Mysterious Love (Ongoing)

By swemetshinn

121K 4.6K 1.1K

Zoom Class တစ်ခုမှာတွေ့ရတဲ့ဆရာကို စိတ်ဝင်စားရာကနေ မတော်တဆတစ်ခုကြောင့် နှစ်ယောက်သားလက်ထပ်လိုက်ရပြီး ကောင်မလေးဘ... More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
Open confession
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄) ❤
အပိုင်း (၂၅)
အပိုင်း (၂၆)
Announcement
အပိုင်း (၂၇)
အပိုင်း (၂၈)
Explanation
အပိုင်း (၂၉)
အပိုင်း (၃၀)
Heal the World
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)

အပိုင်း (၃၁)

2.7K 132 34
By swemetshinn

Mysterious Love
~~~~~~~~~~~~~~
Part - 31
~~~~~~~~~
ရတနာကတော့ဒီညမှာ ချွေးမလေးရဲ့တောင်းဆိုမှုကြောင့် လုံးဝခြေမချတော့ဘူးလို့သတ်မှတ်ထားတဲ့အိမ်ကိုရောက်နေမိသည်

သူမမှာ ချွေးမလေးရဲ့အချွဲခံရမှုကိုမခံနိုင်တာကြောင့် ဒီကိုလာဖို့လက်ခံလိုက်ရတော့၏

အခုတော့သူမမှာခြံရှေ့မှာရပ်နေမိတာအတော်ကြာနေလေပြီ

" မေမေ "

မေပျိုကတော့ မေမေရောက်မလာသေးလို့ခြံရှေ့ကိုထွက်ကြည့်လိုက်တော့ မေမေကကားဘေးမှာရပ်နေလေသည်

" သမီး "

" မေမေကလည်း သမီးကိုဖုန်းဆက်လိုက်တာမဟုတ်ဘူး ရောက်နေတာကြာပြီလားဟင် "

" ခုနလေးတင်သမီး "

" အထဲဝင်ကြမယ်နော် မေမေ "

" မေမေ ခြံထဲမှာပဲနေတော့မယ်နော် သမီး "

" မေမေကလည်း အိမ်ထဲမှာ Birthday Party ရှိတာကို "

" သမီးနော်ကတိမဖျက်ရဘူး "

" လုပ်ပါမေမေရယ်နော် ကိတ်မုန့်ခွဲတဲ့အချိန်လေးပဲရှိပေးလေနော် သမီးကနောက်နှစ်လဆိုရင်ပြန်ရတော့မှာမို့ အခုကအတူတူရှိချင်မိလို့ပါ "

ရတနာကတော့ ချွေးမဖြစ်သူရဲ့ အသနားခံမှုအောက်မှာမခံနိုင်စွာ အိမ်ထဲကိုရောက်လာခဲ့တော့သည်

မေပျိုကတော့ ဖေဖေနဲ့မေမေတို့ရဲ့အဖြစ်အပျက်ကိုမသိခင်ကတည်းက မေမေ့ကိုဖေဖေ့ရဲ့မွေးနေ့ပွဲကိုလာခဲ့ဖို့အရင်ပြောထားမိသည်

ဒီလိုလာဖို့ကိုမေမေက အစပိုင်းမှာအသည်းအသန်ငြင်းပေမယ့် မေပျို့မှာမေမေသနားသွားအောင် ပန်းနုသွေးလိုက်မှ မေမေကအခုလိုလာဖို့လက်ခံခဲ့ခြင်းပင်ဖြစ်၏

" မေမေ "

သူရိန်ကတော့ အိမ်ထဲကိုဝင်လာတဲ့မေမေ့ကိုမြင်လိုက်ရတာမို့ အံ့သြသွားရသည်

သူတင်မဟုတ် ဧည့်ခန်းထဲမှာရှိသမျှလူအားလုံးကလည်း အံ့သြနေကြဟန်ရှိ၏

" ဟယ် ထရက်ရှာ ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ "

ဖီရိုနာကတော့ ရတနာ့ကိုစမြင်ကတည်းက စစ်နိုင်ခေါ်သလို ထရက်ရှာ လို့ပဲခေါ်နေတာ ယနေ့ထိပင်

" အဟီး မေမေ့ကိုသမီးခေါ်လိုက်တာပါ "

" သည်းငယ် ကျွန်တော့်ကိုလည်းဘာမှမပြောထားပါလား "

" အားလုံးကိုအံ့သြသွားစေချင်လို့ပါ "

" မင်းလာခဲ့ မေပျိုငယ် "

သူရိန်ကတော့ အခြေအနေတွေအားလုံးကိုမသိဘဲ လုပ်ချင်ရာလုပ်နေတဲ့မေပျိုငယ်ကို စိတ်တိုမိပါသည်

" သား....သမီးလေးကိုဘာမှမပြောနဲ့ "

မေပျိုကတော့ မေမေကသူမကိုကာကွယ်ပေးတာမို့ မေမေ့အနားမှာသာကပ်နေလိုက်တော့သည်

စိတ်တိုနေဟန်ရှိတဲ့ကိုကြီးကိုတော့ မေပျို့မှာခိုးသာကြည့်နေမိသည်

မင်းသန့်နဲ့ခမ်းနောင်လည်း အနည်းငယ်တုန်လှုပ်နေပေမယ့် တည်ငြိမ်နေတဲ့သူရိန့်အမေကြောင့် အံ့လည်းအံ့သြနေမိသည်

ပုံမှန်ဆိုအန်တီရတနာက သူ့အမေနဲ့ အန်ကယ်စစ်နိုင်ကိုမုန်းတီးနေတာမလား

" မေမေ မဟုတ်ဘူးလေဗျာ "

" ကဲ သား သမီးလေးကိုဘာမှမပြောနဲ့ ဆူလည်းမဆူရဘူးနော် မေမေကိုယ်တိုင်ကိုကလက်ခံခဲ့လို့လာခဲ့တာ "

သူရိန်ကတော့မေမေ့ရဲ့တည်ငြိမ်နေတဲ့အပြောအောက်မှာ ဘာမှပင်မပြောနိုင်တော့ပါ

ထိုအစားသည်းငယ်ကိုသာ သူစိတ်ဆိုးမိပါသည်

" အဆင်သင့်ဖြစ်ပြီဆို ဖေဖေ့ကိုသွားခေါ်လိုက်တော့မယ်နော် "

မေပျိုကအားလုံးကိုအသိပေးလိုက်တော့ ပီစိုင်းက ကိတ်မုန့်ကိုကိုင်ထားပြီး အစ်မစန္ဒာကမီးပိတ်လိုက်တော့သည်

ဧည့်ခန်းထဲကမှိုင်ပြပြအလင်းရောင်အောက်မှာ မေပျိုလည်း ကိုကြီးအနားကိုအသာလေးကပ်သွားပြီး ကိုကြီးရဲ့လက်ချောင်းလေးတွေကိုတစ်ချက်ဖျစ်ညှစ်ပြီးမှ အပေါ်ကိုတက်လာခဲ့တော့သည်

သူရိန်ကတော့ သူ့လက်ကိုကိုင်သွားတဲ့ကလေးမကြောင့် မရိုးမယွဖြစ်သွားတော့၏

" အဟီး ဖေဖေအောက်ကိုဆင်းကြရအောင်နော် "

ချိုမြစွာပြုံးပြလာတဲ့သမီးလေးကြောင့် စစ်နိုင်လည်း သမီးရဲ့အနောက်ကနေလိုက်လာခဲ့ရသည်

သူ့ကိုအံ့သြစရာတစ်ခုခုလုပ်မယ်မှန်းရိပ်မိပေမယ့် ထိုအံ့သြစရာကဘာလဲဆိုတာသူအတော်သိချင်နေပါပြီ

သူ့ဘဝမှာ မွေးနေ့ surprise ကမရှိတော့တာအတော်ကြာပြီမလား

လှေကားထိပ်ကနေ အောက်ထပ်ကိုဆင်းလာတဲ့တစ်လျှောက် အိမ်အောက်ထပ်တစ်ခုလုံးမှာ တစ်လက်လက်တောက်ပနေတဲ့ မီးသီးလေးတွေသာရှိနေသည်

