-ဟာ.....။
စာသင်ခန်းထဲမှာ ထိုင်နေရာမှ သာသာ့ အော်သံကြောင့် ဏီ စာကြည့်ရင်း ခေါင်းမော့ကြည့်လိုက်မိသည်။ ဘာလဲဟု မေးဆတ်ပြလိုက်ချိန် သာသာ့ မျက်နှာမှာ မကောင်းလှပဲ သူမ လက်ထဲမှ ph ကို ယမ်းပြရင်း ခပ်တိုးတိုး လေသံနှင့်...
-ကျောင်းသားရေးရာ...blog ထဲ ဝင်ကြည့်ပြီးပြီလား...။
ဏီ ခေါင်းခါရမ်းရင်း ph ကိုင်ကာ ကျောင်းသားရေးရာ blog ထဲဝင်ကြည့်လိုက်သည်။ အံ့သြမှု့ ကြောင့် မျက်တောင်များကို အမြန်ခတ်မိပြီး သာသာ့ ကို နားမလည်နိုင်စွာ ပြန်ကြည့်မိရင်း သာသာ ကလဲ ဏီ့ ကိုတန်ပြန်ပြန်ကြည့်ကာနေလေသည်။ မုန်း ကတော့ နားကြပ်ထိုးထားကာ စာကြည့်နေသည့်အတွက် သာသာ နှင့် ဏီ ဘာဖြစ်နေလဲ သိပုံမပေါ်ပေ။
အတန်းချိန်ကို class tutor မလာ၍ လစ်လပ်နေကြပြီး အားလုံးက ကိုယ့်အလုပ်နှင့်ကိုယ် ရှိနေကြသည်မို့ တိတ်ဆိတ်ကာ နေလေသည်။
-သာသာ....ဏီ....ပြဿနာ တက်ပြီဟ....။
အတန်း ပြတင်းပေါက် မှနေ ခါခါ အလောတကြီး အော်လိုက်သံကြောင့် သာ ရော ဏီ ပါ နှုတ်ခမ်းထက် လက်ညိုးပိတ်ကာ တားလိုက်ပေမယ့်လဲ မမှီလိုက်ပါ။ အတန်းထဲမှကျောင်းသားများ အားလုံး လှည့်ကြည့်ကြပြီး မုန်း ကလဲ ခေါင်းမော့ လာကာ...
-ခါခါ.. အတန်းချိန်ကို မတက်ဘူးလား...။
-ဟို.....။
ခါခါ ရဲ့ ဘာဖြေရမှန်းမသိသော မျက်နှာကို ကြည့်ရင်း အဖြေရှာနေသော မုန်း ကို သာ ရော ဏီ ပါ ဘာပြောရမယ်မသိ ဖြစ်နေမိသည်။ ပြောရမည် မပြောရမည် စဉ်းစားနေခိုက် ခါခါ မှာ သူမ ph ကို ထိုးပေးလိုက်ပြီး...
-မပြောလဲ နောက်သိရမှာပဲ..ကြည့်ကြည့်...မုန်း...ဘာဖြစ်လဲ ဆိုတာ..။
ခါခါ့ အပြောကို မုန်း နားမလည်စွာ ပေးနေသောph ကိုယူပြီး ကြည့်လိုက်ချိန်မှာ အံ့သြမှု့ ကြောင့် ph ကိုတလှည့် သူငယ်ချင်းများကို တလှည့် နားမလည်နိုင်စွာ ကြည့်နေမိတော့သည်။ မုန်း အကြည့်တွေမှာ မေးခွန်းတွေ ပါနေသည်ကို သာ မနေနိုင်တော့ပဲ...
