Till the end

By vhope_lover

12.3K 1K 30

first fic လေးပါ vhope. . . . . . . More

Intro
လေပြေအေးလေနှင့် တွေ့ဆုံမှု
တခါပြန်၍
လူရိုင်း
အိမ်မက်အလား. . .
အဲဒီမှာပဲ. . .
အစ
အဖြေ
Missing. . .what?
Answer!!!!!!
no Love!!! Hate???
Hurting
Apologise~~
i LOVE you
Her
How love him
no update

Belief

852 51 3
By vhope_lover

သူဌေး ဟိုမှာသူဌေးရဲ့သား ''

ကားမီးပွိုင့်မိနေစဉ်
driver ကောင်လေးပြောစကားကြောင့် သူညွှန်ပြရာဘက် မျက်စိရှေ့ကလူကူးမြင်းကြားမှ လမ်းကူးနေကြသော လူအများကြားထဲကို သတင်းစာဖက်နေသည်ကိုအကြည့်လွှဲလိုက်ပြီး ကြည့်လိုက်သည် ။
ဘေးတွင် ကောင်မလေးတယောက်နှင့်အတူ
သူမလက်ကိုပါ ကိုင်ထွေးထားသည့်သူ၏သား Taehyungကိုတွေ့ရသည် ။

'' ကျွန်တော် စုံစမ်းပေးရမလား ''

အလိုအလိုက်သိပါသော တပည့်ဖြစ်သူမှာ
သူ့အကြောင်းကိုသိနေတာကြောင့် သဘောကျမိသည် ။

'' ဟင့်အင်း ရတယ် မလိုဘူး ''

ခါတိုင်းနှင့်မတူ သူ့နှုတ်မှထွက်လာသော စကားကြောင့် driverကောင်လေးမှာ နောက်မှာထိုင်နေသောသူ့ကို ကားမှန်မှမော့ကြည့်မိသည် ။

ဘေးကကောင်မလေးလက်ကို ကိုင်ချိတ်တွယ် ထားကာ စကားတပြောပြောဖြင့် ပြုံးပျော်နေသောသူ့သားစုံတွဲကိုကြည့်နေ သော သူ့အကြည့်တို့မှာ
အလိုမကျမနှစ်သက်ခြင်းတွေတော့မရှိနေပေ။
တည်ငြိမ်နေပြီး လေးနက်နေသောအကြည့်များ က ဆုံးဖြတ်ချက်ကြီးကြီးတခုချက်တော့ မယ်ထင်။

****

'' Taehyung ''

အိမ်ထဲသို့ဝင်လာချင်းချင်း ကြားဖူးခဲသည့်
ဧည့်ခန်းထဲမှ သူ့ခေါ်သံကိုကြားလိုက်ရတာ
ကြောင့် ခြေလှန်းတို့ကတုန့်ခနဲ

'' ဒီကို လာဦး ''

သာမာန်လေသံနှင့်သာ ပြောနေပေမဲ့
မယုံနိုင်သလို သူ၏စကားအတိုင်း သူ့ရှေ့သို့
အရောက်သွားမိသည် ။

ခါတိုင်းလို ဒေါသအသံများ အလိုမကျမှုတွေ ရောစွတ်သော အသံမဟုတ်တဲ့အပြင်
မျက်နှာထားသည်လဲ ခါတိုင်းနှင့်မတူတာတော့ အမှန်ပင်
လေးနက်တည်ကြည်နေသည်

'' ထိုင်ဦး''

ပြောင်းလဲနေသည့် သူ့အဖေအပြုအမှုတွေ ကြောင့် သူသည်လဲ စေညဒကပြန်တက်ဖို့မေ့ လျော့ကာ အလိုတော်ကျ နေ၍ မယုံသဖွယ်
သူ့အဖေမျက်နှာကို အကဲခက်ကြည့်နေမိသည်။

'' မင်းရဲ့ ကောင်မလေးက ဘယ်ကလဲ ''

'' ဗျာ ''

Taehyung အံ့သြတုန်လှုပ်သွားလေသည်
သူ့ကိုအမြင်မကြည်သော သူ့ကောင်မလေး အပေါ်ကိုလဲ တခုခုလုပ်မည်စိုးရသည် ။

'' ကျွန်တော့်အကြောင်းတွေကို ဘယ်တုန်းကများစိတ်ဝင်စားသွားရတာလဲ
သူမကို ဘာမှလုပ်ဖို့မစဉ်းစားပါနဲ့ ''

'' hak
ဒီမှာ Taehyung ငါနောက်ဆုံးအနေနဲ့ ဖခင် တာဝန်ယူနေရတဲ့ ငါကအကောင်းလုပ်ပေးမလို့  မင်းကိုမေးနေတာ ''

Taehyung ကိုယ့်နားကို ပင်မယုံနိုင်သဖွယ်
သူ့ရှေ့က သူ့ဖခင်ကိုအံ့သြတကြီး မျက်လုံးပြူး ၍သာ ကြည့်နေမိသည်

ဘယ်သော အခါမှ သူ့အပေါ်တာဝန်ကျေပွန် တော့မှာမဟုတ်ဘူးလို့ထင်ထားမိတာ
ဖခင်နဲ့မတူ ပထွေးနဲ့မခြား Taehyungအပေါ် ထားတဲ့ သူ့အပြုအမှုစိတ်နေစိတ်ထားတို့က
ဒီအတိုင်း ပုံသေပဲဖြစ်နေတော့မယ်ထင်နေတာ
အခုတော့ နောက်ဆုံးအနေနဲ့ သူ့တာဝန်ဝတ္တရားတို့ကိုတော့ သိတက်သူအနေနှင့်

