တွေကတော့ ပုံစံပျက်ယွင်းပြီး ခုံပေါ်မလှမပ။
ရိုင်းစိုင်းသောအသွင်သည် လူကြီးမင်းတွေရှေ့မျက်ခုံးကြုံချင်စရာသိပ်ကောင်းခဲ့သည်။
သို့သော် လူကြီးမင်းတွေဟာလည်း
ဆရာလေးရဲ့အမျိုးသားဆိုတော့ ဘာမှဝင်မပြောတာဖြစ်နိုင်သလို ကောလဟလသတင်းအမှန်တွေကြောင့်လဲ ပါလိမ့်မည်။
ထိုကောလဟလမှာ
အရူးမို့ငွေနဲ့သိမ်းလို့ရတာ ဆိုတာကတော့ထိပ်ကပဲပေါ့။
''ကိုယ်တခြားဟာ စီစဥ်ခိုင်းလိုက်မယ် ဂျေကေ...ဘာစားချင်လဲ ပြောပြလိုက်လို့ရတယ်...''
'' ဘာလို့လဲ....မကြိုက်ဘူးဆိုတစ်သတ်လုံးအတွက်မကြိုက်ဘူးဆိုတာမသိဘူးလား... ချိစ့်ကိတ်တွေမြင်ရင် အန်ချင်လာတယ်...ဘာလို့ခနခနချိစ့်ကိတ်ချည်းငါ့ကိုကျွေးနေရတာလဲ''
လေသံတွေဟာတဖြည်းဖြည်းအထိန်းအကွပ်မဲ့လာခဲ့သည်။
''ကောင်လေးကြိုက်တယ်ထင်လို့ပါ...တစ်ယောက်လောက် ပြန်လဲပေးလိုက်ပါဦး...ဒီမှာမပြီးပြတ်သေးလို့...''
ဂျွန်ပြောတော့
ဝန်ထမ်းနှစ်စ်ယောက်လောက် ဂျေကေ့ကိုဖြောင်းဖြောင်းဖြဖြပြန်လာခေါ်တဲ့အခါ ဂျေကေထိုဝန်ထမ်းကိုစိုက်ကြည့်တော့ ထိုဝန်ထမ်းထပ်မထိရဲ။
companyကလူကြီးမင်းတွေကလည်း လှုပ်လှုပ်ရှားရှားနဲ့။
''ငါ့ကိုဒါတွေထပ်မကျွေးနဲ့... ငါ့ကိုအရူးလိုမဆက်ဆံစမ်းနဲ့...ဂျွန်''
''ဂျေကေ...အိမ်ပြန်မှဖြစ်မယ်တူတယ်''
ကင်မ်လှုပ်လှုပ်ရှားထလာပြီးဂျေကေ့ကိုဆွဲခေါ်လိုက်သည်။
ဂျေကေကထိုအခါ ကင်မ်ထိထားတဲ့လက်တွေကိုအတန်ကြာကြာစိုက်ကြည့်ပြီးကာမှ ရုတ်ချည်းပြုံးသည်။
ပြီးတဲ့အခါဂျွန်ထလာတဲ့နေရာကို ဂျေကေထပ်မံဝင်ထိုင်လိုက်ပြီး ခုံပေါ်လက်လေးတွေပါတင်ပြီး စမတ်ကျစွာနဲ့ လူကြီးမင်းတွေအားတစ်ယောက်မကျန်ထိုင်ကြည့်နေသည်။
''ဒီတော့ အရူးဆိုတာ ပိုပြီးသေချာသွားကြသလား...''
ထိုလူကြီးမင်းတွေဟာ ဂျေကေဘာပြောမှန်းသိသည်မို့ မျက်စိပျက်မျက်နှာပျက်နဲ့ အင်းအင်းအဲအဲဖြစ်ကုန်ကြသည်။
''တကယ့်လျှို့ဝှက်ချက်ရော ပြောပြရဦးမလား... ''
''ဂျေကေက မကောင်းဆိုးဝါးတွေပါမြင်နေရတယ်...''
''ဒီအခန်းထဲကမကောင်းဆိုးဝါးတွေလေ...''
တခစ်ခစ်ရယ်မောရင်းဆိုလိုက်တဲ့အခါ နမ်ဂျွန်ပြာတက်သွားရသည်။ ဂျေကေကတော့ နှုတ်ခမ်းကကွက်းဝိုင်းလေးတွေလှုပ်လှုပ်ရှားဖြစ်သည်အထိ ရယ်မော၍ကောင်းတုန်းပင်။
''ကောင်လေး...အိမ်ပြန်လိုက်နော်...မေမေကြီးပြောတာနားထောင်...''
''ပြန်မှာ...ပြန်မှာလေ...မေမေကြီးရဲ့
... ဒီမှာစကားပြောလို့ကောင်းနေတာကို...အဲ့တာကြောင့်ပြောတာ...အခုက...''