-ဒါ..ဒါကိုတော့ သာ ...တို့လဲ မသိဘူး...။
-ဟုတ်တယ်... ဏီ... လဲ ခုမှတွေ့တာ...။
-ခါခါ... ရောပဲ ခုတွေ့တွေ့ချင်း တန်းလာတာ...။
သူငယ်ချင်းသုံးယောက်လုံး၏ သူတို့မလုပ်ကြောင်းပြောနေပုံကို မြင်တွေ့ရုံနှင့် အမှန်ပင် သူတို့လက်ချက်မဟုတ်မှန်းတန်းသိပါသည်။ မုန်း...သူငယ်ချင်း များသည် တခြားအရာတွေ တခြားသူတွေကို ဖုံးကွယ်နိုင်ပေမယ့် မုန်း ကတော့ တန်းသိတတ်သူပင်။ ph ကို စားပွဲပေါ် ချရင်း မုန်း ဖြေးညှင်းစွာ ထိုင်ချလိုက်မိသည်..အဘယ်သို့သော အကုသိုလ်မျိုးကြောင့် မုန်း မှာ စိတ်ဆင်းရဲရမှာတွေ နှင့်ပဲ ကြုံတွေ့နေရပါသလဲ..။ နားထင်ကို လက်ထောက်ရင်း သက်ပြင်းပူကြီးကို ရှည်လျားစွာ ချနေမိသည်။ မုန်း..အခုလို ကံဆိုးနေရအောင် ဘာတွေများပြုလုပ်နေမိသလဲ တွေးမရအောင်ပင် ဖြစ်နေမိသည်။
-ဟေသီမုန်း... ကျောင်းသားရေးရာ ကို လာပေးဖို့ မော်ကွန်းထိန်း ခေါ်ခိုင်းလိုက်ပါတယ်...။
မုန်း..သိနေပြီမို့ သက်ပြင်းချရင်းမှ ထလိုက်ကာ သူငယ်ချင်းများကို ပြုံးပြလိုက်ပြီး ခြေလှမ်းမပျက်ထွက်လာခဲ့လိုက်သည်။
-ဒီကိစ္စသာ တခြားနေရာတွေမှာ ပေါက်ကြားရင် ဘယ်လိုဖြစ်မယ်ထင်လဲ ဟေသီမုန်း... ။
မော်ကွန်းထိန်း စကားကို မုန်း ပြန်မဖြေမိပဲ ရှေ့တည့်တည့်ကို ကြည့်ရင်းသာ ငြိမ်နေမိသည်။ ...ဘယ်လိုဖြစ်ရမှာလဲ မုန်း.. လဲ ဘာမှမလုပ်ဘူး..ဘာမှလဲမဖြစ်ဘူး မဟုတ်လား...ဘာကြောင့် ဒီလောက်ထိ ကိစ္စ တွေကြီးကျယ်ကုန်ရတာလဲ မုန်း ကိုယ်တိုင်ပင်မသိ..ထို့အတွက်ဖြေစရာ စကားလဲ မရှိပေ။ မော်ကွန်းထိန်း ထံမှ သက်ပြင်းချသံ ကြားလိုက်ရပြီး..
-မနက်ဖြန် မိဘ ခေါ်လာခဲ့ ..ဖြေရှင်းချက် မပေးလို့မရဘူး ဟေသီ..ကျောင်းကောင်စီက အပြစ် လျော့ပေါ့ဖို့ ဆုတောင်းရမှာပဲ...အဆိုးဆုံး ကိုတော့ ဟေသီ လဲကျောင်းသားရေးရာ ကလူပဲ သိမယ်ထင်ပါတယ်..။
မော်ကွန်းထိန်း စကားကို ခေါင်းညိတ်ပြကာ အသံတိတ်ထွက်လာမိပြီး classသို့ ပြန်လာချိန်မှာပဲ မုန်း ရင်ထဲမှာ အဖြေရှာမရသော အတွေးများနှင့် ခြေထောက်များမှာ လျှောက်လှမ်းနိုင်စွမ်းမရှိတော့ပဲ နေရာမှာသာ ခွေကျသွားရသည်။