'' သူ. .သူမက ကျွန်တော်ကျောင်းကပါပဲ ''

တခါမှမဖြစ်ဘူးသော ခံစားချက်တွေနှင့်
Taehyungတယောက် စကားတွေပါထစ်အ လာလေသည်

ခံစားချက်ကပြောရမယ်ဆိုလျှင် ပျော်ရွှင်တာလား ဝမ်းသာတာလား အံ့သြတာလား မယုံကြည်တာလား

သေချာတာကတော့ သူ့စိတ်ထဲကြိတ်ပျော်နေမိသည်

'' အေး အဲ့ဆို မင်းကောင်မလေးကိုပြောထား လူကြီးချင်း မိဘချင်းတွေ့ကြမယ်လို့ ''

'' na. .nae ''

သူကတော့ပြောပြီးချင်း ထထွက်သွားပေမဲ့
Taehyungတယောက်ကတော့ ထိုင်ခုံပေါ်မှာ မလှုပ်မရှပ် ငြိမ်ပြီးကျန်ခဲ့လေသည် ။

&&&&&&&&&&&&&&&&&&&&&&

'' Yahhh Taehyung ah. .  ''

ခေါ်ထားတာမို့ သူမလာပြီအထင်နဲ့ ဝမ်းသာအား ရဖြင့် တံခါးဖွင့်လိုက်တာနဲ့
တကယ် ဘယ်ကနေသူမJiminဖြစ်နေတာလဲ

'' နင်. .နင်က. .''

ပြန်ပြောမည့် စကားတောင်မဆုံးသေးဘူး
ကျွန်တော့်ကို တိုက်ပြီး ကျွန်တော့်ဖြသ်နေတဲ့ပုံစံကိုဂရုတောင်မစိုက်တဲ့ပုံစံနဲ့ ရှေ့ကနေကော့တော့ကော့တော့ ဦးဆောင်ပြီးအိမ်ထဲဝင်သွားလေသည်

ဦးဆောင်တာကသူမဖြစ်ပြီး နောက်ကပါလာတဲ့ သူတွေကလဲ ကျွန်တော်နဲ့အမြင်သိပ်မကြည်တဲ့ ချစ်ရသောHobie၏ မောင်Jungkookလဲ ပါ သည်
ဒီအိမ်ရှင်ဖြစ်လို့ ကျွန်တော့်ကိုတချက်တာမော့ ကြညြ့်ပီး ခါတိုင်းသူ့ပုံစံအတိုင်းပဲ မျက်လွှာချကာ ခက်တည်တည်ဖြင့်

နောက်တယောက် ချစ်သူအိမ်ကိုလာမှာမို့
အတင်းအိမ်ပြန်လွှတ်လိုက်တဲ့ Yoongi hyung
ဘယ်လိုဖြစ်ပြီး ပြန်ပါလာတာလဲ
မောင်းလွှတ်ပြီးတော့ အတင်းမောင်းလွှတ်ပြန် ခိုင်းလိုက်ပေမဲ့ ပြန်ဝင် လာတဲ့သူ့မျက်နှာက
အောင်နိုင်သူတယောက်အနေနဲ့
မင်းဘာမှမတက်နိုင်ပါဘူးဆိုတဲ့ ခပ်ရွဲ့ရွဲ့အပြုံး
တို့နဲ့ ခပ်ချေချေပဲ

ဟော. . .နောက်ဆုံးတယောက်အနေနဲ့
ကျွန်တော့်ရဲ့ချစ်လှစွာသော
ချစ်သူမလေးHobie

သူမမျက်နှာကို မကျေနပ်သလိုကြည့်ပေမဲ့
သူမမျက်နှာတွင် အားနာနေ၍ မသက်သာသလို
မျက်မှောက်လေးကြုံ့ကာမျက်တောင်လေးတွေပေကလဲ့ပေကလဲ့လုပ်နေပုံက ကိုယ့်ကိုသူ ပြန်မကြည့်ရဲတာ

ဘယ့်နှယ်. . .
ကျောင်းပိတ်ရပ်လေး လွမ်းလို့ ချစ်သူုကို အိမ်လာခိုင်းပါတယ်ဆိုမှ နောက်ကနေမဆီမဆိုင်လူတွေ
တစီတတန်းကြီးခေါ်လာတယ်

'' ဟဲ့ အပေါက်ဝကစုံတွဲ
တသက်လုံးအဲ့မှာနေတော့မလို့လား
အိမ်လာလည်တဲ့ ဧည့်သည်တွေကို ဧည်မခံတော့ဘူးလား ''

မျက်လုံးချင်းစကားများအံ့ကြိတ်နေတုန်း
အိမ်ထဲက Jiminရဲ့ပြောဆိုသံကိုကြားလိုက်၍
နောက်မှဆိုတဲ့မျက်နှာပေး ပေးပြီးအိမ်ထဲဝင် လိုက်သည်

'' ဧည့်ခံရအောင် ငါကနင်တို့ကိုဖိတ်ထားမိလို့ လား Jiminie ''

'' သိပါတယ်Taehyungရယ် အဲ့ကြောင့်မို့
ငါတို့ ရိတ်ခါငါတို့ကိုယ်ငါတို့ဝယ်လာပါတယ်
တကယ် ဟန်ဆောင်ပန်ဆောင်လေး လုပ်ပေး မယ်မရှိဘူး ဟွန့်
အကျင့်ကိုမကောင်းတာက. . ''

