Chapter - 45 [ အိမ်မှနှင်ထုတ်ခြင်း]
#unicode
ချူကျင်းဇီသည် သူမမိသားစုက ရွာဝင်ပေါက်မှာရပ်နေကြတာကိုတွေ့လိုက်သောအခါ အမြန်ပြေးလျှောက်လာခဲ့သည်။
ခေတ်သစ်မှာတုန်းက သူမသည် အထီးကျန်သမားတစ်ယောက်သာဖြစ်သည်။ နှစ်ပေါင်းရာချီနေလာခဲ့ပြီးနောက် သူမအနားကလူတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ကြလေတယ်။ သူမမှာ နောက်လိုက်အနည်းငယ်သာကျန်ရှိပါတော့သည်။
ထိုနောက်လိုက်များဟာ ကျင်းကြံခြင်းနှင့် အလုပ်ရှုပ်နေကြပြီး သူမကလည်း ကျင့်ကြံရင်းအလုပ်ရှုပ်နေခဲ့သည်။ သူမနှင့် သူတို့ရဲ့တွေ့ဆုံချိန်ဆိုသည်မှာ ရှားပါးလှပြီး နှစ်အတော်ကြာအောင် အထီးကျန်နေခဲ့ရသည်။
ယခုတော့ သူမပြန်အလာကို စောင့်နေကြသောသူများကိုတွေ့လိုက်ရသောအခါ အံ့အားသင့်သွားပြီး နွေးထွေးသွားခဲ့သည်။ "အဘိုး..အဘွား..အဖေ..အမေ..အကိုတို့...အမတို့..."
"ကျင်းဇီ!"
"ပဥ္စမညီမလေး!"
"ပဥ္စမအစ်မ!"
သူမဘေးကင်းသည်ကိုတွေ့မှသာ လူတိုင်းက စိတ်သက်သာရာရသွားခဲ့သည်။
လီချင်းယူ(အမျိုးသမီးလီ)သည် သူမရဲ့မျက်ရည်များကိုသုတ်လိုက်ပြီး ကျင်းဇီကိုဆွဲကာဂရုတစိုက်စစ်ဆေးလေသည်။ ထိုအချိန်မှာပဲ သူမကစိုးရိမ်မှုများနှင့်မေးလိုက်သည်။ "အကျဉ်းထောင်အစောင့်တွေက သမီးကိုရိုက်သေးလား"
ချူကျင်းဇီ၏ကြည်လင်နေသော မျက်လုံးများသည် အပြုံးများဖြင့်ပြည့်နှက်သွားသည်။ တောက်ပနေသော လရောင်အောက်တွင် သူတို့က ကြယ်လေးများနှင့်ပင်တူနေသည်။ "မဟုတ်ဘူး...မဟုတ်ဘူး....ကံကောင်းလို့ အစ်ကိုကျင်းဟုန်က အချိန်မှီရောက်လာတယ်လေ မဟုတ်ရင် သမီးမနက်ဖြန်အထိတောင် ပြန်လာနိုင်မှာမဟုတ်ဘူး"
ထိုစကားလုံးများက ချူမိသားစုကို သတိပြန်ရသွားစေကာ ထန်ကျင်းဟုန်ကို အမြန်ကျေးဇူးတင်လိုက်ကြသည်။
"နောက်ကျနေပြီ အားလုံးပဲ အိမ်ပြန်ကြရအောင်"ထန်ကျင်ဟုန်က တည်ငြိမ်စွာပြန်ပြောလိုက်သည်။
ချူမိသားစုက ထန်ကျင်းဟုန်ကို ထပ်ပြီးကျေးဇူးတင်လိုက်သည်။ ထို့နောက် သူတို့က ချူကျင်းဇီကိုပြန်လည်ခေါ်ဆောင်သွားကြပြီး အပြန်မှာဘာတွေဖြစ်ခဲ့တာလဲဆိုတာကို မေးမြန်းနေကြသည်။
ထန်ကျင်းဟုန်ကတော့ နေရာမှာပဲ အုတ်မြစ်ချကာရပ်နေခဲ့သည်။ ချူမိသားစုထွက်သွားပြီးနောက် သူဟာ အိမ်ကိုပြန်ဖို့တုံ့ဆိုင်းနေခဲ့ပါသည်။
သူ့ရဲ့မိသားစုက သူ့အတွက်တံခါးဖွင့်ထားပါ့မလားတောင်မသိပါချေ။
သူအိမ်ပြန်ရောက်သောအခါ အသက်ပြင်းပြင်းရှုလိုက်ပြီး တံခါးကိုတွန်းလိုက်သည်။
မထင်မှတ်ထားစွာနဲ့ တံခါးဟာ ပွင့်နေခဲ့ပါသည်။
ထိုစဉ်အမှောင်ထုထဲက လူကြီးတစ်ယောက်အသံထွက်လာခဲ့ပြီး "ကျင်းဟုန် မင်းဘာကြောင့် အရမ်းနောက်ကျမှပြန်လာရတာရတာလဲ"
"တစ်ခုခုဖြစ်သွားခဲ့လို့ ကျွန်တော်သွားဖြေရှင်းနေတာ ဒါကြောင့်နောက်ကျနေတာပါ"ထန်ကျင်းဟုန်က မရေမရာပြန်ဖြေလိုက်သည်။
အဖေထန်သည် အပြစ်ရှိသလိုခံစားရသဖြင့် ထန်ကျင်းဟုန်အား ဘာကိစ္စလဲဆိုတာမမေးတော့ပါချေ။
