Awkward Marriage (2017)

By khwarnyobaekkieaeri

628K 62.8K 3.7K

Another Arrange Marriage.. Son of Park Group and 23 years old playboy Park ChanYeol Son of Byun Group from B... More

Awkward Marriage - 1
Awkward Marriage - 2
Awkward Marriage - 3
Awkward Marriage - 4
Awkward Marriage - 5
Awkward Marriage - 6
Awkward Marriage - 7
Awkward Marriage - 8
Awkward Marriage - 9
Awkward Marriage - 10
Awkward Marriage - 11
Awkward Marriage - 12
Awkward Marriage - 13
Awkward Marriage - 14
Awkward Marriage - 15
Awkward Marriage - 16
Awkward Marriage - 17
Awkward Marriage - 18
Awkward Marriage - 19
Awkward Marriage - 20
Awkward Marriage - 21
Awkward Marriage - 23
Awkward Marriage - 24
Awkward Marriage - 25
Awkward Marriage - 26
Awkward Marriage - 27
Awkward Marriage - 28
Awkward Marriage - 29
Awkward Marriage - 30
Awkward Marriage - 31
Awkward Marriage - 32
Awkward Marriage - 33
Awkward Marriage - 34
Awkward Marriage - 35
Awkward Marriage - 36
Awkward Marriage - 37
Awkward Marriage - 38
Awkward Marriage - 39
Awkward Marriage - 40
Awkward Marriage - 41
Awkward Marriage - 42 [ Final ]
New Fic Ads
Awkward Marriage - Extra
Awkward Marriage Physical Book
Book Orders
No Instock

Awkward Marriage - 22

13.1K 1.6K 168
By khwarnyobaekkieaeri

အပိုင္း(၂၂)

ဒီ​ေန႔ LOEY Fashion ရဲ႕ ႏွစ္ပတ္​လည္​​ေန႔ အခမ္​းအနားပြဲ႐ွိသည္​.. ဒါ​ေၾကာင္​့ပဲ မနက္​အ​ေစာႀကီး Tao ​ေရာက္​လာကာ ChanYeol အတြက္ ​စီစဥ္​စရာ႐ွိသည္​မ်ားကို စီစဥ္​​ေနရသည္​..

Stylist က သက္​သက္​႐ွိ​ေပမဲ့လည္​း ဇီဇာ​ေၾကာင္​လြန္​း​ေသာ သူ႔အစ္ကို​ေၾကာင္​့ ႐ွိသမွ်ကိစၥမွန္​သမွ် Manager နာမည္​ခံ​ေတာက္​တိုမယ္​ရ Huang ZiTao သာ အကုန္​လုပ္​​ေနရသည္​..

ပြဲအခမ္​းအနားက ည​ေနမွစမွာ ျဖစ္​​ေပမဲ့လည္​း ပြဲမွာအဓိကက Idol Park ChanYeol ပါ.. ဒါ​ေၾကာင္​့ LOEY Fashion သို႔ အေစာႀကီးသြားကာ ChanYeol ကိုယ္​တိုင္​းႏွင္​့ ခ်ဳပ္​ထားသည္​့​ ဒီဇိုင္​းအသစ္​အက်ႌမ်ားကို fitting ျဖစ္​မျဖစ္​ သြားဝတ္​ၾကည္​့ရမည္​.. လိုအပ္​သည္​မ်ားကိုျပင္​ရမည္​..

Tao ကသာ စိတ္​​ေတြ​ေလာၿပီး ​ေယာက္​ယက္​ခတ္​​ေနသ​ေလာက္​.. သူ႔အစ္ကိုက​ေတာ့ မနက္​စာကို​ေအး​ေဆးပင္​ ဒူးႏွံ႔ကာစား​ေနသည္​.. Tao ရဲ႕ စိတ္​လက္​တစ္ဆစ္​က ဘယ္​လိုမွမ႐ွည္​ႏိုင္​​ေတာ့ပဲ ..

" hyung ျမန္​ျမန္​စားပါဆို​ဗ်ာ.. ဟိုကိုသြားရဦးမယ္​.. အက်ႌ​ေတြ ဝတ္​ၾကည္​့လို႔ အဆင္​မ​ေျပတာ႐ွိရင္​ ျပင္​ရဦးမယ္​​ေလ​ဗ်ာ.. တစ္ဖက္​က လူ​ေတြကိုလည္​းအားနာပါဦး.. "

​ေရခဲ​ေသတၱာထဲမွ ​ေရတ​စ္​​ဗူးကိုဆြဲယူကာ ​ေမာ​ေမာႏွင္​့​ေမာ့လိုက္​သည္​.. BaekHyunee က သူ႔အတြက္​ပါ မနက္​စာျပင္​​ေပးထား​ေပမဲ့ Tao မစားအား​ေသး​ေပ.. အလိုက္​မသိသူ လက္​လန္​ အစ္ကိုျဖစ္​သူအား အ​ေနာက္​မွ ဖင္​တြန္​း​ေနရသည္​..

" ​ေအးပါကြာ.. မင္​းကလည္​း ငါဒီမွာစား​ေနပါတယ္​.. အာ.. ဒါနဲ႔ BaekHyun.. ၿပီးရင္ ​မင္​းပါငါနဲ႔အတူ လိုက္​ခဲ့ရမွာ​ေနာ္​ "

" ဟင္​???"

အလန္​႔တၾကားျဖစ္​သြားသူ ​ေယာက္​ဖ​ေလးအား သူၾကည္​့ကာ ရယ္​မိသည္​.. အျပင္​​ေတြမ​ေခၚဖူး.. ပြဲ​ေတြအတူတူမတက္​ဖူး​ေလ​ေတာ့ စိတ္​လႈပ္​႐ွားသြား​ေလသလား..

​ေတာ္​​ေတာ္​႐ိုးတဲ့ သူ႔​ေယာက္​ဖ​ေလးပါ..

" ဟုတ္​သားပဲ.. BaekHyunee လည္​းလိုက္​ခဲ့​ေလ.. "

သူပါဝင္​​ေရာက္​ ​ေထာက္​ခံ​ေပးလိုက္​သည္​..

" ဒါ..ဒါ​ေပမဲ့.. ဟို.. "

" ​ေအာ္​... ဘာျဖစ္​လဲ? ကိုယ္​့​ေယာက်္​ားနဲ႔တူတူလာတာပဲ.. အရင္ကနဲ႔ မတူ​ေတာ့ဘူး​ေလ.. အခုက BaekHyunee ကို တစ္တိုင္​းျပည္လံုးက သိ​ေနၿပီ.. Park ChanYeol ရဲ႕​ေယာက်္​ား Park BaekHyun ဆိုၿပီး hyung နဲ႔အတူတူ ပြဲတက္​ရမွာ​ေပါ့.. မဟုတ္​ဘူးလား?"

သူ႔အစ္ကိုကိုပါ စစ္​ကူ​ေခၚသလို​ေျပာလိုက္​​ေတာ့ ChanYeol က​ေခါင္​းညိတ္​ကာ လက္​မ​ေထာင္​ျပသည္​..

" That's right!!"

" ဟို.. ဒါမဲ့.. ပြဲကည​ေနမွမလား? အဲ့ဒါ.. အ..အ​ေစာႀကီးလိုက္​ရမွာလား?"

" အင္​.. ဟုတ္​တယ္​​ေနာ္​.. အခုကတည္​းက လိုက္​မယ္​ဆို တစ္ေနကုန္​ႀကီးျဖစ္​သြားမွာ.. BaekHyunee ပင္​ပန္​း​ေနမယ္​ ထင္တယ္​ "

Tao စကား​ေၾကာင္​့ အနည္​းငယ္ ​စိတ္​သက္​သာရာရသလို သက္ျပင္​း​ေလးခ်လိုက္​သည္​့ BaekHyun ..

" အင္​း..အင္​း..ဟုတ္​တယ္​ အာ့​ေျပာတာ ..ဟင္​းဟင္​း "

သူနဲ႔အတူတူလိုက္​ဖို႔ကို အင္​တင္​တင္​ျဖစ္​​ေနသည္​့ BaekHyun အား ၾကည္​့ကာ ChanYeol သိပ္​မ​ေက်နပ္​သလို ျဖစ္​လာသည္​..

" မရပါဘူး.. မင္​းအခုကတည္​းက ငါနဲ႔လိုက္​ခဲ့ရမွာ.. ဟို​ေရာက္​ရင္​ငါ့အနားမွာ​ေနၿပီး ဘာလိုအပ္​လဲၾကည္​့​ေပးရမွာ.. အဲ့​ေတာ့ အခုကတည္​းက လိုက္​ရမယ္​.. ဒါပဲ "

တစ္ခ်က္​လႊတ္​အမိန္​႔လိုလို ရာဇသံ​ေပးလိုက္​ၿပီး သူက​ေတာ့​ေသာက္​လက္​စ​ေကာ္​ဖီကို ဆက္​​ေသာက္​​ေနလိုက္​သည္​..

" ဟိုမွာလည္​း ၾကည္​့​ေပးမယ္​့လူ​ေတြ ႐ွိတာပဲမလား.. ကၽြန္ေတာ္​က အဲ့ဒါ​ေတြမွ နားမလည္​တာ.. ခင္​မ်ားဘယ္​နားမွာ လိုအပ္​​ေနသလဲ.. ဘာ​ေတြပို​ေနသလဲဆိုတာ ကၽြန္ေတာ္​ကဘယ္​လိုလုပ္​​ေျပာတတ္​မွာလဲ.. ကၽြန္ေတာ္​ကလိုက္​လာၿပီး အလကားလူပိုျဖစ္​​ေနမွာပဲ .. အဲ့လိုႀကီး ထိုင္​မ​ေစာင္​့ခ်င္​ပါဘူး .. ပ်င္​းတယ္​ "

BaekHyun ဘာ​ေၾကာင္​့ အဲ့​ေလာက္​အသည္​းအသန္​ျငင္​းၿပီး မလိုက္​ခ်င္​ျဖစ္​​ေနရသလဲ သူမသိ​ေပမဲ့ .. သူ႔စိတ္​ထဲမွာျဖစ္​​ေစခ်င္​သည္​က BaekHyun ကို သူနဲ႔အတူတူ​ေခၚသြားၿပီး သူ႔မွာ ဘာလိုအပ္​သလဲဆိုတာ ​ေဝဖန္​​ေပး​ေစခ်င္​သည္​.. အၾကံ​ေပး​ေစခ်င္​သည္​..