အာပြဲနေတာ သူ့တယောက်တည်းJimin
ကျန်တဲ့သူတွေမ ဘာမှလဲမတောင်းဆို ငြိမ်နေ ကြတဲ့သူတွေပဲ

'' အော် နင်က စားပြီးအမှိုတ်ဖွသွားမယ်ပေါ့
နင်ကိုက အကျင့်မကောင်းတာJiminie
ပေးဘယ်မှာလဲ ဝယ်လာတဲ့ဟာတွေက
ပြင်ဆင်ပေးမယ် ''

သူမပြန်ခံရတော့စူပုတ်နေတဲ့မျက်နှာနဲ့ လက်ညိုးညွှန်ပြသည့်နေ ရာက Hobieလက်ထဲမှာ

'' ဟာ ဘာလို့ ''

ကျွန်တော် သူမဝင်လာကတည်းကသတိမထား မိတာအမှန်ပင်
အခုတော့ Hobieလက်နှစ်ဖက်လုံးမှာ အထုတ် ကြီးနှစ်ထုပ်ကို ကိုင်ဆွဲထားလျက်
သူမနားအလျင်သွားပြီး လွဲပြောင်းဆွဲကိုင်ယူ လိုက်တော့ အာပါပါ…လေးလိုက်တာ

'' Jiminမ အစုတ်ပလုပ်မ
ဒီလောက်လေးတဲ့အထုတ်တွေကို ဘာလို့ Hobieကို ဆွဲခိုင်းထားရတာလဲ
ငါ့ချစ်သူကို ပင်ပန်းအောင် ''

'' ဘာမှ လာပြောပြမနေနဲ့ Taehyung
Hobieဝင်ဝင်လာချင်းကတည်းက နင်သတိ တောင်မထမိဘဲနဲ့
အခုမှ လာပြီးအဖြစ်သည်းပြမနေနဲ့
ငါတို့ကတမင်ကလာ နင့်အိမ်ရှေ့ရောက်မှ အထုပ်တွေကိုHobie လက်ထဲ ခနထည့်ထားတာ
နင် သူ့ကိုဘယ်လောက်ဂရုစိုက်လဲဆိုတာ သိအောင် လို့ ''

'' နင်. .နင် ''

ဘာမှဆက်မပြောတော့ဘဲ ကိုယ့်အမှားကိုယ်သာလက်ခံလိုက်၍ သူတို့ရှေ့ ခေါင်းငုံ့၍ သာထွက်လာလိုက်တော့သည် ။

****

ပါလာတဲ့ အစားအသောက်တွေကိုပြင်ဆင်ပေး နေတုန်း အင်္ကျီခါးစနားကျပ်သွားသည့်ခံစား ချက်

'' ငါ့ကို စိတ်ဆိုးနေတာလားဟင် ''

သူမ Hobie ခါးနားအင်္ကျီစကိုဆွဲကာ သနား စဖွယ် အပြစ်လုပ်ထားသလို လေသံတိုးတိုးလေးနှင့်ဆိုလေသည် ။

ကျွန်တော် ဘာမှပြန်မပြောမိ…။

တဆက်တည်း အရွက်တွေဆေးပြီးလို့ အိမ်ထဲပြန်ယူသွားမည်အလုပ် သူမကိုလျစ်လျူ ရှုမိသလားမသိ လှည့်ထွက်လာလိုက်သည်။

'' အမ် ''

သူမကတော့ အင်္ကျီစကိုမလွတ်ပေးဘဲ ရှေ့ဆက်မရအောင်ဆွဲတောင် ဆွဲထားသေးသည်။
လှည့်ကြည့်တော့ သနားခံနေတဲ့ မျက်နှာလေး
လက်မှာကိုင်ထားတဲ့ စားစရာပန်းကန်တွေကို ဘေးက ဘေစင်ပေါ်တင်ထားလိုက်ရင်း

'' လာ ငါ့ဆီကို ''

Hobieဆီ လက်လှန်းပြီးခေါ်လိုက်တော့
မမှုရှာပါဘူး ထိုလက်ကိုကိုင်ကာအနားကို
တိုးလာသည် ။
အနားတိုးလာတဲ့ သူမကိုရင်ခွင်ထဲထည့်လိုက် ကာ သိမ်းဖက်လိုက်သည် ။

'' ငါ နင့်ကိုစိတ်မဆိုးပါဘူး
စိတ်လဲ မဆိုးရက်ပါဘူး
တခုပဲစိတ်မကောင်းဖြစ်တာ နင့်အပေါ်နားလည် မှုမရှိသေးတာကိုပဲ
ငါ့ကိုယ်ငါစိတ်မကောင်းဖြစ်နေတာပါ ''

'' Taehyung ရယ်. . . ''

'' ငါ ရင့်ကျက်သင့်ပြီနော်
နင့်အပေါ် နားလည်မှုအပြည့်အဝထားဖို့
အရာရာယုံကြည်ထားဖို့
သဘောထားကြီးဖို့
နင့်အတွက် အရာရာတိုင်း ငါကြိုးစားရမယ် ''

'' ဟင့်အင်း ငါ့အတွက်ဆိုတဲ့ အတွက်တော့
နင့်ကိုနင် မပြောင်းလဲပါနဲ့
ငါက နင့်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်ဘူး
ဒီအတိုင်း အရှိကိုအရှိတိုင်း နေပါ
နှစ်ယောက်အတူ လက်တွဲမဖြုတ်ကြရင် ပြီးတာပဲ
ဘယ်တော့မှ မခွဲအတူ မဝေးကြေးလေ ''

