Baekhyun pov~~
\\ဒေါက်~~ဒေါက်~~ဒေါက်\\
"Yeol~~ထတော့လေ မနက် ၈နာရီရှိပြီ ~"
အခန်း တံခါးလေးကို အသာခေါက်ရင်း baek လည်း yeolကို နိုးလိုက်သည်~~ လက်ထပ်ပြီးတာ ၂လ ကျော်လောက် ရှိပြီဆိုပေမယ့် အခုထက်ထိ အခန်းခွဲအိပ်နေတာ baek အတွက်တော့ ရင်နာ စရာကောင်းပေမယ့် yeolစိတ်တိုင်းကျ baek လုပ် ပေးခဲ့ပါတယ်~~
Baek ဒီလို မနက်ခင်းလေး ကို သိပ်ပျော်ရွှင်တာ ချစ်ရသူ ကို မနက်ခင်း အနမ်းဖွဖွခြွေရင်း နိုးချင်ခဲ့တာ Baek ရယ့် စိတ်ကူးလေး ၁ခုဆိုပေမယ့် ယခုလို Yeolအခန်းရှေ့ကစောင့်ပြီး နိုးရတာလေး ကိုက Baek အတွက် သိပ်ကို ကံကောင်းလွန်းတယ်လို့ ထင်မိတယ်~~ချစ်ရသူ ရယ့် မျက်နှာ နုနုကို မနက်ခင်း အချိန်မှာ ပထမ ဆုံး မြင်ရတာ baek ဖြစ်နေတာကြောင့် အတိုင်းမသိ ဝမ်းသာမိပါရယ့်~~
"ကျွီ" "
" ခဏနေ ဆင်းလာခဲ့မယ် "ဟု တစ်ခွန်းခပ်ပြတ်ပြတ် ပြောကာ တံခါးလေး ပြန်ပိတ်သွားတာကြောင့် baek ၁ယောက် yeolရယ့် မျက်နှာလေး ကိုတောင် ကြာကြာ မငေးလိုက်ရ~~သို့သော် ရေချိုးပြီးကာစ ဆို တာ သိသာ စေမယ့် yeolသုံးနေကျ shower cream ရယ့် ရနံ့ သင်းသင်းကိုတော့
baek ရလိုက်မိပါသည်~~ ဒီလောက်ဆိုရင်ပဲ ကျေနပ်ပါတယ် yeol~~
"Baek ~~မနက်စာ ပြင်လိုက်မယ်နော် yeol "
ကြားသည် လား မကြားသည်လား မသိပေမယ့် Baek ကတော့ ထိုသို့ ပြောကာ အမြန် အောက်ထပ်ကို ပြေးဆင်းကာ မီးဖိုချောင်ထဲ ဝင်တော့သည်~~yeol သောက်နေကျ black coffee ကို သေသေချာချာဖျော်ရင်း မနေ့ညက မအိပ်ပဲ လုပ်ထားတယ့် cup-cake လေးတွေကို ပန်းကန်ပြားလေး ထဲ လှလှပပလေး စီကာ အသင့်ပြင်လိုက်သည်~~ Baek မနေ့ညက မနက် ၃နာရီလောက်မှ အိပ်ရတယ်~
ဘာလို့ဆို yeolအတွက် ဒီ cup-cake လေး လုပ်နေတာ ကြောင့်ပါ~~cup-cake လေး တွေက yeolအတွက်ရော ဒီနေ့ baek သွားမယ့် မိဘမဲ့ကျောင်းက ကလေးတွေ အတွက်ပါ လုပ်ထားတာမို့ အရေအတွက်က များသွားရသည်~~ထို့ကြောင့် ညဘက် အိပ်ချိန် နောက်ကျရခြင်း~~
" လှလိုက်တာ ~~ yeol သဘောကျမှာပါ :) "
ကိုယ့်ဘာသာ ရေရွတ်ရင်း baek ၁ယောက် ပြုံးလိုက်မိသည်~~ ကိုယ်အပင်ပန်း ခံလုပ်ထားတယ့် Cup-cakeလေးတွေကို ချစ်ရသူက ကြိုက်နှစ်သက်စွာ စားနေသည်ဟု baek စိတ်ကူးရင်းပင် ကြည်နူးမှုက အတိ~~
"Yeol~~လာလေ "
"တော်ပြီ~~baekhyun...ငါ ဒီနေ့ အစည်းအဝေး ရှိလို့ သွားရဦးမယ် ~~မနက်စာ မစားတော့ဘူး"
Yeolပြောတာတွေကို ကြားတချက် မကြားတချက်နှင့်~~baek ခံစားနေရသည်က ဟိုးအမြင့်ကြီးကနေ အောက်ဆုံးကို ပြုတ်ကျသွားသလို ခံစားချက်မျိုး~~ရင်ထဲ နာကျင်မှုက တဆစ်ဆစ်နှင့် အလွန်ဆိုးရွားလှသည်~~ရင်ထဲက နာကျင်မှုတွေက အပြင်ဘက်ကို ရောက်လာလေတော့ မျက်ရည်စတို့ဟာ ပါးပြင်ပေါ်သို့ သက်ဆင်းကုန်တာကြောင့် Baek လည်း yeolမမြင်အောင် မျက်နှာကို ငုံ့လိုက်မိသည်~~
" သွားပြီ~~"
"ကောင်း....ကောင်းသွားနော် y...yeol"
ထစ်ငေါ့နေသောစကားတို့ သည် ငိုသံစွပ်နေတာ ကြောင့် ချစ်ရသူ မရိပ်မိစေရန် baek အားတင်းကာ ပြောလိုက်သည်~~ထွက်သွားသော ကျောပြင်ကျယ်ကြီး ကို Baek ငေးကြည့်ရင်း မျက်ရည်တွေသာ စီးကျလာသည်....