အခုလို BaekHyun ျငင္​း​ေနသည္​မွာ ၾကာလာ​ေတာ့ သူစိတ္မေကာင္​း ျဖစ္​လာသည္​.. သူ႔မွာလည္​း ဒီ​ေနာက္​ပိုင္​း BaekHyun ​ေၾကာင္​့ စိတ္​မ​ေကာင္​း ခဏခဏျဖစ္​​ေနရသည္​.. BaekHyun က သူ႔ကိုအဖတ္​မလုပ္​ရင္​ကိုပဲ စိတ္​ကမ​ေကာင္​းျဖစ္​လာၿပီး ငိုခ်င္​လာသလို..

မျဖစ္​​ေတာ့​ေပ.. စိတ္​က်န္​းမာ​ေရးဆရာဝန္​နဲ႔​ ေဆြး​ေႏြးၾကည္​့ရင္​​ေကာင္​းမလား.. ဒီလိုခဏခဏ ဝမ္​းနည္​းတတ္​လာတဲ့ပံုစံအရ.. စိတ္​အထိခိုက္​မခံႏိုင္​ရ​ေအာင္​လည္​း သူကကိုယ္​ဝန္​​ေဆာင္​သည္​မဟုတ္​.. ဟူး.. ​ေမာလိုက္​တာ..

" ငါက မင္​းကိုပဲ ၾကည္​့​ေစခ်င္​တာ​ေလ.. မင္​းၾကည္​့ၿပီး လိုအပ္​တာ​ေျပာတာကိုပဲ ၾကားခ်င္​တာ​ေလ.. မင္​းကလည္​း.. မင္​းပဲ​ေျပာတာ​ေလ.. ငါကမင္​း​ေယာက်္​ားမို႔ ဘာႀကိဳက္​လဲအကုန္​သိတယ္​ဆို? အဲ့ဒါဆိုမင္​း​ေယာက်္​ားငါနဲ႔ ဘယ္​ဟာလိုက္​တယ္ ​မလိုက္​ဘူး ဆိုတာလည္​း မင္​းသိရမွာမဟုတ္​ဘူးလား?"

​ေကာ္​ဖီခြက္​ကိုခ်ကာ ​ေခါင္​းငံု႔ထားရင္​း​ေျပာလိုက္​သည္​.. ကိုယ့္အေၾကာင္​း ကိုယ္​သိတာမို႔ အ႐ွက္​ကြဲ​ေစမယ္​့ မ်က္​ရည္​​ေတြမက်​ေအာင္​ BaekHyun ကိုမၾကည္​့တာျဖစ္​သည္​..

Aishh.. ဘာလို႔စိတ္​ကလာႏု​ေနရတာလဲ.. အရင္​က ဒီလိုမဟုတ္​ပါဘူး.. မျဖစ္​ဘူး ဒီ​ေန႔ပြဲၿပီးတာနဲ႔ စိတ္​က်န္​းမာ​ေရးဆရာဝန္​ဆီ ဘိုကင္​လွမ္​းခ်ိတ္​မွပါ..

" အဟြတ္​ အဟြတ္​ အဟြတ္​.. အ..mi.. mianhae.. ကၽြန္ေတာ္​ျပန္​သုတ္​​ေပးမယ္​​ေနာ္​ "

လူကဝမ္​းနည္​းပါတယ္​ဆိုမွ အလိုက္​ကန္​းဆိုးမသိ ထေဖာက္ျပီး ​ေခ်ာင္းဆိုးသည္​့ Tao.. တစ္ခါထဲ​ေကာ္​ဖီသီးၿပီး အသက္​ထြက္​သြားရမွာ!

BaekHyun ကိုၾကည္​့မိ​ေတာ့ BaekHyun မ်က္​ႏွာက ဒီ​ေန႔မွ ပန္းေရာင္​ျဖစ္​​ေနသလို..

သူ​ေသခ်ာၾကည္​့ရင္​း ထပ္​​ေမးလိုက္​သည္​..

" BaekHyun.. လိုက္​မွာလား? မလိုက္​ဘူးလား? "

" ဟို.."

" ကဲ... လိုက္​ခဲ့ပါ​ဗ်ာ.. ဒီပံုစံနဲ႔သာဆို BaekHyunee မလိုက္​ရင္​ သူလည္​းသြားမွာ မဟုတ္​​ေလာက္​ဘူး .. ​ေနာ္​.. လိုက္​ခဲ့ပါ.. ဟိုေရာက္​လည္​း BaekHyunee ပ်င္​းရင္​စားဖို႔ မုန္​႔အကုန္​ဝယ္​​ေပးပါ့မယ္​.. မဟုတ္​ရင္ ​ကၽြန္ေတာ္​​ေခါင္​းႀကိမ္​းလိမ္​့မယ္​.. ကယ္ပါဗ်ာ "

Tissue ႏွင္​့ ​ေကာ္​ဖီ​ေတြက်သြားသည္​့​ ေနရာကိုသုတ္​ရင္​း Tao ကပါ သူ႔ဘက္​ကိုစစ္​ကူလာသည္​..

ဒီလိုက်​ေတာ့လည္​း ခ်စ္​ဖို႔​ေကာင္​းသြားျပန္​​ေရာ..

" ဟင္​း.... လိုက္​ခဲ့မယ္​​ဗ်ာ.. လိုက္​ခဲ့မယ္​.. ဘယ္​တတ္​ႏိုင္​မွာလဲ? လိုက္​ရံုပဲ႐ွိ​ေတာ့တာ​ေပါ့ "

ဆူ​ေအာင္​့​ေအာင္​့​ေလး ​ေျပာသြား​ေပမဲ့လည္​း သူ​ေက်နပ္​သည္​.. BaekHyun သူနဲ႔အတူ လိုက္​လာ​ေတာ့မည္​.. အ​ေတြးနဲ႔အတူ ျပံဳးေနတုန္​း မတ္​တပ္​ထရပ္​သည္​့ BaekHyun..

" ဘယ္​လဲ?"

" ဟာ.. အက်ႌသြားလဲမလို႔​ေလ​ဗ်ာ.. ဘာလဲ က်ဳပ္​ကဒီအက်ႌ အေဟာင္​းနဲ႔ လိုက္​ခဲ့ရမွာလား?"

" မလဲလည္​းရတာပဲကို.. မင္​းကိုဘယ္​သူၾကည္​့မွာမို႔လို႔လဲ? အခ်ိန္​မ႐ွိဘူး မလဲနဲ႔​ေတာ့ "

BaekHyun ဝတ္​ထားသည္​ကလည္​း မ​ေဟာင္​းပါ.. branded ​ေတြပဲဝတ္​သည္​့ BaekHyun ရဲ႕အက်ႌဟာ ​ေဟာင္​းလည္​းၾကည္​့​ေကာင္​းသည္​.. ဘာကိစၥ အလုပ္​႐ႈပ္​ခံၿပီး လဲ​ေနမွာလဲ?

ဟုတ္​တယ္​​ေလ.. BaekHyun အက်ႌတစ္ခါလဲရင္​ ဘယ္​​ေလာက္​အခ်ိန္​ကုန္​ၿပီး အလုပ္​႐ႈပ္​လိုက္​မလဲဆိုတာ တစ္ခါတစ္ခါ သူစဥ္းစားၾကည္​့မိသည္​..

" ဘာ​ဗ်!! မရဘူး! မလဲရဘူးဆို မလိုက္​ဘူး!"

ခံုမွာ​ေဆာင္​့ကာ ျပန္​ထိုင္​ခ်လိုက္​ရင္​း သူ႔ကိုဂ်ိဳၾကည္​့ ၾကည့္လာသည္​..

" မင္​းကလည္​း.. သြား သြား.. ျမန္​ျမန္​လဲ​ေနာ္​ .. အရမ္​းႀကီး ႐ႊိဳင္းမေနနဲ႔​ေနာ္​ .. မင္​းကိုဘယ္​သူမွမၾကည္​့ဘူး "

အင္​တင္​တင္​ႏွင္​့ သြားခိုင္​းလိုက္​ရသည္​.. အင္​း.. အခ်ိန္​​ေတြ​ေတာ့ ၾကာ​ေတာ့မွာပဲ..

BaekHyun က သူ႔အား *ဟြန္​႔* လုပ္​သြားကာ အ​ေပၚတက္​သြားသည္​..

" အဟမ္​း အဟမ္​း.. ငါ့အစ္ကိုလည္​း မထင္​ရဘူး​ေနာ္​ "

မုန္​းစရာ​ေကာင္​းတဲ့ လူမိုက္​​ေခါင္​း​ေဆာင္​အသံနဲ႔ ဇာတ္​လမ္​း စလာသူ Tao .. သူမ်က္​လံုး​ေစြ ၾကည္​့လိုက္​ကာ ဘာလဲဟု အသံတိတ္​​ေမးလိုက္​သည္​..

" hyung ရယ္​.. ဟိုမွာလည္​း stylist ​ေတြ႐ွိပါတယ္​.. hyung ရဲ႕ stylist ​ေတြထက္​​ေတာင္ ​ပို​ေတာ္​ဦးမယ္​.. အဲ့ဒါကို ဘာကိစၥ BaekHyunee ကို အပင္​ပန္​းခံခိုင္​းမွာလဲ? သူ႔ဘာသာသူ အိမ္​မွာ​ေအး​ေအး​ေဆး​ေဆး နားပါ​ေစလား.. ည​ေနက်မွ ပြဲကို​ေခၚသြား လည္​းရတာပဲကို .. "

Tao ​ေျပာမွ သူ​ေသခ်ာစဥ္​းစားမိသည္​.. အဲ့လိုလုပ္​လိုက္​တာ BaekHyun ကိုႏွိပ္​စက္​သလို ျဖစ္​သြားၿပီလား.. ဒါ​ေပမဲ့လည္​း သူ႔စိတ္​က BaekHyun ကို သူ႔အနားမွာ႐ွိ​ေန​ေစခ်င္​သည္​​ေလ.. ညက်မွ​ေခၚရင္​လည္​းရ​ေပမဲ့ သူက ပြဲမွာအက်ႌဒ​ီဇိုင္​း​ေတြနဲ႔​ ေလွ်ာက္​ျပရမွာျဖစ္​သည္​့အတြက္​ BaekHyun နဲ႔အတူ ႐ွိႏိုင္​မွာ မဟုတ္​..