သူမထံမှ လှိုက်ဖိုစဖွယ်ထိုသို့သောစကားလေးတွေ ကြားရတာ ကျွန်တော်ကြည်နူးစွာပျော်ရွှင်မိ သည်။
သူမသည် ကျွန်တော့်ထက်ပိုပြီး နားလည်သဘောထားတွေ ပြည့်ဝနေပြီးသားပဲ။
ရင်ခွင်ထဲကသူမကို ငုံ့ကြည့်ပြီးပြုံးလိုက်မိသည်။
သူမသည်လဲ ကျွန်တော့်ကိုမော့ကြည့်၍ အကြည်နူးဆုံးအပြုံးလေးဖြင့် ပြုံးပြနေသည်။

လေညှင်းတွေက ကိုယ့်ဘက်ပါနေတုန်း
ကြည်နူးမှုတွေကြားမှာ နှုတ်ခမ်းချင်းထိကပ်
မည်လုပ်တုန်း. . .

'' Yahh. .
အပြင်ကအတွဲ စားစရာတွေသွားပြင်ဆင်နေတာလား
ထွက်များပြေးသွားကြတာလား ''

'' မဟုတ်ဘူး. .ရှိတယ်ရှိတယ်
လာပြီ ပြီးပြီ. . ''

အိမ်ထဲမှာနေ၍ အသံသေးအသံညှောင်လေးနဲ့ အော်လိုက်တဲ့Jiminမ ရဲ့အသံပြဲလန်လို့
ဒီမှာ feelတောင်ပျက်သွားတယ်

Hobieကလဲ ရှက်ရမ်း ရမ်းပြီးဘာတွေပြန် အော်မှန်းသိဘူး ။
ကိုယ်ထဲက ရုန်းထွက်ပြီး ကျွန်တော်ပြင်ထား စားစရာပန်းကန်တွေ ယူပြီး အိမ်ထဲအပြေး ဝင်သွားလေသည်။

သူမနောက်လိုက်ဝင်တော့ သူမလက်ထဲကပန်းကန်တွေကို Jungkookက
ထယူလေတယ်

ဒါပေမဲ့ ကျွန်တော့်လက်ထဲက ပန်းကန်တွေကိုတော့ မယူပေးဘူး ။

ကြည့်နေရင်း ကြည့်နေရင်းနဲ့  တွေးမိလျှင်လဲ
ကျွန်တော် ဝန်တိုလာမိသည် ။
Jungkookနဲ့ Hobieနဲ့က ဘာသွေးသားမှမတော်ဆက်ဘူးတဲ့လေ …

Hobieဘေးနားကပ်ဝင်ထိုင်ပေမဲ့ မျက်စိရှေ့မြင် တွေ့သမျှက စိတ်ကထိကအောင့်ဖြစ်လာသည် ။
Hobieပန်းကန်ထဲ အစားတွေတခုပြီးတခုရွေး ထည့်ပေးနေသည်မှာ သူမချစ်သူကျွန်တော်မှာ ဘာမှလုပ်ပေးစရာမလိုသလို…။

စိတ်ရှုပ်လာမိသည်နဲ့အတူ ဒေါသရိပ်တွေ မကြီးထွားခင် ထိုနေရာအမှ ခနရှောင်ထွက်သွား ဖို့ ထရပ်လိုက်သည် ။

'' Taehyung'ah ဘယ်သွားမလို့လဲ ''

ဆက်ကနဲ ထရပ်မိတော့ ဝိုင်းကလူတွေအကြည့် တွေအကုန်လုံး ကျွန်တော့်ဆီမှာ

'' Colaသွားဝယ်မလို့ ''

တခွန်းတည်းသာပြောပြီး လှည့်ထွက်ကာ အပြင် သို့ထွက်လာမိသည် ။

ဟူးးး
မသက်မသာ ဖြေသိမ့်စရာ သက်ပြင်းမောမော တချက်ကို ခပ်လေးလေးမှုတ်ထုတ်ပြစ်လိုက် တယ် ။

******

အကုန်လုံးစားသောက်ပြီးတော့ ပန်းကန်တွေ သိမ်းဆည်း ကြတာပေါ့ ။
အချိန်တွေက တဖြည်းဖြည်းကုန်လာတာနဲ့အမျှ ကျွန်တော့်စိတ်ကတော့ တဖြည်းဖြည်းညစ်ထွေး လာမိခြင်းပါ ။
ကျွန်တော့်အရှေ့ Hobieအပေါ်ကိုတယုတယ ပြုမှုပြနေတဲ့ Jungkook ကိုကြည့်ပြီး စိတ်တွေ ကတင်းလာမိသည် ။
Hobieကြောင့် စိတ်တွေကိုထိန်းချုပ်ထားလိုက် ပြီး အတက်နိုင်ဆုံး ဖြေသိမ့်နေလိုက်သည် ။
သူတို့အာူလုံးကတော့ စားသောက်ကာ ရယ်စ ရာမောစရာပြောပြီး ဟက်ဟက်ပက်ပက်ရီတာ က Jimin ၊တခါမှရီဖို့ရွှင်ဖို့ဆိုတာမပြောနဲ့ လူ ကြားထဲဝင်ပြီး စကားမပြောတဲ့suga hyung ဆိုသူကလဲ ဒီနေ့မှ လေတွေဖောနေလိုက်တာ ဘာဆေးမှာလဲမသိ ၊သူတို့ကြားထဲမာနမင်းသား
က Jungkook ရယ်လဲမရယ်ဘူး မျက်လွှာချ နေကာ စားစရာရှိစား သောက်စရာရှိတာ သောက်နေ၍ မျက်လုံးလေးမော့ကြည့်လျှင် တောင် Hobieကိုပဲဖြစ်တယ်။ ဒါတွေကြောင့် တဖြည်းဖြည်းဆိုးလာတဲ့ ကျွန်တော့်စိတ်တွေ ကြောင့် တင်းထားတဲ့မျက်နှာထားကြောင့်လဲ Hobieက ကျွန်တော့်ကို အရိပ်တကြည့်ကြည့်နဲ့ မသိမသာခိုးခိုးကြည့်နေသည်။