ဧည့်ခန်းထဲကိုရောက်လာတော့ သမီးကသူ့လက်ကိုကိုင်ကာ ဦးဆောင်ပြီးခေါ်သွားတာမို့ စစ်နိုင်မှာစိတ်လှုပ်ရှားနေတော့သည်

" Happy Birthday to you
Happy Birthday to you
( Happy Birthday dear uncle)
( Happy Birthday dear father)
( Happy Birthday dear my friend)
Happy Birthday to you...... "

စစ်နိုင်လည်း သူ့ကို surprise တိုက်ကြတဲ့လူတစ်စုကြောင့် သူ့မှာလူငယ်လေးလိုကိုပျော်ရွှင်နေမိသည်

" ဖေဖေ ဖေဖေဆုတောင်းပြီး မီးမှုတ်လိုက်တော့နော် "

မေပျိုမှပြောလိုက်တော့ ဖေဖေကအချိန်အနည်းငယ်ညိမ်သက်သွားပြီးမှ ဖယောင်းတိုင်ကိုမှုတ်တော့သည်

ဖေဖေ ဖယောင်းတိုင်မှုတ်ပြီးတာနဲ့ အစ်မစန္ဒာကလည်း မီးတွေပြန်ဖွင့်လိုက်တော့သည်

မီးပြန်ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် ဦးစစ်နိုင်ရဲ့မျက်လုံးအကြည့်တွေက ခပ်လှမ်းလှမ်းမှာရှိနေတဲ့ သူ့ရဲ့ဇနီးကိုတွေ့သွားပြီး သိပ်ကိုဝမ်းသာရသလို အံ့သြသွားရသည်

"'' ခုနလေးကမှ ထရက်ရှာသူ့ဆီပြန်လာပါစေဆိုပြီး သူဆုတောင်းလိုက်တာမလား "''

စစ်နိုင်ကတော့ မယုံနိုင်စရာကောင်းတဲ့ကံကြမ္မာကြောင့် သိပ်ကိုအံ့အားသင့်နေတော့သည်

" ဖေဖေ ကိတ်မုန့်ခွံ့ကျွေးရဦးမယ်လေ "

" ဟေ အင်း ဟုတ်သားပဲကွ "

စစ်နိုင်လည်း သားငယ်ကိုင်ထားတဲ့ကိတ်ဆီကိုအကြည့်သွားတော့ သူကြိုက်နှစ်သက်ရတဲ့ပင်လယ်ပြာရောင်လေးဖြစ်နေတာကိုကြည့်ပြီး ကမ်းခြေမှာသူနဲ့ထရက်ရှာစပြီးတွေ့ခဲ့ရတဲပုံရိပ်တွေကိုသတိရသွားရသည်

ပထမဆုံးကိတ်ကို သူ့မှာထရက်ရှာကိုခွံ့ချင်ပေမယ့် သူမလေးရဲ့အကြည့်တွေကစိမ်းကားနေသေးတာမို့ သူ့ရဲ့လက်တွေကသမီးလေးဆီကိုရောက်သွားရသည်

" ဖေဖေ အကြီးကြီးခွံ့ကျွေး "

" ဟေ အေးအေး "

စစ်နိုင်လည်း သမီးလေးကိုခွံ့ကျွေးပြီးတာနဲ့ တစ်ဆက်တည်းဆိုသလို အားလုံးကိုခွံ့ကျွေးပြီးမှ ထရက်ရှာ့ဆီရောက်သွားတော့ သူမလေးကငြင်းဆန်လိုက်တာမို့ စစ်နိုင်လည်းအပြုံးလေးနဲ့သာခေါင်းညိတ်မိပါသည်

" သမီး မေမေပြန်တော့မယ်နော် "

" ကျွန်တော်လည်းလိုက်ခဲ့မယ်မေမေ "

" ဟင် ကိုကြီးကမေပျိုနဲ့မှအတူတူပြန်မယ်လေ "

" မင်းလိုက်ချင်တယ်ဆိုလည်းလိုက်ခဲ့မေပျိုငယ် နေခဲ့မယ်ဆိုရင်လည်းအပြန်ကျအန်ကယ်မင်းနောင်တို့နဲ့ပဲပြန်ခဲ့လိုက်ပါ "

" ဟုတ်သားပဲသမီး အန်ကယ်တို့နဲ့ပြန်လိုက်ခဲ့ပေါ့ "

မေပျိုလည်း ဖေဖေ့ရဲ့မွေးနေ့မှာအကြာကြီးဆက်ပြီးနေချင်သေးတာမို့ အန်ကယ်မင်းနောင်ရဲ့စကားကိုခေါင်းညိတ်မိတော့သည်

" ဒါဆို အန်ကယ်တို့နဲ့ပဲပြန်ခဲ့လိုက်မယ်နော် မေမေနဲ့ကိုကြီး "

" ဟုတ်ပြီသမီးလေး ရိုနာသမီးကိုအရမ်းမတိုက်နဲ့နော် "

" အိုခေပါ ထရက်ရှာ "

" မေမေ ပြန်ကြမယ် "

" ဟုတ်ပြီသား "

သူရိန်နဲ့မေမေက ကိုယ့်ကားနဲ့ကိုယ်လာကြတာဖြစ်လို့ အပြန်ကျတော့လည်းအလာတုန်းကလို ပြန်ဖြစ်ကြသည်

သူ့နောက်ကိုလိုက်မလာဘဲ ကျန်နေခဲ့တဲ့မေပျိုငယ်ကိုသူ့မှာ တစ်ခါတည်းလက်ကနေဆွဲပြီးပြန်ခေါ်ချင်ပေမယ့် ထိုအပြုအမူကလူကြီးတွေရှေ့မှာရိုင်းရာကျနေတာမို့ သူရိန့်မှာကားပေါ်ရောက်မှသာပေါက်ကွဲနေမိသည်

အကွေ့အကောက်များတဲ့လမ်းမှာမိုင်ကုန်တင်ပြီးမောင်းနေတာကြောင့် မေမေ့ထက်အရင်အိမ်ကိုစောရောက်ခဲ့သည်

ဒါပေမယ့်လည်း သည်းငယ်ကပါမလာတာမို့ နေရထိုင်ရတာမကောင်းလှပါ

" ငါးကင် ငါးကင် "

" ညီမလေး ပါးစပ်ဟ "

" အာ...... "

ခိုင်ခန့်က ငါးကင်ကအသားတွေကိုတူနဲ့ခွံ့ကျွေးလိုက်တော့ အားရပါးရစားနေတဲ့မေပျိုငယ်ရဲ့ပုံစံလေးက ချစ်ဖို့ကောင်းလှသည်

" ငါးကင်ကစားကောင်းလိုက်တာ "

စားပွဲတစ်ခုလုံးမှာအားရပါးရစားနေတာက မေပျိုငယ်တစ်ယောက်တည်းရယ်ပါပဲ

" ညီမလေး အအေးသောက်ဦးမလား "

" ဟုတ်မမ ဘလူးဘယ်ရီသောက်ချင်တယ် "

" ခဏနော် မမသွားယူပေးမယ် "

" အာ မဟုတ်တာမမရဲ့ မေပျို့ဘာသာပဲယူလိုက်ပါ့မယ် "

" မမကလမ်းကြုံလို့ပါကွယ် "

" လမ်းကြုံတယ်ဆိုရင်တော့ တစ်ခွက်လောက်ယူလာပေးနော် မမ "

" ဟုတ်ပါပြီကွယ် "

စန္ဒာကတော့ ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့ မေပျိုငယ်ကိုသူ့ညီမလေးလိုသဘောထားကာ ခင်မင်ချင်ပါသည်

" သမီးလေး စားတာများနေပြီ ရင်ပြည့်မယ်နော် "

" စားပြီးရင်အစာကြေဆေးသောက်လိုက်မယ်နော် အန်တီရိုနာ "

" ဒီပန်းကန်ထဲကဟာကုန်ရင်တော်သင့်ပြီ နောင့်......နောင့်စားနေတာ လူ ၃ယောက်စာလောက်ရှိနေပြီ "

