(Unicode)
၃ပတ်လောက် ကျောင်းတက်ပြီးတော့
ရီရှင်း နေသားကျစ ပြုလာသည်။
မားမား...ကို လွမ်းနေရပေမယ့်
ကိုရီယားမှာ ထင်ထားတာထက်
အဆင်ပြေနေသည်။
အကုန်လုံးက ယုန်လေးကျေးဇူးတွေ....
ကျောင်းမှာ ကူညီတဲ့ အပြင် ပိတ်ရက်တွေမှာလည်း
ဈေးတို့ ပန်းခြံတို့လိုမျိုးဟိုဟို ဒီဒီ နေရာလေးတွေ ခေါ်သွားတတ်သေး....။
အထက်တန်း ပထမနှစ်ကျောင်းသားလေးယုန်ပုတု
သူခုတက်နေသည့်.. အတန်းClass A ရဲ့
စာတော်တဲ့ကောင်လေး
အားကိုးရတဲ့ အတန်းခေါင်းဆောင်လေး.....
"သခင်လေး
ဖုန်းလာနေပါတယ်.."
"ဟုတ် ...အဒေါ်"
ရီရှင်း ဧည့်ခန်းထဲကို ဆင်းလာပြီး
ဖုန်းခွက်ကိုကောက်ကိုင်လိုက်သည်။
📞"ကျန်းရီရှင်းပါ .....ခင်ဗျာ"
"📞သားလား
ပါးပါးပါ ။
ညနေကျ ...ကားလွှတ်လိုက်မယ်
အိမ်မှာ ညစာလာစား...
သားကို လက်ထောက်ဂင် ၄နာရီလောက်
ကျရင် လာခေါ်လိမ့်မယ် အဆင်သင့်လုပ်ထားနော်.."
📞"ဟုတ်ကဲ့"
📞"ပါးအလုပ်ရှုပ်နေလို့ဒါပဲနော်..."
ပါးပါးဖုန်းချသွားသည်။
ရီရှင်းကိုရီယားကိုရောက်ပါပြီ ဆိုတည်းက
တစ်ခါမှ မဆက်သွယ်သောအဖေ....
လိုသေးမရှိ စီစဉ် ပေးထားတာမို့
အဆင်ပြေရဲ့လား လို့ မေးစရာမလိုဘူးများ
ပါးပါးထင်နေသလားမသိ
အရင်တုန်းက ရှန်ဟိုင်းက သူတို့သားအမိ အိမ်ကို ပါးပါးက တစ်နှစ် ၃ခါလောက်တော့လာသည်။
ပါးပါးနဲ့ ရင်းနှီးတဲ့သားအဖ ဆက်ဆံရေးမျိုး မရှိပေမယ့် စိမ်းသက်လည်းမနေ......
ငယ်ဘဝကို မားမားနဲ့ ထားပြီး အရွယ်ရောက်လာ
တော့ ပါးပါး က လာခေါ်သည်။
အရာအားလုံးက စနစ်တကျ တစ်ခုပြီးတစ်ခု
ဖြစ်ပျက်နေပြီး ရီရှင်းကပဲ ထူးပြီးဝမ်းနည်းနေသလို..
ီသူ့ခံစားချက်တွေကပဲ ...ထူးဆန်းနေသလို
အခြေအနေ ကြီး..
ရီရှင်း တကယ်မုန်းသည်။
အိမ်ကို လာခဲ့ဖို့ ပြောသွားတော့ ပါးပါး မိသားစုနဲ့တွေ့ရမည့်ပုံ
ပါးပါးရဲ့မိသားစုလို့တွေးမိတာနဲ့
စိတ်တွေရှုပ်ထွေးပြီး ရင်ထဲမှာလေးလံလာသည်။
ယုန်လေးကို ဖုန်းဆက်ခေါ် ပြီး သချၤာတွက်မှပဲ သူ့ရင်ပြန်အေးမှာ....
♡♡♡♡♡♡♡♡♡
"မင်းကျောင်းမှာငါမေးတုန်းကတော့ တွက်တတ်တယ်...
ရတယ်ဆို .....ခုကာမှ အသည်းအသန်"
ဂျွန်မြောင် ရောက်တည်းက ပွစိပွစိ
"ပြော ဘယ်အပုဒ်လဲ ငါ့ကိုပြ ..."