ရှောင်ကွင်းစရာအဖြစ် သိမ်းဆည်းတဲ့ပန်းကန် တွေကိုကောက်ယူကာဆေးကြောဖို့အပြင်ဘက်
ဘေစင်ကိုသာ ထွက်လာလိုက်တော့သည် ။

'' ကျွန်တော် ဝင်ကူညီလို့ရမလား "

မတွေ့အောင်တမင်ရှောင်ကာမှ တည့်ရောက် လာတဲ့ သူJungkook ။
စိတ်ပျက်သလို စုတ်သက်တချက်ချလိုက်ခင် မှာပဲ သုကကျွန်တော့်ဘေးလာရပ်၍ လက်အိတ် ကောင်စွတ်ကာ ပန်းကန်တွေဆေးဖို့လုပ်နေ သည်လေ ။
သူ့အပြုအမှုတွေကို ကျွန်တော်ကြည့်ရင်း ဒေါသ တွေက ချုပ်တည်းထားမရတော့ ။
မကြာခင် ရန်ပွဲဖြစ်သွားလိမ့်မည် ။
သူကတော့ မျက်လွှာလေးချအေးဆေးအလုပ် လုပ်နေသည် ။
လက်အိတ်ကိုခပ်ကြမ်းကြမ်းချွတ်ပစ်လိုက်ရင်း ထိုနေရာမှထွက်ဖို့ခြေလှန်းပြင်လိုက်သည် ။

'' ဒီလိုပုံစံနဲ့ ကျွန်တော်ဘယ်လိုစိတ်ချရပါမလဲ "

သူ့စကားကခြေလှန်းကိုတုံ့ခနဲ ဆိုလိုရင်းမသိ၍ နောက်ပြန်လှည့်သူ့ကိုကြည့်တော့ နဂိုအတိုင်း အေးဆေးပြင် ။

'' ဘာပြောချင်တာလဲ ''

'' မင်း ဝန်တိုနေတာမှတ်လား noonaနဲ့ငါ့ကိုလေ ''

'' … "

မှန်နေသည့်စကားပေမဲ့လဲအသံပြုဝန်မခံချင်ပေ ။

'' ဒီလိုဆိုဘယ်လိုလုပ်မှာလဲ မင်းကဒီလိုပုံစံနဲ့ ဒီလိုဖြစ်နေရင် noonaကိုဘယ်လိုလုပ်မှာလဲ
မင်း noonaအပေါ် မယုံကြည်ဘူးလား ''

မယုံကြည့်ဘူးလားတဲ့ ထိုစကားကကျွန်တော့် စိတ်ကိုထိုးနှက်လာလေသည် ။

'' မင်းမျက်နှာကိုအရိပ်တကြည့်ကြည့်လုပ်နေတဲ့ noonaက အခုမင်းပုံစံကြောင့်စိတ်ညစ်ညူသွား မှမကြောက်ဘူးလား
noonaကိုစိတ်ဆင်းရဲအောင် လုပ်မလို့လား ''

ကျွန်တော်က သူ့ကိုစိတ်ဆင်းရဲသွားစေလား…

'' noonaကို မင်းလက်ထဲထည့်ပေးဖို့ပြန်စဉ်း စားရတော့မယ်
ငါက noonaကိုအမြဲပျော်နေတာပဲ မြင်ချင်တာ
noona စိတ်ချမ်းသာဖို့ပဲ အရာရာနောက်ဆုတ် ဖို့ပြင်ဆင်ပြီးသား . .
noonaကလေ အခုတလောအရမ်းပြုံးရယ်နေ တာ တယောက်တည်းလိုလိုနေရင်းနဲ့ဖြစ်ဖြစ်
မိသားစုထမင်းစားပွဲဝိုင်းမှာပဲဖြစ်ဖြစ်
သူထထရယ်နေတယ်
တအားလှတာ noonaပြုံးနေရင်လေ
ငါသိနေတယ် noonaပျော်နေတယ်ဆိုတာ
အဲ့ဒါလဲ မင်းကြောင့်ပဲဆိုတာကော ''

သူမအကြောင်းပြောနေတဲ့Jungkookရုပ်မှာ
ကြည်နူးမှုအပြည့်နှင့် တချက်ပြုံးလိုက်သေး သည် ။

'' ငါ noonaကိုတသက်လုံးပျော်ပျော်နေသွား စေချင်တယ်
သူမသာပျော်နေရင်ငါလဲ. .ကျေနပ်နေနိုင်မှာပါ ''

နောက်ဆုံးသူ့စကားလေသံက တုန်ရီတိုးရှသွား သည် ။

'' အဲ့ကြောင့်မို့ မင်းnoonaကိုစိတ်ချမ်းသာ အောင်ထားဖို့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိ ဘူးဆိုရင် စောစောစီးစီးနောက်ဆုတ်လိုက်ပါ ''

