Gangnam လမ်းမကြီးပေါ် ခပ်ဖြည်းဖြည်း ရှပ်တိုက်နေသည့် ပန်းနုရောင် Sneaker တစ်ရံ။
သတိလက်လွတ် အသက်ရှူရှိုက်မိသည့် အခိုက်အတန့်၌ အာခံတွင်းထဲ ဖမ်းဆီးထားသော အခိုးအငွေ့တစ်ချို့က လေဟာနယ်ထဲ လွတ်မြောက်ပျံ့လွင့်၏။
ခါတိုင်းနှစ်တွေထက် အဆမတန် ပို ချမ်းအေးသော ဒီနှစ် ဆောင်းရာသီ။
အူတိအူကြောင် သယ်လာမိသည့် မည်းနက်နက် ဝက်ဝံရုပ်ကလေး၏ အမွှေးနုနုများသည်ပင် အအေးဒဏ် ဖြန်းပက်မှုကြောင့် စွတ်စိုစ ပြုလို့။
" L တဲ့ "
တစ်ယောက်တည်း တိုးဖွဖွ ရွတ်ကြည့်မိသည်။
" အဲ့ဒါ ဘယ်လို ထူးထူးဆန်းဆန်း နာမည်ပါလိမ့် "
ကိုယ့်အပြောနှင့် ကိုယ် ခေါင်းတခါခါ လုပ်ရင်း အခြားတစ်ဖက်အခြမ်းမှ Platform ဆီ ကူးဖို့ လမ်းမထက် ခြေချမိခိုက် အစိမ်းရောင် ပြနေသော လူကူးမီး။
ဘေးဘီတွင် တစ်စုံတစ်ဦး မရှိသော်ငြား
လမ်းမပေါ် စိတ်ဖြောင့်လက်ဖြောင့် နယ်ချဲ့မိသည့် ခြေတစ်စုံ။
ထို တစ်ခဏ။
ဟွန်းသံ မပေး ဘာမပေး အလင်းရောင်လို မြန်ဆန်သည့် ခပ်ပြင်းပြင်း အရှိန်တစ်ခုဖြင့် ဘယ်ကဘယ်လို ရောက်ချလာမှန်း မသိသော အပြာရောင် ပြိုင်ကားတစ်စင်း။
" အမေ !!!!!!!!!!!! "
မျက်လုံး စုံမှိတ်ချကာ အာခြောင်ခြစ် ဟစ်လိုက်သည့် လေသံသည် လေထုထဲ ကျယ်လောင်စွာ ပျံဝဲသွားပြီးပြီးချင်း ပြင်ဆင်မှုတစ်ခုတစ်လေ မဖန်တီးရသေးခင်မှာပဲ ကြမ်းရှရှ လမ်းမထက်၌ ပြိုလဲကာ တစ်လောကလုံး မှောင်အတိ ကျသွားခဲ့၏။
•••••
လှုပ်မရသော ညာဘက်လက်က ဆစ်ခနဲ ကိုက်သွား၏။
" အ - "
နှုတ်မှ သတိလက်လွတ် ခုန်ဆင်းလာသည့် အာမေဋိတ်တစ်ခုနှင့်အတူ မျက်ဝန်းတစ်စုံအား ပွင့်ဟရုံဆိုသလောက် အနည်းငယ် ဖွင့်ကြည့်မိသည်။
ဝေဝါးဝါး မျက်နှာကြက်။
တစ်ဖက်အခြမ်းကို မမြင်ရအောင် ကာဆီးထားသော လိုက်ကာ။
ပြီးတော့ အကြောထဲ ထိုးထည့်ထားသည့် အပ်သေးသေးတစ်ချောင်း။
" ကျွန်... ကျွန်မ ဘယ်ရောက်နေတာလဲဟင် "
ဖျတ်ခနဲ တွေ့သော လူရိပ်ထံ အားကိုးတကြီး လှမ်းလို့ မေးခွန်း ထုတ်မိရဲ့။
" ညီမ ကားတိုက်မိလို့လေ ... အများကြီးတော့ မထိသွားပေမယ့် လက်အရိုး နည်းနည်း အက်သွားတယ် ... အဲ့ဒါကြောင့် ဒီအတောအတွင်း ညာဘက်လက်ကို မသုံးမိစေနဲ့ဦးနော် "
သူနာပြု ဆရာမလေးက ကျွန်မ အိပ်နေတဲ့ ကုတင်ပေါ်က သွေးခုန်နှုန်းစက်ကို အေးအေးဆေးဆေး တစ်ချက် ငေးကြည့်ပြီး တခြားလူနာဘက် လှည့်ထွက်သွား၏။
လက်အရိုး နည်းနည်း အက်သွားတယ် .. တဲ့။
ဒီအတောအတွင်း ညာဘက်လက်ကို မသုံးမိစေနဲ့ဦးနော် .. တဲ့။
အခု ကျွန်မကို လာနောက်နေတာလား။
မနက်ဖြန် စားဖိုဆောင်မှာ ပထမဦးဆုံး အလုပ်ဝင်ရတော့မည့်ဥစ္စာ ကျွန်မက ဘယ်နှယ့် ညာဘက်လက်ကို မသုံးဘဲ နေလို့ရမလဲ။
" သတိရလာပြီလား "
ယောကျ်ားတစ်ယောက်ရဲ့ ခပ်အောအော အသံ။
ဆတ်ခနဲ တုန်ယင်သွားရင်း မျက်လုံးပြူးမျက်စံပြူးဖြင့် အူတိအူကြောင် မော့ကြည့်မိတော့ တစ်နာရီတောင် မရှိသေးသည့် အချိန်အတွင်း ကြုံကြိုက်ခဲ့သော မျက်ဝန်းတစ်စုံနှင့် ပြန်လည် ဆုံစည်းသည်။
" L - ssi ? "
" ကျွန်တော့်ကို မှတ်မိနေတာပဲ "
သိမ်မွေ့စွာ သူ ပြုံးတဲ့အခါ ပါးပေါ်မှ ပါးချိုင့်ခွက်ခွက်ကလေးတွေက ကျွန်မအာရုံများအား မသိမသာ ဖမ်းစား၏။
" ဘယ်လိုလုပ် ဒီကို ?
ကျွန်မ တိုက်မိသွားတာ ရှင့် ကားနဲ့လား "
" ဟာ မဟုတ်ပါဘူး "
အကြောက်အကန် ငြင်းဆန်ဖို့ အရှိန်ယူချိန်
သူ့ မျက်ဝန်းတွေ မဆိုစလောက် ပြူးကျယ်လာကြလျက်။
" အဲ့ဒီ ငနဲက လူကို တိုက်မိတာတောင် တစ်ချက် ကြည့်ရုံကြည့်ပြီး မောင်းထွက်သွားတယ်လေ ..
အမှန်ဆို အဲ့နေရာမှာတင် လက်သီးစာတစ်ချက် ကျွေးခဲ့သင့်တာဗျာ ..