ထန်ကျင်းဟုန် ၁၃နှစ်သားအရွယ်တွင် အင်ပါယာတရားရုံးတော်က မိသားစုတိုင်းကို ယောကျာ်းသား တစ်ယောက်ဆီလွှတ်ကာ နယ်စပ်တိုက်ပွဲတွင် စစ်မှုထမ်းဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။
ထန်ကျင်းဟုန်မှာ ထိုအချိန်က ၁၃နှစ်အရွယ်သာ ရှိသေးသော်လည်း အရမ်းအရပ်ရည်နေခဲ့တာကြောင့် အဖေထန်က ၁၅နှစ်လို့မှတ်ယူပေးခဲ့သည်။ ထို့ကြောင့် သူက သူ့အဖေအစား စစ်မှုထမ်းဆောင်ရန် စစ်ထဲဝင်ခဲ့ရသည်။
သူစစ်မှုထမ်းသည့်အချိန်မှစ၍ ၁၂နှစ်ကြာသည်တိုင်အောင် သူ့သတင်းတစ်ခုမှမကြားခဲ့ရပါချေ။ လူတိုင်းက သူစစ်ပွဲမှာကျဆုံးသွားပြီလို့ ထင်ခဲ့ကြသည်။
သို့သော် လူတိုင်းအံ့ဩသွားရသည်မှာ ထန်ကျင်းဟုန်သည် မကြာသေးခင်ကမှ ပြန်ရောက်လာခဲ့လေသည်။
ထန်ကျင်းဟုန်က နယ်စပ်တိုက်ပွဲတွင် အခွင့်အရေးများစွာရရှိခဲ့သည်။ ထို့ပြင် သူဟာ ထက်မြက်၊ တက်ကြွကာ အလုပ်ကြိုးစားခဲ့သည်။ သူသည် အံ့ဩစရာကောင်းစွာဖြင့် စစ်ပွဲအတွင်း တိုက်ပွဲကိုအနိုင်တိုက်နိုင်ခဲ့တဲ့ ဗျူဟာများစွာ ဖော်ထုတ်ခဲ့လေသည်။ ရလဒ်အနေဖြင့် သူက စစ်သူကြီးဖန်၏အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။
စစ်သူကြီးဖန်သည် သူ့အားလက်တွဲခေါ်ကာ ကိုယ်တိုင်ကိုယ်ကျသင်ကြားပေးခဲ့၏။ သူက သူ့ကိုသားအရင်းတစ်ယောက်ကဲ့သို့ ဆက်ဆံကာ သူ့ရဲ့ဆက်ခံသူအဖြစ်ပျိုးထောင်ပေးခဲ့သည်။
ထန်ကျင်းဟုန်က မွေးရပ်မြေကိုပြန်ရောက်လျှင် သူ့မိဘများနှင့်အတူ ကောင်းမွန်သောဘဝနေထိုင်ဖို့အတွက် မြို့တော်ရှိ ဧကရာဇ်မင်းမြတ် အပ်နှင်းထားသော အိမ်ကြီးသို့ သူတို့ကိုလှမ်းခေါ်ရန်ပင် စီစဉ်ခဲ့သည်။
သို့သော် သူပြန်ရောက်သည့် အချိန်မှာတော့ သူ၏မိခင်သည်ကွယ်လွန်သွားသည့်အပြင် သူ့ဖခင်သည် အခြားမိန်းမတစ်ဦးကိုပါ လက်ထပ်ထားလေသည်။ သူတို့ရဲ့သားတောင် ၁၂နှစ်အရွယ်ရှိနေခဲ့လေပြီ။
ဒါကဘာအဓိပ္ပာယ်လဲ! ဆိုလိုတာကာ သူထွက်သွားတဲ့နှစ်မှာပဲ အမေကသေဆုံးသွားခဲ့ပြီး သူအဖေက ချက်ချင်းထပ်လက်ထပ်ခဲ့တာပင်မဟုတ်ပါလော....
သူ့အဖေဟာ သူ့အမေကိုကောင်းကောင်း မကာကွယ်ပေးနိုင်ခဲ့ရုံတင်မကပဲ နှလုံးသားလဲကင်းမဲ့လှပေသည်။ အဖေ့ကိုလွန်စွာမုန်းတီးမိတာကြောင့် စစ်တပ်ထဲမှာ နာမည်တစ်ခုစိုက်ထူနိုင်ခဲ့ကြောင်း အသိမပေးခဲ့ပေ။ သူနေမကောင်းတာကြောင့် ပြန်လည်ထူထောင်ဖို့ပြန်လာကြောင်းသာ ပြောပြခဲ့သည်။
အဖေထန်သည် အပြစ်ရှိစိတ်ကြောင့် "ကျင်းဟုန် အဖေမင်းကိုပင်ပန်းစေခဲ့ပြီ ငါဒီနေ့မင်းကိုပြောစရာရှိတာကြောင့် သက်သက်စောင့်နေခဲ့တာ"
ထန်ကျင်းဟုန်၏ စိတ်နေစိတ်ထားသည် အလွန်အေးစက်နေကာ "အဖေ ပြောစရာရှိရင် ပြောလိုက်ပါ"
"ကျင်းဟုန် မင်းက၂၆နှစ်တောင်ပြည့်တော့မယ် ငါမင်းအတွက် လက်ထပ်ပွဲစီစဉ်ပေးချင်တယ် ဘယ်လိုထင်လဲ"
ထန်ကျင်းဟုန်ရဲ့မျက်နှာပေါ်က မည်းမှောင်နေမှုကို ဘယ်သူမှမတွေ့နိုင်အောင် ဖုံးကွယ်ထားလိုက်သည်။ "အဖေ ကျွန်တော့်ကိုပြောင်းရွှေ့သွားစေချင်နေတာမဟုတ်လား"
အဖေထန်က တိတ်ဆိတ်နေခဲ့သည်။
