*သခင့်ရဲ့ကျေးကျွန်*Part(19)
သိမ့်ကိုမေမေတို့ကနာမည်သာသိထားကြသည်။
တခါမှလူချင်းပေးမတွေ့ခဲ့ဖယ
သိမ့်ကလဲထိုနည်းတူစွာစက်မိဘတွေနဲ့ခုချိန်ထိမတွေ့ဖူးသေး။
မိဘတွေနဲ့တွေ့ပေးသင့်မှန်းစက်သိပေမဲ့တမင်မေ့ချင်ယောင်ဆောင်ထားမိသည်။ အချိန်တွေကြာလာလေအချစ်ကိုသတိရဖို့စက်မေ့နေလေပါပဲ။
"သား ဘာတွေတွေးနေတာလဲ"
"မေမေကလက်ထပ်ဖို့ပြောတော့ ကျနော်နည်းနည်းစဉ်းစားမိတာပါ
လောလောဆယ်လက်ထပ်ဖို့ကျနော်မတွေးထားသေးဘူးမေမေ"
"သားရယ် မိန်းကလေးဘက်ကိုလဲထည့်တွက်အုံးမှပေါ့
သူ့ခမျာနောက်ထပ်သာဆက်ပြီးစောင့်နေရရင်ဒီတသက်အိမ်ထောင်လဲပြုရမှာမဟုတ်တော့ဘူး ဘာလဲသားကအဲ့ဒီမိန်းကလေးကိုလက်မထပ်ချင်လို့လား"
"ဗျာ အဲ့လိုမဟုတ်ပါဘူးမေမေ ကျနော်သိမ့်ကိုလက်ထပ်မှာပါ
အချိန်မပေးနိုင်သေးလို့တမင်မေ့ထားတာပါ"
"မင်းဟာကကိုယ့်ခါးပိုက်ထဲကဖားဘယ်ချိန်ထုတ်ရိုက်ရိုက်သေပါတယ်ဆိုတာလိုဖြစ်နေပြီ ဟိုကမိန်းကလေးကိုယ်ချစ်တဲ့သူနဲ့အတူရှိချင်မှာပေါ့ကွယ်
ပြီးတော့သူ့မိဘတွေလဲထည့်တွက်သင့်တယ်လေ သမီးမိန်းကလေးကိုဒီအချိန်ထိတစ်ယောက်ထဲဘယ်စိတ်ချပါ့မလဲ"
"မေမေရယ် အဲ့ဒါတွေတော်ပါတော့ အချိန်တန်ရင်မေမေ့အတွက်ကျနော်ချွေးမတစ်ယောက်သေချာပေါက်ရှာပေးမှာပါ အခုတော့မလိုချင်ပါနဲ့အုံးဗျာ"
ဖေဖေခမျာ စက်တို့သားမိပြောနေတာနဲ့ဝင်ပြောဖို့အချိန်စောင့်နေဟန်တူသည်။
"ဖေဖေဘာပြောစရာရှိလို့လဲ"
"သားဟိုကလေးမလေးကိုရောဘယ်လိုလုပ်မှာလဲ"
"ဘာလုပ်ရမှာလဲဖေဖေရယ် သားသူ့ကိုအလှကြည့်ဖို့ခေါ်ထားတာမှမဟုတ်တာ
ဖအေရောသမီးရောအချိန်တန်ရင်တစ်လမ်းထဲလွှတ်ရမှာပဲ"
"ဖေဖေကတော့ကလေးမလေးကိုလွတ်လပ်ခွင့်ပေးစေချင်တယ်သား
ဖြစ်ခဲ့သမျှကိစ္စတွေမှာသူပါခဲ့တာမှမဟုတ်တာ သူဘာမှလဲသိမှာမဟုတ်ဘူး"
"လွတ်လပ်ခွင့်မပေးနိုင်ဘူးဖေဖေ
သူကကျနော့်လက်အောက်မှာပဲရှိရမယ် သူ့ကိုကျနော်ပိုင်တယ်"
စက်ရဲ့အသံကချက်ချင်းဒေါသသံပါသွားသည်။