မလုပ်ခဲ့မိတာ အခုမှ နောင်တရတယ် "
ဘယ်ဘက် အကျႌလက်ကို လိပ်တင်လိုက်၊ ညာဘက် အကျႌလက်ကို လိပ်တင်လိုက်၊ တရှူးရှူးတရှဲရှဲ သူ ဒေါသ ဖြစ်နေသည်အား ငေးရင်း ဘာကြောင့်ရယ်မသိ၊ ခပ်မှိန်မှိန် ပြုံးမိရဲ့။
" ရှိပါ့ ရှိပါ့ အဲ့လိုလူတွေ .. ခဏခဏတွေ့ဖူးတယ် "
" တစ်ခါလောက်များ အဲ့ဒီ မျက်နှာကို ထပ် တွေ့ကြည့် .. အဲ့အခါ တကယ် ဆွဲထိုးပစ်မှာ "
ကျွန်မ တခစ်ခစ်နှင့် ရယ်တော့ သူက ကျွန်မကို ပြုံးတုံ့တုံ့ ငေးကြည့်ရင်း ရေတစ်ဗူး လှမ်းပေးသည်။
" ရေ နည်းနည်းသောက်လိုက်ဦး .. မျက်နှာက အရမ်း ဖျော့နေတယ် "
" သွားစရာ ရှိတယ်ဆို ? ကျွန်မကြောင့် ဆေးရုံအထိ လိုက်လာရတယ် .. ဘယ်လိုလုပ်မလဲ .. အားနာလိုက်တာ "
ရေသန့်ဗူးကို လှမ်းယူ၊ တစ်ငုံသောက်ရင်း သူ့အား မဲ့တဲ့တဲ့လေး ငေးကြည့်မိတဲ့အခိုက် သူက နှုတ်ခမ်းတစ်စုံကို လှလှပပ ကွေးညွတ်ရင်း ခေါင်းခါ၏။
" မဟုတ်တာ .. အားနာစရာမလိုပါဘူး .. ကျွန်တော်က ကူညီပေးချင်လို့ ကူညီတာပါဗျာ "
" ဟုတ်ကဲ့ တကယ် ကျေးဇူးတင်ပါတယ် "
ခပ်ပြုံးပြုံး ရေရွတ်လို့ ကုတင်ဘေး တင်ထားသည့် ဝက်ဝံရုပ်ကလေးဆီ အကြည့်များ လွှဲပြောင်းမိသည်။
" သွားစရာ ရှိရင် အရမ်း နောက်မကျသေးဘူးဆို အခုပဲဖြစ်ဖြစ် သွားလိုက်ပါနော် .. ကျွန်မ တကယ် သက်သာပါတယ် .. ပြီးတော့
သူ့ကိုလည်း သေချာသိမ်းထားပေးပါ့မယ် "
အရုပ်လေး၏ အနက်ရောင် နားရွက်တိုတိုကလေးကို ဖွဖွ ထိကိုင်၊ သူ့ထံ တစ်ဖန် ပြန်မော့ကြည့်မိတော့ သူဟာလည်း ခပ်ငွေ့ငွေ့ ပြုံးလို့။
" ကျွန်တော် ဖုန်းနံပါတ် တောင်းရင် စိတ်ဆိုးမှာလား "
" ... ရှင် ? ! "
နဂိုထက် ပို ကျယ်ကျယ် ဖွင့်မိသွားတဲ့ မျက်ဝန်းတစ်စုံအား မြင်စဉ် သူက အသံထွက် ရယ်၏။
" ဟဟ နောက်တာပါဗျာ .. နောက်တာ !
ဒါပေမယ့် ကျွန်တော့်ကို အကြွေးဆပ်ဖို့ကျန်နေတာ တစ်ခုတော့ ရှိတယ် .. သတိရလား "
" ဘာကြီးလဲ " ဟူသော အကြည့်နှင့် သူ့မျက်နှာကို ရှုစားတော့ သူက မခို့တရို့ ပြုံးသည်။
" ကျွန်တော့် နာမည် ပြောပြပြီးပြီလေ "
" ..... "
" အခု အဲ့ဒီဘက်ကတစ်ယောက် နာမည် ပြောပြရမယ့်အလှည့်ပေါ့ "
အော် ဘာများလဲ ဟု နှုတ်ခမ်းတစ်လွှာအား ကျွန်မ ခပ်ဖျော့ဖျော့ ကွေးညွတ်မိတဲ့အခါ သူဟာ ကျွန်မ မျက်နှာကို တိတ်ဆိတ်စွာဖြင့် မျှော်လင့်တကြီး စိုက်ကြည့်လို့ နေခဲ့ရဲ့။
" ..... "
" BoNa ပါ ။ Sae BoNa "
•••••
မှောင်ရိပ်ဖျော့ဖျော့ သမ်းစ ပြုပြီ။
သေလောက်တဲ့ရောဂါမျိုး မဟုတ်ဘဲနဲ့တော့ ဆေးရုံတွင် ကြာကြာမနေချင်၍ တစ်ရက်စာဖိုး ပိုက်ဆံရှင်းကာ ခပ်သုတ်သုတ် ပြေးထွက်ခဲ့၏။
" ကလေးစုတ်က ဖုန်းမကိုင်ပြန်ဘူး ကြည့် "
နှစ်ယောက် မရှိတဲ့ အချစ်တုံး ညီမလေးအား ဒေါသစိတ်တစ်ဝက်၊ ပူပန်စိတ်တစ်ဝက်ဖြင့် တမ်းတရင်း လှမ်းလျှောက်ခဲ့သည့် ခြေလှမ်းတွေဟာ လေးပင်ပင်။
အရိုး ကျိုးနေတဲ့ လက်ကလည်း ဆောင်းလေ ဝှေ့မှပင် ပို နာလာသလို။
နာလွန်း၍ ကုန်းပဲ အော်ငိုပစ်ချင်လာသလို။
ကားနှင့် တိုက်သွားသော ဘယ်သူမှန်း မသိသည့် ထိုလူကိုသာ
ကားဖြင့် ပြန်ပြေးတိုက်လိုက်ချင်သလို။
" Sae YuNa ... အစုတ်ပလုတ်မလေး ... ဘယ်တွေ ရောက်နေလို့ ဖုန်း မကိုင်တာလဲ ...
ငါ တကယ် သတ်ပစ်ချင်လာပြီ "
JangMi ဆိုသည့် YuNa ၏ အခင်ဆုံး သူငယ်ချင်းအား ဖျတ်ခနဲ သတိရလိုက်၍ ဖုန်းလှမ်းဆက်မိသည်။
ဖုန်းဖြေတဲ့ ထို ကောင်မလေးအသံသည်လည်း အိပ်ချင်မူးတူးနှင့် ပျင်းရိရိ။
" JangMi ရေ .. YuNa ဘယ်ရောက်နေလဲ ညီမလေး သိလား ? "
" ဘယ်သူလဲ ? အစ်မ BoNa လား ? "
" အင်း ဟုတ်တယ် အစ်မလေ "
ကောင်မလေးဘက်က အသံ ခဏ တိတ်သွားလျက်။ ထို့နောက် ခပ်တိုးတိုးလေး ထွက်လာသော အသက်ရှူသံ။
" ညီမ မသိဘူး ... အစ်မ "
" ညာပြောရင် ... ဘာလုပ်မလဲ ဆိုတာ ...