" ည​ေနက်ရင္ ​ငါကအလုပ္​႐ႈပ္​​ေနမွာ​ေလ.. ဘယ္​လိုလုပ္ ​သူ႔ကို ငါ့အနား​ေခၚထားလို႔ရမွာလဲ? "

အလိုမက်စြာျပန္​​ေျဖရင္​း ခုနက Tao ​ေသာက္​ထားသည္​့​ ေရ​ဗူးကို ဖြင္​့ကာ ​ေမာ့လိုက္​သည္​..

" hyung.. BaekHyunee ကိုခ်စ္​​ေနၿပီလား?"

* ဖူးးး ...*

" အဟြတ္​ အဟြတ္​ အဟြတ္​ "

" အာ... hyung!!!!"

Tao စကား​ေၾကာင္​့ ​ေသာက္​လက္​စ​ေရပင္​ အျပင္​ပန္​းထြက္​ကုန္​သည္​.. အျပင္​ထြက္​ရမလား ​ဗိုက္​ထဲပဲဝင္​ရမလား ကို႔လို႔ကန္​႔လန္႔ ျဖစ္​ကာ လည္​​ေခ်ာင္​းထဲ​ေရာက္​​ေနသည္​့​ ေရမ်ားက သီးကုန္​ကာ​ေခ်ာင္​းဆိုး​ေတာ့သည္​..

သူ႔အနားကပ္​ကာ စပ္​စုခ်င္​​ေနသည္​့ Tao ခမ်ာ​ေတာ့ မ်က္​ႏွာတြင္​​ေရ​ေတြရႊဲကုန္​သည္​.. Tao မ်က္​ႏွာစိုကုန္​တာကို သူအာရံုမရ.. Tao ​ေျပာလိုက္​သည္​့​ေမးခြန္​းကိုသာ စိတ္​​ေရာက္​​ေနသည္​..

သူက BaekHyun ကိုခ်စ္​​ေနတယ္​?? Tao ဘာ​ေၾကာင္​့ဒီလို​ေမးတာလဲ?? သူ႔ပံုက BaekHyun ကိုခ်စ္​​ေနတဲ့ပံု​ ေပၚ​ေနလို႔ လား??

မျဖစ္​ႏိုင္​တာ.. အရင္​ကလို အတင္​းအၾကပ္​မျငင္​းခ်င္​​ေပမဲ့ မျဖစ္​ႏိုင္​ဘူးဟုထင္​သည္​..

" မင္​းက ဘာလို႔အဲ့လိုလာ​ေမးတာလဲ?"

သူ​ေရ​ေတြသုတ္​ရင္​း ​ေမး​ေတာ့ Tao ကလည္​း ​ေဘစင္​တြင္ ​မ်က္ႏွာသြားသစ္​ၿပီး ျပန္​လာထိုင္​ရင္​း ​ေျဖသည္​..

" hyung ပံုက အဲ့လိုျဖစ္​​ေနတာကိုး.. ဘာလဲ .. ဟုတ္​​ေနတာ လား?"

" မျဖစ္​ႏိုင္​ပါဘူး.."

" ဘာကိုလဲ?"

" ငါ BaekHyun ကို ခ်စ္​​ေနတာ မျဖစ္​ႏိုင္​ဘူးလို႔​ေျပာတာ "

" ဟင္​း.. hyung စကားကလည္​း ထင္​​ေၾကးႀကီးပဲ.. ကိုယ္​ဘယ္လိုခံစား​ေနရတယ္ ​ဆိုတာ​ေတာင္​ ​ေသခ်ာမသိ​ေသးဘူးလား? ကၽြန္ေတာ္​​ေမး​ေပါင္​းလည္​းမ်ားၿပီ.. ဒီအခ်ိန္​​ေလာက္​ဆိုရင္​​ေတာ့ hyung ျပတ္​ျပတ္​သားသား သိသင္​့ၿပီထင္​တယ္​ .. BaekHyunee သူမ်ား​ေနာက္ပါသြားရင္​ ဘယ္​လိုလုပ္​မလဲ??"

သူမ်ား​ေနာက္​ပါသြားရင္​?? ပါစရာလား!!

" ဘာကိစၥ သူမ်ား​ေနာက္​ကို ပါသြားရမွာလဲ!! သူက ငါ့ေယာက်္ားပဲဟာ .. ဒါကို အခုဆိုလူတိုင္​းသိ​ေနၿပီ.."

ဟုတ္​တယ္​ .. BaekHyun က ဘာ​ေၾကာင္​့သူမ်ား​ေနာက္​ပါရမွာလဲ.. သူ႔ရဲ႕ တရားဝင္​​ေယာက်္​ားဆိုတာ အမ်ားသိ​ေၾကျငာၿပီးသား..

" ကိုယ္​့ကိုမခ်စ္​တဲ့ လူတစ္​ေယာက္​ကို​ေတာ့ ဘယ္​သူကမွ စိတ္ဆင္​းရဲခံၿပီးမ​ေပါင္​းဘူး hyung.. ဒီလူထက္ ​ပိုခ်စ္​ႏိုင္​တဲ့ ပိုဂ႐ုစိုက္​​ေပးတဲ့ ပို​ေႏြး​ေထြးတဲ့ သူဆီကိုပဲသြားၾကမွာ.. hyung တို႔က မိဘ​ေပးစားလို႔ ယူတာဆို​ေတာ့ ဒီလိုကိစၥက ပို​ေတာင္​ျဖစ္​ႏိုင္​​ေသး.. ဒီ​ေနရာမွာ လက္​ထပ္​စာခ်ဳပ္​​ေတြ ပိုင္​ဆိုင္​မႈ​ေတြဆိုတာ အက်ံဳးမဝင္​ဘူး hyung.. BaekHyunee က​ေရာ.. hyung အေပၚခ်စ္​​ေနတယ္​လို႔ ထင္​ရလား?"

ထင္​ရလား?? ဒါလည္​း သူသတိထားၿပီး မၾကည္​့မိတဲ့အတြက္​ သူမသိ​ေပ.. သို႔​ေပမဲ့ BaekHyun သူ႔အ​ေပၚတာဝန္​​ေက်သည္​.. အ​ေျပာအဆို ဘုကလန္​႔စြာ​ေတး​ေပမယ္​့ သူ႔အ​ေပၚ​ေႏြး​ေထြးသည္​ဆိုတာ​ေတာ့ သူခံစားလို႔ရသည္​.. သူ႔ကို BaekHyun ခ်စ္​လား မခ်စ္​လား​ေတာ့... သူမသိ​ေပ..

" ငါ.. ငါမသိဘူး ...* sigh *... "

​ေလးပင္​စြာ သက္​ျပင္​းခ်လိုက္​ရင္​း ​ေခါင္​းပါငံု႔ခ်လိုက္​​ေတာ့သည္​..

Tao ​ေျပာသလို BaekHyun က သူ႔ကိုထားသြားမွာလား?? ဒါကို​ေၾကာက္​လို႔ပဲ BaekHyun ကို သူ႔ရဲ႕တရားဝင္​​ေယာက်္​ားပါလို႔ ​ေၾကာ္ျ​ငာထားတယ္​​ေလ.. အခုထပ္​ၿပီး ဘာ​ေၾကာင္​့လဲ??

BaekHyun သူ႔ကိုထားသြားမွာစိုးလို႔ပဲ သူ BaekHyun နဲ႔ ရင္​းႏွီးမႈ ယူခဲ့သည္​.. အဲ့လို BaekHyun နဲ႔အတူ ႐ွိ​ေနရခ်ိန္​​ေတြမွာ သူ​ေပ်ာ္​သည္​.. ၾကည္​ႏူးသည္​.. တစ္ခါတစ္ခါဆို ရင္​ထဲ​ေႏြးသြားတတ္​သည္​.. ဒါ​ေတြကို အခ်စ္​လို႔​ ေခါင္​းစဥ္​တပ္​လို႔ရပါ့မလား..

MV ​ေတြ.. web series ​ေတြမွာ အခ်စ္​အ​ေၾကာင္​း သ႐ုပ္​​ေဆာင္​ဖူးတဲ့ သ႐ုပ္​​ေဆာင္​တစ္​ေယာက္​ဟာ ဒါ​ေလး​ေတာင္​မသိဘူးလား ... ဒါလားသ႐ုပ္​​ေဆာင္​.. ဆု​ေတြ​ေတာ့ရဦးမယ္ ​အမ်ားႀကီးဆိုၿပီး.. BaekHyun အျပစ္​တင္​တာခံရဦးမည္​.. ရည္းစား​ေတြ မိႈလို​ေပါက္​​ေအာင္​ထားဖူး​ေပမဲ့ သူတကယ္​ခ်စ္​ခဲ့တာ မဟုတ္​သည္​့အတြက္​ အခ်စ္​က ဘယ္လိုမ်ိဳးလဲ​ဆိုတာသူမသိ​ေပ..

BaekHyun က​ေရာ သူ႔ကိုခ်စ္​ပါ့မလား? သိပ္​ခ်စ္​ရသည္​့ အခ်စ္​ဦး ႐ွိသည္ကလြဲၿပီး သူက်န္​တာ မသိရတာမို႔.. BaekHyun အခ်စ္​ဆံုးက အစားအ​ေသာက္​​ေတြပဲလို႔ သူအျမင္​ကပ္​ကပ္​ႏွင္​့​ေတြးဖူးသည္​.. ဒါ​ေပမဲ့ သူ႔ကိုခ်စ္​ရဲ႕လားဆိုတာ​ေတာ့ မ​ေတြးဖူး​ေပ..

" ၿပီးၿပီ.. သြားမယ္​ "

သူစဥ္​းစား​ေနခ်ိန္​မွာပဲ BaekHyun အက်ႌလဲၿပီး ဆင္​းလာ​ေလၿပီ.. ႐ွပ္​အနီကြက္ ​အပြႀကီးဝတ္​ထားသည္​့ BaekHyun ဟာ အက်ႌနီနီမွာ အသားျဖဴျဖဴ မ်က္​လံုး​ေမွး​ေမွး​ေလး​ေတြႏွင္​့ ​ေတာ္ေတာ္​ခ်စ္​ဖို႔​ေကာင္​း​ေနသည္​.. ဒါ​ေတာင္​မ်က္​ႏွာ​ေလးပဲ​ေပၚ​ေနျခင္​း..