ရွဲကဗျာနဲ့ပတ်သက်ရင်ဆက်ဆက်ထိမခံတက်တဲ့စက်။
သူမကိုအနားကခွဲထုတ်ဖို့ပြောရင်စိတ်ဆန္ဒကအလိုလိုငြင်းမိသား။
သူမအကြောင်းဖွင့်ဟမိရင်စက်ရဲ့မျက်လုံးတွေကအရောင်တောက်နေတက်သည်။
သူမကိုမုန်းတယ်ပြောတိုင်းရင်တွင်းကစို့နစ်နေတက်သည်။
ဒါတွေကိုစက်အခုချိန်ထိသတိမထားမိတာလား တမင်သတိမမူတာလား။
ဖေဖေနဲ့မေမေကစက်ကိုသေချာကြည့်နေကြသည်။
စက်မျက်လုံးအကြည့်ကိုပြတင်းပေါက်စီပို့ထားမိသည်။
စက်မဖော်ထုတ်ချင်တဲ့ပုစ္ဆာတစ်ပုဒ်ရဲ့အဖြေကိုဖေဖေနဲ့မေမေထုတ်လိုက်မှာစိုးသည်။
"သားအဲ့ဒီမိန်းကလေးနဲ့ပတ်သက်ပြီးမေမေအရင်ကဘာမှမပြောခဲ့ဘူး
အခုမေမေပြောချင်တယ်"
"ပြောပါမေမေ"
"သားသူ့ကိုခေါ်သွားစဉ်အခါတုန်းကသူက ကလေးအရွယ်လေး
အခုဆိုသူလေးအရွယ်ရောက်နေပြီ"
"သူ့အသက်19နှစ်ပြည့်ပြီးပါပြီမေမေ ဒါပေမဲ့သားအမြင်ကသူကအရင်ကနဲ့မကွာခြားပါဘူး"
"19နှစ်ဆိုတာစိတ်လှုပ်ရှားလွယ်တဲ့အရွယ်ပါသား
ဘာမှမသိဘဲမင်းအနားမှာနေမင်းထားရာနေစေရာသွားဘဝနဲ့
သူနေခဲ့တယ် ဘယ်မိန်းကလေးမှမင်းရဲ့ဒေါသကိုသီးခံနိုင်မယ်မထင်ဘူး
သူလေးမင်းစီကနေထွက်မပြေးသေးရင်တော့တမျိုးပေါ့
တနေ့နေ့သူထွက်ပြေးသွားရင်မင်းနာကျင်လိမ့်မယ်
အဲ့ဒီအခါကျမင်းလက်ထပ်မဲ့မိန်းကလေးအတွက်လဲမကောင်းဘူး"
"သူသားစီကနေဘယ်ကိုမှမပြေးပါဘူးမေမေ
သားအမိန့်မရှိဘဲသူတစ်ဖဝါးမှခွာခွင့်မရှိဘူး
အကြောင်းတစ်ခုခုကြောင့်သူမရှိတော့ရင်တောင်
ကျနော်နာကျင်မှာမဟုတ်ဘူး
ဖေဖေနဲ့မေမေကိုယ့်ကျန်းမာရေးကိုပဲဂရုစိုက်ပါ
ကျနော့်အတွက်ဘာမှမပူပါနဲ့ အဆုံးထိကျနော်တွေးထားပြီးသားမို့
ကျနော်ဘာကိုမှနောင်တမရချင်ဘူး"
စက်ဖေဖေနဲ့မေမေကိုကန်တော့ပြီးအခန်းထဲပြန်လာခဲ့သည်။
မျက်နှာကျက်နှင့်ဆုံခိုက်ပေါ်လာသည်ကလှတစ်မျက်နှာ။
ထိုမျက်နှာလေးသည်သိမ့်တော့မဟုတ်ပါလေ။
မျက်လုံးများကိုမှိတ်ထားလိုက်သော်လည်းအတွေးစိတ်၌ထပ်မံရောက်ရှိလာရပြန်သည်။