အစ်မအကြောင်း ကောင်းကောင်းသိတယ်မလား "
အံကြိတ်သံဖြင့် ခြိမ်းခြောက်တော့ " မသိဘူး " ပြောလက်စ သူမ အသံတွေ တမြေ့မြေ့ တုန်ယင်လာသယောင်။
" ညီမ.. တ.. တကယ် မသိဘူး "
" ပြောစမ်းပါ ... အမှန်အတိုင်း ပြော ...
YuNa အခု ဘယ်မှာလဲ ? "
" ညီမ.. မသိ.. "
ပြောရင်းတန်းလန်း ဆိုင်းငံ့သွားသည့် အသံ။
သက်ပြင်းတစ်ချက် ဟူးခနဲ ချ၊ ရုတ်ချည်းပင် ရဲရဲဝင့်ဝင့် သတ္တိမွေးလိုက်ဟန် ပေါ်၏။
" တကယ်တော့လေ "
" အင်း "
" YuNa က မကြာသေးခင်ကမှ လူတစ်ယောက်နဲ့ တွဲနေတယ် လို့ ပြောတယ် .. အစ်မ "
မျက်ဝန်းကို မှိတ်၊ အောက်နှုတ်ခမ်းအား သွားနှင့် ဖိထိန်းလို့ အသက်ရှူသံတစ်ချို့ ပြန်လည် ရှာဖွေဖို့ ကျွန်မ တစ်ခဏ ကြိုးစားကြည့်မိသည်။
" သူဌေးသားလို့ ထင်တာပဲ .. YuNa ကတော့ အရမ်းသဘောကျနေတယ် ..
သူ့ကို တန်ဖိုးထားပြီး ဂရုလည်း စိုက်ပေးတယ် တဲ့ .. အဲ့လူနဲ့ လက်ထပ်ချင်တယ်လို့တောင် ပြောနေသေးတယ် .. ဟိုနေ့က "
" အဲ့ဒီတော့ ... YuNa က အခု.. ဘယ်မှာလဲ "
သေမလို နာလာသော လက်ဖျန်အား မသိ ကျိုးကျွန်ပြု၊ အမောမဖောက်တဖောက် အသံဖြင့် ကျွန်မ ဖြည်းဖြည်းချင်း မေးခွန်းထုတ်တဲ့အခါ JangMi က စိတ်ကုန်လက်ကုန် သက်ပြင်းတစ်ချက် ရှိုက်ရဲ့။
" အခု အချိန်လောက်ဆို Club ရောက်နေလောက်မယ် ထင်တယ် ..
အဲ့ဒီလူနဲ့ ဒီနေ့ည Club မှာ ချိန်းထားတယ် တဲ့ ..
နေဦး ... အစ်မ အစ်မ အစ်မ ...
ညီမ ပြောလိုက်တယ်လို့ လုံးဝ မပြောနဲ့နော် ... လုံးဝ ပြောလို့ မဖြစ်ဘူးနော် ...
မဟုတ်ရင် ညီမကို YuNa သတ်လိမ့်မယ် ... မပြောနဲ့နော် အစ်မ "
" အင်းပါ "
ပြတ်တိပြတ်တောင်း တစ်ခွန်းသာ ဆိုပြီး ဖုန်းကို တီခနဲ ချပစ်လိုက်၏။
Sae YuNa
နင် တကယ် သေပြီသာ မှတ်။
•••••
မှောင်မှောင်မည်းမည်း အလုံပိတ် Hall ကြီးထဲ တလက်လက် မီးရောင်စုံတွေက ဟိုတစ်စ ဒီတစ်စ ဖြာကျလို့။
ဆူညံ ပေါက်ကွဲနေသည့် သီချင်းသံမြူးမြူးထဲ စီးမြောလိုက်ပါရင်း တစ်ယောက်ကို တစ်ယောက် တပွတ်ပွတ် တသတ်သတ် ကခုန်နေကြသော မနှစ်မြို့ဖွယ်ရာ မြင်ကွင်းများအား အော်ကလီဆန်စွာ အကြည့် လွှဲမိသည်။
ကျပ်ညှပ်နေသည့် လူအုပ်ကြားထဲ တိုးဝှေ့နေတုန်း ညာဘက် လက်ဖျန်ကို ဖြတ်ဖြတ်တိုက်သွားကြရင် အသည်းကြွေကျလုမတတ် နာကျင်ရပြန်ရော။
မလိမ္မာတဲ့ ညီမဆိုးတစ်ယောက်အတွက်
ဒါ ဘယ်လို ဒုက္ခတွေ လာခံနေရတာပါလိမ့်။
" သောက် သောက် သောက်
One Shot နဲ့ သောက် "
အတွင်းခံဘောင်းဘီပင် ပေါ်နေလောက်အောင် တိုနှံ့လွန်းသော စကတ်ကို ဝတ်ထားသည့် ကောင်မလေးများက ကောင်လေးတွေ ပေါင်ပေါ် တက်ထိုင်လို ထိုင်။
ဘီယာများအား ရေသောက်သလို ဂလုဂလုဖြင့် တစ်ကျိုက်တည်း မော့သောက်လို သောက်။
မထိသင့်တဲ့ နေရာရော ထိသင့်တဲ့ နေရာပါ ကြည်ကြည်ဖြူဖြူ အထိခံရင်း ထို မိန်းကလေးများက မိမိဘေးက ယောကျ်ားတစ်ချို့နှင့် နှုတ်ခမ်းချင်း ရူးရူးနှမ်းနှမ်း ဆော့ကစားလို ဆော့ကစား။
တကယ်ကို တိုင်းပြည်ပျက်တစ်ခုထဲ ခဏလောက် လမ်းမှား ဝင်ရောက်လာမိသဖွယ်။
" Sae YuNa !!! "
သီချင်းသံကို မဖုံးနိုင်ဘူးဆိုတာ သိပေမယ့် တစ်နေရာကများ ခေါင်းလေး ထောင်လာလို ထောင်လာငြား
အသံဖြင့်အရင် ရှာပုံတော် ဖွင့်မိ၏။
လက်ညှိုးထိုးမလွဲ နေရာတိုင်းတွင် ဟော့ဟော့လန်းလန်း မိန်းကလေးတွေက အပြည့်။
တဏှာမျက်ဝန်းတို့ ပိုင်ရှင် ယောကျ်ားထုကြီးဟာလည်း ထို မိန်းကလေးများအား အမဲဖြတ်ဖို့ နံဘေး၌ ဇွဲကောင်းကောင်း ထိုင်စောင့်လျက်။
" Sae Yu... "
ရေရွတ်လိုက်စ အသံတွေ ရုတ်တရက် ဆိုင်းငံ့သွားချိန်က မလှမ်းမကမ်း ထိုင်ခုံတွင် YuNa အား ဖျတ်ခနဲ လှမ်းတွေ့လိုက်ချိန် ဖြစ်သည်။
ပူလောင်မှုများကို တတ်နိုင်သလောက် ချုပ်တည်းလို့ ခြေတစ်လှမ်းချင်း တိုးကပ်လာတဲ့အခါ
သူမ မျက်စိရှေ့ ကျွန်မ ရောက်သွားတာတောင် သူမကတော့ ကျွန်မအား မြင်ပုံမပေါ်သေး။
ဘယ်လောက်တောင်များ သောက်ထားသလဲ ကလေးမစုတ်ရယ်။
" Sae YuNa ! နင် ဒီမှာ ဘာလုပ်နေတာလဲ "
ကျွန်မ မျက်နှာထက် တစ်လုံးချင်း ထိုးစိုက်လာသော မျက်လုံးပေါင်းများစွာ။
ကျွန်မ ညီမကို ပိုင်စိုးပိုင်နင်း ပုခုံး ဆွဲဖက်ထားသည့် အဲ့ဒီ မှုန်တေတေရုပ်နှင့် ကျက်သတုံးကောင်ပင် အပါအဝင်ပေါ့။
" လာ ! ထ ! အိမ်ပြန်မယ် "
ဆတ်ခနဲ လက်အား လှမ်းဆွဲတော့ လှမ်းဆွဲသော လက်ပေါ် ခပ်တင်းတင်း ဆုပ်ကိုင်လာသည့် အခြား လက်တစ်ဖက်။
" ဒီမှာ ငါတို့ဘာသာ ပျော်လို့တောင် မဝသေးတာ ဘယ်ကိုခေါ်သွားမလို့လဲ ? "
နှာခေါင်းဝအရောက် ထောင်းဆို ပျံ့လာသော အရက်နံ့။
စိတ်ပျက်စွာ မျက်မှောင်ဆွဲကြုတ်ရင်း သူ ထိထားသည့် လက်ထဲမှ အမြန် ရုန်းထွက်မိသည်။
" ငါ့ ညီမကို ငါ ခေါ်တာ နင့်ဆီက ခွင့်ပြုချက် ယူစရာ ဘာအကြောင်းမှ မရှိဘူးလေ ..
