❤❤My Cûtē Bõyfrïend//Complete...
By PuppyYoda_lover
433K 34.4K 1.6K
ကမ္ဘာပေါ်မှာ အချစ်ဆုံးစုံတွဲတွေလို့ သတ်မှတ်ရလောက်တဲ့ အထိ ကျွန်တော်တို့ ချစ်ပါသည် ။ Sweet မှာပါ .. ပက်ပက်စက်စက်... More
ဇာတ်လမ်းလေး၏အစ
Ep 1- တွေ့လေပြီ !!
Ep 2- ကုမ္ပဏီတွင် !!
Ep 3 - ဦးကတုံးနှင့် တွေ့ဆုံခြင်း !!
Ep 4 - ညနေစာ !!
Ep 5 - ဖြစ်ရပ်မှန် ဒိတ်တင်း !!
Ep 6 - DOTSကောင်းမှု အကြောင်းပြု၍
Ep 7 - နူးညံ့သော ဖွင့်ဟ၀န်ခံမှု
Update ??
Ep 9 - ကျောင်းတက်ရပြီ .. ^_^
Ep 10 - နားလည်မှု လွဲမှားခြင်း
Ep 11 - နာကျင်ရသော !!
Ep 12 - အဆင်ပြေပြီ
Ep 13 - နှုတ်ပိတ်နည်း !?
Ep 14 - စိတ်ကောက်တဲ့ ခေးလေး
Ep 15 - ကြက်ဟင်းခါးသီး ဂျယ်လီ !!
Ep 16 - အူတိုခြင်းအစ ..
Ep 17 - Sweet night !!
Ep 18- Shark T~T
Ep 19 - အောင်သွယ်ကောင်းလိုက်ပုံများ
Plz read !!
Ep 20 - ခါးနာနေသော်ငြား ^_^
Ep 21 - အထင်လွဲခြင်း
Ep 22 - ငိုကြွေးခြင်း
လမ်းခွဲပြီလား ?
Ep 23 - လမ်းခွဲပြီလား ? (Real part)
Ep 24 - Die ??
Sad T_T
Ep 25 - Smile ^_^
Ep 26 - ပြန်ချစ်သွားကြပြီ ..
Ep 27 - ကွန်ဖူးနှင့် Baekhyun !!
Ep 28 - မသေတာကံကောင်း !!
Ep 29 - ကြည်နူးစရာ အလွဲ
Ep 30 - ပြန်ပေးသမား
Ep 31- ပြန်တွေ့ပြီ !!
Ep 32 - ကန့်ကွက်သူ (Final Part I)
Ep 33 - ပျော်ရွှင်မှု (Final Part)
Vday Special Extra Part❤
Ep 8 - ညစာငတ်လေသော ကြောင်ကြီး
13.2K 1K 9
By PuppyYoda_lover
" လူကြီးရေ !! လာပါဦး "
ကဲ .. ခေါ်ပြီလေ ..
အလုပ်က ပြန်ရောက်လို့ အင်္ကျီ လဲမယ်ဆိုပြီး ကြံခါရှိသေး .. ကြယ်သီးလေး တစ်လုံးတောင် မဖြုတ်ရသေးဘူး .. ဧည့်ခန်းကနေ အသံစာစာလေးနဲ့ အော်ခေါ်နေပြန်ပြီ .. ဘာများဖြစ်ပါလိမ့် ??
ဒီကလေးကလေ ချစ်တယ် လို့ဖွင့်ပြောပြီးကတည်းက ဆိုးလိုက်တာဆိုတာလေ ။
မနိုင်ဘူးရယ် .. တစ်မျိုးပြီး တစ်မျိုး မရိုးရဘူး ..
အင်းးး ချစ်တယ်ဆိုတော့လည်း အပြစ်မမြင်တော့ဘူးပေါ့လေ ..
ချာတိတ်ကလည်း ချစ်ရှာပါတယ် .. သူ့ခမျာ တုန်နေတာပဲ .. အဲ အတည်ပြောတယ်မထင်နဲ့နော် ရွဲ့တာ ><
လူကိုများ လူကြီး !! ဆိုပြီး အနိုင့်ကျင့်တာ .. ကျွန်တော့်ဘ၀က အဲလိုပါဗျာ T_T
"လူကြီး !!!! ဘာလုပ်နေတာလဲဆို !!! "
အီးးးး ပြဲနေအောင် အော်ပြီ .. ကိုယ်ကလည်းကိုယ် အတွေးကမ္ဘာထဲ ရေစုန်မျောနေတာ နည်းနည်းကြာသွားတယ် ။ ဟီးး ..