မုန်း..လဲကျရာနေရာသို့ အနောက်မှ လိုက်လာခဲ့သည့် သာ ရော ဏီ ပါ အမြန်ပြေးသွားလိုက်ပြီး ချစ်လှစွာသော သူငယ်ချင်းကို လျင်မြန်စွာ ပင် နှစ်ယောက်လုံးဖက်ထားလိုက်မိသည်။ မိမိတို့ ဖက်ထားသည့် နေရာမှာပင် မိမိတို့ ရင်ခွင်ထဲမှာ ရှိုက်ကာရှိုက်ကာ အော်ငိုနေသော မုန်း ကြောင့် သာသာ ပါ မျက်ရည်ကျမိပြီး ဏီ့ မှာတော့ သက်ပြင်းချကာ မုန်း ၏ ကျောပြင်ကို ပုတ်ကာ နှစ်သိမ့်ပေးနေမိသည်။ ဏီ တို့ အရမ်းမှားသွားပြီထင်ပါတယ် သူငယ်ချင်းရယ် ခွင့်လွှတ်ပေးပါကွာ.....။
-----------------------
ဝဏ္ဏစိုးထက်... ခြေလှမ်းများသည် ကျောင်းသားရေးရာ ဘက်သို့ အလျင်အမြန်ဦးတည် လျှောက်လှမ်းနေမိပြီး မယုံကြည်နိုင်စွာ ဖြစ်နေမိသည်။ ကျောင်းသားရေးရာ အခန်းထဲမှ ရီသံတချို့နှင့်အတူ စကားပြောသံများသည် မိမိအတွက် ငရဲခန်းနှင့်ထပ်တူ ကျနေသည်။ မိမိအမှားကြောင့် မိမိကြောင့် ကိုယ့်ကိုကို ခွင့်မလွှတ်နိုင်သည်အထိ နာကျဉ်းနေမိပြီ ဖြစ်သညိ။ အမှားတွေကို ပြန်လှည့်လို့ရလျှင် ယခု ပင် အပြေးဒူးထောက်တောင်းပန်ကာ ပြန်ပြုပြင်လိုက်ချင်တော့သည်။
-မမ.......။
ဝဏ္ဏစိုးထက် ခေါ်သံကြောင့် ကျောင်းသားရေးရာ စီနီယာ တန်းမှ ကောင်မလေး တချို့လှည့်ကြည့်ပြီး အပြံးတချို့နှင့်
မမ ခေါ်ခံရသူမှာ ရီမောကာပင်...
-ငါ့မောင်လေး လာပါ့မလားလို့ အချိန်ကိုက်ပဲ....။
-မမ...ဘာလို့ဒီလိုလုပ်ရတာလဲ...။
-မရည်ရွယ်ပါဘူးလို့ ပြောရင် ညာရာကျမယ်... ပြတ်ပြတ်သားသား ပြောရရင် ငါ့လမ်းကြောင်းမှာ ရှုတ်နေတာကို ရှင်းလိုက်တာပဲ...။
-မမ..လမ်းကြောင်းရှင်းရအောင်..သူက ဘာလုပ်နေလို့လဲ... မမ ဘာလို့ဒီလိုလုပ်ရပ်ကို ကြံစည်ရတာလဲ..။
-ကြံစည်တယ်တဲ့လား..ဟားဟား.. ကိုထက်... ဒါ နင့်ကို ကျေးဇူးတင်ရမှာဟဲ့...နင်သာ သူ့ကိုကြိုက်မနေရင် သူ့နောက်လိုက်မနေရင် ငါတို့က ခုလို အဖိုးတန်ကြီးကို ရှာတွေ့နိုင်ပါ့မလား..။
-မမ....နင်...ရက်စက်လိုက်တာ...။
-ရက်စက်တယ်...အရည်အချင်းရှိတဲ့ ဂျူနီယာက ငါတို့ကိုအနှေးနဲ့ အမြန်ကျော်တက်မှာပဲ.. ငါတို့နဲ့ partner မဖြစ်နိုင်ရင် ရန်သူပဲ ရန်သူကို အင်အားကြီးစေဖို့ စိတ်ကူးမရှိဘူး...ဖြစ်ချင်တော့ သူက အချစ်မှာ နစ်မွန်းသွားတာကိုး...
အေးလေ..သူ့သူငယ်ချင်း နိုင်မဏိ ကို မရနိုင်ခဲ့တော့လဲ ရတာယူရမှာပေါ့..။
-မမ...တောက်...နင်..ဟာ...