လာ .. Sae YuNa .. ကျောင်းသူတစ်ယောက်က ဒီနေရာနဲ့ ဘာဆိုင်လို့လဲ .. မြန်မြန်ထ ... "
" နေပါဦး နေပါဦး ... ဘာ ? ကျောင်းသူ ? "
ပုခုံးပေါ်က လက်ကို အောက် ဖြည်းဖြည်းချ၊ မျက်ခုံးတန်းများအား သူ တစ်ချက် တွန့်ချိုး၏။
" ပြောတော့ တက္ကသိုလ် တက်နေတာဆို ? "
YuNa က သူ့နံဘေးမှ ထို ယောကျ်ားကို ရီဝေဝေ ငေးလျက် ငိုမဲ့မဲ့ ဖြစ်နေသယောင်။
" ကိုကို .. အဲ့ဒါ မရည်ရွယ်ထားဘဲ .. ဒီ.. ဒီအတိုင်း "
စူးခနဲ ဖောက်ထွင်းလာသည့် သူ့ အကြည့်တစ်ချက်က ကျွန်မ မျက်ဝန်းထဲ မဆီမဆိုင် အခြေချသည်။
" ကြည့်ပါဦး .. တကယ့်ကလေးလေးပဲ .. အစ်မကတောင် လာခေါ်ရတယ်လို့ "
နှုတ်ခမ်းတစ်စုံလုံးအား သရော်ပြုံးတွေက လစ်ဟင်းခြင်းမရှိ ဖြန်းပက်ထားလို့ မျက်ဝန်းများက အကျည်းတန်စွာ လှောင်ရယ်နေကြသဖွယ်။
" ဒီလိုမျိုး တစ်ကူးတစ်က လာခေါ်မှတော့ ဒီအတိုင်း ပြန်မလွှတ်ပေးချင်တော့ဘူး "
ဘေးကနေ သူ လှမ်းယူလိုက်သော ခပ်ကြီးကြီး ဘီယာ သုံးခွက်။
မတ်တပ်ရပ်နေသည့် ကျွန်မ အရှေ့တည့်တည့်၌ အစီအရီ ချ၍ ကျွန်မအား ပြုံးရိပ်အသမ်းလွန်စွာ တစ်ဖန် ငေးမောကြည့်၏။
" သောက် "
" ..... "
ကျဲခနဲ လွင့်စင်သွားသော ဒေါသများကို မဖမ်းတားလိုက်နိုင်ခင် မှုတ်ထုတ်မိသည့် လေပူတစ်ချက်။
" မင်း ညီမကို ပြန်ခေါ်သွားချင်တယ်ဆို ? သောက်လေ "
" WooHyun .. ဟေ့ကောင် ... သောက်လိုက်ရင် ဘာဖြစ်မလဲ သူ သိမှာမဟုတ်... "
သူ့ နံဘေးထိုင်နေသော ယောကျ်ား၏ အသံတစ်ခွန်းတစ်စအား ပျောက်ဆုံးသွားအောင် သူက တံတောင်တစ်ချက်ဖြင့် ဟန့်တားသည်။
" မင်း ဒါ အကုန် မသောက်မချင်း မင်းညီမကို လုံးဝ ပြန်မလွှတ်ပေးဘူး "
ကျွန်မ မျက်ဝန်းတစ်စုံအတွင်း အကွက်ကျကျ နားခိုလာလျက် သူ ကောက်ကျစ်စွာ ထပ် ပြုံး၏။
" ဘာလုပ်နေတာလဲ ? မြန်မြန် သောက်လေ "
********************************************************************************
Gangnam လမ္းမႀကီးေပၚ ခပ္ျဖည္းျဖည္း ႐ွပ္တိုက္ေနသည့္ ပန္းႏုေရာင္ Sneaker တစ္ရံ။
သတိလက္လြတ္ အသက္ရွဴ႐ႈိက္မိသည့္ အခိုက္အတန္႔၌ အာခံတြင္းထဲ ဖမ္းဆီးထားေသာ အခိုးအေငြ႕တစ္ခ်ိဳ႕က ေလဟာနယ္ထဲ လြတ္ေျမာက္ပ်ံ႕လြင့္၏။
ခါတိုင္းႏွစ္ေတြထက္ အဆမတန္ ပို ခ်မ္းေအးေသာ ဒီႏွစ္ ေဆာင္းရာသီ။
အူတိအူေၾကာင္ သယ္လာမိသည့္ မည္းနက္နက္ ဝက္ဝံ႐ုပ္ကေလး၏ အေမႊးႏုႏုမ်ားသည္ပင္ အေအးဒဏ္ ျဖန္းပက္မႈေၾကာင့္ စြတ္စိုစ ျပဳလို႔။
" L တဲ့ "
တစ္ေယာက္တည္း တိုးဖြဖြ ႐ြတ္ၾကည့္မိသည္။
" အဲ့ဒါ ဘယ္လို ထူးထူးဆန္းဆန္း နာမည္ပါလိမ့္ "
ကိုယ့္အေျပာႏွင့္ ကိုယ္ ေခါင္းတခါခါ လုပ္ရင္း အျခားတစ္ဖက္အျခမ္းမွ Platform ဆီ ကူးဖို႔ လမ္းမထက္ ေျခခ်မိခိုက္ အစိမ္းေရာင္ ျပေနေသာ လူကူးမီး။