"လာပါပြီ ချာတိတ်ရယ် "
လဲဖို့ အင်္ကျီကို ကုတင်ပေါ်ချထားခဲ့ပြီ အသည်းတုံးလေးဆီသို့ သွားရတော့သည် ။ မဟုတ်ရင် ရွှေစိတ်တော် ကောက်တော်မူ လိမ့်မယ်ဗျ ။
ဧည့်ခန်းထဲ ထွက်သွားတော့ ဆိုဖာပေါ်ထိုင်ရင်း laptop ကို မျက်လုံးကျွတ်ထွက်မတက် ပြူးကြည့်နေလေရဲ့ .. အင်း ဘာများ အထူးအဆန်းတွေ့လို့ပါလိမ့် ??
"ဘာလို့ခေါ်တာလဲ ချာတိတ်ရဲ့ ? "
ချာတိတ်ဘေး ၀င်ထိုင်ရင်း ပခုံးပေါ် လက်ကလေးတင်ကာ ပါးလေးကို တစ်ချက်နမ်းရင်း မေးလိုက်တော့ အဲ .. လက်ကို ဖယ်ချတယ်ဗျာ .. ပြီးတော့ မျက်နှာကြီးကလည်း ဆူပုတ်လို့ ..
"ဒီမှာ လူကြီး !! လူကြီးကလေ ပြောတော့လည်း မကြိုက်ဘူး !! သိပ်ကို အသားယူချင်တာပဲ သိလား .. ဖက်ပဲဖက်နေတာပဲ .."
ဪ .. မှတ်သားစရာပါပဲဗျာ !! ဟင့် ချစ်လို့ ပခုံးလေး ဖက်မိတာများ အသားယူတယ်လေး ဘာလေးနဲ့ .. ဟိုဒင်းဟိုဟာ သာလုပ်မိရင် .. အမယ်ငီးး တွေးတောင်မတွေးဝံ့ဘူးရယ် ..နှုတ်ခမ်းကလည်း ဆူလို့ ကိုက်စားချင်လာပြီ ခွီးးးး စိတ်ထိန်း !! တော်ကြာ ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ ရဲစခန်း ရောက်နေဦးမယ် ဒင်းလေးက ပြောရတာ မဟုတ်ဘူးရယ် ..
" ကဲ ဘာလုပ်ဖို့ခေါ်တာလဲပြော ? "
စိတ်မရှည်သလို အသံဆောင့်အောင့်ပြီး ပြောလိုက်တော့ အမယ် အမယ် .. ကြောက်တယ်ပေါ့လေ !!
ခေါင်းလေးငုံ့ထားပြီး အဟင့် အဟင့်နဲ့ မူရာမာယာတတ်လိုက်ပုံများ .. >_<
သူ အဲဒီလို လုပ်နေလို့ တစ်ကယ်ငိုနေတယ် မထင်နဲ့ဗျာ !! ယုံမိရင် ငါးပါးမက ဆယ်ပါးမှောက်မယ် ။
ကိုယ်တွေက အထာနပ်နေပြီ !!
"အီးးးးး အဟင့် .. လူကြီးက ချာတိတ်ကို မချစ်တော့ဘူး မဟုတ်လား !! စိတ်ပျက်နေပြီ မဟုတ်လား !! ရိုးသွားပြီ မဟုတ်လား !! အီးးးးး "
အားးး နာတယ်ဗျ ။
ရင်ဘတ်ကို ရိုက်နှက်ရင်း အော်ငိုနေလိုက်တာ အဆုတ်တွေလည်း ကွာကုန်တော့မှာပဲ ..😫😫
စိတ်မထင်ရင် လူကိုလည်း ကိုင်ကိုင်ဆောင့်သေး .. ကိုယ်လည်း အကောင်ကြီးပြီး ဒင်းလေးလက်ထဲ တစစီဖြစ်နေပြီရယ် ။
ဒီတိုင်းဆက်လွတ်ထားလို့ မဖြစ်တော့တာမို့ ချော့ရတော့တာပေါ့ ..