မရမကမောင်းထုတ်နေသော်လည်းစိုးမိုးထားဆဲ။
စက်ပြန်မလာလို့သူမလေးမျှော်နေမလား။
ဒါမှမဟုတ်ပျော်နေမလားကလေးရယ်။
စက်စုံစမ်းစရာကိစ္စကြောင့်မြို့ထဲပတ်ရင်းဆေးရုံကြီးအနားရောက်လာခဲ့သည်။
အထဲကိုဝင်ပြီးသိမ့်ကိုတွေ့ဖို့တော့စက်မတွေးမိ။
သို့သော်ဖုန်းလေးထုတ်ကာသူမနံပါတ်ကိုခေါ်လိုက်သည်။
"ဟဲလို"
"စက်…စက် ဟုတ်တယ်မို့လား"
ဖုန်းပေါ်မှာနာမည်ပေါ်နေပေမဲ့သိမ့်မေးနေမိသည်။
ဒီဖုန်းလေးမဝင်တာဘယ်လောက်များကြာနေပြီလဲ။
ဖုန်းလာတိုင်းမျှော်နေတဲ့ဖုန်းဖြစ်ပါစေလို့ဆုတောင်းရတဲ့အကြိမ်ရေကနည်းမှမနည်းတော့တာ။
"သိမ့် နေကောင်းရဲ့လား"
"ကောင်းပါတယ် စက်ရောနေကောင်းလား
အလုပ်ကောအားရဲ့လား"
"အင်းကိုယ်အခုရန်ကုန်ရောက်နေတာ
ဖေဖေနဲ့မေမေကိုလာတွေ့ရင်းအလုပ်လေးလဲရှိလို့"
"သိမ့်လာတွေ့ရမလား"
သိမ့်ကိုလာတွေ့ပါလို့တော့မပြောဖြစ်ခဲ့။
ပြောရင်လဲစက်ကလာမှာမှမဟုတ်တာ။ အလုပ်မအားဘူးဆိုတဲ့
ရိုးအီနေတဲ့အကြောင်းပြချက်ကိုသာသိမ့်ကြားရလိမ့်မည်။
"နေပါစေသိမ့်လဲဆေးရုံနဲ့အားမှာမှမဟုတ်တာ
ကိုယ်လဲကြာကြာမနေဘူး နောက်တခေါက်မှကိုယ်လာတွေ့မယ်"
"အော်…အင်းပါ"
သိမ့်ကလာတွေ့မယ်ဆိုတာတောင်ခွင့်မပြုတဲ့စက်။
မိန်းမတစ်ယောက်ပေမို့သိမ့်ခံစားရပါသည်။
ရင်ထဲမှာမချိမဆံ့အောင်ပါပဲ။ နှစ်အတော်ကြာမတွေ့ရတဲ့ချစ်သူကိုသိပ်တွေ့ချင်လှပါသည်။
ရေမြေခြားနေတာလဲမဟုတ်ဘဲနဲ့တစ်နှစ်တခါတောင်မတွေ့ရတဲ့အဖြစ်က
ဝမ်းနည်းစရာပါ။ ဘယ်မှာလဲချစ်သူရဲ့ယုယမှု။
ဘယ်မှာလဲချစ်သူစီကကြင်နာတဲ့စကား။
ဘယ်မှာလဲချစ်သူစီကနွေးထွေးမှုတွေ။
ဘယ်မှာလဲချစ်သူစီကဂရုစိုက်မှု။
အဲ့ဒါတွေကိုသိမ့်တစ်ခုမှမရခဲ့ဖူးဘူး။
ချစ်သူလို့ပြောရင်ဘယ်သူများယုံပါ့မလဲ။
သိမ့်ဖုန်းလေးကိုကိုင်ရင်းအတွေးများစွာနဲ့ငိုင်နေမိသည်။
စက်ကတော့ဘယ်ကချိန်ဖုန်းချသွားလဲမသိလိုက်။