-ဝဏ္ဏစိုးထက်... နင် သူ့ကို ဆက်လိုက်နေမယ်ဆို နင့်အမေထိ ငါပြောရလိမ့်မယ်...တခြားယောကျာ်းနဲ့ ညအိပ်ထားတဲ့သူကို ကြိုက်နေပါတယ်လို့ပေါ့..။
မျက်လုံးကို စုံမှိတ်လိုက်ပြီး အစ်မဝမ်းကွဲ ဖြစ်သူကို တောက်ခေါက်ကာ ဝဏ္ဏ ထားခဲ့ပြီး ခြေလှမ်းတို့မှာ ဒေါသကြောင့် မြန်နေမိသည်။ သူငယ်ချင်းတွေ blog ကိုကြည့်ရန်ပြောလို့ ကြည့်မိလိုက်သည်နှင့် မိမိအစ်မဝမ်းကွဲ လက်ချက်မှန်းတန်းသိခဲ့ရပြီး architect major ဘက်သို့အမြန်ဆုံးထွက်လာကာ ဟေသီ့ ကိုရှာပေမယ့်လဲ ကျောင်းသားရေးရာ သွားသည်ဆို၍ လိုက်ခဲ့ကာ လမ်းတဝက်တွင် သူမ၏သူငယ်ချင်းများအား ဖက်၍ ငိုနေသော သူမ၏ ငိုသံသည် ဝဏ္ဏ
နှလုံးသားကို တံစို့ဆူးချွန်နှင့် ထိုးနေသကဲ့သို့ တဆစ်ဆစ်နာကျင်နေရသည်။စိတ်ဓာတ်မာကျောသူ ၊ တဇွတ်ထိုးနိုင်လှသူ သူမအတွက် ထိုးနှက်ချက်တခု... ဒီကိစ္စတရားခံမှာ မိမိသာ ဖြစ်သည်။ ထိုနေ့က သူမ သွားသည့် club သို့ မိမိမလိုက်ခဲ့သင့် ၊ ထို့ပြင် မိမိသာ အရက်မူးမနေခဲ့လျှင် ထိုသို့ဖြစ်လာမည်မဟုတ်။ ကန်တင်းခုံမှာ ထိုင်ရင်း အရှေ့မှ vedio ကိုကြည့်ကာ ဝဏ္ဏ ကိုယ့်နဖူးကို လက်သီးနှင့်ထိုးနေမိသည်။
vedio ထဲမှာ ဟေသီ့ မျက်နှာကိုသာ ထင်ထင်ရှားရှား မြင်နေရပြီး အခန်းတခန်းရှေ့မှာရပ်ကာ အခန်းတွင်းသို့ စကားလှမ်းပြောနေခဲ့ပေမယ့် ထိုအခန်းထဲမှ ထွက်လာပုံပေါက်နေတာသေချာနေသည်။ ခဏသာ ကြာမြင့်၍ သူမထွက်သွားချိန် ထိုအခန်းတွင်းမှပင် အမျိုးသားတစ်ယောက်ထွက်လာကာ သူမကို အတန်ကြာရပ်ကြည့်နေပြီး ကင်မရာဘက်လှည့်လာသော်လဲ ခေါင်းမှဆံပင်ကို ထိုးဖွနေသောကြောင့် မျက်နှာကို သေချာမမြင်ရပဲ ရှိနေသည်။ သေချာသည်က ထိုတောင့်တောင့်ဖြောင့်ဖြောင့်ယောကျာ်းသည် ဟေသီ့ ထက်အသက်ပိုကြီးကာ vedio ကြည့်သူများမသိသော်လဲ ဝဏ္ဏ ကတော့သိသည် ဟိုတခါ ရုပ်ရှင်ရုံမှာ မိမိအား.သူမချစ်သူပါ ဟု ပြောခဲ့သောလူ ဖြစ်နိုင်သည်။ ပို၍သေချာသည်က သူမသူငယ်ချင်းများ သေချာသိပေလိမ့်မည်။ အကယ်၍ ထိုလူလာပြီး ရှင်းပြမည် ဆိုလျှင်တောင် ဟေသီ လို ကျောင်းသားရေးရာ ဂျူနီယာဥက္ကဋ္ဌ တယောက်အနေနှင့် အပြစ်မှ ဘယ်လိုမှမလွတ်နိုင်။ မိမိချစ်သူပါ ဟု ဝန်ခံလျှင် ပြစ်ဒဏ်လျော့နိုင်ပေမယ့် ထိုသို့မဖြစ်ခဲ့လျှင် ကျောင်းနားသည်အထိ ဖြစ်သွားနိုင်လေသည်။ တွေးရင်းပင် စိတ်ညစ်လာရကာ မိမိသူငယ်ချင်းများမှာ မိမိကိုပခုံးပုတ်နှစ်သိမ့်ရုံသာ တက်နိုင်ပြီး မိမိကတော့ မိမိချစ်လှသော မြတ်နိုးလှသော ဟေသီ့ အတွက် ဘာဆိုဘာမှမလုပ်ပေးနိုင်သည်ကို စိတ်မကောင်းဖြစ်နေမိသည်။
အတန်းထဲမှာ ခါခါ ရှိမနေပဲပျောက်နေသည်ကို ဝသန် သတိထားမိပြီး ဘေးမှအတန်းဖော်များကို မေးကြည့်တော့ ဝသန် မသိသေးဘူးလားဆို၍ vedio fileတခုကို ပြသောကြောင့် ဝသန် မျက်လုံးများပြူးသွားရကာ ပြန်မေးယူရသည့်အထိပင် ဖြစ်သည်။
-ဒါ...ဒါ..ကဘယ်လိုဖြစ်တာလဲ...