ကျန်းရွှီချင်းက ထန်ကျင်းဟုန်အား နေ့တိုင်း ဆူငေါက်ကာ ကျိန်ဆဲလေ့ရှိတာကြောင့် သူတို့မိသားစုသည် အမြဲရှုပ်ထွေးနေခဲ့သည်။ သည်အခြေအနေကိုပြောင်းလဲရန် တစ်ခုတည်းသောနည်းမှာ ထန်ကျင်းဟုန် ပြောင်းရွှေ့သွားဖို့ပါပဲ။
ထန်ကျင်းဟုန်သည် အကြာကြီး တိတ်ဆိတ်နေပြီးမှ "အဖေ ကျွန်တော့်ကိုသားတစ်ယောက်လို အသိအမှတ်ပြုသေးရဲ့လား"
"မင်းကိုအသိအမှတ်ပြုပြု မပြုပြု ငါ့သားဖြစ်နေဦးမှာပဲ"အဖေထန် သူ့ကိုတိုက်ရိုက်ပြန်မဖြေခဲ့ပါချေ။
ထန်ကျင်းဟုန်၏ နှလုံးသားမှာ အေးစက်သွားခဲ့လေပြီ "အဖေ ကျွန်တော်နားလည်ပြီ"
သူက အခန်းထဲသို့ဝင်ကာ ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး နောက် အခန်းထဲမှထွက်လာခဲ့သည်။ "အဖေ အနာဂတ်မှာကိုယ့်ကိုကိုယ်ဂရုစိုက်ပါ ကျွန်တော်သွားပြီ"
အဖေထန်သည် ခေါင်းငြိမ့်ပြကာ ဘာမျှပြန်မပြောခဲ့ပေ။
ထန်ကျင်းဟုန်လည်း လှည့်ကာအိမ်မှထွက်လာခဲ့သည်။
အဖေထန်က ထန်ကျင်းဟုန်ထွက်သွားသည်ကို ကြည့်နေရင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး တံခါးကိုပိတ်လိုက်သည်။
ထန်ကျင်းဟုန်သည် တံခါးပိတ်သံကိုကြားလိုက်ရပြီး ခဏရပ်တန့်လိုက်ကာ ထို့နောက် တုံ့ဆိုင်းခြင်းမရှိဘဲထွက်ခွါသွားလေသည်။
သူဟာ စစ်တပ်စခန်းကိုပြန်သွားဖို့ စီစဉ်ထားခဲ့သည်။ ရွာကနေ စခန်းကိုသွားချင်လျှင် တောင်ပေါ်တွင် ဖြတ်လမ်းတစ်ခုရှိပေသည်။ သူသည် တောင်ခြေသို့ရောက်သောအခါ သူ့ရှေ့တွင်ပုံရိပ်တစ်ခုကိုတွေ့လိုက်လေသည်။
ဟိုကလေးမလေးပဲ...
"ကျင်းဇီ"
ချူကျင်းဇီသည်လည်း ထန်ကျင်းဟုန်ကိုတွေ့သွားခဲ့သည်။ သူမက သူ့ကိုရပ်စောင့်နေကာ "ရှင် ဒီလောက်နောက်ကျနေတာကို စစ်တပ်စခန်းကို ပြန်သွားချင်နေတုန်းပဲလား"
ထန်ကျင်းဟုန်သည် သူ့အိတ်ကိုညွှန်ပြလိုက်ကာ သူ့ရဲ့ဝမ်းနည်းနေသော မျက်လုံးတွေကို ဖုံးကွယ်ထားလိုက်သည်။ "နောက်ကျရင် ကိုယ်စခန်းမှာပဲနေတော့မယ် အကူအညီလိုအပ်ရင် စခန်းမှာကိုယ့်ကိုလာရှာလို့ရပါတယ်"
ချူကျင်းဇီသည် ထန်ကျင်းဟုန်အား ကြည့်လိုက်သည်။ သူက စိတ်ခံစားချက်တွေကို မြိုသိပ်ထားပုံပေါ်တယ်။ သူမက သူတစ်ခုခုဖြစ်နေတာဖြစ်မယ်လို့ ခန့်မှန်းလိုက်သည်။ မဟုတ်ရင် သူမနက်ဖြန်ရောက်မှ ရွာထဲကမထွက်သွားရတာလဲ။ စခန်းထဲမှာလဲ ထွေထွေထူးထူးတစ်ခုမှမရှိပဲနဲ့လေ။
"ဘာလို့လဲ ရှင်ပြန်လည်ထူထောင်ဖို့ ပြန်လာခဲ့တာမဟုတ်ဘူးလား"
ထန်ကျင်းဟုန်၏မျက်လုံးတွေသည် ရေပြင်ကဲ့သို့ တည်ငြိမ်နေကာ "ကိုယ်လုံလုံလောက်လောက် အနားယူခဲ့ပြီးပါပြီ....အခုအလုပ်လုပ်ဖို့ပြန်သွားရမယ့် အချိန်ရောက်ပြီ"
"ရှင်က ပြန်ကောင်းလာသေးတာ မဟုတ်ဘူးလေ အလုပ်တွေအလွန်အကျွံမလုပ်ပါနဲ့"
ထန်ကျင်းဟုန်သည် နွေးထွေးသွားကာ "ကိုယ်ဂရုစိုက်ပါ့မယ်"
နှစ်ယောက်သား တောင်ထဲသို့ အတူတူဝင်လာကြပြီး လရောင်ရဲ့အလင်းသည် သူတို့နောက်ကျောပေါ်တွင် ထင်ဟပ်နေသည်။ တစ်ယောက်က အရပ်ရှည်ကာ တစ်ယောက်ကအရပ်ပုပြီး လိုက်ဖက်ညီနေကြပါသည်။