"အာ ~~သူ အလုပ်ရှုတ်နေတာကို နားလည်ပေးရမှာပေါ့ Byun baekhyun~~ဟင့်....မျက်ရည်က လွယ်လိုက်တာ...."
ကိုယ့်ဘာသာ ဆူပူရင်း baek လည်း စားပွဲပေါ်က လှလှပပ လုပ်ထားသော Cup-cake လေးတွေကို ဗူးလေးတွေနဲ့ ထည့်လိုက်သည်~~ပါးပြင်ပေါ်က မျက်ရည်တွေကို အသာသုတ်လိုက်ရင်း black coffee ကိုလည်း သွန်ကာ ဆေးလိုက်သည်~~
" သခင်လေး ~~ ဘာတွေ လုပ်နေတာလဲ ? "
"ဟင်.... အဒေါ်ကြီး ဒီနေ့ ခွင့်ယူထားတာမလား? "
" ဟုတ်တယ် ဒါပေမယ့် ကျွန်မ မလာရင် သခင်လေးတို့ အတွက် အဆင်မပြေမှာစိုးလို့ လာလိုက်တာ .....နှစ်ပတ်လည်အတွက်လည်း စိတ်မပူပါနဲ့ သူ့ဦးလေး တွေရှိတယ်ရယ်~~"
Mrs.kim ကို ကြည့်ရင်း baek ငို ချင်လာသည်~~လစာ ပေးထားသော ထမင်းချက် သည် baek ဟင်း ကောင်းကောင်း မချက်တတ်မှန်း သိလို့ စိတ်ပူကာ သူ့သားလေး နှစ်ပတ်လည်မှာတောင် လာသည်~~သူစိမ်းက တောင် ဒီလောက်သူ့အပေါ် နားလည်ပေးနေတာ Yeolကရော?? Yeolက သူ့ အပေါ် ဘယ်တုန်းက မှ မတွေးပေးဘူးလား? အမြဲတမ်း သူ့ခေါင်းထဲမှာ ရှိနေတာ က အလုပ်တွေ....baek အတွက် ဆိုတာ မရှိခဲ့ဘူးမလား??
" သခင်လေး ဘာလို့ ငိုနေတာလဲ ? "
"မဟုတ်ပါဘူး....baek မိဘမဲ့ ကျောင်းလေး သွားစရာရှိတယ်~ အဒေါ် အိမ်ကို ကြည့်ထားပေးဦးနော် "
"Nae သခင်လေး ဒါပေမယ့် Driver Min က မလာသေးဘူးလေ "
"ရတယ် ...baek ကိုယ့်ဘာသာ မောင်းသွားမယ် "
"ဂရုစိုက်နော် သခင်လေး "
"ဟုတ်"
Mrs.kim ကိုပြောကာ baek လည်းအ ပေါ်ထပ်က ကိုယ့်အခန်းကို ကိုယ်ပြန်တက်လာလိုက်သည်~~အခန်းထဲရောက် တော့ ငိုထားလို့ နီရဲနေသော မျက်နှာကိုမြင်၍ baek လည်း လန်းသွားအောင် ရေချိုးလိုက်ပြီး အဝတ်အစားလဲကာ အောက်ကို ပြန်ဆင်းလာလိုက်သည်..... နောက်တော့ baek လုပ်ထားတယ့် cup-cake ဗူးလေး တွေကို ယူကာ မိဘမဲ့ကျောင်းလေးကို သွားလိုက်သည်~~
♤ My Bad Husband ♤
" Hey!!! ကလေးတွေ puppy hyung လာတယ် :) "
ဆရာမ ရယ့် စကားအဆုံး baek ဆီပြေးလာတယ့် ကလေးလေးများ ကို baek ထိုင်ကာ ပွေ့ဖက်လိုက်သည်...
"Puppy hyung!!! ဘာရို့ ခနခန မလာတာရဲ !"
"ဟုတ်ရယ်....သားတို့က hyung ကို လွမ်းနေတာ "
" Minaynae ~~ hyung နောက်ကျရင် မကြာမကြာ လာမယ်နော် ....ဒီမှာကြည့်စမ်း!!! Hyung သားသားတို့ အတွက် မုန့်လှလှလေးတွေ
လုပ်လာတယ် ^_^ "
"Yay!!!!!!!!!!!!!"
ဝမ်းသာအားရ အော်ဟစ်ကာ ခုန်ပေါက်နေသော
ကလေးငယ်လေးတို့၏ အပြုအမူများသည်
Baek ရယ့် ရင်ထဲက ပူလောင်မှုကို
အေးချမ်းစေသည်~~
" puppy hyung ကို ချစ်တယ်နော် "
"Hyungကလည်း ချစ်ပါတယ်ကွာ :) "
ကလေးတွေ ဆီကကြားနေကျဖြစ်တယ့် စကားလေး
၁ခွန်းကို ၁ဦးတည်းသော သူဆီက ကြားရင် ဘယ်လောက်တောင်
ကြည်နူးဖို့ကောင်းလိုက်မလဲ ဟုသာ baek တွေးလိုက်မိရင်း....
》》》》》》》》》》》》》》》》》》》TBC
Kayzin လေး စာရိုက်ရမှာ ပျင်းနေပါကြောင်း😪😪
#Chanbaek is real
#Believe in chanbaek
#614