Arthit'pov
အော်ရလွန်းသဖြင့် အသံတေလဲ နာနေလေပြီ။ ဒီအခြေအနေ ကြီးက ကျွန်တော့ ဘဝအတွက် ရူးလောက်စရာ အခြေအနေကြီးဖြစ်နေလေသည်။ ဒီအခြေအနေကြီးက ဘလို ဖြစ်လာသည်လဲ ဆိုတာကို မသိတော့ပါ။ Gear ပျောက်သွားသောကြောင့် ဖြစ်လာခြင်းလား..??? ကျွန်တော့်ကို ချစ်တဲ့ သူရဲ့ အချစ်ကို နာကျင်စေခဲ့မိလို့လား???
ကျွန်တော် ထိုင်နေရာမှ ထလိုက်ပြီး ဘေးဘီကို လှည့်ကြည့်လိုက်တော့ ညအိပ်မီးတင်သည့်ခုံပေါ်တွင် မျက်မှန်ကို တွေ့လိုက်ရသည်။ မျက်မှန်ကို ယူပြီး တပ်လိုက်သည်။ မျက်မှန်ကို ဝတ်ရသည်မှာ အဆင်မပြေဖြစ်လှသည်။ တော်သေးသည်က ဒီကောင်လေးက အနီးတော့ မြင်ပုံရသည်။ ကျွန်တော် ဒီအရူးလိုပြသနာ ထဲက ရုန်းထွက်နိုင်ဖို့လိုအပ်နေပေသည်။ ကျွန်တော် ပထမဆုံး ဘာကို စလုပ်ရမလဲ????
Kong နဲ့ သူငယ်ချင်းတွေဆီ ပြေးသွားပြီး ကျွန်တော့်အဖြစ်ကို ပြောပြရမည်လား... သို့သော် နောက်ဆုံး ရလဒ်ကို တွေးမိတော့ ခေါင်းကို ခါလိုက်မိသည်။ သူတို့က ကျွန်တော့ကို အရူးဟု သတ်မှတ်ပြီး စိတ္တဆေးရုံသို့ ခေါ်သွားကြလိမ့်မည်။ အဲ့လိုကတော့ မဖြစ်သေး ကျွန်တော် အရူးထောင်တွင် နေဖို့ဆိုတာက အရမ်းငယ်နေသေးသည်။ တခုခုတွေ့လိုတွေ့ငြား ဟိုကြည့်ဒီကြည့် လုပ်ရင်း ခေါင်းအုံးဘေးတွင် ဖုန်းကို တွေ့လိုက်ရသည်။ ဒီကောင်လေးရဲ့ ဖုန်းဖြစ်ပုံရသည်။ ဖုန်းကို ဖွင့်ကြည့်လိုက်တော့ Lock မချထား၍ အလွယ်တကူပင် ဖွင့်၍ ရသွားသည်။
ဖုန်းထဲတွင် Line မှ စာတစောင်ရောက်နေသည်ကို တွေ့လိုက်ရ၍ ဖွင့်ကြည့်လိုက်တော့ P'pha ဟု မှတ်ထားသော သူဆီမှ စာဖြစ်နေသည်။ စာထဲက အကြောင်းအရာက ပို့တဲ့သူက ဒီကောင်လေးကို စိတ်ဆိုးနေပုံ ရသော်လည်း မနက်စာနဲ့ Pink milk ကို ဝယ်ပေးထားသည် ဟူ၍ပင်။ စိတ်ဆိုးနေသော်လည်း ဂရုတစိုက်တော့ရှိနေသေးသည်။
Pink Milk..... အခု အချိန်မှာ အရေးတကြီး လိုအပ်နေတဲ့ အရာပါပဲ... ပြီးတော့ ကျွန်တော့ ရဲ့ အစာအိမ်ကလဲ အချက်ပြနေကြပြီ။ ကျွန်တော် အခန်းတံခါးကို ဖွင့်လိုက်ပြီး တံခါးရှေ့တွင် ချထားသော မနက်စာနှင့် Pink milk ကို ယူပြီး အခန်းထဲသို့ မြန်မြန် ပြန်ဝင်လိုက်သည်။ အခန်းထဲရောက်တော့ pink milk ကို တကျိုက်ထဲ စုပ်ယူလိုက်သည်။ ကျွန်တော့အတွက်တော့ pink milk က ကောင်းကင်ပေါ်သို့ရောက်သွားသည်ဟု ထင်ရလောက်အောင် ကောင်းလွန်းလှသည်။ ကျွန်တော် ဖုန်းကို ဆက် စစ် လိုက်သည်။