ဖုန်းမချခင်သိမ့်ကိုနှုတ်ဆက်သွားတဲ့စကားတောင်မကြားလိုက်ရ။
"ဒေါက်တာ……ဒေါက်တာ"
"ရှင် ဘာကိစ္စလဲ"
"ကလေးဆောင်ကိုRoundလှည့်ရမဲ့အချိန်ရောက်ပြီရှင့်"
"အော် သိမ့်လိုက်ခဲ့ပါ့မယ်"
သိမ့်နဲ့အတူတွဲဖက်တာဝန်ကျသည့်နာ့စ်ကလာခေါ်သည်။
ဖုန်းလေးကိုစားပွဲပေါ်တင်မိခိုက်မှန်ပြင်တွင်ပေါ်လာသည်က
တစ်ယောက်သောသူရဲ့ပုံရိပ်။
ထိုပုံရိပ်လေးပျောက်ကွယ်သွားမှသိမ့်အခန်းထဲကနေထွက်လာခဲ့မိသည်။
စက် ဆေးရုံရှေ့ကနေကားကိုပြန်ကွေ့ခဲ့သည်။
ဦးတည်ရာက စစ်ဆေးရေးမှုးရုံးတစ်ခုသို့။
စက်လက်ဝယ်ရှိနေသည့် ဝန်ကြီးချုပ်ဟောင်း ဦးအဂ္ဂကျော်
ပျောက်ဆုံးနေသည့်အမှုကိုယခုထက်စုံစမ်းသည့်စစ်ဆေးရေးမှုးအကြောင်းစက်သိလိုသည် ။
အရင်ကဘာသတင်းမှစုံစမ်းမရလို့အမှုပိတ်ထားခဲ့တာ4နှစ်။
လွန်ခဲ့တဲ့3လလောက်ကမှဒီအမှုကိုပြန်စစ်ဆေးဖို့ရုံးတင်ခဲ့သည်။
စစ်ဆေးရေးမှုးကနောက်ထပ်အသစ်တစ်ယောက်ဆိုတာပါသိလိုက်ရသည်။
စက်ရှိန်သာဆိုတာအလုပ်တစ်ခုကိုပိပိရိရိလုပ်တက်တာအဲ့ဒီစစ်ဆေးရေးမှုးဆိုတဲ့လူမသိလို့များလား။
နှစ်များစွာလူတစ်ယောက်ကိုဖမ်းထားတာဟာအလွယ်စုံစမ်းရှာဖွေရဖို့မှမဟုတ်တာ။
ဘယ်လောက်ပဲရှာရှာအဲ့ဒီလူကိုဘယ်သူမှတွေ့လိမ့်မည်မဟုတ်။
တွေ့ခဲ့ရင်တောင်အဲ့ဒီလူရဲ့အလောင်းကိုသာဖြစ်လိမ့်မည်။
_________+_________+__________
"ဟိတ် ရွဲ……"
ခေါ်သံကြောင့်ရွဲအပေါ်ထပ်မှာအဝတ်တွေလှန်းနေရင်း
ဟိုဒီလှည့်ကြည့်မိသည်။
အသံသာကြားရပြီးလူကိုမတွေ့ရ။
"ရွဲ…ကိုယ်ဒီမှာ"
"ကိုကိုခေါင်အဲ့ဒီမှာဘာလုပ်နေတာလဲ"
အဆောက်အဦးတွေဆောက်လို့ရှိရင်အမြင့်ဆုံးထိရောက်အောင်ပစ္စည်းတွေပို့ပေးသည့် ကရိန်းတစ်မျိုး။
အဲ့ဒီအပေါ်တွင်ကိုကိုခေါင်ကထိုင်ကာရွဲကိုလှမ်းခေါ်နေတာဖြစ်သည်။
"ကိုယ် ရွဲကိုတွေ့ချင်လို့လေ"
"ရွဲအပေါ်မှာရှိတာကိုကိုခေါင်ကဘယ်လိုသိလဲ"
"အောက်ကနေတက်လာရင်းအိမ်ထဲလှမ်းချောင်းတာပေါ့
ရွဲကိုရှာရင်းအပေါ်ရောက်လာတာ