-ဝသန် ကမသိလို့.. ကျောင်းသားရေးရာ blog ကကြောက်ဖို့အရမ်းကောင်းတာ အဲ့ဒီ့ကို ရောက်ရင် ကျွတ်တာပဲ.။
ဝသန် နားမလည်နိုင်ပါ vedio ထဲမှာ မုန်း ရှိနေပြီး ကိုစေ လဲ ရှိနေသည်။ ဝသန် တို့ club သွားခဲ့သည့်နေ့ဖြစ်ပြီး ခု vedio အရ မုန်း သေချာပေါက် ကို အထင်လွဲခံနေရမှာသေချာသည်။ ဝသန် သေချာမေးမည် စိတ်ကူးရင်း သာသာ တို့ထံလာခိုက် လမ်းတလျှောက်မှာ ပြောနေသည့် သတင်းများကို ကြားနေရပြီး အတန်းထဲမှာ သုံးယောက်လုံးမရှိ။ ကျောင်းသားရေးရာဘက်သို့ လာရင်း မုန်း ကိုဖက်ကာ နှစ်သိမ့်ပေးနေသော မြင်ကွင်းကြောင့်ရှေ့ဆက်မတိုးမိပေမယ့် စိတ်ထဲမှာဝမ်းနည်းကာ ဘာလုပ်ပေးရမည်ပင်မသိ ဖြစ်နေမိသည်။ အတန်းထဲပြန်လာပြီး ခါခါ အလာကိုစောင့်နေပေမယ့် ခါခါ လဲအတော်ကြာမှ ပြန်လာခဲ့ပြီး ဝသန့် ကို ဘာစကားမှမပြောပဲ အတန်းချိန်ပျက်ကာ ပြန်သွားသည်မို့ ဘာရယ်လို့မှ မသိလိုက်ရ...သို့ပေမယ့် အခြေအနေကြီးနေပြီကိုတော့ တခြားကျောင်းသားများ အပြောနဲ့တင် ဝသန် နားလည်နေပါသည်။
မုန်း...ကို အိမ်ပြန်ပို့ပြီး Cafe' မှာ သာသာ နှင့် ဏီ တို့ ခါခါ့ ကိုစောင့်နေမိကြသည်။
-ဒီ vedio ကို တင်တာ ဘယ်သူလဲ မသိဘူး...။
-ကျောင်းသားရေးရာ ကလူ သေချာတယ်.. သူတို့က စီစစ်ရေးတွေ သူတို့စီအရင်ရောက်မှာပဲ...။
ခါခါ စားပွဲနား လာရင်း သာ တို့ပြောနေသည်ကို ကြားကာ သက်ပြင်းချကာ ထိုင်လိုက်ရင်း...
-သေချာပေါက်ကို ကျောင်းသားရေးရာပေါ့ဟာ... ပြီးတော့ ဝဏ္ဏစိုးထက်.... ။
ခါခါ့ အပြောကို နားမလည်သည်နှင့် မျက်မှောင်ကျုံ့ကာ နှစ်ယောက်သားကြည့်နေကြသည်နှင့် ဒီကိုမလာခင် ကျောင်းသားရေးရာ မှာ ကြားခဲ့သော စကားများကို ပြန်လည်ပြောပြလိုက်သည်။
-တောက်..မိုက်ရိုင်းလိုက်တာ.... ငါ..ဒီလို မိန်းမမျိုးနဲ့ စောစော ပြတ်သွားတာ ဘုရားကယ်တာပဲ..။
-ခု ဘယ်လိုလုပ်ကြမလဲ... ။
ဏီ နှင့် သာသာ အပြောကို ခါခါ လဲ ခေါင်းရမ်းပြလေသည်။ ထို့နောက် သာသာ သက်ပြင်းချလိုက်ကာ..