ခေါင်းငုံ့ကာအတန်ငယ် တိတ်ဆိတ်လေပြီးမှ ပြန်ပြောလိုက်တဲ့စကားတခွန်းကလေ လေးနက် မှုတွေနဲ့ အဓိပ္ပာယ်ပါလေသည် ။

Jungkook သူဆေးထားတဲ့ပန်းကန်တွေကို ကောက်သိမ်းကာ ဘေးကနေဖြတ်လျှောက် သွားသည့်အထိ ကျွန်တော်တွေဝေဆဲပင် ။

သူအထဲဝင်ဖို့တံခါးလျှပ်လိုက်တော့ အထဲက
Jiminနဲ့ Hobieရဲ့ ရယ်သံတိုးလွှလွှကနားထဲ အေးချမ်းသဖွယ် ဝင်ရောက်လာလေသည် ။
တံခါးအပြင်ဘက်ကနေ မြင်နေရတဲ့Hobieရဲ့ ရယ်မောနေသည့် ပုံစံက သူပြောသည့်အတိုင်း ပင် ။

စိတ်ချမ်းသာစေမှာလား ။
ပျော်ရွှင်စေပါ့မလား ။ ကျွန်တော်သေသေချာချာစဉ်းစားဆုံးဖြတ်ဖို့လို လေပြီ ။
ခိုင်မာတဲ့အကြောင်းပြချက်နဲ့အတူ အစောက ယုံကြည်ရမယ် ၊နားလည်မှုထားဖို့တွေကို အမှန်တကယ်လက်တွေ့ လုပ်ဆောင်ဖို့သင့်ပြီ မဟုတ်လား ။

အကြောင်းပြချက်လား. .သူမကိုကျွန်တော့်ကို ချစ်သည်လေ. .နောက်ပြီးကျွန်တော်ကလဲ သူမ ကိုအသက်ထက်ဆုံးချစ်သည် ။

ယုံကြည်ချက်ပါပါတချက်ပြုံးလိုက်လာ
ကျွန်တော် အိမ်ထဲပြန်ဝင်လိုက်ပြီးသူမဘေးသို့ ကပ်ထိုင်ကာ သူမပုခုံးကိုဖက်ထားလိုက်တော့ သည် ။
ပကတိစိတ်ညစ်မှုတွေပျေက်ကွယ်သွားတဲ့ ကျွန် တော့်မျက်နှာက ပြန်လန်းပြုံးရွှင်လာတာကြောင့် Hobieက ကျေနပ်သလိုကြည့်၍ ပြုံးပြလေသည် ။

မျက်နှာချင်းဆိုင်ကJungkookကလဲ မျက်လွှာ တချက်မော့ကြည့်က ပြန်ချလိုက်ပြီးနောက်တော့ သူနှုတ်ခမ်းတွေ အနည်းငယ်ကွေးညွှန့်သွားလေသည် ။

ကျွန်တော့်ရဲ့တောင်စင်မရလျှောက်ပြောပြောဆိုကြောင့်လဲ အရည်မရအဖက်မရဟာသတွေနဲ့ အတူ အခုမှကျွန်တော်တို့ စကားဝိုင်းလေးကလဲ ရီသံတွေပြန့်လွှင့်သွတော့သည် ။

***

" ကောင်းကောင်းပြန်ကြနော် ''

'' အေးပါ နင်Honieမ နောက်မှတွေ့မယ်
နှစ်ယောက်တည်းရှိသွားပြီဆိုတော့ နင်တို့မကဲ ကြနဲ့နော် ''

'' Yahh!!!PARK JIMIN!!! ''

'' Ha ha ha ''

ရယ်မောကာတဖြည်းဖြည်းဝေးသွားတဲ့Jiminကဘာမှမဖြစ်ပေမဲ့ သူမရဲ့နောက်ဆုံးပြောလိုက်တဲ့စကားကြောင့် ကျန်ခဲ့တဲ့ကျွန်တော်တို့က ရှက်ရမ်းရမ်းရလေပြီ ။

'' အိမ်. .အိမ်ထဲဝင်ကြမယ်လေ ''

'' အော်. .အင်းအင်း ''

Jiminမရဲ့ကောင်းမှုကြောင့် စပြောမိတဲ့စကားကထစ်အအနှင့် ။
မြင်လိုက်သေးတယ် သူမရဲ့ပါးလေးတွေက အနည်းငယ်အပန်းရောင် သန်းနေသည်ကို ။

အိမ်ထဲဝင် နှစ်ယောက်သာဆိုဖာခုံမှ ဘေးချင်း ယှဉ်ထိုင်လိုက်ပေမဲ့ နှစ်ယောက်တည်းဆိုတဲ့ စိတ်က ကထိကအောက် အနေထိုင်ကျပ်စေ သည် ။
ပူလောင်လာတဲ့ရင်ထဲက နှလုံးခုန်မှုကလဲအတိုင်းအစမဲ့ မြန်လာလေသည် ။
ဒါတောင်ကပ်လျက်ထိုင်နေသည်မဟုတ်ပေမဲ့
နည်းနည်းခပ်ခွာခွာ ရှိနေကြတာပါ ။
သူမက ငြိမ်နေပေမဲ့ ကျွန်တော်ကဟိုမော့ဒီမော့ ချောင်းတဟမ်းဟမ်းနှင့် ။

စိတ်အားတင်းကာ သူုမဘေးနည်းနည်းတိုးသွား လိုက်ပြီး သူမပုခုံးကိုဖက်တွယ်ဖို့ လက်ကိုမရဲတရဲဖြန်ချီလိုက်တဲ့တခန . .