အပေါ်ရောက်လာတေ့ာတမ်းတွေ့တာပဲ"
ရွဲတိုက်ရဲ့အစွန်းနားကိုသွားလိုက်သည်။
အောက်ကိုငုံ့ကြည့်မိသည်။သိပ်အမြင့်ကြီးမဟုတ်ပေမဲ့
ကရိန်းပေါ်ကနေပြုတ်ကျရင်တော့သေရင်သေမသေရင်ကျိုးမှာအသေအချာ။
"ကိုကိုခေါင်မကြောက်ဘူးလား
အောက်ပြုတ်မှာကို"
"ရွဲရှိနေတာပဲမကြောက်ပါဘူး"
"ဟင် ရွဲကဘာမှမလုပ်တက်ဘူးနော်
ပြုတ်ကျသွားရင်လဲလှမ်းမဆွဲရဲဘူး"
"တော်တော်အားကိုးရတာပဲ
ရွဲ ကိုယ်အဲ့ဘက်ကူးခဲ့မယ်"
"မရဘူး မကူးခဲ့နဲ့ ရွဲအောက်ပြန်ဆင်းတော့မှာ"
"မဆင်းနဲ့အုံးကိုယ်နဲ့ခဏစကားပြောရအောင်"
"မပြောချင်ပါဘူး ကိုကိုခေါင်အရင်နေ့တွေကတော့
တခါမှပေါ်မလာဘူးဘာတွေလုပ်နေလို့လဲ"
" ကိုယ်ခရီးသွားနေလို့လေ ဒီနေ့ပဲပြန်ရောက်တာ
ရောက်ရောက်ချင်းရွဲစီတန်းလာတာ"
"ဟုတ်လို့လား မလိမ်နဲ့နော်"
"တကယ်ပြောတာရွဲရဲ့မလိမ်ဘူး ကိုယ့်ဘဝမှာရွဲကဦးစားပေးပဲ"
ခေါင်မုသားတော့အနည်းငယ်ပါသွားသည်။
ကိုယ့်အကြောင်းကိုယ်သာအသိဆုံးပဲလေ။မတက်နိုင်ချစ်မိမှတော့သူမယုံအောင်မုသားသုံးရတော့မည်။
ခေါင် သူမရှိတဲ့တိုက်ခေါင်မိုးကိုကူးခဲ့သည်။
ဘယ်CCTVမှာမရှိတာမို့ဂရုစိုက်စရာမလို။
"ရွဲ ကိုယ့်ကိုသတိရလား"
"ဟုတ်ရပါတယ် ရွဲမှာအပျင်းပြေစရာလူဆိုလို့ကိုကိုခေါင်ပဲရှိတာ"
"ဗျာ ကိုယ်ကရွဲမပျင်းအောင်ကပြရမှာလား"
"မဟုတ်ပါဘူး ကိုကိုခေါင်နဲ့စကားပြောရင်ရွဲပျော်တယ်
အဲ့ဒါကြောင့်ပါ"
"ကိုစက်ရှိန်သာနဲ့ပြောရင်ရောမပျော်ဘူးလား"
"ပျော်တယ် ဦးစက်နဲ့ဆိုစကားပြောနေမှမဟုတ်ဘူး
ဦးစက်ကိုမြင်နေရရင်ကိုပျော်တာ ဦးစက်အိမ်မှာရှိနေတယ်ဆိုတဲ့အသိနဲ့ကိုပျော်တာ"
"အော်…အခုရော……"
"ပျော်တစ်ဝက်မပျော်တစ်ဝက်"
"ရွဲကဘယ်လိုကြီးလဲ"
"ကိုကိုခေါင်နဲ့စကားပြောနေရလို့် တစ်ဝက်ပျော်တယ်
ဦးစက်မရှိလို့ တစ်ဝက်မပျော်ဘူး"
"သူကဘယ်သွားတာလဲဟိုတယ်ကိုမဟုတ်ဘူးလား"
"မဟုတ်ဘူး ရန်ကုန်သွားတာတဲ့"