"အာာ ချာတိတ်ကိုလည်း ကိုယ်ချာတိတ်ကို ဘယ်လောက် ချစ်လဲ ဆိုတာသိရဲ့သားနဲ့ မငိုနဲ့တော့ တိတ်တိတ် !! "
ရင်ဘတ်ကို ရိုက်နေတဲ့ လက်နှစ်ဖက်ကို လက်တစ်ဖက်တည်းနဲ့ ချုပ်လိုက်ပြီး ပါးပြင်နုနုလေးကို ကျွန်တော့် လက်ဖ၀ါးကြီးနဲ့ အုပ်မိုးကာ လက်မနဲ့ ပွတ်ရင်း ချော့လိုက်တော့မှ နည်းနည်းပြန်ငြိမ်သွားတယ် ။
ခန္ဓာကိုယ် သေးသေးညှပ်ညှပ်လေးကို အတင်းဆွဲဖက်လိုက်တော့ ချာတိတ်လေးက အလိုက်သင့်လေး ပါလာလေရဲ့ ..
အသည်းယားတာကြောင့် တစ်ချက် ဖျစ်ညှစ်လိုက်မိတယ် ။
"နာတယ်ဆို !! "
ဖက်ထားတာကို အတင်းတိုးထွက်ရင်း မကျေမနပ်အသံလေးနဲ့ ရန်ရှာလေရဲ့ ..
"ဟီးးး ဆောရီး ဆောရီး "
သွားဖြဲပြီး တောင်းပန်လိုက်တော့မှ ကိုယ်တော်လေးက မျက်စောင်းထိုးရင်း ..
"ပြီးရော !! အာာ လူကြီး လုပ်တာကြောင့် ပြောမယ့်စကားတောင် မေ့သွားပြီးရယ် .. အဲဒါကြောင့် ပြောတာ .. သူများလုပ်နေရင် ၀င်မရှူပ်နဲ့ဆို !! "
ခါးထောက်ရင်း ဆူနေလိုက်တာများ ကိုယ် အကြီးလား သူအကြီးလားတောင် မစဉ်းစားတတ်တော့ဘူး !!
ကျွန်တော်မှားလို့လားဗျာ .. သူခေါ်လို့လဲ လာရသေးတယ် ဟွင့် ..><*
" ချာတိတ်က ဘာပြောမလို့လဲ ပြောလေ ?? "
ပေါင်ပေါ်ကို တက်ထိုင်ပြီး ကျွန်တော့် ပခုံးကိုလည်း သူ့လက်သေးသေးလေးနဲ့ ချိတ်တွယ်ထားသေး ..
မျက်နှာကလည်း ပြီတီတီနဲ့ !! အပြုံးကလည်း လူသတ်နိုင်လောက်တဲ့ အပြုံးမျိုး .. အကြည့်တွေကိုက မြူ ဆွယ်နေတာ .. မြူ ဆွယ်နေတာ !! ဟင်း ဟင်း ..တစ်ခုခုတော့ တစ်ခုခုပဲ ..
ဝတ်ထားတာကလည်း ရှပ်အင်္ကျီအဖြူ ပါးပါးလေး !! အောက်ခံကလည်း မပါ .. ဘောင်းဘီတို ပွပွလေးကလည်း ပေါင်ပေါ် လိပ်တက်နေတော့ ပေါင်သားကလည်း ဖွေးဖွေးလေး .. ကိုက်စားချင်စရာ !! ဂလု ..
ငါစိတ်ရှိလက်ရှိ လုပ်လိုက်ရင်တော့ ဒင်းလေး တစစီဖြစ်တော့မယ် ။ စိတ်ထိန်း စိတ်ထိန်း !! အတွေးထဲ ၀င်လာတဲ့ တဏှာစိတ် အချို့ကို အသက်၀၀ရှူကာ ထိန်းချုပ်လိုက်ပြီးတဲ့နောက် ချာတိတ်ပြောမယ့် စကားကို နားထောင်လိုက်တယ် ။
"ဟိုလေ .. ကျောင်းတက်ချင်လို့ "
မျက်လုံးမှေးမှေးလေးကို ပုတ်ခက်ပုတ်ခက်လုပ်ရင်း ရှိသမျှ Aegyo တွေ အကုန်ထုတ်သုံးနေလေရဲ့ ..