"ဒါနဲ့ ရှင့်ကိုကျွန်မ မမေးရသေးဘူး တပ်သားတွေပြန်သက်သာသွားပြီလား"
"သူတို့က တက်ကြွနေပြီး ကန်ကျောက်နေနိုင်ကြပြီ မင်းပြောတဲ့အတိုင်းပဲ အဖျားကနှစ်နာရီအတွင်းကျသွားခဲ့တာ ပြီးတော့ သူတို့အစာစားပြီး ဆေးသောက်လိုက်ပြီးတာနဲ့ ပုံမှန်အတိုင်းပြန်ဖြစ်လုနီးပါးပဲ အပြင်းအထန်ဖျားနာနေတဲ့သူတွေတောင် ထရပ်နိုင်နေပြီ"
"ကြားရတာကောင်းလိုက်တာ"
"ပြီးတော့ မင်း...ဖန်းကျီရုန်ကိုမှတ်မိသေးလား သူကမင်းကိုတွေ့ချင်နေတယ်"
"သူကဘာလို့ကျွန်မကို တွေ့ချင်ရတာလဲ"
"မင်းရဲ့ဆေးပညာကိုအရမ်းလေးစားနေပြီး ဆရာအဖြစ် အသိအမှတ်ပြုချင်လို့တဲ့"
"ကျွန်မတော့ မယုံပါဘူး သူကကျွန်မရဲ့ဆေးပညာကို သံသယဝင်နေတာလေ"
ကြည့်ရတာ ကလေးမလေးက ဖန်းကျီရုန်အပေါ် အမြင်ကောင်းမရှိဘူးထင်တယ်။ "သူကမင်းကို အစက မသိခဲ့ဘူးလေ အခု သူသိသွားပြီဆိုတော့ မင်းအပေါ်သူ့ရဲ့လေးစားမှုတွေက အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီးလိုပဲ"
"ရှင်က အပိုတွေပြောနေတာပဲ"
"ဒါဆိုရင် မင်းသူ့ကိုတွေ့ချင်သွားပြီလား စခန်းကထွက်လာတုန်းက မင်းကိုမေးပေးဖို့ သူကမကြာခဏ နားပူနားဆာလုပ်နေခဲ့တာ"
ချူကျင်းဇီက လက်ကာလိုက်ပြီး သူကိုငြင်းပယ်လိုက်သည်။ "ကျွန်မအခုတလေ မအားသေးဘူး မနက်ဖြန်ကျရင် ခရိုင်ရုံးတော်ကိုသွားဖို့ရှိပြီး အဲတာပြီးရင်အဝတ်ဆိုင်လည်း ဖွင့်ရဦးမယ်"
ဒီကလေးမလေးက ဘက်စုံတော်နေတာများလား...ထန်ကျင်းဟုန် အံ့ဩသွားလေသည်။ "အဝတ်ဆိုင်ဖွင့်မယ်ဟုတ်လား"
"ကျွန်မ အဲတာကို လူတစ်ယောက်နဲ့ အတူတူဖွင့်မှာ အကုန်လုံးကိုစီစဉ်ပြီးသွားရင် ဆိုင်ကို ဒုတိယအစ်မဆီလွှဲပေးလိုက်မှာလေ သူမက အဝတ်တွေချုပ်တဲ့နေရာမှာ အရမ်းတော်တာ"
ထန်းကျင်းဟုန်က ချူကျင်းဇီကို ပို၍ပင်လေးစားသွားသေးသည်။ "ကမ္ဘာပေါ်မှာ မင်းထက်ကောင်းတဲ့ညီမရှိမှာ မဟုတ်တော့ဘူး"
"ဒါပေါ့ရှင့်"ချူကျင်းဇီက ရှက်ရွံ့မှုမရှိ လက်ခံလိုက်သည်။
ဒီကလေးမလေးက တော်တော်လည်း စိတ်ကြီးဝင်နေတာပဲ။
>>>>>>>>>>>>
Chapter - 45 [ အိမ္မွႏွင္ထုတ္ျခင္း]
#Zawgyi
ခ်ဴက်င္းဇီသည္ သူမမိသားစုက ႐ြာဝင္ေပါက္မွာရပ္ေနၾကတာကိုေတြ႕လိုက္ေသာအခါ အျမန္ေျပးေလွ်ာက္လာခဲ့သည္။
ေခတ္သစ္မွာတုန္းက သူမသည္ အထီးက်န္သမားတစ္ေယာက္သာျဖစ္သည္။ ႏွစ္ေပါင္းရာခ်ီေနလာခဲ့ၿပီးေနာက္ သူမအနားကလူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေသဆုံးသြားခဲ့ၾကေလတယ္။ သူမမွာ ေနာက္လိုက္အနည္းငယ္သာက်န္ရွိပါေတာ့သည္။
ထိုေနာက္လိုက္မ်ားဟာ က်င္းႀကံျခင္းႏွင့္ အလုပ္ရႈပ္ေနၾကၿပီး သူမကလည္း က်င့္ႀကံရင္းအလုပ္ရႈပ္ေနခဲ့သည္။ သူမႏွင့္ သူတို႔ရဲ႕ေတြ႕ဆုံခ်ိန္ဆိုသည္မွာ ရွားပါးလွၿပီး ႏွစ္အေတာ္ၾကာေအာင္ အထီးက်န္ေနခဲ့ရသည္။
ယခုေတာ့ သူမျပန္အလာကို ေစာင့္ေနၾကေသာသူမ်ားကိုေတြ႕လိုက္ရေသာအခါ အံ့အားသင့္သြားၿပီး ေႏြးေထြးသြားခဲ့သည္။ "အဘိုး..အဘြား..အေဖ..အေမ..အကိုတို႔...အမတို႔..."