"ရန်ကုန်ကို ဘာလုပ်သွားတာလဲရွဲသိလား"
"သူ့မိဘတွေစီတဲ့"
"ဘယ်နေ့လောက်ပြန်လာမှာတဲ့လဲ"
"သိဘူး နေပါအုံးကိုကိုခေါင်ကဘာလို့အဲ့ဒါတွေမေးနေတာလဲ"
"အော် ဒီလိုလေရွဲရဲ့သူပြန်မလာသေးရင်
ကိုယ်ကရွဲကိုလာတွေ့လိုရတယ်လေ
ပြီးတော့ရွဲနဲ့စကားတွေအများကြီးလဲပြောလို့ရတယ်"
"အဲ့လိုလဲကောင်းပေမဲ့ရွဲကတော့ဦးစက်ကိုပြန်လာစေချင်ပြီ"
"ဘာလဲကိုယ်နဲ့မတွေ့ချင်လို့လား"
"မဟုတ်ပါဘူရွဲ ဦးစက်ကိုလွမ်းလို့"
လွမ်းလို့တဲ့လားရွဲရယ်……။
ကိုယ့်ကိုတော့သတိရပြီးသူ့ကိုကျလွမ်းတာတဲ့လား။
မင်းမတရားဘူးလို့ကိုယ်မပြောချင်ပါဘူးကလေးလေးရယ်။
ကိုယ်နဲ့စကားပြောရရင်တော့ပျော်ပြီးသူ့ကိုကျရှိနေတာသိရင်ကိုပျော်တယ်တဲ့လား။
မင်းနှလုံးသားကသူမှသူပဲလား……။
ကိုယ့်အတွက်နေရာသေးသေးလေးတောင်ပေးလို့မရဘူးလား။
ဖြူစင်လွန်းတဲ့မင်းကိုကိုယ်ဘယ်လိုဖွင့်ပြောရမလဲရွဲရယ်။
မင်းကိုချစ်တဲ့စိတ်ကိုကိုယ်ဆက်ပြီးထိန်းချုပ်ထားနိုင်ပါ့မလား။
(2)days leater>>>>>
"သူဌေး ကျနော်ဝင်လာလို့ရမလား"
"ဝင်ခဲ့"
စက်ရုံးခန်းထဲကိုမန်နေဂျာရောက်လာသည်။
ရန်ကုန်ကပြန်ရောက်ပြီးဟိုတယ်ကိုတမ်းလာခဲ့တာဖြစ်သည်။
"ဘာကိစ္စရှိလို့လဲ"
"ဒီလိုပါသူဌေး အခုရုပ်ရှင်အဖွဲ့ကနောက်2ရက်ဆိုအားလုံးပြီးပါပြီ
သူတို့ကပါတီပွဲလုပ်ဖို့အတွက်သူဌေးစီကခွင့်တောင်းပြီးစီစဉ်ချင်နေပါတယ်သူဌေးရဲ့သဘောကိုကျနော်လာမေးပေးတာပါ"
"ဒါကိုရောင်ဇဉ်သွေးကပြောတာမဟုတ်လား"
"ဟုတ်ပါတယ်သူဌေး သူနဲ့ဒါရိုက်တာနဲ့ပြောနေတာပါ"
"ကောင်းပြီ သူတို့ဖြစ်ချင်တဲ့အတိုင်းစီစဉ်ပေးလိုက်
ကုန်ကျစရိတ်အားလုံးကိုတော့သူတို့ဘက်ကတာဝန်ယူရလိမ့်မယ်
ဝန်ထမ်းအားကိုဟိုတယ်ဘက်ကပေးလိုက်"
"ဟုတ်ကဲ့ပါသူဌေး ဒါဆိုကျနော့်ကိုခွင့်ပြုပါအုံး"
"ရောင်ဇဉ်သွေးကိုပြောလိုက်ငါ့ကိုလာတွေ့ဖို့"
"ဟုတ်ကဲ့သူဌေး"
စက် ထိုင်ခုံကိုနောက်လှည့်ထိုင်လိုက်သည်။