ဒီကောင်လေးနှင့် P'pha ဆိုသူက ချစ်သူတွေ ဖြစ်လိမ့်မည်ဟု ပို့ထားသော စာများကို ဖတ်ရင်း ကောက်ချက်ချလိုက်သည်။ Nickname လေးက ကျွန်တော့်ကို ရီမောစေသည်။ ဒီကမ္ဘာမှာ ဘသူကများ အပုလေး ဆိုသော နာမည် ကို မှည့်ကြမည်လဲ..... ကျွန်တော့ အတွေးထဲတွင် တွေးလိုက်ပြီး အခန်းထဲကို ထ၍ လှည့်ပတ်ကြည့်လိုက်မိသည်။ ဒီကောင်လေးက တော်တော် ချမ်းသာသော ကလေးတယောက်ဖြစ်ပုံရသည်။ အခန်းထဲမှ အပြင်အဆင် အသုံးအဆောင် အဝတ်အစား နဲ့ ပိုက်ဆံအိတ်ကို ကြည့်သည်နှင့် ခန့်မှန်း၍ ရနေသည်။
ဟုတ်သားပဲ... ပိုက်ဆံအိတ်... ကျွန်တော် သူ့ရဲ့ ပိုက်ဆံအိတ်ကို ယူပြီး သူ့ရဲ့ မှတ်ပုံတင်နဲ့ ကျောင်းသားကဒ်ကို ကြည့်လိုက်မိသည်။ Wayo.. Wayo Panitchayasawad .... အသက်က... ဒီကလေး ကျွန်တော့်ကို နောက်နေတာ မဟုတ်ဘူးပဲ.... သူ ညက ပြောခဲ့သည့် သူက 2nd Year တက်နေတယ်ဆိုတာက အမှန်ပဲလေ.... Science Faculty, Biology တက်နေသည်။ ပိုက်ဆံအိတ်ထဲမှ Note လေးတခုထွက်လာ၍ ဖတ်ကြည့်လိုက်မိသည်။
To N'yo,
You always have my heart,
From P'Pha.
ဆိုသော စာလေးကိုတွေ့လိုက်ရသည်။ P'pha ဆိုသောသူက ကျွန်တော့ရဲ့ Kong လိုပဲ ချွဲတတ်သည်ပဲ။ ကျွန်တော် ပိုက်ဆံအိတ်ထဲကို စာရွက်လေးပြန်ထည့်လိုက်တော့ အိတ်ထဲမှ တခုခု ပြုတ်ကျလာလေသည်။ ထိုအရာက ကျွန်တော်ပျောက်သွားသော Gear လေးပင်။ မနေ့ကညက အိမ်သာထဲတွင် ဒီကောင်လေး ကောက်ရထားပုံပေါ်သည်။ ကျွန်တော့်လောက်ကံကောင်းတဲ့သူမရှိတော့ပေ။ ကောက်ထားသော N'yo ကိုလဲ ကျေးဇူးတင်မိသည်။ ရှာတွေ့အောင် လုပ်ပေးသော ဘုရားသခင်ကိုလဲ ကျေးဇူးတင်မိသည်။
ထိုအချိန်မှာပဲ Ph ကရုတ်တရက် ထမြည်လေတော့သည်။ Ph Screen မှာ ပြနေသော နာမည်က Ming.... Ming ဆိုတာ ဘသူပါလိမ့်.... ကျွန်တော် ဖုန်းကို ကိုင်လိုက်တော့
"Ai'yo....ငါ မင်းအခန်းကို လာနေပြီ...အဆင်သင့်ပြင်ပြီး Lobby ထဲရောက်နေပြီ..Bye" ဟုပြောကာ ချသွားလေတော့သည်။ ကျွန်တော် ဖုန်းကို ကြည့်ပြီး အသံတိတ်ကျိန်ဆဲလိုက်၇သည်။ Ming ကရော ဘသူလဲ??? ဒီမျက်နှာနဲ့ ဘလို ပြသနာတွေ တွေ့ရအုံးမှာလဲ???? စိတ်ရှုပ်စွာနဲ့ မျက်နှာကို လက်ဝါးနှင့် အုပ်ထားလိုက်မိသည်။
*************************************************************************************
Arthit တယောက် တော့ သနားစရာပဲ စပ်စလူး Ming နဲ့ တွေ့ရတော့မယ်