မ်က္​ႏွာ​ေလး​ေတာင္ ​ဒီ​ေလာက္​ခ်စ္​စရာ​ေကာင္​း​ေနလွ်င္​.. နဂိုပံုစံ​ေသး​ေသးပုပု​ေလးက ဘယ္​​ေလာက္​ခ်စ္​ဖို႔​ေကာင္​းလိုက္​မလဲ.. သူ႔ေ႐ွ႕မို႔သာ ဝတုတ္​ပံုလုပ္​ထားသည္​့ BaekHyun.. သူ႔ကြယ္ရာမွာ အ႐ွိအတိုင္​း ခ်စ္​စရာ​ေကာင္​းပံုမ်ိဳးနဲ႔ ေနထိုင္​ခဲ့လွ်င္??

​ေတြးရင္​းစိတ္​ထဲစိုးရိမ္​သလို.. စိတ္​ပူသလို.. ခံစားလိုက္​ရသည္​.. BaekHyun သူမ်ား​ေနာက္​ပါသြားရင္​ ဘယ္​လိုလုပ္​မလဲဆိုသည္​့​ေမးခြန္​းက သူ႔​ေခါင္​းထဲမွာ အျပည္​့​ေနရာယူသြားၿပီ..

=======~~~~~~======

LOEY Fashion သို႔​ေရာက္​​ေသာ္​.. ကုမၸဏီ​ေအာက္​က showroom ​ေ႐ွ႕တြင္ ​ကြတကြတႏွင္​့ ဟိုၾကည္​့ဒီၾကည္​့ ဂနာမၿငိမ္​ျဖစ္​​ေန​ေသာ BaekHyun ၏​ ေမြးစားအစ္ကို​ေခၚ Byun YiFan ကို​ေတြ႔လိုက္​ရသည္​.. တစ္​ေယာက္​​ေယာက္​ကို ​ေမွ်ာ္​​ေနတာပဲျဖစ္​မည္​..

ကား​ေပၚက ဆင္​းဆင္​းခ်င္​းပဲ BaekHyun တစ္​ေယာက္​​ေျပးသြားလိုက္​တာ..

" Hyungggg~~"

အႏွစ္​ႏွစ္​အလလက ကြဲကြာ​ေန​ေသာအစ္ကိုကို ျပန္​​ေတြ႔ရသည္​့ အတိုင္​း.. ChanYeol အလိုမက်စြာ မ်က္​​ေမွာင္​ကုတ္​ထားလိုက္​မိသည္​.. BaekHyun ကိုယံု​ေပမဲ့ စပ္​ျဖဲျဖဲမ်က္​ႏွာႏွင္​့​ ေခ်ာလြန္​း​ေန​ေသာ ထို Byun YiFan ကိုမယံု​ေပ..

" Aigoo.. Wuri BaekBaek ​ေလးပါ လိုက္​လာတယ္​?? အ​ေတာ္​ပဲကြာ hyung လည္​း က​ေလး​ေလးကိုအရမ္​းလြမ္​း​ေနတာ.. လာ.. အထဲသြားရ​ေအာင္​.. ​ေအာ္​.. Park ChanYeol ssi.. Tao ssi.. လာၾက​ေနာ္​.. အထဲမွာ အကုန္​အဆင္​သင္​့ပဲ "

BaekHyun ကိုဖက္​ၿပီး အ​ေ႐ွ႕က​ေန ဝင္​သြားတာ ပိုင္​စိုးပိုင္​နင္​းနဲ႔ က​ေလး​ေလးဆိုတာက ပါ​ေသးသည္​.. BaekHyun ဆိုသည္​မွာလည္​း ​ေခၚတုန္​းက​ေတာ့ မလိုက္​ခ်င္​ဘူး​ေလးဘာ​ေလးနဲ႔ အခုေတာ့ သူတို႔ကို​ေတာင္အဖတ္​မလုပ္​ ​ေ႐ွ႕က​ေန ​ေကာ့​ေကာ့​ေကာ့​ေကာ့နဲ႔ ဝင္​သြားသည္​..

" hyung.. နည္​းနည္​းပါးပါးလည္​းထိန္​းဦး.. မ်က္​လံုး​ေတြ ျပဳတ္ထြက္​ကုန္​ဦးမယ္​ .. ဟားဟား "

သူ႔ညီ Tao ဆိုသည္​မွာလည္​း သူ႔ကိုပဲ ​ေျပာဖို႔အျမဲ​ေခ်ာင္​း​ေနသလား မွတ္​ရသည္​.. သူဂ်ိဳၾကည္​့ၾကည္​့လိုက္​ကာ..

" ဘာကြ!!"

" blah blah .. ေဂ်​ေတြဝင္​​ေနတာ ျမင္​မ​ေကာင္​းဘူး ဟားဟား.. အင္​း.. ၾကည္​့လုပ္​​ေနာ္​.. hyung ​ေျပာသလိုပဲ သူတို႔ကအရင္​း မဟုတ္​ဘူးဆို​ေတာ့....အင္​း....မဆိုးဘူးလိုက္​ပါတယ္​.. ဟိုတစ္ေယာက္​ကလည္​း BaekHyunee ကိုအရမ္​းခ်စ္​တာပဲ .. hyung နဲ႔မ်ားကြာပါ့!!"

စိုးရိမ္​စိတ္​ႀကီး​ေနသည္​့သူကို ပိုစိုးရိမ္​​ေအာင္​​ ေဘးက​ေန​ေဆးထိုး​ေနသည္​့ Tao..

" ဘာလိုက္​တာလဲ!! ဘာမွမလိုက္​ဘူး!! မင္​းပါးစပ္​ကိုပိတ္​ထားလိုက္​​ေတာ့! ငါဆြဲထိုးမိ​ေတာ့မယ္​ "

စိတ္​တိုတိုႏွင္​့ Tao ကို​ ေနာက္​မွာခ်န္​ခဲ့ကာ ​ေ႐ွ႕ကသြား​ေန​ေသာ BaekHyun ကိုမွီ​ေအာင္​​ ေျခလွမ္​းက်ဲႀကီးမ်ားျဖင္​့ လွမ္​းကာ သြားလိုက္​​ေတာ့သည္​..

အ​ေနာက္​က Tao ဆီမွ ရယ္​သံ​ေတြၾကားလိုက္​ရ​ေသးသည္​.. လူကို​ေလွာင္​​ေနတာ..

​ေမတၱာတံုး​ေကာင္​ အစုတ္​ပလုတ္​ Tao..

~~~~~~~~

အက်ႌ​ေတြ ဝတ္​ၾကည္​့ရသည္​့ အခ်ိန္​မွာ​ေတာ့ ခုနကတို​ေနသည္​့ စိတ္​​ေတြ ၾကက္​​ေပ်ာက္​ငွက္​​ေပ်ာက္​ပင္​.. သူ႔အတြက္​စီစဥ္​​ေပး ထားသည္​့ ဝတ္​စံုမ်ားဟာလည္​း Theme အလိုက္​အမ်ိဳးမ်ိဳးပင္​.. လက္​ရာ​ေတြက​ေတာ့ သူ႔စိတ္​ႀကိဳက္​ဒီဇိုင္​နာမို႔ ​ေျပာစရာမလို..

ဝတ္​စံု​ေတြ ​ေရာက္​လာသည္​ႏွင္​့ တစ္​စံုၿပီးတစ္​စံု ဝတ္​ၾကည္​့ရသည္​.. ခံုမွာထိုင္​ရင္​း မုန္​႔စား​ေနသည္​့ BaekHyun ကို အနားမ​ေနခိုင္​းပဲ သူ႔အနား​ေခၚကာ လိုအပ္​သည္​ကို ၾကည္​့ခိုင္​းပစ္​သည္​..

အစက​ေတာ့အင္​တင္​တင္​ႏွင္​့ .. အင္​း.. ဟိုနား​ေလးျပင္​လိုက္​.. ဒီဟာကပြ​ေနတယ္​ထင္​တယ္​ .. စသျဖင္​့​ေျပာ​ေပမယ္​့.. နည္​းနည္​း ၾကာလာ​ေတာ့.. ဝတ္​ရမယ္​့အစံုကို BaekHyun ကိုယ္​တိုင္​​ေရြးသည္​.. ကိုယ္​တိုင္​ဝတ္​​ေပး​ေတာ့သည္​.. ဘယ္​နားမွာလို​ေနသလဲ.. ဘယ္​နားမွာဘာျဖစ္​​ေနတယ္​.. ျပန္​ျပင္​လိုက္​.. စသျဖင္​့ ဝန္​ထမ္​း​ေတြကို အမိန္​႔​ေပး​ေနသည္​မွာ ဆိုင္​ရဲ႕တာဝန္​႐ွိ လူႀကီးတစ္​ေယာက္​လိုပင္​.. သူ႔မွာ မ်က္​​ေတာင္​မခတ္​တမ္​း လိုက္​ၾကည္​့​ေနရသည္​..

Stylist မ်ားနဲ႔ဆိုင္​ရဲ႕ဝန္​ထမ္​းမ်ားဟာလည္​း BaekHyun ​ေျပာသမွ်ကို ပုတ္​သင္​ညိဳ​ေခါင္​းညိတ္​သကဲ့သို႔ တဆတ္​ဆတ္​ညိတ္​ကာ ပ်ာပ်ာသလဲျဖစ္​​ေနၾကသည္​.. ထိုအခ်က္​ကို သူသတိထားမိပါသည္​.. Byun YiFan က​ေတာ့ သူတို႔အနားတြင္​မ႐ွိပါ.. ခန္​းမထဲစီစဥ္​မႈကို သြား​ေရာက္​စစ္​​ေဆး​ေနသည္​တဲ့.. BaekHyun ကို YiFan ၏ညီမွန္​းသိလို႔ ထိုဝန္​ထမ္​း​ေတြ ​ေၾကာက္​ၾကသည္​ပဲ​ေနမွာဟု သူ​ေတြးလိုက္​သည္​..

" BaekHyun ah "

သူ႔အက်ႌကို ၾကယ္​သီးတပ္​​ေပး​ေနသည္​့ BaekHyun အား​ေခၚလိုက္​​ေတာ့ ​ေမာ့မၾကည္​့ပဲျပန္​ထူးသည္​..

" humm?"

" ည​ေနပြဲက်ရင္​လည္​း မင္​းပဲငါ့ကိုအက်ႌဝတ္​​ေပး​ေနာ္​ "

" ဟမ္​??"

အလန္​႔တၾကား ​ေမာ့ၾကည္​့လာသည္​.. သူမသိခ်င္​​ေယာင္​​ေဆာင္​ကာ ..

" ဟုတ္​တယ္​​ေလ.. အခုအက်ႌ​ေတြကို မင္​းကိုယ္​တိုင္​ဝတ္​​ေပးသလို ညပြဲက်ရင္​လည္​း မင္​းပဲလုပ္​​ေပးလို႔​ေျပာတာ "

" ဟာ.. ခင္​မ်ားကလည္​း.. ခင္​မ်ားမွာလက္​မပါဘူးလား? ကိုယ့္ဘာသာဝတ္​.. ကၽြန္ေတာ္​မအားဘူး "

" မအားဘူး?? မအားရ​ေအာင္​ မင္​းကဘာလုပ္​မွာမို႔လို႔လဲ? "

" ဟမ္​.. ဟို..ဟို.. "

" မရဘူးကြာ.. မင္​းပဲဝတ္​​ေပးရမွာ "

" ခင္​မ်ားဘယ္​လိုျဖစ္​​ေနတာလဲ? ဒီမွာလူ​ေတြလည္​း အမ်ားႀကီး မ႐ွက္​ဘူးလား? "

" ဘာလို႔႐ွက္​ရမွာလဲ? ကိုယ္​့​ေယာက်္​ား ကိုယ္​ခိုင္​းတာပဲဟာ.. လုပ္​ပါကြာ.. ဒီက stylist ​ေတြက တျခား model ​ေတြကို ျပင္​​ေပး ရဦးမွာ​ေလ.. ၿပီး​ေတာ့ ငါက​ေဂ်းမ်ားတယ္​.. လူတိုင္​းကို အထိခံတာမဟုတ္​ဘူး.. ငါ့စိတ္​ထဲသ​ေဘာက်တဲ့သူမွ.. ​ေနာ္​လို႔ "

" ~~ လူတိုင္​းအထိမခံလို႔ပဲ ရည္​းစား​ေတြ မိႈလို​ေပါက္​​ေအာင္​ထားခဲ့တာ​ေနမွာ ~~"

သူ႔ကိုမၾကားတၾကားနဲ႔ လွမ္​းကာစ​ေသာ Tao ​ေၾကာင္​့ အလန္႔တၾကား BaekHyun ကိုၾကည္​့လိုက္​မိသည္​.. BaekHyun ကလည္​း သူ႔ကိုႏွာ​ေခါင္​း႐ွံဳ႕ကာ ၾကည္​့​ေနသည္​..

အစုတ္​ပလုတ္​​ေကာင္​ Tao!!

" Yah! Huang ZiTao!!!!"

" oops!! ကၽြန္ေတာ္​ဘာလုပ္​လို႔လဲ?? "

" ကဲ ​ေတာ္​စမ္​းပါ.. မႀကီးမငယ္​နဲ႔ ခင္​မ်ားမ႐ွက္​ဘူးလား?? ဝတ္ေပးမယ္​ ရၿပီလား?? ခင္​မ်ားသာ ဒီပြဲမွာအဆင္​​ေျပ​ေျပနဲ႔​ ေကာင္​း​ေအာင္​ႀကိဳးစား​ေပး.. ကၽြန္ေတာ္​ကိုယ္​တိုင္ ​ခင္​မ်ားကို အက်ႌဝတ္​​ေပးမယ္​.. ဟုတ္​ၿပီလား? လက္​မပါ႐ွာဘူး "

​ေျပာစမ္​းပါ​ေစ.. ဘယ္​​ေလာက္​ပဲ ရစရာမ႐ွိ​ေအာင္​​ေျပာ​ေျပာ.. သူလိုခ်င္​တာရဖို႔ဆို အ​ေျပာခံရလည္​းမမႈပါ.. သူ႔အသားပဲ့ပါသြားတာမွ မဟုတ္​ပဲ​ေလ.. လိုခ်င္​တာမရမွသာ စိတ္က်န္​းမာ​ေရးဆရာဝန္​ဆီ သြား​ေတြ႔​ေနရမွာ ..