" ဟုတ်ပါ့ကွာ ကလေးက ကလေးတစ်ယောက်စားသင့်တာထက်ပိုနေပြီ "

အန်တီရိုနာနဲ့အတူတူ ပီစိုင်းနဲ့ ပီစိုင်းရဲ့အစ်ကို အစ်ကိုခမ်းနောင်ကပြောလာတာမို့ မေပျိုလည်းဒီပန်းကန်ကုန်ရင်တော်ပါပြီလို့ ပြောလိုက်ရသည်

မေပျိုကပုံမှန်ဆိုရင်အများကြီးမစားနိုင်ပေမယ့် အခုစားနေတဲ့အစားအသောက်တွေကသိပ်ကိုအရသာရှိလွန်းတာမို့ အများကြီးကိုစားမိသွားသည်

" ဟာ...... "

" ဘာဖြစ်တာလဲသမီး "

" ဘာဖြစ်လို့လဲ ညီမလေး "

စားနေရင်း ဟာ ဆိုပြီးရုတ်တစ်ရက်ထအော်လာတဲ့မေပျိုငယ်ကြောင့် အကုန်လုံးရဲ့အကြည့်တွေကမေပျိုငယ်ဆီ၌သာ

" စားသာစားလိုက်ရတာ ဓာတ်ပုံလည်းမရိုက်ရသေးဘူး "

" ဘာများလဲလို့ညီမလေးရယ် "

" အေးလေနောင့် နောက်နေ့တွေရိုက်လို့ရတာပဲ "

" ဒီနေ့ကဖေဖေ့မွေးနေ့မို့ အမှတ်တရဖြစ်အောင်ဓာတ်ပုံရိုက်ချင်တာ "

" စားသောက်လို့ပြီးရင်ရိုက်ကြမယ်နော် သမီး "

" ဟုတ်သားပဲ ခဏနေရင်ဓာတ်ပုံရိုက်ကြမယ်နော် "

လူကြီးတွေကထိုသို့ပြောလိုက်မှ မေပျို့မှာပျော်သွားရတော့သည်

ဓာတ်ပုံဆိုတာမရှိမဖြစ်ကိုရိုက်ထားသင့်တဲ့အရာတစ်ခုပဲမလား
_
_
_
_
" နောက်ကျတယ်မေပျိုငယ် ဘယ်အချိန်ရှိနေပြီလဲ "

" ဆယ်နာရီလေကိုကြီး "

" မင်းအဝတ်အစားလဲပြီးရင်ဝရံတာကိုလာခဲ့ပါမေပျိုငယ် "

" ဟုတ် "

မေပျိုကတော့ သူမကိုစိတ်ဆိုးနေဆဲဖြစ်တဲ့ကိုကြီးကြောင့် အဝတ်အစားကိုခပ်မြန်မြန်လဲကာ မျက်နှာသစ်ပြီးမှကိုကြီးဆီကိုလာခဲ့လိုက်သည်

လောလောနဲ့ထွက်လာခဲ့တာမို့လို့ ဝရံတာကိုရောက်တော့ ညဝတ်အင်္ကျီပဲဝတ်ထားတဲ့မေပျို့အတွက်တော့အသည်းခိုက်မတတ်အောင်ကိုအေးသွားတာမို့ ချက်ချင်းပဲကိုကြီးထိုင်နေတဲ့ဆီကိုသွားကာ ကိုကြီးပေါင်ပေါ်မှာဝင်ထိုင်ပြီး ကိုကြီးကိုဖက်ထားလိုက်သည်

" ဟိုဘက်ခုံမှာထိုင် မေပျိုငယ် "

" ဟင့်အင်း ချမ်းတယ်ကိုကြီးရဲ့ "

" ဘာလို့အနွေးထည်ဝတ်မလာတာလဲ "

" ဟို ကိုကြီးအကြာကြီးစောင့်နေရမှာစိုးလို့ မြန်မြန်ထွက်လာခဲ့လိုက်တော့မေ့သွားတာ "

သူရိန်ကတော့မေပျိုငယ်ရဲ့စကားကိုကြားပြီး သူမလေးကိုတင်းနေအောင်ထွေးပွေ့ထားမိသည်

" ကျွန်တော်မင်းကိုပြောပြစရာတွေရှိတယ် "

" ဟုတ် ကိုကြီး "

" ကျွန်တော်တို့မိသားစုအကြောင်းပြောပြမှာဖြစ်လို့ သေသေချာချာလေးနားထောင်စေချင်တယ် "

" ဟုတ် အရင်ကတည်းက ကိုကြီးဘာပဲပြောပြောမေပျိုက သေချာဂရုတစိုက်နားထောင်ခဲ့တာမို့ အခုလည်းသေသေချာချာလေးနားထောင်နေပါမယ် ကိုကြီး "

သူရိန်ကတော့ သူစိတ်ဆိုးပြေအောင် စကားလှလှလေးတွေထုတ်သုံးနေတဲ့မေပျိုငယ်ရဲ့အပြောအောက်မှာ စိတ်ဆိုးပြေချင်စိတ်ကိုမနည်းထိန်းလိုက်ရသည်

မေမေအပါအဝင် အကုန်လုံးကသည်းငယ်ကိုအလိုလိုက်နေကြတာမို့ သည်းငယ်ကအခုရက်ပိုင်းတွေမှာ အတော်လေးကိုဆိုးလာပါသည်

သည်းငယ်ဆိုးတာက သူများတွေလိုဟော့ဟော့ရမ်းရမ်းမဟုတ်ပေမယ့် စကားလှအောင်ပြောတတ်ပြီးလုပ်ချင်ရာလုပ်ကာ ဆိုးရှာပါသည်

သူရိန်လည်းစက္ကန့်ပိုင်းလောက်အတွေးများသွားပြီးမှ လက်ရှိကိုပြန်ရောက်လာကာ သည်းငယ်ကိုသူတို့မိသားစုအကြောင်းပြောပြဖို့လုပ်လိုက်ရသည်

" တစ်ကယ်တော့ ကျွန်တော်နဲ့မင်းသန့်က အဖေတူ အမေကွဲညီအစ်ကိုတွေပါသည်းငယ်.....ကျွန်တော်ဆယ်နှစ်လောက်အရွယ်မှာမေမေနဲ့အဖေက ကွာရှင်းပြတ်စဲသွားတာ ....ကျွန်တော်လည်းအဖေ့ကိုစိတ်နာနေသလို မေမေကလည်းစိတ်နာနေဆဲမို့ နောက်တစ်ခါဆိုအခုလိုမျိုး မေမေနဲ့အဖေ့ကိုတွေ့ဆုံပေးတာမျိုး မလုပ်ပါနဲ့သည်းငယ် "

" ဟုတ်ကိုကြီး......မေပျိုကလည်း မိသားစုတွေအကုန်အတူတူရှိချင်မိလို့ပါ "

" ဒီတစ်ခါတော့ကျွန်တော်ခွင့်လွှတ်ပေးမယ်....နောက်တစ်ခါဆိုတာရှိလာခဲ့ရင်တော့ ကျွန်တော်မင်းကိုဆူရလိမ့်မယ် ပြီးတော့ ရန်ကုန်ကိုလည်းပြန်ပို့ရလိမ့်မယ် "

" ကိုကြီးပြန်ပို့ပေးချင်သလိုမျိုးပို့လို့မှမရတာ....မေပျိုကဒီကိုအလုပ်နဲ့လာတော့ ကုမ္ပဏီရဲ့အကြီးအကဲဖြစ်တဲ့ ကိုကိုကြီးခွင့်ပြုမှရမှာ "

" ကျွန်တော့်ကိုအထင်သေးလိုက်တာလား သည်းငယ် "

" မဟုတ်ပါဘူးကိုကြီးရဲ့ မေပျိုကပြောပြတာပါ ...... ဒါနဲ့လေ မေပျိုသိချင်တာရှိတယ်ကိုကြီး "

" အင်း "