ရီရှင်းတွေ့ရာအပုဒ်ကို လက်ညှိုးထိုးပြလိုက်သည်။
ဂျွန်ရှင်းပြတာတွေက နားထဲမဝင်တစ်ချက် ဝင်ချက်.....
ညနေ ပါးပါး တို့အိမ်သွားဖို့ပဲ စိတ်ရောက်
နေမိသည်။
"ရီရှင်း ဘာဖြစ်နေတာလဲ
နေ မကောင်းလို့လားဟင်..."
ဂျွန်မြောင်ရဲ့ အသံလေးထွက်လာမှ
သူသတိပြန်ဝင်လာ သည်။
"နေလို့ ကောင်းပါတယ်..."
စာကြည့်စားပွဲပေါ် ခေါင်းမှောက်ချလိုက်တော့
ဂျွန်က သူ့ဆံပင် လေးတွေ ဖွဖွလေးသပ်ပေးနေသည်။
"ငါ ညနေ ကျ ရင် ပါးပါးအိမ်ကိုသွားရမှာ
ငါမသွားချင်လို့...
အမှန်တိုင်းပြောရရင် ငါ ပါးပါး မိန်းမကို လန့်နေတယ် ကြောက်တယ် .."
"မင်းမှ ..အပြစ်လုပ်ထားတာမရှိတာ
ဘာကိုကြောက်ရမလဲ..."
"သူတို့မားမားကို အပြစ်ပြောကြရင်ရော
မားမားကို မကောင်းပြောရင်ဘယ်လို လုပ်မလဲ အဲ့လိုဆို ငါ ....ငါ သည်းမခံချင်ဘူး..။"
"မင်း မားမားကို ကာကွယ်ပေးချင်ရင်
မင်းကိုယ်တိုင်က သန်မာမှာပေါ့....
ခုချိန်မှာတော့ သည်းခံပြီးတော့ပဲဖြစ်ဖြစ်..
သန်မာလာအောင်ကြိုးစားရမှပဲလေ..။"
သူ ဂျွန်မြောင့်ကိုမော့ကြည့်လိုက်တော့ ဂျွန်က
သူ့ကို နူးနူးညံ့ညံ့လေးပြုံးကြည့်နေသည်။
ယုန်မျက်လုံးလေးတွေက တောက်ပြီးလဲ့နေတာပဲ..
"ဂျွန် ......
မင်းငါ့မားမားကို အထင်မလွဲပါနဲ့နော်..
မားမားက ပါးပါးမှာ အိမ်ထောင်ရှိမှန်းမသိခဲ့လို့ပါ..။
ငါ့မားမား ကို မမုန်းပါနဲ့နော်...။"
"ငါ က ဘာကိစ္စနဲ့မင်းမားမားကို မုန်းရမလဲ
အရူးရဲ့...
ဂျွန်ကပြောပြီး သူ့ခေါင်းကို လက်သီးဆုပ်နဲ့ ထုတော့သည်"။
"ဟိတ်ကောင်..
မင်းနဲ့ငါစတွေ့တုန်းက
မင်းအဖေကော်ဖီဆိုင်မှာ ပြောတာမမှတ်မိဘူး လား... သခင်လေးကို ရိုသေရမယ်..
ကူညီရမယ်ဆိုတာလေ... ဟမ်....
မင်းအဖေ ဒီလောက် တတွတ်တွတ်မှာထားတာတောင် ငါ့ကို
အရူးလို့ခေါ်ပြီး ထုနေရသလား....ယုန်ပေါက်ရဲ့...."
သူကမာန်သလိုလိုနဲ့ ခပ်တည်တည်ပြောလိုက်တော့..
ဂျွန်မြောင်ထံက အသံတိုးတိုးလေးထွက်လာသည်။
"ဆောရီးး ငါတောင်းပန်ပါတယ်နော်....
ချက်ချင်းဆိုလို ဂျွန် မျက်ရည်တွေဝိုင်းတက်လာသည်။
ရီရှင်းမမြင်စေ ရန် ခေါင်းကို ငုံချလိုက် သည်။
~ဘာတရုတ်လဲ ကိုရီယားစကားကို တတ်လိုက်တာမှ လွန်နေတာပဲ
တရုတ်ယောင်ဆောင်ထားတာ ပဲနေမှာ~
အတွေးထဲမှာ ရန်တွေ့ရင်း စာအုပ်တွေကိုကောက်ကိုင်လိုက်သည်။
ဟို ဘက်လှည့်ကာ စာအုပ်တွေကိုထိုးသိပ်ထည့်နေသည့်ယုန်လေးကို
အူယားလာလွန်းလို့ ရီရှင်း သိမ်းကျူံး ဖက်လိုက်သည်။
ကိုယ်လေးတစ်ချက်တုန် သွားပြီး
အတင်းရုန်းနေသော်လည်း သူလွှတ်မပေးချင်...