"က်င္းဇီ!"
"ပၪၥမညီမေလး!"
"ပၪၥမအစ္မ!"
သူမေဘးကင္းသည္ကိုေတြ႕မွသာ လူတိုင္းက စိတ္သက္သာရာရသြားခဲ့သည္။
လီခ်င္းယူ(အမ်ိဳးသမီးလီ)သည္ သူမရဲ႕မ်က္ရည္မ်ားကိုသုတ္လိုက္ၿပီး က်င္းဇီကိုဆြဲကာဂ႐ုတစိုက္စစ္ေဆးေလသည္။ ထိုအခ်ိန္မွာပဲ သူမကစိုးရိမ္မႈမ်ားႏွင့္ေမးလိုက္သည္။ "အက်ဥ္းေထာင္အေစာင့္ေတြက သမီးကို႐ိုက္ေသးလား"
ခ်ဴက်င္းဇီ၏ၾကည္လင္ေနေသာ မ်က္လုံးမ်ားသည္ အၿပဳံးမ်ားျဖင့္ျပည့္ႏွက္သြားသည္။ ေတာက္ပေနေသာ လေရာင္ေအာက္တြင္ သူတို႔က ၾကယ္ေလးမ်ားႏွင့္ပင္တူေနသည္။ "မဟုတ္ဘူး...မဟုတ္ဘူး....ကံေကာင္းလို႔ အစ္ကိုက်င္းဟုန္က အခ်ိန္မွီေရာက္လာတယ္ေလ မဟုတ္ရင္ သမီးမနက္ျဖန္အထိေတာင္ ျပန္လာႏိုင္မွာမဟုတ္ဘူး"
ထိုစကားလုံးမ်ားက ခ်ဴမိသားစုကို သတိျပန္ရသြားေစကာ ထန္က်င္းဟုန္ကို အျမန္ေက်းဇူးတင္လိုက္ၾကသည္။
"ေနာက္က်ေနၿပီ အားလုံးပဲ အိမ္ျပန္ၾကရေအာင္"ထန္က်င္ဟုန္က တည္ၿငိမ္စြာျပန္ေျပာလိုက္သည္။
ခ်ဴမိသားစုက ထန္က်င္းဟုန္ကို ထပ္ၿပီးေက်းဇူးတင္လိုက္သည္။ ထို႔ေနာက္ သူတို႔က ခ်ဴက်င္းဇီကိုျပန္လည္ေခၚေဆာင္သြားၾကၿပီး အျပန္မွာဘာေတြျဖစ္ခဲ့တာလဲဆိုတာကို ေမးျမန္းေနၾကသည္။
ထန္က်င္းဟုန္ကေတာ့ ေနရာမွာပဲ အုတ္ျမစ္ခ်ကာရပ္ေနခဲ့သည္။ ခ်ဴမိသားစုထြက္သြားၿပီးေနာက္ သူဟာ အိမ္ကိုျပန္ဖို႔တုံ႔ဆိုင္းေနခဲ့ပါသည္။
သူ႔ရဲ႕မိသားစုက သူ႔အတြက္တံခါးဖြင့္ထားပါ့မလားေတာင္မသိပါေခ်။
သူအိမ္ျပန္ေရာက္ေသာအခါ အသက္ျပင္းျပင္းရႈလိုက္ၿပီး တံခါးကိုတြန္းလိုက္သည္။
မထင္မွတ္ထားစြာနဲ႔ တံခါးဟာ ပြင့္ေနခဲ့ပါသည္။
ထိုစဥ္အေမွာင္ထုထဲက လူႀကီးတစ္ေယာက္အသံထြက္လာခဲ့ၿပီး "က်င္းဟုန္ မင္းဘာေၾကာင့္ အရမ္းေနာက္က်မွျပန္လာရတာရတာလဲ"
"တစ္ခုခုျဖစ္သြားခဲ့လို႔ ကြၽန္ေတာ္သြားေျဖရွင္းေနတာ ဒါေၾကာင့္ေနာက္က်ေနတာပါ"ထန္က်င္းဟုန္က မေရမရာျပန္ေျဖလိုက္သည္။
အေဖထန္သည္ အျပစ္ရွိသလိုခံစားရသျဖင့္ ထန္က်င္းဟုန္အား ဘာကိစၥလဲဆိုတာမေမးေတာ့ပါေခ်။
ထန္က်င္းဟုန္ ၁၃ႏွစ္သားအ႐ြယ္တြင္ အင္ပါယာတရား႐ုံးေတာ္က မိသားစုတိုင္းကို ေယာက်ာ္းသား တစ္ေယာက္ဆီလႊတ္ကာ နယ္စပ္တိုက္ပြဲတြင္ စစ္မႈထမ္းေဆာင္ရန္ အမိန္႔ခ်မွတ္ခဲ့သည္။
ထန္က်င္းဟုန္မွာ ထိုအခ်ိန္က ၁၃ႏွစ္အ႐ြယ္သာ ရွိေသးေသာ္လည္း အရမ္းအရပ္ရည္ေနခဲ့တာေၾကာင့္ အေဖထန္က ၁၅ႏွစ္လို႔မွတ္ယူေပးခဲ့သည္။ ထို႔ေၾကာင့္ သူက သူ႔အေဖအစား စစ္မႈထမ္းေဆာင္ရန္ စစ္ထဲဝင္ခဲ့ရသည္။