" မေမေနဲ့ဖေဖေကဘာလို့ကွဲသွားတာလဲဟင်....ဟို အဆင်မပြေရင် မပြောလို့ရပါတယ်ကိုကြီး "

မေပျို့မှာမေးပြီးမှစကားကျွံမှာစိုးလို့ အနောက်ကစကားကိုအလျင်အမြန်ပြောလိုက်ရသည်

" မင်းသန့်နဲ့ကျွန်တော်နဲ့က အဖေတူအမေကွဲဆိုကတည်းက ဘာကြောင့်ကွဲတာလဲဆိုတာသည်းငယ်နားလည်မှာပါ "

" နားလည်ပေမယ့် ဖေဖေ့ပုံစံက အိမ်ထောင်ရေးဖောက်ပြန်တဲ့သူမဟုတ်လောက်ပါဘူး "

" ဘယ်အရာကိုမှအပေါ်ယံတစ်ခုတည်းပဲကြည့်ပြီး ဆုံးဖြတ်လို့မရဘူး "

" ဟုတ်မေပျိုသိပါတယ်.....ဒါပေမယ့်ကိုကြီးနဲ့ဖေဖေက သားအဖတွေဆိုတော့ ဖေဖေ့အကြောင်းကို ကိုကြီးကပဲပိုသိမှာပါ "

" အင်း ကျွန်တော်သိတယ်အသည်း......ကျွန်တော့်မျက်စိနဲ့ကိုယ်တိုင်မတွေ့ခဲ့ရင် ကျွန်တော်လည်းအဖေ့ကိုယုံမိမှာပါ "

" ဘာတွေ့တာလဲဟင် ကိုကြီး "

မေပျို့မှာအကြောင်းအရာတွေအားလုံးကိုသိနေပေမယ့်လည်း မသိဟန်ဆောင်ကာကိုကြီးဆီကနေအကြောင်းအရာအားလုံးကိုထပ်ပြီးနားထောင်ချင်ပါသည်

ဒါမှကိုကြီးခံစားနေရတဲ့ခံစားချက်ကို မေပျိုကနားလည်ပြီး ကုစားပေးနိုင်မှာမလား

" အင်း.....အဖေက ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော့်သူငယ်ချင်းရဲ့အမေနဲ့အတူတူအခန်းတစ်ခန်းထဲမှာအတူတူရှိနေခဲ့ကြတယ်

ကျွန်တော်လည်းသည်းငယ်ကို တစ်ခြားသူစိမ်းတစ်ယောက်နဲ့အဲ့လိုပုံစံမျိုးမမြင်ချင်ဘူးကလေးရယ် "

မေပျိုကတော့ ကိုကြီးရဲ့စကားကိုကြားပြီး အရမ်းကိုစိတ်ဆိုးမိပါသည်

ကိုကြီးက မေပျို့ကိုမယုံကြည်လို့ ထိုစကားကိုပြောလိုက်တာမလား

" ဖယ် မေပျို့ကိုမဖက်နဲ့ "

သူမခါးထက်ကနေတင်းနေအောင်ဖက်ထားတဲ့ ကိုကြီးလက်တွေကိုဆွဲခွာလိုက်ပြီး မေပျိုလည်းကိုကြီးပေါင်ပေါ်ကနေထလာလိုက်ကာ အိပ်ရာထဲသို့သာဝင်ခဲ့လိုက်သည်

" သည်းငယ် မင်းဘာဖြစ်သွားတာလဲ "

" ဟေ့ သည်းငယ် "

သူ့စကားကိုအရေးမလုပ်စွာ အိပ်ရာထဲမှာဝင်လှဲနေတဲ့သည်းငယ်ကိုကြည့်ပြီး သူရိန့်မှာသူဘာမှားသွားလဲစဥ်းစားပေမယ့် အဖြေမထွက်ပေ

" အသည်း "

" ဖယ် မေပျို့အနားကိုမလာနဲ့ "

" မဟုတ်ဘူးလေကွာ စကားပြောနေရင်းဘာဖြစ်သွားတာလဲ "

" ကိုကြီးပြောတဲ့စကားကို ကိုကြီးစဥ်းစားကြည့်ပေါ့ "

လှဲနေရာကနေ ငုတ်တုပ်ထထိုင်ပြီးတစ်ဖက်ကိုကျောပေးကာ ပြောလာတဲ့သည်းငယ်ရဲ့စကားကြောင့် သူရိန့်မှာသူမလေးဘာကြောင့်စိတ်ကောက်သွားလဲဆိုတာ နားလည်သွားတော့သည်

" ကျွန်တော်က ကျွန်တော်မဖြစ်စေချင်တဲ့အရာကိုပြောပြတာပါ "

" ဘာပဲဖြစ်ဖြစ် အဲ့လိုပြောကတည်းက ကိုကြီးမေပျို့ကိုမယုံလို့လေ "

" မဟုတ်ဘူး သည်းငယ်....ကျွန်တော်မင်းကိုယုံပါတယ် "

" ယုံရင်ဘာဖြစ်လို့ပြောသေးလဲကိုကြီး "

သူ့ဘက်ကိုလှည့်ပြီးပြောလာတဲ့မျက်နှာလေးမှာ မျက်ရည်ကြည်တွေကဝေ့နေတာမို့ သူရိန်လည်းမေပျိုငယ်ရဲ့ခန္ဓာကိုယ်လေးကိုရင်ခွင်ထဲဆွဲထည့်ပြီး တောင်းပန်စကားဆိုလိုက်တော့သည်

" ကျွန်တော်တောင်းပန်ပါတယ် သည်းငယ် "

" အင့်.... ခုမှလာတောင်းပန်မနေနဲ့ "

" မင်းကိုချစ်တယ်အသည်း......ချစ်မိလို့လည်း ကျွန်တော်ပြောထွက်မိသွားတာပါ "

" မေပျိုလည်း ကိုကြီးကိုချစ်တာကိုကြီးသိတာပဲကို "

" ဟုတ်ပါတယ် ကျွန်တော်သိပါတယ်.... ကျွန်တော်တောင်းပန်ပါတယ်သည်းငယ်.....နောက်တစ််ခါဆိုတာမရှိစေရဘူးနော် "

" အင့်.....ကိုကြီးကိုချစ်လို့ ခွင့်လွှတ်ပေးလိုက်မယ် "

" အဟွန်း.....မင်းကိုချစ်တယ်သည်းငယ် "

" မေပျိုလည်း ကိုကြီးကို အရမ်း အရမ်း အရမ်း အရမ်းချစ်တယ် "

" အဟက် မင်းကတော့လေ "

သူရိန့်မှာသည်းငယ်ရဲ့အပြောလေးကြောင့် အသည်းယားလွန်းလို့ ခန္ဓာကိုယ်သေးသေးလေးကိုပိုလို့တိုးကာဖက်ထားမိပါသည်

ဘုရားသခင်က အကြာကြီးနေမှ သူ့အတွက်ပျော်ရွှင်ခြင်းလက်ဆောင်ကိုပေးလိုက်တယ်ထင်ပါရဲ့
_
_
_
_
" နန်း "

" ဘာကိစ္စရှိလို့လဲ ကျော်စွာ "

" ကိုယ်အခု ကိုယ်တို့ဆုံနေကျနေရာမှာရောက်နေတယ် နန်းလာခဲ့မလား "

" ဘာ နင် ကလောကိုရောက်နေတာလား "

" ဟုတ်တယ်နန်း လာမယ်လို့ကိုယ်မျှော်လင့်ပါတယ် "

" မလာမှာမို့လို့ စောင့်မနေနဲ့ "

" အိုခေ နန်းမလာရင် ကိုယ်နန်းတို့အိမ်ကိုပဲလာရတော့မှာပေါ့ "

" လာခဲ့မယ် "

" တောက် "

နန်းခမ်းမှာစိတ်တိုလွန်းစွာ ဖုန်းချပြီးတာနဲ့ တောက်တစ်ချက်ကိုပြင်းပြင်းထန်ထန်ခေါက်လိုက်မိသည်