ကြားသားမိုးကြိုး ကျောင်းတက်ချင်တယ်တဲ့ !! ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူးရယ် .. ငါနားကြားများ မှားသလားဟဲ့ ..
တက္ကသိုလ်မတက်ချင်လို့ ထွက်ပြေးလာတဲ့လူက ကျောင်းတက်မယ်ဆိုပဲ .. အင်းးးး ဒါ ကျွန်တော်တော်လို့ဗျ ။
ဘာဆိုင်လဲဆို ကျွန်တော်သွန်သင်ဆုံးမမှု ကောင်းလို့လေဗျာ ..
ချာတိတ်လေးကို လိမ္မာဖို့ အမြဲဆုံးမနေတာ .. ကဲ အခုတော့ ကြည့်စမ်း ကျောင်းတက်မယ်တဲ့ !! ကျွန်တော့် အစွမ်းတွေပေါ့ဗျာ ..
ကိုယ့်အတွေးနဲ့ကိုယ် နည်းနည်းမြောက်သွားတော့ စပ်ဖြီးဖြီးကြီး ပြုံးလိုက်ပြီး ကျွန်တော်ပေါင်ပေါ် ထိုင်ရင်း မြူ ဆွယ်နေလေတဲ့ ကောင်စုတ်လေးရဲ့ ခါးသိမ်သိမ်ကို လက်တွေနဲ့ သွယ်ယှက်လိုက်ပြီး ပါးဖောင်းဖောင်းကို နှာခေါင်းနစ်သွားလောက်တဲ့ အထိ နမ်းရှိုက်လိုက်တယ် ။ စတော်ဘယ်ရီနံ့လေးကလည်း သင်းသင်းလေးနဲ့ ..
ချာတိတ်လေးက ရှက်သွားတယ်ထင်ရဲ့ ပါးနှစ်ဖက် ရဲတွက်နေလေပြီ ။
" ချာတိတ်က ကိုယ့်စကား နားထောင်ပြီး ကျောင်းတက်တော့မယ်ပေါ့ "
"ဟင့်အင်း !! "
တွေ့လား .. ဖီးကြဲတယ်ဆိုတာ အဲဒါ ။ အပေါ်ကို ရောက်တော့မှ ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလိုပဲ ။ မျက်နှာတည်ကြီးနဲ့ ကိုယ်ပဲ အရူးကြီးကျလို့ !!
"ဘယ်ကျောင်းတက်ချင်တာလဲ ချာတိတ်ရဲ့ ? "
အညိုဖျော့ရောင် ဆံနွယ်အိအိလေးကို အသာအယာဖွလိုက်ပြီး ချစ်စနိုးနဲ့ မေးလိုက်တော့ ..
" ဟိုကျောင်း "
Laptop ကို လက်ညှိးထိုးပြတော့ ကျွန်တော်လည်း ချာတိတ်ကို ဖက်ထားရင်းနဲ့ပဲ စိတ်ဝင်တစားကြည့်လိုက်သည်။
"အနုပညာကျောင်း !! "
ကျွန်တော် တအံတဩ မေးတော့ ချာတိတ်က ချစ်စရာကောင်းစွာ ခေါင်းကို အဆက်မပြတ်ငြိမ့်ပြလေရဲ့ ..