ေဘးဘီတြင္ တစ္စံုတစ္ဦး မ႐ွိေသာ္ျငား
လမ္းမေပၚ စိတ္ေျဖာင့္လက္ေျဖာင့္ နယ္ခ်ဲ႕မိသည့္ ေျခတစ္စံု။
ထို တစ္ခဏ။
ဟြန္းသံ မေပး ဘာမေပး အလင္းေရာင္လို ျမန္ဆန္သည့္ ခပ္ျပင္းျပင္း အ႐ွိန္တစ္ခုျဖင့္ ဘယ္ကဘယ္လို ေရာက္ခ်လာမွန္း မသိေသာ အျပာေရာင္ ၿပိဳင္ကားတစ္စင္း။
" အေမ !!!!!!!!!!!! "
မ်က္လံုး စံုမွိတ္ခ်ကာ အာေျခာင္ျခစ္ ဟစ္လိုက္သည့္ ေလသံသည္ ေလထုထဲ က်ယ္ေလာင္စြာ ပ်ံဝဲသြားၿပီးၿပီးခ်င္း ျပင္ဆင္မႈတစ္ခုတစ္ေလ မဖန္တီးရေသးခင္မွာပဲ ၾကမ္း႐ွ႐ွ လမ္းမထက္၌ ၿပိဳလဲကာ တစ္ေလာကလံုး ေမွာင္အတိ က်သြားခဲ့၏။
•••••
လႈပ္မရေသာ ညာဘက္လက္က ဆစ္ခနဲ ကိုက္သြား၏။
" အ - "
နႈတ္မွ သတိလက္လြတ္ ခုန္ဆင္းလာသည့္ အာေမဋိတ္တစ္ခုႏွင့္အတူ မ်က္ဝန္းတစ္စံုအား ပြင့္ဟ႐ုံဆိုသေလာက္ အနည္းငယ္ ဖြင့္ၾကည့္မိသည္။
ေဝဝါးဝါး မ်က္ႏွာၾကက္။
တစ္ဖက္အျခမ္းကို မျမင္ရေအာင္ ကာဆီးထားေသာ လိုက္ကာ။
ၿပီးေတာ့ အေၾကာထဲ ထိုးထည့္ထားသည့္ အပ္ေသးေသးတစ္ေခ်ာင္း။
" ကြၽန္... ကြၽန္မ ဘယ္ေရာက္ေနတာလဲဟင္ "
ဖ်တ္ခနဲ ေတြ႕ေသာ လူရိပ္ထံ အားကိုးတႀကီး လွမ္းလို႔ ေမးခြန္း ထုတ္မိရဲ႕။
" ညီမ ကားတိုက္မိလို႔ေလ ... အမ်ားႀကီးေတာ့ မထိသြားေပမယ့္ လက္အ႐ိုး နည္းနည္း အက္သြားတယ္ ... အဲ့ဒါေၾကာင့္ ဒီအေတာအတြင္း ညာဘက္လက္ကို မသံုးမိေစနဲ႔ဦးေနာ္ "
သူနာျပဳ ဆရာမေလးက ကြၽန္မ အိပ္ေနတဲ့ ကုတင္ေပၚက ေသြးခုန္နႈန္းစက္ကို ေအးေအးေဆးေဆး တစ္ခ်က္ ေငးၾကည့္ၿပီး တျခားလူနာဘက္ လွည့္ထြက္သြား၏။
လက္အ႐ိုး နည္းနည္း အက္သြားတယ္ .. တဲ့။
ဒီအေတာအတြင္း ညာဘက္လက္ကို မသံုးမိေစနဲ႔ဦးေနာ္ .. တဲ့။
အခု ကြၽန္မကို လာေနာက္ေနတာလား။
မနက္ျဖန္ စားဖိုေဆာင္မွာ ပထမဦးဆံုး အလုပ္ဝင္ရေတာ့မည့္ဥစၥာ ကြၽန္မက ဘယ္ႏွယ့္ ညာဘက္လက္ကို မသံုးဘဲ ေနလို႔ရမလဲ။
" သတိရလာၿပီလား "
ေယာက်္ားတစ္ေယာက္ရဲ႕ ခပ္ေအာေအာ အသံ။
ဆတ္ခနဲ တုန္ယင္သြားရင္း မ်က္လံုးျပဴးမ်က္စံျပဴးျဖင့္ အူတိအူေၾကာင္ ေမာ့ၾကည့္မိေတာ့ တစ္နာရီေတာင္ မ႐ွိေသးသည့္ အခ်ိန္အတြင္း ၾကံဳႀကိဳက္ခဲ့ေသာ မ်က္ဝန္းတစ္စံုႏွင့္ ျပန္လည္ ဆံုစည္းသည္။
" L - ssi ? "
" ကြၽန္ေတာ့္ကို မွတ္မိေနတာပဲ "
သိမ္ေမြ႕စြာ သူ ျပံဳးတဲ့အခါ ပါးေပၚမွ ပါးခ်ိဳင့္ခြက္ခြက္ကေလးေတြက ကြၽန္မအာ႐ုံမ်ားအား မသိမသာ ဖမ္းစား၏။
" ဘယ္လိုလုပ္ ဒီကို ?
ကြၽန္မ တိုက္မိသြားတာ ႐ွင့္ ကားနဲ႔လား "
" ဟာ မဟုတ္ပါဘူး "
အေၾကာက္အကန္ ျငင္းဆန္ဖို႔ အ႐ွိန္ယူခ်ိန္
သူ႕ မ်က္ဝန္းေတြ မဆိုစေလာက္ ျပဴးက်ယ္လာၾကလ်က္။
" အဲ့ဒီ ငနဲက လူကို တိုက္မိတာေတာင္ တစ္ခ်က္ ၾကည့္႐ုံၾကည့္ၿပီး ေမာင္းထြက္သြားတယ္ေလ ..
အမွန္ဆို အဲ့ေနရာမွာတင္ လက္သီးစာတစ္ခ်က္ ေကြၽးခဲ့သင့္တာဗ်ာ ..