သူစစ္မႈထမ္းသည့္အခ်ိန္မွစ၍ ၁၂ႏွစ္ၾကာသည္တိုင္ေအာင္ သူ႔သတင္းတစ္ခုမွမၾကားခဲ့ရပါေခ်။ လူတိုင္းက သူစစ္ပြဲမွာက်ဆုံးသြားၿပီလို႔ ထင္ခဲ့ၾကသည္။
သို႔ေသာ္ လူတိုင္းအံ့ဩသြားရသည္မွာ ထန္က်င္းဟုန္သည္ မၾကာေသးခင္ကမွ ျပန္ေရာက္လာခဲ့ေလသည္။
ထန္က်င္းဟုန္က နယ္စပ္တိုက္ပြဲတြင္ အခြင့္အေရးမ်ားစြာရရွိခဲ့သည္။ ထို႔ျပင္ သူဟာ ထက္ျမက္၊ တက္ႂကြကာ အလုပ္ႀကိဳးစားခဲ့သည္။ သူသည္ အံ့ဩစရာေကာင္းစြာျဖင့္ စစ္ပြဲအတြင္း တိုက္ပြဲကိုအႏိုင္တိုက္ႏိုင္ခဲ့တဲ့ ဗ်ဴဟာမ်ားစြာ ေဖာ္ထုတ္ခဲ့ေလသည္။ ရလဒ္အေနျဖင့္ သူက စစ္သူႀကီးဖန္၏အသိအမွတ္ျပဳျခင္းကို ခံခဲ့ရသည္။
စစ္သူႀကီးဖန္သည္ သူ႔အားလက္တြဲေခၚကာ ကိုယ္တိုင္ကိုယ္က်သင္ၾကားေပးခဲ့၏။ သူက သူ႔ကိုသားအရင္းတစ္ေယာက္ကဲ့သို႔ ဆက္ဆံကာ သူ႔ရဲ႕ဆက္ခံသူအျဖစ္ပ်ိဳးေထာင္ေပးခဲ့သည္။
ထန္က်င္းဟုန္က ေမြးရပ္ေျမကိုျပန္ေရာက္လွ်င္ သူ႔မိဘမ်ားႏွင့္အတူ ေကာင္းမြန္ေသာဘဝေနထိုင္ဖို႔အတြက္ ၿမိဳ႕ေတာ္ရွိ ဧကရာဇ္မင္းျမတ္ အပ္ႏွင္းထားေသာ အိမ္ႀကီးသို႔ သူတို႔ကိုလွမ္းေခၚရန္ပင္ စီစဥ္ခဲ့သည္။
သို႔ေသာ္ သူျပန္ေရာက္သည့္ အခ်ိန္မွာေတာ့ သူ၏မိခင္သည္ကြယ္လြန္သြားသည့္အျပင္ သူ႔ဖခင္သည္ အျခားမိန္းမတစ္ဦးကိုပါ လက္ထပ္ထားေလသည္။ သူတို႔ရဲ႕သားေတာင္ ၁၂ႏွစ္အ႐ြယ္ရွိေနခဲ့ေလၿပီ။
ဒါကဘာအဓိပၸာယ္လဲ! ဆိုလိုတာကာ သူထြက္သြားတဲ့ႏွစ္မွာပဲ အေမကေသဆုံးသြားခဲ့ၿပီး သူအေဖက ခ်က္ခ်င္းထပ္လက္ထပ္ခဲ့တာပင္မဟုတ္ပါေလာ....
သူ႔အေဖဟာ သူ႔အေမကိုေကာင္းေကာင္း မကာကြယ္ေပးႏိုင္ခဲ့႐ုံတင္မကပဲ ႏွလုံးသားလဲကင္းမဲ့လွေပသည္။ အေဖ့ကိုလြန္စြာမုန္းတီးမိတာေၾကာင့္ စစ္တပ္ထဲမွာ နာမည္တစ္ခုစိုက္ထူႏိုင္ခဲ့ေၾကာင္း အသိမေပးခဲ့ေပ။ သူေနမေကာင္းတာေၾကာင့္ ျပန္လည္ထူေထာင္ဖို႔ျပန္လာေၾကာင္းသာ ေျပာျပခဲ့သည္။
အေဖထန္သည္ အျပစ္ရွိစိတ္ေၾကာင့္ "က်င္းဟုန္ အေဖမင္းကိုပင္ပန္းေစခဲ့ၿပီ ငါဒီေန႔မင္းကိုေျပာစရာရွိတာေၾကာင့္ သက္သက္ေစာင့္ေနခဲ့တာ"
ထန္က်င္းဟုန္၏ စိတ္ေနစိတ္ထားသည္ အလြန္ေအးစက္ေနကာ "အေဖ ေျပာစရာရွိရင္ ေျပာလိုက္ပါ"
"က်င္းဟုန္ မင္းက၂၆ႏွစ္ေတာင္ျပည့္ေတာ့မယ္ ငါမင္းအတြက္ လက္ထပ္ပြဲစီစဥ္ေပးခ်င္တယ္ ဘယ္လိုထင္လဲ"
ထန္က်င္းဟုန္ရဲ႕မ်က္ႏွာေပၚက မည္းေမွာင္ေနမႈကို ဘယ္သူမွမေတြ႕ႏိုင္ေအာင္ ဖုံးကြယ္ထားလိုက္သည္။ "အေဖ ကြၽန္ေတာ့္ကိုေျပာင္းေ႐ႊ႕သြားေစခ်င္ေနတာမဟုတ္လား"
အေဖထန္က တိတ္ဆိတ္ေနခဲ့သည္။