ကိုကြီးနဲ့ကျော်စွာက အရင်တုန်းကကောင်းတဲ့ဆက်ဆံရေးရှိပေမယ့် အခုချိန်မှာတော့သူစိမ်းသာသာရယ်ပါ

ဒါကလည်းကိုကြီးအမှားမဟုတ်
ကျော်စွာက ကိုကြီးနဲ့ဘယ်အရာမဆိုယှဥ်ပြိုင်သည်။ သူမရတဲ့အရာဆို ကိုကြီးလည်းမရစေရအောင်တစ်နည်းနည်းဖြင့် ဖျက်လိုဖျက်ဆီးလုပ်သည်။

ဒါတွေကို ကိုကြီးကသိသွားတော့သူမကို ကျော်စွာနဲ့အဆက်အသွယ်မလုပ်ခိုင်းတော့ပေ

ကျော်စွာကလည်း သူမကသူငယ်ချင်းအဖြစ်ရှိနေရာကနေ တစ်ဖြေးဖြေးနဲ့ရှောင်ဖယ်လာတော့ရိပ်မိလာပြီး ကိုကြီးကိုလည်းအရင်ကထက်ပိုပြီးယှဥ်ပြိုင်ပါတော့သည်

ကိုကြီးက သူ့ထက်ဆယ်နှစ်လောက်ကြီးပေမယ့်လည်း ကျော်စွာကတော့အကြောင်းပြချက်မရှိဘဲ ကိုကြီးကိုမုန်းတီးနေလေရဲ့

နောက်မှသိလိုက်ရတာက ကျော်စွာက သူမကိုချစ်နေတာဖြစ်ပြီး.....သူမကလည်း ကိုကြီးကိုတစ်ဖက်သတ်ချစ်နေတာကိုကျော်စွာကသိရှိသွားကတည်းက အခုလိုဖြစ်လာခဲ့ခြင်းပင်

ကိုကြီးတို့အိမ်ရဲ့မွေးစားသမီးဖြစ်တဲ့သူမက တစ်အိမ်လုံးရဲ့အချစ်ကိုအပိုင်ရထားတာဖြစ်လို့ ကိုကြီးကလည်းသူမကို ညီမလေးတစ်ယောက်လိုသာသဘောထားလေသည်

နောက်ပိုင်းကိုကြီးမိန်းမရသွားမှသာ နန်းခမ်းလည်းကျော်စွာနဲ့အဆက်အသွယ်ပြန်ရခဲ့ပြီး မဖြစ်သင့်တာတွေဖြစ်လာခဲ့တော့၏

အခုလည်းနန်းခမ်းမှာ ကျော်စွာနဲ့ချိန်းဆိုထားတဲ့နေရာကို ထွက်လာခဲ့သည်
_
_
_
_
မေပျိုကတော့နေ့လည်ခင်းဗိုက်ဆာလာတာမို့ ရုံးနဲ့မဝေးတဲ့ cafe ဆိုင်တစ်ဆိုင်ကိုသွားကာ ကော်ဖီနဲ့မုန့်တွေဝယ်ယူနေမိသည်

ကိုကြီးက မိနစ် ၂၀ပဲအချိန်ပေးလိုက်တာမို့ မေပျို့မှာစက်ဘီးကိုခပ်သွက်သွက်နင်းကာ ဆိုင်ကိုရောက်တော့အေးအေးဆေးဆေးပင်မုန့်တွေကိုရွေးပါတော့သည်

စက်ဘီးနင်းချိန်က ၅မိနစ်ပဲကြာပြီး အသွားအပြန်ဆို ၁၀မိနစ်ရှိတာမို့ ကျန်တဲ့ ၁၀မိနစ်မှာအေးဆေးမုန့်ရွေးနေလိုက်သည်

ဇွဲတစ်ယောက် cafe ဆိုင်မှာထိုင်နေတုန်း မျက်လုံးထဲဝင်လာတဲ့ ဖြူဖြူဖွေးဖွေးကောင်မလေးကိုသာတောက်လျှောက်ကြည့်နေမိသည်

အရမ်းကြီးလှနေတာမျိုးမဟုတ်ပေမယ့် သူ့ပုံစံနဲ့သူတော့ဆွဲဆောင်မှုရှိနေသည်ဟု မြင်မိ၏

ဂျင်းအတိုအပွလေးကို တီရှပ်နဲ့တွဲဝတ်ထားတဲ့ပုံစံလေးကပဲ သူမလေးကိုနုပျိုလန်းဆန်းခြင်းအသွင်သို့ရောက်စေတယ်ဟု ထင်ပါသည်

သူက ကောင်တာနဲ့နီးတဲ့စားပွဲဝိုင်းမှာထိုင်နေတာမို့ သူမလေးငွေရှင်းနေတဲ့အချိန် ကြားလိုက်ရတဲ့အသံချိုချိုလေးကိုလည်း သူ့မှာသဘောကျနေမိသည်

" အများကြီးအားပေးလို့ မုန့်တစ်ထုတ်လက်ဆောင်ထည့်ပေးလိုက်တယ်နော် "

" ကျေးဇူး အများကြီး အများကြီး တင်ပါတယ်
ရှင့် "

မေပျို့မှာ မုန့်မျက်နှာကြောင့်ကောင်တာကအစ်မကို အပြုံးချိုချိုလေးနဲ့တုန့်ပြန်ပြီးမှ ဆိုင်ထဲကနေထွက်လာခဲ့လိုက်သည်

" ဟင် အန်တီလေး "

" သမီး ဘယ်လိုဖြစ်ပြီးရောက်နေတာလဲ "

" ဗိုက်ဆာလို့မုန့်လာဝယ်တာတီနန်း.....တီနန်းကရော တစ်ယောက်တည်းပဲလားဟင် "

" အန်တီမိတ်ဆွေတစ်ယောက်နဲ့ချိန်းထားတာသမီး "

" ဟုတ် တီနန်း ဒါဆိုသမီးသွားလိုက်ပါဦးမယ်နော် "

" ဟုတ်ပြီသမီး "

နန်းခမ်းကတော့ မေပျိုငယ်ထွက်သွားတာနဲ့ ဆိုင်ထဲကိုခပ်သုတ်သုတ်ဝင်လာခဲ့လိုက်သည်

သူမရောက်ပြီးသိပ်မကြာပါ ကျော်စွာလည်းမရှေးမနှောင်းမှာရောက်လာခဲ့သည်

" ပိုလှလာတယ်နန်း "

အရင်တုန်းကလိုပဲ သူ့အပိုင်လိုဆက်ဆံလာတဲ့ကျော်စွာ့ကို နန်းခမ်းလည်း မနှစ်သက်ကြောင်းပြတဲ့အနေနဲ့ခပ်တည်တည်နဲ့သာနေနေလိုက်သည်

" အဟွန်း နန်းကပိုပြီးသူစိမ်းဆန်လာတယ်ကွ "

" အပိုတွေပြောမနေဘဲ လိုရင်းသာပြောပါကျော်စွာ "

" ပြောစရာရှိလို့မဟုတ်ဘူးနန်း.....နန်းကိုတွေ့ချင်လို့ခေါ်လိုက်တာပါ "

" အခုတွေ့ပြီးပြီဆိုတော့ ပြန်တော့မယ် "

" နေပါဦးကွာ ကိုယ်တို့တွေအကြာကြီးနေမှပြန်တွေ့ကြတာပဲ "

" တွေ့ချင်စိတ်မရှိဘူး မင်းမြတ်ကျော်စွာ "

" ကိုယ်ကတော့မင်းကိုအရမ်းတွေ့ချင်နေခဲ့တာနန်း "

သူ့ကိုသူငယ်ချင်းအဖြစ်ကနေအဆက်အသွယ်ဖြတ်လိုက်ကတည်းက နန်းကအခုလိုမျိုးသာသူ့ကိုဆက်ဆံတော့သည်

" ကိုယ်မင်းကိုစောင့်နေခဲ့တာ နှစ် ၂၀ ကျော်နေပြီနန်း "

" စောင့်နေပါလို့မပြောခဲ့ဖူးဘူးကျော်စွာ "