~~~~~~~~~~~~~~~~

Soon ^_<
ည​ေနပြဲမွာဘယ္​လိုျဖစ္​လာမလဲဆိုတာခန္​႔မွန္​းၾကည္​့​ေနာ္​.. လူတိုင္​း​ေမွ်ာ္​​ေနတဲ့သူ ​ေပၚလာႏိုင္​မလားဆိုတာ.. 😉😉
အာသာတာဝန္​​ေက်​ေနတယ္​​ေနာ္​ 😁😁
သိပ္​မၾကာ​ေသးဘူး ဒိတ္​​ေပးတယ္​​ေနာ္​ 😁😁
အာ့​ေတာ့ ၾကယ္​​ေလး​ေတြ ကြန္​းမန္​႔​ေလး​ေတြ ​ေဖာ​ေဖာသီသီ​ေပးၾကပါလို႔ 😁😁😁😁😘😘😘😘

Unicode

အပိုင်း(၂၂)

ဒီနေ့ LOEY Fashion ရဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားပွဲရှိသည်.. ဒါကြောင့်ပဲ မနက်အစောကြီး Tao ရောက်လာကာ ChanYeol အတွက် စီစဉ်စရာရှိသည်များကို စီစဉ်နေရသည်..

Stylist က သက်သက်ရှိပေမဲ့လည်း ဇီဇာကြောင်လွန်းသော သူ့အစ်ကိုကြောင့် ရှိသမျှကိစ္စမှန်သမျှ Manager နာမည်ခံတောက်တိုမယ်ရ Huang ZiTao သာ အကုန်လုပ်နေရသည်..

ပွဲအခမ်းအနားက ညနေမှစမှာ ဖြစ်ပေမဲ့လည်း ပွဲမှာအဓိကက Idol Park ChanYeol ပါ.. ဒါကြောင့် LOEY Fashion သို့ အစောကြီးသွားကာ ChanYeol ကိုယ်တိုင်းနှင့် ချုပ်ထားသည့် ဒီဇိုင်းအသစ်အင်္ကျီများကို fitting ဖြစ်မဖြစ် သွားဝတ်ကြည့်ရမည်.. လိုအပ်သည်များကိုပြင်ရမည်..

Tao ကသာ စိတ်တွေလောပြီး ယောက်ယက်ခတ်နေသလောက်.. သူ့အစ်ကိုကတော့ မနက်စာကိုအေးဆေးပင် ဒူးနှံ့ကာစားနေသည်.. Tao ရဲ့ စိတ်လက်တစ်ဆစ်က ဘယ်လိုမှမရှည်နိုင်တော့ပဲ ..

" hyung မြန်မြန်စားပါဆိုဗျာ.. ဟိုကိုသွားရဦးမယ်.. အင်္ကျီတွေ ဝတ်ကြည့်လို့ အဆင်မပြေတာရှိရင် ပြင်ရဦးမယ်လေဗျာ.. တစ်ဖက်က လူတွေကိုလည်းအားနာပါဦး.. "

ရေခဲသေတ္တာထဲမှ ရေတစ်ဗူးကိုဆွဲယူကာ မောမောနှင့်မော့လိုက်သည်.. BaekHyunee က သူ့အတွက်ပါ မနက်စာပြင်ပေးထားပေမဲ့ Tao မစားအားသေးပေ.. အလိုက်မသိသူ လက်လန် အစ်ကိုဖြစ်သူအား အနောက်မှ ဖင်တွန်းနေရသည်..

" အေးပါကွာ.. မင်းကလည်း ငါဒီမှာစားနေပါတယ်.. အာ.. ဒါနဲ့ BaekHyun.. ပြီးရင် မင်းပါငါနဲ့အတူ လိုက်ခဲ့ရမှာနော် "

" ဟင်???"

အလန့်တကြားဖြစ်သွားသူ ယောက်ဖလေးအား သူကြည့်ကာ ရယ်မိသည်.. အပြင်တွေမခေါ်ဖူး.. ပွဲတွေအတူတူမတက်ဖူးလေတော့ စိတ်လှုပ်ရှားသွားလေသလား..

တော်တော်ရိုးတဲ့ သူ့ယောက်ဖလေးပါ..

" ဟုတ်သားပဲ.. BaekHyunee လည်းလိုက်ခဲ့လေ.. "

သူပါဝင်ရောက် ထောက်ခံပေးလိုက်သည်..

" ဒါ..ဒါပေမဲ့.. ဟို.. "

" အော်... ဘာဖြစ်လဲ? ကိုယ့်ယောကျ်ားနဲ့တူတူလာတာပဲ.. အရင်ကနဲ့ မတူတော့ဘူးလေ.. အခုက BaekHyunee ကို တစ်တိုင်းပြည်လုံးက သိနေပြီ.. Park ChanYeol ရဲ့ယောကျ်ား Park BaekHyun ဆိုပြီး hyung နဲ့အတူတူ ပွဲတက်ရမှာပေါ့.. မဟုတ်ဘူးလား?"

သူ့အစ်ကိုကိုပါ စစ်ကူခေါ်သလိုပြောလိုက်တော့ ChanYeol ကခေါင်းညိတ်ကာ လက်မထောင်ပြသည်..

" That's right!!"

" ဟို.. ဒါမဲ့.. ပွဲကညနေမှမလား? အဲ့ဒါ.. အ..အစောကြီးလိုက်ရမှာလား?"

" အင်.. ဟုတ်တယ်နော်.. အခုကတည်းက လိုက်မယ်ဆို တစ်နေကုန်ကြီးဖြစ်သွားမှာ.. BaekHyunee ပင်ပန်းနေမယ် ထင်တယ် "

Tao စကားကြောင့် အနည်းငယ် စိတ်သက်သာရာရသလို သက်ပြင်းလေးချလိုက်သည့် BaekHyun ..

" အင်း..အင်း..ဟုတ်တယ် အာ့ပြောတာ ..ဟင်းဟင်း "

သူနဲ့အတူတူလိုက်ဖို့ကို အင်တင်တင်ဖြစ်နေသည့် BaekHyun အား ကြည့်ကာ ChanYeol သိပ်မကျေနပ်သလို ဖြစ်လာသည်..

" မရပါဘူး.. မင်းအခုကတည်းက ငါနဲ့လိုက်ခဲ့ရမှာ.. ဟိုရောက်ရင်ငါ့အနားမှာနေပြီး ဘာလိုအပ်လဲကြည့်ပေးရမှာ.. အဲ့တော့ အခုကတည်းက လိုက်ရမယ်.. ဒါပဲ "

တစ်ချက်လွှတ်အမိန့်လိုလို ရာဇသံပေးလိုက်ပြီး သူကတော့သောက်လက်စကော်ဖီကို ဆက်သောက်နေလိုက်သည်..