'' Taehyung ah ''

ဆက်ကနဲလှည့်လာတဲ့သူမကြောင့် အလန့်တကြားလက်ကိုပြန်သိမ်းကာ လူကလဲ လန့်ဖြန့်သွားမိသည် ။

'' အဲ့ဆို နင့်အသက်က? ''

ရုတ်တရပ် သိချင်စဖွယ်မေးမြန်းလာတဲ့သူမ
မျက်နှာကြောင့် အစောကဖြစ်ပေါ်နေတဲ့စိတ်တွေက ကြက်ပျေက်ငှက်ပျောက်. . .

'' ဟမ်. .ဟိုဟိုလေ 95မှာမွေးတာဆိုတော့. .''

သူမမျက်လုံးတွေတဖြည်းဖြည်းပြူးကျယ်လာ ကာ နောက်တော့သူုမနှုတ်ခမ်းပါတွေကဟန်ပါ ပါတချက်နဲ့အတူ မျက်လုံးအရောင်တွေက ပြောင်လာပြီး. . .
ကျွန်တော်လဲ ထိုသိုပြောင်းလဲမှုကိုနားမလဲစွာ
ငေးကြည့်နေရင်းကနေ. .

'' ဘုန်း ''  '' အ ''

ခေါင်းက အောက်သို့ငိုက်စိုက်ကာ နောက်စေ့က ကနေခေါင်းတခုလုံး အုံခဲနာကျင်မှုထက် ဒေါသ ကထောင်းကနဲ ထွက်သွားလေသည် ။

'' Taehyung ah အဲ့ဆိုနင်ကငါ့ထက်သုံးနှစ် နီးပါးတောင် ငယ်တာပဲ ''

'' ဘုန်း '' '' အ ''

နောက်တချက် ကျရောက်လာတဲ့သူုမရဲ့လက် သံကြောင့် အရင်စိတ်ကမငြိမ်သေးခင် နောက် ဒေါသကထွက်ပေါ်လာသည် ။
သူမက သူမထက်ငယ်လိုကျွန်တော့်ကိုရိုက် တာပေါ့ ။အမလေ ဘယ်ကတည်းကနေဘယ် လောက်တောင်ချုပ်တည်းထားတဲ့အကျင့်ပါ လိမ့် ။အငယ်ကို ဒီလိုအနိုင်ကျင့်ရိုက်နှပ်ချင်တာ ဘယ်ကတည်းကလဲ ။

နောက်ပြီး ဒါကဘယ်လိုကြည်စားမှုပါလိမ့် ။
တခြားချစ်သူရည်စားတွေကို ဒီလိုခေါင်းနပမ်း ကိုအုတ်ချပြီး နာကျင်အောင်ကြည်စားဖူးကြ သလားမသိ ။
ရိုက်ပြီး ကျေနပ်သလို သဘောကျသဖွယ် သူမ ကတော့ ရယ်မောနေသည် ။တော်တော်ပျော် နေသလား ချစ်သူ. .တွေ့မယ် ။

'' နောက်တချက် နောက်တချက် Taehy. .
အွတ် ''

နောက်တခါ လှန်းရိုက်ဖို့ပြင်တဲ့သူမလက်ကို ကိုင်ဆွဲလိုက်ပြီး ပြန်လက်စားချေသည့်အနေနဲ့ သူမမျက်နှာကိုဆွဲကိုင်ကာ နှုတ်ခမ်းချင်း တေ့နမ်းလိုက်သည် ။

အမယ် အခုတော့ငြိမ်သက်လို့ ။မှတ်ပြီးလား ။
နောက်လုပ်ချင်ဦး ။ဒါပေမဲ့ ကျွန်တော်ပြန်မလွှတ် ပေးချင်တော့ ။ သူမနှုတ်ခမ်းတွေရဲ့ချိုမြိန်မှုကို
ထပ်မက်မောကာ သေချာနမ်းရှိတ်နေမိသည် ။
Hobieကအနမ်းတွေကိုပြန်မတုန့်ပြန်ပေမဲ့
ငြင်းလဲမငြင်းဘဲ ငြိမ်နေလေသည် ။
တဆတဆပြင်းလာတဲ့အနမ်းတွေက အချိန်အ နည်းငယ်ကြာတဲ့အချိန်မှာ ရင်ဘက်ကိုတွန်း ထုတ်နေတဲ့ သူုမလက်တွေကြောင့်ရပ်တန့် လိုက်တယ် ။

'' Taehyung. . . .နင်. .တော်တော်. . .ဆိုး. . . တာပဲ . . .  ''

အားယူကာ တိုးညှင်းလှတဲ့အသံထွက်လေးနဲ့
ပြောဆိုကာ
မနည်းအသက်ရှူကာ မောဟိတ်နေတဲ့သူမ ကြောင့် ကျွန်တော့်အနမ်းတွေကို ကျွန်တော်နောင်တရမိသွားသည် ။

အခုတော့ သူမအသက်အပြင်းလုရှူနေရသည် ။
မောဟိုက်နေမှုကြောင့် သူုမမျက်နှာလဲပျက်ယွင်းကာ နောက်ဆုံး မျက်လုံးတွေကိုမှိတ်ချလိုက်တဲ့အထိ . .။

'' ကျွန်. .ကျွန်တော် တောင်းပန်ပါတယ်
ကျွန်တော်တောင်းပန်ပါတယ်နော်. .
ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါနဲ့နော်. . ''