" နှလုံးသားကနန်းကိုပဲတောင့်တနေတော့ သူ့အလိုလိုစောင့်နေမိတာပေါ့ကွာ "

" ငါတို့အသက်က ၄၃နှစ်ရှိပြီကျော်စွာ.....ဒီအရွယ်မှာ အချစ်တွေ မေတ္တာတွေကမပြောကောင်းတော့ဘူး "

" ၄၀ မှဘဝစတာတဲ့ကွ နန်းမကြားဖူးဘူးလား "

" နင့်ရဲ့အကျိုးမရှိတဲ့စကားတွေကိုနားမထောင်ချင်တော့ဘူး "

" အဟက် ဒါဆိုလည်းနန်းစိတ်ဝင်စားလောက်
မယ့်အရာမျိုးပြောရမှာပေါ့ကွ "

နန်းခမ်းလည်း ကျော်စွာ့ရဲ့အကြည့်နဲ့အပြောအောက်မှာ ဘာစကားဖြစ်နေမလဲဆိုတာတွေးပြီးထိတ်လန့်မိပါသည်

ဒီအမျိုးသားက ဟိုးငယ်ငယ်လေးကတည်းက
ယှဥ်ပြိုင်လိုစိတ်ကြီးတာမို့ သူဖြစ်ချင်တဲ့အရာဖြစ်ရဖို့ဆိုအရာရာလည်းလုပ်ရဲတဲ့သူတစ်ယောက်ပေ

" ကိုယ်ကားပါကင်ထိုးနေတုန်း နန်းနဲ့ကလေးမလေးတစ်ယောက်စကားပြောတာတွေ့လိုက်တယ်.....နန်းပြောသလိုပါပဲ ခိုင်ခန့်နဲ့ဆင်ပါတယ် အင်း.....ကိုယ်တော့စဥ်းစားမိတယ် ဘယ်အချိန်သေမယ်မှန်းမသိတဲ့လောကကြီးမှာနေနေရလို့ အဖြစ်မှန်တွေအကုန်လုံးကိုချပြတော့မလားလို့တောင်တွေးနေမိတယ် "

" မင်း..မြတ်..ကျော်..စွာ "

သူမအကြောက်ဆုံးအရာကိုသူ့ဘက်ကသိနေတာမို့ အခုလည်းသူမကိုအကြပ်ကိုင်နေပြန်ပါပြီ

" ပြီးပြီးသားတွေကိုပြန်အစဖော်ဖို့မကြိုးစားနဲ့ ကျော်စွာ "

" တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ အမှန်တရားဆိုတာပေါ်ပေါက်လာမှာပါနန်း "

" နင်နဲ့ငါပဲသိတဲ့ကိစ္စတစ်ခုမှာ နင်မပြောရင်ဘယ်သူမှသိစရာမရှိဘူး "

" ကိုယ်လည်းမပြောပြချင်ပါဘူး ဒါပေမယ့်နန်းက ကိုယ့်အပေါ်ကိုစိမ်းကားလွန်းနေတယ် "

" ကျစ်.....နင်ထပ်ပြီးအကြပ်ကိုင်ပြန်ပြီ "

" နန်းက ဒီလိုမှပဲကိုယ်နဲ့အတူတူရှိမှာမလား "

ကျော်စွာ့မှာနန်းနဲ့ခဏလေးအတူရှိရဖို့အရေး အခုလိုတွေအကြပ်ကိုင်နေရတာကိုသူစိတ်ကုန်နေပါပြီ

ဒါပေမယ့်အခုလိုမလုပ်ရင်လည်း မဖြစ်ပေ
နန်းက သူ့ကိုဆိုသူစိမ်းထက်တောင်ပိုပြီးစိမ်းနေပါသေးတယ်

တစ်ခုတော့ရှိတာပေါ့ဗျာ.....နန်းကအရေးကြုံရင်တော့သူ့ကိုသတိရတာကိုပဲ သူ့မှာကျေနပ်ဝမ်းသာနေရသည်

" မနက်ဖြန်ကလောဘူတာမှာစောင့်နေမယ် နန်း ...... ငြင်းဖို့တော့မကြံပါနဲ့ဗျာ ဟုတ်ပြီလား "

နန်းခမ်းကတော့ဘာမှမတတ်နိုင်စွာ လက်ခံရတော့သည်

တစ်ကယ်ဆိုသူ့အနေအထားကြီးနဲ့ သူမကိုပဲဘာလို့တမ်းတမ်းစွဲဖြစ်နေလဲနားမလည်တော့ပေ
_
_
_
_
"'' ဟင် ဟိုကလေးမ ''''

ဇွဲလည်းသူ့ရုံးရှေ့မှာကားရပ်လိုက်တော့ သူ့ကားဘေးကနေဖြတ်သွားတဲ့စက်ဘီးပေါ်ကကောင်မလေးကိုကြည့်ပြီး ဘာကိုနှစ်သက်လို့နှစ်သက်နေမှန်းမသိပေ

" အာ့ "

မေပျို့မှာစက်ဘီးစီးနေရင်း စက်ဘီးနဲ့ခဲလုံးပေါ်ကိုနင်းမိသွားတော့ အရှိန်မထိန်းနိုင်ဘဲ စက်ဘီးကမှောက်တော့သည်

" ဒီခဲလုံးကတော့လေ သူ့နေရာသူမနေဘဲလမ်းလယ်ခေါင်မှာဘာလုပ်နေမှန်းမသိဘူး "

မေပျို့မှာစက်ဘီးမှောက်ပေမယ့် ဘာမှမဖြစ်သွားတာမို့ ချက်ချင်းပဲကုန်းရုန်းထကာ ခဲလုံးကိုသူ့နေရာသူပြန်ထားလိုက်သည်

" အဆင်ပြေရဲ့လား "

" ရှင် "

" စက်ဘီးမှောက်သွားတော့ ထိခိုက်မိတာများရှိသေးလားကောင်မလေး "

" ဟမ် အဲ ဘာမှမဖြစ်ပါဘူး "

" စက်ဘီးနင်းလို့အဆင်မပြေရင် လိုက်ပို့ပေးရမလား "

" မဟုတ်တာ မေပျိုကဘာမှမဖြစ်သွားတာမို့
အိုခေပါပဲ "

" ဒူးခေါင်းကသွေးစို့နေတယ်ကောင်မလေး "

" ရတယ်ရတယ် ကိစ္စမရှိဘူး.... မေပျို့ကိုခွင့်ပြုပါဦး "

မေပျို့မှာထိုလူစိမ်းကိုနှုတ်ဆက်ပြီး ရုံးကိုသာအမြန်ပြန်ခဲ့လိုက်သည်

ကိုကြီး chance ပေးထားတဲ့မိနစ် ၂၀ ထက် ၅မိနစ်ပင်စွန်းနေတာမို့ မေပျို့မှာကိုကြီးဆူမယ်ဆိုတာကျိန်းသေသိနေပါပြီ

ဇွဲကတော့ သူ့ကိုယ်သူမေပျိုလို့သုံးနှုန်းသွားတဲ့ကောင်မလေးနောက်ကိုမျက်စိတစ်ဆုံးကြည့်နေမိပြီး အရိပ်လေးပျောက်ကွယ်သွားပြီဆိုမှ ရုံးထဲသို့ဝင်ခဲ့လိုက်သည်
_
_
_
_
" ညီမလေး ဆရာကခုနကပြန်ရောက်ပြီလားမေးနေသေးတယ် "

" ဟုတ်တယ်ငယ်လေးရေ မေးသွားတာတောင်ဆရာကခပ်တည်တည်ပဲ "

" ဆူခံရမလားမသိလို့ ကြိုပြင်ဆင်သွားလိုက်ဦးငယ်လေးရေ "

မေပျို့မှာရုံးထဲဝင်ဝင်ချင်း အစ်မတွေရဲ့စကားကိုကြားပြီး စိတ်ညစ်သွားတော့သည်

" လမ်းမှာစက်ဘီးမှောက်သွားလို့နောက်ကျသွားတာအစ်မတို့ရယ် "

" ဟယ် တို့လည်းအခုမှပဲသတိထားမိတော့တယ် "