- ကျောင်းနားရတဲ့ အထိမဖြစ်အောင်တော့ ထပ်ကြံရမှာပဲ...။
မုန်း..အတွက် မိမိတို့ ရည်ရွယ်ပြီးလုပ်ခဲ့ပေမယ့် တချို့မရည်ရွယ်သော ကိစ္စတွေအတွက် ပါဝင်ဖြေရှင်းရန် နည်းလမ်းကောင်းကို ရှာဖွေဖို့ တိုင်ပင်ကြရင်း သက်ပြင်းမောများချကာ လမ်းခွဲလိုက်ကြသည်။
---------–------------------
မုန်း... ခေါ်လာ၍ လိုက်လာခဲ့ရသော မုန်း မေမေသည် မော်ကွန်းထိန်းထံမှ နာကျင်စရာစကားလုံးများကို မသိသေးသည့်အတွက် ပြုံးရွှင်စွာပင် ရှိနေသေးသည်။ ခနနေ၍ စကားများကြားပြီးချိန်တွင် မေမေဘယ်လောက်ထိ ရှက်သွားမလဲ ဟု တွေးမိရင်း မုန်း မျက်ရည်များရစ်ဝိုင်းလာရသည်။ မုန်း ကို မေမေ သတ်များသတ်ပစ်မည်လား တွေးမိလိုက်သည်။ အခန်းတွင်းသို့ အတူဝင်ချိန်မှာ အားမလျော့ပစ်ဖို့ သူငယ်ချင်းတွေ၏ လက်ကိုဖိစုပ်ကာအားပေးလိုက်ပေမယ့် မုန်း တုန်ရီစွာ ရှိနေမိသည်။ မုန်း... တွေးထားသလိုပင် မော်ကွန်းထိန်း စကားကို ကြားသည်နှင့် မေမေ တစ်ယောက် မုန်း ကို တုန်လှုပ်စွာ ကြည့်ရင်း....
-ကျွန်မ ဆုံးမသွန်သင်မှု့ နည်းတာပါရှင်...ကျောင်းနားတာ မဟုတ်ပဲ တခြားများ...။
မေမေ ပြောနေချိန်မှာပင် မုန်း တင်းထားသည့်ကြားမှ အသံတိတ်မျက်ရည်ကျနေမိသည်။ မေမေရယ် တောင်းပန်ပါတယ် သမီးမိုက်မိလို့ မေမေ အရှက်ရရတာ မုန်း ကို ခွင့်မလွှတ်ပါနဲ့မေမေ...။ မေမေ့ကို မေမေမကြားအောင်တောင်းပန်မိရင်း မုန်း မျက်ရည်ကျနေမိသည်။မျက်ရည်များကို မြင်သည်ထင်ပါရဲ့ မေမေသည် မုန်း လက်ကို ဆွဲကာ သူမပခုံးထက် မှာမှီခိုင်းရင်း နှစ်သိမ့်ကာ နူးညံ့စွာ ပုတ်ပေးနေလေသေးသည်လေ။
-ခုခေတ်မှာ ဒီလို အခြေအနေတွေကမဆန်းပါဘူးရှင်..မဆန်းလို့လဲ ကျွန်မတို့က စည်းကမ်းထိန်းသိမ်းရေးအနေနဲ့ ရှိနေရတာပါ..ရီးစားထားခွင့် ပိတ်ပင်ထားတာမဟုတ်ပေမယ့် ခု အစ်မသမီးက သူနဲ့ အတူရှိနေခဲ့တဲ့ယောကျာ်းကို မပြောဘူး..ဒါဆိုရင် အပြင်ဘယ်သူရယ်မရှိ အခုလိုကျူးလွန်နေတာမျိုးဖြစ်နေပြီလေ...လူသိရှင်ကြား မဖြစ်ပဲ ခုလိုနေနေကြမှာတွေ ဒုနဲ့ဒေးပါ..ဒါပေမယ့် ဟေသီ ကတော့ ကံဆိုးစွာ မိသွားရတာပေါ့ရှင်..။တခြားကျောင်းသားတွေကို စံပြအနေနဲ့ ဖော်ပြရလို့ ကျွန်မတို့က ဂျူနီယာဥက္ကဋ္ဌထိ ခန့်ထားတော့ ဒီအခြေအနေမှာ စံနမူနာ ထားရမှာပဲ...ကောင်စီကနေ ဒီလိုပဲ အမိန့်ပြန်ကျလာပါတယ် အစ်မရေ ကျွန်မလဲ ဝမ်းနဲမိတယ် တကယ်တော်တဲ့ ကျောင်းသူလေးပါ...။