က်န္း႐ႊီခ်င္းက ထန္က်င္းဟုန္အား ေန႔တိုင္း ဆူေငါက္ကာ က်ိန္ဆဲေလ့ရွိတာေၾကာင့္ သူတို႔မိသားစုသည္ အၿမဲရႈပ္ေထြးေနခဲ့သည္။ သည္အေျခအေနကိုေျပာင္းလဲရန္ တစ္ခုတည္းေသာနည္းမွာ ထန္က်င္းဟုန္ ေျပာင္းေ႐ႊ႕သြားဖို႔ပါပဲ။
ထန္က်င္းဟုန္သည္ အၾကာႀကီး တိတ္ဆိတ္ေနၿပီးမွ "အေဖ ကြၽန္ေတာ့္ကိုသားတစ္ေယာက္လို အသိအမွတ္ျပဳေသးရဲ႕လား"
"မင္းကိုအသိအမွတ္ျပဳျပဳ မျပဳျပဳ ငါ့သားျဖစ္ေနဦးမွာပဲ"အေဖထန္ သူ႔ကိုတိုက္႐ိုက္ျပန္မေျဖခဲ့ပါေခ်။
ထန္က်င္းဟုန္၏ ႏွလုံးသားမွာ ေအးစက္သြားခဲ့ေလၿပီ "အေဖ ကြၽန္ေတာ္နားလည္ၿပီ"
သူက အခန္းထဲသို႔ဝင္ကာ ပစၥည္းမ်ားကို သိမ္းဆည္းလိုက္ၿပီး ေနာက္ အခန္းထဲမွထြက္လာခဲ့သည္။ "အေဖ အနာဂတ္မွာကိုယ့္ကိုကိုယ္ဂ႐ုစိုက္ပါ ကြၽန္ေတာ္သြားၿပီ"
အေဖထန္သည္ ေခါင္းၿငိမ့္ျပကာ ဘာမွ်ျပန္မေျပာခဲ့ေပ။
ထန္က်င္းဟုန္လည္း လွည့္ကာအိမ္မွထြက္လာခဲ့သည္။
အေဖထန္က ထန္က်င္းဟုန္ထြက္သြားသည္ကို ၾကည့္ေနရင္း စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္ၿပီး တံခါးကိုပိတ္လိုက္သည္။
ထန္က်င္းဟုန္သည္ တံခါးပိတ္သံကိုၾကားလိုက္ရၿပီး ခဏရပ္တန္႔လိုက္ကာ ထို႔ေနာက္ တုံ႔ဆိုင္းျခင္းမရွိဘဲထြက္ခြါသြားေလသည္။
သူဟာ စစ္တပ္စခန္းကိုျပန္သြားဖို႔ စီစဥ္ထားခဲ့သည္။ ႐ြာကေန စခန္းကိုသြားခ်င္လွ်င္ ေတာင္ေပၚတြင္ ျဖတ္လမ္းတစ္ခုရွိေပသည္။ သူသည္ ေတာင္ေျခသို႔ေရာက္ေသာအခါ သူ႔ေရွ႕တြင္ပုံရိပ္တစ္ခုကိုေတြ႕လိုက္ေလသည္။
ဟိုကေလးမေလးပဲ...
"က်င္းဇီ"
ခ်ဴက်င္းဇီသည္လည္း ထန္က်င္းဟုန္ကိုေတြ႕သြားခဲ့သည္။ သူမက သူ႔ကိုရပ္ေစာင့္ေနကာ "ရွင္ ဒီေလာက္ေနာက္က်ေနတာကို စစ္တပ္စခန္းကို ျပန္သြားခ်င္ေနတုန္းပဲလား"
ထန္က်င္းဟုန္သည္ သူ႔အိတ္ကိုၫႊန္ျပလိုက္ကာ သူ႔ရဲ႕ဝမ္းနည္းေနေသာ မ်က္လုံးေတြကို ဖုံးကြယ္ထားလိုက္သည္။ "ေနာက္က်ရင္ ကိုယ္စခန္းမွာပဲေနေတာ့မယ္ အကူအညီလိုအပ္ရင္ စခန္းမွာကိုယ့္ကိုလာရွာလို႔ရပါတယ္"
ခ်ဴက်င္းဇီသည္ ထန္က်င္းဟုန္အား ၾကည့္လိုက္သည္။ သူက စိတ္ခံစားခ်က္ေတြကို ၿမိဳသိပ္ထားပုံေပၚတယ္။ သူမက သူတစ္ခုခုျဖစ္ေနတာျဖစ္မယ္လို႔ ခန္႔မွန္းလိုက္သည္။ မဟုတ္ရင္ သူမနက္ျဖန္ေရာက္မွ ႐ြာထဲကမထြက္သြားရတာလဲ။ စခန္းထဲမွာလဲ ေထြေထြထူးထူးတစ္ခုမွမရွိပဲနဲ႔ေလ။
"ဘာလို႔လဲ ရွင္ျပန္လည္ထူေထာင္ဖို႔ ျပန္လာခဲ့တာမဟုတ္ဘူးလား"