ပြောရမယ့်စကားတွေဟာမေ့မေ့သွားတတ်တယ်။
ပြောနေတဲ့စကားတွေရဲ့ဆိုလိုရင်းက ဘယ်တော့မှမရောက်ခဲ့ဖူးဘူး။
ရူးလားဆိုရူးနေတာ။
ထိန်းထားလေလေ ပိုရူးအောင်လာလုပ်လေလေနဲ့။
ချိစ့်ကိတ်တွေကြောင့်အန်ချင်လာလို့
အိမ်ပြန်ဖို့လာခေါ်လိုက်တာပဲကို အခုကဘယ်အခြေအနေထိရောက်ကုန်ပြန်တာလဲ။
ဂျေကေရယ်နေရာကနေ ရုတ်ချည်းတည်ကျသွားကာ ဂျွန့်ကိုလှမ်းမော့ကြည့်လိုက်သည်။
ဘယ်သူမှမသိလောက်ပေမယ့် သူကတော့
သိသိသာသာသိနေသည်မို့ ဂျွန့်ဒေါသတွေကိုသူခန့်မှန်းမိသည်။
''အိမ်ပြန်မယ် ဂျွန်...''
အစွန်းအဆုံးထိရူးမိသွားတဲ့အခါ ကျိန်စာတွေကတကယ်မိနေခဲ့တာ သေချာပါတယ်။
ဘယ်လိုပဲစိတ်ထိန်းထိန်း ခေါင်းထဲအမွှေခံလိုက်ရရင် ဘာမှန်းမသိတော့တဲ့အထိ ရူးနှမ်းသွားတာ။
သူလုပ်နေတာမဟုတ်ဘူး သူမသိဘူးလို့ ပြောရင်လည်း ဘယ်တုန်းကမှမယုံခဲ့တဲ့လူကြောင့်
ရှင်းပြချင်စိတ်လည်းမရှိတော့ဘူး။
''ကားပေါ်တက်...''
အသင့်ပြင်ပေးထားတဲ့ကားပေါ်တက်တော့ ဂျေကေကလည်း အလိုက်သင့်လေးတက်လိုက်လာသည်။
သို့သော်ငြိမ်နေမိသည်။
ပုံမှန်ထက်အရှိန်ပြင်းပြင်းနဲ့ဝင်လာတဲ့ကားအနေအထားအရ အလုပ်သမားများပြာပြာသလဲ ဖြစ်သွားရသည်။
မောင်းသူက ဆရာလေးဖြစ်နေတဲ့အပေါ် ပို၍ပင်။
ကားပေါ်ကဆင်းဆင်းချင်း ဂျွန်မီးဖိုဆောင်ထဲဝင်ချသွားပြီး ဂျေကေကတော့ဆိုဖာပေါ် ခြေချိတ်ထိုင်နေသည်။
ပြီးတော့ပြန်ထွက်လာသည်က ချိစ့်ကိတ်ပန်းကန်နှင့်မို့ ဂျေကေထိုအရာနှင့်ဝေးအောင်နံရံတွေဘက်ပြေးကပ်လိုက်သည်။
''ဘာလုပ်တာလဲ....ဘာလုပ်မလို့လဲ...''
''စား....အခုစား...''
''မစားဘူး...မကျွေးနဲ့...မစားတော့ဘူး''
အိမ်ပေါ်တက်ပြေးမယ့်အနေအထားကို ဂျွန်ဟာ ပိုင်နိုင်စွာချုပ်ကိုင်ရင်း ဆိုဖာပေါ်တွန်းချလိုက်တဲ့အခါ ဂျေကေဟာမဲ့ခနပဲ။
သွေးရူးသွေးတန်း ဂျေကေ့ကိုယ်ပေါ်တက်လာပြီး လည်ပင်းတွေကိုအတင်းဖြစ်ညှစ်ထားကာ ထိုချိစ့်ကိတ်ကိုပါးစပ်ထဲအတင်းထိုးထည့်သည်။
ရုန်းကန်နေသည့်ကြားကပင် အတင်းအကြပ်။
''စား...ကုန်အောင်စားနော်.....သနားလို့ကျွေးတာ မင်းတစ်ယောက်တည်းကိုကျွေးတာကို မင်းရဲ့ကလေးတွေကိုမျှပြီးဘာလို့ကျွေးတာလဲ...''