မော်ကွန်းထိန်း စကားအဆုံးမှာ မေမေတယောက် အရုပ်ကြိုးပျက်သလိုပင် မျက်ရည်မကျသော်လဲ တန်ပြန်စကားမဆို ခေါင်းညိတ်ကာပင် ရှိနေတော့သည်။.. မုန်း..အတွက်တော့ မေမေ့ကို ခွင့်လွှတ်ပါ ပြောနေရုံအပြင် ဘာမှမတက်နိုင်..ထိုလူကို စေတမန် ပါဟု မုန်း.. ဘယ်လိုဖော်ပြရမလဲ...သူ မုန်း ကို တောင်းပန်ပြီး အခြေအနေမေးခဲ့တုန်းက မုန်း ကိုယ်တိုင် ဘာမှမဖြစ်ပါဟု ငြင်းခဲ့တာ အခုမှ ဘယ်လိုပြောရမည်နည်း..မသကာ ဒီလို အစီအစဉ် မုန်း လုပ်သည်ဟုပင် အထင်လွဲသွားနိုင်သည်။
-ကျောင်းနားစရာလဲ မလိုသလို..အားလုံးအထင်လွဲနေတာကို ကျွန်မ ဖြေရှင်းပေးပါ့မယ်..။
ကျောင်းသားရေးရာ အခန်းကို တံခါးဖွင့်ဝင်လာရင်း အောင်မြင်သည့် အသံကြောင့် မော်ကွန်းထိန်း အပါအဝင် မုန်း တို့သားအမိပါ လှည့်ကြည့်မိတော့ တီချယ်ကြီး နှင့် သူမသားလတ်တို့ဖြစ်နေလေသည်။
-ဆွေဆွေ....။
-သမီး...မုန်းလေး...သူငယ်ချင်း.. ပြဿနာ ဖြစ်ထဲက တို့ကို ပြောရမှာ......။
တီချယ်ကြီး ထံမှ အားနာသည့်မျက်နှာမျိုးကို ခံစားလိုက်ရပြီး မော်ကွန်းထိန်းထံ အပြုံးမပျက်ပဲ...
-ဟေသီမုန်း လေးက...ကျွန်မ ချွေးမ ဖြစ်လာမှာပါ...အရင်ထဲက engagement ရှိထားပြီးသားပါ ဒါကြောင့် ကျွန်မတို့လဲ တချို့အရာတွေကို သိပ်သတ္တိမပြုမိကြဘူး..အဲ့ဒီ့နေ့က သမီးလေး သူငယ်ချင်း တွေလဲ ပါကြတယ်ပြောပါတယ်..။
တီချယ်ကြီးမှ ပြောနေရာမှပင် အနောက်မှာ ရပ်နေသော မုန်း သူငယ်ချင်းများကို လှမ်းညွှန်ပြပြီး အနောက်မှာ တန်းစီရပ်နေသော သူငယ်ချင်းများကလဲ လျင်မြန်စွာခေါင်းညိတ်ထောက်ခံကြလေသည်။ ထို့နောက် တီချယ်ကြီးမှပင်..
-အတူရှိနေတာက ယောက်ျားတယောက်ထဲမဟုတ်ပဲ သူငယ်ချင်းတွေအကုန်ရှိနေတာပါတဲ့...ဘယ်လိုကနေဘယ်လို တယောက်ထဲ ထင်စေလဲ မသိပေမယ့် သမီးလေး မဖော်ပြရတာကလဲ သူ့ engageယောကျာ်းလေးက သမီးလေးထက် ကြီးတယ် ၊ စီးပွားရေးသမားဆိုတော့ ဘာကိုမှ အာရုံမနောက်စေချင်လို့နေမှာပါ..မိန်းကလေးတွေက အတွေးများတက်ကြတယ်လေ...မော်ကွန်းထိန်း သိမလားပဲနော် သမီးလေးရဲ့ prospective က ဒီကျောင်းဆင်းပါပဲ စေတမန် ပါရှင့်..။
တီချယ်ကြီးစကားကြောင့် မော်ကွန်းထိန်း မှာ တွေးတွေးဆဆ ရှိနေရာမှ နတ်ဆိုး နာမည်ကြားသည်နှင့်...