"အင်း "
"ဟက် .. ချာတိတ်က အနုပညာကျောင်းတက်ချင်လို့လား ?? "
အနည်းငယ် ရယ်သွေးစွမ်းရင်း ချာတိတ်ကို မေးလိုက်မိသည် ။
"အင်းလေ လူကြီး သိရဲ့သားနဲ့ ကျွန်တော့်အိမ်မက်က idol လေ .. Stage စင်ကြီးပေါ်မှာ ပရိတ်သတ်တွေ အများကြီးနဲ့ ကခုန်ပြီး .. Fan meeting တွေလုပ် .. Fan တွေနဲ့ သီချင်းအတူတူဆိုမယ်။ ကျွန်တော် သီချင်းဆိုရင် စင်အောက်က ပရိတ်သတ်တွေက လက်ခုပ်တွေ တီးပေးရင်း အော်ဟစ်ကြမယ်။ တကမ္ဘာလုံးကို လျှောက်သွားရင်း သီချင်းတွေဆိုကြမယ်။ ရလာတဲ့ ပိုက်ဆံတွေကိုလည်း အလှူအတန်းတွေလုပ်မယ်။ မိဘမဲ့ဂေဟာတွေ .. ဘိုးဘွားရိပ်သာတွေမှာ လုပ်အားပေးလုပ်မယ် .. ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ .. ?? ဟုတ်တယ် မဟုတ်လား လူကြီး !! "
မျက်လုံးမှာ မျှော်လင့်ချက်ရောင်ခြည်တွေ တောက်ပနေတဲ့ ချာတိတ်ကို ကြည့်ရင်း ကျွန်တော့် စိတ်ထဲ ကြည်နူးနေမိတယ် ။ ချာတိတ်ဒီလို လူကြီးဆန်မှန်း မသိခဲ့တာ အမှန်ပါ ။ ချာတိတ်မှာ ဒီလိုလေးနက်တဲ့ အတွေးမျိုး ရှိနေမှန်း သူမသိခဲ့ .. အင်းလေ သူချစ်တဲ့ ကလေးလေးမှာ ဒီလိုအတွေးမျိုးရှိနေတယ် ဆိုရင်တော့ သူတတ်နိုင်သမျှ ပါရမီ ဖြည့်ပေးရမှာပေါ့ ..
"ဟုတ်ပါပြီ .. ချာတိတ် တက်ချင်တယ်ဆိုရင် ကိုယ်အလုပ်အားတဲ့နေ့ သွားအပ်ကြတာပေါ့ ok ?? "
"ok !! "
လက်မနဲ့ လက်ညှိုးကို ၀ိုင်းကာ ok sign လေး အားကြိုးမာန်တက် လုပ်ပြလေရဲ့ ..။ တော်တော်တော့ ကျေနပ်သွားပုံ .. ချာတိတ်ပျော်ရင် ကျွန်တော်လည်း ပျော်ပါတယ်ဗျာ !!
အဲ .. နေပါဦး !! ကျောင်းတက်တော့ ဘယ်သူက ပိုက်ဆံပေးရမှာလည်း ?? 😟😟 အိမ်ကနေထွက်ပြေးလာတာဆိုတော့ကာ ဒင်းလေးမှာတော့ပိုက်ဆံပါမှာလည်း မဟုတ်။ နောက်ဆုံးတော့လည်း ကျွန်တော်ပဲ ကျောင်းစရိတ်အကုန်ခံရတော့မှာပေါ့ ။ အင်းးး အနာဂတ်အတွက် အခုတည်းက ရင်းနှီးမြုပ်နှံထားတယ် ဆိုရတော့မှာပဲ ။ အမေရိက က အမေနဲ့ အဖေရေ .. သားကို ခွင့်လွှတ်ကြပါတော့ .. မိဘတွေကို မပေးပဲ သားရဲ့ အသည်းတုံးလေးအတွက်ပဲ အကုန်ခံလိုက်တော့မယ်။ သားမက်လောင်းလေးအတွက် စေတနာ ထက်သန်လွန်းလှတဲ့ ကျွန်တော့်ကိုသာ သာဓုခေါ်ပေးကြပါတော့ ။
"လူကြီး ဘာတွေးနေတာလဲ ?? "
"အားးးးး သေပါပြီ ချာတိတ်လေးရယ် "
တစ်ချက်လေးတောင် အတွေးလွန်လို့မရဘူး .. ဆွဲမယ်ဆိုတာကြီးပဲ .. နားရွက်ပြောပါတယ် .. ဟင့် နဂိုတည်းက ရှည်နေတာကို အဆွဲလွန်ပြီး တစ်ဖြည်းဖြည်း ဆင်နားရွက်လို ဖြစ်လာမှ ဒုက္ခ ..