မလုပ္ခဲ့မိတာ အခုမွ ေနာင္တရတယ္ "
ဘယ္ဘက္ အက်ႌလက္ကို လိပ္တင္လိုက္၊ ညာဘက္ အက်ႌလက္ကို လိပ္တင္လိုက္၊ တ႐ွဴး႐ွဴးတ႐ွဲ႐ွဲ သူ ေဒါသ ျဖစ္ေနသည္အား ေငးရင္း ဘာေၾကာင့္ရယ္မသိ၊ ခပ္မွိန္မွိန္ ျပံဳးမိရဲ႕။
" ႐ွိပါ့ ႐ွိပါ့ အဲ့လိုလူေတြ .. ခဏခဏေတြ႕ဖူးတယ္ "
" တစ္ခါေလာက္မ်ား အဲ့ဒီ မ်က္ႏွာကို ထပ္ ေတြ႕ၾကည့္ .. အဲ့အခါ တကယ္ ဆြဲထိုးပစ္မွာ "
ကြၽန္မ တခစ္ခစ္ႏွင့္ ရယ္ေတာ့ သူက ကြၽန္မကို ျပံဳးတံု႔တံု႔ ေငးၾကည့္ရင္း ေရတစ္ဗူး လွမ္းေပးသည္။
" ေရ နည္းနည္းေသာက္လိုက္ဦး .. မ်က္ႏွာက အရမ္း ေဖ်ာ့ေနတယ္ "
" သြားစရာ ႐ွိတယ္ဆို ? ကြၽန္မေၾကာင့္ ေဆး႐ုံအထိ လိုက္လာရတယ္ .. ဘယ္လိုလုပ္မလဲ .. အားနာလိုက္တာ "
ေရသန္႔ဗူးကို လွမ္းယူ၊ တစ္ငံုေသာက္ရင္း သူ႕အား မဲ့တဲ့တဲ့ေလး ေငးၾကည့္မိတဲ့အခိုက္ သူက နႈတ္ခမ္းတစ္စံုကို လွလွပပ ေကြးၫြတ္ရင္း ေခါင္းခါ၏။
" မဟုတ္တာ .. အားနာစရာမလိုပါဘူး .. ကြၽန္ေတာ္က ကူညီေပးခ်င္လို႔ ကူညီတာပါဗ်ာ "
" ဟုတ္ကဲ့ တကယ္ ေက်းဇူးတင္ပါတယ္ "
ခပ္ျပံဳးျပံဳး ေရ႐ြတ္လို႔ ကုတင္ေဘး တင္ထားသည့္ ဝက္ဝံ႐ုပ္ကေလးဆီ အၾကည့္မ်ား လႊဲေျပာင္းမိသည္။
" သြားစရာ ႐ွိရင္ အရမ္း ေနာက္မက်ေသးဘူးဆို အခုပဲျဖစ္ျဖစ္ သြားလိုက္ပါေနာ္ .. ကြၽန္မ တကယ္ သက္သာပါတယ္ .. ၿပီးေတာ့
သူ႕ကိုလည္း ေသခ်ာသိမ္းထားေပးပါ့မယ္ "
အ႐ုပ္ေလး၏ အနက္ေရာင္ နား႐ြက္တိုတိုကေလးကို ဖြဖြ ထိကိုင္၊ သူ႕ထံ တစ္ဖန္ ျပန္ေမာ့ၾကည့္မိေတာ့ သူဟာလည္း ခပ္ေငြ႕ေငြ႕ ျပံဳးလို႔။
" ကြၽန္ေတာ္ ဖုန္းနံပါတ္ ေတာင္းရင္ စိတ္ဆိုးမွာလား "
" ... ႐ွင္ ? ! "
နဂိုထက္ ပို က်ယ္က်ယ္ ဖြင့္မိသြားတဲ့ မ်က္ဝန္းတစ္စံုအား ျမင္စဥ္ သူက အသံထြက္ ရယ္၏။
" ဟဟ ေနာက္တာပါဗ်ာ .. ေနာက္တာ !
ဒါေပမယ့္ ကြၽန္ေတာ့္ကို အေႂကြးဆပ္ဖို႔က်န္ေနတာ တစ္ခုေတာ့ ႐ွိတယ္ .. သတိရလား "
" ဘာႀကီးလဲ " ဟူေသာ အၾကည့္ႏွင့္ သူ႕မ်က္ႏွာကို ႐ႈစားေတာ့ သူက မခို႔တ႐ို႕ ျပံဳးသည္။
" ကြၽန္ေတာ့္ နာမည္ ေျပာျပၿပီးၿပီေလ "
" ..... "
" အခု အဲ့ဒီဘက္ကတစ္ေယာက္ နာမည္ ေျပာျပရမယ့္အလွည့္ေပါ့ "
ေအာ္ ဘာမ်ားလဲ ဟု နႈတ္ခမ္းတစ္လႊာအား ကြၽန္မ ခပ္ေဖ်ာ့ေဖ်ာ့ ေကြးၫြတ္မိတဲ့အခါ သူဟာ ကြၽန္မ မ်က္ႏွာကို တိတ္ဆိတ္စြာျဖင့္ ေမွ်ာ္လင့္တႀကီး စိုက္ၾကည့္လို႔ ေနခဲ့ရဲ႕။
" ..... "
" BoNa ပါ ။ Sae BoNa "
•••••
ေမွာင္ရိပ္ေဖ်ာ့ေဖ်ာ့ သမ္းစ ျပဳၿပီ။
ေသေလာက္တဲ့ေရာဂါမ်ိဳး မဟုတ္ဘဲနဲ႔ေတာ့ ေဆး႐ုံတြင္ ၾကာၾကာမေနခ်င္၍ တစ္ရက္စာဖိုး ပိုက္ဆံ႐ွင္းကာ ခပ္သုတ္သုတ္ ေျပးထြက္ခဲ့၏။
" ကေလးစုတ္က ဖုန္းမကိုင္ျပန္ဘူး ၾကည့္ "
ႏွစ္ေယာက္ မ႐ွိတဲ့ အခ်စ္တံုး ညီမေလးအား ေဒါသစိတ္တစ္ဝက္၊ ပူပန္စိတ္တစ္ဝက္ျဖင့္ တမ္းတရင္း လွမ္းေလွ်ာက္ခဲ့သည့္ ေျခလွမ္းေတြဟာ ေလးပင္ပင္။
အ႐ိုး က်ိဳးေနတဲ့ လက္ကလည္း ေဆာင္းေလ ေဝွ႕မွပင္ ပို နာလာသလို။
နာလြန္း၍ ကုန္းပဲ ေအာ္ငိုပစ္ခ်င္လာသလို။
ကားႏွင့္ တိုက္သြားေသာ ဘယ္သူမွန္း မသိသည့္ ထိုလူကိုသာ
ကားျဖင့္ ျပန္ေျပးတိုက္လိုက္ခ်င္သလို။
" Sae YuNa ... အစုတ္ပလုတ္မေလး ... ဘယ္ေတြ ေရာက္ေနလို႔ ဖုန္း မကိုင္တာလဲ ...
ငါ တကယ္ သတ္ပစ္ခ်င္လာၿပီ "
JangMi ဆိုသည့္ YuNa ၏ အခင္ဆံုး သူငယ္ခ်င္းအား ဖ်တ္ခနဲ သတိရလိုက္၍ ဖုန္းလွမ္းဆက္မိသည္။
ဖုန္းေျဖတဲ့ ထို ေကာင္မေလးအသံသည္လည္း အိပ္ခ်င္မူးတူးႏွင့္ ပ်င္းရိရိ။
" JangMi ေရ .. YuNa ဘယ္ေရာက္ေနလဲ ညီမေလး သိလား ? "
" ဘယ္သူလဲ ? အစ္မ BoNa လား ? "
" အင္း ဟုတ္တယ္ အစ္မေလ "
ေကာင္မေလးဘက္က အသံ ခဏ တိတ္သြားလ်က္။ ထို႔ေနာက္ ခပ္တိုးတိုးေလး ထြက္လာေသာ အသက္႐ွဴသံ။
" ညီမ မသိဘူး ... အစ္မ "
" ညာေျပာရင္ ... ဘာလုပ္မလဲ ဆိုတာ ...