" ဟုတ်ပါ့ကွယ် ဒူးခေါင်းကအဆင်ပြေလားညီမလေး သွေးတောင်ထွက်နေပြီ "

" ညီမလေး အစ်မဆီလာ အစ်မဆေးလိမ်းပေးမယ် "

" ပြီးမှပဲလာခဲ့တော့မယ်နော်အစ်မ အခုဆရာ့ဆီပြန်ရောက်ပြီဆိုတာသွားပြောလိုက်ဦးမယ် "

" ကောင်းတယ်ငယ်လေးရေ အရင်သွားပြောလိုက်ပါဦး နောက်မို့ဆိုတို့ဆရာကစိတ်မချဘဲ ခဏခဏလာလာကြည့်နေတော့ အလုပ်လုပ်ရတာအဆင်မပြေဘူးကွယ် "

" ဟုတ်တယ်ဟုတ်တယ် ညီမလေးထွက်သွားတဲ့ မိနစ်၂၀ အတွင်းမှာ လာကြည့်တာ အခါ ၁၀၀ လောက်ရှိနေပြီ "

" အတိသယဝုတ္တိအင်္လာက သုံးနှုန်းပြန်ပြီ "

မေပျိုကတော့အစ်မတွေပြောနေတာကိုအပြုံးလေးနဲ့သာတုံ့ပြန်လိုက်ပြီး ကိုကြီးအခန်းဆီလာခဲ့လိုက်သည်

" ဒေါက် ဒေါက် "

" ဝင်ခဲ့ပါ "

ကိုကြီးဆီကခွင့်ပြုသံကြားမှမေပျိုလည်း ဝင်လာခဲ့လိုက်သည်

" မေပျိုပြန်ရောက်ပါပြီ ကိုကြီး "

" ဘာလို့နောက်ကျနေတာလဲသည်းငယ် "

ကိုကြီးကအလုပ်လုပ်နေရင်းမေးလာတာမို့ မေပျိုလည်းစားပွဲခုံအရှေ့မှာရပ်နေမိရာကနေ စက်ဘီးမှောက်တဲ့အကြောင်းပြောလိုက်တော့သည်

" ဟင် ဘယ်နားတွေထိခိုက်မိသွားသေးလဲ အသည်း "

အခုမှကိုကြီးကလုပ်လက်စတွေကိုရပ်လိုက်ပြီး မေပျို့အနားကိုလာကာဂရုတစိုက်မေးလာတာမို့ မေပျို့မှာငိုချင်သွားရသည်

" အင့်......ဒူးခေါင်းက အင့်....ကွဲသွားတာလားမသိဘူး သွေးတွေထွက်နေတာ "

သည်းငယ်ပြောမှ သူရိန်လည်းဒူးခေါင်းကိုကြည့်လိုက်တော့ သည်းငယ်ပြောသလိုကွဲသွားတာမဟုတ်ဘဲ အနည်းငယ်ပွန်းကာသွေးထွက်နေသည်

" ပွန်းသွားရုံပါပဲ သည်းငယ် "

" ဟင့်....ပွန်းသွားလည်းနာတယ်ကိုကြီးရဲ့....ပြီးတော့လည်းလေ လက်မှာလည်းဒဏ်ရာရသွားသေးတယ် "

သူရိန်လည်း သည်းငယ်ရဲ့လက်နှစ်ဖက်စလုံးကိုကိုင်ပြီး ကြည့်လိုက်တော့ ဒဏ်ရာကြီးကြီးမားမားမရတာမို့ သူလည်းစိတ်ပေါ့ပါးသွားတော့သည်

" အဲ့ဒါကိုကြီးကြောင့် ကိုကြီးကမေပျို့ကိုအချိန်သတ်မှတ်ပေးလိုက်တော့ မေပျို့မှာလောလောနဲ့စက်ဘီးနင်းလာတာ ခဲလုံးကိုမမြင်မိဘဲတက်နင်းလာတော့ စက်ဘီးကမှောက်သွားရော "

" ကျွန်တော့်အပြစ်ပေါ့သည်းငယ် "

" ဟုတ်တယ် ကိုကြီးအပြစ် "

" လမ်းကိုသေချာမကြည့်ဘဲနင်းလာတဲ့သည်းငယ်အပြစ်မဟုတ်ဘူးလား "

" အင့်.....ကိုကြီးနော် မေပျိုကဒီလောက်တောင်ဒဏ်ရာတွေရထားတာကို ဆူမလို့ကြံနေတာမလား အီး.... "

" ဟော မင်းကတော့လေ ကျွန်တော်မဆူရသေးဘူးလေကွာ မငိုနဲ့တိတ်တော့ "

" ဟင့် ကိုကြီးကလေသံမာမာနဲ့ပြောတာကိုး သူများကဝမ်းနည်းနေတာကို "

" ဟုတ်ပါပြီကွာနောက်မပြောတော့ဘူးနော် "

" ဟုတ် "

မေပျို့မှာတော့ကိုကြီးဆီကအဆူမခံရတော့မှာသေချာသွားတဲ့အတွက် ကြိတ်ပြုံးလိုက်တော့သည်

" ဆေးထည့်ရမယ်အသည်း "

" ဟုတ် "

မေပျိုကထိုင်ခုံမှာထိုင်နေတုန်း ကိုကြီးကရုံးဖုန်းနဲ့အပြင်ကတစ်ယောက်ကိုဆေးဘူးလာပို့ပေးဖို့ဖုန်းဆက်နေသည်

" နာနေလားသည်းငယ် "

" ဟုတ်ကိုကြီး "

မေပျို့မှာကိုကြီးက သူမအနားမှာလာထိုင်ပြီးမေးလာတာမို့ သူမကလည်းချက်ချင်းဆိုသလိုကိုကြီးပခုံးမှာ ခေါင်းလေးမှီလိုက်ပြီးချွဲချွဲနွဲ့နွဲ့လေးပြောလိုက်သည်

" နောက်မဖြစ်အောင်ဂရုစိုက် သည်းငယ် "

" ဟုတ် "

သူဆူမှာကိုကြိုသိနေတဲ့သည်းငယ်က လည်လွန်းလှစွာစက်ဘီးမှောက်တာကိုအကြောင်းပြပြီး
သူမဆူတော့အောင်စကားနားထောင်နေတဲ့ပုံစံလေးက ဘယ်လိုလေးမှန်းကိုမသိပေ

တစ်ကယ်ပါသူ့ရဲ့သည်းငယ်က သိပ်ကိုလည်ဝယ်လွန်းတဲ့ကလေးလေးပင်

" ဆရာ ဆေးဘူး ရ ရ ရ..... "

ဆေးဘူးလာပေးတဲ့ပြည့်ပြည့်မှာတော့ ဆရာတို့ကြည်နူးနေတာကိုမြင်ပြီးအထဲပဲဆက်ပြီးဝင်ရမလိုလို ထွက်ပဲသွားရတော့မလိုလိုနှင့် ဝေခွဲရခက်နေတော့သည်

အခန်းထဲလူဝင်လာမှ သူရိန်လည်းသည်းငယ်ဘေးကပ်နေရာကနေ မတ်တပ်ရပ်လိုက်ပြီးဆေးဘူးကိုယူလိုက်သည်

" ဆေး ဆေးဘူးနဲ့ ဆရာ့အတွက်မုန့် မုန့်ပါ "

" အင်း ကျေးဇူးပဲ "

" ဟုတ်....ဟို နှောင့်ယှက်သလိုများဖြစ်သွားရင်တောင်းပန်ပါတယ်ရှင်ဆရာ "

" ဗျာ "

" အဟီး "

မေပျိုကတော့ အစ်မပြည့်ပြည့်ပြောတဲ့စကားကိုနားလည်ပေမယ့် ကိုကြီးကတော့ဗျာဆိုပြီးမအူမလည်ဖြစ်သွားတာလေးကိုကြည့်ပြီး မေပျို့မှာသဘောတကျပြုံးမိသွားရသည်