" ဟိုမှာလည်း ကြည့်ပေးမယ့်လူတွေ ရှိတာပဲမလား.. ကျွန်တော်က အဲ့ဒါတွေမှ နားမလည်တာ.. ခင်များဘယ်နားမှာ လိုအပ်နေသလဲ.. ဘာတွေပိုနေသလဲဆိုတာ ကျွန်တော်ကဘယ်လိုလုပ်ပြောတတ်မှာလဲ.. ကျွန်တော်ကလိုက်လာပြီး အလကားလူပိုဖြစ်နေမှာပဲ .. အဲ့လိုကြီး ထိုင်မစောင့်ချင်ပါဘူး .. ပျင်းတယ် "

BaekHyun ဘာကြောင့် အဲ့လောက်အသည်းအသန်ငြင်းပြီး မလိုက်ချင်ဖြစ်နေရသလဲ သူမသိပေမဲ့ .. သူ့စိတ်ထဲမှာဖြစ်စေချင်သည်က BaekHyun ကို သူနဲ့အတူတူခေါ်သွားပြီး သူ့မှာ ဘာလိုအပ်သလဲဆိုတာ ဝေဖန်ပေးစေချင်သည်.. အကြံပေးစေချင်သည်..

အခုလို BaekHyun ငြင်းနေသည်မှာ ကြာလာတော့ သူစိတ်မကောင်း ဖြစ်လာသည်.. သူ့မှာလည်း ဒီနောက်ပိုင်း BaekHyun ကြောင့် စိတ်မကောင်း ခဏခဏဖြစ်နေရသည်.. BaekHyun က သူ့ကိုအဖတ်မလုပ်ရင်ကိုပဲ စိတ်ကမကောင်းဖြစ်လာပြီး ငိုချင်လာသလို..

မဖြစ်တော့ပေ.. စိတ်ကျန်းမာရေးဆရာဝန်နဲ့ ဆွေးနွေးကြည့်ရင်ကောင်းမလား.. ဒီလိုခဏခဏ ဝမ်းနည်းတတ်လာတဲ့ပုံစံအရ.. စိတ်အထိခိုက်မခံနိုင်ရအောင်လည်း သူကကိုယ်ဝန်ဆောင်သည်မဟုတ်.. ဟူး.. မောလိုက်တာ..

" ငါက မင်းကိုပဲ ကြည့်စေချင်တာလေ.. မင်းကြည့်ပြီး လိုအပ်တာပြောတာကိုပဲ ကြားချင်တာလေ.. မင်းကလည်း.. မင်းပဲပြောတာလေ.. ငါကမင်းယောကျ်ားမို့ ဘာကြိုက်လဲအကုန်သိတယ်ဆို? အဲ့ဒါဆိုမင်းယောကျ်ားငါနဲ့ ဘယ်ဟာလိုက်တယ် မလိုက်ဘူး ဆိုတာလည်း မင်းသိရမှာမဟုတ်ဘူးလား?"

ကော်ဖီခွက်ကိုချကာ ခေါင်းငုံ့ထားရင်းပြောလိုက်သည်.. ကိုယ့်အကြောင်း ကိုယ်သိတာမို့ အရှက်ကွဲစေမယ့် မျက်ရည်တွေမကျအောင် BaekHyun ကိုမကြည့်တာဖြစ်သည်..

Aishh.. ဘာလို့စိတ်ကလာနုနေရတာလဲ.. အရင်က ဒီလိုမဟုတ်ပါဘူး.. မဖြစ်ဘူး ဒီနေ့ပွဲပြီးတာနဲ့ စိတ်ကျန်းမာရေးဆရာဝန်ဆီ ဘိုကင်လှမ်းချိတ်မှပါ..

" အဟွတ် အဟွတ် အဟွတ်.. အ..mi.. mianhae.. ကျွန်တော်ပြန်သုတ်ပေးမယ်နော် "

လူကဝမ်းနည်းပါတယ်ဆိုမှ အလိုက်ကန်းဆိုးမသိ ထဖောက်ပြီး ချောင်းဆိုးသည့် Tao.. တစ်ခါထဲကော်ဖီသီးပြီး အသက်ထွက်သွားရမှာ!

BaekHyun ကိုကြည့်မိတော့ BaekHyun မျက်နှာက ဒီနေ့မှ ပန်းရောင်ဖြစ်နေသလို..

သူသေချာကြည့်ရင်း ထပ်မေးလိုက်သည်..

" BaekHyun.. လိုက်မှာလား? မလိုက်ဘူးလား? "

" ဟို.."

" ကဲ... လိုက်ခဲ့ပါဗျာ.. ဒီပုံစံနဲ့သာဆို BaekHyunee မလိုက်ရင် သူလည်းသွားမှာ မဟုတ်လောက်ဘူး .. နော်.. လိုက်ခဲ့ပါ.. ဟိုရောက်လည်း BaekHyunee ပျင်းရင်စားဖို့ မုန့်အကုန်ဝယ်ပေးပါ့မယ်.. မဟုတ်ရင် ကျွန်တော်ခေါင်းကြိမ်းလိမ့်မယ်.. ကယ်ပါဗျာ "

Tissue နှင့် ကော်ဖီတွေကျသွားသည့် နေရာကိုသုတ်ရင်း Tao ကပါ သူ့ဘက်ကိုစစ်ကူလာသည်..

ဒီလိုကျတော့လည်း ချစ်ဖို့ကောင်းသွားပြန်ရော..

" ဟင်း.... လိုက်ခဲ့မယ်ဗျာ.. လိုက်ခဲ့မယ်.. ဘယ်တတ်နိုင်မှာလဲ? လိုက်ရုံပဲရှိတော့တာပေါ့ "

ဆူအောင့်အောင့်လေး ပြောသွားပေမဲ့လည်း သူကျေနပ်သည်.. BaekHyun သူနဲ့အတူ လိုက်လာတော့မည်.. အတွေးနဲ့အတူ ပြုံးနေတုန်း မတ်တပ်ထရပ်သည့် BaekHyun..

" ဘယ်လဲ?"

" ဟာ.. အင်္ကျီသွားလဲမလို့လေဗျာ.. ဘာလဲ ကျုပ်ကဒီအင်္ကျီ အဟောင်းနဲ့ လိုက်ခဲ့ရမှာလား?"

" မလဲလည်းရတာပဲကို.. မင်းကိုဘယ်သူကြည့်မှာမို့လို့လဲ? အချိန်မရှိဘူး မလဲနဲ့တော့ "

BaekHyun ဝတ်ထားသည်ကလည်း မဟောင်းပါ.. branded တွေပဲဝတ်သည့် BaekHyun ရဲ့အင်္ကျီဟာ ဟောင်းလည်းကြည့်ကောင်းသည်.. ဘာကိစ္စ အလုပ်ရှုပ်ခံပြီး လဲနေမှာလဲ?

ဟုတ်တယ်လေ.. BaekHyun အင်္ကျီတစ်ခါလဲရင် ဘယ်လောက်အချိန်ကုန်ပြီး အလုပ်ရှုပ်လိုက်မလဲဆိုတာ တစ်ခါတစ်ခါ သူစဉ်းစားကြည့်မိသည်..

" ဘာဗျ!! မရဘူး! မလဲရဘူးဆို မလိုက်ဘူး!"

ခုံမှာဆောင့်ကာ ပြန်ထိုင်ချလိုက်ရင်း သူ့ကိုဂျိုကြည့် ကြည့်လာသည်..

" မင်းကလည်း.. သွား သွား.. မြန်မြန်လဲနော် .. အရမ်းကြီး ရွှိုင်းမနေနဲ့နော် .. မင်းကိုဘယ်သူမှမကြည့်ဘူး "

အင်တင်တင်နှင့် သွားခိုင်းလိုက်ရသည်.. အင်း.. အချိန်တွေတော့ ကြာတော့မှာပဲ..

BaekHyun က သူ့အား *ဟွန့်* လုပ်သွားကာ အပေါ်တက်သွားသည်..

" အဟမ်း အဟမ်း.. ငါ့အစ်ကိုလည်း မထင်ရဘူးနော် "

မုန်းစရာကောင်းတဲ့ လူမိုက်ခေါင်းဆောင်အသံနဲ့ ဇာတ်လမ်း စလာသူ Tao .. သူမျက်လုံးစွေ ကြည့်လိုက်ကာ ဘာလဲဟု အသံတိတ်မေးလိုက်သည်..

" hyung ရယ်.. ဟိုမှာလည်း stylist တွေရှိပါတယ်.. hyung ရဲ့ stylist တွေထက်တောင် ပိုတော်ဦးမယ်.. အဲ့ဒါကို ဘာကိစ္စ BaekHyunee ကို အပင်ပန်းခံခိုင်းမှာလဲ? သူ့ဘာသာသူ အိမ်မှာအေးအေးဆေးဆေး နားပါစေလား.. ညနေကျမှ ပွဲကိုခေါ်သွား လည်းရတာပဲကို .. "

Tao ပြောမှ သူသေချာစဉ်းစားမိသည်.. အဲ့လိုလုပ်လိုက်တာ BaekHyun ကိုနှိပ်စက်သလို ဖြစ်သွားပြီလား.. ဒါပေမဲ့လည်း သူ့စိတ်က BaekHyun ကို သူ့အနားမှာရှိနေစေချင်သည်လေ.. ညကျမှခေါ်ရင်လည်းရပေမဲ့ သူက ပွဲမှာအင်္ကျီဒီဇိုင်းတွေနဲ့ လျှောက်ပြရမှာဖြစ်သည့်အတွက် BaekHyun နဲ့အတူ ရှိနိုင်မှာ မဟုတ်..

" ညနေကျရင် ငါကအလုပ်ရှုပ်နေမှာလေ.. ဘယ်လိုလုပ် သူ့ကို ငါ့အနားခေါ်ထားလို့ရမှာလဲ? "

အလိုမကျစွာပြန်ဖြေရင်း ခုနက Tao သောက်ထားသည့် ရေဗူးကို ဖွင့်ကာ မော့လိုက်သည်..

" hyung.. BaekHyunee ကိုချစ်နေပြီလား?"

* ဖူးးး ...*

" အဟွတ် အဟွတ် အဟွတ် "

" အာ... hyung!!!!"

Tao စကားကြောင့် သောက်လက်စရေပင် အပြင်ပန်းထွက်ကုန်သည်.. အပြင်ထွက်ရမလား ဗိုက်ထဲပဲဝင်ရမလား ကို့လို့ကန့်လန့် ဖြစ်ကာ လည်ချောင်းထဲရောက်နေသည့် ရေများက သီးကုန်ကာချောင်းဆိုးတော့သည်..