အစ္မအေၾကာင္း ေကာင္းေကာင္းသိတယ္မလား "
အံႀကိတ္သံျဖင့္ ၿခိမ္းေျခာက္ေတာ့ " မသိဘူး " ေျပာလက္စ သူမ အသံေတြ တေျမ႕ေျမ႕ တုန္ယင္လာသေယာင္။
" ညီမ.. တ.. တကယ္ မသိဘူး "
" ေျပာစမ္းပါ ... အမွန္အတိုင္း ေျပာ ...
YuNa အခု ဘယ္မွာလဲ ? "
" ညီမ.. မသိ.. "
ေျပာရင္းတန္းလန္း ဆိုင္းငံ့သြားသည့္ အသံ။
သက္ျပင္းတစ္ခ်က္ ဟူးခနဲ ခ်၊ ႐ုတ္ခ်ည္းပင္ ရဲရဲဝင့္ဝင့္ သတၱိေမြးလိုက္ဟန္ ေပၚ၏။
" တကယ္ေတာ့ေလ "
" အင္း "
" YuNa က မၾကာေသးခင္ကမွ လူတစ္ေယာက္နဲ႔ တြဲေနတယ္ လို႔ ေျပာတယ္ .. အစ္မ "
မ်က္ဝန္းကို မွိတ္၊ ေအာက္နႈတ္ခမ္းအား သြားႏွင့္ ဖိထိန္းလို႔ အသက္႐ွဴသံတစ္ခ်ိဳ႕ ျပန္လည္ ႐ွာေဖြဖို႔ ကြၽန္မ တစ္ခဏ ႀကိဳးစားၾကည့္မိသည္။
" သူေဌးသားလို႔ ထင္တာပဲ .. YuNa ကေတာ့ အရမ္းသေဘာက်ေနတယ္ ..
သူ႕ကို တန္ဖိုးထားၿပီး ဂ႐ုလည္း စိုက္ေပးတယ္ တဲ့ .. အဲ့လူနဲ႔ လက္ထပ္ခ်င္တယ္လို႔ေတာင္ ေျပာေနေသးတယ္ .. ဟိုေန႔က "
" အဲ့ဒီေတာ့ ... YuNa က အခု.. ဘယ္မွာလဲ "
ေသမလို နာလာေသာ လက္ဖ်န္အား မသိ က်ိဳးကြၽန္ျပဳ၊ အေမာမေဖာက္တေဖာက္ အသံျဖင့္ ကြၽန္မ ျဖည္းျဖည္းခ်င္း ေမးခြန္းထုတ္တဲ့အခါ JangMi က စိတ္ကုန္လက္ကုန္ သက္ျပင္းတစ္ခ်က္ ႐ႈိက္ရဲ႕။
" အခု အခ်ိန္ေလာက္ဆို Club ေရာက္ေနေလာက္မယ္ ထင္တယ္ ..
အဲ့ဒီလူနဲ႔ ဒီေန႔ည Club မွာ ခ်ိန္းထားတယ္ တဲ့ ..
ေနဦး ... အစ္မ အစ္မ အစ္မ ...
ညီမ ေျပာလိုက္တယ္လို႔ လံုးဝ မေျပာနဲ႔ေနာ္ ... လံုးဝ ေျပာလို႔ မျဖစ္ဘူးေနာ္ ...
မဟုတ္ရင္ ညီမကို YuNa သတ္လိမ့္မယ္ ... မေျပာနဲ႔ေနာ္ အစ္မ "
" အင္းပါ "
ျပတ္တိျပတ္ေတာင္း တစ္ခြန္းသာ ဆိုၿပီး ဖုန္းကို တီခနဲ ခ်ပစ္လိုက္၏။
Sae YuNa
နင္ တကယ္ ေသၿပီသာ မွတ္။
•••••
ေမွာင္ေမွာင္မည္းမည္း အလံုပိတ္ Hall ႀကီးထဲ တလက္လက္ မီးေရာင္စံုေတြက ဟိုတစ္စ ဒီတစ္စ ျဖာက်လို႔။
ဆူညံ ေပါက္ကြဲေနသည့္ သီခ်င္းသံျမဴးျမဴးထဲ စီးေျမာလိုက္ပါရင္း တစ္ေယာက္ကို တစ္ေယာက္ တပြတ္ပြတ္ တသတ္သတ္ ကခုန္ေနၾကေသာ မႏွစ္ၿမိဳ႕ဖြယ္ရာ ျမင္ကြင္းမ်ားအား ေအာ္ကလီဆန္စြာ အၾကည့္ လႊဲမိသည္။
က်ပ္ညႇပ္ေနသည့္ လူအုပ္ၾကားထဲ တိုးေဝွ႕ေနတုန္း ညာဘက္ လက္ဖ်န္ကို ျဖတ္ျဖတ္တိုက္သြားၾကရင္ အသည္းေႂကြက်လုမတတ္ နာက်င္ရျပန္ေရာ။
မလိမၼာတဲ့ ညီမဆိုးတစ္ေယာက္အတြက္
ဒါ ဘယ္လို ဒုကၡေတြ လာခံေနရတာပါလိမ့္။
" ေသာက္ ေသာက္ ေသာက္
One Shot နဲ႔ ေသာက္ "
အတြင္းခံေဘာင္းဘီပင္ ေပၚေနေလာက္ေအာင္ တိုႏွံ႕လြန္းေသာ စကတ္ကို ဝတ္ထားသည့္ ေကာင္မေလးမ်ားက ေကာင္ေလးေတြ ေပါင္ေပၚ တက္ထိုင္လို ထိုင္။
ဘီယာမ်ားအား ေရေသာက္သလို ဂလုဂလုျဖင့္ တစ္က်ိဳက္တည္း ေမာ့ေသာက္လို ေသာက္။
မထိသင့္တဲ့ ေနရာေရာ ထိသင့္တဲ့ ေနရာပါ ၾကည္ၾကည္ျဖဴျဖဴ အထိခံရင္း ထို မိန္းကေလးမ်ားက မိမိေဘးက ေယာက်္ားတစ္ခ်ိဳ႕ႏွင့္ နႈတ္ခမ္းခ်င္း ႐ူး႐ူးႏွမ္းႏွမ္း ေဆာ့ကစားလို ေဆာ့ကစား။
တကယ္ကို တိုင္းျပည္ပ်က္တစ္ခုထဲ ခဏေလာက္ လမ္းမွား ဝင္ေရာက္လာမိသဖြယ္။
" Sae YuNa !!! "
သီခ်င္းသံကို မဖံုးႏိုင္ဘူးဆိုတာ သိေပမယ့္ တစ္ေနရာကမ်ား ေခါင္းေလး ေထာင္လာလို ေထာင္လာျငား
အသံျဖင့္အရင္ ရွာပံုေတာ္ ဖြင့္မိ၏။
လက္ညႇိဳးထိုးမလြဲ ေနရာတိုင္းတြင္ ေဟာ့ေဟာ့လန္းလန္း မိန္းကေလးေတြက အျပည့္။