-အို...အစထဲက စေတမန် လို့ပြောရင် ရပေမယ့် ဟေသီ ကမပြောတော့ ခုလိုတွေဖြစ်ကုန်တာပါ..ဟုတ်ပီလေ ခုရက်တော့ ခနနားနေပြီး ကျွန်မကောင်စီမှာ ပြန်တင်ပြပါ့မယ်... ခုလိုဆို ပြဿနာ မများဘူးပေါ့..။
-ဟုတ်ကဲ့.. သိပ်မကြာခင် လက်ထပ်ပေးဖို့ ကျွန်မစီစဉ်ပြီးသားဆိုတော့ ဘာကိုမှမစိုးရိမ်ဖို့ ထပ်ပြောပေးပါ....။
တီချယ်ကြီးမှာ ပြောပြီးသည်နှင့် မော်ကွန်းထိန်း ထံမှ အားလုံးကို ပြန်ခေါ်ထုတ်လာပြီး အားလုံးကိုအတန်းတက်စေ၍ မုန်း ကိုတော့ အိမ်ခေါ်သွားကာ အပြုံးများနှင့်ပြန်သွားလေသည်။ သာ လဲ ဘေးနားမှ ဝသန့် ကို ကြည့်မိတော့ မျက်နှာတည်ကြီးနှင့် မိမိကို ပြန်ကြည့်နေသည့်အတွက် မချိပြုံးပြုံးပြမိရင်း ခေါင်းကိုငုံ့သာထားမိသည်။ နောက်ဆုံးကြံရာမရတော့ မိမိတို့သုံးယောက်အကြံထုတ် ကြံစည်ပုံကို ဖွင့်ပြောလိုက်ရပြီး ခုပေါ်သွားရသည့် vedio မှာတော့ မိမိတို့လက်ချက်မဟုတ်ကြောင်း သေချာရှင်းပြရသည်။
ဝသန် ကတော့ စိတ်ဆိုးနေပုံပေါ်ပေမယ့် အကောင်းဆုံးက ကိုစေ လာရှင်းသည်ထက် တီချယ်ဆွေ ကို ပြောပြလိုက်သင့်ကြောင်းအကြံပေးသူဖြစ်လေသည်။ ဝသန် ပြောတာလဲ မှန်သည် နတ်ဆိုး ပြောလာတုန်းက ရပါတယ် ဆိုခဲ့သည့်အတွက် ခုမှသွားပြော၍မကောင်းပဲ တခါထဲ အပိုင်ချုပ်နိုင်ရန်မှာ မိဘတွေအဆင့်ထိတက်ရန်သာ ရှိတော့သည်။ ရိုးရိုးသားသား အကြံလား အပိုင်ချီသည့်အကြံလားမသိပေမယ့် ဝသန့် အကြံကို ဏီ ရော ခါခါ ပါ မိမိနှင့်အတွေးတူနေသည်မို့ ဝသန့် ကိုပင် အပူကပ်ကာ တီချယ်ကြီးထံ ပြောခိုင်းရသည်။
မိမိတို့ထက် ဝသန် ပြောလိုက်လျှင် ချက်ချင်း လိုက်လာမည်မှန်းသိသလို ယခုလက်တွေ့ချက်ချင်းပင် ပြဿနာ ဖြေရှင်းပြီးသွားတော့သည်။ ခုကျန်နေသည်က ဒီလိုအကြံအစည်ကို စထုတ်မိသည့်မိမိကို မိမိချစ်သူမလေး ဝသန် စိတ်ဆိုးပြေအောင်ပြန်ချော့ရမှာ ဖြစ်သည်။ မိမိလိုပင် ခုချိန်မှာ ဏီ လဲ စိတ်ရှုတ်နေလိမ့်မည် ဝသန် သိရုံမက ခုဆို နတ်ဆိုးလဲ သိမည် ထို့ကြောင့် ကိုသော် လဲ သိမည် ထိုအခါ..... ........
~~~~~~~~~~~~~~~~~~~~~~~
😁😁😁😁 စာရေးဆရာ အကြည်တော်လို ကိုယ်မိန်းမ မရမချင်း ကိုယ့်ဇာတ်ကောင်တွေကို
မိန်းမ/ယောက်ျား ပေးစားဖို့ အစီအစဉ် မရှိပေမယ့်လဲပေါ့လေ....
မင်္ဂလာ ရှိသော ညလေးဖြစ်ကြပါစေဗျာ😘😘😘😘😘