ဒီယုန်လေးကိုစတွေ့တည်းက သူစိမ်းလို့ မခံစားခဲ့ရ
မမြင်ခဲ့ဖူး မတွေ့ခဲ့ဖူးပါဘဲနဲ့
ခံစားချက်တွေက ရင်းနှီးနေသည်။
ဒီသူစိမ်းကောင်လေးနဲ့.... အတူရှိနေတိုင်းစိတ်တွေပေါ့ပါးကာလွတ်လပ်သည်။
ဂျွန့်ရှေ့မှာသာဆို သူ့ဘဝအခြေအနေကိုပြောပြဖို့ သူ့အားငယ်မှုတွေကိုထုတ်ပြဖို့ သူမရှက်ခဲ့...
"ငါလေမင်းကို သိပ်ခင်တာပဲ ......
သိလားဂျွန်.....
အချိန်ခဏလေးပေမယ့် နှစ်ပေါင်းများစွာ
ရင်းနှီးခဲ့သလိုမျိုးပဲ...
ဆိုးလ်မှာ နေခဲ့တုန်းကရော ရှန်ဟိုင်းမှာနေတုန်းကပါ ငါ့မှာသူငယ်ချင်းလို့ခေါ်လို့ရတဲ့...
လူမျိုးမရှိဖူးဘူး ......."
ဂျွန်က ဆတ်ခနဲ ရုန်းထွက်ပြီး ...
"မင်းငယ်ငယ်က ဆိုးလ်မှာနေခဲ့တာလား..."
"အင်းလေ..ဘာလဲ မသိတာလား
မင်းအဖေမပြောဘူးလား...."
သူ့ယုန်ဖြူလေးက သူ့ကိုမျက်ထောင့်နဲ့တစ်ချက်
ကြည့်ပြီး ......
"လွှတ်တော့ ငါပြန်တော့မယ်..."
"ဂျွန် ရာ မပြန်နဲ့ ဦးကွာ မင်းကလည်း...
ငါ့နားမှာနေပေးပါဦးနော်...
ငါဝမ်းနည်းနေတာသိရဲ့သားနဲ့ ..."
သူပြောရင်း ပိုပြီးတင်းနေအောင်တိုးဖက်လိုက်သည်။
သူ့ယုန်ဖြူလေးကမရုန်းတော့ ....
ဆက်ရန်
___________________
(Zawgyi)
(Unicode)
အဆင်ပြေနေသည်။
စာတော်တဲ့ကောင်လေး
"သခင်လေး
ဖုန်းလာနေပါတယ်.."
"ဟုတ် ...အဒေါ်"
"📞သားလား
ပါးပါးပါ ။
အိမ်မှာ ညစာလာစား...
📞"ဟုတ်ကဲ့"
ပါးပါးထင်နေသလားမသိ
အခြေအနေ ကြီး..
ရီရှင်း တကယ်မုန်းသည်။
ယုန်လေးကို ဖုန်းဆက်ခေါ် ပြီး သင်္ချာတွက်မှပဲ သူ့ရင်ပြန်အေးမှာ....
♡♡♡♡♡♡♡♡♡
နေမိသည်။
"ရီရှင်း ဘာဖြစ်နေတာလဲ
နေ မကောင်းလို့လားဟင်..."
သူသတိပြန်ဝင်လာ သည်။
"နေလို့ ကောင်းပါတယ်..."
ငါမသွားချင်လို့...
ဘာကိုကြောက်ရမလဲ..."
"ဂျွန် ......
အရူးရဲ့...
"ဟိတ်ကောင်..
ကူညီရမယ်ဆိုတာလေ... ဟမ်....
သိလားဂျွန်.....
လူမျိုးမရှိဖူးဘူး ......."
"အင်းလေ..ဘာလဲ မသိတာလား
မင်းအဖေမပြောဘူးလား...."
ကြည့်ပြီး ......
ဆက်ရန်