ထန္က်င္းဟုန္၏မ်က္လုံးေတြသည္ ေရျပင္ကဲ့သို႔ တည္ၿငိမ္ေနကာ "ကိုယ္လုံလုံေလာက္ေလာက္ အနားယူခဲ့ၿပီးပါၿပီ....အခုအလုပ္လုပ္ဖို႔ျပန္သြားရမယ့္ အခ်ိန္ေရာက္ၿပီ"
"ရွင္က ျပန္ေကာင္းလာေသးတာ မဟုတ္ဘူးေလ အလုပ္ေတြအလြန္အကြၽံမလုပ္ပါနဲ႔"
ထန္က်င္းဟုန္သည္ ေႏြးေထြးသြားကာ "ကိုယ္ဂ႐ုစိုက္ပါ့မယ္"
ႏွစ္ေယာက္သား ေတာင္ထဲသို႔ အတူတူဝင္လာၾကၿပီး လေရာင္ရဲ႕အလင္းသည္ သူတို႔ေနာက္ေက်ာေပၚတြင္ ထင္ဟပ္ေနသည္။ တစ္ေယာက္က အရပ္ရွည္ကာ တစ္ေယာက္ကအရပ္ပုၿပီး လိုက္ဖက္ညီေနၾကပါသည္။
"ဒါနဲ႔ ရွင့္ကိုကြၽန္မ မေမးရေသးဘူး တပ္သားေတြျပန္သက္သာသြားၿပီလား"
"သူတို႔က တက္ႂကြေနၿပီး ကန္ေက်ာက္ေနႏိုင္ၾကၿပီ မင္းေျပာတဲ့အတိုင္းပဲ အဖ်ားကႏွစ္နာရီအတြင္းက်သြားခဲ့တာ ၿပီးေတာ့ သူတို႔အစာစားၿပီး ေဆးေသာက္လိုက္ၿပီးတာနဲ႔ ပုံမွန္အတိုင္းျပန္ျဖစ္လုနီးပါးပဲ အျပင္းအထန္ဖ်ားနာေနတဲ့သူေတြေတာင္ ထရပ္ႏိုင္ေနၿပီ"
"ၾကားရတာေကာင္းလိုက္တာ"
"ၿပီးေတာ့ မင္း...ဖန္းက်ီ႐ုန္ကိုမွတ္မိေသးလား သူကမင္းကိုေတြ႕ခ်င္ေနတယ္"
"သူကဘာလို႔ကြၽန္မကို ေတြ႕ခ်င္ရတာလဲ"
"မင္းရဲ႕ေဆးပညာကိုအရမ္းေလးစားေနၿပီး ဆရာအျဖစ္ အသိအမွတ္ျပဳခ်င္လို႔တဲ့"
"ကြၽန္မေတာ့ မယုံပါဘူး သူကကြၽန္မရဲ႕ေဆးပညာကို သံသယဝင္ေနတာေလ"
ၾကည့္ရတာ ကေလးမေလးက ဖန္းက်ီ႐ုန္အေပၚ အျမင္ေကာင္းမရွိဘူးထင္တယ္။ "သူကမင္းကို အစက မသိခဲ့ဘူးေလ အခု သူသိသြားၿပီဆိုေတာ့ မင္းအေပၚသူ႔ရဲ႕ေလးစားမႈေတြက အဆုံးမရွိတဲ့ ပင္လယ္ျပင္ႀကီးလိုပဲ"
"ရွင္က အပိုေတြေျပာေနတာပဲ"
"ဒါဆိုရင္ မင္းသူ႔ကိုေတြ႕ခ်င္သြားၿပီလား စခန္းကထြက္လာတုန္းက မင္းကိုေမးေပးဖို႔ သူကမၾကာခဏ နားပူနားဆာလုပ္ေနခဲ့တာ"
ခ်ဴက်င္းဇီက လက္ကာလိုက္ၿပီး သူကိုျငင္းပယ္လိုက္သည္။ "ကြၽန္မအခုတေလ မအားေသးဘူး မနက္ျဖန္က်ရင္ ခ႐ိုင္႐ုံးေတာ္ကိုသြားဖို႔ရွိၿပီး အဲတာၿပီးရင္အဝတ္ဆိုင္လည္း ဖြင့္ရဦးမယ္"
ဒီကေလးမေလးက ဘက္စုံေတာ္ေနတာမ်ားလား...ထန္က်င္းဟုန္ အံ့ဩသြားေလသည္။ "အဝတ္ဆိုင္ဖြင့္မယ္ဟုတ္လား"
"ကြၽန္မ အဲတာကို လူတစ္ေယာက္နဲ႔ အတူတူဖြင့္မွာ အကုန္လုံးကိုစီစဥ္ၿပီးသြားရင္ ဆိုင္ကို ဒုတိယအစ္မဆီလႊဲေပးလိုက္မွာေလ သူမက အဝတ္ေတြခ်ဳပ္တဲ့ေနရာမွာ အရမ္းေတာ္တာ"
ထန္းက်င္းဟုန္က ခ်ဴက်င္းဇီကို ပို၍ပင္ေလးစားသြားေသးသည္။ "ကမာၻေပၚမွာ မင္းထက္ေကာင္းတဲ့ညီမရွိမွာ မဟုတ္ေတာ့ဘူး"
"ဒါေပါ့ရွင့္"ခ်ဴက်င္းဇီက ရွက္႐ြံ႕မႈမရွိ လက္ခံလိုက္သည္။
ဒီကေလးမေလးက ေတာ္ေတာ္လည္း စိတ္ႀကီးဝင္ေနတာပဲ။
>>>>>>>>>>>>