" ဘာတွေးနေတာလဲလို့ !! "
"ဪ မဟုတ်ပါဘူး ချာတိတ်ရယ် .. ကျောင်းတက်ဖို့ ဘာပြင်ဆင်ပေးရမလဲ ဆိုပြီး .. ဟီး "
မုသာမပါ လင်္ကာမချော ဆိုသလို .. နည်းနည်းတော့ မျက်နှာပြောင်ပြောင်နဲ့ လိမ်ရတော့တာပေါ့ ။
" အဲ ဘာလိုလဲဆိုတော့ !! အင်္ကျီ ဆယ်ငါးစုံ အစုံနှစ်ဆယ်လောက် .. Branded တွေပဲနော် Supreme လောက်ဆို အတော်ပဲ .. ဘောင်းဘီတွေလည်း ၀ယ်ရဦးမယ် အဟင့် သားသားမှာက အားလုံးဟောင်းနေပြီ !! "
အင်းပေါ့လေ .. သူ့ခမျာ ..
"အဲ ရှိသေးတယ် .. ကုတ်အင်္ကျီလေးလည်း နည်းနည်းလောက် လိုချင်သေးတယ်ရယ် .. ဂျင်းဘောင်းဘီလေးလည်း အသစ်ဝယ်ရင် ကောင်းမလား ?? အင်း ၀ယ်တာပဲ ကောင်းပါတယ် .. လွယ်အိတ်လေးလည်း ၀ယ်ဦးမှ .. စုတ်စုတ်ပြတ်ပြတ်ဆိုရင် လူကြီးလည်း သိက္ခာကျတယ်မဟုတ်လား .. ? "
သူ့ဟာသူမေး သူ့ဘာသူ ဖြေနေသော ချာတိတ်ကို ကြည့်စမ်း !! မျက်စိတွေတောင် နောက်လာသလိုလို ~ ပေါင်ပေါ်ထိုင်နေတာက လေပိလို့ပဲလား ၀ိတ်က နှစ်ဆလောက် တိုးလာသလိုပဲ ။ ကိုယ်လည်း ယောင်ယမ်းပြီး ခေါင်းငြိမ့်ပြလိုက်ရသေးသည် ။
"ဖိနပ်လေးလည်း လိုချင်သေးသား .. အဲ ဘယ်လိုဖိနပ်မျိုးက ကောင်းမလဲ !! ကျောင်းတက်ရမယ်ဆိုတော့ .. လန်းလန်းလေးမှ မိုက်မှာပေါ့ .. ဟုတ်တယ်ဟုတ် .. အင်းးး ဘာကျန်သေးလဲ မသိ .. ထားလိုက်ပါ နောက်သတိရ ရင်ထပ်ပြောမယ်နော် !! "
ဘုရား .. ဘုရား .. ရေငတ်တဲ့ လူကို ရေတွင်းထဲ ပစ်ချလိုက်သလို .. သူ့အကြိုက်တွေ ပြောလိုက်တာများ မနည်းမနော .. ဒါတောင် နောက်သတိရရင် ထပ်ပြောဦးမယ်ဆိုပဲ .. မေမေရေ သားတော့ လူပေါင်းမှားပြီထင်တယ် .. !! ရှိသမျှ စည်းစိမ်တော့ ပြုတ်တော့မယ် ထင်ပါ့ .. ခွက်ဆွဲတောင်းမစားရရင် တော်ပါပြီ ။ နားထဲတောင် လေထွက်လာသလိုပဲ ။
"လူကြီး !! ဘာလို့ မျက်နှာရှူံ့မဲ့နေတာလဲ ဘာလဲ !! မ၀ယ်ပေးချင်ဘူးလား ?? "
အင် .. ငါ ဒီလောက်များ မျက်နှာပျက်သွားသလား ??
"မဟုတ်ပါဘူး ချာတိတ်ရယ် .. မ၀ယ်ပေးချင်စရာလား ဟီးးး "
ကြောက်ရတယ်လေဗျာ .. သိတယ်မဟုတ်လား !! အဲ ဒါပေမယ့် ကျွန်တော် ဘာတစ်ခု မရလို့တော့ ဘယ်ဖြစ်မလဲ ??😋😋 ဟွင်း ဟွင်း .. အပေးအယူတော့ ရှိတယ်မဟုတ်လား !! ဟင်း ဟင်း .. ဒီနေ့တော့ ဒီချာတိတ်ကို ကြောင်ကြီး ငါးကြော်စားသလိုမျိုး ကြွပ်ကြွပ်ဝါးပစ်လိုက်တော့မယ် ။ သနားစရာ ငါးကြော်လေးရယ် အဲ .. ဟုတ်ပါဘူး .. သနားစရာ ချာတိတ်လေးရယ် ..