''မထိနဲ့... ရွံတယ်...ရွံလို့ပါ''
အန်ချင်စိတ်ကအတိုင်းအဆမဲ့ပါပဲ။
အပြစ်ပေးမှု့ကအဆန်းသား
တစ်ချိန်က ချိစ့်ကိတ်လေးတစ်တုံးကိုခွဲဝေကျွေး မိတဲ့အပြစ်က အဲ့သည်လောက်ကြီးမယ်မှန်းသိရင် သူမတောင်းခဲ့ပါဘူး။
သူမကျွေးမိပါဘူး။ အခုတော့ ။
''ဖယ်....ထပ်မကျွေးပါနဲ့တော့... ငါမရတော့ဘူး...အန်ချင် ...နေပြီ.. ဝေါ့.....''
ဂျွန့်အားသူ ကုတ်ခြစ်ထုရိုက်ပြီးဖယ်ကာ ဘေစင်ထဲလက်ထိုးအန်လိုက်တော့မှ တော်ရာကျတော့သည်။
ဒီလိုဆေးမရှိတဲ့ထရော်မာတွေကျ ဘယ်လိုကုခိုင်းရမလဲ။
ပြင်းထန်တဲ့ဝေဒနာသည်မို့ ဘယ်ဆေးမှီပါဦးမလဲ။
''မှတ်ထား ဂျေကေ...ငါ့ကိုထိရင်ငါကဆယ်ဆလောက်ပြန်လုပ်မှကျေနပ်တာ... ''
''အဲ့တာကြောင့် ငါ့ကလေးတွေကိုရော ငါ့ဆီမဆက်သွယ်တော့အောင် ဒီလိုပဲခြိမ်းခြောက်လိုက်တာလား ဂျွန်...''
ဘေစင်နား ဖရိုဖရဲအသက်ပြန်ရှူနေရတဲ့ရောဂါသည်ဟာ ကြယ်ကလေးတွေမျက်လုံးနားသီလျက် မော့ကြည့်ရင်းကမေးလိုက်သည်။
မပြီးဆုံးသေးတဲ့ရန်ပွဲဟာ အလုပ်သမားတွေဘယ်သူမှ ဝင်မဆွဲရဲကြဘဲ ဘာဆက်ဖြစ်မလဲကြည့်နေရသလို။
''အဲ့ကလေးတွေအသံမထွက်နဲ့...ဂျေကေ...အိမ်ပေါ်တက်ပြီးနားတော့...''
''ငါ့ကလေးတွေလေ...ဂျွန်...ငါ့ကလေးတွေကိုဘာလိုဒီလောက်မုန်းနေရတာလဲ ငါနားမလည်ဘူး...''
အမေးကြောင့် ဂျွန် ဂျေကေ့အနားတိုးကပ်လာသည်။ ညစ်ညစ်ပက်ပက်မျက်နှာက ချိစ့်တွေကို အိတ်ကပ်ထဲကပဝါစလေးနဲ့ခပ်သာသာလေးသုတ်ပေးရင်းကဆိုသည်။
''မင်းချစ်နေလို့ပေါ့...မင်းချစ်နေတဲ့ဘယ်သူ့ကိုမဆို ကိုယ်ကအကုန်ဖျက်ဆီးပစ်မှာ ကောင်လေး''
''ဒါငါ့မောင်နှမအရင်းတွေလေ ဂျွန်...ဘာလို့ဒီစကားမျိုးအမြဲပြောရတာလဲ''
''မရဘူး...!!မချစ်နဲ့...''
.
.
.
အရူးတဲ့...။
သူပျော်နေတယ် ။ သူအလိုလိုက်ခံနေရတယ် ။
''ရုတ်တရက်ကြီး...မေမေ''
''ဟုတ်ပါတယ်....လာ...လာ''
''မလွမ်းဘူး...''
''ကြားချင်လို့လား..... ''
'' ရပြီ...မပြောနဲ့တော့''
''ဖုန်းပေး...''
''ဘာလို့လဲ...ဒါငါ့ဖုန်း...''
နာလို့လား ဂျွန်''
''ပါးစပ်ပိတ်ထား....''
''ဘာ...!!ဘာလုပ်ပစ်တာ....''
''မရဘူး...!!''
''မုန်းတယ် ဂျွန်...''
''အရမ်းမုန်းတယ်... ''
''ဒါက ဘာလဲ...''
''ငါ့အတွက်??''
''ငါဘယ်သူလဲ မင်းသိလား''
''သိနေသားပဲ...ဒါဆိုငါ့ယောက်ျားဆီငါသွားတာကအပြင်လူဖြစ်သွားသလား... ''
''ဒီအခန်းပါ... ''
''ဒါမကြိုက်ဘူး ဂျွန်... ''
ထိုကောလဟလမှာ
ဂျွန်ပြောတော့
ရူးလားဆိုရူးနေတာ။
''အိမ်ပြန်မယ် ဂျွန်...''
''ကားပေါ်တက်...''
''စား....အခုစား...''
သူမကျွေးမိပါဘူး။ အခုတော့ ။
''မရဘူး...!!မချစ်နဲ့...''
.
.
.