သူ့အနားကပ်ကာ စပ်စုချင်နေသည့် Tao ခမျာတော့ မျက်နှာတွင်ရေတွေရွှဲကုန်သည်.. Tao မျက်နှာစိုကုန်တာကို သူအာရုံမရ.. Tao ပြောလိုက်သည့်မေးခွန်းကိုသာ စိတ်ရောက်နေသည်..

သူက BaekHyun ကိုချစ်နေတယ်?? Tao ဘာကြောင့်ဒီလိုမေးတာလဲ?? သူ့ပုံက BaekHyun ကိုချစ်နေတဲ့ပုံ ပေါ်နေလို့ လား??

မဖြစ်နိုင်တာ.. အရင်ကလို အတင်းအကြပ်မငြင်းချင်ပေမဲ့ မဖြစ်နိုင်ဘူးဟုထင်သည်..

" မင်းက ဘာလို့အဲ့လိုလာမေးတာလဲ?"

သူရေတွေသုတ်ရင်း မေးတော့ Tao ကလည်း ဘေစင်တွင် မျက်နှာသွားသစ်ပြီး ပြန်လာထိုင်ရင်း ဖြေသည်..

" hyung ပုံက အဲ့လိုဖြစ်နေတာကိုး.. ဘာလဲ .. ဟုတ်နေတာ လား?"

" မဖြစ်နိုင်ပါဘူး.."

" ဘာကိုလဲ?"

" ငါ BaekHyun ကို ချစ်နေတာ မဖြစ်နိုင်ဘူးလို့ပြောတာ "

" ဟင်း.. hyung စကားကလည်း ထင်ကြေးကြီးပဲ.. ကိုယ်ဘယ်လိုခံစားနေရတယ် ဆိုတာတောင် သေချာမသိသေးဘူးလား? ကျွန်တော်မေးပေါင်းလည်းများပြီ.. ဒီအချိန်လောက်ဆိုရင်တော့ hyung ပြတ်ပြတ်သားသား သိသင့်ပြီထင်တယ် .. BaekHyunee သူများနောက်ပါသွားရင် ဘယ်လိုလုပ်မလဲ??"

သူများနောက်ပါသွားရင်?? ပါစရာလား!!

" ဘာကိစ္စ သူများနောက်ကို ပါသွားရမှာလဲ!! သူက ငါ့ယောကျ်ားပဲဟာ .. ဒါကို အခုဆိုလူတိုင်းသိနေပြီ.."

ဟုတ်တယ် .. BaekHyun က ဘာကြောင့်သူများနောက်ပါရမှာလဲ.. သူ့ရဲ့ တရားဝင်ယောကျ်ားဆိုတာ အများသိကြေငြာပြီးသား..

" ကိုယ့်ကိုမချစ်တဲ့ လူတစ်ယောက်ကိုတော့ ဘယ်သူကမှ စိတ်ဆင်းရဲခံပြီးမပေါင်းဘူး hyung.. ဒီလူထက် ပိုချစ်နိုင်တဲ့ ပိုဂရုစိုက်ပေးတဲ့ ပိုနွေးထွေးတဲ့ သူဆီကိုပဲသွားကြမှာ.. hyung တို့က မိဘပေးစားလို့ ယူတာဆိုတော့ ဒီလိုကိစ္စက ပိုတောင်ဖြစ်နိုင်သေး.. ဒီနေရာမှာ လက်ထပ်စာချုပ်တွေ ပိုင်ဆိုင်မှုတွေဆိုတာ အကျုံးမဝင်ဘူး hyung.. BaekHyunee ကရော.. hyung အပေါ်ချစ်နေတယ်လို့ ထင်ရလား?"

ထင်ရလား?? ဒါလည်း သူသတိထားပြီး မကြည့်မိတဲ့အတွက် သူမသိပေ.. သို့ပေမဲ့ BaekHyun သူ့အပေါ်တာဝန်ကျေသည်.. အပြောအဆို ဘုကလန့်စွာတေးပေမယ့် သူ့အပေါ်နွေးထွေးသည်ဆိုတာတော့ သူခံစားလို့ရသည်.. သူ့ကို BaekHyun ချစ်လား မချစ်လားတော့... သူမသိပေ..

" ငါ.. ငါမသိဘူး ...* sigh *... "

လေးပင်စွာ သက်ပြင်းချလိုက်ရင်း ခေါင်းပါငုံ့ချလိုက်တော့သည်..

Tao ပြောသလို BaekHyun က သူ့ကိုထားသွားမှာလား?? ဒါကိုကြောက်လို့ပဲ BaekHyun ကို သူ့ရဲ့တရားဝင်ယောကျ်ားပါလို့ ကြော်ငြာထားတယ်လေ.. အခုထပ်ပြီး ဘာကြောင့်လဲ??

BaekHyun သူ့ကိုထားသွားမှာစိုးလို့ပဲ သူ BaekHyun နဲ့ ရင်းနှီးမှု ယူခဲ့သည်.. အဲ့လို BaekHyun နဲ့အတူ ရှိနေရချိန်တွေမှာ သူပျော်သည်.. ကြည်နူးသည်.. တစ်ခါတစ်ခါဆို ရင်ထဲနွေးသွားတတ်သည်.. ဒါတွေကို အချစ်လို့ ခေါင်းစဉ်တပ်လို့ရပါ့မလား..

MV တွေ.. web series တွေမှာ အချစ်အကြောင်း သရုပ်ဆောင်ဖူးတဲ့ သရုပ်ဆောင်တစ်ယောက်ဟာ ဒါလေးတောင်မသိဘူးလား ... ဒါလားသရုပ်ဆောင်.. ဆုတွေတော့ရဦးမယ် အများကြီးဆိုပြီး.. BaekHyun အပြစ်တင်တာခံရဦးမည်.. ရည်းစားတွေ မှိုလိုပေါက်အောင်ထားဖူးပေမဲ့ သူတကယ်ချစ်ခဲ့တာ မဟုတ်သည့်အတွက် အချစ်က ဘယ်လိုမျိုးလဲဆိုတာသူမသိပေ..

BaekHyun ကရော သူ့ကိုချစ်ပါ့မလား? သိပ်ချစ်ရသည့် အချစ်ဦး ရှိသည်ကလွဲပြီး သူကျန်တာ မသိရတာမို့.. BaekHyun အချစ်ဆုံးက အစားအသောက်တွေပဲလို့ သူအမြင်ကပ်ကပ်နှင့်တွေးဖူးသည်.. ဒါပေမဲ့ သူ့ကိုချစ်ရဲ့လားဆိုတာတော့ မတွေးဖူးပေ..

" ပြီးပြီ.. သွားမယ် "

သူစဉ်းစားနေချိန်မှာပဲ BaekHyun အင်္ကျီလဲပြီး ဆင်းလာလေပြီ.. ရှပ်အနီကွက် အပွကြီးဝတ်ထားသည့် BaekHyun ဟာ အင်္ကျီနီနီမှာ အသားဖြူဖြူ မျက်လုံးမှေးမှေးလေးတွေနှင့် တော်တော်ချစ်ဖို့ကောင်းနေသည်.. ဒါတောင်မျက်နှာလေးပဲပေါ်နေခြင်း..

မျက်နှာလေးတောင် ဒီလောက်ချစ်စရာကောင်းနေလျှင်.. နဂိုပုံစံသေးသေးပုပုလေးက ဘယ်လောက်ချစ်ဖို့ကောင်းလိုက်မလဲ.. သူ့ရှေ့မို့သာ ဝတုတ်ပုံလုပ်ထားသည့် BaekHyun.. သူ့ကွယ်ရာမှာ အရှိအတိုင်း ချစ်စရာကောင်းပုံမျိုးနဲ့ နေထိုင်ခဲ့လျှင်??

တွေးရင်းစိတ်ထဲစိုးရိမ်သလို.. စိတ်ပူသလို.. ခံစားလိုက်ရသည်.. BaekHyun သူများနောက်ပါသွားရင် ဘယ်လိုလုပ်မလဲဆိုသည့်မေးခွန်းက သူ့ခေါင်းထဲမှာ အပြည့်နေရာယူသွားပြီ..

=======~~~~~~======

LOEY Fashion သို့ရောက်သော်.. ကုမ္ပဏီအောက်က showroom ရှေ့တွင် ကွတကွတနှင့် ဟိုကြည့်ဒီကြည့် ဂနာမငြိမ်ဖြစ်နေသော BaekHyun ၏ မွေးစားအစ်ကိုခေါ် Byun YiFan ကိုတွေ့လိုက်ရသည်.. တစ်ယောက်ယောက်ကို မျှော်နေတာပဲဖြစ်မည်..

ကားပေါ်က ဆင်းဆင်းချင်းပဲ BaekHyun တစ်ယောက်ပြေးသွားလိုက်တာ..

" Hyungggg~~"

အနှစ်နှစ်အလလက ကွဲကွာနေသောအစ်ကိုကို ပြန်တွေ့ရသည့် အတိုင်း.. ChanYeol အလိုမကျစွာ မျက်မှောင်ကုတ်ထားလိုက်မိသည်.. BaekHyun ကိုယုံပေမဲ့ စပ်ဖြဲဖြဲမျက်နှာနှင့် ချောလွန်းနေသော ထို Byun YiFan ကိုမယုံပေ..

" Aigoo.. Wuri BaekBaek လေးပါ လိုက်လာတယ်?? အတော်ပဲကွာ hyung လည်း ကလေးလေးကိုအရမ်းလွမ်းနေတာ.. လာ.. အထဲသွားရအောင်.. အော်.. Park ChanYeol ssi.. Tao ssi.. လာကြနော်.. အထဲမှာ အကုန်အဆင်သင့်ပဲ "

BaekHyun ကိုဖက်ပြီး အရှေ့ကနေ ဝင်သွားတာ ပိုင်စိုးပိုင်နင်းနဲ့ ကလေးလေးဆိုတာက ပါသေးသည်.. BaekHyun ဆိုသည်မှာလည်း ခေါ်တုန်းကတော့ မလိုက်ချင်ဘူးလေးဘာလေးနဲ့ အခုတော့ သူတို့ကိုတောင်အဖတ်မလုပ် ရှေ့ကနေ ကော့ကော့ကော့ကော့နဲ့ ဝင်သွားသည်..