တဏွာမ်က္ဝန္းတို႔ ပိုင္႐ွင္ ေယာက်္ားထုႀကီးဟာလည္း ထို မိန္းကေလးမ်ားအား အမဲျဖတ္ဖို႔ နံေဘး၌ ဇြဲေကာင္းေကာင္း ထိုင္ေစာင့္လ်က္။
" Sae Yu... "
ေရ႐ြတ္လိုက္စ အသံေတြ ႐ုတ္တရက္ ဆိုင္းငံ့သြားခ်ိန္က မလွမ္းမကမ္း ထိုင္ခံုတြင္ YuNa အား ဖ်တ္ခနဲ လွမ္းေတြ႕လိုက္ခ်ိန္ ျဖစ္သည္။
ပူေလာင္မႈမ်ားကို တတ္ႏိုင္သေလာက္ ခ်ဳပ္တည္းလို႔ ေျခတစ္လွမ္းခ်င္း တိုးကပ္လာတဲ့အခါ
သူမ မ်က္စိေ႐ွ႕ ကြၽန္မ ေရာက္သြားတာေတာင္ သူမကေတာ့ ကြၽန္မအား ျမင္ပံုမေပၚေသး။
ဘယ္ေလာက္ေတာင္မ်ား ေသာက္ထားသလဲ ကေလးမစုတ္ရယ္။
" Sae YuNa ! နင္ ဒီမွာ ဘာလုပ္ေနတာလဲ "
ကြၽန္မ မ်က္ႏွာထက္ တစ္လံုးခ်င္း ထိုးစိုက္လာေသာ မ်က္လံုးေပါင္းမ်ားစြာ။
ကြၽန္မ ညီမကို ပိုင္စိုးပိုင္နင္း ပုခံုး ဆြဲဖက္ထားသည့္ အဲ့ဒီ မႈန္ေတေတ႐ုပ္ႏွင့္ က်က္သတံုးေကာင္ပင္ အပါအဝင္ေပါ့။
" လာ ! ထ ! အိမ္ျပန္မယ္ "
ဆတ္ခနဲ လက္အား လွမ္းဆြဲေတာ့ လွမ္းဆြဲေသာ လက္ေပၚ ခပ္တင္းတင္း ဆုပ္ကိုင္လာသည့္ အျခား လက္တစ္ဖက္။
" ဒီမွာ ငါတို႔ဘာသာ ေပ်ာ္လို႔ေတာင္ မဝေသးတာ ဘယ္ကိုေခၚသြားမလို႔လဲ ? "
ႏွာေခါင္းဝအေရာက္ ေထာင္းဆို ပ်ံ႕လာေသာ အရက္နံ႔။
စိတ္ပ်က္စြာ မ်က္ေမွာင္ဆြဲၾကဳတ္ရင္း သူ ထိထားသည့္ လက္ထဲမွ အျမန္ ႐ုန္းထြက္မိသည္။
" ငါ့ ညီမကို ငါ ေခၚတာ နင့္ဆီက ခြင့္ျပဳခ်က္ ယူစရာ ဘာအေၾကာင္းမွ မ႐ွိဘူးေလ ..
လာ .. Sae YuNa .. ေက်ာင္းသူတစ္ေယာက္က ဒီေနရာနဲ႔ ဘာဆိုင္လို႔လဲ .. ျမန္ျမန္ထ ... "
" ေနပါဦး ေနပါဦး ... ဘာ ? ေက်ာင္းသူ ? "
ပုခံုးေပၚက လက္ကို ေအာက္ ျဖည္းျဖည္းခ်၊ မ်က္ခံုးတန္းမ်ားအား သူ တစ္ခ်က္ တြန္႔ခ်ိဳး၏။
" ေျပာေတာ့ တကၠသိုလ္ တက္ေနတာဆို ? "
YuNa က သူ႕နံေဘးမွ ထို ေယာက်္ားကို ရီေဝေဝ ေငးလ်က္ ငိုမဲ့မဲ့ ျဖစ္ေနသေယာင္။
" ကိုကို .. အဲ့ဒါ မရည္႐ြယ္ထားဘဲ .. ဒီ.. ဒီအတိုင္း "
စူးခနဲ ေဖာက္ထြင္းလာသည့္ သူ႕ အၾကည့္တစ္ခ်က္က ကြၽန္မ မ်က္ဝန္းထဲ မဆီမဆိုင္ အေျခခ်သည္။
" ၾကည့္ပါဦး .. တကယ့္ကေလးေလးပဲ .. အစ္မကေတာင္ လာေခၚရတယ္လို႔ "
နႈတ္ခမ္းတစ္စံုလံုးအား သေရာ္ျပံဳးေတြက လစ္ဟင္းျခင္းမ႐ွိ ျဖန္းပက္ထားလို႔ မ်က္ဝန္းမ်ားက အက်ည္းတန္စြာ ေလွာင္ရယ္ေနၾကသဖြယ္။
" ဒီလိုမ်ိဳး တစ္ကူးတစ္က လာေခၚမွေတာ့ ဒီအတိုင္း ျပန္မလႊတ္ေပးခ်င္ေတာ့ဘူး "
ေဘးကေန သူ လွမ္းယူလိုက္ေသာ ခပ္ႀကီးႀကီး ဘီယာ သံုးခြက္။
မတ္တပ္ရပ္ေနသည့္ ကြၽန္မ အေ႐ွ႕တည့္တည့္၌ အစီအရီ ခ်၍ ကြၽန္မအား ျပံဳးရိပ္အသမ္းလြန္စြာ တစ္ဖန္ ေငးေမာၾကည့္၏။
" ေသာက္ "
" ..... "
က်ဲခနဲ လြင့္စင္သြားေသာ ေဒါသမ်ားကို မဖမ္းတားလိုက္ႏိုင္ခင္ မႈတ္ထုတ္မိသည့္ ေလပူတစ္ခ်က္။
" မင္း ညီမကို ျပန္ေခၚသြားခ်င္တယ္ဆို ? ေသာက္ေလ "
" WooHyun .. ေဟ့ေကာင္ ... ေသာက္လိုက္ရင္ ဘာျဖစ္မလဲ သူ သိမွာမဟုတ္... "
သူ႕ နံေဘးထိုင္ေနေသာ ေယာက်္ား၏ အသံတစ္ခြန္းတစ္စအား ေပ်ာက္ဆံုးသြားေအာင္ သူက တံေတာင္တစ္ခ်က္ျဖင့္ ဟန္႔တားသည္။
" မင္း ဒါ အကုန္ မေသာက္မခ်င္း မင္းညီမကို လံုးဝ ျပန္မလႊတ္ေပးဘူး "
ကြၽန္မ မ်က္ဝန္းတစ္စံုအတြင္း အကြက္က်က် နားခိုလာလ်က္ သူ ေကာက္က်စ္စြာ ထပ္ ျပံဳး၏။
" ဘာလုပ္ေနတာလဲ ? ျမန္ျမန္ ေသာက္ေလ "
•••••