အရင်နေ့တွေက ပတ်ပြေးနေပေမယ့် ဒီနေ့တော့ မလွတ်စေရဘူး .. ငါကွ park chanyeol ..
ကိုယ့်ကိုကိုယ် သန္နိဋ္ဌာန်ချရင်း ပေါင်ပေါ်မှာ ထားနေတဲ့ ချာတိတ်ကို ပြီတီတီ မျက်နှာပေး .. ဗို့အား ၁၅၀၀ လောက် ပြင်းထန်နေတဲ့ အကြည့်နဲ့ ဆွဲဆောင်လိုက်တော့ .. အသားစား သတ္တ၀ါကြီး လက်ထဲရောက်သွားတဲ့ အရွက်စား သတ္တ၀ါလေးကတော့ လွတ်ဖွယ်မရှိ ..။
ချာတိတ်မျက်နှာလေးကတော့ ကြောက်နေသယောင်ယောင် ~ မကြောက်ပါနဲ့ ချာတိတ်လေးရယ် .. ဟွင်း ..😋
အသာအယာ ဆိုဖာထက်ကို လှဲချလိုက်ကာ အပေါ်မှ အုပ်မိုးလိုက်တော့ ..
" လူကြီးနော် .. ဘာလုပ်မလို့လဲ ?? "
ချာတိတ်က တုန်ရီနေတဲ့ အသံလေးနဲ့ သနားစဖွယ်ဆိုလေသော်ငြား သနားစိတ်က တစ်စိလေးတောင်မရှိ .. ။
"နောက်သိမှာပေါ့ .. "
ပြောရင်း ချာတိတ်ရဲ့ နှုတ်ခမ်းနားလေးကို တိုးကပ်သွားတော့ ..
"အာာာာာာားးးး သေပါပြီဗျ ချာတိတ် !!! "
နားရွက်ကို ရဲဗလောင်းခတ်အောင် ကိုက်သွားလို့ နာကျင်မှုဒဏ်ကြောင့် နားရွက်ကို လက်ဖြင့်အုပ်ကာ chanyeol တစ်ယောက် အော်ဟစ်နေပေမယ့် အခန်းထဲ ပြေးဝင်ကာ လော့ချထားသော baek ကတော့ ရယ်မောကာ ...
"ဟွင့် baekhyun ကိုများ အထင်သေးလို့ .. ဘာများမှတ် !! "
ထိုညက ကြောင်ကြီးခမျာ ညစာ ငါးကြော် ငတ်သွားလေတော့သည် ။
ဒီနေ့ chanyeol ကံမကောင်းပါတကား ။
...............To Be Continue.........
AN : Black and White ဆိုတဲ့ chanbaek yaoi fic အသစ်လေး တင်ထားပါတယ် ။ wall ထဲ ၀င်ပြီး ဖတ်ပေးကြပါဦး 😇😇
အဲ့ဒီ fic လေး vote မတက်မချင်း ကျန်တဲ့ fic တွေ လုံးဝဒိတ်ဘူး .. အသေသတ် လုံးဝ လုံးဝ မဒိတ်ဘူး ..😏😏
ကြောက်ရင် သွားဖတ်ပေးနော် 😝😝
#Thank u all for reading my fic
#Plz vote and comment
Continue Reading
You'll Also Like
871K 17.4K 46
အချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....
1.4M 39.1K 45
(Unicode) မောင် မင်းကိုမြင်မြင်ချင်းထဲကချစ်ခဲ့တယ်ဆိုတာမင်းယုံပါ မောင်ကတစ်ကိုယ်ကောင်း သမားမို့ မင်းကိုမောင့်အနားမှာဘဲခေါ်ထားမှာ.... (ခန့်ညီသော်) ( Mat...
76.5K 9.5K 65
ဗီလိန်မိသားစုထဲ မွေးဖွားလာတယ် Description ကျန်းမြန့်မြန့်တစ်ယောက် အချိန်ခရီးသွားခဲ့တယ်။ သူမဖခင်က နက်နဲတဲ့ ပညာရှိမျက်နှာမျိုးရှိပေမဲ့ နှလုံးသားကတော့ က...
2M 95K 58