သူမကို ကျွန်တော်ရင်ခွင်ထဲထပ်အပ်ဖက်တွယ် ထားကာ တောင်းပြန်စကားတွေဆိုနေမိသည် ။
ကျွန်တော် သတိတချက်လွတ်သွားသည် ။
သူုမ နှလုံးရောဂါကြောင့် သာမန်မောဟိုက်တဲ့ အပြုအမှုတွေကို မခံနိုင်ဘူးဆိုတာသိလျက်နဲ့ ကျွန်တော် လွန်သွားလေသည် ။

နားထဲကြားနေရသည့် သူမအသက်ရှူသံပြင်း ပြင်းတို့သည် ကျွန်တော့်ကိုဝမ်းနည်းလာစေ သည်။
ကျွန်တော့်ကိုပြန်ဖက်တွယ်ထားသည်မှလွဲ၍
စကားပြန်မပြောနိုင်သော သူမပုံစံသည်
ကျွန်တော့်ဆင်ခြင်တုံးတရားတွေကိုမီးမှောင် ထိုးပြနေလေသည် ။

Hobieနဲ့ ကျွန်တော် ရင်ချင်းကပ်ဖက်တွယ် ထားသည်မှလွဲ၍ အသက်ရှူမှန်မှန်ဖြစ်အောင် သာသူမနဲ့အတူ အသက်ကူရှူပေးရင်း ငြိမ်နေပေးလိုက်သည် ။

အတန်ကြာတော့ သူမသက်သာသွားသည်ထင်
အသက်ရှူသံ ပုံမှန်ပြန်ဖြစ်သွားသလို ကျွန်တော့် ကိုဖက်ထားရာမှ ခွာထွက်လေသည် ။

'' နောက်တခါ အဲ့လိုမဆိုးနဲ့ ''

ခေါင်းငုံရိုကျိုးပြီးပြောနေသည့်သူမစကားကြောင့် ခေါင်းညိတ်နာခံလိုက်သည် ။

'' တောင်းပန်ပါတယ် ''

နောက်တော့ သိမ်ဝင်သွားတဲ့အသံတိုးတိုးလေး စကားတခွန်း. .

'' ဘာအတွက်လဲ ''

'' ငါ. .ငါကနင့်အတွက်. .''

တချက်ရပ်ကာ ဆက်ပြောမဲ့စကားကိုသူမမျက် နှာကိုကြည့်၍ နားစွင့်နေရင်း ပြောထွက်လာ သည့်စကားတခွန်းကြောင့် ကျွန်တော့်ရင်တွေ အောက့်သက်သွားကာ နာကျင်သွားလေသည် ။

'' ချစ်သူုကနမ်းတာတောင် ငါကနင့်စိတ်ကြိုက် မဟုတ်လို့ ''

'' Hobieရယ် ''

သုမကိုဆွဲယူသိမ်းဖက်ရင်း နှစ်သိမ့်ပေးချင်မိ သည် ။

'' ကိစ္စမရှိဘူး ရတယ်
ဘာမှမဖြစ်တာကြောင့် ဘာမှအပင်ပန်းခံမတွေးနေပါနဲ့ နော် ''

'' ဒါပေမဲ့ Taehyung'ah ဟင့်. .အင့် ''

'' မငိုပါနဲ့ကွာ မငိုပါနဲ့ ရပါတယ်ဆို
ငါကနင့်ကိုအရမ်းချစ်တာလေ
ဒါတွေမလိုပါဘူး မငိုနဲ့နော်
နင်မောနေလိမ့်မယ် ''

သူုမကိုထိုသို့ကိစ္စနဲ့ပက်သက်ပြီး စိတ်ဒဏ်ရာမဖြစ်သွားစေချင်ပါ ။ထားလော့ အခုကိစ္စက ကျွန်တော်ဆိုးမိသွားခြင်းပါ. .
ထိုသို့ကြောင့် ဖြစ်ပျက်သွားသောသူမပုံစံ ကြောင့် နောက်ဆိုကျွန်တော်ဆင်ခြင်နိုင်မည်မှာ အသေအချာပြင် ။
ကျွန်တော်သုမကို ချစ်တယ်။
ကျွန်တော်သူုမကို အဆုံးရှုံးမခံနိုင်ပေ ။

'' Hobie'ah ငါတို့လက်ထပ်ကြရအောင် ''

-------------------------TBC -------------------------

မကောင်းမကန်းဖြစ်တဲ့ဒီficလေးကို
ပြီးသွားအောင် အရင်အပြက်ဖြတ်လိုက်ဦးမယ် နော် ။
ဟီး အာသာစာမလုပ်ဘဲficတွေထိုင်ရေးနေ
စာမေးပွဲက တစ်ဘာသာကျန်သေးတယ်. .။

Continue Reading

You'll Also Like

275K 16.9K 37
ငါ့ဘ၀မှာ​ ​လောဘတက်​ပြီး ပိုင်​ဆိုင်​ချင်​ခဲ့တာမျိုးဆိုတာ မင်းနဲ့မှ ဖြစ်​​ပေါ်လာတာပါ ဒေါသ​တွေ၊မာန်​မာန​တွေနဲ့​မျှော်​လင့်​ချက်​ကင်းမဲ့​နေချိန်​ ပထမဆံ...
16K 1.9K 14
လင်း မိန်းမရလည်း ထားခဲ့မှာပဲ.." "လုပ်ပြန်ပြီ..." လူကို ကျောပေးပြီး ထပ်ပြောနေပြန်သေးသည်။ ကိုယ့်မှာ ရည်းစားချောချောလေး ရှိတယ်ဆိုတာကို ဒင်းက လက်ခံပေးချင...