ကိုကြီးကအရမ်းကိုချစ်ဖို့ကောင်းတာပဲ လူတွေရယ်

" ခွင့်ပြုပါဦးရှင် ဆရာ "

" အင်း "

ပြည့်ပြည့်ထွက်သွားမှသူရိန်လည်းတံခါးကိုလောခ့်ချလိုက်ပြီး တပြုံးပြုံးဖြစ်နေတဲ့သူ့ရဲ့သည်းငယ်ဆီကိုဦးတည်ပြီးလျှောက်သွားလိုက်သည်

" ရုံးမှာ အနေအထိုင်ဆင်ခြင်သင့်တယ်မေပျိုငယ် "

" မေပျိုကဆင်ခြင်ပါတယ်ကိုကြီးရဲ့.....မဆင်ခြင်တာက ကိုကြီးပါ "

" ဘာ "

" ဟုတ်တယ်လေ မေပျိုက မေပျို့ဘာသာထိုင်နေတာကို ကိုကြီးကမေပျို့ဘေးနားမှာလာထိုင်တာမလား "

" ကျွန်တော်ထိုင်တာသည်းငယ်နဲ့အနည်းငယ်လှမ်းပါတယ် "

" ၅လက်မလောက်ပဲလှမ်းတာပါကိုကြီးရဲ့ "

" မင်းကတော့လေ ကျွန်တော်အရမ်းအသည်း ယားနေပြီဗျ "

မေပျို့မှာတော့ ရုတ်တစ်ရက်ဆိုသလိုကိုကြီးက မေပျို့ခါးလေးကိုလက်နှစ်ဖက်လုံးနဲ့သိုင်းဖက်လိုက်တာမို့ မေပျို့မှာကိုကြီးရဲ့ရှပ်အင်္ကျီအနက်ရောင်လေးကို ရင်ဘတ်ကနေဖွဖွလေးပြန်ကိုင်ထားမိသည်

" ကျွန်တော်နမ်းချင်လာလို့ခွင့်ပြုပါသည်းငယ် "

" မ မရဘူးလေ ကိုကြီးရဲ့ ရုံးမှာဟာကို "

" ကျွန်တော်လော့ခ်ချထားပါတယ် "

" တွေ့လားမေပျိုကအနေအထိုင်ဆင်ခြင်တယ် ကိုကြီးကသာမဆင်ခြင်တာ "

" ဟုတ်ပါတယ် သည်းငယ်ကအနေအထိုင်ဆင်ခြင်ပါတယ် ဒါကြောင့်အနေအထိုင်မဆင်ခြင်တဲ့ကျွန်တော်ကပဲနမ်းပါတော့မယ် "

မေပျို့မှာ ကိုကြီးရဲ့အပြောကိုသဘောကျစွာပြုံးလိုက်ပြီးမှ နီးကပ်လာတဲ့ကိုကြီးရဲ့နှုတ်ခမ်းဆီကိုအကြည့်ရောက်သွားပြီး တံတွေးတစ်ချက်မျိုချလိုက်မိသည်

"'' သိပ်ကိုလှပလွန်းတဲ့နှုတ်ခမ်းတစ်စုံပါလား "''

ဒီနှုတ်ခမ်းနဲ့အကြိမ်ကြိမ်ထိတွေ့ခဲ့ဖူးမှန်းစဥ်းစားလိုက်တော့ မေပျို့မှာရင်တွေတဒိတ်ဒိတ်ခုန်လာတော့သည်

အခုလည်းသူမရဲ့နှုတ်ခမ်းကိုထိကပ်လိုက်တဲ့
ကိုကြီးရဲ့နှုတ်ခမ်းကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကနွေးထွေးသွားတော့သည်

ဖြေးဖြေးချင်းပဲနမ်းနေတဲ့ကိုကြီးကြောင့် မေပျို့မှာကိုကြီးရဲ့အထိအတွေ့တွေကိုသေချာကိုခံစားနေမိသည်

နှုတ်ခမ်းချင်းထိတွေ့နေတာကိုလည်းခံစားနေရသလို ကိုကြီးရဲ့လက်တွေက မေပျို့ရဲ့ခါးကိုတိုးဖက်လိုက်တာကိုလည်း ခံစားမိပါသည်

" အဟွန်း သိပ်ချစ်တယ်သည်းငယ် "

အနမ်းကိုအဆုံးသတ်လိုက်ပြီး နူးညံ့စွာဆိုလာတဲ့ကိုကြီးရဲ့စကားကြောင့် မေပျိုလည်းပြုံးလိုက်ပြီး ကိုကြီးရဲ့ရင်ခွင်ထဲ၌ခိုဝင်မိပါတော့သည်

___________________________________________

Mysterious Love
~~~~~~~~~~~~~~
Part - 31
~~~~~~~~~



" မေမေ "


" သမီး "


" ခုနလေးတင်သမီး "

" အထဲဝင်ကြမယ်နော် မေမေ "








" မေမေ "








" မင်းလာခဲ့ မေပျိုငယ် "







" မေမေ မဟုတ်ဘူးလေဗျာ "














" Happy Birthday to you
Happy Birthday to you
Happy Birthday to you...... "









" ဟေ အင်း ဟုတ်သားပဲကွ "




" ဟေ အေးအေး "










" အိုခေပါ ထရက်ရှာ "

" မေမေ ပြန်ကြမယ် "

" ဟုတ်ပြီသား "





" ငါးကင် ငါးကင် "

" ညီမလေး ပါးစပ်ဟ "

" အာ...... "










" ဟုတ်ပါပြီကွယ် "








" ဟာ...... "

" ဘာဖြစ်တာလဲသမီး "

" ဘာဖြစ်လို့လဲ ညီမလေး "









_
_
_
_

" ဆယ်နာရီလေကိုကြီး "


" ဟုတ် "









" ဟုတ် ကိုကြီး "













" အင်း "


















" ဟေ့ သည်းငယ် "


" အသည်း "














" ဟုတ်ပါတယ် ကျွန်တော်သိပါတယ်.... ကျွန်တော်တောင်းပန်ပါတယ်သည်းငယ်.....နောက်တစ်ခါဆိုတာမရှိစေရဘူးနော် "




" အဟက် မင်းကတော့လေ "


_
_
_
_
" နန်း "







" လာခဲ့မယ် "

" တောက် "










_
_
_
_








ရှင့် "


" ဟင် အန်တီလေး "





" ဟုတ်ပြီသမီး "



" ပိုလှလာတယ်နန်း "




















" မင်း..မြတ်..ကျော်..စွာ "













_
_
_
_
"'' ဟင် ဟိုကလေးမ ''''


" အာ့ "




" အဆင်ပြေရဲ့လား "

" ရှင် "


" ဟမ် အဲ ဘာမှမဖြစ်ပါဘူး "


အိုခေပါပဲ "





_
_
_
_













" ဒေါက် ဒေါက် "

" ဝင်ခဲ့ပါ "














" ဟုတ်တယ် ကိုကြီးအပြစ် "






" ဟုတ် "


" ဆေးထည့်ရမယ်အသည်း "

" ဟုတ် "


" နာနေလားသည်းငယ် "

" ဟုတ်ကိုကြီး "



" ဟုတ် "



" ဆရာ ဆေးဘူး ရ ရ ရ..... "




" အင်း ကျေးဇူးပဲ "


" ဗျာ "

" အဟီး "



" ခွင့်ပြုပါဦးရှင် ဆရာ "

" အင်း "




" ဘာ "



















___________________________________________

Continue Reading

You'll Also Like

6.3M 190K 45
She isn't short. She is bite sized. Anita Rosaline Nightshade has always been small. 4'11 height but a 6'7ft attitude. She might be small, but she...
227M 6.9M 92
When billionaire bad boy Eros meets shy, nerdy Jade, he doesn't recognize her from his past. Will they be able to look past their secrets and fall in...
92M 2.9M 134
He was so close, his breath hit my lips. His eyes darted from my eyes to my lips. I stared intently, awaiting his next move. His lips fell near my ea...
657K 73.2K 188
သူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး နောက်မှာတော့ သူမရဲ့ လှပလာတဲ့ ပုံကို မြင်...