" hyung.. နည်းနည်းပါးပါးလည်းထိန်းဦး.. မျက်လုံးတွေ ပြုတ်ထွက်ကုန်ဦးမယ် .. ဟားဟား "

သူ့ညီ Tao ဆိုသည်မှာလည်း သူ့ကိုပဲ ပြောဖို့အမြဲချောင်းနေသလား မှတ်ရသည်.. သူဂျိုကြည့်ကြည့်လိုက်ကာ..

" ဘာကွ!!"

" blah blah .. ဂျေတွေဝင်နေတာ မြင်မကောင်းဘူး ဟားဟား.. အင်း.. ကြည့်လုပ်နော်.. hyung ပြောသလိုပဲ သူတို့ကအရင်း မဟုတ်ဘူးဆိုတော့....အင်း....မဆိုးဘူးလိုက်ပါတယ်.. ဟိုတစ်ယောက်ကလည်း BaekHyunee ကိုအရမ်းချစ်တာပဲ .. hyung နဲ့များကွာပါ့!!"

စိုးရိမ်စိတ်ကြီးနေသည့်သူကို ပိုစိုးရိမ်အောင် ဘေးကနေဆေးထိုးနေသည့် Tao..

" ဘာလိုက်တာလဲ!! ဘာမှမလိုက်ဘူး!! မင်းပါးစပ်ကိုပိတ်ထားလိုက်တော့! ငါဆွဲထိုးမိတော့မယ် "

စိတ်တိုတိုနှင့် Tao ကို နောက်မှာချန်ခဲ့ကာ ရှေ့ကသွားနေသော BaekHyun ကိုမှီအောင် ခြေလှမ်းကျဲကြီးများဖြင့် လှမ်းကာ သွားလိုက်တော့သည်..

အနောက်က Tao ဆီမှ ရယ်သံတွေကြားလိုက်ရသေးသည်.. လူကိုလှောင်နေတာ..

မေတ္တာတုံးကောင် အစုတ်ပလုတ် Tao..

~~~~~~~~

အင်္ကျီတွေ ဝတ်ကြည့်ရသည့် အချိန်မှာတော့ ခုနကတိုနေသည့် စိတ်တွေ ကြက်ပျောက်ငှက်ပျောက်ပင်.. သူ့အတွက်စီစဉ်ပေး ထားသည့် ဝတ်စုံများဟာလည်း Theme အလိုက်အမျိုးမျိုးပင်.. လက်ရာတွေကတော့ သူ့စိတ်ကြိုက်ဒီဇိုင်နာမို့ ပြောစရာမလို..

ဝတ်စုံတွေ ရောက်လာသည်နှင့် တစ်စုံပြီးတစ်စုံ ဝတ်ကြည့်ရသည်.. ခုံမှာထိုင်ရင်း မုန့်စားနေသည့် BaekHyun ကို အနားမနေခိုင်းပဲ သူ့အနားခေါ်ကာ လိုအပ်သည်ကို ကြည့်ခိုင်းပစ်သည်..

အစကတော့အင်တင်တင်နှင့် .. အင်း.. ဟိုနားလေးပြင်လိုက်.. ဒီဟာကပွနေတယ်ထင်တယ် .. စသဖြင့်ပြောပေမယ့်.. နည်းနည်း ကြာလာတော့.. ဝတ်ရမယ့်အစုံကို BaekHyun ကိုယ်တိုင်ရွေးသည်.. ကိုယ်တိုင်ဝတ်ပေးတော့သည်.. ဘယ်နားမှာလိုနေသလဲ.. ဘယ်နားမှာဘာဖြစ်နေတယ်.. ပြန်ပြင်လိုက်.. စသဖြင့် ဝန်ထမ်းတွေကို အမိန့်ပေးနေသည်မှာ ဆိုင်ရဲ့တာဝန်ရှိ လူကြီးတစ်ယောက်လိုပင်.. သူ့မှာ မျက်တောင်မခတ်တမ်း လိုက်ကြည့်နေရသည်..

Stylist များနဲ့ဆိုင်ရဲ့ဝန်ထမ်းများဟာလည်း BaekHyun ပြောသမျှကို ပုတ်သင်ညိုခေါင်းညိတ်သကဲ့သို့ တဆတ်ဆတ်ညိတ်ကာ ပျာပျာသလဲဖြစ်နေကြသည်.. ထိုအချက်ကို သူသတိထားမိပါသည်.. Byun YiFan ကတော့ သူတို့အနားတွင်မရှိပါ.. ခန်းမထဲစီစဉ်မှုကို သွားရောက်စစ်ဆေးနေသည်တဲ့.. BaekHyun ကို YiFan ၏ညီမှန်းသိလို့ ထိုဝန်ထမ်းတွေ ကြောက်ကြသည်ပဲနေမှာဟု သူတွေးလိုက်သည်..

" BaekHyun ah "

သူ့အင်္ကျီကို ကြယ်သီးတပ်ပေးနေသည့် BaekHyun အားခေါ်လိုက်တော့ မော့မကြည့်ပဲပြန်ထူးသည်..

" humm?"

" ညနေပွဲကျရင်လည်း မင်းပဲငါ့ကိုအင်္ကျီဝတ်ပေးနော် "

" ဟမ်??"

အလန့်တကြား မော့ကြည့်လာသည်.. သူမသိချင်ယောင်ဆောင်ကာ ..

" ဟုတ်တယ်လေ.. အခုအင်္ကျီတွေကို မင်းကိုယ်တိုင်ဝတ်ပေးသလို ညပွဲကျရင်လည်း မင်းပဲလုပ်ပေးလို့ပြောတာ "

" ဟာ.. ခင်များကလည်း.. ခင်များမှာလက်မပါဘူးလား? ကိုယ့်ဘာသာဝတ်.. ကျွန်တော်မအားဘူး "

" မအားဘူး?? မအားရအောင် မင်းကဘာလုပ်မှာမို့လို့လဲ? "

" ဟမ်.. ဟို..ဟို.. "

" မရဘူးကွာ.. မင်းပဲဝတ်ပေးရမှာ "

" ခင်များဘယ်လိုဖြစ်နေတာလဲ? ဒီမှာလူတွေလည်း အများကြီး မရှက်ဘူးလား? "

" ဘာလို့ရှက်ရမှာလဲ? ကိုယ့်ယောကျ်ား ကိုယ်ခိုင်းတာပဲဟာ.. လုပ်ပါကွာ.. ဒီက stylist တွေက တခြား model တွေကို ပြင်ပေး ရဦးမှာလေ.. ပြီးတော့ ငါကဂျေးများတယ်.. လူတိုင်းကို အထိခံတာမဟုတ်ဘူး.. ငါ့စိတ်ထဲသဘောကျတဲ့သူမှ.. နော်လို့ "

" ~~ လူတိုင်းအထိမခံလို့ပဲ ရည်းစားတွေ မှိုလိုပေါက်အောင်ထားခဲ့တာနေမှာ ~~"

သူ့ကိုမကြားတကြားနဲ့ လှမ်းကာစသော Tao ကြောင့် အလန့်တကြား BaekHyun ကိုကြည့်လိုက်မိသည်.. BaekHyun ကလည်း သူ့ကိုနှာခေါင်းရှုံ့ကာ ကြည့်နေသည်..

အစုတ်ပလုတ်ကောင် Tao!!

" Yah! Huang ZiTao!!!!"

" oops!! ကျွန်တော်ဘာလုပ်လို့လဲ?? "

" ကဲ တော်စမ်းပါ.. မကြီးမငယ်နဲ့ ခင်များမရှက်ဘူးလား?? ဝတ်ပေးမယ် ရပြီလား?? ခင်များသာ ဒီပွဲမှာအဆင်ပြေပြေနဲ့ ကောင်းအောင်ကြိုးစားပေး.. ကျွန်တော်ကိုယ်တိုင် ခင်များကို အင်္ကျီဝတ်ပေးမယ်.. ဟုတ်ပြီလား? လက်မပါရှာဘူး "

ပြောစမ်းပါစေ.. ဘယ်လောက်ပဲ ရစရာမရှိအောင်ပြောပြော.. သူလိုချင်တာရဖို့ဆို အပြောခံရလည်းမမှုပါ.. သူ့အသားပဲ့ပါသွားတာမှ မဟုတ်ပဲလေ.. လိုချင်တာမရမှသာ စိတ်ကျန်းမာရေးဆရာဝန်ဆီ သွားတွေ့နေရမှာ ..

~~~~~~~~~~~~~~~~

Soon ^_<
ညနေပွဲမှာဘယ်လိုဖြစ်လာမလဲဆိုတာခန့်မှန်းကြည့်နော်.. လူတိုင်းမျှော်နေတဲ့သူ ပေါ်လာနိုင်မလားဆိုတာ.. 😉😉
အာသာတာဝန်ကျေနေတယ်နော် 😁😁
သိပ်မကြာသေးဘူး ဒိတ်ပေးတယ်နော် 😁😁
အာ့တော့ ကြယ်လေးတွေ ကွန်းမန့်လေးတွေ ဖောဖောသီသီပေးကြပါလို့ 😁😁😁😁😘😘😘😘

Continue Reading

You'll Also Like

35.5K 2.1K 19
Zawgyi. ... အခ်စ္ဆံုးသူငယ္ခ်င္းႏွစ္ေယာက္..ေကာင္ေလးတစ္ေယာက္ကိုစခ်စ္မိရာက..အဲေကာင္ေလးကမိမိရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းေလးကိုခ်စ္ေနသည္ဟုသိလိုက္ရေသာအခါ... Univ...
215K 24.2K 34
အၿပိဳင္​အဆိုင္​မ်ား​ေသာ​ေကာင္​​ေလး ၂​ေယာက္​ .. အခ်စ္​ကိုၿပိဳင္​ပြဲတစ္​ခုလိုသ​ေဘာထားကာ ၿပိဳင္​ဆိုင္​လာ​ေသာအခါ.. အပြိုင်အဆိုင်များသောကောင်လေး ၂ယောက်...
408K 26.5K 34
#zawgyi ညီမရဲ့ဒုတိယေျမာက္fic‌ေလးကိုအား‌ေပးျကပါဦး‌ေနာ္၊😘 Top 1 ဆိုတဲ့အဖြဲ႔နဲ႔ king ဆိုတဲ့အဖြဲ ့ႏွစ္ဖြဲ႔ ရိွတယ္။ အဲ့အဖြဲ႔ရဲ့ေခါင္းေဆာင္ေတြကေတာ့ yibo...
189K 26.8K 32
#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~