ကျားနဲ့ကစားပွဲကိုမင်းကယုန်သူငယ်ဖမ်းပွဲထင်နေတာပဲ။
စိန်ခေါ်တယ်ဆိုတာနေရာတိုင်းမကောင်းဘူးရောင်ဇဉ်သွေး။
"ဒေါက်……ဒေါက်"
" သူဌေး……"
"ဝင်ခွင့်ပေးလိုက်"
ရောင်ဇဉ်သွေးရောက်လာတယ်ဆိုတာစက်သိနေသည်။
"ဘယ်လိုလဲမင်းသမီး အမြန်ဆုံးစီစဉ်တော့လေ"
"မကြာပါဘူးကိုစက်ရယ်
ကိုစက်ကြည့်ရတာ ချစ်သူလေးကိုထုတ်ပြရတော့မှာမို့ပျော်နေတဲ့ပုံပဲ"
"ပျော်တာပေါ့ မင်းဖြစ်စေချင်သလိုငါလုပ်ပေးမှာလေ
မင်းရောမပျော်ဘူးလား"
"ရောင်ဇဉ်ကပျော်လဲပျော်တယ် နောက်ပြီးကိုစက်ကိုအံ့သြသွားအောင်လုပ်ဖို့လဲရှိတယ် စိတ်ဝင်စားရဲ့လား"
"စိတ်ဝင်စားစရာကောင်းအောင်မင်းစီစဉ်ထားသင့်တာပေါ့"
"ရွဲကဗျာကိုအသိပေးလိုက်ပါ ပါတီပွဲကိုမဖြစ်မနေလိုက်ခဲ့ရမယ်ဆိုတာ
ပြီးတော့ကလေးလိုလိုခွေးလိုလိုပုံနဲ့တော့ခေါ်မလာနဲ့နော်ကိုစက်"
"စောင့်ကြည့်အဲ့ဒီနေ့မှာအလှဆုံးမိန်းကလေးကရွဲကဗျာဖြစ်နေစေရမယ်"
"ကိုစက်ဘဝရဲ့အလှဆုံးမိန်းကလေးကတော့ရွဲကဗျာဟုတ်လိမ့်မယ်လို့မထင်ဘူး"
"အဲ့ဒါဘယ်သူဆိုတာအရေးမကြီးပါဘူး ပါတီပွဲပြီးရင်တော့
မင်းတို့အားလုံးငါ့ဟိုတယ်ကထွက်သွားနောက်ထပ်မလာနဲ့
တခါဆက်ဆံဆယ်ခါလန်ပဲရောင်ဇဉ်သွေးမင်းလိုအရှက်မဲ့တဲ့မိန်းမမျိုးနဲ့
ငါဘယ်တော့မှအလုပ်မလုပ်ဘူး"
"ရောင်ဇဉ်ကလဲလိမ်ညာတက်တဲ့ကိုစက်လိုဟိုတယ်ပိုင်ရှင်နဲ့အလုပ်လုပ်ဖို့စိတ်ကူးထပ်မရှိဘူး ပါတီကျမှတွေ့ကြတာပေါ့"
ရောင်ဇဉ်သွေးပြန်ထွက်သွားသည်။
စက်ကိုယ်တိုင်ကလိမ်ညာနေတာမှန်ပေမဲ့
သူများလိမ်တာကိုခံရတော့ ခံရတာခက်သည်။
သူများကကိုယ့်ကိုတခါကျောရင်စက်ကအကြိမ်များစွာကျောရမှကျေနပ်သည်။
ခြေတစ်လှမ်းနောက်ကျရင်ခြေလှမ်းများသွားကျော်လှမ်းပစ်လိုက်မည်။
စက်ရှိန်သာဆိုတာယုန်သူငယ်မဟုတ်တဲ့ ကျား။
"ဝူး………"
ကားသံကြောင့်ရွဲနှလုံးခုန်သံတွေဆူညံသွားရပြီး နှုတ်ခမ်းထက်အပြုံးပန်းများဝေသွားသည်
"ဦးစက်ပြန်လာပြီ"
T.b.c
#HoneyChan